ဦး~ [Completed]

By dawnlight00

42.6K 2.2K 66

စစ်ပိုင်ဇေ × အရိပ်လေး စစ္ပိုင္ေဇ × အရိပ္ေလး Written by dawnnlight More

အခန်း ( ၂ ) / အခန္း ( ၂ )
အခန်း ( ၃ ) / အခန္း ( ၃ )
အခန်း ( ၄ ) / အခန္း ( ၄ )
အခန်း ( ၅ ) / အခန္း ( ၅ )
အခန်း ( ၆ ) / အခန္း ( ၆ )
အခန်း ( ၇ ) / အခန္း ( ၇ )
အခန်း ( ၈ ) / အခန္း ( ၈ )
အခန်း ( ၉ ) / အခန္း ( ၉ ) [ final ]

အခန်း ( ၁ ) / အခန္း ( ၁ )

13.3K 445 19
By dawnlight00

Unicode

စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့ ထောင့်တစ်နေရာတွင် တက္ကသိုလ်ကျောင်းသားတစ်စုမှာ သောက်စားနေကြရင်း ဆူညံလျက်ရှိသည်။ အခြားဝိုင်းမှ လူအချို့ပင် ဆူညံနေလွန်းလို့ သူတို့ကို မျက်မှောင်ကုတ်လျက်လှည့်ကြည့်ကြသလို တချို့ကတော့ ထထွက်သွားကြတော့သည်။

ထိုဝိုင်းရဲ့ဘေဆုံးက တစ်ယောက်ကတော့ စကားဝိုင်းက သူနဲ့မဆိုင်သလို အေးဆေးသာ မော့သောက်နေသည်။ သူ့နှုတ်ခမ်း၌ ပေကျန်နေသော ဘီယာကို လက်ခမိုးနဲ့ ကြမ်းကြမ်းတမ်းတမ်းသာ သုတ်ပစ်လိုက်လေသည်။

သူ့မျက်လုံးတွေက မှေးကျဉ်းထားပြီး အသက်မရှိလိုမျိုး ဘယ်မှာမှကြည့်မနေဘဲ ရှေ့က စားပွဲဝိုင်းသို့သာ အကြည့်ပို့ထားသည်။ ဖွေးဖွေးဖပ်ဖပ်နဲ့ နှုတ်ခမ်းပါးက ဖြောင့်တန်းလျက်ရှိပြီး ဘုတ်သိုက်သိုက်ဆံပင်ကလည်း မျက်ဝန်းတွေကို ကာလုနီးပါးရှိနေသည်။ အဝေးကနေသာကြည့်ရင် အဆီမရှိအရမ်းပိန်ပါးလှပြီး အသားအရေကလည်း စိုထိုင်းမှုမရှိ ဖြူဖပ်ဖြူလျော်နဲ့ သူ့ကို ရောဂါရှိနေတဲ့လူဆိုပြီး သနားစိတ်ဝင်နိုင်သည်။ အေးစက်စက်နဲ့ တစ်လောကလုံးကို အလေးမထားသော မျက်နှာထားနဲ့တွဲမြင်တဲ့အခါမှာတော့ ထိတ်လန့်သွားကြနိုင်သည်။

ဒီအတိုင်း သူသောက်နေရသည်မှာ ပျင်းစရာကောင်းလာပြီး သူ့ဘေးကဟာတွေမှာလည်း တကယ်စိတ်ပျက်စရာကောင်းအောင် ဆူညံလွန်းတာကြောင့် ဆိုင်ပြင်ကို သူထွက်သွားတော့သည်။

အချိန်တော်ကြာမှ သူ့ဘေးနားကပ်ထိုင်တဲ့တစ်ယောက်က သူမရှိမှန်းသိသွားသည်။

"ဟာ.. ဟိုကောင် မရှိတော့ဘူးကွ"

"ဟက်.. သူပျင်းလို့ ဘဲကြီးတစ်ကောင်လောက် သွားရှာတာနေမှာပေါ့ .. သူ့အမေလိုမျိုးလေ"

တစ်ဝိုင်းလုံးက ညီညွတ်စွာ ဟားတိုက်ရယ်ကြသည်။ တစ်ယောက်က သူ့စကားကို နားမလည်ဟန် မေးလိုက်သည်။

"နေပါဦး သူကဆော်ကြီးရှာရမှာ မဟုတ်ဘူးလား .. ဘာလို့ဘဲရှာမှာလဲဟ"

"မင်းတကယ်မသိဘူးလား .. အဲ့ကောင်က gay ခြောက်နေတာကွ .. သူ့ပုံစံကြည့်တာနဲ့ သတိမထားဘူးလားကွာ မင်းတော့.."

"ချီးပဲ တကယ်လားဟ .. ငါသူ့ဘေးထိုင်ရတာ လန့်လာပြီ"

"အဲ့ဒါကြောင့် ငါ.. ဒီနေ့ည သူ့အတွက် အစီအစဉ်လေးလုပ်ပေးထားတယ်"

ပြောနေတဲ့တစ်ယောက်က သူ့ရှေ့ကတစ်ယောက်ကို စိုက်ကြည့်လိုက်ရာ တစ်ဖက်ကလည်း နားလည်ဟန် ထလာပြီး အစွန်ဆုံးက လွတ်နေတဲ့ထိုင်ခုံဆီကို ဦးတည်လိုက်သည်။ ထိုလူက အိတ်ကပ်ထဲမှ စက္ကူခေါက်လေးကို ထုတ်လိုက်ပြီးနောက် အထဲက အဖြူရောင်ဆေးမှုန့်တွေကို
ရှေ့ကဘီယာဘူးထဲကို ထည့်လိုက်သည်။

"အဲ့ဒီအကောင် ငါ့ကို စီနီယာမှန်းမသိ ပြန်ပြောတာတွေ၊ မခံမလေးစားလုပ်တာတွေ၊ မကြောက်မလန့်နဲ့ ငါ့ကို အေးစက်စက်မျက်လုံးနဲ့ ကြည့်ခဲ့တာတွေကို နောင်တရစေရမယ်"

သူ့မျက်နှာထက် ကျေနပ်နေသော အပြုံးမှာပေါ်လာတော့သည်။ လွတ်နေသော ထိုင်ခုံလေးသို့ ပိုင်ရှင်ပြန်ရောက်လာချိန်တွင် ဘေးကလူတွေမှာ သူ့ကိုဂရုမစိုက်သလိုမျိုး နေနေကြပေမယ့် သူ့ဆီကိုသာ အာရုံရောက်နေကြသည်။ သူ့လက်ထဲက ဘီယာဘူးဆီကို မျက်စိထောင့်မှကြည့်နေကာ အမြန်သောက်စေချင်နေသော အကြည့်တွေက ပေါ်လွင်နေသည်။

ဘီယာဘူးကို နှုတ်ခမ်းသို့ တေ့လိုက်ချိန်တွင် အကုန်လုံးရဲ့အကြည့်က ပိုပြီးစူးရှလာသည်။ ဒါမဲ့သူက ခဏတုန့်ဆိုင်းနေပြီး ဘူးကိုစားပွဲပေါ်သို့ ချလိုက်တော့သည်။

"မင်းတို့ကောင်တွေ မပြန်ကြသေးဘူးလား .. ငါပြန်ချင်နေပြီ"

သူရဲ့မခံမလေးစား ပြောလိုက်ပုံကို အကုန်လုံးက အတော်ကို ဒေါသထွက်နေကြပေမဲ့ မြိုသိပ်ထားရသည်။ သူတို့ထဲက တစ်ယောက်ကပဲ အလိုက်သင့်လေး ပြုံးပြရင်း ပြန်ပြောလိုက်သည်။

"အေး.. ဟုတ်..ပါပြီ မင်းပြန်ချင်တယ်ဆို ပြန်ကြမယ်လေ .. ဒါနဲ့ မင်းသောက်လက်စဘူးက မကုန်သေးဘူးမို့လား .. လမ်းသောက်ရအောင် ယူခဲ့လေ"

သူက ခေါင်းငြိမ့်ပြချိန်တွင် တစ်ဖက်လူမှာ ပျော်သွားပြီး မျက်နှာမှာ မပေါ်အောင် အတော်ကိုထိန်းထားရသည်။ ပြီးရင် သူဘတ်စကားနဲ့ပြန်မယ်ဆိုတော့ သူကအငယ်ဆုံးလေးမို့ဆိုပြီး
အကုန်းလုံးက အရမ်းကြင်နာနေကြကာ သူ့ကိုဘတ်စကားဂိတ်ထိ အတူလိုက်ပို့ပေးကြသည်။ သွားနေတဲ့လမ်းမှာ အကုန်လုံးက သူ့ကို မသိမသာနဲ့ ဘီယာကိုသောက်ဖို့တိုက်တွန်းနေကြသည်။

လမ်းမီးပြတ်နေတဲ့ တစ်နေရာကို ရောက်လာတဲ့အခါ ရုတ်တရတ် သံဘူးတစ်ဘူးက လမ်းပေါ်သို့ ပြုတ်ကျသွားတဲ့ ဆူညံသံတစ်ခုက ထွက်ပေါ်သည်။ ဒါမဲ့ အသံမှာ အတော်လေးကျယ်လှတာကြောင့် ပြုတ်ကျသွားတာမဖြစ်နိုင် လမ်းပေါ်ကိုပစ်ပေါက်လိုက်ခြင်းဖြစ်လိမ့်မည်။

စကားသံတွေဆူညံနေတဲ့ သူတို့မှာ တခဏတိတ်ဆိတ်သွားကြပြီး အသံကြားရာ သူတို့နောက်က ကောင်လေးဆီကို လှည်ကြည့်လိုက်ကြပြီး ပစ်ပေါက်လိုက်ခြင်းဆိုတာ နားလည်လိုက်သည်။

သူတို့အစီအစဉ်က ပျက်သွားတာကြောင့် မျက်နှာတွေထက် စိတ်ပျက်ခြင်းတွေက ချက်ချင်းပေါ်လာသည်။

"ကျွန်တော် တောင်းပန်ပါတယ်ဗျာ .. ဘူးက သူ့ဘာသူလက်ထဲက လွတ်ကျသွားတာ .. တောင်းပန်ပါတယ် ဒီကအစ်ကိုတို့ရဲ့အစီအစဉ်လေးကို ဖျက်စီးမိသွားပြီ"

ပစ်ပေါက်လိုက်တာ သူတို့အသိပဲကို ကျသွားတယ်ဆိုပြီး psychopathလို ရယ်ပြရင်း ပြောနေသော သူ့ကြောင့် ပထမတော့ အကုန်လုံးထိတ်လန့်သွားသည်။ သူရဲ့အမြဲတည်တံ့ပြီး ရေခဲလိုမျက်နှာမျိုးကိုသာ အကုန်လုံးမြင်တွေ့ဖူးပြီး အခုလိုပြုံးရယ်နေပုံကို မြင်ရချိန်တွင် မသိစိတ်ထဲ တကယ်ကို ကြောက်လန့်သွားသည်။

သူတို့ထဲက ဦးဆောင်တဲ့တစ်ယောက်က လန့်သွားသောအမူအရာကို အမြန်ထိန်းလိုက်ပြီး ရှေ့ကို ထွက်လာလာကာ သူနဲ့မျက်နှာချင်းဆိုင်ကာ ရပ်လိုက်သည်။

"ညီလေးက အစ်ကိုတို့အစီအစဉ်ကို ကြိုသိနေရင်လည်း မင်းကိုယ်တိုင် ပါဝင်လိုက်လေကွာ .. အစ်ကိုက ပိုက်ဆံကုန်ခံပြီး မင်းအတွက် မင်းကြိုက်လောက်မယ့် သန်မာတဲ့ယောက်ျားနှစ်ယောက်ကို ငှါးပေးထားတာနော် .. အစ်ကို့ပိုက်ဆံတွေကို အလဟပ်သတ်ဖြစ်အောင် မလုပ်နဲ့လေကွာ"

သူ့မျက်နှာက အတော်ကို အေးခဲသွားပြီး မှောင်မဲသွားကာ ရှေ့ကလူကို သတ်ပစ်ချင်နေတဲ့အကြည့်တွေနဲ့ စိုက်ကြည့်လိုက်သည်။ ဘာစကားမှ ထပ်ပြီး တုံ့ပြန်မနေတော့ဘဲ အဲ့လူရဲ့ဝမ်းဗိုက်ကို အားပါပါနဲ့ စောင့်ကန်ပစ်လိုက်တော့သည်။ ထိုလူက လဲကျသွားပြီးနောက် သူ့ဗိုက်ကိုသူ နာကျင်စွာကိုင်ရင်း ဘေးကကြောင်ကြည့်နေတဲ့ သူ့ငယ်ချင်းတွေကို ချဖို့ ပြောသည်။

ငါးယောက်တစ်ယောက်မို့ ခဏအကြာ ထိုကောင်လေးလည်း  ဒဏ်ရာတွေနဲ့ လဲကျသွားတော့သည်။ ပြန်ထဖို့ကြိုးစားစဉ် လက်အောက်က ဖိမိသွားသောအရာကို သူကြည့်မိသည်။ သစ်သားချောင်းတစ်ခုဖြစ်နေတာမို့ နှုတ်ခမ်းပါးထက် အပြုံးတွေက ပေါ်လာသည်။

အကုန်လုံးကို သစ်သားချောင်းနဲ့ အားရပါးရ ရိုက်ချပြီး လဲကျသွားသူတိုင်းမှာ ပြန်မထနိုင်တော့ပါ။ ပြန်မထနိုင်အောင်ကို သူက နောက်ထပ်သုံးလေးချက်ထိ ပစ်ရိုက်ခဲ့တာကြောင့်ပင်။ တချို့သူတွေဆီက အရိုးအဲ့သွားသံတွေပါ ကြားရချိန်တွင် သူ့အပြုံးတွေပိုတောင် တောက်ပလာသည်။ နောက်ဆုံးတော့ အဖွဲရဲ့ဦးဆောင်သူ သူ့အတွက်တကူးတက ယောက်ျားတွေရှာပေးသူ တစ်ယောက်သာ ကျန်တော့သည်။

အလင်းရောင်ဖျော့ဖျော့အောက်မှာ ရပ်နေသော သူ့မျက်နှာထက် နီရဲနေသော သွေးစီးကြောင်းတွေနဲ့အတူ အသက်မရှိသော မျက်ဝန်းတွေနဲ့ ပြုံးရိပ်ယောင်သမ်းနေသော နှုတ်ခမ်းပါးတွေကို တွဲမြင်နေရသည်မှာ စိတ္တဇလူသတ်သမားလို့ပင် အထင်မှားစရာကောင်းသည်။ လက်ထဲက သွေးစက်တွေပေနေသော သစ်သားချောင်းကတော့ အထင်မှားစေအောင် ပန့်ပိုးပေးနေသည်။

သူ့ရှေ့ကလူမှာ တစက်စက်နဲ့ တုန့်လှုပ်နေပြီး အတော်ကိုကြောက်လန့်နေပြီ ဖြစ်သည်။ ရှေ့မှာချသွားသော သူတွေကို အဆာအနာမရှိ ရက်ရက်စက်စက်ရိုက်ခဲ့ပုံတွေကို ကိုယ်တိုင်မြင်လိုက်ရတာကြောင့် သူရှေ့ကို ခြေတစ်လှမ်းတိုးလာတိုင်း ပိုပြီးကြောက်ရွံလာသည်။ ဒါကြောင့် အမြန်ပဲ ဒူးထောက်ထိုင်ချကာ တောင်းပန်စကားဆိုတော့သည်။

"ငါတောင်း..တောင်းပန်ပါတယ်.. တောင်ပန်ပါတယ်ကွာ မင်းကို အဲ့လိုမလုပ်ခဲ့သင့်ဘူး .. ငါအခုဒူးထောက်ပြီးကို တောင်းပန်တာမို့ ငါ့ကို ဒီတစ်ခါလေးပဲ ခွင့်လွတ်ပေးပါကွာ .. နောက်တစ်ခါ မင်းနားမလာဘဲ မင်းကိုလည်း အနှောက်အယှက်မပေးတော့ပါဘူး .. ဒီတစ်ခါပဲ ငါ့ကိုဒီအတိုင်းသွားခွင့်ပေးပါကွာ"

သူရှေ့က ဒူးထောက်နေသူကို သွားဖြူလေးတွေပေါ်အောင် ရယ်လိုက်ရင်း ငုံကြည့်မိသည်။ ရယ်လိုက်တာက ဒူးထောက်နေသူကို ပိုပြီးထိတ်လန့်သွားစေသည်။

"ငါ့ကို သွားခွင့်ပြုပါကွာ .. မင်းဘာလိုချင်ပြော ပိုက်ဆံလား ..  ငါမင်းလိုချင်သလောက်ပေးနိုင်တယ် .. ဒါကြောင့် ငါ့ကို သွားခွင့်ပြုပါ အရိပ်ရာ.."

သူ့စကားကြောင့် ရှေ့က အရိပ်ဆိုသူမှာ ဟပ်ဟပ်ပတ်ပတ်ကို ရယ်မောတော့သည်။

"ကျွန်တော့်အတွက် တကူးတကနဲ့ ယောက်ျားပါရှာပေးတဲ့ ကြင်နာလှတဲ့အစ်ကိုဇေယျာ.. ကျွန်တော့်ဘဝမှာ လိုချင်တောင်တမှုဆိုတာ မရှိတာကြာပြီ .. တောင်းပန်ပါတယ်ဗျာ"

ဒူးထောက်နေသူရဲ့မျက်နှာအနီး အနည်းငယ်ငုံ့ရင်း သူပြောပြီး ခန္ဓာကိုယ်ကို ပြန်မတ်ကာ ရှေ့ကလူရဲ့ခေါင်းကို ရိုက်ချလိုက်သည်။ သူ့မျက်နှာတစ်ဝက်လောက် စီးကျလာတဲ့သွေးတွေနဲ့ ဖုန်းလွမ်းသွားပြီး မြေပေါ်မှာလဲလျောင်းနေရင်း နာကျင်မှုကြောင့် အော်ညီးနေတော့သည်။

အရိပ်က လက်ထဲက သစ်သားချောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး ဆေးခပ်ကာ သူ့ကို ယောက်ျားနှစ်ယောက်နဲ့ ဖျက်စီးစေချင်သူကို ငုံကြည်နေရင်း တစ်စတစ်စပိုပြီး ဒေါသထွက်လာတော့သည်။ တစ်ချက်ချင်း ဒေါသထွက်စွာနဲ့ ရှေ့ကလူကို နှိက်နှပ်ကာ နောက်တော့ ဆယ်ချက်မကကျော်လာတော့သည်။ သူစိတ်ကျေနပ်သွားမှ တုတ်ကိုပစ်ချလိုက်ပြီး ထိုလူကို သေချာကြည့်မိချိန်တွင်
တုန်လှုပ်သွားသည်။

သွေးအိုင်ထဲလဲနေပြီဖြစ်သော သူ့ရှေ့ကလူက နည်းနည်းမှမလှုပ်တော့ဘဲ ငြိမ်သက်လျက်ရှိသည်။ သူ့နှာခေါင်းအောက် လက်နဲ့စမ်းကြည့်ချိန်တွင် အသက်ယေးယေးလေးမျှ ရှူနေတုန်းမို့ သူစိတ်သက်သာသွားသည်။

သူငယ်စဉ်ကတည်းက မိခင်ရဲ့ဆူပူကြိမ်းမောင်းမှုတွေ၊ ရိုက်နှပ်မှုတွေကို ငြိမ်ခံလာခဲ့ရသည်။ သူ့မှာတစ်ယောက်တည်းရှိတဲ့ မိခင်ကို နာခံရုံမှတစ်ပါး သူဘာမှပြန်မလုပ်နိုင်ခဲ့ပါ။ ကျောင်းသားဘဝရောက်လာတော့လည်း အပျက်မသားဆိုပြီး ဖယ်ကျင်ကြသလို နောက်ကွယ်မှာ အတင်းပြောကြသလို အနိုင်ကျင့်တာတွေလည်း ရှိခဲ့သည်။

မိခင်အရင်းရဲ့ကြင်နှာမှုကိုပင် တစ်ခါမှမခံစားဖူးသလို ရိုက်နှပ်ညင်းပန်းမှုကိုပဲ ခံလာခဲ့ရတာကြောင့် ကြာလာတာနဲ့အမျှ သူက အေးစက်စက်နဲ့ ခံစားချက်မရှိသူအဖြစ်သို့ ပြောင်းလဲလာတော့သည်။ သူ့ဘဝကိုသူလည်း တစ်ရက်ထက် တစ်ရက်စိတ်ကုန်လာရာ သတ်သေဖို့ပင် ကြိုးစားဖူးခဲ့သည်။

သူရဲ့စိတ်ခံစားချက်ဆိုတာလည်း ဘယ်သူ့ကိုမှ ထုတ်မပြဖူးသလို ထုတ်ပြစရာလည်း ဘယ်သူမှမရှိတဲ့အတွက် တစ်ခါတလေ သူစိတ်တိုလာချိန်တွင် လုံးဝထိန်းမရတော့ဘဲ စိတ်လွတ်သွားတတ်သည်။ အခုလိုအခြေအနေမျိုးတွေပေါ့..။

အရိပ်က အမြန်ပဲ အဲဒီနေရာကနေ ထွက်လာပြီး လမ်းလျောက်ပြီးသာ အိမ်ကိုပြန်လာတော့သည်။ ပြန်လမ်းမှာ ရဲကားအချို့ကို တွေ့လိုက်ရပေမဲ့ သူအမျာကြီးတွေးပူမနေပါ။ သူ့ဘဝကြီးမှာ အဓိပ္ပါယ်မဲ့တယ်လို့သာ ခံစားလာရတာနှင့်အမျှ ကိစ္စတိုင်းကို သူအလေးအနက်မထားတတ်တော့ပါ။
တစ်ခုခုဖြစ်လာခဲ့ရင်တောင် နောင်ကိစ္စနောင်မှပေါ့။

ဒီလိုနဲ့ အိမ်ကို ရောက်လာတော့ အချိန်က ည၁၂နာရီကျော်နေပြီဖြစ်သည်။ ဧည့်ခန်းထဲ၌ သူ့အမေဖြစ်သူမှာ သူ့ကိုစောင့်ကြိုနေသည်။

"ဒီကိုလာပြီး ဘယ်က ဘာပြဿနာတွေ ရှာလာတယ်ဆိုတာ ပြောပြပါဦး .. နင်ကြောင့် အိမ်ကိုရဲတွေလာသွားတယ်"

ဖြေချင်စိတ်မရှိတာကြောင့် ဘာမှမဟုတ်ဘူးသာ ပြောလိုက်ရာ သူမကတော့ အတော်ကို ဒေါသထွက်သွားသည်။ ပြီးနောက် သူ့ဆီကိုလျောက်လာကာ ပါးကို တစ်ချက်ပိတ်ရိုက်လေသည်။ သူမရဲ့ရိုက်နှပ်မှုတွေကို ရင်းနှီးနေတာမို့ ငြိမ်ခံနေပြီး သူမစိတ်ကျေနပ်သည်ထိ အော်ငေါက်ဆဲဆိုနေတာတွေကို နားထောင်နေလိုက်သည်။ ဒါမဲ့ နောက်ဆုံးမှာ ဒီစကားက ထွက်လာခဲ့သည်။

"နင်မွေးလာတာက ငါ့အတွက်ကံဆိုးမှုပဲ .. နင်မွေးကိုမွေးမလာသင့်ဘူး"

"ကျွန်တော်လည်း ခင်များဆီမှာ မွေးလာချင်တယ်လို့ ထင်နေလား"

"ဘာ!"

အရိပ်က သူ့အမေကို တည့်တည့်စိုက်ကြည့်ကာ ပြန်ပြောလိုက်တာမို့ သူမက ငါ့ကိုပြန်ခံပြောရဲတယ်ဆိုသော အကြည့်တွေနဲ့ စိုက်ကြည့်နေသည်။

"ကျွန်တော်လည်း ခင်များဆီမှာ မွေးလာချင်တယ်လို့များ ထင်နေတာလားလို့!! ခင်များအတွက်ပဲ ကံဆိုးမှုမဟုတ်ဘူး ကျွန်တော့်အတွက်လည်း ကံဆိုးမှု၊ ငရဲပဲ! .. ဒီလိုဘဝမျိုးမှာ မွေးလာတဲ့ကိုယ့်ကိုကိုယ် မုန်းတယ် .. သတ်သေပစ်လိုက်ချင်တယ် .. ကျွန်တော်လည်း တကယ်ကို ပင်ပန်းတယ် ခင်များသိရဲ့လား!!!"

သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေဝဲလာပြီး သူမကိုအော်ပြောပစ်လိုက်သည်။ ပြီးမှ သူပြောလိုက်တာက ရိုင်းပြီး လွန်သွားသလား စိုးရိမ်မိသည်။

"နင်ကများ ငါ့အိမ်မှာ အေးဆေးထိုင်စားနေပြီး ပင်ပန်းတယ်ပြောရသေးတယ် .. သွား ပင်ပန်းနေရင် သက်သေပစ်လိုက်! သွား!!! ငါ့ဆီကို ဘယ်တော့မှ ပြန်မလာနဲ့ အကုသိုလ်ကောင်"

သူမရဲ့သတ်သေလိုက်ဆိုသော စကားကတော့ သူ့ကို တကယ်ခံစားရစေသည်။ သူ့ကိုသူ သတ်သေချင်စိတ်တွေက အမြဲပြည့်နေခဲ့ပြီး လက်မလျော့ဖို့အတွက် အတော်ကိုအားတင်းထားခဲ့ရရာ သူမကတော့ လွယ်လွယ်ကူကူထုတ်ပြောလာခဲ့သည်။

"..... ခင်များ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်စေရမယ်"

အရိပ်သူ့အမေရှေ့မှ ချက်ချင်းလှည့်ထွက်လာခဲ့သည်။ သူ့အမေအရင်းကိုယ်တိုင်က ဒီလိုစကားမျိုးပြောထွက်လာတာမို့ ဝမ်းနည်းစွာ မျက်ရည်တွေကို သူ့ပါးပြင်ပေါ်ကျမလာအောင် အတော်ကိုထိန်းယူထားရသည်။ ရင်ဘတ်ထဲမှာ အရမ်းစို့နင့်နေလျက် အသက်ရှူကျပ်လာသလိုကို ခံစားလာရတာမို့ ရင်ဘတ်ကိုတဒုန်းဒုန်းနဲ့ ထုနေမိသည်။

သူ့အိမ်နဲ့ဝေးနိုင်သမျှဝေးအောင် လမ်းမတစ်လျောက် အမြန်ပြေးလွှားနေရင်း သတ်သေလို့ ကောင်းမယ်နေရာကိုလည်း သူစဉ်းစားနေသည်။

ဒါမဲ့ သူ့နောက်က ရဲကားအချို့ကို မြင်လိုက်ရပြီး သူ့နောက်ကို လိုက်လာဟန်ရှိတာမို့ စိတ်ထဲဆဲရေးဆိုရင်း ပိုမြန်အောင်ပြေးရတော့သည်။ တစ်နေရာမှာ လမ်းကို ချိုးကွေ့ပြီးနောက် အနီးအနားအိမ်ရဲ့ခြံစည်းရိုးကို ကျော်တက်လိုက်ပြီး အောက်ဆင်းချိန်တွင် ခြေထောက်က ခေါက်လျက် ပစ်လဲကျသည်။ ဘေးရှိနေတဲ့ ပန်းအိုးနဲ့ပါ ခေါင်းကိုရိုက်မိသွားတာကြောင့် နောက်ထပ်သွေးတွေက စီးကျလာပြန်သည်။ သူ့ခေါင်းကလည်း ချာချာလည်အောင် မူးသွားတော့သည်။

သူဒီနားမှာပဲ ပျောက်သွားတာကို သိသောရဲတွေက ဆက်မသွားသေးဘဲ ရပ်နေကြသည်။ အဲ့ဒါကြောင့် ယိုင်တိယိုင်တိုင်နဲ့ အမြန်ထလာပြီးနောက် အိမ်ရဲ့ပြတင်းပေါက်တစ်ခုကို ဖွင့်ကြည့်ရာ ကံကောင်းစွာဖွင့်ရသွားတာမို့ အိမ်ထဲကိုကျော်ဝင်လိုက်သည်။ အပြင်မှာက အလင်းရောင်ခပ်မိန်မိန်ရှိနေပေမယ့် အထဲမှာက မှောင်မဲလျက်ရှိသည်။ ဒါကြောင့် သူရှေ့ကပစ္စည်းတွေကို မမြင်ရဘဲ တိုက်ပြီးလဲကျသွားသည်။

ပြန်ထဖို့ ကြိုးစားနေပေမဲ့ ရန်ဖြစ်တုန်းက ခေါင်းကိုထိထားတဲ့ဒဏ်ရာတွေနဲ့ ပုန်းအိုးနဲ့ရိုက်မိတဲ့ ဒဏ်ရာတွေကြောင့် မူးမိုက်လာပြီး မထနိုင်တော့ဘဲ ထိုနေရာမှာပဲ မေ့မျောသွားတော့သည်။

_______________________________________________________________________

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင့်❤
dawnnlight

Zawgyi

စားေသာက္ဆိုင္ေလးတစ္ဆိုင္ရဲ႕ ေထာင့္တစ္ေနရာတြင္ တကၠသိုလ္ေက်ာင္းသားတစ္စုမွာ ေသာက္စားေနၾကရင္း ဆူညံလ်က္႐ွိသည္။ အျခားဝိုင္းမွ လူအခ်ိဳ႕ပင္ ဆူညံေနလြန္းလို႔ သူတို႔ကို မ်က္ေမွာင္ကုတ္လ်က္လွည့္ၾကည့္ၾကသလို တခ်ိဳ႕ကေတာ့ ထထြက္သြားၾကေတာ့သည္။

ထိုဝိုင္းရဲ႕ေဘဆုံးက တစ္ေယာက္ကေတာ့ စကားဝိုင္းက သူနဲ႔မဆိုင္သလို ေအးေဆးသာ ေမာ့ေသာက္ေနသည္။ သူ႔ႏႈတ္ခမ္း၌ ေပက်န္ေနေသာ ဘီယာကို လက္ခမိုးနဲ႔ ၾကမ္းၾကမ္းတမ္းတမ္းသာ သုတ္ပစ္လိုက္ေလသည္။

သူ႔မ်က္လုံးေတြက ေမွးက်ဥ္းထားၿပီး အသက္မ႐ွိလိုမ်ိဳး ဘယ္မွာမွၾကည့္မေနဘဲ ေ႐ွ႕က စားပြဲဝိုင္းသုိ႔သာ အၾကည့္ပို႔ထားသည္။ ေဖြးေဖြးဖပ္ဖပ္နဲ႔ ႏႈတ္ခမ္းပါးက ေျဖာင့္တန္းလ်က္႐ွိၿပီး ဘုတ္သိုက္သိုက္ဆံပင္ကလည္း မ်က္ဝန္းေတြကို ကာလုနီးပါး႐ွိေနသည္။ အေဝးကေနသာၾကည့္ရင္ အဆီမ႐ွိအရမ္းပိန္ပါးလွၿပီး အသားအေရကလည္း စိုထိုင္းမႈမ႐ွိ ျဖဴဖပ္ျဖဴေလ်ာ္နဲ႔ သူ႔ကို ေရာဂါ႐ွိေနတဲ့လူဆိုၿပီး သနားစိတ္ဝင္ႏိုင္သည္။ ေအးစက္စက္နဲ႔ တစ္ေလာကလုံးကို အေလးမထားေသာ မ်က္ႏွာထားနဲ႔တြဲျမင္တဲ့အခါမွာေတာ့ ထိတ္လန္႔သြားၾကႏိုင္သည္။

ဒီအတိုင္း သူေသာက္ေနရသည္မွာ ပ်င္းစရာေကာင္းလာၿပီး သူ႔ေဘးကဟာေတြမွာလည္း တကယ္စိတ္ပ်က္စရာေကာင္းေအာင္ ဆူညံလြန္းတာေၾကာင့္ ဆိုင္ျပင္ကို သူထြက္သြားေတာ့သည္။

အခ်ိန္ေတာ္ၾကာမွ သူ႔ေဘးနားကပ္ထိုင္တဲ့တစ္ေယာက္က သူမ႐ွိမွန္းသိသြားသည္။

"ဟာ.. ဟိုေကာင္ မ႐ွိေတာ့ဘူးကြ"

"ဟက္.. သူပ်င္းလို႔ ဘဲႀကီးတစ္ေကာင္ေလာက္ သြား႐ွာတာေနမွာေပါ့ .. သူ႔အေမလိုမ်ိဳးေလ"

တစ္ဝိုင္းလံုးက ညီၫြတ္စြာ ဟားတိုက္ရယ္ၾကသည္။ တစ္ေယာက္က သူ႔စကားကို နားမလည္ဟန္ ေမးလိုက္သည္။

"ေနပါဦး သူကေဆာ္ႀကီး႐ွာရမွာ မဟုတ္ဘူးလား .. ဘာလို႔ဘဲ႐ွာမွာလဲဟ"

"မင္းတကယ္မသိဘူးလား .. အဲ့ေကာင္က gay ေျခာက္ေနတာကြ .. သူ႔ပုံစံၾကည့္တာနဲ႔ သတိမထားဘူးလားကြာ မင္းေတာ့.."

"ခ်ီးပဲ တကယ္လားဟ .. ငါသူ႔ေဘးထိုင္ရတာ လန္႔လာၿပီ"

"အဲ့ဒါေၾကာင့္ ငါ.. ဒီေန႔ည သူ႔အတြက္ အစီအစဥ္ေလးလုပ္ေပးထားတယ္"

ေျပာေနတဲ့တစ္ေယာက္က သူ႔ေ႐ွ႕ကတစ္ေယာက္ကို စိုက္ၾကည့္လိုက္ရာ တစ္ဖက္ကလည္း နားလည္ဟန္ ထလာၿပီး အစြန္ဆုံးက လြတ္ေနတဲ့ထိုင္ခုံဆီကို ဦးတည္လိုက္သည္။ ထိုလူက အိတ္ကပ္ထဲမွ စကၠဴေခါက္ေလးကို ထုတ္လိုက္ၿပီးေနာက္ အထဲက အျဖဴေရာင္ေဆးမႈန္႔ေတြကို
ေ႐ွ႕ကဘီယာဘူးထဲကို ထည့္လိုက္သည္။

"အဲ့ဒီအေကာင္ ငါ့ကို စီနီယာမွန္းမသိ ျပန္ေျပာတာေတြ၊ မခံမေလးစားလုပ္တာေတြ၊ မေၾကာက္မလန္႔နဲ႔ ငါ့ကို ေအးစက္စက္မ်က္လုံးနဲ႔ ၾကည့္ခဲ့တာေတြကို ေနာင္တရေစရမယ္"

သူ႔မ်က္ႏွာထက္ ေက်နပ္ေနေသာ အျပဳံးမွာေပၚလာေတာ့သည္။ လြတ္ေနေသာ ထိုင္ခုံေလးသုိ႔ ပိုင္႐ွင္ျပန္ေရာက္လာခ်ိန္တြင္ ေဘးကလူေတြမွာ သူ႔ကိုဂ႐ုမစိုက္သလိုမ်ိဳး ေနေနၾကေပမယ့္ သူ႔ဆီကိုသာ အာ႐ုံေရာက္ေနၾကသည္။ သူ႔လက္ထဲက ဘီယာဘူးဆီကို မ်က္စိေထာင့္မွၾကည့္ေနကာ အျမန္ေသာက္ေစခ်င္ေနေသာ အၾကည့္ေတြက ေပၚလြင္ေနသည္။

ဘီယာဘူးကို ႏႈတ္ခမ္းသို႔ ေတ့လိုက္ခ်ိန္တြင္ အကုန္လုံးရဲ႕အၾကည့္က ပိုၿပီးစူး႐ွလာသည္။ ဒါမဲ့သူက ခဏတုန္႔ဆိုင္းေနၿပီး ဘူးကိုစားပြဲေပၚသို႔ ခ်လိုက္ေတာ့သည္။

"မင္းတို႔ေကာင္ေတြ မျပန္ၾကေသးဘူးလား .. ငါျပန္ခ်င္ေနၿပီ"

သူရဲ႕မခံမေလးစား ေျပာလိုက္ပုံကို အကုန္လုံးက အေတာ္ကို ေဒါသထြက္ေနၾကေပမဲ့ ၿမိဳသိပ္ထားရသည္။ သူတို႔ထဲက တစ္ေယာက္ကပဲ အလိုက္သင့္ေလး ျပဳံးျပရင္း ျပန္ေျပာလိုက္သည္။

"ေအး.. ဟုတ္..ပါၿပီ မင္းျပန္ခ်င္တယ္ဆို ျပန္ၾကမယ္ေလ .. ဒါနဲ႔ မင္းေသာက္လက္စဘူးက မကုန္ေသးဘူးမို႔လား .. လမ္းေသာက္ရေအာင္ ယူခဲ့ေလ"

သူက ေခါင္းၿငိမ့္ျပခ်ိန္တြင္ တစ္ဖက္လူမွာ ေပ်ာ္သြားျပီး မ်က္ႏွာမွာ မေပၚေအာင္ အေတာ္ကိုထိန္းထားရသည္။ ၿပီးရင္ သူဘတ္စကားနဲ႔ျပန္မယ္ဆိုေတာ့ သူကအငယ္ဆံုးေလးမို႔ဆိုၿပီး
အကုန္းလုံးက အရမ္းၾကင္နာေနၾကကာ သူ႔ကိုဘတ္စကားဂိတ္ထိ အတူလိုက္ပို႔ေပးၾကသည္။ သြားေနတဲ့လမ္းမွာ အကုန္လုံးက သူ႔ကို မသိမသာနဲ႔ ဘီယာကိုေသာက္ဖို႔တိုက္တြန္းေနၾကသည္။

လမ္းမီးျပတ္ေနတဲ့ တစ္ေနရာကို ေရာက္လာတဲ့အခါ ႐ုတ္တရတ္ သံဘူးတစ္ဘူးက လမ္းေပၚသို႔ ျပဳတ္က်သြားတဲ့ ဆူညံသံတစ္ခုက ထြက္ေပၚသည္။ ဒါမဲ့ အသံမွာ အေတာ္ေလးက်ယ္လွတာေၾကာင့္ ျပဳတ္က်သြားတာမျဖစ္ႏိုင္ လမ္းေပၚကိုပစ္ေပါက္လိုက္ျခင္းျဖစ္လိမ့္မည္။

စကားသံေတြဆူညံေနတဲ့ သူတို႔မွာ တခဏတိတ္ဆိတ္သြားၾကၿပီး အသံၾကားရာ သူတို႔ေနာက္က ေကာင္ေလးဆီကို လွည္ၾကည့္လိုက္ၾကၿပီး ပစ္ေပါက္လိုက္ျခင္းဆိုတာ နားလည္လိုက္သည္။

သူတို႔အစီအစဥ္က ပ်က္သြားတာေၾကာင့္ မ်က္ႏွာေတြထက္ စိတ္ပ်က္ျခင္းေတြက ခ်က္ခ်င္းေပၚလာသည္။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ဗ်ာ .. ဘူးက သူ႔ဘာသူလက္ထဲက လြတ္က်သြားတာ .. ေတာင္းပန္ပါတယ္ ဒီကအစ္ကိုတို႔ရဲ႕အစီအစဥ္ေလးကို ဖ်က္စီးမိသြားၿပီ"

ပစ္ေပါက္လိုက္တာ သူတို႔အသိပဲကို က်သြားတယ္ဆိုၿပီး psychopathလို ရယ္ျပရင္း ေျပာေနေသာ သူ႔ေၾကာင့္ ပထမေတာ့ အကုန္လုံးထိတ္လန္႔သြားသည္။ သူရဲ႕အျမဲတည္တံ့ၿပီး ေရခဲလိုမ်က္ႏွာမ်ိဳးကိုသာ အကုန္လုံးျမင္ေတြ႔ဖူးၿပီး အခုလိုျပဳံးရယ္ေနပုံကို ျမင္ရခ်ိန္တြင္ မသိစိတ္ထဲ တကယ္ကို ေၾကာက္လန္႔သြားသည္။

သူတို႔ထဲက ဦးေဆာင္တဲ့တစ္ေယာက္က လန္႔သြားေသာအမူအရာကို အျမန္ထိန္းလိုက္ၿပီး ေ႐ွ႕ကို ထြက္လာလာကာ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ကာ ရပ္လုိက္သည္။

"ညီေလးက အစ္ကိုတို႔အစီအစဥ္ကို ႀကိဳသိေနရင္လည္း မင္းကိုယ္တိုင္ ပါဝင္လိုက္ေလကြာ .. အစ္ကိုက ပိုက္ဆံကုန္ခံၿပီး မင္းအတြက္ မင္းႀကိဳက္ေလာက္မယ့္ သန္မာတဲ့ေယာက္်ားႏွစ္ေယာက္ကို ငွါးေပးထားတာေနာ္ .. အစ္ကို႔ပိုက္ဆံေတြကို အလဟပ္သတ္ျဖစ္ေအာင္ မလုပ္နဲ႔ေလကြာ"

သူ႔မ်က္ႏွာက အေတာ္ကို ေအးခဲသြားၿပီး ေမွာင္မဲသြားကာ ေ႐ွ႕ကလူကို သတ္ပစ္ခ်င္ေနတဲ့အၾကည့္ေတြနဲ႔ စိုက္ၾကည့္လိုက္သည္။ ဘာစကားမွ ထပ္ၿပီး တုံ႔ျပန္မေနေတာ့ဘဲ အဲ့လူရဲ႕ဝမ္းဗိုက္ကို အားပါပါနဲ႔ ေစာင့္ကန္ပစ္လိုက္ေတာ့သည္။ ထိုလူက လဲက်သြားၿပီးေနာက္ သူ႔ဗိုက္ကိုသူ နာက်င္စြာကိုင္ရင္း ေဘးကေၾကာင္ၾကည့္ေနတဲ့ သူ႔ငယ္ခ်င္းေတြကို ခ်ဖို႔ ေျပာသည္။

ငါးေယာက္တစ္ေယာက္မို႔ ခဏအၾကာ ထိုေကာင္ေလးလည္း  ဒဏ္ရာေတြနဲ႔ လဲက်သြားေတာ့သည္။ ျပန္ထဖို႔ၾကိဳးစားစဥ္ လက္ေအာက္က ဖိမိသြားေသာအရာကို သူၾကည့္မိသည္။ သစ္သားေခ်ာင္းတစ္ခုျဖစ္ေနတာမို႔ ႏႈတ္ခမ္းပါးထက္ အျပံဳးေတြက ေပၚလာသည္။

အကုန္လုံးကို သစ္သားေခ်ာင္းနဲ႔ အားရပါးရ ႐ိုက္ခ်ၿပီး လဲက်သြားသူတိုင္းမွာ ျပန္မထႏိုင္ေတာ့ပါ။ ျပန္မထႏိုင္ေအာင္ကို သူက ေနာက္ထပ္သုံးေလးခ်က္ထိ ပစ္႐ိုက္ခဲ့တာေၾကာင့္ပင္။ တခ်ိဳ႕သူေတြဆီက အ႐ုိးအဲ့သြားသံေတြပါ ၾကားရခ်ိန္တြင္ သူ႔အျပဳံးေတြပိုေတာင္ ေတာက္ပလာသည္။ ေနာက္ဆုံးေတာ့ အဖြဲရဲ႕ဦးေဆာင္သူ သူ႔အတြက္တကူးတက ေယာက္်ားေတြ႐ွာေပးသူ တစ္ေယာက္သာ က်န္ေတာ့သည္။

အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေအာက္မွာ ရပ္ေနေသာ သူ႔မ်က္ႏွာထက္ နီရဲေနေသာ ေသြးစီးေၾကာင္းေတြနဲ႔အတူ အသက္မ႐ွိေသာ မ်က္ဝန္းေတြနဲ႔ ျပဳံးရိပ္ေယာင္သမ္းေနေသာ ႏႈတ္ခမ္းပါးေတြကို တြဲျမင္ေနရသည္မွာ စိတၱဇလူသတ္သမားလို႔ပင္ အထင္မွားစရာေကာင္းသည္။ လက္ထဲက ေသြးစက္ေတြေပေနေသာ သစ္သားေခ်ာင္းကေတာ့ အထင္မွားေစေအာင္ ပန္႔ပိုးေပးေနသည္။

သူ႔ေ႐ွ႕ကလူမွာ တစက္စက္နဲ႔ တုန္႔လႈပ္ေနၿပီး အေတာ္ကိုေၾကာက္လန္႔ေနျပီ ျဖစ္သည္။ ေ႐ွ႕မွာခ်သြားေသာ သူေတြကို အဆာအနာမ႐ွိ ရက္ရက္စက္စက္႐ုိက္ခဲ့ပုံေတြကို ကိုယ္တိုင္ျမင္လိုက္ရတာေၾကာင့္ သူေ႐ွ႕ကို ေျခတစ္လွမ္းတိုးလာတိုင္း ပိုၿပီးေၾကာက္ရြံလာသည္။ ဒါေၾကာင့္ အျမန္ပဲ ဒူးေထာက္ထိုင္ခ်ကာ ေတာင္းပန္စကားဆိုေတာ့သည္။

"ငါေတာင္း..ေတာင္းပန္ပါတယ္.. ေတာင္ပန္ပါတယ္ကြာ မင္းကို အဲ့လိုမလုပ္ခဲ့သင့္ဘူး .. ငါအခုဒူးေထာက္ၿပီးကို ေတာင္းပန္တာမို႔ ငါ့ကို ဒီတစ္ခါေလးပဲ ခြင့္လြတ္ေပးပါကြာ .. ေနာက္တစ္ခါ မင္းနားမလာဘဲ မင္းကိုလည္း အေႏွာက္အယွက္မေပးေတာ့ပါဘူး .. ဒီတစ္ခါပဲ ငါ့ကိုဒီအတိုင္းသြားခြင့္ေပးပါကြာ"

သူေ႐ွ႕က ဒူးေထာက္ေနသူကို သြားျဖဴေလးေတြေပၚေအာင္ ရယ္လိုက္ရင္း ငုံၾကည့္မိသည္။ ရယ္လိုက္တာက ဒူးေထာက္ေနသူကို ပိုၿပီးထိတ္လန္႔သြားေစသည္။

"ငါ့ကို သြားခြင့္ျပဳပါကြာ .. မင္းဘာလိုခ်င္ေျပာ ပိုက္ဆံလား ..  ငါမင္းလိုခ်င္သေလာက္ေပးႏိုင္တယ္ .. ဒါေၾကာင့္ ငါ့ကို သြားခြင့္ျပဳပါ အရိပ္ရာ.."

သူ႔စကားေၾကာင့္ ေ႐ွ႕က အရိပ္ဆိုသူမွာ ဟပ္ဟပ္ပတ္ပတ္ကို ရယ္ေမာေတာ့သည္။

"ကြၽန္ေတာ့္အတြက္ တကူးတကနဲ႔ ေယာက္်ားပါ႐ွာေပးတဲ့ ၾကင္နာလွတဲ့အစ္ကိုေဇယ်ာ.. ကြၽန္ေတာ့္ဘဝမွာ လိုခ်င္ေတာင္တမႈဆိုတာ မ႐ွိတာၾကာၿပီ .. ေတာင္းပန္ပါတယ္ဗ်ာ"

ဒူးေထာက္ေနသူရဲ႕မ်က္ႏွာအနီး အနည္းငယ္ငုံ႔ရင္း သူေျပာျပီး ခႏၶာကိုယ္ကို ျပန္မတ္ကာ ေ႐ွ႕ကလူရဲ႕ေခါင္းကို ႐ုိက္ခ်လိုက္သည္။ သူ႔မ်က္ႏွာတစ္ဝက္ေလာက္ စီးက်လာတဲ့ေသြးေတြနဲ႔ ဖုန္းလြမ္းသြားၿပီး ေျမေပၚမွာလဲေလ်ာင္းေနရင္း နာက်င္မႈေၾကာင့္ ေအာ္ညီးေနေတာ့သည္။

အရိပ္က လက္ထဲက သစ္သားေခ်ာင္းကို တင္းတင္းဆုပ္ကိုင္ထားၿပီး ေဆးခပ္ကာ သူ႔ကို ေယာက္်ားႏွစ္ေယာက္နဲ႔ ဖ်က္စီးေစခ်င္သူကို ငုံၾကည္ေနရင္း တစ္စတစ္စပိုၿပီး ေဒါသထြက္လာေတာ့သည္။ တစ္ခ်က္ခ်င္း ေဒါသထြက္စြာနဲ႔ ေ႐ွ႕ကလူကို ႏွိက္ႏွပ္ကာ ေနာက္ေတာ့ ဆယ္ခ်က္မကေက်ာ္လာေတာ့သည္။ သူစိတ္ေက်နပ္သြားမွ တုတ္ကိုပစ္ခ်လိုက္ၿပီး ထိုလူကို ေသခ်ာၾကည့္မိခ်ိန္တြင္
တုန္လႈပ္သြားသည္။

ေသြးအိုင္ထဲလဲေနၿပီျဖစ္ေသာ သူ႔ေ႐ွ႕ကလူက နည္းနည္းမွမလႈပ္ေတာ့ဘဲ ၿငိမ္သက္လ်က္႐ွိသည္။ သူ႔ႏွာေခါင္းေအာက္ လက္နဲ႔စမ္းၾကည့္ခ်ိန္တြင္ အသက္ေယးေယးေလးမ်ွ ႐ွဴေနတုန္းမို႔ သူစိတ္သက္သာသြားသည္။

သူငယ္စဥ္ကတည္းက မိခင္ရဲ႕ဆူပူႀကိမ္းေမာင္းမႈေတြ၊ ႐ုိက္ႏွပ္မႈေတြကို ၿငိမ္ခံလာခဲ့ရသည္။ သူ႔မွာတစ္ေယာက္တည္း႐ွိတဲ့ မိခင္ကို နာခံရုံမွတစ္ပါး သူဘာမွျပန္မလုပ္ႏိုင္ခဲ့ပါ။ ေက်ာင္းသားဘဝေရာက္လာေတာ့လည္း အပ်က္မသားဆိုၿပီး ဖယ္က်င္ၾကသလို ေနာက္ကြယ္မွာ အတင္းေျပာၾကသလို အႏိုင္က်င့္တာေတြလည္း ႐ွိခဲ့သည္။

မိခင္အရင္းရဲ႕ၾကင္ႏွာမႈကိုပင္ တစ္ခါမွမခံစားဖူးသလို ႐ုိက္ႏွပ္ညင္းပန္းမႈကိုပဲ ခံလာခဲ့ရတာေၾကာင့္ ၾကာလာတာနဲ႔အမ်ွ သူက ေအးစက္စက္နဲ႔ ခံစားခ်က္မ႐ွိသူအျဖစ္သို႔ ေျပာင္းလဲလာေတာ့သည္။ သူ႔ဘဝကိုသူလည္း တစ္ရက္ထက္ တစ္ရက္စိတ္ကုန္လာရာ သတ္ေသဖို႔ပင္ ႀကိဳးစားဖူးခဲ့သည္။

သူရဲ႕စိတ္ခံစားခ်က္ဆိုတာလည္း ဘယ္သူ႔ကိုမွ ထုတ္မျပဖူးသလို ထုတ္ျပစရာလည္း ဘယ္သူမွမ႐ွိတဲ့အတြက္ တစ္ခါတေလ သူစိတ္တိုလာခ်ိန္တြင္ လုံးဝထိန္းမရေတာ့ဘဲ စိတ္လြတ္သြားတတ္သည္။ အခုလိုအေျခအေနမ်ိဳးေတြေပါ့..။

အရိပ္က အျမန္ပဲ အဲဒီေနရာကေန ထြက္လာၿပီး လမ္းေလ်ာက္ၿပီးသာ အိမ္ကိုျပန္လာေတာ့သည္။ ျပန္လမ္းမွာ ရဲကားအခ်ိဳ႕ကို ေတြ႔လိုက္ရေပမဲ့ သူအမ်ာႀကီးေတြးပူမေနပါ။ သူ႔ဘဝႀကီးမွာ အဓိပၸါယ္မဲ့တယ္လို႔သာ ခံစားလာရတာႏွင့္အမ်ွ ကိစၥတိုင္းကို သူအေလးအနက္မထားတတ္ေတာ့ပါ။
တစ္ခုခုျဖစ္လာခဲ့ရင္ေတာင္ ေနာင္ကိစၥေနာင္မွေပါ့။

ဒီလိုနဲ႔ အိမ္ကို ေရာက္လာေတာ့ အခ်ိန္က ည၁၂နာရီေက်ာ္ေနၿပီျဖစ္သည္။ ဧည့္ခန္းထဲ၌ သူ႔အေမျဖစ္သူမွာ သူ႔ကိုေစာင့္ႀကိဳေနသည္။

"ဒီကိုလာၿပီး ဘယ္က ဘာျပႆနာေတြ ႐ွာလာတယ္ဆိုတာ ေျပာျပပါဦး .. နင္ေၾကာင့္ အိမ္ကိုရဲေတြလာသြားတယ္"

ေျဖခ်င္စိတ္မ႐ွိတာေၾကာင့္ ဘာမွမဟုတ္ဘူးသာ ေျပာလိုက္ရာ သူမကေတာ့ အေတာ္ကို ေဒါသထြက္သြားသည္။ ၿပီးေနာက္ သူ႔ဆီကိုေလ်ာက္လာကာ ပါးကို တစ္ခ်က္ပိတ္႐ိုက္ေလသည္။ သူမရဲ႕႐ုိက္ႏွပ္မႈေတြကို ရင္းႏွီးေနတာမို႔ ၿငိမ္ခံေနျပီး သူမစိတ္ေက်နပ္သည္ထိ ေအာ္ေငါက္ဆဲဆိုေနတာေတြကို နားေထာင္ေနလိုက္သည္။ ဒါမဲ့ ေနာက္ဆုံးမွာ ဒီစကားက ထြက္လာခဲ့သည္။

"နင္ေမြးလာတာက ငါ့အတြက္ကံဆိုးမႈပဲ .. နင္ေမြးကိုေမြးမလာသင့္ဘူး"

"ကြၽန္ေတာ္လည္း ခင္မ်ားဆီမွာ ေမြးလာခ်င္တယ္လို႔ ထင္ေနလား"

"ဘာ!"

အရိပ္က သူ႔အေမကို တည့္တည့္စိုက္ၾကည့္ကာ ျပန္ေျပာလိုက္တာမို႔ သူမက ငါ့ကိုျပန္ခံေျပာရဲတယ္ဆိုေသာ အၾကည့္ေတြနဲ႔ စိုက္ၾကည့္ေနသည္။

"ကြၽန္ေတာ္လည္း ခင္မ်ားဆီမွာ ေမြးလာခ်င္တယ္လို႔မ်ား ထင္ေနတာလားလို႔!! ခင္မ်ားအတြက္ပဲ ကံဆိုးမႈမဟုတ္ဘူး ကြၽန္ေတာ့္အတြက္လည္း ကံဆိုးမႈ၊ ငရဲပဲ! .. ဒီလိုဘဝမ်ိဳးမွာ ေမြးလာတဲ့ကိုယ့္ကိုကိုယ္ မုန္းတယ္ .. သတ္ေသပစ္လိုက္ခ်င္တယ္ .. ကြၽန္ေတာ္လည္း တကယ္ကို ပင္ပန္းတယ္ ခင္မ်ားသိရဲ႕လား!!!"

သူ႔မ်က္ဝန္းေတြမွာ မ်က္ရည္ေတြဝဲလာၿပီး သူမကိုေအာ္ေျပာပစ္လိုက္သည္။ ၿပီးမွ သူေျပာလိုက္တာက ႐ုိင္းၿပီး လြန္သြားသလား စိုးရိမ္မိသည္။

"နင္ကမ်ား ငါ့အိမ္မွာ ေအးေဆးထိုင္စားေနၿပီး ပင္ပန္းတယ္ေျပာရေသးတယ္ .. သြား ပင္ပန္းေနရင္ သက္ေသပစ္လိုက္! သြား!!! ငါ့ဆီကို ဘယ္ေတာ့မွ ျပန္မလာနဲ႔ အကုသိုလ္ေကာင္"

သူမရဲ႕သတ္ေသလိုက္ဆိုေသာ စကားကေတာ့ သူ႔ကို တကယ္ခံစားရေစသည္။ သူ႔ကိုသူ သတ္ေသခ်င္စိတ္ေတြက အျမဲျပည့္ေနခဲ့ၿပီး လက္မေလ်ာ့ဖို႔အတြက္ အေတာ္ကိုအားတင္းထားခဲ့ရရာ သူမကေတာ့ လြယ္လြယ္ကူကူထုတ္ေျပာလာခဲ့သည္။

"..... ခင္မ်ား ျဖစ္ေစခ်င္တဲ့အတိုင္း ျဖစ္ေစရမယ္"

အရိပ္သူ႔အေမေ႐ွ႕မွ ခ်က္ခ်င္းလွည့္ထြက္လာခဲ့သည္။ သူ႔အေမအရင္းကိုယ္တိုင္က ဒီလိုစကားမ်ိဳးေျပာထြက္လာတာမို႔ ဝမ္းနည္းစြာ မ်က္ရည္ေတြကို သူ႔ပါးျပင္ေပၚက်မလာေအာင္ အေတာ္ကိုထိန္းယူထားရသည္။ ရင္ဘတ္ထဲမွာ အရမ္းစို႔နင့္ေနလ်က္ အသက္႐ွဴက်ပ္လာသလိုကို ခံစားလာရတာမို႔ ရင္ဘတ္ကိုတဒုန္းဒုန္းနဲ႔ ထုေနမိသည္။

သူ႔အိမ္နဲ႔ေဝးႏိုင္သမ်ွေဝးေအာင္ လမ္းမတစ္ေလ်ာက္ အျမန္ေျပးလႊားေနရင္း သတ္ေသလို႔ ေကာင္းမယ္ေနရာကိုလည္း သူစဥ္းစားေနသည္။

ဒါမဲ့ သူ႔ေနာက္က ရဲကားအခ်ိဳ႕ကို ျမင္လိုက္ရၿပီး သူ႔ေနာက္ကို လိုက္လာဟန္႐ွိတာမို႔ စိတ္ထဲဆဲေရးဆိုရင္း ပိုျမန္ေအာင္ေျပးရေတာ့သည္။ တစ္ေနရာမွာ လမ္းကို ခ်ိဳးေကြ႔ၿပီးေနာက္ အနီးအနားအိမ္ရဲ႕ျခံစည္း႐ုိးကို ေက်ာ္တက္လိုက္ၿပီး ေအာက္ဆင္းခ်ိန္တြင္ ေျခေထာက္က ေခါက္လ်က္ ပစ္လဲက်သည္။ ေဘး႐ွိေနတဲ့ ပန္းအိုးနဲ႔ပါ ေခါင္းကို႐ုိက္မိသြားတာေၾကာင့္ ေနာက္ထပ္ေသြးေတြက စီးက်လာျပန္သည္။ သူ႔ေခါင္းကလည္း ခ်ာခ်ာလည္ေအာင္ မူးသြားေတာ့သည္။

သူဒီနားမွာပဲ ေပ်ာက္သြားတာကို သိေသာရဲေတြက ဆက္မသြားေသးဘဲ ရပ္ေနၾကသည္။ အဲ့ဒါေၾကာင့္ ယိုင္တိယိုင္တိုင္နဲ႔ အျမန္ထလာၿပီးေနာက္ အိမ္ရဲ႕ျပတင္းေပါက္တစ္ခုကို ဖြင့္ၾကည့္ရာ ကံေကာင္းစြာဖြင့္ရသြားတာမို႔ အိမ္ထဲကိုေက်ာ္ဝင္လိုက္သည္။ အျပင္မွာက အလင္းေရာင္ခပ္မိန္မိန္႐ွိေနေပမယ့္ အထဲမွာက ေမွာင္မဲလ်က္႐ွိသည္။ ဒါေၾကာင့္ သူေ႐ွ႕ကပစၥည္းေတြကို မျမင္ရဘဲ တိုက္ၿပီးလဲက်သြားသည္။

ျပန္ထဖို႔ ႀကိဳးစားေနေပမဲ့ ရန္ျဖစ္တုန္းက ေခါင္းကိုထိထားတဲ့ဒဏ္ရာေတြနဲ႔ ပုန္းအိုးနဲ႔႐ိုက္မိတဲ့ ဒဏ္ရာေတြေၾကာင့္ မူးမိုက္လာၿပီး မထႏိုင္ေတာ့ဘဲ ထိုေနရာမွာပဲ ေမ့ေမ်ာသြားေတာ့သည္။

_______________________________________________________________________

ဖတ္ေပးတဲ့အတြက္ ေက်းဇူးပါ႐ွင့္❤
dawnnlight

Continue Reading

You'll Also Like

8.4K 303 4
နာကျင်မှုကြောင့်လက်နောက်ဆွဲကာ ပုန်းလျှိုးကွယ်လျှိုးနေရာလေးကို 8'ကျော်တဲ့ ဘုရင်တစ်ပါးရဲ့ အရာကြီးနဲ့ ထိုးထည့်ခံနေရတဲ့ခံစားချက်က မြေခွေးလေးတစ်ကောင်တွက်...
200K 11.5K 28
ဟုတ္​တယ္​ မင္​းကငါ့ရဲ႕ bff ဒါ​ေပမဲ့ best friend forever ​ေတာ့မဟုတ္​ဘူး ဘယ္​သူ​ေတြဘာ​ေျပာ​ေျပာမင္​းကငါ့ရဲ႕ boyfriend forever ပဲ...
224K 15.1K 55
Arthit (အားတစ်) Kongpob (ကောင်းပေါ့ )
882K 34.9K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...