အျဖဴညစ္ညစ္ ဝတ္ရံုထက္မွာ အလ်ားလိုက္
ေျပးေနသည့္ အစင္းေၾကာင္းတစ္ခ်ိဳ႕ ပါေနသည္။သို႔ေပမဲ့ သူမဝတ္ရံုသည္ အေရာင္မိွန္ေနျခင္း မရိွခဲ့။သြယ္လ်ေသာ ခါးထက္တြင္လည္း
သာမာန္ထက္ ထူးျခားေသာ ခါးပတ္တစ္ခုကို
ဆင္ျမန္းထားၿပီး ခ်န္းရွ၏ ယခုပံုစံသည္
ကမ႓ာၿဂိဳဟ္မွာ သူေတြ့ခဲ့ဖူးေသာ ဝတ္ရံုနက္
မိန္းကေလးႏွင့္ မ်ားစြာ ျခားနားသည္။
သူသိခဲ့ဖူးေသာ ကမ႓ာၿဂိဳဟ္၏ မင္းသမီးတစ္ပါးသည္ ယခုေတာ့ Satrun ၿဂိဳဟ္၏ ဆက္ခံသူ
နတ္ဘုရားမ ျဖစ္လို႔ေနသည္တဲ့။
"ေတြ့ရတာ ဝမ္းသာပါတယ္ Venus အိမ္ေရ႔ွစံ"
သြယ္လ်ေသာ လက္တစ္ဖက္အား သူရိွရာသို႔
ကမ္းေပးလာသည္။ခဏတာ ေၾကာင္အေနသည့္
ေရွာင္းက်န္႔တစ္ေယာက္ အတန္ၾကာမွ အသိဝင္ကာ သူမလက္ကို ျပန္လည္ဆုပ္ကိုင္ၿပီး
ႏႈတ္ဆက္လိုက္မိသည္။
"ကြၽန္မတို႔ တစ္ခါဆံုဖူးတယ္ေလ။မွတ္မိရဲ့လား"
"မွတ္မိပါတယ္"
ေက်နပ္သြားသလိုမ်ိဳး ခ်န္းရွ၏ အၿပံဳးတို႔မွာ
ေဝဆာစြာ။သို႔ေပမဲ့ သူမနည္းတူ ေရွာင္းက်န္႔
လိုက္မၿပံဳးႏိုင္ခဲ့ပါ။
"မိန္မိန္ေရာ ေနေကာင္းရဲ့လား"
ရုတ္တရက္ သူမေမးခြန္းေၾကာင့္ ေရွာင္းက်န္႔
နားမလည္စြာ မ်က္လံုးျပဴးျပမိသည္။ရိေပၚ၏
အၾကည့္တို႔ကလည္း ေရွာင္းက်န္႔ဆီ တိုက္ရိုက္
ေရာက္သြားၿပီး ဘာေျဖမလဲ ေစာင့္ေနဟန္။
အလိုမက်ေသာ ရိေပၚ၏ မ်က္ႏွာကိုျမင္မွ
ရိုးရိုးေမးခြန္းေလးကိုပင္ ေရွာင္းက်န္႔မွာ
လ်ွာလိပ္ရသည္။
"အာ..ေကာင္း..ေကာင္းပါတယ္"
"ဟုတ္လား။အဲ့ကေလးမေလးကို အရင္တုန္းက မုန္႔ေတြ ထည့္ေပးေနၾက။Venusၿဂိဳဟ္က
အတိုင္ပင္ခံ အမတ္ႀကီးနဲ႔ ခ်န္းရွ မယ္ေတာ္နဲ႔ကအရမ္းရင္းႏွီးတာေလ။အတိုင္ပင္ခံ အမတ္ႀကီး
ၿဂိဳဟ္ကို မေရာက္တာၾကာေတာ့ ခ်န္းရွလည္း
သူ႔ကို မုန္႔ေတြ မထည့္ေပးျဖစ္ေတာ့ဘူး။
Venusကို လာရင္း သူမနဲ႔တစ္ခါတည္း ေတြ့ရမယ္"
"Venusကို လာမယ္?"
ေရွာင္းက်န္႔ အသံသည္ အနည္းငယ္ ေလာလို႔
ေနသည္။ဘာကိစၥမ်ားေၾကာင့္ သူမက
Venusကို လာရမွာလဲ?
"ခ်န္းရွက်ဲက စစ္နတ္ဘုရားမေလ။
ကိစၥတစ္ခုခုဆို ငါတို႔အတူတူ ေဆာင္ရြက္ၾကရတာ ခ်ည္းပဲ"
ရိေပၚ၏ အေျဖစကားတို႔က ထြက္ေပၚလာၿပီး
ေရွာင္းက်န္႔ အနည္းအက်ဥ္းေတာ့ နားလည္လိုက္သည္။စစ္နတ္ဘုရားႏွင့္ စစ္နတ္ဘုရားမ၏
တာဝန္က Venus၏ ၿငိမ္းခ်မ္းေရးႏွင့္
ျပန္လည္ထူေထာင္ေရးအတြက္ ဆိုတာကိုပင္။
"က်ဲ ဒီပြဲၿပီးရင္ ဘယ္ကိုျပန္မွာလဲ?"
"အင္း...ကမ႓ာၿဂိဳဟ္ကိုပဲ ျဖစ္မယ္။ဒီတစ္ေခါက္
ကေတာ့ မင္းသမီးခ်န္းရွ မဟုတ္ေတာ့ဘူး။
ပံုစံအသစ္ေျပာင္း ရေတာ့မယ္"
"ဂရုစိုက္ၪီး။တစ္ေယာက္တည္း ေနရတာဆိုေတာ့
ဒုကၡ ျဖစ္ေနမယ္"
"အိုင္း...က်ဲ ေနေနတာ ဘယ္ေလာက္ၾကာၿပီလဲ။
စိတ္ခ်။ဘာမွမျဖစ္ဘူး"
ရိေပၚသည္ ၿပံဳးရင္းသာ ေခါင္းၿငိမ့္ျပသည္။
တစ္ခ်ိန္လံုး ၿငိမ္ေနသည့္ ေရွာင္းက်န္႔ကို
ခ်န္းရွက သတိတရ လွမ္းေခၚၿပီး...
"ေနနတ္မင္းက Venus အိမ္ေရ႔ွစံကို သူ႔
အေဆာင္ထဲ အေခၚလႊတ္လိုက္တယ္။ကြၽန္မနဲ႔
အတူ လိုက္ခဲ့မလား?"
"အာ..ဟုတ္ကဲ့"
ခ်န္းရွ ေခၚေဆာင္ရာေနာက္ ေရွာင္းက်န္႔ တစ္ေယာက္ အသာေလး ကပ္ပါလို႔သြားသည္။
ေနနတ္မင္း အေဆာင္ေတာ္ထိ မေရာက္ခင္ၾကားမွာ ခ်န္းရွက သူ႔အား အၿပံဳးျဖင့္ၾကည့္ရင္း
စကားေျပာခ်င္ေနဟန္။
ထင္သည့္အတိုင္းပင္ မၾကာခင္ သူမ စကား
စလာခဲ့သည္။
"ကမ႓ာၿဂိဳဟ္မွာ Venusအိမ္ေရ႔ွစံကို ေတြ့တုန္းက
အရမ္း ေခ်ာတာပဲလို႔ပဲ ေတြးမိတယ္။Venusသာ
တာ့ရန္ရဲ့ ဖ်က္ဆီးတာ မခံရဘူးဆို အိမ္ေရ႔ွစံ
ေရွာင္းက်န္႔နဲ႔ ကြၽန္မရဲ့ ပထမဆံုး ေတြ့ဆံုမႈက
Satrunၿဂိဳဟ္ေပၚမွာ ျဖစ္မွာ"
"ေၾသာ္...ဟုတ္"
"အခုေရာ?ကြၽန္မတို႔ ၿဂိဳဟ္ေပၚကို လာခ်င္စိတ္မ်ား မရိွဘူးလား။ကြၽန္မတို႔ ၿဂိဳဟ္က စၾကာဝဠာထဲမွာ အထူးျခားဆံုး အလွေလးေနာ္။"
ေရွာင္းက်န္႔ ေအာင့္သက္သက္ေလးသာ ၿပံဳးရင္းျဖင့္
"ကြၽန္ေတာ္က နန္းက်သြားပါၿပီ"
ခ်န္းရွသည္ သူမစကားမွားသြားမွန္းသိကာ
ႏႈတ္ခမ္းတို႔အား အထဲသို႔ ေစ့ပိတ္လိုက္သည္။
သူတို႔ႏွစ္ေယာက္ၾကားက ေလထုသည္ အတန္ၾကာ တိတ္ဆိတ္ ေအးစက္လို႔သြားၿပီး
ခ်န္းရွမွာေတာ့ ေရွာင္းက်န္႔အား ေျဖသိမ့္ဖို႔
စကားတို႔ ရွာေနဟန္။
"အာ..ဟုတ္သား။ကမ႓ာၿဂိဳဟ္ေပၚမွာတုန္းက
အိမ္ေရ႔ွစံ ေရွာင္းက်န္႔ ကြၽန္မကိုၾကည့္မရခဲ့ဘူး
မဟုတ္လား။ဝတ္ရံုနက္ႀကီး တကားကားနဲ႔
အမူအယာ ပိုေနခဲ့လို႔ေလ။"
သူမသည္ ေရွာင္းက်န္႔အား နည္းနည္းေလးပဲ
ျဖစ္ျဖစ္ ၿပံဳးသြားေစရန္ ရည္ရြယ္ခဲ့သည္။
သို႔ေပမဲ့ ေရွာင္းက်န္႔က သြားေနဆဲ ေျခလွမ္းတို႔ကို ရပ္တန္႔ျပစ္လိုက္ကာ ခ်န္းရွအား ေလးနက္စြာ
ၾကည့္လာခဲ့၏။
"ရိုင္းပ်ခဲ့လို႔ ေတာင္းပန္ပါတယ္"
ခ်န္းရွက လက္တကာကာျဖင့္ အျမန္ျငင္းသည္။
သူမ လိုခ်င္တာ ဒီလိုအေျခအေနမွ မဟုတ္ဘဲ
"မဟုတ္ဘူး။အဲ့လို မဟုတ္ပါဘူး။ကြၽန္မက
တကယ္လည္း အျမင္ကပ္ခ်င္စရာ ျဖစ္ေနတာကိုး။အိမ္ေရ႔ွစံ ေရွာင္းက်န္႔ အားနာစရာ မလိုပါဘူး"
ေရွာင္းက်န္႔ မည္သည့္စကားမွ ျပန္မေျပာခ်င္ေတာ့။ထိုအေၾကာင္းေတြ ေတြးလိုက္မိတိုင္း
သူ႔ကိုယ္သူ အရွက္ရမိတာေၾကာင့္ပင္။
အခ်ိန္ကိုက္ဆိုသလိုပင္ သူတို႔သည္ ေနနတ္မင္း၏ အေဆာင္ေတာ္ တံခါးဝေရ႔ွမွာ
ေရာက္ရိွေနခဲ့ၾကသည္။တံခါးမႀကီးသည္
ပြင့္ဟလို႔သြားၿပီး ေရွာင္းက်န္႔သည္ ခ်န္းရွအား
ၪီးၫႊတ္ ႏႈတ္ဆက္ကာ အထဲသို႔ ဝင္သြား
ေတာ့သည္။
_______________
"ၿဂိဳဟ္တစ္ခုခ်င္းစီတိုင္းကို ထူးျခားစြမ္းအင္ေတြ
စၾကာဝဠာက ေပးထားတယ္"
ၾကည္လင္ျပတ္သားစြာ ၾသရွသည့္အသံတစ္ခုက
ထြက္ေပၚလို႔လာသည္။ေနနတ္မင္း အေခၚေတာ္
ေရာက္ရိွေနသည့္ ေရွာင္းက်န္႔သည္လည္း
ၾကမ္းေပၚ ဒူးေထာက္လို႔ ၪီးၫႊတ္ထားၿပီး
ေမာ္ၾကည့္ခြင့္ မရေသးေပ။
ပုလႅင္ထက္မွ ဆင္းလာသည့္ ေျခသံတို႔သည္
ေရွာင္းက်န္႔ႏွင့္ တျဖည္းျဖည္း နီးကပ္လာ၏။
ထို႔ေနာက္ ေရွာင္းက်န္႔ႏွင့္ မလွမ္းမကမ္းမွာ
ရပ္တန္႔လို႔သြားၿပီး...
"Venus အိမ္ေရ႔ွစံ။မင္း မွာ က်င္းရွင္းေက်ာက္ရဲ့
စြမ္းအား မရိွေတာ့ဘူးမဟုတ္လား"
ေရွာင္းက်န္႔ ေျဖဖို႔ ဆြံ႔အေနမိသည္။သူ သက္ျပင္း
တစ္ခုကို မသိမသာ ခိုးရိႈက္လိုက္ၿပီးမွ
"မွန္လွပါ"
"စြမ္းအား ဘယ္ေရာက္သြားလဲ?"
သူ႔စြမ္းအားေတြ မရိွေတာ့ဘူးဆိုတာ ေနနတ္မင္းကို ခမည္းေတာ္ ေျပာျပလိုက္ပံုေပၚသည္။
ေရွာင္းက်န္႔ တြန္႔ဆုတ္ေနပံုအား ေနနတ္မင္းက
စိတ္ရွည္လက္ရွည္ေစာင့္ေပးၿပီး ေရွာင္းက်န္႔ ႏႈတ္က ဖြင့္ဟလာသည္အထိ ဆိတ္ၿငိမ္
ေနေပးသည္။
"ကြၽန္ေတာ္. ...တစ္ျခားၿဂိဳဟ္က ၿဂိဳဟ္သား
တစ္ေယာက္ကို လႊဲေပးခဲ့တာပါ"
"လႊဲေပးတယ္။ဘာေၾကာင့္လဲ?တစ္ျခားၿဂိဳဟ္မွာ
က်င္းရွင္းရဲ့အစြမ္းက အသံုးမဝင္ဘူးဆိုတာ
မသိဘူးလား"
"စြမ္းအား အသံုးခ်ဖို႔ လႊဲခဲ့တာ မဟုတ္ပါဘူး။
ဒီတိုင္း...သူ႔အသက္ကို ကယ္ခ်င္ခဲ့လို႔ပါ"
အမည္နာမေတြ ေရွာင္းက်န္႔ ထည့္မေျပာခ်င္ပါ။
ထိုနာမည္ကို ေရရြတ္မိတိုင္း အျပစ္ရိွသလို
ခံစားခ်က္ႏွင့္ စိတ္မသက္မသာ ျဖစ္ရသည္။
သို႔ေပမဲ့ အေၾကာင္းစံု သိေသာ ေနနတ္မင္းကား ရုတ္တရက္ တိတ္ဆိတ္သြားသည္။အတန္ၾကာမွ သက္ျပင္း အရွည္ႀကီးခ်ရင္း
"အဲ့ေတာ့ Venusအိမ္ေရ႔ွစံမွာ က်င္းရွင္း
အစြမ္းက ရတဲ့ အေဝးက အသံလိႈင္းေတြကို
ဖမ္းယူနားေထာင္လို႔ မရေတာ့ဘူးေပါ့။ၿပီးေတာ့
ခႏၶာကိုယ္ကလည္း လြယ္လြယ္ေလးနဲ႔
အားနည္းတတ္လာၿပီ မဟုတ္လား"
ေရွာင္းက်န္႔ ေခါင္းသာ ၿငိမ့္ျပမိသည္။ထို
စြမ္းအား မရိွေတာ့ျခင္းအေပၚ ႏွေမ်ာတသ
ျဖစ္တာမ်ိဳးေတာ့ မရိွပါ။သူ႔ ဘဝ အခုလိုေလး
ဆိတ္ၿငိမ္ေနတာမ်ိဳးကို သေဘာက်သည္။
"အခုေခၚလိုက္တာက မင္းခမည္းေတာ္ရဲ့
ေတာင္းဆိုမႈေၾကာင့္ပဲ။သူ ေနာင္တရေနၿပီး
မင္းကို က်င္းရွင္းအစြမ္းမရိွဘဲ ေကာင္းေကာင္း
ေနႏိုင္ရဲ့လား သူသိခ်င္ေနတယ္။ၿပီးေတာ့..."
"....."
"Venusဆက္ခံသူေနရာကို Marsအိမ္ေရ႔ွစံရဲ့
သားျဖစ္သူဆီ လႊဲခ်င္ေနတယ္"
ေရွာင္းက်န္႔ ႏွလံုးသားတစ္ခုလံုး နိမ့္လိုက္၊
ျမင့္လိုက္ႏွင့္ပင္။ေနာက္ဆံုးေတာ့ ခမည္းေတာ္
ေစာ္ေအာ္ေလးအား လက္ခံလိုက္ၿပီဟူေသာ
အသိႏွင့္ မ်က္ရည္တို႔ ခ်က္ခ်င္းဝဲရသည္။
အရင္လို အတၲေတြ၊မာနေတြ ရိွေနတာထက္ ဒါက
အမ်ားႀကီးေကာင္းတဲ့ ေရြးခ်ယ္မႈပဲ မဟုတ္လား။
"ကြၽန္ေတာ္...ေစာ္ေအာ္ေလးကို Venus
ဆက္ခံသူအျဖစ္ တင္ေျမႇာက္ခဲ့ၿပီးပါၿပီ။
ဒါေပမဲ့...ရိေပၚက က်င္းရွင္းအစြမ္းသံုးၿပီး
သက္ေသျပခိုင္းေနတယ္။"
ေနနတ္မင္းသည္ ေရွာင္းက်န္႔အား ဆိတ္ဆိတ္မ်ွ
ၾကည့္ကာ ေက်ာခိုင္းသြားသည္။ထို႔ေနာက္မွာေတာ့ သူဆိုလာသည့္ စကားလံုးတို႔ဟာ
တစ္ခြန္းခ်င္းပင္....
"ငါတို႔ အခ်ိန္တစ္ခု ေစာင့္ရံုပဲ က်န္ေတာ့တာေပါ့"
__________________
ေရွာင္းက်န္႔ တစ္ေယာက္ ေခါင္းငိုက္စိုက္လို႔
ေနနတ္မင္းဆီမွ ျပန္လာခဲ့သည္။စိတ္ဓာတ္က်တာမ်ိဳး မဟုတ္ေပမဲ့ ကံတရားက ၾကားထဲမွာ
ဘာေတြ ဆက္ျဖစ္ၪီးမလဲ သူ မသိႏိုင္။
ေရွာင္းက်န္႔ဘဝ၏ ေနာက္ဆံုးဆႏၵမွာ ေစာ္ေအာ္
ေလးအား Venus နတ္မင္းအျဖစ္ ျမင္ခ်င္
မိျခင္းပင္။ဒီဆႏၵေလးတစ္ခုေတာ့ သူေကာင္းေကာင္း ျပည့္ခ်င္မိသည္။
ေျခလွမ္းတို႔ကား ပံုမွန္အေျခအေနမွ ေလးပင္လို႔
လာသည္။ခန္းမထဲ နတ္မင္းတစ္ခ်ိဳ႕၏
စကားေျပာသံတို႔ကို သူၾကားေနရၿပီး
ထိုအုပ္ႀကီးထဲ တိုးဝင္ဖို႔ရာ သတၲိတို႔ စုစည္းမိသည္။စူးစမ္းသလို မ်က္လံုးေတြႏွင့္ ဆံုရၪီးမည္။
မ်က္ႏွာကို အားတင္းေမာ့လို႔ ရိေပၚကိုသာ
အသည္းအသန္ ရွာေဖြမိသည္။သိမ္ငယ္ေနသည့္
သူ႔စိတ္သည္ ရိေပၚ အေနာက္ေလးနားမွာ
ျဖစ္ျဖစ္ ရပ္လိုက္မိလ်ွင္ကို ၿငိမ္းခ်မ္းသြား
သေယာင္။
အတန္ၾကာ မ်က္လံုး ကစားၿပီးခ်ိန္မွာေတာ့
တစ္ေယာက္ေယာက္ႏွင့္ စကားေျပာေနသည့္
ရိေပၚအား ေတြ့လိုက္ရသည္။သူ႔မ်က္ႏွာသည္
ၿပံဳးရႊင္လို႔ေနၿပီး သူ႔အေရ႔ွမွ ပုဂၢိုလ္ႏွင့္
ေျပာစရာစကားတို႔ အေတာ္မ်ားေနဟန္။
"ရိေပၚ"
ေရွာင္းက်န္႔ မတိုးမက်ယ္ေသာ ေလသံျဖင့္
လွမ္းေခၚလိုက္မိသည္။သို႔ေပမဲ့ ရိေပၚ
ေကာင္းေကာင္းၾကားသြားၿပီး သူ႔အေရ႔ွမွလူကို
ေက်ာ္ကာ ေရွာင္းက်န္႔အား ၾကည့္လာ၏။
"ၿပီးသြားၿပီလား။ၿပီးရင္ ျပန္မယ္"
ေရွာင္းက်န္႔ ခပ္ေရးေရးေလး တစ္ခ်က္မ်ွ
ၿပံဳးရင္း ေခါင္းၿငိမ့္ျပလိုက္သည္။ရိေပၚက
သူ႔ေရ႔ွမွလူကို အၿပံဳးျဖင့္ ႏႈတ္ဆက္ကာ
"ခမည္းေတာ္ကို ေျပာလိုက္။မနက္ျဖန္ေလာက္
လာခဲ့မယ္လို႔"
"ဟုတ္ကဲ့ပါ အရွင့္သား"
ေရွာင္းက်န္႔ ရိေပၚႏွင့္ စကားေျပာေနသည့္
သူအား ျမင္လိုက္မိခ်ိန္မွာ ခဏတာ ၾကက္ေသ
ေသသြားမိသည္။ထိုလူသည္ ေရွာင္းက်န္႔ကို
အၿပံဳးျဖင့္ ၪီးၫႊတ္ကာ အရိုအေသေပးရင္း
ထြက္သြားေတာ့သည္။
ယာဥ္ဆီ ရိေပၚႏွင့္အတူ ေလ်ွာက္လာမိေတာ့
ေရွာင္းက်န္႔ မေနႏိုင္ေတာ့ဘဲ ေမးခြန္းထုတ္
လိုက္မိသည္။
"ေစာနက...ေဆးဆိုင္ရွင္ ယု မဟုတ္လား?"
ရိေပၚက ေခါင္းသာၿငိမ့္ျပသည္။ေရွာင္းက်န္႔
ဘက္မွ ဘာစကားမွ ထြက္မလာေတာ့ခါမွ
မ်က္လံုးတို႔အား ေထာင့္ကပ္လို႔ ေရွာင္းက်န္႔ဆီ
ၾကည့္ကာ
"သူက Mars ၿဂိဳဟ္ရဲ့ စစ္သူႀကီး။တစ္နည္း
အားျဖင့္ ငါကိုယ္ေတာ္ရဲ့ ကိုယ္ရံေတာ္။
မင္း ငါ့ကို ဓားနဲ႔ထိုးသြာတုန္းက သူလာကယ္လို႔
ငါအသက္ရွင္တာ"
"ေၾသာ္.."
ေရွာင္းက်န္႔ ဆီမွ နားလည္သြားသလိုမ်ိဳး
အသံေလး တိုးဖ်စြာ ထြက္ေပၚလာသည္။
ရိေပၚ ျမင္ေနရေသာ မ်က္ႏွာေလးသည္
အေနရခက္မႈေၾကာင့္ ရဲလို႔သြားၿပီး မသိမသာ
လႊဲဖယ္သြားခဲ့သည္။
ေရွာင္းက်န္႔၏ ထိုအမူအယာကိုၾကည့္ရင္း
ရိေပၚ မဲ့ၿပံဳးပင္ မၿပံဳးႏိုင္။ထိုကိစၥေတြ
ျပန္အစမေဖာ္ခ်င္ေပမဲ့ ရုတ္တရက္
ေျပာမိသြားတိုင္း သူလည္း စိတ္မေကာင္းျဖစ္သည္။အတူတူ ဆက္ယွဥ္ကာ
မေလ်ွာက္ခ်င္ေတာ့တာမို႔ ေျခလွမ္းတို႔အား
အရိွန္တင္ရင္း ေရွာင္းက်န္႔အား ေက်ာ္တက္
သြားလိုက္သည္။
သူတို႔ၾကားမွ ေလထုသည္ တိတ္ဆိတ္မႈတို႔ျဖင့္
ျပည့္ႏွက္သြားသည္။ေျခလွမ္းမွန္မွန္ျဖင့္
ယာဥ္ဆီ ခ်ည္းကပ္သြားေနေသာ ရိေပၚ
ေက်ာျပင္ကို ေငးၾကည့္ရင္းကို ေရွာင္းက်န္႔မွာ
ရိေပၚကို ေမးဖို႔ ေမးခြန္းတို႔ က်န္ေနေသးဟန္။
အသက္ကို ဝေအာင္ရႈရင္း လက္သီးဆုပ္တို႔
ဆုပ္လိုက္သည္။စိတ္ၿငိမ္ေအာင္ ႀကိဳးစားေနေသာ ေရွာင္းက်န္႔သည္ အားတင္းလို႔ၿပီးသည္ႏွင့္
"ကမ႓ာၿဂိဳဟ္မွာတုန္းက ....မင္း ...ငါ့ကိုအမွန္တိုင္း
ေျပာဖူးတဲ့စကားမ်ား ရိွသလား?"
တုန္႔ခနဲ ရပ္သြားေသာ ရိေပၚေက်ာျပင္ကိုၾကည့္ရင္း ေရွာင္းက်န္႔အသက္ရႈရ ခက္လာသည္။
ေနာင္တေတာ့ မရေပမဲ့ ထိုေမးခြန္းကိုေမးဖို႔
သူ အခ်ိန္နည္းနည္းေလာက္ ထပ္ယူခဲ့သင့္တာကို
ရိေပၚသည္ ေရွာင္းက်န္႔အား ေအးစက္စြာ
လွည့္ၾကည့္လာသည္။သူ႔မ်က္ဝန္းမွာ ေဒါသေတြ
နာၾကည္းခ်က္ေတြ ဘာမွမရိွ။
"မင္းကို ခ်စ္တယ္ဆိုတဲ့ စကားကေတာ့
ငါအမွန္အတိုင္း ေျပာခဲ့တာ"
ပင့္သက္ႀကီးတစ္ခုကို မသိလိုက္ပါဘဲ
ရိႈက္ထုတ္လိုက္မိ၏။ရိေပၚကိုၾကည့္ရင္း
တစ္ျဖည္းျဖည္း ကိုယ္တိုင္ကေသးႏုပ္သြားသလို ခံစားခ်က္ႏွင့္။
ေမးခြန္းထက္ ပိုလြန္ၿပီး ရိေပၚက မေျဖ။
ထို႔ေနာက္မွာေတာ့ ေရွာင္းက်န္႔အား ေက်ာခိုင္း
သြားခဲ့သည္။
ထို အမွန္ကန္ဆံုးေသာ သစၥာစကားသည္
ရိေပၚဘဝမွာ ေရွာင္းက်န္႔အဖို႔ ထပ္ရိွလာႏိုင္ေတာ့မည္ မဟုတ္ပါေခ်။
_______________
{"ရိေပၚ...အင္း....ဟင္း"}
ညည္းၫူသံ သဲ့သဲ့သည္ အိပ္မက္လိုလို၊
တကယ္လိုလိုပင္။ရိေပၚ အိပ္ယာမွ လန္႔ႏိုးေတာ့
သူ႔ေဘးမွာ မည္သူမွ ရိွမေန။အိပ္မက္ဟု
ေကာက္ခ်က္ခ်လိုက္ေပမဲ့ ထိုအသံသည္
ေသခ်ာေပါက္ ေရွာင္းက်န္႔ အသံျဖစ္ေနသည္။
စိတ္ရႈပ္စြာ သူ႔ေခါင္းေတြကို ကုပ္လိုက္ရင္း
ဆက္အိပ္ဖို႔ ျပင္လိုက္သည္။သို႔ေပမဲ့..
"ရိေပၚ...အင္း..."
ရိေပၚ ကိုယ္ေနဟန္ထားမွာ ခပ္မတ္မတ္ ျဖစ္သြား
ရသည္။ေသခ်ာေပါက္ သူ႔နားႏွင့္ ဆတ္ဆတ္
ၾကားလိုက္ရေသာ ေရွာင္းက်န္႔၏ အသံ။
"ငါဘာလို႔ ပဲ့တင္သံလိုမ်ိဳးေတြ ၾကားေနတာလဲ?"
ဆက္အိပ္ဖို႔ ျပင္ရင္ မရႏိုင္ေတာ့မွန္း
သိတာမို႔ ေရွာင္းက်န္႔ ရိွရာ အေဆာင္ကို
ရိေပၚ ၪီးတည္လိုက္သည္။သူကပဲ နားၾကား
မွားတာလား၊ဒါမွမဟုတ္ ေရွာင္းက်န္႔အသံကိုပဲ
တကယ္ၾကားေနရ...
မဟုတ္ပါဘူး။ရိေပၚမွာ အဲ့လိုစြမ္းအားမ်ိဳးမွ မရိွတာ။Mars အိမ္ေရ႔ွစံ တစ္ေယာက္အေနႏွင့္ စၾကာဝဠာမွ ေပးထားေသာ စြမ္းအားသည္
အင္အားႀကီးျခင္းႏွင့္ စစ္မက္ေရးရာ ထူးခြၽန္ျခင္းသာ ရိွသည္။
သိခ်င္ေဇာျဖင့္ သူ႔ေျခလွမ္းတို႔သည္ ေရွာင္းက်န္႔
အေဆာင္ဆီ အျမန္သုတ္ေျခတင္သြားသည္။
အေဆာင္နား ေရာက္ေလေလ၊ေရွာင္းက်န္႔
ညည္းၫူသံက ပိုက်ယ္လာေလေလပင္။
အေဆာင္တံခါးအနားေရာက္သည္ႏွင့္ ရိေပၚ
ဘာမွ မစဥ္းစားႏိုင္ေတာ့ဘဲ တံခါးမႀကီးအား
လက္ႏွစ္ဖက္အားသံုးကာ တြန္းဖြင့္ ပစ္လိုက္သည္။
ေစာင္ပံုထဲတြင္ ေရွာင္းက်န္႔သည္ကား
တုန္ရီစြာ ေကြးေကြးေလး အိပ္စက္လို႔ေနသည္။
ျဖဴေလ်ာ့ေနေသာ ႏႈတ္ခမ္းပါးေလးမွ
ေအာ္ညည္းေနသည္မွာ ရိေပၚ နာမည္တစ္လံုးတည္း ကိုပင္......
_____________________
ညည္းတယ္ဆိုလို႔ ဘာမ်ားထင္သြားၾကေသးလဲ🤭
အဖြူညစ်ညစ် ဝတ်ရုံထက်မှာ အလျားလိုက်
ပြေးနေသည့် အစင်းကြောင်းတစ်ချို့ ပါနေသည်။သို့ပေမဲ့ သူမဝတ်ရုံသည် အရောင်မှိန်နေခြင်း မရှိခဲ့။သွယ်လျသော ခါးထက်တွင်လည်း
သာမာန်ထက် ထူးခြားသော ခါးပတ်တစ်ခုကို
ဆင်မြန်းထားပြီး ချန်းရှ၏ ယခုပုံစံသည်
ကမ္ဘာဂြိုဟ်မှာ သူတွေ့ခဲ့ဖူးသော ဝတ်ရုံနက်
မိန်းကလေးနှင့် များစွာ ခြားနားသည်။
သူသိခဲ့ဖူးသော ကမ္ဘာဂြိုဟ်၏ မင်းသမီးတစ်ပါးသည် ယခုတော့ Satrun ဂြိုဟ်၏ ဆက်ခံသူ
နတ်ဘုရားမ ဖြစ်လို့နေသည်တဲ့။
"တွေ့ရတာ ဝမ်းသာပါတယ် Venus အိမ်ရှေ့စံ"
သွယ်လျသော လက်တစ်ဖက်အား သူရှိရာသို့
ကမ်းပေးလာသည်။ခဏတာ ကြောင်အနေသည့်
ရှောင်းကျန့်တစ်ယောက် အတန်ကြာမှ အသိဝင်ကာ သူမလက်ကို ပြန်လည်ဆုပ်ကိုင်ပြီး
နှုတ်ဆက်လိုက်မိသည်။
"ကျွန်မတို့ တစ်ခါဆုံဖူးတယ်လေ။မှတ်မိရဲ့လား"
"မှတ်မိပါတယ်"
ကျေနပ်သွားသလိုမျိုး ချန်းရှ၏ အပြုံးတို့မှာ
ဝေဆာစွာ။သို့ပေမဲ့ သူမနည်းတူ ရှောင်းကျန့်
လိုက်မပြုံးနိုင်ခဲ့ပါ။
"မိန်မိန်ရော နေကောင်းရဲ့လား"
ရုတ်တရက် သူမမေးခွန်းကြောင့် ရှောင်းကျန့်
နားမလည်စွာ မျက်လုံးပြူးပြမိသည်။ရိပေါ်၏
အကြည့်တို့ကလည်း ရှောင်းကျန့်ဆီ တိုက်ရိုက်
ရောက်သွားပြီး ဘာဖြေမလဲ စောင့်နေဟန်။
အလိုမကျသော ရိပေါ်၏ မျက်နှာကိုမြင်မှ
ရိုးရိုးမေးခွန်းလေးကိုပင် ရှောင်းကျန့်မှာ
လျှာလိပ်ရသည်။
"အာ..ကောင်း..ကောင်းပါတယ်"
"ဟုတ်လား။အဲ့ကလေးမလေးကို အရင်တုန်းက မုန့်တွေ ထည့်ပေးနေကြ။Venusဂြိုဟ်က
အတိုင်ပင်ခံ အမတ်ကြီးနဲ့ ချန်းရှ မယ်တော်နဲ့ကအရမ်းရင်းနှီးတာလေ။အတိုင်ပင်ခံ အမတ်ကြီး
ဂြိုဟ်ကို မရောက်တာကြာတော့ ချန်းရှလည်း
သူ့ကို မုန့်တွေ မထည့်ပေးဖြစ်တော့ဘူး။
Venusကို လာရင်း သူမနဲ့တစ်ခါတည်း တွေ့ရမယ်"
"Venusကို လာမယ်?"
ရှောင်းကျန့် အသံသည် အနည်းငယ် လောလို့
နေသည်။ဘာကိစ္စများကြောင့် သူမက
Venusကို လာရမှာလဲ?
"ချန်းရှကျဲက စစ်နတ်ဘုရားမလေ။
ကိစ္စတစ်ခုခုဆို ငါတို့အတူတူ ဆောင်ရွက်ကြရတာ ချည်းပဲ"
ရိပေါ်၏ အဖြေစကားတို့က ထွက်ပေါ်လာပြီး
ရှောင်းကျန့် အနည်းအကျဥ်းတော့ နားလည်လိုက်သည်။စစ်နတ်ဘုရားနှင့် စစ်နတ်ဘုရားမ၏
တာဝန်က Venus၏ ငြိမ်းချမ်းရေးနှင့်
ပြန်လည်ထူထောင်ရေးအတွက် ဆိုတာကိုပင်။
"ကျဲ ဒီပွဲပြီးရင် ဘယ်ကိုပြန်မှာလဲ?"
"အင်း...ကမ္ဘာဂြိုဟ်ကိုပဲ ဖြစ်မယ်။ဒီတစ်ခေါက်
ကတော့ မင်းသမီးချန်းရှ မဟုတ်တော့ဘူး။
ပုံစံအသစ်ပြောင်း ရတော့မယ်"
"ဂရုစိုက်ဦး။တစ်ယောက်တည်း နေရတာဆိုတော့
ဒုက္ခ ဖြစ်နေမယ်"
"အိုင်း...ကျဲ နေနေတာ ဘယ်လောက်ကြာပြီလဲ။
စိတ်ချ။ဘာမှမဖြစ်ဘူး"
ရိပေါ်သည် ပြုံးရင်းသာ ခေါင်းငြိမ့်ပြသည်။
တစ်ချိန်လုံး ငြိမ်နေသည့် ရှောင်းကျန့်ကို
ချန်းရှက သတိတရ လှမ်းခေါ်ပြီး...
"နေနတ်မင်းက Venus အိမ်ရှေ့စံကို သူ့
အဆောင်ထဲ အခေါ်လွှတ်လိုက်တယ်။ကျွန်မနဲ့
အတူ လိုက်ခဲ့မလား?"
"အာ..ဟုတ်ကဲ့"
ချန်းရှ ခေါ်ဆောင်ရာနောက် ရှောင်းကျန့် တစ်ယောက် အသာလေး ကပ်ပါလို့သွားသည်။
နေနတ်မင်း အဆောင်တော်ထိ မရောက်ခင်ကြားမှာ ချန်းရှက သူ့အား အပြုံးဖြင့်ကြည့်ရင်း
စကားပြောချင်နေဟန်။
ထင်သည့်အတိုင်းပင် မကြာခင် သူမ စကား
စလာခဲ့သည်။
"ကမ္ဘာဂြိုဟ်မှာ Venusအိမ်ရှေ့စံကို တွေ့တုန်းက
အရမ်း ချောတာပဲလို့ပဲ တွေးမိတယ်။Venusသာ
တာ့ရန်ရဲ့ ဖျက်ဆီးတာ မခံရဘူးဆို အိမ်ရှေ့စံ
ရှောင်းကျန့်နဲ့ ကျွန်မရဲ့ ပထမဆုံး တွေ့ဆုံမှုက
Satrunဂြိုဟ်ပေါ်မှာ ဖြစ်မှာ"
"သြော်...ဟုတ်"
"အခုရော?ကျွန်မတို့ ဂြိုဟ်ပေါ်ကို လာချင်စိတ်များ မရှိဘူးလား။ကျွန်မတို့ ဂြိုဟ်က စကြာဝဠာထဲမှာ အထူးခြားဆုံး အလှလေးနော်။"
ရှောင်းကျန့် အောင့်သက်သက်လေးသာ ပြုံးရင်းဖြင့်
"ကျွန်တော်က နန်းကျသွားပါပြီ"
ချန်းရှသည် သူမစကားမှားသွားမှန်းသိကာ
နှုတ်ခမ်းတို့အား အထဲသို့ စေ့ပိတ်လိုက်သည်။
သူတို့နှစ်ယောက်ကြားက လေထုသည် အတန်ကြာ တိတ်ဆိတ် အေးစက်လို့သွားပြီး
ချန်းရှမှာတော့ ရှောင်းကျန့်အား ဖြေသိမ့်ဖို့
စကားတို့ ရှာနေဟန်။
"အာ..ဟုတ်သား။ကမ္ဘာဂြိုဟ်ပေါ်မှာတုန်းက
အိမ်ရှေ့စံ ရှောင်းကျန့် ကျွန်မကိုကြည့်မရခဲ့ဘူး
မဟုတ်လား။ဝတ်ရုံနက်ကြီး တကားကားနဲ့
အမူအယာ ပိုနေခဲ့လို့လေ။"
သူမသည် ရှောင်းကျန့်အား နည်းနည်းလေးပဲ
ဖြစ်ဖြစ် ပြုံးသွားစေရန် ရည်ရွယ်ခဲ့သည်။
သို့ပေမဲ့ ရှောင်းကျန့်က သွားနေဆဲ ခြေလှမ်းတို့ကို ရပ်တန့်ပြစ်လိုက်ကာ ချန်းရှအား လေးနက်စွာ
ကြည့်လာခဲ့၏။
"ရိုင်းပျခဲ့လို့ တောင်းပန်ပါတယ်"
ချန်းရှက လက်တကာကာဖြင့် အမြန်ငြင်းသည်။
သူမ လိုချင်တာ ဒီလိုအခြေအနေမှ မဟုတ်ဘဲ
"မဟုတ်ဘူး။အဲ့လို မဟုတ်ပါဘူး။ကျွန်မက
တကယ်လည်း အမြင်ကပ်ချင်စရာ ဖြစ်နေတာကိုး။အိမ်ရှေ့စံ ရှောင်းကျန့် အားနာစရာ မလိုပါဘူး"
ရှောင်းကျန့် မည်သည့်စကားမှ ပြန်မပြောချင်တော့။ထိုအကြောင်းတွေ တွေးလိုက်မိတိုင်း
သူ့ကိုယ်သူ အရှက်ရမိတာကြောင့်ပင်။
အချိန်ကိုက်ဆိုသလိုပင် သူတို့သည် နေနတ်မင်း၏ အဆောင်တော် တံခါးဝရှေ့မှာ
ရောက်ရှိနေခဲ့ကြသည်။တံခါးမကြီးသည်
ပွင့်ဟလို့သွားပြီး ရှောင်းကျန့်သည် ချန်းရှအား
ဦးညွှတ် နှုတ်ဆက်ကာ အထဲသို့ ဝင်သွား
တော့သည်။
_______________
"ဂြိုဟ်တစ်ခုချင်းစီတိုင်းကို ထူးခြားစွမ်းအင်တွေ
စကြာဝဠာက ပေးထားတယ်"
ကြည်လင်ပြတ်သားစွာ သြရှသည့်အသံတစ်ခုက
ထွက်ပေါ်လို့လာသည်။နေနတ်မင်း အခေါ်တော်
ရောက်ရှိနေသည့် ရှောင်းကျန့်သည်လည်း
ကြမ်းပေါ် ဒူးထောက်လို့ ဦးညွှတ်ထားပြီး
မော်ကြည့်ခွင့် မရသေးပေ။
ပုလ္လင်ထက်မှ ဆင်းလာသည့် ခြေသံတို့သည်
ရှောင်းကျန့်နှင့် တဖြည်းဖြည်း နီးကပ်လာ၏။
ထို့နောက် ရှောင်းကျန့်နှင့် မလှမ်းမကမ်းမှာ
ရပ်တန့်လို့သွားပြီး...
"Venus အိမ်ရှေ့စံ။မင်း မှာ ကျင်းရှင်းကျောက်ရဲ့
စွမ်းအား မရှိတော့ဘူးမဟုတ်လား"
ရှောင်းကျန့် ဖြေဖို့ ဆွံ့အနေမိသည်။သူ သက်ပြင်း
တစ်ခုကို မသိမသာ ခိုးရှိုက်လိုက်ပြီးမှ
"မှန်လှပါ"
"စွမ်းအား ဘယ်ရောက်သွားလဲ?"
သူ့စွမ်းအားတွေ မရှိတော့ဘူးဆိုတာ နေနတ်မင်းကို ခမည်းတော် ပြောပြလိုက်ပုံပေါ်သည်။
ရှောင်းကျန့် တွန့်ဆုတ်နေပုံအား နေနတ်မင်းက
စိတ်ရှည်လက်ရှည်စောင့်ပေးပြီး ရှောင်းကျန့် နှုတ်က ဖွင့်ဟလာသည်အထိ ဆိတ်ငြိမ်
နေပေးသည်။
"ကျွန်တော်. ...တစ်ခြားဂြိုဟ်က ဂြိုဟ်သား
တစ်ယောက်ကို လွှဲပေးခဲ့တာပါ"
"လွှဲပေးတယ်။ဘာကြောင့်လဲ?တစ်ခြားဂြိုဟ်မှာ
ကျင်းရှင်းရဲ့အစွမ်းက အသုံးမဝင်ဘူးဆိုတာ
မသိဘူးလား"
"စွမ်းအား အသုံးချဖို့ လွှဲခဲ့တာ မဟုတ်ပါဘူး။
ဒီတိုင်း...သူ့အသက်ကို ကယ်ချင်ခဲ့လို့ပါ"
အမည်နာမတွေ ရှောင်းကျန့် ထည့်မပြောချင်ပါ။
ထိုနာမည်ကို ရေရွတ်မိတိုင်း အပြစ်ရှိသလို
ခံစားချက်နှင့် စိတ်မသက်မသာ ဖြစ်ရသည်။
သို့ပေမဲ့ အကြောင်းစုံ သိသော နေနတ်မင်းကား ရုတ်တရက် တိတ်ဆိတ်သွားသည်။အတန်ကြာမှ သက်ပြင်း အရှည်ကြီးချရင်း
"အဲ့တော့ Venusအိမ်ရှေ့စံမှာ ကျင်းရှင်း
အစွမ်းက ရတဲ့ အဝေးက အသံလှိုင်းတွေကို
ဖမ်းယူနားထောင်လို့ မရတော့ဘူးပေါ့။ပြီးတော့
ခန္ဓာကိုယ်ကလည်း လွယ်လွယ်လေးနဲ့
အားနည်းတတ်လာပြီ မဟုတ်လား"
ရှောင်းကျန့် ခေါင်းသာ ငြိမ့်ပြမိသည်။ထို
စွမ်းအား မရှိတော့ခြင်းအပေါ် နှမျောတသ
ဖြစ်တာမျိုးတော့ မရှိပါ။သူ့ ဘဝ အခုလိုလေး
ဆိတ်ငြိမ်နေတာမျိုးကို သဘောကျသည်။
"အခုခေါ်လိုက်တာက မင်းခမည်းတော်ရဲ့
တောင်းဆိုမှုကြောင့်ပဲ။သူ နောင်တရနေပြီး
မင်းကို ကျင်းရှင်းအစွမ်းမရှိဘဲ ကောင်းကောင်း
နေနိုင်ရဲ့လား သူသိချင်နေတယ်။ပြီးတော့..."
"....."
"Venusဆက်ခံသူနေရာကို Marsအိမ်ရှေ့စံရဲ့
သားဖြစ်သူဆီ လွှဲချင်နေတယ်"
ရှောင်းကျန့် နှလုံးသားတစ်ခုလုံး နိမ့်လိုက်၊
မြင့်လိုက်နှင့်ပင်။နောက်ဆုံးတော့ ခမည်းတော်
စော်အော်လေးအား လက်ခံလိုက်ပြီဟူသော
အသိနှင့် မျက်ရည်တို့ ချက်ချင်းဝဲရသည်။
အရင်လို အတ္တတွေ၊မာနတွေ ရှိနေတာထက် ဒါက
အများကြီးကောင်းတဲ့ ရွေးချယ်မှုပဲ မဟုတ်လား။
"ကျွန်တော်...စော်အော်လေးကို Venus
ဆက်ခံသူအဖြစ် တင်မြှောက်ခဲ့ပြီးပါပြီ။
ဒါပေမဲ့...ရိပေါ်က ကျင်းရှင်းအစွမ်းသုံးပြီး
သက်သေပြခိုင်းနေတယ်။"
နေနတ်မင်းသည် ရှောင်းကျန့်အား ဆိတ်ဆိတ်မျှ
ကြည့်ကာ ကျောခိုင်းသွားသည်။ထို့နောက်မှာတော့ သူဆိုလာသည့် စကားလုံးတို့ဟာ
တစ်ခွန်းချင်းပင်....
"ငါတို့ အချိန်တစ်ခု စောင့်ရုံပဲ ကျန်တော့တာပေါ့"
__________________
ရှောင်းကျန့် တစ်ယောက် ခေါင်းငိုက်စိုက်လို့
နေနတ်မင်းဆီမှ ပြန်လာခဲ့သည်။စိတ်ဓာတ်ကျတာမျိုး မဟုတ်ပေမဲ့ ကံတရားက ကြားထဲမှာ
ဘာတွေ ဆက်ဖြစ်ဦးမလဲ သူ မသိနိုင်။
ရှောင်းကျန့်ဘဝ၏ နောက်ဆုံးဆန္ဒမှာ စော်အော်
လေးအား Venus နတ်မင်းအဖြစ် မြင်ချင်
မိခြင်းပင်။ဒီဆန္ဒလေးတစ်ခုတော့ သူကောင်းကောင်း ပြည့်ချင်မိသည်။
ခြေလှမ်းတို့ကား ပုံမှန်အခြေအနေမှ လေးပင်လို့
လာသည်။ခန်းမထဲ နတ်မင်းတစ်ချို့၏
စကားပြောသံတို့ကို သူကြားနေရပြီး
ထိုအုပ်ကြီးထဲ တိုးဝင်ဖို့ရာ သတ္တိတို့ စုစည်းမိသည်။စူးစမ်းသလို မျက်လုံးတွေနှင့် ဆုံရဦးမည်။
မျက်နှာကို အားတင်းမော့လို့ ရိပေါ်ကိုသာ
အသည်းအသန် ရှာဖွေမိသည်။သိမ်ငယ်နေသည့်
သူ့စိတ်သည် ရိပေါ် အနောက်လေးနားမှာ
ဖြစ်ဖြစ် ရပ်လိုက်မိလျှင်ကို ငြိမ်းချမ်းသွား
သယောင်။
အတန်ကြာ မျက်လုံး ကစားပြီးချိန်မှာတော့
တစ်ယောက်ယောက်နှင့် စကားပြောနေသည့်
ရိပေါ်အား တွေ့လိုက်ရသည်။သူ့မျက်နှာသည်
ပြုံးရွှင်လို့နေပြီး သူ့အရှေ့မှ ပုဂ္ဂိုလ်နှင့်
ပြောစရာစကားတို့ အတော်များနေဟန်။
"ရိပေါ်"
ရှောင်းကျန့် မတိုးမကျယ်သော လေသံဖြင့်
လှမ်းခေါ်လိုက်မိသည်။သို့ပေမဲ့ ရိပေါ်
ကောင်းကောင်းကြားသွားပြီး သူ့အရှေ့မှလူကို
ကျော်ကာ ရှောင်းကျန့်အား ကြည့်လာ၏။
"ပြီးသွားပြီလား။ပြီးရင် ပြန်မယ်"
ရှောင်းကျန့် ခပ်ရေးရေးလေး တစ်ချက်မျှ
ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။ရိပေါ်က
သူ့ရှေ့မှလူကို အပြုံးဖြင့် နှုတ်ဆက်ကာ
"ခမည်းတော်ကို ပြောလိုက်။မနက်ဖြန်လောက်
လာခဲ့မယ်လို့"
"ဟုတ်ကဲ့ပါ အရှင့်သား"
ရှောင်းကျန့် ရိပေါ်နှင့် စကားပြောနေသည့်
သူအား မြင်လိုက်မိချိန်မှာ ခဏတာ ကြက်သေ
သေသွားမိသည်။ထိုလူသည် ရှောင်းကျန့်ကို
အပြုံးဖြင့် ဦးညွှတ်ကာ အရိုအသေပေးရင်း
ထွက်သွားတော့သည်။
ယာဥ်ဆီ ရိပေါ်နှင့်အတူ လျှောက်လာမိတော့
ရှောင်းကျန့် မနေနိုင်တော့ဘဲ မေးခွန်းထုတ်
လိုက်မိသည်။
"စောနက...ဆေးဆိုင်ရှင် ယု မဟုတ်လား?"
ရိပေါ်က ခေါင်းသာငြိမ့်ပြသည်။ရှောင်းကျန့်
ဘက်မှ ဘာစကားမှ ထွက်မလာတော့ခါမှ
မျက်လုံးတို့အား ထောင့်ကပ်လို့ ရှောင်းကျန့်ဆီ
ကြည့်ကာ
"သူက Mars ဂြိုဟ်ရဲ့ စစ်သူကြီး။တစ်နည်း
အားဖြင့် ငါကိုယ်တော်ရဲ့ ကိုယ်ရံတော်။
မင်း ငါ့ကို ဓားနဲ့ထိုးသွာတုန်းက သူလာကယ်လို့
ငါအသက်ရှင်တာ"
"သြော်.."
ရှောင်းကျန့် ဆီမှ နားလည်သွားသလိုမျိုး
အသံလေး တိုးဖျစွာ ထွက်ပေါ်လာသည်။
ရိပေါ် မြင်နေရသော မျက်နှာလေးသည်
အနေရခက်မှုကြောင့် ရဲလို့သွားပြီး မသိမသာ
လွှဲဖယ်သွားခဲ့သည်။
ရှောင်းကျန့်၏ ထိုအမူအယာကိုကြည့်ရင်း
ရိပေါ် မဲ့ပြုံးပင် မပြုံးနိုင်။ထိုကိစ္စတွေ
ပြန်အစမဖော်ချင်ပေမဲ့ ရုတ်တရက်
ပြောမိသွားတိုင်း သူလည်း စိတ်မကောင်းဖြစ်သည်။အတူတူ ဆက်ယှဥ်ကာ
မလျှောက်ချင်တော့တာမို့ ခြေလှမ်းတို့အား
အရှိန်တင်ရင်း ရှောင်းကျန့်အား ကျော်တက်
သွားလိုက်သည်။
သူတို့ကြားမှ လေထုသည် တိတ်ဆိတ်မှုတို့ဖြင့်
ပြည့်နှက်သွားသည်။ခြေလှမ်းမှန်မှန်ဖြင့်
ယာဥ်ဆီ ချည်းကပ်သွားနေသော ရိပေါ်
ကျောပြင်ကို ငေးကြည့်ရင်းကို ရှောင်းကျန့်မှာ
ရိပေါ်ကို မေးဖို့ မေးခွန်းတို့ ကျန်နေသေးဟန်။
အသက်ကို ဝအောင်ရှုရင်း လက်သီးဆုပ်တို့
ဆုပ်လိုက်သည်။စိတ်ငြိမ်အောင် ကြိုးစားနေသော ရှောင်းကျန့်သည် အားတင်းလို့ပြီးသည်နှင့်
"ကမ္ဘာဂြိုဟ်မှာတုန်းက ....မင်း ...ငါ့ကိုအမှန်တိုင်း
ပြောဖူးတဲ့စကားများ ရှိသလား?"
တုန့်ခနဲ ရပ်သွားသော ရိပေါ်ကျောပြင်ကိုကြည့်ရင်း ရှောင်းကျန့်အသက်ရှုရ ခက်လာသည်။
နောင်တတော့ မရပေမဲ့ ထိုမေးခွန်းကိုမေးဖို့
သူ အချိန်နည်းနည်းလောက် ထပ်ယူခဲ့သင့်တာကို
ရိပေါ်သည် ရှောင်းကျန့်အား အေးစက်စွာ
လှည့်ကြည့်လာသည်။သူ့မျက်ဝန်းမှာ ဒေါသတွေ
နာကြည်းချက်တွေ ဘာမှမရှိ။
"မင်းကို ချစ်တယ်ဆိုတဲ့ စကားကတော့
ငါအမှန်အတိုင်း ပြောခဲ့တာ"
ပင့်သက်ကြီးတစ်ခုကို မသိလိုက်ပါဘဲ
ရှိုက်ထုတ်လိုက်မိ၏။ရိပေါ်ကိုကြည့်ရင်း
တစ်ဖြည်းဖြည်း ကိုယ်တိုင်ကသေးနုပ်သွားသလို ခံစားချက်နှင့်။
မေးခွန်းထက် ပိုလွန်ပြီး ရိပေါ်က မဖြေ။
ထို့နောက်မှာတော့ ရှောင်းကျန့်အား ကျောခိုင်း
သွားခဲ့သည်။
ထို အမှန်ကန်ဆုံးသော သစ္စာစကားသည်
ရိပေါ်ဘဝမှာ ရှောင်းကျန့်အဖို့ ထပ်ရှိလာနိုင်တော့မည် မဟုတ်ပါချေ။
_______________
{"ရိပေါ်...အင်း....ဟင်း"}
ညည်းညူသံ သဲ့သဲ့သည် အိပ်မက်လိုလို၊
တကယ်လိုလိုပင်။ရိပေါ် အိပ်ယာမှ လန့်နိုးတော့
သူ့ဘေးမှာ မည်သူမှ ရှိမနေ။အိပ်မက်ဟု
ကောက်ချက်ချလိုက်ပေမဲ့ ထိုအသံသည်
သေချာပေါက် ရှောင်းကျန့် အသံဖြစ်နေသည်။
စိတ်ရှုပ်စွာ သူ့ခေါင်းတွေကို ကုပ်လိုက်ရင်း
ဆက်အိပ်ဖို့ ပြင်လိုက်သည်။သို့ပေမဲ့..
"ရိပေါ်...အင်း..."
ရိပေါ် ကိုယ်နေဟန်ထားမှာ ခပ်မတ်မတ် ဖြစ်သွား
ရသည်။သေချာပေါက် သူ့နားနှင့် ဆတ်ဆတ်
ကြားလိုက်ရသော ရှောင်းကျန့်၏ အသံ။
"ငါဘာလို့ ပဲ့တင်သံလိုမျိုးတွေ ကြားနေတာလဲ?"
ဆက်အိပ်ဖို့ ပြင်ရင် မရနိုင်တော့မှန်း
သိတာမို့ ရှောင်းကျန့် ရှိရာ အဆောင်ကို
ရိပေါ် ဦးတည်လိုက်သည်။သူကပဲ နားကြား
မှားတာလား၊ဒါမှမဟုတ် ရှောင်းကျန့်အသံကိုပဲ
တကယ်ကြားနေရ...
မဟုတ်ပါဘူး။ရိပေါ်မှာ အဲ့လိုစွမ်းအားမျိုးမှ မရှိတာ။Mars အိမ်ရှေ့စံ တစ်ယောက်အနေနှင့် စကြာဝဠာမှ ပေးထားသော စွမ်းအားသည်
အင်အားကြီးခြင်းနှင့် စစ်မက်ရေးရာ ထူးချွန်ခြင်းသာ ရှိသည်။
သိချင်ဇောဖြင့် သူ့ခြေလှမ်းတို့သည် ရှောင်းကျန့်
အဆောင်ဆီ အမြန်သုတ်ခြေတင်သွားသည်။
အဆောင်နား ရောက်လေလေ၊ရှောင်းကျန့်
ညည်းညူသံက ပိုကျယ်လာလေလေပင်။
အဆောင်တံခါးအနားရောက်သည်နှင့် ရိပေါ်
ဘာမှ မစဥ်းစားနိုင်တော့ဘဲ တံခါးမကြီးအား
လက်နှစ်ဖက်အားသုံးကာ တွန်းဖွင့် ပစ်လိုက်သည်။
စောင်ပုံထဲတွင် ရှောင်းကျန့်သည်ကား
တုန်ရီစွာ ကွေးကွေးလေး အိပ်စက်လို့နေသည်။
ဖြူလျော့နေသော နှုတ်ခမ်းပါးလေးမှ
အော်ညည်းနေသည်မှာ ရိပေါ် နာမည်တစ်လုံးတည်း ကိုပင်......
_____________________
ညည်းတယ်ဆိုလို့ ဘာများထင်သွားကြသေးလဲ🤭