DITOEFV

By myatzon

101K 13K 277

Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More

Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.26(U&Z)
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.33(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.40(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter.46(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.54(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.59(U&Z)
Chapter.60(U&Z)
Chapter.61(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.73(U&Z)
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛

Chapter.58(U&Z)

731 142 2
By myatzon

Unicode.

သူက လက်စွပ်ချွတ်လိုက်တဲ့လက်ကို မျက်နှာနဲ့ပွတ်တိုက်နေရင်း တောင်းပန်နေခဲ့တယ်၊

'' ကျနော် နောက်ဘယ်တော့မှ မဆင်မခြင်မလုပ်တော့ပါဘူး သခင်၊ကျနော်တောင်းပန်ပါတယ်၊ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ကျနော့်ကိုခွင့်လွှတ်ပေးပါ... ''

ကြီးမား မာကျောတဲ့ပတ္တမြားက သူ့ရဲ့နူးည့ံတဲ့အရေပြားနဲ့ ထိမိနေခဲ့တယ်၊

' ငါ့မှာလက်စွပ်ရှိပြီး အဲ့တာကိုသံပြားနဲ့ကပ်ထားနိုင်တဲ့သတ္တိရှိပါစေဆုတောင်းတယ် '

အဲ့တာမှ ငါထိန်းချုပ်ထားရတဲ့ သည်းခံမှုတွေနဲ့ပတ်သတ်တဲ့ စိတ်ဆင်းရဲမှုတွေ လွှတ်ပေးမိလိမ့်မယ်၊

ဒါပေမဲ့ ငါ့ရဲ့အေးစက်စက်မျက်နှာထားမှာ ၊Ecliseကသူ့ရဲ့အမြီးကိုသာလှုပ်ယမ်းနေခဲ့တယ်၊

' သူကရိုးစင်းတာလား ဒါမှမဟုတ် လှည့်​ြဖားနေတာလား '

သူ့လည်ပင်းသူ ကြိုးကွင်းစွပ်နေတဲ့ သူ့ကိုကြည့်
နေရင်း ငါစားပွဲပေါ်ကို လက်စွပ်တင်လိုက်ပြီးတဲ့နောက် ပွတ်သပ်နေတဲ့ငါ့ရဲ့လက်တွေကနေ ရုန်းထွက်လိုက်တယ်၊

ရှင်းလင်းနေတဲ့သူ့ရဲ့လက်တွေနဲ့ မျက်နှာကိုကာလိုက်​ြပီး တရှုံ့ရှုံ့ငိုနေခဲ့တယ်၊

'' Eclise ''

မျက်လုံးသေတွေနဲ့ အကြည့်ချင်းစုံလိုက်စေပြီးမှ အေးအေးဆေးဆေး​​ပြောလိုက်တယ်၊

'' ငါနင့်ကိုဓားပေးလိုက်တဲ့အချိန်ကစပြီး နင်ကငါ့ရဲ့သူရဲ​ေကာင်းပဲ ငါကနင့်ရဲ့တစ်ဦးတည်းသောသခင်ပဲ ''

'' ...... ''

'' အဲ့တာကိုအချိန်တိုင်းမမေ့စေနဲ့ ''

သူကဉာဏ်ပြေးတာကြောင့်
ငါငြင်ငြင်သာသာနဲ့မျက်ခွံတွေကိုတွန့်ချိုးပြီးပြုံးပြလိုက်တယ်၊အဲ့တာကြောင့် ငါအတည်ပြောနေတာလား ရှင်းထုတ်နေတာလားဆိုတာကိုသူမပြောနိုင်ခဲ့ဘူး၊

မီးခိုးရောင်မျက်ဝန်းတွေက ငါ့ဆီရောက်လာပြီး တစ်ဖန်ဝေဝါးနေပြန်တယ်၊

'' ဟုတ်ကဲ့ပါသခင် ''

Interest 54%..

Interest ကသိသိသာသာတက်လာပြန်တယ်၊

' နောက်ဆုံးတော့ '

နောက်ဆုံးတော့အဲ့တာက တစ်ဝက်နီးပါးဖြစ်လာခဲ့ပြီ၊ငါပီပီပြင်ပြင်ပြုံးလိုက်ပြီး လက်တွေနဲ့Ecliseရဲ့ပါးဆီတိုက်ရိုက်အုပ်ကိုင်လိုက်တယ်၊

'' အင်း...ဟုတ်ပါပြီ၊အခုတော့ ကိုယ်ရံတော်တစ်ယောက်အနေနဲ့လုပ်ရမှာကို ငါတို့လုပ်ကြရအောင် ''

အဲ့နောက် စားပွဲမှာတင်ထားခဲ့တဲ့ငါ့ရဲ့လက်စွပ်ကို လက်ညှိုးမှာပြန်ဝတ်လိုက်ပြီး လက်ကိုသူ့ဆီလှမ်းလိုက်တယ်၊

'' ကျေးဇူးပြုပြီး ငါ့ကိုပထမထပ်ဆီ လိုက်ပို့ပေးပါ ''

ခါတိုင်းလိုပဲ Ecliseကငါ့ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်တယ်၊

ငါEclise နဲ့အတူ ပထမထပ်ကိုဆင်းလာခဲ့တယ်၊
စကားပြောနေကြတဲ့ အိမ်တော်ထိန်းနဲ့ Duke တို့လူကြီးတွေဆီပြေးသွားလိုက်တယ်၊

'' အဖေ... ''

သူတို့အရှေ့တံခါးဆီသွားနေတဲ့လမ်းမှာ အပါ်လှေကားကနေဆင်းလာတဲ့ငါ့ကိုမြင်လိုက်တာနဲ့
လမ်းလျှောက်တာကိုရပ်လိုက်တယ်၊

'' မဂ်လာနေ့လည်ခင်းပါရှင့် ''

ငါပြုံးလိုက်ပြီး အရင်စနှုတ်ဆက်လိုက်တယ်၊ဒါပေမဲ့ Dukeကငါ့ကိုစိုက်ကြည့်နေပြီး အတော်လေးကြာတဲ့အထိ ​ြပန်မပြောခဲ့ဘူး၊

'' အဖေ... ? ''

ငါကြောင်အနေတဲ့အကြည့်နဲ့ Dukeကိုထပ်ပြီးခေါ်လိုက်ကာမှ သူကချောင်းဟန့်လိုက်ပြီးပြောလာခဲ့တယ်၊

'' မင်းရဲ့ဝတ်စုံကဘာဖြစ်တာလဲ ''

'' ရှင်...? ''

နှုတ်ဆက်စကားကိုပြန်ဖြေတာမဟုတ်ပဲ သူပြောလိုက်တာကို စိတ်အနှောင့်ယှက်ဖြစ်သွားမိတယ်၊

' ငါ့ဝတ်စုံကဘာဖြစ်နေလို့လဲ '

ငါအတော်အသင့်ဝတ်စားပြီး ငါပိုင်ဆိုင်ထားတာတွေလျော့သွားတာကို အတက်နိုင်ဆုံးရှောင်ဖို့လုပ်ပေမဲ့ ဒါကမူလPenelopeရဲ့ အကြိုက်ဆုံးပုံစံဖြစ်နေခဲ့တယ်လေ၊

Dukeက အတော်လေးစိတ်မကြည်တဲ့လေသံနဲ့ထပ်မေးလာပြန်တယ်၊

'' အရွယ်မရောက်သေးတဲ့ တော်ဝင်အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ်ပြီး...  ''

'' မဂ်လာနေ့လည်ခင်းပါသခင်မလေး၊ဒီနေ့အရမ်းလှနေတာပဲ အထူးသဖြင့် သခင်မလေးဝတ်ထားတဲ့အရောင်က ပုလဲနားကပ်​တွေနဲ့ အရမ်းလိုက်ဖက်နေရောပဲ ''

တစ်ချိန်တည်းမှာပဲ အိမ်တော်ထိန်းက မပြေမပြစ်စကားတွေနဲ့ Dukeပြောနေတာကို​ဖြတ်​ချလိုက်ပြီး တောင်စဥ်ရေမရ ပြောလာတော့တယ်၊ထင်တဲ့အတိုင်းပဲ သူကအတော်လေးဉာဏ်ကောင်းလွန်း
တယ်၊

'' တကယ်လား၊ ကျမမစဥ်းစားဘဲဒီတိုင်းရွေးလိုက်တာ ဒါပေမဲ့ အိမ်တော်ထိန်းကြီးကအဲ့လိုပြောတော့ဝမ်းသာမိပါတယ်၊ကျမ ကြည့်ရတာအဆင်ပြေရဲ့လား ''

ငါပွင့်ခါစနွေဦးပန်းတွေလို ပြုံးလိုက်တယ်၊အိမ်တော်ထိန်းကပြည့်စုံတဲ့အဖြေတစ်ခုပေးလာခဲ့တယ်၊

'' အသေချာပဲ၊ကျနော့်မျက်လုံးတွေမူးမိုက်သွားတော့မလို့ ''

'' ကျေးဇူးပါအိမ်တော်ဖိန်းကြီး၊အိမ်တော်ထိန်းကြောင့် ကျမရဲ့ကျန်တဲ့အချိန်တွေကိုစိတ်အေးလက်အေးဖြတ်သန်းနိုင်တော့မယ် ''

'' အဟမ်း အဟမ်း ''

Dukeကပျော်စရာစကားဝိုင်းမှာ သက်တောင့်သက်သာမဖြစ်တာကို ထုတ်ပြလာခဲ့တယ်၊

' ဟမ့် အခုရှင် ကျမကို​​ပြန်ပြီးကောင်းကောင်းနှုတ်ဆက်သင့်တယ် '

ငါစိတ်ထဲကနေ ဟွန့်ခနဲ နှာမှုတ်လိုက်ပြီး Dukeကိုမသိမသာလေးစိုက်ကြည့်လိုက်တယ်၊
ငါ့ရဲ့အ​ဖြစ်ကိုသတိပြုမိသွားလို့ထင်ပါရဲ့ Dukeကတခြားဖက်ကိုလှည့်လိုက်တယ်၊

'' မင်းဘာလို့ သူနဲ့ဆင်းလာတာလဲ ''

ဒီအချိန်မှာတော့ ပစ်မှတ်ကိုပြောင်းလဲသွားခဲ့တယ်၊
Ecliseရဲ့မျက်လုံးတွေက သိပ်အဆင်ပြေမနေဘူး၊
ငါ့ရဲ့ပခုံးတွေကိုတွန့်လိုက်တယ်၊

'' သူက ကျမရဲ့ကိုယ်ရံတော်လေ၊နန်းတော်ကို လိုက်ပြီးစောင့်ရှောက်ဖို့သူ့ကိုပြောလိုက်တာ ''

'' ဘာအစောင့်ရှောက်လဲ ၊မိသားစုသီးသန့်မသွားရတာအတော်ကြာနေပြီ၊ဒါကြောင့် အဲ့တာကိုခဏထားခဲ့လိုက်၊၊မင်းရဲ့အကိုတွေက မင်းကို ကိုယ်တိုင်စောင့်ရှောက်ဖို့ဆုံးဖြတ်ထားကြတယ်... ''

'' မိသားစု...တွေနဲ့...သီးသန့်... ''

'' ဟုတ်တယ် ''

Dukeရဲ့အဖြေက လူသတ်သမားကိုဆုံးဖြတ်ထားသလိုမျိုး ခိုင်မာနေခဲ့တာကြောင့် ငါ့အပြုံးတွေတောင့်တင်းသွားတော့တယ်၊.

' ဟမ့် အစကတည်းက ငါရထားလုံးဆီသွားလိုက်ရမှာ... '

လေးယောက်သားရထားလုံးအတူစီးပြီး နန်းတော်သွားဖို့ကအတွေးနဲ့တင် မွန်းကြပ်သလိုခံစားနေရတယ်၊

'' အဲ့တာကအတော်ကြာနေပြီ ''

ငါခံစားနေရတာကိုမသိပဲ အိမ်တော်ထိန်းကလက်ခုပ်တီးပြီးပြောလိုက်တယ်၊

'' ဒါပေမဲ့ သခင်မလေးကဒီနေ့ ဖိနပ်အမြင့်စီးထားတာဆို​တော့ အဆင်မပြေဖြစ်နေမှာပဲ၊ဘာလို့ Dukeကရထားလုံးဆီ သခင်မလေးကိုမခေါ်သွားပေးတာလဲ ''

'' ဟမ့် ဆင်ခြေတွေ ''

'' ကျမအဆင်ပြေပါတယ် ''

ငါအပြုံးအသင့်တင့်နဲ့ငြင်းဖို့ကြိုးစားလိုက်ပေမဲ့ Duke ကပြောလာပြန်တယ်၊

'' မင်းဘာလုပ်နေတာလဲ ငါ့ကိုဆွဲထားမနေနဲ့ ငါ့မှာအချိန်မရှိဘူး ''

စက္ကန့်ပိ်ုင်းအတွင်းမှာပဲ သူကလက်ကိုဝှေ့ယမ်းနေပြီး ေနာက်ကိုပို့လိုက်ပြန်တယ်၊

' ဟင်...သူပြောတော့အလုပ်ရှုပ်တယ်ဆို '

ငါဘယ်ဟာကိုစည်းချက်ညီအောင်လိုက်ရမလဲမသိတော့ဘူး၊ငါကြောင်သွားပေမဲ့ မကူညီနိုင်ဘူး၊

'' Eclise ''

ငါအချိန်အတော်ကြာမှသူ့ကိုခေါ်လိုက်ရတာကို နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်၊အဲ့တာကြောင့်ငါသူ့ကိုပြန်လှည့်ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်၊

'' ငါပြန်လာမဲ့အချိန်ထိကောင်းကောင်းနေနော် ''

'' ...... ''

'' ငါ့စကားကိုနားထောင်ရင်ဆုပေးမယ် ''

သီးခြားအဖြေမရှိပဲ သူကမရေရာတဲ့မျက်နှာနဲ့ကြည့်နေခဲ့တယ်၊တအောင့်အကြာမှာတော့ သူကခေါင်းဖြည်းဖြည်းညိမ့်လိုက်ရင်း ကိုင်ထားတဲ့လက်ကိုလွှတ်လိုက်တယ်၊

Interest.55%

Interest 1%တက်သွားတာမြင်ရတာတောင် ထူးဆန်းနေတယ်ပြီးတော့ နောက်ဆုံးအချိန်ထိကိုသူ့ရဲ့မျက်လုံးတွေဖမ်းစားနေတုန်းပဲ၊

' ဘယ်လိုပဲ​ြဖစ်ဖြစ် ငါရယ်နေရမယ်ထင်... '

ငါ့ရဲ့လက်နဲ့Dukeကိုထိမိလိုက်တဲ့အခါ အဲ့တာကိုတွေးမိသွားတယ်၊

Dukeရဲ့ပို့ဆောင်မှုနဲ့အတူ ရထားလုံးဆီတက်လိုက်တယ်၊အထဲမှာတော့ တစ်ယောက်တစ်နေရာစီယူပြီးအတူထိုင်နေကြတဲ့သူတွေကိုတွေ့လိုက်ရတယ်၊

' ဘာလို်သူတို်အတူတူမထိုင်ကြတာလဲ၊ ဘာလို့အဲ့လိုထိုင်နေကြတာလဲ '

သူတို့နဲ့မျက်နှာချင်းဆိုင်ထိုင်ရမှာကို အတော်လေးပျာယာခတ်နေမိတယ်၊

Duke ရဲ့ရထားလုံးကငါတို့လေးယောက် ထိုင်နိုင်တဲ့အထိလုံလုံလောက်လောက်ကျယ်ဝန်းတယ်၊ဒါပေမဲ့ ထွက်လာတာနောက်ကျတာကြောင့် သူတို့ထဲကတစ်ယောက်ရဲ့ဘေးမှာထိုင်ရမယ်ထင်တယ်၊

ငါသူတို့ကိုတစ်လှည့်စီကြည့်လိုက်ပြီး ခဏတော့သတိထားမိလိုက်တယ်၊

Interest.22%

Interest.25%

အတော်လေးထူးဆန်းတာက Derrick ရဲ့Interestက အရင်20%တောင်မရှိခဲ့တာကို 5%တောင်တိုးလာခဲ့တယ်၊

အဲ့တာက ဒူးလေးလေ့ကျင့်တာရဲ့နောက်ဆက်တွဲတွေကြောင့်လား...

Ecliseဘေးမှာမနေပဲ ထွက်သွားလိုက်ကမြှင့်တင်သလိုဖြစ်သွားပုံပေါ်တယ်၊

နောက်ထပ်...Rennaldကလည်း မမျှော်လင့်ပဲအမှီလိုက်လာခဲ့တယ်၊3% ပဲကွာတော့တယ်...

'' မြန်မြန်ထိုင်တော့ ''

Dukeရဲ့နှိုးဆော်မှုကြောင့် ငါ့ရဲ့ုပြသနာတွေကကြာကြာရှိမနေခဲ့ဘူး၊
ငါမြန်မြန်ပဲ Derrick နားမှာဝင်ထိုင်လိုက်တယ်၊
Rennaldအတွက်စိတ်မကောင်းဖြစ်တာကို အသာထားလိုက်တယ် ပြီးတော့Interestကငါ့အတွက်အရေးကြီးဦးစားပေးပဲလေ၊

အပြာရောင်မျက်လုံးတစ်စုံကငါ့ဆီတိုက်ရိုက်ဦးတည်လာခဲ့တယ်၊
မိနစ်ပိုင်းအတွင်း မျက်နှာတွေကပြောင်းလဲလာခဲ့တယ်၊အဲ့အချိန်မှာပဲ...

Interest.-1% ( Interest.21% )

Interest.+2% ( Interest.27% )

သူတို့နှစ်ယောက်ရဲ့Interestတွေကပြောင်ူလဲသွားခဲ့တယ်၊Rennald ရဲ့Interest က1%လျော့သွားပြီး Derrickက 2%တိုးလာခဲ့တယ်၊

'' ဟေး...နင့်အဝတ်အစားကဘယ်လို​ြဖစ်တာလဲ ''

ငါသူတို့ခေါင်းပေါ်ကိုကြည့်ပြီးတဲ့အချိန်လောက်မှာပဲ၊ ငါထိုင်လိုက်တာနဲ့Rennaldကစပြီး အချင်းပွားစရာစကားကိုဆိုလာတော့တယ်၊ငါစိတ်ကုန်တဲ့လေသံနဲ့ပြန်မေးလိုက်တယ်၊

'' ဘာဖြစ်နေလို့လဲ ''

'' ဘာလို့လဲဟက်လား...ခေါင်းထဲမှာတောင်ခြောက်ခြောက်သွေ့သွေ့မရှိသေးတဲ့ မိန်းမပျိုတစ်ယောက်က မကောင်းတဲ့အရာတွေသင်လာတယ်...နင်ဘာလို့ဒီတိုင်းမချွတ်ထားလိုက်တာလဲ ''(R)

'' နောက်ဆုံးကပွဲမှာတုန်းက မင်းနည်းနည်းတော့ရင့်ကျတ်လာပြီထင်ခဲ့တာ နောက်ဆုံးတော့မင်းကဒီတိုင်းပါပဲလား... ''(D)

Rennaldရဲ့ထေ့ငေါ့တဲ့စကားနောက်ကနေ Derrickကပါစိတ်ပျက်နေတဲ့လေသံနဲ့ ပေါက်ပေါက်ဖောက်လာခဲ့တယ်၊

ငါ့ရဲ့ခေါင်းကိုငုံ့ပြီး ငါ့ရဲ့ဝတ်စုံကအဲ့လောက်ဆိုးနေလားဆိုတာကို စစ်ဆေးကြည့်လိုက်တယ်၊

ဒါပေမဲ့ Vလိုင်း လည်တိုင်ကျော့ကျော့နဲ့ ညှပ်ရိုးတချို့သာပေါ်နေတာဖြစ်တယ်၊ပြီးတော့ အဲ့တာကအတော်လေးအဆင်ပြေနေပါတယ်၊

'' တော်တော့ ''

မတရားပြောခံနေရတာကိုငြင်းဆိုဖို့ ငါပါးစပ်ကိုဟလိုက်တဲ့အချိန်မှာပဲ Dukeကရထားလုံးပေါ်ကိုတက်လာခဲ့တယ်၊

'' အဲ့တာကသူမနဲ့ကြည့်ကောင်းပါတယ်၊ဒါပေမဲ့ မင်းတို့တွေကဘာလို့သု့ကိုပဲအပြစ်ရှာနေကြတာလဲ ''

'' ဟား...အဖေတကယ်ကြီးပြောနေတာလား '' (R)

Rennald ကငါ့ကိုရုတ်တရက်ချီးကျူးလိုက်တဲ့စကားကြောင့် ကြောင်အသွားပြီး လှောင်ရယ်လိုက်တယ်၊သေချာပေါက်ကို ငါကခုနလေးတင်ကပဲ Dukeရဲ့ဝေဖန်တာကိုခံလိုက်ရတာလေ၊

' ပြန်ပြောပါဦး '

သူကအ့ံအားသင့်နေတဲ့အကြည့်တွေနဲ့ ဥဒေါင်းကိုကြည့်လိုက်ပြီး ခေါင်းကိုပြန်လှည့်လိုက်တယ်၊
သူ့ရဲ့လျှာကိုပါးစောင်ထဲ ထိုးသွင်းလိုက်တယ်...

'' သွားရအောင် ''

ပြီးတော့ ရထားလုံးနံရံကို တစ်ချက်မျှ အတော်ကြာအောင်ခေါက်လိုက်တယ်၊သိပ်မကြာခင်ပဲ မှော်ရထားလုံးက တိတ်တဆိတ်ထွက်ခွာတော့တယ်၊

ငါထင်ထားတဲ့အတိုင်း မွန်းကြပ်စရာကောင်းတဲ့တိတ်ဆိတ်မှုတွေကရထားလုံးအတွင်းမှာ နေရာယူထားခဲ့တယ်၊

' အဲ့တာကြောင့် ကိုယ့်လမ်းကိုသွားလို့...ဘာလို့များ '

ငါသက်ပြင်းချလိုက်ပြီး Derrickကိုမထိအောင် ငါ့ကိုယ်ငါပြတင်းပေါက်နားမှာကပ်တွယ်နေလိုက်တယ်၊အဲ့တာက နန်းတော်ကိုမရောက်မချင်းကို တုပ်တုပ်မလှုပ်ပဲထိုင်နေခဲ့ရတဲ့ အတိတ်ကအိမ်မက်ဆိုးဖြစ်ခဲ့တဲ့အချိန်တွေကိုအမှတ်ရစေတယ်၊

ခဏအတွင်း တိတ်ဆိတ်မှုတွေကိုရိုက်ချိုးလိုက်သူက Dukeဖြစ်မယ်လို့တော့မထင်ထားခဲ့ဘူး၊

'' ဟမ်...မင်းတို့အမဲလိုက်ပွဲအတွက် သမိုင်းမှတ်ကျောက်တွေမရကြဘူးလား ''

ရုတ်တရက်ထွက်လာတဲ့အသံက လူတိုင်းအာရုံကိုသူ့ဆီရောက်အောင်ဆွဲခေါ်သွားခဲ့တယ်၊Rennaldကပဟေဠိဖြစ်နေတဲ့အကြည့်တွေနဲ့မေးလိုက်တယ်၊

'' ဘာသမိုင်းမှတ်ကျောက်လဲ ''

'' အင်း...မင်းတို့တွေ အန္တာရယ်ကင်းစေဖို့ဆုတောင်းပေးတဲ့တစ်ခုခုမရကြဘူးလား၊ဒီလိုဟာမျိုးလေ ''

ဥဒေါင်းDukeကြီးဟာ သူ့ရဲ့အကျီကော်လာကိုပြလိုက်ပါတယ်၊သားတွေရဲ့မျက်လုံးတွေကတော့ နေရာမှာတင်ပေါက်ထွက်သွားတော့မလိုပဲ၊ငါလည်းဘာမှသိပ်တွေးမနေပဲ အဲ့တာကိုငေးကြည့်လိုက်တယ်၊

' အဲ့တာက '

'' အဆောင်ကဘာလို့ ''

Derrickကစကားလုံးတွေကိုဆက်မပြောပဲ ပါးစပ်ကိုဟထားလိုက်တယ်၊ငါရှက်လွန်းလို့စိတ်တွေရှုပ်ထွေးသွားတော့တယ်၊အဲ့တာကDukeရဲ့ရင်ဘတ်မှာတခမ်းတနားချိတ်ဆွဲထားတဲ့  ငါလွန်ခဲ့တဲ့ရက်တွေတုန်းက လက်ဆောင်အနေနဲ့ပေးခဲ့တဲ့ငွေရောင်အဆောင်ကြောင့်ပါပဲ၊

' မဟုတ်တာ...ဘာလို့များသူ... '

ဘယ်လောက်ပဲလွယ်လွယ်ဖြုတ်လို့တပ်လို့ရတယ်ဆိုဦးတော့ ဘယ်သူကများနောက်ကွဲကုတ်အရှည်ပေါ်မှာတပ်ထားကြလို့လဲ၊
ကုန်သည်ပြောတာက အဲ့တာကခန္ဓာကိုယ်ပေါ်မှာလှျိို့ဝှက်တပ်ဆင်နိုင်လို့ ပိုပြီးနာမည်​ြကီးတယ်တဲ့၊
​ကြွားဝါနေပုံပေါ်နေတဲ့Dukeက အရမ်းကို့ရိုးကားယားနိုင်တာကြောင့် ငါ့နှုတ်ခမ်းတွေကိုမှုတ်ထုတ်လိုက်မိတယ်၊

​ထပ်ပြီးတော့ အဲ့တာကDukeကိုပဲ​တိတ်တဆိတ်ပေးဖို့ရည်ရွယ်ထားခဲ့တာ၊သေချာပေါက် Derrickနဲ့Rennaldအတွက်မပါဘူးပေါ့၊

ဒါပေမဲ့ လူတွေရဲ့ဆိုက်ကိုအနေအထားမဟုတ်လား၊တကယ်လို့ငါအဲ့တာကိုမရဘူးဆိုရင် သေချာပေါက်ငါစိတ်ကုန်ပြီးပြောလိုက်မှာ

' တကယ်လို့ဒီအကြောင်းကို ဒီသောက်ကျိုးနည်းငနဲတွေရှေ့မှာကြွားချင်ရင်... '

ငါ့စိတ်ထဲမှာဘာဖြစ်နေမှန်းမသိတဲ့ Dukeက စိတ်လှုပ်ရှားနေတဲ့မျက်နှာနဲ့ ရှင်းပြဖို့ကြိုးစားနေခဲ့တယ်၊

'' ငါပြောတာအဲ့တာပဲ၊အရင်ရက်တွေတုန်းက Penel...''

'' အား...အဖေ... ''

ငါသူ့ကိုအမြန်တားလိုက်တယ်၊Dukeရဲ့မျက်လုံးတွေကငါ့ဆီလှမ်းကြည့်လာခဲ့တယ်၊ငါကို့ရို့ကားယားရယ်လိုက်ပြီး ငါသူ့ကိုခေါ်ရတဲ့အကြောင့်ကိုဖြစ်ညှစ်ပြီးပြောလိုက်တယ်၊

'' အဖေ့ကိုဘယ်သူပေးတာလဲ၊အဲ့တာကအဖေနဲ့အတော်လေးလိုက်တယ်... ''

'' တကယ်လား...အဟမ်း... ''

Dukeကငါ့စကားတွေကိုကျေနပ်သွားပြီး သူ့ရဲ့နှုတ်ခမ်းထောင့်ကိုဆတ်ခနဲတွန့်လိုက်တယ်၊
ငါသက်ပြင်းချလိုက်တယ်၊ပြီးတော့ယောက်ယက်ခတ်နေပြီး အတင်းတွန်းအားပေးလိုက်တယ်၊

'' ဒါပေမဲ့ လုံခြုံရေးအရ အဲ့တာကိုအကျီအတွင်းထဲမှာထည့်ထားသင့်တယ်၊တစ်ယောက်ယောက်ကအဲ့တာနဲ့ပတ်သတ်ပြီးမကောင်းပြောလာရင်ဘယ်လိုလုပ်မလဲ ''

ဥပမာအားဖြင့် Eckartရဲ့ခေါင်း​ေဆာင်က အမဲလိုက်ပွဲမှာတစ်ယောက်ယောက်ထိခိုက်အောင်လုပ်ကြံမှာ ကြောက်လို့ မှော်ပစ္စည်းကိုကုတ်ရှည်မှာတပ်ထားတဲ့ငကြောက်ဆိုပြီးတော့လေ...

Rennald ကငါပြောချင်တာကိုသဘောပေါက်ပြီး တမင်တကာပြောလိုက်တယ်၊

'' ကျနော်သိတယ်၊အဖေကအစိုးရကိုချိတ်ဆက်ဖို့အရမ်းအသက်ကြီးနေပြီဆိုတဲ့ ကောလဟာလတွေကြားရတဲ့ ဂုဏ်ရှိနေတာပဲ... ''

'' အဲ့တာနဲ့ပတ်သတ်​ပြီးသူတို့အတင်းဖျင်းတွေအရမ်းပြောချင်တယ်ဆိုလည်း ပြောခိုင်းလိုက်... ''

တစ်ချိန်တည်းမှာပဲ Dukeကကြိမ်းဝါးလိုက်တယ်...

'' ငါကြည့်ဦးမယ် ဘယ်ကောက်ကျစ်တဲ့အကောင်ကသူ့ရဲ့တစ်ဦးသောသမီးလေးဆီကရတဲ့ချစ်သက်လက်ဆောင်နဲ့ပတ်သတ်ပြီးပြောကြမလဲလို့၊ပြီးတာနဲ့ ငါ့ရဲ့အားလပ်ရက်တွေမှာသူတို့ကိုတွေ့ရမယ်... ''

----------------------------

THE END.😂

အကြာကြီးမထားဘဲထပ်တင်လိုက်လို့
စိတ်မရှိကြပါနဲ့၊😅
ဒီchapterကိုအရမ်းသဘောကျလို့ပါ😁

*နောက်အပိုင်းတွေအတွက်ကြိုပြောချင်တာရှိလို့ပါ Dukeကိုမြို့စားလို့ရှေ့အပိုင်းအချို့မှာပြန်ထားခဲ့ပါတယ်၊Derrickကဆက်ခံသူဖြစ်တာကြောင့် နောက်လာမဲ့တချို့နေရာတွေမှာDerrickကို မြို့စားလေးလို့သုံးပါမယ်ဗျ...💚

အဆင်မပြေတာရှိရင်ပြောလို့ရပါတယ်၊ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်🙇‍♀️

______________________________________

Zawgyi.



ကြီးမား မာကျောတဲ့ပတ္တမြားက သူ့ရဲ့နူးညံ့တဲ့အရေပြားနဲ့ ထိမိနေခဲ့တယ်၊




' သူကရိုးစင်းတာလား ဒါမှမဟုတ် လှည့်ဖြားနေတာလား '


ရှင်းလင်းနေတဲ့သူ့ရဲ့လက်တွေနဲ့ မျက်နှာကိုကာလိုက်ပြီး တရှုံ့ရှုံ့ငိုနေခဲ့တယ်၊

'' Eclise ''


'' ငါနင့်ကိုဓားပေးလိုက်တဲ့အချိန်ကစပြီး နင်ကငါ့ရဲ့သူရဲကောငျးပဲ ငါကနင့်ရဲ့တစ်ဦးတည်းသောသခင်ပဲ ''

'' ...... ''




'' ဟုတ်ကဲ့ပါသခင် ''

Interest 54%..


' နောက်ဆုံးတော့ '







'' အဖေ... ''

သူတို့အရှေ့တံခါးဆီသွားနေတဲ့လမ်းမှာ အပ်ါလှေကားကနေဆင်းလာတဲ့ငါ့ကိုမြင်လိုက်တာနဲ့


ငါပြုံးလိုက်ပြီး အရင်စနှုတ်ဆက်လိုက်တယ်၊ဒါပေမဲ့ Dukeကငါ့ကိုစိုက်ကြည့်နေပြီး အတော်လေးကြာတဲ့အထိ ပြန်မပြောခဲ့ဘူး၊

'' အဖေ... ? ''



'' ရှင်...? ''







တယ်၊


ငါပွင့်ခါစနွဦေးပန်းတွေလို ပြုံးလိုက်တယ်၊အိမ်တော်ထိန်းကပြည့်စုံတဲ့အဖြေတစ်ခုပေးလာခဲ့တယ်၊



'' အဟမ်း အဟမ်း ''









'' ဟုတ်တယ် ''




'' အဲ့တာကအတော်ကြာနေပြီ ''



'' ဟမ့် ဆင်ခြေတွေ ''

'' ကျမအဆင်ပြေပါတယ် ''



စက္ကန့်ပိ်ုင်းအတွင်းမှာပဲ သူကလက်ကိုဝှေ့ယမ်းနေပြီး နောကျကိုပို့လိုကျပွနျတယျ၊



'' Eclise ''



'' ...... ''



Interest.55%


' ဘယ်လိုပဲဖြစ်ဖြစ် ငါရယ်နေရမယ်ထင်... '



' ဘာလိုသူတိုအတူတူမထိုင်ကြတာလဲ၊ ဘာလို့အဲ့လိုထိုင်နေကြတာလဲ '




Interest.22%

Interest.25%





'' မြန်မြန်ထိုင်တော့ ''

Dukeရဲ့နှိုးဆော်မှုကြောင့် ငါ့ရဲု့ပြသနာတွေကကြာကြာရှိမနေခဲ့ဘူး၊


Interest.-1% ( Interest.21% )

Interest.+2% ( Interest.27% )

သူတို့နှစ်ယောက်ရဲ့Interestတှကေပွောငျူလဲသှားခဲ့တယျ၊Rennald ရဲ့Interest က1%လျော့သွားပြီး Derrickက 2%တိုးလာခဲ့တယ်၊

'' ဟေး...နင့်အဝတ်အစားကဘယ်လိုဖြစ်တာလဲ ''


'' ဘာဖြစ်နေလို့လဲ ''






'' တော်တော့ ''





' ပြန်ပြောပါဦး '

သူကအံ့အားသင့်နေတဲ့အကြည့်တွေနဲ့ ဥဒေါင်းကိုကြည့်လိုက်ပြီး ခေါင်းကိုပြန်လှည့်လိုက်တယ်၊

'' သွားရအောင် ''











' အဲ့တာက '

'' အဆောင်ကဘာလို့ ''


' မဟုတ်တာ...ဘာလို့များသူ... '

ကုန်သည်ပြောတာက အဲ့တာကခန္ဓာကိုယ်ပေါ်မှာလှျိို့ဝှက်တပ်ဆင်နိုင်လို့ ပိုပြီးနာမည်ကြီးတယ်တဲ့၊






'' အား...အဖေ... ''



'' တကယ်လား...အဟမ်း... ''



ဥပမာအားဖြင့် Eckartရဲ့ခေါင်းဆောငျက အမဲလိုက်ပွဲမှာတစ်ယောက်ယောက်ထိခိုက်အောင်လုပ်ကြံမှာ ကြောက်လို့ မှော်ပစ္စည်းကိုကုတ်ရှည်မှာတပ်ထားတဲ့ငကြောက်ဆိုပြီးတော့လေ...






-----------------------------

THE END.😂

စိတ်မရှိကြပါနဲ့၊😅



Continue Reading

You'll Also Like

258K 28.9K 160
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
564K 56.5K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
826K 79.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
720K 3.4K 4
" ချန်ကျင်ရှန်း မင်းက တောင်တွေကိုသဘောကျတာလား။ မဟုတ်ရင် ပင်လယ်ပြင်ကို သဘောကျတာလား။ '' " မင်းကို သဘောကျတယ်။ ''