ခွင့် (Unicode+Zawgyi)

By mg-yoe-shin

16.6K 977 864

တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။ More

Intro(U+Z)
Chapter-1(U+Z)
Chapter-2(U+Z)
Chapter-3(U+Z)
Chapter-4(U+Z)
Chapter-5(U+Z)
Chapter-6(U+Z)
Chapter-7(U+Z)
Chapter-8(U+Z)
Chapter-9(U+Z)
Chapter-10(U+Z)
Chapter-11(U+Z)
Chapter-12(U+Z)
Chapter-13(U+Z)
Chapter-14(U+Z)
Chapter-15(U+Z)
Chapter-16(U+Z)
Chapter-17(U+Z)
Chapter-18(U+Z)
Chapter-19(U+Z)
Chapter-20(U+Z)
Chapter-21(U+Z)
Chapter-22(U+Z)
Chapter-23(U+Z)
Chapter-24(U+Z)
Chapter-25(U+Z)
Chapter-26(U+Z)
Chapter-27(U+Z)
Chapter-28(U+Z)
Chapter-29(U+Z)
Chapter-30(U+Z)
Chapter-31(U+Z)
Chapter-32(U+Z)
Chapter-33(U+Z)
Chapter-34(U+Z)
Chapter-36(U+Z)
Chapter-37(U+Z)
Chapter_38(U+Z)
Chapter-39(U+Z)
Chapter-40(U+Z)
Chapter_41(U+Z)
Chapter-42(U+Z)
Chapter-43(U+Z)
Chapter-44(U+Z)
Chapter-45(U+Z)
Chapter-46(U+Z)
Chapter-47(U+Z)
Chapter-48(U+Z)

Chapter_35(U+Z)

211 16 2
By mg-yoe-shin

၂၀၂၀ခုနှစ်

သက္ကရာဇ်အဟောင်းတွေ ပြန်ကြည့်ရင်းကနေ လက်ရှိအချိန်မှာလူက အသက်လေးထိပ်စီးနား ကပ်နေလေပြီ။ယခုဆို အသက်သုံးဆယ်ကျော် လေးဆယ်နားနီးအရွယ် လူတစ်ယောက်၏ ရင့်ကျက်တည်ငြိမ်မှုတွေ အပြည့်ရှိလာခဲ့ပြီ။ ဖြစ်ပျက်ခဲ့သမျှအား သင်ခန်းစားယူပြီး ကြိုးစားရုန်းကန်ခဲ့တာလည်း ပါတာပေါ့လေ....။

တစ်ချိန်တုန်းက...
ဟုတ်တယ်။ တစ်ချိန်တုန်းက မိုက်ရူးရဲဆန်စွာ တစ်ကိုယ်တည်းလေလွင့်နေ
ခဲ့မိသည်။ သူငယ်ချင်းစည်းကို မကျော်ရက်နိုင်ခဲ့သည့် စိတ်တစ်ခုကြောင့် ချစ်ရသူကို ချစ်တယ်လို့ မဖွင့်ပြောခဲ့မိရကောင်းလားဟု တွေးရင် ကိုယ့်ကိုယ်ကိုယ် တစ်ခါတခါ ဒေါသထွက်ကာ မုန်းတီးမိသည်။အရာရာကို စဉ်းစားချင့်ချိန်ကာ ဆုံးဖြတ်ချက်အချို့နှောင်းနှေးခဲ့သည့် ကိုယ့်ကိုကိုယ်လည်း အားမရခဲ့။

"အတိတ်တွေကို ကြိုးစားမေ့ပါသားရယ်"

အမြဲလိုလို အတိတ်နွံထဲနစ်နေခဲ့သည့်သူကို ဖေဖေဆုံးမတတ်သည်။ ဖေဖေ့ဆုံးမမှုတွေကိုပင်ထိန်လင်း လက်မခံချင်။အတိတ်တွေကို မေ့ရမယ်တဲ့‌ေလ။မေ့ပစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ကျွန်‌ေတာ်အတိတ်ကို ခုထိ မမေ့နိုင်သေးဘူး။ အထူးသဖြင့် ငယ်ဘဝ၊ ကျွန်တော့်မွေးရပ်မြေ၊နောက်ပြီး ကျွန်တော့်အတွက် အမြဲ သတိရနေဦးမယ့် လူတစ်ယောက်။

အတိတ်ဆိုတာ သတိရခြင်းနဲ့ မျှားခေါ်ရင်
ပစ္စုပ္ပန်ဆီရောက်လာတတ်စမြဲ မဟုတ်လား။နာကျင်ရရုံကလွဲလို့ပေါ့။ သတိရခြင်းနဲ့မျှားခေါ်လို့ ရောက်လာတတ်တဲ့ အတိတ်မှန်သမျှကို ကျွန်တော်မြတ်နိုးတယ်။ပြီးတော့...အဲ့ဒီအတိတ်တွေကို ပြင်ခွင့်ရရင် ပြင်ချင်သေးပါရဲ့။

"ကိုကိုလေး...ကိုကိုလေး"

"ဘာလဲ"

အခန်းအပြင်ဘက်မှ တကြော်ကြော် အော်ခေါ်နေသ‌ံကြောင့် ထိန်လင်း အတွေးစတစ်ချို့ ပြတ်သွားရလေသည်။

"ဘဘကြီးက မနက်စာစားဖို့ ခေါ်ခိုင်းလိုက်လို့ပါ"

"အေးအေး လာခဲ့မယ်လို့"

စားပွဲမှ နာရီကိုတစ်ချက်ကြည့်လိုက်မိသည်။
ရှစ်နာရီ ထိုးခါနီးနေလေပြီ။ မကြာခင် အလုပ်သွားရတော့မည်ဖြစ်သည်။ အဝတ်အစားလဲကာ ဖိုင်တစ်ချို့ လက်တွင်ကိုင်လျက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"မောနင်း ဖေဖေ"

ထမင်းစားခန်းထဲတွင် ထိုင်ခုံတစ်ခုအား ဆွဲကာ ထိုင်ရင်းပြောလိုက်သည်။ ဖေဖေကတော့ ဘယ်အချိန်ကတည်းကပင် စောင့်နေသည် မသိ။အိပ်ယာအစောကြီးထတတ်သည့် ဖေဖေ့အကျင့်ကိုတော့ ထိန်လင်း ယခုထက်ထိလိုက်မမှီနိုင်ပါ။

စားပွဲဝိုင်းပေါ်တွင် အသင့်ရှိနေသည့် ကရားထဲမှ ဖျော်ထားသည့် ကော်ဖီအနည်းငယ်အား ခွက်ထဲသို့ လောင်းထဲကာ တစ်ကျိုက်သောက်လိုက်သည်။

"သား အလုပ်ရော အဆင်ပြေလား သား ဘထွေးနဲ့ရော အဆင်ပြေလား"

"ဟုတ်ပြေပါတယ် ဖေဖေ့ညီက စည်းကမ်းသိပ်ကြီးတယ် ပြီးတော့ တစ်ခါတခါကျ သားပါ ကလေးတွေနဲ့အတူ ရောဆူခံရတယ်"

ထိန်လင်းအပြောကြောင့် ဖေဖေက ဟက်ဟက်ပက်ပက် ရယ်တော့သည်။
ဟုတ်သည်လေ။ အသက်လေးဆယ်ပြည့်ခါနီးလူတစ်ယောက်ကို ဆူစရာလား။အလုပ်ရှင်လည်းဖြစ် ဦးလေးလည်းဖြစ်သည့် လူပျိုကြီးဦးသူရအား ထိန်လင်းကြောက်ရပါသည်။

"မင်း ဦးလေးက လူပျိုကြီးလေကွာ စိတ်ဆတ်တာပေါ့က‌ွ..။ငါတော့ မြင်ယောင်သေးတယ် ဦးလေးဖြစ်သူက လူပျိုကြီး၊ တူတော်မောင်က လည်းလူပျိုကြီး ဟား ဟား မင်းတို့တူဝရီးကြောင့်တော့ ငါတို့မျိုးဆက်ပြတ်ပါပြီကွာ"

ရယ်ရယ်မောမောနှင့် စနောက်နေသော ဖေဖေ့ကြောင့် ထိန်လင်းပင် ရယ်မောမိ‌ေလသည်။

မေမေဆုံးပြီးကတည်းက ရွာကနေစွန့်ခွာလာခဲ့ကာ ယခုလို ပျော်ရွှင်နေသည့် ဖေဖေ့ကို ကျေးဇူးတင်ရပါသည်။ ချစ်ရသောသူများ မရှိတော့သည့် ရွာလေးကို စွန့်ခွါခဲ့တာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ရွာက အိမ်နှင့်ခြံကိုတော့ မေမေ့ရဲ့ အစ်မကြီကြီးစုဆီမှာသာ အပ်နှံခဲ့သည်။

"ဘထွေးရော ဖေဖေ"

ဘထွေးကိုမမြင်သည်မို့ မေးလိုက်ရခြင်းဖြစ်သည်။

"အရေးတကြီးကိစ္စပေါ်လာလို့တဲ့ မန်းလေး ခဏဆင်းသွားတယ်"

"ဪ ဟုတ်ကဲ့ဖေဖေ"

"သားက နောက်လဆို အသက်၄၀ပြည့်ပြီနော်။ အိမ်ထောင်မပြုတော့ဘူးလား ‌ကိုယ့်ရှေးရေးအတွက်လည်း ကိုယ်စဉ်းစားရမယ်မဟုတ်လား။ လူတစ်ယောက်အတွက် မိသားစုအသိုက်အမြုံဆိုတာ လိုတယ်သားရဲ့"

"သား ခုထိတော့ အိမ်ထောင်မပြုချင်သေးဘူး..။ဖေဖေ့ရဲ့ Generationတရားကိုလည်း နောက်နေ့မှအေးဆေးနာတော့မယ်။ ခုတော့ အလုပ်သွားဦးမယ် ဖေဖေ"

"မင်းကလေ ဒီအကြောင်းပြောရင် ရှောင်ရှောင်ထွက်သွားပါလား ..ကဲ ကဲ အလုပ်သွားမယ်ဆိုလည်း ဂရုစိုက်သွား"

"ဟုတ်ကဲ့ဖေဖေ"

ဖေဖေ့ကို နှုတ်ဆက်ပြီးသည်နှင့် အိမ်ရှေ့ဆင်ဝင်အောက်တွင် ထိုးထားသော ဆလွန်းအဖြူလေးအား ညင်သာစွာဖြင့် ‌မှန်မှန်မောင်းရင်း Companyရှိရာသို့ ထွက်လာခဲ့လိုက်တော့သည်။

"Future Light Construction Com.ltd"
       
Future Light Construction၏ ဆောက်လုပ်ရေးတာဝန်ခံ မန်နေဂျာသည် အမြဲတစေ တည်တည်တံ့တံ့နေတတ်သည့် မန်နေဂျာဦးထိန်လင်းဖြစ်သည်။ ရုံးတွင် ထိုသူ့ကို  မကြောက်သည့်လူ ဟူ၍ မရှိပါ။ အားလုံးက ရိုသေလေးစားကြရသည်။မန်နေဂျာဟူသော ဂုဏ်အရှိန်ကြောင့်တစ်ကြောင်း၊ အမြဲတစေ မျက်နှာတင်းတင်းဖြင့် အရယ်အပြုံးမရှိလောက်အောင် နေတတ်သည်ကတစ်ကြောင်း‌ေကြာင့် ဖြစ်သည်။

ထိန်လင်းအောင် ဒီCompanyမှာ အလုပ်ဝင်ခဲ့တာ ၈နှစ်ကျော်ကျော်ရှိခဲ့ပြီဖြစ်သည်။လွန်ခဲ့သောနှစ်များစွာက AGTI(Civil)ဘွဲ့လက်မှတ်လေးကိုင်ပြီး ယောင်ခြောက်ဆယ်ဘဝနှင့် စိတ်တွေလေနေ‌ခဲ့သော သူ့ကို ဖေဖေက သူ့ညီCompanyမှာ အလုပ်သွင်းပေးခဲ့တာဖြစ်သည်။

ဒီနေ့ Companyမှာ လက်ထောက်ရာထူးရွေးဖို့ အင်တာဗျုးခေါ်ထားတာကြောင့် အလုပ်ကိုစောစောထွက်လာခဲ့ရသည်။အင်တာဗျူးသည့်အလုပ်သည် HRကိုမင်းမောင်၏ အလုပ်ဖြစ်သော်လည်း မိမိနှင့်အတူ လက်တွဲလုပ်မည်သူရွေးချယ်မှာမို့ ကိုယ်တိုင်လည်း စူးစမ်းချင်လှသည်။

ကားကြပ်သည့်ပြဿနာကို ရင်ဆိုင်ခဲ့ရတာကြောင့် Companyရောက်တော့ ၉နာရီ ထိုးခါနီးနေလေပြီ။ ထိန်လင်း ရုံးမှ ဝန်ထမ်းများကို နှုတ်ဆက်ပြီး မိမိရုံးခန်းစားပွဲလေးထဲ ဝင်ခဲ့လိုက်သည်။ အခန်းလေးထဲ ဝင်မိသည်နှင့် စားပွဲပေါ်တွင် အလုပ်စာရွက်Fileတစ်ထပ်က ဆီးကြိုနေလေသည်။ထိန်လင်း အလုပ်တွင် စိတ်နှစ်ထားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ လူတစ်ယောက်ကို သတိရတိုင်း၊ အတိတ်ဆီပြန်သွားချင်စိတ် ပေါ်လာတိုင်း အလုပ်ကိုသာဖိလုပ်တတ်သည်။ ယခုလို အနေအထားတစ်ခုရောက်လာခဲ့သည်မှာလည်း တစ်စုံတစ်ယောက်ကြောင့်ဆိုလည်း မမှား။

"ဒေါက် ဒေါက် ဒေါက်.."

အခန်းအပြင်မှ တံခါးခေါက်သံကြောင့် ထိန်လင်း အတွေးတွေက ရေငွေ့လို အလျဉ်းပျောက်ပျက်သွားသည်။

"ဝင်ခဲ့ပါ .."

ဝင်ခဲ့ပါ ဟူသော စကားလေးဆုံးသည်နှင့်
မန်နေဂျာဦးထိန်လင်း၏ ရုံးခန်းတံခါးချပ်လေးသည် ခပ်ဟဟ ပွင့်လာလေသည်။ ခပ်ဟဟပွင့်လာသော တံခါးချပ်၏ နောက်တွင် ဝင်လာသူက ရုံးဝန်ထမ်း မိန်းကလေးတစ်ယောက် ဖြစ်သည်။

"ဘာကိစ္စရှိလို့လဲ.."

"ဟုတ်ကဲ့ အင်တာဗျူးကိစ္စပါဆရာ အလုပ်လျှောက်ထားသူပေါင်း ၂၅ယောက်ရှိပါတယ် ဆရာ...။HRက နေမကောင်းလို့ ခွင့်ယူထားပါတယ်..အင်တာဗျူးကိစ္စကို ဆရာကပဲ
ဆောင်ရွက်ပေးဖို့ လာပြောတာပါ ဆရာ.."

"ဪ အင်း.."

HRကိုမင်းမောင် ခွင့်ယူထားသည်ဆိုသောကြောင့် အင်တာဗျုးကိစ္စသည် ထိန်လင်း ခေါင်းပေါ်ကျလာတော့သည်။ အလုပ်လျှောက်ထားသူတွေက ၂၅ပင် ရှိသည်တဲ့။ ငြီးငွေ့စရာကောင်းလှသည့် အမေးအဖြေကိစ္စကို လုပ်ရလိမ့်ဦးမည်။ သူ့အလိုသာဆို ဘာမှမေးမနေချင်။

"ဒီမှာ သူတို့တွေရဲ့ CV Formတွေပါဆရာ.."

ရုံးမှ ဝန်ထမ်းကောင််မလေးသည် CV Formတစ်ထပ်ကြီးကို စားပွဲပေါ်တင်သို့ တင်ပေးသည်။

"ဒါနဲ့ ဘယ်အချိန်စမှာလဲ .."

"၁၀နာရီခွဲပါ ဆရာ.."

"အင်း..ကိုယ့်အခန်းထဲကိုပဲ လွှတ်ပေးဖို့
သက်မှူးခင်ကို ပြောပေးပါ .."

"ဟုတ်ကဲ့ပါ.."

ထိုကောင်မလေး အခန်းထဲမှခပ်သွက်သွက် ထွက်သွားတော့ မှ သက်ပြင်းမောအရှည်ကြီးကို ချမိတော့သည်။HRနေမကောင်း၍ ခွင့်ယူထားသည့်မို့ ရုံးပိုင်းမှာ အကြီးအကဲဖြစ်သည်က တစ်ကြောင်း၊ Constructionတစ်ခုလုံး Directorသည် ထိန်လင်းအောင်၏ ဦးလေးဖြစ်ပြန်သေးသည်။ ထို့ကြောင့်ပင် ဤအင်တာဗျူးရသည့်ကိစ္စကို ထိန်လင်းတာဝန်ယူရပေတော့မည်။

ဆယ်နာရီပင် မထိုးသေးတာကြောင့် မနေ့ကတည်းလုပ်ရန် ကျန်ရှိနေသော လုပ်လက်စ အလုပ်များကို အပြီးသတ်ရသည်။လက်ခံထားသည့် Projectများအတွက် စီစဉ်ရသည်။ ပြီးနောက် ဆောက်လက်စ အဆောက်အဦးအကြောင်း ဖုန်းဆက်ကာ အကျိုးအကြောင်းမေးရသည်။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံ ထပ်ကြားရပြန်သည်။
နံရံပေါ်တွင် ကပ်ထားသော နာရီအားကြည့်လိုက်‌ေတာ့ ဆယ်နာရီခွဲဖို့ ငါးမိနစ်သာလိုတော့သည်။ အလုပ်အင်တာဗျူးအတွက် ကြိုတင်လာပြောတာပဲဖြစ်ရမည်။

"ဝင်ခဲ့ပါ"ဟု အသံခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ ထို့နောက်ရုံးခန်းတံခါးချပ်လေးသည် ခပ်ဖြည်းဖြည်းပွင့်သွားသည်။စာရေးမလေး သက်မှူးခင်ဝင်လာသည်။

"ဘာCaseလဲ သက်မှူး"

"ဟုတ်ကဲ့ အင်တာဗျူးကိစ္စပါဆရာ..။လူတော့အတော်စုံခါနီးနေပါပြီ..."

"အိုကေလေ ဆယ်နာရီခွဲရင် ကိုယ့်အခန်းထဲပဲ ဝင်ခိုင်းလိုက်ပါ.."

"ဟုတ်ကဲ့ဆရာ"ဟုပြောကာ ကိုယ်ကလေးရို့ကာဖြင့် အခန်းထဲမှ ထွက်သွားသည်။ စာရေးမလေး အခန်းထဲမှ ထွက်သွားတော့မှ စောစောက စားပွဲပေါ်တွင် ရုံးအကူကောင်မလေးတင်ထားခဲ့သည့် CV Formတစ်ထပ်အား ယူကြည့်လိုက်သည်။

AGTI (Civil)ဘွဲ့လက်မှတ်ရ ကောင်လေး၊ ကောင်မလေး အများသားပင်ဖြစ်သည်။Companyမှ ခေါ်သောအလုပ်သည် လုပ်သက်သုံးနှစ်နှင့်အထက်ဖြစ်သည်။ ‌လာရောက်လျှောက်ထားသူ အနည်းငယ်မှာ လုပ်သက်ပင် မရှိ‌ကြသေးပေ။ လုပ်သက်နှင့်အတွေ့အကြုံရှိသူက ခပ်ရှားရှား။ ဘာကြောင့် အလုပ်လာလျှောက်သည် မသိသော်လည်း ဘယ်အရာကိုမဆိုဆို လွယ်လွယ်လက်မလျော့တတ်သည့် လူငယ်လေးများ၏ စိတ်ကိုတော့ လေးစားမိသည်။HRများ၏ သတ်မှတ်ချက်များကြောင့်သာပင် ထိန်လင်းစိတ်သဘောအရဆို သွက်လက်ပြီး အလုပ်လုပ်ချင်စိတ်အပြည့်ရှိသော လူငယ်များနှင့်ပဲ အလုပ်တွဲလုပ်မည်သာ။

ဆယ်နာရီခွဲသည်နှင့် ဦးထိန်လင်းအောင်၏ အင်တာဗျူးခြင်း လုပ်ငန်းစတင်ရတော့သည်။လိုအပ်သည့်မေးခွန်းများ မေးခြင်းအပြင်၊အလုပ်ပေါ် စိတ်အားထက်မှုကိုပါ အကဲခတ်ရသည်။
တစ်ယောက်ပြီး တစ်ယောက် မေးမြန်းရသည်။ ပြီးနောက် အကြောင်းပြန်၍ ဆက်သွယ်ပါမည်ဟု
အလှပဆုံးမုသားသုံးရသည်။ CV Formများပင်တစ်ဝက် ကျော်နေပြီ။ ယခုအချိန်ထိ ထိန်လင်း သဘောကျလောက်သည့်အဖြေမျိုးနှင့် စိတ်အားထက်သန်မှုမျိုး မတွေ့ရသေးပေ။

"မင်းနာမည်"

"ထွန်းထွန်းဇော်ပါ ဆရာ"

"လုပ်သက်အတွေ့အကြုံရော.."

"မရှိသေးပါဘူးဆရာ"

"ကိုယ်တို့ Companyကခေါ်တာ လုပ်သက် သုံးနှစ်အထက်နော် အတွေ့အကြုံလုပ်သက်မရှိပဲ ဘာလို့လာလျှောက်ဖြစ်တာလဲ"

"အလုပ်မရှိလို့ပါ"

ဟိုက်။ သေပါရောကွာ။ အလုပ်မရှိလို့ လာလျှောက်တာတော့ သိတာပေါ့ကွ ဟု စိတ်ထဲကပင် ပြောနေမိသည်။ ဘယ်လိုတွေ ဖြေနေကြမှန်းမသိ။

"အိုကေ ကိုယ်တို့ ပြန်ဆက်သွယ်ပေးပါ့ဗျာ"

"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်"ဟုဆိုကာ အခန်းထဲမှ စာရွက်စာတမ်းများပါသည့် ဖိုင်တစ်ခုအားပွေ့ကာ အခန်းထဲမှထွက်သွားလေသည်။

အင်တာဗျူးရသည့်အလုပ်သည် ဒီလောက်ခက်ခဲမှန်းပင် ထိန်လင်း မသိခဲ့ချေ။ ယခုလည်း အင်တာဗျူးလုပ်ရသည်ကိုပင် လူက နားသယ်စပ်တွင် ချွေးစို့လာလေပြီ။

နောက်ဆုံးတစ်ယောက်ပဲ ကျန်တော့သည်။
အင်း ဒီတစ်ယောက်ပဲ ကျန်တော့တယ်။ ဒီထဲကမှ အသင့်တော်ဆုံးလူကို ပြန်ရွေးရမည်ဖြစ်သည်။

တံခါးခေါက်သံ ခပ်တိုးတိုးကြားရပြန်သည်။ ထို့ကြောင့် "ဝင်ခဲ့ပါ"ဟု ထပ်ပြန်ဖြေရသည်။

ပွင့်လာသော တံခါးချပ်လေး၏နောက်တွင် အသားဖြူဖြူ၊ ကိုယ်ဟန်သွယ်သွယ်ပေါ်တွင် မိုးပြာရောင်ရှပ်လက်ရှည်နှင့်အနက်ရောင် စတိုင်ပန်အရှည်ကို တွဲဖက်စွာ ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် ဝင်လာသည်။
ထို့နောက် စားပွဲရှေ့၊ ထိန်လင်းနှင့် မျက်နှာချင်းဆိုင်တွင် မတ်တပ်ရပ်သည်။

"ထိုင်ပါ"

ထိန်လင်း အသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်သည်။

ထိုလူငယ်လေးသည် စားပွဲရှေ့ရှိ ထိုင်ခုံလေးအား ဆွဲကာ ဝင်ထိုင်သည်။ ပြီးနောက် ထိုလူငယ်၏ PFအား လှန်လောကာ ကြည့်လိုက်သည်။

စိုလဲ့လဲ့မျက်ဝန်း။
ဒီမျက်ဝန်းတွေဟာ ထိန်လင်း ရင်းနှီးမှုရှိနေခဲ့သော မျက်ဝန်းတွေနှင့် တူလိုက်တာ။ ဘယ်သူ့မျက်ဝန်းတွေနဲ့ တူနေတာလဲ နှစ်ခါ ပြန်စဉ်းစားစရာမလို။ ထိုသို့ တွေးနေရင်း စိတ်သည် အစိုးမရ။ရင်တစ်ခုလုံး တဒိတ်ဒိတ်ခုန်လာသည်။
မင်း များလား...။

"မင်းနာမည်"

ထိန်လင်းအား အနည်းငယ်ထိန်းချုပ်ရင်း မေးလိုက်သည်။

"အက္ခရာသစ်လွင်ပါဆရာ"

ထိုလူငယ်လေး၏ အသံလွင်လွင်ဖြင့် ပြန်ဖြေသံက နားထဲသို့ ခပ်တိုးတိုးဝင်လာသည်။ "အက္ခရာသစ်လွင်"ဟူသည့် နာမည်လေးအား ခပ်တိုးတိုးလိုက်ရွတ်မိသည်။

"ဘယ်မှာအလုပ်ဝင်ဖူးသလဲ"

"ဘယ်မှာမှ အလုပ်မဝင်ဖူးပါဘူး ခင်ဗျာ"

"အင်း ဒါဆို လုပ်ငန်းအတွေ့အကြုံမရှိဘူးပေါ့ ကိုယ်တို့ Companyကခေါ်တဲ့အလုပ်က လုပ်သက်သုံးနှစ်အထက်ဆိုတာ သိပါတယ်နော်"

"ဟုတ်ကဲ့ သိပါတယ်"

"ဒါဖြင့် ဘာလို့လာလျှောက်တာလဲ"

"စိတ်ဝင်စားလို့ပါ ပြီးတော့ Projectတစ်ခုဆောက်လုပ်ပြီးစီးတဲ့အခါ ဒီထဲမှာ အက္ခရာတို့လည်း ပါဝင်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့်တိုင်း ဂုဏ်ယူကျေနပ်ချင်လို့ပါ"

"ကိုယ်က စည်းစနစ်ကြီးတယ်။ အလုပ်ကိုလည်းလေးစားရမယ် ။အချိန်လည်းတိကျမှ ကြိုက်တယ်။ မင်း ကိုယ်နဲ့အတူလက်တွဲ လုပ်နိုင်ပါ့မလား"

"ဟုတ်ကဲ့ ကျွန်တော်အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်ပါတယ်"

"အိုကေလေ ဒါဆိုမနက်ဖြန်ကစပြီး မင်းအလုပ်စဆင်းလို့ရပြီ"

"ခင်ဗျာ"

အံ့ဩမှုအပြည့်ဖြင့် မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေသည့် ချာတိတ်၏ စိုလဲ့လဲ့မျက်ဝန်းများသည် ထိုချာတိတ်၏ ရိုးသားမှုကို ဖော်ပြေနေသည်။အင်း။ ချာတိတ် ချာတိတ် ။အလွန်ဆုံးရှိမှ အသက်နှစ်ဆယ်စွန်းရုံပေါ့။ မိမိနှင့်အသက်ထက်ဝက်မျှပင်ကွာသည့် လူငယ်လေးဟာ ကျွန်တော့်အတွက်တော့ ချာတိတ်ပေါ့။

"ဟုတ်တယ် ချာတိတ် မင်း မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ။"

မယုံကြည်သည့် မျက်ဝန်းအစုံဖြင့် ချာတိတ်၏ မျက်ဝန်းတို့အား စိုက်ကြည့်ကာ စကားကို ထပ်ကာ အတည်ပြုပေးလိုက်သည်။

"ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ ကျွန်တော့်ကို ခွင့်ပြုပါဦး"ဟုဆိုကာ စားပွဲနားမှသည့် အခန်းတံခါးဆီသို့ သွက်လက်သော ခြေလှမ်းများဖြင့် လျှောက်သွားလေသည်။

ထို့နောက် ဦးထိန်လင်းအောင်၏ ရုံးခန်းတံခါးလေးသည် ပိတ်သွားလေသည်။

နောင်တတရားတွေကြား ရေနစ်နေခဲ့ရတဲ့သူပါ။ပေါ်လာသည့်ကောက်ရိုးမျှင်လေးပဲဖြစ်ဖြစ် အားကိုးတကြီးဆွဲထားချင်နေတာ...။

ဒါနဲ့ အနှစ်နှစ်ဆယ်ကျော် ငြိမ်သက်နေခဲ့တဲ့ ကျွန်တော့်ဝဲဘက်ရင်ဟာ ဘာလို့ တဒိတ်ဒိတ်ခုန်နေဂတာလဲ။

_အဟဲ ကျွန်တော်ပြန်လာပါပြီလို့။
စာရေးသက်နုပြီး ရေရေရာရာမရှိသေးတဲ့ ကျွန်တော့်ရဲ့Fictionလေးကို စောင့်ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်။ あいしてる💙

Zawgyi Version

၂၀၂၀ခုႏွစ္

သကၠရာဇ္အေဟာင္းေတြ ျပန္ၾကည့္ရင္းကေန လက္ရွိအခ်ိန္မွာလူက အသက္ေလးထိပ္စီးနား ကပ္ေနေလၿပီ။ယခုဆို အသက္သုံးဆယ္ေက်ာ္ ေလးဆယ္နားနီးအ႐ြယ္ လူတစ္ေယာက္၏ ရင့္က်က္တည္ၿငိမ္မႈေတြ အျပည့္ရွိလာခဲ့ၿပီ။ ျဖစ္ပ်က္ခဲ့သမွ်အား သင္ခန္းစားယူၿပီး ႀကိဳးစား႐ုန္းကန္ခဲ့တာလည္း ပါတာေပါ့ေလ....။

တစ္ခ်ိန္တုန္းက...
ဟုတ္တယ္။ တစ္ခ်ိန္တုန္းက မိုက္႐ူးရဲဆန္စြာ တစ္ကိုယ္တည္းေလလြင့္ေန
ခဲ့မိသည္။ သူငယ္ခ်င္းစည္းကို မေက်ာ္ရက္နိုင္ခဲ့သည့္ စိတ္တစ္ခုေၾကာင့္ ခ်စ္ရသူကို ခ်စ္တယ္လို႔ မဖြင့္ေျပာခဲ့မိရေကာင္းလားဟု ေတြးရင္ ကိုယ့္ကိုယ္ကိုယ္ တစ္ခါတခါ ေဒါသထြက္ကာ မုန္းတီးမိသည္။အရာရာကို စဥ္းစားခ်င့္ခ်ိန္ကာ ဆုံးျဖတ္ခ်က္အခ်ိဳ႕ႏွောင္းႏွေးခဲ့သည့္ ကိုယ့္ကိုကိုယ္လည္း အားမရခဲ့။

"အတိတ္ေတြကို ႀကိဳးစားေမ့ပါသားရယ္"

အၿမဲလိုလို အတိတ္ႏြံထဲနစ္ေနခဲ့သည့္သူကို ေဖေဖဆုံးမတတ္သည္။ ေဖေဖ့ဆုံးမမႈေတြကိုပင္ထိန္လင္း လက္မခံခ်င္။အတိတ္ေတြကို ေမ့ရမယ္တဲ့ေလ။မေ့ပစ်ဖို့ဆိုတာ လြယ္တဲ့ကိစၥမွမဟုတ္တာ။ကြၽန္ေတာ်အတိတ်ကို ခုထိ မေမ့နိုင္ေသးဘူး။ အထူးသျဖင့္ ငယ္ဘဝ၊ ကြၽန္ေတာ့္ေမြးရပ္ေျမ၊ေနာက္ၿပီး ကြၽန္ေတာ့္အတြက္ အၿမဲ သတိရေနဦးမယ့္ လူတစ္ေယာက္။

အတိတ္ဆိုတာ သတိရျခင္းနဲ႕ မွ်ားေခၚရင္
ပစၥဳပၸန္ဆီေရာက္လာတတ္စၿမဲ မဟုတ္လား။နာက်င္ရ႐ုံကလြဲလို႔ေပါ့။ သတိရျခင္းနဲ႕မွ်ားေခၚလို႔ ေရာက္လာတတ္တဲ့ အတိတ္မွန္သမွ်ကို ကြၽန္ေတာ္ျမတ္နိုးတယ္။ၿပီးေတာ့...အဲ့ဒီအတိတ္ေတြကို ျပင္ခြင့္ရရင္ ျပင္ခ်င္ေသးပါရဲ႕။

"ကိုကိုေလး...ကိုကိုေလး"

"ဘာလဲ"

အခန္းအျပင္ဘက္မွ တေၾကာ္ေၾကာ္ ေအာ္ေခၚေနသံေၾကာင့္ ထိန္လင္း အေတြးစတစ္ခ်ိဳ႕ ျပတ္သြားရေလသည္။

"ဘဘႀကီးက မနက္စာစားဖို႔ ေခၚခိုင္းလိုက္လို႔ပါ"

"ေအးေအး လာခဲ့မယ္လို႔"

စားပြဲမွ နာရီကိုတစ္ခ်က္ၾကည့္လိုက္မိသည္။
ရွစ္နာရီ ထိုးခါနီးေနေလၿပီ။ မၾကာခင္ အလုပ္သြားရေတာ့မည္ျဖစ္သည္။ အဝတ္အစားလဲကာ ဖိုင္တစ္ခ်ိဳ႕ လက္တြင္ကိုင္လ်က္ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။

"ေမာနင္း ေဖေဖ"

ထမင္းစားခန္းထဲတြင္ ထိုင္ခုံတစ္ခုအား ဆြဲကာ ထိုင္ရင္းေျပာလိုက္သည္။ ေဖေဖကေတာ့ ဘယ္အခ်ိန္ကတည္းကပင္ ေစာင့္ေနသည္ မသိ။အိပ္ယာအေစာႀကီးထတတ္သည့္ ေဖေဖ့အက်င့္ကိုေတာ့ ထိန္လင္း ယခုထက္ထိလိုက္မမွီနိုင္ပါ။

စားပြဲဝိုင္းေပၚတြင္ အသင့္ရွိေနသည့္ ကရားထဲမွ ေဖ်ာ္ထားသည့္ ေကာ္ဖီအနည္းငယ္အား ခြက္ထဲသို႔ ေလာင္းထဲကာ တစ္က်ိဳက္ေသာက္လိုက္သည္။

"သား အလုပ္ေရာ အဆင္ေျပလား သား ဘေထြးနဲ႕ေရာ အဆင္ေျပလား"

"ဟုတ္ေျပပါတယ္ ေဖေဖ့ညီက စည္းကမ္းသိပ္ႀကီးတယ္ ၿပီးေတာ့ တစ္ခါတခါက် သားပါ ကေလးေတြနဲ႕အတူ ေရာဆူခံရတယ္"

ထိန္လင္းအေျပာေၾကာင့္ ေဖေဖက ဟက္ဟက္ပက္ပက္ ရယ္ေတာ့သည္။
ဟုတ္သည္ေလ။ အသက္ေလးဆယ္ျပည့္ခါနီးလူတစ္ေယာက္ကို ဆူစရာလား။အလုပ္ရွင္လည္းျဖစ္ ဦးေလးလည္းျဖစ္သည့္ လူပ်ိဳႀကီးဦးသူရအား ထိန္လင္းေၾကာက္ရပါသည္။

"မင္း ဦးေလးက လူပ်ိဳႀကီးေလကြာ စိတ္ဆတ္တာေပါ့ကြ..။ငါေတာ့ ျမင္ေယာင္ေသးတယ္ ဦးေလးျဖစ္သူက လူပ်ိဳႀကီး၊ တူေတာ္ေမာင္က လည္းလူပ်ိဳႀကီး ဟား ဟား မင္းတို႔တူဝရီးေၾကာင့္ေတာ့ ငါတို႔မ်ိဳးဆက္ျပတ္ပါၿပီကြာ"

ရယ္ရယ္ေမာေမာႏွင့္ စေနာက္ေနေသာ ေဖေဖ့ေၾကာင့္ ထိန္လင္းပင္ ရယ္ေမာမိေလသည်။

ေမေမဆုံးၿပီးကတည္းက ႐ြာကေနစြန႔္ခြာလာခဲ့ကာ ယခုလို ေပ်ာ္႐ႊင္ေနသည့္ ေဖေဖ့ကို ေက်းဇူးတင္ရပါသည္။ ခ်စ္ရေသာသူမ်ား မရွိေတာ့သည့္ ႐ြာေလးကို စြန႔္ခြါခဲ့တာ ႏွစ္အေတာ္ၾကာၿပီ ျဖစ္သည္။ ႐ြာက အိမ္ႏွင့္ၿခံကိုေတာ့ ေမေမ့ရဲ႕ အစ္မႀကီႀကီးစုဆီမွာသာ အပ္ႏွံခဲ့သည္။

"ဘေထြးေရာ ေဖေဖ"

ဘေထြးကိုမျမင္သည္မို႔ ေမးလိုက္ရျခင္းျဖစ္သည္။

"အေရးတႀကီးကိစၥေပၚလာလို႔တဲ့ မန္းေလး ခဏဆင္းသြားတယ္"

"ဪ ဟုတ္ကဲ့ေဖေဖ"

"သားက ေနာက္လဆို အသက္၄၀ျပည့္ၿပီေနာ္။ အိမ္ေထာင္မျပဳေတာ့ဘူးလား ကိုယ့္ေရွးေရးအတြက္လည္း ကိုယ္စဥ္းစားရမယ္မဟုတ္လား။ လူတစ္ေယာက္အတြက္ မိသားစုအသိုက္အၿမဳံဆိုတာ လိုတယ္သားရဲ႕"

"သား ခုထိေတာ့ အိမ္ေထာင္မျပဳခ်င္ေသးဘူး..။ေဖေဖ့ရဲ႕ Generationတရားကိုလည္း ေနာက္ေန႕မွေအးေဆးနာေတာ့မယ္။ ခုေတာ့ အလုပ္သြားဦးမယ္ ေဖေဖ"

"မင္းကေလ ဒီအေၾကာင္းေျပာရင္ ေရွာင္ေရွာင္ထြက္သြားပါလား ..ကဲ ကဲ အလုပ္သြားမယ္ဆိုလည္း ဂ႐ုစိုက္သြား"

"ဟုတ္ကဲ့ေဖေဖ"

ေဖေဖ့ကို ႏႈတ္ဆက္ၿပီးသည္ႏွင့္ အိမ္ေရွ႕ဆင္ဝင္ေအာက္တြင္ ထိုးထားေသာ ဆလြန္းအျဖဴေလးအား ညင္သာစြာျဖင့္ မွန္မွန္ေမာင္းရင္း Companyရွိရာသို႔ ထြက္လာခဲ့လိုက္ေတာ့သည္။

"Future Light Construction Com.ltd"
   
Future Light Construction၏ ေဆာက္လုပ္ေရးတာဝန္ခံ မန္ေနဂ်ာသည္ အၿမဲတေစ တည္တည္တံ့တံ့ေနတတ္သည့္ မန္ေနဂ်ာဦးထိန္လင္းျဖစ္သည္။ ႐ုံးတြင္ ထိုသူ႕ကို မေၾကာက္သည့္လူ ဟူ၍ မရွိပါ။ အားလုံးက ရိုေသေလးစားၾကရသည္။မန္ေနဂ်ာဟူေသာ ဂုဏ္အရွိန္ေၾကာင့္တစ္ေၾကာင္း၊ အၿမဲတေစ မ်က္ႏွာတင္းတင္းျဖင့္ အရယ္အၿပဳံးမရွိေလာက္ေအာင္ ေနတတ္သည္ကတစ္ေၾကာင္းေကြာင့် ျဖစ္သည္။

ထိန္လင္းေအာင္ ဒီCompanyမွာ အလုပ္ဝင္ခဲ့တာ ၈ႏွစ္ေက်ာ္ေက်ာ္ရွိခဲ့ၿပီျဖစ္သည္။လြန္ခဲ့ေသာႏွစ္မ်ားစြာက AGTI(Civil)ဘြဲ႕လက္မွတ္ေလးကိုင္ၿပီး ေယာင္ေျခာက္ဆယ္ဘဝႏွင့္ စိတ္ေတြေလေနခဲ့ေသာ သူ႕ကို ေဖေဖက သူ႕ညီCompanyမွာ အလုပ္သြင္းေပးခဲ့တာျဖစ္သည္။

ဒီေန႕ Companyမွာ လက္ေထာက္ရာထူးေ႐ြးဖို႔ အင္တာဗ်ဳးေခၚထားတာေၾကာင့္ အလုပ္ကိုေစာေစာထြက္လာခဲ့ရသည္။အင္တာဗ်ဴးသည့္အလုပ္သည္ HRကိုမင္းေမာင္၏ အလုပ္ျဖစ္ေသာ္လည္း မိမိႏွင့္အတူ လက္တြဲလုပ္မည္သူေ႐ြးခ်ယ္မွာမို႔ ကိုယ္တိုင္လည္း စူးစမ္းခ်င္လွသည္။

ကားၾကပ္သည့္ျပႆနာကို ရင္ဆိုင္ခဲ့ရတာေၾကာင့္ Companyေရာက္ေတာ့ ၉နာရီ ထိုးခါနီးေနေလၿပီ။ ထိန္လင္း ႐ုံးမွ ဝန္ထမ္းမ်ားကို ႏႈတ္ဆက္ၿပီး မိမိ႐ုံးခန္းစားပြဲေလးထဲ ဝင္ခဲ့လိုက္သည္။ အခန္းေလးထဲ ဝင္မိသည္ႏွင့္ စားပြဲေပၚတြင္ အလုပ္စာ႐ြက္Fileတစ္ထပ္က ဆီးႀကိဳေနေလသည္။ထိန္လင္း အလုပ္တြင္ စိတ္ႏွစ္ထားသည္မွာ ၾကာခဲ့ၿပီ ျဖစ္သည္။ လူတစ္ေယာက္ကို သတိရတိုင္း၊ အတိတ္ဆီျပန္သြားခ်င္စိတ္ ေပၚလာတိုင္း အလုပ္ကိုသာဖိလုပ္တတ္သည္။ ယခုလို အေနအထားတစ္ခုေရာက္လာခဲ့သည္မွာလည္း တစ္စုံတစ္ေယာက္ေၾကာင့္ဆိုလည္း မမွား။

"ေဒါက္ ေဒါက္ ေဒါက္.."

အခန္းအျပင္မွ တံခါးေခါက္သံေၾကာင့္ ထိန္လင္း အေတြးေတြက ေရေငြ႕လို အလ်ဥ္းေပ်ာက္ပ်က္သြားသည္။

"ဝင္ခဲ့ပါ .."

ဝင္ခဲ့ပါ ဟူေသာ စကားေလးဆုံးသည္ႏွင့္
မန္ေနဂ်ာဦးထိန္လင္း၏ ႐ုံးခန္းတံခါးခ်ပ္ေလးသည္ ခပ္ဟဟ ပြင့္လာေလသည္။ ခပ္ဟဟပြင့္လာေသာ တံခါးခ်ပ္၏ ေနာက္တြင္ ဝင္လာသူက ႐ုံးဝန္ထမ္း မိန္းကေလးတစ္ေယာက္ ျဖစ္သည္။

"ဘာကိစၥရွိလို႔လဲ.."

"ဟုတ္ကဲ့ အင္တာဗ်ဴးကိစၥပါဆရာ အလုပ္ေလွ်ာက္ထားသူေပါင္း ၂၅ေယာက္ရွိပါတယ္ ဆရာ...။HRက ေနမေကာင္းလို႔ ခြင့္ယူထားပါတယ္..အင္တာဗ်ဴးကိစၥကို ဆရာကပဲ
ေဆာင္႐ြက္ေပးဖို႔ လာေျပာတာပါ ဆရာ.."

"ဪ အင္း.."

HRကိုမင္းေမာင္ ခြင့္ယူထားသည္ဆိုေသာေၾကာင့္ အင္တာဗ်ဳးကိစၥသည္ ထိန္လင္း ေခါင္းေပၚက်လာေတာ့သည္။ အလုပ္ေလွ်ာက္ထားသူေတြက ၂၅ပင္ ရွိသည္တဲ့။ ၿငီးေငြ႕စရာေကာင္းလွသည့္ အေမးအေျဖကိစၥကို လုပ္ရလိမ့္ဦးမည္။ သူ႕အလိုသာဆို ဘာမွေမးမေနခ်င္။

"ဒီမွာ သူတို႔ေတြရဲ႕ CV Formေတြပါဆရာ.."

႐ုံးမွ ဝန္ထမ္းေကာင္္မေလးသည္ CV Formတစ္ထပ္ႀကီးကို စားပြဲေပၚတင္သို႔ တင္ေပးသည္။

"ဒါနဲ႕ ဘယ္အခ်ိန္စမွာလဲ .."

"၁၀နာရီခြဲပါ ဆရာ.."

"အင္း..ကိုယ့္အခန္းထဲကိုပဲ လႊတ္ေပးဖို႔
သက္မႉးခင္ကို ေျပာေပးပါ .."

"ဟုတ္ကဲ့ပါ.."

ထိုေကာင္မေလး အခန္းထဲမွခပ္သြက္သြက္ ထြက္သြားေတာ့ မွ သက္ျပင္းေမာအရွည္ႀကီးကို ခ်မိေတာ့သည္။HRေနမေကာင္း၍ ခြင့္ယူထားသည့္မို႔ ႐ုံးပိုင္းမွာ အႀကီးအကဲျဖစ္သည္က တစ္ေၾကာင္း၊ Constructionတစ္ခုလုံး Directorသည္ ထိန္လင္းေအာင္၏ ဦးေလးျဖစ္ျပန္ေသးသည္။ ထို႔ေၾကာင့္ပင္ ဤအင္တာဗ်ဴးရသည့္ကိစၥကို ထိန္လင္းတာဝန္ယူရေပေတာ့မည္။

ဆယ္နာရီပင္ မထိုးေသးတာေၾကာင့္ မေန႕ကတည္းလုပ္ရန္ က်န္ရွိေနေသာ လုပ္လက္စ အလုပ္မ်ားကို အၿပီးသတ္ရသည္။လက္ခံထားသည့္ Projectမ်ားအတြက္ စီစဥ္ရသည္။ ၿပီးေနာက္ ေဆာက္လက္စ အေဆာက္အဦးအေၾကာင္း ဖုန္းဆက္ကာ အက်ိဳးအေၾကာင္းေမးရသည္။

"ေဒါက္ ေဒါက္ ေဒါက္"

တံခါးေခါက္သံ ထပ္ၾကားရျပန္သည္။
နံရံေပၚတြင္ ကပ္ထားေသာ နာရီအားၾကည့္လိုက္ေတာ့ ဆယ္နာရီခြဲဖို႔ ငါးမိနစ္သာလိုေတာ့သည္။ အလုပ္အင္တာဗ်ဴးအတြက္ ႀကိဳတင္လာေျပာတာပဲျဖစ္ရမည္။

"ဝင္ခဲ့ပါ"ဟု အသံခပ္က်ယ္က်ယ္ျဖင့္ ေျပာလိုက္သည္။ ထို႔ေနာက္႐ုံးခန္းတံခါးခ်ပ္ေလးသည္ ခပ္ျဖည္းျဖည္းပြင့္သြားသည္။စာေရးမေလး သက္မႉးခင္ဝင္လာသည္။

"ဘာCaseလဲ သက္မႉး"

"ဟုတ္ကဲ့ အင္တာဗ်ဴးကိစၥပါဆရာ..။လူေတာ့အေတာ္စုံခါနီးေနပါၿပီ..."

"အိုေကေလ ဆယ္နာရီခြဲရင္ ကိုယ့္အခန္းထဲပဲ ဝင္ခိုင္းလိုက္ပါ.."

"ဟုတ္ကဲ့ဆရာ"ဟုေျပာကာ ကိုယ္ကေလးရို႔ကာျဖင့္ အခန္းထဲမွ ထြက္သြားသည္။ စာေရးမေလး အခန္းထဲမွ ထြက္သြားေတာ့မွ ေစာေစာက စားပြဲေပၚတြင္ ႐ုံးအကူေကာင္မေလးတင္ထားခဲ့သည့္ CV Formတစ္ထပ္အား ယူၾကည့္လိုက္သည္။

AGTI (Civil)ဘြဲ႕လက္မွတ္ရ ေကာင္ေလး၊ ေကာင္မေလး အမ်ားသားပင္ျဖစ္သည္။Companyမွ ေခၚေသာအလုပ္သည္ လုပ္သက္သုံးႏွစ္ႏွင့္အထက္ျဖစ္သည္။ လာေရာက္ေလွ်ာက္ထားသူ အနည္းငယ္မွာ လုပ္သက္ပင္ မရွိၾကေသးေပ။ လုပ္သက္ႏွင့္အေတြ႕အႀကဳံရွိသူက ခပ္ရွားရွား။ ဘာေၾကာင့္ အလုပ္လာေလွ်ာက္သည္ မသိေသာ္လည္း ဘယ္အရာကိုမဆိုဆို လြယ္လြယ္လက္မေလ်ာ့တတ္သည့္ လူငယ္ေလးမ်ား၏ စိတ္ကိုေတာ့ ေလးစားမိသည္။HRမ်ား၏ သတ္မွတ္ခ်က္မ်ားေၾကာင့္သာပင္ ထိန္လင္းစိတ္သေဘာအရဆို သြက္လက္ၿပီး အလုပ္လုပ္ခ်င္စိတ္အျပည့္ရွိေသာ လူငယ္မ်ားႏွင့္ပဲ အလုပ္တြဲလုပ္မည္သာ။

ဆယ္နာရီခြဲသည္ႏွင့္ ဦးထိန္လင္းေအာင္၏ အင္တာဗ်ဴးျခင္း လုပ္ငန္းစတင္ရေတာ့သည္။လိုအပ္သည့္ေမးခြန္းမ်ား ေမးျခင္းအျပင္၊အလုပ္ေပၚ စိတ္အားထက္မႈကိုပါ အကဲခတ္ရသည္။
တစ္ေယာက္ၿပီး တစ္ေယာက္ ေမးျမန္းရသည္။ ၿပီးေနာက္ အေၾကာင္းျပန္၍ ဆက္သြယ္ပါမည္ဟု
အလွပဆုံးမုသားသုံးရသည္။ CV Formမ်ားပင္တစ္ဝက္ ေက်ာ္ေနၿပီ။ ယခုအခ်ိန္ထိ ထိန္လင္း သေဘာက်ေလာက္သည့္အေျဖမ်ိဳးႏွင့္ စိတ္အားထက္သန္မႈမ်ိဳး မေတြ႕ရေသးေပ။

"မင္းနာမည္"

"ထြန္းထြန္းေဇာ္ပါ ဆရာ"

"လုပ္သက္အေတြ႕အႀကဳံေရာ.."

"မရွိေသးပါဘူးဆရာ"

"ကိုယ္တို႔ Companyကေခၚတာ လုပ္သက္ သုံးႏွစ္အထက္ေနာ္ အေတြ႕အႀကဳံလုပ္သက္မရွိပဲ ဘာလို႔လာေလွ်ာက္ျဖစ္တာလဲ"

"အလုပ္မရွိလို႔ပါ"

ဟိုက္။ ေသပါေရာကြာ။ အလုပ္မရွိလို႔ လာေလွ်ာက္တာေတာ့ သိတာေပါ့ကြ ဟု စိတ္ထဲကပင္ ေျပာေနမိသည္။ ဘယ္လိုေတြ ေျဖေနၾကမွန္းမသိ။

"အိုေက ကိုယ္တို႔ ျပန္ဆက္သြယ္ေပးပါ့ဗ်ာ"

"ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္"ဟုဆိုကာ အခန္းထဲမွ စာ႐ြက္စာတမ္းမ်ားပါသည့္ ဖိုင္တစ္ခုအားေပြ႕ကာ အခန္းထဲမွထြက္သြားေလသည္။

အင္တာဗ်ဴးရသည့္အလုပ္သည္ ဒီေလာက္ခက္ခဲမွန္းပင္ ထိန္လင္း မသိခဲ့ေခ်။ ယခုလည္း အင္တာဗ်ဴးလုပ္ရသည္ကိုပင္ လူက နားသယ္စပ္တြင္ ေခြၽးစို႔လာေလၿပီ။

ေနာက္ဆုံးတစ္ေယာက္ပဲ က်န္ေတာ့သည္။
အင္း ဒီတစ္ေယာက္ပဲ က်န္ေတာ့တယ္။ ဒီထဲကမွ အသင့္ေတာ္ဆုံးလူကို ျပန္ေ႐ြးရမည္ျဖစ္သည္။

တံခါးေခါက္သံ ခပ္တိုးတိုးၾကားရျပန္သည္။ ထို႔ေၾကာင့္ "ဝင္ခဲ့ပါ"ဟု ထပ္ျပန္ေျဖရသည္။

ပြင့္လာေသာ တံခါးခ်ပ္ေလး၏ေနာက္တြင္ အသားျဖဴျဖဴ၊ ကိုယ္ဟန္သြယ္သြယ္ေပၚတြင္ မိုးျပာေရာင္ရွပ္လက္ရွည္ႏွင့္အနက္ေရာင္ စတိုင္ပန္အရွည္ကို တြဲဖက္စြာ ဝတ္ဆင္ထားသည့္ လူငယ္ေလးတစ္ေယာက္ ဝင္လာသည္။
ထို႔ေနာက္ စားပြဲေရွ႕၊ ထိန္လင္းႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ မတ္တပ္ရပ္သည္။

"ထိုင္ပါ"

ထိန္လင္း အသံခပ္ျပတ္ျပတ္ျဖင့္ ေျပာလိုက္သည္။

ထိုလူငယ္ေလးသည္ စားပြဲေရွ႕ရွိ ထိုင္ခုံေလးအား ဆြဲကာ ဝင္ထိုင္သည္။ ၿပီးေနာက္ ထိုလူငယ္၏ PFအား လွန္ေလာကာ ၾကည့္လိုက္သည္။

စိုလဲ့လဲ့မ်က္ဝန္း။
ဒီမ်က္ဝန္းေတြဟာ ထိန္လင္း ရင္းႏွီးမႈရွိေနခဲ့ေသာ မ်က္ဝန္းေတြႏွင့္ တူလိုက္တာ။ ဘယ္သူ႕မ်က္ဝန္းေတြနဲ႕ တူေနတာလဲ ႏွစ္ခါ ျပန္စဥ္းစားစရာမလို။ ထိုသို႔ ေတြးေနရင္း စိတ္သည္ အစိုးမရ။ရင္တစ္ခုလုံး တဒိတ္ဒိတ္ခုန္လာသည္။
မင္း မ်ားလား...။

"မင္းနာမည္"

ထိန္လင္းအား အနည္းငယ္ထိန္းခ်ဳပ္ရင္း ေမးလိုက္သည္။

"အကၡရာသစ္လြင္ပါဆရာ"

ထိုလူငယ္ေလး၏ အသံလြင္လြင္ျဖင့္ ျပန္ေျဖသံက နားထဲသို႔ ခပ္တိုးတိုးဝင္လာသည္။ "အကၡရာသစ္လြင္"ဟူသည့္ နာမည္ေလးအား ခပ္တိုးတိုးလိုက္႐ြတ္မိသည္။

"ဘယ္မွာအလုပ္ဝင္ဖူးသလဲ"

"ဘယ္မွာမွ အလုပ္မဝင္ဖူးပါဘူး ခင္ဗ်ာ"

"အင္း ဒါဆို လုပ္ငန္းအေတြ႕အႀကဳံမရွိဘူးေပါ့ ကိုယ္တို႔ Companyကေခၚတဲ့အလုပ္က လုပ္သက္သုံးႏွစ္အထက္ဆိုတာ သိပါတယ္ေနာ္"

"ဟုတ္ကဲ့ သိပါတယ္"

"ဒါျဖင့္ ဘာလို႔လာေလွ်ာက္တာလဲ"

"စိတ္ဝင္စားလို႔ပါ ၿပီးေတာ့ Projectတစ္ခုေဆာက္လုပ္ၿပီးစီးတဲ့အခါ ဒီထဲမွာ အကၡရာတို႔လည္း ပါဝင္ခဲ့တယ္ဆိုတာ ျပန္ေတြးၾကည့္တိုင္း ဂုဏ္ယူေက်နပ္ခ်င္လို႔ပါ"

"ကိုယ္က စည္းစနစ္ႀကီးတယ္။ အလုပ္ကိုလည္းေလးစားရမယ္ ။အခ်ိန္လည္းတိက်မွ ႀကိဳက္တယ္။ မင္း ကိုယ္နဲ႕အတူလက္တြဲ လုပ္နိုင္ပါ့မလား"

"ဟုတ္ကဲ့ ကြၽန္ေတာ္အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားခ်င္ပါတယ္"

"အိုေကေလ ဒါဆိုမနက္ျဖန္ကစၿပီး မင္းအလုပ္စဆင္းလို႔ရၿပီ"

"ခင္ဗ်ာ"

အံ့ဩမႈအျပည့္ျဖင့္ မယုံၾကည္နိုင္ေလာက္ေအာင္ပင္ ျဖစ္ေနသည့္ ခ်ာတိတ္၏ စိုလဲ့လဲ့မ်က္ဝန္းမ်ားသည္ ထိုခ်ာတိတ္၏ ရိုးသားမႈကို ေဖာ္ေျပေနသည္။အင္း။ ခ်ာတိတ္ ခ်ာတိတ္ ။အလြန္ဆုံးရွိမွ အသက္ႏွစ္ဆယ္စြန္း႐ုံေပါ့။ မိမိႏွင့္အသက္ထက္ဝက္မွ်ပင္ကြာသည့္ လူငယ္ေလးဟာ ကြၽန္ေတာ့္အတြက္ေတာ့ ခ်ာတိတ္ေပါ့။

"ဟုတ္တယ္ ခ်ာတိတ္ မင္း မနက္ျဖန္ကစၿပီး အလုပ္ဆင္းလို႔ရၿပီ။"

မယုံၾကည္သည့္ မ်က္ဝန္းအစုံျဖင့္ ခ်ာတိတ္၏ မ်က္ဝန္းတို႔အား စိုက္ၾကည့္ကာ စကားကို ထပ္ကာ အတည္ျပဳေပးလိုက္သည္။

"ဟုတ္ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဆရာ ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး"ဟုဆိုကာ စားပြဲနားမွသည့္ အခန္းတံခါးဆီသို႔ သြက္လက္ေသာ ေျခလွမ္းမ်ားျဖင့္ ေလွ်ာက္သြားေလသည္။

ထို႔ေနာက္ ဦးထိန္လင္းေအာင္၏ ႐ုံးခန္းတံခါးေလးသည္ ပိတ္သြားေလသည္။

ေနာင္တတရားေတြၾကား ေရနစ္ေနခဲ့ရတဲ့သူပါ။ေပၚလာသည့္ေကာက္ရိုးမွ်င္ေလးပဲျဖစ္ျဖစ္ အားကိုးတႀကီးဆြဲထားခ်င္ေနတာ...။

ဒါနဲ႕ အႏွစ္ႏွစ္ဆယ္ေက်ာ္ ၿငိမ္သက္ေနခဲ့တဲ့ ကြၽန္ေတာ့္ဝဲဘက္ရင္ဟာ ဘာလို႔ တဒိတ္ဒိတ္ခုန္ေနဂတာလဲ။

_အဟဲ ကြၽန္ေတာ္ျပန္လာပါၿပီလို႔။
စာေရးသက္ႏုၿပီး ေရေရရာရာမရွိေသးတဲ့ ကြၽန္ေတာ့္ရဲ႕Fictionေလးကို ေစာင့္ဖတ္ေပးၾကတဲ့ တစ္ေယာက္ခ်င္းဆီကို ေက်းဇူးတင္ပါတယ္။
あいしてる💙

Continue Reading

You'll Also Like

1M 11K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
259K 10.5K 64
Start date - 13 Sep 2022 ( 11: 09 AM) End date - 31 May 2023 ကျိုးပြတ်သွားတဲ့ ကတိတစ်စုံဟာ လွင့်ပြယ်သွားတဲ့ တိမ်တိုက်​တွေလိုပဲ ပုံစံတကျ ပြန်စုစည်းလို...
1.7M 69.9K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
223K 36.7K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .