ဖြူလွှနှင်းဆီချစ်၏ သို့သော်...
By putulay9999
5.2K 463 106
မြင့်မြတ်တဲ့ ယောကျာ်းလေးဖြစ်နေပင်မဲ့ လည်း မိန်းမသားဘဝကိုသာမက်မောသော တိုး နှင်းဆီဖြူတွေကို မက်မက်မောမောချစ်တတ်... More
အပိုင်း ၁ (Z/U)
အပိုင်း ၂ (Z/U)
အပိုင်း ၃(Z/U)
အပိုင်း ၄ (Z/U)
အပိုင်း ၅ (Z/U)
အပိုင်း ၆ (Z/U)
အပိုင်း ၇ (Z /U)
အပိုင်း ၈ (U/Z)
အပိုင်း ၉ (Z/U)
စာရေးသူရဲ့ရင်ဖွင့်ချက်
အပိုင်း ၁၀ (Z/U)
အပိုင်း ၁၁ (Z/U)
အပိုင်း ၁၂ (Z/U)
အပိုင်း ၁၄ (Z/U)
အပိုင်း ၁၅ (Z/U)
အပိုင်း ၁၆ (Z/U)
အပိုင်း ၁၇ (Z/U)
အပိုင်း ၁၈ (Z/U)
အပိုင်း ၁၉ (Z/U)
အပိုင်း ၂၀ (Z/U)
အပိုင်း ၁၃ (Z/U)
182 21 2
By putulay9999
Zawgyi
"အား!! နာလိုက်တာ"
"သွေးခြေဥ သွားတာပဲ "
"မင်းအသက်ဘယ်လောက်လဲ"
"ဟုတ်ပါပြီရှင့် "
____________
"ဉီးမဟော် ကျွန်တော်ပြောတာလဲဆုံးအောင်နားထောင်ပါအုံး ဒီမှာ ကျွန်တော်ကိုခန့်လေးအတွက် အသီးတွေကိုတောင် အရင်သွားမပေးပဲ ဉီးမဟော်ကို သတင်းကောင်းလာပြောတာနော် စိတ်မရှည်ရင် ထသွားလိုက်မှာ"
"ဉီးမဟော် ခင်များ မလုပ်ဖူးတာတွေ ဘာလို့လာလုပ်နေတာလဲ ခင်များ အသက်၃၄နှစ်ဆိုတာကောသိသေးရဲ့လား အခုမှ အချစ်ကိုစတွေ့တဲ့လူပျိုပေါက်လေးကြနေတာပဲ ခင်များဒီလိုလုပ်ဖို့အချိန်ရှိနေသေးတာလား အန်တီတိုးကို သွားတွေ့ဖို့မပြင်ဆင်တော့ဘူးလား"
________________
ကိုမဟော်နဲ့ တိုးက အရင်လိုမျိုးမဟုတ်တော့ဘူးလေ"
တိုးလည်း ကိုမဟော့်ကို တိုးနှလုံးသားနဲ့မောင်လို့ပြန်ခေါ်ချင်ပင်မဲ့ တိုးရဲ့ဉီးနှောက်တွေက တားစည်းနေသည်။ကိုမဟော်ရဲ့ ကြိုးစားမှုတွေကပဲ တိုးရဲ့ နှလုံးသားက  တိုးရဲ့ဉီးနှောက်ကိုအနိုင်ယူနိုင်မလား တိုးရဲ့ဉီးနှောက်ကပဲ တိုးရဲ့နှလုံးသားကို အနိုင်ယူနိုင်မလားဆိုတာကို အနာဂတ်မှာအဆုံးအဖြတ်ပေးပါလိမ့်မည်။
################
Unicode
ဝေယံတစ်ယောက် ဟိုလူရဲ့သားကြောင့်မနက်ကတည်းက အိမ်ကနေထွက်လာပြီး သူငယ်ချင်းအိမ်သို့မသွားပဲ ရွာကိုတစ်ပတ်ပြည့်အောင်လျောက်သွားနေပြီးနောက်  ရွာထိပ်ရဲ့ရွာထဲဝင်ရာလမ်းရှိသရက်ပင်ကြီးအောက်တွင်ထိုင်နေလေသည်မှာ နေ့လယ်ခင်းတောင်ရောက်နေလေပြီ။။ထို့နောက် ထိုင်နေရင်း ခုနက မမတိုးရဲ့စကားကိုပြန်ကြားယောင်ကာ ဒေါသထွက်လာပြီး မက်တပ်ရပ်လိုက်ကာ  စိတ်တိုတိုနဲ့ ခြေထောက်နားမှာရှိနေတဲ့ ခဲလုံးကိုလှမ်းကန်လိုက်လေသည်။
"အား!! နာလိုက်တာ"
ထိုအခါ ဝေယံကန်လိုက်တော့ ခဲလုံးက မမတိုး နဲ့ရွယ်တူရှိလောက်တဲ့ အမျိုးသမီးကို သွားထိလေသည်။ထိုအမျိုးသမီးက ကားပေါ်က ဆင်းလာလာချင်း ဝေယံကန်လိုက်တော့ခဲလုံးကြောင့် ခြေထောက်ကိုနာသွားသဖြင့် ကားထဲကားတံခါးမပိတ်ပဲ ဘေးစောင်းပြန်ဝင်ထိုင်ရင်း
ခြေထောက်ကိုကြည့်နေလေသည်။ဝေယံလည်း ကိုယ့်လုပ်ရက်ကြောင့် လူတစ်ဖက်သားထိခိုက်သွားသဖြင့် ထိုအမျိုးသမီးဆီ အမြန်လျောက်သွားကာ မေးလိုက်လေသည်။
"အဆင်ပြေရဲ့လား ကျွန်တော် မမြင်လိုက်လို့ကန်လိုက်မိတာပါ ဘယ်နား နာသွားလဲ"
ဝေယံကထိုသို့​မေးရင်း ထိုအမျိူးသမီးရှေ့ မုဆိုးဒူးထောက်ထိုင်လိုက်ကာ နာသွားလောက်တဲ့ထိုအမျိုးသမီးရဲ့ ခြေထောက်လေးကိုအသာကိုင်လိုက်လေသည်။ထိုအခါ ထိုအမျိုးသမီးက လန့်သွားသလိုနဲ့ ခြေထောက်ကို အမြန်ရုတ်လိုက်ကာ ပြောလာလေသည်။
"ရပါတယ် မလဲ သတိမထားမိပဲ ဆင်းလိုက်မိလို့ပါ အဆင်ပြေပါတယ်"
သို့သော်ဝေယံက မိမိကြောင့်ဖြစ်သွားသဖြင့် စိတ်မချနိုင်ပဲ ထပ်ပြောလိုက်လေသည်။
"ဒါမဲ့ကျွန်တော့်ကြောင့်ဖြစ်ရတာပဲ ထိသွားတဲ့နေရာကို တစ်ချက်လောက်ပြကြည့်ပါလား ဘာမှမဖြစ်ဘူးဆိုရင်တောင် ကျွန်တော် စိတ်ချရအောင်လို့ပါ"
ဝေယံက အတင်းပြောတော့ ထိုအမျိုးသမီးက ပြုံးကြည့်ကာ ပြောလာလေသည်။
"မင်းက အရမ်းကို ဇွတ်တရိုး လုပ်တတ်တာပဲ"
ထို့နောက် မြန်မာဝတ်စုံ စိမ်းပြာရောင်ဝတ်ထားတဲ့ ထိုအမျိုးသမီးက ထဘီလေးကိုမရင်း သူရဲ့ခြေချင်းဝတ်လေးကို ပြလာလေသည်။ထိုအခါ ဝေယံကအားနဲ့ကန်လိုက်သောကြောင့် ထိုခြေချင်းဝတ်လေးရဲ့တစ်နေရာတွင် နီရဲပြီး သွေးခြေဥနေသော ဒဏ်ရာလေးကိုတွေ့လိုက်ရသည်။အသားဖြူနေတာကြောင့် ဒဏ်ရာက ပိုသိသာနေသည်။ထိုအခါ ဝေယံက စိတ်မကောင်းဖြစ်စွာနဲ့ပြောလိုက်လေသည်။
"သွေးခြေဥ သွားတာပဲ "
"ရပါတယ် အဲ့လောက်က မအတွက် ဘာမှမဖြစ်ပါဘူး"
"ဘာလို့ဘာမှမဖြစ်ရမှာလဲ အာ့ဆို မမက ဘယ်သွားမလို့လဲ ကျွန်တော် လိုက်ပို့ပေးမယ်လေ"
ထိုအခါ မိတ်ကပ်လေးအနည်းငယ်လိမ်းထားပြီး နှုတ်ခမ်းနီခပ်ပါးပါးလေးကိုဆိုးထားသောထိုလှပတဲ့မမက ဝေယံ့ကို ကြည့်ကာပြောလာလေသည်။
"ဟုတ်သားပဲ ခုနက ဒီမှာထိုင်နေတဲ့မင်းကိုတွေ့တော့ မက လမ်းမေးမလို့ဆင်းလာတာ ဟိုတိုးဆိုတဲ့ သူကိုသိလား အစ်မသူ့ဆီက အသီးတွေဝယ်ချင်လို့ သူ့ဆီကအသီးတွေက နာမည်ကြီးတယ်ပြောလို့ မညီမလေးက ကိုယ်ဝန်သည်လေ သူ့ဆီက အသီးမှစားချင်ပါတယ်ဆိုလို့ မ လာဝယ်တာ"
ထိုမမရဲ့ အပြောကိုကြားတော့ ဝေယံက ပြုံးလိုက်မိသည်။ထို့နောက် ထိုမမလှလှကို ပြုံးပြကာ ပြောလိုက်လေသည်။
"မမတိုးဆီလာတာလား အတော်ပဲ အဲ့တာကျွန်တော့်အစ်မလေ ကျွန်တော်တို့အိမ်ကိုလာတဲ့ဝယ်သူဧည့်သည်ပဲဟာ ကျွန်တော်ကိုယ်တိုင်လမ်းပြပြီးခေါ်သွားပေးပါမယ်"
"ဟုတ်လား ကောင်းတာပေါ့ လာလေ ကားပေါ်တက် မခေါ်သွားပေးမယ်"
"မမ မောင်းရတာကောအဆင်ပြေရဲ့လား အဆင်မပြေရင် ကျွန်တော်လည်း ကားမမောင်းတတ်တော့ ဒီလိုလုပ် ကျွန်တော့်ကျောပေါ်တက်လိုက်ပါလား ကျွန်တော်ကုန်းပိုးပြီးခေါ်သွားပေးမယ်လေ ကျွန်တော် မမကိုနိုင်ပါတယ်"
ဝေယံအပြောကို ကြားသောထိုမမက သဘောကျ ရယ်ကာ ပြောလာလေသည်။
"မင်းက စကားအရမ်းပြောတတ်တာပဲ ရပါတယ်ရှင် မအခြေအနေက အဲ့လောက်မဆိုးသေးပါဘူးကွယ် လာကားပေါ်တက် မမောင်းနိုင်ပါတယ်"
ထိုအခါဝေယံလည်း ထပ်ပြောမနေတော့ပဲ ထိုမမရဲ့ ကားပေါ်တက်ကာ လမ်းပြလေသည်။ထိုမမက ကားမောင်းနေရင်း ဝေယံ့ကိုမေးလာလေသည်။
"မင်းအသက်ဘယ်လောက်လဲ"
"ကျွန်တော်က နောက်တစ်လလောက်နေရင် ၁၆နှစ်ပြည့်တော့မှာ မကြာခင် ၁၀တန်းတက်ရတော့မှာလေ"
"အိုး မင်းကငယ်သေးတာပဲ အဲ့ကြောင့်လဲ အခုလို ကလေးဆန်နေတာ မထူးဆန်းပါဘူး မင်းနာမည်ကကော"
"ကျွန်တော့်နာမည်ဝေယံဟိန်းပါ"
"အင် မနာမည်က နှင်းသဇင် အသက်က မင်းထပ်၇နှစ်လောက်ကြီးမယ် မအသက်က ၂၃နှစ်လေ"
"မလည်းငယ်ပါသေးတယ် နောက်ပြီးချောလည်းချောတယ် အဲ့အရွယ်လို့တောင်မထင်ရဘူး ၁၈နှစ်လေးလို့ပဲထင်ရတယ်"
ထိုအခါ ထိုမမက သဘောကျရယ်ရင်း ပြောလာလေသည်။
"မင်းက တော်တော်စကားပြောတတ်တာပဲ အရမ်းချစ်ဖို့ကောင်းတယ် မမင်း​နဲ့တွေ့တာမှ ခနလေးပဲရှိသေးတယ် ခနခနရယ်နေရတယ်"
"တကယ်ပြောတာ မမကအရမ်းလှတာပဲ မမတိုးနီးနီးလောက်ကိုလှတာ"
"ဟုတ်ပါပြီရှင့် "
ထို့နောက် ဝေယံတို့အိမ်သို့ရောက်လာလေသည်။ဝေယံက ကားပေါ်ကဆင်းကာ ခြံထဲတို့ ဝင်သွားရင်းအော်ပြောလိုက်လေသည်။
"မမတိုး မမတိုး ဒီမှာ ဧည့်သည်လာတယ်"
ထိုအခါ တိုးက အိမ်နောက်ဖေးကထွက်လာရင်း ဝေယံ့ကိုကြည့်ကာပြောလေသည်။
"အင် ဝေယံလေးပြန်လာပြီလား အနောက်မှာ မမတိုး ဟင်း ချက်နေလို့ "
"ဟုတ်မမတိုး ဒါနဲ့ ဟိုလူကြီးရဲ့သားကော ပြန်သွားပြီလား"
ထိုအခါမမတိုးက ရယ်ရင်း ပြောလာလေသည်။
"ပြန်သွားပါပြီ ဝေယံလေးရဲ့ စိတ်ကိုလျော့တော့ဟုတ်ပြီလား"
မမတိုးစကားကိုကြားတော့ဝေယံက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့အနောက်မှာရှိတဲ့ အမျိုးသမီးကိုညွှန်ပြကာ ပြောလာလေသည်။
"ဒီမမက မမတိုးဆီမှာ အသီးတွေဝယ်ချင်လို့တဲ့ ကျွန်တော်လည်းလမ်းကြုံလာတာနဲ့ခေါ်လာပေးလိုက်တာ"
သူ့ကြောင့်ဒဏ်ရာရသွားသည်ကိုတော့ မပြောတော့ပေ။မဟုတ်ရင် သူတစ်ပါးထိခိုက်အောင်လုပ်တာကို မကြိုက်တဲ့ မမတိုးက ဝေယံ့ကို ဆူပေလိမ့်မည်။နှင်းသဇင်ကတော့ ဝေယံ့အပြောကိုကြားသောအခါ ထိုကောင်လေးကိုကြည့်ပြီးပြုံးမိလိုက်သည်။ထိုကောင်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ။သူတော့ အသက်မပြည့်သေးတဲ့ ကောင်လေးကို ချစ်မိလို့ ထောင်ထဲရောက်ရတော့မည်ကို ဆိုးရပါသည်။အင်းးး နှစ်နှစ်လောက်တော့စောင့်ရအုံးမှာပေါ့။အခုတော့သူ့ရင်ခုန်သံတွေကို ထိန်းထားလိုက်ပါအုံးမည်။
____________
"မင်းက တိုးဆီကို ဘာသွားလုပ်တာလဲ"
"ဦးမဟော် ကျွန်တော်ပြောတာလဲဆုံးအောင်နားထောင်ပါအုံး ဒီမှာ ကျွန်တော်ကိုခန့်လေးအတွက် အသီးတွေကိုတောင် အရင်သွားမပေးပဲ ဦးမဟော်ကို သတင်းကောင်းလာပြောတာနော် စိတ်မရှည်ရင် ထသွားလိုက်မှာ"
ထိုအခါမှ မဟော်တစ်ယောက် သူ့ကိုခြိမ်းခြောက်သလိုနဲ့ပြောလာသော သားဖြစ်သူကို ပါးစပ်ပိတ်၍သာကြည့်ပြီးနားထောင်နေလေသည်။ဟုတ်တယ်လေ အခုသူ့ရင်ထဲမှာ အပူမီးတွေလောင်နေတာ။တိုးရဲ့ အပြုံးလေးကိုတွေ့ရမှ ထိုအပူမီးတွေက ငြိမ်းမှာမို့ အခုချိန်မှာ သူဘယ်သူ့စီကမဆို တိုးနဲ့အဆင်ပြေဖို့အတွက် အကူအညီလိုပါသည်။သွေးက ဦးမဟော်ရဲ့ ဖြစ်သွားပုံကိုကြည့်ပြီး စိတ်ထဲတွေးလိုက်မိသည်။ဦးမဟော်လို တည်ငြိမ်ရင့်ကျက်လှပါတယ်ဆိုတဲ့သူကလည်း အချစ်နဲ့တွေ့တော့ ကလေးဆန်သွားတတ်တယ်တဲ့လား။သူယုံတောင်မယုံနိုင်ဘူး။ထို့နောက်ဦးမဟော်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ခင်များ​က သူ့ကိုဒီလောက်တောင်ချစ်တာထူးတော့မထူးဆန်းပါဘူး အန်တီတိုးက လှကလည်းလှ ချစ်ဖို့ကလည်းကောင်းတဲ့အပြင် စိတ်ထားလေးကလဲလှတာကို အခုကျွန်တော်သူနဲ့စကားပြောပြီးခဲ့ပြီး ကျွန်တော်က ခင်များနဲ့တွေ့ကြည့်ပြီး စကားပြောပေးပါလို့ တောင်းဆိုခဲ့တယ် ဒါက ခင်များကိုချစ်လွန်းလို့ မဟုတ်ဘူးနော် ခင်များကိုကြည့်ရတာ သနားစရာကောင်းလို့ ကျွန်တော်ပြောတော့ သူကခင်များနဲ့တွေ့ကြည့်ဖို့ကိုစဥ်းစားပေးမယ်လို့ပြောတယ် ဒါမဲ့သူ့ပုံကြည့်ရတာ ခင်များသွားတွေ့ရင် သူအရင်ကလိုမငြင်းတော့ပဲ တွေ့မယ်လို့ထင်တယ် အဲ့တော့ခင်များသွားပြီး ကြိုးစားကြည့်ပေါ့"
မဟော်က သွေးစကားကို ကြားတော့ အပျော်လွန်ပြီး ထခုန်လိုက်လေသည်။ထို့နောက် သွေးအနားသွားကာ သွေးကိုဖက်လိုက်ပြီး ပျော်ရွှင်စွာနဲ့ ပြောလိုက်လေသည်။
"ကျေးဇူးပါပဲ ငါ့သားရာ အဖေဒီတစ်ခါတော့ သားကို အကြွေးတင်သွားပြီ"
သွေးက မဟော်ဖက်လာတော့ လန့်သွားပြီး တွန်းထုတ်ကာ ပြောလိုက်လေသည်။
"ဦးမဟော် ခင်များ မလုပ်ဖူးတာတွေ ဘာလို့လာလုပ်နေတာလဲ ခင်များ အသက်၃၄နှစ်ဆိုတာကောသိသေးရဲ့လား အခုမှ အချစ်ကိုစတွေ့တဲ့လူပျိုပေါက်လေးကြနေတာပဲ ခင်များဒီလိုလုပ်ဖို့အချိန်ရှိနေသေးတာလား အန်တီတိုးကို သွားတွေ့ဖို့မပြင်ဆင်တော့ဘူးလား"
"ဟုတ်သားပဲ အာ့ဆို သွားပြီ"
ဟုဆိုကာ ဦးမဟော်က သူ့အရွယ်နဲ့မှမလိုက် အပေါ်သို့ပြေးတက်သွားလေသည်။သွေးက ပြောမဲ့သာပြောလိုက်တယ် ဦးမဟော် သူ့ကိုဖက်လိုက်တော့ နွေးထွေးမှုအနည်းငယ်ကိုတော့ခံစားလိုက်ရသည်။နောက်ပြီး ဘာ သူ့ကိုငါ့သားလို့တောင် ပထမဦးဆုံးအကြိမ်အဖြစ်ခေါ်လိုက်သေးသည်။ဆိုးတော့မဆိုးပါဘူး သူအန်တီတိုးအရှေ့မှာအဖေလို့ခေါ်ခဲ့ရကျိုး နပ်တာပေါ့။ဦးမဟော် အခုလိုပျော်ရွှင်နေတာကိုမြင်ရတာ သွေးဘဝမှာ ပထမဆုံးပင်။အဲ့လိုကြည့်လိုက်တော့လည်း ဦးမဟော် သူနဲ့ဒေါ်ပန်းချီကြောင့် တော်တော်စိတ်ပင်ပန်းခဲ့မယ်ထင်တယ်။စဥ်းစားကြည့်တော့လဲ ငါကဘာအတွက်များ မွေးဖွားခံခဲ့ရတာလဲ။
________________
စျေးဝယ်တဲ့ အမျိုးသမီးပြန်သွားတော့ ဝေယံ ကသူငယ်ချင်းအိမ်ကိုသွားအုံးမည်ဟုဆိုကာ ထပ်ထွက်သွားလေသည်။အဖေကတော့ မနက်အစောကြီးထဲကထွက်သွားပြီး အခုညနေ တောင်ရောက်နေပြီ အရင်နေ့တွေလိုပဲ ပြန်မလာသေးပေ။တိုးတစ်ယောက်တည်း စားပွဲဝိုင်းတွင်ထိုင်ကာ  ရောင်းရတဲ့စာရင်းတွေလုပ်နေတုန်း ကားတစ်စီးက တိုးတို့အိမ်ရှေ့ ထိုးရပ်လာလေသည်။ထို့ကားပေါ်မှ ဆင်းလာသော ကိုမဟော့်ကို တိုးမမြင်ချင်ယောင်ဆောင်ကာနေလိုက်လေသည်။ကိုမဟော်က ခြံထဲ မဝင်လာသေးပဲ ခြံဝလေးတွင်ရပ်ရင်း တိုးကိုလှမ်းကြည့်ကာ ပြောလာလေသည်။
"တိုး မောင်ဝင်လာခဲ့လို့ရမလား မောင်တိုးနဲ့စကားခနလောက်ပြောပါရစေနော်"
ကိုမဟော်က သနားစရာကောင်းသောအသံလေးနဲ့ ပြောလာသောအခါ အရင်ကမတွေ့တော့ဘူးလို့တင်းခံထားတဲ့တိုးစိတ်တွေက မခံနိုင်တော့ပေ။ထို့ကြောင့် တိုးကစိတ်ဆုံးဖြတ်လိုက်ပြီး ပြောလိုက်သည်။
"ရပါတယ် ဝင်လာခဲ့ပါ ကိုယ်မဟော်"
တိုးက ပြောလိုက်တော့ မဟော်ခြံထဲအလျင်အမြန်ပဲဝင်လာပြီး တိုးရှိရာ စားပွဲဝိုင်းလေးတွင် ဝင်ထိုင်လိုက်လေသည်။ထို့နောက် သေမလောက်အောင်လွမ်းစွတ်နေရသောသနပ်ခါးပါးပြင်လေးတွေနဲ့ တိုးကို နှစ်နှစ်ကြိုက်ကြိုက်ကြည့်ကာ ပြောလိုက်လေသည်။
"တိုးကို မောင်အရမ်းလွမ်းနေခဲ့တာ"
မဟော့်စကားကို ကြားသော တိုးက အရင်လိုမျိုး အပြုံးလေးတစ်ခုပင်ပြုံးမပြလာပဲ မဟော့်ကိုကြည့်ကာ စကားပြောလာလေသည်။
"ကိုမဟော် စကားပြောဆင်ခြင်ပေးပါ
ကိုမဟော်နဲ့ တိုးက အရင်လိုမျိူးမဟုတ်တော့ဘူးလေ"
ထိုအခါ မဟော်က သူရင်ထဲနာကျင်သွားသလိုခံစားရပြီး တိုးကိုကြည့်ကာ စိတ်မကောင်းဖြစ်စွာ ပြောလေသည်။
"အဲ့အတွက် မောင် အင်.. ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကိုကြိုပြောခဲ့သင့်တာ"
"ဟုတ်တယ် ကိုမဟော် တိုးကိုကြိုပြောခဲ့သင့်တာ ကိုမဟော်က မိသားစုအပေါ်မလုပ်သင့်တဲ့ကိစ္စတွေကို လုပ်ခဲ့သလို တိုးကိုလည်းလိမ်ညာခဲ့သေးတယ် ကိုမဟော်က တိုးကို လွယ်တယ်ဆိုပြီး အထင်သေးပြီးများ လုပ်ခဲ့သလား"
"မဟုတ်ပါဘူးတိုးရယ် ကိုယ်တိုးကို အထင်မသေးရပါဘူး ကိုယ်မင်းကို ချစ်လွန်းလို့ရူးတောင်ရူးတော့မယ် ဘယ်လိုလုပ်အထင်သေးရက်ရမှာလဲ အဲ့ကြောင့်မို့လဲကိုယ်တိုးကို ချစ်ရေးမဆိုဖို့ကိုတောင်ကိုယ့်ကိုယ်ကို ထိန်းချုပ်ခဲ့တာ တိုးနာကျင်မှာစိုးလို့ ကိုယ်ကိစ္စတွေ အကုန်ဖြေရှင်းပြီးမှ ကိုယ့်အကြောင်းတွေတိုးကိုပြောပြပြီး ဖွင့်ပြောမလို့စီစဥ်ခဲ့တာ ဒါမဲ့ မမျော်လင့်ပဲ တိုးကဖွင့်ပြောလာတော့ ကိုယ်လဲ တိုးနဲ့ဝေးရမှာစိုးလို့ မပြောရဲခဲ့တော့တာပါ"
မဟော့်ရဲ့ စကားကို ကြားသော တိုးက စိတ်ဆိုးသလိုနဲ့ပြောလာလေသည်။
"အဲ့တော့ ကိုမဟော်က အဲ့အကြောင်းတွေမပြောပြရင်တောင် တိုးဖွင့်ပြောတုန်းက ဘာလို့မငြင်းခဲ့တာလဲ ဘာလို့အဲ့ချိန်တုန်းက မပြောပြခဲ့တာလဲ ကိုမဟော်သာ အရင်ကြိုပြောခဲ့ရင် အခုလိုမျိုးတွေ ဖြစ်လာမှာမဟုတ်ဘူး အခုလိုမျိုးတိုးတို့တွေ စိတ်ဆင်းရဲရမှာမဟုတ်ဘူး"
ထိုအခါ မဟော်က စိတ်မကောင်းဖြစ်နေသော တိုးကိုကြည့်ကာ ပြောလာလေသည်။
"ကိုယ်ကအဲ့ချိန်တုန်းက မငြင်းခဲ့ဘူး ဆိုတာ တကယ်လို့ကိုယ်သာ အဲ့ချိန်တုန်းကငြင်းလိုက်ရင် တိုးနဲ့ ဝေးသွားမှာစိုးလို့ပါ တိုးက တိုးကြောင့်သူများစိတ်ဆင်းရဲမှာကို မလိုချင်တဲ့သူမို့ နောက်တစ်ခါထပ်ဖွင့်ပြောမယ်သူမျိုးမှမဟုတ်တာ အဲ့ကြောင့် ကိုယ် မငြင်းခဲ့မိတာပါ ကိုယ်တိုးကိုချစ်လွန်းလို့ပါကွာ ကိုယ့်ကို နားလည်ပေးပါကွာ ကိုယ့်ကို ပြန်စဥ်းစားပေးနိုင်မလားတိုးရယ် နောက်တစ်ခါ ကိုယ်အဲ့လိုမလုပ်တော့ပါဘူး ကိုယ်အကုန်လုံးကိုလဲ တိုးကိုပြောပြပါ့မယ် ကိုယ့်ကိုယုံကြည်ပေးပါနော်"
မဟော်ပြောတော့ တိုးက မဟော့်ကို ကြည့်နေရာမှ အကြည့်လွဲသွားပြီးပြောလာလေသည်။
"ကိုမဟော်ကို တိုးပြောဖူးပါတယ် တိုးယောကျာ်းတစ်ယောက်ကြောင့် စိတ်ဒဏ်ရာရဖူးခဲ့တယ် အဲ့ကတည်းက တိုးယောကျာ်းတွေကို မယုံကြည်ခဲ့တော့တာအဲ့ကြောင့်မို့လဲ တိုးဒီလို ပုံစံမျိုးနေနေတာ ဒါမဲ့ကိုယ်မဟော့်ကိုတော့ယုံကြည့်လိုရမယ်ထင်ခဲ့တာ တိုးမှားသွားတယ် အခုကိုမဟော်ကြောင့် တိုးစိတ်ဒဏ်ရာ ထပ်ရခဲ့ပြန်တယ် ကိုမဟော့်ကို တိုးမယုံရဲတော့ဘူး တိုးကြောက်လို့ပါ "
တိုးက ငိုရင်းပြောလာလေတော့ မဟော့်ရင်ထဲနာကျင်မိပါသည်။မဟော်ကသာ တိုးရဲ့သနပ်ခါးပါးပြင်လေးပေါ်မျက်ရည်ကျတာကို မကြိုက်ဘူးဟုတာဆိုထားတယ် အခုတော့ မဟော်ကိုယ်တိုင်ပဲ တိုးကိုမျက်ရည်ကျမိအောင် လုပ်နေမိသည်။တိုးကိုချစ်လွန်းလို့ ဒီလိုကိစ္စတွေဖြစ်လာမယ်မှန်းသိရက်နဲ့တောင် မသိချင်ယောင်ဆောင်ပြီး ရှေ့ဆက်တိုးခဲ့တဲ့ မဟော်ကြောင့် အခုတော့ သူ့သည်းသက်ညှာလေးက စိတ်ဆင်းရဲနေရလေပြီ။မဟော်ကတိုးကို တောင်းပန်သလို ကြည့်ရင်း ပြောလေသည်။
"တကယ်ကို ကိုယ့်အမှားပါကွာ ဒါမဲ့ အခုတစ်ခါပဲခွင့်လွှတ်ပေးပါနော် တိုးပြန်လက်မခံနိုင်မှန်း သိပင်မဲ့ ကိုယ့်ကို တိုးရဲ့ အဝေးကိုတော့နှင်မလွှတ်လိုက်ပါနဲ့နော် ကိုယ်တိုးကိုချစ်လွန်းလို့ရူးတော့မှာမို့ တိုးမရှိပဲ မနေနိုင်ဘူး အဲ့ကြောင့် တိုးရဲ့ယုံကြည်မှုလေးကို ပြန်ရအောင် ကြိုးစားခွင့်လေးတော့ပေးပါနော် တိုးလဲ ကိုယ့်ကို ချစ်သေးတယ်မို့လား ကိုယ့်ကို အခွင့်အရေးလေးတစ်ခုလောက်ထပ်ပေးပါတိုးရဲ့ နောက်တစ်ခါ အခုလိုအမှားမျိုးထပ်မလုပ်တော့ပါဘူးလို့ ကိုယ်ကတိပေးတယ် ကိုယ်တောင်းပန်ပါတယ် ဟုတ်ပြီလား"
တောင်းတောင်းပန်ပန်နဲ့ ပြောလာတဲ့ မဟော့်ရဲ့ စကားကိုကြားတော့ တိုးက ညိုးငယ်နေသောမျက်နှာလေးနဲ့ မဟော့်ကို ပြန်ကြည့်လာရင်းဆိုလာလေသည်။
"အမှန်တိုင်းပြောရရင် တိုး ကိုမဟော့်ကို ချစ်နေတုန်းပဲ အရမ်းလဲချစ်နေသေးတယ်
ဒါမဲ့ ကိုမဟော်တိုးစိတ်ကိုနားလည်ပေးပါနော် အဲ့ကြောင့်တိုး ပြန်လက်ခံမယ်လို့မသေချာပင်မဲ့ အင် ပေးမယ် အခွင့်အရေးတစ်ခါထပ်ပေးပါမယ့် ကိုမဟော့်ကိုချစ်တဲ့ တိုးရဲ့စိတ်​တွေကြောင့် တိုးတစ်ခါတော့အလျော့ပေးလိုက်ပါ့မယ် "
ထိုအခါ မဟော့်မှာ ဝမ်းသာတကြီးနဲ့တိုးကို  ချစ်ကြည်နူးနေသော မျက်လုံးများနှင့်ကြည်ကာ ပြောလာလေသည်။
"ကျေးဇူးတင်ပါတယ် တိုးရယ် ကျေးဇူးတင်ပါတယ် တိုးကိုယ့်ကို မောင်လို့ ပြန်ခေါ်လာအောင် ကိုယ်ပြန်ကြိုးစားပြမယ် တိုးပြန်ယုံကြည်လာအောင် ကိုယ်က ပြန်ကြိုးစားတော့မှာမို့ တိုးဘက်က ကိုယ့်ကို မောင်လို့ ပြန်ခေါ်လာဖို့ အသင့်ပြင်ထားတော့နော်"
တိုးလည်း ကိုမဟော့်ကို တိုးနှလုံးသားနဲ့မောင်လို့ပြန်ခေါ်ချင်ပင်မဲ့ တိုးရဲ့ဦးနှောက်တွေက တားစည်းနေသည်။ကိုမဟော်ရဲ့ ကြိုးစားမှုတွေကပဲ တိုးရဲ့ နှလုံးသားက  တိုးရဲ့ဦးနှောက်ကိုအနိုင်ယူနိုင်မလား တိုးရဲ့ဦးနှောက်ကပဲ တိုးရဲ့နှလုံးသားကို အနိုင်ယူနိုင်မလားဆိုတာကို အနာဂတ်မှာအဆုံးအဖြတ်ပေးပါလိမ့်မည်။
လေးစားလျက်🥰🥰🥰
Continue Reading
You'll Also Like
228K 25.1K 87
752K 32.8K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
1.5M 188K 156