Infinity ( Complete )
By blfmxyz
53.7K 2.8K 75
နှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော် အဘယ်သူမှာပို၍နာကျင်ရအံ့နည်း ႏွလုံးသားတံခါးအား ဆူးအ... More
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Happy New Year 🎉
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 ( final )
ကျေးဇူးတင်လွှာ 💌
အသိပေးခြင်း
ဈေးဗန်း😛
Part 15
1K 68 1
By blfmxyz
( Zawgyi )
" အဲ့ဒါက "
" ဝင်ခိုင်းလိုက် "
" အော်.... အမ်..... အင်း .."
" ရိပေါ် .. "
" မဟုတ်ပါဘူး .. ဟို.. "
" ချင်းအာနားလည်ပါတယ် "
" ဟမ် "
" မယ်တော် "
" မယ်တော်ဘယ်လိုသိတာလဲ "
" ဟမ် "
Yue Yue
27 Jan 2022
( Unicode )
အပြင်မှာမိုးတွေအလွန်ရွာနေလေသည်။တစ်ယောက်သောသူကတော့ မိုးစက်လေးတွေကိုကြည့်ကာ ချစ်ရသူကိုမျှော်နေမိသည်။သို့သော်ယခုအချိန်ထိ ချစ်ရသူ၏အရိပ်အယောင်တစ်စိုးတစိမှမတွေ့ရသေးချေ။
" မလာချင်တဲ့သူကိုမျှော်ရတာမောလိုက်တာ ရိပေါ်ရယ် "
တစ်ဖက်မှာ မင်းကြီးကတော့ ချစ်ရတဲ့ကြင်ယာတော်နှင့်အိပ်ယာထဲမှမထသေး။ရှောင်ကျန့်နိုးနေပေမယ့် ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာမို့ထလို့မရ။ရုန်းကြည့်သော်လည်း ပိုတင်းကြပ်လာလေသည်။
" နိုးနေရင်ထတော့လေ ရိပေါ် "
" ဟင့်အင်း ရှစ်စွင်း နည်းနည်းအိပ်အုံးမယ် "
" အိပ်ချင်အိပ်လေ အခုတော့ငါ့ကို လွတ်ပေးအုံး "
" မလွတ်ပါဘူး ရှစ်စွင်းနဲ့အတူအိပ်မှာ နော်ခဏလေးဘဲလေနော် ရှစ်စွင်းနဲ့အတူနေရတဲ့ခဏလေးမှာ ကျွန်တော်ရသလောက်အချိန်ဆွဲထားချင်တယ်ရှစ်စွင်း နော် "
ဝမ်ရိပေါ်ရဲ့စကားကြောင့် ရှောင်ကျန့်ငြိမ်သက်သွားကာ
" ချင်းအာ အဆင်ရောပြေပါ့မလားရိပေါ် "
" ရှစ်စွင်းကလည်း အဆင်ပြေပါတယ်ဆို ကျွန်တော်နဲ့အတူရှိတဲ့အချိန် ကျွန်တော်တို့အကြောင်းကလွဲပြီးတစ်ခြားသူအကြောင်းမတွေးပါနဲ့လားရှစ်စွင်း "
" ငါတို့အကြောင်းဆိုရင် နာကျင်စရာတွေဘဲရှိလိမ့်မယ်ရိပေါ် "
" ဒါဆို ကျွန်တော်တို့အကြောင်းမဟုတ်ဘဲ ရှစ်စွင်းအကြောင်းဆိုရင်ရော "
" ပြီးခဲ့တဲ့အတိတ်တွေကို ပြန်မဆွနဲ့တော့ရိပေါ် "
" ဒါပေမယ့်ရှစ်စွင်း ကျွန်တော့ကို ကတိပေးထားတယ်လေ "
" အဲ့ဒါက "
" မိဖုရားက တွေ့ခွင့်တောင်းနေပါတယ် မင်းကြီး "
အပြင်မှစကားသံတစ်ခုကြောင့် ရိပေါ်နှခေါင်းရှုံ့မိသွားသည်။
' သူများကြည်နူးနေချိန်လေးကို '
" ဝင်ခိုင်းလိုက် "
ယွဲ့ချင်းရယ် အခန်းထဲသို့ ဖြည်းဖြည်းချင်းဝင်လာကာ
" မင်းကြီးနဲ့ ကြင်ယာတော်ကို အရိုအသေပြုပါတယ် "
" အော်.... အမ်..... အင်း .."
ရှောင်ကျန့်မျက်နှာပူစွာဖြင့်
" ပြောစရာရှိတာအေးဆေးပြောကြလေ ငါအပြင်ထွက်ပေးမယ် "
" မလိုပါဘူး ရှစ်စွင်း ချင်းအာအဆင်ပြေပါတယ် "
" ကျွန်တော်ပြောသားဘဲ သူအဆင်ပြေပါတယ်လို့ "
" ရှစ်စွင်းတို့ကို မနက်စာသုံးဆောင်ဖို့ လာခေါ်တာပါ ချင်းအာတစ်ယောက်တည်းပျင်းလို့ "
" ခဏနေလာမယ် နင်သွားနှင့် ရှစ်စွင်းနဲ့အတူလာမယ် "
" နင်ရှစ်စွင်းကို ဘာလုပ်အုံးမလို့လဲ အနိုင်ကျင့်မလို့လား "
" ချစ်လို့တောင်မဝတာကို ဘာလို့အနိုင်ကျင့်ရမှာလဲ "
" ဟုတ်ပါပြီ အဲ့ဆို ချင်းအာစောင့်နေမယ်နော် ရှစ်စွင်းလည်းလာခဲ့နော် "
ထို့နောက်မှာတော့ ယွဲ့ချင်းရယ်တစ်ယောက် မနက်စာ စားပွဲတွင်သာ ထိုင်စောင့်နေတော့သည်။အတူယှဉ်တွဲကာလျှောက်လှမ်းလာသည့် မင်းကြီးတို့အားကြည့်ကာ အပြင်ကမိုးတွေနှင့်အပြိုင်သူမရင်ဘတ်ထဲမှာလည်းငိုနေခဲ့တာကို မည်သူမျှမသိနိုင်ပါ။
မနက်စာသုံးဆောင်ချိန်တွင် ရှောင်ကျန့်မှာ တို့ကနန်းဆိတ်ကနန်းသာစားနေသည်မို့ ဝမ်ရိပေါ်က
" ရှစ်စွင်း စားမကောင်းဘူးလားဟင် ကျွန်တော်ဟင်းပွဲအသစ်ပြန်ပြင်ခိုင်းလိုက်မယ်လေ "
" ရိပေါ် .. "
တစ်ခြားသူတွေမကြားနိုင်စေရန် ရှောင်ကျန့်အံကြိတ်ကာသတိပေးရသည်။
" ရှစ်စွင်းနေမကောင်းလို့လား "
" မဟုတ်ပါဘူး .. ဟို.. "
" ချင်းအာနားလည်ပါတယ် "
" ဟမ် "
" ရှစ်ဇွင်းဘာမှအတွေးလွန်မနေပါနဲ့ ရှစ်စွင်းတွေးနေတာတွေချင်းအာသိပါတယ် တကယ်တော့ချင်းအာဘာဘဲဖြစ်နေပါစေ ချင်းအာကအမြဲတမ်းအတွက် ရှစ်စွင်းရဲ့ တပည့်ပါဘဲ ဒီတော့ရှစ်စွင်း အနေအထိုင်ခက်နေစရာမလိုပါဘူး ရှစ်စွင်းတို့ကိုချင်းအာ မပုတ်ခတ်ပါဘူး ချင်းအာနားလည်ပါတယ် ရှစ်စွင်းနဲ့ရိပေါ်ကတကယ်လိုက်ဖက်ပါတယ် အာ ဟင်းတွေမအေးခင် အမြန်စားရအောင်လေ "
အပြုံးမျက်နှာလေးဖြင့်ပြောနေသည့် ယွဲ့ချင်းရယ်မှာ တကယ်ကို မေတ္တာတရားပြည့်ဝသည့်မိန်းမသားတစ်ယောက်ပင်။
" ရှစ်စွင်းစိတ်ပူမနေနဲ့ ကျွန်တော့သူငယ်ချင်း အဆင်ပြေနေတာများ ပြုံးဖြီးနေတာဘဲ "
' အငိုမျက်လုံး အပြုးမျက်နှာဆိုတဲ့ စကားကို နင်နဲ့တွေ့မှ ငါနားလည်ခဲ့ရတယ်ရိပေါ် ရှေ့ဆက်ရမယ့်ငါ့ရဲ့နေ့ရက်တိုင်းမှာ ဒီလိုဘဲအသက်ဆက်ရတော့မယ်ထင်ပါရဲ့ နင်သာ‌ေသချာကြည့်ခဲ့မယ်ဆိုရင် ကြေကွဲခြင်းတွေနဲ့ပြည့်နေတဲ့ ငါ့ရဲ့မျက်ဝန်းတစ်စုံကိုနင်မြင်နိုင်ခဲ့မှာပါ ငါ့ရဲ့ချစ်ရတဲ့အရှင် '
တပည့်မလေးက နားလည်မှုတွေပြည့်ဝနေတော့ သူ့အတွက်ပိုပြီးအနေရခက်စရာဖြစ်နေလေသည်။ဘာကိုမှတွေးမနေတော့ဘဲ စားစရာ၌သာအာရုံလွဲထားလိုက်တော့သည်။
တစ်နေ့လုံး ဆရာတပည့်များ စကားပြောကြသည်မှာ ညနေစောင်းပင်ရောက်လာသည်မို့ ညစာလည်းစားခဲ့တော့သည်။ညစာစားပြီးဝမ်ရိပေါ်နှင့်ရှောင်ကျန့် ယွဲ့ချင်းရယ်အား နှုတ်ဆက်ကာ ကိုယ့်အိပ်ဆောင်သို့ပြန်လာခဲ့တော့သည်။
အိပ်ဆောင်ရောက်ချိန်မှာတော့ မမျော်လင့်ထားသောသူနှင့်တွေ့လေသည်။
" မယ်တော် "
" ကြင်ယာတော်လေး မယ်တော် မင်းကြီးနဲ့စကားပြောစရာရှိလို့ ခဏလောက်အချိန်ရတယ်မလား "
" ရပါတယ်မယ်တော် ဒါဆို ကျွန်တော်မျိုးအရင်ဝင်နှင့်ပါတော့မယ် "
ရှောင်ကျန့် အထဲသို့ဝင်ခဲ့တော့ ဝမ်ရိပေါ်နှင့် ဝမ်မိဖုရားသာကျန်ခဲ့လေသည်။
" သားတော် မနေ့ညက မိဖုရားနဲ့အိပ်ဆောင်မဝင်ခဲ့ဘူးမလား "
" မယ်တော်ဘယ်လိုသိတာလဲ "
" ဘယ်လိုသိတယ်ဆိုတာ အရေးမကြီးဘူးသားတော် ဘယ်လိုဘဲဖြစ်ဖြစ်ယွဲ့မင်းသမီးလေးက သားတော်လက်ဆက်ထားတဲ့ သားတော်ရဲ့မိဖုရား သားတော်နည်းနည်းအရေးပေးသင့်တယ် ပစ်ပစ်ခါခါမ‌လုပ်ကောင်းဘူးသားတော် ပြီးတော့ ယွဲ့မင်းသမီးက တစ်ပါးနိုင်ငံကရွှေလို တန်ဖိုးထားရတဲ့မင်းသမီးလေး သူတို့သမီးတော်ကို ဒီလိုဆက်ဆံနေတယ်ဆိုတာသိရင် သားတော်ကိုခွင့်လွတ်နိုင်မှာမဟုတ်ဘူးနော် "
" သားတော်သိပါတယ် မယ်တော် ချင်းရယ်ကိုလည်း သားတော်ရင်းရင်းနှီးဆက်ဆံပါတယ် သားတော်တို့ကြားမှာအားလုံးအဆင်ပြေနေပြီးသားပါ "
" အဆင်ပြေတယ်ဆိုတာ ဘယ်သူ့အတွက်ပြောတာလဲ ယွဲ့မင်းသမီးအတွက်လား ဒါမှမဟုတ် သားတော်အတွက်လား ကိုယ်နဲ့လက်ဆက်ထားတဲ့အမျိုးသားက အဲ့ညမှာတင် ကိုယ့်ကိုထားခဲ့ပြီး နောက်တစ်နေ့ ကိုယ့်ရှေ့မှာ တစ်ခြားသူတစ်ယောက်နဲ့ ကြည်နူးနေတဲ့မြင်ကွင်းကို ထိုင်ကြည့်နေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့စိတ်ထဲမှာ တကယ်ကိုအဆင်ပြေနေတယ်လို့ သားတော်ထင်နေတာလား "
" မယ်တော်ပြောတဲ့အခြားတစ်ယောက်ဆိုတာရှစ်စွင်းကိုပြောနေတာမို့လား အဲ့တော့သား‌တော်ရှစ်စွင်းနဲ့အတူရှိနေတာက အပြစ်တစ်ခုပေါ့ မယ်တော်က ကိုယ်မချစ်ဘဲယူထားတဲ့မိဖုရားအတွက် ကိုယ်ချစ်ရတဲ့သူကိုစွန့်လွတ်ရမယ်ပေါ့ ဒါဆိုရှစ်စွင်းဘက်ကကော အလိုမတူဘဲလက်ထပ်ပေါင်းသင်းခံထားရတာကို ထပ်ပြီးတော့သားတော်ကိုလျစ်လျူရှုခိုင်းနေတာလား အဲ့လောက်တောင် မယ်တော် ရှစ်စွင်းကိုမုန်းနေတာလား မယ်တော်တို့ရဲ့မပြီးပြတ်နိုင်‌သေးတဲ့အတိတ်ကရန်ငြိုးဖြစ်ရပ်တွေကြားမှာ သားတော်ရဲ့နှလုံးသားက မြေစာပင်အဖြစ်ခံရမှာလား "
" မယ်တော်ပြောချင်တာအဲ့သဘောမျိုးမဟုတ်ဘူးသားတော် မယ်တော်က... "
" ဒါဆိုပြောလေ မယ်တော့အတွက်ပြောပြဖို့အဲ့လောက်ခက်နေရတဲ့ အတိတ်ကအကြောင်းရင်းတွေက ဘာတွေများလဲလို့ ဘယ်လောက်ထိနက်နဲနေတာလဲ ပြောပြလေ အဲ့ဆို သားတော်လည်း ရှစ်စွင်းနဲ့ မယ်တော်တို့ကြားမှာ ဘယ်လိုနေရမယ်ဆိုတာ သိသွားမယ်ထင်တယ် "
" တော်လောက်ပြီသားတော် သွားနားတော့ "
" မယ်တော်အမြဲတမ်းအဲ့လိုအဆုံးသတ်ပစ်တယ် မယ်တော်တို့ရဲ့ အရှုပ်တွေကြောင့် ပိုနက်ရှိုင်းသွားတဲ့ရှစ်စွင်းရဲ့အမုန်းတွေကြားမှာ တကယ်ပင်ပန်းနေပြီ "
" တစ်နေ့တော့ သားတော်နားလည်လာမှာပါ မယ်တော်တစ်ခုဘဲသတိပေးချင်တယ် မိန်းမတစ်ယောက်ရဲ့ နာကျင်နေတဲ့နှလုံးသားထဲကပေါက်ဖွားလာတဲ့ အမုန်းတရားနဲ့ ကလဲ့စားဟာကြောက်စရာအကောင်းဆုံးဘဲဆိုတာ မှတ်ထားပါသားတော် "
မယ်တော်ပြောသွားခဲ့တာတွေကို ဝမ်ရိပေါ်နားမလည်ပါ။မိန်းမတစ်ယောက်ရဲ့ ကလဲ့စားဆိုတာကဘာကိုပြောတာလဲ။မယ်တော်ကရှစ်စွင်းကို ကလဲ့စားချေနေတာလား ။စိတ်ရှုပ်ထွေးစွာဖြင့်ခေါင်းယမ်းကာ လေပူတစ်ချက်သာမှုတ်ထုတ်ခဲ့တော့သည်။အိပ်ဆောင်တွင်းဝင်လာတော့ ပြတင်းပေါက်ဘေးတွင်ထိုင်ကာ ကောင်းကင်ကြီးကို မော့ကြည့်နေသည့် ရှစ်စွင်းဖြစ်သူကြောင့်
" ရှစ်စွင်း မအိပ်သေးဘူးလား "
" ငါတို့က သာမာန်ထက်အရင်းနှီးဆုံးဆက်ဆံရေးတစ်ခုမှာရှိခဲ့တာ ရိပေါ် "
" ဟမ် "
Yue Yue
ဖတ်ရှုပေးကြတဲ့ reader လေးတွေတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ကောင်းသောညလေးဖြစ်ပါစေနော်။အားလုံးဘဲတာ့တာ ☺️☺️🤗🤗
27 Jan 2022
Continue Reading
You'll Also Like
5.1K 265 13
အောက်တိုဘာမှာ ချစ်မိခဲ့တဲ့ကောင်မလေး
44.8K 6.5K 63
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း
166K 8.6K 67
Samantha Evergreen the meek and delicate princess of Hatolian Kingdom. She is also known as the 10th Princess... In her kingdom even maids dares to...
66.2K 8.6K 23
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...