M.I.N.E
By SunMura_J
5.4K 270 10
HeeJayHoon More
1
2
3
4
5
6
7
8
10
9
422 18 0
By SunMura_J
ဂျေး ဒီနေ့တော့ကုမ္ပဏီကို မသွားဘဲ နေမကောင်းတဲ့ ဟွန်း ဘေးနားမှာဘဲ ‌စောင့်ရှောက်ပေးနေသည်။
လုပ်စရာအလုပ်တွေက ရှိသေးပေမယ့် တစ်ရက်တစ်လေလောက် မလုပ်ဘဲနေလိုက်တာကတော့ ဘာမှမဖြစ်လောက်ပါဘူးလေ ဆိုပြီး ဟွန်းကိုလည်း စောင့်ရှောက်ရင်း သူလည်းနားရင်းနဲ့ အိမ်မှာဘဲ နေဖြစ်လိုက်သည်။
တစ်ချို့ အရေးကြီးကိစ္စတွေကိုတော့ အကို ဟီဆွန်းကို လွဲအပ်ထားလိုက်သည်။
အခုလို အမြဲအကူအညီတောင်းတိုင်း လိုက်လုပ်ပေးတက်တဲ့ အကို့ကို အရမ်းအားနာမိသည်။ သူ့ဘက်က ဖြစ်ဖြစ်မြောက်မြောက် မချစ်ပေးနိုင်သေးဘူး။
ပွင့်ပွင့်လင်းလင်းသမားမို့ သူမချစ်ပေးနိုင်သေးကြောင်းကို ထုတ်ပြောပေမယ့် အကိုက အမြဲတစ်ခွန်းဘဲ ပြန်ပြောသည်။ " ကိုယ်က ဂျေးဘာလုပ်လုပ် ချစ်နေပေးမှာမို့ " စိတ်မပူနဲ့တဲ့ အားမနာနဲ့တဲ့  နောက်ဆူံးသူ့ဘေးနားက ထွက်သွားရင်တောင် ချစ်နေပေးမယ်တဲ့
ဒီလို သူ့အပေါ် မြတ်မြတ်နိုးနိုး ချစ်ပေးတဲ့သူကို သစ္စာမဖောက်ချင်သလို ထားလည်းမထားသွားချင်ဘူး။
အကိုနဲ့ လက်ထပ်မယ်ပြောခဲ့တာလည်း သူ့ဘက်ကဘဲ အကိုက သူဘာလုပ်လုပ် အကုန် ခေါင်းငြိမ့်ပေးခဲ့တာချည်းဘဲ။
ဝရံတာ ဘက်ကို ခုံလှည့်ထိုင်ရင်း တစ်ယောက်ထဲ အတွေးတွေများနေပုံရသည့် ဂျေးကို လှမ်းခေါ်လိုက်တော့ လှည့်ကြည့်လာသည်။
" ဘာလိုလို့လဲ "
" မင်း အပြင်သွားချင်သွားလေ ငါ့ကို စိတ်မပူနဲ့ "
" ဟင့်အင့် မသွားချင်လို့ ဒါပေမယ့် မင်းအတွက် ဆေးရုံမှာ ဆေးသွားယူရမယ် တစ်ယောက်ထဲ အဆင်ပြေပါ့မလား "
" ရတယ် ငါက ကလေးလား တစ်ခုခုဆို ဖုန်းရှိတာဘဲ လှမ်းဆက်လိုက်မယ် သွား ပြီးဆေးယူလိုက် မဟုတ်ရင်ည ဘက်သောက်စရာဆေးမရှိလို့ တစ်ညလု ငါ့ကို ပြုစုနေရအုန်းမယ် "
ဟွန်း ပြောတာလည်းဟုတ်သည်။ သူသွားမယူရင် နောက်ထပ်တစ်ည အိပ်ရေးပျက်အုန်းမည်။
" သေချာတယ်နော် သွားလို့ရတာ "
" အော် ရပါတယ်ဆို ငါ့ကောင်ရယ် သွားမယ့်သာ သွားစမ်းပါ "
ဂျေးလည်း ထိုင်ခုံက ထကာ ကုတ်အကျီကို ယူပြီး ဆေးရုံက်ု ထွက်လာခဲ့သည်။
အိမ်မှာတစ်ယောက်ထဲ ထားခဲ့ရသည့် ဂွန်းကို စိတ်ကမချနိုင်။ စဉ်းစားကြည့်ရင် သူလည်း အရွယ်ရောက်ယောကျာ်းတစ်ယောက်ဘဲ ဆိုးရိမ်စရာတော့မရှိပါဘူးလေ ဆိုပြီး ဆေးရုံကိုသာ မြန်မြန် ထွက်လာလိုက်သည်။
ဆေးရုံရောက်တော့ ဆရာဝန်ရဲ့ အခန်းကို တန်းသွားသည်။
" ဆရာ ကျွန်တော် ဂျေးပါ ဆေးလာယူတာပါ "
" ဝင်ခဲ့ သား "
အခန်းထဲက ဆရာ့ရဲ့ ဝင်လာခိုင်းတဲ့ အသံကြားတာနဲ့ ချက်ချင်းဆိုသလို တံခါးဖွင့်ပြီး ဝင်သွားသည်။
" ခဏထိုင်အုန်းနော် သား ဆရာ ပြောစရာရှိတယ် "
ဂျေးကို ထိုင်ဖို့ပြောပြီး စားပွဲပေါ်က အညိုရောင်စာအိတ်တစ်အိတ်ကို သွားယူတာကို တွေ့လိုက်သည်။
စာအိတ်က ပုံမှန် စာထည့်တဲ့အိတ်မဟုတ်ဘဲ ဓာတ်မှန်ရိုက်ထားတဲ့ပုံတွေ ထည့်တဲ့ စာအိတ်ဖြစ်နေသည်။
ဂျေး နားကို ဝင်ထိုင်လိုက်ပြီး စာအိတ်ထဲက ဂျေးထင်ထားတဲ့အတိုင်း ဓာတ်မှန်ရိုက်ထားတဲ့ တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းပုံကို ထုတ်ပြသည်။
" ဆရာ ဒါက.... ?! "
" ဒါက ဆောင်းဟွန်းရဲ့ ဦးနှောက်ဓာတ်မှန်ပုံ ဒီနားမှာ အလုံးလေးတွေ့လား "
ဆရာက ဂျေးမြင်အောင် ဓာတ်မှန်ထဲက နေရာတစ်ခုကို ထောက်ပြသည်။
" ဟုတ် "
" အဲ့တာက ဆောင်းဟွန်း ဦးနှောက်ထဲမှာရှိနေတဲ့ အကြိတ် "
" ဗျာ ဟွန်းမှာ ဦးနှောက်အကြိတ်ရှိနေတယ်!!! "
ကြားလိုက်ရတဲ့ စကားက ဂျေးလုံးဝမထင်ထားခဲ့တဲ့ ဟာဖြစ်သလို တစ်ခါမှလည်းတွေးခဲ့ဖုးတဲ့ အရာမဟုတ်ခဲ့။
ဒါဆို ဟွန်းရဲ့အမေရော သူ့ရဲ့အမေရော ဟွန်းကော်က သူ့ကို လိမ်ထားကျတာပေါ့။
ဘာလို့လဲ ဘာ့ကြောင့်လဲ ဒီလိုကိစ္စမျိုးကိုမှလဲ!!!
ရင်ထဲ အဆုံးမရှိတဲ့ ဒေါသ‌တွေ ဝမ်းနည်းမှုတွေဟာ လှိုက်တက်လာပြီး မျက်ဝန်းကနေ မျက်ရည်တွေစီးကျလာသည်။
" ဆေးသောက်လို့ပျောက်တယ် မဟုတ်လား။ ဒါမှမဟုတ် ခွဲစိတ်တာ ဖြစ်ဖြစ် ဟွန်းက မသေဘူးမဟုတ်လား ဆရာ "
တုန်ရီနေသည့် အသံဖြင့် ဆရာ့ရဲ့လက်ကို တင်းကြပ်စွာကိုင်ကာ လှုပ်ရင်း မေးခွန်းတွေကို တရပ်စပ်မေးနေမိသည်။
" မရဘူးသား ဆောင်းဟွန်းက သေလူဖြစ်နေပြီ "
" မဟုတ်ဘူး မဖြစ်နိုင်ဘူး နိုင်ငံ..နိုင်... နိုင်ငံခြားမှာ ကုရင်ရတယ်မှတ်လား....... အမေရိကန်ဖြစ်ဖြစ် ဩစတျေးလျ ဖြစ်ဖြစ် သွားနိုင်တာမို့ ကယ်ပေးလို့မရဘူလား ကျေးဇူပြုပြီး "
ထိုင်နေရာကနေ အရူးတစ်ယောက်လို့ ဆရာဝန်ရှေ့မှာ ဒူးထောက်မိပြီး ပါးပြင်ကမျက်ရည်တွေ စီးကျလျက် ဆောင်ူဟွန်းကို ကယ်ပေးဖို့ တောင်းဆိုမိသည်။
ဂျေးရဲ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး အသိစိတ်ဝင်အောင် တစ်ချက်လောက် ကိုင်လှုပ်လိုက်တော့မှ ခေါင်းစ်ုက်ကျသွားသည်။
" ကျေး.. ဇူး... ပြု... ပြီးး ကယ်ပေးလို့မရဘူးလား "
" သား ထပြီး ပြန်ထိုင် စိတ်ကို ထိန်း "
" ဒီလို ရုတ်တရက်ကြီး ပြောလိုက်ရတာက သားကို အကုန်မပြောပြရသေးလို့ "
" ဒီ ကိစ္စကို ကျွန်တော့မိဘတွေရော၊ ဟွန်းရဲ့ မိဘတွေရောကပါ သိနေတာလား ပြီးတော့ ဟွန်းပါ "
" ဟုတ်တယ် သားတို့မိဘတွေအကုန် သိနေပြီးသား သားကို မပြောဖို့ မှာထားတာကြောင့် ဆရာက မပြောဘဲနေနေခဲ့တာ ဒါပေမယ့် မနေ့ညက အကုန်ပြောပြပြီးတာကြောင့် ဒီကိစ္စကို မချန်နေချင်တော့လို့တလက်စထဲပြောလိုက်တာ "
" သား ကို အခုပြောမယ့် စကားကိုတော့ ဂရုစိုက်ပြီးနားထောင်စေချင်တယ် ၊ အခု ဆောင်းဟွန်းက သေလူဖြစ်နေပြီ၊ ပြီးတော့ သူရဲ့ဝတ္ထုကမ္ဘာက အကြောင်းအရာက တော်တော် ခရီးရောက်ပြီ ပြီးရင် သားကို အန္တရာယ်ပေးတော့မယ် မကြာခင် ဝတ္ထုရဲ့ ဓာတ်သိမ်းက ရောက်လာတော့မှာ အဲ့တာကြောင့် ဆောင်းဟွန်း အနားမှာမနေပါနဲ့ "
" ဟုတ် ဆေးယူပြီး ပြန်လိုက်တော့မယ် ဆရာ အိမ်မှာ ဟွန်းကတစ်ယောက်ထဲ "
ဆရာဝန်ပြောသည့်စကားတွေကို အဆုံးထိ လျစ်လျူရှုပြီနေနေလိုက်သည်။
သူဒီကို လာတာ ဆေးလာယူဖို့ဘဲ။ တခြား ဘာကိစ္စကိုမှ နားထောင်ဖို့ ရောက်လာတာမဟုတ်ဘူး။
ပြီးတော့ ဆောင်းဟွန်း ဦးနှောက်ထဲက အကြိတ်ကိုလည်း ရအောင် ခွဲထုတ်မှာမို့ ဆောင်းဟွန်းသေမှာမဟုတ်ဘူးဆိုတာကို အခိုင်အမာတွေးထားသည်။
ယူရမည့် ဆေးတွေကို ယူလာပြီး အိမ်ကို ပြန်လာခဲ့သည်။
ခြေလှမ်းတွေက အရင်ကထက် ပိုပြီးလေးလံနေသည်။
အခန်းနားရောက်ဖို့ကို တော်တော် အားယူလိုက်ရသည်။
ကျချင်နေသည့် မျက်ရည်တွေကို ထိန်းထားရတာကြောင့် ပိုပြီးပင်ပန်းလှသည်။
အခန်းတံခါးဖွင့်ပြီး ပထမဆုံးသွားလိုက်သည့် နေရာက အိပ်ခန်းဆီ
အခန်းထဲဝင်တော့ အိပ်ရာပေါ်  ဟွန်း မရှိတော့တာကြောင့် စိုးရိမ်စိတ်က အရင်‌ဆုံးပေါ်လာပြီး ထိန်းချုပ်ထားခဲ့သည့် မျက်ရည်တွေကပါ စီးကျလာသည်။
" ဟွန်း.. ဟွန်း မင်းဘယ်မှာလဲ "
ရေချိုးခန်းထဲ ရှာကြည့်တော့လည်း မတွေ့တာနဲ့ မီးဖို‌ခန်းဘက်ကို ထွက်လာသည်။
" ဟွန်း အဲ့တာ မင်း ဘာလုပ်နေတာလဲ "
မီးဖိုခန်းထဲ ဓားတစ်ချောင်း ကိုင်ထားသည့် ဟွန်းကြောင့် ရင်ထဲ ထိပ်လန့်သွားပြီး ဟွန်းအနားသို့သွားကာ လက်ထဲက ဓားကို ဆွဲလုပ်မိသည်။
" လွှတ်ပေး ဟွန်း "
" မလွှတ်ပေးဘူး "
" အန္တရာယ်များတယ် မင်းမဟုတ်တာတွေ လျှောက်မလုပ်နဲ့ ဟွန်း "
" ငါဟွန်းမဟုတ်ဘူး "
လက်ထဲက ဓားကို ဆွဲယူနေရင် ဟွန်းရဲ့ စကားကြောင့် ဆွဲနေတာ ရပ်သွားသည်။
ဟွန်းမဟုတ်ဘူးတဲ့ ဒါဆို.......
တွေးချိန်တောင်မရလိုက်ပြီး နံရံနဲ့ ဆွဲကပ်ခံလိုက်ရသည်။
" မင်းဘယ်ကို သွားနေတာလဲ ဂျေး "
အထိန်းအကွက်မရှိဘဲ မျက်ရည်တွေဟာ ပါးပြင်ပေါ်သို့ အစက်မပြတ် စီးကိနေသည်။
မေးသည့် မေးခွန်းကို ပြန်မဖြေဘဲ မျက်လုံးကို မှိတ်ချလိုက်တာကြောင့် အလိုမကျတဲ့ တောက်ခေါက်သံက်ု ကြားလိုက်ရသည်။
" တောက်ခ်  မင်း ဟိုကောင်ကို သွားတွေ့နေတာမှတ်လား "
မဖြေဘူး သူမဖြေဘူး။ ဆောင်းဟွန်းဒီလို ဖြစ်နေတာတွေကို ဒေါသမထွက်ဘူး ၊ အဓိက က ကိုယ့်ကိုကိုယ် ဒေါသထွက်နေမိသည်။
သူ့ကြောင့် မဟုတ်ရင် ဆောင်းဟွန်း ဒီလို ဖြစ်လာ စရာအကြောင်းလုံးဝ မရှိဘူး။
မနေ့ညကတင် ငါ့ရဲ့ဟွန်းဖြစ်အောင် ကြိုးစားမယ် လို့ အားတင်းထားခဲ့တာလေ ။ အခုတော့ အဲ့အားတင်းထားတာတွေ အကုန် ပျောက်ဆုံးကုန်သည်။ ‌ဆောင်းဟွန်းက သေလူဖြစ်နေပြီတဲ့
ဆရာဝန်ပြောလိုက်သည့် စကားတွေဟာ နားထဲ အထပ်ထပ်ဝင်လာသည်။
" တော်ပါတော့ တော်ပါတော့ မကြားချင်တော့ဘူး "
မျက်လုံးက်ု အသားကုန်မှိတ်ကာ အသံကုန် အော်ဟစ်ပြစ်လိုက်သည်။
" ဟမ် မင်းက ငါ့စကားက်ု မကြားချင်ဘူးပေါ့ ဟုတ်လား "
လက်ထဲ ကိုင်ထားသည့် ဓားက်ု ဂျေးရဲ့ လည်ပင်းနား တေ့လိုက်သည်။
ဓားက ချွန်လွန်းတာကြောင့် လည်ပင်းနားမှာ သွေးစက်လေးတွေတောင် မြင်နေရသည်။
" ဂျေး ငါ့ကို ကြည့်စမ်း ပတ်ဂျေး !!!! "
" ငါ့ကို လွှတ်ထားပေးလို့မရဘူလား ဆောင်းဟွန်း "
လည်ပင်းနားက နာကျင်မှုတင်မက နှလုံးသားကပါ နာကျင်နေပြီမို့ တစ်ယောက်ထဲနေချင်နေသည်။
" မလွှတ်ပေးနိုင်ဘူး။ ငါနေမကောင်းတဲ့ အချိန်လေးကို မင်းက ဟ်ုအကောင်ကို သွားတွေ့ရဲတယ်ပေါ့ ဟုတ်လား၊ ကုမ္ပဏီမှာ မင်းက သခင်ပေမယ့် အိမ်မှာဆို ငါက မင်းရဲ့ သခင်ဘဲ ဂျေး ဟမ်!!! အဲ့ကောင်နဲ့ ဘာသွားလုပ်တာလဲ လို့ ငါပြောနေတယ်လေ !!!!! "
အသံက်ု ပိုပြီး မြှင့်ပြောလိုက်ပြီး လည်ပင်းက ဓားကလည်း အသားထဲသို့ စိမ့်ဝင်နေပြီဖြစ်သည်။
" ဘာမှ ဘာမှ မလုပ်ဘူး ",
" လိမ်နေတာ !!!! မင်း အဲ့ကောင်နဲ့ သွားပျော်နေတာမဟုတ်လား !!! ဟမ် ပတ်ဂျေး "
ဒီတစ်ခါတော့ ဂျေး မျက်လူံးဖွင့်လာပြီး ဆောင်းဟွန်းရဲ့ လည်ပင်းကို သူ့ရဲ့လက်တွေ ‌တွယ်ချိတ်လိုက်ရင်း ဆောင်းဟွန်းရဲ့အနားက်ု တိုးသထက်တိုးလိုက်သည်။
ဓားကလည်း အရှေ့ကိုတိုးလေ ပိုပြီး အသားထဲ နစ်ဝင်လေ ဖြစ်သည်။
" ငါက မင်းကိုဘဲ ချစ်တာမို့ ဘာမှ လျှောက်မတွေးပါနဲ့ "
ချစ်တာမို့ .... ဟုတ်တယ် ချစ်တယ် သူဆောင်းဟွန်းကို ချစ်တယ် ပြတ်သွားပြီးခတည်းက အခုချိန်ထိ တစ်နေ့မှ မေ့မရခဲ့ဘူး နီးနီးကပ်ကပ်ရှိနေတဲ့အချိန်တွေမှာလည်း ရင်ခုန်သံတွေဟာ အရင်အတိုင်း မြန်နေတုန်းဘဲ။
" ငါ မင်းတစ်ယောက်ထဲကိုဘဲ ချစ်........ အွန့်"
ဓားနဲ့ကြမ်းပြင်တို့ ရိုက်ခက်သံ‌ပေါ်ထွက်လာတဲ့ အချိန် တစ်ပြိုင်နက် ဂျေးရဲ့နှုတ်ခမ်းပေါ်သို့ ပူးနွေးသည့် နောက်ထပ် နှုတ်ခမ်းတစ်စုံဟာ ထိကပ်လာခဲ့သည်။
သူထင်တာမမှားဘူးဆို ဆောင်းဟွန်းက ဓားကို ပြစ်ချလိုက်ပြီး သူ့ကို နမ်းနေသည်။
ဆောင်းဟွန်းကတော့ ဂျေးရဲ့ နှုတ်ခမ်ကို အငမ်းမရ စုတ်ယူနမ်းရှိုက်နေခဲ့ပေမယ့် ဂျေးက ဒီအနမ်းတွေကို မတုန့်ပြန်ခဲ့ဘူး။
လက်လည်းမခံခဲ့ဘူး။
" ဂျေး ဘာလို့ ပြန်မနမ်းတာလဲ "
" ငါလိုချင်တာ အဲ့လို အနမ်းမျိူးမဟုတ်ဘူး ဒီလို အနမ်းမျိုး "
စကားအဆုံး ဆောင်းဟွန်းရဲ့ နှုတ်ခမ်းတွေပေါ် ဖိကပ်ပြီး စတင်နမ်းရှိုက်လိုက်တာက ဂျေး။
~နူးညံ့ပြီး မြတ်နိုးမှုတွေ ပြည့်နေသည့် အနမ်းမျိုး~
မွတ်မွတ်သိတ်သိတ်နမ်းရှိုက်နေတဲ့ အချိန် တောင် ဂျေး စခဲ့သည့် နူးညံ့မှုဟာ ပျောက်ကွယ်လုနီးနီး ။
အရာအားလုံးကို နောက်ပြန်သွားနိုင်ခဲ့ရင်ကောင်းမယ်။
ဒုန်း..
တံခါးဖွင့်သံနှင့် အတူ ခြေသံပြင်းကိုပါ တစ်ဆက်တည်းကြားလိုက်ရပြီး နောက်...
ဂျေးကို နမ်းရှိုက်နေသည့် ဆောင်းဟွန်းဟာလည်း  မြေပြင်သို့ လဲကျသွားသည်။
ပြီးတော့ ဆောင်းဟွန်းကို အပေါ်စီးက‌ေနထိုးကြိတ်နေသည့် အကို။
အဖြစ်အပျက်တွေဟာ မြန်ဆန်လွန်းတာကြောင့် ဂျေး ထိုနေမှာတွင်သာ ကြောင်တောင်ကြီး ရပ်နေမိသည့်အပြင် ဂျေးရဲ့ ဦးနှောက်မှာလည်း ဗလာကြီး ဖြစ်နေခဲ့သည်။
တစ်ဆက်တည်း ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ ချစ်ရတဲ့ သူကို ယုံကြည်ရတဲ့ သူက ထိုးနေတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့ ဂျေးအတွက် စောင့်တည်ရာမရဖြစ်နေသည်။
" တော်ကြပါတော့!!! ကျေးဇူးပြုပြီး !! "
စူးစူးဝါးဝါး အော်သံနှင့် အတူ နားကို လက်ဖြင့်ပိတ်ကာ ထိုင်ချလိုက်သည့် ဂျေးကြောင့် ဟီဆွန်းလည်း ဆောင်းဟွန်းကို ထိုးနေတာ ရပ်တန့်သွားပြီး ဂျေးအနားကို ဖြည်းဖြည်းချင်းတိုးသွားကာ...
တုန်ရီနေသည့် ပခုံးကို ကိုင်တော့ နားကို အုပ်ထားသည့် လက်တွေက ဖယ်ချလာသည်။
" ကျေးဇူးပြုပြီး ထွက်သွားကြပါ တစ်ယောက်မှ မမြင်ချင်ဘူး !! "
တုန်ရီသည့် အသံဖြင့် ပြောလာတာကြောင့် ဟီဆွန်းလည်း ‌ကြမ်းပြင်ပေါ် သွေးအလိမ်းလိမ်းဖြင့် လဲကျနေသည့် ဆောင်းဟွန်းကိုပါ ခေါ်ပြီး အခန်းအပြင်ကို ထွက်လာလိုက်သည်။
အခန်းပြင်ရောက်သည့်တိုင်အောင် ဟီဆွန်းရဲ့ ဒေါသဟာ ကြေအေးမသွားခဲ့။
" ဆောင်းဟွန်း မင်းကို အလွန့်အလွန် မလုပ်နဲ့လို့ ပြောထားတယ် မဟုတ်လား။ ဂျေးရဲ့ အခြေအနေ တစ်ခုကြောင့် မင်းနဲ့ တူတူထားနေပေမယ့် အနာဂတ်မှာ ဂျေးကို ပိုင်ဆိုင်ရမှာ ငါဘဲ ဆောင်းဟွန်း အဲ့တာကို မမေ့နဲ့ "
~||~
ဂျေးရဲ့ အခြေအနေ တစ်ခုက ဘာများဖြစ်နိုင်မလဲ~~~
" ဘာလိုလို့လဲ "
" ဝင်ခဲ့ သား "
" ဆရာ ဒါက.... ?! "
" ဟုတ် "