၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာ...

By Miracle_Phyu97

850K 106K 1K

English Name: Back to the Sixties: Farm, Get Wealthy & Raise the Cubs Associated Names:重回六零:种田发家养崽崽 Chinese A... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58
Chapter-59
Chapter-60
Chapter-61
Chapter-62
Chapter-63
Chapter-64
Chapter-65
Chapter-66
Chapter-67
Chapter-68
Chapter-69
Chapter-70
Chapter-71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90
Chapter-91
Chapter-92
Chapter-93
Chapter-94
Chapter-95
Chapter-96
Chapter-97
Chapter-98
Chapter-99
Chapter-100
Chapter-101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
Chapter-109
Chapter-110
Chapter-111
Chapter-112
Chapter-113
Chapter-114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Chapter-121
Chapter-122
Chapter-123
Chapter-124
Chapter-125
Chapter-126
Chapter-127
Chapter-128
Chapter-129
Chapter-130
Chapter-131
Chapter-132
Chapter-133
Chapter-134
Chapter-135
Chapter-136
Chapter-137
Chapter-138
Chapter-139
Chapter-140
Chapter-141
Chapter-142
Chapter-143
Chapter-144
Chapter-145
Chapter-146
Chapter-147
Chapter-148
Chapter-149
Chapter-150
Chapter-151
Chapter-152
Chapter-153
Chapter-154
Chapter-155
Chapter-156
Chapter-157
Chapter-158
Chapter-159
Chapter-160
Chapter-161
Chapter-162
Chapter-163
Chapter-164
Chapter-165
Chapter-166
Chapter-167
Chapter-168
Chapter-169
Chapter-170
Chapter-171
Chapter-172
Chapter-173
Chapter-174
Chapter-175
Chapter-176
Chapter-177
Chapter-178
Chapter-179
Chapter-180
Chapter-181
Chapter-182
Chapter-183
Chapter-184
Chapter-185
Chapter-186
Chapter-187
Chapter-188
Chapter-189
Chapter-190
Chapter-191
Chapter-192
Chapter-193
Chapter-194
Chapter-195
Chapter-196
Chapter-197
Chapter-198
Chapter-199

Chapter-43

5.2K 697 12
By Miracle_Phyu97

Unicode

အခန်း(၄၃) -ဘာမှလုပ်စရာမရှိရင် သူမအနားကပ်မယ်။
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

" ကျွန်မ စတုတ္ထခယ်မကို ပြောပြီးပြီ။ စတုတ္ထခယ်မက သူမ နားလည်ကြောင်းနဲ့ နောက်ထပ်မလုပ်တော့ဘူးလို့ ပြောတယ် " အကြီးဆုံးမရီးက ပြောသည်။

သေချာတာပေါ့ လင်းချင်းဟယ်က သူမကို ဝတ်ကျေတမ်းကျေအဖြေသာ ပြန်ပေးခဲ့တယ်လို့ သူမ ခံစားရမှန်း အကြီးဆုံးမရီးက ပြောပြမှာမဟုတ်ဘူး။ မရီးတစ်ယောက် အနေဖြင့် သူမက သူမ(လင်းချင်းဟယ်)ကို မိသားစုအား မည်သို့ စီမံခန့်ခွဲရမယ်ဆိုတဲ့အကြောင်း အမှန်တကယ်တော့ သင်ပြပေးလို့ မရနိုင်ဘူး။ သူမ ပြောပြဖို့ လိုအပ်တာပဲ ပြောပြီး သူမ၏ စည်းရုံးဖျောင်းဖျမှုဖြင့် ဘောင်ကျော်လို့ မရနိုင်ဘူး။

အမေကျိုး ထွက်သွားသောအခါ အကြီးဆုံးမရီးသည် တတိယမရီးထံသို့ ရောက်လာပြီး ပန်းသီးများစားရန် ဝယ်မယ့်အကြောင်းကို ဆွေးနွေးတိုင်ပင်ကြသည်။ သူတို့တွေ အတူတကွ အုပ်စုဖွဲ့ ဝယ်သင့်လား။

တတိယမရီးသည် လင်းချင်းဟယ်၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ညီအစ်ကိုတွေ ဘယ်လို ချစ်စရာကောင်းကြောင်း ပြန်တွေးမိလိုက်တာနှင့်တစ်ပြိုင်နက် နောက်တစ်ခေါက် ထပ်မစဉ်းစားတော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။

ဒါကြောင့် သူတို့နှစ်ယောက်သည် တစ်ယောက် ငါးပြားစီ ထုတ်လိုက်သည်။ ငွေကို စုစည်းပြီးသောအခါ သူတို့သည် အစ်ကိုအကြီးဆုံးအား ပန်းသီးတစ်အိတ် ဝယ်ပေးရန် ပြောကြသည်။ နှစ်ယောက်သား ညီတူညီမျှ ခွဲဝေကြမည်။

အမေကျိုးသည် ထိုအကြောင်းကို သိသွားတာနဲ့ သူမသည် ငြီးတွားလိုက်သည်။ သူတို့တွေက ဘာလို့ ဒါကို ဝယ်လာကြတာလဲ။ စားဖို့ မလောက်ငှကြတာလည်း မဟုတ်ဘူးလေ။

အစ်ကိုကျိုးက အများကြီး မတွေးဘူး။ သူက ပြုံးရင်း ပြောသည်။ " ပန်းသီးစားတာက ဗိုက်ထဲက ကလေးအတွက် ကောင်းတယ်လို့ စတုတ္ထခယ်မဆီက သူတို့ ကြားခဲ့တယ်။ ကောင်လေးတွေကို ကိုယ်ဝန်ဆောင်ထားတုန်းက ပန်းသီးကို မကြာခဏ စားလေ့ရှိတယ်တဲ့။ အခု သူတို့တွေ မယုံနိုင်လောက်အောင် ကြီးထွားလာကြတာ ဟုတ်တယ်မလား "

ဒါကို သူမ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အမေကျိုးသည် လက်ချော်ပြီး ဒီညအတွက် ကြော်ရန် အခုလေးတင် ထုတ်ယူထားသော ကြက်ဥများကို လွှတ်ကျကာ ကျကွဲလုနီးပါး ဖြစ်သွားသည်။

စတုတ္ထရဲ့ဇနီးကို ဖျောင်းဖျအကြံပေးရန် သူမက အကြီးဆုံးရဲ့ဇနီးကို လွှတ်ခဲ့သည်။ ဒါပေမယ့် သူမက မဖျောင်းဖျနိုင်ရုံတင်မက သူမနှင့် တတိယရဲ့ဇနီးက စတုတ္ထရဲ့ဇနီး၏ လှည့်စားခြင်းကို ခံလိုက်ရသည်။

ပန်းသီးစားခြင်းက တကယ်ပဲ လောင်တနှင့် သူ့ညီတွေလို ဖြစ်စေနိုင်လား။ သူမ မသိဘူးလို့ မထင်လိုက်နဲ့။ စတုတ္ထရဲ့ဇနီး လောင်တကို ကိုယ်ဝန်ရှိတုန်းက သူမသည် အငမ်းမရ အစားကြီးသည်။ သူမက အားလုံးကို စားတယ်...... ဘယ်လိုလုပ်ပြီး ပန်းသီးပဲ ဖြစ်နိုင်မှာလဲ။

ထိုကဲ့သို့ ဖြစ်ပျက်ခဲ့တယ်လို့ အမေကျိုး မပြောနိုင် ဖြစ်သွားသည်။ သူမက ဘာပြောနိုင်မှာလဲ။ သူမရဲ့ချွေးမ နှစ်ယောက်စလုံးက ကိုယ်ဝန်ဆောင်ထားကြတာ ဒါကြောင့် သူတို့တွေကို ပန်းသီးတစ်ချို့ စားခွင့်မပေးနိုင်ဘူးလား။

သူတို့တွေက ပိုက်ဆံအတွက် သူမဆီ မလာခဲ့ဘူး။ သူတို့ကိုယ်ပိုင်ပိုက်ဆံကိုပဲ အသုံးပြုခဲ့တာ။

ဒီနှစ်ရဲ့ သီးနှံအထွက်နှုန်းက ကောင်းလို့ သူမက တစ်မိသားစုကို နှစ်ယွမ်စီ မုန့်ဖိုးပေးခဲ့တာကြောင့် သူတို့က ပိုက်ဆံအတွက် သူမဆီ လာမတောင်းကြဘူး။

အမှန်တကယ်တော့ ကိုယ်ဝန်ဆောင်ချိန် ပန်းသီးစားတဲ့အကြောင်းနှင့် ပတ်သက်ပြီး လင်းချင်းဟယ်က သူတို့ကို အတည်ပေါက်နှင့် နောက်လိုက်ခြင်း မဟုတ်ပေ။ ထိုအရာက ကိုယ်ဝန်ဆောင်စဉ်အတွင်း အကောင်းဆုံး အသီးအနှံဖြစ်သလို ကလေးနှင့် မိခင်အတွက်လည်း အာဟာရပြည့်ဝသည်။

ဒါ့အပြင် ဈေးလည်းမကြီးဘူးလေ...... ဘာလို့ သူတို့ မစားနိုင်ရမှာလဲ။

တစ်ယွမ်ဆိုရင် တစ်အိတ်အပြည့် ဝယ်နိုင်သည်။

မူလပိုင်ရှင်သည် ကောင်လေးတွေကို ကိုယ်ဝန်ဆောင်ချိန်တွင် အမှန်တကယ်ပင် ပန်းသီးစားရတာကို ကြိုက်နှစ်သက်ခဲ့သည်။ ပန်းသီးတင်မကဘူး...... သူမ ဝယ်နိုင်သမျှ အားလုံးပဲ။

ကလေးမွေးဖွားခြင်းက မိခင်၏ခန္ဓာကိုယ်ကို ထိခိုက်ပျက်ဆီးစေမှာ စိုးရိမ်သောကြောင့် မူလပိုင်ရှင်သည် အားလုံးကို စားခဲ့သည်။

ထိုအကြောင်းကြောင့် ကလေးတွေသည် သက်တူရွယ်တူများထက် မိခင်၏ခန္ဓာကိုယ်ထဲတွင် အာဟာရဓာတ် ပိုမိုရရှိခဲ့သည်။

သူတို့သည် မွေးစကပင် အလွန်ဖြူဖွေးပြီး နူးညံ့နေခဲ့တာတော့ အမှန်ပါပဲ။ ရှုံ့တွနေတာ မရှိခဲ့ဘူး။

မှတ်မိသလောက်ဆိုရင် မွေးဖွားတုန်းက လောင်တသည် ခုနှစ်ဂျင်းခန့် လေးသည်။ လောင်အာ့နှင့် လောင်စန်းက ခြောက်ဂျင်းနီးပါး လေးသည်။ ဒါတွေက အလွန် သင့်တော်သော အလေးချိန်များ ဖြစ်သည်။

ရွာထဲရှိ ကလေးအများစုသည် ငါးဂျင်းခန့်လောက်ဖြင့်သာ မွေးဖွားလာကြသည်။ ခြောက်ဂျင်းထက်ပိုတာ အရမ်းရှားလွန်းသောကြောင့် ထိုအလေးချိန်က အတော် ပြည့်မီနေပြီ။

လင်းချင်းဟယ်သည် ကျိုးမိသားစုက ဘယ်လိုတွေးနေမယ်ဆိုတာ ဂရုစိုက်မနေဘူး။ သူမသည် ကျိုးချင်းပိုင်အတွက် ဆွယ်တာအင်္ကျီ  ထိုးခြင်းဖြင့် အလုပ်ရှုပ်နေသည်။

ကျိုးချင်းပိုင်အနေနဲ့ကတော့ သူက အလုပ်မရှိဘဲ မနေနိုင်ဘူး။ ဒီနေ့ သူသည် ဝက်ပေါက်စများကို ခေါ်ယူလာရန် အသင်းခေါင်းဆောင်နှင့်အတူ ထွက်သွားသည်။

လင်းချင်ဟယ်သည် သူ ဒီတိုင်းထိုင်မနေချင်တာ မြင်တော့ အပင်ပန်းခံပြီး ပြောမနေတော့ဘူး။ ဒါပေမယ့် သူမက သူ့အတွက် သောက်ရန် နံရိုးစွပ်ပြုတ် ချက်ပေးနေတုန်းပင်။ တခြားကိစ္စနှင့်ပတ်သက်ပြီးတော့ သူမက အများကြီး ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။

နေ့လည်ခင်းတွင် ကျိုးချင်းပိုင်သည် ဝက်ပေါက်စလေး နှစ်ကောင်ကို ခေါ်ပြန်လာသည်။

သူတို့ အိမ်ပြန်ရောက်တာနဲ့ ဝက်ပေါက်စလေး နှစ်ကောင်ကို ကလေးသုံးယောက်က နွေးထွေးစွာ ကြိုဆိုကြသည်။ သုံးယောက်စလုံးသည် တယုတယ ထိတွေ့ပြီး ပွတ်သပ်ပေးရန် တိုးဝှေ့ပူးကပ်နေကြသည်။

ကျိုးချင်းပိုင်သည် စိတ်ကောင်းဝင်နေသည်မှာ သိသာထင်ရှားလှသည်။

နေ့လည်စာ စားပြီးနောက် သူသည် ဝက်စာချက်ရန် အိုးကို တိုက်ချွတ်ဆေးကြောလိုက်သည်။ ငယ်သေးသောကြောင့် အများကြီး ချက်စရာ မလိုသေးဘူး။ နောက်ပိုင်း ကြီးလာရင်တော့ ပမာဏက အများကြီး တိုးလာလိမ့်မည်။ အဲအချိန်ဆိုရင် အမှန်ပင် အလုပ်ရှုပ်လာလိမ့်မည်။

" နောက်နှစ်ဆို အိမ်နောက်ဖေးမှာ အပင်တချို့ ပိုစိုက်ရအောင် " ကျိုးချင်းပိုင်က သူမကို ပြောသည်။

" ကောင်းပြီလေ။ ရှင် လိုအပ်သလို စီမံခန့်ခွဲပေါ့ " လင်းချင်းဟယ်က ပြန်ဖြေရင်း သူမလက်ထဲက ဆွယ်တာအင်္ကျီကို သူ့ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်လိုက်သည်။ သူမသည် အမြင်အာရုံဖြင့် လေ့လာစစ်ဆေးခြင်းသာကို အသုံးပြုခဲ့သော်လည်း နှိုင်းယှဉ်ပြီးနောက် သူမ၏လက်ရာသည် အလွန်ကောင်းမွန်သည်ဟု သူမ ခံစားမိခဲ့သည်။ တစ်ချက် လေ့လာကြည့်ပြီးနောက် အခြေခံအားဖြင့် ကွဲလွဲမှု မရှိဘူး။ သေချာပေါက် အံကိုက်ဖြစ်မှာပါ။

သူမကို ကြည့်နေသည့် ကျိုးချင်းပိုင်၏အကြည့်သည် သိမ်မွေ့နူးညံ့နေသည်။ လွန်ခဲ့သော ရက်ပိုင်းတွင် သူ့ဇနီး၏ သဘောထားသည် လွန်ခဲ့သောအတိတ်က သူ့အပေါ် ထားရှိခဲ့သည့် သဘောထားနဲ့ လုံးဝမတူကြောင်း သူ တကယ်ခံစားမိခဲ့သည်။

သူမက သူနဲ့အတူ ရှိနေဖို့ ဆန္ဒရှိတယ် မရှိဘူးဆိုတာတော့ သူ ပြောနိုင်သေးသည်။

ဒီရက်အနည်းငယ်အတွင်းတွင် သူမသည် သူ့ကို စေ့စေ့စပ်စပ် အသေးစိတ် ပြုစုစောင့်ရှောက်ခဲ့သည်။ သူမနှလုံးသားထဲတွင် သူ့အတွက် နေရာတစ်နေရာ သေချာပေါက် ရှိနေရမည်။

လင်းချင်းဟယ် မသိတာက ဆွယ်တာအင်္ကျ ီတစ်ထည် ထိုးပေးခြင်းသည် သူ့ကို လှပသော နားလည်မှု လွဲမှားခြင်း ဖြစ်ပေါ်စေသည်။ နှိုင်းယှဉ်ပြီးသွားတာနဲ့ သူမ မော့ကြည့်လိုက်တော့ သူမကို ငေးစိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက အရမ်း အာရုံစူးစိုက်နေသည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြစ်ပြီး ချက်ချင်းပင် ချောင်းဟန့်ကာ အကြောင်းအရာ ပြောင်းလိုက်သည်။ " အံကိုက်ဖြစ်တော့ ကောင်းတာပေါ့။ ရှင် လုပ်စရာရှိတာ သွားလုပ်တော့လေ "

" အိမ်မှာ လုပ်စရာ အိမ်မှုဝေယျာဝစ္စတွေ ရှိသေးလား " ကျိုးချင်းပိုင်သည် မလှုပ်ရှားဘဲ သူမကို ဆက်ကြည့်နေသည်။

သူ့ဇနီးက သူ့ကို မြင်တော့ အနည်းငယ် ရှက်ရွံ့သလို ဖြစ်သွားတာကို သူ နားမလည်ပေမယ့် သူ့ဇနီးကို ပိုပိုပြီး ကြည့်ချင်နေတာကိုတော့ မတားဆီးနိုင်ဘူး။

အရင်ကတည်းက သူမကို လှပတယ်လို့ သူ တွေးခဲ့ဖူးသည်။ ဒါပေမယ့် အခုတော့ သူမကို ကြည့်လိုက်တဲ့အခါ သူ့ဇနီးက အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိနေတယ်လို့ သူ ခံစားမိသည်။

သူမသည် ဖြူဖွေးပြီး နူးညံ့ပုံပေါ်သည်။ သူမ စကားပြောသောအခါ နူးညံ့သိမ်မွေ့သည်။ ကျေးလက်ဒေသက ပညာတတ် မြို့ပြ လူငယ်တွေတောင် သူ့ဇနီးလောက် မလှဘူး။

လင်းချင်းဟယ် တွေးနေမိသည်... ဒီလူ ဘာဖြစ်နေတာလဲ။ ပထမဆုံး သူ ပြန်ရောက်လာတုန်းက မအေးစက်လွန်း မနွေးထွေးလွန်း ပုံမှန်ပဲ ပြုမူဆက်ဆံတာပါ။ လွန်ခဲ့တဲ့နှစ်ရက်က စလို့ သူ အလုပ်အားတာနဲ့ သူမအနား လာပြီး တွယ်ကပ်နေတယ်လို့ သူမ ခံစားနေရသည်။

" ဘာမှ လုပ်စရာ မရှိတော့ဘူး။ ဒီဆောင်းရာသီက ဆောင်းရာသီရဲ့ အထီးကျန်နေ့ရက်တွေပါပဲ " လင်းချင်းဟယ်သည် သူမစိတ်ထဲ လှန်လှောမွှေနှောက် ရှာဖွေလိုက်သည်။ အမှန်တကယ်ပင် အိမ်မှာ လုပ်စရာ ဘာမှမရှိတော့တာကြောင့် ဖြေလိုက်သည်။

ကျိုးချင်းပိုင်သည် သူမကို နောက်ဆုံး အကြည့်တစ်ချက် ပေးကာ နောက်ဆုတ်သွားရုံသာ တတ်နိုင်တော့သည်။

ကြည့်ရတာ သူ့ဇနီးက သူ့ကို ခွင့်မလွှတ်သေးပုံပဲ။ ဒီည သူ့ကို အခန်းထဲ အတူအိပ်ခိုင်းဖို့ သူမမှာ အစီအစဉ် မရှိဘူး။

လင်းချင်းဟယ်သည် ဆွယ်တာအင်္ကျီကို ဆက်၍ထိုးနေသည်။ ကျိုးချင်းပိုင်သည် သူ့သားသုံးယောက် အိပ်ပျော်နေသည်ကို စောင့်ကြည့်ရန် ဘေးအခန်းသို့ သွားလိုက်သည်။ အခုချိန်မှာ ဘာမှ လုပ်စရာ မရှိလို့ သူလည်း ခဏလောက် နေ့ခင်းဘက် တရေးတမော အိပ်ရန် ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သောရက်အနည်းငယ်က အမေကျိုး ဝယ်ယူခဲ့သော ကြက်မနှစ်ကောင်တွင် တစ်ကောင်ကို ချက်ပြုတ်ပြီး တစ်ကောင်ကိုတော့ ကြက်တဲထဲတွင် မွေးထားသေးသည်။

နောက်ရက်အနည်းငယ်ကြာမှ နောက်တစ်ခါ ချက်ပြုတ်ရန် သူမ စီစဉ်ထားသည်။ အခုတော့ ၎င်းက အသက်ရှင်နိုင်သေးသည်။

ဝက်ခြံထဲက ဝက်ပေါက်စ နှစ်ကောင်သည် သူတို့အိမ်အသစ်တွင် နေသားတကျ ဖြစ်နေပြီ။ အခု သူတို့ ဘာမှလုပ်စရာ မရှိဘူး။ ကျိုးချင်းပိုင်က သူတို့ကို သေသေချာချာ ဂရုစိုက်သောကြောင့် ဝက်ပေါက်စ နှစ်ကောင်သည် လျင်မြန်စွာ နေသားကျလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လတစ်ဝက်ကျော်လောက် အချိန်ကုန်လွန်သွားသည်။

အခုက နိုဝင်ဘာလလယ် ရောက်နေပြီ။

ဤကာလအတွင်း၌ ရွာသူရွာသားများတွင် ကျိုးချင်းပိုင်၏ ရွာ၌ အမြဲတမ်းနေထိုင်ခြင်းနှင့် ပက်သတ်၍ အမျိုးမျိုးသော ထင်မြင်ချက်များ ရှိကြသည်။

ဟုတ်တာပေါ့... အဖေကျိုးနှင့် အမေကျိုးတို့ ရှိနေသောကြောင့် ရွာထဲမှာ ကျိုးချင်းပိုင်နဲ့ ပတ်သက်ပြီး အတင်းအဖျင်းပြောကြတာ အလွန်နည်းသည်။ ထို့အပြင် ကျိုးချင်းပိုင် ပြန်လာချိန်တွင် သူက သူတို့ထံမှာ မှီခိုနေထိုင်နေတာ မဟုတ်တာကြောင့် ဒီကိစ္စက သူတို့နဲ့ ဘာမှမဆိုင်ပေ။

သို့သော်လည်း လင်းချင်းဟယ်နှင့် ပတ်သက်သော စကားအချို့တော့ ရှိခဲ့သည်။ အထူးသဖြင့် ငယ်ရွယ်သော သူမ၏စိတ်သဘောထားကို မနှစ်သက်ကြသော ရွာထဲရှိ ငယ်ရွယ်သော အမျိုးသမီးများကြားမှာပေါ့။ သူတို့တွေက နှစ်ကိုယ်ကြား လှောင်ပြောင်သရော်မှုများ ပြုလုပ်ကြသည်။

နောင်တွင် သူမသည် သူတို့ကဲ့သို့ လယ်ကွင်းကို ဦးဆောင်ရတော့မည် မဟုတ်လော။ သူမကိုယ် သူမ မြူးမြူးကြွကြွ ပြည့်စုံလှပသော မြေခွေးမလေးလို ဝတ်ဆင်နိုင်ဦးမလား စောင့်ကြည့်ကြတာပေါ့။

လင်းချင်းဟယ်သည် ရွာထဲရှိ လူများနှင့် ပတ်သက်ဆယ်နွယ်မှု မရှိသောကြောင့် သူမသည် အပြင်တွင် ပြောနေသည့် ထိုပြောဆိုချက်များကိုပင် မသိပေ။

သူမစိတ်ထဲတွင် အရိပ်အမြွတ် တစ်ချို့တော့ ရှိနေတယ်လို့ ဆိုရမှာပေါ့။ သူတို့ကြားက မျိုးဆက်ကွာဟချက်ကြောင့် သူမကတော့ လုံးဝဂရုမစိုက်ဘူး။

လင်းချင်းဟယ်သည် ယနေ့နံနက်ခင်းတွင် အပြင်ထွက်လာသည်။ မနေ့က သူမသည် ကျိုးချင်းပိုင်ကို ခေါ်ပြီး မိန်ကျဲနဲ့ ကြိုတင် အော်ဒါမှာရန် သူ့ကို သွားခိုင်းခဲ့သည်။ ယနေ့ သူမ ဒီမှာ လာယူသည်။

" မနေ့က မင်းရဲ့လူလား " မိန်ကျဲက ပြုံးပြီး မေးသည်။

" အင်း " လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို သူမ၏ခင်ပွန်းအဖြစ် လက်ခံထားသော်လည်း ထိုစကားကို အနည်းငယ် ရှက်ရွံ့နေသေးသည်။

**********************************

Zawgyi

အခန္း(၄၃) -ဘာမွလုပ္စရာမ႐ွိရင္ သူမအနားကပ္မယ္။
စာေရးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာျပန္ဆိုသူ - Snowtowel

" ကြၽန္မ စတုတၳခယ္မကို ေျပာၿပီးၿပီ။ စတုတၳခယ္မက သူမ နားလည္ေၾကာင္းနဲ႔ ေနာက္ထပ္မလုပ္ေတာ့ဘူးလို႔ ေျပာတယ္ " အႀကီးဆုံးမရီးက ေျပာသည္။

ေသခ်ာတာေပါ့ လင္းခ်င္းဟယ္က သူမကို ဝတ္ေက်တမ္းေက်အေျဖသာ ျပန္ေပးခဲ့တယ္လို႔ သူမ ခံစားရမွန္း အႀကီးဆုံးမရီးက ေျပာျပမွာမဟုတ္ဘူး။ မရီးတစ္ေယာက္ အေနျဖင့္ သူမက သူမ(လင္းခ်င္းဟယ္)ကို မိသားစုအား မည္သို႔ စီမံခန္႔ခြဲရမယ္ဆိုတဲ့အေၾကာင္း အမွန္တကယ္ေတာ့ သင္ျပေပးလို႔ မရႏိုင္ဘူး။ သူမ ေျပာျပဖို႔ လိုအပ္တာပဲ ေျပာၿပီး သူမ၏ စည္း႐ုံးေဖ်ာင္းဖ်မႈျဖင့္ ေဘာင္ေက်ာ္လို႔ မရႏိုင္ဘူး။

အေမက်ိဳး ထြက္သြားေသာအခါ အႀကီးဆုံးမရီးသည္ တတိယမရီးထံသို႔ ေရာက္လာၿပီး ပန္းသီးမ်ားစားရန္ ဝယ္မယ့္အေၾကာင္းကို ေဆြးေႏြးတိုင္ပင္ၾကသည္။ သူတို႔ေတြ အတူတကြ အုပ္စုဖြဲ႕ ဝယ္သင့္လား။

တတိယမရီးသည္ လင္းခ်င္းဟယ္၏ ကိုယ္ပိုင္ အေတြ႕အၾကဳံႏွင့္ ညီအစ္ကိုေတြ ဘယ္လို ခ်စ္စရာေကာင္းေၾကာင္း ျပန္ေတြးမိလိုက္တာႏွင့္တစ္ၿပိဳင္နက္ ေနာက္တစ္ေခါက္ ထပ္မစဥ္းစားေတာ့ဘဲ ခ်က္ခ်င္း သေဘာတူလိုက္သည္။

ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္သည္ တစ္ေယာက္ ငါးျပားစီ ထုတ္လိုက္သည္။ ေငြကို စုစည္းၿပီးေသာအခါ သူတို႔သည္ အစ္ကိုအႀကီးဆုံးအား ပန္းသီးတစ္အိတ္ ဝယ္ေပးရန္ ေျပာၾကသည္။ ႏွစ္ေယာက္သား ညီတူညီမွ် ခြဲေဝၾကမည္။

အေမက်ိဳးသည္ ထိုအေၾကာင္းကို သိသြားတာနဲ႔ သူမသည္ ၿငီးတြားလိုက္သည္။ သူတို႔ေတြက ဘာလို႔ ဒါကို ဝယ္လာၾကတာလဲ။ စားဖို႔ မေလာက္ငွၾကတာလည္း မဟုတ္ဘူးေလ။

အစ္ကိုက်ိဳးက အမ်ားႀကီး မေတြးဘူး။ သူက ျပဳံးရင္း ေျပာသည္။ " ပန္းသီးစားတာက ဗိုက္ထဲက ကေလးအတြက္ ေကာင္းတယ္လို႔ စတုတၳခယ္မဆီက သူတို႔ ၾကားခဲ့တယ္။ ေကာင္ေလးေတြကို ကိုယ္ဝန္ေဆာင္ထားတုန္းက ပန္းသီးကို မၾကာခဏ စားေလ့႐ွိတယ္တဲ့။ အခု သူတို႔ေတြ မယုံႏိုင္ေလာက္ေအာင္ ႀကီးထြားလာၾကတာ ဟုတ္တယ္မလား "

ဒါကို သူမ ၾကားလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ အေမက်ိဳးသည္ လက္ေခ်ာ္ၿပီး ဒီညအတြက္ ေၾကာ္ရန္ အခုေလးတင္ ထုတ္ယူထားေသာ ၾကက္ဥမ်ားကို လႊတ္က်ကာ က်ကြဲလုနီးပါး ျဖစ္သြားသည္။

စတုတၳရဲ႕ဇနီးကို ေဖ်ာင္းဖ်အၾကံေပးရန္ သူမက အႀကီးဆုံးရဲ႕ဇနီးကို လႊတ္ခဲ့သည္။ ဒါေပမယ့္ သူမက မေဖ်ာင္းဖ်ႏိုင္႐ုံတင္မက သူမႏွင့္ တတိယရဲ႕ဇနီးက စတုတၳရဲ႕ဇနီး၏ လွည့္စားျခင္းကို ခံလိုက္ရသည္။

ပန္းသီးစားျခင္းက တကယ္ပဲ ေလာင္တႏွင့္ သူ႕ညီေတြလို ျဖစ္ေစႏိုင္လား။ သူမ မသိဘူးလို႔ မထင္လိုက္နဲ႔။ စတုတၳရဲ႕ဇနီး ေလာင္တကို ကိုယ္ဝန္႐ွိတုန္းက သူမသည္ အငမ္းမရ အစားႀကီးသည္။ သူမက အားလုံးကို စားတယ္...... ဘယ္လိုလုပ္ၿပီး ပန္းသီးပဲ ျဖစ္ႏိုင္မွာလဲ။

ထိုကဲ့သို႔ ျဖစ္ပ်က္ခဲ့တယ္လို႔ အေမက်ိဳး မေျပာႏိုင္ ျဖစ္သြားသည္။ သူမက ဘာေျပာႏိုင္မွာလဲ။ သူမရဲ႕ေခြၽးမ ႏွစ္ေယာက္စလုံးက ကိုယ္ဝန္ေဆာင္ထားၾကတာ ဒါေၾကာင့္ သူတို႔ေတြကို ပန္းသီးတစ္ခ်ိဳ႕ စားခြင့္မေပးႏိုင္ဘူးလား။

သူတို႔ေတြက ပိုက္ဆံအတြက္ သူမဆီ မလာခဲ့ဘူး။ သူတို႔ကိုယ္ပိုင္ပိုက္ဆံကိုပဲ အသုံးျပဳခဲ့တာ။

ဒီႏွစ္ရဲ႕ သီးႏွံအထြက္ႏႈန္းက ေကာင္းလို႔ သူမက တစ္မိသားစုကို ႏွစ္ယြမ္စီ မုန္႔ဖိုးေပးခဲ့တာေၾကာင့္ သူတို႔က ပိုက္ဆံအတြက္ သူမဆီ လာမေတာင္းၾကဘူး။

အမွန္တကယ္ေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္ ပန္းသီးစားတဲ့အေၾကာင္းႏွင့္ ပတ္သက္ၿပီး လင္းခ်င္းဟယ္က သူတို႔ကို အတည္ေပါက္ႏွင့္ ေနာက္လိုက္ျခင္း မဟုတ္ေပ။ ထိုအရာက ကိုယ္ဝန္ေဆာင္စဥ္အတြင္း အေကာင္းဆုံး အသီးအႏွံျဖစ္သလို ကေလးႏွင့္ မိခင္အတြက္လည္း အာဟာရျပည့္ဝသည္။

ဒါ့အျပင္ ေဈးလည္းမႀကီးဘူးေလ...... ဘာလို႔ သူတို႔ မစားႏိုင္ရမွာလဲ။

တစ္ယြမ္ဆိုရင္ တစ္အိတ္အျပည့္ ဝယ္ႏိုင္သည္။

မူလပိုင္႐ွင္သည္ ေကာင္ေလးေတြကို ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ အမွန္တကယ္ပင္ ပန္းသီးစားရတာကို ႀကိဳက္ႏွစ္သက္ခဲ့သည္။ ပန္းသီးတင္မကဘူး...... သူမ ဝယ္ႏိုင္သမွ် အားလုံးပဲ။

ကေလးေမြးဖြားျခင္းက မိခင္၏ခႏၶာကိုယ္ကို ထိခိုက္ပ်က္ဆီးေစမွာ စိုးရိမ္ေသာေၾကာင့္ မူလပိုင္႐ွင္သည္ အားလုံးကို စားခဲ့သည္။

ထိုအေၾကာင္းေၾကာင့္ ကေလးေတြသည္ သက္တူ႐ြယ္တူမ်ားထက္ မိခင္၏ခႏၶာကိုယ္ထဲတြင္ အာဟာရဓာတ္ ပိုမိုရ႐ွိခဲ့သည္။

သူတို႔သည္ ေမြးစကပင္ အလြန္ျဖဴေဖြးၿပီး ႏူးညံ့ေနခဲ့တာေတာ့ အမွန္ပါပဲ။ ႐ႈံ႕တြေနတာ မ႐ွိခဲ့ဘူး။

မွတ္မိသေလာက္ဆိုရင္ ေမြးဖြားတုန္းက ေလာင္တသည္ ခုႏွစ္ဂ်င္းခန္႔ ေလးသည္။ ေလာင္အာ့ႏွင့္ ေလာင္စန္းက ေျခာက္ဂ်င္းနီးပါး ေလးသည္။ ဒါေတြက အလြန္ သင့္ေတာ္ေသာ အေလးခ်ိန္မ်ား ျဖစ္သည္။

႐ြာထဲ႐ွိ ကေလးအမ်ားစုသည္ ငါးဂ်င္းခန္႔ေလာက္ျဖင့္သာ ေမြးဖြားလာၾကသည္။ ေျခာက္ဂ်င္းထက္ပိုတာ အရမ္း႐ွားလြန္းေသာေၾကာင့္ ထိုအေလးခ်ိန္က အေတာ္ ျပည့္မီေနၿပီ။

လင္းခ်င္းဟယ္သည္ က်ိဳးမိသားစုက ဘယ္လိုေတြးေနမယ္ဆိုတာ ဂ႐ုစိုက္မေနဘူး။ သူမသည္ က်ိဳးခ်င္းပိုင္အတြက္ ဆြယ္တာအက်ႌ  ထိုးျခင္းျဖင့္ အလုပ္႐ႈပ္ေနသည္။

က်ိဳးခ်င္းပိုင္အေနနဲ႔ကေတာ့ သူက အလုပ္မ႐ွိဘဲ မေနႏိုင္ဘူး။ ဒီေန႔ သူသည္ ဝက္ေပါက္စမ်ားကို ေခၚယူလာရန္ အသင္းေခါင္းေဆာင္ႏွင့္အတူ ထြက္သြားသည္။

လင္းခ်င္ဟယ္သည္ သူ ဒီတိုင္းထိုင္မေနခ်င္တာ ျမင္ေတာ့ အပင္ပန္းခံၿပီး ေျပာမေနေတာ့ဘူး။ ဒါေပမယ့္ သူမက သူ႕အတြက္ ေသာက္ရန္ နံ႐ိုးစြပ္ျပဳတ္ ခ်က္ေပးေနတုန္းပင္။ တျခားကိစၥႏွင့္ပတ္သက္ၿပီးေတာ့ သူမက အမ်ားႀကီး ဝင္ေရာက္စြက္ဖက္မွာ မဟုတ္ဘူး။

ေန႔လည္ခင္းတြင္ က်ိဳးခ်င္းပိုင္သည္ ဝက္ေပါက္စေလး ႏွစ္ေကာင္ကို ေခၚျပန္လာသည္။

သူတို႔ အိမ္ျပန္ေရာက္တာနဲ႔ ဝက္ေပါက္စေလး ႏွစ္ေကာင္ကို ကေလးသုံးေယာက္က ေႏြးေထြးစြာ ႀကိဳဆိုၾကသည္။ သုံးေယာက္စလုံးသည္ တယုတယ ထိေတြ႕ၿပီး ပြတ္သပ္ေပးရန္ တိုးေဝွ႔ပူးကပ္ေနၾကသည္။

က်ိဳးခ်င္းပိုင္သည္ စိတ္ေကာင္းဝင္ေနသည္မွာ သိသာထင္႐ွားလွသည္။

ေန႔လည္စာ စားၿပီးေနာက္ သူသည္ ဝက္စာခ်က္ရန္ အိုးကို တိုက္ခြၽတ္ေဆးေၾကာလိုက္သည္။ ငယ္ေသးေသာေၾကာင့္ အမ်ားႀကီး ခ်က္စရာ မလိုေသးဘူး။ ေနာက္ပိုင္း ႀကီးလာရင္ေတာ့ ပမာဏက အမ်ားႀကီး တိုးလာလိမ့္မည္။ အဲအခ်ိန္ဆိုရင္ အမွန္ပင္ အလုပ္႐ႈပ္လာလိမ့္မည္။

" ေနာက္ႏွစ္ဆို အိမ္ေနာက္ေဖးမွာ အပင္တခ်ိဳ႕ ပိုစိုက္ရေအာင္ " က်ိဳးခ်င္းပိုင္က သူမကို ေျပာသည္။

" ေကာင္းၿပီေလ။ ႐ွင္ လိုအပ္သလို စီမံခန္႔ခြဲေပါ့ " လင္းခ်င္းဟယ္က ျပန္ေျဖရင္း သူမလက္ထဲက ဆြယ္တာအက်ႌကို သူ႕ခႏၶာကိုယ္နဲ႔ ႏိႈင္းယွဥ္လိုက္သည္။ သူမသည္ အျမင္အာ႐ုံျဖင့္ ေလ့လာစစ္ေဆးျခင္းသာကို အသုံးျပဳခဲ့ေသာ္လည္း ႏိႈင္းယွဥ္ၿပီးေနာက္ သူမ၏လက္ရာသည္ အလြန္ေကာင္းမြန္သည္ဟု သူမ ခံစားမိခဲ့သည္။ တစ္ခ်က္ ေလ့လာၾကည့္ၿပီးေနာက္ အေျခခံအားျဖင့္ ကြဲလြဲမႈ မ႐ွိဘူး။ ေသခ်ာေပါက္ အံကိုက္ျဖစ္မွာပါ။

သူမကို ၾကည့္ေနသည့္ က်ိဳးခ်င္းပိုင္၏အၾကည့္သည္ သိမ္ေမြ႕ႏူးညံ့ေနသည္။ လြန္ခဲ့ေသာ ရက္ပိုင္းတြင္ သူ႕ဇနီး၏ သေဘာထားသည္ လြန္ခဲ့ေသာအတိတ္က သူ႕အေပၚ ထား႐ွိခဲ့သည့္ သေဘာထားနဲ႔ လုံးဝမတူေၾကာင္း သူ တကယ္ခံစားမိခဲ့သည္။

သူမက သူနဲ႔အတူ ႐ွိေနဖို႔ ဆႏၵ႐ွိတယ္ မ႐ွိဘူးဆိုတာေတာ့ သူ ေျပာႏိုင္ေသးသည္။

ဒီရက္အနည္းငယ္အတြင္းတြင္ သူမသည္ သူ႕ကို ေစ့ေစ့စပ္စပ္ အေသးစိတ္ ျပဳစုေစာင့္ေ႐ွာက္ခဲ့သည္။ သူမႏွလုံးသားထဲတြင္ သူ႕အတြက္ ေနရာတစ္ေနရာ ေသခ်ာေပါက္ ႐ွိေနရမည္။

လင္းခ်င္းဟယ္ မသိတာက ဆြယ္တာအက်ၤ ီတစ္ထည္ ထိုးေပးျခင္းသည္ သူ႕ကို လွပေသာ နားလည္မႈ လြဲမွားျခင္း ျဖစ္ေပၚေစသည္။ ႏိႈင္းယွဥ္ၿပီးသြားတာနဲ႔ သူမ ေမာ့ၾကည့္လိုက္ေတာ့ သူမကို ေငးစိုက္ၾကည့္ေနတာ ေတြ႕လိုက္ရသည္။ သူ႕မ်က္လုံးေတြက အရမ္း အာ႐ုံစူးစိုက္ေနသည္။ သူမသည္ ႐ွက္ကိုး႐ွက္ကန္းျဖစ္ၿပီး ခ်က္ခ်င္းပင္ ေခ်ာင္းဟန္႔ကာ အေၾကာင္းအရာ ေျပာင္းလိုက္သည္။ " အံကိုက္ျဖစ္ေတာ့ ေကာင္းတာေပါ့။ ႐ွင္ လုပ္စရာ႐ွိတာ သြားလုပ္ေတာ့ေလ "

" အိမ္မွာ လုပ္စရာ အိမ္မႈေဝယ်ာဝစၥေတြ ႐ွိေသးလား " က်ိဳးခ်င္းပိုင္သည္ မလႈပ္႐ွားဘဲ သူမကို ဆက္ၾကည့္ေနသည္။

သူ႕ဇနီးက သူ႕ကို ျမင္ေတာ့ အနည္းငယ္ ႐ွက္႐ြံ႕သလို ျဖစ္သြားတာကို သူ နားမလည္ေပမယ့္ သူ႕ဇနီးကို ပိုပိုၿပီး ၾကည့္ခ်င္ေနတာကိုေတာ့ မတားဆီးႏိုင္ဘူး။

အရင္ကတည္းက သူမကို လွပတယ္လို႔ သူ ေတြးခဲ့ဖူးသည္။ ဒါေပမယ့္ အခုေတာ့ သူမကို ၾကည့္လိုက္တဲ့အခါ သူ႕ဇနီးက အမွန္တကယ္ပင္ ဆြဲေဆာင္မႈ ႐ွိေနတယ္လို႔ သူ ခံစားမိသည္။

သူမသည္ ျဖဴေဖြးၿပီး ႏူးညံ့ပုံေပၚသည္။ သူမ စကားေျပာေသာအခါ ႏူးညံ့သိမ္ေမြ႕သည္။ ေက်းလက္ေဒသက ပညာတတ္ ၿမိဳ႕ျပ လူငယ္ေတြေတာင္ သူ႕ဇနီးေလာက္ မလွဘူး။

လင္းခ်င္းဟယ္ ေတြးေနမိသည္... ဒီလူ ဘာျဖစ္ေနတာလဲ။ ပထမဆုံး သူ ျပန္ေရာက္လာတုန္းက မေအးစက္လြန္း မေႏြးေထြးလြန္း ပုံမွန္ပဲ ျပဳမူဆက္ဆံတာပါ။ လြန္ခဲ့တဲ့ႏွစ္ရက္က စလို႔ သူ အလုပ္အားတာနဲ႔ သူမအနား လာၿပီး တြယ္ကပ္ေနတယ္လို႔ သူမ ခံစားေနရသည္။

" ဘာမွ လုပ္စရာ မ႐ွိေတာ့ဘူး။ ဒီေဆာင္းရာသီက ေဆာင္းရာသီရဲ႕ အထီးက်န္ေန႔ရက္ေတြပါပဲ " လင္းခ်င္းဟယ္သည္ သူမစိတ္ထဲ လွန္ေလွာေမႊေႏွာက္ ႐ွာေဖြလိုက္သည္။ အမွန္တကယ္ပင္ အိမ္မွာ လုပ္စရာ ဘာမွမ႐ွိေတာ့တာေၾကာင့္ ေျဖလိုက္သည္။

က်ိဳးခ်င္းပိုင္သည္ သူမကို ေနာက္ဆုံး အၾကည့္တစ္ခ်က္ ေပးကာ ေနာက္ဆုတ္သြား႐ုံသာ တတ္ႏိုင္ေတာ့သည္။

ၾကည့္ရတာ သူ႕ဇနီးက သူ႕ကို ခြင့္မလႊတ္ေသးပုံပဲ။ ဒီည သူ႕ကို အခန္းထဲ အတူအိပ္ခိုင္းဖို႔ သူမမွာ အစီအစဥ္ မ႐ွိဘူး။

လင္းခ်င္းဟယ္သည္ ဆြယ္တာအက်ႌကို ဆက္၍ထိုးေနသည္။ က်ိဳးခ်င္းပိုင္သည္ သူ႕သားသုံးေယာက္ အိပ္ေပ်ာ္ေနသည္ကို ေစာင့္ၾကည့္ရန္ ေဘးအခန္းသို႔ သြားလိုက္သည္။ အခုခ်ိန္မွာ ဘာမွ လုပ္စရာ မ႐ွိလို႔ သူလည္း ခဏေလာက္ ေန႔ခင္းဘက္ တေရးတေမာ အိပ္ရန္ ဆုံးျဖတ္လိုက္သည္။

လြန္ခဲ့ေသာရက္အနည္းငယ္က အေမက်ိဳး ဝယ္ယူခဲ့ေသာ ၾကက္မႏွစ္ေကာင္တြင္ တစ္ေကာင္ကို ခ်က္ျပဳတ္ၿပီး တစ္ေကာင္ကိုေတာ့ ၾကက္တဲထဲတြင္ ေမြးထားေသးသည္။

ေနာက္ရက္အနည္းငယ္ၾကာမွ ေနာက္တစ္ခါ ခ်က္ျပဳတ္ရန္ သူမ စီစဥ္ထားသည္။ အခုေတာ့ ၎က အသက္႐ွင္ႏိုင္ေသးသည္။

ဝက္ျခံထဲက ဝက္ေပါက္စ ႏွစ္ေကာင္သည္ သူတို႔အိမ္အသစ္တြင္ ေနသားတက် ျဖစ္ေနၿပီ။ အခု သူတို႔ ဘာမွလုပ္စရာ မ႐ွိဘူး။ က်ိဳးခ်င္းပိုင္က သူတို႔ကို ေသေသခ်ာခ်ာ ဂ႐ုစိုက္ေသာေၾကာင့္ ဝက္ေပါက္စ ႏွစ္ေကာင္သည္ လ်င္ျမန္စြာ ေနသားက်လာသည္။

မ်က္စိတစ္မွိတ္အတြင္းမွာပင္ လတစ္ဝက္ေက်ာ္ေလာက္ အခ်ိန္ကုန္လြန္သြားသည္။

အခုက ႏိုဝင္ဘာလလယ္ ေရာက္ေနၿပီ။

ဤကာလအတြင္း၌ ႐ြာသူ႐ြာသားမ်ားတြင္ က်ိဳးခ်င္းပိုင္၏ ႐ြာ၌ အၿမဲတမ္းေနထိုင္ျခင္းႏွင့္ ပက္သတ္၍ အမ်ိဳးမ်ိဳးေသာ ထင္ျမင္ခ်က္မ်ား ႐ွိၾကသည္။

ဟုတ္တာေပါ့... အေဖက်ိဳးႏွင့္ အေမက်ိဳးတို႔ ႐ွိေနေသာေၾကာင့္ ႐ြာထဲမွာ က်ိဳးခ်င္းပိုင္နဲ႔ ပတ္သက္ၿပီး အတင္းအဖ်င္းေျပာၾကတာ အလြန္နည္းသည္။ ထို႔အျပင္ က်ိဳးခ်င္းပိုင္ ျပန္လာခ်ိန္တြင္ သူက သူတို႔ထံမွာ မွီခိုေနထိုင္ေနတာ မဟုတ္တာေၾကာင့္ ဒီကိစၥက သူတို႔နဲ႔ ဘာမွမဆိုင္ေပ။

သို႔ေသာ္လည္း လင္းခ်င္းဟယ္ႏွင့္ ပတ္သက္ေသာ စကားအခ်ိဳ႕ေတာ့ ႐ွိခဲ့သည္။ အထူးသျဖင့္ ငယ္႐ြယ္ေသာ သူမ၏စိတ္သေဘာထားကို မႏွစ္သက္ၾကေသာ ႐ြာထဲ႐ွိ ငယ္႐ြယ္ေသာ အမ်ိဳးသမီးမ်ားၾကားမွာေပါ့။ သူတို႔ေတြက ႏွစ္ကိုယ္ၾကား ေလွာင္ေျပာင္သေရာ္မႈမ်ား ျပဳလုပ္ၾကသည္။

ေနာင္တြင္ သူမသည္ သူတို႔ကဲ့သို႔ လယ္ကြင္းကို ဦးေဆာင္ရေတာ့မည္ မဟုတ္ေလာ။ သူမကိုယ္ သူမ ျမဴးျမဴးႂကြႂကြ ျပည့္စုံလွပေသာ ေျမေခြးမေလးလို ဝတ္ဆင္ႏိုင္ဦးမလား ေစာင့္ၾကည့္ၾကတာေပါ့။

လင္းခ်င္းဟယ္သည္ ႐ြာထဲ႐ွိ လူမ်ားႏွင့္ ပတ္သက္ဆယ္ႏြယ္မႈ မ႐ွိေသာေၾကာင့္ သူမသည္ အျပင္တြင္ ေျပာေနသည့္ ထိုေျပာဆိုခ်က္မ်ားကိုပင္ မသိေပ။

သူမစိတ္ထဲတြင္ အရိပ္အႁမြတ္ တစ္ခ်ိဳ႕ေတာ့ ႐ွိေနတယ္လို႔ ဆိုရမွာေပါ့။ သူတို႔ၾကားက မ်ိဳးဆက္ကြာဟခ်က္ေၾကာင့္ သူမကေတာ့ လုံးဝဂ႐ုမစိုက္ဘူး။

လင္းခ်င္းဟယ္သည္ ယေန႔နံနက္ခင္းတြင္ အျပင္ထြက္လာသည္။ မေန႔က သူမသည္ က်ိဳးခ်င္းပိုင္ကို ေခၚၿပီး မိန္က်ဲနဲ႔ ႀကိဳတင္ ေအာ္ဒါမွာရန္ သူ႕ကို သြားခိုင္းခဲ့သည္။ ယေန႔ သူမ ဒီမွာ လာယူသည္။

" မေန႔က မင္းရဲ႕လူလား " မိန္က်ဲက ျပဳံးၿပီး ေမးသည္။

" အင္း " လင္းခ်င္းဟယ္သည္ က်ိဳးခ်င္းပိုင္ကို သူမ၏ခင္ပြန္းအျဖစ္ လက္ခံထားေသာ္လည္း ထိုစကားကို အနည္းငယ္ ႐ွက္႐ြံ႕ေနေသးသည္။

Continue Reading

You'll Also Like

611K 59.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
267K 7.1K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
200K 33.6K 91
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .