Chapter 18
သူ့ရင်ခွင်ထဲက လူသားဟာ အေးစက်နေပြီး သူ့ရဲ့ နှုတ်ခမ်းတွေက ဖြူလျော့နေခဲ့တယ်။ သူ့ရင်ခွင်ထဲက အနွေးဓါတ်ကို ခံစားမိတော့ ကောင်လေးဟာ ပိုတိုးဝင်လာပြီး ကျင်းဝမ်ကို ပွတ်သပ်လိုက်တယ်။
ကျင်းဝမ် နှလုံးသားလေး နူးညံ့သွားတယ်။ သူက အိပ်ရာပေါ် ရဲ့ရွှီကို ညင်သာစွာ ချလိုက်ပြီး သူ့ရဲ့ အပြင်ဝတ်ရုံကို ချွတ်ပေးကာ စောင်နဲ့ တင်းတင်းကြပ်ကြပ်ထုပ်ပေးထားလိုက်တယ်။
အဲ့တာတွေ လုပ်ပြီး သွားတော့ ကျင်းဝမ်က အိပ်ရာဘေး ထိုင်လိုက်တယ်။
".... ခန္ဓာကိုယ်ကို နောက်ဆုံးထိ တောင့်ခံပြီး အောင်မြင်မှုရတဲ့ ဇာတ်ကွက်လား…" ကျင်းဝမ်ဟာ ရဲ့ရွှီလက်ကို သူ့ရဲ့ လက်နဲ့ ဆုပ်ကိုင်လိုက်ပြီး
" မင်းက တကယ် ကုရဲ့ အားနည်းချက်ကို သိတာပဲ"
သဘာဝကျစွာပဲ စောင်ထဲက ကောင်လေးက သူ့ကို ဘာမှ တုံ့ပြန်မလာဘူးပေါ့။ ရဲ့ရွှီရဲ့ မျက်ခုံးတွေ ကြုံ့လာပြီး သူ့ရဲ့ ပုံစံက ကြောက်ရွံ့မှုတွေနဲ့ ပြည့်လာတယ်။
ပြောရရင် ဒီနေ့ ရဲ့ရွှီရဲ့ အပြုအမူတွေက ကျင်းဝမ်ကို အရမ်း မအံ့ဩသွားစေပါဘူး
စိတ်တည်ငြိမ်သွားပြီးနောက် ဒါကနည်းလမ်းကျတယ်လို့ သူခံစားလာရတယ်။
ဒီလူက ဒီလိုပဲ ဖြစ်နေသင့်တာ
သူ့ကို ဒီလိုမေးခွန်းတွေ မေးရဲတာ ဒီလူသားအပြင် ဘယ်သူရှိနိုင်ဦးမှာလဲ။ သူ့ရဲ့ နှလုံးသားကို ဘယ်လိုနူးညံ့အောင် လုပ်ပြီး သူ့စိတ်ကို အတွင်းကျကျသိနိုင်တာ ဒီလူသားကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ
ဘုရင်တစ်ပါးအတွက် ဒါက ကောင်းတဲ့အရာတော့ မဟုတ်ဘူး
ရဲ့ရွှီကို ထွက်သွားခိုင်းပြီးတော့ ကျင်းဝမ်ဟာ နှစ်နာရီစလုံး တွေးတောနေခဲ့တယ်။ နောက်ဆုံးမှာ ဒီလူကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူ အဖြေရှာလို့ မရခဲ့သေးဘူး။
ဒါပေမဲ့ သူတွေးမိတဲ့ နည်းလမ်းတွေကို ကျပြန်တော့လဲ လက်တွေ့လုပ်ဖို့ တုံ့ဆိုင်းနေမိပြန်တယ်။
လွန်ခဲ့တဲ့ 1လက တုံ့ဆိုင်းနေတယ်လို့ ဆိုရင် အခုက ပိုတောင် တုံ့ဆိုင်းနေသေးတယ်။
ကျင်းဝမ် နောင်တရမိတယ်။ သူ ဒီတစ်ကြိမ်မှာ အရမ်းကြီး စိတ်ပျော့လို့ မရတော့ဘူး
ရုတ်တရက် ရဲ့ရွှီက နည်းနည်းလှုပ်လာတယ်။
ကျင်းဝမ်က သူနိုးလာတော့မယ် ထင်ပြီး ကိုင်ထားတဲ့ လက်ကို လွတ်လိုက်တယ်။ ဒါပေမဲ့ ရဲ့ရွှီက မနိုးလာဘဲ သူ့ရဲ့ လက်ချောင်းတွေကို ကွေးပြီး ကျင်းဝမ်ရဲ့ အင်္ကျီကို ဆွဲထားလိုက်တယ်။
" အေးတယ်…"
ကျင်းဝမ်က တစ်ဖက်လူရဲ့ သွေးမရှိဖြူလျော့နေတဲ့ လက်ကို ကြည့်ပြီး ခေါင်းကို လှည့်လိုက်တယ်။
" ကုကို ဒီလို လုပ်ပြန်ပြီလား ဒီတစ်ကြိမ်တော့ ကု လုံးဝ…."
".. ကျင်းဝမ်" ရဲ့ရွှီရဲ့ အသံက အားပျော့နေပြီး အက်ရှကာ အသံတိုးတိုးနဲ့ ရေရွတ်နေခဲ့တယ်။
" အရမ်း အေးတာပဲ အ…"
ခဏလောက်ကြာတော့ ကျင်းဝမ်က သူ့ရဲ့ အပေါ်ဝတ်ရုံကို ချွတ်ပြီး အိပ်ရာပေါ် လှဲပြီး အေးစက်တုန်ရီနေတဲ့ ကောင်လေးကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တယ်။
“……”
" ကုက မင်းအေးပြီး သေသွားမှာ စိုးလို့နော်"
ကျင်းဝမ်က စိတ်ကောက်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။
" ကု မင်းကို အပြစ်ပေးဖို့ တွေးလိုက်တိုင်း မင်းက.. ကျစ်! ရဲ့ချင် မင်းရဲ့ လက်ကို ကုရဲ့ အင်္ကျီထဲ ဘာလို့ ထည့်လာတာလဲ!"
ေနာက်တော့ တော်ဝင်သမားတော်ဖုန်း ကို အစေခံတစ်ယောက်က ရန်ရှင်းအဆောင်ကို ပင့်လာခဲ့တယ်။
တောင့်တင်းနေတဲ့ပုံစံနဲ့ အိပ်ရာပေါ် လှဲနေတဲ့ ဘုရင်ငယ်ဟာ ကောင်လေးတစ်ယောက်ရဲ့ လက်တွေကို သူ့ အင်္ကျီထဲက ဆွဲထုတ်နေလေရဲ့
ပါးစပ်ထဲ ချဉ်စုတ်စုတ်အရသာ ရလာတဲ့ တော်ဝင်သမားတော်ဖုန်းဟာ ထိုင်ပြီး ရဲ့ရွှီရဲ့ သွေးခုန်နှုန်းကို စမ်းလိုက်တယ်။
သူ့ရဲ့ သွေးခုန်နှုန်းက သမားတော်ရဲ့ လက် ချောင်း အောက်မှာ ချောမွေ့ပြီး ပုလဲလုံးလို … ဟမ်???
သမားတော်ဖုန်း မျက်လုံး ပြူးသွားတယ်။
ဒီသွေးခုန်နှုန်းက….
အပူအရင်းအမြစ်ကြီးကို ဆုံးရှုံးသွားတဲ့ ရဲ့ရွှီဟာ ကျင်းဝမ်ရင်ခွင်ထဲ တိုးဝင်လိုက်ပြန်တယ်။ကျင်းဝမ်က သူ့ကို ဖိပြီး ပြောလာတယ်။
" လိမ်လိမ်မာမာနေ သမားတော်နဲ့ ပူးပေါင်းလိုက်။ မင်း နည်းနည်းလှုပ်လိုက်တာနဲ့ ကု မင်းကို ရိုက်မယ်"
" ငါ သမားတော်နဲ့ မတွေ့ချင်ဘူး" အိပ်ပျော်နေတဲ့ ရဲ့ရွှီဟာ ပြန်ပြောဖို့လဲ မမေ့ဘူး
".... ခွေးကောင် ကျင်းဝမ်"
တော်ဝင်သမားတော်ဖုန်းရဲ့ ခြေထောက်တွေ ပျော့ခွေလာပြီး ဒူးထောက်ကျမတတ်ပဲ
ဒါပေမဲ့ ကျင်းဝမ်က ဘာမှ မဖြစ်သလိုပဲ။ သမားတော်ဖုန်းက ခေါင်းနည်းနည်းမော့ကာ ကြည့်လိုက်တယ်။
: အရှင်မငိးကြီးရဲ့ ပုံစံက အမျက်တော်ရှနေပေမဲ့ သူ့ရဲ့ မျက်လုံးကျတော့ နူးညံ့နေတာပဲ
….. အဆဲခံရတာကို ပျော်နေတာလား???
ကျင်းဝမ်က သူ့ကို သတိပေးတဲ့အကြည့်တစ်ချက်ပေးပြီး မေးလာတယ်။
" ဘယ်လိုနေလဲ?"
"သွေး.. သွေးခုန်နှုန်းက…" သမားတော်ဖုန်းဟာ ခဏလောက်နေမှ အသိပြန်ရလာပြီး စမ်းမေးကြည့်လိုက်တယ်။
" အရှင်မင်ကြီး … အစေခံတွေအကုန် အပြင်ထွက်ခိုင်းလို့ ရမလား?"
ကျင်းဝမ် ချက်ချင်း အမိန့်ပေးလိုက်တယ်။
" မင်းတို့ အားလုံး ထွက်သွားကြ"
အခန်းထဲက အစေခံတွေ အကုန်ထွက်သွားတော့ ကျင်းဝမ်က မေးလာခဲ့တယ်။
" ဒါ သူ့ရဲ့ ခွင်ကျွင်း ခန္ဓာကိုယ်နဲ့ သက်ဆိုင်နေမလား?"
"... ဟုတ်ကဲ့" သမားတော်ဖုန်းက ပြောလာခဲ့တယ်။
" အရှင်မင်းကြီးကို အရဲစွန့်ပြီး မေးရရင် .. အမတ်မင်းရဲ့ အာာာ သခင်လေးကဒီရက်တွေမှာ… သူ့ရဲ့ ရနံ့ကို မထိန်းချုပ်နိုင်ဘဲ စိမ့်ထွက်တာမျိုးရှိလား?"
"အကြိမ်ပေါင်းများစွာပဲ"
တော်ဝင်သမားတော်ဖုန်းက တိတ်ဆိတ်သွားတယ်။
ကျင်းဝမ် မျက်မှောင်ကြုံ့လိုက်မိတယ်။
ရနံ့တွေ စိမ့်ထွက်လာတိုင်း ကျင်းဝမ်က ရဲ့ရွှီဟာ သူ့အပေါ် မှီခိုလွန်းတယ် ဆိုပြီးတော့ပဲ တွေးခဲ့တယ်။သူ့ရဲ့ ချင်ကျွင်းရနံ့ကို ရပြီဆိုရင် ထိန်းချုပ်ဆေးရဲ့ အာနိသင်က ပျယ်သွားတတ်တယ်။ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ရဲ့ရွှီရဲ့ အခြေအနေက သူ့ရဲ့ ရနံ့စိမ့်ထွက်တာလို မရိုးရှင်းတော့ဘူး။
သူက အမြဲအိပ်ပြီး ပျင်းရိနေတတ်တယ်။ ပြီးတော့ အစားလဲ ပိုစားလာပြီး ခဏခဏလဲ အန်နေတတ်သေးတယ်...
ကျင်းဝမ်ဟာ ရင်ခွင်ထဲ ရဲ့ရွှီကို ပိုတင်းကြပ်စွာ ဖက်လိုက်ပြီး အတွေးတစ်ခုက သူ့စိတ်ထဲ ပေါ်လာခဲ့တယ်။
ခွင်ကျွင်းတွေက… ထီးမွေ နန်းမွေကိုလွယ်ထားနိုင်တယ်။
ကျင်းဝမ်ဟာ ရဲ့ရွှီရဲ့ ဗိုက်ကို ကြည့်လိုက်တော့ သူ့ရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာရတယ်။ ပြီးတော့ သူ အသံတိုးတိုးနဲ့ ပြောလိုက်မိတယ်။
" သူ…"
" သခင်လေးမှာ ကိုယ်ဝန်ဆောင်သွေးခုန်နှုန်းရှိနေပါတယ်"
တော်ဝင်သမားတော်က အရိုအသေပေးကာ ဒူးထောက်ပြီး
" အရှင်မင်းကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်"
—
တော်ဝင်သမားတော်ကို ပြန်ပို့ပြီးသွားတော့ ကျင်းဝမ်က အားလုံးကို ထွက်သွားဖို့ အမိန့် ပေးလိုက်ပြီး အိပ်ဆောင်ထဲ ပြန်လာခဲ့တယ်။
အိပ်ရာပေါ်က ကောင်လေးက အိပ်ပျော်နေတုန်းပဲ ဒါပေမဲ့ သူရဲ့ အပူအရင်းမြစ်ကို ဆုံးရှုံးရတာကြောင့်ဖြစ်မယ်။ ဟိုလှုပ် ဒီလှုပ်လုပ်နေခဲ့တယ်။
ကျင်းဝမ် အိပ်ရာပေါ် လှဲအိပ်လိုက်တာနဲ့ ကောင်လေးက သူ့အပေါ်ကို လက်မောင်းတွေ ခြေထောက်တွေနဲ့ ချိတ်လိုက်ပြီး သူ့ကို ခိုင်မြဲစွာ ဖက်ထားတော့တယ်။
ဒီလိုအချိန်မျိုးမှသာ သူက ကျင်းဝမ်အပေါ် မှီခိုတဲ့ အပြုအမူကို ပြလေ့ရှိတယ်။
ကျင်းဝမ်က သူ့ကို ရင်ခွင်ထဲ ထည့်ပြီး သူ့ရဲ့ လက်ဝါးက တစ်ဖက်လူရဲ့ ပြားချပ်နေတဲ့ ဗိုက်ပေါ် နူးညံ့စွာ ပွတ်သပ်နေမိတယ်။ သူ့ရဲ့ မျက်လုံးထဲမှာလဲ တစ်ခါမှ မရှိခဲ့ဖူးတဲ့ နူးညံ့မှုတွေ ပေါ်လွင်နေခဲ့တယ်။
ဒီနေရာမှာ… ကလေးလေး ကြီးလာနေပြီပဲ
သူနဲ့ ရဲ့ရွှီတို့ရဲ့ ကလေးလေး...
ကျင်းဝမ် လက်တွေ တုန်ရီလာတယ်။ ဒီလိုအတွေးမျိုးသူ့စိတ်ထဲ ပေါ်လာတော့ ပျော်ရွှင်မှုကို သူ ဘယ်လိုမှ ဖိနှိပ်ထားလို့ မရဘူး။
" မလုပ်ပါနဲ့…" ရဲ့ရွှီ လှုပ်ရှားလာတယ်။ သူ့ရဲ့ ခေါင်းကို ကျင်းဝမ် ရင်ခွင်ထဲ တိုးဝှေ့ပြီး အိမ်မက်ယောင်ကာ စကားပြောလာတယ်။
" ငါ့ကို မရိုက်ပါနဲ့"
ကျင်းဝမ်ရဲ့ စိတ်ထဲ တုန်ရီသွားပြီး ဝမ်းသာနေတဲ့ အရှိန်အဟုန်လေး လွင့်ပျယ်သွားတယ်။
သူ ဘာအိမ်မက်မက်နေတယ်ဆိုတာ ဘယ်သူမှ မသိပေမဲ့ ကောင်လေးက အရမ်းကြောက်နေပြီး သူ့ရင်ခွင်ထဲ ပိုတိုးဝင်လာခဲ့တယ်။
" ကျင်းဝမ် ငါ မင်းကို မဆဲတော့ပါဘူး။ ငါ့ကို မရိုက်ပါနဲ့ ဟုတ်ပြီလား…"
" မကြောက်နဲ့… ကု မင်းကို မရိုက်ပါဘူး…" ကျင်ူဝမ်က သူ့ကျောကို ပုတ်ပေးပြီး နူးညံ့စွာ ပြောလိုက်တယ်။
" ဘယ်တော့မှ "
“မယုံဘူး" ရဲ့ရွှီ ဆက်ပြောလိုက်တယ်။"... ခွေးဘုရင်"
ကျင်းဝမ်, “……”
—
ရဲ့ရွှီ နိုးလာတော့ နေ့ခင်းတောင်ရောက်နေပြီ။ သူက နူးညံ့တဲ့ အိပ်ရာပေါ်မှာ ရှိနေပြီးတော့ နွမ်းနယ်နေသလို ခံစားရတယ်။ သူ့ခါးအောက်ပိုင်းကထုံကျင်နေပြီးတော့ ထနိုင်တယ် ဆိုရုံလေးပဲ။
အပြင်မှာ 2 နာရီလောက်လေး ရပ်နေလိုက်တာနဲ့ ပျော့သွားရအောင် သူ့ ကိုယ်ခံအားက အဲ့လောက်ဆိုးမယ်လို့ မထင်ထားမိဘူး။
…. သူ ရှုံးတာကို ဝန်ခံပြီး သက်သက်သာသာနေလိုက်သင့်တာ
ရဲ့ရွှီ လှည့်ပြီး ထိုင်လိုက်တယ်။ ပြီတော့ အိပ်ရာပေါ်က ဆင်းခါနီးမှာ အပြင်ကနေ မြန်မြန်ပြေးဝင်လာတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။
" မလှုပ်နဲ့"
ကျင်းဝမ်က ရဲ့ရွှီရဲ့ ကျောကို အိပ်ရာပေါ် ပြန်လှဲချလိုက်ပြီး
" တော်ဝင်သမားတော်က ပြောထားတယ်။ အပြင်မှာ အကြာကြီး ရပ်နေခဲ့တာကြောင့် မင်းရဲ့ကြွက်သားတွေနဲ့ အရိုးတွေ နာနေလိမ့်မယ်တဲ့။ ပြီးတော့ ရာသီဥတုကလဲ အရမ်းအေးတာကြောင့် အိပ်ရာထဲမှာ ရက်အနည်းငယ်လောက်အနားယူရမယ်တဲ့"
ရဲ့ရွှီ သူ့ကို သတိအနေအထားနဲ့ ကြည့်လိုက်တယ်။
ဒီလူက ဘာလို့… အရင်ကနဲ့ မတူတော့တာလဲ?
ကျင်းဝမ်က ရဲ့ရွှီရဲ့ ပုံစံကို မြင်တော့ ရယ်လိုက်ပြီး
" ကိုယ်တော့်ကို ဘာလို ဒီလိုကြီး ကြည့်နေတာလဲ လေးလံနေတဲ့ အကြည့်တွေနဲ့"
ဒီအသံက ဘာလဲဟ။ ဒီလူ ရူးများသွားတာလား
ရဲ့ရွှီ လည်ချောင်းရှင်းပြီး သတိထားပြီး ပြောလိုက်တယ်။
" အရှင်မင်းကြီး.. အရှင်မင်းကြီးက ကျွန်တော်မျိုးကို အပြစ်မပေးတော့ဘူးလား?"
ကျင်းဝမ်က မျက်ခုံးပင့်လိုက်ပြီး
" ဘာလဲ မင်းကို အပြစ်ပေးတာ မလုံလောက်သေးလို့လား?"
" လုံလောက်ပါပြီ လုံလောက်ပါပြီ" ရဲ့ရွှီ ခေါင်းငုံ့ကာ ရေရွတ်လိုက်တယ်။
" မင်းငါ့ကို အပြစ်လဲ မပေးနိုင်တော့ပါဘူး။ ငါ့ခြေထောက်တွေက အခုထိနာနေတုန်းရှိသေးတယ် အ"
ငုံ့ကြည့်လိုက်တော့ ကျင်းဝမ်ရဲ့ လက်က ရဲ့ရွှီရဲ့ ခြေထောက်တွေပေါ်ရောက်နေပြီး နူးညံ့စွာ ပွတ်သပ်နေခဲ့တယ်။
" ဒီမှာ နာတာလား?"
ရဲ့ရွှီရဲ့ ခြေထောက်နှစ်ဖက်လုံး ထုံထိုင်းပြီး နာကျင်နေတာပဲ။ကျင်းဝမ်က သူ့ရဲ့ ခြေထောက်တွေကို ထိလိုက်တော့ နာကျင်မှုကြောင့် ရှုးရှုးရှဲရှဲ အသံတွေ ထွက်လာတယ်။ ပြီးတော့ သူက နီရဲနေတဲ့ မျက်လုံးတွေနဲ့ ခေါင်းညိတ်လိုက်တယ်။
ကျင်းဝမ်က အိပ်ရာဘေးမှာ ထိုင်ပြီး သူ့ခြေထောက်ကို နှိပ်ပေးလာတယ်။
တိုင်းပြည် ပြည့်ရှင်သခင် အရှင်မင်းကြီးဟာ ဘယ်သောအခါမှ တစ်ခြားလူတွေကို ဒီလို မပြုစုဖူးဘူး။ သူ့ရဲ့ လှုပ်ရှားမှုတွေက အနည်းငယ် တုန်ရီနေပေမဲ့ ရဲ့ရွှီ နာကျင်မှာ စိုးတာကြောင့် အားဖျော့ပြီးသေချာ နှိပ်ပေးနေခဲ့တယ်။
ရဲ့ရွှီဟာ သံသယဖြစ်ရာကနေ ကြောက်စိတ်တွေ ဖြစ်လာရတယ်။ ဒီလူ စိတ်လွှတ်သွားပြီလား?
ရဲ့ရွှီဟာ ကျင်းဝမ်ကို သံသယတကြီး စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလာခဲ့တယ်။
" မင်း ဘာတွေ တွေးနေပြန်တာလဲ?"
ရဲ့ရွှီ အလျင်အမြန် အကြည့်လွဲလိုက်တယ်။
ကျင်းဝမ်က ခေါင်းမော့လာပြီး
" ကု မင်းကို မေးနေတာလေ"
" ငါ တမင်တကာ တွေးမိတာတော့ မဟုတ်ပါဘူး ဒါပေမဲ့" ရဲ့ရွှီက အသံတိုးတိုးနဲ့ ဆက်ပြောလာပြန်တယ်။
" ငါတွေးနေတာက အရှင်က ဒီနေ့ငါ့အပေါ် ဘာလို့ အဲ့လောက်ကောင်းနေရတာလဲ ဒါ့ကြောင့် ငါ…"
ကျင်းဝမ်:" ပျော်နေတာလား?"
" ပျာယာခတ်နေတာ" ရဲ့ရွှီဟာ စိုးရိမ်ထိန်လန့်နေတဲ့ မျက်နှာနဲ့ ခေါင်းငုံပြီး ဆက်ပြောလာတယ်။
" ဒါတွေ ပြီးသွားရင် ငါ့ကို သတ်မှာတော့ မဟုတ်ဘူးမလား? သေဒဏ်ကျခံထားတဲ့ ထောင်သားတွေဆို နောက်ဆုံးအနေနဲ့ အသားဟင်းတွေ ကျွေးသလိုလေ"
“……”
ကျင်းဝမ် ထိန်းသိမ်းခဲ့တဲ့ နူးညံ့တဲ့ အပြုအမူတွေဟာ ဖိနှိပ်ခံလိုက်ရတယ်။ သူက အံ့ကြိတ်ကာ ပြောလာတယ်။
" မင်းက ကုပြုစုတာကို ခေါင်းဖြတ်ခါနီး ကျွေးတဲ့ ထမင်းနဲ့ နှိုင်းလိုက်တာလား?"
ရဲ့ရွှီက အသံသေးသေးလေးနဲ့ ပြောလိုက်တယ်။
" ထမင်းလောက်တော့ မကောင်းဘူးပေါ့ အနည်းဆုံးတော့ ထမင်းက စားလို့ရသေးတယ်လေ… မင်းက ဒီလောက် ညံ့တဲ့အနှိပ်စွမ်းရည်ရှိနေတာ။ မင်းနှိပ်တာ ခြေထောက်ကို နာနေရောဘဲ"
ကျင်းဝမ်မျက်နှာက အမူအရာမဲ့နေတယ်။
" နားလည်ပြီ"
ရဲ့ရွှီဟာ ပါးစပ်ကို ကတိုက်ကရိုက်နဲ့ ပိတ်လိုက်ပြီး စကားပြောတာ ရပ်လိုက်တယ်။
ကျင်းဝမ်က မျက်ခုံးကို နှိပ်ကာ သူ့စိတ်ထဲက ဒေါသကို တတ်နိုင်သမျှ ချုပ်တည်းနေခဲ့တယ်။ ပြီးတော့ စိတ်ထဲမှာ တွေးလိုက်တယ်။
" တော်ဝင်သမားတော်က ပြောခဲ့တယ်။ ကိုယ်ဝန်သည် ခွင်ကျွင်းကို ရန်မစရဘူး။ မခြောက်လန့်ရဘူး။ အရေးအကြီးဆုံးက မရိုက်ရဘူး မဆူရဘူး…."
ကျင်းဝမ် စိတ်လွင့်နေတာကို အခွင့်ကောင်းယူပြီး ရဲ့ရွှီက သူ့လက်ထဲက ခြေထောက်ကို မြန်မြန်ဆွဲထုတ်လိုက်တယ်။ သူက ဒူးကို လက်နဲ့ ပိုက်ထားပြီး အိပ်ရာပေါ်မှာ ဘောလုံးလေ တစ်လုံးလို နေပြီး ကျင်းဝမ်ကို စိုးရိမ်တကြီး ကြည့်နေမိတယ်။
ကျင်းဝမ်က သက်ပြင်းချပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာတယ်။
" မင်းအိပ်နေတဲ့ အချိန်တုန်းက ကု တော်တော်များများ တွေးခဲ့တယ်"
" ဒီရက်တွေမှာ ကိုယ်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အကြိမ်များစွာ စမ်းသပ်ခဲ့ကြပြီးပြီ။ ယုံကြည်မှုတွေလဲ ပျော်ဆုံးသွားခဲ့ပြီ" ကျင်းဝမ်က ရဲ့ရွှီကို စိုက်ကြည့်ပြီး သူအသံက အရမ်းကို ပေါ့ပါးနေခဲ့တယ်။
" မနေ့က မင်းမှန်တယ်။ ကုက မင်းကို ပွင့်လင်းစေချင်တယ်။ ဒါပေမဲ့ ကုကိုယ်တိုင်ကလဲ မင်းကို အမှန်တရားတစ်ခုလေးကိုမှ မပြောခဲ့ဖူးဘူး"
" ကိုယ်တော်တို့ကြားမှာ ဒီလိုမဖြစ်သင့်ဘူး။ ကု မှားသွားတယ်။ ကု မင်းကို တောင်းပန်ပါတယ်"
“……”
ဒါရော ဘယ်လို ထောင်ချောက်မျိုးလဲ? ဒီ ခွေးဘုရင်က အကြောက်လွန်ပြီး နွေးထွေးတဲ့ လမ်းကြောင်းကို ပြောင်းလိုက်တာလား?
ရဲ့ရွှီက ကျင်းဝမ်ရဲ့ အတွေးတွေကို မရှင်းမရှင်းဖြစ်နေပြီး ပြန် အဖြေမပေးရဲဘူး
ကျင်းဝမ်:" မင်း ကုကို မယုံဘူးလား?"
ရဲ့ရွှီ သူ့ကို လုံးဝ မယုံဘူးပေါ့။ ကျင်းဝမ်အပေါ် ယုံကြည်မှုတွေက အစကတည်းက အနုတ်ဘက် ရောက်သွားပြီးပြီလေ
ရဲ့ရွှီက ရှုတ်ရှုက်ယှက်ယှက်တွေ မပြောတော့ဘဲ တိုက်ရိုက် ပြောလိုက်တယ်။
" အရှင်မင်းကြီး ပြောစရာရှိတာပြောပါ"
တစ်ညလုံး အိပ်ပြီးသွားတော့ ရဲ့ရွှီရဲ့ အခြေအနေက ပိုကောင်းလာပြီ။ ဒါပေမဲ့ သူ့ရဲ့ အသားအရေက သိပ်မကောင်းသေးဘူး။ ပိုပြီး ပိန်လာသလိုပဲ
ကျင်းဝမ်ရဲ့ အကြည့်က တစ်ဖြည်းဖြည်း အောက်ဆင်းလာပြီး တစ်ဖက်လူရဲ့ ပြားချပ်နေတဲ့ ဗိုက်ကို ကြည့်လိုက်မိတယ်။ နောက်တော့ အကြည့်လွဲလိုက်တယ်။
" ကြည့်ရတာ မင်း ကိုယ့်ကိုမယုံဘူးပဲ"
ဒါပထမဆုံး ကျင်းဝမ်က သူ့ရှေ့မှ ' ကု ' လို့ မသုံးတာပဲ
ကျင်းဝမ်က လက်မြောက်ပြီး ရဲ့ရွှီရဲ့ မျက်နှာကို လက်ချောင်းလေးတွေနဲ့ ပွတ်လိုက်တယ်။ သူ့ရဲ့ ပြေလျော့နေတဲ့ ဆံပင်ကို နားရွက်နောက် သပ်တင်ပေးလိုက်တာ ပြောလိုက်တယ်။
" အားရွှီ ကိုယ် မင်းနဲ့ အသစ်က ပြန်စချင်တယ်"
ရဲ့ရွှီ အခက်တွေ့သွားတယ်။
ကျင်းဝမ်က နက်ရှိုင်းပြီး ချောမောလှတဲ့ မျက်လုံးတစ်စုံနဲ့ မွေးဖွားခဲ့တယ်။ သူ တစ်ယောက်ယောက်ကို ဒီလိုမျိုး စူးစိုက်ကြည့်လိုက်ပြီးဆိုရင် အဲ့ဒီ မျက်ဝန်းတွေထဲက နက်ရှိုင်းတဲ့အချစ်ကို ဖော်ပြနေတယ်။
ရဲ့ရွှီ အဲ့ဒီ မျက်ဝန်းတွေကို ကြည့်လိုက်တော့ သူ့ရဲ့ နှလုံးသားဟာ ဒယိမ်းဒယိုင်ဖြစ်လာပြီး အက်ကြောင်းလေးတွေတောင် ထင်လာတယ်။
ဒီလို မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်နေတာကို တောင့်ခံဖို့ အရမ်းခက်ခဲတယ်
ကံဆိုးချင်တော့ ဒါက ကျင်းဝမ်လေ
ကျင်းဝမ်ဟာ ရဲ့ရွှီရဲ့ လေလွင့်နေတဲ့ အတွေးတွေကို သတိမထားမိဘဲ ဆက်ပြောလာခဲ့တယ်။
" မင်း ဘာအကြောင်းကြောင့် သစ္စာဖောက်ခဲ့သည်ဖြစ်စေ မင်းသာ အနာဂတ်မှာ ကုရဲ့ ဘေးနားအဖော်ပြပေးဖို့ ကတိပေးမယ်ဆိုရင် သစ္စာဖောက်တာကို ပယ်ဖျက်ပေးလိုက်မယ်။ အတိတ်ကအကြောင်းအရာတွေကို ကု ဘယ်တုန်းကမှ မဖြစ်ခဲ့သလို နေပေးမယ်"
" အခု ရဲ့ အိမ်တော်က တရားရေးဌာနလက်အောက်မှာ ရှိတယ်။ ပိုင်ဆိုင်မှု တစ်ဝက်ကိုတော့ တိုင်းပြည်ရတနာအဖြစ်သိမ်းယူထားတယ်။ မင်းအလိုရှိရင် ကု အားလုံးကို ပြန်ပေးမယ်"
ရဲ့ရွှီ မျက်လုံးတွေ လှုပ်ရှားသွားပေမဲ့ တိတ်ဆိတ်နေခဲ့တယ်။
ကျင်းဝမ်က ထရပ်ပြီး စားပွဲဆီသွားကာ မင်နဲ့စာရွက်တစ်ချို့ယူပြီး အလျင်အမြန် ရေးလိုက်တယ်။
ခဏလောက်နေတော့ သူက ရဲ့ရွှီဆီ စာလွှာ ပေးလာခဲ့တယ်။
" အခု မင်းယုံပြီလား?"
ရဲ့ရွှီဟာ ဒီစာက တကယ်ကို ရဲ့မိသားစုကို အလွတ်ပေးပြီး ရဲ့အိမ်တော်ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့တွေကို ပြန်ပေးတဲ့ အမိန့်စာဆိုတာ တွေ့လိုက်ရတယ်။
ရဲ့ရွှီ:" အရှင်မင်းကြီးက ဘာအကြောင်းကြောင့် ဒီလို လုပ်ရတာပါလဲ?"
ကျင်းဝမ်က သူ့ကို တိတ်ဆိတ်စွာ ငေးကြည့်ပြီး သူ့ရဲ့ ပုံစံက အေးဆေးတည်ငြိမ်နေခဲ့တယ်။
" ကုပြောခဲ့တယ်လေ။ ကု မင်းနဲ့ အသစ်ပြန်စချင်တယ်"
ဒါပေမဲ့ ဒါက အကြောင်းရင်း တစ်ခုလုံးတော့ ဘယ်ဟုတ်မလဲ
ရဲ့ရွှီက သူကိုယ်ဝန်ရှိနေတာမသိသေးသလို ကျင်းဝမ်ကလဲ မပြောပြသေးဘူး။
မနေ့ညက အံ့ဩမှုနဲ့ ပျော်ရွှင်မှုတွေဟာ ကျင်းဝမ်နှလုံးသားထဲ ပေါ်ထွက်လာခဲ့တယ်။ သူနဲ့ ရဲ့ရွှီတို့ရဲ့ ဆက်ဆံရေးက မသေချာတဲ့ အခြေအနေမှာရှိတယ်။ သူသာ ကလေးအကြောင်းပြောလိုက်ရင် ကောင်းတဲ့ အံ့ဩဖွယ်ရာမဟုတ်ဘဲ ပြဿနာ တစ်ခုသာ ဖြစ်သွားလိမ့်မယ်။
ရဲ့ရွှီက…. ကလေးကို မလိုချင်တာလဲ ဖြစ်နိုင်တယ်။
ကျင်းဝမ်က ဒီလိုမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။
ဒါ့ကြောင့် ကျင်းဝမ်က ရဲ့ရွှီ နန်းတော်ထဲမှာ နေဖို့အတွက် အကြောင်းပြချက် တစ်ခုကို အသုံးပြုလိုက်တယ်။
ဒါပေမဲ့ သူလွန်သွားရင် မကောင်းဘက်ကို ဦးတည်သွားမှာလဲ စိုးမိသေးတယ်။
တွန်းအားပေးတာက ကျရှုံးခြင်းကို ဖြစ်စေနိုင်တယ်။
ဒါ့ကြောင့် ရဲ့ရွှီကို ပြန်ပြီး ချစ်ရေးဆိုဖို့ ပြန်ကြိုးစားခဲ့တယ်။
မနေ့က ရဲ့ရွှီရဲ့ စကားတွေဟာ ရဲ့ရွှီနဲ့ ပက်သက်တဲ့ ကျင်းဝမ်ရဲ့ သံသယတွေကို ပျောက်ကွယ်သွားစေတယ်။ ဒါပေမဲ့ သူ့ကို သစ္စာဖောက်ခဲ့တဲ့ ကိစ္စနဲ့ ပက်သက်ပြီး ကျင်းဝမ်က အာဃာတတွေကို လုံးလုံးလျားလျား မဖယ်ရှားနိုင်ခဲ့သေးဘူး။
အဲ့တာတွေက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေပဲ
အဲ့ဒီအခြေအနေကို မဖြေရှင်းနိုင်သေးပေမဲ့ သူ့ရဲ့ အာဃာတတွေကို ဘေးဖယ်ပြီး အသစ်က ပြန်စဖို့ သူအကောင်းဆုံးကြိုးစားခဲ့တယ်။
ကျင်းဝမ် ရဲ့ရွှီကို အခွင့်အရေးပေးချင်တယ်။ ပြီးတော့ သူ့ကိုယ်သူလဲ အခွင့်အရေးပေးချင်တယ်။
ဘယ်လိုပဲ ပြောပြော ရဲ့ရွှီရဲ့ ဗြောင်းဆန်နေတဲ့ စရိုက်ကို သူ့ကိုယ်မှာ အချိန်အတန်ကြာရင်တောင် ရှာတွေ့နိုင်မှာမှ မဟုတ်တာ
ရဲ့ရွှီကတော့ ဘာမှ မတွေးနေတော့ဘဲ စာရွက်ကို ကိုင်ကာ ပြောစရာစကားမဲ့နေတော့တယ်။
အသစ်က ပြန်စမယ်။ ဒီခွေးဘုရင်နဲ့ ဘယ်သူက အသစ်က ပြန်စချင်နေလို့လဲ အားးးးး? ဒီခွေးဘုရင်က ဘာလို့ အဲ့လောက် အချစ်ရူးနေရတာလဲ?
ရဲ့ရွှီက သူ့ကို စိတ်ထဲ လှောင်ရယ်နေပေမဲ့ အပြင်မှာကျတော့ ဘာမှ မပြောရဲပါဘူး။
ကျင်းဝမ်ကတော့ ဒါဟာ မျှတတယ်လို့ တွေးပြီး ဆက်ျပြာခဲ့တယ်။
" ဒီလိုဆိုရင် ကု လက်ဆတ်ပွဲ ရွေ့ဆိုင်းဖို့ နဲ့ ဘိုးဘွာဝတ်ပြုအခမ်းအနားကိုပါ နောက်ရွေ့ဖို့ အမိန့်ပေးလိုက်တော့မယ်"
" ခဏလေး… ဘာ ဘိုးဘွားဝတ်ပြုအခမ်းအနားလဲ?" ရဲ့ရွှီက အရေးကြီးတဲ့အချက်ကို ချက်ချင်းဖမ်းဆုပ်လိုက်တယ်။
ကျင်းဝမ်က ရှင်းပြလာတယ်။
" တော်ဝင်မျိုးနွယ်တွေက မင်္ဂလာပွဲမတိုင်မီ ဘိုးဘွာဗိမ္မာန်ကိုသွားပြီး ဆုတောင်းကြတာက ဓလေ့ထုံးတမ်းပဲ။ အဲ့တာကို ဘိုးဘွားဝတ်ပြုအခမ်းအနားလို့ခေါ်ကြတယ်။
ဒါပေမဲ့ ကိုယ်တော်တို့က အစကနေ ပြန်စကြမှာ ဆိုတော့ ကု မင်းကို တွန်းအားမပေးပါဘူး။"
" …. မင်းလက်ထပ်ဖို့ ဆန္ဒရှိတဲ့နေ့အထိ ကု စောင့်နိုင်ပါတယ်"
ကျင်းဝမ်က စိတ်ထဲ နှစ်နှစ်ကာကာကို ပြောလာခဲ့ပေမဲ့ ရဲ့ရွှီကတော့ တစ်လုံးမှ မကြားခဲ့ဘူး။ သူတွေးနေတာက ဘိုးဘွားဝတ့်ပြုအခမ်းအနားကိုပဲ
တော်ဝင်နန်းတော်မှာ အစောင့်အကြပ်တွေ များလွန်းတော့ သူထွက်ပြေးဖို့မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို့ ဘိုးဘွားဗိမ္မာန်ကို သွားရင်ကတော့ ထွက်ပြေးလွတ်မြောက်နိုင်သေးတယ်။
ဒါဟာ သူလွတ်မြောက်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ
ရဲ့ရွှီ အလျင်စလို ပြောလိုက်တယ်။
" နောက်ရွေ့ဖို့ မလိုဘူး။ ဘာလို့ နောက်ရွေ့ရမှာလဲ?"
" အားရွှီ?"
ရဲ့ရွှီက ကျင်းဝမ် လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်တယ်။
" ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်း နောက်လဆို ချန်းလုပြည်ရဲ့ အရှင်မင်းမြတ်က လက်ထပ်တော့မယ်ဆိုတာ သိကြတယ်။ ဘာလို့ အခုမှ နောက်ရွေ့မှာလဲ? ဒါ့အပြင် မင်္ဂလာပွဲကို ပြင်ဆင်ရတာကလဲ လွယ်မနေဘူးလေ။ နောက်ရွေ့မယ်လို့သာ အမိန့်ပေးလိုက်ရင် ဒီလို ခက်ခက်ခဲခဲ ကြိုးစားထားခဲ့တဲ့ အလုပ်က အမှိုက်ထဲ ရောက်ရာ ကျသွားမှာပေါ့"
" ဒါပေမဲ့……”
" ဒါပေမဲ့ ဆိုတာ မရှိဘူး။ ငါပြောတာနားေထာင်" ရဲ့ရွှီက ခိုင်ခိုင်မာမာ ပြောလာခဲ့တယ်။
" ငါတို့ အစကနေ ပြန်စလို့ရတယ်။ ဒါပေမဲ့ မင်္ဂလာပွဲကတော့ နောက်ရွေ့လို့မရဘူး"
ရဲ့ရွှီဆီက ခိုင်မာတဲ့ စကားကို ကြားရခဲတယ်။ ကျင်းဝမ် စိတ်ထဲ စိုးရိမ်လာပြီး သံသယတွေ ပွားလာတယ်။
ခဏလောက် နေတော့ ကျင်းဝမ်က လက်မကာ ရဲ့ရွှီရဲ့ ဆံပင်ကို ပွတ်သပ်ပေးလိုက်တယ်။
" ကောင်းပြီလေ"
" မင်းပြောသလိုပါပဲ"
A/N:
ကျင်းဝမ် :" ရေးးး နောက်ဆုံးတော့ ငါ့မိန်းမလေးနဲ့ လက်ထပ်ရတော့မယ်"
ရဲ့ရွှီ:" ရေးးး နောက်ဆုံးတော့ ငါလွတ်မြောက်တော့မယ် ပျော်လိုက်တာ"
T/N
သူတို့အတွဲကလေ အရမ်းချစ်ဖို့ကောင်းတာပဲ
Zawgyi
Chapter 18
သူ႔ရင္ခြင္ထဲက လူသားဟာ ေအးစက္ေနၿပီး သူ႔ရဲ့ ႏွုတ္ခမ္းေတြက ျဖဴေလ်ာ့ေနခဲ့တယ္။ သူ႔ရင္ခြင္ထဲက အေႏြးဓါတ္ကို ခံစားမိေတာ့ ေကာင္ေလးဟာ ပိုတိုးဝင္လာၿပီး က်င္းဝမ္ကို ပြတ္သပ္လိုက္တယ္။
က်င္းဝမ္ ႏွလုံးသားေလး ႏူးညံ့သြားတယ္။ သူက အိပ္ရာေပၚ ရဲ့ရႊီကို ညင္သာစြာ ခ်လိုက္ၿပီး သူ႔ရဲ့ အျပင္ဝတ္႐ုံကို ခၽြတ္ေပးကာ ေစာင္နဲ႔ တင္းတင္းၾကပ္ၾကပ္ထုပ္ေပးထားလိုက္တယ္။
အဲ့တာေတြ လုပ္ၿပီး သြားေတာ့ က်င္းဝမ္က အိပ္ရာေဘး ထိုင္လိုက္တယ္။
".... ခႏၶာကိုယ္ကို ေနာက္ဆုံးထိ ေတာင့္ခံၿပီး ေအာင္ျမင္မွုရတဲ့ ဇာတ္ကြက္လား…" က်င္းဝမ္ဟာ ရဲ့ရႊီလက္ကို သူ႔ရဲ့ လက္နဲ႔ ဆုပ္ကိုင္လိုက္ၿပီး
" မင္းက တကယ္ ကုရဲ့ အားနည္းခ်က္ကို သိတာပဲ"
သဘာဝက်စြာပဲ ေစာင္ထဲက ေကာင္ေလးက သူ႔ကို ဘာမွ တုံ႔ျပန္မလာဘူးေပါ့။ ရဲ့ရႊီရဲ့ မ်က္ခုံးေတြ ၾကဳံ႕လာၿပီး သူ႔ရဲ့ ပုံစံက ေၾကာက္ရြံ့မွုေတြနဲ႔ ျပည့္လာတယ္။
ေျပာရရင္ ဒီေန႔ ရဲ့ရႊီရဲ့ အျပဳအမူေတြက က်င္းဝမ္ကို အရမ္း မအံ့ဩသြားေစပါဘူး
စိတ္တည္ၿငိမ္သြားၿပီးေနာက္ ဒါကနည္းလမ္းက်တယ္လို႔ သူခံစားလာရတယ္။
ဒီလူက ဒီလိုပဲ ျဖစ္ေနသင့္တာ
သူ႔ကို ဒီလိုေမးခြန္းေတြ ေမးရဲတာ ဒီလူသားအျပင္ ဘယ္သူရွိနိုင္ဦးမွာလဲ။ သူ႔ရဲ့ ႏွလုံးသားကို ဘယ္လိုႏူးညံ့ေအာင္ လုပ္ၿပီး သူ႔စိတ္ကို အတြင္းက်က်သိနိုင္တာ ဒီလူသားကလြဲၿပီး ဘယ္သူျဖစ္နိုင္ဦးမွာလဲ
ဘုရင္တစ္ပါးအတြက္ ဒါက ေကာင္းတဲ့အရာေတာ့ မဟုတ္ဘူး
ရဲ့ရႊီကို ထြက္သြားခိုင္းၿပီးေတာ့ က်င္းဝမ္ဟာ ႏွစ္နာရီစလုံး ေတြးေတာေနခဲ့တယ္။ ေနာက္ဆုံးမွာ ဒီလူကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတာ သူ အေျဖရွာလို႔ မရခဲ့ေသးဘူး။
ဒါေပမဲ့ သူေတြးမိတဲ့ နည္းလမ္းေတြကို က်ျပန္ေတာ့လဲ လက္ေတြ႕လုပ္ဖို႔ တုံ႔ဆိုင္းေနမိျပန္တယ္။
လြန္ခဲ့တဲ့ 1လက တုံ႔ဆိုင္းေနတယ္လို႔ ဆိုရင္ အခုက ပိုေတာင္ တုံ႔ဆိုင္းေနေသးတယ္။
က်င္းဝမ္ ေနာင္တရမိတယ္။ သူ ဒီတစ္ႀကိမ္မွာ အရမ္းႀကီး စိတ္ေပ်ာ့လို႔ မရေတာ့ဘူး
႐ုတ္တရက္ ရဲ့ရႊီက နည္းနည္းလွုပ္လာတယ္။
က်င္းဝမ္က သူနိုးလာေတာ့မယ္ ထင္ၿပီး ကိုင္ထားတဲ့ လက္ကို လြတ္လိုက္တယ္။ ဒါေပမဲ့ ရဲ့ရႊီက မနိုးလာဘဲ သူ႔ရဲ့ လက္ေခ်ာင္းေတြကို ေကြးၿပီး က်င္းဝမ္ရဲ့ အကၤ်ီကို ဆြဲထားလိုက္တယ္။
" ေအးတယ္…"
က်င္းဝမ္က တစ္ဖက္လူရဲ့ ေသြးမရွိျဖဴေလ်ာ့ေနတဲ့ လက္ကို ၾကည့္ၿပီး ေခါင္းကို လွည့္လိုက္တယ္။
" ကုကို ဒီလို လုပ္ျပန္ၿပီလား ဒီတစ္ႀကိမ္ေတာ့ ကု လုံးဝ…."
".. က်င္းဝမ္" ရဲ့ရႊီရဲ့ အသံက အားေပ်ာ့ေနၿပီး အက္ရွကာ အသံတိုးတိုးနဲ႔ ေရရြတ္ေနခဲ့တယ္။
" အရမ္း ေအးတာပဲ အ…"
ခဏေလာက္ၾကာေတာ့ က်င္းဝမ္က သူ႔ရဲ့ အေပၚဝတ္႐ုံကို ခၽြတ္ၿပီး အိပ္ရာေပၚ လွဲၿပီး ေအးစက္တုန္ရီေနတဲ့ ေကာင္ေလးကို ရင္ခြင္ထဲ ထည့္ဖက္ထားလိုက္တယ္။
“……”
" ကုက မင္းေအးၿပီး ေသသြားမွာ စိုးလို႔ေနာ္"
က်င္းဝမ္က စိတ္ေကာက္ေနတဲ့ မ်က္ႏွာနဲ႔ ေျပာလိုက္တယ္။
" ကု မင္းကို အျပစ္ေပးဖို႔ ေတြးလိုက္တိုင္း မင္းက.. က်စ္! ရဲ့ခ်င္ မင္းရဲ့ လက္ကို ကုရဲ့ အကၤ်ီထဲ ဘာလို႔ ထည့္လာတာလဲ!"
ေနာက္ေတာ့ ေတာ္ဝင္သမားေတာ္ဖုန္း ကို အေစခံတစ္ေယာက္က ရန္ရွင္းအေဆာင္ကို ပင့္လာခဲ့တယ္။
ေတာင့္တင္းေနတဲ့ပုံစံနဲ႔ အိပ္ရာေပၚ လွဲေနတဲ့ ဘုရင္ငယ္ဟာ ေကာင္ေလးတစ္ေယာက္ရဲ့ လက္ေတြကို သူ႔ အကၤ်ီထဲက ဆြဲထုတ္ေနေလရဲ့
ပါးစပ္ထဲ ခ်ဥ္စုတ္စုတ္အရသာ ရလာတဲ့ ေတာ္ဝင္သမားေတာ္ဖုန္းဟာ ထိုင္ၿပီး ရဲ့ရႊီရဲ့ ေသြးခုန္ႏွုန္းကို စမ္းလိုက္တယ္။
သူ႔ရဲ့ ေသြးခုန္ႏွုန္းက သမားေတာ္ရဲ့ လက္ ေခ်ာင္း ေအာက္မွာ ေခ်ာေမြ႕ၿပီး ပုလဲလုံးလို … ဟမ္???
သမားေတာ္ဖုန္း မ်က္လုံး ျပဴးသြားတယ္။
ဒီေသြးခုန္ႏွုန္းက….
အပူအရင္းအျမစ္ႀကီးကို ဆုံးရွုံးသြားတဲ့ ရဲ့ရႊီဟာ က်င္းဝမ္ရင္ခြင္ထဲ တိုးဝင္လိုက္ျပန္တယ္။က်င္းဝမ္က သူ႔ကို ဖိၿပီး ေျပာလာတယ္။
" လိမ္လိမ္မာမာေန သမားေတာ္နဲ႔ ပူးေပါင္းလိုက္။ မင္း နည္းနည္းလွုပ္လိုက္တာနဲ႔ ကု မင္းကို ရိုက္မယ္"
" ငါ သမားေတာ္နဲ႔ မေတြ႕ခ်င္ဘူး" အိပ္ေပ်ာ္ေနတဲ့ ရဲ့ရႊီဟာ ျပန္ေျပာဖို႔လဲ မေမ့ဘူး
".... ေခြးေကာင္ က်င္းဝမ္"
ေတာ္ဝင္သမားေတာ္ဖုန္းရဲ့ ေျခေထာက္ေတြ ေပ်ာ့ေခြလာၿပီး ဒူးေထာက္က်မတတ္ပဲ
ဒါေပမဲ့ က်င္းဝမ္က ဘာမွ မျဖစ္သလိုပဲ။ သမားေတာ္ဖုန္းက ေခါင္းနည္းနည္းေမာ့ကာ ၾကည့္လိုက္တယ္။
: အရွင္မငိးႀကီးရဲ့ ပုံစံက အမ်က္ေတာ္ရွေနေပမဲ့ သူ႔ရဲ့ မ်က္လုံးက်ေတာ့ ႏူးညံ့ေနတာပဲ
….. အဆဲခံရတာကို ေပ်ာ္ေနတာလား???
က်င္းဝမ္က သူ႔ကို သတိေပးတဲ့အၾကည့္တစ္ခ်က္ေပးၿပီး ေမးလာတယ္။
" ဘယ္လိုေနလဲ?"
"ေသြး.. ေသြးခုန္ႏွုန္းက…" သမားေတာ္ဖုန္းဟာ ခဏေလာက္ေနမွ အသိျပန္ရလာၿပီး စမ္းေမးၾကည့္လိုက္တယ္။
" အရွင္မင္ႀကီး … အေစခံေတြအကုန္ အျပင္ထြက္ခိုင္းလို႔ ရမလား?"
က်င္းဝမ္ ခ်က္ခ်င္း အမိန႔္ေပးလိုက္တယ္။
" မင္းတို႔ အားလုံး ထြက္သြားၾက"
အခန္းထဲက အေစခံေတြ အကုန္ထြက္သြားေတာ့ က်င္းဝမ္က ေမးလာခဲ့တယ္။
" ဒါ သူ႔ရဲ့ ခြင္ကၽြင္း ခႏၶာကိုယ္နဲ႔ သက္ဆိုင္ေနမလား?"
"... ဟုတ္ကဲ့" သမားေတာ္ဖုန္းက ေျပာလာခဲ့တယ္။
" အရွင္မင္းႀကီးကို အရဲစြန႔္ၿပီး ေမးရရင္ .. အမတ္မင္းရဲ့ အာာာ သခင္ေလးကဒီရက္ေတြမွာ… သူ႔ရဲ့ ရနံ့ကို မထိန္းခ်ဳပ္နိုင္ဘဲ စိမ့္ထြက္တာမ်ိဳးရွိလား?"
"အႀကိမ္ေပါင္းမ်ားစြာပဲ"
ေတာ္ဝင္သမားေတာ္ဖုန္းက တိတ္ဆိတ္သြားတယ္။
က်င္းဝမ္ မ်က္ေမွာင္ၾကဳံ႕လိုက္မိတယ္။
ရနံ့ေတြ စိမ့္ထြက္လာတိုင္း က်င္းဝမ္က ရဲ့ရႊီဟာ သူ႔အေပၚ မွီခိုလြန္းတယ္ ဆိုၿပီးေတာ့ပဲ ေတြးခဲ့တယ္။သူ႔ရဲ့ ခ်င္ကၽြင္းရနံ့ကို ရၿပီဆိုရင္ ထိန္းခ်ဳပ္ေဆးရဲ့ အာနိသင္က ပ်ယ္သြားတတ္တယ္။ဒါေပမဲ့ ဒီတစ္ႀကိမ္ေတာ့ ရဲ့ရႊီရဲ့ အေျခအေနက သူ႔ရဲ့ ရနံ့စိမ့္ထြက္တာလို မရိုးရွင္းေတာ့ဘူး။
သူက အျမဲအိပ္ၿပီး ပ်င္းရိေနတတ္တယ္။ ၿပီးေတာ့ အစားလဲ ပိုစားလာၿပီး ခဏခဏလဲ အန္ေနတတ္ေသးတယ္...
က်င္းဝမ္ဟာ ရင္ခြင္ထဲ ရဲ့ရႊီကို ပိုတင္းၾကပ္စြာ ဖက္လိုက္ၿပီး အေတြးတစ္ခုက သူ႔စိတ္ထဲ ေပၚလာခဲ့တယ္။
ခြင္ကၽြင္းေတြက… ထီးေမြ နန္းေမြကိုလြယ္ထားနိုင္တယ္။
က်င္းဝမ္ဟာ ရဲ့ရႊီရဲ့ ဗိုက္ကို ၾကည့္လိုက္ေတာ့ သူ႔ရဲ့ ႏွလုံးခုန္ႏွုန္းေတြ ျမန္လာရတယ္။ ၿပီးေတာ့ သူ အသံတိုးတိုးနဲ႔ ေျပာလိုက္မိတယ္။
" သူ…"
" သခင္ေလးမွာ ကိုယ္ဝန္ေဆာင္ေသြးခုန္ႏွုန္းရွိေနပါတယ္"
ေတာ္ဝင္သမားေတာ္က အရိုအေသေပးကာ ဒူးေထာက္ၿပီး
" အရွင္မင္းႀကီး ဂုဏ္ယူဝမ္းေျမာက္မိပါတယ္"
—
ေတာ္ဝင္သမားေတာ္ကို ျပန္ပို႔ၿပီးသြားေတာ့ က်င္းဝမ္က အားလုံးကို ထြက္သြားဖို႔ အမိန္႔ ေပးလိုက္ၿပီး အိပ္ေဆာင္ထဲ ျပန္လာခဲ့တယ္။
အိပ္ရာေပၚက ေကာင္ေလးက အိပ္ေပ်ာ္ေနတုန္းပဲ ဒါေပမဲ့ သူရဲ့ အပူအရင္းျမစ္ကို ဆုံးရွုံးရတာေၾကာင့္ျဖစ္မယ္။ ဟိုလွုပ္ ဒီလွုပ္လုပ္ေနခဲ့တယ္။
က်င္းဝမ္ အိပ္ရာေပၚ လွဲအိပ္လိုက္တာနဲ႔ ေကာင္ေလးက သူ႔အေပၚကို လက္ေမာင္းေတြ ေျခေထာက္ေတြနဲ႔ ခ်ိတ္လိုက္ၿပီး သူ႔ကို ခိုင္ျမဲစြာ ဖက္ထားေတာ့တယ္။
ဒီလိုအခ်ိန္မ်ိဳးမွသာ သူက က်င္းဝမ္အေပၚ မွီခိုတဲ့ အျပဳအမူကို ျပေလ့ရွိတယ္။
က်င္းဝမ္က သူ႔ကို ရင္ခြင္ထဲ ထည့္ၿပီး သူ႔ရဲ့ လက္ဝါးက တစ္ဖက္လူရဲ့ ျပားခ်ပ္ေနတဲ့ ဗိုက္ေပၚ ႏူးညံ့စြာ ပြတ္သပ္ေနမိတယ္။ သူ႔ရဲ့ မ်က္လုံးထဲမွာလဲ တစ္ခါမွ မရွိခဲ့ဖူးတဲ့ ႏူးညံ့မွုေတြ ေပၚလြင္ေနခဲ့တယ္။
ဒီေနရာမွာ… ကေလးေလး ႀကီးလာေနၿပီပဲ
သူနဲ႔ ရဲ့ရႊီတို႔ရဲ့ ကေလးေလး...
က်င္းဝမ္ လက္ေတြ တုန္ရီလာတယ္။ ဒီလိုအေတြးမ်ိဳးသူ႔စိတ္ထဲ ေပၚလာေတာ့ ေပ်ာ္ရႊင္မွုကို သူ ဘယ္လိုမွ ဖိႏွိပ္ထားလို႔ မရဘူး။
" မလုပ္ပါနဲ႔…" ရဲ့ရႊီ လွုပ္ရွားလာတယ္။ သူ႔ရဲ့ ေခါင္းကို က်င္းဝမ္ ရင္ခြင္ထဲ တိုးေဝွ႕ၿပီး အိမ္မက္ေယာင္ကာ စကားေျပာလာတယ္။
" ငါ့ကို မရိုက္ပါနဲ႔"
က်င္းဝမ္ရဲ့ စိတ္ထဲ တုန္ရီသြားၿပီး ဝမ္းသာေနတဲ့ အရွိန္အဟုန္ေလး လြင့္ပ်ယ္သြားတယ္။
သူ ဘာအိမ္မက္မက္ေနတယ္ဆိုတာ ဘယ္သူမွ မသိေပမဲ့ ေကာင္ေလးက အရမ္းေၾကာက္ေနၿပီး သူ႔ရင္ခြင္ထဲ ပိုတိုးဝင္လာခဲ့တယ္။
" က်င္းဝမ္ ငါ မင္းကို မဆဲေတာ့ပါဘူး။ ငါ့ကို မရိုက္ပါနဲ႔ ဟုတ္ၿပီလား…"
" မေၾကာက္နဲ႔… ကု မင္းကို မရိုက္ပါဘူး…" က်င္ူဝမ္က သူ႔ေက်ာကို ပုတ္ေပးၿပီး ႏူးညံ့စြာ ေျပာလိုက္တယ္။
" ဘယ္ေတာ့မွ "
“မယုံဘူး" ရဲ့ရႊီ ဆက္ေျပာလိုက္တယ္။"... ေခြးဘုရင္"
က်င္းဝမ္, “……”
—
ရဲ့ရႊီ နိုးလာေတာ့ ေန႔ခင္းေတာင္ေရာက္ေနၿပီ။ သူက ႏူးညံ့တဲ့ အိပ္ရာေပၚမွာ ရွိေနၿပီးေတာ့ ႏြမ္းနယ္ေနသလို ခံစားရတယ္။ သူ႔ခါးေအာက္ပိုင္းကထုံက်င္ေနၿပီးေတာ့ ထနိုင္တယ္ ဆို႐ုံေလးပဲ။
အျပင္မွာ 2 နာရီေလာက္ေလး ရပ္ေနလိုက္တာနဲ႔ ေပ်ာ့သြားရေအာင္ သူ႔ ကိုယ္ခံအားက အဲ့ေလာက္ဆိုးမယ္လို႔ မထင္ထားမိဘူး။
…. သူ ရွုံးတာကို ဝန္ခံၿပီး သက္သက္သာသာေနလိုက္သင့္တာ
ရဲ့ရႊီ လွည့္ၿပီး ထိုင္လိုက္တယ္။ ၿပီေတာ့ အိပ္ရာေပၚက ဆင္းခါနီးမွာ အျပင္ကေန ျမန္ျမန္ေျပးဝင္လာတဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္တယ္။
" မလွုပ္နဲ႔"
က်င္းဝမ္က ရဲ့ရႊီရဲ့ ေက်ာကို အိပ္ရာေပၚ ျပန္လွဲခ်လိုက္ၿပီး
" ေတာ္ဝင္သမားေတာ္က ေျပာထားတယ္။ အျပင္မွာ အၾကာႀကီး ရပ္ေနခဲ့တာေၾကာင့္ မင္းရဲ့ႂကြက္သားေတြနဲ႔ အရိုးေတြ နာေနလိမ့္မယ္တဲ့။ ၿပီးေတာ့ ရာသီဥတုကလဲ အရမ္းေအးတာေၾကာင့္ အိပ္ရာထဲမွာ ရက္အနည္းငယ္ေလာက္အနားယူရမယ္တဲ့"
ရဲ့ရႊီ သူ႔ကို သတိအေနအထားနဲ႔ ၾကည့္လိုက္တယ္။
ဒီလူက ဘာလို႔… အရင္ကနဲ႔ မတူေတာ့တာလဲ?
က်င္းဝမ္က ရဲ့ရႊီရဲ့ ပုံစံကို ျမင္ေတာ့ ရယ္လိုက္ၿပီး
" ကိုယ္ေတာ့္ကို ဘာလို ဒီလိုႀကီး ၾကည့္ေနတာလဲ ေလးလံေနတဲ့ အၾကည့္ေတြနဲ႔"
ဒီအသံက ဘာလဲဟ။ ဒီလူ ႐ူးမ်ားသြားတာလား
ရဲ့ရႊီ လည္ေခ်ာင္းရွင္းၿပီး သတိထားၿပီး ေျပာလိုက္တယ္။
" အရွင္မင္းႀကီး.. အရွင္မင္းႀကီးက ကၽြန္ေတာ္မ်ိဳးကို အျပစ္မေပးေတာ့ဘူးလား?"
က်င္းဝမ္က မ်က္ခုံးပင့္လိုက္ၿပီး
" ဘာလဲ မင္းကို အျပစ္ေပးတာ မလုံေလာက္ေသးလို႔လား?"
" လုံေလာက္ပါၿပီ လုံေလာက္ပါၿပီ" ရဲ့ရႊီ ေခါင္းငုံ႔ကာ ေရရြတ္လိုက္တယ္။
" မင္းငါ့ကို အျပစ္လဲ မေပးနိုင္ေတာ့ပါဘူး။ ငါ့ေျခေထာက္ေတြက အခုထိနာေနတုန္းရွိေသးတယ္ အ"
ငုံ႔ၾကည့္လိုက္ေတာ့ က်င္းဝမ္ရဲ့ လက္က ရဲ့ရႊီရဲ့ ေျခေထာက္ေတြေပၚေရာက္ေနၿပီး ႏူးညံ့စြာ ပြတ္သပ္ေနခဲ့တယ္။
" ဒီမွာ နာတာလား?"
ရဲ့ရႊီရဲ့ ေျခေထာက္ႏွစ္ဖက္လုံး ထုံထိုင္းၿပီး နာက်င္ေနတာပဲ။က်င္းဝမ္က သူ႔ရဲ့ ေျခေထာက္ေတြကို ထိလိုက္ေတာ့ နာက်င္မွုေၾကာင့္ ရွုးရွုးရွဲရွဲ အသံေတြ ထြက္လာတယ္။ ၿပီးေတာ့ သူက နီရဲေနတဲ့ မ်က္လုံးေတြနဲ႔ ေခါင္းညိတ္လိုက္တယ္။
က်င္းဝမ္က အိပ္ရာေဘးမွာ ထိုင္ၿပီး သူ႔ေျခေထာက္ကို ႏွိပ္ေပးလာတယ္။
တိုင္းျပည္ ျပည့္ရွင္သခင္ အရွင္မင္းႀကီးဟာ ဘယ္ေသာအခါမွ တစ္ျခားလူေတြကို ဒီလို မျပဳစုဖူးဘူး။ သူ႔ရဲ့ လွုပ္ရွားမွုေတြက အနည္းငယ္ တုန္ရီေနေပမဲ့ ရဲ့ရႊီ နာက်င္မွာ စိုးတာေၾကာင့္ အားေဖ်ာ့ၿပီးေသခ်ာ ႏွိပ္ေပးေနခဲ့တယ္။
ရဲ့ရႊီဟာ သံသယျဖစ္ရာကေန ေၾကာက္စိတ္ေတြ ျဖစ္လာရတယ္။ ဒီလူ စိတ္လႊတ္သြားၿပီလား?
ရဲ့ရႊီဟာ က်င္းဝမ္ကို သံသယတႀကီး စိုက္ၾကည့္လိုက္ၿပီး ႐ုတ္တရက္ ေျပာလာခဲ့တယ္။
" မင္း ဘာေတြ ေတြးေနျပန္တာလဲ?"
ရဲ့ရႊီ အလ်င္အျမန္ အၾကည့္လြဲလိုက္တယ္။
က်င္းဝမ္က ေခါင္းေမာ့လာၿပီး
" ကု မင္းကို ေမးေနတာေလ"
" ငါ တမင္တကာ ေတြးမိတာေတာ့ မဟုတ္ပါဘူး ဒါေပမဲ့" ရဲ့ရႊီက အသံတိုးတိုးနဲ႔ ဆက္ေျပာလာျပန္တယ္။
" ငါေတြးေနတာက အရွင္က ဒီေန႔ငါ့အေပၚ ဘာလို႔ အဲ့ေလာက္ေကာင္းေနရတာလဲ ဒါ့ေၾကာင့္ ငါ…"
က်င္းဝမ္:" ေပ်ာ္ေနတာလား?"
" ပ်ာယာခတ္ေနတာ" ရဲ့ရႊီဟာ စိုးရိမ္ထိန္လန႔္ေနတဲ့ မ်က္ႏွာနဲ႔ ေခါင္းငုံၿပီး ဆက္ေျပာလာတယ္။
" ဒါေတြ ၿပီးသြားရင္ ငါ့ကို သတ္မွာေတာ့ မဟုတ္ဘူးမလား? ေသဒဏ္က်ခံထားတဲ့ ေထာင္သားေတြဆို ေနာက္ဆုံးအေနနဲ႔ အသားဟင္းေတြ ေကၽြးသလိုေလ"
“……”
က်င္းဝမ္ ထိန္းသိမ္းခဲ့တဲ့ ႏူးညံ့တဲ့ အျပဳအမူေတြဟာ ဖိႏွိပ္ခံလိုက္ရတယ္။ သူက အံ့ႀကိတ္ကာ ေျပာလာတယ္။
" မင္းက ကုျပဳစုတာကို ေခါင္းျဖတ္ခါနီး ေကၽြးတဲ့ ထမင္းနဲ႔ ႏွိုင္းလိုက္တာလား?"
ရဲ့ရႊီက အသံေသးေသးေလးနဲ႔ ေျပာလိုက္တယ္။
" ထမင္းေလာက္ေတာ့ မေကာင္းဘူးေပါ့ အနည္းဆုံးေတာ့ ထမင္းက စားလို႔ရေသးတယ္ေလ… မင္းက ဒီေလာက္ ညံ့တဲ့အႏွိပ္စြမ္းရည္ရွိေနတာ။ မင္းႏွိပ္တာ ေျခေထာက္ကို နာေနေရာဘဲ"
က်င္းဝမ္မ်က္ႏွာက အမူအရာမဲ့ေနတယ္။
" နားလည္ၿပီ"
ရဲ့ရႊီဟာ ပါးစပ္ကို ကတိုက္ကရိုက္နဲ႔ ပိတ္လိုက္ၿပီး စကားေျပာတာ ရပ္လိုက္တယ္။
က်င္းဝမ္က မ်က္ခုံးကို ႏွိပ္ကာ သူ႔စိတ္ထဲက ေဒါသကို တတ္နိုင္သမၽွ ခ်ဳပ္တည္းေနခဲ့တယ္။ ၿပီးေတာ့ စိတ္ထဲမွာ ေတြးလိုက္တယ္။
" ေတာ္ဝင္သမားေတာ္က ေျပာခဲ့တယ္။ ကိုယ္ဝန္သည္ ခြင္ကၽြင္းကို ရန္မစရဘူး။ မေျခာက္လန႔္ရဘူး။ အေရးအႀကီးဆုံးက မရိုက္ရဘူး မဆူရဘူး…."
က်င္းဝမ္ စိတ္လြင့္ေနတာကို အခြင့္ေကာင္းယူၿပီး ရဲ့ရႊီက သူ႔လက္ထဲက ေျခေထာက္ကို ျမန္ျမန္ဆြဲထုတ္လိုက္တယ္။ သူက ဒူးကို လက္နဲ႔ ပိုက္ထားၿပီး အိပ္ရာေပၚမွာ ေဘာလုံးေလ တစ္လုံးလို ေနၿပီး က်င္းဝမ္ကို စိုးရိမ္တႀကီး ၾကည့္ေနမိတယ္။
က်င္းဝမ္က သက္ျပင္းခ်ၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျပာလာတယ္။
" မင္းအိပ္ေနတဲ့ အခ်ိန္တုန္းက ကု ေတာ္ေတာ္မ်ားမ်ား ေတြးခဲ့တယ္"
" ဒီရက္ေတြမွာ ကိုယ္ေတာ္တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အႀကိမ္မ်ားစြာ စမ္းသပ္ခဲ့ၾကၿပီးၿပီ။ ယုံၾကည္မွုေတြလဲ ေပ်ာ္ဆုံးသြားခဲ့ၿပီ" က်င္းဝမ္က ရဲ့ရႊီကို စိုက္ၾကည့္ၿပီး သူအသံက အရမ္းကို ေပါ့ပါးေနခဲ့တယ္။
" မေန႔က မင္းမွန္တယ္။ ကုက မင္းကို ပြင့္လင္းေစခ်င္တယ္။ ဒါေပမဲ့ ကုကိုယ္တိုင္ကလဲ မင္းကို အမွန္တရားတစ္ခုေလးကိုမွ မေျပာခဲ့ဖူးဘူး"
" ကိုယ္ေတာ္တို႔ၾကားမွာ ဒီလိုမျဖစ္သင့္ဘူး။ ကု မွားသြားတယ္။ ကု မင္းကို ေတာင္းပန္ပါတယ္"
“……”
ဒါေရာ ဘယ္လို ေထာင္ေခ်ာက္မ်ိဳးလဲ? ဒီ ေခြးဘုရင္က အေၾကာက္လြန္ၿပီး ေႏြးေထြးတဲ့ လမ္းေၾကာင္းကို ေျပာင္းလိုက္တာလား?
ရဲ့ရႊီက က်င္းဝမ္ရဲ့ အေတြးေတြကို မရွင္းမရွင္းျဖစ္ေနၿပီး ျပန္ အေျဖမေပးရဲဘူး
က်င္းဝမ္:" မင္း ကုကို မယုံဘူးလား?"
ရဲ့ရႊီ သူ႔ကို လုံးဝ မယုံဘူးေပါ့။ က်င္းဝမ္အေပၚ ယုံၾကည္မွုေတြက အစကတည္းက အႏုတ္ဘက္ ေရာက္သြားၿပီးၿပီေလ
ရဲ့ရႊီက ရွုတ္ရွုက္ယွက္ယွက္ေတြ မေျပာေတာ့ဘဲ တိုက္ရိုက္ ေျပာလိုက္တယ္။
" အရွင္မင္းႀကီး ေျပာစရာရွိတာေျပာပါ"
တစ္ညလုံး အိပ္ၿပီးသြားေတာ့ ရဲ့ရႊီရဲ့ အေျခအေနက ပိုေကာင္းလာၿပီ။ ဒါေပမဲ့ သူ႔ရဲ့ အသားအေရက သိပ္မေကာင္းေသးဘူး။ ပိုၿပီး ပိန္လာသလိုပဲ
က်င္းဝမ္ရဲ့ အၾကည့္က တစ္ျဖည္းျဖည္း ေအာက္ဆင္းလာၿပီး တစ္ဖက္လူရဲ့ ျပားခ်ပ္ေနတဲ့ ဗိုက္ကို ၾကည့္လိုက္မိတယ္။ ေနာက္ေတာ့ အၾကည့္လြဲလိုက္တယ္။
" ၾကည့္ရတာ မင္း ကိုယ့္ကိုမယုံဘူးပဲ"
ဒါပထမဆုံး က်င္းဝမ္က သူ႔ေရွ႕မွ ' ကု ' လို႔ မသုံးတာပဲ
က်င္းဝမ္က လက္ေျမာက္ၿပီး ရဲ့ရႊီရဲ့ မ်က္ႏွာကို လက္ေခ်ာင္းေလးေတြနဲ႔ ပြတ္လိုက္တယ္။ သူ႔ရဲ့ ေျပေလ်ာ့ေနတဲ့ ဆံပင္ကို နားရြက္ေနာက္ သပ္တင္ေပးလိုက္တာ ေျပာလိုက္တယ္။
" အားရႊီ ကိုယ္ မင္းနဲ႔ အသစ္က ျပန္စခ်င္တယ္"
ရဲ့ရႊီ အခက္ေတြ႕သြားတယ္။
က်င္းဝမ္က နက္ရွိုင္းၿပီး ေခ်ာေမာလွတဲ့ မ်က္လုံးတစ္စုံနဲ႔ ေမြးဖြားခဲ့တယ္။ သူ တစ္ေယာက္ေယာက္ကို ဒီလိုမ်ိဳး စူးစိုက္ၾကည့္လိုက္ၿပီးဆိုရင္ အဲ့ဒီ မ်က္ဝန္းေတြထဲက နက္ရွိုင္းတဲ့အခ်စ္ကို ေဖာ္ျပေနတယ္။
ရဲ့ရႊီ အဲ့ဒီ မ်က္ဝန္းေတြကို ၾကည့္လိုက္ေတာ့ သူ႔ရဲ့ ႏွလုံးသားဟာ ဒယိမ္းဒယိုင္ျဖစ္လာၿပီး အက္ေၾကာင္းေလးေတြေတာင္ ထင္လာတယ္။
ဒီလို မ်က္ဝန္းတစ္စုံနဲ႔ စိုက္ၾကည့္ေနတာကို ေတာင့္ခံဖို႔ အရမ္းခက္ခဲတယ္
ကံဆိုးခ်င္ေတာ့ ဒါက က်င္းဝမ္ေလ
က်င္းဝမ္ဟာ ရဲ့ရႊီရဲ့ ေလလြင့္ေနတဲ့ အေတြးေတြကို သတိမထားမိဘဲ ဆက္ေျပာလာခဲ့တယ္။
" မင္း ဘာအေၾကာင္းေၾကာင့္ သစၥာေဖာက္ခဲ့သည္ျဖစ္ေစ မင္းသာ အနာဂတ္မွာ ကုရဲ့ ေဘးနားအေဖာ္ျပေပးဖို႔ ကတိေပးမယ္ဆိုရင္ သစၥာေဖာက္တာကို ပယ္ဖ်က္ေပးလိုက္မယ္။ အတိတ္ကအေၾကာင္းအရာေတြကို ကု ဘယ္တုန္းကမွ မျဖစ္ခဲ့သလို ေနေပးမယ္"
" အခု ရဲ့ အိမ္ေတာ္က တရားေရးဌာနလက္ေအာက္မွာ ရွိတယ္။ ပိုင္ဆိုင္မွု တစ္ဝက္ကိုေတာ့ တိုင္းျပည္ရတနာအျဖစ္သိမ္းယူထားတယ္။ မင္းအလိုရွိရင္ ကု အားလုံးကို ျပန္ေပးမယ္"
ရဲ့ရႊီ မ်က္လုံးေတြ လွုပ္ရွားသြားေပမဲ့ တိတ္ဆိတ္ေနခဲ့တယ္။
က်င္းဝမ္က ထရပ္ၿပီး စားပြဲဆီသြားကာ မင္နဲ႔စာရြက္တစ္ခ်ိဳ႕ယူၿပီး အလ်င္အျမန္ ေရးလိုက္တယ္။
ခဏေလာက္ေနေတာ့ သူက ရဲ့ရႊီဆီ စာလႊာ ေပးလာခဲ့တယ္။
" အခု မင္းယုံၿပီလား?"
ရဲ့ရႊီဟာ ဒီစာက တကယ္ကို ရဲ့မိသားစုကို အလြတ္ေပးၿပီး ရဲ့အိမ္ေတာ္ရဲ့ ခ်မ္းသာႂကြယ္ဝမွုနဲ႔ေတြကို ျပန္ေပးတဲ့ အမိန႔္စာဆိုတာ ေတြ႕လိုက္ရတယ္။
ရဲ့ရႊီ:" အရွင္မင္းႀကီးက ဘာအေၾကာင္းေၾကာင့္ ဒီလို လုပ္ရတာပါလဲ?"
က်င္းဝမ္က သူ႔ကို တိတ္ဆိတ္စြာ ေငးၾကည့္ၿပီး သူ႔ရဲ့ ပုံစံက ေအးေဆးတည္ၿငိမ္ေနခဲ့တယ္။
" ကုေျပာခဲ့တယ္ေလ။ ကု မင္းနဲ႔ အသစ္ျပန္စခ်င္တယ္"
ဒါေပမဲ့ ဒါက အေၾကာင္းရင္း တစ္ခုလုံးေတာ့ ဘယ္ဟုတ္မလဲ
ရဲ့ရႊီက သူကိုယ္ဝန္ရွိေနတာမသိေသးသလို က်င္းဝမ္ကလဲ မေျပာျပေသးဘူး။
မေန႔ညက အံ့ဩမွုနဲ႔ ေပ်ာ္ရႊင္မွုေတြဟာ က်င္းဝမ္ႏွလုံးသားထဲ ေပၚထြက္လာခဲ့တယ္။ သူနဲ႔ ရဲ့ရႊီတို႔ရဲ့ ဆက္ဆံေရးက မေသခ်ာတဲ့ အေျခအေနမွာရွိတယ္။ သူသာ ကေလးအေၾကာင္းေျပာလိုက္ရင္ ေကာင္းတဲ့ အံ့ဩဖြယ္ရာမဟုတ္ဘဲ ျပႆနာ တစ္ခုသာ ျဖစ္သြားလိမ့္မယ္။
ရဲ့ရႊီက…. ကေလးကို မလိုခ်င္တာလဲ ျဖစ္နိုင္တယ္။
က်င္းဝမ္က ဒီလိုမ်ိဳး ဘယ္ေတာ့မွ အျဖစ္ခံမွာ မဟုတ္ဘူး။
ဒါ့ေၾကာင့္ က်င္းဝမ္က ရဲ့ရႊီ နန္းေတာ္ထဲမွာ ေနဖို႔အတြက္ အေၾကာင္းျပခ်က္ တစ္ခုကို အသုံးျပဳလိုက္တယ္။
ဒါေပမဲ့ သူလြန္သြားရင္ မေကာင္းဘက္ကို ဦးတည္သြားမွာလဲ စိုးမိေသးတယ္။
တြန္းအားေပးတာက က်ရွုံးျခင္းကို ျဖစ္ေစနိုင္တယ္။
ဒါ့ေၾကာင့္ ရဲ့ရႊီကို ျပန္ၿပီး ခ်စ္ေရးဆိုဖို႔ ျပန္ႀကိဳးစားခဲ့တယ္။
မေန႔က ရဲ့ရႊီရဲ့ စကားေတြဟာ ရဲ့ရႊီနဲ႔ ပက္သက္တဲ့ က်င္းဝမ္ရဲ့ သံသယေတြကို ေပ်ာက္ကြယ္သြားေစတယ္။ ဒါေပမဲ့ သူ႔ကို သစၥာေဖာက္ခဲ့တဲ့ ကိစၥနဲ႔ ပက္သက္ၿပီး က်င္းဝမ္က အာဃာတေတြကို လုံးလုံးလ်ားလ်ား မဖယ္ရွားနိုင္ခဲ့ေသးဘူး။
အဲ့တာေတြက ေရွ႕မတိုးသာ ေနာက္မဆုတ္သာ အေျခအေနပဲ
အဲ့ဒီအေျခအေနကို မေျဖရွင္းနိုင္ေသးေပမဲ့ သူ႔ရဲ့ အာဃာတေတြကို ေဘးဖယ္ၿပီး အသစ္က ျပန္စဖို႔ သူအေကာင္းဆုံးႀကိဳးစားခဲ့တယ္။
က်င္းဝမ္ ရဲ့ရႊီကို အခြင့္အေရးေပးခ်င္တယ္။ ၿပီးေတာ့ သူ႔ကိုယ္သူလဲ အခြင့္အေရးေပးခ်င္တယ္။
ဘယ္လိုပဲ ေျပာေျပာ ရဲ့ရႊီရဲ့ ေျဗာင္းဆန္ေနတဲ့ စရိုက္ကို သူ႔ကိုယ္မွာ အခ်ိန္အတန္ၾကာရင္ေတာင္ ရွာေတြ႕နိုင္မွာမွ မဟုတ္တာ
ရဲ့ရႊီကေတာ့ ဘာမွ မေတြးေနေတာ့ဘဲ စာရြက္ကို ကိုင္ကာ ေျပာစရာစကားမဲ့ေနေတာ့တယ္။
အသစ္က ျပန္စမယ္။ ဒီေခြးဘုရင္နဲ႔ ဘယ္သူက အသစ္က ျပန္စခ်င္ေနလို႔လဲ အားးးးး? ဒီေခြးဘုရင္က ဘာလို႔ အဲ့ေလာက္ အခ်စ္႐ူးေနရတာလဲ?
ရဲ့ရႊီက သူ႔ကို စိတ္ထဲ ေလွာင္ရယ္ေနေပမဲ့ အျပင္မွာက်ေတာ့ ဘာမွ မေျပာရဲပါဘူး။
က်င္းဝမ္ကေတာ့ ဒါဟာ မၽွတတယ္လို႔ ေတြးၿပီး ဆက္်ျပာခဲ့တယ္။
" ဒီလိုဆိုရင္ ကု လက္ဆတ္ပြဲ ေရြ႕ဆိုင္းဖို႔ နဲ႔ ဘိုးဘြာဝတ္ျပဳအခမ္းအနားကိုပါ ေနာက္ေရြ႕ဖို႔ အမိန႔္ေပးလိုက္ေတာ့မယ္"
" ခဏေလး… ဘာ ဘိုးဘြားဝတ္ျပဳအခမ္းအနားလဲ?" ရဲ့ရႊီက အေရးႀကီးတဲ့အခ်က္ကို ခ်က္ခ်င္းဖမ္းဆုပ္လိုက္တယ္။
က်င္းဝမ္က ရွင္းျပလာတယ္။
" ေတာ္ဝင္မ်ိဳးႏြယ္ေတြက မဂၤလာပြဲမတိုင္မီ ဘိုးဘြာဗိမၼာန္ကိုသြားၿပီး ဆုေတာင္းၾကတာက ဓေလ့ထုံးတမ္းပဲ။ အဲ့တာကို ဘိုးဘြားဝတ္ျပဳအခမ္းအနားလို႔ေခၚၾကတယ္။
ဒါေပမဲ့ ကိုယ္ေတာ္တို႔က အစကေန ျပန္စၾကမွာ ဆိုေတာ့ ကု မင္းကို တြန္းအားမေပးပါဘူး။"
" …. မင္းလက္ထပ္ဖို႔ ဆႏၵရွိတဲ့ေန႔အထိ ကု ေစာင့္နိုင္ပါတယ္"
က်င္းဝမ္က စိတ္ထဲ ႏွစ္ႏွစ္ကာကာကို ေျပာလာခဲ့ေပမဲ့ ရဲ့ရႊီကေတာ့ တစ္လုံးမွ မၾကားခဲ့ဘူး။ သူေတြးေနတာက ဘိုးဘြားဝတ့္ျပဳအခမ္းအနားကိုပဲ
ေတာ္ဝင္နန္းေတာ္မွာ အေစာင့္အၾကပ္ေတြ မ်ားလြန္းေတာ့ သူထြက္ေျပးဖို႔မျဖစ္နိုင္ဘူး။ ဒါေပမဲ့ သူတို႔ ဘိုးဘြားဗိမၼာန္ကို သြားရင္ကေတာ့ ထြက္ေျပးလြတ္ေျမာက္နိုင္ေသးတယ္။
ဒါဟာ သူလြတ္ေျမာက္နိုင္မဲ့ တစ္ခုတည္းေသာ အခြင့္အေရးပဲ
ရဲ့ရႊီ အလ်င္စလို ေျပာလိုက္တယ္။
" ေနာက္ေရြ႕ဖို႔ မလိုဘူး။ ဘာလို႔ ေနာက္ေရြ႕ရမွာလဲ?"
" အားရႊီ?"
ရဲ့ရႊီက က်င္းဝမ္ လက္ကို ဆုပ္ကိုင္ကာ ေျပာလိုက္တယ္။
" ကမၻာေပၚမွာ ရွိတဲ့ လူတိုင္း ေနာက္လဆို ခ်န္းလုျပည္ရဲ့ အရွင္မင္းျမတ္က လက္ထပ္ေတာ့မယ္ဆိုတာ သိၾကတယ္။ ဘာလို႔ အခုမွ ေနာက္ေရြ႕မွာလဲ? ဒါ့အျပင္ မဂၤလာပြဲကို ျပင္ဆင္ရတာကလဲ လြယ္မေနဘူးေလ။ ေနာက္ေရြ႕မယ္လို႔သာ အမိန႔္ေပးလိုက္ရင္ ဒီလို ခက္ခက္ခဲခဲ ႀကိဳးစားထားခဲ့တဲ့ အလုပ္က အမွိုက္ထဲ ေရာက္ရာ က်သြားမွာေပါ့"
" ဒါေပမဲ့……”
" ဒါေပမဲ့ ဆိုတာ မရွိဘူး။ ငါေျပာတာနားေထာင္" ရဲ့ရႊီက ခိုင္ခိုင္မာမာ ေျပာလာခဲ့တယ္။
" ငါတို႔ အစကေန ျပန္စလို႔ရတယ္။ ဒါေပမဲ့ မဂၤလာပြဲကေတာ့ ေနာက္ေရြ႕လို႔မရဘူး"
ရဲ့ရႊီဆီက ခိုင္မာတဲ့ စကားကို ၾကားရခဲတယ္။ က်င္းဝမ္ စိတ္ထဲ စိုးရိမ္လာၿပီး သံသယေတြ ပြားလာတယ္။
ခဏေလာက္ ေနေတာ့ က်င္းဝမ္က လက္မကာ ရဲ့ရႊီရဲ့ ဆံပင္ကို ပြတ္သပ္ေပးလိုက္တယ္။
" ေကာင္းၿပီေလ"
" မင္းေျပာသလိုပါပဲ"
A/N:
က်င္းဝမ္ :" ေရးးး ေနာက္ဆုံးေတာ့ ငါ့မိန္းမေလးနဲ႔ လက္ထပ္ရေတာ့မယ္"
ရဲ့ရႊီ:" ေရးးး ေနာက္ဆုံးေတာ့ ငါလြတ္ေျမာက္ေတာ့မယ္ ေပ်ာ္လိုက္တာ"
T/N
သူတို႔အတြဲကေလ အရမ္းခ်စ္ဖို႔ေကာင္းတာပဲ