Unicode //
ထိုခုနစ်ရဲ့ သက္ကရာဇ်များထဲမှာ ခက်ခဲသောကာလများရှိခဲ့သည်။ မိန်းမတစ်ယောက်ကို ချစ်ရန် မလွယ်ကူမှန်းသိသော်ငြားလည်း သူမ၏ စိတ်က ထိုမိန်းမအတွက်ဆို တဇွတ်ထိုး ရူးမိုက်ပစ်ရဲ၏။
ငယ်စဥ်ကတည်းက ရလေ လိုလေဘဝ၌ ပြည့်စုံခဲ့ရသော သူမဘဝဟာ ကြီးလာစဥ်မှာလည်း လိုချင်တာကိုရအောင်ယူတတ်ခဲ့သည်။ ပုလဲတင်ဆိုသောမိန်းမတစ်ယောက်က ေယာက်ျားတစ်ယောက်နှင့်လည်း ယှဥ်ပြိုင်ရဲသည့်သတ္တိရှိသည်။
အနီ့အတွက်ဆိုလျှင် သူမဟာ ဘာကိုပဲ ဖြတ်ကျော်ရပါေစ။ ခွန်မင်းဆက်ဆိုေသာယောက်ျားတစ်ယောက်ကို ဖြတ်ကျော်သွားဖို့ကိုလည်းသူမဝန်လေးမှာ မဟုတ်ပေ။
မိန်းမတစ်ယောက်၏ ကြိုးစားမှုက ယောက်ျားတစ်ယောက်ကို အနိုင်ယူနိုင်ကြောင်း သူမပြမည်။ ပုလဲတင်ဆိုတာ အချစ်အတွက် ရှင်သန်သလို မာနနဲ့သိက္ခာအတွက်လည်း ရှင်သန်ရဲသည့်မိန်းမဖြစ်၏။
အနီ့ကိုသူမ စနေနေ့တစ်ရက်ချိန်းဆိုခဲ့သည်။ အနီလာမည်၊ မလာဘူး ခေါင်းမညိမ့်။ အနီ့အတွက် အချိန်ပေးရမည်ဟု သူမထင်ပါသည်။ တဇွတ်ထိုးဆန်တဲ့ သူမအပြုအမူတွေကို အနီကြောက်ရွံ့များနေမလား။
စနေနေ့တွင် ရန်ကုန်မြို့ရဲ့အင်္ဂါနာမ်ဘုရားတစ်ဆူမှာ အနီ့ကို လာရန်ပြောခဲ့သည်။ အနီလာမယ်၊ မလာဘူးဆိုတာ သေချာမပြောတတ်ပေ။ သူမကတော့ အနီမလာလည်းပဲ တစ်ညနေလုံး ဘုရားပေါ်မှာ ထိုင်စောင့်သွားဖို့ စိတ်ကူးရှိ၏။ သူမရဲ့ စိတ်က အမှန်တကယ်ဆို တဇွတ်ထိုးဆန်သည်၊ အတ္တကြီးသည်။ သူမစိတ်ကို အနီမှနားမလည်ရင် ဘယ်သူကနားလည်နိုင်ပါဦးမလဲ။
တစ်ဦးတည်းသော သူငယ်ချင်းချစ်သူကို ငယ်စဥ်ကတည်းက သူမဘက်ကသာ သိသိသာသာရော မသိမသာပါ ချစ်ခဲ့ရတာဖြစ်၏။ မထုံတတ်တေးနဲ့ အနီရောင်နှင်းဟာ ဒါတွေကို နားလည်မည်ဟု မထင်ပေ။
လက်မှနာရီကို ငုံ့ကြည့်တော့ ငါးနာရီကိုညွှန်ပြေနသည်။ မြောက်လေတဖြူးဖြူးက ပုခုံးပေါ်တင်နေသော သူမဆံပင်များကို ဝေ့ခနဲ တိုက်ခတ်သွားသည်။ သူမ ဘုရားပေါ်တွင် စောင့်နေတာ တစ်နာရီရှိနေပြီ။
လေးနာရီချိန်းဆိုထားသော်လည်း အနီရောက်မလာေသး။ သူမကတော့ အနီမလာမချင်း ဆက်၍ စောင့်နေဦးမည်။
မျက်စိရှေ့သို့ ဖြူနုနုခြေဖဝါးတစ်စုံ ရောက်ရှိလာသည်။ ေခြသည်းကြည်ကြည်နဲ့ သေးသွယ်သော ခြေချောင်းများကို မြင်တွေ့ရတဲ့အချိန်ကလည်း ကြည်နူးမှုတစ်ခုဖြစ်သည်။
"စောင့်နေတာ ကြာပြီလားပုလဲ။"
"ဘယ်လောက်ကြာကြာပါ၊ ငါနင့်ကို စောင့်နိုင်ပါတယ်အနီ။"
စိတ်ဆိုးမည်ကြံရွယ်သော်လည်း နှုတ်မှထွက်ကျသွားသော စကားလုံးများကို သူမတားခွင့်မရှိ။ အနီနဲ့ပက်သက်လျှင် သူမကိုယ်သူမတောင် မပိုင်တော့သလိုခံစားရသည်။
မေဗီပြာေရာင်ချည်သားဝတ်စုံလေးကို လွင်နေအောင်ဝတ်ဆင်ထားသောအနီ။ ခါးထိဆံနွယ်ရှည်များက လွင့်ပါးသွားချိန်တောင် ဖရိုဖရဲအလှမပျက်ပေ။ အနီ့ရဲ့ အလှက ရိုးရိုးကလေးနဲ့ ဆန်းသည်။ သူမကတော့ အနီနဲ့ဆန်ကျင့်ဘက်။ အမြဲတမ်း တောက်တောက်ပပရှိနေတတ်ပြီး ဆန်းတကာ့ဆန်းတဲ့အလှ ဖြစ်၏။ သူများတွေ ဆံပင်အရှည်ထားချိန်တွင် သူမက ဆံပင်အတိုဖြစ်သည်။ ဆံပင်ရှည်များကိုအချိန်မပေးချင်၍ သွက်သွက်လက်လက်သူမက အမြဲတမ်းပုခုံးထိဆံပင်တိုများနှင့်ပဲ ဖြစ်သည်။
အရောင်နုများဝတ်ဆင်တတ်တဲ့အနီနှင့် အရောင့်ရင့်များဝတ်ဆင်တတ်သောသူမ။ ဒီနေ့တော့ အနီဟာ သူမ ကြိုက်သော နေဗီအပြာရောင် တောက်တောက်လေးဝတ်ဆင်လာသည်။
"ဘာတွေကြည့်နေတာလဲ၊ ငါ..
ငါရှက်တယ်ဟ..."
အနီရှက်ရွံသလိုနဲ့ ဂုတ်ပိုးကိုတစ်ချက်ကုတ်သည်။ မွှေးညှင်းနုနုများဟာ အနီ့လက်တွင်သာမက ဂုတ်ပိုးများတွင်လည်းရှိသည်။ နဖူးပြင်က ဆံစတွေကြားထဲမှာလည်း ရှိတတ်သည်။
"အနီ"
"ဘာလဲ.."
"နင့်ဆံပင်တွေ ငါနမ်းချင်တယ်။"
သူမ ထိုစကားကိုရုတ်တရက်ထွက်မိသွားသည်။ သူမ အနီ့အပေါ်ကို အရမ်းအသားယူရာများကျနေပြီလား။ ဒါဟာ နမ်းဖို့ ဒုတိယအကြိမ်တောင်းဆိုခဲ့ခြင်းပင်။
"..........."
အနီရှက်ရွံ့သွားဟန်နှင့် နေမတတ်၊ ထိုင်မတတ် လက်သည်းရှည်များရှိသော လက်ချောင်းများကို တဆစ်ဆစ်ချိုးသည်။
"လက်ဆစ်မချိုးနဲ့အနီ။ နင့်လက်ချောင်းသွယ်သွယ်ကလေးတွေ တုတ်သွားမှာ ငါမလိုလားဘူး။"
အနီနှုတ်ခမ်းကိုတစ်ချက်ကိုက်ကာ မျက်မှောင်ကုတ်ကြည့်၏။
"အင်းပါ၊ ဟုတ်ပါပြီ။ ငါနင့်စကားကို နားထောင်ပါ့မယ်"
"လိမ္မာလိုက်တာ ငါ့မိန်းခလေးက.."
ဖြောင့်တန်းနေသော မျက်ခုံးတန်းများ ချက်ချင်းတွန့်စုသွားပြန်သည်။
"အို.. နင့်မိန်းခလေးမဟုတ်ပါဘူးနော်ငါက"
ညနေဆည်းဆာအောက်တွင် ဘုရားခေါင်းလောင်းဆည်းလည်းသံများကို ကြားနေရသည်။ ဝင်တော့မည့် နေရောင်အောက်တွင် အနီ့ပါးများ ပန်းသွေးရောင်ဆန်နေသည်။
"မရဘူး အနီရောင်နှင်းကငါ့မိန်းခလေးပဲ ဖြစ်ရမယ်"
"အို...နင်!"
အနီစကားများထစ်အကာ လက်ညှိုးထိုးဖို့ရည်ရွယ်ပြီးမှလက်သီးကလေးဆုပ်၏။
"နင်ဘာလို့ အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲအနီ ပြောစမ်း။"
အနီ့ရဲ့ ကြိတ်မနိုင်၊ခဲမရ မျက်စောင်းလှလှလေး သူမဘက်ကို လွင့်လာသည်။
"နင်ငါ့အပေါ်အရမ်းတင်စီးတာပဲ ပုလဲ"
ရန်တွေ့နေသော အနီရဲ့ပါးလေးများရဲကာ နှုတ်ခမ်းများစူပုပ်နေသည်။ သူမကိုပြန်ခံပြောပြီး ရန်တွေ့နေသော အနီ့ကို သူမဘယ်လိုစချင်နေမှန်းမသိ။
"ဟန်နီလို့ ခေါ်ကြည့်စမ်းပါအနီ"
"အို နင်ပြောလေဆိုးလေ ကြည့်စမ်း!"
လက်သီးဆုပ်ကိုရွယ်ကာ အနီသူမကိုထုဖို့ ကြံရွယ်၏။
"လုပ်မလို့လား၊ လုပ်လိုက်စမ်းပါ။ ပြီးရင်တော့ အနမ်းတစ်ပွင့်ကို လျော်ကြေးပြန်ပေးရမယ်"
အနီ ဒေါသထွက်ကာ လက်သီးဆုပ်ထားရင်း မျက်လုံးများ မှေးစင်းကာ သူမကိုကြည့်လာသည်။
"နင်နစ်နာနေပါဦးမယ်"
"ရပါတယ်၊ ငါကပဲအနာခံလိုက်ပါ့မယ် အနီရယ်.."
သူမပြောပြီး အနီ့လက်သီးဆုပ်ကိုဆွဲကိုင်ကာ မျက်နှာကို အနီ့နားတိုးကပ်ပေးလိုက်၏။
"ဟန်နီ နင်မဆိုးနဲ့နော်"
ဆည်းလည်းသံများကြား အနီ့အသံလေး စူးထွက်လာသည်။
"အနီ ဘယ်လို.. နင်ငါ့ကို ခုနကဘယ်လိုခေါ်လိုက်တယ်... ဟန်နီဟုတ်လား အနီ!"
အနီ့သူမကိုသေချာစိုက်မကြည့်ဘဲ မျက်လုံးလေးများ ဟိုဒီရွေ့လျားကစားသည်။
".........."
အနီလက်သီးကိုတင်းနေအောင် ဆုပ်ထားသည်။ အနီ့လက်သီးဆုပ်လေး သူမလက်ထဲတွင် ရှိနေသည်။ နှုတ်ဆိတ်နေသော အနီလက်သီးဆုပ်ကိုဆွဲယူလိုက်ရင်း ဘယ်ဘက်ရင်ဘတ်နားကို တိုးကပ်လိုက်၏။
"ငါ့ရင်ခုန်သံတွေနင်ကြားရတယ်မလားအနီ"
ငြင်းဆန်ဖို့ လုပ်နေသော အနီ့လက်တွေကို သူမပြန်လည်ဆွဲထားလိုက်ပြီး ရုန်းထွက်ခွင့်မပြု။
"ဒီရင်ခုန်သံတွေက တစ်ချက်ခုန်လိုက်တိုင်း
နင့်ကိုချစ်တယ်လို့တစ်ခါပြောနေတယ်။ ငါ့ရင်ခုန်သံတွေက သက်သေပဲအနီ"
အနီ့လက်ဖဝါးများ သူမနှလုံးသားပေါ်တွင်ရှိနေသည်။ ရင်ခုန်သံတွေကိုစမ်းသပ်နေသော အနီ့လက်များ ငြိမ်သက်နေသည်။
နာရီစက္ကန့်ရွေ့သံနှင့် နှလုံးခုန်သံနှစ်ခုကလည်း သူတို့အနားတွင်ဝေ့ဝဲနေကြသည်။
"ဟန်နီလို့ခေါ်ကြည့်.. ဟန်နီလို့ခေါ်ကြည့်စမ်းပါ၊ အနီရယ်"
"နင်သိပ်တင်စီးလွန်းတာပဲဟာ"
သူမအမိန့်ပေးသလိုဖြစ်သွားတယ်ထင်။ အနီ့အပေါ်ကိုသူမ အမြဲပဲအနိုင်လိုချင်နေမိသည်။
အနီ့နှလုံးသားကိုလည်း တခြားဘယ်ယောက်ျားကိုမှမပေးနိုင်ဘဲ သူမတစ်ယောက်ထဲကသာ အပိုင်စီးထားချင်မိ၏။
"ငါ နင့်အပေါ် ကိုစကားလုံးတွေနဲ့တင်စီးတယ်ဆိုရင်တောင်မှ နင်က ငါ့ဘဝကြီးတစ်ခုလုံးကို တင်စီးစိုးမိုးထားတာလောက်တော့ မဆိုးသေးပါဘူး အနီရယ်.."
အနီ့မျက်ဝန်းများ မှေးစင်းသွားကာ သူမကိုစိုက်ကြည့်လာသည်။
"ဟန်နီ နင်ငါနဲ့ပက်သက်ရင်သိပ်ထိခိုက်လွယ်တာပဲလား"
အနီ့လက်များကိုလွှတ်မပေးသေးဘဲ သူမအနီ့မျက်ဝန်းထဲ ထပ်၍ ထပ်၍ လိုက်ရှာခဲ့မိသည်။
"ချစ်တယ်လို့ တစ်ခွန်းသာပြောလိုက်ပါ၊ ငါကသတ္တိရှိတဲ့လူတစ်ယောက်အဖြစ်နဲ့ နင့်ရှေ့မှာ မားမားမတ်မတ်ကာကွယ်ပေးမှာအနီ"
လေအရှိန်ကြောင့်အနီ့ဆံပင်များ သူမမျက်နှာကိုလာရိုက်ခတ်သည်။ သနပ်ခါးရနံ့လေးကလည်း လေအဝှေ့မှာ သူမကိုကျီစယ်နေကြ၏။
"အနီ !"
သူမနောက်တစ်ကြိမ်ထပ်မေးတော့ အနီနားမလည်နိုင်စွာ မော့ကြည့်လာသည်။
"ဘာလဲ"
"ချစ်တယ်လို့ပြော.."
အနီခေတ္တငြိမ်သက်သွားသည်။ ပြီးမှ အသက်ဝင်လာတဲ့လူလို တစ်လုံးချင်းရေရွတ်ပြ၏။
"အင်း ချစ် တယ် ဟန် နီ"
လေပြေညှင်းကြောင့် ဘယ်ဘက်ရင်အုံထဲကသူမနှလုံးသား တသိမ့်သိမ့်လှုပ်ရှားသွားသလားပဲ မသိပါ။ အနီ့လက်ချောင်းများကို နမ်းရှိုက်လိုက်ရင်း သူမနှလုံးခုန်သံတွေကို ချုပ်တည်းထားလိုက်သည်။
"ချစ်တယ်၊ သိပ်ချစ်တယ်အနီ"
"ဘုရားပေါ်မှာနော်ဟန်နီ။ နင်မဆိုးနဲ့"
နမ်းရှိုက်နေသောလက်များကိုဆွဲယူရင်း အနီသူမကို ပုခုံးဖြင့်တိုက်ပစ်သည်။
"ဘုရားပေါ်မှာဘာဖြစ်လဲ၊ ငါချစ်တာဘုရားက သက်သေပဲလေ"
"အိုတော် ဘုရားကိုပါသက်သေခေါ်ရတယ်လို့။ နင်တော်တော်ဆိုးဟန်နီ ဟွန်း!"
အနီ့လက်ကိုဆွဲ၍ စတင်ခဲ့သောနေ့စွဲများသည် အဲ့ဒီနေ့ကစသည်။ ဘုရားသွား ကျောင်းတက်ဆိုသည်မှာ သူမနှင့်အနီသာဖြစ်သည်။
တက္ကသိုလ်ဝင်းထဲမှာ နှစ်ယောက်အတူ ေခြ ချခွင့်ရတာဟာ လောကကြီးရဲ့ကောင်းချီးထင်သည်။ အနီရဲ့လက်ကိုဆွဲ ကမ္ဘာတစ်ဆုံး လျှောက်သွားချင်စိတ်က အဆုံးအစမဲ့ဖြစ်ခဲ့သည်။
ယခုတော့ အနီ့ကိုသူမပိုင်ဆိုင်သည်။ အနီ့နှလုံးသားကို သူမပိုင်ဆိုင်သည်။ အနီနှင့်ပက်သက်သမျှ အရာအားလုံးကိုလည်း သူမသာ ပိုင်ဆိုင်သည်။
ထိုအရာများက ခေတ္တခဏမျှဆိုတာကို သူမ
မသိခဲ့ပါ။ မတွေးခဲ့မိပါ။ အနီနှင့် ချစ်သူဖြစ်ခွင့်ရသော ထိုရက်များဟာ သူမအနီ့လက်ကို ဆွဲရုံမှတစ်ပါး တခြားသောမရှိခဲ့။ လက်ကလေးကိုင်ထားခွင့်ရရုံနဲ့ တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ခွင့်ရခဲ့သလို သူမ မာန်တက်ခဲ့ဖူးသည်။
အနီနှင့်ချစ်သူဖြစ်ခွင့်ရတာ ခုနစ်ရက်မြှောက်သောနေ့။ သူမ အနီနှင့်တစ်ပတ်သာ ချစ်သူဖြစ်ခွင့်ရခဲ့သည်။ ထိုအချိန်များဟာလည်း သိမ်းထားချင်စဖွယ်ကောင်းခဲ့သော အခိုက်အတန့်များပင်။
မှတ်ဥာဏ်ထဲက ဖယ်ထုတ်ချင်ခဲ့သော အဲ့ဒီနေ့ကား...
"ငါလက်ထပ်တော့မယ်ဟန်နီ"
"မနောက်စမ်းနဲ့အနီ"
သူမဘာမှမဖြစ်သလို ရယ်မောတော့ အနီ့မျက်ဝန်းများက ခပ်ကြောင်ကြောင်။ တခြားအရပ်ကိုသာ ေငးနေခဲ့သည်။
"ငါတကယ်ပြောတာ၊ ငါ ကိုခွန်မင်းဆက်နဲ့လက်ထပ်တော့မယ်"
"မနောက်စမ်းနဲ့ အနီရာ.."
"နင်က ယောက်ျားတစ်ယောက်နဲ့ငါ့ကိုပြိုင်လိုက်တယ်ပေါ့လေ၊ နင်ငါ့ကိုဘယ်လိုမိန်းမမှတ်နေသလဲ ဟင်"
အနီ့အသံများကတုန်ခိုက်နေသည်။ အနီဘာကိုဆိုလိုချင်တာလဲ သူမနားမလည်။
"ဘယ်လိုအနီ ငါကနင့်ကိုဘာလို့.."
ဖြောင်း !
သူမ၏ ညာဘက်ပါးတွင် သူမတစ်ချိန်ကနမ်းရှိုက်ခဲ့သော အနီ့လက်ချောင်းရာများ ထင်းသွားသည်။
"ငါကနင့်ကိုသိပ်မုန်းတယ်၊ သိရဲ့လား။
ငါကနင့်ကိုသိပ်မုန်းတယ်ဟန်နီ"
အနီ မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကာ ရှုိက်ငိုရင်း သူမရှေ့မှ ပြေးထွက်သွားသည်။
သူမငိုင်နေမိသော နေ့ရက်များမှာ များပြားခဲ့သည်။ မိန်းမတစ်ယောက်ကြောင့် ကွဲခဲ့ရသောနှလုံးသားဟာ ထိရာ၊ ရှရာသိပ်ပြင်းလှ၏။
ခွန်မင်းဆက်နှင့် အနီရောင်နှင်း
တို့၏
မင်္ဂလာဧည့်ခံပွဲ။
ဖိတ်စာအရောင်ကသူမ ကြိုက်သောအပြာရောင်တောက်တောက်ဖြစ်သည်။
စာရွက်ပေါ်က အမည်နာမနှစ်ခုဟာ သူမစိတ်ရဲ့ဒေါသမီးကိုအညွှန့်တလူလူတက်စေသည်။
"အရှက်မရှိဖိတ်ရဲကြသေးတာပဲ။ ငါကလည်းလာရဲရမှာပေါ့အနီရယ်။"
သူမလက်ထဲ ကြေမွသွားသောဖိတ်စာတွင် မျက်ရည်တစ်စက်ကျဆင်းသွားခဲ့ပါသည်။
"ဒီပွဲမှာရှင်နိုင်ပါတယ် ခွန်မင်းဆက်!"
ခွန်မင်းဆက်၏ဘေးတွင် အနီရှိနေသည်။ အပြာနုရောင်သတို့သမီးဝတ်စုံနှင့်အနီသည် သူမမျှော်မှန်းထားခဲ့တာထက် အများကြီးကျက်သရေရှိစွာလှပနေသည်။ ထိုသတို့သမီးသည် သူမ ပိုင်ရှင်ခွင့်မရှိသော သတို့သမီး။
"လာပေးတဲ့အတွက် ကျေးဇူးပါပုလဲတင်။"
ခွန်မင်းဆက်က ပြောလာသည်။ ထိုစကားသည် သူမအတွက် အထိအနာဆုံးပင်ဖြစ်သည်။
"ကျွန်မတစ်ခုလောက် တောင်းဆိုချင်တယ်။ နောက်ဆုံးအနေနဲ့ပေါ့"
"ရပါတယ် မင်းကိုယ့်ကိုပြောကြည့်"
အစ်ကိုတစ်ယောက်၏ လက်ခံနိုင်ဖွယ်အပြုံးများကို ခွန်မင်းဆက်၏ မျက်နှာတွင်တွေ့ရသည်။
"နောက်ဆုံးအနေနဲ့ စက္ကန့်ပိုင်းလောက်ဖြစ်ဖြစ် အနီ့ရဲ့ချစ်သူကျွန်မ ဖြစ်ခွင့်ရချင်သေးတယ်"
".........."
"ရှင်ရဲ့သတို့သမီးမဟုတ်တဲ့အနီရောင်နှင်းကို ကျွန်မခဏလောက်ဖြစ်ဖြစ်ပိုင်ဆိုင်ချင်တယ်"
"ကောင်းပြီလေ"
ခွန်မင်းဆက်က ချက်ချင်းပြေလည်စွာပြုံးပြလာသည်။ ပိုင်ဆိုင်နိုင်သူရဲ့အပြုံးကတော့ ဝင့်ကြွားနိုင်တာပေါ့။
"အနီ့ရဲ့နှုတ်ခမ်းတွေကို ပထမဆုံးကျွန်မက နမ်းဖူးချင်တယ်"
"........."
"ဖြစ်နိုင်ရဲ့လား။ ရှင်က လူတစ်ယောက်လုံးကိုပိုင်ဆိုင်ခွင့်ရတော့မှာပဲ၊ ပထမဆုံးဖြစ်ဖြစ် အနီ့နှုတ်ခမ်းတွေကို ပိုင်ဆိုင်ခွင့်ရမလား။
စက္ကန့်ပိုင်းတင်ရယ်ပါ.."
"ကောင်းပြီ၊ ကိုယ်ဒီလောက်တော့ မင်းကို ခွင့်ပြုပေးနိုင်ပါတယ်"
ထိုအခန်းထဲတွင် ခွန်မင်းဆက်ထွက်သွားပြီးနောက် အနီနဲ့သူမနှစ်ယောက်ထဲသာ ကျန်နေခဲ့၏။
အနီတိတ်ဆိတ်နေသည်။ ဘာကိုမျှ မပြော တုပ်တုပ်မလှုပ်ဘဲ တိတ်ဆိတ်ကာ နေသည်။
"အနီငါနင့်ကိုမုန်းတယ်"
"ဟန်နီ..."
အနီထိုင်ခုံပေါ်ထိုင်နေရာမှ ထလာပြီး သူမအနားကို လျှောက်လာသည်။
"မခေါ်နဲ့!"
သူမအော်သံအဆုံး အနီ့ကိုယ်လေးဆတ်ခနဲတုန်ယင်သွားသည်။
"........"
"ငါနင့်ကိုမုန်းတယ်အနီရောင်နှင်း"
အဆုံးသတ်မှာ သူမကိုယ်တိုင် အနီ့နှုတ်ခမ်းများအကြားတိုးဝင်ခဲ့သည်။ သေစေနိုင်သောထိုအနမ်းများသည် စက္ကန့်ပိုင်းလောက်သာ နှုတ်ခမ်းပေါ်ကျန်ရစ်စေခဲ့သည်။
မျက်ရည်များနှင့်ရောပြွန်းနေသောအနမ်းများသည် ဘာအရသာမှမရှိလှ။ ဘာခံစားချက်မှလည်း ရှိမနေပါ။
"ငါကနင့်ကိုမုန်းတယ်၊ ဒါမဲ့နင့်နှုတ်ခမ်းတွေကိုတော့ ငါကချစ်တယ်"
"ဟန်နီ.." ဟုသာ အနီတဖွဖွခေါ်ဆိုနေခဲ့ပါသည်။
သူမ မကျစေလိုသော ပုလဲဥများ အနီ့ပါးပြင်ပေါ်ခိုတွဲနေသော်လည်း သူမသုတ်ပေးလိုစိတ်မရှိခဲ့ပါ။
"ငါကအချစ်နဲ့ရှင်သန်နေသလို၊ မာနနဲ့သိက္ခာနဲ့ ရှင်သန်နေတဲ့မိန်းမတစ်ယောက်။ ငါ့မာနကိုရိုက်ချိုးခဲ့တဲ့ နင့်ကိုသိပ်မုန်းတယ်၊ ငါ့ယုံကြည်မှုကို စော်ကားခဲ့တဲ့နင့်ကိုသိပ်မုန်းတယ်"
"..........."
အနီမျက်ရည်များကို သူမကိုယ်တိုင်ကျဆင်းစေခဲ့ပြန်သည်။ အနီကအနမ်းများနှင့်သတ်လျှင် သူမက စကားလုံးများနှင့်ပြန်သတ်မည်။
"ငါ့ဘဝမှာအမုန်းဆုံးမိန်းမကနင်ပဲ
အနီရောင်နှင်း!"
"ငါ့ကိုမုန်းပစ်လိုက်ပါ ဟန်နီ"
သေစေနိုင်သောအနမ်းများဟာ မျက်ရည်များနှင့် ပျက်ပြယ်ခဲ့ရသည်။
တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးသော သူပေးသောဒဏ်ရာကြောင့် နှလုံးသားမှာ ဒဏ်ရာဗလပွဖြစ်ခဲ့ရ၏။
အတ္တကြီးတဲ့မိန်းမတစ်ယောက်၏ အငြိုးသည်သိပ်ကြောက်ဖို့ကောင်း၏။ ဒါကို အနီရောင်နှင်း သိတတ်ခဲ့ဖို့ကောင်းသည်။
• ၂၈ ဇန်နဝါရီ ၂၀၂၂
• ခီခီမာရတ်တံခွန်
Tbc............
_______________________
Zawgyi //
ထိုခုနစ္ရဲ႕ သကၠရာဇ္မ်ားထဲမွာ ခက္ခဲေသာကာလမ်ား႐ွိခဲ့သည္။ မိန္းမတစ္ေယာက္ကို ခ်စ္ရန္ မလြယ္ကူမွန္းသိေသာ္ျငားလည္း သူမ၏ စိတ္က ထိုမိန္းမအတြက္ဆို တဇြတ္ထိုး ႐ူးမိုက္ပစ္ရဲ၏။
ငယ္စဥ္ကတည္းက ရေလ လိုေလဘဝ၌ ျပည့္စုံခဲ့ရေသာ သူမဘဝဟာ ႀကီးလာစဥ္မွာလည္း လိုခ်င္တာကိုရေအာင္ယူတတ္ခဲ့သည္။ ပုလဲတင္ဆိုေသာမိန္းမတစ္ေယာက္က ေယာက်္ားတစ္ေယာက္ႏွင့္လည္း ယွဥ္ၿပိဳင္ရဲသည့္သတၱိ႐ွိသည္။
အနီ႔အတြက္ဆိုလွ်င္ သူမဟာ ဘာကိုပဲ ျဖတ္ေက်ာ္ရပါေစ။ ခြန္မင္းဆက္ဆိုေသာေယာက်္ားတစ္ေယာက္ကို ျဖတ္ေက်ာ္သြားဖို႔ကိုလဲ သူမဝန္ေလးမွာ မဟုတ္ေပ။
မိန္းမတစ္ေယာက္၏ ႀကိဳးစားမႈက ေယာက်္ားတစ္ေယာက္ကို အႏိုင္ယူႏိုင္ေၾကာင္း သူမျပမည္။ ပုလဲတင္ဆိုတာ အခ်စ္အတြက္လဲ ႐ွင္သန္သလို မာနနဲ႔သိကၡာအတြက္လဲ ႐ွင္သန္ရဲသည့္မိန္းမျဖစ္၏။
အနီ႔ကိုသူမ စေနေန႔တစ္ရက္ခ်ိန္းဆိုခဲ့သည္။ အနီလာမည္၊ မလာဘူး ေခါင္းမညိမ့္။ အနီ႔အတြက္ အခ်ိန္ေပးရမည္ဟုလဲ သူမထင္ပါသည္။ တဇြတ္ထိုးဆန္တဲ့ သူမအျပဳအမူေတြကို အနီေၾကာက္႐ြံမ်ားေနမလား။
စေနေန႔တြင္ ရန္ကုန္ၿမိဳ႕ရဲ႕အဂၤါနာမ္ဘုရားတစ္ဆူမွာ အနီ႔ကို လာရန္ေျပာခဲ့သည္။ အနီလာမယ္၊ မလာဘူးဆိုတာ ေသခ်ာမေျပာတတ္ေပ။ သူမကေတာ့ အနီမလာလဲ တစ္ညေနလုံး ဘုရားေပၚမွာ ထိုင္ေစာင့္သြားဖို႔ စိတ္ကူး႐ွိ၏။ သူမရဲ႕ စိတ္က အမွန္တကယ္ဆို တဇြတ္ထိုးဆန္သည္၊ အတၱႀကီးသည္။ သူမစိတ္ကို အနီမွနားမလည္ရင္ ဘယ္သူကနားလည္ႏိုင္ပါဦးမလဲ။
တစ္ဦးတည္းေသာ သူငယ္ခ်င္းခ်စ္သူကို ငယ္စဥ္ကတည္းက သူမဘက္ကသာ သိသိသာသာေရာ မသိမသာပါ ခ်စ္ခဲ့ရတာျဖစ္၏။ မထုံတတ္ေတးနဲ႔ အနီေရာင္ႏွင္းဟာ ဒါေတြကို နားလည္မည္လဲ မထင္ေပ။
လက္မွနာရီကို ငုံ႔ၾကည့္ေတာ့ ငါးနာရီကိုၫႊန္ျပသည္။ ေျမာက္ေလတျဖဴးျဖဴးက ပုခုံးေပၚတင္ေနေသာ သူမဆံပင္မ်ားကို ေဝ့ခနဲ တိုက္ခတ္သြားသည္။ သူမ ဘုရားေပၚတြင္ ေစာင့္ေနတာ တစ္နာရီ႐ွိေနၿပီ။
ေလးနာရီခ်ိန္းဆိုထားေသာ္လည္း အနီေရာက္မလာ။ သူမကေတာ့ အနီမလာမခ်င္း ဆက္၍ ေစာင့္ေနဦးမည္။
မ်က္စိေ႐ွ႕သို႔ ျဖဴႏုႏုေျခဖဝါးတစ္စုံ ေရာက္႐ွိလာသည္။ ေျခသည္းၾကည္ၾကည္နဲ႔ ေသးသြယ္ေသာ ေျခေခ်ာင္းမ်ားကို ျမင္ေတြ႕ရတဲ့အခ်ိန္ကလည္း ၾကည္ႏူးမႈတစ္ခုျဖစ္သည္။
"ေစာင့္ေနတာ ၾကာၿပီလားပုလဲ"
"ဘယ္ေလာက္ၾကာၾကာပါ၊ ငါနင့္ကို ေစာင့္ႏိုင္တယ္"
စိတ္ဆိုးမည္ၾကံ႐ြယ္ေသာ္လည္း နွဳတ္မွထြက္က်သြားေသာ စကားလုံးမ်ားကို သူမတားခြင့္မ႐ွိ။ အနီနဲ႔ပက္သက္လွ်င္ သူမကိုယ္သူမေတာင္ မပိုင္ေတာ့သလိုခံစားရသည္။
ေမဗီျပာေရာင္ခ်ည္သားဝတ္စုံေလးကို လြင္ေနေအာင္ဝတ္ဆင္ထားေသာအနီ။ ခါးထိဆံႏြယ္႐ွည္မ်ားက လြင့္ပါးသြားခ်ိန္ေတာင္ ဖ႐ိုဖရဲအလွမပ်က္ေပ။ အနီ႔ရဲ႕ အလွက ႐ိုး႐ိုးကေလးနဲ႔ ဆန္းသည္။ သူမကေတာ့ အနီနဲ႔ဆန္က်င့္ဘက္။ အၿမဲတမ္း ေတာက္ေတာက္ပပ႐ွိေနတတ္ၿပီး ဆန္းတကာ့ဆန္းတဲ့အလွ ျဖစ္၏။ သူမ်ားေတြ ဆံပင္အ႐ွည္ထားခ်ိန္တြင္ သူမက ဆံပင္အတိုျဖစ္သည္။ ဆံပင္႐ွည္မ်ားကိုအခ်ိန္မေပးခ်င္၍ သြက္သြက္လက္လက္သူမက အၿမဲတမ္းပုခုံးထိဆံပင္တိုမ်ားႏွင့္ပဲ ျဖစ္သည္။
အေရာင္ႏုမ်ားဝတ္ဆင္တတ္တဲ့အနီႏွင့္ အေရာင့္ရင့္မ်ားဝတ္ဆင္တတ္ေသာသူမ။ ဒီေန႔ေတာ့ အနီဟာ သူမႀကိဳက္ေသာ ေနဗီအျပာေရာင္ ေတာက္ေတာက္ေလးဝတ္ဆင္လာသည္။
"ဘာေတြၾကည့္ေနတာလဲ၊ ငါ..
ငါ႐ွက္တယ္ဟ..."
အနီ႐ွက္႐ြံသလိုနဲ႔ ဂုတ္ပိုးကိုတစ္ခ်က္ကုတ္သည္။ ေမႊးညႇင္းႏုႏုမ်ားဟာ အနီ႔လက္တြင္သာမက ဂုတ္ပိုးမ်ားတြင္လည္း႐ွိသည္။ နဖူးျပင္က ဆံစေတြၾကားထဲမွာလည္း ႐ွိတတ္သည္။
"အနီ"
"ဘာလဲ"
"နင့္ဆံပင္ေတြ ငါနမ္းခ်င္တယ္"
သူမ ထိုစကားကို႐ုတ္တရက္ထြက္မိသြားသည္။ သူမ အနီ႔အေပၚကို အရမ္းအသားယူရာမ်ားက်ေနၿပီလား။ ဒါဟာ နမ္းဖို႔ ဒုတိယအႀကိမ္ေတာင္းဆိုျခင္းပင္။
"..........."
အနီ႐ွက္႐ြံ႕သြားဟန္ႏွင့္ ေနမတတ္၊ ထိုင္မတတ္ လက္သည္း႐ွည္မ်ား႐ွိေသာ လက္ေခ်ာင္းမ်ားကို တဆစ္ဆစ္ခ်ိဳးသည္။
"လက္ဆစ္မခ်ိဳးနဲ႔အနီ။ နင့္လက္ေခ်ာင္းသြယ္သြယ္ကေလးေတြ တုတ္သြားမွာ ငါမလိုလားဘူး"
အနီႏႈတ္ခမ္းကိုတစ္ခ်က္ကိုက္ကာ မ်က္ေမွာင္ကုတ္ၾကည့္၏။
"အင္းပါ၊ ဟုတ္ပါၿပီ။ ငါနင့္စကားကို နားေထာင္ပါ့မယ္"
"လိမၼာလိုက္တာ ငါ့မိန္းခေလးက.."
ေျဖာင့္တန္းေနေသာ မ်က္ခုံးတန္းမ်ား ခ်က္ခ်င္းတြန္႔စုသြားျပန္သည္။
"အို.. နင့္မိန္းခေလးမဟုတ္ပါဘူးေနာ္ငါက"
ညေနဆည္းဆာေအာက္တြင္ ဘုရားေခါင္းေလာင္းဆည္းလည္းသံမ်ားကို ၾကားေနရသည္။ ဝင္ေတာ့မည့္ ေနေရာင္ေအာက္တြင္ အနီ႔ပါးမ်ား ပန္းေသြးေရာင္ဆန္ေနသည္။
"မရဘူး အနီေရာင္ႏွင္းကငါ့မိန္းခေလးပဲ ျဖစ္ရမယ္"
"အို...နင္!"
အနီစကားမ်ားထစ္အကာ လက္ညိႇဳးထိုးဖို႔ရည္႐ြယ္ၿပီးမွလက္သီးေလးဆုပ္၏။
"နင္ဘာလို႔ အဲ့ေလာက္ခ်စ္ဖို႔ေကာင္းေနရတာလဲအနီ ေျပာစမ္း"
အနီ႔ရဲ႕ ႀကိတ္မႏိုင္၊ခဲမရ မ်က္ေစာင္းလွလွေလး သူမဘက္ကို လြင့္လာသည္။
"နင္ငါ့အေပၚအရမ္းတင္စီးတာပဲ ပုလဲတင္"
ရန္ေတြ႕ေနေသာ အနီရဲ႕ပါးေလးမ်ားရဲကာ ႏႈတ္ခမ္းမ်ားလဲ စူပုပ္ေနသည္။ သူမကိုျပန္ခံေျပာၿပီး ရန္ေတြ႕ေနေသာ အနီ႔ကို သူမဘယ္လိုစခ်င္ေနမွန္းမသိ။
"ဟန္နီလို႔ ေခၚၾကည့္စမ္းပါအနီ"
"အို နင္ေျပာေလဆိုးေလ ၾကည့္စမ္း!"
လက္သီးဆုပ္ကို႐ြယ္ကာ အနီသူမကိုထုဖို႔ ၾကံ႐ြယ္၏။
"လုပ္မလို႔လား၊ လုပ္လိုက္စမ္းပါ။ ၿပီးရင္ေတာ့ အနမ္းတစ္ပြင့္ကို ေလ်ာ္ေၾကးျပန္ေပးရမယ္"
အနီ ေဒါသထြက္ကာ လက္သီးဆုပ္ထားရင္း မ်က္လုံးမ်ား ေမွးစင္းကာ သူမကိုၾကည့္လာသည္။
"နင္နစ္နာေနပါဦးမယ္"
"ရပါတယ္၊ ငါကပဲအနာခံလိုက္ပါ့မယ္ အနီရယ္.."
သူမေျပာၿပီး အနီ႔လက္သီးဆုပ္ကိုဆြဲကိုင္ကာ ပါးကို အနီ႔နားတိုးကပ္ေပးလိုက္၏။
"ဟန္နီ နင္မဆိုးနဲ႔ေနာ္"
ဆည္းလည္းသံမ်ားၾကား အနီ႔အသံေလး စူးထြက္လာသည္။
"အနီ ဘယ္လို.. နင္ငါ့ကို ခုနကဘယ္လိုေခၚလိုက္တယ္... ဟန္နီဟုတ္လား အနီ!"
အနီ႔သူမကိုေသခ်ာစိုက္မၾကည့္ဘဲ မ်က္လုံးေလးမ်ား ဟိုဒီေ႐ြ႕လ်ားကစားသည္။
".........."
အနီလက္သီးကိုတင္းေနေအာင္ ဆုပ္ထားသည္။ အနီ႔လက္သီးဆုပ္ေလး သူမလက္ထဲတြင္ ႐ွိေနသည္။ ႏႈတ္ဆိတ္ေနေသာ အနီလက္သီးဆုပ္ကိုဆြဲယူလိုက္ရင္း ဘယ္ဘက္ရင္ဘတ္နားကို တိုးကပ္လိုက္၏။
"ငါ့ရင္ခုန္သံေတြနင္ၾကားရတယ္မလားအနီ"
ျငင္းဆန္ဖို႔ လုပ္ေနေသာ အနီ႔လက္ေတြကို သူမျပန္လည္ဆြဲထားလိုက္ၿပီး ႐ုန္းထြက္ခြင့္မျပဳ။
"ဒီရင္ခုန္သံေတြက တစ္ခ်က္ခုန္လိုက္တိုင္း
နင့္ကိုခ်စ္တယ္လို႔တစ္ခါေျပာေနတယ္။ ငါ့ရင္ခုန္သံေတြ သက္ေသပဲအနီ"
အနီလက္ဖဝါးမ်ား သူမႏွလုံးသားေပၚတြင္႐ွိေနသည္။ ရင္ခုန္သံေတြကိုစမ္းသပ္ေနေသာ အနီ႔လက္မ်ား ၿငိမ္သက္ေနသည္။
နာရီစကၠန္႔ေ႐ြ႕သံႏွင့္ ႏွလုံးခုန္သံႏွစ္ခုကလည္း သူတို႔အနားတြင္ေဝ့ဝဲေနၾကသည္။
"ဟန္နီလို႔ေခၚၾကည့္.. ဟန္နီလို႔ေခၚၾကည့္စမ္းပါ၊ အနီရယ္"
"နင္သိပ္တင္စီးလြန္းတာပဲ"
သူမအမိန္႔ေပးသလိုျဖစ္သြားတယ္ထင္။ အနီ႔အေပၚကိုသူမ အၿမဲပဲအႏိုင္လိုခ်င္ေနမိသည္။
အနီ႔ႏွလုံးသားကိုလည္း တျခားဘယ္ေယာက်္ားကိုမွမေပးႏိုင္ဘဲ သုမတစ္ေယာက္ထဲကသာ အပိုင္စီးထားခ်င္မိ၏။
"ငါ နင့္အေပၚ ကိုစကားလုံးေတြနဲ႔တင္စီးတယ္ဆိုရင္ေတာင္မွ နင္က ငါ့ဘဝႀကီးတစ္ခုလုံးကို တင္စီးစိုးမိုးထားတာေလာက္ေတာ့ မဆိုးေသးပါဘူး အနီရယ္.."
အနီ႔မ်က္ဝန္းမ်ား ေမွးစင္းသြားကာ သူမကိုစိုက္ၾကည့္လာသည္။
"ဟန္နီ နင္ငါနဲ႔ပက္သက္ရင္သိပ္ထိခိုက္လြယ္တာပဲလား"
အနီ႔လက္မ်ားကိုလႊတ္မေပးေသးဘဲ သူမအနီ႔မ်က္ဝန္းထဲ ထပ္၍ ထပ္၍ လိုက္႐ွာခဲ့မိသည္။
"ခ်စ္တယ္လို႔ တစ္ခြန္းသာေျပာလိုက္ပါ၊ ငါကသတၱိ႐ွိတဲ့လူတစ္ေယာက္အျဖစ္နဲ႔ နင့္ေ႐ွ႕မွာ မားမားမတ္မတ္ကာကြယ္ေပးမွာအနီ"
ေလအ႐ွိန္ေၾကာင့္အနီ႔ဆံပင္မ်ား သူမမ်က္ႏွာကိုလာ႐ိုက္ခတ္သည္။ သနပ္ခါးရနံ႔ေလးကလည္း ေလအေဝွ႔မွာ သူမကိုက်ီစယ္ေနၾက၏။
"အနီ !"
သူမေနာက္တစ္ႀကိမ္ထပ္ေမးေတာ့ အနီနားမလည္ႏိုင္စြာ ေမာ့ၾကည့္လာသည္။
"ဘာလဲ"
"ခ်စ္တယ္လို႔ေျပာ.."
အနီေခတၱၿငိမ္သက္သြားသည္။ ၿပီးမွ အသက္ဝင္လာတဲ့လူလို တစ္လုံးခ်င္းေရ႐ြတ္ျပ၏။
"အင္း ခ်စ္ တယ္ ဟန္ နီ"
ေလေျပညႇင္းေၾကာင့္ ရင္ဘတ္ထဲကသူမႏွလုံးသား တသိမ့္သိမ့္လႈပ္႐ွားသြားသလားပဲ မသိပါ။ အနီ႔လက္ေခ်ာင္းမ်ားကို နမ္း႐ိႈက္လိုက္ရင္း သူမႏွလုံးခုန္သံေတြကို ခ်ဳပ္တည္းလိုက္သည္။
"ခ်စ္တယ္၊ သိပ္ခ်စ္တယ္အနီ"
"ဘုရားေပၚမွာေနာ္ဟန္နီ။ နင္မဆိုးနဲ႔"
နမ္း႐ိႈက္ေနေသာလက္မ်ားကိုဆြဲယူရင္း အနီသူမကို ပုခုံးနဲ႔တိုက္ပစ္သည္။
"ဘုရားေပၚမွာဘာျဖစ္လဲ၊ ငါခ်စ္တာဘုရားက သက္ေသပဲေလ"
"အိုေတာ္ ဘုရားကိုပါသက္ေသေခၚရတယ္လို႔။ နင္ေတာ္ေတာ္ဆိုးဟန္နီ ဟြန္း!"
အနီ႔လက္ကိုဆြဲ၍ စတင္ခဲ့ေသာေန႔စြဲမ်ားသည္ အဲ့ဒီေန႔ကစသည္။ ဘုရားသြား ေက်ာင္းတက္ဆိုသည္မွာလဲ သူမႏွင့္အနီသာျဖစ္သည္။
တကၠသိုလ္ဝင္းထဲမွာ ႏွစ္ေယာက္အတူ ေျခ ခ်ခြင့္ရတာဟာ ေလာကႀကီးရဲ႕ေကာင္းခ်ီးထင္သည္။ အနီရဲ႕လက္ကိုဆြဲ ကမ႓ာတစ္ဆုံး ေလွ်ာက္သြားခ်င္စိတ္ကလဲ အဆုံးအစမဲ့ျဖစ္သည္။
ယခုေတာ့ အနီ႔ကိုသူမပိုင္ဆိုင္သည္။ အနီ႔ႏွလုံးသားကို သူမပိုင္ဆိုင္သည္။ အနီႏွင့္ပက္သက္သမွ် အရာအားလုံးကိုလည္း သူမသာ ပိုင္ဆိုင္သည္။
ထိုအရာမ်ားက ေခတၱခဏမွ်ဆိုတာကို သူမ
မသိခဲ့ပါ။ မေတြးခဲ့မိပါ။ အနီႏွင့္ ခ်စ္သူျဖစ္ခြင့္ရေသာ ထိုရက္မ်ားဟာ သူမအနီ႔လက္ကို ဆြဲ႐ုံမွတစ္ပါး တျခားေသာမ႐ွိခဲ့။ လက္ကေလးကိုင္ထားခြင့္ရ႐ုံနဲ႔ တစ္ကမ႓ာလုံးကို ပိုင္ဆိုင္ခြင့္ရခဲ့သလို သူမ မာန္တက္ခဲ့ဖူးသည္။
အနီႏွင့္ခ်စ္သူျဖစ္ခြင့္ရတာ ခုနစ္ရက္ေျမႇာက္ေသာေန႔။ သူမ အနီႏွင့္တစ္ပတ္သာ ခ်စ္သူျဖစ္ခြင့္ရခဲ့သည္။ ထိုအခ်ိန္မ်ားဟာလည္း သိမ္းထားခ်င္စဖြယ္ေကာင္းခဲ့ေသာ အခိုက္အတန္႔မ်ားပင္။
မွတ္ဥာဏ္ထဲက ဖယ္ထုတ္ခ်င္ခဲ့ေသာ အဲ့ဒီေန႔ကား...
"ငါလက္ထပ္ေတာ့မယ္ဟန္နီ"
"မေနာက္စမ္းနဲ႔အနီ"
သူမဘာမွမျဖစ္သလို ရယ္ေမာေတာ့ အနီ႔မ်က္ဝန္းမ်ားက ခပ္ေၾကာင္ေၾကာင္။ တျခားအရပ္ကိုသာ ေငးေနခဲ့သည္။
"ငါတကယ္ေျပာတာ၊ ငါခြန္မင္းဆက္နဲ႔လက္ထပ္ေတာ့မယ္"
"မေနာက္စမ္းနဲ႔ အနီရာ.."
"နင္က ေယာက်္ားတစ္ေယာက္နဲ႔ငါ့ကိုၿပိဳင္လိုက္တယ္ေပါ့ေလ၊ နင္ငါ့ကိုဘယ္လိုမိန္းမမွတ္ေနသလဲ ဟင္"
အနီ႔အသံမ်ားကတုန္ခိုက္ေနသည္။ အနီဘာကိုဆိုလိုခ်င္တာလဲ သူမနားမလည္။
"ဘယ္လိုအနီ ငါကနင့္ကိုဘာလို႔.."
ေျဖာင္း! !!
သူမ၏ ညာဘက္ပါးတြင္ သူမတစ္ခ်ိန္ကနမ္း႐ိႈက္ခဲ့ေသာ အနီ႔လက္ေခ်ာင္းရာမ်ား ထင္းသြားသည္။
"ငါကနင့္ကိုသိပ္မုန္းတယ္၊ သိရဲ႕လား။
ငါကနင့္ကိုသိပ္မုန္းတယ္ဟန္နီ"
အနီ မ်က္ႏွာကိုလက္ႏွစ္ဖက္ႏွင့္အုပ္ကာ ႐ႈိက္ငိုရင္း သူမေ႐ွ႕မွ ေျပးထြက္သြားသည္။
သူမငိုင္ေနမိေသာ ေန႔ရက္မ်ားမွာ မ်ားျပားခဲ့သည္။ မိန္းမတစ္ေယာက္ေၾကာင့္ ကြဲခဲ့ေသာႏွလုံးသားဟာ ထိရာ၊ ႐ွရာသိပ္ျပင္းလွ၏။
ေဒါက္တာခြန္မင္းဆက္ (M. B. B. S)
မအနီေရာင္ႏွင္း (B. S. C)
ဖိတ္စာအေရာင္က သူမႀကိဳက္ေသာ အျပာေရာင္ေတာက္ေတာက္ျဖစ္သည္။
စာ႐ြက္ေပၚက အမည္နာမႏွစ္ခုဟာ သူမစိတ္ရဲ႕ေဒါသမီးကိုအၫႊန္႔တလူလူတက္ေစသည္။
"အ႐ွက္မ႐ွိဖိတ္ရဲၾကေသးတာပဲ။ ငါကလည္းလာရဲရမွာေပါ့အနီ"
သူမလက္ထဲ ေၾကမြသြားေသာဖိတ္စာတြင္ မ်က္ရည္တစ္စက္က်ဆင္းသြားခဲ့ပါသည္။
"ဒီပြဲမွာ႐ွင္ႏိုင္ပါတယ္ ခြန္မင္းဆက္!"
ခြန္မင္းဆက္၏ေဘးတြင္ အနီ႐ွိေနသည္။ အျပာႏုေရာင္သတို႔သမီးဝတ္စုံႏွင့္အနီသည္ သူမေမွ်ာ္မွန္းထားခဲ့တာထက္ အမ်ားႀကီးက်က္သေရ႐ွိစြာလွပေနသည္။ ထိုသတို႔သမီးသည္ သူမ ပိုင္႐ွင္ခြင့္မ႐ွိေသာ သတို႔သမီး။
"လာေပးတဲ့အတြက္ ေက်းဇူးပါပုလဲတင္။"
ခြန္မင္းဆက္က ေျပာလာသည္။ ထိုစကားသည္ သူမအတြက္ အထိအနာဆုံးပင္ျဖစ္သည္။
"ကြၽန္မတစ္ခုေလာက္ ေတာင္းဆိုခ်င္တယ္။ ေနာက္ဆုံးအေနနဲ႔ေပါ့"
"ရပါတယ္ မင္းကိုယ့္ကိုေျပာၾကည့္"
အစ္ကိုတစ္ေယာက္၏ လက္ခံႏိုင္ဖြယ္အျပဳံးမ်ားကို ခြန္မင္းဆက္၏ မ်က္ႏွာတြင္ေတြ႕ရသည္။
"ေနာက္ဆုံးအေနနဲ႔ စကၠန္႔ပိုင္းေလာက္ျဖစ္ျဖစ္ အနီ႔ရဲ႕ခ်စ္သူကြၽန္မ ျဖစ္ခြင့္ရခ်င္ေသးတယ္"
".........."
"႐ွင္ရဲ႕သတို႔သမီးမဟုတ္တဲ့အနီေရာင္ႏွင္းကို ကြၽန္မခဏေလာက္ျဖစ္ျဖစ္ပိုင္ဆိုင္ခ်င္တယ္"
"ေကာင္းၿပီေလ"
ခြန္မင္းဆက္က ခ်က္ခ်င္းေျပလည္စြာျပဳံးျပသည္။ ပိုင္ဆိုင္ႏိုင္သူရဲ႕အျပဳံးကေတာ့ ဝင့္ႂကြားႏိုင္တာေပါ့။
"အနီ႔ရဲ႕ႏႈတ္ခမ္းေတြကို ပထမဆုံးကြၽန္မက နမ္းဖူးခ်င္တယ္"
"........."
"ျဖစ္ႏိုင္ရဲ႕လား။ ႐ွင္က လူတစ္ေယာက္လုံးကိုပိုင္ဆိုင္ခြင့္ရေတာ့မွာပဲ၊ ပထမဆုံးျဖစ္ျဖစ္ အနီ႔ႏႈတ္ခမ္းေတြကို ပိုင္ဆိုင္ခြင့္ရမလား။
စကၠန္႔ပိုင္းတင္ရယ္ပါ.."
"ေကာင္းၿပီ၊ ကိုယ္ဒီေလာက္ေတာ့ မင္းကို ခြင့္ျပဳေပးႏိုင္ပါတယ္"
ထိုအခန္းထဲတြင္ ခြန္မင္းဆက္ထြက္သြားၿပီးေနာက္ အနီနဲ႔သူမႏွစ္ေယာက္ထဲသာ က်န္ေနခဲ့၏။
အနီတိတ္ဆိတ္ေနသည္။ ဘာကိုမွ် မေျပာ တုပ္တုပ္မလႈပ္ဘဲ တိတ္ဆိတ္ကာ ေနသည္။
"အနီငါနင့္ကိုမုန္းတယ္"
"ဟန္နီ..."
အနီထိုင္ခုံေပၚထိုင္ေနရာမွ ထလာၿပီး သူမအနားကို ေလွ်ာက္လာသည္။
"မေခၚနဲ႔!"
သူမေအာ္သံအဆုံး အနီ႔ကိုယ္ေလးဆတ္ခနဲတုန္ယင္သြားသည္။
"........"
"ငါနင့္ကိုမုန္းတယ္အနီေရာင္ႏွင္း"
အဆုံးသတ္မွာ သူမကိုယ္တိုင္ အနီ႔ႏႈတ္ခမ္းမ်ားအၾကားတိုးဝင္ခဲ့သည္။ ေသေစႏိုင္ေသာထိုအနမ္းမ်ားသည္ စကၠန္႔ပိုင္းေလာက္သာ ႏႈတ္ခမ္းေပၚက်န္ရစ္ေစခဲ့သည္။
မ်က္ရည္မ်ားႏွင့္ေရာႁပြန္းေနေသာအနမ္းမ်ားသည္ ဘာအရသာမွမ႐ွိလွ။ ဘာခံစားခ်က္မွလဲ ႐ွိမေနပါ။
"ငါကနင့္ကိုမုန္းတယ္၊ ဒါမဲ့နင့္ႏႈတ္ခမ္းေတြကိုေတာ့ ငါကခ်စ္တယ္"
"ဟန္နီ.." ဟုသာ အနီတဖြဖြေခၚဆိုေနခဲ့ပါသည္။
သူမ မက်ေစလိုေသာ ပုလဲဥမ်ား အနီ႔ပါးျပင္ေပၚခိုတြဲေနေသာ္လည္း သူမသုတ္ေပးလိုစိတ္မ႐ွိခဲ့ပါ။
"ငါကအခ်စ္နဲ႔႐ွင္သန္ေနသလို၊ မာနနဲ႔သိကၡာနဲ႔လဲ ႐ွင္သန္ေနတဲ့မိန္းမတစ္ေယာက္။ ငါ့မာနကို႐ိုက္ခ်ိဳးခဲ့တဲ့ နင့္ကိုသိပ္မုန္းတယ္၊ ငါ့ယုံၾကည္မႈကို ေစာ္ကားခဲ့တဲ့နင့္ကိုသိပ္မုန္းတယ္"
"..........."
အနီမ်က္ရည္မ်ားကို သူမကိုယ္တိုင္က်ဆင္းေစခဲ့ျပန္သည္။ အနီကအနမ္းမ်ားႏွင့္သတ္လွ်င္ သူမက စကားလုံးမ်ားႏွင့္ျပန္သတ္မည္။
"ငါ့ဘဝမွာအမုန္းဆုံးမိန္းမကနင္ပဲ
အနီေရာင္ႏွင္း!"
"ငါ့ကိုမုန္းပစ္လိုက္ပါ ဟန္နီ"
ေသေစႏိုင္ေသာအနမ္းမ်ားဟာ မ်က္ရည္မ်ားႏွင့္ ပ်က္ျပယ္ခဲ့ရသည္။
တစ္ခ်ိန္က ပိုင္ဆိုင္ခဲ့ဖူးေသာ သူေပးေသာဒဏ္ရာေၾကာင့္ ႏွလုံးသားမွာ ဒဏ္ရာဗလပြျဖစ္ခဲ့ရ၏။
အတၱႀကီးတဲ့မိန္းမတစ္ေယာက္၏ အၿငိဳးသည္သိပ္ေၾကာက္ဖို႔ေကာင္း၏။ ဒါကို အနီေရာင္ႏွင္း သိတတ္ခဲ့ဖို႔ေကာင္းသည္။
• ၂၈ ဇန္နဝါရီ ၂၀၂၂
• ခီခီမာရတ္တံခြန္
Tbc............
_______________________