နူးညံ့တဲ့ အမိန့်တော် ( နူးညံ့...
By Khant_Thon_Hlaing
366K 23.2K 1.5K
Military Service ပြီးဆုံးပြီး စစ်ပွဲတွေ ရပ်တန့်သွားခဲ့ရင် လှပတဲ့ နွေဦးတစ်ခုမှာ နတ်ဘုရား တွေကိုတိုင်တည်ပြီး... More
intro
part - 1
part - 2
Part - 3
part - 4
Part - 5
Part _ 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 36
Part - 37
Part - 38
Some Facts of my fiction
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47
Part - 48
Part - 49
Part - 50
Part - 51
Part - 52
Part - 53
Part - 54
Part - 55
Part - 56
Part - 57
Part - 58
Part - 59
Part -60
Part - 61(Unicode )
Part - 61 Zawgyi
Part - 62
Part - 63
Part - 64
Final
ရှင်းလင်းချက်နှင့် ကျေးဇူးတင်လွှာ
Extra 1
Extra 2
Khant with Charles &Dream
Extra - 3
Special ending
Special ending
Part - 35
4.1K 324 23
By Khant_Thon_Hlaing
( Unicode )
ချားလစ်တို့ တစ်လ လောက် ကြိုစီစဥ် ခဲ့ရသော ဓာတ်ပုံနှင့် ကဗျာ ပြပွဲ သည်တော့ ယနေ့တွင် ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်သည်။
ပြပွဲ ပြီး၍ ချားလစ်သည် Dreamနှင့် အတူ အဆောင်သို့ ပြန်လာခဲ့သည်။
အဆောင် သို့ ပြန်ရောက်ချိန်တွင် ချားလစ် အခန်းဖော် ထူးခန့်မှာ ပြန်မရောက်သေးပေ။
ထို့ကြောင့် ချားလစ်နှင့် Dreamမှာ အခန်းထဲ လွတ်လွတ်လပ်လပ် ဖြစ်နေသည်။
Dream က ချားလစ်၏ စာကြည့်ခုံတွင် ဝင်ထိုင်ရင်း စားပွဲပေါ် တင်ထားသော မျက်မှန်ဘူးလေးအား လှမ်းယူလိုက်သည်။
"အဲ့တုန်းက ကျိုးသွားတဲ့ မျက်မှန်ကို ကိုချား ပြန်ပြင်ထားတာလား "
Dreamအမေးကြောင့် ချားလစ်မှာ Dreamထိုင်နေသော ခုံနောက်ကျောဘက်တွင် ရပ်ရင်း Dreamပုခုံးပေါ် လက်တင်လိုက်ကာ
"အွန်း... ဟုတ်တယ်..ကိုယ်အဲ့တုန်းက ဒီမျက်မှန်နဲ့ အဆင်ပြေမဲ့ ကိုင်းကို အတော်ရှာယူလိုက်ရတယ်"
"ရှာရခက်မှာပေါ့ ဒီမျက်မှန်က ကျွန်တော် သေချာ Design ဆွဲခဲ့တဲ့ limit edition လေ "
"ဟုတ်လား အဲ့ဒါကြောင့်နေမယ် "
Dreamမှာ မျက်မှန်အား ဖွင့်ကြည့် ရင်း အတွေး တစ်ခု ဝင်လာသောကြောင့် ခပ်တိုးတိုး ရယ်လိုက်သည်။
"မထင်ရဘူး ကိုချားက ကျွန်တော့်ကို အဲ့ချိန်တည်းက ကြိတ်ကြိုက်နေတာဘဲ
ဝါး...ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူချင်သွားပြီ "
Dreamစကားမှာ မှန်နေ၍ ချားလစ်ကတော့ Dreamအား ပြုံးကြည့်ရုံသာ ကြည့်နေတော့သည်။
"ဒါနဲ့ ကျောင်းသင်္ကြန်ကျရင် ကိုချား သီချင်းဆိုဦးမလား "
"မပြောတတ်သေးဘူး ဘာဖြစ်လို့လဲ "
"အဲ့နေ့က ကျွန်တော်တို့ Presentation နဲ့ Project အတွက် စာဖြေဖို့ရှိတယ်။
အဲ့ဒါကြောင့် ကိုချား သီချင်း မဆို ဖြစ်ရင်တော့ မလာဖြစ်လောက်တော့ဘူး "
"အွန်း.."
ထိုစဥ် ချားလစ် ဖုန်းမှာ မြည်လာသည်။
"ဘယ်သူ ဆက်တာလဲ ကိုချား "
ချားလစ်မှာ ဖုန်းမျက်နှာမှ ပေါ်နေသော နာမည်အား Dreamမြင်အောင် လှမ်းပြလိုက်သည်။
"သူရိန် ဆက်တာ..... ဟဲလို "
"ကိုချား.."
"အွန်း..."
"ကိုချား အားလား "
"အင်း အားတယ် ဘာဖြစ်လို့လဲ "
"ကိုချား နားမှာ Dreamရှိနေလား "
သူရိန် အမေးကြောင့် ချားလစ် Dreamအား လှည့်ကြည့်ကာ
"အင်း ရှိတယ် ဘာဖြစ်လို့လဲ "
"အာ..ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့ ကိုချားနဲ့ ပြောစရာလေး ရှိလို့ "
"အိုး..."
"ကျောင်းပြင်က......ဆိုင်မှာ လာတွေ့ပေးလို့ ရနိူင်မလား "
"အဲ့ကို လာရမှာလား... "
"ဟုတ်...ဟို..ပြီးတော့ Dreamကို ခေါ်မလာနဲ့ "
သူရိန် စကားကြောင့် ချားလစ် မျက်ခုံး ပင့်လိုက်မိသည်။
"အိုး....okလေ အစ်ကို အခုဘဲ ထွက်လာခဲ့မယ် "
ချားလစ် ဖုန်းချပြီး သည်နှင့် ဘေးမှ Dreamက စူးစမ်းဟန်ဖြင့်
"သူရိန်က ဘာတဲ့လဲ "
"ကိုယ့်ကို တွေ့ချင်တာတဲ့ ပြီးတော့ သူက ညီ့ကို လိုက်မလာ စေချင်ဘူး "
"အိုး...."
ချားလစ် စကားကြောင့်Dreamအနည်းငယ် အံ့သြ သွားသော်လည်း
"okလေ ကိုချား သွားပါ ကျွန်တော် ဒီမှာ ကိုချားကို စောင့်နေမယ် "
"အင်း...အခန်းထဲ ဖုန်းသုံးရင်း ကိုယ့်ကို စောင့်နေပေါ့
ရုပ်ရှင်ကြည့်ချင်ရင်လည်း ကိုယ့် Laptop ထဲမှာ အက်ရှင် Movie တွေ ရှိတယ် okနော် ကိုယ်သွားပြီ "
ချားလစ် Dreamနဖူးအား တစ်ချက်နမ်းပြီးနောက် သူရိန် ချိန်းထားရာ နေရာ သို့ ထွက်လာခဲ့သည်။
ကျောင်းဝန်းအား ဖြတ်ကာ သူရိန် ချိန်းထားသည့် ဆိုင်အရောက်တွင် ချားလစ်အား စောင့်နေသူမှာ သူရိန် တစ်ယောက်တည်း မဟုတ်။
တစ်ဖက် ကျောင်းမှ လမင်းနှင့် အဖူးပါ ရှိနေသည်။
ထို့ကြောင့် ချားလစ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း သူတို့အား ပြုံးပြကာ ထိုဝိုင်းတွင် ဝင်ထိုင်လိုက်သည်။
သူ့ရှေ့မှ စကားမပြောဘဲ သူ့အား စူးစမ်းဟန်ဖြင့် စိုက်ကြည့်နေသော လူသုံးယောက်ကြောင့် ချားလစ်သည် ယောက္ခမများနှင့် သွားတွေ့ရသလို ခံစားချက်ကြီး ဝင်လာကာ ချွေးများပင် စို့လာသည်။
သူ့မှာ ရန်သူပေါင်း များစွာနှင့် တိုက်ခိုက်ကာ mission ပေါင်းများစွာကို တည်ငြိမ်စွာ ကိုင်တွယ် ခဲ့သော်လည်း ရုတ်တရက်ကြီး သူ့ရှေ့မှ လူသုံးယောက်ကို တော့ မကိုင်တွယ် နိူင်သလို ခံစားနေရ၏။
ထို့ကြောင့် ချားလစ်သည် မနေတတ်စွာ ချောင်း တစ်ချက် ဟန့်လိုက်သည်။
"အဟမ်း.... "
ထိုအခါမှ သူ့ရှေ့မှ သုံးယောက်သည် အသီးသီး အကြည့်များ ပြင်လိုက်ကြကာ သုံးယောက်ထဲမှ အဖူးက စကား စလာသည်။
အဖူး -" တကယ်တော့ အစ်ကို့ကို ခေါ်လိုက်တာက ပြောစရာနဲ့ မှာစရာ တစ်ချို့ ရှိလို့ပါ "
အဖူး စကားအား ချားလစ်က ရေနွေး ငဲ့ရင်း အသိမှတ် ပြုသလို ခေါင်းငြိတ်ပြ လိုက်သည်။
အဖူး -" အခုဆိုအစ်ကိုက Dreamရဲ့ ကောင်လေး...."
ချားလစ် -" ချစ်သူ...ကောင်လေး မဟုတ်ဘူး"
ချားလစ် ဖြတ်ပြောလာသော စကားကြောင့် Fujoshi မ ဖြစ်သည့် အဖူးမှာ အူယား၍ ထအော်ပစ်လိုက်ချင်သော်လည်း သူ့ဘေးမှ လမင်းမှာ အဖူးအကြောင်း သိထား၍ အဖူးပေါင်အား ဆွဲဆိတ်လိုက်သည်။
ထို့ကြောင့် အဖူးမှာ ကြည်နူးလွန်း၍ ပြုံးချင်နေသည်ကို အတင်းထိန်းလိုက်ရသည်။
'ရောလို့ မဖြစ်သေးဘူး တင်းထားစမ်း အဖူး နင့်သူငယ်ချင်း မင်းအိပ်မက်သစ် ကို ကာကွယ်ဖို့ မျက်နှာကို အတင်းတည်ထားစမ်း '
" အဟမ်း...ok လေ ချစ်သူပေါ့။ အစ်ကိုက သူ့ကို ဘယ်အခြေနေ မျိုးမှာ မဆို လက်တွဲ သွားမယ်လို့ တွေးထားလား "
အဖူး အမေးကြောင့် ချားလစ် သူ့ရှေ့မှ လူသုံးယောက်အား သေချာ စေ့ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
" မင်းတို့ ဆိုလိုချင်တဲ့ သဘောကို ကိုယ်နားလည်တယ် အဲ့ဒီ အတွက် ကိုယ့်ဘက်ကလည်း မင်းတို့ကို ဂတိတစ်ခု ဘဲ ပေးနိူင်မယ်။
ဘယ်လို အခြေနေမျိုးဘဲ ရောက်ရောက် ကိုယ် ညီ့လက်ကို လွှတ်ပေးမှာ မဟုတ်ဘူး "
" ကျွန်တော် တို့လည်း အစ်ကို့ကို ယုံပါတယ်။ အဲ့ဒါကြောင့် Dream အစ်ကို့ကို လိုက်တုန်းက မတားခဲ့တာ
ဒါပေမဲ့ Dreamက အစ်ကို ထင်သလောက် ကျန်းမာနေတဲ့ သူမဟုတ်သလို ရိုးရှင်းတဲ့သူ မဟုတ်ဘူး ဆိုရင်ရော "
လမင်း စကားကြောင့် ချားလစ် မျက်မှောင်ကြုတ်မိသွားသည်။
Dreamက သာမာန်ထက် မရိုးရှင်းသူ ဆိုတာ ချားလစ် သိပြီး ဖြစ်သော်လည်း မကျန်းမာ သည်က ဘာကို ဆိုလို သည်လဲ သူနားမလည်။
" အဲ့ဒါကို ထားပါ တကယ်တော့ ဒီနေ့ ကိုချားကို ချိန်းလိုက်တာက Dreamရဲ့ အကျင့် တစ်ချို့ ပြောပြထားချင်လို့ ဘဲ "
ထို့နောက် အဖူးက note စာအုပ် အသေးအား ချားလစ်ထံ ကမ်းပေးလာသည်။
ထိုnote စာအုပ်ထဲတွင်တော့ Dream၏ အကျင့်သေးသေးလေးကပါ အစ ချရေးပေးထားသည်။
"Dreamက ညီမတို့အတွက်တော့ သူငယ်ချင်းဆိုတာထက် မောင်လေးတစ်ယောက်လို အငယ်တစ်ယောက်လို ဘဲ။
အဲ့ဒါကြောင့် ကိစ္စအတော်များများကို သူ့သဘောတိုင်း လိုက်လုပ်ပေးတာတွေရှိတယ်။
တကယ်တော့ Dreamရဲ့ စိတ်အခြေနေက သူ့မျက်နှာပေါ်မှာ မပေါ်ဘူး။
သူအရမ်း ရယ်နေရင် အဲ့ဒါ သူဝမ်းနည်းနေလို့
ပြီးတော့ သူ အရမ်း တည်ငြိမ်နေရင် အဲ့ဒါ သူ အရမ်း ဒေါသထွက်နေလို့
ပြီးတော့ သူက ဘယ်အခြေနေ မျိုးမှာမဆို အစာအိမ် ဟောင်းလောင်းနဲ့ မနေနိူင်ဘူး "
အဖူး စကားအား ချားလစ် အာရုံစိုက်နားထောင်နေသလို အဖူး ပေးသည့် note စာအုပ်ထဲမှ အချက်များအား ဖတ်နေသည်။
" သူက အရမ်းဒေါသထွက်နေတဲ့ အချိန်တွေဆို သူ့စိတ်ထဲ မပါတဲ့ စကားတွေကို ပြောပြီး
သူစိတ်ပြေသွားရင် သူဘာပြောသွားမှန်းတောင် သူမမှတ်မိတတ်တော့ဘူး။
အဲ့ဒါကြောင့် အနာဂတ်မှာ သူနဲ့ အစ်ကို စကားများ ခဲ့ရင် သူပြောသမျှကို အတည်သွားယူလို့မရဘူး။
ပြီးတော့ သူက ဒေါသထွက်နေတဲ့ အချိန် သူ့ကို တားတာဘဲ ဖြစ်ဖြစ် နှစ်သိပ့်တာဘဲ ဖြစ်ဖြစ် လာလုပ်တာမကြိုက်ဘူး။
သူ့ဒေါသကို အကုန်ဖွင့်ချ ပြီးတဲ့ အထိ စောင့်ပေးလိုက် ပြီး သူစိတ်အေးသွားမှ စကားသွားပြောတာ ပိုကောင်းတယ် "
သူရှေ့မှ Dreamအကြောင်းမှာတမ်းချွေနေသော Dreamသူငယ်ချင်း များကြောင့် ချားလစ်ပြုံးလိုက်မိသည်။
တစ်ဆက်တည်းမှာပင် Dreamသည် သူငယ်ချင်း ရ ကံကောင်းသည်ဟု သူတွေးလိုက်မိသည်။
" ပြီးတော့ ဒီကိစ္စကို မပြောချင်ပေမဲ့ ပြောမှ ဖြစ်မှာမလို့ ကိုချား Dreamကို ဂရုစိုက်ပေးပါ
Dreamမှာ စိတ်ကျ ရောဂါ ရှိတယ် ကိုချား
ခုခေတ် လူငယ်တွေ ကြားမှာ ခေတ်စားနေတဲ့ ရိုးရိုး Depression မဟုတ်ဘဲ တကယ့် စိတ်ကျရောဂါ ဘဲ စိတ်ကျ ရောဂါ ရဲ့ အမြင့်ဆုံး အခြေနေထိ သူခံစားခဲ့ရပြီး
အရင်က အဲ့ရောဂါကို ကုဖို့ သူဆေးတွေ လပေါင်းများစွာ သောက်ခဲ့ရသလို စိတ်ရောဂါ ဆရာဝန်တွေဆီကလည်း ကုသမှု ခံယူခဲ့ရတယ် "
သူရိန် ပြောသည့် သူမသိရသေးသော အကြောင်းအရာကြောင့် ချားလစ် သူ့ရှေ့မှ လူသုံးယောက်အား အံ့သြ တကြီး မော့ကြည့်မိသည်။
ထိုအခါ သူ့ရှေ့မှ သုံးယောက်သည်လည်း သူ့အား ခေါင်းငြိမ့်ပြလာကာ"သူ အရင်က စိတ်ဖောက်ပြီး စိတ်မထိန်းနိူင်တော့ဘဲ လူတစ်ယောက်ကို သတ်မိမလိုထိ ဖြစ်ခဲ့ဖူးတယ် "
ထိုနေ့က အဖြစ်ပျက်အား သူတို့သုံးယောက် မမေ့သေးသလို အထက်တန်း နောက်ဆုံး နှစ်မှ သူတို့နှင့် အတူ တက်ခဲ့ သူများလည်း မေ့ဦးမည် မဟုတ်။
သူတို့ ချားလစ် အံ့သြ သွားမည် ထင်လိုက်သော်လည်း ချားလစ်တွင် အံ့သြ ဟန် မရှိ။
ထို့ကြောင့် သုံးယောက်လုံး ချားလစ်အား နားမလည်သလိုနှင့် မေးလာသည်။
သူရိန် -" ကိုချား မအံ့ဩ သွားဘူးလား "
သူရိန် ပြောသည့်ကိစ္စကြောင့်အမေးအား ချားလစ် ခေါင်းခါပြလိုက်သည်။
ချားလစ် -" အမှန်တော့ အဲ့ကိစ္စကို ကိုယ် သိနေတာ ကြာပြီ ညီ့အမေကို Lesbian ဆိုပြီး blame တဲ့ အဲ့ကောင်လေးကို ညီ ဒေါသထွက်ပြီး ထိုးကြိတ်လိုက်တာ အဲ့ကောင်လေး အရိုးတွေပါ ကျိုးကြေပြီး ဆေးရုံမှာ 6လလောက် နေလိုက်ရတဲ့ အထိပေါ့ "
ချားလစ်၏ ပြည့်စုံလွန်းသော အဖြေကြောင့် အံ့သြ သွားရသူမှာ သူရိန်တို့ သုံးယောက်လုံးသာ ဖြစ်သည်။
အဖူး -" ဘယ်သူ အစ်ကို့ကို ပြောပြတာလဲ Dreamကိုယ်တိုင်လား"
ချားလစ် -" ကိုယ်ဘယ်လိုသိလဲ ဆိုတာကတော့ ကိုယ်မပြောနိူင်ဘူး "
ချားလစ် အဖြေအား သူတို့ မကျေနပ်သော်လည်း ဆက် မေးမလာ။
ချားလစ် Dream သူငယ်ချင်း၏ မှာတမ်းခြွေမှုအား စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက် အဖူး ပေးလိုက်သော Note စာအုပ်အား ယူကာ အဆောင်သို့ ပြန်လာခဲ့သည်။
ပြန်လာရာ လမ်းတွင်လည်း သူရိန် ပြောသည့် Dreamတွင် စိတ်ရောဂါ ရှိသည့် ကိစ္စအား သူတွေးနေမိသည်။
ထို့ကြောင့် သူ့အဖေဦးဇေယျာနှင့် ချားလစ် မိခင် ဒေါ်မေရီစေး တို့ အကြောင်း ပြောစဥ်က Dreamမှာ အသက်ရှု မြန်လာကာ စိတ်ဖောက်ခါနီး လူတစ်ယောက်နှင့် တူနေသည်မှာ မဆန်းတော့။
ချားလစ်သည် Dreamအကြောင်းတွေးရင်း အသက်ရှုပင် ကြပ်ချင်လာသည်။
သူချစ်သော ထိုကောင်လေးမှာ ဘယ်လောက်တောင် အထီးကျန်ဆန်ပြီး စိတ်ဒဏ်ရာ ရခဲ့လို့ စိတ်ကျရောဂါ ခံစား ရတဲ့အထိ တောင် ဖြစ်သွားရသည်လဲ ။
Dreamဟာ ခက်ခဲတဲ့ နေ့ရက် များကို ဘယ်လောက်ထိ များ ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရလဲ ဆိုတာ သူပင် မတွေးရဲတော့သည် အထိပင်။
အဲ့လိုမှန်းသာ သိလျှင် ချားလစ် ဟိုးအရင်တည်းက ထိုကောင်လေးနား သွားခဲ့မည် ဖြစ်သည်။
အဖူး ပြောသလိုပင် Dreamသည် ဒီထက်မက ပိုအချစ်ခံထိုက် ပြီး ပိုဂရုစိုက်ခံ ထိုက် သော ကောင်လေး တစ်ယောက် ဖြစ်သည်။
သူသည်လည်း Dreamအား လူတိုင်းအားကျရလောက်သည်အထိ ဂရုစိုက်ပေးကာ ချစ်ပေးချင်သည်။
မဟုတ်ပေ...ချစ်ပေးမည် ဖြစ်သည်။
အဆောင်ထဲ ကျန်ခဲ့သည့် Dreamသည်တော့ ချားလစ် ထွက်သွားပြီးနောက် စားပွဲပေါ်မှ ချားလစ် Laptop အား လှမ်းယူလိုက်သည်။
ထို့နောက် ဟိုမွှေ ဒီမွှေလုပ်ရင်း movie list အား ကြည့်ကာ သူကြည့်ချင်သည့် Movie အားဖွင့်လိုက်သည်။
Movie မှာ ကောင်းသော်လည်း သူ့တွင် ကြည့်ချင်စိတ် မရှိ၍ file ထဲမှ ချားလစ် ကိုယ်တိုင်ရိုက်ထားသည့် ပုံများကိုသာ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ပုံချင်းဆီ ခံစားကြည့်ရင်း file တစ်ခုတွင်တော့ သူဖွင့်မရဘဲ lockခံထားသောကြောင့် Dreamမျက်မှောင်ကြုတ်လိုက်မိသည်။
Dreamမှာ Psw ဘာဖြစ်မည်မှန်း တွေးရင်း စိတ်ထဲ ရှိသည့် နံပါတ်အား ရိုက်ထည့်လိုက်သော်လည်း မမှန်။
"သူ့မွေးနေ့ များလား "
Dream ချားလစ် မွေးနေ့အား ရိုက်ထည့်လိုက်သော်လည်း မမှန်သေး။
"မမှန်ဘူးလားဟ ဘယ်ဟာ ဖြစ်လောက်မလဲ "
ခေါင်းစား ခံကာ တွေးနေသော်လည်း ရိုက်ထည့်သမျှ ဘာတစ်ခုမှ မမှန်။
ထို့ကြောင့် Dreamမှာ လက်လျော့လိုက်ချင်သော်လည်း အထဲတွင် ဘာရှိနေမည်အား သိချင်သောကြောင့် လက်လည်း မလျော့ချင်ပြန်။
"အာ...ငါ့မွေးနေ့ တော့ မဟုတ် လောက် ပါဘူးနော် "
မဟုတ်လောက် ပါဘူး ဟုသာ ပြောနေသော်လည်း သူ့လက်ကတော့ သူ့မွေးနေ့ နံပါတ်အား ရိုက်ထည့်နေပြီ ဖြစ်သည်။
"Fuck...တကယ်ကြီး ဟ"
Psw ပွင့်သွားပြီးနောက်တွင် Dream ထို သိမ်းထားသော ဓာတ်ပုံ များအား ဝင်ကြည့်လိုက်စဥ် သူ့မှာ အံ့သြ လွန်း၍ ပါးစပ် အဟောင်းသားပင် ဖြစ်သွားသည်။
album တစ်ခုလုံးမှာ သူ့ပုံချည်းသာ ဖြစ်ကာ သူတို့ စဆုံစဥ် အချိန်မှသည် ယခုအထိ Date အလိုက်နှင့် သိမ်းထားလေသည်။
ပုံ တစ်ပုံ ချင်းစီ တွင် လည်း Story လေးလို စီထားပြန်သေးသည်။
ထိုပုံများအား ကြည့်ခြင်းအားဖြင့် ချားလစ် သူ့အပေါ် ဘယ်လောက်ထိ မြတ်နိူးသည်လဲ Dreamခန့်မှန်းနိူင်သည်။
သူပုံ တစ်ပုံချင်းစီအား ကြည့်ရင်း Dreamမှာ ကြည်နူး၍ ငိုချင်လာသည်။
ဝဲတက် လာသော မျက်ရည်များအား ဖယ်သုတ်ခြင်း မပြုဘဲ ကျဆင်း မည် ဆိုလည်း ကျဆင်းခွင့်ပြုလိုက်မည်။
သူ့အား နှစ်နှစ်လုံးလုံး အဝေးမှ တိတ်တဆိတ် စောင့်ရှောက်ရင်း ချစ်နေပေးခဲ့သည့် လူသား
သူလိုအပ်ချိန်တိုင်း သူ့အား စိတ်ခွန်အား ပေးခဲ့သည့် လူသား
မည်သို့သော အခြေနေတွင်မဆို သူ့လက်အား ဆုပ်ကိုင်ထားပေးခဲ့သည့် လူသား
ထိုသို့သော သူ အား သူရွေးချယ်ခဲ့မိခြင်းအတွက် Dreamအရမ်းကံကောင်းလွန်းသည်ဟု ကိုယ့်ကိုကိုယ် ခံစား ရသည်။
ချားလစ်ဝိန်း လို လူသားဟာ သူ့အတွက် နောက်ထပ် မရှိ နိူင်တော့။
ပိတ်ထားသော အခန်းတံခါးမှာ အဖွင့်ခံလိုက်ရခြင်းနှင့်အတူ အခန်းထဲသို့ ချားလစ်ဝင်လာသည်အား တွေ့သည်နှင့် Dreamငည် ချားလစ်ဆီပြေးသွားကာ ချားလစ်အား ဖက်လိုက်သည်။
သူ့အား ပြေးဖက်လာသော Dreamကြောင့် ချားလစ်မှာ Dreamခါးအား ထိန်းကိုင်ကာ သိုင်းဖက်လိုက်ရသည်။
"ဘာဖြစ်တာလဲ ညီ "
ချားလစ် အမေးအား Dreamမှာ ချားလစ် လည်တိုင်နား ခေါင်းတိုးဝေ့ရင်း
"ဟင့်အင်း"
အနည်းငယ် ရှိုက်သံထွက်နေသော Dreamအသံကြောင့် ချားလစ်မှာ စိတ်ပူ သွားရကာ
"ဘာဖြစ်တာလဲ boo ဘာလို့ ငိုနေတာလဲ "
ချားလစ်သည် သူ့ရင်ခွင်ထဲမှ Dreamအား သူ့ကိုယ်နှင့် အနည်းငယ် ခွာလိုက်ကာ Dreamမျက်ရည်များအား သုတ်ပေးရင်း
"ဟမ် ကိုယ့်ကို ပြောလေ ဘာလို့ ငိုနေတာလဲ "
ထိုအခါ Dreamမှာ ချားလစ် Laptopအား လက်ညိုးထိုးပြရင်း
"ကိုချားကြောင့်...."
ချားလစ် Dreamညွှန်ပြရာ Laptop screenအား လှမ်းကြည့် သော် လှမ်းမြင်ရသည့် ပုံရိပ်ကြောင့် Dreamဘာကြောင့်် ငိုရသည်အား နားလည်သွားသည်။
'သူ့ Booက သူ့အချစ်တွေကို ခံစားမိလို့ ငိုနေတာဘဲ '
နှာတစ်ရှုပ်ရှုပ် ဖြစ်နေသော Dreamအား ကြည့်ကာ ချားလစ် ပြုံးစစနှင့် ပြောလာသည်။
"ဘာဖြစ်တာလဲလို့ လတ်စသတ်တော့ ကိုယ့်Booက ကိုယ့်အချစ်ကြောင့် ဟတ်ထိပြီး ငိုနေတာဘဲ "
ချားလစ်၏ စနောက် စကားကြောင့် သူ့ရှေ့မှ ငိုနေသော Dreamမှာ သူ့အား မျက်စောင်းထိုးလာသည်။
ထိုမျက်စောင်းလေးကြောင့် ချားလစ်မှာ ပြုံးမိသွားကာ သူ့ရှေ့မှ ကောင်လေးအား ရင်ခွင်ထဲ ထည့်ကာ ဖက်ရင်း သူ့ထက်နိမ့်သော Dream ခေါင်းလေးအား ငုံ့နမ်းလိုက်သည်။
"မင်း ထင်ထားတာထက် ကိုယ်မင်းကို ပိုချစ်တယ် Boo ရယ်။
အနာဂတ်မှာ မင်းကို ကာကွယ်ပေးချင်တယ်
မင်းကိုဘဲ ချစ်ပေးချင်တယ်။
မင်းတစ်ယောက်တည်းကိုဘဲ ကြည့်ရင်း ရှင်သန်သွားချင်တယ်။
မင်းတစ်ယောက်တည်းကိုဘဲ လက်တွဲပြီး မင်းနဲ့ဘဲ အိုမင်း သွားချင်တယ်။
ကိုယ့်ရဲ့ နောက်ဆုံး အချိန် ကိုရောက်လာခဲ့ရင်လည်း မင်းလက်ပေါ်မှာဘဲ သေဆုံးသွားချင်တာပါ Boo။
မင်းက ကိုယ့်အတွက်တော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား ကူးလွန့်ရုန်းကန်စေရတဲ့ အကြောင်းပြချက်လေးဘဲ Boo "
သူ၏ ဖွင့်ဟ ဝန်ခံချက် အပြီး သူ့ ရင်ခွင်ထဲမှ ကောင်လေးသည် မျက်ရည်များ ကြားမှ ပြုံးရင်း သူ့ ရင်ဘတ်အား ခိုးနမ်းသွားလေသည်။
<<<<<< >>>>>>
ကျောင်းသင်္ကြန် နီးကပ်လာသည်နှင့် အညီ ကျောင်းPageတွင်လည်း လာဖျော်ဖြေမည့် အဆိုတော်နာမည်များအား ဆက်တိုက် ကြော်ညာ နေပြီ ဖြစ်သည်။
Dreamမှာ ညချမ်းအချိန်တွင် Presentation အတွက် စာပြန်စီနေရင်း ပျင်းလာသဖြင့် Fackbook ဖွင့်လိုက်သည်။
newfeedအား အပေါ်အောက် ဆွဲရင်း ကျောင်းမှ တင်ထားသော post တစ်ခုအား တွေ့သွား၍ ဝင်ကြည့်လိုက်သည်။
"အာ...ကျောင်းသင်္ကြန်ကို လာမဲ့ အဆိုတော်တွေကို ကြေညာထားတာဘဲ
မှန်းစမ်း ဘယ်သူလာမလဲ"
စာဆုံးအောင် ဝင်ဖတ်ပြီးနောက် တင်ပေးထားသော ပုံများကိုလည်း ဝင်ကြည့်လိုက်သည်။
"အိုး.....ဘန်နီဖြိုးလာမှာဟ "
ဘန်နီဖြိုး ဆိုသည်နှင့် post အောက်တွင် တန်းကာ Commentဝင်မန့်လိုက်သည်။
𝑴𝒊𝒏 𝑬𝒂𝒊𝒏𝒎𝒂𝒕 𝑻𝒉𝒊𝒕 -ဘန်နီဖြိုး လာမှာလား မိုက်နေပြီ
'နင်ပျော်ရင်' ကို အော်ဆိုပြီး ရေပန်းအောက်မှာ သင်္ကြန်ရေနဲ့ အတူ ရောငိုပစ်လိုက်မယ်
Dreamမှာ ထိုသို့ မန့်ပြီးနောက် သိပ်မကြာလိုက် သူ့comment အောက် replyများ ပြန်လာကြသည်။
ထိုreplyထဲတွင်မှ ချားလစ်ဝိန်း၏ replyကြီးမှာ အထင်းဆုံးပင်။
𝑪𝒉𝒂𝒓𝒍𝒆𝒔 𝑾𝒂𝒊𝒏- ညီက ငိုချင်တာဆိုတော့....??
ပြောပါဦး ကိုယ်က မချစ်ပေးလို့လား
Dreamမှာ ထိုreplyအား ဖတ်ပြီး အံ့သြလွန်း၍ ပါးစပ် အဟောင်းသားပင် ဖြစ်သွားရသည်။
ထို့နောက်မှ ချားလစ်အား မနိူင်ဘူး ဆိုသည့် ပုံစံနှင့် သူ့မှာ ခေါင်းတစ်ခါခါ ဖြစ်နေရသည်။
ထို့နောက် ချားလစ် replyအောက်တွင် မျိုးကိုက ထပ်ဝင်မန့်လာသည်။
𝑴𝒚𝒐 𝑲𝒐𝒌𝒐 𝑶𝒐- Public ကြီးမှာ လာroပြနေတယ်
သွားကြစမ်း ....
သို့သော် Dream၏ မန့်လေးမှာ ကြာရှည်ပင် မခံလိုက်။အဘမ်းခံလိုက်ရသည်။
ကြည့်ရသည်မှာ Pageကိုင်ထားသော မင်းခန့်မှ အုန်းအုန်းကျက်ကျက် မဖြစ်စေချင်၍Banလိုက်ဟန်ပင်။
ဟုတ်သည် ။ ကျောင်း၏ The Whole Kingက Gayဆိုတဲ့ ခေါင်းစဥ်နှင့်
Kingနဲ့ First year မှ ကောင်ချောလေးတို့ တွဲနေသည် ဆိုသော ခေါင်းစဥ်များ ထွက်လာလျှင် တစ်ကျောင်းလုံး အုန်းတိုက်တော့မည်မှာ အသေချာပင်။
Official ကြေညာချင်ရင်လည်း သူတို့ဖာသာ Rs status တင်ကြပါစေပေါ့
သို့သော် မင်းခန့်မှာ မန့်အား လျင်မြန်စွာ Banလိုက်သော်လည်း ကျောင်း၏ Fujoshi တစ်သိုက်သည် တော့ SSတန်းရိုက်ပြီးသားပင်။
Fujoshi နဲ့ Kpoper တို့ ဘဝမှာ အရေးကြီးဆုံးက Ssပင် ဖြစ်သည်။
ထိုသို့ သော အရာအား အလွတ်ပေးလိုက်ရင် သူတို့ ရူးနေလို့ပင်ဖြစ်သည်။
Dreamနှင့် ချားလစ်မှာ cbတွင် စကားအနည်းငယ် ပြောပြီးနောက် line out လိုက်ကြသည်။
သို့သော် ထိုညတွင် သူတို့၏ မန့်ကြောင့် ကျောင်း၏ ရှိသမျှ Groupနှင့် pageတွင် ပွက်လောရိုက်သွားခဲ့သည်ကိုတော့ ကာယကံရှင်ဖြစ်သော သူတို့ မသိခဲ့ကြ ရှာ။
<<<<<>>>>>>
ကျောင်းသင်္ကြန်နေ့
ကျောင်းသင်္ကြန်နေ့တွင်တော့ ကျောင်းထဲ မဝင်ခင်တည်းကပင် ဘောက် သံများ သီချင်းသံများကြားနေရပြီ ဖြစ်သည်။
သူရိန်မှာ ဘောက် သံကြားသည်နှင့် အနည်းငယ် ရွစိရွစိ ဖြစ်လာကာ မကျေမနပ် ညဥ်းညူလာသည်။
"တီချယ်တွေက ကွာ Project ကို သင်္ကြန်ရက်ကြီးကျမှ လုပ်ခိုင်းရတယ်လို့
Project သာ မရှိရင် ငါအခု အဆောင်သုံးဘက် ပြေးနေပြီ "
သူရိန် ၏ မကျေမနပ် ညဥ်းညူသံ​ထွက်လာပြီးနောက် Dreamပါ ထပ်ဆင့် ညဥ်းလာသည်။
"အေးကွာ project မလုပ်ဘဲ ကျောင်းသင်္ကြန်သွားနွှဲပြန်ရင်လည်း ငါက Tutoတွေ အတန်းလိုက်ပျက်ထားတဲ့ သူဆိုတော့ ကယ်မှတ်လေးဆိုလို့ Project မှတ်လေးတွေဘဲ ရှိတာ
ဟင်း..... သည်းခံ မင်းအိပ်မက်သစ် ရေ
ဒီတစ်ပွဲ မနွှဲရလည်း နောက်ပွဲ ရှိသေးတယ် သည်းခံထား မင်းfirst semအောင်ဖို့က ပိုအရေးကြီးတယ် "
Dreamမှာ ညဥ်းနေရင်းပင် သူ့ကိုယ်သူ အားပေးလိုက်သည်။
သူတို့ သူငယ်ချင်း နှစ်ယောက်မှာ တစ်ညဥ်းညဥ်းနှင့် နောက်ဆုံးတော့လည်း စာသင်ခန်းသို့ ရောက်လာကြသည်ပင်။
ထို့နောက် တွင် ဆရာ/ ဆရာမ ရောက်လာမည့် အချိန်အား စောင့်နေလိုက်ကြသည်။
အတန်းထဲတွင်လည်း လူသိပ်မရှိ ကြည့်ရသည်မှာ ကျောင်းသင်္ကြန်တွင် သွားကဲကြတာ ဖြစ်မည်။
ထို့နောက် သိပ်မကြာခင် အချိန်တွင် ဆရာ/ဆရာမများ ရောက်လာကာ ပေးထားသော ခေါင်းစဥ်နှင့် အညီ presentation စရန် ပြင်တော့သည်။
ဆရာမများမှာ လူမစုံ၍ အတော်ကြာစောင့်နေပေးသော်လည်း တကယ်ကို အချို့ကျောင်းသားများမှာ ရောက်မလာကြ။
ထို့ကြောင့်ရှိသော လူများနှင့်သာ စရန် ပြင်လိုက်သည်။
"တီချယ်တို့ presentation ပြီးတာနဲ့ project ကိုလည်း တန်းဖြေမယ်နော် မင်းတို့လည်း ကျောင်းသင်္ကြန် မှာ ကဲချင်ကြမှာဘဲ ဆိုတော့ မြန်မြန် ပြီး အေးတာဘဲ "
တီချယ်ကြီး စကားကြောင့်အတန်းထဲမှ ကျောင်းသားများမှာ ပြုံးစိစိ ဖြစ်သွားကြသည်။
ထို့နောက် Presentation စလိုက်ကာ တစ်ယောက်ချင်းစီ ကိုယ်ရထားသော အကြောင်းရာနှင့်အညီ ကျန်အတန်းသားများအား Shareလုပ်ပေးလိုက်ကြသည်။
လူနည်းနေ၍လား မသိ။ presentation မှာ သိပ်မကြာလိုက် ပြီးသွားကာ Project အတွက် စာ စဖြေတော့သည်။
သူရိန်နှင့်Dreamမှာ ကပ်ရက်ထိုင်ကာ စာဖြေနေရင်း အဆောင်သုံး ဘက်မှ လွှင့်လာသော သီချင်းသံများကိုလည်း ခပ်တိုးတိုး ညဥ်း နေကြသည်။
ထိုစဥ် presenter အစ်ကိုမှ မိုက်ကနေ တစ်ဆင့်ကြေညာလိုက်သော နာမည်ကြောင့် Dreamရော သူရိန်ပါ စာဖြေရင်း ခေါင်းထောင်လာကာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။
"ကိုချားက ကျောင်းသင်္ကြန်မှာ သီချင်းဆိုမှာလား"
သူရိန်အမေးအား Dreamခေါင်းခါပြကာ
"ငါလည်း မသိဘူး ငါသူ့ကို မေးတုန်းက မသိသေးဘူးတဲ့ ဒါပေမဲ့ သီချင်း တိုက်တာလည်း မတွေ့မိတာကို"
"မတွေ့တာ လုပ်မနေနဲ့ ဟိုက ကြေညာသွားပြီ
နောက်အလှည့်ကို ချားလစ်ဝိန်း တဲ့
မင်းယောကျာ်း စင်ပေါ်မှာ သီချင်းဆိုတာ ကြည့်ချင်ရင် မြန်မြန် ဖြေ"
"အေး "
Dreamနှင့် သူရိန်မှာ မူလက စဥ်းစားဖြေမည် ဟု တွေးထားသော်လည်း ချားလစ်ကြောင့် အချိန်ဆွဲ မဖြေ နိူင်တော့ဘဲ ရှိသမျှ အမြန်နှုန်းနှင့် ပန်းကန်လုံးစီး ဖြေကာ စာရွက်အပ်ပြီး ပွဲလုပ်သည့်အဆောင်သုံး ဘက်သို့ ပြေးသွားရန် ပြင်ရတော့သည်။
သူတို့စာသင်ခန်းမှာ အဆောင် လေး အပေါ်ဆုံး ထပ်တွင် ရှိသောကြောင့် လှေကားထစ်များစွာအား ဖြတ်ကျော်နေရသည်။
အမြန်လိုနေသည်ကို များလွန်းသော လှေကားထစ်များကြောင့် ပထမဦးဆုံးအကြိမ် အဖြစ် အပေါ်ဆုံးထပ်တွင် စာသင်ရခြင်းအပေါ် Dream ဒေါသထွက်မိသွားသည်။
သူတို့ အဆောင် 4အောက်ရောက်ချိန်တွင် Presenter အစ်ကိုမှချားလစ်အား စင်ပေါ် ဖိတ်ခေါ်နေပြီ ဖြစ်ကာ မကြာခင်တွင်ဘဲ မိုက်မှနေ တစ်ဆင့် ချားလစ် အသံအား Dream ကြားလိုက်ရသည်။
"အဟမ်း..မင်္ဂလာပါ ဒီနေ့တော့ သီချင်းလေး တစ်ပုဒ်နဲ့ ဖျော်ဖြေမယ်ပေါ့
မူလကတော့ သီချင်းမဆိုတော့ဘူးလို့ တွေးခဲ့ပေမဲ့ ကျွန်တော် မပါရင် ပွဲမစည်တော့မှာ စိုးလို့ ဝင်ဆို ရတာပါ "
မိုက်ထဲမှ တစ်ဆင့်် ကြားနေရသော ချားလစ် စကားကြောင့် Dreamမှာ လမ်းလျှောက်နေရင်း ပြုံးလိုက်မိကာ တစ်ဆက်တည်းတွေးလိုက်မိသည်။
'ဒီလူကြီးကတော့ ဘယ်နေရာမှာမဆို သူ့ကိုယ်သူ အရမ်းဂုဏ်ဆာတတ်တာဘဲ'
"ဒီနေ့ ကျွန်တော် ဆိုမဲ့သီချင်းက ကျွန်တော့်ဘဝအတွက် အရမ်းကို အဓိပ္ပါယ် ရှိတဲ့ သီချင်းလေးပါ
ကျွန်တော် ချစ်ခြင်းမေတ္တာ ကို စတင်ထိတွေ့မိစဥ်က ပထမဦးဆုံး နားထောင်ခဲ့တာ ဒီသီချင်း ဖြစ်သလို
ကျွန်တော်ရဲ့ မြတ်နိူး ရာလေးနဲ့ ပထမ ဦးဆုံး နားထောင်ဖြစ်ခဲ့တဲ့ သီချင်းကလည်း ဒီသီချင်းပါဘဲ "
ချားလစ် စကားကြောင့် အောက်မှ အော်ဟစ်နေကြသော ကောင်မလေးများနှင့် ချားလစ်၏ အချစ်ဒဿနအား အားပေးနေကြသည့် ကောင်လေး တစ်သိုက်လည်း ရှိနေပြန်သည်။
ချားလစ်နောက်ရှိ တီးဝိုင်း band မှ အစ်ကိုများသည်တော့ ချားလစ်နှင့် အရင်တည်းက ရင်းနှီးနေ၍ သူတို့ ညီငယ်အား ကြည့်ကာ ပြုံးရင်း ခေါင်းတစ်ခါခါနှင့်ပင်။
Dreamမှာ စင်ရှိရာသို့ လျင်မြန်စွာ ပြေးရင်း များပြားလွန်းသော လူများကြားမှ အရှေ့ရောက်အောင် တိုးနေရသည်။
"ကျွန်တော် ဖျော်ဖြေမဲ့ သီချင်းလေး နာမည်က နူးညံ့တဲ့အမိန့်တော် အတိုင်း လို့ အမည်ရပါတယ် ဒီနေ့မှာ ကျွန်တော်ပြောချင်တာကတော့..."
ချားလစ်မှာ ပြောနေရင်း ရပ်လိုက်ကာ တစ်ခုခုအား တွေ့သွားဟန်ရှိ၍ ခေါင်းငုပ်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။
ထို့နောက် ခေါင်းပြန်မော့ကာ တစ်နေရာသို့ လှမ်းကြည့်ကာ နူးညံ့စွာ ပြုံးလာရင်း
"Boo... "
Dreamမှာ လူတိုးနေရင်း ချားလစ်၏ Booခေါ်သံကြောင့် အလန့်တကြား စင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ချားလစ်သည် သူ့ဘက်သို့ လှမ်းကြည့်နေကာ နူးညံ့စွာ ပြုံးနေလေသည်။
များပြားလွန်းတဲ့ လူပေါင်းများစွာကြား သူရောက်နေလည်း ချားလစ်ဝိန်း သည် သူရှိရာ အရပ်ကို အစဥ် ရှာတွေ့မြဲပင်။
ထိုလူသား သည် ဘယ်သောအခါမှ သူ့အား ပစ်သွားခဲ့သည် မရှိခဲ့ပေ။
စင်အောက်မှ လူများသည်လည်း ချားလစ်သုံးနှုန်းလိုက်သည့် ခေါ်သံကြောင့် အားကျ သလို တစ်ဝိုးဝိုး လုပ်နေကြကာ တစ်ချို့က ချားလစ် လှမ်းကြည့်ရာ နေရာအား လှည့်ကြည့်လိုက်ကြသည်။
အကုန်လုံးမှာ ချားလစ် ရည်ရွယ်နေသူအား သဘောပေါက်သွားသည်နှင့် အရှေ့တွင် ရှိနေသော လူများက Dreamလျှောက်ရန် လူတစ်လမ်းသွားစာ ဖယ်ပေးလာကြသည်။
ထိုအခါ ချားလစ်မှာ စင်ပေါ်မှနေ Dreamအား လှမ်းပြုံးပြရင်း သူ၏ ရင်ထဲမှ စကား အချို့အား ထုတ်ပြောလာသည်။
"Boo...
မင်းက ကိုယ့်အတွက်တော့ ကောင်းကင်ဘုံ အသေးစားလေး နဲ့ တူတယ်
ဘယ်တော့မှ စွန့်ခွာမသွားချင်တဲ့ အေးချမ်းရာလေးပေါ့
ကိုယ့်အတွက်တော့ မင်းရဲ့ စကားသံတိုင်းက သာယာတဲ့ ဆည်းလည်းသံတွေလို
မင်းရဲ့ လှုပ်ရှားမှု တိုင်းက မျက်စိ မလွှဲချင်စရာ လှပတဲ့ သဘာဝဖြစ်တည်မှု လို
မင်းရဲ့ အပြုံးတိုင်းက တောက်ပတဲ့ ကြယ်စင်လေးတွေလို
မင်းရဲ့ ဆူပူသွန်သင်မှု တွေတိုင်းက မလွန်ဆန်ချင်စရာ နူးညံ့တဲ့ အမိန့်တော် လေးလိုဘဲ
မင်းရဲ့ ဖြစ်တည်မှုလေးက ကိုယ့်အတွက်တော့ တကယ်ကို ဖော်ပြစရာ စကား မရှိလောက်အောင် အဖိုးတန်လွန်းတယ်
Boo...မင်းက ကိုယ့်ရဲ့ နွေဦး ဖြစ်သလို ကိုယ့်ရဲ့ နေကြာပန်းလေး လည်း ဖြစ်တယ်
ကိုယ်က မင်းအတွက် သီးသန့် ဖြစ်တည်လာရတာ ဆိုရင်...
တကယ်ပါ..... မင်းကလည်း ကိုယ့်ရဲ့ အရာရာ ဖြစ်တယ်"
ထို့နောက် ချားလစ်မှာ နူးညံ့စွာ ပြုံးလိုက်ကာ သူနှင့် ခပ်လှမ်းလှမ်း စင်အောက် မှ Dreamအား လှမ်းကြည့်ရင်း
"ကိုယ် မင်းကို ချစ်တယ် Boo "
ထိုအခိုက်အတန့် ထို တစ်ဒင်္ဂတွင် လူပေါင်းများစွာ အနားတွင် ရှိနေမှန်း သိနေသော်လည်း Dreamမှာ မမြင်နိူင်တော့။ ပတ်ဝန်းကျင် တစ်ခု လုံးမှာ တိတ်ဆိတ်နေကာ တစ်လောကလုံးတွင် သူနှင့် ချားလစ်သာ ရှိနေတော့သလို Dreamခံစားလိုက်ရသည်။
ထိုအခိုက်အတန့် တွင် Dreamမှာ စို့နင့်လာကာ ငိုချင်လာပြီး မျက်ရည်များ ဝဲသည်။
နှုတ်ခမ်းစွန်းတို့က မြင့်တက်သွားကာ ပုလဲလုံး ဖြူဖြူလေးများ ပေါ်သည်အထိ သူ ပြုံးလိုက်သည်။
အချစ်ခံရတာ ဒီလို ခံစားချက်ပါလား လို့ သူတွေးမိသလို သူခံစား နေ ရသော အချစ်သည်လည်း အရမ်းကို နူးညံ့သိမ်မွေ့လွန်းကြောင်း သိရှိရပြန်သည်။
အခြားသူတွေအတွက် ချစ်ခြင်းမေတ္တာ ဟာ သိပ်လှပ လွန်းတဲ့ စိတ္တဇ နာမ်လေး တစ်ခု လား ဆိုတာ သူသေချာ မသိပေမဲ့
သူ့အပေါ် ထားရှိတဲ့ ချားလစ်ဝိန်း ရဲ့ ချစ်ခြင်းတရား ကတော့ တစ်လောကလုံးမှာ အလှပဆုံး ဖြစ်နေခဲ့ပါသည် ။
#Khant#
ဇာတ်လမ်းက ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ မသိရင် Fic တစ်ပုဒ်တည်း မဟုတ်သလို ဘဲ
( Zawgyi )
"အွန်း.."
"ဘယ်သူ ဆက်တာလဲ ကိုချား "
"သူရိန် ဆက်တာ.....
ဟဲလို "
"ကိုချား.."
"အွန်း..."
"ကိုချား အားလား "
"အာ..ဘာမှ မဖြစ်ဘူး ကျွန်တော်တို့ ကိုချားနဲ့ ပြောစရာလေး ရှိလို့ "
"အိုး..."
"ကျောင်းပြင်က......ဆိုင်မှာ လာတွေ့ပေးလို့ ရနိုင်မလား "
"အဲ့ကို လာရမှာလား... "
"သူရိန်က ဘာတဲ့လဲ "
"အိုး...."
ကျောင်းဝန်းအား ဖြတ်ကာ သူရိန် ချိန်းထားသည့် ဆိုင်အရောက်တွင် သူ့အား စောင့်နေသူမှာ သူရိန် တစ်ယောက်တည်း မဟုတ်။
သူ့မှာ ရန်သူပေါင်း များစွာနှင့် တိုက်ခိုက်ကာ mission ပေါင်းများစွာကို တည်ငြိမ်စွာ ကိုင်တွယ် ခဲ့သော်လည်း ရုတ်တရက်ကြီး သူ့ရှေ့မှ လူသုံးယောက်ကို တော့ မကိုင်တွယ် နိုင်သလို ခံစားနေရသည်။
"အဟမ်း.... "
အဖူး -" အဟမ်း...ok လေ ချစ်သူပေါ့ အစ်ကိုက သူ့ကို ဘယ်အခြေနေ မျိုးမှာ မဆို လက်တွဲ သွားမယ်လို့ တွေးထားလား "
ချားလစ် - " မင်းတို့ ဆိုလိုချင်တဲ့ သဘောကို ကိုယ်နားလည်တယ် အဲ့ဒီ အတွက် ကိုယ့်ဘက်ကလည်း မင်းတို့ကို ဂတိတစ်ခု ဘဲ ပေးနိုင်မယ်
လမင်း -" ကျွန်တော် တို့လည်း အစ်ကို့ကို ယုံပါတယ် အဲ့ဒါကြောင့် Dream အစ်ကို့ကို လိုက်တုန်းက မတားခဲ့တာ
သူရိန် -" အဲ့ဒါကို ထားပါ တကယ်တော့ ဒီနေ့ ကိုချားကို ချိန်းလိုက်တာက Dreamရဲ့ အကျင့် တစ်ချို့ ပြောပြထားချင်လို့ ဘဲ "
အဖူး -"Dreamက ညီမတို့အတွက်တော့ သူငယ်ချင်းဆိုတာထက် မောင်လေးတစ်ယောက်လို အငယ်တစ်ယောက်လို ဘဲ
ပြီးတော့ သူက ဘယ်အခြေနေ မျိုးမှာမဆို အစာအိမ် ဟောင်းလောင်းနဲ့ မနေနိုင်ဘူး "
လမင်း -" သူက အရမ်းဒေါသထွက်နေတဲ့ အချိန်တွေဆို သူ့စိတ်ထဲ မပါတဲ့ စကားတွေကို ပြောပြီး
သူရိန် -" ပြီးတော့ ဒီကိစ္စကို မပြောချင်ပေမဲ့ ပြောမှ ဖြစ်မှာမလို့ ကိုချား Dreamကို ဂရုစိုက်ပေးပါ
လမင်း - "သူ အရင်က စိတ်ဖောက်ပြီး စိတ်မထိန်းနိုင်တော့ဘဲ လူတစ်ယောက်ကို သတ်မိမလိုထိ ဖြစ်ခဲ့ဖူးတယ် "
သူတို့ ပြောသည့် ကိစ္စကြောင့် ချားလစ် အံ့သြ သွားမည် ထင်လိုက်သော်လည်း ချားလစ်တွင် အံ့သြ ဟန် မရှိ။
သူရိန် အမေးအား ချားလစ် ခေါင်းခါပြလိုက်သည်။
ချားလစ် -" ကိုယ်ဘယ်လိုသိလဲ ဆိုတာကတော့ ကိုယ်မပြောနိုင်ဘူး "
ထို့ကြောင့် သူ့အဖေဦးဇေယျာနှင့် ချားလစ် မိခင် ဒေါ်မေရီ တို့ အကြောင်း ပြောစဉ်က Dreamမှာ အသက်ရှု မြန်လာကာ စိတ်ဖောက်ခါနီး လူတစ်ယောက်နှင့် တူနေသည်မှာ မဆန်းတော့။
"သူ့မွေးနေ့ များလား "
"Fuck...တကယ်ကြီး ဟ"
ထိုပုံများအား ကြည့်ခြင်းအားဖြင့် ချားလစ် သူ့အပေါ် ဘယ်လောက်ထိ မြတ်နိုးသည်လဲ Dreamခန့်မှန်းနိုင်သည်။
ချားလစ်ဝိန်း လို လူသားဟာ သူ့အတွက် နောက်ထပ် မရှိ နိုင်တော့။
ပိတ်ထားသော အခန်းတံခါးမှာ အဖွင့်ခံလိုက်ရခြင်းနှင့်အတူ အခန်းထဲသို့ ချားလစ်ဝင်လာသည်အား တွေ့သည်နှင့် Dreamသည် ချားလစ်ဆီပြေးသွားကာ ချားလစ်အား ဖက်လိုက်သည်။
"ဘာဖြစ်တာလဲ ညီ "
"ဟင့်အင်း"
"ကိုချားကြောင့်...."
ချားလစ် Dreamညွှန်ပြရာ Laptop screenအား လှမ်းကြည့် သော် လှမ်းမြင်ရသည့် ပုံရိပ်ကြောင့် Dreamဘာကြောင့် ငိုရသည်အား နားလည်သွားသည်။
<<<<<< >>>>>>
မှန်းစမ်း ဘယ်သူလာမလဲ"
Min Eainmat Thit-ဘန်နီဖြိုး လာမှာလား မိုက်နေပြီ
Charles Wain- ညီက ငိုချင်တာဆိုတော့....??
ထို့နောက်မှ ချားလစ်အား မနိုင်ဘူး ဆိုသည့် ပုံစံနှင့် သူ့မှာ ခေါင်းတစ်ခါခါ ဖြစ်နေရသည်။
Myo Ko Ko Oo- Public ကြီးမှာ လာroပြနေတယ်
သွားကြစမ်း ....
<<<<<>>>>>>
ကျောင်းသင်္ကြန်နေ့
"အေး "
Dreamနှင့် သူရိန်မှာ မူလက စဉ်းစားဖြေမည် ဟု တွေးထားသော်လည်း ချားလစ်ကြောင့် အချိန်ဆွဲ မဖြေ နိုင်တော့ဘဲ ရှိသမျှ အမြန်နှုန်းနှင့် ပန်းကန်လုံးစီး ဖြေကာ စာရွက်အပ်ပြီး ပွဲလုပ်သည့်အဆောင်သုံး ဘက်သို့ ပြေးသွားရန် ပြင်ရတော့သည်။
မိုက်ထဲမှ တစ်ဆင့် ကြားနေရသော ချားလစ် စကားကြောင့် Dreamမှာ လမ်းလျှောက်နေရင်း ပြုံးလိုက်မိကာ တစ်ဆက်တည်းတွေးလိုက်မိသည်။
"ဒီနေ့ ကျွန်တော် ဆိုမဲ့သီချင်းက ကျွန်တော့်ဘဝအတွက် အရမ်းကို အဓိပ်ပါယ် ရှိတဲ့ သီချင်းလေးပါ
ကျွန်တော်ရဲ့ မြတ်နိုး ရာလေးနဲ့ ပထမ ဦးဆုံး နားထောင်ဖြစ်ခဲ့တဲ့ သီချင်းကလည်း ဒီသီချင်းပါဘဲ "
"Boo... "
"Boo...
#Khant#
Continue Reading
You'll Also Like
334K 24.7K 89
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
11.7K 700 51
1984 ဝန်းကျင် တောင်ပေါ်အထက်တန်းကျောင်းလေးမှာပေါက်ဖွားလာတဲ့အချစ်တစ်ခုတက္ကသိုလ်ကျောင်းသားအရွယ်1988ထဲရောက်လာတဲ့အခါနိုင်ငံရေးရှုပ်ထွေးမှုတွေကြားသူတို့အချ...
232K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
220K 21.9K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...