ရှဲ့ဟယ်ရဲ့ ဖြူဝင်းလှတဲ့ အသားအရေကြောင့် လက်ဝါးရာနီနီရဲရဲကြီးက သာမာန်ထက်ပိုထင်ရှားနေတယ်...မျက်နှာမပြရဲလောက်အောင် ရှက်နေမိတဲ့အတွက် မျက်နှာကိုလက်နဲ့အုပ်ပြီး အဆောင်မှူးရုံးခန်းဆီအမြန်ပြေးသွားခဲ့တယ်...လမ်းတစ်လျှောက်လုံးမှာ မရေမတွက်နိုင်လောက်တဲ့ ရွံရှာစက်ဆုပ်ဖွယ်အကြည့်တွေကို လက်ခံရရှိခဲ့တယ်....
အဆောင်မှူး ရုံးခန်းရှေ့ရောက်တာနဲ့ တံခါးခေါက်လိုက်တယ်...အထဲကနေ ဝင်ခွင့်ပြုသံကြားတော့မှ တံခါးဖွင့် ဝင်သွားလိုက်တယ်....
အဆောင်မှူးရဲ့ အကြည့်တွေထဲမှာလဲ ရွံရှာစက်ဆုပ်တဲ့အရိပ်အငွေ့တွေ မြင်နေရပေမယ့် ရာထူးဂုဏ်ပုဒ်ကြောင့်သာ မသိသာအောင်ထိန်းနေရပုံပေါ်တယ်....
"ကိုယ်ကျင့်သိက္ခာမဲ့တဲ့ ဒီဖြစ်ရပ်အကြောင်း ကျောင်းဘက်က ဆွေးနွေးပြီးကြပြီ.... ဆရာတစ်ယောက်အဖြစ် လက်ခံဖို့မသင့်တော်တာကြောင့် မင်းကို တာဝန်ကနေ ရပ်စဲလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ....ဒီလအတွက် လစာကြိုထုတ်ပေးလိုက်မယ်...အဆောင်ကနေ သဘက်ခါနောက်ဆုံးထားပြီး ပြောင်းရွေ့ပေးပါ...ကဲ..အခုပြန်ပြီး အထုပ်ပိုးတွေ သိမ်းလိုက်တော့..."
အဆောင်မှူးကို မကြည့်ဝံ့တာကြောင့် ရှဲ့ဟယ်တစ်ချိန်လုံး ခေါင်းငုံ့ထားတယ်....
"ဟုတ်..."
ပြီးတာနဲ့...တိတ်တဆိတ်ပြန်ခဲ့လိုက်တယ်...
သူ့မှာ ဘာတစ်ခုမှမရှိတော့ဘူး....
တန်ပြန်တိုက်ခိုက်ဖို့ ခွန်အားသတ္တိတောင် မရှိတော့ဘူး....
ဝိညာဉ်လွင့်နေသူတစ်ယောက်ပမာ ရှဲ့ဟယ် ငေးငေးငိုင်ငိုင်နဲ့ လမ်းလျှောက်နေတုန်းမှာ တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိပါလေရော...ထိုလူက သူ့အခန်းဘေးကပ်ရပ်မှာနေတဲ့ ဆရာလွီ....ဆရာ့လွီက ပိန်ပိန်ပါးပါးနဲ့ လူယုတ်မာရုပ်ပေါက်နေတဲ့သူ...ဆရာလွီ့ မျက်ဝန်းထဲမှာ ယုတ်မာချင်တဲ့ ဆန္ဒတွေ ဖြတ်ကနဲ လင်းလက်လာပြီး ရှဲ့ဟယ်ရဲ့တင်ပါးကို လက်နဲ့ လှမ်းစမ်းလိုက်တယ်...
ဒီလိုသိက္ခာမဲ့တဲ့လုပ်ရပ်မျိုးကို ရှဲ့ဟယ်ဘယ်နည်းနဲ့ သည်းခံနိုင်ပါ့မလဲ???ထိုလူကို လှမ်းဆွဲဖို့ လုပ်လိုက်ပေမယ့် မထင်မှတ်ဘဲ အရိုက်ခံလိုက်ရတာကြောင့်ရှဲ့ဟယ် ကြမ်းပြင်ပေါ် ပစ်စလက်ခတ်လဲကျသွားတယ်....
ရှဲ့ဟယ် ထိုလူကို ပြန်ပြောဖို့ပြင်နေတုန်းမှာ ထိုလူကပဲ ဉီးအောင် အော်ဟစ်နေတယ်...သူ့အသံက ကျယ်လောင်လွန်းတာကြောင့် အနီအနားကလူတွေကို ဆွဲဆောင်လိုက်သလို ဖြစ်သွားတယ်...
"ဆရာစု.ခင်ဗျား အရှက်မဲ့လှချည်လား...ကျုပ်မှာ မိန်းမရှိမှန်းသိရက်နဲ့တောင် မြှူစွယ်ချင်နေသေးတယ်..."
ရှဲ့ဟယ် ထိုလူကို မယုံနိူင်လောက်တဲ့အကြည့်နဲ့ပြန်ကြည့်လိုက်တယ်...နှုတ်ခမ်းသားတွေကလဲ ဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေတယ်....
"ခင်ဗျား ကျွန်တော့်ကို မဟုတ်တာတွေပြောပြီး စွပ်စွဲမနေနဲ့..."
"မင်း ဘယ်လိုလူစားမျိုးမှန်း မသိတဲ့သူမရှိဘူး...တပည့်တွေကိုတောင် မြှူစွယ်ရဲတဲ့အထိ ရဲတင်းနေတယ်မလား...ဒါတောင် စွပ်စွဲနေတယ်လို့ ပြောဉီးမလို့လား..."
ထိုအချိန်မှာ ကျန်တဲ့သူတွေကလဲရုံးခန်းထဲကနေ ထွက်လာကြတယ်...အမြင်မတော်တဲ့ စီနီယာတစ်ယောက်က ....
"ဆရာစု...သွားမယ်ဆိုလဲ သွားပါတော့ ထပ်မရှုပ်ပါနဲ့တော့...တစ်ချိန်တုန်းက လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးတဲ့ မျက်နှာကြောင့် ရန်မဖြစ်ချင်ဘူး....ခင်ဗျား အမြန်ဆုံးထွက်သွားသင့်ပြီ..."
"ငါ...မဟုတ်....."
ရှဲ့ဟယ် စိတ်ပျက်အားငယ်စွာနဲ့ မျက်နှာကို လက်နဲ့အုပ်ထားပြီးမော့ကြည့်လိုက်တယ်..
သို့ပေမယ့် မည်သည့်စာနာထောက်ထားမှုမျိုးသော်ကိုမျှမတွေ့ခဲ့ရပေ....
မြင်လိုက်သမျှတိုင်းက ရွံ့ရှာစက်ဆုပ်မှုများသာလျှင်....စူးရှလွန်းလှတဲ့ လှောင်ပြောင်သရော်သံတွေကလဲ နားထဲမှာ ပဲ့တင်ထပ်နေတယ်.....
ထိုအခိုက်အတန့်မှာ အရာရာအားလုံးကို တိုက်ခိုက်ချင်စိတ် ကုန်ခမ်းသွားခဲ့ပါပြီ.....
ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေ တဖြည်းဖြည်း မှိန်ဖျော့လာတယ်...တိတ်ဆိတ်စွာ မတ်တပ်ရပ်လိုက်ပြီး တစ်လှမ်းချင်း လှမ်းထွက်ခဲ့တယ်...
[444: Hostတာ့တာ့နောက်ကို လီဟုန်ရွှမ်းတိတ်တိတ်လေးလိုက်လာတယ်...]
[ရှဲ့ဟယ်: ငါသိတယ်...]
ရှဲ့ဟယ် အဆောင်ကိုမပြန်တော့ဘဲ ကျောင်းဝန်းအပြင်ဘက်ကို ထွက်လာခဲ့တယ်....သူမျက်နှာက အလွန်တရာ တည်ငြိမ်နေတယ်....
တဖြည်းဖြည်းနဲ့ ကျောင်းတံခါးပေါက်အပြင်ဘက်က မိန်းလမ်းမကြီးဆီရောက်လာခဲ့တယ်...ထိုမိန်းလမ်းမကြီးပေါ်မှာ မီးမစိမ်းသေးတဲ့ မီးပ္ပိုင့်တစ်ခုရှိတယ်...မီးစမ်းမယ့်အချိန်ကို စောင့်နေတဲ့လူတွေဆီ တစ်လှမ်းချင်း လှမ်းနေပေမယ့်လဲ ရှဲ့ဟယ်ကိုကြည့်ရတာ ကိုယ်ပိုင်ကမ္ဘာတစ်ခုထဲမှာ ပိတ်မိနေသူတစ်ယောက်သဖွယ်......
ရပ်တန့်ခြင်းမရှိ ရှေ့ဆက်တိုးနေလျှက်ပင်....
စူးရှကျယ်လောင်တဲ့ ဟွန်းတီးသံနဲ့အတူ ထရပ်ကားတစ်စီး မောင်းနှင်လာတယ်....သို့ပေမယ့် ရှဲ့ဟယ်ကတော့ ရှေ့ဆက်လျှောက်နေဆဲပင်....
တိုက်သွားလိုက်ပါစေ...တိုက်သွားလိုက်ပါစေ...
ဒီနေရာကနေ ထွက်သွားခွင့်ပြုပါတော့....
သို့ပေမယ့် တိုက်မိလုဆဲဆဲမှာ လူတစ်ယောက်က သူ့ကိုနောက်ပြန်လှမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲ ထည့်ပြီး ပွေ့ဖက်ထားတယ်....
မျက်လုံးဝင့်ကြည့်လိုက်တော့....နာကျင်မှုတွေကို အသံတိတ်တင်းခံနေတဲ့ မျက်ဝန်းတွေနဲ့ လီဟုန်ရွှမ်းကိုတွေ့မြင်လိုက်ရတယ်....
[တင်းတောင်...လီဟုန်ရွှမ်းရဲ့ နှစ်သက်မှု 2 မှတ်ထပ်တိုးပါတယ်... စုစုပေါင်း 96 မှတ်ပါ...]
ZawGyi
႐ွဲ႕ဟယ္ရဲ႕ ျဖဴဝင္းလွတဲ့ အသားအေရေၾကာင့္ လက္ဝါးရာနီနီရဲရဲႀကီးက သာမာန္ထက္ပိုထင္႐ွားေနတယ္...မ်က္ႏွာမျပရဲေလာက္ေအာင္ ႐ွက္ေနမိတဲ့အတြက္ မ်က္ႏွာကိုလက္နဲ႔အုပ္ၿပီး အေဆာင္မႉး႐ုံးခန္းဆီအျမန္ေျပးသြားခဲ့တယ္...လမ္းတစ္ေလွ်ာက္လုံးမွာ မေရမတြက္ႏိုင္ေလာက္တဲ့ ႐ြံ႐ွာစက္ဆုပ္ဖြယ္အၾကည့္ေတြကို လက္ခံရ႐ွိခဲ့တယ္....
အေဆာင္မႉး ႐ုံးခန္းေ႐ွ႕ေရာက္တာနဲ႔ တံခါးေခါက္လိုက္တယ္...အထဲကေန ဝင္ခြင့္ျပဳသံၾကားေတာ့မွ တံခါးဖြင့္ ဝင္သြားလိုက္တယ္....
အေဆာင္မႉးရဲ႕ အၾကည့္ေတြထဲမွာလဲ ႐ြံ႐ွာစက္ဆုပ္တဲ့အရိပ္အေငြ႕ေတြ ျမင္ေနရေပမယ့္ ရာထူးဂုဏ္ပုဒ္ေၾကာင့္သာ မသိသာေအာင္ထိန္းေနရပုံေပၚတယ္....
"ကိုယ္က်င့္သိကၡာမဲ့တဲ့ ဒီျဖစ္ရပ္အေၾကာင္း ေက်ာင္းဘက္က ေဆြးေႏြးၿပီးၾကၿပီ.... ဆရာတစ္ေယာက္အျဖစ္ လက္ခံဖို႔မသင့္ေတာ္တာေၾကာင့္ မင္းကို တာဝန္ကေန ရပ္စဲလိုက္ဖို႔ ဆုံးျဖတ္လိုက္ၿပီ....ဒီလအတြက္ လစာႀကိဳထုတ္ေပးလိုက္မယ္...အေဆာင္ကေန သဘက္ခါေနာက္ဆုံးထားၿပီး ေျပာင္းေ႐ြ႕ေပးပါ...ကဲ..အခုျပန္ၿပီး အထုပ္ပိုးေတြ သိမ္းလိုက္ေတာ့..."
အေဆာင္မႉးကို မၾကည့္ဝံ့တာေၾကာင့္ ႐ွဲ႕ဟယ္တစ္ခ်ိန္လုံး ေခါင္းငုံ႔ထားတယ္....
"ဟုတ္..."
ၿပီးတာနဲ႔...တိတ္တဆိတ္ျပန္ခဲ့လိုက္တယ္...
သူ႕မွာ ဘာတစ္ခုမွမ႐ွိေတာ့ဘူး....
တန္ျပန္တိုက္ခိုက္ဖို႔ ခြန္အားသတၱိေတာင္ မ႐ွိေတာ့ဘူး....
ဝိညာဥ္လြင့္ေနသူတစ္ေယာက္ပမာ ႐ွဲ႕ဟယ္ ေငးေငးငိုင္ငိုင္နဲ႔ လမ္းေလွ်ာက္ေနတုန္းမွာ တစ္ေယာက္ေယာက္နဲ႔ ဝင္တိုက္မိပါေလေရာ...ထိုလူက သူ႕အခန္းေဘးကပ္ရပ္မွာေနတဲ့ ဆရာလြီ....ဆရာ့လြီက ပိန္ပိန္ပါးပါးနဲ႔ လူယုတ္မာ႐ုပ္ေပါက္ေနတဲ့သူ...ဆရာလြီ႕ မ်က္ဝန္းထဲမွာ ယုတ္မာခ်င္တဲ့ ဆႏၵေတြ ျဖတ္ကနဲ လင္းလက္လာၿပီး ႐ွဲ႕ဟယ္ရဲ႕တင္ပါးကို လက္နဲ႔ လွမ္းစမ္းလိုက္တယ္...
ဒီလိုသိကၡာမဲ့တဲ့လုပ္ရပ္မ်ိဳးကို ႐ွဲ႕ဟယ္ဘယ္နည္းနဲ႔ သည္းခံႏိုင္ပါ့မလဲ???ထိုလူကို လွမ္းဆြဲဖို႔ လုပ္လိုက္ေပမယ့္ မထင္မွတ္ဘဲ အ႐ိုက္ခံလိုက္ရတာေၾကာင့္႐ွဲ႕ဟယ္ ၾကမ္းျပင္ေပၚ ပစ္စလက္ခတ္လဲက်သြားတယ္....
႐ွဲ႕ဟယ္ ထိုလူကို ျပန္ေျပာဖို႔ျပင္ေနတုန္းမွာ ထိုလူကပဲ ဉီးေအာင္ ေအာ္ဟစ္ေနတယ္...သူ႕အသံက က်ယ္ေလာင္လြန္းတာေၾကာင့္ အနီအနားကလူေတြကို ဆြဲေဆာင္လိုက္သလို ျဖစ္သြားတယ္...
"ဆရာစု.ခင္ဗ်ား အ႐ွက္မဲ့လွခ်ည္လား...က်ဳပ္မွာ မိန္းမ႐ွိမွန္းသိရက္နဲ႔ေတာင္ ျမႇဴစြယ္ခ်င္ေနေသးတယ္..."
႐ွဲ႕ဟယ္ ထိုလူကို မယုံႏိူင္ေလာက္တဲ့အၾကည့္နဲ႔ျပန္ၾကည့္လိုက္တယ္...ႏႈတ္ခမ္းသားေတြကလဲ ေဒါသေၾကာင့္ တဆတ္ဆတ္တုန္ရီေနတယ္....
"ခင္ဗ်ား ကြၽန္ေတာ္႕ကို မဟုတ္တာေတြေျပာၿပီး စြပ္စြဲမေနနဲ႔..."
"မင္း ဘယ္လိုလူစားမ်ိဳးမွန္း မသိတဲ့သူမ႐ွိဘူး...တပည့္ေတြကိုေတာင္ ျမႇဴစြယ္ရဲတဲ့အထိ ရဲတင္းေနတယ္မလား...ဒါေတာင္ စြပ္စြဲေနတယ္လို႔ ေျပာဉီးမလို႔လား..."
ထိုအခ်ိန္မွာ က်န္တဲ့သူေတြကလဲ႐ုံးခန္းထဲကေန ထြက္လာၾကတယ္...အျမင္မေတာ္တဲ့ စီနီယာတစ္ေယာက္က ....
"ဆရာစု...သြားမယ္ဆိုလဲ သြားပါေတာ့ ထပ္မ႐ႈပ္ပါနဲ႔ေတာ့...တစ္ခ်ိန္တုန္းက လုပ္ေဖာ္ကိုင္ဖက္ ျဖစ္ခဲ့ဖူးတဲ့ မ်က္ႏွာေၾကာင့္ ရန္မျဖစ္ခ်င္ဘူး....ခင္ဗ်ား အျမန္ဆုံးထြက္သြားသင့္ၿပီ..."
"ငါ...မဟုတ္....."
႐ွဲ႕ဟယ္ စိတ္ပ်က္အားငယ္စြာနဲ႔ မ်က္ႏွာကို လက္နဲ႔အုပ္ထားၿပီးေမာ့ၾကည့္လိုက္တယ္..
သို႔ေပမယ့္ မည္သည့္စာနာေထာက္ထားမႈမ်ိဳးေသာ္ကိုမွ်မေတြ႕ခဲ့ရေပ....
ျမင္လိုက္သမွ်တိုင္းက ႐ြံ႕႐ွာစက္ဆုပ္မႈမ်ားသာလွ်င္....စူး႐ွလြန္းလွတဲ့ ေလွာင္ေျပာင္သေရာ္သံေတြကလဲ နားထဲမွာ ပဲ့တင္ထပ္ေနတယ္.....
ထိုအခိုက္အတန္႔မွာ အရာရာအားလုံးကို တိုက္ခိုက္ခ်င္စိတ္ ကုန္ခမ္းသြားခဲ့ပါၿပီ.....
႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြ တျဖည္းျဖည္း မွိန္ေဖ်ာ့လာတယ္...တိတ္ဆိတ္စြာ မတ္တပ္ရပ္လိုက္ၿပီး တစ္လွမ္းခ်င္း လွမ္းထြက္ခဲ့တယ္...
[444: Hostတာ့တာ့ေနာက္ကို လီဟုန္႐ႊမ္းတိတ္တိတ္ေလးလိုက္လာတယ္...]
[႐ွဲ႕ဟယ္: ငါသိတယ္...]
႐ွဲ႕ဟယ္ အေဆာင္ကိုမျပန္ေတာ့ဘဲ ေက်ာင္းဝန္းအျပင္ဘက္ကို ထြက္လာခဲ့တယ္....သူမ်က္ႏွာက အလြန္တရာ တည္ၿငိမ္ေနတယ္....
တျဖည္းျဖည္းနဲ႔ ေက်ာင္းတံခါးေပါက္အျပင္ဘက္က မိန္းလမ္းမႀကီးဆီေရာက္လာခဲ့တယ္...ထိုမိန္းလမ္းမႀကီးေပၚမွာ မီးမစိမ္းေသးတဲ့ မီးပၸိဳင့္တစ္ခု႐ွိတယ္...မီးစမ္းမယ့္အခ်ိန္ကို ေစာင့္ေနတဲ့လူေတြဆီ တစ္လွမ္းခ်င္း လွမ္းေနေပမယ့္လဲ ႐ွဲ႕ဟယ္ကိုၾကည့္ရတာ ကိုယ္ပိုင္ကမ႓ာတစ္ခုထဲမွာ ပိတ္မိေနသူတစ္ေယာက္သဖြယ္......
ရပ္တန္႔ျခင္းမ႐ွိ ေ႐ွ႕ဆက္တိုးေနလွ်က္ပင္....
စူး႐ွက်ယ္ေလာင္တဲ့ ဟြန္းတီးသံနဲ႔အတူ ထရပ္ကားတစ္စီး ေမာင္းႏွင္လာတယ္....သို႔ေပမယ့္ ႐ွဲ႕ဟယ္ကေတာ့ ေ႐ွ႕ဆက္ေလွ်ာက္ေနဆဲပင္....
တိုက္သြားလိုက္ပါေစ...တိုက္သြားလိုက္ပါေစ...
ဒီေနရာကေန ထြက္သြားခြင့္ျပဳပါေတာ့....
သို႔ေပမယ့္ တိုက္မိလုဆဲဆဲမွာ လူတစ္ေယာက္က သူ႕ကိုေနာက္ျပန္လွမ္းဆြဲလိုက္ၿပီး ရင္ခြင္ထဲ ထည့္ၿပီး ေပြ႕ဖက္ထားတယ္....
မ်က္လုံးဝင့္ၾကည့္လိုက္ေတာ့....နာက်င္မႈေတြကို အသံတိတ္တင္းခံေနတဲ့ မ်က္ဝန္းေတြနဲ႔ လီဟုန္႐ႊမ္းကိုေတြ႕ျမင္လိုက္ရတယ္....
[တင္းေတာင္...လီဟုန္႐ႊမ္းရဲ႕ ႏွစ္သက္မႈ 2 မွတ္ထပ္တိုးပါတယ္... စုစုေပါင္း 96 မွတ္ပါ...]