Part 12

1.1K 88 2
                                    

( Zawgyi )

ဟုံလုံပြည် အိမ်ရှေ့မင်းသားချီးမြောက်ပွဲသို့ ဖိတ်ကြားခံရသည့် လျန်ဟွားတိုင်းပြည်မင်းသမီးလေးမှာတော့ စိတ်ညစ်နေရသည်။သူမအတွက်ဒါက မင်္ဂလာသတင်းတစ်ခုမဟုတ်ပေ။သူမ မယ်တော်ကအနည်းငယ် အရိပ်အမြွက်ပြောပြထားသည်လေ။လျန်ဟွားတိုင်းပြည်မှ ထွက်ခွာရန် ပြင်ဆင်နေချိန် ယွဲ့ချင်းရယ်တစ်ယောက်သက်ပြင်းခိုးချနေမိသည်။

" ရိပေါ်ရယ် နင်အခုဘယ်များရောက်နေတာလဲဟင် "

" ချင်းအာ သွားရအောင်လေ "

" ဟုတ်ကဲ့ပါမယ်တော် "

လေးလံသော စိတ်တို့ဖြင့်ရောက်လာခဲ့သော ဟုံလုံပြည်ကြီးကိုမြင်လိုက်ရချိန်မှာတော့ သူ့ရဲ့စိတ်တို့အနည်းငယ်ကြည်လင်သွားခဲ့သည်။ဟုံလုံပြည်က အင်အားကြီးသည့်နိုင်ငံဖြစ်သည့်အလျောက်အေးချမ်းလွန်းသည့်နိုင်ငံတစ်ခုဖြစ်သည်။အာဏာတလွဲမလုပ်သောကြောင့် ပြည်သူများစွာ၏ ကောင်းချီးများခံစားရသည့်အတွက် သာယာဝပြောသောတိုင်းပြည်တစ်ခုဖြစ်နေလေသည်။

အခမ်းအနားမှာ ပြီးဆုံးခါနီးမှ ခန်းမထဲသို့ဝင်ခဲ့ကြတော့ သူ့မအတွက် တကယ်ကိုတိတ်လန့်စရာ အဖြစ်တစ်ခုကြုံလိုက်ရသည်။သူမ မျှော်နေခဲ့သည့်တစ်ဦးတည်းသောသူကိုပြန်တွေ့လိုက်ရတော့ ဘုရင်တစ်ပါးဖြစ်နေသည့်အတွက်ကြည်နူးမိသော်လည်း နံဘေးမှ ရှစ်စွင်းဖြစ်သူကိုတွေ့လိုက်ရချိန်မှာတော့သူမရဲ့ခေါင်းထဲမှာ မေးခွန်းတွေတန်းစီသွားသည်။ရှစ်စွင်းကဘယ်လိုလုပ် ရိပေါ်ဘေးမှာရှိနေတာလဲ။ပြီးတော့ ရိပေါ်ကမင်းကြီးဆို မင်းကြီးဘေးမှာထိုင်နိုင်တဲ့တယောက်တည်းသောသူက ဟင့်အင်း လုံးဝမဖြစ်နိုင်ဘူး ။ စိတ်ထဲကနေ အကြိမ်ကြိမ်အခါခါ ငြင်းနေတဲ့ကိစ္စဟာ မိဘနှစ်ပါးရဲ့ စကားသံကြောင့် သေချာသွားခဲ့သည်။

" မင်းကြီးနဲ့ကြင်ယာတော်ကို အရိုအသေပြုပါတယ် "

သူမရဲ့ကမ္ဘာကြီးတစ်ခုလုံးဇောက်ထိုးမိုးမျော်ဖြစ်သွားသလိုပါဘဲ။သူမ သိပ်ကိုလေးစားရတဲ့ ရှစ်စွင်းဖြစ်သူက သူမသိပ်ချစ်ရသူရဲ့ ကြင်ယာတော်တဲ့လား။ နာကျင်လာတဲ့ရင်ဘတ်တစ်စုံနဲ့အတူ ရစ်ဖွဲ့လာတဲ့မျက်ရည်တွေကို မျက်တောင်ပုတ်ခတ်ကာ မရမကသိမ်းလိုက်မိသည်။

Infinity ( Complete )Unde poveștirile trăiesc. Descoperă acum