ကြယ်တွေမစုံတော့ရင်

By SuMaw3

9.9K 895 195

အဖြူထည်တွေသိပ်များတယ် ရွေးချယ်ရလည်းသိပ်ခက်တယ်... အျဖဴထည္ေတြသိပ္မ်ားတယ္ ေ႐ြးခ်ယ္ရလည္းသိပ္ခက္တယ္... More

intro🌟
ep-1🌟
ep-2🌟
ep-3🌟
ep-4🌟
ep-5🌟
ep-6🌟
ep-7🌟
ep-8🌟
ep-9🌟
ep-10🌟
ep-11🌟
ep-12🌟
ep-13🌟
ep-14🌟
ep-15🌟
ep-16🌟
ep-17🌟
ep-18🌟
ep-19🌟
ep-21🌟
ep-22🌟
ep-23🌟
ep-24🌟
ep-25🌟
ep-26🌟
ep-27🌟
ep-28🌟
ep-29🌟

ep-20🌟

236 26 8
By SuMaw3

[Unicode]လွင့်နေတဲ့စိတ်တွေကိုစုစည်းပြီး...
မျှော်နေတဲ့နေ့ရက်လေးရောက်လာလေပြီ...
သေချာပေါက်ဂျီမင်လို့ခေါ်လိုက်တာနဲ့...
လှည့်ကြည့်လာမဲ့မျက်ဝန်းအစုံ...
လွမ်းနေမိပါတယ်...
အလွမ်းတွေကိုချေဖျက်ပေးနိုင်တဲ့...
တစ်ဦးတည်းသောကောင်လေးက...
ဒီအချိန်သူ့ကိုစောင့်မျှော်နေမှာလား...
ကစုန်ပေါက်နေတဲ့နှလုံးခုန်သံကိုလျစ်လျူရှုကာ...
ပြေးနေတဲ့စိတ်အစုံ...
အတွေးတွေဟာဒီရပ်ဝန်းမှာဘဲသံသရာလည်နေတာမို့...
မင်းကဘဲသံသရာစက်ဝန်းထဲကိုအဖန်ဖန်ဝင်လာခဲ့ပေးပါ...
ထပ်ခါထပ်ခါလည်နေတဲ့အတွေးသံသရာထဲမှာ...
မင်းနဲ့ငါ...
ငါမညဉ်းငွေ့ဘူး...။


"ကိုကိုရေ"
ကြားရပါပြီ...အသံဆာဆာလေးနဲ့...
အိမ်ပေါက်ဝတည်းကလှမ်းအော်နေတာ...
ဂျောင်ကုလည်းအခန်းထဲကထွက်လာပြီး...
လှေကားပေါ်ကဆင်းလာတော့အောက်မှာ...အဲ့ကောင်မလေး...
အပေါ်ကနေသူ့အသံကြားအောင်ဘယ်လိုများအော်နိုင်တာပါလိမ့်...

"ကိုကိုကလည်း...ဒီနေ့စာမေးပွဲနောက်ဆုံးနော်နောက်ကျ
လိမ့်မယ်"
"နောက်မကျပါဘူး...သွားမယ်လေ"
"အော်...ကိုကိုကအကုန်ပြင်ဆင်ပြီးထွက်လာတာပဲ...
ကဲသွားမယ်သွားမယ်"
"အခုမှမြင်တာလား...ခုမှအိပ်ယာထလာတဲ့ပုံပေါက်နေလို့လား"
"မဟုတ်ပါဘူးကိုကိုရယ်...လာပါသွားရအောင်ဆိုပြီး"
လက်ကိုဆွဲခေါ်သွားလေသည်...

ခုသူစာမေးပွဲသွားဖြေရတော့မည်...
စာမေးပွဲဖြေပြီးချက်ချင်းသူ့မြို့လေးကိုပြန်မည်...
မှန်ကြောင်လေးနဲ့ဂျီမင်ကိုလည်းတွေ့ချင်လှပြီ...
တွေ့လို့ကတော့အားရပါးရကိုဖက်ထားအုံးမည်...
ဂျီမင်အရပ်ရှည်လာပြီးလားမသိဘူး...
ရှည်လည်းငါ့တော့မမှီလောက်သေးပါဘူး...
သေချာတာကတော့အရင်ကလိုမှန်ကြောင်လေးဖြစ်နေအုံးမှာပင်...
ဘာလို့လည်းဆိုတော့...ပါဝါကလျော့လို့မှမရတာ...
အရင်ကလိုမျက်မှန်ကြီးပင့်ပင့်ပြီးစကားကြီးစကားကျယ်တွေပြောတာကိုသူနားထောင်ချင်လှပြီ...
အရင်ဆုံး...
စက်ဘီးဘီးပေါက်ချင်ဟန်ဆောင်ပြီး...
စက်ဘီးတစ်စီးတည်းအတူတူစီးပြီး...
စမ်းချောင်းလေးကိုသွားမယ်...
ရေတွေဆော့မယ်...
ပြီးရင်...ကြာကန်ဘက်ကိုကူးပြီး...
ကြာပန်းတွေလှကြောင်းစကားဖောင်ဖွဲ့ကြမယ်...
ပြီးတော့...
ကျောက်ခဲသေးသေးလေးတွေကိုအသံမြည်အောင်
စက်ဘီးနဲ့တက်ကြိတ်ပြီး...
လမ်းကျဥ်းကျဥ်းလေးတွေကိုဖြတ်မယ်...
mapleပင်ကြီးဆီကိုဆက်ပြီးစက်ဘီးလေးနဲ့ခြေဆန့်မယ်...
mapleပင်ကြီးအောက်မှာထိုင်ပြီးဘယ်လောက်သတိရနေကြောင်းစကားတွေအများကြီးပြောမယ်...
ဂျီမင်ပြောတာတွေကိုလည်းအများကြီးနားထောင်ပေးမယ်...
ဆယ်တန်းပြီးတဲ့အချိန်တုန်းကဘာကြောင့်မလာဖြစ်တဲ့အကြောင်းကိုလည်းသေချာရှင်းပြမယ်...
ဖုန်းမဆက်တဲ့အတွက်လည်းကောင်းကောင်းစိတ်ဆိုးပြပြီး...အချော့ခံရမယ်...
ဖုန်းမဆက်တာလည်းအကြောင်းတစ်ခုခုရှိလို့နေမှာပါ...
သူကျွန်တော့်ကိုမေ့သွားတာတော့မဖြစ်နိုင်...
အတွေးတွေလွန်ပြီးသူငါ့ကိုမေ့သွားတာလားလို့တွေးနိုင်ပေမဲ့
နှလုံးသားကတော့သူမမေ့နိုင်မှန်းကောင်းကောင်းကြီးသိပါသည်...
အဖြူထည်နှစ်လွှာကိုတမ်းတနေသူဟာ
အခြားအဖြူထည်တွေကိုသတိမထားမိခဲ့ဘူး...
ဟင့်အင်း...
သူမေ့နေခဲ့တာ...

တွေ့ရမှာမို့ပျော်နေတဲ့ကောင်လေးက...
သူ့ရဲ့ပြောင်းလဲခြင်းတွေကိုမမြင်ခဲ့လေဘူး...
အချစ်ရှိပြီလို့ပြောကြည့်ပါလား...
သည်းငယ်ရဲ့အိပ်မက်တွေကိုရိုက်ချိုးသလိုဖြစ်သွားမယ်ဆို
Jeonကိုယ်တိုင်လည်းပျော်နိုင်မှာမဟုတ်ပါဘူး...
ခက်တာကJeonဒါကိုမသိဘူး
တွေ့တဲ့အချိန်ပြောင်းလဲသွားတဲ့အတောင်ပံတွေကိုများမြင်လိုက်ရင်ဖြင့်...
ရင်ကွဲရချည်ရဲ့...။


မစခင်တည်းကဆုံးသွားမဲ့ဇာတ်လမ်းမျိုးကိုဖြင့်သဘောမကျလေခြင်း...။

စိတ်အစုံကိုသိမ်းပိုက်ကာ...
သေချာပေါက်ခံစားချက်တွေကိုမြင်လိုက်ပါတော့...
မှားနေခဲ့ရင်တောင်အခွင့်အရေးပေးမဲ့သူကရှိနေတာမို့...
အရာရာကိုတစ်ခါလောက်များအတ္တဆန်တာ...
ခံစားချက်အမှန်အတိုင်းရှေ့ဆက်သွားစေချင်စမ်းပါဘိ...
ကြားကပန်းလေးရဲ့သစ္စာကကြီးမားပေမဲ့...
ဗီလိန်ဆိုတဲ့ဇာတ်ကောင်နဲ့မထိုက်တန်တဲ့ကောင်မလေးက...
အရာရာကိုနားလည်ပေးနိုင်တယ်ဆိုအကောင်းဆုံးပေါ့...
Jeonလည်းမမှားဘူး...
သည်းငယ်လည်းမမှားဘူး...
သိပ်ကိုလှတဲ့လီလီဆိုတဲ့ပန်းလေးကလည်း...
ထားခဲ့ရက်ဖို့တောင်မကြူးလွန်ရဲတဲ့...
ပြစ်မှုတစ်ခု...
သိပ်ကိုဖြူစင်နေပေမဲ့...
ပြင်လို့မရတာJeonရဲ့ခံစားချက်...
အပြစ်ဆိုစရာမရှိတဲ့ပန်းလေးဟာ...
မပြင်ရဲတဲ့
အမှားလေးတစ်ခု...
.
.
စာမေးပွဲဖြေပြီးလေပြီ...
"ကိုကို"
"လီလီဖြေနိုင်တယ်မလား"
"မဆိုးပါဘူး..."
"မဆိုးဘူးဆိုတာကဘာလဲ"
"ဖြေနိုင်တာပေါ့ကိုကိုရ...ကိုကိုကော"
"ကိုကိုကအေးဆေးပါ"
"လေကြီးနေပြန်ပြီ"
"ဘာပြောလိုက်တယ်"
"ရေခဲမုန့်စားချင်တယ်လို့ပြောတာပါကိုကိုရယ်...
သွားဝယ်ပေးပါလား...ဒီထိုင်ခုံလေးမှာငြိမ်ငြိမ်လေးထိုင်နေမယ်လေနော်..."
"ဟုတ်ပါပြီ"
ဆိုပြီးသူလည်းထွက်လာခဲ့သည်...
.
"ဟာကိုကိုဝယ်လာပြီလား"
လက်ထဲကရေခဲမုန့်လေးနှစ်ခုကိုမြှောက်ပြလိုက်သည်...
"ဒီမှာ"
"ကျေးဇူးပါ...ဟင်...ကိုကိုမြေပဲတွေပါတာလား"
"လီလီမကြိုက်လို့လား"
ဆိုပြီးသူလည်းရေခဲမုန့်စားရင်းမေးလိုက်သည်
"မဟုတ်ပါဘူးကြိုက်ပါတယ်..."
ကိုကိုကလီလီမြေပဲနဲ့မတည့်တာကိုမှတ်မထားဘူးလား...
ကိုကိုကဘာမှန်းလည်းမသိဘူး...
ဝမ်းနည်းလိုက်တာ...

ဘာလို့များအလေးမထားရတာပါလိမ့်...
ဟန်ဆောင်ကောင်းတဲ့ကိုကိုဟာ...
လီလီ့ကိုမချစ်ခဲ့မှန်းလီလီနားလည်ပြီးသားပါ...
လီလီ့ရဲ့အချစ်တွေသာစစ်မှန်မယ်ဆို...
ကိုကိုဆိုတဲ့သူအမြန်ချစ်တတ်စေချင်တယ်...
သူမကိုမချစ်လို့အခြားသူတစ်ယောက်ကိုချစ်နေတယ်ဆိုလည်းသူမနှောင့်ယှက်မှာမဟုတ်ဘူး...
အချိန်ကြာလာတာနဲ့အမျှသိလိုက်ရတာက...
ကိုကိုဟာသူမကိုညီမလေးတစ်ယောက်ထက်မပိုခဲ့ဘူး...
လှုပ်ရှားလွယ်တဲ့ခံစားချက်ကြောင့်အစစ်အမှန်မဟုတ်ဘူးဆိုရင်တောင်...
အတုအယောင်ဆိုတာမျိုးယောင်လို့တောင်စိတ်မကူးလိုက်ပါနဲ့...
သိပ်ချစ်တာမို့...
သိပ်မြတ်နိုးခဲ့တာမို့...
ဗီလိန်နဲ့မလိုက်ဘူးဆိုလည်းသူမနောက်ဆုတ်ပေးဖို့အဆင်သင့်...
ကိုကိုရဲ့အချစ်စစ်ကိုရှာတွေ့စေချင်ပေမဲ့...
ယောင်လို့တောင်သူမပါးစပ်ကဟမှာမဟုတ်ဘူး...
ဘယ်တော့မှပဲ...
ကံကြမ္မာကအခွင့်အရေးပေးရင်...
ကိုကိုဟာလီလီ့အပိုင်...
ကိုကို့အချစ်တွေကတော့တစ်သက်လုံးပျောက်ကွယ်သွားတော့မှာ...
မချစ်ဖူးဆိုရင်စွန်လွတ်ပေးလိုက်မယ်...
အခွင့်အရေးရှိရင်တော့လက်မလွတ်နိုင်ဘူး...
ဒါဟာချစ်ဖူးသူတိုင်းရဲ့အတ္တဘဲ...
ကိုကို့ရဲ့စစ်မှန်တဲ့မေတ္တာ...
ကံကိုသာယုံပြီးပုံအပ်လိုက်ပါ့မယ်.....။

သိပ်ကိုအတ္တဆန်ပြီး
သိပ်ကိုမိမိုက်နေချင်ပါတယ်ဆိုတဲ့...
ဗီလိန်ဟုသာကြွေးကြော်နေတဲ့ကောင်မလေးလေ...
ခင်ဗျားတို့မှတ်မိကြရဲ့လား...
အချိန်ကြာလာတာနဲ့အမျှအချစ်တွေကအတ္တကိုနင်းချေပြီး
စွန့်လွန့်ဖို့ရွေးချယ်လိုက်တဲ့ကောင်မလေးရဲ့မေတ္တာတွေကိုမြင်ကြရဲ့လား...
တဖြည်းဖြည်းနဲ့...
လျောကြသွားလိုက်တဲ့မစွန်သလောက်အတ္တလေးတွေ...
သိပ်ကိုချစ်လို့ပါတဲ့လေ...

"လီလီ...ကိုကိုတောင်တစ်ဝက်ကျိုးနေပြီစားတော့လေ...သူပဲဝယ်ပေးပါဆိုပြီးတော့"
လီလီလည်းငိုချင်စိတ်ကိုမနည်းထိန်းရင်း...
တစ်ကိုက်စားလိုက်သည်...
နောက်ဆုံးတော့ကုန်သွားပါပြီ...

လန်းဆန်းတတ်ကြွနေတဲ့တောင်ပံနှစ်စုံက...
မွေးရပ်မြေကိုတောင်းတနေလေပြီ...
ပျံလို့ရရင်လည်းအမြန်သာပျံသန်းသွားလိုက်ချင်ပြီ...။

"လီလီ...ကုန်သွားရင်လည်းပြန်မယ်...အကျီအဝတ်အစားတွေပြင်ထားတော့...ကိုကိုပြင်ပြီးရင်လာခေါ်လိုက်မယ်"
"ဟုတ်"
သူမဒီနေ့လိုက်ရတော့မည်မထင်ပါ...
ကိစ္စမရှိပါဘူးနောက်နေ့မှလိုက်လာလို့ရတာပဲ...
မြေပဲအကျိုးကစနေလေပြီ...
လက်တွေလည်းယားပြီး...
လည်ပင်းတွေပါယားစပြုလာပြီ...
ကိုကိုကတော့သိမယ့်ပုံမပေါ်...
အိမ်ရောက်ဖို့သာစိတ်လေးနေသည်...
အိမ်ကိုမြန်မြန်ရောက်သွားဖို့ရာသာဆုတောင်းနေမိသည်...
.
"ကိုကိုလီလီဆင်းပြီနော်"
"လီလီအဝတ်အစားအမြန်ပြင်ထားနော်"ဆိုပြီး
လီလီကိုတောင်လှည့်မကြည့်သွား...
သူမလည်းအိမ်ထဲအမြန်ပြေးဝင်လာပြီး...
"ဟဲ့...သမီးဘာဖြစ်လာတာလဲ"
"မေမေ...သမီးမြေပဲစားလိုက်မိလို့"
"ဘာ...ဆေးမြန်မြန်လိမ်းရမယ်လေလာ...လာ...မေမေကူပေးမယ်"
ဆိုပြီးအခန်းထဲကိုသာဝင်လာလိုက်သည်...
.
မေမေကဆေးလိမ်းပေးရင်း
"ဘယ်လိုဖြစ်ရတာလဲ...သမီးရယ်..."
"သမီးလည်းရေခဲမုန့်စားချင်စိတ်နဲ့မြေပဲတွေကိုသတိမထားမိလိုက်တာ"
"နေပါအုံး...ဒီနေ့ဂျောင်ကုတို့နဲ့သူတို့မြို့ကိုလိုက်သွားမှာဆို"
"ဟုတ်တယ်မေမေ...ကိုကိုတို့လာခေါ်ရင်...မနက်ဖြန်မှလိုက်လာမယ်လို့ပြောပေးပါနော်...
သမီးအခုလိုဖြစ်နေတယ်ဆိုတာသွားမပြောနဲ့နော်မေမေ...
ကိုကိုစိတ်ပူနေမှာစိုးလို့"
"ဟုတ်ပါပြီ...စာမေးပွဲရောဖြေနိုင်တယ်မလား"
"ဟုတ်ဖြေနိုင်ပါတယ်မေမေ"
"ကဲဆေးလည်းလိမ်းပြီးသွားပြီး...အနားယူလိုက်အုံး...
ဂျောင်ကုတို့လာရင်မေမေကြည့်ပြောလွတ်လိုက်မယ်"
.
.
"ဟာ...မြေးပြန်လာပြီလား"
"ဟုတ်ဘွား"
"ဖြေးဖြေးလာပါမြေးရယ်ဘာတွေလောနေတာလဲ"
"သားဒီနေ့သားတို့မြို့ကိုပြန်တော့မယ်...
ဘွားပြောထားတာတစ်နှစ်အချိန်ပေးတယ်ဆို...
ဘွားမမေ့ဘူးမလား"
"အေးပါမြေးရယ်...
သွားပါ...ဘွားမတားပါဘူး"
"ဒါနဲ့မေမေရော...ဘွား...
အကျီတွေပြင်ပြီးပြီလားမသိဘူး"
"မြေးမေမေကမြေးဖေဖေနဲ့လိုက်သွားတယ်...
ပြည်ပမှာအလုပ်ကိစ္စရှိလို့တဲ့...
မြေးသာမသိတာ
မနေ့ကတည်းကမြေးမေမေကိုခေါ်သွားတာ
မနက်ဖြန်လောက်မှလိုက်လာမယ်တဲ့
မြေးကိုပြောသွားတယ်..."
"ဟာ...အာ့ဆိုသားနဲ့လီလီနှစ်ယောက်တည်းပေါ့"
"သူတို့အိမ်ကမြေးနဲ့ဆိုစိတ်ချပါတယ်...
လီလီကိုဂရုစိုက်ခေါ်သွားနော်မြေး"
"ဟုတ်ဘွား...သားအဝတ်တွေအမြန်သွားထည့်လိုက်အုံးမယ်"
ဂျောင်ကုလည်းလှေကားကိုတဒုန်းဒုန်းနဲ့မြည်အောင်အမြန်တက်သွားပြီး...
ပြင်ပြီးသားအကျီတွေကိုအမြန်ပင်ဆွဲမပြီးထွက်လာသည်...
အမြန်လှေကားကနေဆင်းလာပြီး...
"ဘွားသွားပြီနော်"
ဘွားတောင်ထိုနေရာမှမရွေ့သေး...
"မြေးအကျီတွေသွားထည့်တာဆို...
မြန်လှချီလား"
"သားမနေ့ညတည်းကထည့်ထားတာဘွား"ဆိုပြီး
သူမပြောတာတောင်မဆုံး...ထွက်သွားလေသည်...
"မြေးကားကိုဖြေးဖြေမောင်းနော်"လို့နောက်ကနေလှမ်းအော်ပြောတော့...
"ဟုတ်ဘွား"ဆိုတဲ့
အသံလေးတော့ကြားလိုက်ပါသည်...
.
"လီလီရေ...လီလီ"
"အော်...သားဂျောင်ကု"
"လီလီရောအန်တီ"
"သမီးကစာမေးပွဲဖြေပြီးပင်ပမ်းလာတယ်နဲ့တူပါတယ်...
အိပ်ပျော်နေလေရဲ့...မနက်မှအန်တီတို့အိမ်ကကားနဲ့ပဲသားတို့ဆီကိုပို့လိုက်မယ်လေ..."
"အာ...မေမေတို့လည်းမနက်ဖြန်မှာလာမှာတဲ့...မေမေတို့နဲ့ထည့်ပေးလိုက်လို့ရတယ်...အန်တီ"
"သားနဲ့သားမေမေတူတူသွားမှာမဟုတ်လား"
"ဒီနေ့မေမေကအလုပ်ကိစ္စရှိလို့တဲ့အာ့ကြောင့်မလိုက်လာနိုင်တာ"
"အေးကွယ်...ဒါဆိုသားမေမေတို့နဲ့မှထည့်ပေးလိုက်မယ်"
"ဟုတ်...အန်တီ...ဒါဆိုသားသွားလိုက်ပါအုံးမယ်...လီလီကိုလည်းမျှော်နေမယ်လို့ပြောပေးပါအုံးနော်အန်တီ"
"အေးအေး"
ဂျောင်ကုလည်းကားကိုအမြန်သာမောင်းလာတော့သည်...
လမ်းမှာလည်းဂျီမင့်အကြောင်းတွေကိုတွေးရင်းပေါ့...

အား...လွမ်းတယ်...
လွမ်းတယ်ဟုပင်မကြွေးကြော်နိုင်အောင်...
သတိရစိတ်တွေကိုကုစားပေးမဲ့မွေးရပ်မြေက...
သူ့ကိုစောင့်ကြိုနေလေပြီ......

တွေ့ရတော့မယ်ဆိုပြီး...
ရှေ့တည့်တည့်ကိုမောင်းနေပါသော်လည်း...
စိတ်အစုံကပန်းရောင်ကမ္ဘာငယ်လေး၌သာပျံဝဲလျက်...
မလွမ်းရတော့ဘူးဆိုတဲ့အသိကစိတ်လှုပ်ရှားစေကာ...
တွေ့ရင်ပြေးလို့ပင်ပိုတိုးကာဖက်ထားအုံးမည်...
လွမ်းလို့ငိုရတဲ့ညတွေကိုငါဖြင့်သိပ်မုန်းတာပဲ...
နှစ်နဲ့ချီကာမတွေ့ခဲ့ရတဲ့ပုံရိပ်လေးကို...
နှလုံးသားထဲမှာစွဲနေအောင်မှတ်ထားလ်ိုက်တယ်...
ဒီကြားထဲမင်းရဲ့ငယ်ရာကနေကြီးလာတဲ့ပုံရိပ်တွေကိုမမြင်လိုက်ရတဲ့ငါ့ကိုငါအားမရလိုက်တာ...


လှပတဲ့အဝါရောင်ရပ်ဝန်းကြားမှာ...
သာယာတဲ့လေပြေတွေနဲ့...
လိပ်ပြာလေးတွေကြား...
ပန်းဝါဝါတွေနဲ့...
စဆုံတွေလိုက်မဲ့အချိန်...
သိပ်ကိုလန်းဆန်းလိုက်မဲ့ဖြစ်ခြင်း...။


တွေးချင်လှပြီဂျီမင်ရယ်......

29.1.2022
(Sat)

[Zawgyi]လြင့္ေနတဲ့စိတ္ေတြကိုစုစည္းၿပီး...
ေမွ်ာ္ေနတဲ့ေန႔ရက္ေလးေရာက္လာေလၿပီ...
ေသခ်ာေပါက္ဂ်ီမင္လို႔ေခၚလိုက္တာနဲ႔...
လွည့္ၾကည့္လာမဲ့မ်က္ဝန္းအစုံ...
လြမ္းေနမိပါတယ္...
အလြမ္းေတြကိုေခ်ဖ်က္ေပးႏိုင္တဲ့...
တစ္ဦးတည္းေသာေကာင္ေလးက...
ဒီအခ်ိန္သူ႔ကိုေစာင့္ေမွ်ာ္ေနမွာလား...
ကစုန္ေပါက္ေနတဲ့ႏွလုံးခုန္သံကိုလ်စ္လ်ဴရႈကာ...
ေျပးေနတဲ့စိတ္အစုံ...
အေတြးေတြဟာဒီရပ္ဝန္းမွာဘဲသံသရာလည္ေနတာမို႔...
မင္းကဘဲသံသရာစက္ဝန္းထဲကိုအဖန္ဖန္ဝင္လာခဲ့ေပးပါ...
ထပ္ခါထပ္ခါလည္ေနတဲ့အေတြးသံသရာထဲမွာ...
မင္းနဲ႔ငါ...
ငါမညဥ္းေငြ႕ဘူး...။


"ကိုကိုေရ"
ၾကားရပါၿပီ...အသံဆာဆာေလးနဲ႔...
အိမ္ေပါက္ဝတည္းကလွမ္းေအာ္ေနတာ...
ေဂ်ာင္ကုလည္းအခန္းထဲကထြက္လာၿပီး...
ေလွကားေပၚကဆင္းလာေတာ့ေအာက္မွာ...အဲ့ေကာင္မေလး...
အေပၚကေနသူ႔အသံၾကားေအာင္ဘယ္လိုမ်ားေအာ္ႏိုင္တာပါလိမ့္...

"ကိုကိုကလည္း...ဒီေန႔စာေမးပြဲေနာက္ဆုံးေနာ္ေနာက္က်
လိမ့္မယ္"
"ေနာက္မက်ပါဘူး...သြားမယ္ေလ"
"ေအာ္...ကိုကိုကအကုန္ျပင္ဆင္ၿပီးထြက္လာတာပဲ...
ကဲသြားမယ္သြားမယ္"
"အခုမွျမင္တာလား...ခုမွအိပ္ယာထလာတဲ့ပုံေပါက္ေနလို႔လား"
"မဟုတ္ပါဘူးကိုကိုရယ္...လာပါသြားရေအာင္ဆိုၿပီး"
လက္ကိုဆြဲေခၚသြားေလသည္...

ခုသူစာေမးပြဲသြားေျဖရေတာ့မည္...
စာေမးပြဲေျဖၿပီးခ်က္ခ်င္းသူ႔ၿမိဳ႕ေလးကိုျပန္မည္...
မွန္ေၾကာင္ေလးနဲ႔ဂ်ီမင္ကိုလည္းေတြ႕ခ်င္လွၿပီ...
ေတြ႕လို႔ကေတာ့အားရပါးရကိုဖက္ထားအုံးမည္...
ဂ်ီမင္အရပ္ရွည္လာၿပီးလားမသိဘူး...
ရွည္လည္းငါ့ေတာ့မမွီေလာက္ေသးပါဘူး...
ေသခ်ာတာကေတာ့အရင္ကလိုမွန္ေၾကာင္ေလးျဖစ္ေနအုံးမွာပင္...
ဘာလို႔လည္းဆိုေတာ့...ပါဝါကေလ်ာ့လို႔မွမရတာ...
အရင္ကလိုမ်က္မွန္ႀကီးပင့္ပင့္ၿပီးစကားႀကီးစကားက်ယ္ေတြေျပာတာကိုသူနားေထာင္ခ်င္လွၿပီ...
အရင္ဆုံး...
စက္ဘီးဘီးေပါက္ခ်င္ဟန္ေဆာင္ၿပီး...
စက္ဘီးတစ္စီးတည္းအတူတူစီးၿပီး...
စမ္းေခ်ာင္းေလးကိုသြားမယ္...
ေရေတြေဆာ့မယ္...
ၿပီးရင္...ၾကာကန္ဘက္ကိုကူးၿပီး...
ၾကာပန္းေတြလွေၾကာင္းစကားေဖာင္ဖြဲ႕ၾကမယ္...
ၿပီးေတာ့...
ေက်ာက္ခဲေသးေသးေလးေတြကိုအသံျမည္ေအာင္
စက္ဘီးနဲ႔တက္ႀကိတ္ၿပီး...
လမ္းက်ဥ္းက်ဥ္းေလးေတြကိုျဖတ္မယ္...
mapleပင္ႀကီးဆီကိုဆက္ၿပီးစက္ဘီးေလးနဲ႔ေျခဆန္႔မယ္...
mapleပင္ႀကီးေအာက္မွာထိုင္ၿပီးဘယ္ေလာက္သတိရေနေၾကာင္းစကားေတြအမ်ားႀကီးေျပာမယ္...
ဂ်ီမင္ေျပာတာေတြကိုလည္းအမ်ားႀကီးနားေထာင္ေပးမယ္...
ဆယ္တန္းၿပီးတဲ့အခ်ိန္တုန္းကဘာေၾကာင့္မလာျဖစ္တဲ့အေၾကာင္းကိုလည္းေသခ်ာရွင္းျပမယ္...
ဖုန္းမဆက္တဲ့အတြက္လည္းေကာင္းေကာင္းစိတ္ဆိုးျပၿပီး...အေခ်ာ့ခံရမယ္...
ဖုန္းမဆက္တာလည္းအေၾကာင္းတစ္ခုခုရွိလို႔ေနမွာပါ...
သူကြၽန္ေတာ့္ကိုေမ့သြားတာေတာ့မျဖစ္ႏိုင္...
အေတြးေတြလြန္ၿပီးသူငါ့ကိုေမ့သြားတာလားလို႔ေတြးႏိုင္ေပမဲ့
ႏွလုံးသားကေတာ့သူမေမ့ႏိုင္မွန္းေကာင္းေကာင္းႀကီးသိပါသည္...
အျဖဴထည္ႏွစ္လႊာကိုတမ္းတေနသူဟာ
အျခားအျဖဴထည္ေတြကိုသတိမထားမိခဲ့ဘူး...
ဟင့္အင္း...
သူေမ့ေနခဲ့တာ...

ေတြ႕ရမွာမို႔ေပ်ာ္ေနတဲ့ေကာင္ေလးက...
သူ႔ရဲ႕ေျပာင္းလဲျခင္းေတြကိုမျမင္ခဲ့ေလဘူး...
အခ်စ္ရွိၿပီလို႔ေျပာၾကည့္ပါလား...
သည္းငယ္ရဲ႕အိပ္မက္ေတြကို႐ိုက္ခ်ိဳးသလိုျဖစ္သြားမယ္ဆို
Jeonကိုယ္တိုင္လည္းေပ်ာ္ႏိုင္မွာမဟုတ္ပါဘူး...
ခက္တာကJeonဒါကိုမသိဘူး
ေတြ႕တဲ့အခ်ိန္ေျပာင္းလဲသြားတဲ့အေတာင္ပံေတြကိုမ်ားျမင္လိုက္ရင္ျဖင့္...
ရင္ကြဲရခ်ည္ရဲ႕...။


မစခင္တည္းကဆုံးသြားမဲ့ဇာတ္လမ္းမ်ိဳးကိုျဖင့္သေဘာမက်ေလျခင္း...။

စိတ္အစုံကိုသိမ္းပိုက္ကာ...
ေသခ်ာေပါက္ခံစားခ်က္ေတြကိုျမင္လိုက္ပါေတာ့...
မွားေနခဲ့ရင္ေတာင္အခြင့္အေရးေပးမဲ့သူကရွိေနတာမို႔...
အရာရာကိုတစ္ခါေလာက္မ်ားအတၱဆန္တာ...
ခံစားခ်က္အမွန္အတိုင္းေရွ႕ဆက္သြားေစခ်င္စမ္းပါဘိ...
ၾကားကပန္းေလးရဲ႕သစၥာကႀကီးမားေပမဲ့...
ဗီလိန္ဆိုတဲ့ဇာတ္ေကာင္နဲ႔မထိုက္တန္တဲ့ေကာင္မေလးက...
အရာရာကိုနားလည္ေပးႏိုင္တယ္ဆိုအေကာင္းဆုံးေပါ့...
Jeonလည္းမမွားဘူး...
သည္းငယ္လည္းမမွားဘူး...
သိပ္ကိုလွတဲ့လီလီဆိုတဲ့ပန္းေလးကလည္း...
ထားခဲ့ရက္ဖို႔ေတာင္မၾကဴးလြန္ရဲတဲ့...
ျပစ္မႈတစ္ခု...
သိပ္ကိုျဖဴစင္ေနေပမဲ့...
ျပင္လို႔မရတာJeonရဲ႕ခံစားခ်က္...
အျပစ္ဆိုစရာမရွိတဲ့ပန္းေလးဟာ...
မျပင္ရဲတဲ့
အမွားေလးတစ္ခု...
.
.
စာေမးပြဲေျဖၿပီးေလၿပီ...
"ကိုကို"
"လီလီေျဖႏိုင္တယ္မလား"
"မဆိုးပါဘူး..."
"မဆိုးဘူးဆိုတာကဘာလဲ"
"ေျဖႏိုင္တာေပါ့ကိုကိုရ...ကိုကိုေကာ"
"ကိုကိုကေအးေဆးပါ"
"ေလႀကီးေနျပန္ၿပီ"
"ဘာေျပာလိုက္တယ္"
"ေရခဲမုန္႔စားခ်င္တယ္လို႔ေျပာတာပါကိုကိုရယ္...
သြားဝယ္ေပးပါလား...ဒီထိုင္ခုံေလးမွာၿငိမ္ၿငိမ္ေလးထိုင္ေနမယ္ေလေနာ္..."
"ဟုတ္ပါၿပီ"
ဆိုၿပီးသူလည္းထြက္လာခဲ့သည္...
.
"ဟာကိုကိုဝယ္လာၿပီလား"
လက္ထဲကေရခဲမုန္႔ေလးႏွစ္ခုကိုေျမႇာက္ျပလိုက္သည္...
"ဒီမွာ"
"ေက်းဇူးပါ...ဟင္...ကိုကိုေျမပဲေတြပါတာလား"
"လီလီမႀကိဳက္လို႔လား"
ဆိုၿပီးသူလည္းေရခဲမုန္႔စားရင္းေမးလိုက္သည္
"မဟုတ္ပါဘူးႀကိဳက္ပါတယ္..."
ကိုကိုကလီလီေျမပဲနဲ႔မတည့္တာကိုမွတ္မထားဘူးလား...
ကိုကိုကဘာမွန္းလည္းမသိဘူး...
ဝမ္းနည္းလိုက္တာ...

ဘာလို႔မ်ားအေလးမထားရတာပါလိမ့္...
ဟန္ေဆာင္ေကာင္းတဲ့ကိုကိုဟာ...
လီလီ့ကိုမခ်စ္ခဲ့မွန္းလီလီနားလည္ၿပီးသားပါ...
လီလီ့ရဲ႕အခ်စ္ေတြသာစစ္မွန္မယ္ဆို...
ကိုကိုဆိုတဲ့သူအျမန္ခ်စ္တတ္ေစခ်င္တယ္...
သူမကိုမခ်စ္လို႔အျခားသူတစ္ေယာက္ကိုခ်စ္ေနတယ္ဆိုလည္းသူမေႏွာင့္ယွက္မွာမဟုတ္ဘူး...
အခ်ိန္ၾကာလာတာနဲ႔အမွ်သိလိုက္ရတာက...
ကိုကိုဟာသူမကိုညီမေလးတစ္ေယာက္ထက္မပိုခဲ့ဘူး...
လႈပ္ရွားလြယ္တဲ့ခံစားခ်က္ေၾကာင့္အစစ္အမွန္မဟုတ္ဘူးဆိုရင္ေတာင္...
အတုအေယာင္ဆိုတာမ်ိဳးေယာင္လို႔ေတာင္စိတ္မကူးလိုက္ပါနဲ႔...
သိပ္ခ်စ္တာမို႔...
သိပ္ျမတ္ႏိုးခဲ့တာမို႔...
ဗီလိန္နဲ႔မလိုက္ဘူးဆိုလည္းသူမေနာက္ဆုတ္ေပးဖို႔အဆင္သင့္...
ကိုကိုရဲ႕အခ်စ္စစ္ကိုရွာေတြ႕ေစခ်င္ေပမဲ့...
ေယာင္လို႔ေတာင္သူမပါးစပ္ကဟမွာမဟုတ္ဘူး...
ဘယ္ေတာ့မွပဲ...
ကံၾကမၼာကအခြင့္အေရးေပးရင္...
ကိုကိုဟာလီလီ့အပိုင္...
ကိုကို႔အခ်စ္ေတြကေတာ့တစ္သက္လုံးေပ်ာက္ကြယ္သြားေတာ့မွာ...
မခ်စ္ဖူးဆိုရင္စြန္လြတ္ေပးလိုက္မယ္...
အခြင့္အေရးရွိရင္ေတာ့လက္မလြတ္ႏိုင္ဘူး...
ဒါဟာခ်စ္ဖူးသူတိုင္းရဲ႕အတၱဘဲ...
ကိုကို႔ရဲ႕စစ္မွန္တဲ့ေမတၱာ...
ကံကိုသာယုံၿပီးပုံအပ္လိုက္ပါ့မယ္.....။

သိပ္ကိုအတၱဆန္ၿပီး
သိပ္ကိုမိမိုက္ေနခ်င္ပါတယ္ဆိုတဲ့...
ဗီလိန္ဟုသာေႂကြးေၾကာ္ေနတဲ့ေကာင္မေလးေလ...
ခင္ဗ်ားတို႔မွတ္မိၾကရဲ႕လား...
အခ်ိန္ၾကာလာတာနဲ႔အမွ်အခ်စ္ေတြကအတၱကိုနင္းေခ်ၿပီး
စြန္႔လြန္႔ဖို႔ေ႐ြးခ်ယ္လိုက္တဲ့ေကာင္မေလးရဲ႕ေမတၱာေတြကိုျမင္ၾကရဲ႕လား...
တျဖည္းျဖည္းနဲ႔...
ေလ်ာၾကသြားလိုက္တဲ့မစြန္သေလာက္အတၱေလးေတြ...
သိပ္ကိုခ်စ္လို႔ပါတဲ့ေလ...

"လီလီ...ကိုကိုေတာင္တစ္ဝက္က်ိဳးေနၿပီစားေတာ့ေလ...သူပဲဝယ္ေပးပါဆိုၿပီးေတာ့"
လီလီလည္းငိုခ်င္စိတ္ကိုမနည္းထိန္းရင္း...
တစ္ကိုက္စားလိုက္သည္...
ေနာက္ဆုံးေတာ့ကုန္သြားပါၿပီ...

လန္းဆန္းတတ္ႂကြေနတဲ့ေတာင္ပံႏွစ္စုံက...
ေမြးရပ္ေျမကိုေတာင္းတေနေလၿပီ...
ပ်ံလို႔ရရင္လည္းအျမန္သာပ်ံသန္းသြားလိုက္ခ်င္ၿပီ...။

"လီလီ...ကုန္သြားရင္လည္းျပန္မယ္...အက်ီအဝတ္အစားေတြျပင္ထားေတာ့...ကိုကိုျပင္ၿပီးရင္လာေခၚလိုက္မယ္"
"ဟုတ္"
သူမဒီေန႔လိုက္ရေတာ့မည္မထင္ပါ...
ကိစၥမရွိပါဘူးေနာက္ေန႔မွလိုက္လာလို႔ရတာပဲ...
ေျမပဲအက်ိဳးကစေနေလၿပီ...
လက္ေတြလည္းယားၿပီး...
လည္ပင္းေတြပါယားစျပဳလာၿပီ...
ကိုကိုကေတာ့သိမယ့္ပုံမေပၚ...
အိမ္ေရာက္ဖို႔သာစိတ္ေလးေနသည္...
အိမ္ကိုျမန္ျမန္ေရာက္သြားဖို႔ရာသာဆုေတာင္းေနမိသည္...
.
"ကိုကိုလီလီဆင္းၿပီေနာ္"
"လီလီအဝတ္အစားအျမန္ျပင္ထားေနာ္"ဆိုၿပီး
လီလီကိုေတာင္လွည့္မၾကည့္သြား...
သူမလည္းအိမ္ထဲအျမန္ေျပးဝင္လာၿပီး...
"ဟဲ့...သမီးဘာျဖစ္လာတာလဲ"
"ေမေမ...သမီးေျမပဲစားလိုက္မိလို႔"
"ဘာ...ေဆးျမန္ျမန္လိမ္းရမယ္ေလလာ...လာ...ေမေမကူေပးမယ္"
ဆိုၿပီးအခန္းထဲကိုသာဝင္လာလိုက္သည္...
.
ေမေမကေဆးလိမ္းေပးရင္း
"ဘယ္လိုျဖစ္ရတာလဲ...သမီးရယ္..."
"သမီးလည္းေရခဲမုန္႔စားခ်င္စိတ္နဲ႔ေျမပဲေတြကိုသတိမထားမိလိုက္တာ"
"ေနပါအုံး...ဒီေန႔ေဂ်ာင္ကုတို႔နဲ႔သူတို႔ၿမိဳ႕ကိုလိုက္သြားမွာဆို"
"ဟုတ္တယ္ေမေမ...ကိုကိုတို႔လာေခၚရင္...မနက္ျဖန္မွလိုက္လာမယ္လို႔ေျပာေပးပါေနာ္...
သမီးအခုလိုျဖစ္ေနတယ္ဆိုတာသြားမေျပာနဲ႔ေနာ္ေမေမ...
ကိုကိုစိတ္ပူေနမွာစိုးလို႔"
"ဟုတ္ပါၿပီ...စာေမးပြဲေရာေျဖႏိုင္တယ္မလား"
"ဟုတ္ေျဖႏိုင္ပါတယ္ေမေမ"
"ကဲေဆးလည္းလိမ္းၿပီးသြားၿပီး...အနားယူလိုက္အုံး...
ေဂ်ာင္ကုတို႔လာရင္ေမေမၾကည့္ေျပာလြတ္လိုက္မယ္"
.
.
"ဟာ...ေျမးျပန္လာၿပီလား"
"ဟုတ္ဘြား"
"ေျဖးေျဖးလာပါေျမးရယ္ဘာေတြေလာေနတာလဲ"
"သားဒီေန႔သားတို႔ၿမိဳ႕ကိုျပန္ေတာ့မယ္...
ဘြားေျပာထားတာတစ္ႏွစ္အခ်ိန္ေပးတယ္ဆို...
ဘြားမေမ့ဘူးမလား"
"ေအးပါေျမးရယ္...
သြားပါ...ဘြားမတားပါဘူး"
"ဒါနဲ႔ေမေမေရာ...ဘြား...
အက်ီေတြျပင္ၿပီးၿပီလားမသိဘူး"
"ေျမးေမေမကေျမးေဖေဖနဲ႔လိုက္သြားတယ္...
ျပည္ပမွာအလုပ္ကိစၥရွိလို႔တဲ့...
ေျမးသာမသိတာ
မေန႔ကတည္းကေျမးေမေမကိုေခၚသြားတာ
မနက္ျဖန္ေလာက္မွလိုက္လာမယ္တဲ့
ေျမးကိုေျပာသြားတယ္..."
"ဟာ...အာ့ဆိုသားနဲ႔လီလီႏွစ္ေယာက္တည္းေပါ့"
"သူတို႔အိမ္ကေျမးနဲ႔ဆိုစိတ္ခ်ပါတယ္...
လီလီကိုဂ႐ုစိုက္ေခၚသြားေနာ္ေျမး"
"ဟုတ္ဘြား...သားအဝတ္ေတြအျမန္သြားထည့္လိုက္အုံးမယ္"
ေဂ်ာင္ကုလည္းေလွကားကိုတဒုန္းဒုန္းနဲ႔ျမည္ေအာင္အျမန္တက္သြားၿပီး...
ျပင္ၿပီးသားအက်ီေတြကိုအျမန္ပင္ဆြဲမၿပီးထြက္လာသည္...
အျမန္ေလွကားကေနဆင္းလာၿပီး...
"ဘြားသြားၿပီေနာ္"
ဘြားေတာင္ထိုေနရာမွမေ႐ြ႕ေသး...
"ေျမးအက်ီေတြသြားထည့္တာဆို...
ျမန္လွခ်ီလား"
"သားမေန႔ညတည္းကထည့္ထားတာဘြား"ဆိုၿပီး
သူမေျပာတာေတာင္မဆုံး...ထြက္သြားေလသည္...
"ေျမးကားကိုေျဖးေျဖေမာင္းေနာ္"လို႔ေနာက္ကေနလွမ္းေအာ္ေျပာေတာ့...
"ဟုတ္ဘြား"ဆိုတဲ့
အသံေလးေတာ့ၾကားလိုက္ပါသည္...
.
"လီလီေရ...လီလီ"
"ေအာ္...သားေဂ်ာင္ကု"
"လီလီေရာအန္တီ"
"သမီးကစာေမးပြဲေျဖၿပီးပင္ပမ္းလာတယ္နဲ႔တူပါတယ္...
အိပ္ေပ်ာ္ေနေလရဲ႕...မနက္မွအန္တီတို႔အိမ္ကကားနဲ႔ပဲသားတို႔ဆီကိုပို႔လိုက္မယ္ေလ..."
"အာ...ေမေမတို႔လည္းမနက္ျဖန္မွာလာမွာတဲ့...ေမေမတို႔နဲ႔ထည့္ေပးလိုက္လို႔ရတယ္...အန္တီ"
"သားနဲ႔သားေမေမတူတူသြားမွာမဟုတ္လား"
"ဒီေန႔ေမေမကအလုပ္ကိစၥရွိလို႔တဲ့အာ့ေၾကာင့္မလိုက္လာႏိုင္တာ"
"ေအးကြယ္...ဒါဆိုသားေမေမတို႔နဲ႔မွထည့္ေပးလိုက္မယ္"
"ဟုတ္...အန္တီ...ဒါဆိုသားသြားလိုက္ပါအုံးမယ္...လီလီကိုလည္းေမွ်ာ္ေနမယ္လို႔ေျပာေပးပါအုံးေနာ္အန္တီ"
"ေအးေအး"
ေဂ်ာင္ကုလည္းကားကိုအျမန္သာေမာင္းလာေတာ့သည္...
လမ္းမွာလည္းဂ်ီမင့္အေၾကာင္းေတြကိုေတြးရင္းေပါ့...

အား...လြမ္းတယ္...
လြမ္းတယ္ဟုပင္မေႂကြးေၾကာ္ႏိုင္ေအာင္...
သတိရစိတ္ေတြကိုကုစားေပးမဲ့ေမြးရပ္ေျမက...
သူ႔ကိုေစာင့္ႀကိဳေနေလၿပီ......

ေတြ႕ရေတာ့မယ္ဆိုၿပီး...
ေရွ႕တည့္တည့္ကိုေမာင္းေနပါေသာ္လည္း...
စိတ္အစုံကပန္းေရာင္ကမာၻငယ္ေလး၌သာပ်ံဝဲလ်က္...
မလြမ္းရေတာ့ဘူးဆိုတဲ့အသိကစိတ္လႈပ္ရွားေစကာ...
ေတြ႕ရင္ေျပးလို႔ပင္ပိုတိုးကာဖက္ထားအုံးမည္...
လြမ္းလို႔ငိုရတဲ့ညေတြကိုငါျဖင့္သိပ္မုန္းတာပဲ...
ႏွစ္နဲ႔ခ်ီကာမေတြ႕ခဲ့ရတဲ့ပုံရိပ္ေလးကို...
ႏွလုံးသားထဲမွာစြဲေနေအာင္မွတ္ထားလ္ိုက္တယ္...
ဒီၾကားထဲမင္းရဲ႕ငယ္ရာကေနႀကီးလာတဲ့ပုံရိပ္ေတြကိုမျမင္လိုက္ရတဲ့ငါ့ကိုငါအားမရလိုက္တာ...


လွပတဲ့အဝါေရာင္ရပ္ဝန္းၾကားမွာ...
သာယာတဲ့ေလေျပေတြနဲ႔...
လိပ္ျပာေလးေတြၾကား...
ပန္းဝါဝါေတြနဲ႔...
စဆုံေတြလိုက္မဲ့အခ်ိန္...
သိပ္ကိုလန္းဆန္းလိုက္မဲ့ျဖစ္ျခင္း...။


ေတြးခ်င္လွၿပီဂ်ီမင္ရယ္......

29.1.2022
(Sat)

Continue Reading

You'll Also Like

Fake Love By :)

Fanfiction

143K 3.4K 49
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
157K 5.6K 90
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
268K 6.4K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1.7M 57.6K 71
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...