လီမွန်ရောင်လျှပ်စီး || ဘာသာပြ...

By Rhmjrs_58

183K 31.9K 556

柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Comple... More

『Description』
Characters' Introduction with Manhua
Chapter 《1》
Chapter《2》
Chapter《3》
Chapter 《4》
Chapter 《5》
Chapter 《6》
Chapter 《7》
Chapter《8》
Chapter《9》
Chapter《10》
Chapter《11》
Chapter《12》
Chapter《13》
Chapter《14》
Chapter《15》
Chapter 《16》
Chapter《17》
Chapter《18》
Chapter《19》
Chapter《20》
Chapter 《21》
Chapter《22》
Chapter《23》
Chapter 《24》
Chapter 《25》
Chapter《26》
Chapter《27》
Chapter 《28》
Chapter《29》
Chapter 《30》
Chapter 《31》
Chapter 《32》
Chapter 《33》
Chapter 《34》
Chapter《35》
Chapter《36》
Chapter《37》
Chapter 《38》
Chapter 《40》
Chapter《41》
Chapter 《42》
Chapter 《43》
Chapter 《44》
Chapter 《45》
Chapter《46》
Chapter 《47》
Chapter 《48》
Chapter 《49》
Chapter《50》
Chapter 《51》
Chapter《52》
Chapter《53》
Chapter《54》
Chapter《55》
Chapter《56》
Chapter《57》
Chapter《58》
Chapter《59》
Chapter《60》
Chapter《61》
Chapter《62》
Chapter《63》
Chapter《64》
Chapter《65》Final

Chapter 《39》

1.7K 393 4
By Rhmjrs_58


『Unicode』

ချင်ဝေ့ဟော်​၏ ဥပဒေသင်ရိုးရဲ့ နောက်ဆက်တွဲသင်ခန်းစာတွေနဲ့ ယှဉ်လျှင် အန်းနင်ရဲ့ ကျောက်တောင်တက်ရာတွင်တိုးတက်မှုမှာ ရုတ်ခြည်းဆိုသလို မြင့်တက်လာခဲ့သည်။ သူက Top Ropingကိုတောင် လေ့ကျင့်နေခဲ့ပြီဖြစ်သည်။ ထိုနံရံပေါ်ကို ပထမဆုံးတက်ဖို့လုပ်တုန်းက သူအရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ ချင်ဝေ့ဟော်က သူတို့ရဲ့ ဆက်သွယ်ထားတဲ့လုံခြုံရေးကြိုးတွေကိုယူပြီး သူ့သိုင်းကြိုးမှာ ကလစ်'ဆိုသေ အသံများပေါ်လာအောင်ထိ တပ်ပေးခဲ့သည်။

အန်းနင်က နက်ရှိုင်းစွာ စိတ်လှုပ်ရှားနေမိသောကြောင့်

"ဒါဆိုလဲ ငါ့ဘဝကို မင်းဆီမှာ ထားခဲ့ပြီနော် Protector!."

သူ့အဝတ်တွေကို အောက်ဆွဲချနေတဲ့ ချင်ဝေ့ဟော်က ခေါင်းမော့ကာ သူ့ကိုကြည့်လာခဲ့သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားပြီး အေးဆေးစွာပြုံးလာခဲ့​၏။

"အခုတော့ မင်း အများကြီးကို သိနေပြီပဲ"

အန်းနင်လဲ အမှတ်တမဲ့သူ့ကို ပြုံးပြလိုက်သည်,

"ဖြစ်ချင်တော့ ငါလဲ အိမ်စာတွေလုပ်ထားပြီးပြီလေ"

ချင်ဝေ့ဟော်က ခေါင်းငုံ့လျက် 'အင်း'ဟု အသံပြုသည်။

"မင်းက တကယ် ထိပ်ဆုံးကျောင်းသားပါပဲ."

သူက အန်းနင်ရဲ့ သိုင်းကြိုးက ကြိုးကို တစ်ချက်ကြည့်လိုက်သည်။

"မင်းက တစ်ခါတည်းနဲ့တောင်figure-eight knot ကို ရအောင်လုပ်နိုင်တယ်."

စင်စစ်တွင်တော့ အန်းနင် လွန်ခဲ့တဲနှစ်ရက်တုန်းက ပို့ချပေးတဲ့ ဗီဒီယိုတွေအများကြီး ရှာကြည့်ထားကြောင်း ချင်ဝေ့ဟော်ကို မပြောပြဖြစ်လိုက်ပေ၊ ဒါကြောင့် ချင်ဝေ့ဟော်က တစ်ခါသရုပ်ပေးလာသည်နှင့် သူ လုပ်နိုင်သွားခဲ့တာဖြစ်သည်။

မည်သို့ဆိုစေ ပထမဆုံးအကြိမ် နံရံကို တက်ခြင်းမှာတော့ ချောမွေ့မနေခဲ့​။ ဆယ်မိနစ်မှာပဲ သူ ၁၅ မီတာအောက်ရှိ ကျောက်သားနံရံ၏ သုံးပုံနှစ်ပုံ နီးပါးကို တက်ခဲ့သည်။

ချင်ဝေ့ဟော်က ခေါင်းမော့လျက် သူ့ကို ပြောလာသည်။

"မင်း နည်းနည်းလောက် ရဲကြည့်လို့ရတယ်"

အရာရာတိုင်းကို မှန်မှန်ပဲ သွားတတ်တဲ့ အန်းနင်အတွက်တော့ ဒါဟာ ချေဖျက်ရခက်တဲ့ အကြံပြုချက်တစ်ခုပင်ဖြစ်သည်။ထုံးစံအတိုင်း သူက တစ်နေရာတည်းမှာနေပြီး နောက်တစ်ဆင့်တက်ဖို့ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်သည်။ သူ ပိုပြီး မြင့်လာသည်နှင့်အမျှ သူသည် ထိုနေရာတွင်သာ ပိုပြီး ကြာအောင်နေ,နေခဲ့သည်။ ဒါက သူ့လက်တွေကို ချော်မသွားစေဘဲ သူ့ခန္ဓာကိုယ်ကို ပြုတ်ကျစေခြင်းမှ ထိန်းပေးထားပေမယ့် သူ့ခွန်အားကိုလည်း ကုန်ဆုံးစေပြန်သည်။

၉မီတာ အမြင့်ကို ရောက်သောအခါ အန်းနင် သူ့လက်တွေ ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားလာရသည်။အခုအချိန်မှာ သူသည် အလွန်ခက်ခဲသည့် နေရာတစ်ခုနှင့် ရင်ဆိုင်နေရ​၏။ သူ့အတွက် နီးကပ်နေတဲ့ Open Holdနဲ့ အနည်းငယ်ဝေးတဲ့ Pinch Hold*တို့ကို ရွေးချယ်ရန်သာရှိသည်။

အစောပိုင်း ဒီအောက်မှာရှိစဉ်က စီစဉ်ထားခဲ့သော်လည်း တကယ်တက်လာတဲ့အခါမှာတော့ ၎င်းက ပုံပန်းသဏ္ဍာန်ထက် ပိုခက်တယ်ဆိုတာ သိလိုက်ရ​၏။

သူ့လက်ချောင်းတွေရဲ့ လက်ရှိအနေအထားအရဆိုလျှင် ၎င်းနေရာတွင် အရမ်းစောင်းနေတာကြောင့် Open Holdဆီကိုတက်နိုင်မှာမဟုတ်ပေ။ထို့အပြင် ၎င်းက Pinch Hold နဲ့ဆိုလျှင်လဲ အနည်းငယ် ဝေးကွာနေသည်။သူ့လက်ကို ဆန့်ထုတ်ထားသည်ကို မြင်ယောင်ကြည့်လိုက်ရာ မည်သို့ပင်ဖြစ်စေ သူလက်လှမ်းမမီနိုင်လောက်ပါပေ...။

【*TN- Pinch hold က တစ်ဖက်မှာလက်မ၊ တစ်ဖက်မှာ လက်ညှိူးတိုနဲ့ ဖိညှပ်လို့ရတာပါ။】

'Dynoလုပ်ကြည့်သင့်လား'ဆိုတဲ့ အတွေးက သူ့ခေါင်းထဲကို ဝင်လာခဲ့သည်။ ထို့နောက် သူအောက်ငုံ့ကြည့်လိုက်ရာ အမြင့်နဲ့မတ်စောက်မှုတို့က သူ့ကို တွန့်ဆုတ်သွားစေပြန်သည်​။

ချင်ဝေ့ဟော်က သူဘာတွေးနေလဲ သိပုံရသည်။

"မင်း လမ်းကြောင်းနှစ်ခုလုံးကြိုးစားလို့ရတယ်"

ဘယ်အရာဖြစ်ဖြစ်အဆင်ပြေတယ်။ သူအခုလုပ်နေတာထက်တော့ ပိုကောင်း​၏။

ချင်ဝေ့ဟော် ပထမဆုံး ကျောက်တောင်တက်တုန်းက ဒီလို ပြဿနာတွေနဲ့ရင်ဆိုင်ရဖူးသလားဆိုတာကို အန်းနင် သိချင်လာမိသည်​။ သို့သော် ချင်ဝေ့ဟော်ကတော့ ဒီလို အကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ သူသဘောပေါက်လိုက်သည်။

သူက ကျိန်းသေပေါက်ကို တုံ့ဆိုင်းနေတတ်တဲ့ ပုံစံမျိူးမဟုတ်ပါချေ။

"အန်းနင်!,"

ချင်ဝေ့ဟော်ရဲ့ အသံက အောက်မှထွက်ပေါ်လာသည်။

"တခြားကျောက်တောင်တက်သမားတွေက ဘယ်လိုလဲတော့ ငါမသိဘူး။ဒါပေမယ့် ငါ့အတွက်တော့ dynamic လှုပ်ရှားမှုတွေကလဲ ကျောက်တောင်တက်တာရဲ့ အရေးကြီးတဲ့အပိုင်းတွေပဲ! ကျောက်တောင်တက်တာရဲ့ ဆွဲဆောင်ချက်ကို မင်းခံစားလို့ရနိုင်တယ်"

"ငါ ခံစားရတာကို မင်းလဲ ခံစားရစေဖို့ မျှော်လင့်မိတယ်။ တစ်နည်းပြောရရင် ငါတို့က အတူတူကစားနေတာမှ မဟုတ်ဘဲ! "

နောက်ဆုံးစာကြောင်းမှာ အသုံးဝင်သွားသည်၊ ကျောက်ပေါ်မှာ ပိတ်မိနေတဲ့လူက လှုပ်ရှားသွားခဲ့​၏။

"top ropingမှာ ပြုတ်ကျတာက ကြောက်စရာမကောင်းပါဘူး။ ကုတ်အားကန်အား နိယာမအရဆို မင်းပြုတ်ကျချင်ရင်တောင် မင်းငါ့ကိုအရင် မြေကြီးပေါ်ကနေ ဆွဲထုတ်မှရမယ်။ မင်းနဲ့ ယှဉ်ရင် ငါက ၇၀ကီလိုကျော်တယ်ဆိုတော့ ဖြစ်နိုင်တယ်မလား?"

ချင်ဝေ့ဟော်က ဆို​၏။

"မင်းက lead climbing မှာဆိုရင်တောင် အကြိမ်၁၀၀ပြုတ်ကျမယ်ဆို ငါက အကြိမ်၁၀၀ဖမ်းနိုင်နေမှာပဲ"

အန်းနင် သူ့ကို ငုံ့ကြည့်လိုက်မိသည်။

"တကယ်!.", ချင်ဝေ့ဟော်က ခေါင်းမော့ကာ ပြောလာခဲ့သည်။

တောင်တက် Gymထဲမှာ သူတို့နှစ်ယောက်သာရှိသည်။ သူတို့က သုံးထပ်မျှ ကွာဝေးနေ​၏။ အန်းနင်မှာတော့ သူ့ကို ကြည့်နေတဲ့ ချင်ဝေ့ဟော်ရဲ့ တောက်ပပြီး နက်ရှိုင်းတဲ့ မျက်ဝန်းတွေကို မြင်နေရဆဲဖြစ်လေသည်။ ချင်ဝေ့ဟော်မှာ ရုပ်သွင်ရောအသံကပါ အေးစက်စက်အရှိန်အဝါတွေ အမြဲတမ်းရှိနေ​၏။ ဒီလို အခြေအနေမျိုးဆိုလျှင် ၎င်းက လူတွေကို လုံခြုံတဲ့ခံစားချက်ကိုပေးစွမ်းသလို အဲ့ဒါထက်တောင် ပိုမည်ဟု ထင်ရလေသည်။

သူ ထိုစကားတွေကို ပြောလိုက်ချိန်တွင် အံ့ဩစရာ အရှိန်အဝါတွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြခဲ့​၏။

သူ့ အသံက လူမရှိသည့် Gymထဲတွင် ပဲ့တင်သွားသည်။

သာမန်ဆန်ပြီး နက်ရှိုင်းတဲ့ ပဲ့တင်သံက အရာအားလုံးကို လှုပ်ခတ်သွားစေသလိုပင်။

အန်းနင်မှာ ဒီ အံ့ဩဖွယ် ဓာတုဗေဒ တုံ့ပြန်ချက်ကို ဘယ်နှစ်ကြိမ်လောက် ခံစားမိခဲ့သလဲ မသိတော့သည့်တိုင် ဒီတစ်ကြိမ်မှာတော့ သူက ကျောက်နံရံနဲ့ကပ်နေပြီး လေထဲတွင် တစ်ဝက် တွဲလဲဖြစ်နေ၍ ဖြစ်နိုင်ပေသည်။ Adrenaline တို့က တုံ့ပြန်ချက်အဖြစ် အရှိန်မြှင့်လာတော့သည်​။ သူ သူ့ရဲ့ရင်ခုန်သံကိုပင် ကြားနေရခဲ့​၏​။

"ကောင်းပြီ," သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်, "ဒါဆို ငါ ခုန်လိုက်မယ်!"

သူ့ခေါင်းထဲတွင် သွေးတွေပြေးလွှားနေလျက် လက်မောင်းအဝေး ညဘက်အပေါ်မှာရှိနေတဲ့ Pinch holdကို ကြည့်လိုက်မိပြီး သူ Spider Manကို ပုံဖော်လိုက်ကာ ခြေထောက်တွေကို လွှတ်ပေးလိုက်ရင်း ခုန်လိုက်လေသည်။

သူ့ခန္ဓာကိုယ်မှ တဟုန်ထိုး တိုးထွက်လာတဲ့ ခံစားချက်က လေထုကို ဖြိုခွင်းလိုက်သကဲ့သို့ပင်။ သို့တိုင် အနည်းငယ်တော့တိုတောင်းလှသေး​၏။

သူ့ လက်ချောင်းတွေက Holdရဲ့ အစွန်းကိုသာ ထိမိလိုက်ပြီး အလုံးစုံမဆွဲလိုက်နိုင်ခဲ့ပေ။

သေးငယ်တဲ့ အမှားလေးက ကြီးမားတဲ့ ကွာခြားချက်တစ်ခု ဖြစ်သွားရသည်။

သူ မတော်တဆမရှိပါဘဲ ပြုတ်ကျခဲ့သည်​။ ချင်ဝေ့ဟော်က သူ့ရဲ့ ပြုတ်ကျတဲ့အရှိန်ကို ပိတ်လိုက်ဖို့ ကြိုးကို ဆွဲတင်လိုက်ရုံသာရှိသည်။ ဒါက သူ Lead Climbing တက်စဉ်က ပြုတ်ကျမယ်လို့ စိတ်ကူးထားတာနဲ့ မတူပါချေ။ ကိုယ်အလေးချိန်ပျောက်ဆုံးသွားသကဲ့သို့ တုန်လှုပ်ခြင်းမျိူးကို သူ မခံစားခဲ့ရ။

ချင်ဝေ့ဟော်ရဲ့ စကားတစ်ခွန်းဖြစ်သော"မင်း အကြိမ် ၁၀၀ တက်ပြီး ပြုတ်ကျခဲ့ရင်တောင် မင်းကို အကြိမ် ၁၀၀ ဖမ်းနိုင်သေးတယ်" ဆိုတာကို တွေးကြည့်လိုက်လျှင် သူ အနည်းငယ်တော့ နောင်တရမိသည်။

ဒါက ဒီတိုင်း...သူ adrenaline တွေ ပြည့်နှက်နေခဲ့တဲ့အတွက် ဒီလူကို အလွန်ရဲရင့်တဲ့သတ္တိတွေ ပြပေးလိုက်ချင်ပေမယ့်နောက်ဆုံးမှာတော့ ကြိုးစားအားထုတ်မှုတွေက အလဟသဖြစ်ခဲ့ရပေသည်။

ချင်ဝေ့ဟော်က သူ့ကို မေးလာခဲ့သည်,"ဘယ်လိုခံစားရလဲ?"

အန်းနင်မှာ ခံပြင်းခြင်းများနှင့် ခေါင်းယမ်းပြလိုက်​၏။

ချင်ဝေ့ဟော်က ရယ်လာခဲ့သည်,

"မင်း အဲ့ဒီကို ခုန်နိုင်လိမ့်မယ်လို့လဲ ငါ မမျှော်လင့်ထားခဲ့ပါဘူး​။ ဒီတိုင်း မင်းကိုခုန်ခွင့်ပေးလိုက်ပြီး မင်းပါတနာကို ယုံကြည်အောင်လုပ်လိုက်တာ "

အန်းနင်ရဲ့ ပြုတ်ကျသွားတဲ့ နှလုံးသားမှာ သူ့လည်ချောင်းကို ပြန်ဆန်တက်လာပြန်သည်။ ပြီးလျှင် သူ ငုံ့မကြည့်ရဲတော့။ချင်ဝေ့ဟော်က Outdoor Jacketကဲ့သို့ အဆောက်အအုံအချို့ပါသော လိမ္မော်နီရောင် Hoodieကို ဝတ်ဆင်ထားခဲ့သည်။အစောပိုင်းက သိုင်းကြိုးကို တပ်လိုက်ပြီးနောက် သူက Hoodieကို ပြန်ဝတ်ကာ ဇစ်ဆွဲလိုက်ပြီး သိုင်းကြိုးကို ဖုံးလိုက်သည်။

ကျောက်နံရံပေါ်သို့ သူတက်သွားပြီးနောက်မှာတော့ ချင်ဝေ့ဟော်က ဂျာကင်အင်္ကျီကို ဇစ်ဖွင့်လိုက်ပြီး အတွင်းဘက်မှာရှိနေတဲ့ လည်ပင်းဝိုင်းတီရှပ်အနက်နဲ့ ခါးနှင့် ခါးစပ်ရှိ သိုင်းကြိုးကို ချပြလာခဲ့သည်။

သူ ပထမဦးဆုံးအကြိမ် ချင်ဝေ့ဟော် ကျောက်တောင်တက်တာကို ကြည့်ရစဉ်ကလဲ ဒီလို ဝတ်ထားခဲ့တာဖြစ်သည်။

အန်းနင် သူဘာလို့ ဒီလောက် အားထုတ်ရသလဲဆိုတာကို နားမလည်နိုင်သေးပေ။ ပထမဆုံးအကြိမ် သိုင်းကြိုးကို ဝတ်လိုက်သောအခါ၌ ဘာကြောင့်လဲဆိုတာ ရုတ်တရက် သဘောပေါက်မိ​၏။ 'မြင်းနက် ကျောက်တောင်တက် အခြေစိုက်စခန်း' တွင် ချင်ဝေ့ဟော်က ထိုနေရာတွင် မိန်းကလေးများစွာရှိသောကြောင့် သူ့ရဲ့ခါးနဲ့ ခါးစပ်တို့ကို ဖုံးအုပ်ထားခဲ့သည်။ သို့သော်အခု သူတို့ နှစ်ယောက်သာရှိသည်; နှစ်ယောက်လုံးက ယောက်ျားလေးတွေပဲကို ဘာလို့ ရှက်နေသေးတာလဲ?

သူဟာ ချင်ဝေ့ဟော်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်မျှော်လင့်ချက်များနဲ့ ထွေရာစိတ်ကူးများ ရှိနေတဲ့အကြောင်းကို နားလည်မိစေရန် သူ တွေးကြည့်မိခဲ့သည်။

ကျော်လွန်ခဲ့တဲ့ ၁၉နှစ်မှာမူ သူက အမြဲတမ်း စည်းမျဉ်းတွေနဲ့သာ နေထိုင်ခဲ့ရသည်​။ သူ့ရဲ့အတန်းဖော်များစွာကအထက်တန်းကျောင်းမှာ ချစ်မိနေခဲ့ကြသော်လည်း သူကတော့ စာသင်ပြီး အလုပ်လုပ်ဖို့အချိန်သုံးရသည်ကိုသာ အမှတ်ထားခဲ့သည်။ 

သူသဘောကျဖူးတဲ့ မိန်းကလေး Celebrityတွေလဲ ရှိခဲ့ပေမယ့် သူတို့အပေါ်ကို ပိုက်ဆံအများကြီး မသုံးဖူးခဲ့တာမို့ သူတို့ကို ကြိုက်တယ်လို့ပြောရတာကလဲ ရှက်ဖွယ်အတိပင်။

သူ့သူငယ်ချင်းတွေနဲ့ အတန်းဖော်တွေ မိန်းကလေးတစ်ယောက်အကြောင်း၊ မိန်းကလေးတစ်ယောက်အတွက် သူတို့ရင်ခုန်လာတဲ့ခံစားချက်အကြောင်းတွေကို ပြောတာကြားရချိန်မျိုးမှာလဲ သူ တကယ်ကို နားမလည်နိုင်ဘူးလို့ ခံစားရသည့်အတွက် ဝင်ပြောဖို့ ခက်ခဲခဲ့ရသည်။

အန်းနင် Datingဆိုတဲ့ အသုံးဟာဘာလဲ မသိပေမယ့် စာလေ့လာကတော့ တကယ်အသုံးဝင်သည်လေ​။ သူ အိပ်မက်မက်ခဲ့ရတဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပေမယ့်လဲ နောက်ပိုင်းမှာတော့ သူ့ အားထုတ်မှုတွေ အေးဆေးဖို့ မစွမ်းနိုင်သေးဘူးဆိုတာကိုသဘောပေါက်မိခဲ့ကာ ပေါ့ပေါ့လေးလဲ မသွားနိုင်ခဲ့ပါချေ။

ကျူရှင်နဲ့ နေထိုင်စရိတ်တွေက အထက်တန်းကျောင်းထက်ပင် ပိုသေးသည်။ သူ အလုပ်တစ်ခုရဖို့ ကြိုးစားရန်လိုခဲ့ပြီး'အလုပ်လုပ်-စာသင်'နဲ့ စကောလားရှစ်ကို ကြိုးပမ်းရလိမ့်မည်။ သူသာ အရှိန်လျှော့လိုက်ပါက 'ဆင်းရဲတယ်'ကနေ'အလွန့်အလွန်ကို ဆင်းရဲတယ်'ထဲကို ကျရောက်သွားလိမ့်မည်ဖြစ်သည်။

သူရဲ့ နေ့စဉ်အိပ်ချိန်ကို ၆နာရီကို လျှော့ချခဲ့ပြီး သူ့ရဲ့အားလပ်ချိန်တွေကလဲ စာကြည့်တိုက်နဲ့ ကျောင်းပုရဝုဏ်ပြင်ပမှာအလုပ်လုပ်ဖို့ကြားမှာပဲ ညီတူညီမျှခွဲထားခဲ့သည်။

ဒါပေမယ့် အခုတော့ သူ့ကဒီမှာ! 

သူ KFCရဲ့ Registerရှေ့မှာ အော်ဒါတွေမှာရင်း အလုပ်များနေတာ၊ ဒါမှမဟုတ် လန်ထျန်းနိုင်ငံထဲက ဗီလာမှာ ယွမ်ရှောင်ယဲ့ကို ထပ်ခါတလဲလဲ စက်မှုပညာပြဿနာတွေ ရှင်းပြနေရတာမျိုးတွေ မဟုတ်ပါချေ။

သူက အခု သူ့ရဲ့စာလေ့လာတာ၊ ဘဝနေထိုင်မှုနဲ့ ဘာမှမသက်ဆိုင်တဲ့ တစ်စုံတစ်ရာကို လုပ်နေခဲ့ပြီး ၎င်းက သူ့ကို အရမ်းကို ဆွဲဆောင်နိုင်နေခဲ့​၏​။ ဒါက သူ့ကို Karl Marxရဲ့ Das Kapital* ထက်ပင်ပို၍ ဆွဲဆောင်နိုင်ပေသည်။

ချင်ဝေ့ဟော်က သူမြင်ဖူးတဲ့ ဆွဲဆောင်မှုအရှိဆုံး ကထိက,ထက်ပင်ပို၍ ဆွဲဆောင်နိုင်စွမ်းရှိလေသည်။

【 * Das Kapital က Karl Marx ရေးသားထားတဲ့ Political Economy အကြောင်း စာအုပ်ပါ】

တက္ကသိုလ်မှာလဲ Dateလုပ်နေတဲ့လူတွေများသလို ပရဝုဏ်အတွင်း​မှာလဲ အတွဲတွေများစွာရှိပေသည်။ သူတို့ဘယ်လိုမျိူးစပြီး Dateလုပ်ကြသလဲ သူမသိပါချေ။

ဒါက လူတစ်ယောက်က တစ်ဖက်လူကို ထင်မြင်ချက်ကောင်းရှိလာပြီး တစ်ဖက်လူကို ဒီတိုင်း တိုက်ရိုက်ကြီးပြောလိုက်တာလား?

ဒီလိုမျိူး မေတ္တာကနေ သူတို့အတွက် အချစ်ပါလို့ အတည်ပြုသွားနိုင်တာလား?

မိန်းကလေး Celebrity များအပေါ်ထားတဲ့ သူ့ရဲ့ မေတ္တာလိုမျိူးဆိုရင်ရော လုံလောက်တယ်တဲ့လား?

ရင်ခုန်တယ်လို့ ခေါ်ဆိုတဲ့ ခံစားချက်က ခုထိတိုင်ထူးဆန်းနေဆဲပင်။ ဒါက ရုတ်တရက်ကြီး တဆတ်ဆတ်တုန်တာမျိုးပဲလား?

ရင်ခုန်လာတာက တစ်ဖက်လူက ကြည့်ကောင်းနေတာကြောင့်ပဲလား? အရမ်း သာမန်ကာလျှံကာဖြစ်မနေဘူးလား?

ကြည့်ကောင်းတဲ့လူတွေဆိုတာ အများကြီးရှိတာကြောင့် တွေ့တဲ့ လူတိုင်းကိုရော ချစ်နေတာ မဖြစ်နိုင်ဘူးလား​? ဒါမှမဟုတ်မင်းနဲ့ အတူကုန်ဆုံးချိန်များလေလေ၊တစ်ဖက်လူရဲ့ ပင်ကိုစရိုက်က မင်းကို ဆွဲဆောင်လာနိုင်လေလေဆိုရင်ကော?


ဒါပေမယ့် အတန်းလေးတူတူတက်ရုံပဲကို တစ်ယောက်နဲ့တစ်ယောက်က အများကြီး သိနေနိုင်ပါ့မလား?

ဒါက အရင်တုန်းကတည်းက မစူးစမ်းချင်တာမျိုးမဟုတ်ရပါဘဲ သူ့မှာ အချိန်လုံလုံလောက်လောက်မရှိ၍သာ ဖြစ်လေသည်။

ဥပဒေလေ့လာရတာတောင် အချိန်က မလောက်တာ၊သူက ဘယ်လိုလုပ် အာရုံပြောင်းပြီး ဒီအကြောင်းအရာတွေကို စူးစမ်းနိုင်မှာတဲ့လဲ?

စိတ်ကူးစိတ်သန်းတွေကို ကန့်သတ်ထားရတဲ့ ဆင်းရဲမှုပါပဲ။

သို့သော် ဒီနေ့မှာတော့ သူ ဉာဏ်အလင်းရသွားပုံ ရသည်ကို အံ့အားသင့်စွာဖြင့် သဘောပေါက်လိုက်မိသည်။

ဒါပေမယ့် ဒါက မဖြစ်သင့်တဲ့သူ တစ်ယောက်ကြောင့်ပဲ!

ထိုနေမနက် သူ ကျောက်တောင်တက် Gymကနေထွက်လာသောအခါ ပျားပန်းခတ်နေတဲ့ အပြင်ဘက် ကမ္ဘာကြီးက လုံးဝကို ပြောင်းလဲနေပုံပေါ်သည်။ 'vividness' ဆိုတဲ့ Filterကိုတောင် ထပ်ထည့်ထား​၏။

အသံတွေ၊အနံ့တွေ၊အရောင်တွေကလဲ လွတ်လပ်ကာ စူးရှနေခဲ့သည်။

အန်းနင် တွေဝေစွာနဲ့ လန်ထျန်းနိုင်ငံကို သွားခဲ့​၏။ သူ ယွမ်ရှောင်ယဲ့ရဲ့သင်ခန်းစာတွေကိုလဲ တွေဝေစွာပြီးဆုံးခဲ့ပြီးကျောင်းကိုလဲ တွေဝေစွာနဲ့ ပြန်လာခဲ့ရသည်။ ထိုအချိန်တွင် သူ စာကြည့်တိုက်ကို ကိုယ်ပိုင်စာကြည့်ရန် သွားနေကျဖြစ်​၏။

ဒီနေ့မှာတော့ ပထမဆုံးအကြိမ်အဖြစ် သူ စာကြည့်တိုက်ကိုသွားခဲ့ပေမယ့် ကိုယ်ပိုင်စာကြည့်ရန်အတွက်မဟုတ်ခဲ့ပေ​။

သူ ငှားပေးတဲ့ ဌာန သို့သွားခဲ့ပြီး လူမှုဗေဒနဲ့ မနုဿဗေဒဆိုင်ရာ စာအုပ်စင်ပေါ်ရှိ လိင်တူချစ်သူတွေနဲ့ ပတ်သက်သည့်စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ရသည်။ သူ ငှားရမည်ကို ရှက်လွန်းသဖြင့် စာအုပ်စင်ရှေ့မှာပင် တစ်ယောက်တည်း ရပ်ကာတိတ်တိတ်လေး ကြည့်နေလိုက်သည်။

သူက ယောက်ျားလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီးကြိုက်နိုင်မှာတဲ့လဲ? သူက တကယ်ပဲ ဂေးလား?

သိသိသာသာကိုပဲ သူဟာ အထက်တန်းကျောင်းသူ မိန်းကလေးများအပေါ်တွင် ခံစားချက်တွေ ရှိခဲ့ဖူးပြီး အခြားယောက်ျားလေးများအပေါ်တွင်တော့ ထိုကဲ့သို့သော ခံစားချက်မျိုး တစ်ခါမျှ မခံစားခဲ့ဖူးပါပေ။

သူက Bisexual ဖြစ်နေတာများလား?!

သို့သော် ဒီခံစားချက် ဖြစ်ပေါ်လာပြီးနောက်မှာတော့ ကုသဖို့ နည်းလမ်းမရှိတော့ဘူးလို့ ထင်ရ​၏။ သူ ချင်ဝေ့ဟော်ကို မရှောင်နိုင်ပါပေ၊ ဘာပဲဖြစ်ဖြစ် သူတို့တွေက အိပ်ခန်းတစ်ခုတည်းတွင် နေထိုင်ကြတာဖြစ်သည်။

ဒါပေမယ့် သူ သူ့ကို ရှောင်ချင်နေလို့လား?

ဒီလို အခြေအနေမျိုးအောက်မှာရှိနေတာတောင် သူက ချင်ဝေ့ဟော်ကို မရှောင်ချင်ဘူးလို့ ထင်ရပေသည်။ သူ မရှောင်ချင်သလို အပတ်တိုင်းလဲ ကျောက်တောင်တက်ဖို့ကို သွားချင်နေတုန်းပင်။

ဒါက တကယ်ပဲ 'ကြိုက်တယ်'ဆိုတာမျိူး မဟုတ်ဘူးလား?

လိင်တူချစ်သူ တော်တော်များများဟာ အထူးသဖြင့် သူတို့ရဲ့ မိသားစုတွေဆီမှာ come outမလုပ်ရဲကြဘူး လို့ ထင်ရသည်။သူ ဒီအကြောင်းကို သေသေချာချာတွေးကြည့်လိုက်သော်ငြား ကြောက်နေမိတဲ့ပုံတော့ မရှိခဲ့ဘူး။

သူ့မိသားစုက ဒါကို အထူးတလယ် ဂရုစိုက်နေမှာမဟုတ်ဘူးဆိုတာကိုလဲ သူရဲ့ မသိစိတ်က နားလည်နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမည်။

ဒါကြောင့် သူ ယောက်ျားလေးတစ်ယောက်ကို သဘောကျမိခဲ့ရင်လဲ နောက်ကြုံလာရမည့် အဆင်မပြေမှုတွေကို လက်ခံနိုင်ပြီး အရာရာကို ခံနိုင်ရည်ရှိနိုင်လောက်မည် ဖြစ်သည်။

မျှော်လင့်ချက်ကင်းမဲ့လုနီးပါးဖြစ်တဲ့ စိတ်ကူးယဉ်မှု တစ်ခုကြောင့် ရုတ်တရက်ကြီး ရှေ့ကို လှမ်းပြိီးတွေးလိုက်မိတာဖြစ်သည်ကို သူ သဘောပေါက်လိုက်မိသည်။ ချင်ဝေ့ဟော်က အရမ်းကို ဖြောင့်တန်းနေတဲ့ ပုံစံပေါက်နေသောကြောင့် သူတစ်ယောက်ကသာလျှင် စိတ်ဝင်စားသူ ဖြစ်နေသည်။ သူတို့နှစ်ဦးမှာ သူတို့ကို ချိတ်ဆက်ပေးမည့် အရှိန်အဝါတို့လဲ နည်းပါလှပေသည်။

သူ စာအုပ်ကို ပြန်ထားလိုက်ပြီး ကမ္ဘာကြီးရဲ့ 'Vivid' Filterတွေကို ဖယ်ရှားပစ်လိုက်သည်။

အများကြီး မတွေးစမ်းနဲ့ အန်းနင်!

သူတို့က ဒီတိုင်းလေးနှစ်တာမျှသာ အိပ်ဆောင်တူတူနေရမှာဖြစ်သည်။ ဤသို့တွေးကြည့်လိုက်လျှင် သူတကယ်ကို ချင်ဝေ့ဟော်အား အခွင့်အရေးအကြီးကြီး ယူလိုက်သလိုပင်။

ငါ သူ့ကို ရှောင်သင့်လား? ဟင့်အင်း! မရှောင်ချင်ဘူး။

ငါ့ခန္ဓာကိုယ်တစ်ခုလုံးက ဒီအတွေးကို ဆန့်ကျင်နေတယ်။

ငါ သူ့ကိုကြိုက်တာနဲ့ ဘာလို့ ရှောင်နေပြီး ဂရုမစိုက်သလို လုပ်ရမှာလဲ? ဒါကမှ အရမ်းထူးဆန်းနေတာ။

ဒါက ငါတစ်ယောက်ထဲနဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုပဲ!

ရှေ့လျှောက် သူ့ကို အခွင့်အရေးမယူရအောင် ဂရုစိုက်ဖို့ပဲ တွေးထားမယ်။ ဒါပေမယ့် ငါသူ့ကို မရှောင်လဲမရှောင်ဘူး၊ ငါ သူ့ကို ကြိုက်နေကြောင်းလဲ သိခွင့်မပေးဘူး။

ဒီလောက်ဆိုရင် လုံလောက်သင့်ပြီလေ


--------------------------


Pinch Hold*




『Zawgyi』



ခ်င္ေဝ့ေဟာ္​၏ ဥပေဒသင္ရိုးရဲ့ ေနာက္ဆက္တြဲသင္ခန္းစာေတြနဲ႔ ယွဥ္လၽွင္ အန္းနင္ရဲ့ ေက်ာက္ေတာင္တက္ရာတြင္ တိုးတက္မွုမွာ ႐ုတ္ျခည္းဆိုသလို ျမင့္တက္လာခဲ့သည္။ သူက Top Ropingကိုေတာင္ ေလ့က်င့္ေနခဲ့ၿပီျဖစ္သည္။ ထိုနံရံေပၚကို ပထမဆုံးတက္ဖို႔လုပ္တုန္းက သူအရမ္းစိတ္လွုပ္ရွားေနခဲ့သည္။ ခ်င္ေဝ့ေဟာ္က သူတို႔ရဲ့ ဆက္သြယ္ထားတဲ့လုံျခဳံေရးႀကိဳးေတြကိုယူၿပီး သူ႔သိုင္းႀကိဳးမွာ ကလစ္'ဆိုေသ အသံမ်ားေပၚလာေအာင္ထိ တပ္ေပးခဲ့သည္။

အန္းနင္က နက္ရွိုင္းစြာ စိတ္လွုပ္ရွားေနမိေသာေၾကာင့္

"ဒါဆိုလဲ ငါ့ဘဝကို မင္းဆီမွာ ထားခဲ့ၿပီေနာ္ Protector!."

သူ႔အဝတ္ေတြကို ေအာက္ဆြဲခ်ေနတဲ့ ခ်င္ေဝ့ေဟာ္က ေခါင္းေမာ့ကာ သူ႔ကိုၾကည့္လာခဲ့သည္။ ထို႔ေနာက္ ေခါင္းျပန္ငုံ႔သြားၿပီး ေအးေဆးစြာျပဳံးလာခဲ့​၏။

"အခုေတာ့ မင္း အမ်ားႀကီးကို သိေနၿပီပဲ" 

အန္းနင္လဲ အမွတ္တမဲ့သူ႔ကို ျပဳံးျပလိုက္သည္,

"ျဖစ္ခ်င္ေတာ့ ငါလဲ အိမ္စာေတြလုပ္ထားၿပီးၿပီေလ"

ခ်င္ေဝ့ေဟာ္က ေခါင္းငုံ႔လ်က္ 'အင္း'ဟု အသံျပဳသည္။

"မင္းက တကယ္ ထိပ္ဆုံးေက်ာင္းသားပါပဲ."

သူက အန္းနင္ရဲ့ သိုင္းႀကိဳးက ႀကိဳးကို တစ္ခ်က္ၾကည့္လိုက္သည္။

"မင္းက တစ္ခါတည္းနဲ႔ေတာင္ဘfigure-eight knot ကို ရေအာင္လုပ္နိုင္တယ္."

စင္စစ္တြင္ေတာ့ အန္းနင္ လြန္ခဲ့တဲႏွစ္ရက္တုန္းက ပို႔ခ်ေပးတဲ့ ဗီဒီယိုေတြအမ်ားႀကီး ရွာၾကည့္ထားေၾကာင္း ခ်င္ေဝ့ေဟာ္ကို မေျပာျပျဖစ္လိုက္ေပ၊ ဒါေၾကာင့္ ခ်င္ေဝ့ေဟာ္က တစ္ခါသ႐ုပ္ေပးလာသည္ႏွင့္ သူ လုပ္နိုင္သြားခဲ့တာျဖစ္သည္။

မည္သို႔ဆိုေစ ပထမဆုံးအႀကိမ္ နံရံကို တက္ျခင္းမွာေတာ့ ေခ်ာေမြ႕မေနခဲ့​။ ဆယ္မိနစ္မွာပဲ သူ ၁၅ မီတာေအာက္ရွိ ေက်ာက္သားနံရံ၏ သုံးပုံႏွစ္ပုံ နီးပါးကို တက္ခဲ့သည္။

ခ်င္ေဝ့ေဟာ္က ေခါင္းေမာ့လ်က္ သူ႔ကို ေျပာလာသည္။

"မင္း နည္းနည္းေလာက္ ရဲၾကည့္လို႔ရတယ္"

အရာရာတိုင္းကို မွန္မွန္ပဲ သြားတတ္တဲ့ အန္းနင္အတြက္ေတာ့ ဒါဟာ ေခ်ဖ်က္ရခက္တဲ့ အႀကံျပဳခ်က္တစ္ခုပင္ျဖစ္သည္။ထုံးစံအတိုင္း သူက တစ္ေနရာတည္းမွာေနၿပီး ေနာက္တစ္ဆင့္တက္ဖို႔ရန္ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားလိုက္သည္။ သူ ပိုၿပီး ျမင့္လာသည္ႏွင့္အမၽွ သူသည္ ထိုေနရာတြင္သာ ပိုၿပီး ၾကာေအာင္ေန,ေနခဲ့သည္။ ဒါက သူ႔လက္ေတြကို ေခ်ာ္မသြားေစဘဲ သူ႔ခႏၶာကိုယ္ကို ျပဳတ္က်ေစျခင္းမွ ထိန္းေပးထားေပမယ့္ သူ႔ခြန္အားကိုလည္း ကုန္ဆုံးေစျပန္သည္။

၉မီတာ အျမင့္ကို ေရာက္ေသာအခါ အန္းနင္ သူ႔လက္ေတြ ပင္ပန္းႏြမ္းနယ္ေနၿပီလို႔ ခံစားလာရသည္။အခုအခ်ိန္မွာ သူသည္ အလြန္ခက္ခဲသည့္ ေနရာတစ္ခုႏွင့္ ရင္ဆိုင္ေနရ​၏။ သူ႔အတြက္ နီးကပ္ေနတဲ့ Open Holdနဲ႔ အနည္းငယ္ေဝးတဲ့ Pinch Hold*တို႔ကို ေရြးခ်ယ္ရန္သာရွိသည္။

အေစာပိုင္း ဒီေအာက္မွာရွိစဥ္က စီစဥ္ထားခဲ့ေသာ္လည္း တကယ္တက္လာတဲ့အခါမွာေတာ့ ၎က ပုံပန္းသ႑ာန္ထက္ ပိုခက္တယ္ဆိုတာ သိလိုက္ရ​၏။

သူ႔လက္ေခ်ာင္းေတြရဲ့ လက္ရွိအေနအထားအရဆိုလၽွင္ ၎ေနရာတြင္ အရမ္းေစာင္းေနတာေၾကာင့္ Open Holdဆီကို တက္နိုင္မွာမဟုတ္ေပ။ထို႔အျပင္ ၎က Pinch Hold နဲ႔ဆိုလၽွင္လဲ အနည္းငယ္ ေဝးကြာေနသည္။သူ႔လက္ကို ဆန႔္ထုတ္ထားသည္ကို ျမင္ေယာင္ၾကည့္လိုက္ရာ မည္သို႔ပင္ျဖစ္ေစ သူလက္လွမ္းမမီနိုင္ေလာက္ပါေပ...။

【*TN- Pinch hold က တစ္ဖက္မွာလက္မ၊ တစ္ဖက္မွာ လက္ညႇိူးတိုနဲ႔ ဖိညႇပ္လို႔ရတာပါ။】

* Open Hold


* Pinch Hold

'Dynoလုပ္ၾကည့္သင့္လား'ဆိုတဲ့ အေတြးက သူ႔ေခါင္းထဲကို ဝင္လာခဲ့သည္။ ထို႔ေနာက္ သူေအာက္ငုံ႔ၾကည့္လိုက္ရာ အျမင့္နဲ႔မတ္ေစာက္မွုတို႔က သူ႔ကို တြန႔္ဆုတ္သြားေစျပန္သည္​။

ခ်င္ေဝ့ေဟာ္က သူဘာေတြးေနလဲ သိပုံရသည္။

"မင္း လမ္းေၾကာင္းႏွစ္ခုလုံးႀကိဳးစားလို႔ရတယ္"

ဘယ္အရာျဖစ္ျဖစ္အဆင္ေျပတယ္။ သူအခုလုပ္ေနတာထက္ေတာ့ ပိုေကာင္း​၏။

ခ်င္ေဝ့ေဟာ္ ပထမဆုံး ေက်ာက္ေတာင္တက္တုန္းက ဒီလို ျပႆနာေတြနဲ႔ရင္ဆိုင္ရဖူးသလားဆိုတာကို အန္းနင္ သိခ်င္လာမိသည္​။ သို႔ေသာ္ ခ်င္ေဝ့ေဟာ္ကေတာ့ ဒီလို အက်ပ္အတည္းမ်ိဳးနဲ႔ ရင္ဆိုင္ရဖို႔ မျဖစ္နိုင္ဘူးဆိုတာ သူသေဘာေပါက္လိုက္သည္။

သူက က်ိန္းေသေပါက္ကို တုံ႔ဆိုင္းေနတတ္တဲ့ ပုံစံမ်ိဴးမဟုတ္ပါေခ်။

"အန္းနင္!,"

ခ်င္ေဝ့ေဟာ္ရဲ့ အသံက ေအာက္မွထြက္ေပၚလာသည္။

"တျခားေက်ာက္ေတာင္တက္သမားေတြက ဘယ္လိုလဲေတာ့ ငါမသိဘူး။ဒါေပမယ့္ ငါ့အတြက္ေတာ့ dynamic လွုပ္ရွားမွုေတြကလဲ ေက်ာက္ေတာင္တက္တာရဲ့ အေရးႀကီးတဲ့အပိုင္းေတြပဲ! ေက်ာက္ေတာင္တက္တာရဲ့ ဆြဲေဆာင္ခ်က္ကို မင္းခံစားလို႔ရနိုင္တယ္"

"ငါ ခံစားရတာကို မင္းလဲ ခံစားရေစဖို႔ ေမၽွာ္လင့္မိတယ္။ တစ္နည္းေျပာရရင္ ငါတို႔က အတူတူကစားေနတာမွ မဟုတ္ဘဲ! "

ေနာက္ဆုံးစာေၾကာင္းမွာ အသုံးဝင္သြားသည္၊ ေက်ာက္ေပၚမွာ ပိတ္မိေနတဲ့လူက လွုပ္ရွားသြားခဲ့​၏။

"top ropingမွာ ျပဳတ္က်တာက ေၾကာက္စရာမေကာင္းပါဘူး။ ကုတ္အားကန္အား နိယာမအရဆို မင္းျပဳတ္က်ခ်င္ရင္ေတာင္ မင္းငါ့ကိုအရင္ ေျမႀကီးေပၚကေန ဆြဲထုတ္မွရမယ္။ မင္းနဲ႔ ယွဥ္ရင္ ငါက ၇၀ကီလိုေက်ာ္တယ္ဆိုေတာ့ ျဖစ္နိုင္တယ္မလား?"

ခ်င္ေဝ့ေဟာ္က ဆို​၏။

"မင္းက lead climbing မွာဆိုရင္ေတာင္ အႀကိမ္၁၀၀ျပဳတ္က်မယ္ဆို ငါက အႀကိမ္၁၀၀ဖမ္းနိုင္ေနမွာပဲ"

အန္းနင္ သူ႔ကို ငုံ႔ၾကည့္လိုက္မိသည္။

"တကယ္!.", ခ်င္ေဝ့ေဟာ္က ေခါင္းေမာ့ကာ ေျပာလာခဲ့သည္။

ေတာင္တက္ Gymထဲမွာ သူတို႔ႏွစ္ေယာက္သာရွိသည္။ သူတို႔က သုံးထပ္မၽွ ကြာေဝးေန​၏။ အန္းနင္မွာေတာ့ သူ႔ကို ၾကည့္ေနတဲ့ ခ်င္ေဝ့ေဟာ္ရဲ့ ေတာက္ပၿပီး နက္ရွိုင္းတဲ့ မ်က္ဝန္းေတြကို ျမင္ေနရဆဲျဖစ္ေလသည္။ ခ်င္ေဝ့ေဟာ္မွာ ႐ုပ္သြင္ေရာ အသံကပါ ေအးစက္စက္အရွိန္အဝါေတြ အျမဲတမ္းရွိေန​၏။ ဒီလို အေျခအေနမ်ိဳးဆိုလၽွင္ ၎က လူေတြကို လုံျခဳံတဲ့ခံစားခ်က္ကိုေပးစြမ္းသလို အဲ့ဒါထက္ေတာင္ ပိုမည္ဟု ထင္ရေလသည္။

သူ ထိုစကားေတြကို ေျပာလိုက္ခ်ိန္တြင္ အံ့ဩစရာ အရွိန္အဝါေတြကို ပြင့္ပြင့္လင္းလင္းထုတ္ျပခဲ့​၏။

သူ႔ အသံက လူမရွိသည့္ Gymထဲတြင္ ပဲ့တင္သြားသည္။

သာမန္ဆန္ၿပီး နက္ရွိုင္းတဲ့ ပဲ့တင္သံက အရာအားလုံးကို လွုပ္ခတ္သြားေစသလိုပင္။

အန္းနင္မွာ ဒီ အံ့ဩဖြယ္ ဓာတုေဗဒ တုံ႔ျပန္ခ်က္ကို ဘယ္ႏွစ္ႀကိမ္ေလာက္ ခံစားမိခဲ့သလဲ မသိေတာ့သည့္တိုင္ ဒီတစ္ႀကိမ္မွာေတာ့ သူက ေက်ာက္နံရံနဲ႔ကပ္ေနၿပီး ေလထဲတြင္ တစ္ဝက္ တြဲလဲျဖစ္ေန၍ ျဖစ္နိုင္ေပသည္။ Adrenaline တို႔က တုံ႔ျပန္ခ်က္အျဖစ္ အရွိန္ျမႇင့္လာေတာ့သည္​။ သူ သူ႔ရဲ့ရင္ခုန္သံကိုပင္ ၾကားေနရခဲ့​၏​။

"ေကာင္းၿပီ," သူ အသက္ျပင္းျပင္း တစ္ခ်က္ရွူလိုက္သည္, "ဒါဆို ငါ ခုန္လိုက္မယ္!"

သူ႔ေခါင္းထဲတြင္ ေသြးေတြေျပးလႊားေနလ်က္ လက္ေမာင္းအေဝး ညဘက္အေပၚမွာရွိေနတဲ့ Pinch holdကို ၾကည့္လိုက္မိၿပီး သူ Spider Manကို ပုံေဖာ္လိုက္ကာ ေျခေထာက္ေတြကို လႊတ္ေပးလိုက္ရင္း ခုန္လိုက္ေလသည္။

သူ႔ခႏၶာကိုယ္မွ တဟုန္ထိုး တိုးထြက္လာတဲ့ ခံစားခ်က္က ေလထုကို ၿဖိဳခြင္းလိုက္သကဲ့သို႔ပင္။ သို႔တိုင္ အနည္းငယ္ေတာ့ တိုေတာင္းလွေသး​၏။

သူ႔ လက္ေခ်ာင္းေတြက Holdရဲ့ အစြန္းကိုသာ ထိမိလိုက္ၿပီး အလုံးစုံမဆြဲလိုက္နိုင္ခဲ့ေပ။

ေသးငယ္တဲ့ အမွားေလးက ႀကီးမားတဲ့ ကြာျခားခ်က္တစ္ခု ျဖစ္သြားရသည္။

သူ မေတာ္တဆမရွိပါဘဲ ျပဳတ္က်ခဲ့သည္​။ ခ်င္ေဝ့ေဟာ္က သူ႔ရဲ့ ျပဳတ္က်တဲ့အရွိန္ကို ပိတ္လိုက္ဖို႔ ႀကိဳးကို ဆြဲတင္လိုက္႐ုံသာရွိသည္။ ဒါက သူ Lead Climbing တက္စဥ္က ျပဳတ္က်မယ္လို႔ စိတ္ကူးထားတာနဲ႔ မတူပါေခ်။ ကိုယ္အေလးခ်ိန္ေပ်ာက္ဆုံးသြားသကဲ့သို႔ တုန္လွုပ္ျခင္းမ်ိဴးကို သူ မခံစားခဲ့ရ။

ခ်င္ေဝ့ေဟာ္ရဲ့ စကားတစ္ခြန္းျဖစ္ေသာ"မင္း အႀကိမ္ ၁၀၀ တက္ၿပီး ျပဳတ္က်ခဲ့ရင္ေတာင္ မင္းကို အႀကိမ္ ၁၀၀ ဖမ္းနိုင္ေသးတယ္" ဆိုတာကို ေတြးၾကည့္လိုက္လၽွင္ သူ အနည္းငယ္ေတာ့ ေနာင္တရမိသည္။

ဒါက ဒီတိုင္း...သူ adrenaline ေတြ ျပည့္ႏွက္ေနခဲ့တဲ့အတြက္ ဒီလူကို အလြန္ရဲရင့္တဲ့သတၱိေတြ ျပေပးလိုက္ခ်င္ေပမယ့္ ေနာက္ဆုံးမွာေတာ့ ႀကိဳးစားအားထုတ္မွုေတြက အလဟသျဖစ္ခဲ့ရေပသည္။

ခ်င္ေဝ့ေဟာ္က သူ႔ကို ေမးလာခဲ့သည္,"ဘယ္လိုခံစားရလဲ?"

အန္းနင္မွာ ခံျပင္းျခင္းမ်ားႏွင့္ ေခါင္းယမ္းျပလိုက္​၏။

ခ်င္ေဝ့ေဟာ္က ရယ္လာခဲ့သည္,

"မင္း အဲ့ဒီကို ခုန္နိုင္လိမ့္မယ္လို႔လဲ ငါ မေမၽွာ္လင့္ထားခဲ့ပါဘူး​။ ဒီတိုင္း မင္းကိုခုန္ခြင့္ေပးလိုက္ၿပီး မင္းပါတနာကို ယုံၾကည္ေအာင္လုပ္လိုက္တာ " 

အန္းနင္ရဲ့ ျပဳတ္က်သြားတဲ့ ႏွလုံးသားမွာ သူ႔လည္ေခ်ာင္းကို ျပန္ဆန္တက္လာျပန္သည္။ ၿပီးလၽွင္ သူ ငုံ႔မၾကည့္ရဲေတာ့။ ခ်င္ေဝ့ေဟာ္က Outdoor Jacketကဲ့သို႔ အေဆာက္အအုံအခ်ိဳ႕ပါေသာ လိေမၼာ္နီေရာင္ Hoodieကို ဝတ္ဆင္ထားခဲ့သည္။ အေစာပိုင္းက သိုင္းႀကိဳးကို တပ္လိုက္ၿပီးေနာက္ သူက Hoodieကို ျပန္ဝတ္ကာ ဇစ္ဆြဲလိုက္ၿပီး သိုင္းႀကိဳးကို ဖုံးလိုက္သည္။

ေက်ာက္နံရံေပၚသို႔ သူတက္သြားၿပီးေနာက္မွာေတာ့ ခ်င္ေဝ့ေဟာ္က ဂ်ာကင္အကၤ်ီကို ဇစ္ဖြင့္လိုက္ၿပီး အတြင္းဘက္မွာရွိေနတဲ့ လည္ပင္းဝိုင္းတီရွပ္အနက္နဲ႔ ခါးႏွင့္ ခါးစပ္ရွိ သိုင္းႀကိဳးကို ခ်ျပလာခဲ့သည္။

သူ ပထမဦးဆုံးအႀကိမ္ ခ်င္ေဝ့ေဟာ္ ေက်ာက္ေတာင္တက္တာကို ၾကည့္ရစဥ္ကလဲ ဒီလို ဝတ္ထားခဲ့တာျဖစ္သည္။

အန္းနင္ သူဘာလို႔ ဒီေလာက္ အားထုတ္ရသလဲဆိုတာကို နားမလည္နိုင္ေသးေပ။ ပထမဆုံးအႀကိမ္ သိုင္းႀကိဳးကို ဝတ္လိုက္ေသာအခါ၌ ဘာေၾကာင့္လဲဆိုတာ ႐ုတ္တရက္ သိလိုက္ရသည္။ 'ျမင္းနက္ ေက်ာက္ေတာင္တက္ အေျခစိုက္စခန္း' တြင္ ခ်င္ေဝ့ေဟာ္က ထိုေနရာတြင္ မိန္းကေလးမ်ားစြာရွိေသာေၾကာင့္ သူ႔ရဲ့ခါးနဲ႔ ခါးစပ္တို႔ကို ဖုံးအုပ္ထားခဲ့သည္။ သို႔ေသာ္ အခု သူတို႔ ႏွစ္ေယာက္သာရွိသည္; ႏွစ္ေယာက္လုံးက ေယာက္်ားေလးေတြပဲကို ဘာလို႔ ရွက္ေနေသးတာလဲ?

သူဟာ ခ်င္ေဝ့ေဟာ္နဲ႔ ပတ္သက္တဲ့ လၽွို႔ဝွက္ေမၽွာ္လင့္ခ်က္မ်ားနဲ႔ ေထြရာစိတ္ကူးမ်ား ရွိေနတဲ့အေၾကာင္းကို သေဘာေပါက္ရန္ သူ ေတြးၾကည့္မိခဲ့သည္။

ေက်ာ္လြန္ခဲ့တဲ့ ၁၉ႏွစ္မွာမူ သူက အျမဲတမ္း စည္းမ်ဥ္းေတြနဲ႔သာ ေနထိုင္ခဲ့ရသည္​။ သူ႔ရဲ့အတန္းေဖာ္မ်ားစြာက အထက္တန္းေက်ာင္းမွာ ခ်စ္မိေနခဲ့ၾကေသာ္လည္း သူကေတာ့ စာသင္ၿပီး အလုပ္လုပ္ဖို႔အခ်ိန္သုံးရသည္ကိုသာ အမွတ္ထားခဲ့သည္။ သူသေဘာက်ဖူးတဲ့ မိန္းကေလး Celebrityေတြလဲ ရွိခဲ့ေပမယ့္ သူတို႔အေပၚကို ပိုက္ဆံအမ်ားႀကီး မသုံးဖူးခဲ့တာမို႔ သူတို႔ကို ႀကိဳက္တယ္လို႔ေျပာရတာကလဲ ရွက္ဖြယ္အတိပင္။

သူ႔သူငယ္ခ်င္းေတြနဲ႔ အတန္းေဖာ္ေတြ မိန္းကေလးတစ္ေယာက္အေၾကာင္း၊ မိန္းကေလးတစ္ေယာက္အတြက္ သူတို႔ရင္ခုန္လာတဲ့ခံစားခ်က္အေၾကာင္းေတြကို ေျပာတာၾကားရခ်ိန္မ်ိဳးမွာလဲ သူ တကယ္ကို နားမလည္နိုင္ဘူးလို႔ ခံစားရသည့္အတြက္ ဝင္ေျပာဖို႔ ခက္ခဲခဲ့ရသည္။

အန္းနင္ Datingဆိုတဲ့ အသုံးဟာဘာလဲ မသိေပမယ့္ စာေလ့လာကေတာ့ တကယ္အသုံးဝင္သည္ေလ​။ သူ အိပ္မက္မက္ခဲ့ရတဲ့ တကၠသိုလ္ကို ဝင္ခြင့္ရခဲ့ေပမယ့္လဲ ေနာက္ပိုင္းမွာေတာ့ သူ႔ အားထုတ္မွုေတြ ေအးေဆးဖို႔ မစြမ္းနိုင္ေသးဘူးဆိုတာကို သေဘာေပါက္မိခဲ့ကာ ေပါ့ေပါ့ေလးလဲ မသြားနိုင္ခဲ့ပါေခ်။

က်ဴရွင္နဲ႔ ေနထိုင္စရိတ္ေတြက အထက္တန္းေက်ာင္းထက္ပင္ ပိုေသးသည္။ သူ အလုပ္တစ္ခုရဖို႔ ႀကိဳးစားရန္လိုခဲ့ၿပီး 'အလုပ္လုပ္-စာသင္'နဲ႔ စေကာလားရွစ္ကို ႀကိဳးပမ္းရလိမ့္မည္။ သူသာ အရွိန္ေလၽွာ့လိုက္ပါက 'ဆင္းရဲတယ္'ကေန 'အလြန႔္အလြန္ကို ဆင္းရဲတယ္'ထဲကို က်ေရာက္သြားလိမ့္မည္ျဖစ္သည္။

သူရဲ့ ေန႔စဥ္အိပ္ခ်ိန္ကို ၆နာရီကို ေလၽွာ့ခ်ခဲ့ၿပီး သူ႔ရဲ့အားလပ္ခ်ိန္ေတြကလဲ စာၾကည့္တိုက္နဲ႔ ေက်ာင္းပုရဝုဏ္ျပင္ပမွာ အလုပ္လုပ္ဖို႔ၾကားမွာပဲ ညီတူညီမၽွခြဲထားခဲ့သည္။

ဒါေပမယ့္ အခုေတာ့ သူ႔ကဒီမွာပင္။ သူ KFCရဲ့ Registerေရွ႕မွာ ေအာ္ဒါေတြမွာရင္း အလုပ္မ်ားေနတာ၊ ဒါမွမဟုတ္ လန္ထ်န္းနိုင္ငံထဲက ဗီလာမွာ ယြမ္ေရွာင္ယဲ့ကို ထပ္ခါတလဲလဲ စက္မွုပညာျပႆနာေတြ ရွင္းျပေနရတာမ်ိဳးေတြ မဟုတ္ပါေခ်။

သူက အခု သူ႔ရဲ့စာေလ့လာတာ၊ ဘဝေနထိုင္မွုနဲ႔ ဘာမွမသက္ဆိုင္တဲ့ တစ္စုံတစ္ရာကို လုပ္ေနခဲ့ၿပီး ၎က သူ႔ကို အရမ္းကို ဆြဲေဆာင္နိုင္ေနခဲ့​၏​။ ဒါက သူ႔ကို Karl Marxရဲ့ Das Kapital* ထက္ပင္ပို၍ ဆြဲေဆာင္နိုင္ေပသည္။

ခ်င္ေဝ့ေဟာ္က သူျမင္ဖူးတဲ့ ဆြဲေဆာင္မွုအရွိဆုံး ကထိက,ထက္ပင္ပို၍ ဆြဲေဆာင္နိုင္စြမ္းရွိေလသည္။

【 * Das Kapital က Karl Marx ေရးသားထားတဲ့ Political Economy အေၾကာင္း စာအုပ္ပါ】

တကၠသိုလ္မွာလဲ Dateလုပ္ေနတဲ့လူေတြမ်ားသလို ပရဝုဏ္အတြင္း​မွာလဲ အတြဲေတြမ်ားစြာရွိေပသည္။ သူတို႔ဘယ္လိုမ်ိဴး စၿပီး Dateလုပ္ၾကသလဲ သူမသိပါေခ်။

ဒါက လူတစ္ေယာက္က တစ္ဖက္လူကို ထင္ျမင္ခ်က္ေကာင္းရွိလာၿပီး တစ္ဖက္လူကို ဒီတိုင္း တိုက္ရိုက္ႀကီးေျပာလိုက္တာလား?

ဒီလိုမ်ိဴး ေမတၱာကေန သူတို႔အတြက္ အခ်စ္ပါလို႔ အတည္ျပဳသြားနိုင္တာလား?

မိန္းကေလး Celebrity မ်ားအေပၚထားတဲ့ သူ႔ရဲ့ ေမတၱာလိုမ်ိဴးဆိုရင္ေရာ လုံေလာက္တယ္တဲ့လား?

ရင္ခုန္တယ္လို႔ ေခၚဆိုတဲ့ ခံစားခ်က္က ခုထိတိုင္ထူးဆန္းေနဆဲပင္။ ဒါက ႐ုတ္တရက္ႀကီး တဆတ္ဆတ္တုန္တာမ်ိဳးပဲလား?

ရင္ခုန္လာတာက တစ္ဖက္လူက ၾကည့္ေကာင္းေနတာေၾကာင့္ပဲလား? အရမ္း သာမန္ကာလၽွံကာျဖစ္မေနဘူးလား?

ၾကည့္ေကာင္းတဲ့လူေတြဆိုတာ အမ်ားႀကီးရွိတာေၾကာင့္ ေတြ႕တဲ့ လူတိုင္းကိုေရာ ခ်စ္ေနတာ မျဖစ္နိုင္ဘူးလား​? ဒါမွမဟုတ္ မင္းနဲ႔ အတူကုန္ဆုံးခ်ိန္မ်ားေလေလ၊တစ္ဖက္လူရဲ့ ပင္ကိုစရိုက္က မင္းကို ဆြဲေဆာင္လာနိုင္ေလေလဆိုရင္ေကာ?

ဒါေပမယ့္ အတန္းေလးတူတူတက္႐ုံပဲကို တစ္ေယာက္နဲ႔တစ္ေယာက္က အမ်ားႀကီး သိေနနိုင္ပါ့မလား?

ဒါက အရင္တုန္းကတည္းက မစူးစမ္းခ်င္တာမ်ိဳးမဟုတ္ရပါဘဲ သူ႔မွာ အခ်ိန္လုံလုံေလာက္ေလာက္မရွိ၍သာ ျဖစ္ေလသည္။

ဥပေဒေလ့လာရတာေတာင္ အခ်ိန္က မေလာက္တာ၊သူက ဘယ္လိုလုပ္ အာ႐ုံေျပာင္းၿပီး ဒီအေၾကာင္းအရာေတြကို စူးစမ္းနိုင္မွာတဲ့လဲ?

စိတ္ကူးစိတ္သန္းေတြကို ကန႔္သတ္ထားရတဲ့ ဆင္းရဲမွုပါပဲ။

သို႔ေသာ္ ဒီေန႔မွာေတာ့ သူ ဉာဏ္အလင္းရသြားပုံ ရသည္ကို အံ့အားသင့္စြာျဖင့္ သေဘာေပါက္လိုက္မိသည္။

ဒါေပမယ့္ ဒါက မျဖစ္သင့္တဲ့သူ တစ္ေယာက္ေၾကာင့္ပဲ!

ထိုေနမနက္ သူ ေက်ာက္ေတာင္တက္ Gymကေနထြက္လာေသာအခါ ပ်ားပန္းခတ္ေနတဲ့ အျပင္ဘက္ ကမၻာႀကီးက လုံးဝကို ေျပာင္းလဲေနပုံေပၚသည္။ 'vividness' ဆိုတဲ့ Filterကိုေတာင္ ထပ္ထည့္ထား​၏။

အသံေတြ၊အနံ႔ေတြ၊အေရာင္ေတြကလဲ လြတ္လပ္ကာ စူးရွေနခဲ့သည္။

အန္းနင္ ေတြေဝစြာနဲ႔ လန္ထ်န္းနိုင္ငံကို သြားခဲ့​၏။ သူ ယြမ္ေရွာင္ယဲ့ရဲ့သင္ခန္းစာေတြကိုလဲ ေတြေဝစြာၿပီးဆုံးခဲ့ၿပီး ေက်ာင္းကိုလဲ ေတြေဝစြာနဲ႔ ျပန္လာခဲ့ရသည္။ ထိုအခ်ိန္တြင္ သူ စာၾကည့္တိုက္ကို ကိုယ္ပိုင္စာၾကည့္ရန္ သြားေနက်ျဖစ္​၏။

ဒီေန႔မွာေတာ့ ပထမဆုံးအႀကိမ္အျဖစ္ သူ စာၾကည့္တိုက္ကိုသြားခဲ့ေပမယ့္ ကိုယ္ပိုင္စာၾကည့္ရန္အတြက္မဟုတ္ခဲ့ေပ​။

သူ ငွားေပးတဲ့ ဌာန သို႔သြားခဲ့ၿပီး လူမွုေဗဒနဲ႔ မႏုႆေဗဒဆိုင္ရာ စာအုပ္စင္ေပၚရွိ လိင္တူခ်စ္သူေတြနဲ႔ ပတ္သက္သည့္ စာအုပ္တစ္အုပ္ကို ရွာေတြ႕ခဲ့ရသည္။ သူ ငွားရမည္ကို ရွက္လြန္းသျဖင့္ စာအုပ္စင္ေရွ႕မွာပင္ တစ္ေယာက္တည္း ရပ္ကာ တိတ္တိတ္ေလး ၾကည့္ေနလိုက္သည္။

သူက ေယာက္်ားေလးတစ္ေယာက္ကို ဘယ္လိုလုပ္ၿပီးႀကိဳက္နိုင္မွာတဲ့လဲ? သူက တကယ္ပဲ ေဂးလား?

သိသိသာသာကိုပဲ သူဟာ အထက္တန္းေက်ာင္းသူ မိန္းကေလးမ်ားအေပၚတြင္ ခံစားခ်က္ေတြ ရွိခဲ့ဖူးၿပီး အျခားေယာက္်ားေလးမ်ားအေပၚတြင္ေတာ့ ထိုကဲ့သို႔ေသာ ခံစားခ်က္မ်ိဳး တစ္ခါမၽွ မခံစားခဲ့ဖူးပါေပ။

သူက Bisexual ျဖစ္ေနတာမ်ားလား?!

သို႔ေသာ္ ဒီခံစားခ်က္ ျဖစ္ေပၚလာၿပီးေနာက္မွာေတာ့ ကုသဖို႔ နည္းလမ္းမရွိေတာ့ဘူးလို႔ ထင္ရ​၏။ သူ ခ်င္ေဝ့ေဟာ္ကို မေရွာင္နိုင္ပါေပ၊ ဘာပဲျဖစ္ျဖစ္ သူတို႔ေတြက အိပ္ခန္းတစ္ခုတည္းတြင္ ေနထိုင္ၾကတာျဖစ္သည္။

ဒါေပမယ့္ သူ သူ႔ကို ေရွာင္ခ်င္ေနလို႔လား?

ဒီလို အေျခအေနမ်ိဳးေအာက္မွာရွိေနတာေတာင္ သူက ခ်င္ေဝ့ေဟာ္ကို မေရွာင္ခ်င္ဘူးလို႔ ထင္ရေပသည္။ သူ မေရွာင္ခ်င္သလို အပတ္တိုင္းလဲ ေက်ာက္ေတာင္တက္ဖို႔ကို သြားခ်င္ေနတုန္းပင္။

ဒါက တကယ္ပဲ 'ႀကိဳက္တယ္'ဆိုတာမ်ိဴး မဟုတ္ဘူးလား?

လိင္တူခ်စ္သူ ေတာ္ေတာ္မ်ားမ်ားဟာ အထူးသျဖင့္ သူတို႔ရဲ့ မိသားစုေတြဆီမွာ come outမလုပ္ရဲၾကဘူး လို႔ ထင္ရသည္။ သူ ဒီအေၾကာင္းကို ေသေသခ်ာခ်ာေတြးၾကည့္လိုက္ေသာ္ျငား ေၾကာက္ေနမိတဲ့ပုံေတာ့ မရွိခဲ့ဘူး။

သူ႔မိသားစုက ဒါကို အထူးတလယ္ ဂ႐ုစိုက္ေနမွာမဟုတ္ဘူးဆိုတာကိုလဲ သူရဲ့ မသိစိတ္က နားလည္ေနတာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္ေပမည္။

ဒါေၾကာင့္ သူ ေယာက္်ားေလးတစ္ေယာက္ကို သေဘာက်မိခဲ့ရင္လဲ ေနာက္ၾကဳံလာရမည့္ အဆင္မေျပမွုေတြကို လက္ခံနိုင္ၿပီး အရာရာကို ခံနိုင္ရည္ရွိနိုင္ေလာက္မည္ ျဖစ္သည္။

ေမၽွာ္လင့္ခ်က္ကင္းမဲ့လုနီးပါးျဖစ္တဲ့ စိတ္ကူးယဥ္မွု တစ္ခုေၾကာင့္ ႐ုတ္တရက္ႀကီး ေရွ႕ကို လွမ္းၿပိီးေတြးလိုက္မိတာျဖစ္သည္ကို သူ သေဘာေပါက္လိုက္မိသည္။ ခ်င္ေဝ့ေဟာ္က အရမ္းကို ေျဖာင့္တန္းေနတဲ့ ပုံစံေပါက္ေနေသာေၾကာင့္ သူတစ္ေယာက္ကသာလၽွင္ စိတ္ဝင္စားသူ ျဖစ္ေနသည္။ သူတို႔ႏွစ္ဦးမွာ သူတို႔ကို ခ်ိတ္ဆက္ေပးမည့္ အရွိန္အဝါတို႔လဲ နည္းပါလွေပသည္။

သူ စာအုပ္ကို ျပန္ထားလိုက္ၿပီး ကမၻာႀကီးရဲ့ 'Vivid' Filterေတြကို ဖယ္ရွားပစ္လိုက္သည္။

အမ်ားႀကီး မေတြးစမ္းနဲ႔ အန္းနင္!

သူတို႔က ဒီတိုင္းေလးႏွစ္တာမၽွသာ အိပ္ေဆာင္တူတူေနရမွာျဖစ္သည္။ ဤသို႔ေတြးၾကည့္လိုက္လၽွင္ သူတကယ္ကို ခ်င္ေဝ့ေဟာ္အား အခြင့္အေရးအႀကီးႀကီး ယူလိုက္သလိုပင္။

ငါ သူ႔ကို ေရွာင္သင့္လား? ဟင့္အင္း! မေရွာင္ခ်င္ဘူး။

ငါ့ခႏၶာကိုယ္တစ္ခုလုံးက ဒီအေတြးကို ဆန႔္က်င္ေနတယ္။

ငါ သူ႔ကိုႀကိဳက္တာနဲ႔ ဘာလို႔ ေရွာင္ေနၿပီး ဂ႐ုမစိုက္သလို လုပ္ရမွာလဲ? ဒါကမွ အရမ္းထူးဆန္းေနတာ။

ဒါက ငါတစ္ေယာက္ထဲနဲ႔ သက္ဆိုင္တဲ့ လၽွို႔ဝွက္ခ်က္တစ္ခုပဲ!

ေရွ႕ေလၽွာက္ သူ႔ကို အခြင့္အေရးမယူရေအာင္ ဂ႐ုစိုက္ဖို႔ပဲ ေတြးထားမယ္။ ဒါေပမယ့္ ငါသူ႔ကို မေရွာင္လဲမေရွာင္ဘူး၊ ငါ သူ႔ကို ႀကိဳက္ေနေၾကာင္းလဲ သိခြင့္မေပးဘူး။

ဒီေလာက္ဆိုရင္ လုံေလာက္သင့္ၿပီေလ'

Continue Reading

You'll Also Like

620K 112K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...
1.2M 89.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
232K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...