ငါ့ခင္ပြန္းကဆိုးသြမ္းတဲ့ဧကရာဇ...

By May-MaRin-Kha2002

29.6K 2.3K 58

ဒါဆိုသူကနတ္ဘုရားကေရြးခ်ယ္ေပးထားတဲ့ ကြ်န္ေတာ့္ခင္ပြန္းေပါ့!! ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပ... More

(၂) Z/U
(၃) Z/U
(၄)Z/U
(၅)Z/U
(၆)Z/U
(၇)Z/U
(၈)Z/U
(၉)Z/U
(၁၀)Z/U
(၁၁)Z/U
(၁၂) Z/U
(၁၃)Z/U
(၁၄)Z/U
(၁၅)Z/U
(၁၆)Z/U
(၁၇) Z/U
(၁၈)Z/U
(၁၉)Z/U
(၂၀) Z/U
(၂၁)Z/U
(၂၂)Z/U
(၂၃)Z/U
(၂၄) Z/U
(၂၅) Z/U
(၂၆)Z/U
(၂၇) Z/U
(၂၈) Z/U
(၂၉) Z/U
(၃၀) Z/U
(၃၁)Z/U
(၃၂)Z/U
(၃၃)Z/U
(၃၄)Z/U
(၃၅) Z/U
(၃၆)ဇာတ္သိမ္းပိုင္း Z/U

(၁) Z/U

3K 125 5
By May-MaRin-Kha2002

Zawgyi
_______

ေရွာင္းဟုန္မၾကာေသးခင္ကထူးဆန္းတဲ့အိပ္မက္မက္ခဲ့တယ္။ အိပ္မက္ထဲမွာသိပ္ကိုေခ်ာေမာတဲ့ေယာက်္ားသားတစ္ေယာက္နဲ႔ေတြ႕ဆံုခဲ့သည္။ ဒါဟာအရြယ္ေရာက္လာလွ်င္သူတို႔မ်ဳိးႏြယ္ရဲ႕ နတ္ဘုရားက သူတို႔အတြက္မိတ္ဖက္ရွာေပးၾကတာပင္။ ၿပီးရင္ အိပ္မက္ထဲကပင္ သေႏၶတည္ႏိုင္ျကသည္။သူတို ့ မ်ဳိးႏြယ္ကေယာက်္ား ေတြထဲက တခ်ဳိ႕ဆိုရင္ကိုယ္၀န္ေတာင္ေဆာင္ႏိုင္ၾကၿပီးထိုထဲတြင္ေရွာင္းဟုန္လဲအပါအ၀င္ျဖစ္၏။ကေလးအေဖဘယ္သူလဲ ဆိုတာေတာ့ နတ္ဘုရားရဲ႕လမ္းျပမႈနဲ႔အတူ သူတို႔ ေတြဆံုရပါလိမ့္မယ္။ သေဘာက်သြားလို႔ဖူးစာဆံုၿပီးလက္ထပ္သြားၾကတဲ့သူေတြရိွသလို တခ်ဳိ႕ဆိုမသိခ်င္ေယာင္ေဆာင္ၿပီး တစ္ေယာက္ထဲ ကေလးကို ျပဳစုပ်ဳိးေထာင္ေနၾကတဲ့သူေတြလဲရိွၾကသည္။

**********

“ေရွာင္းဟုန္ေ၀းေ၀းမသြားနဲ႔ေနာ္ ဒီေတာထဲ လမ္းေပ်ာက္တက္တယ္ ဗိုက္ကိုလဲသတိထား”

“ဟုတ္ကဲ့ပါအေမကလဲ ေရွာင္းဟုန္ လမ္းမေပ်ာက္ပါဘူး စိတ္ခ်”

“ေအး.. ေအးဂ႐ုစိုက္ အေမတို႔ ဒီ ပိန္းဥေတြတူးျပီးရင္အိမ္ျပန္ျကတာေပါ့”

“ဟုတ္ကဲ့ ”

ေရွာင္းဟုန္ အေမ ပိန္းဥတူးေနတုန္း သူ ပန္း ပင္ေလးေတြကိုလိုက္ၾကည့္ေနမိသည္။
ဗိုက္က အနည္းငယ္သာ ဆူထြက္ေနတာေၾကာင့္ အ၀တ္ခပ္ပြပြ၀တ္ထားတဲ့အတြက္ မသိသာေပ။
ေရွာင္းဟုန္အပင္ေလးေတြၾကည့္ေနရင္း ၾကားလိုက္ရတဲ့ျမင္းခြာသံေတြေၾကာင့္ထိတ္လန္႔သြားသည္
ဓားျပေတြမ်ားလား ေရွာင္းဟုန္ သူ႕ဗိုက္ကိုလက္ျဖင့္ကာလိုက္ၿပီး ၿခံဳတစ္ခုထဲ ပုန္းရန္လုပ္လိုက္ခ်ိန္

“ရပ္လိုက္စမ္း!! ”

ေနာက္ေက်ာဘက္ကေအာ္သံေၾကာင့္ေရွာင္းဟုန္ရဲ႕ကိုယ္ေလး တစ္ခ်က္တုန္သြားသည္။
ဘာလဲသူေသေတာ့မွာလား ဟင့္... ကံကလဲဆိုးေနေတာ့တာပဲ သူ႕ကေလးအေဖကိုေကာမျမင္ရေတာ့ဘူးလား။

“အရွင္... သူက!!!”

“ ဒီဘက္လွည့္ခဲ့စမ္း!!!”

“ဧကရာဇ္တစ္ပါးက အမိန္႔ေပးေနတာလြန္ဆန္ခ်င္ေနတာလား !!!!”

“ဧ... ဧ.. ဧကရာဇ္!!! ”

ေရွာင္းဟုန္လွည့္ၾကည့္လိုက္ေတာ့ အနီေရာင္နဲ႔အမဲေရာင္စပ္ထားတဲ့၀တ္႐ံုေတာ္ကို၀တ္ထားတဲ့လူနဲ႔ တစ္ကိုယ္လံုးအမဲေရာင္ အ၀တ္ထားတဲ့လူႏွစ္ေယာက္ေတြ႕လိုက္ရသည္။အေရွ႕ကထူးဆန္းတဲ့မ်က္ႏွာဖံုးနဲ႔လူကိုေရွာင္းဟုန္ေၾကာင္ေတာင္ေတာင္ေငးၾကည့္ေနမိသည္။

“ေခါင္းကိုငံု႔လိုက္စမ္းေမာင္မင္းက
မ်ားရာရာစစအသင့္ရဲလို႔!!!”

“ေတာင္း... ေတာင္းပန္ပါတယ္ ”

“ဒီေတာထဲမွာဘာလို႔တစ္ေယာက္ထဲရိွေနတာလဲ!!!”

မ်က္ႏွာဖံုးတပ္ထားတဲ့လူဆီက ေအးစက္စက္အသံထြက္လာခဲ့သည္။
ေနာက္ကလူေၾကာက္ဖို႔ေကာင္းတယ္ေနမွတ္ေနတာ
ဒီဧကရာဇ္က ပိုေၾကာက္ဖို႔ေကာင္းတာပဲ။
ဒါေပမဲ့ ျမင္ေနရတဲ့ မ်က္ႏွာဖံုးေနာက္ကမ်က္ဆံနီနီကိုေတာ့ ေရွာင္းဟုန္ရင္းႏီွးေနသလိုပင္။

“မတ္တပ္ရပ္မ်ားေသသြားတာလား!!”

“မဟုတ္... ေတာင္းပန္ပါတယ္.. ကြ်န္ေတာ္မ်ဳိးနာမည္ ေရွာင္းဟုန္ပါ ဒီနား ကရြာေလးထဲမွာေနပါတယ္”

“ေရွာင္းဟုန္?”

မ်က္နွာကဘာလို႔ ရင္းႏီွးေနတယ္လို႔ ရွဲ႕ဟန္ ခံစားေနရတာလဲ။

“သြားမယ္..  ခ်န္ေဖး! အေရးမႀကီးတာေတြကို
အေရးမစိုက္နဲ႔ ”

ရွဲ႕ဟန္အ၀တ္စားစုတ္ပ်က္ပ်က္နဲ႔လူငယ္ေလးကိုထားၿပီးထြက္လာခဲ့သည္။သူ႕အခ်ိန္ေတြကိုဘာမဟုတ္တဲ့လူငယ္ေလးတ၀္အတြက္ျဖဳန္းေနရမည္နည္း။

“ဟုတ္ကဲ့ပါအရွင္”

သူတို႔ႏွစ္ေယာက္ထြက္သြား ေတာ့မွ ေရွာင္းဟုန္သက္ျပင္းခ်မိေတာ့သည္။
ဘာလို ့ကံဆိုးၿပီး ဧကရာဇ္နဲ႔ လာေတြ႕ေနရတာလဲ !!

“ေရွာင္းဟုန္ ဘာရပ္လုပ္ေနတာလဲ ”

“ေအာ္... အေမလာၿပီလား”

ေရွာင္းဟုန္အေမ့ကိုေတြ႕လိုက္မွ၀မ္းသာသြားေတာ့သည္။

“ေ၀းေ၀းမသြားနဲ႔ေျပာထားတာကို လမ္းေပ်ာက္ေနၿပီထင္လို႔ စိတ္ပူသြားတာပဲ ”

“ခိခိ... အ့လိုမျဖစ္ပါဘူးစိတ္မပူနဲ ့ျပီးျပီမွတ္လား”

“အင္းၿပီးၿပီ”

“သြားမယ္ေလ.... အ့ဆို သားကိုေပးျခင္းက”

“ရတယ္ အေမပဲသယ္မယ္ သားကလမ္းေျဖးေျဖးေလွ်ာက္”

“ဟုတ္ကဲ့”

ေရွာင္းဟုန္အေမ့ေနာက္လိုက္ၿပီးသာအိမ္ျပန္လာခဲ့လိုက္သည္။ထူးဆန္းတဲ့လူေတြနဲ႔ေတြ႕ခဲ့သည့္အေၾကာင္းကိုေတာ့ ေျပာျပမေနေတာ့ သူ႕အေမကိုစိတ္ပူေအာင္မလုပ္ခ်င္.. ။

**********

ရွဲ႕ဟန္တို႔ေတာထဲသို႔မေရာက္လာခင္နန္းေတာ္္မွာေတာ့

“အရွင္ေျပာခ်င္တာက မၾကာေသးခင္က ထူးဆန္းတဲ့ အိပ္မက္တစ္ခုမက္ခဲ့တယ္ ၿပီးေတာ့ အမ်ိဳးသားတစ္ေယာက္နဲ့ေတြ ့ဆံုခဲ့တယ္”

“က်န္ေသးတယ္ သူနဲ႔ အတူေနခဲ့မိေသးတယ္ ”

မ်က္ႏွာႀကီးနီရဲကာ ေျပာတဲ့ သူတို႔ရဲ႕ ဧကရာဇ္ႀကီးကို ဘယ္သူမွမရီရဲၾက စစ္မက္ေရးရာမွာျဖတ္ထိုးဥာဏ္ေကာင္းသေလာက္အိပ္ရာေပၚက ကိစၥေတြကိုစိတ္မ၀င္စားတဲ့ဧကရာဇ္ပင္ မိဖုရားဆိုတာလဲ မရိွသလို ဘာအသံုးေတာ္ခံမွလဲ မရိွေပ။

“နည္းနည္းေတာ့ ထူးဆန္းတယ္ အရွင္... ကြၽန္ေတာ္မ်ဳိးအရင္က ကြၽန္ေတာ့့္အဘိုးေျပာဖူးတာေတာ့ၾကားဖူးတယ္ ”

“ေျပာပါအံုး ”

ရွဲ႕ဟန္စိတ္၀င္တစားႏွင့္ သူရဲ့ကိုယ္ရံေတာ္ေျပာမည့္စကားကိုစူးစိုက္နားေထာင္ေနလိုက္သည္။

“ဒီကေနေ၀းလံတဲ့ေတာတြင္းထဲကတစ္ေနရာမွာ အိပ္မက္ကေနဖူးစာရွာၿပီးေတြ႕ႏိုင္ၾကတဲ့ လူမ်ဳိးတစ္စုရိွတယ္တဲ့ ဒါကသူတို႔နတ္ဘုရားလမ္းျပမႈနဲ႔ တဲ့ ”

“ေအာ္.... ထူးဆန္းတယ္ေနာ္ ”

“ဟုတ္ပါတယ္အရွင္”

“ဒါဆိုသူ႕ကိုရွာေတြ႕ႏိုင္မဲ့ ငါကိုယ္ေတာ္ေျပာခ်င္တာ ငါကိုယ္ေတာ္နဲ႔ ဆံုခဲ့တဲ့လူနဲ႔ ေတြ႕ႏိုင္ဖို႔ နည္းလမ္းမ်ားရွိမလား”

“က်ေနာ္မ်ဳိးၾကားဖူးတာေတာ့ မၾကာခင္မွာနတ္ဘုရားေတြရဲ႕ လမ္းျပမဲ့အတူေတြ႕ဆံုပါလိမ့္မယ္ ”

“ငါကိုယ္ေတာ္ေစာင့္ရမဲ့ အလုပ္မႀကိဳက္ဘူး ကိုယ္တိုင္ထြက္ရွာတာေပါ့ ”

စိတ္မရွည္သည့္စိတ္ျမန္ကိုယ္ျမန္ရွဲ႕ဟန္ကေတာ့သူ႕ျမင္းကိုဆြဲကာေတာနက္ႀကီးထဲ၀င္ေရာက္ခဲ့ေတာ့သည္။သူ႕ရဲ႕ ထူးဆန္းသည့္အိပ္မက္အတြက္အေျဖရွာရမည္...

********************

“မၾကာခင္ပဲ သူ႕ကိုေတြ႕မယ္ထင္လား ခ်န္ေဖး! ”

“ကြၽန္ေတာ္မ်ဳိးအထင္ေတာ့ မၾကာခင္နီးေနၿပီထင္တယ္ ”

သူတို႔ႏွစ္ေယာက္ၿပံဳးၿပီးေရွ႕ကိုၾကည့္လိုက္ေတာ့  ရွဲ႕ဟန္ အိပ္မက္ထဲတြင္ေတြ႕ခဲ့သည့္နတ္ဘုရားပံု႐ုပ္ထု။

TBC....

A/N  :ကိုယ္ကအေပ်ာ္တမ္းစာေရးေနတဲ့လူတစ္ေယာက္ပါပဲ
သေဘာက်တဲ့ဇာတ္လမ္းဆိုရင္ inspire  ယူၿပီးေရးတက္ပါတယ္ အခုတစ္ပုဒ္လဲအဲ့လိုပါပဲ
ဒီတစ္ပုဒ္တကယ္မအန္ေတာ့ပါဘူးေနာ္ :((

ဖတ္ေပးတာေက်းဇူးတင္ပါတယ္အားလံုးဂ႐ုစိုက္ၾကပါ♡.

Unicode
_________

ရှောင်းဟုန်မကြာသေးခင်ကထူးဆန်းတဲ့အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲမှာသိပ်ကိုချောမောတဲ့ယောက်ျားသားတစ်ယောက်နဲ့တွေ့ဆုံခဲ့သည်။ ဒါဟာအရွယ်ရောက်လာလျှင်သူတို့မျိုးနွယ်ရဲ့ နတ်ဘုရားက သူတို့အတွက်မိတ်ဖက်ရှာပေးကြတာပင်။ ပြီးရင် အိပ်မက်ထဲကပင် သန္ဓေတည်နိုင်ကြသည်။သူတို့ မျိုးနွယ်ကယောက်ျား တွေထဲက တချို့ဆိုရင်ကိုယ်ဝန်တောင်ဆောင်နိုင်ကြပြီးထိုထဲတွင်ရှောင်းဟုန်လဲအပါအဝင်ဖြစ်၏။ကလေးအဖေဘယ်သူလဲ ဆိုတာတော့ နတ်ဘုရားရဲ့လမ်းပြမှုနဲ့အတူ သူတို့ တွေဆုံရပါလိမ့်မယ်။ သဘောကျသွားလို့ဖူးစာဆုံပြီးလက်ထပ်သွားကြတဲ့သူတွေရှိသလို တချို့ဆိုမသိချင်ယောင်ဆောင်ပြီး တစ်ယောက်ထဲ ကလေးကို ပြုစုပျိုးထောင်နေကြတဲ့သူတွေလဲရှိကြသည်။

**********

“ရှောင်းဟုန်ဝေးဝေးမသွားနဲ့နော် ဒီတောထဲ လမ်းပျောက်တက်တယ် ဗိုက်ကိုလဲသတိထား”

“ဟုတ်ကဲ့ပါအမေကလဲ ရှောင်းဟုန် လမ်းမပျောက်ပါဘူး စိတ်ချ”

“အေး.. အေးဂရုစိုက် အမေတို့ ဒီ ပိန်းဥတွေတူးပြီးရင်အိမ်ပြန်ကြတာပေါ့”

“ဟုတ်ကဲ့ ”

ရှောင်းဟုန် အမေ ပိန်းဥတူးနေတုန်း သူ ပန်း ပင်လေးတွေကိုလိုက်ကြည့်နေမိသည်။
ဗိုက်က အနည်းငယ်သာ ဆူထွက်နေတာကြောင့် အဝတ်ခပ်ပွပွဝတ်ထားတဲ့အတွက် မသိသာပေ။
ရှောင်းဟုန်အပင်လေးတွေကြည့်နေရင်း ကြားလိုက်ရတဲ့မြင်းခွာသံတွေကြောင့်ထိတ်လန့်သွားသည်
ဓားပြတွေများလား ရှောင်းဟုန် သူ့ဗိုက်ကိုလက်ဖြင့်ကာလိုက်ပြီး ခြုံတစ်ခုထဲ ပုန်းရန်လုပ်လိုက်ချိန်

“ရပ်လိုက်စမ်း!! ”

နောက်ကျောဘက်ကအော်သံကြောင့်ရှောင်းဟုန်ရဲ့ကိုယ်လေး တစ်ချက်တုန်သွားသည်။
ဘာလဲသူသေတော့မှာလား ဟင့်... ကံကလဲဆိုးနေတော့တာပဲ သူ့ကလေးအဖေကိုကောမမြင်ရတော့ဘူးလား။

“အရှင်... သူက!!!”

“ ဒီဘက်လှည့်ခဲ့စမ်း!!!”

“ဧကရာဇ်တစ်ပါးက အမိန့်ပေးနေတာလွန်ဆန်ချင်နေတာလား !!!!”

“ဧ... ဧ.. ဧကရာဇ်!!! ”

ရှောင်းဟုန်လှည့်ကြည့်လိုက်တော့ အနီရောင်နဲ့အမဲရောင်စပ်ထားတဲ့ဝတ်ရုံတော်ကိုဝတ်ထားတဲ့လူနဲ့ တစ်ကိုယ်လုံးအမဲရောင် အဝတ်ထားတဲ့လူနှစ်ယောက်တွေ့လိုက်ရသည်။အရှေ့ကထူးဆန်းတဲ့မျက်နှာဖုံးနဲ့လူကိုရှောင်းဟုန်ကြောင်တောင်တောင်ငေးကြည့်နေမိသည်။

“ခေါင်းကိုငုံ့လိုက်စမ်းမောင်မင်းက
များရာရာစစအသင့်ရဲလို့!!!”

“တောင်း... တောင်းပန်ပါတယ် ”

“ဒီတောထဲမှာဘာလို့တစ်ယောက်ထဲရှိနေတာလဲ!!!”

မျက်နှာဖုံးတပ်ထားတဲ့လူဆီက အေးစက်စက်အသံထွက်လာခဲ့သည်။
နောက်ကလူကြောက်ဖို့ကောင်းတယ်နေမှတ်နေတာ
ဒီဧကရာဇ်က ပိုကြောက်ဖို့ကောင်းတာပဲ။
ဒါပေမဲ့ မြင်နေရတဲ့ မျက်နှာဖုံးနောက်ကမျက်ဆံနီနီကိုတော့ ရှောင်းဟုန်ရင်းနှီးနေသလိုပင်။

“မတ်တပ်ရပ်များသေသွားတာလား!!”

“မဟုတ်... တောင်းပန်ပါတယ်.. ကျွန်တော်မျိုးနာမည် ရှောင်းဟုန်ပါ ဒီနား ကရွာလေးထဲမှာနေပါတယ်”

“ရှောင်းဟုန်?”

မျက်နှာကဘာလို့ ရင်းနှီးနေတယ်လို့ ရှဲ့ဟန် ခံစားနေရတာလဲ။

“သွားမယ်..  ချန်ဖေး! အရေးမကြီးတာတွေကို
အရေးမစိုက်နဲ့ ”

ရှဲ့ဟန်အဝတ်စားစုတ်ပျက်ပျက်နဲ့လူငယ်လေးကိုထားပြီးထွက်လာခဲ့သည်။သူ့အချိန်တွေကိုဘာမဟုတ်တဲ့လူငယ်လေးတဝ်အတွက်ဖြုန်းနေရမည်နည်း။

“ဟုတ်ကဲ့ပါအရှင်”

သူတို့နှစ်ယောက်ထွက်သွား တော့မှ ရှောင်းဟုန်သက်ပြင်းချမိတော့သည်။
ဘာလို့ကံဆိုးပြီး ဧကရာဇ်နဲ့ လာတွေ့နေရတာလဲ !!

“ရှောင်းဟုန် ဘာရပ်လုပ်နေတာလဲ ”

“အော်... အမေလာပြီလား”

ရှောင်းဟုန်အမေ့ကိုတွေ့လိုက်မှဝမ်းသာသွားတော့သည်။

“ဝေးဝေးမသွားနဲ့ပြောထားတာကို လမ်းပျောက်နေပြီထင်လို့ စိတ်ပူသွားတာပဲ ”

“ခိခိ... အ့လိုမဖြစ်ပါဘူးစိတ်မပူနဲ့ပြီးပြီမှတ်လား”

“အင်းပြီးပြီ”

“သွားမယ်လေ.... အ့ဆို သားကိုပေးခြင်းက”

“ရတယ် အမေပဲသယ်မယ် သားကလမ်းဖြေးဖြေးလျှောက်”

“ဟုတ်ကဲ့”

ရှောင်းဟုန်အမေ့နောက်လိုက်ပြီးသာအိမ်ပြန်လာခဲ့လိုက်သည်။ထူးဆန်းတဲ့လူတွေနဲ့တွေ့ခဲ့သည့်အကြောင်းကိုတော့ ပြောပြမနေတော့ သူ့အမေကိုစိတ်ပူအောင်မလုပ်ချင်.. ။

**********

ရှဲ့ဟန်တို့တောထဲသို့မရောက်လာခင်နန်းတော်မှာတော့

“အရှင်ပြောချင်တာက မကြာသေးခင်က ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်ခဲ့တယ် ပြီးတော့ အမျိုးသားတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်”

“ကျန်သေးတယ် သူနဲ့ အတူနေခဲ့မိသေးတယ် ”

မျက်နှာကြီးနီရဲကာ ပြောတဲ့ သူတို့ရဲ့ ဧကရာဇ်ကြီးကို ဘယ်သူမှမရီရဲကြ စစ်မက်ရေးရာမှာဖြတ်ထိုးဉာဏ်ကောင်းသလောက်အိပ်ရာပေါ်က ကိစ္စတွေကိုစိတ်မဝင်စားတဲ့ဧကရာဇ်ပင် မိဖုရားဆိုတာလဲ မရှိသလို ဘာအသုံးတော်ခံမှလဲ မရှိပေ။

“နည်းနည်းတော့ ထူးဆန်းတယ် အရှင်... ကျွန်တော်မျိုးအရင်က ကျွန်တော့့်အဘိုးပြောဖူးတာတော့ကြားဖူးတယ် ”

“ပြောပါအုံး ”

ရှဲ့ဟန်စိတ်ဝင်တစားနှင့် သူရဲ့ကိုယ်ရံတော်ပြောမည့်စကားကိုစူးစိုက်နားထောင်နေလိုက်သည်။

“ဒီကနေဝေးလံတဲ့တောတွင်းထဲကတစ်နေရာမှာ အိပ်မက်ကနေဖူးစာရှာပြီးတွေ့နိုင်ကြတဲ့ လူမျိုးတစ်စုရှိတယ်တဲ့ ဒါကသူတို့နတ်ဘုရားလမ်းပြမှုနဲ့ တဲ့ ”

“အော်.... ထူးဆန်းတယ်နော် ”

“ဟုတ်ပါတယ်အရှင်”

“ဒါဆိုသူ့ကိုရှာတွေ့နိုင်မဲ့ ငါကိုယ်တော်ပြောချင်တာ ငါကိုယ်တော်နဲ့ ဆုံခဲ့တဲ့လူနဲ့ တွေ့နိုင်ဖို့ နည်းလမ်းများရှိမလား”

“ကျနော်မျိုးကြားဖူးတာတော့ မကြာခင်မှာနတ်ဘုရားတွေရဲ့ လမ်းပြမဲ့အတူတွေ့ဆုံပါလိမ့်မယ် ”

“ငါကိုယ်တော်စောင့်ရမဲ့ အလုပ်မကြိုက်ဘူး ကိုယ်တိုင်ထွက်ရှာတာပေါ့ ”

စိတ်မရှည်သည့်စိတ်မြန်ကိုယ်မြန်ရှဲ့ဟန်ကတော့သူ့မြင်းကိုဆွဲကာတောနက်ကြီးထဲဝင်ရောက်ခဲ့တော့သည်။သူ့ရဲ့ ထူးဆန်းသည့်အိပ်မက်အတွက်အဖြေရှာရမည်...

********************

“မကြာခင်ပဲ သူ့ကိုတွေ့မယ်ထင်လား ချန်ဖေး! ”

“ကျွန်တော်မျိုးအထင်တော့ မကြာခင်နီးနေပြီထင်တယ် ”

သူတို့နှစ်ယောက်ပြုံးပြီးရှေ့ကိုကြည့်လိုက်တော့  ရှဲ့ဟန် အိပ်မက်ထဲတွင်တွေ့ခဲ့သည့်နတ်ဘုရားပုံရုပ်ထု။

TBC....

A/N  :ကိုယ်ကအပျော်တမ်းစာရေးနေတဲ့လူတစ်ယောက်ပါပဲ
သဘောကျတဲ့ဇာတ်လမ်းဆိုရင် inspire  ယူပြီးရေးတက်ပါတယ် အခုတစ်ပုဒ်လဲအဲ့လိုပါပဲ
ဒီတစ်ပုဒ်တကယ်မအန်တော့ပါဘူးနော် :((

ဖတ်ပေးတာကျေးဇူးတင်ပါတယ်အားလုံးဂရုစိုက်ကြပါ♡.

Continue Reading

You'll Also Like

299K 40.1K 47
CHANBAEK FAN FICTION [ UNICODE + ZAWGYI ]
COTAW(2) By Blueberry

Historical Fiction

135K 24.8K 120
Book1က wallထဲမှာရှိပါတယ်နော်
660K 70.9K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...
123K 9K 34
ဒီficေလးက To be continued ဆိုတဲ့ Fic ေလးကို Trans ထားတာပါ။ ဇာတ္ေၾကာယူထားၿပီး အပိုင္းေတာ္ေတာ္မ်ားမ်ားကို ကိုယ့္ဘာကိုယ္ျပင္ထားပါတယ္ေနာ္။ *Drama,romanc...