ဆူးနစ်လေသော
Unicode:;
Part-32
"အမာန် ဘာဖြစ်လို့လဲ "
"ငါ့ mommy နဲ့ daddy ကား accidentဖြစ်လို့ ဆေးရုံမှာတဲ့ ငါ့အကိုတစ်ဝမ်းကွဲဖုန်းဆက်တယ်"
"ဘာာာ"
လာသွားမယ်ဆေးရုံကို"ဟုပြောပြီး အမာန်ကိုလက်ဆွဲကာ အဆက်ကသာ ဦးဆောင်ပြီး taxiငှားးပေးလေသည်။ ကျွန်တော်ကတော့ ကိုကိုဆီကိုသာ ဖုန်းဆက်ပြီး စိတ်ပူနေသောအကြောင်းအရာက ဒီနေရာတွင်သာ ပြီးပြတ်ခဲ့ပါသည်။ တစ်နေကုန် ခွဲစိတ်ခန်းရှေ့ အမာန်နဲ့အတူတူ နေပေးခဲ့ကြပြီး သူ့အကိုဆိုသောသူနှင့် သူငယ်ချင်း ရောက်လာမှ
"ငါ့ညီတို့ကျေးဇူးပဲကွာ အကိုကလဲအလုပ်ကိစ္စနဲ့ ဖုန်းပိတ်ထားတော့ အခုသိသိချင်းလာခဲ့တာပဲ
ကောင်းထက်ကော အခြေအနေ အဆင်ပြေလား"
"ဟုတ်ရပါတယ်အကို အမာန်က အခုတော့ အဆင်ပြေပါတယ် "
"ညီတို့လဲပြန်တော့လေ အကို့သူငယ်ချင်းကို လိုက်ပို့ခိုင်းပေးမယ်
ငြိမ်းမင်းရေ ကလေးတွေကို လိုက်ပို့ပေးဦး"
"အေးပါကွာ"ဟုပြောပြီး အမာန်အကိုရဲ့ ပုခုံးကိုပုတ်ကာ ကျွန်တော်တို့ကို လိုက်ပို့ပေးခဲ့တယ်လေ။ ကားပေါ်ရောက်မှပဲ
"မိုးထက် မင်းလူကိုေပြာပြီးလားငါသူ့ကိုမေ့သွားတာ"
"မေ့သင့်ပါတယ် အမာန်ကိစ္စက ပိုအရေးကြီးတာကို ငါ့လူကိုစိတ်ပူမနေနဲ့ ငါဖုန်းဆက်ပြီးပြီ"
နောက်ခန်းမှထိုင်ပြီး လူကြီးလေးလိုသပ်သပ်ရပ်ရပ်နဲ့ကောင်လေးကို သဘောကျမိပါသည်။ ဆေးရုံမှာလဲ သူပဲ အစစအရာရာလိုက်လုပ်ပေးနေသောကြောင့် လူကြီးလေးအတိုင်းပင် ။ စကားတော့ မပြောဖြစ်ခဲ့ ။
"ငါ့ညီတို့ရောက်ပြီ "လို့ပြောပြီပြီးချင်း နှစ်ယောက်စလုံးဆင်းသွားသောကြောင့်
အပြာရောင် hoddieလေးနဲ့ သပ်သပ်ရပ်ရပ်ကောင်လေး၏ မျက်လုံးကို ဆုံကာ "ငါ့ညီပြန်တတ်လေ မင်းအိမ်လဲလိုက်ပို့ပေးမှာပေါ့ "
"ရတယ်အကို ကျွန်ေတာ်ဝင်ယူစရာလေးရှိလို့ ကျေးဇူးပဲနော်အကို"ဟုပြောပြီး အိမ်ထဲကို ဝင်သွားသည်အထိကြည့်ပြီးမှ ကျွန်တော်လည်း ဆေးရုံကို ပြန်လာခဲ့ရပါတော့သည်။
__________&__________
နောက်နေ့ကျောင်းရောက်တော့လည်း အမာန်က ကျောင်းမလာနိုင်ပါ။ အရာရာအားလုံးက တိတ်ဆိတ်လို့ပေါ့။ ခါတိုင်း သုံးယောက်တစ်တွဲတွဲ နေတဲ့ သူတွေက အခုနှစ်ယောက်ထဲနဲ့ အခြေအနေတွေက အေးစက်လို့။
"မိုးထက် ငါတို့ညနေ အမာန်ဆီသွားရအောင်ကွာ သူအဆင်မှပြေပါ့မလားမသိဘူး"
"အေးပေါ့ သွားကြတာပေါ့ ဒါမဲ့ ညနေမင်းအကိုလာကြိုမှာမလား "
"ပြောပြီးးတော့သွားရမှာ စိတ်ဆိုးလဲ ခံရုံပဲကွာ "ပြောပြီး ညနေရောက်တော့လဲ တကယ်ပင် ကိုကိုေရှ့မသွားချင်သောကြောင့် ချောင်အကွယ်မှာ စောင့်နေလိုက်ပြီး အဆက်ကိုသာ စောင့်နေလိုက်သည်။
"မိုးထက် သူဘာဖြစ်နေလဲမသိဘူး သူလိုက်ပို့မယ်တဲ့ သွားမယ်"
"ဟမ်
တော်ပြီ အားနာစရာကြီး ငါ့ဘာသာ လိုက်ခဲ့မယ် ဆေးရုံမှာဆုံမယ်လေကွာ"ဟု ပြောတော့မှ လက်ကနေလှမ်းဆွဲခံလိုက်ရတဲ့ ကိုယ်လေး
"မိုးလေး "
"ထင်ပါတယ် နောက်ကျောကြည့်ရတာ မိုးလေးနဲ့တူပါတယ်လို့ ကျောင်းဆင်းပြီလား"ဟု ပြောပြီး ကိုကို့အကြည့်တို့က ကျွန်တော့်မျက်နှာချင်းဆိုင်က အဆက်ဆီသို့
"မိုးလေးနဲ့ ဒီကောင်နဲ့ သိတာလား"
တကယ်ကို ဖြစ်လာရမည့်ဟာဆို ဖြစ်ကိုဖြစ်လာတတ်သည်မဟုတ်ပါလား ။အခုလဲ ဘယ်လောက်ဘဲ ရှောင်လွှဲဖို့ကြိုးစား ကြိုးစား တည့်တည့်ကြီးကို ရောက်ချလာပါပြီ။
"ခဗျားနဲ့ မိုးထက်က "
ကိုကိုရင်ခွင်ထဲရောက်နေသော ကျွန်တော်ကိုကြည့်ပြီး မေးလာသောကြောင့် ဘယ်က စပြောရမှန်းတောင်မသိသော ကျွန်တော့်အစား ကိုကိုကပင်
"ငါ့ကောင်လေး
မင်းကရော ဘယ်လိုပတ်သတ်တာလဲ"ဟု မေးလိုက်တော့ အဆက်မျက်နှာကို အခြေအနေကြည့်လိုက်ရာ အရမ်းတော့ ဆိုးမနေသောကြောက့် သက်ပြင်းချမိပါတော့သည်။ ပြီးမှ
"အဲ့တာ အဆက်လေ ကိုကိုရဲ့ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်း"
"အော်"ကိုကိုဘက်လဲ ထင်မထားနိုင်လောက်အောင် ခေါင်းတစ်ငြိမ့်ငြိမ်ဖြင့်သာ ပြုံးနေသောကြောင့် အခြေအနေက ထင်ထားသလောက်မဆိုးခဲ့ပါ။
"လာပါ ဆေးရုံသွားမှာမလား"ဟုပြောပြီး ပုံမှန်အတိုင်းသာ။ ထိုသို့အေးချမ်းနေသောကြောင့်သာ စိတ်ချနိုင်ပါတော့သည်။ သို့သော်လည်း မုန်းတိုင်းမလာခင် လေငြိမ်နေခြင်း သဘောကိုတော့ မိုးထက်ဦးတစ်ယောက် နားမလည်ခဲ့ပါချေ။
ဆေးရုံသို့ရောက်တော့မှ
"အဆက် မင်းအရင်ဝင်နှင့်လေ ငါ ကိုကို ကိုပြောစရာလေးရှိလို့"
ခေါင်းငြိမ့်ပြီးထွက်သွားသော အဆက် ဆေးရုံထဲ ဝင်သွားပြီသေချာမှ
"ကိုကို မိုးလေးကိုစိတ်ဆိုးလား"
"ဘာလို့လဲ မိုးလေးရဲ့"
"ကိုကိုက အဆက်ကို မကြိုက်ဘူးမလား အဲ့တာကြောင့် မိုးလေးက စိတ်ပူနေခဲ့တာ"
"မကြိုက်တာတော့ အမှန်ပဲလေ ဒါပေမယ့် မိုးလေးရဲ့သူငယ်ချင်းအနေနဲ့ မြင်ကြည့်ပေးလို့ရပါတယ်
ကိုကိုက မိုးလေးစိတ်ချမ်းသာဖို့အဓိက"
"အဲ့တာကြောငါ့ ကိုကိုကို ချစ်တာ"
"အင်းပါ သွားတော့လေ ကိုကိုေတာ့ မလိုက်တော့ဘူး"ဟု ပြောလာသဖြင့် တစ်ယောက်ထဲသာ အဆက်နောက်ကို လိုက်ခဲ့ရတော့သည်။
အဆက်ကြည့်ရဝာာလဲ အဆင်ပြေသည့်ပုံမလို့ ရင်ထဲမှာရှိနေတဲ့အလုံးကြီးပြုတ်ကျသွားပြီး စာကိုသာ တစ်စိုက်မတ်မတ် လုပ်နိုင်တော့သည်။
_____________&___________
မိုးထက်ကို အိမ်ပြန်ပို့ပြီးတော့ ကားပေါ်တွင် ခါတိုင်းလိုပဲတိတ်ဆတ်နေဆဲပင် သို့သော်လည်း ရင်ထဲကမေးချင်သည်များကိုတော့မေးရမည်သာ
"ခင်ဗျား မိုးထက်ကို တကယ်ချစ်တာလား"
"အဟက်"
အဖြေပြန်မပေးဘဲ ေလှာင်သလိုရီနေတာက ကျွန်တော့်ကိုဘဝင်မကျစေပါ။
"ကျွန်တော်မေးတဲ့အထဲ ရီစရာဘာများပါလို့လဲ"
"မဟုတ်ပါဘူး ငါ့ကိုယ်ငါတောင်မသေချာလို့လေ"
"မသေချာဘူး ဟုတ်လား မသေချာဘဲ မိုးထက်ကို ဘာလဲ ကစားနေတာ "
"အင်........"စဉ်းစားနေသလို အသံလုပ်ပြတော့ ဒေါသတို့က ထိန်းမရ
"ခင်ဗျားမှာ မိန်းမတွေ ပေါပါတယ် အဲ့ဒီထဲကမှ မိုးထက်က ဘာလို့လဲ ခင်ဗျားမချစ်ဘူးဆိုပြီး ဘာလို့လဲလို့"
"မင်းကြောင့်လိုပြောကင် မင်းယုံမလား"
"ခင်ဗျား"
သူထိုင်ခုံကို အနောက်ကစောင့်ကန်လိုက်ပြီးမေးတော့
"ဒီမှာ ကားမောင်းနေတာ မင်းသူငယ်ချင်းက ငါ့အသက်လောက်အရေးမကြီးဘူး ကိုယ့်ဘာသာသေချင်ရင်လဲ ဆင်းသေ "
"ခင်ဗျား ကြည့်နေ မိုးထက်ကိုထိရင် ကျွန်တော်ငြိမ်နေမှာမဟုတ်ဘူး " သူက ကားမောင်းနေ၍သာ အေးဆေးပြီးသွားသော်လည်း ရင်ထဲတွင်တော့ ရေနွေးဆူနေပြီဖြစ်သည်။
__________________________
တစ်ဖြည်းဖြည်း အာဏာရဲ့ ရည်ရွယ်ချက်တွေ ပေါ်လာပါတော့မယ် 🌝🌝
ဆူးနစ်လေသော
Zawgyi:;
Part-32
"အမာန် ဘာဖြစ်လို့လဲ "
"ဘာာာ"
"မိုးထက် မင်းလူကိုပြောပြီးလားငါသူ့ကိုမေ့သွားတာ"
"ရတယ်အကို ကျွန်တော်ဝင်ယူစရာလေးရှိလို့ ကျေးဇူးပဲနော်အကို"ဟုပြောပြီး အိမ်ထဲကို ဝင်သွားသည်အထိကြည့်ပြီးမှ ကျွန်တော်လည်း ဆေးရုံကို ပြန်လာခဲ့ရပါတော့သည်။
__________&__________
"ပြောပြီးးတော့သွားရမှာ စိတ်ဆိုးလဲ ခံရုံပဲကွာ "ပြောပြီး ညနေရောက်တော့လဲ တကယ်ပင် ကိုကိုရှေ့မသွားချင်သောကြောင့် ချောင်အကွယ်မှာ စောင့်နေလိုက်ပြီး အဆက်ကိုသာ စောင့်နေလိုက်သည်။
"ဟမ်
"မိုးလေး "
"ခဗျားနဲ့ မိုးထက်က "
"ငါ့ကောင်လေး
"ဘာလို့လဲ မိုးလေးရဲ့"
"အင်းပါ သွားတော့လေ ကိုကိုတော့ မလိုက်တော့ဘူး"ဟု ပြောလာသဖြင့် တစ်ယောက်ထဲသာ အဆက်နောက်ကို လိုက်ခဲ့ရတော့သည်။
_____________&___________
"အဟက်"
အဖြေပြန်မပေးဘဲ လှောင်သလိုရီနေတာက ကျွန်တော့်ကိုဘဝင်မကျစေပါ။
"ခင်ဗျား"
__________________________