B O G(ZSWW)[Complete]

Af Kaori_HZar

53.1K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... Mere

1(U)
1(Z)
2(U)
2(Z)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(U)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(Z)
14(U)
14(Z)
15(U)
15(Z)
A/N
16(U)
16(Z)
17(U)
17(Z)
18(U)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
22(Z)
23(U)
23(Z)
24(U)
24(Z)
A/N
25(U)
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(U)
29(Z)
30(U)(Final)
30(Z)Final
A/N

13(U)

987 74 0
Af Kaori_HZar

ရှောင်းရှန်းကို ချစ်ရတဲ့လူတစ်ယောက်အားဒီလောက်မြန်မြန်နဲ့ လွယ်လွယ် စွန့်ပစ်နိုင်ခဲ့တယ်လို့ မြင်နေကြမှာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရှောင်းရှန်းသေလောက်အောင်ခံစားခဲ့ရတာ။သိသိချင်းတွင် NewYork မှာစာတောင်မလုပ်နိုင်ခဲ့ဘူး။အရက်သောက် ကလပ်တက်ကာ ရန်များလည်းဖြစ်ခဲ့ရသည်။

အခုပြန်လာတာလည်း scholarship သင်တာပြီးမြောက်သွားလို့မဟူတ် .....ရိပေါ် သူနဲ့အနေဝေးလို့ တစ်ခြားသူကိုစိတ်ယိုင်သည်ဟု ခံယူတာမလို့ ရိပေါ်အနီးအနားတွင် ပြန်လာနေခြင်းး...

သို့ပေသည်....ရိပေါ်၏စိတ်အလုံးစုံကို သူမပိုင်တော့ ရှောင်းကျန့်ဆိုသူထံတွင် ရောက်နှင့်နေပြီ။ သူကဘာတက်နိုင်မှာလဲ......

Anyway,he is the first love of yibo.

ထိုစကားကိုလက်ဆွဲကာ ရှောင်းရှန်း နေတက်အောင်ပင် နေရတော့မည်။

☘☘☘
အချိန်လွန်မှလူတွေဘာလို့နောင်တရကြလဲဆိုတာ ရိပေါ်တစ်လျှောက်လုံးစဉ်းစားလာခဲ့တာ...အခုသူကိုယ်တိုင်ကြုံရမှနားလည်သည်။ အတိတ်က မဆင်မခြင်ပဲလုပ်ခဲ့မိတဲ့အပြုအမူတွေအတွက် ယခုပစ္စုန်ပန်တွင် ပြန်ပေးဆပ်နေရသည့်အခါ နောင်တဆိုတဲ့သဘောတရားကိုနားလည်ခဲ့တာ.....

ရိပေါ်တစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုလိမ်ခဲ့တယ်......ရှောင်းကျန့်သူ့နားရှိနေတဲ့အချိန်၊အစစအရာရာ ထမင်းစားတာကအစ ရေသောက်တာအဆုံးဂရုစိုက်ပေးတဲ့အချိန်၊ဝမ်းနည်းတဲ့အချိန်တိုင်း ရင်ခွင်နွေးနွေးကိုဖွင့်လို့ ကြိုဆိုခဲ့တာတွေ အားလုံး အားလုံးကို သူအရမ်းသဘောကျခဲ့တယ်။ဒါပေမယ့် ရိပေါ်ဆီမှာ ရှောင်းးတစ်ယောက်လုံးရှိသေးတယ်ဆိုတဲ့အတွေးဝင်လာလျှင် ရှောင်းကျန့်ကိုဆုံးရှုံးရမှာလည်းကြောက်လာသည်။ ရှောင်းနဲ့ ရိပေါ်နဲ့အကြောင်းကိုသိသွားခဲ့ရင် ရှောင်းကျန့် စိတ်ဆိုးမှာ ဒေါသထွက်မှာ ထားခဲ့မှာကြောက်တယ်... ဒါကြောင့် ရှောင်းကျန့်အရင်မထားခဲ့ခင် ရှောင်းကျန့်စိတ်မပျက်ခင် ရိပေါ်အရင် ရှောင်းကျန့်ကိုရှောင်ပြီး ဂရုမစိုက်သလိုနေခဲ့သည်။အခုတော့မျှော်လင့်ထားတဲ့အတိုင်း ရိပေါ်ဘက်ကအရင်စလမ်းခွဲနိုင်ခဲ့တယ်...ဒါပေမယ့် ဘာလို့မပျော်မရွှင် ဖြစ်နေတာလည်း ဆိုသည့်အကြောင်းပြချက်ကိုလည်းရှာမတွေ့ခဲ့.....

အခုနားလည်သည့်အချိန်ကျတော့လည်း အချိန်နှောင်းသွားခဲ့ပြီ ရှောင်းကျန့်ကလည်းသူနဲ့ဝေးးရာကိုထွက်သွားပြီ

"ဟေ့ကောင် ဆေးရုံဆင်းတဲ့ရက်ကို ပျော်ပျော်ရွှင်ရွှင် နေစမ်းပါ"

ဟောက်ရွှမ်းက သူ့ပခုံးကိုလာတိုက်လို့ အသံပြုတယ်။ဟောက်ရွှမ်းကို တစ်ချက်ပြုံးပြလိုက်ကာ ပြတင်းပေါက်ဘောင်ကိုခေါင်းတင်လို့ ဆေးရုံ၏လျှောက်လမ်းတွင် လမ်းလျှောက်နေသော လူနာအချို့နဲ့ မိသားစုဝင်တွေကိုငေးတယ်။နောက် ဆေးရုံအတွင်းရှိနေတဲ့ အပင်လေးတွေက....တောင်မှမြောက်သို့ ခပ်ပြင်းပြင်းတိုက်နေတဲ့လေတွေနဲ့အတူတူ ယိမ်းနွဲ့လို့.....

ဆေးရုံဆင်းတဲ့ရက် ဆေးရုံတက်တဲ့အချိန်အတွင်း လာနိုး လာနိုးနဲ့ စောင့်နေမိတဲ့ရိပေါ်
ကအရူးလိုပဲ မျှော်နေသူကအရိပ်မပြောနဲ့ စာတောင်မပြန်လေတော့ ရိပေါ်စိတ်တွေက အုံ့ဆိုင်း
နေတဲ့ တိမ်တွေနဲ့အတူ ညို့မှိုင်းမှိုင်းရယ်ပါ....

ရှောင်းနဲ့ဟောက်ရွှမ်း မှိုင်တွေနေတဲ့ရိပေါ်ကိုကြည့်ရင်း တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်လိုက်ကြသည်။

"အဟမ်းး! အဟမ်း! ရိ....ရိပေါ် ရှောင်းတို့နဲ့ အတူတူ လျှောက်လည်ကြမလား"

ပြတင်းပေါက်ကိုသာငေးမြဲငေးနေတဲ့ ရိပေါ်ကလှည့်ကြည့်မလာ....

ဟောက်ရွှမ်း ပါးစပ်လှုပ်ရုံလေးဖြင့်

"Skateသွားစီးကြမလားလို့ မေးလိုက်"

ရှောင်းး လက်ကOkပံုစံလုပ်ပြကာခေါင်းညိတ်ပြလိုက်သည်။

"ရိပေါ်....ဒါမှမဟူတ် ရှောင်းတို့skateသွားစီးကြမလား"

စကားတုံံ့ပြန်ခြင်းမရှိပေမယ့် လှည့်ကြည့်လာတယ်။ရှောင်းနဲ့ဟောက်ရွှမ်းတစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်ကာ ရိပေါ်မမြင်အောင်အချင်းချင်း လက်မထောင်ပြလိုက်ကြသည်။

☘☘☘
"ရိပေါ် ခြေထောက်ကကောင်းခါစဆိုတော့ ဂရုစိုက်ဉီး ရိပေါ်ပျော်စေချင်လို့သာပေးစီးရတာ ရှောင်းကစိတ်ပူ....."

💮
"ဝမ် ငါတို့ တစ်ခါလောက် နှင်းလွှာလျှော သွားစီးကြမလားဟင် "

"ဘာလုပ်ဖို့လဲ "

"မေးတတ်တယ်နော် ဘာလုပ်ဖို့ရမှာလဲ dramaတွေထဲကအတိုင်းလေ ငါကမစီးဘဲစီးလို့ နှင်းလွှာလျှော်ကိုဘရိတ်မအုပ်တတ်ရင် မင်းကအရှေ့ကလာထိန်းပေး အဲ့ခါကျ နှစ်ယောက်လုံး အဟိ အဟိ"

"မင်း တကယ် အရှက်မရှိဘူး"

"အမယ် ဝမ်ကများ ပြောရတယ်ရှိသေး ငါ့ကိုခနခန အသားယူပြီးနမ်းတာသူမဟူတ်တဲ့အတိုင်း"

"တော်စမ်း!!"

"အယ် အယ် ရှက်နေတာလား နားရွက်တွေနီလာပြီ ပါးဖောင်းကြီးတွေလည်း နီလာသလိုပဲနော်"

"ရှောင်းကျန့်!! မင်းအခုတော်မလား ငါလာပိတ်ပေးရမလား"

"မတော်နိုင်ဘူး....ငါ့ကိုနော် နမ်းရင်.... "

"ရှောင်းရှောင်ကျန့် မင်းသေပြီသာမှတ်!!"

"ဟားးဟားးး မင်းခြေထောက် ပုတိုလေးတွေက ငါ့ကိုမှီပါ့မလား"

"မင်း မင်း!!!"

စကိတ်ကွင်းထဲတွင် ပတ်ပြေးနေသော ကောင်လေးနှစ်ယောက် ယုန်သွားနဲ့ကောင်လေးက အရှေ့ကနေစရင်းနောက်ရင်းပြေးတော့ အနောက်ကနေမျက်နှာကြီးနီရဲကာ လိုက်ရိုက်နေတဲ့ ကောင်လေးကတော့ တရှူးရှူး တရှဲရှဲ ဒေါသထွက်နေလေရဲ့.....

💮

"ရှောင်း ကျွန်တော်မစီးချင်တော့ဘူး"

ပြောပြီးပြေးထွက်လာခဲ့သည်။နေရာတိုင်းမှာ ရှောင်းကျန့်ပုံရိပ်တွေချည်း ထင်ကျန်နေတာ သူဘယ်လိုလုပ်ရမလဲ။

💮"ဝမ် ဒီskateကွင်းကိုနေ့တိုင်းလာရအောင် "💮

💮"ဝမ် စိတ်မဆိုးပါနဲ့ ငါ...."💮

💮"ဝမ် happy birthday မင်းအတွက် skateလက်ဆောင်"💮

💮"ဝမ် မင်းဘောင်းဘီရှည်တွေဝတ်သင့််တယ်"💮

မွန်းကြပ်လွန်းလို့ ဆက်မပြေးနိုင်တော့တဲ့အခါ လမ်းတစ်ဝက်မှာပဲ ထိုင်ချကာ ဒူးပေါ်မျက်နှာအပ်ပြီး စိတ်ပြေလိုပြေညား ထိုင်ငိုလိုက်တယ်။

"အရူးကောင် ငါမင်းကို...အရမ်းလွမ်းတာပဲ"

ရှောင်းနဲ့ဟောက်ရွှမ်းမှာ မစီးတော့ဘူး ပြောပြီး ပြေးထွက်သွားတဲ့ရိပေါ်နောက် အမြန် လိုက်ပြေးလာတာ အသက်ရှုတောင်ရပ်တော့မယ့်အတိုင်း.....

ဒူးပေါ်မျက်နှာအပ်ငိုနေသည့်ရိပေါ်ကြောင့် အနားသွားဖို့ လှမ်းလိုက်ပေမယ့် ဟောက်ရွှမ်းကလက်ကောက်ဝတ်ကိုလာဆွဲပြီးခေါင်းခါပြတယ်။

"လွှတ်ထားပေးလိုက်ပါ သူဝအောင်ငိုပါစေ"

************************************

Fortsæt med at læse

You'll Also Like

573K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
98.2K 15.9K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
74K 18.8K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
54.1K 5.8K 26
"ကိုယ့်ကိုနမ်း" "ဆုတောင်း ရှောင်းကျန့်" ⚠️ ZSWW⚠️ "ကိုယ့်ကိုနမ်း" "ဆုတောင်း ရှောင်းကျန့်" ⚠️ ZSWW⚠️