Chapter 18

10.8K 1.5K 129
                                    

Chapter 18

သူ့ရင်ခွင်ထဲက လူသားဟာ အေးစက်နေပြီး သူ့ရဲ့ နှုတ်ခမ်းတွေက ဖြူလျော့နေခဲ့တယ်။ သူ့ရင်ခွင်ထဲက အနွေးဓါတ်ကို ခံစားမိတော့ ကောင်လေးဟာ ပို‌တိုးဝင်လာပြီး ကျင်းဝမ်ကို ပွတ်သပ်လိုက်တယ်။

ကျင်းဝမ် နှလုံးသားလေး နူးညံ့သွားတယ်။ သူက အိပ်ရာပေါ်  ရဲ့ရွှီကို ညင်သာစွာ ချလိုက်ပြီး သူ့ရဲ့ အပြင်ဝတ်ရုံကို ချွတ်ပေးကာ စောင်နဲ့ တင်းတင်းကြပ်ကြပ်ထုပ်ပေးထားလိုက်တယ်။

အဲ့တာတွေ လုပ်ပြီး သွားတော့ ကျင်းဝမ်က အိပ်ရာဘေး ထိုင်လိုက်တယ်။

".... ခန္ဓာကိုယ်ကို နောက်ဆုံးထိ တောင့်ခံပြီး အောင်မြင်မှုရတဲ့ ဇာတ်ကွက်လား…" ကျင်းဝမ်ဟာ ရဲ့ရွှီလက်ကို သူ့ရဲ့ လက်နဲ့ ဆုပ်ကိုင်လိုက်ပြီး
" မင်းက တကယ် ကုရဲ့ အားနည်းချက်ကို သိတာပဲ"

သဘာဝကျစွာပဲ စောင်ထဲက ကောင်လေးက သူ့ကို ဘာမှ တုံ့ပြန်မလာဘူးပေါ့။ ရဲ့ရွှီရဲ့ မျက်ခုံးတွေ ကြုံ့လာပြီး သူ့ရဲ့ ပုံစံက ကြောက်ရွံ့မှုတွေနဲ့ ပြည့်လာတယ်။

ပြောရရင် ဒီနေ့ ရဲ့ရွှီရဲ့ အပြုအမူတွေက ကျင်းဝမ်ကို အရမ်း မအံ့ဩသွားစေပါဘူး

စိတ်တည်ငြိမ်သွားပြီးနောက် ဒါကနည်းလမ်းကျတယ်လို့ သူခံစားလာရတယ်။

ဒီလူက ဒီလိုပဲ ဖြစ်နေသင့်တာ

သူ့ကို ဒီလိုမေးခွန်းတွေ မေးရဲတာ ဒီလူသားအပြင် ဘယ်သူရှိနိုင်ဦးမှာလဲ။ သူ့ရဲ့ နှလုံးသားကို ဘယ်လိုနူးညံ့အောင် လုပ်ပြီး သူ့စိတ်ကို အတွင်းကျကျသိနိုင်တာ ဒီလူသားကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ

ဘုရင်တစ်ပါးအတွက် ဒါက ကောင်းတဲ့အရာတော့ မဟုတ်ဘူး

ရဲ့ရွှီကို ထွက်သွားခိုင်းပြီးတော့ ကျင်းဝမ်ဟာ နှစ်နာရီစလုံး တွေးတောနေခဲ့တယ်။ နောက်ဆုံးမှာ ဒီလူကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူ အဖြေရှာလို့ မရခဲ့သေးဘူး။

ဒါပေမဲ့ သူတွေးမိတဲ့ နည်းလမ်းတွေကို ကျပြန်တော့လဲ လက်တွေ့လုပ်ဖို့ တုံ့ဆိုင်းနေမိပြန်တယ်။

လွန်ခဲ့တဲ့ 1လက တုံ့ဆိုင်းနေတယ်လို့ ဆိုရင် အခုက ပိုတောင် တုံ့ဆိုင်းနေသေးတယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now