ည၇နာရီမထိုးခင်သူကြီးတို့ဘက်တွင်မြတ်မင်းပိုင်တစ်ယောက်အပေါ်ထပ်မှဆင်းလာ၏။ဒေလီယာကတော့အနာရှိန်ကြောင့်ဆေးသောက်ပြီးအိပ်နေလေရဲ့။နန္ဒနှင့်လရောင်ကတော့သူကြီးဘေးတွင်ထိုင်ပြီးစကားပြောနေကြသည်။
"ဦးလေး..ငယ်..ပြန်မလာသေးဘူးလား.."
"အေးကွယ်...ဒီနေ့မှဘာလို့နောက်ကျလဲမသိပါဘူး"
"ဒါဆိုကျွန်တော်လိုက်သွားလိုက်ဦးမယ်"
"အေးအေး..ဓာတ်မီးယူသွားဦး..ဂရုစိုက်သွားပါကွယ်.."
နန္ဒလည်းမြတ်မင်းပိုင်သို့လှမ်းကြည့်ရင်းစကားဆိုလိုက်သည်။
"ကျွန်တော်ရော..လိုက်ခဲ့ပေးရမလားBoss.."
"နေနေ..ရတယ်...ဦးလေးနဲ့ပဲအိမ်မှာနေခဲ့လိုက်"
ဆိုကာဓာတ်မီးကိုဖွင့်ပြီးရွာမြောက်ပိုင်းသို့ထွက်လာခဲ့သည်။လမ်းလျှောက်လာလိုက်တာသင်္ချ်ိုင်းနားသို့ရောက်လာပြီ။မြတ်မင်းပိုင်တစ်ယောက်ထိုနေရာတွင်ခဏရပ်ကာဟိုကြည့်သည်ကြည့်ရင်းလူသုံးယောက်ကတစ်ယောက်ယောက်ကိုဆွဲလားရမ်းလားလုပ်နေတာကိုမြတ်မင်းပိုင်တွေ့သွား၏။သူလည်းဖြေးဖြေးချင်းလမ်းလျှောက်သွားသည်။ထိုလူတွေကလည်းရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့်မြတ်မင်းပိုင်လာတာကိုမသိကြချေ။မြတ်မင်းပိုင်လည်းအမှောင်ထဲမှာဆိုတော့ထိုလူတွေရဲ့မျက်နှာကိုသဲသဲကွဲကွဲမမြင်ရ။
.လူနှစ်ယောက်ကထိုကောင်လေးကိုတစ်ယောက်တစ်ဖက်စီဖမ်းချုပ်လိုက်သောကြောင့်ကောင်လေးမျက်နှာကိုမြတ်မင်းပိုင်တွေ့သွားလေသည်။မျက်နှာတစ်ခုလုံးထင်ထင်ရှားရှာမတွေ့ရပေမဲ့လည်းထိုကောင်လေးဟာသူ့ရဲ့ငယ်ဆိုတာကျိန်းသေအောင်သိသည်။မြတ်မင်းပိုင်လည်းလက်ထဲကဓာတ်မီးကိုလွှတ်ချကာထိုလူဆီသို့ပြေးသွားပြီးအင်္ကျီစကိုဆွဲကာနှစ်ချက်လောက်ပစ်ထိုးလိုက်သည်။
မြတ်မင်းပိုင်ရဲ့လက်စကပြင်းလွန်းသဖြင့်၂ချက်ပဲထိုးတာတောင်ဟိုကောင်$ခွက်တော်တော်စုတ်နေပြီ။သာဗျောလည်းမြတ်မင်းပိုင်ကိုတွေ့တွေ့ချင်း"ဟင်...ဦး"လို့တိုးတိုးလေးရွတ်မိကာချုပ်ခံထားရမှလွတ်အောင်ရုန်းတော့သည်။ထိုနှစ်ယောက်ကလည်း..
"မင်းသူ့ကိုချုပ်ထားလိုက်ငါဟိုကောင်နဲ့ရှင်းမယ်"
ဆိုပြီးမြတ်မင်းပိုင်ရဲ့ကျောသို့ခြေထောက်ဖြင့်လှမ်းကန်လိုက်တော့သည်။ဒါပေမယ့်မြတ်မင်းပိုင်ဟာခန္ဓာကိုယ်ကိုလှည့်လိုက်သဖြင့်မထိသွားချေ။ထိုလူဟာမြတ်မင်းပိုင်သို့ထိုးဖို့ရွယ်လိုက်သည်ဒါကိုလည်းမြတ်မင်းပိုင်တစ်ယောက်ခေါင်းကိုငုံကာရှောင်လိုက်သဖြင့်နောက်တစ်ခါလည်းမထိပေ။ထိုအချိန်မြတ်မင်းပိုင်ရဲ့လက်သီးဟာထိုလူရဲ့မေးစိအောက်ကနေပင့်ထိုးလိုက်သည်။မြတ်မင်းပိုင်ရဲ့ထိုးချက်ကြောင့်ထိုလူရဲ့ပါးစပ်မှသွေးများ"ဖူး"ခနဲထွက်ကျသွားတော့သည်။
ထိုအချိန်သာဗျောသို့ချုပ်ထားသောကောင်ဆီသွားမဲ့အချိန်၂ချက်အထိုးခံထားရတဲ့ကောင်ကပြန်ထလာပြီးမြတ်မင်းပိုင်ရဲ့ကျောကုန်းသို့ဝုန်းခနဲကန်ချလိုက်သည်။မြတ်မင်းပိုင်တစ်ယောက်အကန်ခံလိုက်ရတာဟာသူ့အတွက်မနာပေမဲ့ဒေါသကိုတော့စွလိုက်သလိုပင်...။
သာဗျောလည်း သူ့ဦးအကန်ခံရတာကိုမြင်ပြီး...
"ဦး...သတိထား...အနောက်မှာ"
လို့ပြောပြီးစိတ်ပူရုံသာတတ်နိုင်တော့သည်။သာဗျောရဲ့လက်ကိုထိုလူဟာနောက်ပြန်လိမ်ပြီးချုပ်ထားတာကြောင့်လုံးဝလှုပ်လို့မရ..။သာဗျောလည်းသူလည်းယောက်ျားလေးပဲထိုလူကိုတော့ချနိုင်မည်ဟုတွေးကာထိုလူရဲ့ခြေထောက်သို့ခပ်ပြင်းပြင်းအားနှင့်နင်းချလိုက်သည်။
ထိုလူခြေထောက်ကနာသွားလို့နှင့်တူသည်သာဗျောကိုချုပ်ထားတဲ့လက်ရဲ့အရှိန်ဟာနည်းနည်းတော့ပျော့သွားသည်။ဒါကိုသာဗျောလည်းအခွင့်ကောင်းယူကာတံတောင်ဖြင့်ထိုလူဗိုက်သို့အားပါပါထိုးလိုက်တော့သည်။ထိုလူလည်းသူ့ဗိုက်ကိုလက်ဖြင့်ကိုင်ရင်းဘာမှပြန်မလုပ်နိုင်တဲ့အချိန်သာဗျောတစ်ယောက်ထိုလူရဲ့ကော်လံမှစွဲကာသုံးချက်လောက်ထိုးလိုက်တော့သည်။ထိုလူလည်း အရက်ရဲ့မူးနေတဲ့အရှိန်ရယ် ထိုးလိုက်တဲ့အနာရှိန်ရယ်ကြောင့်ပြန်မထနိုင်တော့ပေ။ပြီးလျှင်သာဗျောလည်းဘေးနားကထုတ်ကိုဆွဲကောက်လိုက်တော့သည်။ ဦးကိုကြည့်လိုက်တော့ကျုပ်အင်္ကျီကိုဖြဲသွားတဲ့ကောင်ကိုအပေါ်ကနေဖိကာပိုင်"နယ်"ထိုးနေသည်။.ထိုအချိန်ကျန်ရှိသောတစ်ကောင်ကဦးကိုအနောက်ကနေရိုက်တော့မယ်အချိန်သာဗျော
လည်းလက်ထဲရှိတာနှင့်ထိုလူခေါင်းသို့ရိုက်ချလိုက်တော့သည်။
"ဟာ...သေများသွားပြီလားမသိဘူး"
"ဟျောင့်...မင်းကများ...ငါ့ငယ်ကိုထိရဲတယ်....ကဲကွာ...သေစမ်းး"
ခွပ်...ခွပ်...အောက်ကလူကိုလက်သီးဖြင့်ထိုးနေတာလုံးဝမရပ်တော့ချေ..။သာဗျောလည်းလက်လွန်ကုန်မှာဆိုး၍ဝင်တားတော့သည်.။
"ဦးတော်တော့လေ...ဟိုမှာသေတော့မယ်..တော်ပါတော့"
"မရဘူး..ငယ်...မတားနဲ့...ဒီကောင်ကငရဲနဲ့ပဲတန်တယ်.."
သာဗျောလည်းမြတ်မင်းပိုင်လက်သို့လှမ်းဆွဲပြီးတားလေသည်။သူ့ရဲ့ငယ်တားမှုကြောင့်မလွှတ်ချင်ပဲလွှတ်လိုက်ရတော့သည်။ထိုလူရဲ့မျက်နှာမှာတော့သွေးများပေပွနေတော့သည်။သုံးကောင်စလုံးမထနိုင်တော့ပေ။
ငယ့်ကိုကြည့်လိုက်တော့အင်္ကျီအရှေ့ကတော်တော်ပြဲသွားသည်။.ရင်ဘတ်တစ်ခုလုံးတောင်မြင်ရနီးပါးပင်။
"ငယ်..ဘာဖြစ်သွားသေးလဲ"
"ဟင့်အင်း..ဦးရော..."
"ကိုဘာမှမဖြစ်ပါဘူးငယ်..ရယ်"
"ဦး..အိမ်ပြန်ကြရအောင်..အိမ်ရောက်မှဆက်ပြောကြတာပေါ့ဒီမှာနေရတာကျောချမ်းလာပြီ"
မြတ်မင်းပိုင်လည်းခေါင်းညိတ်ပြီးငယ့်ကိုပွေ့ချီလိုက်တော့သည်။
"ဦး..ဘာလုပ်တာလဲ..ပြန်ချပေးပါ...."
"ငယ့်ရဲ့ရင်ဘတ်ကိုဘယ်သူမှမပြနိုင်ဘူးငယ်..ဒါကြောင့်ငယ့်ရင်ဘတ်ဖွေးဖွေးလေးကိုကို့ရင်ဘတ်နဲ့ကပ်ထားပြီးပွေ့သွားမလို့..ဒါမှဘယ်သူမှမမြင်ရမှာလေ"
"ဟာ...ခင်ဗျားကြီး..ဗျာ..ဘာမှန်းလဲမသိဘူး"
မြတ်မင်းပိုင်လည်းသဘောကျကြကာမျက်လုံးမှေးသည်အထိရယ်ပြီးအိမ်သို့ပြန်လာခဲ့ကြသည်။.သူတို့၂ယောက်ကတော့အမူးသမားတွေနှောင့်ယှက်သည်ဟုပဲထင်ကြ၏။
သည်လိုနှင့်ပြန်လာခဲ့တာအိမ်သို့ရောက်လေပြီ။သူကြီးတို့သုံးယောက်လည်းမြတ်မင်းပိုင်တို့ကိုလှမ်းကြည့်လိုက်သည်။.သာဗျောကိုပွေ့လာကာမြတ်မင်းပိုင်ရဲ့လက်မှာလည်းသွေးစတွေနှင့်သူကြီးတစ်ယောက်ပိုပြီးရင်ပူသွားတော့သည်။မြတ်မင်းပိုင်လည်းသာဗျောကိုခုံပေါ်သို့ချကာထိုင်ခိုင်းလိုက်သည်။ထိုအခါသာဗျောအင်္ကျီပြဲနေတာကိုသူကြီးတို့သုံးယောက်စလုံးမျက်လုံးပြူးကာကြည့်နေမိတော့သည်။
"ဟဲ့...သားတို့ဘယ်လိုဖြစ်လာကြတာလဲကွယ်....လက်မှာလဲသွေးတွေနဲ့...သားငယ်လည်းအင်္ကျီတွေပြဲလာပါလား"
မြတ်မင်းပိုင်လည်းမျက်ခုံးကြီးကျုံ့ကာမကျေနပ်တဲ့ပုံစံဖြင့်စကားဆိုလိုက်သည်။
"ဘယ်ကအမူးသမားတွေမှန်းမသိဘူး..ငယ့်ကိုအနိုင်ကျင့်နေလို့...ဝင်စော်ပေးလိုက်တာ...သူတို့ကိုအသေပါသတ်ရမှာ..."
သူကြီးလည်းအံ့သြကာ..
"ဟေ...သားဘာဖြစ်သွားသေးလဲ"
"ဘာမှတော့မဖြစ်ပါဘူးအင်္ကျီပြဲသွားတာလေးပါပဲ...ဦးလည်းစိတ်လျှော့ပါနော်..ငယ်ဘာမှမဖြစ်ပါဘူး"
"ငယ်ဘာမှမဖြစ်လို့ပေါ့...ဖြစ်လို့ရှိရင်အဲ့အကောင်တွေနောင်ဘဝကူးအောင်လုပ်ပေးလိုက်မှာ"
"ဟုတ်ပါပြီဗျာ..."
ထိုအသံတွေကြောင့်ဒေလီယာတစ်ယောက်ဘယ်လိုမှအိပ်လို့မရအနာကလည်းနာနေသေးသည်။.သူခိုင်းတာအောင်မြင်လားဆိုပြီးသိချင်ဇောနဲ့အောက်သို့အမြန်ဆင်းတော့သည်။သူ့ခြေထောက်ကအနာကိုတောင်သတိမရတော့ပေ။ဒါပေမဲ့သူအောက်ရောက်တော့ထင်ထားတဲ့အတိုင်းဖြစ်မနေချေ။
"ဒေလီယာ...နိုးပြီးလား."
နန္ဒတစ်ယောက်ဒေလီယာကိုကြည့်ရင်းစကားဆိုလိုက်သည်။
"ဟုတ်တယ်...ဒါကဘာတွေ့ဖြစ်နေကြတာလဲ...သူ့အင်္ကျီကလည်းပြဲနေတယ်..ကိုကို့လက်ကလည်း..."
ဒေလီယာတစ်ယောက်မြတ်မင်းပိုင်ရဲ့လက်ဆစ်လေးတွေမှာသွေးများဆို့ပြီးရောင်နေတာမြင်တော့အနားသို့သွားကာမြတ်မင်းပိုင်လက်ကိုဆွဲယူပြီး...
"ဟယ်..ကိုကို...ဒါဘယ်လိုဖြစ်လာတာလဲ..လက်ကလည်းရောင်နေတာပဲ"
"အရက်မူးသမားတွေငယ့်ကိုနှောက်ယှက်လို့ငါပညာပြလိုက်တာ...အေးးငယ့်ကိုနှောင့်ယှက်မယ်ကြံတဲ့သူတိုင်းကို့ခေါင်းကို ကိုပြန်စမ်းကြည့်ခေါင်းတစ်လုံးအပိုပါလားလို့.....ငယ့်ကိုထိရင်သူတို့ခေါင်းအပြတ်ပဲ"
ဒေလီယာတစ်ယောက်နည်းနည်းတော့ရှိန်သွားသည်။သူ့အလိမ်တွေမပေါ်အောင်...
"အဲ့အမူးသမားတွေကဒေလီ့ကိုနှောင့်ယှက်တဲ့သူတွေပဲနေမှာ...ကိုကိုဘာဖြစ်သွားသေးလဲ"
"ကျစ်...မင်းငါ့ကိုစိတ်ပူစရာမလိုဘူး..."
မြတ်မင်းပိုင်လည်းငယ့်လက်ကိုဆွဲကာ...
"လာ..ငယ်အခန်းထဲသွားမယ်"
ဆိုကာလက်ဆွဲပြီးခေါ်သွားလေသည်.။နန္ဒနှင့်လရောင်လည်းအပေါ်သို့တက်ကာဘုရားစင်ရှေ့မှာခြင်ထောင် ထောင်ကာအိပ်လေသည်။သူကြီးလည်းသူ့အခန်းသူဝင်သွားလေ၏။ဒေလီယာတစ်ယောက်အခန်းထဲဝင်ပြီးကုတင်ပေါ်တွင်ထိုင်ချကာ..
"ငါစီစဥ်ထားတာဒီလိုမဟုတ်ဘူးလေ..ဟာ..ဘာတွေဖြစ်ကုန်တာလဲ...တော်သေးတယ်...ငါ့အကြောင်းသူတို့မပြောလိုက်လို့...အဲ့ကောင်လေးကလည်းဘယ်လိုသတ်မှသေမလည်းမသိဘူး.ကျစ်"
ဆိုကာတစ်ယောက်တည်းဒေါသစိတ်ဖြင့်တွေးနေတော့သည်။
မြတ်မင်းပိုင်တို့အခန်းတွင်..
"ငယ်ကို့ကိုဆေးထည့်ပေး..,"
"ဟုတ်ပြီ...ခဏနော်ဦး.."
သာဗျောတစ်ယောက်အင်္ကျီအမြန်လဲကာအံဆွဲထဲကဆေးဘူးယူလာပြီးမြတ်မင်းပိုင်လက်သို့လိမ်းပေးနေတော့သည်။
"ဦး...ကျောကုန်းရောသက်သာရဲ့လား"
"အွန်း..သက်သာပါတယ်ငယ်ရဲ့...နောက်တစ်ခါညဘက်ကြီးဒီလိုတစ်ယောက်တည်းမသွားနဲ့တော့နော်...ကိုစိတ်မချဘူးငယ်ရယ်.."
သာဗျောတစ်ယောက်လက်ကလည်းဆေးဘူးအဖုံးပိတ်ကာပါးစပ်မှလည်းစကားပြောနေသေးသည်။
"ဟုတ်ကဲ့ပါ ဦးရဲ့ငယ်မသွားတော့ဘူးနော်.."
မြတ်မင်းပိုင်တစ်ယောက်အိပ်ယာပေါ်သို့ပက်လက်လှဲချလိုက်သည်။.လက်တစ်ဖက်ကိုခေါင်းအုံးပေါ်တင်၍ဆန့်ကာဒီပေါ်မှာလာအိပ်ဆိုသောပုံစံဖြင့်လက်တစ်ဖက်ဖြင့်သူ့လက်မောင်းသို့ပုတ်ပြသည်။သာဗျောလည်းဆေးဘူးသွားထားပြီးမြတ်မင်းပိုင်လက်မောင်းပေါ်သို့ဝင်လှဲလိုက်တော့သည်။
"ငယ်...ကိုမရှိတဲ့အချိန်တွေ..ကိုယ့်ကိုယ်ိုယ်ရုစိုက်ရမယ်နော်..ရေချိုးတာလည်းမကြာစေနဲ့...ကို့ကိုလည်းနေ့တိုင်းဖုန်းဆက်ရမယ်"
"ဟုတ်ပါပြီဦးရဲ့...ဦးလည်းငယ့်ကိုနေ့တိုင်းလွမ်းရမယ်နော်..."
"ဟုတ်ပါပြီဗျာ...ချစ်လိုက်တာငယ်ရယ်..."
ဆိုကာသာဗျောနဖူးလေးသို့အနမ်းတစ်ပွင့်ခြွေလိုက်သည်။
"ငယ်လည်းဦးကိုရင်ထဲအသဲထဲကနေကိုအရမ်းချစ်တယ်...ဦးကိုမခွဲနိုင်ဘူး..ဒါ့ကြောင့်ငယ့်ကိုမထားခဲ့ရဘူးနော်"
"စိတ်ချပါဗျာ..လုံးဝမထားခဲ့ဘူးဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ...ဦးအိပ်ကြမယ်လေ...ငယ်အိပ်ချင်နေပြီ"
"ကဲဒါဆိုလည်းအိပ်ကြတာပေါ့"
ဆိုကာရင်ခွင်ထဲကကောင်လေးကိုတင်းတင်းကျပ်ကျပ်လေးဖတ်ကာနှစ်ယောက်သားအိမ်မက်ကမ္ဘာလေးသို့ရောက်သွားကြတော့သည်။
ဘာလိုလိုနှင့်မြတ်မင်းပိုင်တို့ပြန်ရတော့မယ်အထုပ်အပိုးတွေတောင်ပြင်ဆင်ပြီးသွားပြီလရောင်ကတော့နေခဲ့မည်ဖြစ်သည်။.မြတ်မင်းပိုင်ကသူ့ကလေးကိုစိတ်မချလို့နေခဲ့ပေးပါဆိုတာနှင့်နေခဲ့လိုက်ရခြင်းဖြစ်သည်။.ပိုက်ဆံကိုတော့လရောင်တစ်ယောက်စိတ်ပူစရာမလိုဘူးနန္ဒကလိုလေသေးမရှိအောင်ထားသည်။ထိုအချိန်အိတ်တွေသယ်ကာနန္ဒတစ်ယောက်အိမ်ပေါ်မှအောက်သို့ဆင်းလာသည်။အနောက်တွင်လည်းမြတ်မင်းပိုင်နှင့်ဒေလီယာလည်းပါလာသည်။
သာဗျော,လရောင်နှင့်သူကြီးကတော့ခုံတွင်ထိုင်ကာစောင့်နေသည်။မြတ်မင်းပိုင်တစ်ယောက်သာဗျောကိုနှစ်ယောက်တည်းစကားပြောရအောင်ဆိုကာမျက်စပစ်ပြပြီးခြံထဲကခရေပင်အောက်သို့ခေါ်သွားတော့သည်။သာဗျောတစ်ယောက်သူ့ဦးပြန်တော့မှာကိုစိတ်မကောင်းသဖြင့်မျက်ရည်လေးများဝဲနေတော့သည်။
"ငယ်...မငိုရဘူးလေကွာ...ကိုကအပြီးပြန်တာမှမဟုတ်ပဲ...ကိုကိစ္စတွေဖြေရှင်းပြီးတာနဲ့ငယ့်ဆီပြန်လာမှာ.."
"ဦး..ငယ်စောင့်နေမှာနော်...မြန်မြန်ပြန်လာခဲ့...ဟိုရောက်ရင်ဖုန်းဆက်နော်ဦး"
"ဟုတ်ပါပြီဗျာ..ငယ်လည်းဂရုစိုက်နော်...ထမင်းကိုလည်းပုံမှန်စားနော်..မစားဘဲမနေနဲ့...ညဘက်တွေဆိုအပြင်မထွက်ရဘူးနော်"
သာဗျောတစ်ယောက်မြတ်မင်းပိုင်ပါးလေးလက်နှစ်ဖက်နဲ့ကိုင်ကာ..
"ငယ့်ကိုကလေးလေးလို့များထင်နေလား..မှာနေတာမပြီးတော့ဘူး..."
မြတ်မင်းပိုင်လည်းငယ့်လက်လေးကိုဆွဲယူပြီးတစ်ချက်နမ်းကာ...
"ငယ်ကကို့အတွက်ကလေးပဲလေ...မဟုတ်ဘူးလား...ဒါနဲ့အပြန်လက်ဆောင်လေးတောင်မပေးတော့ဘူးလား"
ဘာလက်ဆောင်လဲဆိုသောအကြည့်နဲ့သာဗျောမြတ်မင်းပိုင်ကိုကြည့်လိုက်သည်။.မြတ်မင်းပိုင်လည်းသူ့နှုတ်ခမ်းကိုလက်ညှိုးနဲ့ထိုးပြပြီးနမ်းပါဆိုသောပုံစံဖြင့်လုပ်ပြလေသည်။
သာဗျောလည်းခြေဖျားလေးထောက်ကာ...
"ပြွတ်စ် "ခနဲမြည်အောင်နမ်းလိုက်သည်။
"တော်ပြီ..ဒီ့ထက်မပိုနဲ့တော့...ပြန်လာမှပိုပေးမယ်"
မြတ်မင်းပိုင်လည်းဟုတ်ပါပြီဗျာဆိုပြီးပြုံးပြကာသာဗျောသို့ဆွဲဖက်လိုက်တော့သည်။
နန္ဒတို့ဘက်တွင်...
"ကိုကို...ဂရုစိုက်သွားနော်..ဟိုရောက်ရင်လည်းဖုန်းဆက်ဦး..."
"ဟုတ်ပါပြီBabyရာ...Babyလည်းဂရုစိုက်နော်...ကိုပြန်လာရင်Babyကိုကလေးရအောင်လုပ်ပေးမယ်ဟဲဟဲ"
လရောင်လည်းနန္ဒလက်မောင်းသို့တစ်ချက်ထုကာသူကြီးရှေ့မှာဘာတွေပြောနေတာလဲဆိုတဲ့အကြည့်နှင့်ကြည့်လိုက်တော့သည်။ဒေလီယာလည်း...
*သူတို့ကြည်နူးနေတာမပြီးကြတော့ဘူးလားမသိဘူး...နောက်ကျတော့မယ်*
"ဟဲ့နန္ဒ...နောက်ကျနေပြီ..ကိုကို့ကိုခေါ်လိုက်တော့လေ"
နန္ဒလည်းနာရီသို့တစ်ချက်ကြည့်ပြီးဟုတ်သားပဲဆိုသောပုံစံဖြင့်မြတ်မင်းပိုင်ကိုလှမ်းခေါ်တော့သည်။
"Bossရေ...ကျွန်တော်သို့သွားကြရအောင်...လေယာဥ်မမှီပဲနေမယ်"
နန္ဒစကားကိုကြားသောမြတ်မင်းပိုင်လည်းအိမ်ထဲသိုအမြန်ဝင်လာကာသူကြီးကိုနှုတ်ဆက်တော့သည်။
"ဦးလေးကျွန်တော်ပြန်တော့မယ်...အစစအရာရာဂရုစိုက်ကြပါဗျာ.."
"အေးကွယ်မောင်ရင်လည်း..ဂရုစိုက်သွားနော်...မင်းအဖေကိုလည်းသတိရတယ်လို့ပြောလိုက်ပါဦးကွယ်.."
ဟုတ်ကဲ့ပါဆိုကာသာဗျောဘက်သို့လှည့်ကြည့်ရင်း..
"ကိုသွားပြီနော်ငယ်...ချစ်တယ်နော်"
"ငယ်လည်းချစ်တယ်...တာတာ့"
ဆိုကာနှုတ်ဆက်လိုက်သည်။.နန္ဒလည်းလရောင်သို့နှုတ်ဆက်ကာထိုအိမ်လေးမှထွက်သွားကြတော့သည်။ထွက်သွားသောကျောပြင်လေးကိုငေးကြည့်နေကြသောလူသုံးယောက်မှာနှစ်ယောက်ကတော့မျက်နှာငယ်လေးတွေဖြင့်ကျန်ခဲ့တော့သည်။