Soulmates (Completed)
By XiaoHongBao
691K 30.7K 727
Uni ....... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ First... More
Intro
Story 1
Story 2
Story 3
Story 4 (Warning!!!)
Story 6
Story 7 (Warning!!!)
Story 8
Story 9
Story 10
Story 11
Story 12
Story 13
Story 14 (Warning!!!)
Story 15
Story 16
Story 17
Story 18
Story 19 (Warning!!!)
Story 20
Story 21
Story 22 (The End)
💞💞💞💞💞
Hello!!!!
Cover
Extra 1
Extra 2 (Warning!!!)
Extra 3
Extra 4
Extra 5(Final)
Thingyan Special
Story 5
25.5K 1.3K 73
By XiaoHongBao
Unicode
................
''မနေဘူး....ဒီအိမ်ကနေ ဆင်းမယ်''
''ဘာ......မင်းဆင်းရဲရင်ဆင်းကြည့်လေ''
''ဆင်းဦးမှာ ဆင်းကိုဆင်းဦးမှာ... ကိုယ့်ဘာသာကို သေသေရှင်ရှင်..... ဒီ အကျင့်မကောင်းတဲ့သူရဲ့ အိမ်မှာတော့ ဘယ်တော့မှမနေဘူး''
''ဟက်.....ဒါတော့မင်းသဘောလေ''
''ဘာ.....မင်း ဘာသောက်စကားပြောတာလဲ။ သူလည်းတက်လုပ်သေးတယ်.....မတောင်းပန်တဲ့အပြင် ခုတော့ ဆင်းမယ်ဆိုတာတောင် ကြည်ကြည်ဖြူဖြူပါလားဟမ်.....အမေရေ သားအဖြစ်ကိုလှည့်ကြည့်ပါဦး....
ခေါ်တုန်းကလည်းသူပဲ နှင်တော့လည်းသူပဲ ......အစတည်းကမနေဘူးပြောတာတောင် သူပဲအတင်းခေါ်ထားပီးတော့ ''
''မင်း နည်းနည်းငြိမ်ပေးလို့မရဘူးလား''
''ဘာဖြစ်လဲမငြိမ်တော့.....မင်းဘာမင်း Rut ဝင်တာနဲ့ ငါ့ကိုအသုံးချတယ်ပေါ့လေ''
နှောင်း လုံးဝမကျေနပ်ပါ။ မနေ့ညက သူ့ကို တက်လုပ်သွားတာ.....ဘာတဲ့ ပြောတော့ အိုမီဂါကို သေလောက်အောင်မုန်းတယ်...... ခုတော့ နှောင်းဘဝဟာဆိုရင်ဖြင့် ဗိုက်ကလည်းကြီးသေး....ဗိုက်ကြီးယုံတင်အားမရသေးဘူး စော်ကားတာလည်းခံရသေးတယ်။
''အဲ့တော့...''
''မင်း Rut ကြောင့် ငါ့ကလေးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ....စာနာစိတ်ကိုမရှိဘူး ဟွန်း ''
''ခုကော ဘာဖြစ်နေလို့လဲ.... ဘာမှမဖြစ်တာကိုပြောနေသေးတယ်''
''........''
'' မင်းပြောစရာမရှိရင် ငါအလုပ်သွားတော့မယ်....စိတ်ချ နောက်တစ်ခါဆိုတာ မရှိစေရဘူး....ဒီကိစ္စ အတွက်နဲ့ ငါ့ဆီက တောင်းပန်စကားလိုချင်ရင်တော့ sorry ပဲ...... ငါလည်းမမှားသလို မင်းလည်းမမှားဘူး.... မင်း ဒီအိမ်ကဆင်းချင်ရင်တော့သဘောပဲ.....ဟက် နေစရာအိမ်ရှိရင်တော့ ဆင်းပေါ့''
''.....''
စက် သူ့ကို အပြတ်ပြောပီး ထွက်သွားတာ.....
နှောင်း ခဏတော့ တွေသွားသေးတယ်။ စက်ပြောသွားတာလည်းဟုတ်တယ်....သူ့မှာနေစရာရှိနေရင်တောင် သုံးစရာမှမရှိတာ။
ငင့်....ငါလေးဘဝက မသာယာလိုက်တာ...ကလေးမွေးပီးမှပဲ စဥ်းစားတော့မယ်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
စက် ရုံးရောက်တော့ အလုပ်ကိုသာ ကုန်းလုပ်နေလိုက်တယ်။ စိတ်ကတော့ အိမ်မှာကျန်ခဲ့သူဆီသာ....
နှောင်းကို သူမမုန်းပါ။ အိုမီဂါ ဖြစ်နေ၍သာ ငြင်းဆန်နေခြင်း။ ဒီအကြောင်းပြချက်ကြောင့် သူများအတွက်ရီစရာ ဖြစ်ချင်ဖြစ်မယ် သူ့အတွက်ကတော့ မဟုတ်ခဲ့ပါ။
သူအလယ်တန်းနှစ်က သူ့အဖေနဲ့ အမေ အကြီးအကျယ် ရန်ဖြစ်ခဲ့တာ...အဖေနဲ့အမေက စီးပွားရေးအရသာ လက်ထပ်ခဲ့တာ တစ်ယောက်နဲ့ တစ်ယောက်လုံးဝမချစ်ပါ။ သူ့ကိုမွေးလာတော့လည်း ဂရုမစိုက်ခဲ့.....အထူးသဖြင့် အမေဆိုသူပေါ့.....အမေက အိုမီဂါ တစ်ယောက်ဖြစ်သလို ငယ်ရွယ်သေးလို့ သူ့ကိုလာပိုးပန်းသူတွေများသားရယ်။
တစ်နေ့ အဖေနဲ့အမေ ရန်ဖြစ်တော့ အမေက အိမ်ပေါ်ကဆင်းသွားခဲ့တာ။ သူတွေ့လိုက်ရတယ်....အမေ အိမ်ကဆင်းတော့ သူ့ကို တခြားဦးလေးကြီးတစ်ယောက်ကခေါ်သွားတာ ။ အဖေပြောတာတော့ အမေက ဖောက်ပြန်နေတာတဲ့။ အဲ့နေ့ကစပီး အဖေလည်း အလုပ်တွေဖိလုပ် ခဲ့သလို သူလည်းအိုမီဂါတွေဆို ပိုလို့တောင်ရွံသွားသေးတယ်။
အဖိုးကတော့ သူ့အပေါ် အလွန်ကောင်းသူပေါ့။ အမေနဲ့အဖေကွဲတော့ သူ့ကိုပဲစောင့်ရှောက်ခဲ့တာ။ ခု သူ့အိမ်ထောင်ဖက်ကိုလည်း ဘီတာကောင်မလေး ရွေးပေးခဲ့တာပဲကြည့်။
အမှန်တော့ နှောင်းရဲ့ကိုယ်ဝန်က သူနဲ့ရတာပါ။ ဘာလို့ဆို အဲ့နေ့ညက သူ ......
Flash Back>>>
'' နှောင်း....နှောင်းသံသရာ..... ဟင်....ဘယ်လိုလုပ်မလဲ လုံးဝခေါ်မရတော့ဘူး''
''မင်းတို့ သူ့အိမ်ကိုသိလား ''
စက်နဲ့ မိုးယံလည်းခေါင်းခါလိုက်တယ်။
''သူ့ကို ဒီအနီးနား ဟိုတယ်ပဲခေါ်သွားလိုက်ရအောင်....ဘယ်သူထမ်းလာမလဲ''
''ဟင်း...အဲ့လိုပဲလုပ်ရတော့မှာပေါ့.....ဘယ်နှယ့် အိုမီဂါ ဖြစ်ပီး ပေါ့ဆလိုက်တာ ငါတို့တက်လုပ်သွားတောင် သိမဲ့ပုံမပေါ်ဘူး''
''စက်....မင်းက ကားမောင်းပေး...ငါနဲ့မိုးယံ သူ့ကိုသယ်လာခဲ့မယ်''
''ok''
စက်က သူ့ကားကိုသွားထုတ်လိုက်တယ်။ ပီးတော့ သုံးယောက်သား နှောင်းကိုထမ်းလာပီး နီးစပ်ရာ ဟိုတယ်ကိုမောင်းလာလိုက်တယ်။
ဟိုတယ်ရောက်တော့ VIP အခန်းကျယ်ယူလိုက်တယ်။ နှောင်းကို အိပ်ခန်းထဲထည့်သိပ်ပီး သူတို့အပြင်က ဧည့်ခန်းမှာ ခဏသွားထိုင်လိုက်ကြတယ်။
( ဟိုတယ်က VIP ခန်းဆိုတော့ အိမ်လိုပဲ အိပ်ခန်းသက်သက်၊ ဧည့်ခန်းသက်သက် ရှိပါတယ်နော်)
ဧည့်ခန်းထဲထိုင်နေကြတဲ့ သုံးယောက်သား ပြောစရာ စကားမရှိလို့ ခဏတိတ်ဆိတ်နေကြတယ်။ သို့ပေမဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူကတော့ စက်ဧကရာဇ် ပင်....သူ့ဖုန်းလာတာကြောင့် ခဏထွက်သွားပီး စကားပြောနေသည်။
လီယိုကလည်း အဲ့တော့မှ...
'' ဟျောင့်... မိုးယံ.... ငါတို့ ဒီမှာဆက်သောက်ရအောင်လား.... ခုနက ဟိုကောင် နှောင်း လုပ်လို့ အရှိန်ပျက်သွားတာ...မင်းလည်း မပြန်ချင်သေးဘူးမလား''
''အင်း....ကောင်းသားပဲ''
'' အာ့ဆို ငါ ဟိုတယ်ကနေပဲ မှာလိုက်တော့မယ်''
ထိုချိန် စက်လည်း ဖုန်းပြောပီးလို့ ပြန်ဝင်လာတယ်။ ဆိုဖာမှာတင်ထားတဲ့ သူ့ရဲ့ကုတ်အကျီကို ကိုင်လိုက်ပီး....
'' စက် ပြန်တော့မလို့လား....စောသေးတာကို။ ငါတို့နဲ့ အတူတူ ဆက်ကစ်ရအောင်''
''တော်ပီ....ငါ ကိစ္စရှိသေးလို့ ပြန်သွားရမှာ''
''မင်းကလည်း အကြာကြီးနေမှ ပြန်တွေ့တာကို အဲ့လိုလား....ဘာလဲ မင်းကောင်မလေးကို သွားခေါ်မလို့လား''
''အင်း ဟုတ်တယ်...သူ့ဆီသွားမလို့...ငါသွားနှင့်ပီ''
''အေးအေး...ဂရုစိုက်သွား''
စက် သူငယ်ချင်းနှစ်ယောက်ကို နှုတ်ဆက်ပီး ကားဆီသို့ ဦးတည်လာလိုက်သည်။
အမှန်က သူ့ကိုဖုန်းဆက်တာက အဖိုးဖြစ်သူပါပဲ....သူနဲ့စေ့စပ်ထားတဲ့ ကောင်မလေးက နှင်းမြဖြူဆိုတဲ့ တစ်ယောက်။ ဘီတာမလေး ဒါပေမဲ့ သူ့မှာ နှလုံးရောဂါရှိတယ်။ ခုလည်းနှလုံးဖောက်လို့ ဆေးရုံရောက်နေတယ်ဆိုလို့ ခဏသွားကြည့်မလို့ပါပဲ။
စက်ကတော့ အဖိုးတိုက်တွန်းလို့သာ အလိုက်ထိုက်ဆက်ဆံနေတာပါ။ သူ နှင်းမြဖြူကို မကြိုက်ပါ... နှလုံးရောဂါ ရှိလို့သာ ညီမလေးတစ်ယောက်လို စောင့်ရှောက်ချင်တာပဲရှိတာ....တခြားဘာစိတ်မှမရှိပါဘူး။
စေ့စပ်ပွဲ လက်ခံလိုက်ရတာကလည်း သူ့မိဘနဲ့ အဖိုးတို့တိုင်ပင်ပီးလုပ်ကြတာမို့ ဘာမှမပြောချင်လို့သာ။ အဖိုးကတော့ စေ့စပ်ပွဲဖျက်ချင် အချိန်မရွေးပြောလို့ ပြောထားပီးသားပါ။ သူလည်းရည်ရွယ်ထားသူ မရှိသေးလို့သာ လက်ခံလိုက်တာ....
စက် ဆေးရုံရောက်တော့ နှင်းက ကုတင်ပေါ်မှာလှဲနေလေသည်။ ဘေးနားမှာတော့ သူ့ရဲ့ အစ်မဖြစ်တဲ့ ဆောင်းနှင်းဖြူ ဆိုသူ ရှိ​နေတယ်။ စက်လည်းကုတင်ဘေးနားထိ လျှောက်လာလိုက်ပီး...
'' ကိုစက်...လာလေ''
'' နှင်းရဲ့ အခြေအနေလေး ဘယ်လိုလဲ မမဆောင်း''
''ခုလေးတင် ဆရာဝန်ကြီးလာစစ်သွားတယ်....သိပ်မစိုးရိမ်ရဘူးပြောတာပဲ''
ထိုစဥ် ကုတင်မှာလှဲနေတဲ့ နှင်းရဲ့ မျက်လုံးလေးတွေ ဖွင့်လာပီး သူ့ကိုတွေ့တော့ ဝမ်းသာသွားဟန်။
'' ကိုကို....ကိုကို နှင်းဆီလာတယ်''
''အင်း...အဖိုးပြောပြလို့....ဘယ်လိုလဲ သက်သာလား''
''သက်သာပါတယ်။ ကိုကိုလည်း ပင်ပန်းရောပေါ့ နှင်းကိုလာကြည့်ရတာနဲ့ ''
''ရပါတယ် နှင်းကလည်း.... သက်သာရင် စိတ်ချရပါပီ''
'' ကိုကို နှင်းဘေးမှာ အဖော်လာစောင့်ပေးတာလားဟင်''
''နှင်းရယ် ကိုစက် ပင်ပန်းရောပေါ့....နားပါစေ။ မမရှိနေတာပဲကို''
''မမကလည်း...''
''ဘာမှ မမ မလည်းနဲ့....ကိုစက် ပြန်လိုက်တော့ ကျွန်မရှိတယ်..ဒီကောင်မလေး တမင် ဂျစ်တိုက်နေတာ ''
စက်လည်း ပြုံးလိုက်မိပီး သူတို့ကို မနှောက်ယှက်ချင်တော့တာနဲ့ပဲ ပြန်မယ်လုပ်လိုက်တယ်။
'' ဒါဆို နောက်နေ့ ကိုယ်ထပ်လာခဲ့မယ်နော် ''
''ဟုတ်ကဲ့ ကိုကို''
စက်....နှင်းရဲ့ခေါင်းလေးကို ဖွဖွလေးပုတ်ပီး ဆေးရုံကပြန်ထွက်လာလိုက်တယ်။
ဆေးရုံအပြန်လမ်းရောက်တော့ သိပ်နောက်မကျသေးတာနဲ့ ဟိုတယ်မှာ ကျန်ခဲ့တဲ့ နှစ်ကောင်ဆီ ပြန်လာလိုက်တယ်။ သူ ဟိုတယ်ရောက်တော့ အခန်းတံခါးတောင် မပိတ်ပဲ သောင်းကျန်းနေသူ နှစ်ယောက်ကိုတွေ့လိုက်တယ်။ သူလည်း မပြောချင်တော့လို့ တိတ်တဆိတ် ဝင်လာလိုက်တယ်။
နှောင်းရှိတဲ့ အခန်းရှေ့က အဖြတ် သူလည်း ခဏဝင်ကြည့်လိုက်တယ်။ ​ရှေ့က နှစ်ကောင်တောင်သောင်းကျန်းနေတာ အခန်းထဲက ကောင်​လေးကော ဘယ်လိုနေမလဲ သိချင်တာနဲ့ပဲ....
သူဝင်လာတော့...ကုတင်ပေါ်မှ ကောင်လေးက ဟိုလှိမ့်ဒီလှိမ့်နဲ့ ဂဏာမငြိမ်ဘူး။ ပီးတော့ ပူလို့ထင်တယ်...အတင်းတွေကုတ်နေတာ။
စက်လည်း လည်ပင်းနားမှာရှိတဲ့ သူ့အကျီကြယ်သီးတစ်လုံးလောက်ဖြုတ်ပေးဖို့ သူ့ဘေးနားသွားထိုင်လိုက်တာပေါ့။
( ချိဖကြီးက စေတနာတွေတအားကောင်းတာနော် ငိငိ)
''အင့်...''
စက် ​ရှေ့ကို ​မှောက်ရက်လေးကျသွားတယ်။ နှောင်းက သူ့ကို လာဖက်သွယ်ထားတာ....သူကြောင်ကြည့်နေတုန်းမှာပဲ....သူ့ကို အတင်းဖက်နမ်းလာသော ကောင်လေးပါ။
အဲ့တော့မှ သူလည်းအသိဝင်လာပီး လက်ကို ဖြုတ်ဖို့ ကြိုးစားပါတယ်။
'' နှောင်း....မင်းဘာလုပ်တာလဲ ''
''ငါ့ရှေ့က ဘယ်သူကြီးတုန်း....ဘယ်သူဖြစ်ဖြစ်ကွာ ပူတယ်...တစ်ခုခုလုပ်ပေးဦး...နော်လို့ နော်''
''ပြွတ်စ်''
ပြောလည်းပြော အသံထွက်အောင် ကလေးလို လာနမ်းနေတာ။
''မင်း...ဟက်...နောက်မှ ငါ့အဆိုးမဆိုနဲ့နော်''
''အင်း...မြန်မြန်လုပ်တော့ဆိုနေ...မြန်....အွတ်''
''အင်း....''
ထိုညက သူတို့ ကျူးလွန်မိခဲ့ကြတယ်။ မနက်ရောက်တော့ ဘယ်သူမှမထခင် သူလည်းထလာလိုက်တယ်။
Flash Back End>>>
ဆိုတော့ အဲ့နေ့ကပီးတော့ နောက်ပိုင်း သူတို့မတွေ့ဖြစ်ကြတော့ဘူး။ ခုတွေ့မဲ့တွေ့တော့လည်း ကိုယ်ဝန် နဲ့ဆိုတော့...သူ့နဲ့ ရတာ ၇၀ ရာနှုန်းသေချာတယ်လေ။
အင်း... တစ်ခုပဲ သူတစ်ခြားသူတွေနဲ့ ထပ်မအိပ်ခဲ့ရင်ပေါ့။ ဒါပေမဲ့ လီယိုပြောပုံအရ နှောင်းက သူတို့ လေးယောက်တွေ့ခဲ့တဲ့ ရက်ကအကြောင်းမေးပုံထောက်ရင်တော့ သူက တစ်ခြားသူတွေနဲ့ ထပ်မနေခဲ့တာ သေချာသွားပီဖြစ်သည်။
အဲ့တော့ သူလည်း နှောင်းကို အိမ်ခေါ်တင်ထားလိုက်တာပေါ့။ အကြောင်းပြချက်ကတော့ သူငယ်ချင်းနှစ်ယောက်ကြောင့်လို့ လိမ်လိုက်ရသေးတယ်။ ကောင်လေးကတော့ သိပုံမရပါ။ စားလိုက်အိပ်လိုက်ပါပဲ သာယာနေတာ။
သူထပ်သိလိုက်ရတာက ကောင်လေးက bond ဖြစ်နေတယ်ဆိုတာပဲ။ သူတောင် အံ့သြခဲ့ရတယ်...bond ဆိုတာ တော်ယုံလူတောင် လုပ်ဖို့ခက်ခဲတာ ခုတော့ သူဘယ်လိုများ bond ​​​ဖြ​စ်အောင်လုပ်လိုက်တာပါလိမ့်။
နှောင်းခမျာ တော်တော်ပင်ပန်းခဲ့မှာပဲလို့ တွေးမိပီး အိမ်ပေါ်ခေါ်တင်ဖို့ သေချာသွားခဲ့တယ်။ သာမာန်ဆို အိမ်ပေါ်မပြောနဲ့ အိမ်ပေါက်ဝတင်နှင်ထုတ်ခဲ့တဲ့သူက နှောင်းကိုတော့ သူစောင့်ရှောက်ချင်ပါသေးတယ်။
စက်တွေးလက်စကို ရပ်ပီး အတွင်းရေး မှူး လာထားပေးသွားတဲ့ စာရင်းကိုသာ ဆက်ကြည့်လိုက်တယ်။ အပြင်က ကြည့်နေတဲ့ သူ့လက်ထောက် ကိုထိုက်ကတော့ သူ့ Boss ရဲ့ မျက်မှောင်ကျုံ့လိုက် ပြန်တည်လိုက်နဲ့ ဖြစ်နေတဲ့ပုံကြောင့် အထဲပဲဝင်ရမလို လှည့်ပဲ ပြန်ရမလို ဖြစ်နေတယ်။
( တင်ပြစရာရှိလို့လာပါတယ်ဆိုမှ...ရာသီဥတုက သာယာမနေဘူးထင်ပါ့။)
ထို့နောက် ကိုထိုက်တစ်ယောက် ရုံးခန်းရှေ့မှ ပြန်လှည့်ထွက်ခဲ့လိုက်ပါတယ်။ နောက်မှပဲ ပြန်လာတော့မယ်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
''တီ...တီ''
ကားဟွန်းသံကြားသဖြင့် ခြံစောင့် ဦးလေးကြီးမှ တံခါးပြေးဖွင့်ပေးလိုက်သည်။ ထို အနီရောင်တောက်တောက် ပြိုင်ကားလေးက ခြံထဲကို တစ်လိမ့်ခြင်းမောင်းဝင်လာပီး တစ်နေရာရောက်တော့ရပ်လိုက်တယ်။
ထို့နောက် ကားတံခါးဖွင့်ကာ ဆင်းလာသူက အိမ်ထဲသို့ တန်းဝင်လာလိုက်တယ်။
'' ဟင်း.....အိမ်ထဲမှာ ဘယ်သူမှ မရှိကြဘူးလား''
'' ဟားဟားဟား....ခိစ်...ခိစ်...ခိစ်''
အသံကြားရာကို သူမ လှည့်ကြည့်လိုက်တော့ ဧည့်ခန်းဆိုဖာမှာ အခန့်သားထိုင်ပီး တီဗီကြည့်နေသောသူကို တွေ့လိုက်ရတယ်။ သူမ မျက်မှောင်ကျုံ့လိုက်၍....
''ဟိုတစ်ယောက်.....''
​နှောင်း လှည့်ကြည့်လိုက်ပီး ကိုယ့်ကိုကိုယ် လက်ညိုးထိုးကာ.... သူ့ကိုလားဆိုပီး မေးလိုက်တယ်။
'' မင်းကိုခေါ်နေတာလေ ဘယ်သူ့ကို ကြောင်ကြည့်နေတာလဲ''
'' အော် ဟုတ်ကဲ့ ဘာများကူပေးရမလဲ''
'' မင်းက ဒီမှာ လူသစ်ထင်တယ်....အလုပ်ချိန်မှာ အလုပ်မလုပ်ပဲ တီဗီထိုင်ကြည့်နေနိုင်သေးတယ်နော်.....ဒီမှာ ဖုန်တွေသဲတွေ ရှုပ်ပွနေတာပဲ လာရှင်းစမ်း....ပီးရင် ငါ့အတွက် သံပုရာရည်ဖျော်ပေးဦး''
''ဗျာ....အော် ဟုတ်ဟုတ်''
ဆိုပီး နှောင်း​ ယောင်နနနဲ့ ထိုင်ရာက ထလာခဲ့လိုက်တယ်။ ထို မိန်းကလေးကို တစ်ချက်ကြည့်လိုက်တော့ ဒါဟိုနေ့က ကုန်တိုက်မှာ စက်နဲ့ တွဲတွေ့ခဲ့တဲ့ ကောင်မလေးပဲ။ သူ့ကို အလုပ်သမားထင်ပီး ခိုင်းနေတာ။
အစကတော့ ရန်တွေ့မလို့ပါပဲ။ ခုတော့ သူလည်းပျင်းနေတာနဲ့အတော်ပဲ။ သူမ ခိုင်းတာလေးလုပ်လိုက်ဦးမယ်။
ထိုကောင်မလေးကတော့ မာနကြီးမဲ့ပုံပဲ။ ရင်ကိုကော့ ခေါင်းကိုမော့ပီး ဧည့်ခန်းမှာဝင်ထိုင်လိုက်တယ်လေ။
နှောင်းလည်း ဆက်မကြည့်တော့ပဲ မီးဖိုခန်းကိုသာ ဝင်လာလိုက်တယ်။
နှောင်း ရေခဲသေတ္တာ​ဖွင့်ပီး သံပုရာသီးကိုမွှေနှောက်ရှာနေတာ မတွေ့ဘူး။ အယ် သံပုရာသီးများကုန်နေတာလား မသိဘူး။ ကြီးမြကလည်း စျေးသွားတယ်လေ။
ထိုစဥ် ဧည့်ခန်းမှာ ထိုင်နေတဲ့ ကောင်မလေးက မီးဖိုခန်းထဲဝင်လာပီး
'' ဟဲ့....ကြာလိုက်တာ ဒါလေးခိုင်းတာကို ''
''ဟို... ဒီက ညီမလေး ....သံပုရာသီး ကုန်နေလို့ တခြားဟာပဲသောက်တော့နော်....ဒီမှာနွားနို့တော့ရှိတယ်''
'' ဘာ....ကုန်နေရအောင်မဝယ်ထားဘူးလား... တကယ်ပဲ အာ့ကြောင့်ပြောပါတယ် ကိုကိုက အလုပ်သမားတွေဆို စေတနာအရမ်းထားလွန်းနေတယ်....ခုလည်းကြည့် စျေးတောင်ဖြစ်မြောက်အောင် မသွားထားဘူး''
''မဟုတ်ဘူးလေ....ကြီးမြကခုလေးတင် စျေးသွားနေတာ....ပြန်လာရင်တော့ပါလာမယ်ထင်တယ်...ညီမလေး''
''ဘာ....မင်း ငါ့ကိုညီမလေးလို့ခေါ်စရာ မလိုဘူး....မင်းအလုပ်သမားအသစ်ဆိုပီး မသိတာတော့မဖြစ်နိုင်ဘူး...ဒီအိမ်မှာငါ့ကို မမလေးလို့ပဲခေါ်ကြတာ...ခုချက်ချင်းပြင်ခေါ်လိုက်စမ်း....မသိရင်လည်းမှတ်ထား ငါက ဒီအိမ်က စက်ဧကရာဇ် နဲ့ စေ့စပ်ထားတဲ့သူပဲ ''
နှောင်း စိတ်တိုသွားတယ်။ ဒီလောက် စေတနာနဲ့ လုပ်ပေးမလို့ကို ဒင်းက ရန်လာတွေ့နေသေးတယ်။ သူ့ဘာသူ စက် နဲ့ စေ့စပ်ထားတာပဲ ဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေပါစေ.... သူနဲ့မှမဆိုင်တာကို ဘလိုင်းကြီးလာကောနေတာ။ နှောင်းရေခဲသေတ္တာတံခါးကို ဆောင့်ပိတ်လိုက်ပိီး ထိုကောင်မလေးရှေ့ကို တည့်တည့်လျှောက်သွားလိုက်တယ်။
'' ဒီမှာ... မင်း ဘာသာမင်း မမလေးမကလို့ ဘာကြီးပဲ ဖြစ်နေပါစေ ငါ့ကိစ္စမဟုတ်ဘူး။ စေတနာနဲ့ ဖျော်ပေးမလို့ပဲ ကုန်နေတာတော့ ဘာလုပ်ရမှာလဲ....အဲ့လောက်တောင်သောက်ချင်နေရင် လာကတည်းက တစ်ခါတည်းပါဆယ်ဆွဲလာ။ လူကို ဟိန်းလားဟောက်လားနဲ့ အကြီးကို ရိုသေရမှာ မင်းမိဘတွေမဆုံးမခဲ့ဘူးထင်တယ် ''
''ဘာာ.....ရှင်...ရှင်...ကဲဟယ်''
ဖြောင်း!!!!
နှောင်းကို ရိုက်လိုက်တာပါ ​ရှောင်ချိန်တောင်မရလိုက်လို့ တည့်တည့်ထိသွားတာ....စိတ်တိုလို့ တစ်ခုခု ပြန်လုပ်ဖို့ လုပ်လိုက်ချိန်...
'' ဒီမှာ...ဘာတွေဖြစ်နေကြတာလဲ!!! "
စက် အော်လိုက်တော့ သူ့လက်လေးတွန့်သွားရတယ်။ ဟိုကောင်မလေး ကြည့်လိုက်တော့လည်း ကြမ်းပြင်မှာ ခွေခွေလေးလဲကျနေတာတွေ့လိုက်တယ်။ စက်ကို မော့ကြည့်တော့လည်း ဒေါသထွက်နေပုံပဲ။ ဘေးနားက ကြီးမြလည်း သူတို့ကို ရပ်ကြည့်နေတယ်။
'' နှင်း.....သတိထားဦးလေ''
''နှောင်းသံသရာ မင်း ဘာလုပ်လိုက်တာလဲ ဟမ်...လူစိတ်မရှိဘူးလား''
''ဘာ....သူ့ဘာသာသူ လှဲကျနေတာလေ။ ငါဘာလုပ်လို့လဲ.... မင်း မမြင်ပဲနဲ့ မစွပ်စွဲနဲ့''
''ကိုကိုလားဟင်....နှင်း...နှင်းကိုလေ ဒီက အစ်ကိုက...ဟင့်''
''နှင်း...စိတ်ကို အေးအေးထားနော်.... ဆေးကောပါလား..သောက်မလား ကိုကိုရေထည့်ပေးမယ်''
''ဟုတ်ကဲ့ ''
'' မင်း...သွားတော့... ငါခုချိန် မင်းမျက်နှာကို မမြင်ချင်ဘူး....ပီးမှငါနဲ့ စာရင်းရှင်းမယ်''
စက်က ကောင်မလေးကို ပွေ့ချီပီး ထွက်သွားတယ်။ သူလည်းဘာမှမလုပ်ရသေးဘူး.... ကောင်မလေးက သူ့ဘာသာသူ လှဲကျနေတာကို ရန်လာတွေ့နေတာ။ အရိုက်ခံရတာ နှောင်းပါ.... ဘာလို့ သူ့ဘက်က မရပ်တည်ပေးပဲ ကောင်မလေးဘက်ကဝင်နာပေးနေရတာလဲ။
ဟုတ်တာပေါ့... သူနဲ့ စေ့စပ်ထားတာပဲကို ကောင်မလေးဘက်ဝင်ပြောပေးတာ ဖြစ်သင့်ပါတယ်လေ။ နှောင်း ကျချင်နေတဲ့ မျက်ရည်ကို လက်နဲ့ သပ်လိုက်ပီး အခန်းထဲကိုသာ တက်သွားလိုက်တယ်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
'' နှင်း...သက်သာရဲ့လား...ဘာလို့အိမ်လိုက်လာတာလဲ''
''ကိုကိုကလည်း... အိမ်လာလည်မယ်ပြောထားတာကို''
''နှင်းက နှလုံးရောဂါရှိတယ်လေ.... ကိုယ့်ကိုကိုယ်သတိထားမှပေါ့... ခုနက ဘာဖြစ်ကြတာလဲ ''
''ဘာမှမဟုတ်ပါဘူး ကိုကိုရယ်...နှင်းက သံပုရာရည်သောက်ချင်လို့ ဖျော်ခိုင်းမိတာပါ... အဲ့ဒါကို အဲ့အစ်ကိုက... ဟင့်''
'' နောက်ဆို တခြားသူတွေကိုပဲခိုင်းတော့ သူ့ကိုမခိုင်းနဲ့ ''
''တခြားသူ မတွေ့လို့ သူ့ကိုပဲခိုင်းလိုက်မိတာပါ။ ကိုကိုက ဘာလို့ သူ့ကို ခေါ်ထားရတာလဲ''
''သူက ကိုယ်ဝန်ရှိနေလို့လေ...''
''ကိုယ်....ကိုယ်ဝန်နဲ့.....ဘာလို့လဲ မဟုတ်မှ...''
စက် သူမအား ပြုံးပြလိုက်ပီး
'' ဘာရယ်တော့မဟုတ်ပါဘူး။ သနားလို့ ခေါ်ထားရတာပါ ...နှင်းလည်း အိမ်ပြန်နားလိုက်တော့လေ ကိုထိုက်ကို လိုက်ပို့ခိုင်းလိုက်မယ်''
'' ကိုကို လိုက်ပို့ပေးလို့မရဘူးလားဟင်''
''ကိုထိုက်နဲ့ပဲ လိုက်သွားလိုက်ပါ။ ကိုကိုရှင်းစရာ ရှိသေးတယ်''
'' ဒါပေမဲ့...''
စက် ကိုထိုက်ကို ခေါ်ပီး နှင်းကို လိုက်ပို့ခိုင်းလိုက်တယ်။
နှင်းက မပြန်ချင် ပြန်ချင်နဲ့ ပြန်သွားတယ်။ အပြင်မှာတော့ မပြပေမဲ့ စိတ်ထဲမှာတော့ မုန်တိုင်းတွေ တိုက်နေတာပေါ့။
နှင်း ထွက်သွားတော့ စက် အပေါ်ထပ်ကို စိုက်ကြည့်နေလိုက်တယ်။ ကြီးမြ တို့လည်း သခင်လေးရဲ့ အခြေအနေကို ဘာမှန်းမသိပေမဲ့ စိတ်လက်မာန်ပါ မလုပ်မိစေဖို့ ဝင်တားရတယ်။
'' ဟို...သခင်လေး...ကြီးမြ စျေးသွားနေတုန်း ဘာဖြစ်သွားမှန်းမသိပေမဲ့ စိတ်လက်မာန်ပါ မလုပ်မိစေဖို့ တိုက်တွန်းပါရစေ''
''ကျွန်တော်သိတယ်။ သူအပေါ်မှာရှိတယ်မလား''
''ဟုတ်...အစ်ကိုလေးက အပေါ်မှာပါ''
စက် အပေါ်ထပ်က အခန်းကိုသာ ဦးတည်လာလိုက်တယ်။ အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်တယ်....ပြန်ထူးမလာလို့ တံခါးကို ဆောင့်ဖွင့်ပလိုက်တယ်။
အခန်းထဲကို ဝေ့ကြည့်လိုက်တော့ နှောင်းက ကုတင်ပေါ်မှာ အိပ်ပျော်နေတယ်။ သူလည်း နှောင်းမျက်နှာကို မျက်မှောင်ကျုံ့ပီး တစ်ချက်ကြည့်လိုက်တယ်။ ငိုထားလို့ထင်တယ် မျက်ရည်စလေးတွေက မျက်တောင်နားမှာ တွဲလွဲခိုနေတယ်။
သူ ခုနက လူနာကြောင့်ထူပူပီး သေချာမကြည့်လိုက်မိဘူး.... နှောင်းရဲ့ပါးမှာ လက်ရာကြီးက ရဲလို့ လက်သည်းနဲ့​ပါ ခြစ်မိလို့ထင်တယ် အစင်းရာကြီးကလည်းရှိနေတယ်။ သွေးလေးတောင်စို့နေလိုက်သေး။
စက် သက်ပြင်းချက်မ,ချပီး ရေစို အဝတ်လေးနဲ့ ပါးလေးကို သေချာသုတ်ပေးလိုက်ကာ ဆေးထည့်ပေးလိုက်တယ်။ ကြီးကြီးမြကိုလည်း ရေခဲအိတ် ယူလာခိုင်းကာ ယောင်နေတဲ့ ပါးပြင်လေးကို တယုတယ ရေခဲကပ်ပေးနေမိတယ်။
စက် စိတ်ထဲမှာ တွေးလိုက်မိတယ်။ နောက်ခါ နှင်းကို အိမ်မလာဖို့ပဲ ပြောရလိမ့်မယ်။ စက် နှောင်းရဲ့ နဖူးလေးနဲ့ ဗိုက်ပူပူလေးကို ငုံ့နမ်းပီး အခန်းထဲမှ ထွက်လာလိုက်တယ်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
မနက်ရောက်တော့ စက်က အစောကြီး ရုံးသွားဖို့ရှိလို့ ထွက်သွားတယ်။ နှောင်း ကတော့ စက်နဲ့ မတွေ့ချင်လို့ တမင်ကို အခန်းထဲက ထွက်မလာတာ။ သူသွားတာသေချာမှ အောက်ကိုဆင်းလာတာ။
'' အစ်ကိုလေး နိုးပီလား...လာထိုင် ကြီးမြ နန်ကြီးသုတ်လေး လုပ်ပေးမယ်''
''ဟုတ်... ကြီးကြီးမြ...ဟီးXD''
'' သားလေး ဒဏ်ရာကော သက်သာရဲ့လား''
''ဟင်...ကြီးမြက ဘယ်လိုသိတာလဲ''
''သခင်လေးလေ ညကဆေးထည့်ပေးထားတာ ကြီးမြကိုလည်း ရေခဲအိတ်တွေပြင်ခိုင်းထားသေးတာ....ညီမလေးတောင် ကူလုပ်ပေးလိုက်သေးတယ်''
ဆိုပီး ကြီးမြရဲ့ တူမလေးဖြစ်သူ ကပြောလာတယ်။ နှောင်းခုမှသူ့ပါးကို ကိုင်ကြည့်မိတာ ယောင်လည်းမယောင်သလို နာကျင်တာတွေလည်းမရှိ။
''ဟုတ်လား... ငါ့ညီမလေးက အရမ်းသိတတ်တာပဲ...''
ခေါင်းလေးကို တစ်ချက်ပုတ်ပီး ပြောလိုက်တော့ ကလေးမလေးက သွားကြီးကို ဖြီးပီး သူ့အား ရယ်ပြလာတယ်။
'' ဒါနဲ့ အစ်ကိုလေးက အဲ့မမနဲ့ ဘာဖြစ်ကြတာလဲ ''
'' အင်း..ဒီတိုင်းစကားများသွားတာ''
''ညီမလေးလေ အဲ့ မမကို မကြိုက်ဘူးသိလား....အစ်ကိုလေးမသိလို့ အစ်ကိုလေးမလာခင်တုန်းကဆို နေ့တိုင်းအိမ်လာတာ.... ပီးတော့ တစ်မျိုးပီး တစ်မျိုးခိုင်းတာ... သူစိတ်တိုင်းမကျရင်လည်း ဆူသေးတယ်။
သူ့ကိုဆို ကြည့်လို့ကိုမရတာ။ အစ်ကိုလေးပဲကောင်းတယ်။ အစ်ကိုလေးမွေးလာမဲ့ ကလေးလေးကိုလည်း တွေ့ချင်လှပီ ''
'' နောက် ၃လ ဆိုရင် တွေ့ရတော့မှာလေ။ အစ်ကိုလည်းတွေ့ချင်နေပီ''
''ကဲကဲ...ဒီ မောင်နှမ နှစ်ယောက်တော့ စကားတွေကျနေတယ်ပေါ့....သားလေး နန်းကြီးသုတ်ရပီ''
''ဟုတ်...''
နှောင်း ပလုတ်ပလောင်းစားပီး လက်မလေး ထောင်ပြလိုက်တယ်။ ကြီးမြကတော့ သဘောကျ ရယ်လို့လေ။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
စက် ဒီနေ့ အရေးကြီးဆွေးနွေးစရာ ရှိလို့ ရုံးကိုစောရောက်လာလိုက်တယ်။
'' ကိုထိုက်...ဒီနေ့ မီတင်အတွက် ပြင်ဆင်ထားပေးပါ ''
'' ဟုတ်ကဲ့... ဒီအပတ်ထဲ လန်ဒန်က ကုမ္ပဏီ နဲ့ တွဲလုပ်ဖို့ စာချုပ်ချုပ်ဖို့ အစီအစဥ် ရှိသေးတယ်ဗျ....အဲ့ စာချုပ်အတွက် Boss ကိုယ်တိုင်သွားမှဖြစ်မှာ ''
''အိုကေ.... အဲ့ ကိစ္စအတွက် လိုအပ်မယ် ထင်တာတွေလည်း စီစဥ်ထားလိုက်ဦး...ဘယ်နေ့သွားရမှာလဲ''
'' ဟုတ် တဘက်ခါလောက်ဖြစ်ဖို့များတယ် Boss ''
''ကောင်းပီ မင်း လုပ်စရာရှိတာ လုပ်ထားနှင့်....''
ကိုထိုက် ထွက်သွားမှ စက် ဆုံလည် ကုလားထိုင်ကို နောက်ကျောမှီပီး မျက်လုံးလေး ပိတ်ပီး ခဏနားနေလိုက်တယ်။
တစ်အောင့်ကြာတော့ အတွင်းရေးမှူးမလေး ရဲ့ အစည်းအဝေး စလို့ရပီ လာခေါ်လို့ ထလာလိုက်သည်။
ညနေရောက်တော့ စက် အိမ်ကိုစောစော ပြန်လာဖြစ်တယ်။ အိမ်ထဲဝင်ဝင်ချင်း တံခါးနားရောက်တော့ မျက်စိရှေ့တင် လစ်ခနဲ ပြေးသွားတဲ့ အရိပ်ကလေးကိုတွေ့ရတယ်။ စက် သဘောကျ ပြုံးပီး ခေါင်းသာရမ်းနေမိတယ်။
အိမ်တွင် ကြီးမြနဲ့ တူမလေးကတော့ သူတို့သခင်လေးကို ကြည့်ပီး အံသြနေကြတယ်လေ။ စက်က ဘယ်တော့မှ မပြုံးဖူးတဲ့ သူ...အလယ်တန်းနှစ်ထဲကဆို ပိုမှန်မယ်။ ကြီးမြကတော့ ​နှောင်းရောက်လာတာကို သဘောကျနေတာ... သူနဲ့ဆို သခင်လေးလည်း စိတ်ပြောင်းလာမယ်လို့ မျှော်လင့်နေရင်းပေါ့။
''ကြီးကြီးမြ.....ကျွန်တော် နောက်နှစ်ရက်လောက်နေရင် လန်ဒန်ကို အလုပ်ကိစ္စနဲ့ သွားစရာရှိသေးတယ်။ အဲ့ဒါ ကြိုအသိပေးထားတာ''
''ဟုတ်ကဲ့ပါ သခင်လေး...စိတ်ချသာသွားပါ...အစ်ကိုလေး အတွက်ဆို ဘာမှမပူပါနဲ့''
'' ကောင်းပါပီဗျာ...ဒါဆို ကျွန်တော် သွားနားတော့မယ်.....ညစာပြင်ထားပေးပါ....အော် ဒါနဲ့ နှောင်းကော စားပီးပီလား ''
''အယ်...အစ်ကိုလေးက ခုနကမုန့်တွေစားထားသေးတယ်....မဆာသေးဘူးပြောလို့ ''
''အင်း....အာ့ဆို နှစ်ယောက်စာ ပြင်ထားပေးပါ ကျွန်တော် သူ့ကို ပီးတာနဲ့ တစ်ခါတည်းခေါ်လာလိုက်မယ်''
''ဟုတ်ကဲ့ရှင့်''
စက် မှာပီး အပေါ်ထပ်က သူ့အခန်းကိုသာ တက်သွားလိုက်တယ်။ အခန်းထဲရောက်တော့ ရေမိုးချိုး၊ အဝတ်အစားလဲ ပီး နှောင်းအခန်းထဲကိုသာလာလိုက်တယ်။
*ဒေါက် ဒေါက်
'' ဝင်ခဲ့ပါဗျ''
စက် အခန်းတံခါးဖွင့်တော့ ကုတင်ပေါ်မှာ လှဲပီး tablet ကိုကြည့်ပီး တစ်ခိခိ နဲ့ ရယ်နေသူကိုတွေ့လိုက်ရတယ်။ စက် ကုတင်နားထိလျှောက်သွားလိုက်တယ်။
နှောင်းက စက်ကိုလည်းမြင်ကော မျက်ခုံးတွန့်ချိုးပီး
'' ဘာကိစ္စ ရှိလို့လဲ''
'' ထမင်းစားဖို့လာခေါ်တာ''
''မစားဘူး''
'' မင်း ထမင်းမစားရသေးဘူးဆိုလို့ လာခေါ်တာ....သွားမယ်ထ''
''ကျစ်...မစားပါဘူးဆို.... ဒီမှာ ကိုယ့်ဘာသာကို စားစား မစားစား မင်းအပူပါလို့လား''
''မပါလည်း စားရမယ်....ငါ ကိုယ်တိုင်ချီသွားရမလား မင်းဘာသာမင်း သွားမလား ''
စက်က သူ့အယ်လ်ဖာ ဖိအားတွေနဲ့ နှောင်းကို စိုက်ကြည့်ပီး ပြောတော့.... မသွားချင်သွားချင်နဲ့ ဆောင့်အောင့်ပီး
'' ပီးရော... စားရင် ပီးတာပဲမလား...ဟွန့် ''
နှောင်းက ​ရှေ့ကနေ ကော့တော့ကော့တော့နဲ့ ခြေဆောင့်ပီး ထွက်သွားတယ်။
'' ဖြည်းဖြည်းလည်းသွားဦး...အထဲက ထွက်ကျကုန်ဦးမယ် ''
ပြောလိုက်ကော...နှောင်း သွားနေရင်းနဲ့ ​ ခြေလှမ်းက ခဏရပ်ပီး နောက်ပြန်လှည့်ကာ မျက်စောင်းနဲ့ ပစ်လိုက်တယ်။
'' ကျသွားလည်း ပြန်ကောက်လိုက်''
* ဘယ်လိုလူမှန်းမသိဘူး....သူတောင်းစား*
စက်ကတော့ နောက်မှာကျန်ခဲ့ပီး မျက်နှာတစ်ဖက်လှည့်ကာ ကြိတ်ရယ်နေလေသည်။ ပီးတော့ နောက်ကနေ အပြေးလိုက်ပီး....
'' ဟေ့... ​ခဏစောင့်ဦးလေ''
လှေကားနားလည်းရောက်ကော စက်က နှောင်း ရဲ့ ပုခုံးကိုကိုင်ကာ ကူတွဲပေးလေသည်။ သူ့ရှေ့က အနှီကောင်လေးကတော့ သူ့လက်ကို အတင်းခါထုတ်နေလေ၏။
နှစ်ဦးသား ထမင်းစားခန်းရောက်တော့ ကြီးမြက ထမင်းပွဲတွေပြင်ပီး အသင့်စောင့်နေလေသည်။
'' သားလေး...လာကြ ထိုင်....ကြီးမြ အဆင်သင့်ပြင်ပီးပီ''
''ဟုတ်..... ဘာချက်လဲဗျ''
''ချဥ်ပေါင်ဟင်းလေးရယ်၊ ဝက်သားအချိုချက်လေး၊ကြက်သားလေးလည်း ချက်ထားသေးတယ်။ သားလေး ဘာစားမလဲမသိလို့။ ပီးတော့ အစိမ်းကြော်နဲ့ ပြောင်းဖူးဟင်းရည်လေး ချက်ထားတယ်''
(ကိုယ်စားချင်တာ ကိုယ်ရေးထားတာ)
''စားကောင်းမဲ့ပုံပဲဗျ''
''ဒါနဲ့ ကြီးမြ ကော စားပီးပီလား''
''စားပီးပါပီကွယ် ''
'' ဒါဆို ကြီးမြ သွားနားလိုက်တော့လေ.... သမီးပဲစောင့်သိမ်းလိုက်တော့မယ်''
စက်ကလည်း ခေါင်းငြိမ့်ပြလိုက်တော့ ကြီးကြီးမြ လည်း သူ့အိမ်ခန်းကိုပြန်သွားလိုက်တယ်။
ကြီးကြီးမြ ရဲ့ တူမကတော့ စက်တို့ စားပွဲ နဲ့ မလှမ်းမကမ်းမှာ ထိုင်စောင့်နေလိုက်တယ်။
နှောင်း ထမင်းကို အဝတွယ်နေတာ....အစိမ်းကြော် တော့ လုံးဝကို မထိ။ စက်ကတွေ့တော့
'' အရွက်လည်းစားလေ''
ဆိုပီး သူ့ ပန်းကန်ထဲ ဟင်းတွေထည့်ပေးလိုက်တယ်။ နှောင်း လက်တွေခါပြလည်း မမှီလိုက် စက်ကထည့်ပီးသွားပီ။
'' ဟာ...မစားချင်လို့ မထိတာကို...ဘာလို့ အတင်းလာထည့်နေတာတုန်း''
''စားရမယ် အသီးအရွက်က ကျန်းမာရေးအတွက် စားပေးရမယ်''
''တော်ပီဗျာ မစားတော့ဘူး...''
ဆိုပီး ဇွန်းကိုချပီး ပန်းကန်ကိုတွန်းထုတ်လိုက်တယ်။ စက်လည်းပန်းကန်ကို နှောင်း ရှေ့ပြန်တွန်းလိုက်ပီး ချလိုက်တဲ့ ဇွန်းကိုလည်း လက်ထဲ ပြန်ထည့်လိုက်တယ်။
'' စား....မကုန်မချင်းမထနဲ့ ''
'' ဟွန့်....ပီးရော''
နှောင်းပန်းကန်ထဲက အစိမ်းကြော်ထဲမှာမှ ငရုတ်ပွတွေကို ရွေးဖယ်ပီး ဘေးမှာသပ်သပ်ပုံထားလိုက်တယ်။ ပီးတော့ ကျန်တဲ့ အရွက်တွေကို ပါးစပ်ထဲထည့်လိုက်တယ်။ ဒါတောင် အနံ့ရလို့ မျက်နှာက ဆူပုတ်နေတယ်။
စက် ထိုအမူအရာကို ထိုင်ကြည့်နေလိုက်တယ်။ နှုတ်ကလည်း ....
'' မင်း....ဟိုဘက်ဘေးနားက ပုံထားတဲ့ဟာတွေက ဘာလုပ်တာလဲ ''
'' မစားချင်လို့ဖယ်ထားတာလေ.... မကြိုက်လို့။ နောက်ခါ အရွက်စားစေချင်ရင် အဲ့ဟာကြီး မပါစေနဲ့ ဟွန့်.... ခုတောင် မကောင်းတတ်လို့စားရတာ''
'' မကြိုက်လည်း ကျန်းမာရေးလေ နည်းနည်းတော့စားလိုက်''
''နိုးပါနော်....နှောင်း တို့က မကြိုက်ရင် လုံးဝမထိဘူး...လာမကျွေး​နဲ့နော်...လုံး ဝ မ စား နိုင် ဘူး ''
နောက်ဆုံးကို တစ်လုံးချင်း ပြောပီး ထမင်းဝိုင်းက ထထွက်ကာ ပြေးတာတန်းနေတာပဲ။ စက်တောင် ဆက်ပြောမဲ့စကားတွေ ပြန်မြိုချလိုက်ရတယ်။
နှောင်း တစ်ယောက် ထမင်းစားခန်းကနေ ပြေးထွက်လာလိုက်တာ အမောတောင်စို့တယ်။
*ဟုတ်တယ်လေ မပြေးပြန်ရင်လည်း ဒင်းက အတင်းထိုးကျွေးဦးမယ်.... ယုံရတာမဟုတ်ဘူး*
နှောင်း အခန်းထဲ ပြန်ရောက်လို့ အမောဖြေနေတုန်း
*ဒေါက် ဒေါက်
''....''
*ဒေါက် ဒေါက်
*ကျွီ...(တံခါးဖွင့်သံ)
'' ဘာ....ဘာပြောစရာ ရှိသေးလို့လဲ ''
'' အထဲခဏဝင်လို့ရလား''
''ဘာ...ဘာလုပ်မို့လဲ ''
'' ရှည်ပြန်ပီ....ဖယ် အထဲရောက်မှပြောမယ်''
''ဟင်...ဟုတ်ဘူးလေ...''
စက် တံခါးကို တွန်းဖွင့်ပီး အထဲကို အတင်းဝင်သွားလိုက်တယ်။ နှောင်းက အဝ မှာ ကြောင်ပီး ရပ်ကျန်ခဲ့တယ်။
'' ဘာလုပ်နေတာလဲ လာထိုင်လေ''
''လာပီ...လာပီ ''
နှောင်း ကုတင်ပေါ်မှာထိုင်လိုက်တော့
'' လှန်....''
''ဟမ်....ဘာ...ဘာကိုလဲဟင်''
နှောင်း သူ့လက် နှစ်ဖက်ကို ယှက်ပီး ကာကွယ်တဲ့ ပုံစံလုပ်လိုက်တယ်။
'' ဘာလုပ်မလို့လဲ Rut...Rut ထပ်ဝင်နေပြန်ပီလား''
''ဘာတွေလာပြောနေတာလဲ ဒီမှာ လိမ်းပေးမလို့လေ''
စက်ရဲ့ လက်ထဲက အဆီဗူးလေး တစ်ခုကိုထောင်ပြလိုက်တယ်။
'' အဟမ်း.....ကိုယ်ဝန်သည်တွေကို ဒါမျိုးလိမ်းပေးရတယ်ဆိုလို့လေ''
'' အော်.... စောစောက ပြောပါလား...နို့... သိမှသိပဲကို ဟီးဟီး''
နှောင်း ရဲ့ ဗိုက် လုံးလုံးလေးကို လှန်ပေးလိုက်တော့ စက်ကလည်း ဆေးဗူး​လေးကို ဖွင့်ပီး တယုတယ လိမ်းပေးလိုက်တယ်။
'' ဒါနဲ့ အဲ့ဒါလိမ်းရမယ်လို့ ဘယ်သူပြောတာလဲ ''
''ဗိုက်ကြော ပြတ်တာတွေ ဖြစ်မှာဆိုးလို့ လိမ်းပေးတာ....စေတနာနဲ့နော်...နောက်နေ့လည်း လာလိမ်းပေးမယ်....မင်းရဲ့ လျှာရှည်တာလေးတွေ နည်းနည်းလျော့''
''ဟွန့်...ဘယ်သူကလည်း ရှည်အောင်လုပ်နေတာလဲ ''
ဟု တိုးတိုးသာသာရေရွတ်လိုက်တယ်။
'' ဟေ့ ဟေ့....ငါကြားတယ်နော်''
''ကြားသွားတာလား ဟဲဟဲ ''
''ငါ နောက်၂ရက်နေရင် အလုပ်ကိစ္စ နဲ့ ခရီးသွားစရာ ရှိသေးတယ်။ တစ်ပတ်လောက်တော့ ကြာနိုင်တယ်။ မင်းဆေးရုံ သွားပြရမှာဘယ်နေ့လဲ''
''နောက် အပတ် သောကြာမှ သွားရမှာ''
''အော်... အာ့ဆိုတော့ မှီလောက်ပါတယ်....အချိန်မှီပြန်လာဖြစ်ရင် လိုက်ခဲ့ပေးမယ်လေ''
စက်က သူ့ကို မကြည့်ပဲ ဗိုက်လေးကို ဆေးတွေနှံ့အောင် ပွတ်ပေးရင်းဆိုတယ်။ နှောင်းလည်း စက်ရဲ့ စကားကို ကြားတော့ စိတ်ထဲမှာ ဘယ်လို ဝမ်းသာလို့ဝမ်းသာသွားမှန်းမသိ ဖြစ်သွားကာ...
'' တကယ်....တကယ်လိုက်ခဲ့ပေးမှာလား.... ငါ တစ်ယောက်တည်း မသွားချင်တာနဲ့ အတော်ပဲ.... ပြောပီးစလစ်နော်။ နောက်မှပြန်မပြင်ကြေး ''
စက် 'အင်း' တစ်လုံးတည်းပြောကာ ခေါင်းငြိမ့်ပြလိုက်တယ်။
ဆေးလိမ်းပီး ခဏကြာတော့ နှောင်းရဲ့ မျက်လုံးလေးတွေ ​မှေးစင်းလာလို့ အိပ်ပျော်သွားလေသည်။ စက် သူ့ရှေ့က ကောင်လေးရဲ့ နဖူးလေးနဲ့ ဗိုက်လေးကို အနမ်းပေးပီး.... သူလည်း ဘေးနားဝင်လှဲလိုက်တယ်။
'' Good night My Omega''
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Story 5 Completed.....yayyy😆
​ရှောင်ဟုန်လည်း ငရုတ်ပွကြီး မကြိုက်ဘူး။ နံလို့ 😁
ဆေးလိမ်းတာကတော့ ရှိကောင်းရှိမယ်ထင်တာပဲ သေချာတော့ မသိဘူး ရမ်းရွှီး
နောက်အပိုင်း နည်းနည်း ရက်စက်မယ် 😁
Love u all 💛💛💛
2.2.2022
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Zawgyi
................
''ဟက်.....ဒါတော့မင်းသဘောလေ''
''အဲ့တော့...''
''........''
''.....''
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Flash Back>>>
''ok''
လီယိုကလည်း အဲ့တော့မှ...
''အင်း....ကောင်းသားပဲ''
''အေးအေး...ဂရုစိုက်သွား''
'' ကိုစက်...လာလေ''
''မမကလည်း...''
''ဟုတ်ကဲ့ ကိုကို''
''အင့်...''
''ပြွတ်စ်''
''အင်း....''
Flash Back End>>>
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
''တီ...တီ''
''ဟိုတစ်ယောက်.....''
''ဗျာ....အော် ဟုတ်ဟုတ်''
'' ဘာ....ကုန်နေရအောင်မဝယ်ထားဘူးလား... တကယ်ပဲ အာ့ကြောင့်ပြောပါတယ် ကိုကိုက အလုပ်သမားတွေဆို စေတနာအရမ်းထားလွန်းနေတယ်....ခုလည်းကြည့် ဈေးတောင်ဖြစ်မြောက်အောင် မသွားထားဘူး''
''မဟုတ်ဘူးလေ....ကြီးမြကခုလေးတင် ဈေးသွားနေတာ....ပြန်လာရင်တော့ပါလာမယ်ထင်တယ်...ညီမလေး''
''ဘာာ.....ရှင်...ရှင်...ကဲဟယ်''
ဖြောင်း!!!!
'' နှင်း.....သတိထားဦးလေ''
''ဟုတ်ကဲ့ ''
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
'' ဒါပေမဲ့...''
'' ဟို...သခင်လေး...ကြီးမြ ဈေးသွားနေတုန်း ဘာဖြစ်သွားမှန်းမသိပေမဲ့ စိတ်လက်မာန်ပါ မလုပ်မိစေဖို့ တိုက်တွန်းပါရစေ''
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
''ဟုတ်... ကြီးကြီးမြ...ဟီးXD''
''ဟုတ်...''
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
''ဟုတ်ကဲ့ရှင့်''
*ဒေါက် ဒေါက်
'' ဝင်ခဲ့ပါဗျ''
'' ဘာကိစ္စ ရှိလို့လဲ''
''မစားဘူး''
'' ဟေ့... ​ခဏစောင့်ဦးလေ''
''ဟုတ်..... ဘာချက်လဲဗျ''
''စားကောင်းမဲ့ပုံပဲဗျ''
''စားပီးပါပီကွယ် ''
'' အရွက်လည်းစားလေ''
'' စား....မကုန်မချင်းမထနဲ့ ''
'' ဟွန့်....ပီးရော''
*ဒေါက် ဒေါက်
''....''
*ဒေါက် ဒေါက်
*ကျွီ...(တံခါးဖွင့်သံ)
'' အထဲခဏဝင်လို့ရလား''
''ဘာ...ဘာလုပ်မို့လဲ ''
''ဟင်...ဟုတ်ဘူးလေ...''
''လာပီ...လာပီ ''
'' လှန်....''
''ဟမ်....ဘာ...ဘာကိုလဲဟင်''
'' ဟေ့ ဟေ့....ငါကြားတယ်နော်''
''ကြားသွားတာလား ဟဲဟဲ ''
'' Good night My Omega''
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Love u all 💛💛💛
2.2.2022
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Continue Reading
You'll Also Like
732K 42.5K 53
ကျွန်တော့်ထက်အသက်ကြီးတဲ့ဦးကို ပါပါးလို့ပဲခေါ်ချင်တယ်
337K 11.7K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...