Unicode
"အရိပ်လေး ကိုယ်ပြန်လာပြီ .. အရိပ်လေး! အရိပ်!!"
စစ်ပိုင်ဇေက အရိပ်အတွက် မုန့်ထုပ်တွေကို လက်နှစ်ဖက်လုံးမှာ ဆွဲထားပြီး အရိပ်ကိုအော်ခေါ်လျက်ရှိသည်။ ဒါမဲ့ပေါက်စလေးရဲ့အရိပ်အယောင်ကို နည်းနည်းမှ မမြင်ရတာကြောင့် ခေါ်သံက ပိုပြီးကျယ်လာသည်။
သူ့အခန်းတံခါးက ပွင့်လာပြီး မျက်ခုံးတွေတွန့်ကွေးလျက်ရှိသော ပေါက်စလေးထွက်လာမှ ပူပန်နေသော စိတ်တွေက အေးသွားသည်။ ဒါမဲ့ မြင်လိုက်ရတဲ့အရာကြောင့် သူနှာခေါင်းသွေး ယိုချင်သွားသည်။
အရိပ်က ရေချိုးပြီးခါစဖြစ်ပြီး ခါးမှာတပတ်ဖြူလေးသာပတ်ရင်း တံခါးကိုဖွင့်လိုက်တာဖြစ်သည်။ ဖြူဖြူဖွေးဖွေး အဆီမရှိ၊ အရမ်းပိန်းပါးလှသော ခန္ဓာကိုယ်လေးကို ပိုင်ဇေမှာ အချိန်ခဏကြာ စိုက်ကြည့်နေမိသည်။ ပြီးမှ သူကပဲ ရှက်စွာ မျက်နှာလွဲသွားပြီး အရိပ်ကိုပြောတော့သည်။
"အရိပ်လေး မင်း.. မင်းအဝတ်စားလဲပြီးမှ ထွက်လာခဲ့လေကွာ .. ဘာလို့ဒီအတိုင်းကြီး ထွက်လာတာလဲ .. အ..အအေးပတ်နေလိမ့်မယ် သွား သွား အခန်းထဲပြန်အဝတ်စားလဲလိုက်ဦး .. ပြီးမှထွက်ခဲ့"
အရိပ်မှာ ပိုင်ဇေကို စိုက်ကြည့်မိသည်။
ကျွန်တော်ထွက်မလာရင် ခင်များက အသံပြဲကြီးနဲ့ အော်ခေါ်နေဦးမှာလေ.. ဆိုပြီး စိတ်ထဲပြန်ပြောကာ တံခါးကိုဒုန်းကနဲ ပြန်ပိတ်သွားသည်။
အရိပ်ပြန်ပြီးထွက်လာတော့ စစ်ပိုင်ဇေက သူ့အတွက်မုန့်တွေကို ပန်းကန်ထဲသို့ သေချာထည့်ပေးထားသည်။ ပြီးရင် အရိပ်အတွက် လိမေ္မာ်ဖျော်ရည်ခွက်လေး ချထားပြီး သူ့ကိုယ်တိုင်အတွက်တော့ ဝိုင်ပုလင်းကို ချထားသည်။
"ကျွန်တော်ကျ ဘာလို့ဖျော်ရည်လဲ"
အရိပ်က ဝင်ထိုင်ရင်း ပြောလိုက်သည်။
"ဟင်.. ဝိုင်သောက်ချင်လို့လား .. ဝိုင်က ကလေးတွေအတွက် မဟုတ်ဘူးလေကွာ"
"ကျွန်တော်က ၁၈နှစ်ရောက်နေပြီ"
အရိပ်ရဲ့ခပ်အေးအေး ပြောလိုက်သော စကားက ပိုင်ဇေကို တကယ်အံသြသွားစေသည်။ သူထင်ခဲ့တာ အရိပ်က အသက်၁၅လောက်ပေါ့ အလွန်ဆုံး ၁၆လို့ တွေးထားတာဖြစ်သည်။ ပေါက်စလေးက အသက်ပြည့်နေပြီမို့ လူပျိုကြီးက မသိစိတ်ထဲ ပျော်သွားသည်။
အရိပ်ကတော့ နောက်ခွက်တစ်လုံးကို ထယူလာပြီး လိမေ္မာရည်ခွက်ကို ဘေးသို့ တွန်းပို့လိုက်တော့သည်။ ခွက်နှစ်လုံးထဲ ဝိုင်ကို ထည့်ပြီးနောက် သူ့ခွက်ကိုကိုင်ကာ ပိုင်ဇေဆီကို မြှောက်လိုက်သည်။ ပိုင်ဇေကလည်း အလိုက်တသိ အရိပ်နဲ့ခွက်တိုက်လိုက်သည်။
"Cheers"
တစ်ခွက်လုံးကို အရိပ်တစ်ခါတည်းမော့ချပြီး နောက်ထပ်ခွက်အပြည့် ဝိုင်ထပ်ထည့်သည်။ ထည့်ပြီး အကုန်ကို မော့ချပစ်ပြန်သည်။ ပုလင်းရဲ့တစ်ဝက်အောက်လျော့သည်ထိ ထည့်လိုက်သောက်လိုက်နဲ့ လုပ်နေသူကို စစ်ပိုင်ဇေကတော့ ပြုံးပြီးသာ ကြည်နေသည်။
"အရိပ်လေး"
အရိပ်က ရီဝေဝေမျက်လုံးနဲ့ သူ့ကို မျက်တောင်လေးတွေပင့်ကြည့်သည်။
"ဘာလို့မင်းနာမည်က အရိပ်လဲ .. မင်းကိုဘယ်သူပေးခဲ့တာလဲ"
ကျွန်တော့်ကို ငယ်ငယ်တုန်းက ထိန်းပေးခဲ့တဲ့အဒေါ်ကြီး
ပေးခဲ့တာ..။
သ့ူအတွေးထဲကလိုသာ အမှန်တိုင်းဖြေပေးလိုက်ရင် သူ့ရှေ့ကလူကြီးရယ်သွားမှာကို စိုးလှသည်။
"ကျွန်တော့်ကို အရိပ်တစ်ခုလောက်ရဲ့အောက်မှာ လုံလုံခြုံခြုံခိုနားစေချင်လို့ အရိပ်လို့ပေးခဲ့တာ.."
ဘာလို့ဆို ကျွန်တော့်မှာ ခိုနားစရာတစ်ခုမှ မရှိခဲ့လို့။
ဘယ်သူပေးခဲ့လဲဆိုတာတော့ သူမပြောဘဲ ဒီအတိုင်းလေးထားလိုက်သည်။
"မင်းအခု ကိုယ့်အရိပ်အောက်မှာ ရှိနေပြီပဲ"
အရိပ်က မျက်ရည်ရွမ်းရွမ်းလေးနဲ့ ပိုင်ဇေကို မော့ကြည့်မိသွားသည်။ သူ့ဘဝကြီးတစ်ခုလုံးက ပိုင်ဇေရဲ့အရိပ်အောက်ကိုရောက်ဖို့ နာကျင်ခဲ့ရတယ်ဆိုရင် သူဖြတ်သန်းခဲ့ရသော ဆိုးဝါးတဲ့နေ့ရက်တိုင်းကို ကျေနပ်စွာလက်ခံနိုင်လိမ့်မည်။ အခုလိုဖြစ်အောင် လုပ်ခဲ့တဲ့မိုးနတ်မင်းကိုလည်း ကျေးဇူးတောင်တင်မိလိမ့်မည်။
ဒါပေမဲ့... ပိုင်ဇေကတော့ စကားကိုအလွယ်လေးသာ ပြောလိုက်တာဖြစ်သည်။ သူ့စကားမှာ လေးနက်မှုမရှိပါ။ အရိပ်က နှုတ်ခမ်းလေးတစ်ဖက်ကို အနည်းငယ်ကော့တက်သွားအောင် ရယ်လိုက်သည်။
"အဟင်း... ဒါက ယာယီပါ .. တစ်ဘဝလုံးစာ မဟုတ်ပါဘူး"
"မင်းသာ ကိုယ်နဲ့နေဖို့ ဆန္ဒရှိရင် ကိုယ်နဲ့နေရတာ ပျော်တယ်ဆိုရင် ကိုယ်မင်းတစ်ဘဝလုံးကို တာဝန်ယူပေးနိုင်တယ်"
"ဘယ်လိုမျိုးလဲ"
"ဟမ်.."
"ဘယ်လိုမျိုးလဲလို့ မွေးစားသားအဖြစ်လား"
ပိုင်ဇေက သူ့ကို ဆယ်ကျော်သက်လေးလိုသာ သဘောထားပြီး အရွယ်ရောက်သူတစ်ယောက်အဖြစ် မမြင်တာကို အရိပ်သိသည်။ ပိုင်ဇေဆီမှာ မွေးစားသားအဖြစ်နေ့မယ့်အစား အဲ့လူကြီးကို သင်းကွတ်ပစ်ပြီး သူထွက်သွားရလိမ့်မည်။
"မင်းက မွေးစားစေချင်ရင်လည်း... ကိုယ်မင်းကို မွေးစားမယ်လေ"
ပိုင်ဇေကတော့ ပြောပြီး ချက်ချင်းနောင်တရသွားသည်။ ဘာလို့ဆို သူ့ကိုစိုက်ကြည့်လိုက်သော အရိပ်ကြောင့်ဖြစ်သည်။ ပေါက်စလေးအတွေးထဲ ဘာရှိနေမလဲ သူမသိပေမယ့် အကြည့်နဲ့တင် ထိတ်လန့်သွားရသည်။
ဒီလိုပဲ ဆက်သွားရင်တော့ မဖြစ်တော့မှန်း အရိပ်သိလိုက်သည်။ သူကပဲ အဆင့်တက်ပြီး ကြိုးစားမှဖြစ်တော့မည်။
"ဦး.."
အရိပ်ကခေါ်ရင်း မတ်တပ်ရပ်လိုက်ပြီး သူ့လက်ထဲဝိုင်ခွက်ကိုပဲ ကြည့်နေသည်။ ပြီးနောက် ပိုင်ဇေဆီကို ဖြည်းဖြည်းချင်းပြန်လှည့်ကြည့်လာပြီး...
"ကျွန်တော် ဦးရဲ့မွေးစားသား မဖြစ်ချင်ဘူး"
ဝိုင်ခွက်ကို အရိပ်မော့ချလိုက်ပြီး သူကအကုန်မြိုမချဘဲ ပါးစပ်ထဲမှာပဲ ငုံထားသည်။ လက်ထဲက ခွက်ကိုတော့ စားပွဲပေါ်ကို ပြန်ချခဲ့ပြီး ပိုင်ဇေဆီကို လျောက်သွားသည်။ ပိုင်ဇေကတော့ သူလုပ်သမျကို ငြိမ်ပြီးစိုက်ကြည့်နေသည်။
သူ့ပေါင်ပေါ်ကို ဝင်ထိုင်လာသောအရိပ်ကြောင့် ပိုင်ဇေကတော့ မှင်သက်နေလျက် ဘာမှမတုန့်ပြန်နိုင်သေးပါ။ သူ့မျက်နှာကို လက်နှစ်ဘက်နှင့်ကိုင်ရင်း အရိပ်က မော့စေကာ သူ့နှုတ်ခမ်းတွေနဲ့ အရိပ်နှုတ်ခမ်းကထိတွေ့တော့သည်။ သူ့ပါးစပ်ထဲ ဝိုင်အချို့က ဝင်ရောက်လာပြီး အချို့ကတော့ နှုတ်ခမ်းမှစီးကျကုန်သည်။
"ကျွန်တော်.. ဦးရဲ့ကလေးလေးဖြစ်ချင်တာ"
သူပြောပြီးတာနဲ့ ပိုင်ဇေနှုတ်ခမ်းကို နူးနူးညံညံလေး ထိသွားရုံမျှ ထပ်နမ်းလိုက်သည်။
"အရိပ်လေး မင်းမူးနေတာလား"
"မမူးဘူး"
"ဒါဆို မင်းကိုမင်း ဘာပြောနေလဲဆိုတာ သိရဲ့လား"
"သိတယ်"
ပိုင်ဇေလက်က ချက်ချင်းအရိပ်ရဲ့ခါးပေါ်ကို ရောက်လာပြီး ဆွဲဖက်လိုက်သည်။ ကျန်တဲ့တစ်ဖက်ကလည်း အရိပ်ခေါင်းကို ကိုင်ပြီးငုံစေကာ နှုတ်ခမ်းအချင်ချင်း ထိတွေ့လိုက်သည်။ ပထမတော့ အရိပ်ရဲ့နှုတ်ခမ်းသားလေးတွေကိုသာ နူးနူးညံညံ နမ်းပြီး နောက်တော့ အရိပ်ပါးစပ်ထဲကို တိုးဝင်ရန် ကြိုးစားသည်။ အရိပ်ကလည်း ချက်ချင်းပဲ ခွင့်ပြုလိုက်တာမို့ အရိပ်ပါးစပ်ထဲကို မွှေနှောက်တော့သည်။ အရိပ်ရဲ့လျှာဖျားလေးကိုလည်း ဆုပ်ယူနမ်းရှိုက်သည်။ ဒီလိုနဲ့ အချိန်ကြာအောင် ပြင်းပြင်းပြပြနမ်းရှိုက်ပြီးနောက် အရိပ်ကတော့ အတော်ကိုမောဟိုက်သွားသည်။
ပိုင်ဇေက မတ်တပ်ရပ်လာပြီး အရိပ်ကို ပွေ့ချီထားကာ အရိပ်ကလည်း သူ့ခါးကို ခြေထောက်နှစ်ဖက်နဲ့ချိတ်ထားပြီး လည်ပင်းကို လက်နှစ်ဖက်နဲ့ဖက်ထားသည်။ အရိပ်ကို အိပ်ခန်းထဲသို့ခေါ်သွားပြီး ကုတင်ပေါ်ကို အသာလေးချပေးလိုက်သည်။ ပြီးရင် အရိပ်ပေါ်ကနေ နောက်တစ်ကြိမ်နမ်းရှိုက်ကြပြန်သည်။
နမ်းနေရင်း ပိုင်ဇေလက်တွေက အငြိမ်မနေပါ။ အရိပ်ရဲ့အိကျႌထဲကို လျိုဝင်ရင်း အရိပ်ခန္ဓာကိုယ်လေးကို ပွတ်သပ်နေသည်။ နောက်တော့ ချယ်ရီသီးလေးတွေကို ပွတ်ချေတော့သည်။ အရိပ်ဆီကလည်း ညည်းသံသဲ့သဲ့လေးက ထွက်ပေါ်လာသည်။
အရိပ်နှုတ်ခမ်းတွေမှ အနမ်းတွေကို လျောဆင်းလိုက်ပြီး ဖြူဖြူဖွေးဖွေးလည်တိုင်ကို အမှတ်အသားများပေါ်သွားအောင် ပိုင်ဇေစုပ်ပြီး နမ်းနေရင်း အသာလေး ကိုက်ပါကိုက်လိုက်သည်။
"အာ့"
အရိပ်ဆီက နာကျင်သံထွက်လာတော့ ပိုင်ဇေက ရုတ်တရတ်ရပ်လိုက်ပြီး အရိပ်ကိုကြည့်မိသည်။
ငါ ကလေးကို ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ..။
အရိပ်က အသက်ပြည့်သွားပြီဆိုရင်တောင် သူ့အတွက်တော့ ကလေးပေါက်စလေးပဲလို့ သူ့စိတ်ထဲ တွေးမိသွားပြီး ပိုင်ဇေက ချက်ချင်းထသွားကာ ရေချိုးခန်းထဲ ဝင်သွားသည်။
ဘာ.. ဘာတုန်းဟ .. ဒီလူကြီး မလုပ်တော့ဘူးလား..။
အရိပ်တစ်ယောက်တည်း ကုတင်ပေါ်မှာ feelရတာ တစ်ဝက်တစ်ပြတ်ဖြစ်သွားသည်။
Fuckပဲ လူပျိုကြီးရေ .. နောက်တစ်ခါ ခင်များကို လွယ်လွယ်မပေးတော့ဘူး..။
ကုတင်ပေါ်က ခေါင်းဦးကို ဒေါသထွက်စွာ ဘေးသို့ အရိပ်ပစ်ပေါက်လိုက်သည်။ လန်နေသော သူ့အိကျႌကို သေချာပြန်ဆွဲချပြီး စောင်ခေါင်းမူးခြုံကာ အိပ်ပစ်လိုက်တော့သည်။
အချိန်တော်တော်ကြာမှ ရေချိုးခန်းမှ ပိုင်ဇေထွက်လာသံကို အရိပ်ကြားလိုက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
"အရိပ်လေး ကလေး အိပ်နေပြီလား"
သူအိပ်ပျော်နေတယ်လို့ ထင်သွားသော ပိုင်ဇေက ခြေလှမ်းကို ဖွဖွလေးလှမ်းရင်း ကုတင်ပေါ်ကိုဖြည်းဖြည်းချင်း တက်လိုက်သည်။ အရိပ်စောင်ခေါင်းမူးခြုံထားတာကို ဖယ်စေကာ သူ့ရင်ခွင်ထဲသို့ ထည့်ဖက်ထားတော့သည်။ အရိပ်လည်း စိတ်စိုးနေပြီး ပိုင်ဇေဗိုက်ကို လက်သီးတစ်ချက်လောက် ပစ်ကျွေးချင်ပေမယ့် အခုတော့ သူ့ရဲ့ခါးကိုသာ တင်းတင်းကျပ်ကျပ်ဖက်ပြီး အိပ်လိုက်သည်။
နောက်မနက်မှာ အရိပ်နိုးလာတော့လည်း သူက ပိုင်ဇေရင်ခွင်ထဲမှာပဲ လုံလုံခြုံခြုံရှိနေတုန်းသာ။ သူအရင်ထလာခဲ့ပြီး ရေခဲသေတ္တာကို ဖွင့်ကြည့်မိတော့ ပြောင်ရှင်းနေတာကို တွေ့လိုက်ရသည်။ သူပိုင်ဇေကို ကိုယ်တိုင်ချက်ကျွေးဖို့ စိတ်ကူးနေတာဖြစ်ပြီး အခုကတော့ အရင်ဆုံး လိုအပ်တာတွေကို ဝယ်ရလိမ့်မည်။
အသီးအရွက်နဲ့အသားတွေကို ဝယ်လာခဲ့ပြီး အပြန်လမ်းတွင် အရိပ်,သူ့အမေကို စဉ်းစားမိသည်။ သူ့ကို မတွေ့တဲ့နောက်ပိုင်း တကယ်သတ်သေသွားတယ်လို့များ သူမတွေးပြီး ပျော်နေမလားဆိုတာ သူသိချင်မိသည်။
ပိုင်ဇေဆီမှာ သူနေလာတာ ရက်၂၀ကျော်လာပြီဖြစ်ပြီး သူ့ရဲ့အမေဖြစ်သူကို မျက်နှာလေးတော့ တွေ့ချင်လာသည်။ ဒါကြောင့် အကြာကြီး စဉ်းစားမနေဘဲ သူ့အိမ်ဆီကို လှည့်လာခဲ့သည်။
သူ့အိမ်ရဲ့ခြံပေါက်ကို အဝေးတစ်နေရာကနေ အချိန်ခဏကြာအောင် ကြည့်နေခဲ့ပေမယ့် သူမရဲ့အဝင်အထွက်လေးမျှ မတွေ့ရပါ။ ဒါမဲ့ နောက်၁၀မိနစ်လောက် ကြာလာတော့ အထဲမှ ယောက်ျားတစ်ယောက်နဲ့အတူ တွဲထွက်လာတာကို တွေ့လိုက်ရသည်။ သူမမျက်နှာထက် အပြုံးပန်းတွေဝေနေပြီး သားဖြစ်သူသတ်သေတယ်ဆိုရင်တောင် သူမက ဂရုထားမှာ မဟုတ်ပါ။
ငါ အခိျန်ကြာကြီး ပျောက်သွားသွား သေသွားသွား အမေကတော့ အရင်ကလိုအမေပါပဲ..။
အရိပ်က လက်ထဲက အသီးအရွက်အထုပ်လေးနှင့်အတူ ဖြည်းဖြည်းချင်း စိတ်ပျက်လက်ပျက်နဲ့ လမ်းလျောက်နေခဲ့သည်။ ဒါကြောင့် သူ့နောက် လိုက်နေသူနှစ်ယောက်ကို ချက်ချင်းသတိမထားမိပါ။
သူ့နားကို တဖြည်းဖြည်းနီးကပ်လာမှ ရိပ်မိပြီး ခြေလှမ်းအနည်းငယ်မြန်လျောက်ကာ လမ်းကြားလေးထဲ ချိုးကွေ့လိုက်သည်။ ပြီးနောက် အထုပ်ကိုချထားခဲ့ပြီး အမြန်ပဲ ပြေးတော့သည်။ နောက်ကနှစ်ယောက်ကလည်း သူ့နောက်ကို ပြေးလိုက်လာသည်။
အရိပ်ပြေးမိပြေးရာကို ပြေးနေခဲ့ပြီး နောက်ဆုံးတော့ ထိုလူကြီးနှစ်ယောက်ကြား ပိတ်မိသွားသည်။ သူနောက်ကို ဖြည်းဖြည်းချင်းဆုတ်လာပြီး နောက်ကအုတ်နံရံနဲ့ ကပ်သွားသည်။
"ကလေးရေ ငါတို့နဲ့ခဏလိုက်ခဲ့ကွာ .. ပြီးရင် ပြန်ပို့ပေးမယ်"
ချီး လိုက်ရမှာလား..။
အရိပ်စိတ်ထဲမှာတော့ ထိုနှစ်ယောက်ကို ဆဲပစ်ပြီး အပြင်မှာတော့ တည်ငြိမ်စွာနဲ့ ခုခံလို့ရမယ့်တစ်ခုခုကို ရှာနေသည်။ နောက်တော့ ကုလားထိုင်ကျိုးတစ်ခုကို တွေ့လိုက်ရပြီး ထောက်တိုင်တစ်ခုကို ဆွဲဖြုတ်လိုက်သည်။
ထိုနှစ်ယောက်က သူရဲ့လှုပ်ရှားမှုကို ပြုံးပြီးသာ အေးဆေးကြည့်နေကြသည်။ သူတို့စိတ်ထဲ ကလေးငယ်လေးက ကြောက်ကြောက်လန့်လန့်နဲ့ ခုခံစရာ ပစ္စည်းတစ်ခုခုကို ရှာနေတယ်လို့သာ မြင်ကြသည်။
"ကောင်လေးရာ အချိန်ကြာအောင် လုပ်မနေပါနဲ့ .. အခုလိုလုပ်နေရင် မင်းပဲခံရမှာနော် .. ငါတို့နဲ့ အေးဆေးလိုက်... အားး.."
သူ့ကိုအထင်အမြင်သေးနဲ့ ဆွဲခေါ်ဖို့ပြင်နေတဲ့ ထိုလူ့လက်ကို အရိပ်ရိုက်ချလိုက်သည်။ ကျန်တဲ့လူပင် ဆယ်ကျော်သက်လေးရဲ့ရိုက်ချက်ကို မရှောင်နိုင်တဲ့ သူ့လူကို အံသြစွာကြည့်နေမိသည်။
"မင်းဆယ်နှစ်လုံး လူဆိုးလုပ်လာတာ ဒီကလေးဆီမှာမှ ခံရတယ်ပေါ့ .. မင်းတော့ အရှက်ကွဲပြီကွာ"
"မင်းမေ- ိုး ရယ်မနေနဲ့ အဲ့ကောင်လေး လူနဲ့မလိုက်အောင် သန်တယ်ဟ .. ဟာကွာ လေပေါမနေနဲ့ သွားဖမ်းလေကွာ .. လူတွေမြင်ကုန်လိမ့်မယ်"
နောက်တစ်ယောက်တော့ အရိပ်ဆီကို သတိကြီးစွာနဲ့ ချိန်းကပ်လာပြီး အရိပ်ရဲ့ရိုက်ချက်ကို ရှောင်မယ်မဟုတ်ရင် ဖမ်းလိုက်မယ် ပြီးရင် တုတ်ကိုယူမယ်လို့ လွယ်လွယ်တွေးထားသည်။ ဒါမဲ့ ကောင်ငယ်လေးရဲ့ရိုက်ချက်က ပြင်းလှသလို လျင်မြန်လှသည်။ သူအမြန်ရှောင်လို့သာ လွတ်သွားရသည်။
တစ်ယောက်တည်းဖမ်းလို့ကတော့ အချိန်ကြာအောင် ဖမ်းမရတဲ့အပြင် သူတို့ဒဏ်ရာတွေနဲ့ပဲ ပြန်ရမှာကို စိုးရိမ်တာကြောင့် နှစ်ယောက်က ပေါင်းပြီး ပြန်တိုက်ခိုက်ကြသည်။ လက်နက်ရှိတဲ့အရိပ်က သူတို့ကို အတော်အထိနာအောင် လုပ်နိုင်သလို ကိုယ်တိုင်လည်း ဒဏ်ရာတွေ ပြည့်လာသည်။
နောက်ဆုံး သ့ူဝမ်းဗိုက်ကို ပြင်းထန်စွာ အကန်ခံလိုက်ရပြီး နောက်ကိုလဲကျတော့သည်။ ဘေးကိုလည်း သွေးအချို့က အန်ထွက်လာသည်။ သူပြန်ထဖို့ ကြိုးစားပေမယ့် သူ့ခန္ဓာက နာကျင်လှသလို လက်ကောက်ဝတ်ကိုလည်း လိမ်ခေါက်ချိုးခံထားရသည်။ သူပြန်မထနိုင်တော့ဘဲ ထိုနေရာမှာ လဲကျနေသည်။
ပွဲပြီးသွားပြီဆိုပြီး ဒဏ်ရာတွေနဲ့နှစ်ယောက်က သူ့ဆီကို ကပ်လာကြသည်။ အရင်ရောက်လာသူရဲ့ခြေတစ်ဖက်ကို လဲကျသွားအောင် ကန်လိုက်ပြီး လွတ်ကျသွားခဲ့သော တုတ်ကိုအမြန်ပြန်ကောက်ကာ ထိုလူ့ခေါင်းကို ရိုက်ချပြီး ထိုလူကတော့ ငြိမ်သက်သွားသည်။ သူ့ဆီကို ဒေါသစွာချိန်းကပ်လာတဲ့ နောက်တစ်ယောက်ရဲ့ လက်သီးချက်ကို သူငုံကာရှောင်လိုက်သည်။ ပြီးရင် သူ့ရဲ့ဒူးခေါင်းနေရာကို အားပါပါရိုက်ခဲ့သည်။
အရိပ်လည်း တုတ်ကိုအားပြုကာ ရပ်နေပြီး သူဒူးကိုကိုင်ရင်း နာကျင်စွာ အော်နေသူကို စိုက်ကြည့်လိုက်သည်။
သူ့ကိုသူ လူဆိုးဆိုတာများ မေ့သွားတာလား .. ဘာလို့ဒီလောက်အော်နေတာလဲ..။
အသံတိတ်သွားအောင် ထိုလူခေါင်းကို အရိပ်ရိုက်ချပစ်လိုက်တော့သည်။
အနီးနားက ဆိုင်သေးလေးဆီကို အရိပ်ရောက်လာခဲ့ပြီး ဒဏ်ရာအတွက် ဆေးအချို့ကို ဝယ်ကာ ဒဏ်ရာတွေအကုန် ဆေးထည့်ပြီး အနာကပ်ပလစတာတွေ ကပ်ထားလိုက်သည်။ ပုံမှန်ဆိုရင် သူ့ဘာသူ ပျောက်သွားတဲ့အထိ ဒီအတိုင်းထားလိုက်မှာ ဖြစ်ပေမယ့် အခုကတော့ သူ့ကိုဂရုစိုက်တဲ့တစ်ယောက်က ရှိနေပြီဖြစ်သည်။
မုန်ထဲ ပေါ်နေသော သူ့ကိုသူ အရိပ်ကြည့်မိသည်။ ဖြူဖွေးလှတဲ့ မျက်နှာလေးက အခုတော့ ယောင်ယမ်းနေပြီး ကြည့်မလှပါ။ အဖြူရောင်တီရှပ်လေးကလည်း ညစ်ပတ်နေလျက် နီညိုရောင် သွေးစက်တွေလည်း စွန်းထင်းနေသည်။
သူ့ပုံစံကို ပိုင်ဇေသာ မြင်သွားရင် ထိတ်လန့်ပြီး ရင်နာသွားမှာလား၊ ရွံရှာသွားမှာလားဆိုတာ အရိပ်ခန့်မှန်းကြည့်မိသည်။ သေချာတာတစ်ခုကတော့ သူ့ရဲ့အခုပုံစံကို ထိုလူကြီးမမြင်စေချင်တာပဲ ဖြစ်သည်။
______________________________________________________________
ဖတ်ပေးလို့ ကျေးဇူးပါ❤
dawnnlight
Zawgyi
"အရိပ္ေလး ကိုယ္ျပန္လာၿပီ .. အရိပ္ေလး! အရိပ္!!"
စစ္ပိုင္ေဇက အရိပ္အတြက္ မုန္႔ထုပ္ေတြကို လက္ႏွစ္ဖက္လုံးမွာ ဆြဲထားၿပီး အရိပ္ကိုေအာ္ေခၚလ်က္႐ွိသည္။ ဒါမဲ့ေပါက္စေလးရဲ႕အရိပ္အေယာင္ကို နည္းနည္းမွ မျမင္ရတာေၾကာင့္ ေခၚသံက ပုိၿပီးက်ယ္လာသည္။
သူ႔အခန္းတံခါးက ပြင့္လာၿပီး မ်က္ခုံးေတြတြန္႔ေကြးလ်က္႐ွိေသာ ေပါက္စေလးထြက္လာမွ ပူပန္ေနေသာ စိတ္ေတြက ေအးသြားသည္။ ဒါမဲ့ ျမင္လိုက္ရတဲ့အရာေၾကာင့္ သူႏွာေခါင္းေသြး ယိုခ်င္သြားသည္။
အရိပ္က ေရခ်ိဳးၿပီးခါစျဖစ္ျပီး ခါးမွာတပတ္ျဖဴေလးသာပတ္ရင္း တံခါးကိုဖြင့္လိုက္တာျဖစ္သည္။ ျဖဴျဖဴေဖြးေဖြး အဆီမ႐ွိ၊ အရမ္းပိန္းပါးလွေသာ ခႏၶာကိုယ္ေလးကို ပိုင္ေဇမွာ အခ်ိန္ခဏၾကာ စိုက္ၾကည့္ေနမိသည္။ ၿပီးမွ သူကပဲ ႐ွက္စြာ မ်က္ႏွာလြဲသြားၿပီး အရိပ္ကိုေျပာေတာ့သည္။
"အရိပ္ေလး မင္း.. မင္းအဝတ္စားလဲၿပီးမွ ထြက္လာခဲ့ေလကြာ .. ဘာလို႔ဒီအတိုင္းႀကီး ထြက္လာတာလဲ .. အ..အေအးပတ္ေနလိမ့္မယ္ သြား သြား အခန္းထဲျပန္အဝတ္စားလဲလိုက္ဦး .. ၿပီးမွထြက္ခဲ့"
အရိပ္မွာ ပိုင္ေဇကို စိုက္ၾကည့္မိသည္။
ကြၽန္ေတာ္ထြက္မလာရင္ ခင္မ်ားက အသံျပဲႀကီးနဲ႔ ေအာ္ေခၚေနဦးမွာေလ.. ဆိုၿပီး စိတ္ထဲျပန္ေျပာကာ တံခါးကိုဒုန္းကနဲ ျပန္ပိတ္သြားသည္။
အရိပ္ျပန္ၿပီးထြက္လာေတာ့ စစ္ပိုင္ေဇက သူ႔အတြက္မုန္႔ေတြကို ပန္းကန္ထဲသို႔ ေသခ်ာထည့္ေပးထားသည္။ ၿပီးရင္ အရိပ္အတြက္ လိေမၼာ္ေဖ်ာ္ရည္ခြက္ေလး ခ်ထားၿပီး သူ႔ကိုယ္တိုင္အတြက္ေတာ့ ဝိုင္ပုလင္းကို ခ်ထားသည္။
"ကြၽန္ေတာ္က် ဘာလို႔ေဖ်ာ္ရည္လဲ"
အရိပ္က ဝင္ထိုင္ရင္း ေျပာလိုက္သည္။
"ဟင္.. ဝိုင္ေသာက္ခ်င္လို႔လား .. ဝိုင္က ကေလးေတြအတြက္ မဟုတ္ဘူးေလကြာ"
"ကြၽန္ေတာ္က ၁၈ႏွစ္ေရာက္ေနၿပီ"
အရိပ္ရဲ႕ခပ္ေအးေအး ေျပာလိုက္ေသာ စကားက ပိုင္ေဇကို တကယ္အံၾသသြားေစသည္။ သူထင္ခဲ့တာ အရိပ္က အသက္၁၅ေလာက္ေပါ့ အလြန္ဆုံး ၁၆လို႔ ေတြးထားတာျဖစ္သည္။ ေပါက္စေလးက အသက္ျပည့္ေနၿပီမို႔ လူပ်ိဳႀကီးက မသိစိတ္ထဲ ေပ်ာ္သြားသည္။
အရိပ္ကေတာ့ ေနာက္ခြက္တစ္လုံးကို ထယူလာၿပီး လိေမၼာရည္ခြက္ကို ေဘးသို႔ တြန္းပို႔လိုက္ေတာ့သည္။ ခြက္ႏွစ္လုံးထဲ ဝိုင္ကို ထည့္ၿပီးေနာက္ သူ႔ခြက္ကိုကိုင္ကာ ပိုင္ေဇဆီကို ေျမႇာက္လိုက္သည္။ ပိုင္ေဇကလည္း အလိုက္တသိ အရိပ္နဲ႔ခြက္တိုက္လိုက္သည္။
"Cheers"
တစ္ခြက္လုံးကို အရိပ္တစ္ခါတည္းေမာ့ခ်ၿပီး ေနာက္ထပ္ခြက္အျပည့္ ဝိုင္ထပ္ထည့္သည္။ ထည့္ၿပီး အကုန္ကို ေမာ့ခ်ပစ္ျပန္သည္။ ပုလင္းရဲ႕တစ္ဝက္ေအာက္ေလ်ာ့သည္ထိ ထည့္လိုက္ေသာက္လိုက္နဲ႔ လုပ္ေနသူကို စစ္ပိုင္ေဇကေတာ့ ျပဳံးၿပီးသာ ၾကည္ေနသည္။
"အရိပ္ေလး"
အရိပ္က ရီေဝေဝမ်က္လုံးနဲ႔ သူ႔ကို မ်က္ေတာင္ေလးေတြပင့္ၾကည့္သည္။
"ဘာလို႔မင္းနာမည္က အရိပ္လဲ .. မင္းကိုဘယ္သူေပးခဲ့တာလဲ"
ကြၽန္ေတာ့္ကို ငယ္ငယ္တုန္းက ထိန္းေပးခဲ့တဲ့အေဒၚႀကီး
ေပးခဲ့တာ..။
သ႔ူအေတြးထဲကလိုသာ အမွန္တိုင္းေျဖေပးလိုက္ရင္ သူ႔ေ႐ွ႕ကလူႀကီးရယ္သြားမွာကို စိုးလွသည္။
"ကြၽန္ေတာ့္ကို အရိပ္တစ္ခုေလာက္ရဲ႕ေအာက္မွာ လုံလံုျခဳံျခဳံခိုနားေစခ်င္လို႔ အရိပ္လို႔ေပးခဲ့တာ.."
ဘာလို႔ဆုိ ကြၽန္ေတာ့္မွာ ခိုနားစရာတစ္ခုမွ မ႐ွိခဲ့လို႔။
ဘယ္သူေပးခဲ့လဲဆိုတာေတာ့ သူမေျပာဘဲ ဒီအတိုင္းေလးထားလိုက္သည္။
"မင္းအခု ကိုယ့္အရိပ္ေအာက္မွာ ႐ွိေနၿပီပဲ"
အရိပ္က မ်က္ရည္ရြမ္းရြမ္းေလးနဲ႔ ပိုင္ေဇကို ေမာ့ၾကည့္မိသြားသည္။ သူ႔ဘဝႀကီးတစ္ခုလုံးက ပိုင္ေဇရဲ႕အရိပ္ေအာက္ကိုေရာက္ဖို႔ နာက်င္ခဲ့ရတယ္ဆိုရင္ သူျဖတ္သန္းခဲ့ရေသာ ဆိုးဝါးတဲ့ေန႔ရက္တိုင္းကို ေက်နပ္စြာလက္ခံႏိုင္လိမ့္မည္။ အခုလိုျဖစ္ေအာင္ လုပ္ခဲ့တဲ့မုိးနတ္မင္းကိုလည္း ေက်းဇူးေတာင္တင္မိလိမ့္မည္။
ဒါေပမဲ့... ပိုင္ေဇကေတာ့ စကားကိုအလြယ္ေလးသာ ေျပာလိုက္တာျဖစ္သည္။ သူ႔စကားမွာ ေလးနက္မႈမ႐ွိပါ။ အရိပ္က ႏႈတ္ခမ္းေလးတစ္ဖက္ကို အနည္းငယ္ေကာ့တက္သြားေအာင္ ရယ္လိုက္သည္။
"အဟင္း... ဒါက ယာယီပါ .. တစ္ဘဝလုံးစာ မဟုတ္ပါဘူး"
"မင္းသာ ကိုယ္နဲ႔ေနဖို႔ ဆႏၵ႐ွိရင္ ကိုယ္နဲ႔ေနရတာ ေပ်ာ္တယ္ဆိုရင္ ကိုယ္မင္းတစ္ဘဝလုံးကို တာဝန္ယူေပးႏိုင္တယ္"
"ဘယ္လိုမ်ိဳးလဲ"
"ဟမ္.."
"ဘယ္လိုမ်ိဳးလဲလို႔ ေမြးစားသားအျဖစ္လား"
ပိုင္ေဇက သူ႔ကို ဆယ္ေက်ာ္သက္ေလးလိုသာ သေဘာထားၿပီး အရြယ္ေရာက္သူတစ္ေယာက္အျဖစ္ မျမင္တာကို အရိပ္သိသည္။ ပိုင္ေဇဆီမွာ ေမြးစားသားအျဖစ္ေန႔မယ့္အစား အဲ့လူႀကီးကို သင္းကြတ္ပစ္ၿပီး သူထြက္သြားရလိမ့္မည္။
"မင္းက ေမြးစားေစခ်င္ရင္လည္း... ကိုယ္မင္းကို ေမြးစားမယ္ေလ"
ပိုင္ေဇကေတာ့ ေျပာၿပီး ခ်က္ခ်င္းေနာင္တရသြားသည္။ ဘာလို႔ဆို သူ႔ကိုစိုက္ၾကည့္လိုက္ေသာ အရိပ္ေၾကာင့္ျဖစ္သည္။ ေပါက္စေလးအေတြးထဲ ဘာ႐ွိေနမလဲ သူမသိေပမယ့္ အၾကည့္နဲ႔တင္ ထိတ္လန္႔သြားရသည္။
ဒီလိုပဲ ဆက္သြားရင္ေတာ့ မျဖစ္ေတာ့မွန္း အရိပ္သိလုိက္သည္။ သူကပဲ အဆင့္တက္ၿပီး ႀကိဳးစားမွျဖစ္ေတာ့မည္။
"ဦး.."
အရိပ္ကေခၚရင္း မတ္တပ္ရပ္လိုက္ၿပီး သူ႔လက္ထဲဝိုင္ခြက္ကိုပဲ ၾကည့္ေနသည္။ ၿပီးေနာက္ ပိုင္ေဇဆီကို ျဖည္းျဖည္းခ်င္းျပန္လွည့္ၾကည့္လာၿပီး...
"ကြၽန္ေတာ္ ဦးရဲ႕ေမြးစားသား မျဖစ္ခ်င္ဘူး"
ဝိုင္ခြက္ကို အရိပ္ေမာ့ခ်လိုက္ၿပီး သူကအကုန္ၿမိဳမခ်ဘဲ ပါးစပ္ထဲမွာပဲ ငုံထားသည္။ လက္ထဲက ခြက္ကိုေတာ့ စားပြဲေပၚကို ျပန္ခ်ခဲ့ၿပီး ပိုင္ေဇဆီကို ေလ်ာက္သြားသည္။ ပိုင္ေဇကေတာ့ သူလုပ္သမ်ကို ၿငိမ္ၿပီးစိုက္ၾကည့္ေနသည္။
သူ႔ေပါင္ေပၚကို ဝင္ထိုင္လာေသာအရိပ္ေၾကာင့္ ပိုင္ေဇကေတာ့ မွင္သက္ေနလ်က္ ဘာမွမတုန္႔ျပန္ႏိုင္ေသးပါ။ သူ႔မ်က္ႏွာကို လက္ႏွစ္ဘက္ႏွင့္ကိုင္ရင္း အရိပ္က ေမာ့ေစကာ သူ႔ႏႈတ္ခမ္းေတြနဲ႔ အရိပ္ႏႈတ္ခမ္းကထိေတြ႔ေတာ့သည္။ သူ႔ပါးစပ္ထဲ ဝိုင္အခ်ိဳ႕က ဝင္ေရာက္လာၿပီး အခ်ိဳ႕ကေတာ့ ႏႈတ္ခမ္းမွစီးက်ကုန္သည္။
"ကြၽန္ေတာ္.. ဦးရဲ႕ကေလးေလးျဖစ္ခ်င္တာ"
သူေျပာၿပီးတာနဲ႔ ပိုင္ေဇႏႈတ္ခမ္းကို ႏူးႏူးညံညံေလး ထိသြားရုံမ်ွ ထပ္နမ္းလိုက္သည္။
"အရိပ္ေလး မင္းမူးေနတာလား"
"မမူးဘူး"
"ဒါဆို မင္းကိုမင္း ဘာေျပာေနလဲဆိုတာ သိရဲ႕လား"
"သိတယ္"
ပိုင္ေဇလက္က ခ်က္ခ်င္းအရိပ္ရဲ႕ခါးေပၚကို ေရာက္လာၿပီး ဆြဲဖက္လိုက္သည္။ က်န္တဲ့တစ္ဖက္ကလည္း အရိပ္ေခါင္းကို ကိုင္ၿပီးငုံေစကာ ႏႈတ္ခမ္းအခ်င္ခ်င္း ထိေတြ႔လိုက္သည္။ ပထမေတာ့ အရိပ္ရဲ႕ႏႈတ္ခမ္းသားေလးေတြကိုသာ ႏူးႏူးညံညံ နမ္းၿပီး ေနာက္ေတာ့ အရိပ္ပါးစပ္ထဲကို တိုးဝင္ရန္ ႀကိဳးစားသည္။ အရိပ္ကလည္း ခ်က္ခ်င္းပဲ ခြင့္ျပဳလိုက္တာမို႔ အရိပ္ပါးစပ္ထဲကို ေမႊေႏွာက္ေတာ့သည္။ အရိပ္ရဲ႕လ်ွာဖ်ားေလးကိုလည္း ဆုပ္ယူနမ္း႐ိႈက္သည္။ ဒီလိုနဲ႔ အခ်ိန္ၾကာေအာင္ ျပင္းျပင္းျပျပနမ္း႐ႈိက္ၿပီးေနာက္ အရိပ္ကေတာ့ အေတာ္ကိုေမာဟိုက္သြားသည္။
ပိုင္ေဇက မတ္တပ္ရပ္လာၿပီး အရိပ္ကို ေပြ႔ခ်ီထားကာ အရိပ္ကလည္း သူ႔ခါးကို ေျခေထာက္ႏွစ္ဖက္နဲ႔ခ်ိတ္ထားၿပီး လည္ပင္းကို လက္ႏွစ္ဖက္နဲ႔ဖက္ထားသည္။ အရိပ္ကို အိပ္ခန္းထဲသို႔ေခၚသြားၿပီး ကုတင္ေပၚကို အသာေလးခ်ေပးလိုက္သည္။ ၿပီးရင္ အရိပ္ေပၚကေန ေနာက္တစ္ႀကိမ္နမ္း႐ိႈက္ၾကျပန္သည္။
နမ္းေနရင္း ပိုင္ေဇလက္ေတြက အျငိမ္မေနပါ။ အရိပ္ရဲ႕အိက်ႌထဲကို လ်ိဳဝင္ရင္း အရိပ္ခႏၶာကိုယ္ေလးကို ပြတ္သပ္ေနသည္။ ေနာက္ေတာ့ ခ်ယ္ရီသီးေလးေတြကို ပြတ္ေခ်ေတာ့သည္။ အရိပ္ဆီကလည္း ညည္းသံသဲ့သဲ့ေလးက ထြက္ေပၚလာသည္။
အရိပ္ႏႈတ္ခမ္းေတြမွ အနမ္းေတြကို ေလ်ာဆင္းလိုက္ၿပီး ျဖဴျဖဴေဖြးေဖြးလည္တိုင္ကို အမွတ္အသားမ်ားေပၚသြားေအာင္ ပိုင္ေဇစုပ္ၿပီး နမ္းေနရင္း အသာေလး ကိုက္ပါကိုက္လိုက္သည္။
"အာ့"
အရိပ္ဆီက နာက်င္သံထြက္လာေတာ့ ပိုင္ေဇက ႐ုတ္တရတ္ရပ္လိုက္ၿပီး အရိပ္ကိုၾကည့္မိသည္။
ငါ ကေလးကို ဘာေတြလုပ္ဖို႔ ႀကိဳးစားေနတာလဲ..။
အရိပ္က အသက္ျပည့္သြားၿပီဆိုရင္ေတာင္ သူ႔အတြက္ေတာ့ ကေလးေပါက္စေလးပဲလို႔ သူ႔စိတ္ထဲ ေတြးမိသြားၿပီး ပိုင္ေဇက ခ်က္ခ်င္းထသြားကာ ေရခ်ိဳးခန္းထဲ ဝင္သြားသည္။
ဘာ.. ဘာတုန္းဟ .. ဒီလူႀကီး မလုပ္ေတာ့ဘူးလား..။
အရိပ္တစ္ေယာက္တည္း ကုတင္ေပၚမွာ feelရတာ တစ္ဝက္တစ္ျပတ္ျဖစ္သြားသည္။
Fuckပဲ လူပ်ိဳႀကီးေရ .. ေနာက္တစ္ခါ ခင္မ်ားကို လြယ္လြယ္မေပးေတာ့ဘူး..။
ကုတင္ေပၚက ေခါင္းဦးကို ေဒါသထြက္စြာ ေဘးသုို႔ အရိပ္ပစ္ေပါက္လိုက္သည္။ လန္ေနေသာ သူ႔အိက်ႌကို ေသခ်ာျပန္ဆြဲခ်ၿပီး ေစာင္ေခါင္းမူးျခဳံကာ အိပ္ပစ္လိုက္ေတာ့သည္။
အခ်ိန္ေတာ္ေတာ္ၾကာမွ ေရခ်ိဳးခန္းမွ ပိုင္ေဇထြက္လာသံကို အရိပ္ၾကားလိုက္ၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။
"အရိပ္ေလး ကေလး အိပ္ေနၿပီလား"
သူအိပ္ေပ်ာ္ေနတယ္လို႔ ထင္သြားေသာ ပိုင္ေဇက ေျခလွမ္းကို ဖြဖြေလးလွမ္းရင္း ကုတင္ေပၚကိုျဖည္းျဖည္းခ်င္း တက္လိုက္သည္။ အရိပ္ေစာင္ေခါင္းမူးျခံဳထားတာကို ဖယ္ေစကာ သူ႔ရင္ခြင္ထဲသို႔ ထည့္ဖက္ထားေတာ့သည္။ အရိပ္လည္း စိတ္စိုးေနၿပီး ပိုင္ေဇဗိုက္ကို လက္သီးတစ္ခ်က္ေလာက္ ပစ္ေကြၽးခ်င္ေပမယ့္ အခုေတာ့ သူ႔ရဲ႕ခါးကိုသာ တင္းတင္းက်ပ္က်ပ္ဖက္ၿပီး အိပ္လိုက္သည္။
ေနာက္မနက္မွာ အရိပ္ႏိုးလာေတာ့လည္း သူက ပိုင္ေဇရင္ခြင္ထဲမွာပဲ လုံလုံျခံဳျခံဳ႐ွိေနတုန္းသာ။ သူအရင္ထလာခဲ့ၿပီး ေရခဲေသတၱာကို ဖြင့္ၾကည့္မိေတာ့ ေျပာင္႐ွင္းေနတာကို ေတြ႔လိုက္ရသည္။ သူပိုင္ေဇကို ကိုယ္တိုင္ခ်က္ေကြၽးဖို႔ စိတ္ကူးေနတာျဖစ္ၿပီး အခုကေတာ့ အရင္ဆံုး လိုအပ္တာေတြကို ဝယ္ရလိမ့္မည္။
အသီးအရြက္နဲ႔အသားေတြကို ဝယ္လာခဲ့ၿပီး အျပန္လမ္းတြင္ အရိပ္,သူ႔အေမကို စဥ္းစားမိသည္။ သူ႔ကို မေတြ႔တဲ့ေနာက္ပိုင္း တကယ္သတ္ေသသြားတယ္လို႔မ်ား သူမေတြးၿပီး ေပ်ာ္ေနမလားဆိုတာ သူသိခ်င္မိသည္။
ပိုင္ေဇဆီမွာ သူေနလာတာ ရက္၂၀ေက်ာ္လာၿပီျဖစ္ၿပီး သူ႔ရဲ႕အေမျဖစ္သူကို မ်က္ႏွာေလးေတာ့ ေတြ႔ခ်င္လာသည္။ ဒါေၾကာင့္ အၾကာႀကီး စဥ္းစားမေနဘဲ သူ႔အိမ္ဆီကို လွည့္လာခဲ့သည္။
သူ႔အိမ္ရဲ႕ျခံေပါက္ကို အေဝးတစ္ေနရာကေန အခ်ိန္ခဏၾကာေအာင္ ၾကည့္ေနခဲ့ေပမယ့္ သူမရဲ႕အဝင္အထြက္ေလးမ်ွ မေတြ႔ရပါ။ ဒါမဲ့ ေနာက္၁၀မိနစ္ေလာက္ ၾကာလာေတာ့ အထဲမွ ေယာက္်ားတစ္ေယာက္နဲ႔အတူ တြဲထြက္လာတာကို ေတြ႔လိုက္ရသည္။ သူမမ်က္ႏွာထက္ အျပဳံးပန္းေတြေဝေနၿပီး သားျဖစ္သူသတ္ေသတယ္ဆိုရင္ေတာင္ သူမက ဂ႐ုထားမွာ မဟုတ္ပါ။
ငါ အခိ်န္ၾကာႀကီး ေပ်ာက္သြားသြား ေသသြားသြား အေမကေတာ့ အရင္ကလိုအေမပါပဲ..။
အရိပ္က လက္ထဲက အသီးအရြက္အထုပ္ေလးႏွင့္အတူ ျဖည္းျဖည္းခ်င္း စိတ္ပ်က္လက္ပ်က္နဲ႔ လမ္းေလ်ာက္ေနခဲ့သည္။ ဒါေၾကာင့္ သူ႔ေနာက္ လိုက္ေနသူႏွစ္ေယာက္ကို ခ်က္ခ်င္းသတိမထားမိပါ။
သူ႔နားကို တျဖည္းျဖည္းနီးကပ္လာမွ ရိပ္မိၿပီး ေျခလွမ္းအနည္းငယ္ျမန္ေလ်ာက္ကာ လမ္းၾကားေလးထဲ ခ်ိဳးေကြ႔လိုက္သည္။ ၿပီးေနာက္ အထုပ္ကိုခ်ထားခဲ့ၿပီး အျမန္ပဲ ေျပးေတာ့သည္။ ေနာက္ကႏွစ္ေယာက္ကလည္း သူ႔ေနာက္ကို ေျပးလိုက္လာသည္။
အရိပ္ေျပးမိေျပးရာကို ေျပးေနခဲ့ၿပီး ေနာက္ဆုံးေတာ့ ထိုလူႀကီးႏွစ္ေယာက္ၾကား ပိတ္မိသြားသည္။ သူေနာက္ကို ျဖည္းျဖည္းခ်င္းဆုတ္လာၿပီး ေနာက္ကအုတ္နံရံနဲ႔ ကပ္သြားသည္။
"ကေလးေရ ငါတို႔နဲ႔ခဏလိုက္ခဲ့ကြာ .. ၿပီးရင္ ျပန္ပို႔ေပးမယ္"
ခ်ီး လိုက္ရမွာလား..။
အရိပ္စိတ္ထဲမွာေတာ့ ထိုႏွစ္ေယာက္ကို ဆဲပစ္ၿပီး အျပင္မွာေတာ့ တည္ၿငိမ္စြာနဲ႔ ခုခံလို႔ရမယ့္တစ္ခုခုကို ႐ွာေနသည္။ ေနာက္ေတာ့ ကုလားထိုင္က်ိဳးတစ္ခုကုိ ေတြ႔လိုက္ရၿပီး ေထာက္တိုင္တစ္ခုကို ဆြဲျဖဳတ္လိုက္သည္။
ထိုႏွစ္ေယာက္က သူရဲ႕လႈပ္႐ွားမႈကို ျပဳံးၿပီးသာ ေအးေဆးၾကည့္ေနၾကသည္။ သူတို႔စိတ္ထဲ ကေလးငယ္ေလးက ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ခုခံစရာ ပစၥည္းတစ္ခုခုကို ႐ွာေနတယ္လို႔သာ ျမင္ၾကသည္။
"ေကာင္ေလးရာ အခ်ိန္ၾကာေအာင္ လုပ္မေနပါနဲ႔ .. အခုလိုလုပ္ေနရင္ မင္းပဲခံရမွာေနာ္ .. ငါတို႔နဲ႔ ေအးေဆးလိုက္... အားး.."
သူ႔ကိုအထင္အျမင္ေသးနဲ႔ ဆြဲေခၚဖို႔ျပင္ေနတဲ့ ထိုလူ႔လက္ကို အရိပ္႐ုိက္ခ်လိုက္သည္။ က်န္တဲ့လူပင္ ဆယ္ေက်ာ္သက္ေလးရဲ႕႐ုိက္ခ်က္ကို မေ႐ွာင္ႏိုင္တဲ့ သူ႔လူကို အံၾသစြာၾကည့္ေနမိသည္။
"မင္းဆယ္ႏွစ္လုံး လူဆိုးလုပ္လာတာ ဒီကေလးဆီမွာမွ ခံရတယ္ေပါ့ .. မင္းေတာ့ အ႐ွက္ကြဲၿပီကြာ"
"မင္းေမ- ိုး ရယ္မေနနဲ႔ အဲ့ေကာင္ေလး လူနဲ႔မလိုက္ေအာင္ သန္တယ္ဟ .. ဟာကြာ ေလေပါမေနနဲ႔ သြားဖမ္းေလကြာ .. လူေတြျမင္ကုန္လိမ့္မယ္"
ေနာက္တစ္ေယာက္ေတာ့ အရိပ္ဆီကို သတိႀကီးစြာနဲ႔ ခ်ိန္းကပ္လာၿပီး အရိပ္ရဲ႕႐ုိက္ခ်က္ကို ေ႐ွာင္မယ္မဟုတ္ရင္ ဖမ္းလိုက္မယ္ ၿပီးရင္ တုတ္ကိုယူမယ္လို႔ လြယ္လြယ္ေတြးထားသည္။ ဒါမဲ့ ေကာင္ငယ္ေလးရဲ႕႐ုိက္ခ်က္က ျပင္းလွသလို လ်င္ျမန္လွသည္။ သူအျမန္ေ႐ွာင္လို႔သာ လြတ္သြားရသည္။
တစ္ေယာက္တည္းဖမ္းလို႔ကေတာ့ အခ်ိန္ၾကာေအာင္ ဖမ္းမရတဲ့အျပင္ သူတို႔ဒဏ္ရာေတြနဲ႔ပဲ ျပန္ရမွာကို စုိးရိမ္တာေၾကာင့္ ႏွစ္ေယာက္က ေပါင္းၿပီး ျပန္တိုက္ခိုက္ၾကသည္။ လက္နက္႐ွိတဲ့အရိပ္က သူတို႔ကို အေတာ္အထိနာေအာင္ လုပ္ႏိုင္သလို ကိုယ္တိုင္လည္း ဒဏ္ရာေတြ ျပည့္လာသည္။
ေနာက္ဆံုး သ႔ူဝမ္းဗိုက္ကို ျပင္းထန္စြာ အကန္ခံလိုက္ရၿပီး ေနာက္ကိုလဲက်ေတာ့သည္။ ေဘးကိုလည္း ေသြးအခ်ိဳ႕က အန္ထြက္လာသည္။ သူျပန္ထဖို႔ ႀကိဳးစားေပမယ့္ သူ႔ခႏၶာက နာက်င္လွသလို လက္ေကာက္ဝတ္ကိုလည္း လိမ္ေခါက္ခ်ိဳးခံထားရသည္။ သူျပန္မထႏိုင္ေတာ့ဘဲ ထိုေနရာမွာ လဲက်ေနသည္။
ပြဲၿပီးသြားၿပီဆိုၿပီး ဒဏ္ရာေတြနဲ႔ႏွစ္ေယာက္က သူ႔ဆီကို ကပ္လာၾကသည္။ အရင္ေရာက္လာသူရဲ႕ေျခတစ္ဖက္ကို လဲက်သြားေအာင္ ကန္လိုက္ၿပီး လြတ္က်သြားခဲ့ေသာ တုတ္ကိုအျမန္ျပန္ေကာက္ကာ ထိုလူ႔ေခါင္းကို ႐ုိက္ခ်ၿပီး ထိုလူကေတာ့ ၿငိမ္သက္သြားသည္။ သူ႔ဆီကို ေဒါသစြာခ်ိန္းကပ္လာတဲ့ ေနာက္တစ္ေယာက္ရဲ႕ လက္သီးခ်က္ကို သူငုံကာေ႐ွာင္လိုက္သည္။ ၿပီးရင္ သူ႔ရဲ႕ဒူးေခါင္းေနရာကို အားပါပါ႐ိုက္ခဲ့သည္။
အရိပ္လည္း တုတ္ကိုအားျပဳကာ ရပ္ေနၿပီး သူဒူးကိုကိုင္ရင္း နာက်င္စြာ ေအာ္ေနသူကို စိုက္ၾကည့္လိုက္သည္။
သူ႔ကိုသူ လူဆိုးဆိုတာမ်ား ေမ့သြားတာလား .. ဘာလို႔ဒီေလာက္ေအာ္ေနတာလဲ..။
အသံတိတ္သြားေအာင္ ထိုလူေခါင္းကို အရိပ္႐ုိက္ခ်ပစ္လိုက္ေတာ့သည္။
အနီးနားက ဆိုင္ေသးေလးဆီကို အရိပ္ေရာက္လာခဲ့ၿပီး ဒဏ္ရာအတြက္ ေဆးအခ်ိဳ႕ကို ဝယ္ကာ ဒဏ္ရာေတြအကုန္ ေဆးထည့္ၿပီး အနာကပ္ပလစတာေတြ ကပ္ထားလိုက္သည္။ ပုံမွန္ဆိုရင္ သူ႔ဘာသူ ေပ်ာက္သြားတဲ့အထိ ဒီအတိုင္းထားလိုက္မွာ ျဖစ္ေပမယ့္ အခုကေတာ့ သူ႔ကိုဂ႐ုစိုက္တဲ့တစ္ေယာက္က ႐ွိေနၿပီျဖစ္သည္။
မုန္ထဲ ေပၚေနေသာ သူ႔ကိုသူ အရိပ္ၾကည့္မိသည္။ ျဖဴေဖြးလွတဲ့ မ်က္ႏွာေလးက အခုေတာ့ ေယာင္ယမ္းေနၿပီး ၾကည့္မလွပါ။ အျဖဴေရာင္တီ႐ွပ္ေလးကလည္း ညစ္ပတ္ေနလ်က္ နီညိဳေရာင္ ေသြးစက္ေတြလည္း စြန္းထင္းေနသည္။
သူ႔ပုံစံကို ပိုင္ေဇသာ ျမင္သြားရင္ ထိတ္လန္႔ၿပီး ရင္နာသြားမွာလား၊ ရြံ႐ွာသြားမွာလားဆိုတာ အရိပ္ခန္႔မွန္းၾကည့္မိသည္။ ေသခ်ာတာတစ္ခုကေတာ့ သူ႔ရဲ႕အခုပုံစံကို ထိုလူႀကီးမျမင္ေစခ်င္တာပဲ ျဖစ္သည္။
______________________________________________________________
ဖတ္ေပးလို႔ ေက်းဇူးပါ❤
dawnnlight