ဦး~ [Completed]

By dawnlight00

42.6K 2.2K 66

စစ်ပိုင်ဇေ × အရိပ်လေး စစ္ပိုင္ေဇ × အရိပ္ေလး Written by dawnnlight More

အခန်း ( ၁ ) / အခန္း ( ၁ )
အခန်း ( ၂ ) / အခန္း ( ၂ )
အခန်း ( ၃ ) / အခန္း ( ၃ )
အခန်း ( ၄ ) / အခန္း ( ၄ )
အခန်း ( ၅ ) / အခန္း ( ၅ )
အခန်း ( ၇ ) / အခန္း ( ၇ )
အခန်း ( ၈ ) / အခန္း ( ၈ )
အခန်း ( ၉ ) / အခန္း ( ၉ ) [ final ]

အခန်း ( ၆ ) / အခန္း ( ၆ )

2.8K 200 1
By dawnlight00

Unicode

စစ်ပိုင်ဇေတစ်ပတ်ခန့်ကြာအောင် အရိပ်နဲ့ပဲ အတူရှိနေခဲ့သည်။ အလုပ်ကိုလည်း မသွားသလို ဆေးရုံကိုလည်း တခဏမျှ မသွားဖြစ်ဘဲ အရိပ်နဲ့သာ ၂၄နာရီရှိနေသည်။

အလုပ်ကိုတော့ လက်ကဒဏ်ရာရနေတဲ့အရိပ်ကို ဂရုစိုက်ပေးချင်လို့ ခွင့်ယူထားပြီး ဆေးရုံကတော့ အရိပ်ရဲ့ချွဲတာတွေ ဂျီတိုက်တာတွေအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ပါ။ ပိုင်ဇေလည်း သူ့ကလေးက သနားစရာမျက်ဝန်းလေးတွေနဲ့ လုပ်ကြည့်လာခဲ့ရင်ကို လွန်ဆန်ဖို့ခဲရင်းသွားသည်။

အရိပ်ရဲ့အဲဒီလိုအမူအရာတွေက သူ့အတွက်တော့ အရမ်းချစ်စရာကောင်းလွန်းတာကြောင့် အရိပ်မှာ ကုတင်ပေါ်ကိုပဲ ခဏဏပွေ့ချီသွားခံရသည်။ တစ်ခါတလေ ပိုင်ဇေက အခန်းထဲသွားဖို့ပင် စိတ်မရှည်တာကြောင့် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ သူ့ကလေးနဲ့အတူနေသည်။ အရိပ်ကလည်း သူကြမ်းတမ်စွာ လုပ်ခဲ့မိရင်တောင် ငြင်းဆန်တဲ့စကားတစ်ခွန်းမှ မဆိုပါ..။ တစ်ရက်တော့ အရိပ်မှာ အဖျားကိုဝင်သွားမှ ပိုင်ဇေလည်း သူလွန်သွားမှန်းသိသည်။

ဒီလိုနဲ့ တစ်ပတ်တောင် ကြာလာပြီမို့ သူအလုပ်ကိုလည်း ပြန်သွားရမှာဖြစ်သလို သူ့အစ်မကလည်း သူ့ကိုအတော်ကိုစိတ်စိုးနေပြီ ဖြစ်သည်။ ဒါကြောင့် သူဒီနေ့တော့ သေချာပေါက်သွားမှဖြစ်မည်။

"အလုပ်သွားဖို့ မစောလွန်းဘူးလား ဦး .. ဦးတစ်နေရာဝင်မလို့လား"

"အင်း ကိုယ်ဝင်စရာလေးရှိလု့ိ .. ကလေးစားချင်တာရှိလား ကိုယ်အပြန်ကျဝယ်ခဲ့မယ်လေ"

ပိုင်ဇေအလုပ်သွားဖို့ ပြင်ဆင်နေရာ ကြယ်သီးတွေတပ်နေရင်း ပြန်ပြောသည်။ အရိပ်က ခေါင်းယမ်းပြပြီး သူ့ဆီကို လျောက်လာကာ အိင်္ကီျကြယ်သီးတွေကို ကူတပ်ပေးသည်။ ပိုင်ဇေ,သူ့ရှေ့က ကလေးကိုပြုံးပြီး ငုံကြည့်နေရင်း သူ့နှုတ်ခမ်းနဲ့နီးနေသော အရိပ်နဖူးကို ဖွဖွလေး လှမ်းနမ်းလိုက်သည်။

အရိပ်ကတော့ သူ့ရင်ခွင်ထဲ မျက်နှာကိုထိုးထည့်ပြီး သူ့ခါးကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလေသည်။ လွတ်ပေးလိုက်ရင် သူကပြန်မလာတော့မယ့် လူလိုမျိုး ဖက်ထားသည်။ သူလည်း ပြန်ဖက်လိုက်ပြီး အရိပ်ဆံပင်တွေကို ပွတ်သတ်ပေးလိုက်သည်။

"အရိပ်လေး ဘာဖြစ်လို့လဲ"

"ဦး ကျွန်တော်ဦးကို ချစ်တယ် .. ဦးကသာ ကျွန်တော့်ဘဝထဲ တစ်ယောက်တည်းရှိတဲ့ချစ်ရသူပဲ .. ဦးကျွန်တော့်ကို မချစ်တော့တဲ့ တစ်နေ့၊ ဦးကျွန်တော့်ကို မလိုချင်တော့တဲ့ တစ်နေ့၊ ဦးကျွန်တော်ကို မုန်းသွားပြီး ဦးဂရုစိုက်ပေးမှုတွေ၊ ကြင်နာပေးမှုတွေ မရှိတော့တဲ့တစ်နေ့က ကျွန်တော်ရဲ့နောက်ဆုံးနေ့ဖြစ်လိမ့်မယ်"

"ကလေးရာ ဘာတွေပြောနေတာလဲ .. အဲ့လိုမျိုးမပြောရဘူးလေကွာ"

ပိုင်ဇေလည်း သူ့ကလေးကိုချော့ပြောပြီးနောက် ဆေးရုံကို ရောက်လာခဲ့ပြီး သူ့အစ်မကို အားနာစွာပြုံးပြလိုက်သည်။

"အစ်မ.."

"ငါနင့်ကို ရှေ့ရက်တွေကတည်းက ငါ့ဆီလာဖို့ ခေါ်နေတာ .. နင်ကတော့ အခုမှရောက်လာတယ်နော်"

"ကျွန်တော်တောင်းပန်ပါတယ်ဗျာ ကျွန်တော်လည်း အရေးကြီတဲ့အလုပ်ကိစ္စတွေ ရှိနေလို့ .. အစ်မကျွန်တော့်ကို ပြောစရာရှိတယ်ဆိုတာ ဘာလဲ .. ဖုန်းထဲကနေလည်း ပြောရတာကို.."

"ဖုန်းထဲကပြောရင် နင်မယုံမှာဆိုးလို့ .. အရင်ဆုံး ဒါကိုလာကြည့်လှည့်.."

သူမက သူမရဲ့လက်တော့ကို ယူကာ ဗီဒီယိုဖိုင်တစ်ခုကို ဖွင့်ပြသည်။ အထဲမှာတော့ မှုန်မှုန်ဝါးဝါး လူရိပ်လေးတွေပေါ်လာသည်။ ကြည့်ရတာ သူတို့နဲ့အတော်ဝေးရာကနေ ရိုက်ထားပုံပေါ်သည်။

တုတ်ကိုကိုင်ထားပုံပေါ်တဲ့ လူရိပ်က ကျန်တဲ့လူအကုန်လုံးကို  ရိုက်ချပြီး အကုန်းလုံးပြန်မထနိုင်တော့ပါ။ ဒီလိုနဲ့နောက်ဆုံး တစ်ယောက်သာ ကျန်ခဲ့ပြီး ကျန်တဲ့သူက ဒူးထောက်ကာ တောင်းပန်နေသည်။ ဒါမဲ့ ဒူးထောက်နေသူလည်း ခေါင်းကိုရိုက်ချခံရပြီး လဲကျသွားတော့သည်။ ပြီးနောက် တုတ်ကိုကိုင်နေသူက လဲကျနေသူကို အစိတ်စိတ်အမွှာမွှာဖြစ်စေချင်သည်ထိ
အရမ်းမုန်းတီးနေသလိုမျိုး အချက်ပေါင်းများစွာရိုက်နှပ်နေသည်။

ပိုင်ဇေလည်း ဗီဒီယိုကို ကြည့်ရင်း အနည်းငယ်လန့်သွားမိသည်။ ရိုက်နေသူက psychopathများလားလို့ပင် ထင်မိသည်။

နောက်ဆုံးတော့ လက်ထဲက တုတ်ကိုပစ်ချပြီး သူ့ရှေ့ကလူကို အသက်ရှင်သေးလားဆိုတာ စမ်းကြည့်နေပုံပေါ်သည်။ ပြီးနောက် အဲဒီနေရာကနေ လမ်းလျောက်လာခဲ့ပြီး အမှောင်ထဲက လူရိပ်လေးက ကြီးလာသည်။ သူရဲ့ပုံစံကိုလည်း တဖြည်းဖြည်း ပိုပြီးမြင်သာလာသည်။

သူရင်းနှီးလှတဲပုံရိပ်လေးကြောင့် ပိုင်ဇေထိတ်လန့်စွာနဲ့ လက်ပ်တော့မှန်ပြင်ကို မျက်တောင်မခတ်ဘဲ သေချာကြည်နေမိသည်။

ထိုလူရိပ်လေးကတော့ အေးအေးဆေးဆေးနဲ့ ရိုက်နေတဲ့cameraကိုကျော်ကာ လျောက်သွားတော့သည်။ ကြည့်နေသော ပိုင်ဇေလည်း သူမြင်လိုက်ရတဲ့မျက်နှာလေးကြောင့် မယုံကြည်နိုင်စွာ မှင်သက်နေမိတော့သည်။

"ဒီကောင်လေးနောက်ဆုံးမှာ အစာအနာမရှိ ရက်ရက်စက်စက်ရိုက်ခဲ့တဲ့သူက ငါတို့ဇေယျာလေးပဲ"

"အဲ့.. အဲ့တာဇေယျာလား .. ဇေယျာကို အခုလိုလုပ်ခဲ့တဲ့သူက…"

"ဟုတ်တယ် အရိပ်ဆိုတဲ့ နင့်အိမ်မှာရှိနေတဲ့ကောင်လေးပဲ"

"ဗျာ!!! .. အစ်မဘယ်လိုလုပ်သိတာလဲ"

ပိုင်ဇေသူမကို အထိတ်တလန့်နဲ့ လှည့်ကြည့်မိသည်။ သူအခုမှ ဇေယျာကို အခုလိုလုပ်ခဲ့သူက အရိပ်ဆိုတာသိရပြီး အံသြနေချိန် အရိပ်ကသူ့အိမ်မှာရှိနေတာကို သိနေတဲ့အစ်မဖြစ်သူကြောင့် မျက်လုံးကိုပြူးသွားသည်။

"စစ်ပိုင်ဇေ နင်ဘယ်ကမှန်းမသိတဲ့ ကောင်လေးကို အိမ်ပေါ်ခေါ်တင်ထားပြီး အဲ့ကောင်လေးနဲ့ ကြိုက်နေသေးတယ် .. အဲ့ကောင်လေးအကြောင်းတွေကို သေချာသိရောသိရဲ့လား"

သူ့အစ်မဖြစ်သူက ဆေးရုံမှာ ဒီအတိုင်းနေနေတယ်လို့ ပိုင်ဇေထင်ခဲ့တာ သူ့အတွေးကမှားမှန်း အခုမှသိသည်။ သူမက ဒီမှာက ဒီမှာငြိမ်နေပြီး အကြောင်းအရာအကုန်ကို နောက်ကွယ်ကနေ စုံစမ်းနေခဲ့သည်။

အခုခိျန်တွင် သူကသာ အရိပ်အကြောင်းကို ဘာမှမသိတာ သူမကတော့ သူထက်သိနေနိုင်သည်။ ဒါကြောင့်သူဘာမှပြန်မဖြေနိုင်ပါ။

"သူက သူ့အဖေဘယ်သူမှန်းမသိတဲ့အပျက်မသားပဲ .. သူအထက်တန်းမှာလည်း ကျောင်သားတွေနဲ့ရန်ဖြစ်ပြီး အမြဲခြေလွန်လက်လွန်တွေ ဖြစ်ကုန်လို့ ကျောင်းခဏခဏပြောင်းနေခဲ့တာ .. ပြီးရင် နင်အဲ့လောက်ကြိုက်နေတဲ့အဲဒီကောင်လေးက သူအမေနဲ့အလုပ်တစ်လုပ်တည်း လုပ်နေတာ .. ဒါမဲ့အမေထက်တောင် ပိုဆိုးတယ်သူက .. ယောကျ်ားလေးဖြစ်ပြီး ယောက်ျားတွေဆီကပဲ အလုပ်ခံနေတာ"

သူမစကားတွေ သူ့နားထဲသံပူရေလောင်းချနေသလိုမျိုး ခံစားရပြီး သူ့ရဲ့အစ်မသာ မဟုတ်ရင် သူမကိုဆွဲထိုးပစ်ပြီးနေပြီ။ ဇေယျာကို အခုလိုလုပ်ခဲ့လို့ သူမက အရိပ်ကို မုန်းတယ်ဆိုရင်တောင် သူနားလည်နိုင်သည်။ ဒါမဲ့ အခုလိုမဟုတ်တာတွေနဲ့ သူတို့ကြားမှာဒီလိုသွေးထိုးနေတာကတော့ လွန်နေပြီဖြစ်သည်။

"အစ်မ.. နင်ဘာမှသက်သေမရှိဘဲ အဲလိုမပြောနဲ့ .. ငါသူ့အကြောင်းမသိရင်တောင် သူ့အဲလိုလူမျိုးမဟုတ်တာကို ငါသေချာသိတယ် .. ငါသွားတော့မယ်"

ပိုင်ဇေက တံခါးနားထိရောက်လာပြီး တံခါးမဖွင့်ဘဲ သူမဆီကိုပြန်လှည့်ကာ ပြောလိုက်သည်။

"ဒါနဲ့ နင်သူ့ကို ဇေယျာကိုအခုလို လုပ်ခဲ့လို့ဆိုပြီး တစ်ခုခုလုပ်ဖို့ မကြံနဲ့ .. သူအခုငါ့အပိုင်လူဖြစ်နေပြီ .. ငါ အကြောင်းအရာစုံကို သေချာပြန်ရှာပြီးမှ ငါနဲ့ရှင်းကြမယ် .. ငါ့ကလေးကို ထိဖို့မကြိုးစားနဲ့"

ပြောပြီးတာနဲ့ ပိုင်ဇေကတံခါးလက်ကိုင်ကို ကိုင်ရင်း ဖွင့်ဖို့လုပ်နေချိန်တွင် သူမကပြန်ပြောသည်။

"စစ်ပိုင်ဇေ သူနင့်ကို တကယ်များကြိုက်နေတယ်လို့များ ထင်နေတာလား .. နင်က ငါ့မောင်ဆိုတာလည်း သိပြီး နင်ကပိုက်ဆံရှိမှန်းသိလို့ နင့်ဆီကို ချိန်းကပ်လာတာ .. ငါသားကိုလုပ်သလို သူ့ကိုပြန်လုပ်မှာကြောက်လို့ နင့်ကာကွယ်မှုအောက် ဝင်ခိုနေတာ .. အဲဒီအရူးကောင် အပျက်မသား နင့်ကိုတကယ်ကြိုက်တာရော ဟုတ်ရဲ့လားဆိုတာ သေချာစဉ်းစားကြည့်ပါဦး"

သူမကို လှည့်မကြည့်သလို ဘာမှပြန်မပြောဘဲ ပိုင်ဇေက ထွက်သွားပြီ ဖြစ်သည်။ ဒီရက်တွေအတွင်းမှာ ပိုင်ဇေကိုလာဖို့ အကြိမ်ကြိမ်ခေါ်ခဲ့ပေမယ့် အလုပ်ကိုအကြောင်းပြပြီး ရောက်မလာရတဲ့အကြောင်းအရင်းကို သူမသိသည်။

သူမမောင်က ယောကျ်ားလေးတစ်ယောက်ကို ကြိုက်နေတဲ့အပြင် အပျက်မသား၊ စိတ္တဇအရူးကောင်ဖြစ်နေတဲ့သူကိုမှ သွားကြိုက်သည်။ ပြီးရင် သူ့အတွက် သူမကိုပြန်ပြောသွားသေးသည်။ သူမအတော်ကို ဒေါသထွက်သွားသည်။ ပိုင်ဇေရဲ့သက်သေမရှိဘဲ မပြောနဲ့ဆိုသော စကားကို သူမပြန်ကြားမိသည်။

"သက်သေမရှိပေမယ့် နင်သက်သေလိုချင်တယ်ဆိုရင်လည်း သက်သေကို လုပ်ပေးရမှာပေါ့.."

သူမမျက်နှာပေါ် အပြုံးတစ်ခုကပေါ်လာကာ ဖုန်းတစ်ခုကိုခေါ်လိုက်သည်။

______________________________________________________________

ဆေးရုံကို အရိပ်,သူ့လက်ကဒဏ်ရာသွားပြခဲ့တုန်းက စောင့်နေရတာ အရမ်းကြာလို့ ပိုင်ဇေပြောပြတဲ့အခန်းဆီကို သူသွားခဲ့မိသည်။ အခန်းပြင်က ခန့်ဇေယျာဆိုပြီး နာမည်ကပ်ထားကိုမြင်တော့ သူထိတ်လန့်သွားခဲ့သည်။ 'ဦးပြောနေခဲ့တဲ့ ဦးရဲ့တူများလား မဟုတ်ပါဘူး မဟုတ်လောက်ဘူး နာမည်တူတွေအများကြီးရှိတာပဲ'ဆိုပြီး သူ့စိတ်ကိုသူ တင်းထားပေမယ့် အခန်းထဲက လဲလျောင်းနေသူကို မြင်ရတော့ သူအတော်ကိုအံသြသွားခဲ့သည်။

ရှေ့ရက်တွေက သူ့ကိုလာဖမ်းတဲ့သူတွေက ခန့်ဇေယျာနဲ့ ပတ်သတ်သူတွေဖြစ်ပြီး သူ့အကြောင်းကိုလဲ သေချာပေါက်စုံစမ်းကာ သိနေလောက်ပြီလို့ အရိပ်ခန့်မှန်းမိသည်။ ဒီလိုနဲ့ ပိုင်ဇေကိုပါ ပြောပြလိုက်ရင် ပိုင်ဇေလည်း အကုန်သိပြီးနောက် သူ့တူကိုအခုလိုလုပ်သူအဖြစ် သူ့ကိုလိမ်ခဲ့သူအဖြစ် မုန်းသွားလိမ့်မည်။

အနှေးနဲ့အမြန် ပိုင်ဇေကလည်း သိလာမှာဆိုတာ အရိပ်သိသည်။ ဒါမဲ့လည်း ဖြစ်နိုင်သမျှ သူ့ဦးရဲ့ကြင်နာမှုတွေကို အချိန်ကြာကြာခံစားချင်သေးသည်။ ဒါကြောင့် ပိုင်ဇေဆေးရုံကို သွားမယ်ပြောတိုင်း မသွားဖြစ်အောင် အမျိုးမျိုးလုပ်ခဲ့သည်။ ဒီနေ့တော့ ပိုင်ဇေက ဝင်စရာရှိလို့ဆိုပြီး ပြောခဲ့ပေမယ့် အ့ဲတာက ဆေးရုံဆိုတာ သူသိသည်။ တစ်ပတ်လောက်ကြာအောင်ထိ ဆွဲထားခဲ့ပြီး ထပ်ပြီးတော့ ဆွဲမထားလို့မရတော့ကြောင့် အရိပ်သွားခွင့်ပြုလိုက်ရသည်။

ဒီနေ့က ဦးကြင်နာ၊ဂရုစိုက်ပေးမှုတွေရဲ့ နောက်ဆုံးနေ့ဖြစ်မယ်ထင်တယ် .. ဒါဆိုရင်တော့ ကျွန်တော်… ဒီဘဝကြီးမှာ ဆက်ရှင်သန်နေဖို့ အကြောင်းပြချက်မရှိတော့ဘူး ဦး..။

အရိပ်,ပိုင်ဇေရဲ့အခန်းထဲမှာ ပိုင်ဇေသွားကတည်းက အခုထိအချိန်ကြာ ထိုင်နေခဲ့သည်။ သူ့ဖုန်းရဲ့မက်ဆေ့သံကိုကြားမှ စိုးရိမ်ကြောင့်ကြမှုတွေကြားက ရုန်းထွက်မိသည်။

သူဖုန်းကို အမြန်ကောက်ဖွင့်ကြည့်သည်။ ဖုန်းမက်ဆေ့အများစုက ကြော်ငြာမက်ဆေ့တွေဖြစ်တတ်ပေမယ့် ပိုင်ဇေဆီက မက်ဆေ့များလားဆိုပြီး ဖွင့်ကြည့်တာဖြစ်သည်။ ဖုန်းမှန်ပြင်က စာအချို့ကိုဖတ်ပြီး အရိပ်မျက်နှာက အံသြနေသောမျက်နှာဖြစ်လာသည်။

"အမေ ငါ့ဖုန်းနံပတ်ကို ဘယ်လိုလုပ်သိသွားတာလဲ"

စာထဲမှာက ဟော်တယ်တစ်ခုကိုလာပြီး သူမကိုတွေဖို့ ပြောထားဖြစ်သည်။ ပြီးရင် ပြောစရာရှိတယ်ဆိုပြီး ပို့ထားသည်။ အရိပ်လည်း ဒီနေ့က သူ့ရဲ့နောက်ဆုံးနေ့ဖြစ်နိုင်တာကြောင့် ဘာမှမစဉ်းစားတော့ဘဲ သူ့အမေကို သွားတွေ့သည်။

အဆင်မြင့်ဟော်တယ်တစ်ခုရဲ့ အကောင်းဆုံးအခန်းတစ်ခုမှာ သူမက ချိန်းဆိုထားတာဖြစ်သည်။ ဒီလိုအခန်းကို ငှါးနိုင်တဲ့သူမကို အရိပ်အံသြနေမိသည်။ သူ့ကိုတွေ့လိုက်ရတဲ့သူမကလည်း အရိပ်ကိုကြည့်ပြီး အံသြနေခဲ့သည်။ တစ်လကျော်လောက်မတွေ့ရတဲ့အတောတွင်း သူမသားဖြစ်သူက အတော်လေးကို
ပြောင်းလဲသွားပြီဖြစ်သည်။

ပိန်ပိန်လိန်လိန်၊ ဆံပင်ဘုတ်သိုက်နဲ့ ကြည့်လို့ပင်မကောင်းခဲ့သော သူက အခုတော့ အနည်းငယ်ပြည့်ဖောင်းနေသော မျက်နှာလေးကို ရှင်းရှင်းလင်းလင်း မြင်ရအောင် ဆံပင်အတိုလေးနဲ့အတူ ဖြူဖွေးနူးည့ံမယ့် အသားအရေတွေနဲ့ အရမ်းချစ်စရာကောင်းနေသည်။ သူမကို ပိုက်ဆံအများကြီးပေးကာ ကမ်းလှမ်းလာတဲ့အကြောင်းအရင်းလို့ပင် သူမထင်မိသည်။

"နင်ရောက်လာသားပဲ .. ငါကနင်သေသွားပြီထင်နေတာ"

သူမရဲ့ထေ့ငေါ့ပြောတာတွေကို အရိပ်ဂရုမစိုက်..။

"အမေပြောစရာရှိလို့ဆို"

"ပြောစရာလား မရှိပါဘူး .. ငါက နင့်ကိုဒီရောက်လာအောင် မျှားခေါ်ဖို့ ပြောလိုက်တာ"

"မျှားခေါ်ဖို့?"

သူမစကားတွေထဲ နားမလည်တဲ့စကားကို အရိပ်ပြန်ပြောမိသည်။

"ဟုတ်တယ် ဘယ်သူလဲတော့မသိဘူး .. နင်ဒီကိုရောက်လာဖို့အတွက် ပိုက်ဆံအများကြီးနဲ့ကမ်းလှမ်းလာတော့ ငါလည်းအားနာနာနဲ့ လက်ခံရတာပေါ့"

"အခု အမေကျွန်တော့်ကို ရောင်းစားနေတာလား .. ကျွန်တော့်ကို အဲ့လောက်တောင် မုန်းနေတာပေါ့ .. ဘာလို့လဲ ကျွန်တော့်အမေကို ဘာများလုပ်ခဲ့လို့ အခုလိုမျိုးလုပ်ရအောင်ထိ မုန်းနေရတာလဲ .. ကျွန်တော့်ကို နောက်ဆုံးအနေနဲ့ ဖြေပေးပါ အမေ"

အရိပ်စိတ်ထဲမှာတော့ သူ့ကိုအခုလိုလုပ်ရက်တဲ့သူမကြောင့် အရမ်းရင်နာလှပေမယ့် အပြင်မှာတော့ ခပ်အေးအေးသာ အကြောင်းပြချက်ကို မေးနေသည်။

"ဘာလို့လဲဟုတ်လား .. အခုချိန်မှာ အဲ့တာက ဘာလုပ်ရမလဲ .. ငါ ဒီဘဝမျိုးရောက်ချင်တယ်လို့များ ထင်နေတာလား .. ဒါတွေအကုန်လုံးက နင်နဲ့ နင့်အဖေကြောင့်ပဲ!!! .. ငါ့ကိုဗိုက်တစ်လုံးနဲ့ အကြွေးနဲ့ပစ်ထားခဲ့လို့ ငါအခုလိုဘဝမျိုးကို ရောက်လာခဲ့ရတာ .. ငါနင့်ကိုဘယ်လိုများ မမုန်းဘဲနေနိုင်မှာလဲ .. ကိုယ့်ဘာသာ ပြန်တွေးကြည့်"

သူမက စိတ်တိုစွာ ထွက်သွားပြီး တံခါးပေါက်ကိုရောက်မှ ခဏရပ်သွားပြီး ပြောသည်။

"နင့်လူကို ကောင်းကောင်းဆက်ဆံ .. ငါ့ပိုက်ဆံတွေ ပြန်မပေးရစေနဲ့"

______________________________________________________________

ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်❤
dawnnlight

Zawgyi

စစ္ပိုင္ေဇတစ္ပတ္ခန္႔ၾကာေအာင္ အရိပ္နဲ႔ပဲ အတူ႐ွိေနခဲ့သည္။ အလုပ္ကိုလည္း မသြားသလို ေဆး႐ုံကိုလည္း တခဏမွ် မသြားျဖစ္ဘဲ အရိပ္နဲ႔သာ ၂၄နာရီ႐ွိေနသည္။

အလုပ္ကိုေတာ့ လက္ကဒဏ္ရာရေနတဲ့အရိပ္ကို ဂ႐ုစိုက္ေပးခ်င္လို႔ ခြင့္ယူထားၿပီး ေဆး႐ုံကေတာ့ အရိပ္ရဲ႕ခြၽဲတာေတြ ဂ်ီတိုက္တာေတြအမ်ိဳးမ်ိဳးေၾကာင့္ မသြားျဖစ္ခဲ့ပါ။ ပိုင္ေဇလည္း သူ႔ကေလးက သနားစရာမ်က္ဝန္းေလးေတြနဲ႔ လုပ္ၾကည့္လာခဲ့ရင္ကို လြန္ဆန္ဖို႔ခဲရင္းသြားသည္။

အရိပ္ရဲ႕အဲဒီလိုအမူအရာေတြက သူ႔အတြက္ေတာ့ အရမ္းခ်စ္စရာေကာင္းလြန္းတာေၾကာင့္ အရိပ္မွာ ကုတင္ေပၚကိုပဲ ခဏဏေပြ႔ခ်ီသြားခံရသည္။ တစ္ခါတေလ ပိုင္ေဇက အခန္းထဲသြားဖို႔ပင္ စိတ္မ႐ွည္တာေၾကာင့္ ဧည့္ခန္းထဲက ဆိုဖာေပၚမွာပဲ သူ႔ကေလးနဲ႔အတူေနသည္။ အရိပ္ကလည္း သူၾကမ္းတမ္စြာ လုပ္ခဲ့မိရင္ေတာင္ ျငင္းဆန္တဲ့စကားတစ္ခြန္းမွ မဆိုပါ..။ တစ္ရက္ေတာ့ အရိပ္မွာ အဖ်ားကုိဝင္သြားမွ ပိုင္ေဇလည္း သူလြန္သြားမွန္းသိသည္။

ဒီလိုနဲ႔ တစ္ပတ္ေတာင္ ၾကာလာၿပီမို႔ သူအလုပ္ကိုလည္း ျပန္သြားရမွာျဖစ္သလို သူ႔အစ္မကလည္း သူ႔ကိုအေတာ္ကိုစိတ္စိုးေနၿပီ ျဖစ္သည္။ ဒါေၾကာင့္ သူဒီေန႔ေတာ့ ေသခ်ာေပါက္သြားမွျဖစ္မည္။

"အလုပ္သြားဖို႔ မေစာလြန္းဘူးလား ဦး .. ဦးတစ္ေနရာဝင္မလို႔လား"

"အင္း ကိုယ္ဝင္စရာေလး႐ွိလု႔ိ .. ကေလးစားခ်င္တာ႐ွိလား ကိုယ္အျပန္က်ဝယ္ခဲ့မယ္ေလ"

ပိုင္ေဇအလုပ္သြားဖို႔ ျပင္ဆင္ေနရာ ၾကယ္သီးေတြတပ္ေနရင္း ျပန္ေျပာသည္။ အရိပ္က ေခါင္းယမ္းျပၿပီး သူ႔ဆီကို ေလ်ာက္လာကာ အိကႌ်ၾကယ္သီးေတြကို ကူတပ္ေပးသည္။ ပိုင္ေဇ,သူ႔ေ႐ွ႕က ကေလးကိုျပဳံးၿပီး ငုံၾကည့္ေနရင္း သူ႔ႏႈတ္ခမ္းနဲ႔နီးေနေသာ အရိပ္နဖူးကို ဖြဖြေလး လွမ္းနမ္းလိုက္သည္။

အရိပ္ကေတာ့ သူ႔ရင္ခြင္ထဲ မ်က္ႏွာကိုထိုးထည့္ၿပီး သူ႔ခါးကိုတင္းတင္းက်ပ္က်ပ္ေပြ႔ဖက္ထားေလသည္။ လြတ္ေပးလိုက္ရင္ သူကျပန္မလာေတာ့မယ့္ လူလိုမ်ိဳး ဖက္ထားသည္။ သူလည္း ျပန္ဖက္လိုက္ၿပီး အရိပ္ဆံပင္ေတြကို ပြတ္သတ္ေပးလိုက္သည္။

"အရိပ္ေလး ဘာျဖစ္လို႔လဲ"

"ဦး ကြၽန္ေတာ္ဦးကို ခ်စ္တယ္ .. ဦးကသာ ကြၽန္ေတာ့္ဘဝထဲ တစ္ေယာက္တည္း႐ွိတဲ့ခ်စ္ရသူပဲ .. ဦးကြၽန္ေတာ့္ကို မခ်စ္ေတာ့တဲ့ တစ္ေန႔၊ ဦးကြၽန္ေတာ့္ကို မလိုခ်င္ေတာ့တဲ့ တစ္ေန႔၊ ဦးကြၽန္ေတာ္ကို မုန္းသြားၿပီး ဦးဂ႐ုစိုက္ေပးမႈေတြ၊ ၾကင္နာေပးမႈေတြ မ႐ွိေတာ့တဲ့တစ္ေန႔က ကြၽန္ေတာ္ရဲ႕ေနာက္ဆံုးေန႔ျဖစ္လိမ့္မယ္"

"ကေလးရာ ဘာေတြေျပာေနတာလဲ .. အဲ့လိုမ်ိဳးမေျပာရဘူးေလကြာ"

ပိုင္ေဇလည္း သူ႔ကေလးကိုေခ်ာ့ေျပာၿပီးေနာက္ ေဆး႐ုံကို ေရာက္လာခဲ့ၿပီး သူ႔အစ္မကို အားနာစြာျပဳံးျပလိုက္သည္။

"အစ္မ.."

"ငါနင့္ကို ေ႐ွ႕ရက္ေတြကတည္းက ငါ့ဆီလာဖို႔ ေခၚေနတာ .. နင္ကေတာ့ အခုမွေရာက္လာတယ္ေနာ္"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ ကြၽန္ေတာ္လည္း အေရးႀကီတဲ့အလုပ္ကိစၥေတြ ႐ွိေနလို႔ .. အစ္မကြၽန္ေတာ့္ကို ေျပာစရာ႐ွိတယ္ဆိုတာ ဘာလဲ .. ဖုန္းထဲကေနလည္း ေျပာရတာကို.."

"ဖုန္းထဲကေျပာရင္ နင္မယုံမွာဆိုးလို႔ .. အရင္ဆံုး ဒါကိုလာၾကည့္လွည့္.."

သူမက သူမရဲ႕လက္ေတာ့ကို ယူကာ ဗီဒီယိုဖိုင္တစ္ခုကို ဖြင့္ျပသည္။ အထဲမွာေတာ့ မႈန္မႈန္ဝါးဝါး လူရိပ္ေလးေတြေပၚလာသည္။ ၾကည့္ရတာ သူတို႔နဲ႔အေတာ္ေဝးရာကေန ႐ုိက္ထားပံုေပၚသည္။

တုတ္ကိုကိုင္ထားပုံေပၚတဲ့ လူရိပ္က က်န္တဲ့လူအကုန္လုံးကို  ႐ုိက္ခ်ၿပီး အကုန္းလုံးျပန္မထႏိုင္ေတာ့ပါ။ ဒီလိုနဲ႔ေနာက္ဆုံး တစ္ေယာက္သာ က်န္ခဲ့ၿပီး က်န္တဲ့သူက ဒူးေထာက္ကာ ေတာင္းပန္ေနသည္။ ဒါမဲ့ ဒူးေထာက္ေနသူလည္း ေခါင္းကို႐ုိက္ခ်ခံရၿပီး လဲက်သြားေတာ့သည္။ ၿပီးေနာက္ တုတ္ကိုကိုင္ေနသူက လဲက်ေနသူကို အစိတ္စိတ္အမႊာမႊာျဖစ္ေစခ်င္သည္ထိ
အရမ္းမုန္းတီးေနသလိုမ်ိဳး အခ်က္ေပါင္းမ်ားစြာ႐ိုက္ႏွပ္ေနသည္။

ပိုင္ေဇလည္း ဗီဒီယိုကို ၾကည့္ရင္း အနည္းငယ္လန္႔သြားမိသည္။ ႐ုိက္ေနသူက psychopathမ်ားလားလို႔ပင္ ထင္မိသည္။

ေနာက္ဆုံးေတာ့ လက္ထဲက တုတ္ကိုပစ္ခ်ၿပီး သူ႔ေ႐ွ႕ကလူကို အသက္႐ွင္ေသးလားဆိုတာ စမ္းၾကည့္ေနပုံေပၚသည္။ ၿပီးေနာက္ အဲဒီေနရာကေန လမ္းေလ်ာက္လာခဲ့ၿပီး အေမွာင္ထဲက လူရိပ္ေလးက ႀကီးလာသည္။ သူရဲ႕ပုံစံကိုလည္း တျဖည္းျဖည္း ပိုၿပီးျမင္သာလာသည္။

သူရင္းႏွီးလွတဲပုံရိပ္ေလးေၾကာင့္ ပိုင္ေဇထိတ္လန္႔စြာနဲ႔ လက္ပ္ေတာ့မွန္ျပင္ကို မ်က္ေတာင္မခတ္ဘဲ ေသခ်ာၾကည္ေနမိသည္။

ထိုလူရိပ္ေလးကေတာ့ ေအးေအးေဆးေဆးနဲ႔ ရုိက္ေနတဲ့cameraကိုေက်ာ္ကာ ေလ်ာက္သြားေတာ့သည္။ ၾကည့္ေနေသာ ပိုင္ေဇလည္း သူျမင္လိုက္ရတဲ့မ်က္ႏွာေလးေၾကာင့္ မယုံၾကည္ႏိုင္စြာ မွင္သက္ေနမိေတာ့သည္။

"ဒီေကာင္ေလးေနာက္ဆံုးမွာ အစာအနာမ႐ွိ ရက္ရက္စက္စက္႐ုိက္ခဲ့တဲ့သူက ငါတို႔ေဇယ်ာေလးပဲ"

"အဲ့.. အဲ့တာေဇယ်ာလား .. ေဇယ်ာကို အခုလိုလုပ္ခဲ့တဲ့သူက…"

"ဟုတ္တယ္ အရိပ္ဆိုတဲ့ နင့္အိမ္မွာ႐ွိေနတဲ့ေကာင္ေလးပဲ"

"ဗ်ာ!!! .. အစ္မဘယ္လိုလုပ္သိတာလဲ"

ပိုင္ေဇသူမကို အထိတ္တလန္႔နဲ႔ လွည့္ၾကည့္မိသည္။ သူအခုမွ ေဇယ်ာကို အခုလိုလုပ္ခဲ့သူက အရိပ္ဆိုတာသိရၿပီး အံၾသေနခ်ိန္ အရိပ္ကသူ႔အိမ္မွာ႐ွိေနတာကို သိေနတဲ့အစ္မျဖစ္သူေၾကာင့္ မ်က္လုံးကိုျပဴးသြားသည္။

"စစ္ပိုင္ေဇ နင္ဘယ္ကမွန္းမသိတဲ့ ေကာင္ေလးကို အိမ္ေပၚေခၚတင္ထားၿပီး အဲ့ေကာင္ေလးနဲ႔ ႀကိဳက္ေနေသးတယ္ .. အဲ့ေကာင္ေလးအေၾကာင္းေတြကို ေသခ်ာသိေရာသိရဲ႕လား"

သူ႔အစ္မျဖစ္သူက ေဆး႐ုံမွာ ဒီအတိုင္းေနေနတယ္လို႔ ပိုင္ေဇထင္ခဲ့တာ သူ႔အေတြးကမွားမွန္း အခုမွသိသည္။ သူမက ဒီမွာက ဒီမွာၿငိမ္ေနၿပီး အေၾကာင္းအရာအကုန္ကို ေနာက္ကြယ္ကေန စုံစမ္းေနခဲ့သည္။

အခုခိ်န္တြင္ သူကသာ အရိပ္အေၾကာင္းကို ဘာမွမသိတာ သူမကေတာ့ သူထက္သိေနႏိုင္သည္။ ဒါေၾကာင့္သူဘာမွျပန္မေျဖႏိုင္ပါ။

"သူက သူ႔အေဖဘယ္သူမွန္းမသိတဲ့အပ်က္မသားပဲ .. သူအထက္တန္းမွာလည္း ေက်ာင္သားေတြနဲ႔ရန္ျဖစ္ၿပီး အျမဲေျခလြန္လက္လြန္ေတြ ျဖစ္ကုန္လို႔ ေက်ာင္းခဏခဏေျပာင္းေနခဲ့တာ .. ၿပီးရင္ နင္အဲ့ေလာက္ႀကိဳက္ေနတဲ့အဲဒီေကာင္ေလးက သူအေမနဲ႔အလုပ္တစ္လုပ္တည္း လုပ္ေနတာ .. ဒါမဲ့အေမထက္ေတာင္ ပိုဆိုးတယ္သူက .. ေယာက်္ားေလးျဖစ္ၿပီး ေယာက္်ားေတြဆီကပဲ အလုပ္ခံေနတာ"

သူမစကားေတြ သူ႔နားထဲသံပူေရေလာင္းခ်ေနသလိုမ်ိဳး ခံစားရၿပီး သူ႔ရဲ႕အစ္မသာ မဟုတ္ရင္ သူမကိုဆြဲထိုးပစ္ၿပီးေနၿပီ။ ေဇယ်ာကို အခုလိုလုပ္ခဲ့လို႔ သူမက အရိပ္ကို မုန္းတယ္ဆုိရင္ေတာင္ သူနားလည္ႏိုင္သည္။ ဒါမဲ့ အခုလိုမဟုတ္တာေတြနဲ႔ သူတို႔ၾကားမွာဒီလိုေသြးထိုးေနတာကေတာ့ လြန္ေနၿပီျဖစ္သည္။

"အစ္မ.. နင္ဘာမွသက္ေသမ႐ွိဘဲ အဲလိုမေျပာနဲ႔ .. ငါသူ႔အေၾကာင္းမသိရင္ေတာင္ သူ႔အဲလိုလူမ်ိဳးမဟုတ္တာကို ငါေသခ်ာသိတယ္ .. ငါသြားေတာ့မယ္"

ပိုင္ေဇက တံခါးနားထိေရာက္လာၿပီး တံခါးမဖြင့္ဘဲ သူမဆီကိုျပန္လွည့္ကာ ေျပာလိုက္သည္။

"ဒါနဲ႔ နင္သူ႔ကို ေဇယ်ာကိုအခုလို လုပ္ခဲ့လို႔ဆိုၿပီး တစ္ခုခုလုပ္ဖို႔ မၾကံနဲ႔ .. သူအခုငါ့အပိုင္လူျဖစ္ေနၿပီ .. ငါ အေၾကာင္းအရာစုံကို ေသခ်ာျပန္႐ွာၿပီးမွ ငါနဲ႔႐ွင္းၾကမယ္ .. ငါ့ကေလးကို ထိဖို႔မႀကိဳးစားနဲ႔"

ေျပာၿပီးတာနဲ႔ ပိုင္ေဇကတံခါးလက္ကိုင္ကို ကိုင္ရင္း ဖြင့္ဖို႔လုပ္ေနခ်ိန္တြင္ သူမကျပန္ေျပာသည္။

"စစ္ပိုင္ေဇ သူနင့္ကို တကယ္မ်ားႀကိဳက္ေနတယ္လို႔မ်ား ထင္ေနတာလား .. နင္က ငါ့ေမာင္ဆိုတာလည္း သိၿပီး နင္ကပိုက္ဆံ႐ွိမွန္းသိလို႔ နင့္ဆီကို ခ်ိန္းကပ္လာတာ .. ငါသားကိုလုပ္သလို သူ႔ကိုျပန္လုပ္မွာေၾကာက္လို႔ နင့္ကာကြယ္မႈေအာက္ ဝင္ခိုေနတာ .. အဲဒီအ႐ူးေကာင္ အပ်က္မသား နင့္ကိုတကယ္ႀကိဳက္တာေရာ ဟုတ္ရဲ႕လားဆိုတာ ေသခ်ာစဥ္းစားၾကည့္ပါဦး"

သူမကို လွည့္မၾကည့္သလို ဘာမွျပန္မေျပာဘဲ ပိုင္ေဇက ထြက္သြားၿပီ ျဖစ္သည္။ ဒီရက္ေတြအတြင္းမွာ ပိုင္ေဇကိုလာဖို႔ အႀကိမ္ႀကိမ္ေခၚခဲ့ေပမယ့္ အလုပ္ကိုအေၾကာင္းျပၿပီး ေရာက္မလာရတဲ့အေၾကာင္းအရင္းကို သူမသိသည္။

သူမေမာင္က ေယာက်္ားေလးတစ္ေယာက္ကို ႀကိဳက္ေနတဲ့အျပင္ အပ်က္မသား၊ စိတၱဇအ႐ူးေကာင္ျဖစ္ေနတဲ့သူကိုမွ သြားႀကိဳက္သည္။ ၿပီးရင္ သူ႔အတြက္ သူမကိုျပန္ေျပာသြားေသးသည္။ သူမအေတာ္ကို ေဒါသထြက္သြားသည္။ ပိုင္ေဇရဲ႕သက္ေသမ႐ွိဘဲ မေျပာနဲ႔ဆိုေသာ စကားကို သူမျပန္ၾကားမိသည္။

"သက္ေသမ႐ွိေပမယ့္ နင္သက္ေသလိုခ်င္တယ္ဆိုရင္လည္း သက္ေသကို လုပ္ေပးရမွာေပါ့.."

သူမမ်က္နွာေပၚ အျပဳံးတစ္ခုကေပၚလာကာ ဖုန္းတစ္ခုကိုေခၚလိုက္သည္။

______________________________________________________________

ေဆး႐ုံကို အရိပ္,သူ႔လက္ကဒဏ္ရာသြားျပခဲ့တုန္းက ေစာင့္ေနရတာ အရမ္းၾကာလို႔ ပိုင္ေဇေျပာျပတဲ့အခန္းဆီကို သူသြားခဲ့မိသည္။ အခန္းျပင္က ခန္႔ေဇယ်ာဆိုၿပီး နာမည္ကပ္ထားကိုျမင္ေတာ့ သူထိတ္လန္႔သြားခဲ့သည္။ 'ဦးေျပာေနခဲ့တဲ့ ဦးရဲ႕တူမ်ားလား မဟုတ္ပါဘူး မဟုတ္ေလာက္ဘူး နာမည္တူေတြအမ်ားႀကီး႐ွိတာပဲ'ဆိုၿပီး သူ႔စိတ္ကိုသူ တင္းထားေပမယ့္ အခန္းထဲက လဲေလ်ာင္းေနသူကို ျမင္ရေတာ့ သူအေတာ္ကုိအံၾသသြားခဲ့သည္။

ေ႐ွ႕ရက္ေတြက သူ႔ကိုလာဖမ္းတဲ့သူေတြက ခန္႔ေဇယ်ာနဲ႔ ပတ္သတ္သူေတြျဖစ္ၿပီး သူ႔အေၾကာင္းကိုလဲ ေသခ်ာေပါက္စုံစမ္းကာ သိေနေလာက္ၿပီလို႔ အရိပ္ခန္႔မွန္းမိသည္။ ဒီလိုနဲ႔ ပိုင္ေဇကိုပါ ေျပာျပလိုက္ရင္ ပိုင္ေဇလည္း အကုန္သိၿပီးေနာက္ သူ႔တူကိုအခုလိုလုပ္သူအျဖစ္ သူ႔ကိုလိမ္ခဲ့သူအျဖစ္ မုန္းသြားလိမ့္မည္။

အေႏွးနဲ႔အျမန္ ပိုင္ေဇကလည္း သိလာမွာဆိုတာ အရိပ္သိသည္။ ဒါမဲ့လည္း ျဖစ္ႏိုင္သမ်ွ သူ႔ဦးရဲ႕ၾကင္နာမႈေတြကို အခ်ိန္ၾကာၾကာခံစားခ်င္ေသးသည္။ ဒါေၾကာင့္ ပိုင္ေဇေဆးရံုကို သြားမယ္ေျပာတိုင္း မသြားျဖစ္ေအာင္ အမ်ိဳးမ်ိဳးလုပ္ခဲ့သည္။ ဒီေန႔ေတာ့ ပိုင္ေဇက ဝင္စရာ႐ွိလို႔ဆိုၿပီး ေျပာခဲ့ေပမယ့္ အ့ဲတာက ေဆး႐ုံဆိုတာ သူသိသည္။ တစ္ပတ္ေလာက္ၾကာေအာင္ထိ ဆြဲထားခဲ့ၿပီး ထပ္ၿပီးေတာ့ ဆြဲမထားလို႔မရေတာ့ေၾကာင့္ အရိပ္သြားခြင့္ျပဳလိုက္ရသည္။

ဒီေန႔က ဦးၾကင္နာ၊ဂ႐ုစိုက္ေပးမႈေတြရဲ႕ ေနာက္ဆုံးေန႔ျဖစ္မယ္ထင္တယ္ .. ဒါဆိုရင္ေတာ့ ကြၽန္ေတာ္… ဒီဘဝႀကီးမွာ ဆက္႐ွင္သန္ေနဖို႔ အေၾကာင္းျပခ်က္မ႐ွိေတာ့ဘူး ဦး..။

အရိပ္,ပိုင္ေဇရဲ႕အခန္းထဲမွာ ပိုင္ေဇသြားကတည္းက အခုထိအခ်ိန္ၾကာ ထိုင္ေနခဲ့သည္။ သူ႔ဖုန္းရဲ႕မက္ေဆ့သံကိုၾကားမွ စိုးရိမ္ေၾကာင့္ၾကမႈေတြၾကားက ႐ုန္းထြက္မိသည္။

သူဖုန္းကို အျမန္ေကာက္ဖြင့္ၾကည့္သည္။ ဖုန္းမက္ေဆ့အမ်ားစုက ေၾကာ္ျငာမက္ေဆ့ေတြျဖစ္တတ္ေပမယ့္ ပိုင္ေဇဆီက မက္ေဆ့မ်ားလားဆိုၿပီး ဖြင့္ၾကည့္တာျဖစ္သည္။ ဖုန္းမွန္ျပင္က စာအခ်ိဳ႕ကိုဖတ္ၿပီး အရိပ္မ်က္ႏွာက အံၾသေနေသာမ်က္ႏွာျဖစ္လာသည္။

"အေမ ငါ့ဖုန္းနံပတ္ကို ဘယ္လိုလုပ္သိသြားတာလဲ"

စာထဲမွာက ေဟာ္တယ္တစ္ခုကိုလာၿပီး သူမကိုေတြဖို႔ ေျပာထားျဖစ္သည္။ ၿပီးရင္ ေျပာစရာ႐ွိတယ္ဆိုၿပီး ပို႔ထားသည္။ အရိပ္လည္း ဒီေန႔က သူ႔ရဲ႕ေနာက္ဆံုးေန႔ျဖစ္ႏိုင္တာေၾကာင့္ ဘာမွမစဥ္းစားေတာ့ဘဲ သူ႔အေမကို သြားေတြ႔သည္။

အဆင္ျမင့္ေဟာ္တယ္တစ္ခုရဲ႕ အေကာင္းဆံုးအခန္းတစ္ခုမွာ သူမက ခ်ိန္းဆိုထားတာျဖစ္သည္။ ဒီလိုအခန္းကို ငွါးႏိုင္တဲ့သူမကို အရိပ္အံၾသေနမိသည္။ သူ႔ကိုေတြ႔လိုက္ရတဲ့သူမကလည္း အရိပ္ကိုၾကည့္ၿပီး အံၾသေနခဲ့သည္။ တစ္လေက်ာ္ေလာက္မေတြ႔ရတဲ့အေတာတြင္း သူမသားျဖစ္သူက အေတာ္ေလးကို
ေျပာင္းလဲသြားၿပီျဖစ္သည္။

ပိန္ပိန္လိန္လိန္၊ ဆံပင္ဘုတ္သိုက္နဲ႔ ၾကည့္လို႔ပင္မေကာင္းခဲ့ေသာ သူက အခုေတာ့ အနည္းငယ္ျပည့္ေဖာင္းေနေသာ မ်က္ႏွာေလးကို ႐ွင္း႐ွင္းလင္းလင္း ျမင္ရေအာင္ ဆံပင္အတိုေလးနဲ႔အတူ ျဖဴေဖြးႏူးည့ံမယ့္ အသားအေရေတြနဲ႔ အရမ္းခ်စ္စရာေကာင္းေနသည္။ သူမကို ပိုက္ဆံအမ်ားႀကီးေပးကာ ကမ္းလွမ္းလာတဲ့အေၾကာင္းအရင္းလို႔ပင္ သူမထင္မိသည္။

"နင္ေရာက္လာသားပဲ .. ငါကနင္ေသသြားၿပီထင္ေနတာ"

သူမရဲ႕ေထ့ေငါ့ေျပာတာေတြကို အရိပ္ဂ႐ုမစိုက္..။

"အေမေျပာစရာ႐ွိလို႔ဆို"

"ေျပာစရာလား မ႐ွိပါဘူး .. ငါက နင့္ကိုဒီေရာက္လာေအာင္ မွ်ားေခၚဖို႔ ေျပာလိုက္တာ"

"မွ်ားေခၚဖို႔?"

သူမစကားေတြထဲ နားမလည္တဲ့စကားကို အရိပ္ျပန္ေျပာမိသည္။

"ဟုတ္တယ္ ဘယ္သူလဲေတာ့မသိဘူး .. နင္ဒီကိုေရာက္လာဖို႔အတြက္ ပိုက္ဆံအမ်ားႀကီးနဲ႔ကမ္းလွမ္းလာေတာ့ ငါလည္းအားနာနာနဲ႔ လက္ခံရတာေပါ့"

"အခု အေမကြၽန္ေတာ့္ကို ေရာင္းစားေနတာလား .. ကြၽန္ေတာ့္ကို အဲ့ေလာက္ေတာင္ မုန္းေနတာေပါ့ .. ဘာလို႔လဲ ကြၽန္ေတာ့္အေမကို ဘာမ်ားလုပ္ခဲ့လို႔ အခုလိုမ်ိဳးလုပ္ရေအာင္ထိ မုန္းေနရတာလဲ .. ကြၽန္ေတာ့္ကို ေနာက္ဆုံးအေနနဲ႔ ေျဖေပးပါ အေမ"

အရိပ္စိတ္ထဲမွာေတာ့ သူ႔ကိုအခုလိုလုပ္ရက္တဲ့သူမေၾကာင့္ အရမ္းရင္နာလွေပမယ့္ အျပင္မွာေတာ့ ခပ္ေအးေအးသာ အေၾကာင္းျပခ်က္ကို ေမးေနသည္။

"ဘာလို႔လဲဟုတ္လား .. အခုခ်ိန္မွာ အဲ့တာက ဘာလုပ္ရမလဲ .. ငါ ဒီဘဝမ်ိဳးေရာက္ခ်င္တယ္လို႔မ်ား ထင္ေနတာလား .. ဒါေတြအကုန္လုံးက နင္နဲ႔ နင့္အေဖေၾကာင့္ပဲ!!! .. ငါ့ကိုဗိုက္တစ္လုံးနဲ႔ အေႂကြးနဲ႔ပစ္ထားခဲ့လို႔ ငါအခုလိုဘဝမ်ိဳးကို ေရာက္လာခဲ့ရတာ .. ငါနင့္ကိုဘယ္လိုမ်ား မမုန္းဘဲေနႏိုင္မွာလဲ .. ကိုယ့္ဘာသာ ျပန္ေတြးၾကည့္"

သူမက စိတ္တိုစြာ ထြက္သြားၿပီး တံခါးေပါက္ကိုေရာက္မွ ခဏရပ္သြားၿပီး ေျပာသည္။

"နင့္လူကို ေကာင္းေကာင္းဆက္ဆံ .. ငါ့ပိုက္ဆံေတြ ျပန္မေပးရေစနဲ႔"

______________________________________________________________

ဖတ္ေပးလို႔ ေက်းဇူးတင္ပါတယ္❤
dawnnlight

Continue Reading

You'll Also Like

13.5K 752 2
​ရှေးကျ​သောလိင်တူအိမ်​ထောင်​ရေးအ​ကြောင်း ​ေရွးက်​ေသာလိင္တူအိမ္​ေထာင္​ေရးအ​ေၾကာင္း
171K 10.3K 47
ចន ជុងហ្គុក / គីម ថេយ៉ុង
25.2K 1.1K 43
ငယ္ဘဝရဲ႕ အိပ္မက္​ေတြကို ကိုယ္စီ အေကာင္ထည္ေဖာ္​ေနၾကတဲ့ ေကာင္ေလးႏွစ္ဦး သီခ်င္း​ေတြကိုခ်စ္ၿပီး သီခ်င္းဆိုရတာကို​ေပ်ာ္တဲ့​ ေကာင္​ေလးတစ္​ေယာက္ ေအာင္ျမင္​...
19.8K 434 7
တစ်ချို့လူတွေကလေ သိပ်တော်ကြတာ တရားရုံးမရောက်အောင် ရာဇဝဏ်မှု ကျူးလွန်တတ်ကြတယ် ။ တစ္ခ်ိဳ႕လူေတြကေလ သိပ္ေတာ္ၾကတာ တရား႐ုံးမေရာက္ေအာင္ ရာဇဝဏ္မႈ က်ဴးလြန္တတ္...