လွန်ခဲ့တဲ့ နာရီအနည်းငယ်က ။
တံခါးဖွင့် ဖွင့်လိုက်စဉ် မှောင်မဲနေတဲ့အခန်းထဲက ထွက်လာတာက ဖုန်နံ့တွေဖြစ်ပြီး မီးခလုတ်ကိုဖွင့်ဖွင့်ချင်းမြင်ရတာက အခန်းထဲမှ ပစ္စည်းတွေ နဲ့ အရာရာကို ဖုံးလွှမ်းထားသည့် တစ်ထွာလောက်ဖုန်ထုကြီးပင်ဖြစ်သည်။
"အဟွတ် အဟွတ် ''
အဆက်မပြတ် ဖုန်သီးနေတဲ့ ကလေးငယ်ကြောင့် ဂျိုးဇက်ပ်က ဒေါသအနည်းအကျဉ်းထွက်လာ၏..။
" အယ်လာ မင်းအခန်းက တက်နေတဲ့ ဖုန်တွေကြောင့် ငါ့ကလေးလေး အသက်ရှုကျပ်နေပြီ ''
ဂျိုးဇက်ပ်စကားကြောင့် အယ်လာရဲ့ သရဲမျက်နှာလှလှလေး လငပုပ်ဖမ်းသွားရ၏။
သရဲမကို သူက သန့်ရှင်းရေးလုပ်တဲ့သူလို့အောက်မေ့နေတာလား။
အဟမ်း ငါက သရဲမပါနော် သရဲမပါလို့။
လူတွေအများကြီး သတ်ပြီး အခုထိမကျွတ်လွတ်သေးတဲ့ သရဲမအဆိုးအဆာအပေအတေလေးပါလို့ ။ တဆိတ်လောက် ဒီ လူသားကြီးကို ငါ့ကိုယ်စားအော်ဟစ်ပြီးရှင်းပြမပေးချင်ကြဘူးလား ။ ငါအတော်လေးခံစားနေရလို့ပါ အရပ်ကတို့ရဲ့။
အယ်လာက ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်ကာ စိတ်ထဲကနေ ငိုကျွေးနေမိသည်။
" ကျွန်တော်အဆင်ပြေတာမို့ အစ်ကို စိတ်မပူပါနဲ့နော် ''
အံမလေး ကယ်တင်ရှင်လေးရယ် ကျေးဇူးပဲ သိလား။
အယ်လာရဲ့ မျက်နှာက ပြန်လည်ပြုံးယောင်သန်းလာပေမယ့် ကြာရှည်မခံလိုက်။ ဂျိုးဇက်ပ်၏ ထပ်မံဆိုလာတဲ့စကားကြောင့် သူမက ချက်ချင်း မဲ့သွားရသည်။
" ဟုတ်ပါပြီ ကိုယ့်ရဲ့ ကလေးက ကမ္ဘာပေါ်မှာ နားလည်မှုအရှိဆုံးနဲ့ သူတစ်ပါးစိတ်ချမ်းသာအောင်ပြောတတ်တဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူလေးပဲ တစ်ချို့တစ်ချို့တွေနဲ့ကွာပါ့..အခန်းတောင် ဖုန်မရှင်းတဲ့ စိတ်ပုပ်သရဲမတွေလိုဟာမျိုးတွေလေ..အဟင်း ''
အော် အစ်ကိုကြီးက လိပ်ကြီး နော် ။ငါ ဂုတ်ချိုးပြီးသတ်လိုက်ရရင် မကောင်းရှိတော့မယ်။ ဒီလိပ်လိုလူသားကြီးကို ငါကင်းမြီးကောက်ထောင်ပြီးများ ဇောက်ထိုးဂျွမ်းပစ်ပြီး မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်ခဲ့မိတာလား။ အမယ်လေး လွန်ခဲ့တဲ့ အချိန်ပေါင်းများစွာကိုပြန်ရစ်ပြီး ကိုယ့်ကိုယ်ကို ပါးသွားရိုက်ချင်လို့ပါ ။ အဟီး..။(ရယ်တာမဟုတ်ဘူးဟဲ့ ငါငိုနေတာ)
ကယ်တင်ပေးကြပါ ။ ဒီလူသားနှစ်ယောက်ကြားမှာ ငါဆက်နေရင် သရဲမဘဝကနေဘယ်ဘဝကိုကူးရမှန်းမသိဖြစ်တော့မယ်။
တံခါးဖွင့်ပြီးဝင်လာတဲ့ တစ်လျှောက်လုံး မျက်နှာငယ်စွာ အယ်လာလေးတစ်ယောက်တည်း စိတ်ထဲမှာတင် ပေါက်ကွဲနေခဲ့ရသည်။
" ကဲ.. အယ်လာ..မေပယ်လ်ကို ထုတ်ပေးတော့ ''
" ကုတင်အောက်မှာရှိပါတယ်.. ''
" အေး ..မင်းက ဖွက်ထားတာလေ.. အခု မင်းပြန်ထုတ်ပေးရမယ်မလား ''
" အော် ..ဟုတ်. ဟုတ် ''
အယ်လာက ခေါင်းတဆတ်ဆတ်ညိတ်ကာ အပိုးကျိုးနေတဲ့ကလေးလို စကားကို နားထောင်၍ မေပယ်လ်ကို ထုတ်ပေးဖို့လုပ်နေသည်။
ဂျိုးဇက်ပ် နဲ့ အယ်လာပြောနေတဲ့စကားတွေကြားမှာ အဒမ်က ငြိမ်သက်နေ၏။
ယခုအချိန်မှာ သူတွေးနေမိတာက...
' မေပယ်လ်က ဒီဖုန်တောထဲမှာ ဘဝကူးသွားလောက်ပြီလား ရက်အနည်းငယ် ကြာတဲ့အချိန်အထိ နေခဲ့ရတာဆိုတော့လေ..အာ.. သူမကဇာတ်လိုက်မဆိုတော့ မသေလောက်ပါဘူး.. ဖုန်ထုကလည်းအဆန်းတကျယ်ကြီးမားလိုက်ပုံများ မပြောချင်ဘူး ဖရဲခြံတောင်စိုက်စားလို့ရတယ် ဘယ်လိုတောင် ညစ်ပတ်တဲ့သရဲမလဲ..မင်းတို့တွေးကြည့်ကြစမ်းပါ..'
" ကလေး..''
" အော်.. အစ်ကို ''
" အင်း.. သွားရအောင် ''
ရှောင်းကျန့်က မေပယ်လ်ကို ပွေ့ချီထားသည့် ဂျိုးဇက်ပ် လက်တွေဆီအကြည့်ရောက်သွားတော့ နူတ်ခမ်းအလိုလိုစူလာသည်။
သတိထားမိတဲ့ ဂျိုးဇက်ပ်က အယ်လာကို ရှာပေမယ့် မမြင်ရတော့ပေ။
" ကလေး..အထင်မလွဲစေချင်ဘူးနော်..ဒါက ကလေးရဲ့အချစ်ဆုံးသူငယ်ချင်းလေ..ပြီးတော့ သူမကသတိလစ်နေတယ်..ကလေးသူကို့ပွေ့ရင် ကလေးလေးပင်ပန်းနေမှာစိုးရိမ်လို့ ကိုယ်က ''
" သိပါတယ် ကျွန်တော်က သဘောထားမသေးသိမ်ပါဘူး..အဟမ်း သွားကြရအောင် ဒီအတိုင်းပဲ ပွေ့ပြီး ရပ်နေမှာလား ''
" အင်း ဟုတ်တယ် သွားမယ်နော် ''
သဘောထားမသေးသိမ်ပါဘူး??? အမယ်လေး ရယ်ချင်လိုက်တာဖက်ဖက်မောဟယ်။
ဂျေဝင်နေတာကြီးကို ငါလို ဒိတ်အောက်နေတဲ့ နှစ်ပေါင်းများစွာ သရဲမကြီးကတောင်ရိပ်မိတယ်။ သူဋ္ဌေးကလည်း သူ့လင်ကို ကြောက်လိုက်တာ..အံ့သြပ။
အယ်လာက နူတ်ခမ်းရွဲ့ပါးရွဲ့ကာ တစ်ယောက်တည်း အတင်းတုပ်နေသည်။
သူမက အခုလို မမြင်ရအောင် လုပ်ထားရတာလည်း တော်တော်လေး အဆင်ပြေမှန်း သိရှိသွားရသည်။
ကောင်းတယ် ဒါဆို ယောက်ျားလေးနှစ်ယောက်ညားရင် ဘယ်လို ကုချိဒချိမလဲ ငါကြည့်လို့ရပြီ..အဟင်း ။
တိတ်တိတ်လေး လူယုတ်မာ အပြုံးကြီးကို ပြုံးကာ နောက်ကနေအသာအယာလိုက်ပါသွားခဲ့သည်။
...................
မေပယ်လ်က ဆေးရုံမှာ နှစ်ရက်လောက်ကြာတဲ့အထိ သတိမရသေးပေ။
" အစ်ကို သူသေတော့မှာလား ''
" မသေသေးဘူးထင်တယ် ''
" သေနိုင်လား..''
" သေချင်ရင်သေမှာပေါ့ ကလေးရဲ့ ''
" ဒါဆို သေချင်မှသေမယ်မသေချင်ရင်မသေဘူး..အဲ့လိုလား ''
" အင်း ဟုတ်တယ် ''
" အော် အစ်ကိုက တော်လိုက်တာ ''
" ဒါပေါ့ ''
မေပယ်လ်က သူမသတိရရချင်းကြားလိုက်ရတဲ့သေစကားတွေကြောင့် အမောဆို့မတတ်ဖြစ်သွားရသည်။
ဒါက ဘယ်လိုကြီးလဲဟ.. လူနာကို ဘေးမှာ ထားပြီး သေစကားပြောနေတယ်..ငါ့ကို သေစေချင်နေတာလား..။
အမယ်လေး..မရှိတဲ့ ရောဂါတောင်ထဖောက်ချင်နေပြီ...။
"..အ..ဒမ်...''
" မေ..ပယ်..''
ဟမ်..သူငါ့ကို ရွဲ့တာလား..ဒါက ငါ့ကို ရွဲ့တာလား.. ငါက စကားမပြောရတာကြာလို့ လေ..။
" အဒမ်..အဟမ်း ''
" အာ..မေပယ်လ်..မင်းသတိရလာပြီလား ဆောရီး ငါ.ခုနကယောင်သွားလို့ပါ မင်းကို ပြောင်တာလှောင်တာမဟုတ်ပါဘူး..မင်း..ဘယ်လိုနေသေးလဲ ဘာလိုချင်တာရှိလဲ ဘာစားချင်လဲ ဘာလုပ်မလဲ..အားမနာနဲ့ ပြောနော်..''
"...!!!''
ရုတ်တရက် မေပယ်လ်က အတော်ပင် မောဟိုက်နေတဲ့ ပုံစံဖြစ်သွားတာမို့ အဒမ်က မျက်လုံးပြူးသွားပြီး ဂျိုးဇက်ပ်ကို လှမ်းကြည့်သည်။
" မေပယ်လ်..မင်း..အခုသေတော့မှာလား..သေတော့မလို့လား..မသေနဲ့အုန်းနော်..ငါ့ရှေ့မှာ ဘာမှ မဖြစ်လိုက်ပါနဲ့ ''
မေပယ်လ်က ပျော်သလိုလို ဖြစ်သွားရပြီး ထပ်မံ၍ ကြားလိုက်ရတဲ့ စကားအဆုံး ခေါက်ခနဲ သေချင်သွားရသည်။
" ဖြစ်ချင်ရင်လည်း.. ငါ..ငါ့ကွယ်ရာမှာ ဖြစ်ပါ..အခုတော့ မဖြစ်နဲ့နော် ငါက သရဲကြောက်တယ်.. ''
မသာလေးရဲ့.. ငါ့ကို အတော်ကို သေစေချင်နေတာပေါ့လေ..နင့်ရဲ့ ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့စကားကြောင့် ငါမောနေတာပါ..ဘယ်နှယ့် အခုလည်း ငါ့ကို သေဖို့စိတ်လောနေတယ်..ကောင်းလိုက်တာ.. ငါ..ဒီအရူးကောင်ကို..ဘယ်လိုများ ချစ်မိခဲ့ပါလိမ့်..။
မေပယ်လ်ရဲ့ အတွေးကို ကြားနေရသည့် အယ်လာက သက်ပြင်းလေးအသာချလို့ ကိုယ်ချင်းစာသလိုကြည့်နေရင်းစဉ်းစားမိသည်။
နောက်ဆုံးတော့ သူမလည်း..ငါ့လိုခံစားဖူးပြီလေ ။ အင်း အဖော်ရသွားတော့ နေသာထိုင်သာ ရှိသွားသလိုပဲ..ဟူး..။
##########
Zawgyi
လြန္ခဲ့တဲ့ နာရီအနည္းငယ္က ။
တံခါးဖြင့္ ဖြင့္လိုက္စဥ္ ေမွာင္မဲေနတဲ့အခန္းထဲက ထြက္လာတာက ဖုန္နံ႕ေတြျဖစ္ၿပီး မီးခလုတ္ကိုဖြင့္ဖြင့္ခ်င္းျမင္ရတာက အခန္းထဲမွ ပစၥည္းေတြ နဲ႕ အရာရာကို ဖုံးလႊမ္းထားသည့္ တစ္ထြာေလာက္ဖုန္ထုႀကီးပင္ျဖစ္သည္။
"အဟြတ္ အဟြတ္ ''
အဆက္မျပတ္ ဖုန္သီးေနတဲ့ ကေလးငယ္ေၾကာင့္ ဂ်ိဳးဇက္ပ္က ေဒါသအနည္းအက်ဥ္းထြက္လာ၏..။
" အယ္လာ မင္းအခန္းက တက္ေနတဲ့ ဖုန္ေတြေၾကာင့္ ငါ့ကေလးေလး အသက္ရႈက်ပ္ေနၿပီ ''
ဂ်ိဳးဇက္ပ္စကားေၾကာင့္ အယ္လာရဲ႕ သရဲမ်က္ႏွာလွလွေလး လငပုပ္ဖမ္းသြားရ၏။
သရဲမကို သူက သန့္ရွင္းေရးလုပ္တဲ့သူလို႔ေအာက္ေမ့ေနတာလား။
အဟမ္း ငါက သရဲမပါေနာ္ သရဲမပါလို႔။
လူေတြအမ်ားႀကီး သတ္ၿပီး အခုထိမကြၽတ္လြတ္ေသးတဲ့ သရဲမအဆိုးအဆာအေပအေတေလးပါလို႔ ။ တဆိတ္ေလာက္ ဒီ လူသားႀကီးကို ငါ့ကိုယ္စားေအာ္ဟစ္ၿပီးရွင္းျပမေပးခ်င္ၾကဘူးလား ။ ငါအေတာ္ေလးခံစားေနရလို႔ပါ အရပ္ကတို႔ရဲ႕။
အယ္လာက ရင္ေခါင္းသံႀကီးျဖင့္ ေအာ္ဟစ္ကာ စိတ္ထဲကေန ငိုေကြၽးေနမိသည္။
" ကြၽန္ေတာ္အဆင္ေျပတာမို႔ အစ္ကို စိတ္မပူပါနဲ႕ေနာ္ ''
အံမေလး ကယ္တင္ရွင္ေလးရယ္ ေက်းဇူးပဲ သိလား။
အယ္လာရဲ႕ မ်က္ႏွာက ျပန္လည္ၿပဳံးေယာင္သန္းလာေပမယ့္ ၾကာရွည္မခံလိုက္။ ဂ်ိဳးဇက္ပ္၏ ထပ္မံဆိုလာတဲ့စကားေၾကာင့္ သူမက ခ်က္ခ်င္း မဲ့သြားရသည္။
" ဟုတ္ပါၿပီ ကိုယ့္ရဲ႕ ကေလးက ကမၻာေပၚမွာ နားလည္မႈအရွိဆုံးနဲ႕ သူတစ္ပါးစိတ္ခ်မ္းသာေအာင္ေျပာတတ္တဲ့ ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ ခ်စ္ရသူေလးပဲ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြနဲ႕ကြာပါ့..အခန္းေတာင္ ဖုန္မရွင္းတဲ့ စိတ္ပုပ္သရဲမေတြလိုဟာမ်ိဳးေတြေလ..အဟင္း ''
ေအာ္ အစ္ကိုႀကီးက လိပ္ႀကီး ေနာ္ ။ငါ ဂုတ္ခ်ိဳးၿပီးသတ္လိုက္ရရင္ မေကာင္းရွိေတာ့မယ္။ ဒီလိပ္လိုလူသားႀကီးကို ငါကင္းၿမီးေကာက္ေထာင္ၿပီးမ်ား ေဇာက္ထိုးဂြၽမ္းပစ္ၿပီး ေမတၱာသက္ဝင္ ခ်စ္ကြၽမ္းဝင္ခဲ့မိတာလား။ အမယ္ေလး လြန္ခဲ့တဲ့ အခ်ိန္ေပါင္းမ်ားစြာကိုျပန္ရစ္ၿပီး ကိုယ့္ကိုယ္ကို ပါးသြားရိုက္ခ်င္လို႔ပါ ။ အဟီး..။(ရယ္တာမဟုတ္ဘူးဟဲ့ ငါငိုေနတာ)
ကယ္တင္ေပးၾကပါ ။ ဒီလူသားႏွစ္ေယာက္ၾကားမွာ ငါဆက္ေနရင္ သရဲမဘဝကေနဘယ္ဘဝကိုကူးရမွန္းမသိျဖစ္ေတာ့မယ္။
တံခါးဖြင့္ၿပီးဝင္လာတဲ့ တစ္ေလွ်ာက္လုံး မ်က္ႏွာငယ္စြာ အယ္လာေလးတစ္ေယာက္တည္း စိတ္ထဲမွာတင္ ေပါက္ကြဲေနခဲ့ရသည္။
" ကဲ.. အယ္လာ..ေမပယ္လ္ကို ထုတ္ေပးေတာ့ ''
" ကုတင္ေအာက္မွာရွိပါတယ္.. ''
" ေအး ..မင္းက ဖြက္ထားတာေလ.. အခု မင္းျပန္ထုတ္ေပးရမယ္မလား ''
" ေအာ္ ..ဟုတ္. ဟုတ္ ''
အယ္လာက ေခါင္းတဆတ္ဆတ္ညိတ္ကာ အပိုးက်ိဳးေနတဲ့ကေလးလို စကားကို နားေထာင္၍ ေမပယ္လ္ကို ထုတ္ေပးဖို႔လုပ္ေနသည္။
ဂ်ိဳးဇက္ပ္ နဲ႕ အယ္လာေျပာေနတဲ့စကားေတြၾကားမွာ အဒမ္က ၿငိမ္သက္ေန၏။
ယခုအခ်ိန္မွာ သူေတြးေနမိတာက...
' ေမပယ္လ္က ဒီဖုန္ေတာထဲမွာ ဘဝကူးသြားေလာက္ၿပီလား ရက္အနည္းငယ္ ၾကာတဲ့အခ်ိန္အထိ ေနခဲ့ရတာဆိုေတာ့ေလ..အာ.. သူမကဇာတ္လိုက္မဆိုေတာ့ မေသေလာက္ပါဘူး.. ဖုန္ထုကလည္းအဆန္းတက်ယ္ႀကီးမားလိုက္ပုံမ်ား မေျပာခ်င္ဘူး ဖရဲၿခံေတာင္စိုက္စားလို႔ရတယ္ ဘယ္လိုေတာင္ ညစ္ပတ္တဲ့သရဲမလဲ..မင္းတို႔ေတြးၾကည့္ၾကစမ္းပါ..'
" ကေလး..''
" ေအာ္.. အစ္ကို ''
" အင္း.. သြားရေအာင္ ''
ေရွာင္းက်န့္က ေမပယ္လ္ကို ေပြ႕ခ်ီထားသည့္ ဂ်ိဳးဇက္ပ္ လက္ေတြဆီအၾကည့္ေရာက္သြားေတာ့ ႏူတ္ခမ္းအလိုလိုစူလာသည္။
သတိထားမိတဲ့ ဂ်ိဳးဇက္ပ္က အယ္လာကို ရွာေပမယ့္ မျမင္ရေတာ့ေပ။
" ကေလး..အထင္မလြဲေစခ်င္ဘူးေနာ္..ဒါက ကေလးရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းေလ..ၿပီးေတာ့ သူမကသတိလစ္ေနတယ္..ကေလးသူကို႔ေပြ႕ရင္ ကေလးေလးပင္ပန္းေနမွာစိုးရိမ္လို႔ ကိုယ္က ''
" သိပါတယ္ ကြၽန္ေတာ္က သေဘာထားမေသးသိမ္ပါဘူး..အဟမ္း သြားၾကရေအာင္ ဒီအတိုင္းပဲ ေပြ႕ၿပီး ရပ္ေနမွာလား ''
" အင္း ဟုတ္တယ္ သြားမယ္ေနာ္ ''
သေဘာထားမေသးသိမ္ပါဘူး??? အမယ္ေလး ရယ္ခ်င္လိုက္တာဖက္ဖက္ေမာဟယ္။
ေဂ်ဝင္ေနတာႀကီးကို ငါလို ဒိတ္ေအာက္ေနတဲ့ ႏွစ္ေပါင္းမ်ားစြာ သရဲမႀကီးကေတာင္ရိပ္မိတယ္။ သူ႒ေးကလည္း သူ႕လင္ကို ေၾကာက္လိုက္တာ..အံ့ၾသပ။
အယ္လာက ႏူတ္ခမ္း႐ြဲ႕ပါး႐ြဲ႕ကာ တစ္ေယာက္တည္း အတင္းတုပ္ေနသည္။
သူမက အခုလို မျမင္ရေအာင္ လုပ္ထားရတာလည္း ေတာ္ေတာ္ေလး အဆင္ေျပမွန္း သိရွိသြားရသည္။
ေကာင္းတယ္ ဒါဆို ေယာက္်ားေလးႏွစ္ေယာက္ညားရင္ ဘယ္လို ကုခ်ိဒခ်ိမလဲ ငါၾကည့္လို႔ရၿပီ..အဟင္း ။
တိတ္တိတ္ေလး လူယုတ္မာ အၿပဳံးႀကီးကို ၿပဳံးကာ ေနာက္ကေနအသာအယာလိုက္ပါသြားခဲ့သည္။
...................
ေမပယ္လ္က ေဆး႐ုံမွာ ႏွစ္ရက္ေလာက္ၾကာတဲ့အထိ သတိမရေသးေပ။
" အစ္ကို သူေသေတာ့မွာလား ''
" မေသေသးဘူးထင္တယ္ ''
" ေသနိုင္လား..''
" ေသခ်င္ရင္ေသမွာေပါ့ ကေလးရဲ႕ ''
" ဒါဆို ေသခ်င္မွေသမယ္မေသခ်င္ရင္မေသဘူး..အဲ့လိုလား ''
" အင္း ဟုတ္တယ္ ''
" ေအာ္ အစ္ကိုက ေတာ္လိုက္တာ ''
" ဒါေပါ့ ''
ေမပယ္လ္က သူမသတိရရခ်င္းၾကားလိုက္ရတဲ့ေသစကားေတြေၾကာင့္ အေမာဆို႔မတတ္ျဖစ္သြားရသည္။
ဒါက ဘယ္လိုႀကီးလဲဟ.. လူနာကို ေဘးမွာ ထားၿပီး ေသစကားေျပာေနတယ္..ငါ့ကို ေသေစခ်င္ေနတာလား..။
အမယ္ေလး..မရွိတဲ့ ေရာဂါေတာင္ထေဖာက္ခ်င္ေနၿပီ...။
"..အ..ဒမ္...''
" ေမ..ပယ္..''
ဟမ္..သူငါ့ကို ႐ြဲ႕တာလား..ဒါက ငါ့ကို ႐ြဲ႕တာလား.. ငါက စကားမေျပာရတာၾကာလို႔ ေလ..။
" အဒမ္..အဟမ္း ''
" အာ..ေမပယ္လ္..မင္းသတိရလာၿပီလား ေဆာရီး ငါ.ခုနကေယာင္သြားလို႔ပါ မင္းကို ေျပာင္တာေလွာင္တာမဟုတ္ပါဘူး..မင္း..ဘယ္လိုေနေသးလဲ ဘာလိုခ်င္တာရွိလဲ ဘာစားခ်င္လဲ ဘာလုပ္မလဲ..အားမနာနဲ႕ ေျပာေနာ္..''
"...!!!''
႐ုတ္တရက္ ေမပယ္လ္က အေတာ္ပင္ ေမာဟိုက္ေနတဲ့ ပုံစံျဖစ္သြားတာမို႔ အဒမ္က မ်က္လုံးျပဴးသြားၿပီး ဂ်ိဳးဇက္ပ္ကို လွမ္းၾကည့္သည္။
" ေမပယ္လ္..မင္း..အခုေသေတာ့မွာလား..ေသေတာ့မလို႔လား..မေသနဲ႕အုန္းေနာ္..ငါ့ေရွ႕မွာ ဘာမွ မျဖစ္လိုက္ပါနဲ႕ ''
ေမပယ္လ္က ေပ်ာ္သလိုလို ျဖစ္သြားရၿပီး ထပ္မံ၍ ၾကားလိုက္ရတဲ့ စကားအဆုံး ေခါက္ခနဲ ေသခ်င္သြားရသည္။
" ျဖစ္ခ်င္ရင္လည္း.. ငါ..ငါ့ကြယ္ရာမွာ ျဖစ္ပါ..အခုေတာ့ မျဖစ္နဲ႕ေနာ္ ငါက သရဲေၾကာက္တယ္.. ''
မသာေလးရဲ႕.. ငါ့ကို အေတာ္ကို ေသေစခ်င္ေနတာေပါ့ေလ..နင့္ရဲ႕ ကရားေရလႊတ္တတြတ္တြတ္ေျပာေနတဲ့စကားေၾကာင့္ ငါေမာေနတာပါ..ဘယ္ႏွယ့္ အခုလည္း ငါ့ကို ေသဖို႔စိတ္ေလာေနတယ္..ေကာင္းလိုက္တာ.. ငါ..ဒီအ႐ူးေကာင္ကို..ဘယ္လိုမ်ား ခ်စ္မိခဲ့ပါလိမ့္..။
ေမပယ္လ္ရဲ႕ အေတြးကို ၾကားေနရသည့္ အယ္လာက သက္ျပင္းေလးအသာခ်လိဳ႕ ကိုယ္ခ်င္းစာသလိုၾကည့္ေနရင္းစဥ္းစားမိသည္။
ေနာက္ဆုံးေတာ့ သူမလည္း..ငါ့လိုခံစားဖူးၿပီေလ ။ အင္း အေဖာ္ရသြားေတာ့ ေနသာထိုင္သာ ရွိသြားသလိုပဲ..ဟူး..။
##########