Venus(Completed)

Por HninPhyo353

109K 16.3K 1.3K

သိပ္လွတဲ့ ေရွာင္းက သူ ႀကီးစိုးရာ Venusလိုမ်ိဳး..... သိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး..... Mais

ေနစၾကာ၀ဠာထဲရိွ တစ္ဦးတည္းေသာ အလွေလး(နေစကြာဝဠာထဲရှိ တစ်ဦးတည်းသော အလှလေး)
ေရ႔ျွဖစ္ေဟာက တကယ္ျဖစ္လာခဲ့ၿပီလား(ရှေ့ဖြစ်ဟောက တကယ်ဖြစ်လာခဲ့ပြီလား)
ၿဂိဳဟ္ျပာျပာမွ အရူး(ဂြိုဟ်ပြာပြာမှ အရူး)
{ရိေပၚအတြက္ေတာ့ အႏၲရာယ္ေကာင္ေလး}ရိပေါ်အတွက်တော့ အန္တရာယ်ကောင်လေး
ဒါအိမ္ေပၚက ဆင္းတာလား(ဒါအိမ်ပေါ်က ဆင်းတာလား)
ရင္ခုန္ျခင္း အစ(ရင်ခုန်ခြင်း အစ)
မင္းက လွတယ္(မင်းက လှတယ်)
သဝန္တိုတယ္ ဆိုမလား(သဝန်တိုတယ် ဆိုမလား)
ခ်စ္ခြင့္ပန္ျခင္း(ချစ်ခွင့်ပန်ခြင်း)
အခ်စ္ည(အချစ်ည)
ကေလးအေဖ ျဖစ္ၿပီ(ကလေးအဖေ ဖြစ်ပြီ)
သိပ္ဆိုးတဲ့ ေရွာင္း(သိပ်ဆိုးတဲ့ ရှောင်း)
ဝမ္ေပါက္စေလးအား ေမြးဖြားျခင္း(ဝမ်ပေါက်စလေးအား မွေးဖွားခြင်း)
ခမည္းေတာ္က ျပန္လာေခၚျခင္း(ခမည်းတော်က ပြန်လာခေါ်ခြင်း)
တစ္ေယာက္ကိုေရြး(တစ်ယောက်ကိုရွေး)
သူ ျပန္လာတာလား(သူ ပြန်လာတာလား)
တကယ့္ငတံုးက သူ,မဟုတ္ဘူး(တကယ့်ငတုံးက သူ,မဟုတ်ဘူး)
သူ႔ဘက္ ကိုယ့္ဘက္(သူ့ဘက် ကိုယ့်ဘက်)
အမွန္တိုင္း ေျပာခဲ့ဖူးတာမ်ား ရိွသလား(အမှန်တိုင်း ပြောခဲ့ဖူးတာများ ရှိသလား)
က်င္းရွင္း?(ကျင်းရှင်း?)
ကယ္တင္ျခင္း(ကယ်တင်ခြင်း)
စိတ္ခ်လက္ခ် ထားခဲ့ၿပီ(စိတ်ချလက်ချ ထားခဲ့ပြီ)
သံသရာအဆက္ဆက္မွာ(သံသရာအဆက်ဆက်မှာ)

ၿဂိဳဟ္တစ္ခုတည္းမွာ အတူတူ(ဂြိုဟ်တစ်ခုတည်းမှာ အတူတူ)

3.6K 658 54
Por HninPhyo353

ယာဥ္ပ်ံတစ္စီးသည္ Venus၏ နန္းေတာ္ထက္၌
ပ်ံဝဲလို႔ေနသည္။Venus ၿဂိဳဟ္သားတို႔သည္
နန္းေတာ္အျပင္ဘက္၌ ရပ္ေနခဲ့ၾကၿပီး တစ္စံု
တစ္ခုကို ေစာင့္စားေနၾကဟန္။ယာဥ္၏ တံခါး
ပြင့္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ ျဖဴေဖ်ာ့ေနေသာ
ပံုရိပ္ေလးသည္ ရုတ္ခ်ည္း ေပၚလို႔လာသည္။

ယာဥ္ထဲမွ တစ္လွမ္းခ်င္းထြက္လာသည့္
ေရွာင္းက်န္႔ကို အားလံုးက ေမ်ွာ္လင့္တႀကီး
ေစာင့္စားေနၾကသည္။ေန့ခ်င္း၊ညခ်င္း
Marsက လာသိမ္းၿပီး ၿဂိဳဟ္နတ္မင္းႏွင့္
သားေတာ္အား ဖမ္းေခၚသြားျခင္းအေပၚ
သူတို႔အားလံုး ဘာသတင္းမွ ေရေရရာရာမသိရ။

ယခုျပန္လာေသာ အိမ္ေရ႔ွစံသည္ သူတို႔အတြက္
သတင္းတစ္ခ်ိဳ႕ကို ယူေဆာင္လာေပးလိမ့္မည္ဟု
ယံုၾကည္ေနၾကသည္။

"အိမ္ေရ႔ွစံ။နတ္မင္းေရာ...ၿပီးေတာ့ ဘာေတြ
ျဖစ္ကုန္တာလဲ။Marsရဲ့ တပ္သားေတြကလည္း
မျပန္ၾကဘူး။ကြၽန္ေတာ္တို႔ၿဂိဳဟ္  ထပ္အသိမ္း
ခံရတာလား"

ကမူးရႉးထိုး ေမးလာသည့္ Venus၏ တပ္သား
စကားမွာ ေရွာင္းက်န္႔၏ မ်က္ဝန္းေသတို႔ကား
အနည္းငယ္ အသက္ဝင္လာသည္။ထို႔ေနာက္
မလွမ္းမကမ္းမွာ ေစာင့္ၾကပ္ေနသည့္ Mars
တပ္သား တစ္ခ်ိဳ႕ကို လွမ္းၾကည့္ရင္း ငိုင္က်သြားကာ

"ခဏေနရင္ ျပန္ၾကားေရး အဖြဲ႔ကေနတစ္ဆင့္ ေၾကာ္ျငာစာ ထုတ္ေပးမယ္။"

ထိုမ်ွသာ ေျပာၿပီး ေရွာင္းက်န္႔တစ္ေယာက္
နန္းေဆာင္ထဲ ေလ်ွာက္ဝင္သြားေတာ့သည္။
ခမည္းေတာ္ ျပန္မပါလာသည့္အေပၚ ေမးခြန္း
ထုတ္ခ်င္ေနၾကသည့္ မ်က္ဝန္းမ်ားအား မနည္း
ေက်ာ္ျဖတ္ခဲ့ၿပီး ေနာက္မွာေတာ့ သူ႔အိပ္ခန္းထဲ
ေရာက္ခဲ့ေလၿပီ။

တံခါးမႀကီးကို ပိတ္ရင္း ေရွာင္းက်န္႔ တစ္ေယာက္ ထိုေနရာမွာတင္ ဒူးႏွစ္ေခ်ာင္းအား
ပိုက္လ်ွက္ ထိုင္ခ်မိလိုက္ေတာ့သည္။
မ်က္ေတာင္ပင္ မခတ္ေတာ့ေသာ သူ႔မ်က္ဝန္း
တို႔သည္ ခ်က္ခ်င္းရဲစက္လို႔လာၿပီး အသက္မဲ့စြာ
ရိွေနသည္။မ်က္ရည္တို႔ ဘယ္ေလာက္ပဲ
စီးက်လာပါေစ ငိုလို႔ငိုေနမွန္းပင္ ေရွာင္းက်န္႔မသိ။

သူ႔မွာ ဘာမွမက်န္ေတာ့ေပ။ထိုအရာေတြအေပၚ
ႏွေမ်ာတသ ျဖစ္ျခင္းမဟုတ္ပါဘဲ ယူက်ံဳးမရ
ခံစားခ်က္တို႔သာ ခံစားရသည္။ေရွာင္းက်န္႔သာ
တစ္ခ်ိဳ႕ေသာ အသိုင္းအဝိုင္းက သတ္မွတ္ထားသည့္ စံႏႈန္းေတြအေပၚ ဂရုစိုက္မေနခဲ့ဘူးဆို
ယခုလို အေျခအေနမ်ိဳးႏွင့္ ႀကံဳရမွာမဟုတ္။
နည္းနည္းေလး သတၲိရိွလိုက္ရံုျဖင့္ အရာရာ
အဆင္ေျပသြားႏိုင္သည္။

အခုေတာ့....သူ တန္ဖိုးထားရသည့္ Venusေရာ၊
သူေလးစားခဲ့ရသည့္ ခမည္းေတာ္ကိုေရာ၊
သူ သိပ္ခ်စ္ရသည့္ ရိေပၚႏွင့္ သားေလးကိုေရာ
အားလံုးကို ဆံုးရႈံးခဲ့ရသည္။

စူးက်ဥ္လာသည့္ ႏွာထိပ္ဖ်ားတို႔ႏွင့္အတူ
ဝင္ေလ ထြက္ေလတို႔သည္ ျမန္ဆန္လို႔လာသည္။
အသက္ရႈ၍ မဝေတာ့ေသာ ခံစားခ်က္သည္
ေရွာင္းက်န္႔ နည္းနည္းေလာက္ ေအာ္ငိုလိုက္လ်ွင္
သက္သာေပလိမ့္မည္။သို႔ေပမဲ့...

Venus၏ အိမ္ေရ႔ွစံသည္ ခမ္းနားေသာ
အေဆာင္ေတာ္ႀကီးထဲ အသံမထြက္ေအာင္
ရိႈက္ငိုေနခဲ့ပါသည္။

__________________

"သားေတာ္...ဒီမွာ အုပ္ခ်ဳပ္ခြင့္စာ က်လာတယ္။"

​Marsနတ္မင္း ဝမ္လံုသည္ Jupiterနတ္မင္း
ထံမွ လက္ခံရရိွေသာ အုပ္ခ်ဳပ္ခြင့္စာအား
ရိေပၚထံ တိုးေပးလာသည္။အျဖဴေရာင္
ေပၚမွာမွ အေရာင္ေဖ်ာ့ေဖ်ာ့တစ္ခ်ိဳ႕အား
ေရာကာေမႊေနွာက္ထားသလိုမ်ိဳး ပံုစံႏွင့္
သဝဏ္လႊာေလးအား ၾကည့္ရင္း ရိေပၚ အတန္ၾကာ ဆိတ္ေနမိသည္။

"ေရွာင္းက်န္႔က ေစာ္ေအာ္ေလးကို Venusရဲ့
ဆက္ခံသူအျဖစ္ တင္ေျမႇာက္ထားၿပီးသားလို႔
ေရွာင္းဝုက ေျပာတယ္။ဆိုေတာ့ ေစာ္ေအာ္ေလး
အရြယ္မေရာက္ခင္အထိ သားက Venusကို
ထိန္းခ်ဳပ္ရမဲ့ သေဘာမွာ ရိွေနတယ္။ၾကားထဲ
တစ္ခုခုထူးျခားရင္ေတာ့ ေရွာင္းက်န္႔က
ဆက္ခံသူျပန္ျဖစ္ႏိုင္မွာေပါ့"

ရိေပၚမ်က္ႏွာက ေရွာင္းဝုနာမည္ၾကားသည္ႏွင့္
အနည္းငယ္မ်ွ ခက္ထန္လို႔သြားသည္။သူ႔သား
ေစာ္ေအာ္ေလးသည္ Venus၏ ဆက္ခံသူ
ျဖစ္ေနမွန္း သူကိုယ္တိုင္လည္းမသိ။ဘယ္တုန္းက ေရွာင္းက်န္႔ အဲ့လို လုပ္သြား
ရတာလဲ....ၿပီးေတာ့ ဘာ့ေၾကာင့္လဲ..

"ေရွာင္းဝုက ေစာ္ေအာ္ကို သတ္ဖို႔ေတာင္
ႀကိဳးစားခဲ့တာေလ။ၿပီးေတာ့ ေရွာင္းက်န္႔လို
အတၲသမားက သာမာန္လူတစ္ေယာက္နဲ႔
ရတဲ့ကေလးကို ဆက္ခံသူေနရာ ေပးမယ္
ထင္လို႔လား။Marsအိမ္ေရ႔ွစံရဲ့ ေသြးသားမွန္း
သိခါမွ အကြက္ေရႊ့ေနၾကတာလား မသိႏိုင္ဘူး"

"အဲ့တာေတာ့ ခမည္းေတာ္ မသိဘူး။က်င္းရွင္း
ေက်ာက္ရဲ့ အစြမ္းကို သူတို႔ Venus
ၿဂိဳဟ္သားေတြမွ မဟုတ္ရင္ က်န္တဲ့
ဘယ္ၿဂိဳဟ္သားကမွ မျမင္ႏိုင္ဘူး။တစ္ျခားၿဂိဳဟ္သား လက္ထဲေရာက္သြားရင္ အလွေက်ာက္
တစ္လံုး သာသာပဲ"

ရိေပၚ စိတ္ရႈပ္စြာ စုတ္သပ္မိေတာ့သည္။
ဒီကိစၥက ေရွာင္းက်န္႔ႏွင့္ ေသခ်ာေတြ့ၿပီး
ေမးမွ ရေတာ့မည္ပင္။

"ကြၽန္ေတာ္ ေရွာင္းက်န္႔နဲ႔ ေတြ့လိုက္မယ္"

"အခုမသြားနဲ႔ၪီး။သားေတာ္က Venusမွာ
အေျခခ် ေနရေတာ့မွာပဲဟာ။သြားလိုက္ျပန္လိုက္
ျဖစ္ေနၪီးမယ္"

ခမည္းေတာ္ စကားေၾကာင့္ ရိေပၚ ေလာေနသည့္
စိတ္တို႔အား ခ်ဳပ္တီးလိုက္ရသည္။
ေရွာင္းက်န္႔ႏွင့္ ေတြ့လ်ွင္ ေသခ်ာေပါက္
ေက်ာက္အစြမ္းကိုသံုးၿပီး ေစာ္ေအာ္ေလးက
Venusအိမ္ေရ႔ွစံ ဟုတ္မဟုတ္ကို သက္ေသ
ျပခိုင္းမည္။

မဟုတ္ခဲ့လ်ွင္ ေရွာင္းဝုျပစ္ဒဏ္က လိမ္လည္
လွည့္ဖ်ားျခင္းပါ ထပ္တိုးေတာ့မည္။
ဟုတ္ခဲ့လ်ွင္ေတာ့....ဘာလို႔ အဲ့လိုလုပ္ခဲ့ရလဲ
ေသခ်ာ စစ္ေမးမွ ျဖစ္ေတာ့မည္။

___________________

"ဒီေန့ Marsအိမ္ေရ႔ွစံ လာမွာပါအရွင့္သား။
ၿပီးေတာ့..."

အတိုင္ပင္ခံအမတ္ႀကီးသည္ ေရွာင္းက်န္႔
မ်က္ႏွာ အရိပ္အေျခအားၾကည့္ၿပီး ဆက္ေျပာသင့္ မေျပာသင့္ေတြေဝေနသည္။အတန္ၾကာမွ...

"Marsအိမ္ေရ႔ွစံက Venusအုပ္ခ်ဳပ္ခြင့္ကို
ရထားပါတယ္။သူ ဒီမွာ ေနမယ္လို႔ေျပာတယ္"

ေတြးထားၿပီးသား ကိစၥေတြမို႔ ေရွာင္းက်န္႔
အထူးတလည္ စိတ္ဝင္စားမေနေတာ့ပါ။
ထိုအစား ....

"သူ႔ဖို႔ ခမည္းေတာ္ရဲ့ နန္းေဆာင္ကို ေပးလိုက္ပါ"

"အရွင့္သားကေရာ?"

ေမးမိလိုက္ၿပီးခါမွ အတိုင္ပင္ခံအမတ္ႀကီးသည္
သူ႔စကား မွားသြားမွန္း သိေတာ့သည္။
အၿမဲတမ္း ငိုင္ေတြေငးေမာေနသည့္ ေရွာင္းက်န္႔သည္ ယခုတစ္ခါလည္း ၾကမ္းကိုသာ ေပါက္ထြက္ မတတ္ၾကည့္ေနၿပီး

"ကြၽန္ေတာ္က နန္းက်သြားၿပီမလို႔ အေနာက္ဘက္
အေဆာင္မွာပဲ ေနလိုက္ေတာ့မယ္"

အေဆာင္ေတာ္ထဲမွ သူထြက္သည္ႏွင့္ အားလံုး၏
စိတ္ပ်က္သလို အၾကည့္မ်ားကို ခ်က္ခ်င္း
လက္ခံရသည္။သူတို႔မ်က္ဝန္းထဲတြင္
ေရွာင္းက်န္႔သည္ အားကိုးမရသည့္ ေမာက္မာေသာ အိမ္ေရ႔ွစံတစ္ေယာက္သာသာပင္။

ဒီလိုအၾကည့္ေတြကို သူမေၾကာက္ေပမဲ့
အနည္းငယ္ေတာ့ ဝမ္းနည္းရသည္။သူဘာလို႔
အသံုးမဝင္တဲ့ အေတြးေတြနဲ႔ မ်ိဳးႏြယ္ကို
ကာကြယ္မယ္ဆိုၿပီး ႀကံဳးဝါးခဲ့လဲ ေတြးပင္
မေတြးခ်င္ေတာ့။

ေရွာင္းက်န္႔၏ ေျခလွမ္းတို႔သည္ တျဖည္းျဖည္း
အေဆာင္ေနာက္ဘက္ဆီသို႔ ၪီးတည္သြားသည္။
တိတ္ဆိတ္ၿငိမ္သက္ေနေသာ အေနာက္ဘက္
အေဆာင္သည္ နန္းေတာ္ႀကီးႏွင့္ အေတာ္မ်ွ
အလွမ္းေဝးၿပီး မည္သည့္ အေစခံမွလည္း
မရိွ။မီးေတာင္မ်ားဆီမွ အသံတစ္ခ်ိဳ႕ကိုသာ
ခပ္သဲ့သဲ့ေလး ၾကားရတတ္သည္။

"အဆင္ေျပသြားမွာပါ..."

ပထမဆံုး ကိုယ့္ကိုယ္ကိုယ္ အားေပးစကား
ေျပာမိျခင္းပင္။အဆင္ေျပတာေတြ
မျဖစ္ႏိုင္ေတာ့ဘူးဆိုတာ သိေနတာေတာင္မွေပါ့။

__________________

ေမ်ာလြင့္ေနေသာ ၾကယ္စုၾကယ္ေဝးမ်ားၾကားထဲ
အျမန္ႏႈန္းတစ္ခုႏွင့္ ပ်ံသန္းလာေသာ
ယာဥ္အစီးေပါင္း ေျမာက္မ်ားစြာ။ခပ္ျပားျပား
သ႑ာန္ေဆာင္သည့္ ထိုယာဥ္ေတြအနက္
ေရ႔ွမွၪီးေဆာင္လာေသာ အျဖဴေရာင္ယာဥ္
တစ္စီးက ေနာက္ပါးမွ ယာဥ္ေပါင္းမ်ားစြာကို
ေနစၾကာဝဋာ၏ တစ္ေနေနရာဆီ ၪီးေဆာင္
ေခၚသြားသည္ကိုေတာ့ ၾကည့္ရံုႏွင့္သိႏိုင္သည္။

ထိုယာဥ္ေပါင္းမ်ားစြာ၏ ၪီးတည္ရာက
ေနကိုၪီးတည္လွည့္ပတ္ေနေသာ ဒုတိယပတ္လမ္းမွ Venusၿဂိဳဟ္ဆီသို႔။

ထူထဲၾကပ္သိပ္ေနေသာ တိမ္တိုက္မ်ားထဲ
တိုးဝင္ေပ်ာက္ကြယ္ၿပီး အတန္ၾကာခ်ိန္မွာေတာ့
Venusၿဂိဳဟ္၏ ပူျပင္းစိတ္ပ်က္စရာေကာင္းေသာ ၿဂိဳဟ္မ်က္ႏွာျပင္ကို ျမင္ေတြ့ရသည္။ထို႔အျပင္ သူတို႔အလာကို အသင့္ေစာင့္ဆိုင္းေနၾကေသာ Venus ၿဂိဳဟ္သူ ၿဂိဳဟ္သားမ်ား။

ေျမေပၚရွပ္ေျပးသြားေသာ ယာဥ္ေပါင္းမ်ားစြာကို
လိုက္ေငးၾကည့္ေနေသာ ၿဂိဳဟ္သားေတြ၏
မ်က္ဝန္းထဲမွာ ေျပာျပမရေသာ ေမ်ွာ္လင့္ျခင္းတို႔
ပါဝင္သည္။သူတို႔ၿဂိဳဟ္ ၿငိမ္းခ်မ္းေရးႏွင့္
အသစ္ထြက္ေပၚလာမည့္ နန္းေသြးမ်ိဳးဆက္ကိုလည္း ရင္ခုန္လ်ွက္။

အရင္က စၾကာဝဋာထဲ ကူးလူးသြားလာေနတဲ့
သူတို႔Venusေပၚက ၿဂိဳဟ္သားေတြက အခုေတာ့
ဒီၿဂိဳဟ္ထဲကေန တစ္လွမ္းမွမခြာရဲေလာက္ေအာင္
ျဖစ္ေနရသည္။ဒါVenusၿဂိဳဟ္ကို ထိန္းသိမ္းဖို႔
နတ္မင္းေနရာကိုဆက္ခံမည့္သူကိုက အသံုးမက်လို႔ အခုလိုေတြ ျဖစ္ကုန္ရတာ။

လြန္ခဲ့တဲ့ ႏွစ္ေတြကတည္းက Venusၿဂိဳဟ္ဟာ
ကံဆိုးမိုးေမွာင္က်ေနခဲ့တာ အခုထိပင္။
ၿဂိဳဟ္တစ္ခုလံုး အသိမ္းခံရလို႔ အသက္လုေျပးခဲ့ရသည့္ ဘဝမွလြတ္ျပန္ေတာ့ ၿဂိဳဟ္ထဲမွာပင္
ေျခခ်ဳပ္တာ ထပ္ခံရျပန္သည္။တင္ေျမႇာက္ထားသည့္ အိမ္ေရ႔ွစံ၏ အသံုးမက်ပံုင
အင္အားႀကီးသည့္ တစ္ျခားၿဂိဳဟ္ကနတ္မင္းေတြ အႏိုင္က်င့္တာ ဘယ္အခ်ိန္ထိ ဆက္ခံေနရၪီးမွာလဲဟုေတြးလိုက္တိုင္း စိတ္မေအးျဖစ္ရသည္။
စြမ္းေဆာင္ရည္မရိွေသာ Venus၏ ဆက္ခံသူသည္
အရင္က မာနေခါင္ခိုက္ကာ အၿမဲတည္တင္းထား
တတ္ေသာ မ်က္ႏွာဖံုးအား မိႈင္ေတြေနေသာ
မ်က္ႏွာေပးျဖင့္ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ခြာခ်ျပလာခဲ့သည္။ဘယ္သူကမွ
ကိုယ့္ၿဂိဳဟ္ရဲ့ အႀကီးအကဲကို ငိုင္ေနသည့္
အသံုးမက်ေသာသူမ်ိဳး မလိုခ်င္ပါ။ထိုအစား
ေနနတ္မင္း၏ အမိန္႔ႏွင့္ ၿဂိဳဟ္၏ ၿငိမ္းခ်မ္းေရးကို
ၪီးစားေပးကာ Marsအိမ္ေရ႔ွစံ အုပ္ခ်ဳပ္တာ
ခံလိုက္ေတာ့မည္။

ယာဥ္ေတြရပ္ဆိုင္းသြားၿပီး မၾကာခင္မွာပင္
ၪီးေဆာင္လာသည့္ ယာဥ္တစ္စီး၏ တံခါးသည္
ရွဲ ခနဲအသံေပးလို႔ ပြင့္ဟလာသည္။ထို႔ေနာက္
မွာေတာ့ အရိွန္အဝါတစ္ခုႏွင့္ တစ္စံုတစ္ေယာက္ကို ခ်က္ခ်င္းျမင္ေတြ့လိုက္ရၿပီး ထိုသူ၏
မ်က္ဝန္းတို႔က သူ႔ေရ႔ွမွာျပားေနေအာင္
ဝပ္တြားထားရေသာ ၿဂိဳဟ္သူၿဂိဳဟ္သားေတြကို
မ်က္လံုးေဝ့ကာ ၾကည့္သည္။တစ္လွမ္းခ်င္း
ေလ်ွာက္လွမ္းလာသည့္အခါ ထိုေျခလွမ္းတစ္ခ်က္တိုင္းစီမွာ ပဲ့တင္သံေတြၾကားရေလာက္သည္အထိ တိတ္ဆိတ္လ်ွက္။

"Marsအိမ္ေရ႔ွစံကို တခမ္းတနားမႀကိဳဆိုတာ
နည္းနည္းေတာ့ စိတ္ပ်က္စရာ
ေကာင္းတယ္မထင္ဘူးလား Venusအိမ္ေရ႔ွစံ"

ၾသရွေသာအသံက တစ္သမတ္တည္းဆိုေပမဲ့
ေဒါသအရိွန္တို႔ကေတာ့ ကိန္းေနသည္မွာ
ေၾကာက္မက္ဖြယ္ရာျဖစ္သည္။လက္တစ္ဖက္ကို
ေနာက္ပစ္လို႔ ဟန္ပါပါရပ္ေနသည့္ Mars
အိမ္ေရ႔ွစံက သူ႔ေျခရင္းေဘးနားမွာ ၿငိမ္သက္စြာ
ေခါင္းငံု႔ဝပ္တြားေနေသာ တစ္စံုတစ္ေယာက္အား မ်က္လံုးေစြလို႔ၾကည့္ရင္း ....

"အသက္မရွင္ခ်င္ေတာ့ဘူးနဲ႔တူတယ္"

စကားသံအဆံုး ျဖန္႔ခ်လိုက္ေသာ လက္ဖဝါးက်ယ္ႀကီးတစ္ဖက္။ျဖာထြက္သြားသည့္ အျဖဴေရာင္ အေငြ့တန္းေတြက ႏႈတ္ဆိတ္ေနသည့္
ထိုလူ႔လည္ပင္းကို သြားရစ္ပတ္ၿပီး ခဏခ်င္းမွာပင္ ႏူးညံ့လွပေသာေယာက်ၤားဆန္သည့္
မ်က္ႏွာေလးတစ္ခု ေပၚလြင္လာသည္အထိ
အတင္းအၾကပ္ ဆြဲေမာ့တာခံလိုက္ရသည္။

လည္ပင္းမွတင္းၾကပ္မႈေၾကာင့္ ခံစားရသည့္
ေဝဒနာတစ္ခ်ိဳ႕ကို လက္ေထာက္ထားမိသည့္
ေျမစိုင္ခဲေတြအား အားကိုးတႀကီး ဖ်စ္ၫွစ္ရင္း
ေျဖေလ်ာ့ယူရသည္။နဖူးထက္မွ အေၾကာစိမ္းေတြ ေထာင္လို႔လာၿပီး နီရဲစိုေသာ ႏႈတ္ခမ္းေလးဟာ တဆတ္ဆတ္တုန္ရီစြာ။

ထိုျမင္ကြင္းကို စိုက္ၾကည့္ေနသည့္ ရိေပၚက စိတ္ပ်က္သလိုစုတ္သပ္ရင္း
စြမ္းအားေတြကို ျပန္ရုတ္သိမ္းလိုက္သည္။
အားေလ်ာ့ကာ လဲက်ေတာ့မလို ျဖစ္သြားေသာ
ခႏၶာကိုယ္ကို အတင္းျပန္ထိန္းရင္း Venus
အိမ္ေရ႔ွစံတစ္ေယာက္အေနႏွင့္ ေတာင္းပန္
စကားတို႔ကို စတင္သံေတာ္ၪီးတင္ရေတာ့သည္။

"တာဝန္မေက်မႈအတြက္ ေတာင္းပန္ပါတယ္။"

"ငါကိုယ္ေတာ္ရဲ့ အေဆာင္ေတာ္က ဘယ္မွာလဲ။"

ေရွာင္းက်န္႔တစ္ေယာက္ ခပ္ေျဖးေျဖးထရင္း
ရိေပၚအား အသာေမာ့ၾကည့္လိုက္မိသည္။

"ကြၽန္ေတာ္ ေသခ်ာျပင္ဆင္ေပးထားပါတယ္။
ဒီဘက္ကို ႂကြပါ."

ဝတ္ရံုရွည္ႀကီးႏွင့္ ရိေပၚက ဝံ့ႂကြားစြာ ၪီးေဆာင္
ထြက္သြားသည္။သူ႔အေနာက္မွ ၿဂိဳဟ္သားတစ္ခ်ိဳ႕ ကပ္ပါလာမွန္းသတိျပဳမိသည့္အခါ
သူ႔ေျခလွမ္းတို႔ကိုရပ္ရင္း...

"ငါကိုယ္ေတာ္ကို Venusအိမ္ေရ႔ွစံ လိုက္ပို႔လို႔
ရတယ္။မင္းတို႔က ကိုယ့္တာဝန္ကိုယ္ ယူၾကေတာ့"

Marsတပ္သားတို႔သည္ နာခံစြာ အေနာက္ဆုတ္
သြားၾကသည္။ရိေပၚ သူ႔ေဘးမွ ေရွာင္းက်န္႔အား
တစ္ခ်က္ၾကည့္လိုက္ၿပီး အခန္းထဲသို႔
လိုက္သြားေတာ့သည္။

အေဆာင္ေတာ္ထဲေရာက္သည္ႏွင့္ ရိေပၚက
အခန္းအား လွည့္ပတ္ၾကည့္ေနသည္။
သူ႔အေနာက္တြင္ မ်က္လႊာခ်ကာ ရပ္ေနသည့္
ေရွာင္းက်န္႔ဆီ အၾကည့္ေရာက္သြားၿပီး
လက္ႏွစ္ဖက္အား ဟန္ပါပါ အေနာက္သို႔ပို႔ရင္း
တစ္လွမ္းခ်င္း ခ်ည္းကပ္လိုက္သည္။

"ငါကိုယ္ေတာ့္ကို ဒီအေဆာင္ေပးေရာ ေပးခ်င္
ရဲ့လား။အိမ္ေရ႔ွစံက ဒီလိုခမ္းနားတဲ့ ေနရာမ်ိဳးေတြ အရမ္းသေဘာက်တာဆိုေတာ့ေလ"

ခနဲ႔ေသာ စကားတို႔အား ေရွာင္းက်န္႔ မသိက်ိဳးကြၽံ
ျပဳကာ သူ႔မ်က္လႊာတို႔ကို ပိုတိုးခ်လိုက္မိသည္။

"အဲ့လိုမ်ိဳး မရိွပါဘူး အိမ္ေရ႔ွစံ ဝမ္"

"ဟုတ္ပါ့မလား။ဒီ အေဆာင္ေတာ္အတြက္နဲ႔
ငါကိုယ္ေတာ္ကို မသတ္ဘူးလို႔ မေျပာႏိုင္ဘူးေလ"

ေရွာင္းက်န္႔ ဒီေနရာမွာ ဆက္မေနခ်င္ေတာ့။
ပင္ပန္းလြန္းေနသည့္ သူ႔စိတ္သည္ ရိေပၚစကားႏွင့္
သတ္ရံုပင္ အလြယ္ေလး ေသေတာ့မည့္အတိုင္းမို႔
ဟန္ေဆာင္အၿပံဳးတစ္ခုကို အျမန္လုပ္ရင္း

"အိမ္ေရ႔ွစံ ဝမ္ ေအးေဆးအနားယူပါ။
ကြၽန္ေတာ္ မေနွာင့္ယွက္ေတာ့ပါဘူး"

အလ်င္အျမန္ ၪီးၫြတ္ႏႈတ္ဆက္ၿပီး ရိေပၚအား
ေက်ာခိုင္းလိုက္သည္။ထြက္ေျပးဖို႔ အရိွန္တင္စ
ျပဳေနေသာ သူ႔ေျခလွမ္းတို႔ မစရေသးခင္မွာပင္
ရိေပၚက ေရွာင္းက်န္႔လက္ေမာင္းအား
ၾကမ္းတမ္းစြာ ေဆာင့္ဆြဲၿပီး အနီးမွာ ခုတင္ေပၚ
ပစ္တင္လိုက္သည္။

ႏူးအိေသာ ေမြ့ယာထက္ ေရွာင္းက်န္႔ ပစ္လဲ
က်သြားၿပီး ရိေပၚက သူ႔အေပၚမွ ထပ္မိုးလာခဲ့သည္။ေၾကာက္မက္ဖြယ္ေကာင္းေသာ မ်က္ဝန္း
တို႔ႏွင့္ ျမန္ဆန္ေသာ အသက္ရႈသံတို႔မွာ
ေရွာင္းက်န္႔တစ္ကိုယ္လံုး မသိမသာ တုန္ယင္လ်ွက္။

ကမ႓ာၿဂိဳဟ္မွာ ေနကတည္းက ရိေပၚေဒါသထြက္လ်ွင္ သူလန္႔တတ္သည္။သာမာန္လူထက္
အားပိုႀကီးေသာ ေရွာင္းက်န္႔သည္ ရိေပၚ
ခ်ဳပ္လ်ွင္ မလႈပ္ႏိုင္ျဖစ္ခဲ့ရတာမ်ိဳးအား
နည္းနည္းေလးမွ သံသယမဝင္မိခဲ့။

"မင္းကိုငါ ေမးမယ္။အမွန္တိုင္းေျဖ။
ေစာ္ေအာ္က Venusရဲ့ဆက္ခံသူဆိုတာ ဟုတ္လား"

ဆိတ္ၿငိမ္ေနေသာ ရင္ခြင္ေအာက္မွ ေရွာင္းက်န္႔အား ၾကည့္ၿပီး ထိုအမူအယာသည္ ဝန္ခံေနမွန္း
သိလိုက္ၿပီးေနာက္ ေအးစက္ေသာ ရိေပၚ၏
စကားသံသည္  ေရွာင္းက်န္႔မ်က္လံုးအား
တည့္တည့္စိုက္ၾကည့္ကာ ေျပာလာသည္။

"အဲ့တာဆို မင္းဆီမွာ ရိွတဲ့ က်င္းရွင္းအစြမ္းနဲ႔
ေစာ္ေအာ္က Venusရဲ့ဆက္ခံသူ ဟုတ္မဟုတ္ သက္ေသျပ။မလုပ္ျပႏိုင္ရင္ မင္းေရာ
မင္းခမည္းေတာ္ကိုပါ ငါ့သားကို အသံုးခ်ဖို႔ ႀကိဳးစားမႈနဲ႔ ထပ္တိုး တရားစြဲပစ္မယ္"

ေရွာင္းက်န္႔သည္ ရိေပၚကိုစိုက္ၾကည့္ေနရာမွ
သူ႔ေခါင္းအား အနည္းငယ္ ေစာင္းလို႔
အၾကည့္ခ်င္း လႊဲပစ္လိုက္သည္။ထို႔ေနာက္မွာေတာ့ တိုးၫွင္းေသာ အသံျဖင့္...

"ေစာ္ေအာ္က Venusရဲ့ ဆက္ခံသူဆိုတာ
ဟုတ္ေပမဲ့ ကြၽန္ေတာ္ သက္ေသျပႏိုင္မွာ
မဟုတ္ဘူး။"

ရိေပၚက ဟက္ခနဲတစ္ခ်က္ရယ္သည္။
ထို႔ေနာက္ ေရွာင္းက်န္႔ ေမးရိုးအား တင္းၾကပ္စြာ
ဖိကိုင္ၿပီး ဆတ္ခနဲဆြဲယူရင္း မ်က္ႏွာခ်င္းဆိုင္
ၾကည့္ေစကာ

"ဆင္ေျခၾကီးက တံုးလိုက္တာ။မင္းတို႔
ငါ့သားကို အသံုးခ်ခ်င္ခဲ့တာ အသိသာႀကီးပဲ။
ေစာ္ေအာ္က Marsရဲ့ ဆက္ခံသူပဲ ျဖစ္ရမယ္။
ေသခ်ာေပါက္ ေအာက္တန္းက်တဲ့ မ်ိဳးဆက္ရဲ့
ကေလး မဟုတ္လို႔ပဲ.."

ဝဲဘက္ ရင္အံုသည္ ေအာင့္သက္စြာ နာက်င္လြန္း
လွသည္။​က်ခ်င္ေနသည့္ မ်က္ရည္တို႔အား
ေရွာင္းက်န္႔ အံတင္းထားတာမို႔ ရိေပၚ
မျမင္လိုက္ရ။တုန္ယင္ေနေသာ သူ႔ႏႈတ္ခမ္းဖ်ား
တို႔ကိုပင္ ရိေပၚက ဟာသတစ္ခုလို စိုက္ၾကည့္
ေနတတ္ခဲ့သည္။

က်င္းရွင္း အစြမ္းမရိွေတာ့ေသာ သူ႔ခႏၶာကိုယ္သည္ ထိလြယ္ ရွလြယ္တတ္သည္။
က်င္းရွင္းေက်ာက္ကို ပိုင္ဆိုင္ထားသည့္တိုင္
ေရွာင္းက်န္႔ဆီ က်င္းရွင္းစြမ္းအား ထပ္ထည့္လို႔ ရေတာ့မွာ မဟုတ္ေပ။

ဒီပံုစံႏွင့္ သူဘယ္လို ေစာ္ေအာ္ေလးရဲ့
က်င္းရွင္းအစြမ္းကို ထုတ္ျပေပးလို႔ရမွာလဲ။

အခ်ိန္တစ္ခု ေရာက္သည့္အခါ ေစာ္ေအာ္
ကိုယ္တိုင္ က်င္းရွင္းအစြမ္းအား ထုတ္ျပ
လာလိမ့္မည္။

ထိုအခ်ိန္ထိ ေရွာင္းက်န္႔ သန္မာေနဖို႔ပဲ
လိုပါသည္.....

_______________________

Upက တစ္ရက္ျခားတစ္ခါ ပံုမွန္ျဖစ္ႏိုင္
ပါတယ္။စိတ္ေပါက္ရင္ ရက္ဆက္ႏိုင္သလို
စိတ္မေပါက္ရင္လည္း ပိစိေလး ေပ်ာက္သြား
ႏိုင္ပါတယ္လို႔။

ယာဥ်ပျံတစ်စီးသည် Venus၏ နန်းတော်ထက်၌
ပျံဝဲလို့နေသည်။Venus ဂြိုဟ်သားတို့သည်
နန်းတော်အပြင်ဘက်၌ ရပ်နေခဲ့ကြပြီး တစ်စုံ
တစ်ခုကို စောင့်စားနေကြဟန်။ယာဥ်၏ တံခါး
ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဖြူဖျော့နေသော
ပုံရိပ်လေးသည် ရုတ်ချည်း ပေါ်လို့လာသည်။

ယာဥ်ထဲမှ တစ်လှမ်းချင်းထွက်လာသည့်
ရှောင်းကျန့်ကို အားလုံးက မျှော်လင့်တကြီး
စောင့်စားနေကြသည်။နေ့ချင်း၊ညချင်း
Marsက လာသိမ်းပြီး ဂြိုဟ်နတ်မင်းနှင့်
သားတော်အား ဖမ်းခေါ်သွားခြင်းအပေါ်
သူတို့အားလုံး ဘာသတင်းမှ ရေရေရာရာမသိရ။

ယခုပြန်လာသော အိမ်ရှေ့စံသည် သူတို့အတွက်
သတင်းတစ်ချို့ကို ယူဆောင်လာပေးလိမ့်မည်ဟု
ယုံကြည်နေကြသည်။

"အိမ်ရှေ့စံ။နတ်မင်းရော...ပြီးတော့ ဘာတွေ
ဖြစ်ကုန်တာလဲ။Marsရဲ့ တပ်သားတွေကလည်း
မပြန်ကြဘူး။ကျွန်တော်တို့ဂြိုဟ်  ထပ်အသိမ်း
ခံရတာလား"

ကမူးရှူးထိုး မေးလာသည့် Venus၏ တပ်သား
စကားမှာ ရှောင်းကျန့်၏ မျက်ဝန်းသေတို့ကား
အနည်းငယ် အသက်ဝင်လာသည်။ထို့နောက်
မလှမ်းမကမ်းမှာ စောင့်ကြပ်နေသည့် Mars
တပ်သား တစ်ချို့ကို လှမ်းကြည့်ရင်း ငိုင်ကျသွားကာ

"ခဏနေရင် ပြန်ကြားရေး အဖွဲ့ကနေတစ်ဆင့် ကြော်ငြာစာ ထုတ်ပေးမယ်။"

ထိုမျှသာ ပြောပြီး ရှောင်းကျန့်တစ်ယောက်
နန်းဆောင်ထဲ လျှောက်ဝင်သွားတော့သည်။
ခမည်းတော် ပြန်မပါလာသည့်အပေါ် မေးခွန်း
ထုတ်ချင်နေကြသည့် မျက်ဝန်းများအား မနည်း
ကျော်ဖြတ်ခဲ့ပြီး နောက်မှာတော့ သူ့အိပ်ခန်းထဲ
ရောက်ခဲ့လေပြီ။

တံခါးမကြီးကို ပိတ်ရင်း ရှောင်းကျန့် တစ်ယောက် ထိုနေရာမှာတင် ဒူးနှစ်ချောင်းအား
ပိုက်လျှက် ထိုင်ချမိလိုက်တော့သည်။
မျက်တောင်ပင် မခတ်တော့သော သူ့မျက်ဝန်း
တို့သည် ချက်ချင်းရဲစက်လို့လာပြီး အသက်မဲ့စွာ
ရှိနေသည်။မျက်ရည်တို့ ဘယ်လောက်ပဲ
စီးကျလာပါစေ ငိုလို့ငိုနေမှန်းပင် ရှောင်းကျန့်မသိ။

သူ့မှာ ဘာမှမကျန်တော့ပေ။ထိုအရာတွေအပေါ်
နှမျောတသ ဖြစ်ခြင်းမဟုတ်ပါဘဲ ယူကျုံးမရ
ခံစားချက်တို့သာ ခံစားရသည်။ရှောင်းကျန့်သာ
တစ်ချို့သော အသိုင်းအဝိုင်းက သတ်မှတ်ထားသည့် စံနှုန်းတွေအပေါ် ဂရုစိုက်မနေခဲ့ဘူးဆို
ယခုလို အခြေအနေမျိုးနှင့် ကြုံရမှာမဟုတ်။
နည်းနည်းလေး သတ္တိရှိလိုက်ရုံဖြင့် အရာရာ
အဆင်ပြေသွားနိုင်သည်။

အခုတော့....သူ တန်ဖိုးထားရသည့် Venusရော၊
သူလေးစားခဲ့ရသည့် ခမည်းတော်ကိုရော၊
သူ သိပ်ချစ်ရသည့် ရိပေါ်နှင့် သားလေးကိုရော
အားလုံးကို ဆုံးရှုံးခဲ့ရသည်။

စူးကျဥ်လာသည့် နှာထိပ်ဖျားတို့နှင့်အတူ
ဝင်လေ ထွက်လေတို့သည် မြန်ဆန်လို့လာသည်။
အသက်ရှု၍ မဝတော့သော ခံစားချက်သည်
ရှောင်းကျန့် နည်းနည်းလောက် အော်ငိုလိုက်လျှင်
သက်သာပေလိမ့်မည်။သို့ပေမဲ့...

Venus၏ အိမ်ရှေ့စံသည် ခမ်းနားသော
အဆောင်တော်ကြီးထဲ အသံမထွက်အောင်
ရှိုက်ငိုနေခဲ့ပါသည်။

__________________

"သားတော်...ဒီမှာ အုပ်ချုပ်ခွင့်စာ ကျလာတယ်။"

​Marsနတ်မင်း ဝမ်လုံသည် Jupiterနတ်မင်း
ထံမှ လက်ခံရရှိသော အုပ်ချုပ်ခွင့်စာအား
ရိပေါ်ထံ တိုးပေးလာသည်။အဖြူရောင်
ပေါ်မှာမှ အရောင်ဖျော့ဖျော့တစ်ချို့အား
ရောကာမွှေနှောက်ထားသလိုမျိုး ပုံစံနှင့်
သဝဏ်လွှာလေးအား ကြည့်ရင်း ရိပေါ် အတန်ကြာ ဆိတ်နေမိသည်။

"ရှောင်းကျန့်က စော်အော်လေးကို Venusရဲ့
ဆက်ခံသူအဖြစ် တင်မြှောက်ထားပြီးသားလို့
ရှောင်းဝုက ပြောတယ်။ဆိုတော့ စော်အော်လေး
အရွယ်မရောက်ခင်အထိ သားက Venusကို
ထိန်းချုပ်ရမဲ့ သဘောမှာ ရှိနေတယ်။ကြားထဲ
တစ်ခုခုထူးခြားရင်တော့ ရှောင်းကျန့်က
ဆက်ခံသူပြန်ဖြစ်နိုင်မှာပေါ့"

ရိပေါ်မျက်နှာက ရှောင်းဝုနာမည်ကြားသည်နှင့်
အနည်းငယ်မျှ ခက်ထန်လို့သွားသည်။သူ့သား
စော်အော်လေးသည် Venus၏ ဆက်ခံသူ
ဖြစ်နေမှန်း သူကိုယ်တိုင်လည်းမသိ။ဘယ်တုန်းက ရှောင်းကျန့် အဲ့လို လုပ်သွား
ရတာလဲ....ပြီးတော့ ဘာ့ကြောင့်လဲ..

"ရှောင်းဝုက စော်အော်ကို သတ်ဖို့တောင်
ကြိုးစားခဲ့တာလေ။ပြီးတော့ ရှောင်းကျန့်လို
အတ္တသမားက သာမာန်လူတစ်ယောက်နဲ့
ရတဲ့ကလေးကို ဆက်ခံသူနေရာ ပေးမယ်
ထင်လို့လား။Marsအိမ်ရှေ့စံရဲ့ သွေးသားမှန်း
သိခါမှ အကွက်ရွှေ့နေကြတာလား မသိနိုင်ဘူး"

"အဲ့တာတော့ ခမည်းတော် မသိဘူး။ကျင်းရှင်း
ကျောက်ရဲ့ အစွမ်းကို သူတို့ Venus
ဂြိုဟ်သားတွေမှ မဟုတ်ရင် ကျန်တဲ့
ဘယ်ဂြိုဟ်သားကမှ မမြင်နိုင်ဘူး။တစ်ခြားဂြိုဟ်သား လက်ထဲရောက်သွားရင် အလှကျောက်
တစ်လုံး သာသာပဲ"

ရိပေါ် စိတ်ရှုပ်စွာ စုတ်သပ်မိတော့သည်။
ဒီကိစ္စက ရှောင်းကျန့်နှင့် သေချာတွေ့ပြီး
မေးမှ ရတော့မည်ပင်။

"ကျွန်တော် ရှောင်းကျန့်နဲ့ တွေ့လိုက်မယ်"

"အခုမသွားနဲ့ဦး။သားတော်က Venusမှာ
အခြေချ နေရတော့မှာပဲဟာ။သွားလိုက်ပြန်လိုက်
ဖြစ်နေဦးမယ်"

ခမည်းတော် စကားကြောင့် ရိပေါ် လောနေသည့်
စိတ်တို့အား ချုပ်တီးလိုက်ရသည်။
ရှောင်းကျန့်နှင့် တွေ့လျှင် သေချာပေါက်
ကျောက်အစွမ်းကိုသုံးပြီး စော်အော်လေးက
Venusအိမ်ရှေ့စံ ဟုတ်မဟုတ်ကို သက်သေ
ပြခိုင်းမည်။

မဟုတ်ခဲ့လျှင် ရှောင်းဝုပြစ်ဒဏ်က လိမ်လည်
လှည့်ဖျားခြင်းပါ ထပ်တိုးတော့မည်။
ဟုတ်ခဲ့လျှင်တော့....ဘာလို့ အဲ့လိုလုပ်ခဲ့ရလဲ
သေချာ စစ်မေးမှ ဖြစ်တော့မည်။

___________________

"ဒီနေ့ Marsအိမ်ရှေ့စံ လာမှာပါအရှင့်သား။
ပြီးတော့..."

အတိုင်ပင်ခံအမတ်ကြီးသည် ရှောင်းကျန့်
မျက်နှာ အရိပ်အခြေအားကြည့်ပြီး ဆက်ပြောသင့် မပြောသင့်တွေဝေနေသည်။အတန်ကြာမှ...

"Marsအိမ်ရှေ့စံက Venusအုပ်ချုပ်ခွင့်ကို
ရထားပါတယ်။သူ ဒီမှာ နေမယ်လို့ပြောတယ်"

တွေးထားပြီးသား ကိစ္စတွေမို့ ရှောင်းကျန့်
အထူးတလည် စိတ်ဝင်စားမနေတော့ပါ။
ထိုအစား ....

"သူ့ဖို့ ခမည်းတော်ရဲ့ နန်းဆောင်ကို ပေးလိုက်ပါ"

"အရှင့်သားကရော?"

မေးမိလိုက်ပြီးခါမှ အတိုင်ပင်ခံအမတ်ကြီးသည်
သူ့စကား မှားသွားမှန်း သိတော့သည်။
အမြဲတမ်း ငိုင်တွေငေးမောနေသည့် ရှောင်းကျန့်သည် ယခုတစ်ခါလည်း ကြမ်းကိုသာ ပေါက်ထွက် မတတ်ကြည့်နေပြီး

"ကျွန်တော်က နန်းကျသွားပြီမလို့ အနောက်ဘက်
အဆောင်မှာပဲ နေလိုက်တော့မယ်"

အဆောင်တော်ထဲမှ သူထွက်သည်နှင့် အားလုံး၏
စိတ်ပျက်သလို အကြည့်များကို ချက်ချင်း
လက်ခံရသည်။သူတို့မျက်ဝန်းထဲတွင်
ရှောင်းကျန့်သည် အားကိုးမရသည့် မောက်မာသော အိမ်ရှေ့စံတစ်ယောက်သာသာပင်။

ဒီလိုအကြည့်တွေကို သူမကြောက်ပေမဲ့
အနည်းငယ်တော့ ဝမ်းနည်းရသည်။သူဘာလို့
အသုံးမဝင်တဲ့ အတွေးတွေနဲ့ မျိုးနွယ်ကို
ကာကွယ်မယ်ဆိုပြီး ကြုံးဝါးခဲ့လဲ တွေးပင်
မတွေးချင်တော့။

ရှောင်းကျန့်၏ ခြေလှမ်းတို့သည် တဖြည်းဖြည်း
အဆောင်နောက်ဘက်ဆီသို့ ဦးတည်သွားသည်။
တိတ်ဆိတ်ငြိမ်သက်နေသော အနောက်ဘက်
အဆောင်သည် နန်းတော်ကြီးနှင့် အတော်မျှ
အလှမ်းဝေးပြီး မည်သည့် အစေခံမှလည်း
မရှိ။မီးတောင်များဆီမှ အသံတစ်ချို့ကိုသာ
ခပ်သဲ့သဲ့လေး ကြားရတတ်သည်။

"အဆင်ပြေသွားမှာပါ..."

ပထမဆုံး ကိုယ့်ကိုယ်ကိုယ် အားပေးစကား
ပြောမိခြင်းပင်။အဆင်ပြေတာတွေ
မဖြစ်နိုင်တော့ဘူးဆိုတာ သိနေတာတောင်မှပေါ့။

__________________

မျောလွင့်နေသော ကြယ်စုကြယ်ဝေးများကြားထဲ
အမြန်နှုန်းတစ်ခုနှင့် ပျံသန်းလာသော
ယာဥ်အစီးပေါင်း မြောက်များစွာ။ခပ်ပြားပြား
သဏ္ဍာန်ဆောင်သည့် ထိုယာဥ်တွေအနက်
ရှေ့မှဦးဆောင်လာသော အဖြူရောင်ယာဥ်
တစ်စီးက နောက်ပါးမှ ယာဥ်ပေါင်းများစွာကို
နေစကြာဝဋာ၏ တစ်နေနေရာဆီ ဦးဆောင်
ခေါ်သွားသည်ကိုတော့ ကြည့်ရုံနှင့်သိနိုင်သည်။

ထိုယာဥ်ပေါင်းများစွာ၏ ဦးတည်ရာက
နေကိုဦးတည်လှည့်ပတ်နေသော ဒုတိယပတ်လမ်းမှ Venusဂြိုဟ်ဆီသို့။

ထူထဲကြပ်သိပ်နေသော တိမ်တိုက်များထဲ
တိုးဝင်ပျောက်ကွယ်ပြီး အတန်ကြာချိန်မှာတော့
Venusဂြိုဟ်၏ ပူပြင်းစိတ်ပျက်စရာကောင်းသော ဂြိုဟ်မျက်နှာပြင်ကို မြင်တွေ့ရသည်။ထို့အပြင် သူတို့အလာကို အသင့်စောင့်ဆိုင်းနေကြသော Venus ဂြိုဟ်သူ ဂြိုဟ်သားများ။

မြေပေါ်ရှပ်ပြေးသွားသော ယာဥ်ပေါင်းများစွာကို
လိုက်ငေးကြည့်နေသော ဂြိုဟ်သားတွေ၏
မျက်ဝန်းထဲမှာ ပြောပြမရသော မျှော်လင့်ခြင်းတို့
ပါဝင်သည်။သူတို့ဂြိုဟ် ငြိမ်းချမ်းရေးနှင့်
အသစ်ထွက်ပေါ်လာမည့် နန်းသွေးမျိုးဆက်ကိုလည်း ရင်ခုန်လျှက်။

အရင်က စကြာဝဋာထဲ ကူးလူးသွားလာနေတဲ့
သူတို့Venusပေါ်က ဂြိုဟ်သားတွေက အခုတော့
ဒီဂြိုဟ်ထဲကနေ တစ်လှမ်းမှမခွာရဲလောက်အောင်
ဖြစ်နေရသည်။ဒါVenusဂြိုဟ်ကို ထိန်းသိမ်းဖို့
နတ်မင်းနေရာကိုဆက်ခံမည့်သူကိုက အသုံးမကျလို့ အခုလိုတွေ ဖြစ်ကုန်ရတာ။

လွန်ခဲ့တဲ့ နှစ်တွေကတည်းက Venusဂြိုဟ်ဟာ
ကံဆိုးမိုးမှောင်ကျနေခဲ့တာ အခုထိပင်။
ဂြိုဟ်တစ်ခုလုံး အသိမ်းခံရလို့ အသက်လုပြေးခဲ့ရသည့် ဘဝမှလွတ်ပြန်တော့ ဂြိုဟ်ထဲမှာပင်
ခြေချုပ်တာ ထပ်ခံရပြန်သည်။တင်မြှောက်ထားသည့် အိမ်ရှေ့စံ၏ အသုံးမကျပုံင
အင်အားကြီးသည့် တစ်ခြားဂြိုဟ်ကနတ်မင်းတွေ အနိုင်ကျင့်တာ ဘယ်အချိန်ထိ ဆက်ခံနေရဦးမှာလဲဟုတွေးလိုက်တိုင်း စိတ်မအေးဖြစ်ရသည်။
စွမ်းဆောင်ရည်မရှိသော Venus၏ ဆက်ခံသူသည်
အရင်က မာနခေါင်ခိုက်ကာ အမြဲတည်တင်းထား
တတ်သော မျက်နှာဖုံးအား မှိုင်တွေနေသော
မျက်နှာပေးဖြင့် စိတ်ပျက်စရာကောင်းလောက်အောင် ခွာချပြလာခဲ့သည်။ဘယ်သူကမှ
ကိုယ့်ဂြိုဟ်ရဲ့ အကြီးအကဲကို ငိုင်နေသည့်
အသုံးမကျသောသူမျိုး မလိုချင်ပါ။ထိုအစား
နေနတ်မင်း၏ အမိန့်နှင့် ဂြိုဟ်၏ ငြိမ်းချမ်းရေးကို
ဦးစားပေးကာ Marsအိမ်ရှေ့စံ အုပ်ချုပ်တာ
ခံလိုက်တော့မည်။

ယာဥ်တွေရပ်ဆိုင်းသွားပြီး မကြာခင်မှာပင်
ဦးဆောင်လာသည့် ယာဥ်တစ်စီး၏ တံခါးသည်
ရှဲ ခနဲအသံပေးလို့ ပွင့်ဟလာသည်။ထို့နောက်
မှာတော့ အရှိန်အဝါတစ်ခုနှင့် တစ်စုံတစ်ယောက်ကို ချက်ချင်းမြင်တွေ့လိုက်ရပြီး ထိုသူ၏
မျက်ဝန်းတို့က သူ့ရှေ့မှာပြားနေအောင်
ဝပ်တွားထားရသော ဂြိုဟ်သူဂြိုဟ်သားတွေကို
မျက်လုံးဝေ့ကာ ကြည့်သည်။တစ်လှမ်းချင်း
လျှောက်လှမ်းလာသည့်အခါ ထိုခြေလှမ်းတစ်ချက်တိုင်းစီမှာ ပဲ့တင်သံတွေကြားရလောက်သည်အထိ တိတ်ဆိတ်လျှက်။

"Marsအိမ်ရှေ့စံကို တခမ်းတနားမကြိုဆိုတာ
နည်းနည်းတော့ စိတ်ပျက်စရာ
ကောင်းတယ်မထင်ဘူးလား Venusအိမ်ရှေ့စံ"

သြရှသောအသံက တစ်သမတ်တည်းဆိုပေမဲ့
ဒေါသအရှိန်တို့ကတော့ ကိန်းနေသည်မှာ
ကြောက်မက်ဖွယ်ရာဖြစ်သည်။လက်တစ်ဖက်ကို
နောက်ပစ်လို့ ဟန်ပါပါရပ်နေသည့် Mars
အိမ်ရှေ့စံက သူ့ခြေရင်းဘေးနားမှာ ငြိမ်သက်စွာ
ခေါင်းငုံ့ဝပ်တွားနေသော တစ်စုံတစ်ယောက်အား မျက်လုံးစွေလို့ကြည့်ရင်း ....

"အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်"

စကားသံအဆုံး ဖြန့်ချလိုက်သော လက်ဖဝါးကျယ်ကြီးတစ်ဖက်။ဖြာထွက်သွားသည့် အဖြူရောင် အငွေ့တန်းတွေက နှုတ်ဆိတ်နေသည့်
ထိုလူ့လည်ပင်းကို သွားရစ်ပတ်ပြီး ခဏချင်းမှာပင် နူးညံ့လှပသောယောင်္ကျားဆန်သည့်
မျက်နှာလေးတစ်ခု ပေါ်လွင်လာသည်အထိ
အတင်းအကြပ် ဆွဲမော့တာခံလိုက်ရသည်။

လည်ပင်းမှတင်းကြပ်မှုကြောင့် ခံစားရသည့်
ဝေဒနာတစ်ချို့ကို လက်ထောက်ထားမိသည့်
မြေစိုင်ခဲတွေအား အားကိုးတကြီး ဖျစ်ညှစ်ရင်း
ဖြေလျော့ယူရသည်။နဖူးထက်မှ အကြောစိမ်းတွေ ထောင်လို့လာပြီး နီရဲစိုသော နှုတ်ခမ်းလေးဟာ တဆတ်ဆတ်တုန်ရီစွာ။

ထိုမြင်ကွင်းကို စိုက်ကြည့်နေသည့် ရိပေါ်က စိတ်ပျက်သလိုစုတ်သပ်ရင်း
စွမ်းအားတွေကို ပြန်ရုတ်သိမ်းလိုက်သည်။
အားလျော့ကာ လဲကျတော့မလို ဖြစ်သွားသော
ခန္ဓာကိုယ်ကို အတင်းပြန်ထိန်းရင်း Venus
အိမ်ရှေ့စံတစ်ယောက်အနေနှင့် တောင်းပန်
စကားတို့ကို စတင်သံတော်ဦးတင်ရတော့သည်။

"တာဝန်မကျေမှုအတွက် တောင်းပန်ပါတယ်။"

"ငါကိုယ်တော်ရဲ့ အဆောင်တော်က ဘယ်မှာလဲ။"

ရှောင်းကျန့်တစ်ယောက် ခပ်ဖြေးဖြေးထရင်း
ရိပေါ်အား အသာမော့ကြည့်လိုက်မိသည်။

"ကျွန်တော် သေချာပြင်ဆင်ပေးထားပါတယ်။
ဒီဘက်ကို ကြွပါ."

ဝတ်ရုံရှည်ကြီးနှင့် ရိပေါ်က ဝံ့ကြွားစွာ ဦးဆောင်
ထွက်သွားသည်။သူ့အနောက်မှ ဂြိုဟ်သားတစ်ချို့ ကပ်ပါလာမှန်းသတိပြုမိသည့်အခါ
သူ့ခြေလှမ်းတို့ကိုရပ်ရင်း...

"ငါကိုယ်တော်ကို Venusအိမ်ရှေ့စံ လိုက်ပို့လို့
ရတယ်။မင်းတို့က ကိုယ့်တာဝန်ကိုယ် ယူကြတော့"

Marsတပ်သားတို့သည် နာခံစွာ အနောက်ဆုတ်
သွားကြသည်။ရိပေါ် သူ့ဘေးမှ ရှောင်းကျန့်အား
တစ်ချက်ကြည့်လိုက်ပြီး အခန်းထဲသို့
လိုက်သွားတော့သည်။

အဆောင်တော်ထဲရောက်သည်နှင့် ရိပေါ်က
အခန်းအား လှည့်ပတ်ကြည့်နေသည်။
သူ့အနောက်တွင် မျက်လွှာချကာ ရပ်နေသည့်
ရှောင်းကျန့်ဆီ အကြည့်ရောက်သွားပြီး
လက်နှစ်ဖက်အား ဟန်ပါပါ အနောက်သို့ပို့ရင်း
တစ်လှမ်းချင်း ချည်းကပ်လိုက်သည်။

"ငါကိုယ်တော့်ကို ဒီအဆောင်ပေးရော ပေးချင်
ရဲ့လား။အိမ်ရှေ့စံက ဒီလိုခမ်းနားတဲ့ နေရာမျိုးတွေ အရမ်းသဘောကျတာဆိုတော့လေ"

ခနဲ့သော စကားတို့အား ရှောင်းကျန့် မသိကျိုးကျွံ
ပြုကာ သူ့မျက်လွှာတို့ကို ပိုတိုးချလိုက်မိသည်။

"အဲ့လိုမျိုး မရှိပါဘူး အိမ်ရှေ့စံ ဝမ်"

"ဟုတ်ပါ့မလား။ဒီ အဆောင်တော်အတွက်နဲ့
ငါကိုယ်တော်ကို မသတ်ဘူးလို့ မပြောနိုင်ဘူးလေ"

ရှောင်းကျန့် ဒီနေရာမှာ ဆက်မနေချင်တော့။
ပင်ပန်းလွန်းနေသည့် သူ့စိတ်သည် ရိပေါ်စကားနှင့်
သတ်ရုံပင် အလွယ်လေး သေတော့မည့်အတိုင်းမို့
ဟန်ဆောင်အပြုံးတစ်ခုကို အမြန်လုပ်ရင်း

"အိမ်ရှေ့စံ ဝမ် အေးဆေးအနားယူပါ။
ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"

အလျင်အမြန် ဦးညွတ်နှုတ်ဆက်ပြီး ရိပေါ်အား
ကျောခိုင်းလိုက်သည်။ထွက်ပြေးဖို့ အရှိန်တင်စ
ပြုနေသော သူ့ခြေလှမ်းတို့ မစရသေးခင်မှာပင်
ရိပေါ်က ရှောင်းကျန့်လက်မောင်းအား
ကြမ်းတမ်းစွာ ဆောင့်ဆွဲပြီး အနီးမှာ ခုတင်ပေါ်
ပစ်တင်လိုက်သည်။

နူးအိသော မွေ့ယာထက် ရှောင်းကျန့် ပစ်လဲ
ကျသွားပြီး ရိပေါ်က သူ့အပေါ်မှ ထပ်မိုးလာခဲ့သည်။ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်း
တို့နှင့် မြန်ဆန်သော အသက်ရှုသံတို့မှာ
ရှောင်းကျန့်တစ်ကိုယ်လုံး မသိမသာ တုန်ယင်လျှက်။

ကမ္ဘာဂြိုဟ်မှာ နေကတည်းက ရိပေါ်ဒေါသထွက်လျှင် သူလန့်တတ်သည်။သာမာန်လူထက်
အားပိုကြီးသော ရှောင်းကျန့်သည် ရိပေါ်
ချုပ်လျှင် မလှုပ်နိုင်ဖြစ်ခဲ့ရတာမျိုးအား
နည်းနည်းလေးမှ သံသယမဝင်မိခဲ့။

"မင်းကိုငါ မေးမယ်။အမှန်တိုင်းဖြေ။
စော်အော်က Venusရဲ့ဆက်ခံသူဆိုတာ ဟုတ်လား"

ဆိတ်ငြိမ်နေသော ရင်ခွင်အောက်မှ ရှောင်းကျန့်အား ကြည့်ပြီး ထိုအမူအယာသည် ဝန်ခံနေမှန်း
သိလိုက်ပြီးနောက် အေးစက်သော ရိပေါ်၏
စကားသံသည်  ရှောင်းကျန့်မျက်လုံးအား
တည့်တည့်စိုက်ကြည့်ကာ ပြောလာသည်။

"အဲ့တာဆို မင်းဆီမှာ ရှိတဲ့ ကျင်းရှင်းအစွမ်းနဲ့
စော်အော်က Venusရဲ့ဆက်ခံသူ ဟုတ်မဟုတ် သက်သေပြ။မလုပ်ပြနိုင်ရင် မင်းရော
မင်းခမည်းတော်ကိုပါ ငါ့သားကို အသုံးချဖို့ ကြိုးစားမှုနဲ့ ထပ်တိုး တရားစွဲပစ်မယ်"

ရှောင်းကျန့်သည် ရိပေါ်ကိုစိုက်ကြည့်နေရာမှ
သူ့ခေါင်းအား အနည်းငယ် စောင်းလို့
အကြည့်ချင်း လွှဲပစ်လိုက်သည်။ထို့နောက်မှာတော့ တိုးညှင်းသော အသံဖြင့်...

"စော်အော်က Venusရဲ့ ဆက်ခံသူဆိုတာ
ဟုတ်ပေမဲ့ ကျွန်တော် သက်သေပြနိုင်မှာ
မဟုတ်ဘူး။"

ရိပေါ်က ဟက်ခနဲတစ်ချက်ရယ်သည်။
ထို့နောက် ရှောင်းကျန့် မေးရိုးအား တင်းကြပ်စွာ
ဖိကိုင်ပြီး ဆတ်ခနဲဆွဲယူရင်း မျက်နှာချင်းဆိုင်
ကြည့်စေကာ

"ဆင်ခြေကြီးက တုံးလိုက်တာ။မင်းတို့
ငါ့သားကို အသုံးချချင်ခဲ့တာ အသိသာကြီးပဲ။
စော်အော်က Marsရဲ့ ဆက်ခံသူပဲ ဖြစ်ရမယ်။
သေချာပေါက် အောက်တန်းကျတဲ့ မျိုးဆက်ရဲ့
ကလေး မဟုတ်လို့ပဲ.."

ဝဲဘက် ရင်အုံသည် အောင့်သက်စွာ နာကျင်လွန်း
လှသည်။​ကျချင်နေသည့် မျက်ရည်တို့အား
ရှောင်းကျန့် အံတင်းထားတာမို့ ရိပေါ်
မမြင်လိုက်ရ။တုန်ယင်နေသော သူ့နှုတ်ခမ်းဖျား
တို့ကိုပင် ရိပေါ်က ဟာသတစ်ခုလို စိုက်ကြည့်
နေတတ်ခဲ့သည်။

ကျင်းရှင်း အစွမ်းမရှိတော့သော သူ့ခန္ဓာကိုယ်သည် ထိလွယ် ရှလွယ်တတ်သည်။
ကျင်းရှင်းကျောက်ကို ပိုင်ဆိုင်ထားသည့်တိုင်
ရှောင်းကျန့်ဆီ ကျင်းရှင်းစွမ်းအား ထပ်ထည့်လို့ ရတော့မှာ မဟုတ်ပေ။

ဒီပုံစံနှင့် သူဘယ်လို စော်အော်လေးရဲ့
ကျင်းရှင်းအစွမ်းကို ထုတ်ပြပေးလို့ရမှာလဲ။

အချိန်တစ်ခု ရောက်သည့်အခါ စော်အော်
ကိုယ်တိုင် ကျင်းရှင်းအစွမ်းအား ထုတ်ပြ
လာလိမ့်မည်။

ထိုအချိန်ထိ ရှောင်းကျန့် သန်မာနေဖို့ပဲ
လိုပါသည်.....

_______________________

Upက တစ်ရက်ခြားတစ်ခါ ပုံမှန်ဖြစ်နိုင်
ပါတယ်။စိတ်ပေါက်ရင် ရက်ဆက်နိုင်သလို
စိတ်မပေါက်ရင်လည်း ပိစိလေး ပျောက်သွား
နိုင်ပါတယ်လို့။

Continuar a ler

Também vai Gostar

269K 33.9K 52
ဘယ္သူက ခ်စ္တာလဲ။ၿပီးေတာ့ ဘယ္ေလာက္ထိ ခ်စ္မွာလဲ...? ဘယ်သူက ချစ်တာလဲ။ပြီးတော့ ဘယ်လောက်ထိ ချစ်မှာလဲ...?
265K 46.8K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
115K 5K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
91.9K 9K 27
ကျွန်တော် ဆရာရဲ့ တပည့်မဖြစ်ချင်ဘူး...။ ကျွန်တော်က ဆရာရဲ့ ကောင်လေးပဲဖြစ်ချင်တာ..။ ဒါတောင် ဆရာမသိဘူးလား။ ... ကြၽန္ေတာ္ ဆရာရဲ႕ တပည့္မျဖစ္ခ်င္ဘူး...။ ကြၽ...