လီမွန်ရောင်လျှပ်စီး || ဘာသာပြ...

By Rhmjrs_58

183K 32K 556

柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Comple... More

『Description』
Characters' Introduction with Manhua
Chapter 《1》
Chapter《2》
Chapter《3》
Chapter 《4》
Chapter 《5》
Chapter 《6》
Chapter 《7》
Chapter《8》
Chapter《9》
Chapter《10》
Chapter《11》
Chapter《12》
Chapter《13》
Chapter《14》
Chapter《15》
Chapter 《16》
Chapter《17》
Chapter《18》
Chapter《19》
Chapter《20》
Chapter 《21》
Chapter《22》
Chapter《23》
Chapter 《24》
Chapter 《25》
Chapter《26》
Chapter 《28》
Chapter《29》
Chapter 《30》
Chapter 《31》
Chapter 《32》
Chapter 《33》
Chapter 《34》
Chapter《35》
Chapter《36》
Chapter《37》
Chapter 《38》
Chapter 《39》
Chapter 《40》
Chapter《41》
Chapter 《42》
Chapter 《43》
Chapter 《44》
Chapter 《45》
Chapter《46》
Chapter 《47》
Chapter 《48》
Chapter 《49》
Chapter《50》
Chapter 《51》
Chapter《52》
Chapter《53》
Chapter《54》
Chapter《55》
Chapter《56》
Chapter《57》
Chapter《58》
Chapter《59》
Chapter《60》
Chapter《61》
Chapter《62》
Chapter《63》
Chapter《64》
Chapter《65》Final

Chapter《27》

2.1K 500 14
By Rhmjrs_58


『Unicode』


ပထမဆုံးအကြိမ်အဖြစ် အန်းနင် မူးခဲ့သည်။ သူ ဒီလောက်ပဲ အသက်ကြီးနေသည့်တိုင် အထက်တန်းကျောင်း ဘွဲ့ယူ ညစာစားပွဲမှာပဲ အယ်လ်ကိုဟော နည်းနည်းသာ သောက်ဖူးခဲ့တာဖြစ်သည်။ ထိုအချိန်က သူမမူးခဲ့သော်လည်း သူအနည်းငယ်အားနည်းသလိုနဲ့ မျက်နှာကပူလာသလို ခံစားလာရသည်။ ဒီနေ့မှာတော့ သူ့ကိုလေပေးမယ့် air-con လဲမရှိပါချေ။ထို့ကြောင့် သူ့လက်နောက်တွေနှင့် မျက်နှာကို အေးအောင် ဖိထားရုံသာတတ်နိုင်သည်။ သူ့လက်နောက်မှ အပူချိန်ကအလုပ်မဖြစ်သောအခါ သူက ရေခဲခွက်ကိုယူ၍ ပါးကို ကပ်ထားပြန်သည်။ ဘေးဘက်က ရှောင်ပေါင်က သူ့ကိုလက်ညှိုးထိုးပြီးရယ်မောလာသည်။

"အန်းနင်-ကော, ထိပ်ဆုံးကျောင်းသားတွေအားလုံး အယ်လ်ကိုဟော ခံနိူင်ရည်က ဒီလောက်ဆိုးတယ်လား?"

သူက အနည်းငယ် ဟန်မပျက်ဖြစ်လာပြီးရှက်ရွံ့စွာဖြင့် မျက်နှာပေါ်က ခွက်ကို ချလိုက်သည်။

"သေချာပေါက်တော့ မဟုတ်ပါဘူး,"

ဘေးက လျန်ရှန်းဟန်က အသံကျယ်ကျယ်နဲ့ပြောလာည်, "ငါတို့ အထက်တန်းကျောင်းက ထိပ်ဆုံးကျောင်းသားယောက်ျားလေးဆိုရင် ပိုင်ကျူးသောက်ရုံနဲ့တောင်မူးတယ်တဲ့။ ဘွဲ့ယူဒင်နာမှာ သူဘာသာသူ တစ်တန်းလုံးကို ရိုက်ခဲ့တာ! !"

ရှောင်ပေါင်က လျန်ရှန်းဟန်ကို ကြည့်၍ပြောလိုက်သည်,"ကော! ငါထင်တာတော့ မင်းလဲမူးနေတာနော်"

လျန်ရှန်းဟန်က လက်ယမ်းပြသည်, "မင်းဘာတွေပြောနေတာလဲ!ဒီလောက်ဘီယာလေးနဲ့ ငါက မူးမလားကွ? ထပ်ပြောရရင် ငါ တစ်ယောက်နဲ့ ဂိမ်းကစားဖို့တောင် ချိန်းထားသေးတယ်!," သူပြောလိုက်ရင်း ရှောင်ပေါင် ပုခုံးကို ရိုက်လိုက်သည်, "သွားချင်လား?"

ရှောင်ပေါင်က ဘီယာနောက်တစ်ငုံပါ သောက်လိုက်ပြီးခေါင်းညိတ်ပြသည်။

"သွားမှာပေါ့! ငါ သေချာပေါက်ကို သွားမှာ!", သူက အရှေ့စားပွဲမှ တသျှူးတစ်ထုပ်ယူနေတဲ့ ချင်ဝေ့ဟော်ကိုမေးဖို့ လှည့်လာပြန်သည်။

"ကော,မင်းရော သွားချင်လား?"

ချင်ဝေ့ဟော် ထိုင်လိုက်သည်နှင့် သူက စားပွဲပေါ်ကို တသျှူးထုပ်ထားလိုက်ပြီးပြောသည်,"ငါမသွားဘူး"

လျန်ရှန်းဟန်က ကြို့ထိုးရင်း ပြောလာ​၏, "ရပါတယ်။ဒါဆိုလဲ ငွေချေရအောင် AA* systemနော်"

【*TN: ကုန်ကျစရိတ်မျှခံမယ်၊ ခွဲရှင်းမယ်】

စားပွဲထိုးက ဘေလ်လာပေးသောအခါ လျန်ရှန်းဟန်က တသျှူးထုတ်လိုက်ပြီး သူ့လက်တွေကိုသုတ်လိုက်ကာ ဖုန်းကိုအသုံးပြု၍ ပေးချေခဲ့သည်။ ထို့နောက် အားလုံးက တစ်ယောက်ပြီးတစ်ယောက်သူ့ကို WeChatကနေ ငွေလွှဲပေးကြတော့​၏။ အန်းနင်က သူ့လက်တွေကို သုတ်ချင်နေပေမယ့် တသျှူးကရှာမတွေ့တော့ချေ။ ထိုအခိုက်အတန့်မှာပဲ တစ်သျှူးတစ်ထုပ်က သူ့ပေါင်ပေါ်ကို ပြုတ်ကျလာခဲ့သည်။ သူ ရီဝေဝေဖြစ်နေသောကြောင့် ဘယ်သူက ပစ်လိုက်မှန်းတောင် မသိတော့ပါချေ။ သူ့လက်တွေကို သုတ်လိုက်ပြီးခါမှအချိန်အကြာကြီး ဖုန်းကို နှိပ်ပြီး WeChatကို ဖွင့်လိုက်သည်။ နောက်ဆုံးမှာတော့အန်းနင် လျန်ရှန်းဟန်ကို ပိုက်ဆံလွှဲနိုင်ခဲ့လေပြီ။

လျန်ရှန်းဟန်က ငုံ့ကြည့်လာပြီး အလန့်တကြားဖြစ်သွားသည်။

"မင်းကဘာလို့ငါကို 257ယွမ်တောင် လွှဲလိုက်ရတာလဲ?"

အန်းနင် ခေါင်းထောင်လာပြီး 'အော'ဟူ၍ အသံပြုလိုက်သည်။

ချင်ဝေ့ဟော်ကတော့ ဘေးဘက်မှာထိုင်လျက် သူတို့နှစ်ယောက်လုံးကို ကြည့်နေခဲ့သည်။ အန်းနင် ပိုက်ဆံလွှဲတဲ့အခါမှာဘာဖြစ်သွားလဲဆိုတာ သူမြင်လိုက်ရ​၏။ အန်းနင်က စားပွဲပေါ်က သူ့ဖုန်းကိုသုံးနေသဖြင့် မမြင်ရဖို့ကလဲ ခက်လေသည်။payment password မှာ257 နှစ်ခါဖြစ်သည်။ ရလဒ်ကတော့ လွှဲရမဲ့ ပမာဏကိုလဲ 257ပင် နှိပ်လိုက်မိခြင်း။

လျန်ရှန်းဟန်က ပိုက်ဆံပြန်ပေးလိုက်သည်။ အကုန်ပြီးသွားတဲ့နောက်မှာတော့ လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်တို့က Internet café.ကို သွားဖို့ပြင်ကြသည်။ ချင်ဝေ့ဟော်ကလဲ သူ့ခုံကို ဆွဲထုတ်၍ ထရပ်လာ​၏။ အန်းနင်ကလဲ ဒယီးဒယိုင်ဖြင့်စားပွဲပေါ်မှာ သူ့ကိုယ်သူ ထောက်ကန်ထားရင်းထရပ်လိုက်သည်။ ဤသည်ကို လျန်ရှန်းဟန် မြင်သောအခါ မြန်မြန် ရောက်သွားပြီး သူ့အား အောက်ကို ပြန်ဖိချလိုက်ကာ ပြောသည်။

"မလုပ်နဲ့, မလုပ်နဲ့, မလုပ်လိုက်ပါနဲ့! မင်းက ဒီတိုင်းထိုင်နေပြီး ခဏလောက်နားလိုက်ဦး! မင်းကို အများကြီးမသောက်ပါနဲ့လို့ ငါပြောသားပဲ"

သူ ခေါင်းမော့လိုက်ပြီး စားပွဲဘေးမှာရပ်နေတဲ့ ချင်ဝေ့ဟော်ကို ပြောလိုက်သည်,"ကော! မင်းအခန်းဖော်ကို ဂရုစိုက်ပေးဖို့အတွက် ငါတို့ မင်းကို ဒုက္ခပေးရတော့မှာပဲ။ ဒီလိုမျိုးနဲ့ သူလမ်းလျှောက်နိုင်မယ်မထင်ဘူး! နောက်ပိုင်းကျ သူ့ကို Taxiခေါ်ပေးလိုက်လေ !"

စကားပြောပြီးနောက် သူက ရှောင်ပေါင်ပုခုံးကို ဖက်လိုက်ပြီး ထွက်သွားတော့​၏။

ချင်ဝေ့ဟော်ကတော့ စားပွဲပေါ်မှာ လဲနေတဲ့အန်းနင်ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ သက်ပြင်းချလိုက်ပြီးဝန်လေးစွာဖြင့် ကျောပိုးအိတ်ကိုချကာ ပြန်ထိုင်လိုက်ရသည်။ နှစ်မိနစ်လောက် ထိုင်နေပြီးနောက် သူ မျက်မှောင်ကြုတ်လာကာ ခေါင်းလှည့်ပြီး မေးလိုက်သည်, "နေရတာပိုကောင်းလာပြီလား?"

အန်းနင် ထိုသို့ကြားလိုက်ရလျှင် ထထိုင်လိုက်ရာ ချင်ဝေ့ဟော်တစ်ယောက်ကိုသာ မြင်၍ မေးလိုက်မိသည်, "တခြားသူတွေရော?"

ချင်ဝေ့ဟော်က သူတို့ထွက်သွားကြောင်းပြောပြလိုက်​၏။

ထိုအခါ အန်းနင်က မစဉ်းစားပါဘဲ မေးလာသည်။ "အဲ့ဒါဆိုလဲ မင်းကရော ဘာလို့ မသွားသေးတာလဲ?"

ချင်ဝေ့ဟော်က ခဏတာမျှစကားမပြောပါဘဲ သူ့ကိုသာ ကြည့်နေခဲ့သည်။

အန်းနင်မှာ သူ့မျက်လုံးများထဲမှ ကျောချမ်းစရာတွေကို မြင်လိုက်ရသည်။ သူလက်ကိုယမ်းလိုက်ပြီး "ငါမမေးလိုက်သလိုဟန်ဆောင်လိုက်ပါ"လို့ ပြောလိုက်ချင်ပေမယ့် ချင်ဝေ့ဟော်က အရင်ပြောလာခဲ့သည်။

"ဘာလို့လဲလို့ မင်းကမေးတယ်? ဘာလို့လဲဆိုတော့ ငါက မင်းရဲ့ အခန်းဖော်မို့လေ."

အန်းနင် ရှက်သွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူအသက်ပြင်းပြင်း ရှိုက်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်မိသည်။ ပြီးလျှင် သူက စားပွဲအကူနဲ့ထရပ်လိုက်ပြီး ပြောလိုက်သည်။

"ငါ အခု အဆင်ပြေပါပြီ။ သွားစို့လေ."

ချင်ဝေ့ဟော်က သူနဲ့ မတ်တပ်ရပ်မလာဘဲ ထိုနေရာတွင်သာ ခြေထောက်ကို ဆန့်ထိုင်လျက်သူ့ကို ကြည့်လာခဲ့သည်။ သူကအန်းနင် အခက်အခဲတွေနဲ့ ဒယီးဒယိုင်မဖြစ်အောင်ကြိုးစားရင်း တံခါးဆီကို လျှောက်သွားနေတာကို ကြည့်နေခဲ့သည်။ သူထရပ်လိုက်ပြီး ကျောပိုးအိတ်ကိုကောက်လွယ်လိုက်ကာ အန်းနင် စားပွဲပေါ်မှာထားခဲ့တဲ့ ဖုန်းကို သူ့အိတ်ထောင်ထဲ ထည့်လိုက်၍ လိုက်ထွက်လာခဲ့သည်။

အန်းနင်က သူတို့လာခဲ့တဲ့ လမ်းကြောင်းဆီသို့သာ လျှောက်သွားနေခဲ့သည်။ ချင်ဝေ့ဟော်က သူ့ကို ဆွဲလိုက်ပြီး ပြောလိုက်​၏, "ဒီမှာရပ်နေ! ငါမင်းအတွက် Taxiခေါ်ပေးမယ်"

ဆွဲလိုက်တဲ့ အားက အလွန်ပြင်းလှသည်။ အန်းနင်ရဲ့ ခြေထောက်တွေမှာ နဂိုထဲက အားနည်းနေသလို ခံစားရနေသဖြင့်အဝေးကနေ ဆွဲခံလိုက်ရသလို ချင်ဝေ့ဟော်ဘက်ကို လိမ့်သွားတယ်လို့ပင် ခံစားလိုက်ရသည်။ သူခေါင်းငုံ့လိုက်ပြီး သူ့လက်မောင်းမှာရှိနေတဲ့ ချင်ဝေ့ဟော် လက်ကို ကြည့်နေမိသည်။ ထို့နောက် သူ မြန်မြန် ဆွဲယူလိုက်ပြီး ထပ်ခါထပ်ခါပြောမိလေတော့သည်။

"ရတယ်, ရတယ်, ရတယ်!!ကျေးဇူးပဲ,ကျေးဇူး,ကျေးဇူး,ကျေးဇူး.........."

ချင်ဝေ့ဟော်မှာ လွန်ခဲ့သော စက္ကန့်ပိုင်းလေးမှာပင် အနည်းငယ် မပျော်မရွှင်ဖြစ်နေခဲ့သည့်တိုင် အန်းနင်က သူ့ဘေးမှရပ်ပြီးသူ့ကို ဆက်ပြီးကျေးဇူးတင်နေသည်ကို ကြားနေရ​၏။ ဒါက သိုးပေါက်လေး သူ့ဘေးတွင်ရပ်ပြီး 'ဘာ့ ဘာ့' လုပ်နေသလိုရယ်ချင်စဖွယ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချောင်းဟန့်လျက် မရယ်မိအောင် ကြိုးစားလိုက်ရသည်။

လမ်းအဆုံးမှာတော့ အဝါရောင်taxiလေးက အဝေးကနေရောက်လာခဲ့သည်။ အန်းနင်က သူ့လက်ကိုမြှောက်လိုက်ပြီး တားလိုက်​၏။ ကားက မရပ်ပါဘဲ သူ့ရှေ့က တည့်တည့်ဖြတ်သွားပြီး ရွှမ်းကနဲ့ပင် အရှိန်တင်လိုက်သေးသည်။

အန်းနင်တစ်ယောက် လက်မြှောက်ထားလျက် ရှုပ်ထွေးနေခဲ့သည်,"... သူ ငါ့ကို မမြင်ဘူးလား?"

ချင်ဝေ့ဟော်က သူ့ကို တစ်ချက်ကြည့်ပြီး သူ ဒီလူကို မသိလေဟန်ဖြင့် သူ့ပုခုံးပေါ်က ကျောပိုးအိတ်ကို ပင့်လိုက်သည်။

နောက် Taxi မောင်းလာသောအခါ အန်းနင်ကလဲ လမ်းဘေးဘက်ကနေ လက်ဆန့်၍ တားပြန်သည်။ ကားက အရှိန်တင်လျက် မမြင်နိုင်စွာမောင်းသွားပြန်​၏။ဒီတစ်ကြိမ်တွင်တော့ အရင်ကားထက် ပိုပြီးမြန်မြန်မောင်းသွားရာ သူ့ခေါင်းလည်နေတဲ့အရှိန်ကို မခံနိုင်ခဲ့။

ဘယ်လောက်တောင် ထူးဆန်းနေလဲ...

ချင်ဝေ့ဟော်က အနောက်မှပြောလာသည်,"ပြန်လာခဲ့!"

ထိုအခါမှသာ အန်းနင်သည် သူ လမ်းနဲ့နီးနီးကပ်ကပ်လျှောက်နေမိကြောင်း သဘောပေါက်မိလိုက်သည်။ သူ မြန်မြန်ပင်ချင်ဝေ့ဟော်ဘက်ကို ပြန်လာလိုက်​၏။

နောက်Taxiတစ်စီးထပ်လာပြန်သောအခါ အန်းနင်မှာ တားရမလား၊ မတားရဘူးလား တုံ့ဆိုင်းနေတော့သည်။သို့တိုင် ဒီတစ်ကြိမ်တွင်တော့ ချင်ဝေ့ဟော်က ဦးအောင်လက်မြှောက်လာခဲ့​၏။ ထူးဆန်းသည်ကတော့ ချင်ဝေ့ဟော်ရဲ့ကိုယ်ဟန်ကြောင့်ကားက သူတို့ရှေ့ကို ရပ်လာခဲ့တာပါပဲ။ အန်းနင် မျက်မှန်လေးကို ပင့်လိုက်ပြီး ချင်ဝေ့ဟော်ကို ကြည့်မိသည်။

သူတွေးလိုက်မိ​၏, ဒါက နတ်ဘုရားတစ်ပါး မြေပြင်ကို ဆင်းသက်လာတာပဲ!

ချင်ဝေ့ဟော်က သူ့ကို တစ်ချက်ကြည့်လာသည်,

"ဘာလို့ ငါ့ကိုကြည့်နေတာလဲ!?ကားထဲဝင်လေ."

အန်းနင် နောက်ခုံကို ဝင်လိုက်သည်။ ချင်ဝေ့ဟော်က ရှေ့တံခါးကို သွားကာ အရင်ဆုံး ဒရိုင်ဘာကို ငွေပေးချေလိုက်သည်။ဒရိုင်ဘာဦးလေးက နောက်ခန်းမှ မူးနေတဲ့ကောင်ငယ်လေးကို တွေ့သောအခါ မေးမြန်းလာခဲ့သည်။

"မင်းက သူ့ကို ပြန်မပို့ဘူးလား? နောက်ကျရင် သူကားထဲက မထွက်နိုင်မှာကြောက်မိသား..."

ဒရိုင်ဘာဦးလေးကတော့ ဘယ်လိုကြောင်တောင်တောင် အမူးသမားလေးကို သူဆုံခဲ့ရသလဲ မသိခဲ့ပါချေ။ဝန်လေးသည့်အမူအရာနဲ့ ချင်ဝေ့ဟော်က ပြောလိုက်သည်။

"သူက အဲ့လောက်မမူးပါဘူး."

ဒရိုင်ဘာဦးလေးကနောက်ပြန်ကြည့်သည်, "ကြည့်ရတာကတော့ တော်တော်မူးနေတာပါ"

ချင်ဝေ့ဟော်လဲ နောက်ထိုင်ခုံကို အကြည့်တစ်ချက်ရောက်သွားသည်။ အန်းနင်က ကားပြတင်းပေါက်ကို မှီထားပြီးပြတင်းပေါက်ဖွင့်ဖို့ကြိုးစားနေသည်။ ပြတင်းပေါကိမှာ အပေါ်တက်လိုက် အောက်နှိမ့်လိုက်ဖြစ်နေပြီး အန်းနင်က ပိတ်ချင်နေလား၊ဖွင့်ချင်နေလားတောင် သူ မသိတော့ပေ။ နောက်ဆုံးမှာတော့ သူက ကားပြတင်းအတွက် ကောင်းမွန်တဲ့အနေအထားကို ကိုက်ညှိလိုက်နိုင်ပြီး ငြိမ်းချမ်းစွာ မှီလိုက်ကာ မျက်လုံးပိတ်လိုက်​၏။

ချင်ဝေ့ဟော်က ဒရိုင်ဘာကို 'ခဏလောက်ပါ'လို့ပြောပြီး နောက်ကိုရောက်ဘလာက ကားတံခါးကို ဆွဲဖွင့်လိုက်၍ ခေါင်းငုံ့လျက် အထဲကလူကိုပြောလာသည်။

"အန်းနင်"

အန်းနင်ကတော့ အိပ်မက်ထဲကို လျင်မြန်စွာရောက်သွားသည့်နှယ် သူ့ကိုလျစ်လျူရှုထားသည်။

​ချင်ဝေ့ဟော် သက်ပြင်းချလိုက်ပြီး ကားထဲကို ငုံ့ဝင်လိုက်သည်။သူက အန်းနင်ရဲ့ မျက်နှာလေးကို ပုတ်လိုက်​၏,"အန်းနငိ?"

အန်းနင် မျက်လုံးများပွင့်လာခဲ့သည်။သူ့မျက်မှန်မှာ နှာတံအောက်သို့ပင် ပြုတ်ကျနေပြီဖြစ်သည်။သူ မျက်စိမှေးကြည့်လိုက်သော်လည်း ချင်ဝေ့ဟော်ကို ကောင်းကောင်းမမြင်ရပေ။ ထို့ကြောင့်သူက ရုတ်တရက်ကြီး ခေါင်းမော့လိုက်ကာမျက်နှာကို ချင်ဝေ့ဟော်ရှေ့တည့်တည့်တွင် ထားလိုက်လေသည်။

ချင်ဝေ့ဟော် မျက်လုံးများမှာ ပြူးကျယ်သွားရပြီး သူ့ခေါင်းကို နောက်မြှောက်လိုက်သောအခါ ခေါင်းထိပ်ပင် ကားတံခါးနဲ့ဆောင့်မိသွားသည်။ ဒရိုင်ဘာဦးလေးကတော့ လှည့်လာပြီး မေးရှာသည်,"အဆင်ပြေရဲ့လား?"

ချင်ဝေ့ဟော်က သူ့ခေါင်းထိပ်ကို ပွတ်နေခဲ့သည်။ သူ အန်းနင်ရဲ့ မျက်မှန်လဲ ပြုတ်ကျသွားသည်ကို မြင်နေရသဖြင့် ကုန်းကောက်ပေးလိုက်သည်။

အန်းနင်ရဲ့ မျက်နှာလေးက 'ငါကအတော်လေး တည်ငြိမ်နေတုန်းပဲ'ဆိုပြီး ပြောနေသလို ဖြစ်နေပြီး

"ချင်ဝေ့ဟော်,ကားထဲဝင်!"ဟူ၍ပင် ပြောလိုက်သေးသည်။ သူက ချင်ဝေ့ဟော်လက်မောင်းကို ယူပြီး လူတစ်ကိုယ်လုံးကိုကားထဲဆွဲခေါ်လိုက်သည်။ သူက ဘေးကို စိတ်အားထက်သန်စွာရွှေ့နေ၍ ချင်ဝေ့ဟော်မှာ ဒယိမ်းဒယိုင်ဖြင့် အထဲကို ဆွဲခံနေရသည်။

ကားတံခါးက ပွင့်နေဆဲဖြစ်ကာ ဒရိုင်ဘာက ကြည့်၍ ပြောလာခဲ့သည်,"သူဘယ်လောက်မူးနေလဲ ကြည့်လိုက်ဦး! သူ့ကိုပြန်သာပို့လိုက်ပါ! မဟုတ်ရင် ငါကားထဲက ကူထုတ်ပေးတဲ့အချိန်က သူ လမ်းဘေးမှာ ထိုင်နေရရင် မကောင်းတော့ဘူးလေ"

အန်းနင်က အပြုံးလေးနဲ့ပြောလိုက်သည်,

"ဦးဦး! ကျွန်တော်တို့က ကျောင်းတူတူပဲ ဒါကြောင့် အတူတူသွားရမှာပေါ့! ပြန်ပို့စရာဆိုတာ မလိုပါဘူး!"

ဒရိုင်ဘာဦးလေးကြီးက သူ့ကို ဂရုဏာတွေနဲ့ကြည့်လာခဲ့သည်။ အနှီ တမင်တကာ ဖြီးပြနေသည်မှာ အလွန်အားကောင်းနေသောကြောင့် ချင်ဝေ့ဟော်ဘေးကိုသာခေါင်းလှည့်လိုက်ပြီး သက်ပြင်းချမိသွားသည်။ သူက ပွင့်နေဆဲဖြစ်တဲ့ တံခါးကိုကြည့်နေမိပြီးမှ နောက်ဆုံးတွင်တော့ ဘန်းကနဲ့ ဆွဲပိတ်လိုက်တော့​၏။

အန်းနင်က ခေါင်းငုံ့၍မျက်မှန်ရှာလာခဲ့သည်။ ချင်ဝေ့ဟော်က မျက်မှန်ကို သူ့ရှေ့ကို ယူပေးလိုက်သည်။ အန်းနင်က"ကျေးဇူး"လို့ပြောပြီး ကောက်တပ်ဖို့ ပြင်လိုက်သော်လည်း ချင်ဝေ့ဟော်က ကိုင်ထားပြီး သူ့ကို ပေးမလာခဲ့ပေ။

"ဘာပဲဖြစ်ဖြစ် မင်းကအိပ်တော့မှာပဲကို ဒါကြောင်​့ မဝတ်နဲ့တော့။ ငါကိုင်ပေးထားမယ် ."

အန်းနင်က ကျောမတ်သွားပြီး ရှင်းလင်းနေတဲ့ အသံနဲ့ပြောလိုက်သည်။

"そうですね."* (အဲ့လိုလား/ငါသဘောပေါက်ပြီ)

ထို့နောက် ကားပြတင်းပေါက်ပေါ်တွင် အိပ်ပျော်သွားလေသည်။

ချင်ဝေ့ဟော်က သူ့ကျောကို ရှေ့ခုံးလိုက်ပြီး လက်မြှောက်ကာ သူ့ပါးစပ်နဲ့ မေးကို ကာလိုက်သည်။

သူတွေးလိုက်မိသည်, မင်းကထိပ်ဆုံးကျောင်းသားဆိုတာကြွားချင်ရုံနဲ့ ဂျပန်စာသင်ဖို အွန်လိုင်းတက်စရာမလိုပါဘူးကွာ! မင်းငါကို အူတက်ပြီး သေအောင်လုပ်နေတာလား?

ကားက ယာဉ်လမ်းကြောကို ဖြတ်လာသကဲ့သို့ အန်းနင်ရဲ့ အသက်ရှူသံမှာလဲ ပိုပြီးရှည်လာသည်။ ချင်ဝေ့ဟော်က မျက်မှန်လေးကို ကစားရင်း ပြတင်းပေါက်ကို ကြည့်လိုက်မိသည်။ သေချာပေါက်​ကို ပြတင်းက ရှူ့ခင်းက အန်းနင်ရဲ့ ပြတင်းပေါက်ရှု့ခင်းနဲ့ မတူပါချေ။ ဒီလမ်းရဲ့ မြင်ကွင်းက အလွန်ကို မှိုင်းပျနေပြီး ပျင်းစရာကောင်းလှသည်။ သူ အကြာကြီးတော့သည့်တိုင် ဒီ့အတွက် ပင်ပန်းလာသည်။ Taxiခုံများကလဲ အတော်လေး ကျဉ်း​၏။ သူ ဘေးဘက်ကိာ လှည့်တဲ့အခါမှာခြေထောက်ကို ဆန့်မရသဖြင့် အန်းနင်ကို မြင်ချင်လျှင် အလွန်အဆင်မပြေဖြစ်ရသည်။

ကံကောင်းစွာနဲ့ သိပ်မဝေးခဲ့သဖြင့် မကြာမှီမှာပင် သူတို့ ကျောင်းအရှေ့ဂိတ်ကို ရောက်လာခဲ့ကြသည်။ ချင်ဝေ့ဟော်ကအန်းနင် ပုခုံးကို တွန်းလိုက်ပြီး ပြောသည်။

"ထတော့"

ခေါ်ပြီး တွန်းလိုက်သောကြောင့် အခန်းဖော်လေးမှာ ချက်ချင်း မျက်လုံးတွေပွင့်လာပြီး သူတို့ဘယ်ရောက်နေလဲအတည်ပြုဖို့ရာ အပြင်ဘက်ကို ကြည့်လာခဲ့သည်။ ချင်ဝေ့ဟော်က သူ့ပုခုံးကိုပုတ်လိုက်ပြိ မျက်မှန်ကို ကမ်းပေးလိုက်​၏။ချင်ဝေ့ဟော်က သူစိစစ်ဖို့ကိုလည်း စောင့်နေပေးသည်။ အန်းနင် အတည်ပြုပြီးမှ ချင်ဝေ့ဟော်က ပြောလာသည်,"ဒါကညာဘက်ကို ဖြစ်သင့်တယ်."

အန်းနင်မှာလဲ အနည်းငယ် ရှက်သွားရသည်, သူ သူ့ကျောင်းကိုပင် မမှတ်မိခဲ့။ မျက်မှန်ပင့်လိုက်ပြီး သူပြောလိုက်သည်"မြန်သားပဲ"

ချင်ဝေ့ဟော်က သူ့ကို လျစ်လျူရှုလိုက်ပြီး ဒရိုင်ဘာကို 'ကျွန်တော့်ကို စောင့်ပါ'လို့ ပြောကာ ကားတံခါးဖွင့်၍ ထွက်လိုက်သည်။ အန်းနင် ကားထဲက ထွက်လာသောအခါ ချင်ဝေ့ဟော်က တံခါးကို အပြင်ဆွဲလိုက်ပြီး ရုတ်တရက် သူ့လက်ကိုတံခါးပေါ်တွင် တင်လိုက်သည်။

အပေါ်ပိုင်းကို ကာလိုက်ပြီးနောက် အန်းနင်မှာ သူ့ခေါင်းသည် ချင်ဝေ့ဟော်ရဲ့ လက်ဖဝါးကြားတွင် နားခိုနေမှန်း ခံစားလိုက်ရ​၏။ သူ ကားထဲကထွက်ပြီး မြန်မြန်ပြောလိုက်မိသည်, "ဆောရီး! နာအောင်လုပ်မိသွားလား? I ငါ မင်းလက်ကို မမြင်မိလိုက်ဘူး!"

"ရပါတယ်,"

သူ့အိတ်ထောင်ထဲမှ ချင်ဝေ့ဟော်က အန်းနင်ဖုန်းကိုထုတ်လိုက်ပြီး သူ့ကိုပေးလိုက်သည်, "မင်းဘာသာမင်း ပြန်သင့်တယ်."

ထိုသို့ပြောပြီးနောက် အရှေ့ဘက်ကျောင်းတံခါး၏ လျှောစောက်တွင် ရှိသည့် မီတာတစ်ရာကျော်ရှည်သော လှေကားထစ်များကို လှမ်းကြည့်လိုက်သည်။

အန်းနင်မေးလိုက်မိသည်, "မင်းရောမပြန်ဘူးလား?"

ချင်ဝေ့ဟော်က စိတ်ရှည်လက်ရှည်ဖြေပေးသည်, "ငါ ဒီမှာမနေဘူး."

အန်းနင်က သူ့ကို ခေါင်းရှုပ်စွာနဲ့ ခဏတာမျှကြည့်နေခဲ့ပြီးနောက်မှ ချင်ဝေ့ဟော်က သူ့နဲ့အတူမနေတဲ့ အခန်းဖော်ဖြစ်ကြောငိး ရုတ်ခြည်းသဘောပေါက်မိလိုက်သည်။ သူစိတ်တွင် တောင်းပန်ချင်မိသွား​၏။

"ငါ့ကိုပြန်ပို့ဖို့တောင် မင်းကို နှောင်ယှက်မိလိုကိသေးတယ်... ရပါတယ်။ ငါ့ဘာသာပြန်နိုင်ပါတယ်! မင်းလဲ မြန်မြန်ပြန်တော့လေ!"

ချင်ဝေ့ဟော်က ခေါင်းညိတ်ပြီး ကားဆီကို ပြန်အလှည့်မှာတော့ အန်းနင်က အချိန်ကြာတဲ့ ခြေလှမ်းတွေနဲ့ လျှောက်နေတာကို မြင်လိုက်ရသည်။ အန်းနင်တစ်ယောက် သုံးလှမ်းလျှောက်ပြီး တစ်လှမ်းရပ်သွားသည်မှာ ပင်ဂွင်းလေးတစ်ကောင်ကဲ့သို့ပင်။ ချင်ဝေ့ဟော်က ကားတံခါးကိုကိုင်လျက်ဒီတိုင်းရပ်ကြည့်နေပြီး မျက်မှောင်လဲ ကြုတ်ထားသည်။ ဒရိုင်ဘာဦးလေးကတော့ သည်းညည်းခံလျက် မေးလာပေးသည်။

"သွားဦးမှာလား?"

ချင်ဝေ့ဟော်က "ဦးလေး သွားလို့ရပြီ"ဆိုသော စကားတစ်ခွန်းဖြင့်သာ ကားကို ပိတ်လိုက်တော့သည်။

အန်းနင် လှေကားတက်နေတာကြာပြီဖြစ်သော်လည်း အခုထိ ပြီးအောင် မတက်နိုင်သေးပေ။ သူအရမ်းပင်ပန်းနေပြီဖြစ်၍ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဒီနေ့ရဲ့ကောင်းကင်ကြီးက တိမ်တွေတစ်ထပ်ပြီးတစ်ထပ် ဖုံးပြီး ပြည့်နေတယ်; တချို့ကတော့ အဖြူလေးတွေ၊တချို့ကကျ မီးခိုး။ ကောင်းကင်ကြီးကတော့ တူတူပဲ အပြာနဲ့ မီးခိုးကြားထဲမှာ! ကြည့်ရတာ နယ်နမိတ်ဆိုတာလဲ မရှိဘူး..

သူ့စိတ်ထဲမှာတော့ နေ့ရက်တွေ နဲ့ ဘာမဟုတ်တဲ့ အတားအဆီးတွေ ရှိနေခဲ့သည်။ ကြည်လင်တာ, ကောင်းကင်ပြာနဲါသောကြာနေ့တို့အကြောင်း တစ်စုံတစ်ခု*... သူသည် မျက်မှန်ကို ပင့်လိုက်မိသည်။

【TN * : ဂျပန်လိုရေးထားတာပါ 〔素晴,青い天,金曜日〕】

မှန်တွေက အနည်းငယ်ပေကျံ့နေခဲ့၍ သူချွတ်လိုက်ပြီး အင်္ကျီလက်စလေးနဲ့ သုတ်ပစ်လိုက်သည်။ သူ့ခေါင်းထကတွင်ဟိန်းဟောက်သံပေါ်လာပြီး လေယာဉ်ပျံတစ်စင်းက တိမ်တွေထဲက ထွက်လာခဲ့သည်။

သူ အနည်းငယ်ပျင်းရိစွာနဲ့ တိမ်တွေထဲမှာ ပျံသလို တွေးမိသွားသည်။ အဲ့ဒီ ခံစားချက်ဘယ်လိုမျိူးလဲ...တွေးနေရင်း သူMakato Shinkai ဇာတ်ကားကို တွေးမိသွားစည်။

ဇာတ်ကားထဲက မြင်ကွင်းများနဲ့ သီချင်းတို့မှာ သူ့စိတ်ထဲတွင် စတင် ပုံဖော်လာခဲ့ပြီး အဲ့ဒီနောက်မှာတော့ လေယာဉ်ပျံလေးဟာ တိုက်မိသွားသည့်နှယ် မြေပြင်ပေါ်ကို ချော်ကျသွားတော့သည်။ တစ်ချိန်ထဲမှာပင် သူ့ခန္ဓာကိုယ်ကလဲ နောက်ကို မရည်ရွယ်ပါဘဲ လဲပြိုသွား​၏။ ကိုယ်အလေးချိန် ကင်းမဲ့သွားသော ခံစားမှုသည် နှစ်စက္ကန့်မျှသာ ကြာသည်။ နောက်​တစ်​စက္ကန့်​​လောက်​တွင်​မူ သူ့​ကျောသည် လူတစ်​​ယောက်​​ပေါ်သို့ ပြုတ်​ကျသွားလေသည်​။

အန်းနင်ခေါင်းလှည့်ကြည့်လိုက်ရာ ခြေတစ်လှမ်းအကွာတွင် ချင်ဝေ့ဟော်ကို မြင်လိုက်ရပြိး သူ့ကို နောက်မှ ထောက်ကန်ပေးထားသည်။ သူ အထူးတလယ်ပင် အံ့ဩသင့်သွားရ​၏, "မင်း မပြန်ဘူးလား?"

ချင်ဝေ့ဟော်ကသူ့ကို ပင့်,မပေးပြီး ပြောသည်။ "မင်း ဖြောင့်ဖြောင့်ရပ်ပြီးမှ စကားပြော "

မည်သို့ဆိုစေ အန်းနင်မှာ သူ့ခန္ဓာကိုယ်​၏ ဗဟို ဆွဲငင်အားမှာ မတည်မငြိမ်ဖြစိနေသလို ခံစားရကာ အကြောသေနေသလိုပင်။ သူ ချင်ဝေ့ဟော်ကို မှီမထားချင်သော်လည်း သူဘယ်လောက်ပဲကြိုးစားနေပါစေ သူ့ဝိဉာဉ်ကသာ အသံထွက်နေပြီးခန္ဓာကိုယ်ကတော့ နားမထောင်ပါချေ။ တခြားသူများအတွက်ဆို ဒီိလိုမျိုးမြင်ကွင်းသည် သူက ချင်ဝေ့ဟော်ပေါ်ကိုမရမကတောင်းဆိုပြီး တွယ်ထားသလို ထင်ရသည်။

အရမ်းရှက်ဖို့ကောင်းတာပဲ!!

ချင်ဝေ့ဟော်က အန်းနင်ရဲ့ကျောကို ဘယ်ဘက်လက်နဲ့ ကူပေးထားပြီး လွတ်နေတဲ့ ညာဘက်လက်ကတော့ သူ့လက်ချောင်းတွေကိုဖြန့်ကာ အန်းနင်ရဲ့ လည်ပင်းနောက်ကို ကိုင်ထားလျက် အားပါပါနဲ့ ဖျစ်လိုက်လေသည်။

နာကျင်မှုတစ်ခုက ကောင်းကင်သို့ ပြေးဝင်လာပြီး အန်းနင် ချက်ချင်းပင် ဖြောင့်ဖြောင့်မတ်ရပ်လိုက်ရသည်။

ချင်ဝေ့ဟော်က အလွန့်အလွန်အေးစက်စွာမေးလာခဲ့သည်,"မင်း နိုးပြီလား?"

အန်းနင် တံတွေးမြိုချလိုက်ပြီး သူ့လည်ပင်းနောက်လေးကို ထိကာ စွဲကျန်နေဆဲကြောက်ရွံ့မှုတွေနဲ့ သူ့ကို ကြည့်လိုက်မိသည်။ သူ့မျက်လုံးထဲမှာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ မကျေနပ်ချက် သေးသေးလေး ရှိနေ​၏။ ချင်ဝေ့ဟော်က သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့ကာ သူ့လက်ထဲရှိ မျက်မှန်ကို ကြည့်လာသည်။

"မျက်မှန်က ဘာဖြစ်လို့လဲ?"

"... အိုး မင်းလက်ရာတွေ အဲ့မှာရှိနေလို့." အန်းနင်ကြောလိုက်သည်။ မတပ်ခင်မှာပဲ သူခေါင်းငုံ့ပြီး အင်္ကျီလက်လေးနဲ့သုတ်လိုက်သေးသည်။

ရုတ်တရက် ချင်ဝေ့ဟော်ရဲ့ ချောမောတဲ့ မျက်နှာက တိမ်ကြားအောက်မှ နေရောင်ထဲကနေ ပေါ်လာခဲ့သည်။ သူ့ကိုကြည့်နေရတာက အန်းနင်ကို အသက်ဆို့လုပ်နေသလိုပင်။ ဒီလိုမျိူး ချောမောမှုကြီးက 3-Dဆန်ပြီး တကယ်ကြီးဖြစ်နေသည်။Makoto Shinkai animation တောင် သူ့ကို မယှဉ်နိုင်ဘူး။ ဘယ်သူကမှလဲ သူ့ကို မယှဉ်နိုင်ဘူး...

ချင်ဝေ့ဟော်က သူ့ဘေးကို လျှောက်လာပြီး ခြေလှမ်းဆက်တိုးကာ သွားကြစို့ဟု ပြောလာခဲ့သည်။

အန်းနင်မှာ သူ့တစ်ကိုယ်လုံး တုန်လာသလိုခံစားရသည်

—ချင်ဝေ့ဟော်က လမ်းလျှောက်နေတုန်း သူ့လက်ကို ကိုင်ထား​၏။ အန်းနင် ခေါင်းမငုံလိုက်ပဲ မနေနိုင်တော့။ ရှောင်ပေါင်က ပုံကြီးချဲ့နေတာမဟုတ်ဘူးပဲ! ချင်ဝေ့ဟော်ရဲ့လက်တွေက တကယ် ကြမ်းတယ်။ လက်မှာ အမာရွတ်နဲ့ အသားမာတွေဆို အပြည့်ဖြစ်လုနီးနီး။ .

အန်းနင် အနည်းငယ် စပ်စုချင်မိ၍ လမ်းလျှောက်နေရင်း သတိထား၍ ပွတ်ကြည့်လိုက်သည်။သူ မူးနေသောကြောင့် ချင်ဝေ့ဟော် သူ့လက်ဖဝါးကို တိတ်တိတ်လေးထိလိုက်မိတာကို မခံစားမိလောက်ဟု တွေးလိုက်ပြီး သူ့ကိုယ်သူ လှည့်စားလိုက်သည်။

သို့သော် ချင်ဝေ့ဟော်ကတော့ ၎င်းကို ဆယ်ဆပို၍ ခံစားနိုင်သည်။

သူရပ်သွားပြီးနောက် ဘေးမှ တစ်ဖက်လူကို အားပါပါနဲ့ ဆွဲလိုက်သည်။ အန်းနင်ရဲ့ လက်မောင်းမှာ မတုန်မလှုပ်နှင့် ရှေ့ကိုဆွဲဆန့်ခံလိုက်ရပြီး ချင်ဝေ့ဟော်ကပြောလာခဲ့သည်။

"ငါ့လက်ဖဝါးမှာ အသားမာတွေရှိနေတာနဲ့ ငါဘာမှ မခံစားရတော့ဘူးလို့ မင်းထင်နေတာလား?"

အန်းနင် တံတွေးမြိုချလိုက်ရသည်။ သူ ဘာကိုမှ ပြောဖို့မရဲခဲ့ပေ။

ချင်ဝေ့ဟော် ပြောလိုက်သည်, "အန်းနင်, မင်းဘာသာမင်း ကောင်းအောင်နေ"

အန်းနင် ခေါင်းငုံ့လိုက်မိပြီး သူ့မျက်နှာမှာ နောက်တဟ်roundမှောက်သွားသလို နီရဲနေတော့သည်။

နှစ်ယောက်သား ခဏတာမျှ တိတ်ဆိတ်စွာလမ်းလျှောက်ခဲ့ကြပြီး ရုတ်တရက် ချင်ဝေ့ဟော်ကသူ့ကို မေးလာသည်ကို အန်းနင်ကြားလိုက်ရသည်။

"အဲ့ဒီတော့ မင်းကတကယ် မူးတာလား မမူးတာလား?"

အန်းနင်က နောက်တစ်ကြိမ် ကြားကောင်းအောင်ပြောလိုက်သည်, "တကယ်တော့, ငါ အသေအချာကြီး မမူးပါဘူး"

"မင်း အသေအချာမမူးရင် ဘာလို့ ခုထိ လမ်းမလျှောက်နိုင်သေးတာလဲ?"

"..."

"...မင်း မူးနေတယ် ဟုတ်တယ်မလား?"

"..."

"မင်း လန်ထျန်းနိုင်ငံသွားပြီး ဘာလုပ်တာလဲ?"

(အမယ် မူးမှမေးတာနော်)

အန်းနင်မှာ ချင်ဝေ့ဟော်က ရုတ်တရက်ကြီး ဘာလို့ ဒါကိုမေးမှန်း နားမလည်ပါချေ။ ဒါမှမဟုတ် သူတကယ် အရမ်းမူးနေလို့ တချိူ့စကားလမ်းကြောင်းတွေကို အော်တိုများ မြန်မြန်ကျော်မိသွားတာလား။

သူ ရိုးသားစွာ ဖြေပေးလိုက်သည်, "ငါ အဲ့ဒီကို အချိန်ပိုင်းအလုပ်အတွက်သွားတာလေ."

ချင်ဝေ့ဟော် အသံကအေးစက်လှသည်, "မင်းငါ့ကိုပြောတော့ မင်းရဲ့အချိန်ပိုင်းအလုပ်က Fast-Foodဆိုင်မှာဆို။ငါ အဲ့ဒီနေရာကို မြင်ဖူးတယ်၊အဲ့မှာ fast-food ဆိုင်တွေမရှိဘူး."

အန်းနင် ရှင်းပြလိုက်သည်, "ငါက စနေနေ့ကျ KFCမှာ အချိန်ပိုင်းလုပ်တယ်၊ တနင်္ဂနွေနေ့ကျ လန်ထျန်းနိုင်ငံမှာ ကျူတာလုပ်ဖို့ သွားတယ် "

ချင်ဝေ့ဟော် မျက်မှောင်ကြုတ်သွားသည်။ "ကျူတာက ဘယ်လို့ပေါ်လာတာလဲ? အခုတင် မင်းလုပ်နေတဲ့ အချိန်ပိုင်းအလုပ်က ဘယ်နှစ်ခုရှိပြီလဲ? "

"မင်းသာ ကျောင်းက အလုပ်လုပ်-စာသင်ကို မယူရင် နှစ်ခုရှိတယ်"

'ကျူတာအဖြစ် ဘာကို သင်တာလဲ? တစ်နာရီကို ဘယ်လောက်ရလဲ? "

"ရူပဗေဒနဲ့ သင်္ချာသင်ပေးတယ်။ တစ်နာရီကို ၁၀၅ယွမ်

မင်းက ဘာလို့ ဒါတွေကိုမေးနေရတာလဲ?"

"... ဒီတိုင်းမေးကြည့်တာ."

ချင်ဝေ့ဟော်ရဲ့လေသံမှာ သူဆိုလိုသလိုနဲ့ မတူပါချေ။

အန်းနင် ကို လှည့်စားဖို့ Fakeလုပ်လို့ရန်ုင်တယ်လို့ ခံစားရသည်အတွက် ဖြစ်ကောင်းဖြစ်နိုင်သည်။

အန်းနင် ထပ်မမေးဖြစ်တော့။ သူ့စိတ်က ခုထိ ရှုပ်ထွေးနေဆဲမို့ ဘာကိုမှ သဘောမပေါက်နိုင်သေးပေ။ ထို့နောက်မှာတော့ချင်ဝေ့ဟော်က မေးလာသည်။

"နေ့လည်ခင်း Marxism တန်းကို မင်းသွားနေတုန်းပဲလား?"

"အင်းပေါ့ ငါသွားတယ်."

"မင်း ဘယ်လိုများ ဒီတိုင်းသွားနိုင်တာလဲ? Marxism က မင်းမေဂျာပိုင်းမှ မဟုတ်တာ။ ဒါကြောင့်မို့ ဘာလို့ တစ်ခါလောက်များ လစ်မကြည့်ရတာလဲ ?"

"Marxist ဒသနိကဗေဒက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ Karl Marx က တကယ် အံ့ဩဖို့ကောင်းတာ ..."

ချင်ဝေ့ဟော်မှာ အန်းနင်ရဲ့ စလေကတည်းက မဆုံးနိုင်တော့သော Marxismအကြောင်းကို နားထောင်ပေးနေရပြီး သူတကယ်ကို သည်းမခံနိုင်တော့။

"ထပ်မပြောနဲ့တော့ ဟုတ်ပြီလား? ငါ့ခေါင်း နာလာပြီ."

သူ့ဘေးမှ လူမှာ ရပ်သွားပြီးနောက် ခဏအကြာမှယတော့ သူတို့က Marx ကျောက်ရုပ်ဘေးမှဖြတ်သွားခဲ့ကြသည်။ အန်းနင်ရဲ့ အသံလေးက တိုးဖျတဲ့ မကျေနပ်မှုများနဲ့ ထပ်ပြီး အသံမြှင့်တက်လာပြန်သည်။

"သူက တကယ် အရမ်းထူးချွန်တဲ့လူကို..."

ချင်ဝေ့ဟော် အော်ပင်ရယ်လိုက်မိတော့သည်။ သူ တကယ်ကို ထပ်ပြီး သည်းမခံနိုင်တော့ချေ။ သူဘာကြောင့်များတစ်ဖက်လူကို စိတဆိုးခဲ့ပြီး သူ့ကြောင့်ပင် ပြုံးရယ်နေရပြန်တာလဲ မသိတော့ပါချေ။ တကယ့်ကိုအဓိပ္ပာယ်ရှိမနေတာ.!

"မင်းက ဘယ်လို ထိပ်ဆုံးကျောင်းသားမျိုးလဲ..."

အန်းနင်က ပြန်လှည့်လာပြီးမေးသည်, "ဘာရယ်?"

"မင်းမကြားလိုက်သလိုပဲထားလိုက်ပါ"

အန်းနင်မှာ ချင်ဝေ့ဟော်သည် အနည်းငယ် သဘောထားသေးသိမ်သည်ဟု ကြုံတောင့်ကြုံခဲလေး တွေးလိုက်မိသည်။ တစ်ခဏမျှ လမ်းလျှောက်ပြီးနောက်တွင်​တော့ သူက တီးတိုးပြောလာခဲ့သည်။

"မင်းကမှနည်းနည်း ကလေးဆန်တာ..."

"တကယ်လား?" ချင်ဝေ့ဟော်က အပြုံးကို ထိန်းထားရင်း မျက်ခုံးများကို ပင့်လိုက်မိသည်။

အန်းနင်က ဖာထေးဖို့ကြိုးစားလိုက်သေးသည်,"သေးသေးလေးလောက်ပါဘဲ."

"အများကြီးဆိုလဲ ကိစ္စမရှိပါဘူး။ ထပ်ပြောချင်တာက ငါမင်းကို ပြောစရာရှိတယ်,"

သူ့လက်ကိုကိုင်ထားတဲ့ ချင်ဝေ့ဟော်လက်များမှာ လှုပ်ရှားမှုရပ်သွားပြီးလျှင် သူက အန်းနင်ရှေ့ကို လျှောက်လာခဲ့သည်။

"ဒီနေ့ မင်း သေချာပေါက်ကို Marxism တန်း သွားလို့ရမှာမဟုတ်ဘူး."

အန်းနင်က သူ့ကို မျက်လုံးပြူးလျက်ကြည့်နေခဲ့ပြီး ဒါက သူ Marxismတန်း သွားဖို့ အခွင့်အရေးမရတောဘူးဆိုတဲ့ကြိုတင်ဟောကိန်းကြောင့်မဟုတ်ပါဘဲ ချင်ဝေ့ဟော်က သူ့ကို အပြုံးတစ်ပွင့်ဖြင့် မျက်နှာချင်းဆိုင်၍ ကြည့်လာသောကြောင့်ဖြစ်ပေသည်။ ဒါက ဝင့်ကြွားတာလား သို့မဟုတ် ရှုတ်ချခြင်းလား မသိသော်လည်း သနားစရာကောင်းသည်မှာတော့ ထင်ရှားသည်။ မည်သို့ဆိုစေ တစ်ချိန်တည်း၌ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကဲ့သို့ သူ့မျက်လုံးထဲတွင် အခြားအမူအရာတစ်ခု ပေါ်လာသည်။၎င်းတို့အထဲတွင် အဆုံးမရှိသော လှိုင်းလုံးကြီး တစ်ခုပွင့်အံ့ကျလာပြီး; တစ်ပေါက်,ပေါက်နဲ့ ကျလာခဲ့သည်။ ၎င်းသည် ဆွဲငင်အားလှိုင်းတစ်မျိုးကဲ့သို့ ချဲ့ထွင်ကာ ပိုကြီးလာသည်။ ၎င်းက သူ့ကို လွှမ်းမိုးသွားပြီးဝိုင်းပတ်ထားလိုက်သလိုပင်။

"နောက်တစ်ခါ မသောက်နဲ့." ချင်ဝေ့ဟော်က အိပ်ဆောင်ကို မော့ကြည့်လိုက်ပြီးမှ လက်ကိုလွှတ်ပေးလိုက်ကာပြောသည်။

"တက်သွားတော့."

----------------------------

နောက်ဆုံးတော့ သူမေးခဲ့ပါပြီ!!! လက်ကိုင်လျှောက်တာလေး ချစ်စရာ (OvO)

Manhuaထဲမှာတော့ လည်ကုတ်လေးကို ဖျစ်လိုက်တာ (〃ω〃)

Manhuaထဲမွာေတာ့ လည္ကုတ္ေလးကို ဖ်စ္လိုက္တာ (〃ω〃)



『Zawgyi』


ပထမဆုံးအႀကိမ္အျဖစ္ အန္းနင္ မူးခဲ့သည္။ သူ ဒီေလာက္ပဲ အသက္ႀကီးေနသည့္တိုင္ အထက္တန္းေက်ာင္း ဘြဲ႕ယူ ညစာစားပြဲမွာပဲ အယ္လ္ကိုေဟာ နည္းနည္းသာ ေသာက္ဖူးခဲ့တာျဖစ္သည္။ ထိုအခ်ိန္က သူမမူးခဲ့ေသာ္လည္း သူအနည္းငယ္ အားနည္းသလိုနဲ႔ မ်က္ႏွာကပူလာသလို ခံစားလာရသည္။ ဒီေန႔မွာေတာ့ သူ႔ကိုေလေပးမယ့္ air-con လဲမရွိပါေခ်။ ထို႔ေၾကာင့္ သူ႔လက္ေနာက္ေတြႏွင့္ မ်က္ႏွာကို ေအးေအာင္ ဖိထား႐ုံသာတတ္နိုင္သည္။ သူ႔လက္ေနာက္မွ အပူခ်ိန္ကအလုပ္မျဖစ္ေသာအခါ သူက ေရခဲခြက္ကိုယူ၍ ပါးကို ကပ္ထားျပန္သည္။ ေဘးဘက္က ေရွာင္ေပါင္က သူ႔ကို လက္ညႇိုးထိုးၿပီးရယ္ေမာလာသည္။

"အန္းနင္-ေကာ, ထိပ္ဆုံးေက်ာင္းသားေတြအားလုံး အယ္လ္ကိုေဟာ ခံနိူင္ရည္က ဒီေလာက္ဆိုတယ္လား?"

သူက အနည္းငယ္ ဟန္မပ်က္ျဖစ္လာၿပီးရွက္ရြံ႕စြာျဖင့္ မ်က္ႏွာေပၚက ခြက္ကို ခ်လိုက္သည္။

"ေသခ်ာေပါက္ေတာ့ မဟုတ္ပါဘူး,"

ေဘးက လ်န္ရွန္းဟန္က အသံက်ယ္က်ယ္နဲ႔ေျပာလာည္, "ငါတို႔ အထက္တန္းေက်ာင္းက ထိပ္ဆုံးေက်ာင္းသား ေယာက္်ားေလးဆိုရင္ ပိုင္က်ဴးေသာက္႐ုံနဲ႔ေတာင္မူးတယ္တဲ့။ ဘြဲ႕ယူဒင္နာမွာ သူဘာသာသူ တစ္တန္းလုံးကို ရိုက္ခဲ့တာ! baijiu!"

ေရွာင္ေပါင္က လ်န္ရွန္းဟန္ကို ၾကည့္၍ေျပာလိုက္သည္,"ေကာ! ငါထင္တာေတာ့ မင္းလဲမူးေနတာေနာ္"

လ်န္ရွန္းဟန္က လက္ယမ္းျပသည္, "မင္းဘာေတြေျပာေနတာလဲ!ဒီေလာက္ဘီယာေလးနဲ႔ ငါက မူးမလားကြ? ထပ္ေျပာရရင္ ငါ တစ္ေယာက္နဲ႔ ဂိမ္းကစားဖို႔ေတာင္ ခ်ိန္းထားေသးတယ္!," သူေျပာလိုက္ရင္း ေရွာင္ေပါင္ ပုခုံးကို ရိုက္လိုက္သည္, "သြားခ်င္လား?"

ေရွာင္ေပါင္က ဘီယာေနာက္တစ္ငုံပါ ေသာက္လိုက္ၿပီးေခါင္းညိတ္ျပသည္။

"သြားမွာေပါ့! ငါ ေသခ်ာေပါက္ကို သြားမွာ!", သူက အေရွ႕စားပြဲမွ တသၽွဴးတစ္ထုပ္ယူေနတဲ့ ခ်င္ေဝ့ေဟာ္ကိုေမးဖို႔ လွည့္လာျပန္သည္။

"ေကာ,မင္းေရာ သြားခ်င္လား?"

ခ်င္ေဝ့ေဟာ္ ထိုင္လိုက္သည္ႏွင့္ သူက စားပြဲေပၚကို တသၽွဴးထုပ္ထားလိုက္ၿပီးေျပာသည္,"ငါမသြားဘူး"

လ်န္ရွန္းဟန္က ႀကိဳ႕ထိုးရင္း ေျပာလာ​၏, "ရပါတယ္။ဒါဆိုလဲ ေငြေခ်ရေအာင္ AA* systemေနာ္"

【*TN: ကုန္က်စရိတ္မၽွခံမယ္၊ ခြဲရွင္းမယ္】

စားပြဲထိုးက ေဘလ္လာေပးေသာအခါ လ်န္ရွန္းဟန္က တသၽွဴးထုတ္လိုက္ၿပီး သူ႔လက္ေတြကိုသုတ္လိုက္ကာ ဖုန္းကိုအသုံးျပဳ၍ ေပးေခ်ခဲ့သည္။ ထို႔ေနာက္ အားလုံးက တစ္ေယာက္ၿပီးတစ္ေယာက္သူ႔ကို WeChatကေန ေငြလႊဲေပးၾကေတာ့​၏။ အန္းနင္က သူ႔လက္ေတြကို သုတ္ခ်င္ေနေပမယ့္ တသၽွဴးကရွာမေတြ႕ေတာ့ေခ်။ ထိုအခိုက္အတန႔္မွာပဲ တစ္သၽွဴးတစ္ထုပ္က သူ႔ေပါင္ေပၚကို ျပဳတ္က်လာခဲ့သည္။ သူ ရီေဝေဝျဖစ္ေနေသာေၾကာင့္ ဘယ္သူက ပစ္လိုက္မွန္းေတာင္ မသိေတာ့ပါေခ်။ သူ႔လက္ေတြကို သုတ္လိုက္ၿပီးခါမွအခ်ိန္အၾကာႀကီး ဖုန္းကို ႏွိပ္ၿပီး WeChatကို ဖြင့္လိုက္သည္။ ေနာက္ဆုံးမွာေတာ့ အန္းနင္ လ်န္ရွန္းဟန္ကို ပိုက္ဆံလႊဲနိုင္ခဲ့ေလၿပီ။

လ်န္ရွန္းဟန္က ငုံ႔ၾကည့္လာၿပီး အလန႔္တၾကားျဖစ္သြားသည္။

"မင္းကဘာလို႔ငါကို 257ယြမ္ေတာင္ လႊဲလိုက္ရတာလဲ?" 

အန္းနင္ ေခါင္းေထာင္လာၿပီး 'ေအာ'ဟူ၍ အသံျပဳလိုက္သည္။

ခ်င္ေဝ့ေဟာ္ကေတာ့ ေဘးဘက္မွာထိုင္လ်က္ သူတို႔ႏွစ္ေယာက္လုံးကို ၾကည့္ေနခဲ့သည္။ အန္းနင္ ပိုက္ဆံလႊဲတဲ့အခါမွာ ဘာျဖစ္သြားလဲဆိုတာ သူျမင္လိုက္ရ​၏။ အန္းနင္က စားပြဲေပၚက သူ႔ဖုန္းကိုသုံးေနသျဖင့္ မျမင္ရဖို႔ကလဲ ခက္ေလသည္။ payment password မွာ257 ႏွစ္ခါျဖစ္သည္။ ရလဒ္ကေတာ့ လႊဲရမဲ့ ပမာဏကိုလဲ 257ပင္ ႏွိပ္လိုက္မိျခင္း။

လ်န္ရွန္းဟန္က ပိုက္ဆံျပန္ေပးလိုက္သည္။ အကုန္ၿပီးသြားတဲ့ေနာက္မွာေတာ့ လ်န္ရွန္းဟန္နဲ႔ ေရွာင္ေပါင္တို႔က

Internet café.ကို သြားဖို႔ျပင္ၾကသည္။ ခ်င္ေဝ့ေဟာ္ကလဲ သူ႔ခုံကို ဆြဲထုတ္၍ ထရပ္လာ​၏။ အန္းနင္ကလဲ ဒယီးဒယိုင္ျဖင့္ စားပြဲေပၚမွာ သူ႔ကိုယ္သူ ေထာက္ကန္ထားရင္းထရပ္လိုက္သည္။ ဤသည္ကို လ်န္ရွန္းဟန္ ျမင္ေသာအခါ ျမန္ျမန္ ေရာက္သြားၿပီး သူ႔အား ေအာက္ကို ျပန္ဖိခ်လိုက္ကာ ေျပာသည္။

"မလုပ္နဲ႔, မလုပ္နဲ႔, မလုပ္လိုက္ပါနဲ႔! မင္းကရဒီတိုင္းထိုင္ေနၿပီး ခဏေလာက္နားလိုက္ဦး! မင္းကို အမ်ားႀကီးမေသာက္ပါနဲ႔လို႔ ငါေျပာသားပဲ"

သူ ေခါင္းေမာ့လိုက္ၿပီး စားပြဲေဘးမွာရပ္ေနတဲ့ ခ်င္ေဝ့ေဟာ္ကို ေျပာလိုက္သည္,"ေကာ! မင္းအခန္းေဖာ္ကို ဂ႐ုစိုက္ေပးဖို႔အတြက္ ငါတို႔ မင္းကို ဒုကၡေပးရေတာ့မွာပဲ။ ဒီလိုမ်ိဳးနဲ႔ သူလမ္းေလၽွာက္နိုင္မယ္မထင္ဘူး! ေနာက္ပိုင္းက် သူ႔ကို Taxiေခၚေပးလိုက္ေလ !"

စကားေျပာၿပီးေနာက္ သူက ေရွာင္ေပါင္ပုခုံးကို ဖက္လိုက္ၿပီး ထြက္သြားေတာ့​၏။

ခ်င္ေဝ့ေဟာ္ကေတာ့ စားပြဲေပၚမွာ လဲေနတဲ့အန္းနင္ကို ေနာက္ျပန္လွည့္ၾကည့္လိုက္သည္။ သူ သက္ျပင္းခ်လိုက္ၿပီး ဝန္ေလးစြာျဖင့္ ေက်ာပိုးအိတ္ကိုခ်ကာ ျပန္ထိုင္လိုက္ရသည္။ ႏွစ္မိနစ္ေလာက္ ထိုင္ေနၿပီးေနာက္ သူ မ်က္ေမွာင္ၾကဳတ္လာကာ ေခါင္းလွည့္ၿပီး ေမးလိုက္သည္, "ေနရတာပိုေကာင္းလာၿပီလား?" 

အန္းနင္ ထိုသို႔ၾကားလိုက္ရလၽွင္ ထထိုင္လိုက္ရာ ခ်င္ေဝ့ေဟာ္တစ္ေယာက္ကိုသာ ျမင္၍ ေမးလိုက္မိသည္, "တျခားသူေတြေရာ?"

ခ်င္ေဝ့ေဟာ္က သူတို႔ထြက္သြားေၾကာင္းေျပာျပလိုက္​၏။

ထိုအခါ အန္းနင္က မစဥ္းစားပါဘဲ ေမးလာသည္။ "အဲ့ဒါဆိုလဲ မင္းကေရာ ဘာလို႔ မသြားေသးတာလဲ?"

ခ်င္ေဝ့ေဟာ္က ခဏတာမၽွစကားမေျပာပါဘဲ သူ႔ကိုသာ ၾကည့္ေနခဲ့သည္။

အန္းနင္မွာ သူ႔မ်က္လုံးမ်ားထဲမွ ေက်ာခ်မ္းစရာေတြကို ျမင္လိုက္ရသည္။ သူလက္ကိုယမ္းလိုက္ၿပီး "ငါမေမးလိုက္သလို ဟန္ေဆာင္လိုက္ပါ"လို႔ ေျပာလိုက္ခ်င္ေပမယ့္ ခ်င္ေဝ့ေဟာ္က အရင္ေျပာလာခဲ့သည္။

"ဘာလို႔လဲလို႔ မင္းကေမးတယ္? ဘာလို႔လဲဆိုေတာ့ ငါက မင္းရဲ့ အခန္းေဖာ္မို႔ေလ." 

အန္းနင္ ရွက္သြားသလို ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ သူအသက္ျပင္းျပင္း ရွိုက္လိုက္ၿပီး သူ႔ကိုယ္သူ တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္မိသည္။ ၿပီးလၽွင္ သူက စားပြဲအကူနဲ႔ထရပ္လိုက္ၿပီး ေျပာလိုက္သည္။

"ငါ အခု အဆင္ေျပပါၿပီ။ သြားစို႔ေလ."

ခ်င္ေဝ့ေဟာ္က သူနဲ႔ မတ္တပ္ရပ္မလာဘဲ ထိုေနရာတြင္သာ ေျခေထာက္ကို ဆန႔္ထိုင္လ်က္သူ႔ကို ၾကည့္လာခဲ့သည္။ သူက အန္းနင္ အခက္အခဲေတြနဲ႔ ဒယီးဒယိုင္မျဖစ္ေအာင္ႀကိဳးစားရင္း တံခါးဆီကို ေလၽွာက္သြားေနတာကို ၾကည့္ေနခဲ့သည္။ သူ ထရပ္လိုက္ၿပီး ေက်ာပိုးအိတ္ကိုေကာက္လြယ္လိုက္ကာ အန္းနင္ စားပြဲေပၚမွာထားခဲ့တဲ့ ဖုန္းကို သူ႔အိတ္ေထာင္ထဲ ထည့္လိုက္၍ လိုက္ထြက္လာခဲ့သည္။

အန္းနင္က သူတို႔လာခဲ့တဲ့ လမ္းေၾကာင္းဆီသို႔သာ ေလၽွာက္သြားေနခဲ့သည္။ ခ်င္ေဝ့ေဟာ္က သူ႔ကို ဆြဲလိုက္ၿပီး ေျပာလိုက္​၏, "ဒီမွာရပ္ေန! ငါမင္းအတြက္ Taxiေခၚေပးမယ္"

ဆြဲလိုက္တဲ့ အားက အလြန္ျပင္းလွသည္။ အန္းနင္ရဲ့ ေျခေထာက္ေတြမွာ နဂိုထဲက အားနည္းေနသလို ခံစားရေနသျဖင့္ အေဝးကေန ဆြဲခံလိုက္ရသလို ခ်င္ေဝ့ေဟာ္ဘက္ကို လိမ့္သြားတယ္လို႔ပင္ ခံစားလိုက္ရသည္။ သူေခါင္းငုံ႔လိုက္ၿပီး သူ႔လက္ေမာင္းမွာရွိေနတဲ့ ခ်င္ေဝ့ေဟာ္ လက္ကို ၾကည့္ေနမိသည္။ ထို႔ေနာက္ သူ ျမန္ျမန္ ဆြဲယူလိုက္ၿပီး ထပ္ခါထပ္ခါေျပာမိေလေတာ့သည္။

"ရတယ္, ရတယ္, ရတယ္!!ေက်းဇူးပဲ,ေက်းဇူး,ေက်းဇူး,ေက်းဇူး.........."

ခ်င္ေဝ့ေဟာ္မွာ လြန္ခဲ့ေသာ စကၠန႔္ပိုင္းေလးမွာပင္ အနည္းငယ္ မေပ်ာ္မရႊင္ျဖစ္ေနခဲ့သည့္တိုင္ အန္းနင္က သူ႔ေဘးမွရပ္ၿပီး သူ႔ကို ဆက္ၿပီးေက်းဇူးတင္ေနသည္ကို ၾကားေနရ​၏။ ဒါက သိုးေပါက္ေလး သူ႔ေဘးတြင္ရပ္ၿပီး 'ဘာ့ ဘာ့' လုပ္ေနသလို ရယ္ခ်င္စဖြယ္ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။ ေခ်ာင္းဟန႔္လ်က္ မရယ္မိေအာင္ ႀကိဳးစားလိုက္ရသည္။

လမ္းအဆုံးမွာေတာ့ အဝါေရာင္taxiေလးက အေဝးကေနေရာက္လာခဲ့သည္။ အန္းနင္က သူ႔လက္ကိုေျမႇာက္လိုက္ၿပီး တားလိုက္​၏။ ကားက မရပ္ပါဘဲ သူ႔ေရွ႕က တည့္တည့္ျဖတ္သြားၿပီး ရႊမ္းကနဲ႔ပင္ အရွိန္တင္လိုက္ေသးသည္။

အန္းနင္တစ္ေယာက္ လက္ေျမႇာက္ထားလ်က္ ရွုပ္ေထြးေနခဲ့သည္,"... သူ ငါ့ကို မျမင္ဘူးလား?"

ခ်င္ေဝ့ေဟာ္က သူ႔ကို တစ္ခ်က္ၾကည့္ၿပီး သူ ဒီလူကို မသိေလဟန္ျဖင့္ သူ႔ပုခုံးေပၚက ေက်ာပိုးအိတ္ကို ပင့္လိုက္သည္။

ေနာက္ Taxi ေမာင္းလာေသာအခါ အန္းနင္ကလဲ လမ္းေဘးဘက္ကေန လက္ဆန႔္၍ တားျပန္သည္။ ကားက အရွိန္တင္လ်က္ မျမင္နိုင္စြာေမာင္းသြားျပန္​၏။ဒီတစ္ႀကိမ္တြင္ေတာ့ အရင္ကားထက္ ပိုၿပီးျမန္ျမန္ေမာင္းသြားရာ သူ႔ေခါင္းလည္ေနတဲ့အရွိန္ကို မခံနိုင္ခဲ့။

ဘယ္ေလာက္ေတာင္ ထူးဆန္းေနလဲ...

ခ်င္ေဝ့ေဟာ္က အေနာက္မွေျပာလာသည္,"ျပန္လာခဲ့!"

ထိုအခါမွသာ အန္းနင္သည္ သူ လမ္းနဲ႔နီးနီးကပ္ကပ္ေလၽွာက္ေနမိေၾကာင္း သေဘာေပါက္မိလိုက္သည္။ သူ ျမန္ျမန္ပင္ ခ်င္ေဝ့ေဟာ္ဘက္ကို ျပန္လာလိုက္​၏။

ေနာက္Taxiတစ္စီးထပ္လာျပန္ေသာအခါ အန္းနင္မွာ တားရမလား၊ မတားရဘူးလား တုံ႔ဆိုင္းေနေတာ့သည္။သို႔တိုင္ ဒီတစ္ႀကိမ္တြင္ေတာ့ ခ်င္ေဝ့ေဟာ္က ဦးေအာင္လက္ေျမႇာက္လာခဲ့​၏။ ထူးဆန္းသည္ကေတာ့ ခ်င္ေဝ့ေဟာ္ရဲ့ကိုယ္ဟန္ေၾကာင့္ ကားက သူတို႔ေရွ႕ကို ရပ္လာခဲ့တာပါပဲ။ အန္းနင္ မ်က္မွန္ေလးကို ပင့္လိုက္ၿပီး ခ်င္ေဝ့ေဟာ္ကို ၾကည့္မိသည္။

သူေတြးလိုက္မိ​၏, ဒါက နတ္ဘုရားတစ္ပါး ေျမျပင္ကို ဆင္းသက္လာတာပဲ!

ခ်င္ေဝ့ေဟာ္က သူ႔ကို တစ္ခ်က္ၾကည့္လာသည္,

"ဘာလို႔ ငါ့ကိုၾကည့္ေနတာလဲ!?ကားထဲဝင္ေလ." 

အန္းနင္ ေနာက္ခုံကို ဝင္လိုက္သည္။ ခ်င္ေဝ့ေဟာ္က ေရွ႕တံခါးကို သြားကာ အရင္ဆုံး ဒရိုင္ဘာကို ေငြေပးေခ်လိုက္သည္။ ဒရိုင္ဘာဦးေလးက ေနာက္ခန္းမွ မူးေနတဲ့ေကာင္ငယ္ေလးကို ေတြ႕ေသာအခါ ေမးျမန္းလာခဲ့သည္။

"မင္းက သူ႔ကို ျပန္မပို႔ဘူးလား? ေနာက္က်ရင္ သူကားထဲက မထြက္နိုင္မွာေၾကာက္မိသား..."

ဒရိုင္ဘာဦးေလးကေတာ့ ဘယ္လိုေၾကာင္ေတာင္ေတာင္ အမူးသမားေလးကို သူဆုံခဲ့ရသလဲ မသိခဲ့ပါေခ်။ဝန္ေလးသည့္အမူအရာနဲ႔ ခ်င္ေဝ့ေဟာ္က ေျပာလိုက္သည္။

"သူက အဲ့ေလာက္မမူးပါဘူး." 

ဒရိုင္ဘာဦးေလးကေနာက္ျပန္ၾကည့္သည္, "ၾကည့္ရတာကေတာ့ ေတာ္ေတာ္မူးေနတာပါ"

ခ်င္ေဝ့ေဟာ္လဲ ေနာက္ထိုင္ခုံကို အၾကည့္တစ္ခ်က္ေရာက္သြားသည္။ အန္းနင္က ကားျပတင္းေပါက္ကို မွီထားၿပီးျပတင္းေပါက္ဖြင့္ဖို႔ႀကိဳးစားေနသည္။ ျပတင္းေပါကိမွာ အေပၚတက္လိုက္ ေအာက္ႏွိမ့္လိုက္ျဖစ္ေနၿပီး အန္းနင္က ပိတ္ခ်င္ေနလား၊ဖြင့္ခ်င္ေနလားေတာင္ သူ မသိေတာ့ေပ။ ေနာက္ဆုံးမွာေတာ့ သူက ကားျပတင္းအတြက္ ေကာင္းမြန္တဲ့အေနအထားကို ကိုက္ညႇိလိုက္နိုင္ၿပီး ၿငိမ္းခ်မ္းစြာ မွီလိုက္ကာ မ်က္လုံးပိတ္လိုက္​၏။

ခ်င္ေဝ့ေဟာ္က ဒရိုင္ဘာကို 'ခဏေလာက္ပါ'လို႔ေျပာၿပီး ေနာက္ကိုေရာက္ဘလာက ကားတံခါးကို ဆြဲဖြင့္လိုက္၍ ေခါင္းငုံ႔လ်က္ အထဲကလူကိုေျပာလာသည္။

"အန္းနင္" 

အန္းနင္ကေတာ့ အိပ္မက္ထဲကို လ်င္ျမန္စြာေရာက္သြားသည့္ႏွယ္ သူ႔ကိုလ်စ္လ်ဴရွုထားသည္။

​ခ်င္ေဝ့ေဟာ္ သက္ျပင္းခ်လိုက္ၿပီး ကားထဲကို ငုံ႔ဝင္လိုက္သည္။သူက အန္းနင္ရဲ့ မ်က္ႏွာေလးကို ပုတ္လိုက္​၏,"အန္းနငိ?" 

အန္းနင္ မ်က္လုံးမ်ားပြင့္လာခဲ့သည္။သူ႔မ်က္မွန္မွာ ႏွာတံေအာက္သို႔ပင္ ျပဳတ္က်ေနၿပီျဖစ္သည္။သူ မ်က္စိေမွးၾကည့္လိုက္ေသာ္လည္း ခ်င္ေဝ့ေဟာ္ကို ေကာင္းေကာင္းမျမင္ရေပ။ ထို႔ေၾကာင့္သူက ႐ုတ္တရက္ႀကီး ေခါင္းေမာ့လိုက္ကာ မ်က္ႏွာကို ခ်င္ေဝ့ေဟာ္ေရွ႕တည့္တည့္တြင္ ထားလိုက္ေလသည္။

ခ်င္ေဝ့ေဟာ္ မ်က္လုံးမ်ားမွာ ျပဴးက်ယ္သြားရၿပီး သူ႔ေခါင္းကို ေနာက္ေျမႇာက္လိုက္ေသာအခါ ေခါင္းထိပ္ပင္ ကားတံခါးနဲ႔ ေဆာင့္မိသြားသည္။ ဒရိုင္ဘာဦးေလးကေတာ့ လွည့္လာၿပီး ေမးရွာသည္,"အဆင္ေျပရဲ့လား?"

ခ်င္ေဝ့ေဟာ္က သူ႔ေခါင္းထိပ္ကို ပြတ္ေနခဲ့သည္။ သူ အန္းနင္ရဲ့ မ်က္မွန္လဲ ျပဳတ္က်သြားသည္ကို ျမင္ေနရသျဖင့္ ကုန္းေကာက္ေပးလိုက္သည္။

အန္းနင္ရဲ့ မ်က္ႏွာေလးက 'ငါကအေတာ္ေလး တည္ၿငိမ္ေနတုန္းပဲ'ဆိုၿပီး ေျပာေနသလို ျဖစ္ေနၿပီး

"ခ်င္ေဝ့ေဟာ္,ကားထဲဝင္!"ဟူ၍ပင္ ေျပာလိုက္ေသးသည္။ သူက ခ်င္ေဝ့ေဟာ္လက္ေမာင္းကို ယူၿပီး လူတစ္ကိုယ္လုံးကို ကားထဲဆြဲေခၚလိုက္သည္။ သူက ေဘးကို စိတ္အားထက္သန္စြာေရႊ႕ေန၍ ခ်င္ေဝ့ေဟာ္မွာ ဒယိမ္းဒယိုင္ျဖင့္ အထဲကို ဆြဲခံေနရသည္။

ကားတံခါးက ပြင့္ေနဆဲျဖစ္ကာ ဒရိုင္ဘာက ၾကည့္၍ ေျပာလာခဲ့သည္,"သူဘယ္ေလာက္မူးေနလဲ ၾကည့္လိုက္ဦး! သူ႔ကို ျပန္သာပို႔လိုက္ပါ! မဟုတ္ရင္ ငါကားထဲက ကူထုတ္ေပးတဲ့အခ်ိန္က သူ လမ္းေဘးမွာ ထိုင္ေနရရင္ မေကာင္းေတာ့ဘူးေလ " 

အန္းနင္က အျပဳံးေလးနဲ႔ေျပာလိုက္သည္,

"ဦးဦး! ကၽြန္ေတာ္တို႔က ေက်ာင္းတူတူပဲ ဒါေၾကာင့္ အတူတူသြားရမွာေပါ့! ျပန္ပို႔စရာဆိုတာ မလိုပါဘူး!" 

ဒရိုင္ဘာဦးေလးႀကီးက သူ႔ကို ဂ႐ုဏာေတြနဲ႔ၾကည့္လာခဲ့သည္။ အႏွီ တမင္တကာ ၿဖီးျပေနသည္မွာ အလြန္အားေကာင္းေနေသာေၾကာင့္ ခ်င္ေဝ့ေဟာ္ေဘးကိုသာေခါင္းလွည့္လိုက္ၿပီး သက္ျပင္းခ်မိသြားသည္။ သူက ပြင့္ေနဆဲျဖစ္တဲ့ တံခါးကို ၾကည့္ေနမိၿပီးမွ ေနာက္ဆုံးတြင္ေတာ့ ဘန္းကနဲ႔ ဆြဲပိတ္လိုက္ေတာ့​၏။

အန္းနင္က ေခါင္းငုံ႔၍မ်က္မွန္ရွာလာခဲ့သည္။ ခ်င္ေဝ့ေဟာ္က မ်က္မွန္ကို သူ႔ေရွ႕ကို ယူေပးလိုက္သည္။ အန္းနင္က "ေက်းဇူး"လို႔ေျပာၿပီး ေကာက္တပ္ဖို႔ ျပင္လိုက္ေသာ္လည္း ခ်င္ေဝ့ေဟာ္က ကိုင္ထားၿပီး သူ႔ကို ေပးမလာခဲ့ေပ။

"ဘာပဲျဖစ္ျဖစ္ မင္းကအိပ္ေတာ့မွာပဲကို ဒါေၾကာင္​့ မဝတ္နဲ႔ေတာ့။ ငါကိုင္ေပးထားမယ္ ." 

အန္းနင္က ေက်ာမတ္သြားၿပီး ရွင္းလင္းေနတဲ့ အသံနဲ႔ေျပာလိုက္သည္။

"そうですね."* (အဲ့လိုလား/ငါသေဘာေပါက္ၿပီ)

ထို႔ေနာက္ ကားျပတင္းေပါက္ေပၚတြင္ အိပ္ေပ်ာ္သြာူေလသည္။

ခ်င္ေဝ့ေဟာ္က သူ႔ေက်ာကို ေရွ႕ခုံးလိုက္ၿပီး လက္ေျမႇာက္ကာ သူ႔ပါးစပ္နဲ႔ ေမးကို ကာလိုက္သည္။

သူေတြးလိုက္မိသည္, မင္းကထိပ္ဆုံးေက်ာင္းသားဆိုတာႂကြားခ်င္႐ုံနဲ႔ ဂ်ပန္စာသင္ဖို အြန္လိုင္းတက္စရာမလိုပါဘူးကြာ! မင္းငါကို အူတက္ၿပီး ေသေအာင္လုပ္ေနတာလား?

ကားက ယာဥ္လမ္းေၾကာကို ျဖတ္လာသကဲ့သို႔ အန္းနင္ရဲ့ အသက္ရွူသံမွာလဲ ပိုၿပီးရွည္လာသည္။ ခ်င္ေဝ့ေဟာ္က မ်က္မွန္ေလးကို ကစားရင္း ျပတင္းေပါက္ကို ၾကည့္လိုက္မိသည္။ ေသခ်ာေပါက္​ကို ျပတင္းက ရွူ႔ခင္းက အန္းနင္ရဲ့ ျပတင္းေပါက္ရွု႔ခင္းနဲ႔ မတူပါေခ်။ ဒီလမ္းရဲ့ ျမင္ကြင္းက အလြန္ကို မွိုင္းပ်ေနၿပီး ပ်င္းစရာေကာင္းလွသည္။ သူ အၾကာႀကီးေတာ့သည့္တိုင္ ဒီ့အတြက္ ပင္ပန္းလာသည္။ Taxiခုံမ်ားကလဲ အေတာ္ေလး က်ဥ္း​၏။ သူ ေဘးဘက္ကိာ လွည့္တဲ့အခါမွာ ေျခေထာက္ကို ဆန႔္မရသျဖင့္ အန္းနင္ကို ျမင္ခ်င္လၽွင္ အလြန္အဆင္မေျပျဖစ္ရသည္။

ကံေကာင္းစြာနဲ႔ သိပ္မေဝးခဲ့သျဖင့္ မၾကာမွီမွာပင္ သူတို႔ ေက်ာင္းအေရွ႕ဂိတ္ကို ေရာက္လာခဲ့ၾကသည္။ ခ်င္ေဝ့ေဟာ္က အန္းနင္ ပုခုံးကို တြန္းလိုက္ၿပီး ေျပာသည္။

"ထေတာ့"

ေခၚၿပီး တြန္းလိုက္ေသာေၾကာင့္ အခန္းေဖာ္ေလးမွာ ခ်က္ခ်င္း မ်က္လုံးေတြပြင့္လာၿပီး သူတို႔ဘယ္ေရာက္ေနလဲ အတည္ျပဳဖို႔ရာ အျပင္ဘက္ကို ၾကည့္လာခဲ့သည္။ ခ်င္ေဝ့ေဟာ္က သူ႔ပုခုံးကိုပုတ္လိုက္ၿပိ မ်က္မွန္ကို ကမ္းေပးလိုက္​၏။ ခ်င္ေဝ့ေဟာ္က သူစိစစ္ဖို႔ကိုလည္း ေစာင့္ေနေပးသည္။ အန္းနင္ အတည္ျပဳၿပီးမွ ခ်င္ေဝ့ေဟာ္က ေျပာလာသည္,"ဒါက ညာဘက္ကို ျဖစ္သင့္တယ္." 

အန္းနင္မွာလဲ အနည္းငယ္ ရွက္သြားရသည္, သူ သူ႔ေက်ာင္းကိုပင္ မမွတ္မိခဲ့။ မ်က္မွန္ပင့္လိုက္ၿပီး သူေျပာလိုက္သည္"ျမန္သားပဲ"

ခ်င္ေဝ့ေဟာ္က သူ႔ကို လ်စ္လ်ဴရွုလိုက္ၿပီး ဒရိုင္ဘာကို 'ကၽြန္ေတာ့္ကို ေစာင့္ပါ'လို႔ ေျပာကာ ကားတံခါးဖြင့္၍ ထြက္လိုက္သည္။ အန္းနင္ ကားထဲက ထြက္လာေသာအခါ ခ်င္ေဝ့ေဟာ္က တံခါးကို အျပင္ဆြဲလိုက္ၿပီး ႐ုတ္တရက္ သူ႔လက္ကို တံခါးေပၚတြင္ တင္လိုက္သည္။

အေပၚပိုင္းကို ကာလိုက္ၿပီးေနာက္ အန္းနင္မွာ သူ႔ေခါင္းသည္ ခ်င္ေဝ့ေဟာ္ရဲ့ လက္ဖဝါးၾကားတြင္ နားခိုေနမွန္း ခံစားလိုက္ရ​၏။ သူ ကားထဲကထြက္ၿပီး ျမန္ျမန္ေျပာလိုက္မိသည္, "ေဆာရီး! နာေအာင္လုပ္မိသြားလား? I ငါ မင္းလက္ကို မျမင္မိလိုက္ဘူး!"

"ရပါတယ္,"

သူ႔အိတ္ေထာင္ထဲမွ ခ်င္ေဝ့ေဟာ္က အန္းနင္ဖုန္းကိုထုတ္လိုက္ၿပီး သူ႔ကိုေပးလိုက္သည္, "မင္းဘာသာမင္း ျပန္သင့္တယ္."

ထိုသို႔ေျပာၿပီးေနာက္ အေရွ႕ဘက္ေက်ာင္းတံခါး၏ ေလၽွာေစာက္တြင္ ရွိသည့္ မီတာတစ္ရာေက်ာ္ရွည္ေသာ ေလွကားထစ္မ်ားကို လွမ္းၾကည့္လိုက္သည္။

အန္းနင္ေမးလိုက္မိသည္, "မင္းေရာမျပန္ဘူးလား?"

ခ်င္ေဝ့ေဟာ္က စိတ္ရွည္လက္ရွည္ေျဖေပးသည္, "ငါ ဒီမွာမေနဘူး." 

အန္းနင္က သူ႔ကို ေခါင္းရွုပ္စြာနဲ႔ ခဏတာမၽွၾကည့္ေနခဲ့ၿပီးေနာက္မွ ခ်င္ေဝ့ေဟာ္က သူ႔နဲ႔အတူမေနတဲ့ အခန္းေဖာ္ျဖစ္ေၾကာငိး ႐ုတ္ျခည္းသေဘာေပါက္မိလိုက္သည္။ သူစိတ္တြင္ ေတာင္းပန္ခ်င္မိသြား​၏။

"ငါ့ကိုျပန္ပို႔ဖို႔ေတာင္ မင္းကို ေႏွာင္ယွက္မိလိုကိေသးတယ္... ရပါတယ္။ ငါ့ဘာသာျပန္နိုင္ပါတယ္! မင္းလဲ ျမန္ျမန္ျပန္ေတာ့ေလ!"

ခ်င္ေဝ့ေဟာ္က ေခါင္းညိတ္ၿပီး ကားဆီကို ျပန္အလွည့္မွာေတာ့ အန္းနင္က အခ်ိန္ၾကာတဲ့ ေျခလွမ္းေတြနဲ႔ ေလၽွာက္ေနတာကို ျမင္လိုက္ရသည္။ အန္းနင္တစ္ေယာက္ သုံးလွမ္းေလၽွာက္ၿပီး တစ္လွမ္းရပ္သြားသည္မွာ ပင္ဂြင္းေလးတစ္ေကာင္ကဲ့သို႔ပင္။ ခ်င္ေဝ့ေဟာ္က ကားတံခါးကိုကိုင္လ်က္ဒီတိုင္းရပ္ၾကည့္ေနၿပီး မ်က္ေမွာင္လဲ ၾကဳတ္ထားသည္။ ဒရိုင္ဘာဦးေလးကေတာ့ သည္းညည္းခံလ်က္ ေမးလာေပးသည္။

"သြားဦးမွာလား?"

ခ်င္ေဝ့ေဟာ္က "ဦးေလး သြားလို႔ရၿပီ"ဆိုေသာ စကားတစ္ခြန္းျဖင့္သာ ကားကို ပိတ္လိုက္ေတာ့သည္။

အန္းနင္ ေလွကားတက္ေနတာၾကာၿပီျဖစ္ေသာ္လည္း အခုထိ ၿပီးေအာင္ မတက္နိုင္ေသးေပ။ သူအရမ္းပင္ပန္းေနၿပီျဖစ္၍ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။ ဒီေန႔ရဲ့ေကာင္းကင္ႀကီးက တိမ္ေတြတစ္ထပ္ၿပီးတစ္ထပ္ ဖုံးၿပီး ျပည့္ေနတယ္; တခ်ိဳ႕ကေတာ့ အျဖဴေလးေတြ၊တခ်ိဳ႕ကက် မီးခိုး။ ေကာင္းကင္ႀကီးကေတာ့ တူတူပဲ အျပာနဲ႔ မီးခိုးၾကားထဲမွာ! ၾကည့္ရတာ နယ္နမိတ္ဆိုတာလဲ မရွိဘူး..

သူ႔စိတ္ထဲမွာေတာ့ ေန႔ရက္ေတြ နဲ႔ ဘာမဟုတ္တဲ့ အတားအဆီးေတြ ရွိေနခဲ့သည္။ ၾကည္လင္တာ, ေကာင္းကင္ျပာနဲါ ေသာၾကာေန႔တို႔အေၾကာင္း တစ္စုံတစ္ခု*... သူသည္ မ်က္မွန္ကို ပင့္လိုက္မိသည္။

【TN * : ဂ်ပန္လိုေရးထားတာပါ 〔素晴,青い天,金曜日〕】

မွန္ေတြက အနည္းငယ္ေပက်ံ႕ေနခဲ့၍ သူခၽြတ္လိုက္ၿပီး အကၤ်ီလက္စေလးနဲ႔ သုတ္ပစ္လိုက္သည္။ သူ႔ေခါင္းထကတြင္ ဟိန္းေဟာက္သံေပၚလာၿပီး ေလယာဥ္ပ်ံတစ္စင္းက တိမ္ေတြထဲက ထြက္လာခဲ့သည္။

သူ အနည္းငယ္ပ်င္းရိစြာနဲ႔ တိမ္ေတြထဲမွာ ပ်ံသလို ေတြးမိသြားသည္။ အဲ့ဒီ ခံစားခ်က္ဘယ္လိုမ်ိဴးလဲ...ေတြးေနရင္း သူ Makato Shinkai ဇာတ္ကားကို ေတြးမိသြားစည္။

ဇာတ္ကားထဲက ျမင္ကြင္းမ်ားနဲ႔ သီခ်င္းတို႔မွာ သူ႔စိတ္ထဲတြင္ စတင္ ပုံေဖာ္လာခဲ့ၿပီး အဲ့ဒီေနာက္မွာေတာ့ ေလယာဥ္ပ်ံေလးဟာ တိုက္မိသြားသည့္ႏွယ္ ေျမျပင္ေပၚကို ေခ်ာ္က်သြားေတာ့သည္။ တစ္ခ်ိန္ထဲမွာပင္ သူ႔ခႏၶာကိုယ္ကလဲ ေနာက္ကို မရည္ရြယ္ပါဘဲ လဲၿပိဳသြား​၏။ ကိုယ္အေလးခ်ိန္ ကင္းမဲ့သြားေသာ ခံစားမွုသည္ ႏွစ္စကၠန႔္မၽွသာ ၾကာသည္။ ေနာက္​တစ္​စကၠန႔္​​ေလာက္​တြင္​မူ သူ႔​ေက်ာသည္ လူတစ္​​ေယာက္​​ေပၚသို႔ ျပဳတ္​က်သြားေလသည္​။

အန္းနင္ေခါင္းလွည့္ၾကည့္လိုက္ရာ ေျခတစ္လွမ္းအကြာတြင္ ခ်င္ေဝ့ေဟာ္ကို ျမင္လိုက္ရၿပိး သူ႔ကို ေနာက္မွ ေထာက္ကန္ေပးထားသည္။ သူ အထူးတလယ္ပင္ အံ့ဩသင့္သြားရ​၏, "မင္း မျပန္ဘူးလား?"

ခ်င္ေဝ့ေဟာ္ကသူ႔ကို ပင့္,မေပးၿပီး ေျပာသည္။ "မင္း ေျဖာင့္ေျဖာင့္ရပ္ၿပီးမွ စကားေျပာ "

မည္သို႔ဆိုေစ အန္းနင္မွာ သူ႔ခႏၶာကိုယ္​၏ ဗဟို ဆြဲငင္အားမွာ မတည္မၿငိမ္ျဖစိေနသလို ခံစားရကာ အေၾကာေသေနသလိုပင္။ သူ ခ်င္ေဝ့ေဟာ္ကို မွီမထားခ်င္ေသာ္လည္း သူဘယ္ေလာက္ပဲႀကိဳးစားေနပါေစ သူ႔ဝိဉာဥ္ကသာ အသံထြက္ေနၿပီး ခႏၶာကိုယ္ကေတာ့ နားမေထာင္ပါေခ်။ တျခားသူမ်ားအတြက္ဆို ဒီိလိုမ်ိဳးျမင္ကြင္းသည္ သူက ခ်င္ေဝ့ေဟာ္ေပၚကို မရမကေတာင္းဆိုၿပီး တြယ္ထားသလို ထင္ရသည္။

အရမ္းရွက္ဖို႔ေကာင္းတာပဲ!!

ခ်င္ေဝ့ေဟာ္က အန္းနင္ရဲ့ေက်ာကို ဘယ္ဘက္လက္နဲ႔ ကူေပးထားၿပီး လြတ္ေနတဲ့ ညာဘက္လက္ကေတာ့ သူ႔လက္ေခ်ာင္းေတြကိုျဖန႔္ကာ အန္းနင္ရဲ့ လည္ပင္းေနာက္ကို ကိုင္ထားလ်က္ အားပါပါနဲ႔ ဖ်စ္လိုက္ေလသည္။

နာက်င္မွုတစ္ခုက ေကာင္းကင္သို႔ ေျပးဝင္လာၿပီး အန္းနင္ ခ်က္ခ်င္းပင္ ေျဖာင့္ေျဖာင့္မတ္ရပ္လိုက္ရသည္။

ခ်င္ေဝ့ေဟာ္က အလြန႔္အလြန္ေအးစက္စြာေမးလာခဲ့သည္,"မင္း နိုးၿပီလား?" 

အန္းနင္ တံေတြးၿမိဳခ်လိုက္ၿပီး သူ႔လည္ပင္းေနာက္ေလးကို ထိကာ စြဲက်န္ေနဆဲေၾကာက္ရြံ႕မွုေတြနဲ႔ သူ႔ကို ၾကည့္လိုက္မိသည္။ သူ႔မ်က္လုံးထဲမွာ တိရစၧာန္တစ္ေကာင္ကဲ့သို႔ မေက်နပ္ခ်က္ ေသးေသးေလး ရွိေန​၏။ ခ်င္ေဝ့ေဟာ္က သူ႔ကို တစ္ခ်က္ၾကည့္ၿပီး ေခါင္းငုံ႔ကာ သူ႔လက္ထဲရွိ မ်က္မွန္ကို ၾကည့္လာသည္။

"မ်က္မွန္က ဘာျဖစ္လို႔လဲ?"

"... အိုး မင္းလက္ရာေတြ အဲ့မွာရွိေနလို႔." အန္းနင္ေၾကာလိုက္သည္။ မတပ္ခင္မွာပဲ သူေခါင္းငုံ႔ၿပီး အကၤ်ီလက္ေလးနဲ႔ သုတ္လိုက္ေသးသည္။

႐ုတ္တရက္ ခ်င္ေဝ့ေဟာ္ရဲ့ ေခ်ာေမာတဲ့ မ်က္ႏွာက တိမ္ၾကားေအာက္မွ ေနေရာင္ထဲကေန ေပၚလာခဲ့သည္။ သူ႔ကိုၾကည့္ေနရတာက အန္းနင္ကို အသက္ဆို႔လုပ္ေနသလိုပင္။ ဒီလိုမ်ိဴး ေခ်ာေမာမွုႀကီးက 3-Dဆန္ၿပီး တကယ္ႀကီးျဖစ္ေနသည္။ Makoto Shinkai animation ေတာင္ သူ႔ကို မယွဥ္နိုင္ဘူး။ ဘယ္သူကမွလဲ သူ႔ကို မယွဥ္နိုင္ဘူး...

ခ်င္ေဝ့ေဟာ္က သူ႔ေဘးကို ေလၽွာက္လာၿပီး ေျခလွမ္းဆက္တိုးကာ သြားၾကစို႔ဟု ေျပာလာခဲ့သည္။

အန္းနင္မွာ သူ႔တစ္ကိုယ္လုံး တုန္လာသလိုခံစားရသည္

—ခ်င္ေဝ့ေဟာ္က လမ္းေလၽွာက္ေနတုန္း သူ႔လက္ကို ကိုင္ထား​၏။ အန္းနင္ ေခါင္းမငုံလိုက္ပဲ မေနနိုင္ေတာ့။ ေရွာင္ေပါင္က ပုံႀကီးခ်ဲ့ေနတာမဟုတ္ဘူးပဲ! ခ်င္ေဝ့ေဟာ္ရဲ့လက္ေတြက တကယ္ ၾကမ္းတယ္။ လက္မွာ အမာရြတ္နဲ႔ အသားမာေတြဆို အျပည့္ျဖစ္လုနီးနီး။ .

အန္းနင္ အနည္းငယ္ စပ္စုခ်င္မိ၍ လမ္းေလၽွာက္ေနရင္း သတိထား၍ ပြတ္ၾကည့္လိုက္သည္။သူ မူးေနေသာေၾကာင့္ ခ်င္ေဝ့ေဟာ္ သူ႔လက္ဖဝါးကို တိတ္တိတ္ေလးထိလိုက္မိတာကို မခံစားမိေလာက္ဟု ေတြးလိုက္ၿပီး သူ႔ကိုယ္သူ လွည့္စားလိုက္သည္။

သို႔ေသာ္ ခ်င္ေဝ့ေဟာ္ကေတာ့ ၎ကို ဆယ္ဆပို၍ ခံစားနိုင္သည္။

သူရပ္သြားၿပီးေနာက္ ေဘးမွ တစ္ဖက္လူကို အားပါပါနဲ႔ ဆြဲလိုက္သည္။ အန္းနင္ရဲ့ လက္ေမာင္းမွာ မတုန္မလွုပ္ႏွင့္ ေရွ႕ကို ဆြဲဆန႔္ခံလိုက္ရၿပီး ခ်င္ေဝ့ေဟာ္ကေျပာလာခဲ့သည္။

"ငါ့လက္ဖဝါးမွာ အသားမာေတြရွိေနတာနဲ႔ ငါဘာမွ မခံစားရေတာ့ဘူးလို႔ မင္းထင္ေနတာလား?"

အန္းနင္ တံေတြးၿမိဳခ်လိုက္ရသည္။ သူ ဘာကိုမွ ေျပာဖို႔မရဲခဲ့ေပ။

ခ်င္ေဝ့ေဟာ္ ေျပာလိုက္သည္, "အန္းနင္, မင္းဘာသာမင္း ေကာင္းေအာင္ေန" 

အန္းနင္ ေခါင္းငုံ႔လိုက္မိၿပီး သူ႔မ်က္ႏွာမွာ ေနာက္တဟ္roundေမွာက္သြားသလို နီရဲေနေတာ့သည္။

ႏွစ္ေယာက္သား ခဏတာမၽွ တိတ္ဆိတ္စြာလမ္းေလၽွာက္ခဲ့ၾကၿပီး ႐ုတ္တရက္ ခ်င္ေဝ့ေဟာ္ကသူ႔ကို ေမးလာသည္ကို အန္းနင္ၾကားလိုက္ရသည္။

"အဲ့ဒီေတာ့ မင္းကတကယ္ မူးတာလား မမူးတာလား?" 

အန္းနင္က ေနာက္တစ္ႀကိမ္ ၾကားေကာင္းေအာင္ေျပာလိုက္သည္, "တကယ္ေတာ့, ငါ အေသအခ်ာႀကီး မမူးပါဘူး"

"မင္း အေသအခ်ာမမူးရင္ ဘာလို႔ ခုထိ လမ္းမေလၽွာက္နိုင္ေသးတာလဲ?"

"..."

"...မင္း မူးေနတယ္ ဟုတ္တယ္မလား?"

"..."

"မင္း လန္ထ်န္းနိုင္ငံသြားၿပီး ဘာလုပ္တာလဲ?" 

(အမယ္ မူးမွေမးတာေနာ္)

အန္းနင္မွာ ခ်င္ေဝ့ေဟာ္က ႐ုတ္တရက္ႀကီး ဘာလို႔ ဒါကိုေမးမွန္း နားမလည္ပါေခ်။ ဒါမွမဟုတ္ သူတကယ္ အရမ္းမူးေနလို႔ တခ်ိဴ႕စကားလမ္းေၾကာင္းေတြကို ေအာ္တိုမ်ား ျမန္ျမန္ေက်ာ္မိသြားတာလား။

သူ ရိုးသားစြာ ေျဖေပးလိုက္သည္, "ငါ အဲ့ဒီကို အခ်ိန္ပိုင္းအလုပ္အတြက္သြားတာေလ."

ခ်င္ေဝ့ေဟာ္ အသံကေအးစက္လွသည္, "မင္းငါ့ကိုေျပာေတာ့ မင္းရဲ့အခ်ိန္ပိုင္းအလုပ္က Fast-Foodဆိုင္မွာဆို။ငါ အဲ့ဒီေနရာကို ျမင္ဖူးတယ္၊အဲ့မွာ fast-food ဆိုင္ေတြမရွိဘူး."

အန္းနင္ ရွင္းျပလိုက္သည္, "ငါက စေနေန႔က် KFCမွာ အခ်ိန္ပိုင္းလုပ္တယ္၊ တနဂၤေႏြေန႔က် လန္ထ်န္းနိုင္ငံမွာ က်ဴတာလုပ္ဖို႔ သြားတယ္ "

ခ်င္ေဝ့ေဟာ္ မ်က္ေမွာင္ၾကဳတ္သြားသည္။ "က်ဴတာက ဘယ္လို႔ေပၚလာတာလဲ? အခုတင္ မင္းလုပ္ေနတဲ့ အခ်ိန္ပိုင္းအလုပ္က ဘယ္ႏွစ္ခုရွိၿပီလဲ? "

"မင္းသာ ေက်ာင္းက အလုပ္လုပ္-စာသင္ကို မယူရင္ ႏွစ္ခုရွိတယ္"

'က်ဴတာအျဖစ္ ဘာကို သင္တာလဲ? တစ္နာရီကို ဘယ္ေလာက္ရလဲ? "

"႐ူပေဗဒနဲ႔ သခၤ်ာသင္ေပးတယ္။ တစ္နာရီကို ၁၀၅ယြမ္

မင္းက ဘာလို႔ ဒါေတြကိုေမးေနရတာလဲ?"

"... ဒီတိုင္းေမးၾကည့္တာ."

ခ်င္ေဝ့ေဟာ္ရဲ့ေလသံမွာ သူဆိုလိုသလိုနဲ႔ မတူပါေခ်။

အန္းနင္ ကို လွည့္စားဖို႔ Fakeလုပ္လို႔ရန္ုင္တယ္လို႔ ခံစားရသည္အတြက္ ျဖစ္ေကာင္းျဖစ္နိုင္သည္။

အန္းနင္ ထပ္မေမးျဖစ္ေတာ့။ သူ႔စိတ္က ခုထိ ရွုပ္ေထြးေနဆဲမို႔ ဘာကိုမွ သေဘာမေပါက္နိုင္ေသးေပ။ ထို႔ေနာက္မွာေတာ့ ခ်င္ေဝ့ေဟာ္က ေမးလာသည္။

"ေန႔လည္ခင္း Marxism တန္းကို မင္းသြားေနတုန္းပဲလား?"

"အင္းေပါ့ ငါသြားတယ္."

"မင္း ဘယ္လိုမ်ား ဒီတိုင္းသြားနိုင္တာလဲ? Marxism က မင္းေမဂ်ာပိုင္းမွ မဟုတ္တာ။ ဒါေၾကာင့္မို႔ ဘာလို႔ တစ္ခါေလာက္မ်ား လစ္မၾကည့္ရတာလဲ ?"

"Marxist ဒသနိကေဗဒက အရမ္းစိတ္ဝင္စားစရာေကာင္းတယ္။ Karl Marx က တကယ္ အံ့ဩဖို႔ေကာင္းတာ ..."

ခ်င္ေဝ့ေဟာ္မွာ အန္းနင္ရဲ့ စေလကတည္းက မဆုံးနိုင္ေတာ့ေသာ Marxismအေၾကာင္းကို နားေထာင္ေပးေနရၿပီး သူတကယ္ကို သည္းမခံနိုင္ေတာ့။

"ထပ္မေျပာနဲ႔ေတာ့ ဟုတ္ၿပီလား? ငါ့ေခါင္း နာလာၿပီ." 

သူ႔ေဘးမွ လူမွာ ရပ္သြားၿပီးေနာက္ ခဏအၾကာမွယေတာ့ သူတို႔က Marx ေက်ာက္႐ုပ္ေဘးမွျဖတ္သြားခဲ့ၾကသည္။ အန္းနင္ရဲ့ အသံေလးက တိုးဖ်တဲ့ မေက်နပ္မွုမ်ားနဲ႔ ထပ္ၿပီး အသံျမႇင့္တက္လာျပန္သည္။

"သူက တကယ္ အရမ္းထူးခၽြန္တဲ့လူကို..."

ခ်င္ေဝ့ေဟာ္ ေအာ္ပင္ရယ္လိုက္မိေတာ့သည္။ သူ တကယ္ကို ထပ္ၿပီး သည္းမခံနိုင္ေတာ့ေခ်။ သူဘာေၾကာင့္မ်ား တစ္ဖက္လူကို စိတဆိုးခဲ့ၿပီး သူ႔ေၾကာင့္ပင္ ျပဳံးရယ္ေနရျပန္တာလဲ မသိေတာ့ပါေခ်။ တကယ့္ကိုအဓိပၸာယ္ရွိမေနတာ.!

"မင္းက ဘယ္လို ထိပ္ဆုံးေက်ာင္းသားမ်ိဳးလဲ..." 

အန္းနင္က ျပန္လွည့္လာၿပီးေမးသည္, "ဘာရယ္?"

"မင္းမၾကားလိုက္သလိုပဲထားလိုက္ပါ" 

အန္းနင္မွာ ခ်င္ေဝ့ေဟာ္သည္ အနည္းငယ္ သေဘာထားေသးသိမ္သည္ဟု ၾကဳံေတာင့္ၾကဳံခဲေလး ေတြးလိုက္မိသည္။ တစ္ခဏမၽွ လမ္းေလၽွာက္ၿပီးေနာက္တြင္​ေတာ့ သူက တီးတိုးေျပာလာခဲ့သည္။

"မင္းကမွနည္းနည္း ကေလးဆန္တာ..."

"တကယ္လား?" ခ်င္ေဝ့ေဟာ္က အျပဳံးကို ထိန္းထားရင္း မ်က္ခုံးမ်ားကို ပင့္လိုက္မိသည္။

အန္းနင္က ဖာေထးဖို႔ႀကိဳးစားလိုက္ေသးသည္,"ေသးေသးေလးေလာက္ပါဘဲ."

"အမ်ားႀကီးဆိုလဲ ကိစၥမရွိပါဘူး။ ထပ္ေျပာခ်င္တာက ငါမင္းကို ေျပာစရာရွိတယ္,"

သူ႔လက္ကိုကိုင္ထားတဲ့ ခ်င္ေဝ့ေဟာ္လက္မ်ားမွာ လွုပ္ရွားမွုရပ္သြားၿပီးလၽွင္ သူက အန္းနင္ေရွ႕ကို ေလၽွာက္လာခဲ့သည္။

"ဒီေန႔ မင္း ေသခ်ာေပါက္ကို Marxism တန္း သြားလို႔ရမွာမဟုတ္ဘူး." 

အန္းနင္က သူ႔ကို မ်က္လုံးျပဴးလ်က္ၾကည့္ေနခဲ့ၿပီး ဒါက သူ Marxismတန္း သြားဖို႔ အခြင့္အေရးမရေတာဘူးဆိုတဲ့ ႀကိဳတင္ေဟာကိန္းေၾကာင့္မဟုတ္ပါဘဲ ခ်င္ေဝ့ေဟာ္က သူ႔ကို အျပဳံးတစ္ပြင့္ျဖင့္ မ်က္ႏွာခ်င္းဆိုင္၍ ၾကည့္လာေသာေၾကာင့္ျဖစ္ေပသည္။ ဒါက ဝင့္ႂကြားတာလား သို႔မဟုတ္ ရွုတ္ခ်ျခင္းလား မသိေသာ္လည္း သနားစရာေကာင္းသည္မွာေတာ့ ထင္ရွားသည္။ မည္သို႔ဆိုေစ တစ္ခ်ိန္တည္း၌ ထူးျခားတဲ့ျဖစ္ရပ္တစ္ခုကဲ့သို႔ သူ႔မ်က္လုံးထဲတြင္ အျခားအမူအရာတစ္ခု ေပၚလာသည္။၎တို႔အထဲတြင္ အဆုံးမရွိေသာ လွိုင္းလုံးႀကီး တစ္ခုပြင့္အံ့က်လာၿပီး; တစ္ေပါက္,ေပါက္နဲ႔ က်လာခဲ့သည္။ ၎သည္ ဆြဲငင္အားလွိုင္းတစ္မ်ိဳးကဲ့သို႔ ခ်ဲ့ထြင္ကာ ပိုႀကီးလာသည္။ ၎က သူ႔ကို လႊမ္းမိုးသြားၿပီး ဝိုင္းပတ္ထားလိုက္သလိုပင္။

"ေနာက္တစ္ခါ မေသာက္နဲ႔." ခ်င္ေဝ့ေဟာ္က အိပ္ေဆာင္ကို ေမာ့ၾကည့္လိုက္ၿပီးမွ လက္ကိုလႊတ္ေပးလိုက္ကာေျပာသည္။

"တက္သြားေတာ့."

----------------------------

ေနာက္ဆုံးေတာ့ သူေမးခဲ့ပါၿပီ!!! လက္ကိုင္ေလၽွာက္တာေလး ခ်စ္စရာ (OvO)

Continue Reading

You'll Also Like

283K 47.9K 72
Original Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန္ယင္းတစ္ေယာက္ မသိရသည္မွာဘာေၾကာင့္လူအုပ္ႀကီးတစ္အုပ္သူ႔ေနာက္လိုက္လာၿပီ...
614K 59.5K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
222K 34K 112
အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်]
13.4K 678 9
Type : Web novel Eng Title: Mr. Yuan is Always Unhappy Original Title: 袁先生总是不开心 Author: 徐徐图之 Original Publisher: jjwxc Source (s): Chrysanthemum Gard...