Venus(Completed)

By HninPhyo353

109K 16.3K 1.3K

သိပ္လွတဲ့ ေရွာင္းက သူ ႀကီးစိုးရာ Venusလိုမ်ိဳး..... သိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး..... More

ေနစၾကာ၀ဠာထဲရိွ တစ္ဦးတည္းေသာ အလွေလး(နေစကြာဝဠာထဲရှိ တစ်ဦးတည်းသော အလှလေး)
ေရ႔ျွဖစ္ေဟာက တကယ္ျဖစ္လာခဲ့ၿပီလား(ရှေ့ဖြစ်ဟောက တကယ်ဖြစ်လာခဲ့ပြီလား)
ၿဂိဳဟ္ျပာျပာမွ အရူး(ဂြိုဟ်ပြာပြာမှ အရူး)
{ရိေပၚအတြက္ေတာ့ အႏၲရာယ္ေကာင္ေလး}ရိပေါ်အတွက်တော့ အန္တရာယ်ကောင်လေး
ဒါအိမ္ေပၚက ဆင္းတာလား(ဒါအိမ်ပေါ်က ဆင်းတာလား)
ရင္ခုန္ျခင္း အစ(ရင်ခုန်ခြင်း အစ)
မင္းက လွတယ္(မင်းက လှတယ်)
သဝန္တိုတယ္ ဆိုမလား(သဝန်တိုတယ် ဆိုမလား)
ခ်စ္ခြင့္ပန္ျခင္း(ချစ်ခွင့်ပန်ခြင်း)
အခ်စ္ည(အချစ်ည)
ကေလးအေဖ ျဖစ္ၿပီ(ကလေးအဖေ ဖြစ်ပြီ)
သိပ္ဆိုးတဲ့ ေရွာင္း(သိပ်ဆိုးတဲ့ ရှောင်း)
ဝမ္ေပါက္စေလးအား ေမြးဖြားျခင္း(ဝမ်ပေါက်စလေးအား မွေးဖွားခြင်း)
ခမည္းေတာ္က ျပန္လာေခၚျခင္း(ခမည်းတော်က ပြန်လာခေါ်ခြင်း)
တစ္ေယာက္ကိုေရြး(တစ်ယောက်ကိုရွေး)
သူ ျပန္လာတာလား(သူ ပြန်လာတာလား)
ၿဂိဳဟ္တစ္ခုတည္းမွာ အတူတူ(ဂြိုဟ်တစ်ခုတည်းမှာ အတူတူ)
သူ႔ဘက္ ကိုယ့္ဘက္(သူ့ဘက် ကိုယ့်ဘက်)
အမွန္တိုင္း ေျပာခဲ့ဖူးတာမ်ား ရိွသလား(အမှန်တိုင်း ပြောခဲ့ဖူးတာများ ရှိသလား)
က်င္းရွင္း?(ကျင်းရှင်း?)
ကယ္တင္ျခင္း(ကယ်တင်ခြင်း)
စိတ္ခ်လက္ခ် ထားခဲ့ၿပီ(စိတ်ချလက်ချ ထားခဲ့ပြီ)
သံသရာအဆက္ဆက္မွာ(သံသရာအဆက်ဆက်မှာ)

တကယ့္ငတံုးက သူ,မဟုတ္ဘူး(တကယ့်ငတုံးက သူ,မဟုတ်ဘူး)

3.5K 663 86
By HninPhyo353

အရာအားလံုး ဆိတ္ၿငိမ္လ်ွက္ရိွသည္။

သူအၿမဲၾကားခဲ့ဖူးေသာ Venus၏ မီးေတာင္
ေပါက္ကြဲသံမ်ား မရိွသလို ကမ႓ာၿဂိဳဟ္ေပၚမွ
စမ္းေခ်ာင္းစီးသံေလးလည္း မရိွ။

အၾကားအာရံုေတြ အလုပ္မလုပ္ေတာ့ဘူး
ထင္ၿပီး နံရံမွာခပ္ေလ်ာ့ေလ်ာ့မွီရင္း ေရွာင္းက်န္႔
ၿပံဳးလိုက္မိသည္။နတ္မင္းအေလာင္းအလ်ာ
တစ္ပါးရဲ့ သိကၡာအတြက္ ယခုလိုဖမ္းဆီးခံရျခင္းက အဆိုးဆံုး အေျခအေနဆိုေပမဲ့ ေရွာင္းက်န္႔၏
အဆိုးဆံုးအေျခအေနကေတာ့ လြန္ေျမာက္သြားခဲ့
ေလၿပီ။

သူခ်စ္ရသည့္ လူႏွစ္ေယာက္ အသက္ရွင္ေနသည္။ဒီ့ထက္ ေကာင္းတဲ့ အေျခအေန
ဘယ္မွာရိွၪီးမွာလဲ...

သူ႔ေျခေထာက္မွ သံႀကိဳးတို႔သည္ အၿမဲျမံဆံုး
တုပ္ေနွာင္ထားၾကသည္။လက္ေကာက္ဝတ္တို႔မွာလည္း ေသြးစတစ္ခ်ိဳ႕ ရိွေနေလၿပီ။ေရွာင္းက်န္႔ ထြက္ေျပးမယ္ ထင္လို႔ ဒီေလာက္ေတာင္
ခ်ဳပ္ေနွာင္ထားၾကသလားဟု  ေတြးမိေတာ့
ခပ္ေလွာင္ေလွာင္ ၿပံဳးမိလိုက္ျပန္သည္။

ေရွာင္းက်န္႔ စိတ္အေျခအေန ေကာင္းေနပံုက
ေတာ္ရံုမဟုတ္တာ ကိုယ့္ဘာသာ အသိဆံုးပင္။

"ဘာေတြ သေဘာက်ေနတာလဲ?"

ရုတ္တရက္ ၾကားလိုက္ရေသာ ရိေပၚ၏ အသံမွာ
ေရွာင္းက်န္႔တစ္ကိုယ္လံုး မတ္ခနဲ ျဖစ္သြား
ရသည္။ေဘးဘီကို အျမန္ရွာေဖြမိေတာ့
အေမွာင္ေၾကာင့္ ဘာကိုမွမျမင္ရ။

"ရိေပၚ..."

မီးစျဖဴေလးတစ္ခုသည္ ေလထုထဲ ေမ်ာလြင့္ရင္း
အခန္းငယ္ကို အလင္းေရာင္ေပးလာသည္။
ထို႔ေနာက္မွာေတာ့ ေရွာင္းက်န္႔ သိပ္ျမတ္ႏိုးရသည့္ ရိေပၚ၏ ပံုရိပ္က ေပၚလြင္လာၿပီး

"အရမ္းေပ်ာ္ေနတာ ထင္တယ္။ခဏခဏ
ၿပံဳးေနတယ္"

ျပန္​ေျဖစရာ စကားတို႔ ေရွာင္းက်န္႔မွာမရိွ။
လူသား ဝမ္ရိေပၚကိုသာ ရင္းႏွီးေသာ သူ႔မွာ
Marsရဲ့အိမ္ေရ႔ွစံကို ေျပာဖို႔ စကားလံုးတို႔
ရွားပါးရသည္။

ၿငိမ္သက္ေနသည့္ သူ႔ကိုၾကည့္ၿပီး ရိေပၚက
ၿပံဳးသည္။ထို႔ေနာက္ ေျခလွမ္းက်ဲတို႔က
ေရွာင္းက်န္႔ရိွရာဆီ တိုးကပ္လို႔လာၿပီး....

"ေမးစရာေတြ အရမ္းမ်ားေနတာလား။
ဒါမွမဟုတ္ ... ေၾကာက္ၿပီး စကားမေျပာႏိုင္ေတာ့
တာလား"

"ငါက ဘာကိုေၾကာက္ရမွာလဲ?"

သူျပဳလုပ္ခဲ့သမ်ွကို ျပန္လည္ခံယူဖို႔ ေရွာင္းက်န္႔မွာ သတၲိအျပည့္ရိွသည္။သူရဲေဘာေၾကာင္
ေနသည္ဟု ရိေပၚထင္ေနတာမ်ိဳးကို သူသေဘာ
မက်။

သို႔ေပမဲ့ ေရွာင္းက်န္႔၏ တုန္႔ျပန္စကားမွာ
ရိေပၚ၏ ဟန္ေဆာင္အၿပံဳးတို႔ တျဖည္းျဖည္း
ေပ်ာက္ကြယ္ကုန္သည္။မ်က္လံုးခ်င္း ထိုးစစ္ဆင္ ေနသလိုမ်ိဳး ေရွာင္းက်န္႔အား ေစ့ေစ့
စိုက္ၾကည့္​ၿပီး ေနာက္မွာေတာ့ ေရွာင္းက်န္႔
လက္ေမာင္းႏွစ္ဖက္ကို အားႏွင့္ဆုပ္ကိုင္ၿပီး
အေနာက္မွ နံရံမွာ ျပင္းျပင္းထန္ထန္ဖိကပ္
ပစ္လိုက္သည္။

ေအာင့္သက္သြားသည့္ ေက်ာရိုးအျပင္ ေရွာင္းက်န္႔၏ ၪီးေခါင္းက နံရံမာမာႏွင့္ အရိွန္ျပင္းစြာ
ရိုက္ခတ္မိသည္။မူးေဝသြားတာေၾကာင့္
ေရွာင္းက်န္႔ အနည္းငယ္မ်ွ ညည္းၫူမိလိုက္ၿပီး
သူ႔မ်က္လံုးတို႔ကို မိွတ္ထားမိေတာ့သည္။

"ငါ့ကို ဘာလို႔ သတ္ခဲ့တာလဲ"

ရိေပၚက သြားၾကားထဲမွ ေလသံျဖင့္ ခပ္ေျဖးေျဖး
ေမးခြန္းထုတ္သည္။ေရွာင္းက်န္႔သာမေျဖလ်ွင္
သူဆုပ္ကိုင္ထားသည့္ လက္ေမာင္းတို႔ကို
ခ်က္ခ်င္း ဖိေခ်ပစ္ေတာ့မည့္အတိုင္းပင္။

"ငါ့ကို လႊမ္းမိုးတဲ့သူမ်ိဳး ေလာကမွာ မရိွေစခ်င္လို႔"

ေရွာင္းက်န္႔ အေျဖတို႔မွာ ျပတ္သားသည္။
အေျဖမွန္ မဟုတ္ေသာ္ျငားလည္း ျပႆနာက
ေရွာင္းက်န္႔ကို ရိေပၚလႊမ္းမိုးႏိုင္လို႔ ၿဂိဳဟ္နတ္မင္း
တစ္ပါးရဲ့ သိကၡာကို ထိခိုက္ေစျခင္းေၾကာင့္ပင္။
ေရွာင္းက်န္႔က ရိေပၚႏွင့္ အတူတူေနၿပီး
ကေလးတစ္ေယာက္ကို ကိုယ္တိုင္လြယ္ကာ
ေမြးခဲ့ရပါသည္ ဆိုေသာ အျဖစ္အပ်က္မ်ိဳး
ေရွာင္းဝုက မလိုခ်င္ခဲ့တာေၾကာင့္ ကေလးႏွင့္ရိေပၚထဲက တစ္ေယာက္ေယာက္ကို သတ္ဖို႔
ဖိအားေပးခဲ့သည္။

ထို႔ေၾကာင့္ သူေစာ္ေအာ္ေလးကို ေရြးခဲ့မိသည္။
ယခု ေရွာင္းက်န္႔ကိုယ္ထဲမွာမရိွေတာ့ေသာ
က်င္းရွင္း၏ စြမ္းအားသည္ ရိေပၚအသက္ကို
ကယ္တင္ဖို႔ အသံုးျပဳခဲ့ဖူးတာကိုျဖင့္ ထည့္တြက္
မေနေတာ့။

လုပ္ခ်င္တာ လုပ္ခဲ့ၿပီးမွ မေရရာေသာ နည္းျဖင့္
ကယ္ဖို႔ႀကိဳးစားခဲ့ပါသည္ ဆိုေသာ
အေၾကာင္းျပခ်က္သည္ ရိေပၚအတြက္
ရယ္လို႔ေကာင္းသည့္ ဟာသတစ္ခုသာ ျဖစ္သြား
လိမ့္မည္။

"မင္းသိလား။မင္းနဲ႔ မင္းခမည္းေတာ္က
တကယ္သိကၡာမရိွဘဲ သိကၡာရူး ရူးေနတဲ့
သူေတြဆိုတာ"

ရိေပၚလက္ေခ်ာင္းတို႔က ေရွာင္းက်န္႔ နားရြက္
ဖ်ားတို႔ကို မထိတထိ ပြတ္သပ္ေနသည္။
လက္ညိုးထိပ္ႏွင့္ နားရြက္တစ္ခုလံုးကို ပြတ္သပ္ေနကာ က်ယ္ျပန္႔ေသာ လက္ဖဝါးသည္
ေရွာင္းက်န္႔ ေမးရိုးကို အနည္းငယ္ ပင့္တင္ၿပီး
ေမာ့ေစသည္။ေရွာင္းက်န္႔ ျမင္ေနရေသာ
ရိေပၚ၏ မ်က္ႏွာသည္ ေသြးေအးရက္စက္မႈေၾကာင့္ ေၾကာက္မက္ဖြယ္ေကာင္းစြာ။

"မင္းတို႔သားဖ ေခါင္းထဲမွာ အတၲေတြ မာနေတြ
ႀကီးစိုးေနလို႔ ဘာကိုမွ မျမင္ေတာ့ဘူး။
ငါ့လို Marsၿဂိဳဟ္ရဲ့ အိမ္ေရ႔ွစံကိုေတာင္
သတ္ရဲတဲ့အထိေလ..."

ေရွာင္းက်န္႔ ရင္ထဲ အနည္းငယ္မ်ွ တုန္လႈပ္သြား
ခဲ့ၿပီး...

"မင္းက ဘာလို႔ကမ႓ာမွာ ေနေနတာလဲ?"

"ကမ႓ာက လူေတြကို ကာကြယ္ဖို႔ စစ္နတ္ဘုရား
အေလာင္းအလ်ာတစ္ေယာက္အေနနဲ႔
ေနနတ္မင္းက လိႈ႔ဝွက္အမိန္႔ခ်ထားတာ။
မင္းတို႔လို ထင္တိုင္းႀကဲတဲ့ ၿဂိဳဟ္သားေတြ
ကမ႓ာၿဂိဳဟ္ကို ဒုကၡမေပးေအာင္လို႔ေပါ့"

ေရွာင္းက်န္႔မ်က္ႏွာသည္ အနည္းငယ္ပ်က္ယြင္းသြားကာ အေလာတႀကီးေမးခြန္းထုတ္လာေတာ့သည္။

"ဒါဆို မင္းေျပာတဲ့ မင္းရဲ့ဆရာႀကီးနဲ႔ မင္းဘဝ
ဇာတ္ေၾကာင္းေတြက ဘာေတြလဲ"

ရိေပၚက အဓိပၸာယ္ပါပါၿပံဳးရင္း ေရွာင္းက်န္႔
ႏႈတ္ခမ္းတို႔အား အသာထိေတြ့လာသည္။

"သက္ရိွတိုင္းမွာ အတိတ္ပံုျပင္ေလးဆိုတာမ်ိဳး
ရိွတတ္ၾကတာပဲ။ငါက နည္းနည္း ဇာတ္လမ္းေရး
တဲ့ ေနရာမွာ ေတာ္သြားရံုပါ"

လူခ်င္း ခြာလိုက္ၿပီး ရိေပၚ၏ အၾကည့္တို႔က
ေရွာင္းက်န္႔ကိုယ္ေပၚ စုန္ခ်ည္ဆန္ခ်ည္
ျဖန္႔က်က္ေနသည္။နံရံထက္မွာ ဖ်က္ဆီးခံထားရတဲ့ ပင့္ကူမ်ွင္လိုမ်ိဳး တြယ္ကပ္ေနရသည့္
ထိုလူက အရမ္းလွသေလာက္ ေပ်ာ့ညံ့ေနလိုက္တာ။ၿပီးေတာ့ နည္းနည္းလည္း တံုးေသးတယ္။

"ငါ မင္းကိုစေတြ့တုန္းက အရမ္းတံုးတာပဲလို႔ပဲ
ေတြးမိတယ္။ကမ႓ာၿဂိဳဟ္လို  ေနရာမ်ိဳးမွာေတာင္
ကိုယ့္ဘာသာ မရပ္တည္ႏိုင္ဘူး။ၿပီးေတာ့
လူတစ္ေယာက္ကို လြယ္လြယ္ေလး အယံုေပး
လိုက္ရဲေသးတယ္။သင္ယူတတ္ေျမာက္လြယ္တဲ့
ဉာဏ္ရည္ျမင့္ အမ်ိဳးအႏြယ္ ျဖစ္ေနတာေတာင္မွ
မင္းမွာ မသိနားမလည္တဲ့ အရာေတြက
ခပ္မ်ားမ်ား။ဒါေပမဲ့ Venusဒုကၡေရာက္ေနမွန္း
သိလို႔ ငါစိတ္ရင္းနဲ႔ မင္းကို ဂရုစိုက္ေပးခဲ့တာ။
အဲ့တာေတာင္ ငါ့ေနာက္ေက်ာကို ဓားနဲ႔
ထိုးသြားေသးတယ္။ေစာက္ရူးေတြ..."

ႏွစ္တစ္ခ်ိဳ႕ ၾကာသည့္တိုင္ေအာင္ ေရွာင္းက်န္႔ႏွင့္
အတူတူေနၿပီး ရိေပၚက ပိပိရိရိ လိမ္ညာ
ျပႏိုင္ခဲ့သည္။သူ႔ရဲ့ စိတ္ႀကီးၿပီး ျပတ္သားသည့္
စိတ္ဓာတ္ဘက္ျခမ္းကို ေရွာင္းက်န္႔ နည္းနည္း
ေလးေတာင္ မျမင္ခဲ့ရေပ။

တစ္ခ်ိန္လံုး အညာမိေနသူသည္ ေရွာင္းက်န္႔
ျဖစ္ေနခဲ့သည္။ထို႔အတူ တံုးအေနခဲ့သည့္
သူသည္လည္း ေရွာင္းက်န္႔ပင္ ျဖစ္ေနခဲ့ျပန္သည္။

ရိေပၚအတြက္ ေန့ေန့ညည ေသမလို ပူပန္ခဲ့ရသည့္ ငရဲက်ေသာ ရက္မ်ားတြင္ ရိေပၚကေတာ့
သူ႔အား ကြယ္ရာမွာ စိတ္ရိွလက္ရိွကို
ေလွာင္ေနခဲ့သည္။ေရွာင္းက်န္႔ ခိုလႈံတိုင္း
ေနြးေထြးသည္ ထင္ရေသာ ရင္ခြင္ပိုင္ရွင္သည္
ေအးစက္ေသာ မ်က္ဝန္းတို႔ျဖင့္ ရင္ခြင္ထဲမွ ေရွာင္းက်န္႔ကို ငံု႔ၾကည့္ၿပီး ရြံရွာ ေနဖူးလိမ့္မည္။

သူငိုခဲ့ေသာမ်က္ရည္စက္မ်ားအား ႏွေမ်ာသည္..
ထို႔အတူ ရူးမိုက္စြာ ခ်စ္ေနသည့္ သူ႔ႏွလံုးသား
ကိုလည္း သနားမိသည္....

သန္စင္သည္ဟု သူထင္မိေသာ ရိေပၚ၏
ေမတၲာတို႔သည္ ပိုၿပီးေတာ့ေတာင္ အဆိပ္တက္
ေနခဲ့ပါသည္။

__________________

တရားခြင္ထဲ စၾကာဝဠာမွ နတ္မင္းအားလံုးနီးပါး
ေရာက္ရိွေနၾကသည္။တစ္ခ်ိဳ႕က တည္ၾကည္စြာ
ထိုင္ေနခဲ့ၾကသလို၊တစ္ခ်ိဳ႕ကေတာ့ ေဘးမွ
နတ္မင္းတစ္ခ်ိဳ႕ႏွင့္ စကားစျမည္ေျပာေနၾကသည္။

တရားခြင္၏ ထိပ္ဆံုးပုလႅင္ေပၚမွာ ေနနတ္မင္းႀကီးက ထည္ဝါစြာထိုင္လ်ွက္ေနၿပီး
သူဝတ္ဆင္ထားသည့္ေရႊေရာင္ ဝတ္ရံုစႀကီးအား
အနည္းငယ္မ်ွ ျဖန္႔ကားထားသည္။

"Jupiterနတ္မင္း။တရားလိုက ဘယ္သူလဲ"

ေနနတ္မင္းႀကီး၏ စကားေၾကာင့္ ခန္းမထဲမွ
နတ္မင္းအားလံုး ဆိတ္က်သြားသည္။
တရားရံုး၏ အလယ္တည့္တည့္မွာ ဒူးေထာက္ထိုင္ ေနရေသာ အျပစ္သားႏွစ္ေယာက္ရိွၿပီး
နတ္မင္းအားလံုး၏ အာရံုက ထိုအျပစ္သား
ႏွစ္ေယာက္အေပၚ က်ေရာက္သြားၾကေတာ့သည္။

"တရားလိုက Marsနတ္မင္းပါ။ေနနတ္မင္းႀကီးရဲ့ အမိန္႔ေတာ္အတိုင္း သူ႔သားေတာ္ကို
ကမ႓ာၿဂိဳဟ္ေပၚမွာ လိႈ႔ဝွက္ ေနထိုင္ေနေစတုန္း
ဒုကၡေရာက္ေနတဲ့ Venusရဲ့ အိမ္ေရ႔ွစံကို
ကယ္တင္ေပးထားဖို႔ မွာၾကားခဲ့ပါတယ္။
ဒါေပမဲ့ Marsအိမ္ေရ႔ွစံကို Venusနတ္မင္းနဲ႔
သူ႔သားေတာ္က သာမာန္လူသားအထင္နဲ႔
သတ္ျဖတ္ခဲ့ၾကပါတယ္။သူတို႔ဓားခ်က္ေၾကာင့္
Marsအိမ္ေရ႔ွစံက ႏွစ္ဝက္ေလာက္ ကုသမႈ
ခံယူခဲ့ရပါတယ္"

Jupiterနတ္မင္း၏ ေလ်ွာက္လဲခ်က္မွာ
တရားခြင္ကိုလာေသာ နတ္မင္းတစ္ခ်ိဳ႕ဆီမွ
အာေမဋိတ္သံတို႔ ညံစီသြားသည္။တစ္ခ်ိဳ႕က
လုပ္ရဲၾကေပျခင္းဟု ေရရြတ္သလို တစ္ခ်ိဳ႕က
အျပစ္ဒဏ္ေကာင္းေကာင္း ေပးသင့္ေၾကာင္း
ေအာ္ဟစ္ၾကသည္။

ပုလႅင္ႏွင့္ မလွမ္းမကမ္းမွာ ရပ္ေနသည့္ ရိေပၚ၏
အၾကည့္တို႔ကား လူပံုအလယ္မွာ ဒူးေထာက္ထိုင္
ေနရသည့္ ေရွာင္းက်န္႔ဆီမွာသာ ရိွသည္။
အနည္းငယ္ ဖြာလန္ေနေသာ ဆံႏြယ္ေတြၾကားမွ
မ်က္ႏွာမေပၚေအာင္ ငံု႔ထားသည့္ ေရွာင္းက်န္႔သည္ ငိုေနမွာမဟုတ္မွန္းေတာ့ သိေပမဲ့
သူ႔လက္ႏွင့္ သတ္ခဲ့သည့္ ရိေပၚကို အားနာပါးနာ
အသနားခံဖို႔ေတာ့ သင့္သည္မဟုတ္ပါလား။

စုတ္ခ်ာေနသည့္ ထိုပံုရိပ္ျဖဴကိုၾကည့္ရင္း
ရိေပၚ မဲ့ၿပံဳးတစ္ခုကို ဖန္တီးမိလိုက္သည္။
ႏွစ္အနည္းငယ္ေလာက္ သူ႔အေပၚ ေရွာင္းက်န္႔
စိတ္ႀကိဳက္ဆိုးသြမ္းခဲ့ပံုကို ျပန္ေတြးမိေတာ့
ရယ္ရခက္ ငိုရခက္ပင္။

ဘာပဲျဖစ္ျဖစ္ ထိုကာလတစ္ခုမွာ ေရွာင္းက်န္႔
အေပၚ ရိေပၚဘယ္လိုစိတ္မ်ိဳး ထားခဲ့ဖူးလဲ
ဆိုတာေတာ့ ကိုယ္တိုင္ပင္ အသိဆံုးျဖစ္သည္။

သူတကယ္ ေရွာင္းက်န္႔ကို ပိုင္ဆိုင္ခ်င္ခဲ့သည္။
မထင္မွတ္ဘဲ ႏွစ္ႏွစ္ကာကာ ခ်စ္မိၿပီး
ေရွာင္းက်န္႔သာ သူ႔အနားမွာ ရိွေနေပးမည္ဆို
တာဝန္ၿပီးဆံုးခ်ိန္တြင္ ရိေပၚဟာ Mars၏
အိမ္ေရ႔ွစံဆိုတာ ဖြင့္ေျပာၿပီး အတူတူေနဖို႔
စိတ္ကူးေတာင္ ယဥ္ခဲ့ဖူးသည္။ဒါေပမဲ့
သူျပန္ရလိုက္သည္က ဓားဒဏ္ရာတစ္ခ်က္ႏွင့္
ေစာ္ေအာ္ႏွင့္ သူ႔အား မေသေသေအာင္
ပစ္သတ္ခံရျခင္းပင္။

ရိေပၚ ဆယ့္ရွစ္ႏွစ္ ျပည့္ပါၿပီဆိုကတည္းက
ကမ႓ာၿဂိဳဟ္ကို ကာကြယ္ဖို႔ တာဝန္က်ခဲ့သည္။
သူႏွင့္အတူ ခမည္းေတာ္က စစ္သည္တစ္ခ်ိဳ႕ကိုပါ ထည့္ေပးခဲ့ၿပီး ၿမိဳ႔ေလးတစ္ၿမိဳ႔ထဲ၌ မထင္မရွား ေနေစခဲ့သည္။ရိေပၚ အၿမဲသြားေနေသာ
ၿမိဳ႔ေစ်းေလးသည္ Marsၿဂိဳဟ္မွ စစ္သည္ေတာ္
တစ္ခ်ိဳ႕ အသြင္ေျပာင္း ေနထိုင္ေနၾကျခင္းပင္။

ခပ္တံုးတံုး Venusအိမ္ေရ႔ွစံေလးက သူ႔အနား ေရာက္လာၿပီး ကူညီေပးဖို႔တာဝန္ကို
ခ်မွတ္ခံရသည့္အခါ ရိေပၚစိတ္ရင္းႏွင့္
တာဝန္ယူခဲ့သည္။ခဏခဏ ထြက္ေျပးေနသည့္
သူစိမ္းတစ္ေယာက္ကို ဘယ္လူသားက
အပင္ပန္းခံၿပီး အိမ္ေခၚတင္ထားမွာတဲ့လဲ။

သံတမန္ေရးရာအရ တစ္ျခားေသာ ၿဂိဳဟ္ေတြဆီ
အလည္မသြားလိုက္ရဘဲ ကမ႓ာၿဂိဳဟ္ဆီ
တာဝန္တန္းက်တာမို႔ ရိေပၚကို Mars
အိမ္ေရ႔ွစံမွန္း ေရွာင္းဝုကပါ မသိခဲ့။ဒါလည္း
တစ္ခုေကာင္းသည္။သူ ရက္စက္ ယုတ္မာသမ်ွ
စၾကာဝဠာက သိတာေပါ့။

"Marsအိမ္ေရ႔ွစံ ဝမ္ရိေပၚ။ျဖစ္ေၾကာင္းကုန္စင္
ေလ်ွာက္တင္ပါ"

ေနနတ္မင္းႀကီး၏ အမိန္႔ေပးသံအဆံုး ရိေပၚက
ေလးစားစြာ အရိုအေသေပးရင္း ေရွာင္းက်န္႔အား
တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ထို႔ေနာက္
မွာေတာ့...

"ကြၽန္ေတာ္မ်ိဳးကို သတ္ဖို႔ႀကံစည္တဲ့ အဓိက
တရားခံက ေရွာင္းဝုပါ.."

ပြဲၾကည့္ပရိတ္သတ္ထံမွ အသံတစ္ခ်ိဳ႕ညံစီလို႔
လာသည္။ေရွာင္းက်န္႔က အံ့ၾသရိပ္တို႔
ျပည့္ေနသည့္ မ်က္ဝန္းတို႔ျဖင့္ ရိေပၚအား
မယံုႏိုင္သလို ေမာ့ၾကည့္ေနသည္။

"ေရွာင္းဝုကိုယ္တိုင္ ကြၽန္ေတာ္မ်ိဳးကို သုတ္သင္ဖို႔ သူ႔သားကို အတင္းဖိအားေပးခဲ့ပါတယ္။
မတတ္သာတဲ့အဆံုးမွာ ေရွာင္းက်န္႔က
ျပစ္မႈက်ူးလြန္ရတာပါ"

မွန္ကန္သည့္ သူ႔ထြက္ဆိုခ်က္​ေၾကာင့္ ေရွာင္းက်န္႔၏ တအံ့တၾသျဖစ္ေနေသာ မ်က္ႏွာေလးက
ပိုပီျပင္လာသည္။ေရွာင္းဝုဘက္မွလည္း
မည္သို႔မ်ွ တုန္႔ျပန္ေခ်ပျခင္းမရိွဘဲ ေခါင္းငံု႔ထားဆဲ။

ရိေပၚထြက္ဆိုခ်က္လံုးဝမွန္ကန္ၿပီဆိုတာ
သိလိုက္ရသည့္အခါ ေရွာင္းဝုသည္ စၾကာဝဠာ၏ အျပစ္ေပးျခင္းကို ခံရဖို႔
တြင္းနက္ႀကီးထဲ ပိတ္ေလွာင္ခံရသည္။
ေရွာင္းက်န္႔၏ ျပစ္ဒဏ္ကား Venusမွလြဲၿပီး
မည္သည့္ၿဂိဳဟ္ေပၚကိုမွ သြားခြင့္မရဟူ၍။

Venusသည္ Jupiter၏ လက္ေအာက္တြင္
ရိွရမည္ျဖစ္ၿပီး Mars၏ ထိန္းေၾကာင္းျခင္းကို
ခံရမည္ျဖစ္သည္။အက်ယ္ခ်ဳပ္သေဘာမ်ိဳးႏွင့္
Venusၿဂိဳဟ္နတ္မင္းေနရာအား သိသိသာသာ
ပယ္ဖ်က္ပစ္လိုက္ၾကသည္။

စီရင္ခ်က္ခ်အၿပီးတြင္ ေရွာင္းဝုသည္ ေရွာင္းက်န္႔အား တစ္ခ်က္မ်ွပင္မၾကည့္ဘဲ အျပစ္ဒဏ္
ခံရမည့္ ေနရာကို ေခၚေဆာင္ျခင္းခံသြားသည္။

ဒူးေထာက္လ်ွက္သားႏွင့္ ငိုင္ေနေသာ
ေရွာင္းက်န္႔အားၾကည့္ၿပီး ရိေပၚနာနာၾကည္းၾကည္း ၿပံဳးလိုက္မိသည္။သူ႔ေျခလွမ္းတို႔ကို
အရိွန္ျမႇင့္လိုက္ၿပီး ေရွာင္းက်န္႔လက္ေမာင္းအား
ဆြဲကာ ထူေစေတာ့ ေပ်ာ့ေခြေနသည့္ကိုယ္ႏွင့္
ေရွာင္းက်န္႔က သံႀကိဳးေတြၾကားမွ ယိုင္နဲ႔စြာ
ပါလာခဲ့သည္။

"အိမ္မျပန္ရဲဘူးလား?"

ခနဲ႔ၿပီး ေမးလိုက္သည့္ သူ႔စကားအဆံုး
ေရွာင္းက်န္႔မ်က္ဝန္းတို႔သည္ တုန္ရီလို႔လာသည္။
ေသခ်ာေပါက္ Venusၿဂိဳဟ္သူ ၿဂိဳဟ္သားတို႔၏
မုန္းတီးျခင္းကို ေရွာင္းက်န္႔ ေကာင္းေကာင္း
ခံရေတာ့မွာပင္။

ၿဂိဳဟ္သိကၡာက်သည္ဆိုေသာ စြဲခ်က္ႏွင့္
ေမာက္မာခဲ့ဖူးသည့္ အိမ္ေရ႔ွစံကို ေကာင္းေကာင္းႀကီး ေနြးေထြးစြာ ဆက္ဆံေပးၾက
လိမ့္မည္။

"မ်ိဳးႏြယ္ေၾကာင့္ ငါ့ကိုေတာင္ သတ္ရဲခဲ့တဲ့
အိမ္ေရ႔ွစံ ေရွာင္းကို တကယ္ေလးစားတယ္။
မင္းၿဂိဳဟ္သူ ၿဂိဳဟ္သားေတြ မင္းကိုေသခ်ာေပါက္ ပန္းကံုးစြပ္ႀကိဳၾကေတာ့မွာပဲ"

ဆက္မၾကားႏိုင္ေတာ့သည့္ ေရွာင္းက်န္႔က
ရိေပၚဆုပ္ကိုင္ထသည့္ သူ႔လက္ေမာင္းေတြအား
ရုန္းထြက္ပစ္လိုက္သည္။သူ႔လက္ေကာက္ဝတ္မွ
သံႀကိဳးတို႔သည္လည္း လံုးဝပ်က္ပ်ယ္သြားၿပီး
Venusကိုျပန္ဖို႔ တပ္သားတစ္ခ်ိဳ႕က လာေခၚေဆာင္ ၾကေတာ့သည္။

"ေစာ္ေအာ္က..."

ရိေပၚလွမ္းေအာ္လိုက္သည့္ စကားမွာ ေရွာင္းက်န္႔ ေျခလွမ္းတို႔လံုးဝရပ္တန္႔သြားခဲ့သည္။
လွည့္မၾကည့္လာေပမဲ့ ရိေပၚမျမင္ႏိုင္ေသာ
သူ႔မ်က္ဝန္းတို႔မွာ ေမ်ွာ္လင့္ခ်က္တစ္ခ်ိဳ႕
ကိန္းေအာင္းလ်ွက္။

"ေစာ္ေအာ္က မင္းေသြးသား မဟုတ္ေတာ့ဘူး။
မင္းသတ္ခဲ့တဲ့ ကေလးေလးက ေသသြားၿပီမို႔
ငါ့သားကို စိတ္ထဲေတာင္ မထည့္နဲ႔!"

အရိွန္ႏွင့္ ပစ္ခြဲခံလိုက္ရသည့္ ဖန္အိုးေလး
တစ္လံုးလိုမ်ိဳး ေရွာင္းက်န္႔ႏွလံုးသားသည္
ေအာင့္သက္စြာ အစိတ္စိတ္အမႊာမႊာ ကြဲသည္။

မ်ိဳးႏြယ္အတြက္ေၾကာင့္ ခင္ပြန္းႏွင့္ သားျဖစ္သူကို ရက္စက္ခဲ့သည္ ဆိုေသာ အေတြးျဖင့္
ရိေပၚအျမင္မွာ ေရွာင္းက်န္႔သည္ ႏွလံုးသား
မပါေသာ ဖခင္တစ္ေယာက္ျဖစ္ေကာင္း
ျဖစ္ခဲ့လိမ့္မည္။သို႔ေပမဲ့....

"အင္း....ငါသိၿပီ"

တကယ္လည္း သူသည္ တာဝန္မေက်သည့္
ဖခင္၊မကာကြယ္ႏိုင္သည့္ ဖခင္အျဖစ္မွ ေျပာင္းလဲသြားတာမ်ိဳး မဟုတ္ဘဲေလ။

___________________

ရိေပၚက လူသားလို႔ပဲ ထင္ခဲ့ၾကဒယ္ မလား🤭
အရင္ကဆို အုလည္းနည္းနည္း hintေလး
ေပးေရးတတ္ပါတယ္။ဒါေပမဲ့ ဒီficေလးၾက
ရိေပၚရဲ့ ပီျပင္တဲ့ လိမ္ညာမႈေတြကို ျပခ်င္လို႔
ရိုးရိုးေလး ဆြဲေခၚလာၾကည့္တာ။

ဘာပဲျဖစ္ျဖစ္ Marsအိမ္ေရ႔ွစံေလးက
တာဝန္အရလည္း ေစ့စပ္ေသခ်ာလြန္းသလို၊
ဖခင္အေနနဲ႔လည္း ဖခင္ေကာင္းတစ္ေယာက္ပါ။

ျပစ္ခ်က္ဆိုလို႔ အဲ့လိုၿပီးျပည့္စံုတဲ့ ေကာင္ေလးက
ေရွာင္းက်န္႔ ခင္ပြန္းျဖစ္ေနတာ တစ္ခုပါပဲ😑

အရာအားလုံး ဆိတ်ငြိမ်လျှက်ရှိသည်။

သူအမြဲကြားခဲ့ဖူးသော Venus၏ မီးတောင်
ပေါက်ကွဲသံများ မရှိသလို ကမ္ဘာဂြိုဟ်ပေါ်မှ
စမ်းချောင်းစီးသံလေးလည်း မရှိ။

အကြားအာရုံတွေ အလုပ်မလုပ်တော့ဘူး
ထင်ပြီး နံရံမှာခပ်လျော့လျော့မှီရင်း ရှောင်းကျန့်
ပြုံးလိုက်မိသည်။နတ်မင်းအလောင်းအလျာ
တစ်ပါးရဲ့ သိက္ခာအတွက် ယခုလိုဖမ်းဆီးခံရခြင်းက အဆိုးဆုံး အခြေအနေဆိုပေမဲ့ ရှောင်းကျန့်၏
အဆိုးဆုံးအခြေအနေကတော့ လွန်မြောက်သွားခဲ့
လေပြီ။

သူချစ်ရသည့် လူနှစ်ယောက် အသက်ရှင်နေသည်။ဒီ့ထက် ကောင်းတဲ့ အခြေအနေ
ဘယ်မှာရှိဦးမှာလဲ...

သူ့ခြေထောက်မှ သံကြိုးတို့သည် အမြဲမြံဆုံး
တုပ်နှောင်ထားကြသည်။လက်ကောက်ဝတ်တို့မှာလည်း သွေးစတစ်ချို့ ရှိနေလေပြီ။ရှောင်းကျန့် ထွက်ပြေးမယ် ထင်လို့ ဒီလောက်တောင်
ချုပ်နှောင်ထားကြသလားဟု  တွေးမိတော့
ခပ်လှောင်လှောင် ပြုံးမိလိုက်ပြန်သည်။

ရှောင်းကျန့် စိတ်အခြေအနေ ကောင်းနေပုံက
တော်ရုံမဟုတ်တာ ကိုယ့်ဘာသာ အသိဆုံးပင်။

"ဘာတွေ သဘောကျနေတာလဲ?"

ရုတ်တရက် ကြားလိုက်ရသော ရိပေါ်၏ အသံမှာ
ရှောင်းကျန့်တစ်ကိုယ်လုံး မတ်ခနဲ ဖြစ်သွား
ရသည်။ဘေးဘီကို အမြန်ရှာဖွေမိတော့
အမှောင်ကြောင့် ဘာကိုမှမမြင်ရ။

"ရိပေါ်..."

မီးစဖြူလေးတစ်ခုသည် လေထုထဲ မျောလွင့်ရင်း
အခန်းငယ်ကို အလင်းရောင်ပေးလာသည်။
ထို့နောက်မှာတော့ ရှောင်းကျန့် သိပ်မြတ်နိုးရသည့် ရိပေါ်၏ ပုံရိပ်က ပေါ်လွင်လာပြီး

"အရမ်းပျော်နေတာ ထင်တယ်။ခဏခဏ
ပြုံးနေတယ်"

ပြန်​ဖြေစရာ စကားတို့ ရှောင်းကျန့်မှာမရှိ။
လူသား ဝမ်ရိပေါ်ကိုသာ ရင်းနှီးသော သူ့မှာ
Marsရဲ့အိမ်ရှေ့စံကို ပြောဖို့ စကားလုံးတို့
ရှားပါးရသည်။

ငြိမ်သက်နေသည့် သူ့ကိုကြည့်ပြီး ရိပေါ်က
ပြုံးသည်။ထို့နောက် ခြေလှမ်းကျဲတို့က
ရှောင်းကျန့်ရှိရာဆီ တိုးကပ်လို့လာပြီး....

"မေးစရာတွေ အရမ်းများနေတာလား။
ဒါမှမဟုတ် ... ကြောက်ပြီး စကားမပြောနိုင်တော့
တာလား"

"ငါက ဘာကိုကြောက်ရမှာလဲ?"

သူပြုလုပ်ခဲ့သမျှကို ပြန်လည်ခံယူဖို့ ရှောင်းကျန့်မှာ သတ္တိအပြည့်ရှိသည်။သူရဲဘောကြောင်
နေသည်ဟု ရိပေါ်ထင်နေတာမျိုးကို သူသဘော
မကျ။

သို့ပေမဲ့ ရှောင်းကျန့်၏ တုန့်ပြန်စကားမှာ
ရိပေါ်၏ ဟန်ဆောင်အပြုံးတို့ တဖြည်းဖြည်း
ပျောက်ကွယ်ကုန်သည်။မျက်လုံးချင်း ထိုးစစ်ဆင် နေသလိုမျိုး ရှောင်းကျန့်အား စေ့စေ့
စိုက်ကြည့်​ပြီး နောက်မှာတော့ ရှောင်းကျန့်
လက်မောင်းနှစ်ဖက်ကို အားနှင့်ဆုပ်ကိုင်ပြီး
အနောက်မှ နံရံမှာ ပြင်းပြင်းထန်ထန်ဖိကပ်
ပစ်လိုက်သည်။

အောင့်သက်သွားသည့် ကျောရိုးအပြင် ရှောင်းကျန့်၏ ဦးခေါင်းက နံရံမာမာနှင့် အရှိန်ပြင်းစွာ
ရိုက်ခတ်မိသည်။မူးဝေသွားတာကြောင့်
ရှောင်းကျန့် အနည်းငယ်မျှ ညည်းညူမိလိုက်ပြီး
သူ့မျက်လုံးတို့ကို မှိတ်ထားမိတော့သည်။

"ငါ့ကို ဘာလို့ သတ်ခဲ့တာလဲ"

ရိပေါ်က သွားကြားထဲမှ လေသံဖြင့် ခပ်ဖြေးဖြေး
မေးခွန်းထုတ်သည်။ရှောင်းကျန့်သာမဖြေလျှင်
သူဆုပ်ကိုင်ထားသည့် လက်မောင်းတို့ကို
ချက်ချင်း ဖိချေပစ်တော့မည့်အတိုင်းပင်။

"ငါ့ကို လွှမ်းမိုးတဲ့သူမျိုး လောကမှာ မရှိစေချင်လို့"

ရှောင်းကျန့် အဖြေတို့မှာ ပြတ်သားသည်။
အဖြေမှန် မဟုတ်သော်ငြားလည်း ပြဿနာက
ရှောင်းကျန့်ကို ရိပေါ်လွှမ်းမိုးနိုင်လို့ ဂြိုဟ်နတ်မင်း
တစ်ပါးရဲ့ သိက္ခာကို ထိခိုက်စေခြင်းကြောင့်ပင်။
ရှောင်းကျန့်က ရိပေါ်နှင့် အတူတူနေပြီး
ကလေးတစ်ယောက်ကို ကိုယ်တိုင်လွယ်ကာ
မွေးခဲ့ရပါသည် ဆိုသော အဖြစ်အပျက်မျိုး
ရှောင်းဝုက မလိုချင်ခဲ့တာကြောင့် ကလေးနှင့်ရိပေါ်ထဲက တစ်ယောက်ယောက်ကို သတ်ဖို့
ဖိအားပေးခဲ့သည်။

ထို့ကြောင့် သူစော်အော်လေးကို ရွေးခဲ့မိသည်။
ယခု ရှောင်းကျန့်ကိုယ်ထဲမှာမရှိတော့သော
ကျင်းရှင်း၏ စွမ်းအားသည် ရိပေါ်အသက်ကို
ကယ်တင်ဖို့ အသုံးပြုခဲ့ဖူးတာကိုဖြင့် ထည့်တွက်
မနေတော့။

လုပ်ချင်တာ လုပ်ခဲ့ပြီးမှ မရေရာသော နည်းဖြင့်
ကယ်ဖို့ကြိုးစားခဲ့ပါသည် ဆိုသော
အကြောင်းပြချက်သည် ရိပေါ်အတွက်
ရယ်လို့ကောင်းသည့် ဟာသတစ်ခုသာ ဖြစ်သွား
လိမ့်မည်။

"မင်းသိလား။မင်းနဲ့ မင်းခမည်းတော်က
တကယ်သိက္ခာမရှိဘဲ သိက္ခာရူး ရူးနေတဲ့
သူတွေဆိုတာ"

ရိပေါ်လက်ချောင်းတို့က ရှောင်းကျန့် နားရွက်
ဖျားတို့ကို မထိတထိ ပွတ်သပ်နေသည်။
လက်ညိုးထိပ်နှင့် နားရွက်တစ်ခုလုံးကို ပွတ်သပ်နေကာ ကျယ်ပြန့်သော လက်ဖဝါးသည်
ရှောင်းကျန့် မေးရိုးကို အနည်းငယ် ပင့်တင်ပြီး
မော့စေသည်။ရှောင်းကျန့် မြင်နေရသော
ရိပေါ်၏ မျက်နှာသည် သွေးအေးရက်စက်မှုကြောင့် ကြောက်မက်ဖွယ်ကောင်းစွာ။

"မင်းတို့သားဖ ခေါင်းထဲမှာ အတ္တတွေ မာနတွေ
ကြီးစိုးနေလို့ ဘာကိုမှ မမြင်တော့ဘူး။
ငါ့လို Marsဂြိုဟ်ရဲ့ အိမ်ရှေ့စံကိုတောင်
သတ်ရဲတဲ့အထိလေ..."

ရှောင်းကျန့် ရင်ထဲ အနည်းငယ်မျှ တုန်လှုပ်သွား
ခဲ့ပြီး...

"မင်းက ဘာလို့ကမ္ဘာမှာ နေနေတာလဲ?"

"ကမ္ဘာက လူတွေကို ကာကွယ်ဖို့ စစ်နတ်ဘုရား
အလောင်းအလျာတစ်ယောက်အနေနဲ့
နေနတ်မင်းက လှို့ဝှက်အမိန့်ချထားတာ။
မင်းတို့လို ထင်တိုင်းကြဲတဲ့ ဂြိုဟ်သားတွေ
ကမ္ဘာဂြိုဟ်ကို ဒုက္ခမပေးအောင်လို့ပေါ့"

ရှောင်းကျန့်မျက်နှာသည် အနည်းငယ်ပျက်ယွင်းသွားကာ အလောတကြီးမေးခွန်းထုတ်လာတော့သည်။

"ဒါဆို မင်းပြောတဲ့ မင်းရဲ့ဆရာကြီးနဲ့ မင်းဘဝ
ဇာတ်ကြောင်းတွေက ဘာတွေလဲ"

ရိပေါ်က အဓိပ္ပာယ်ပါပါပြုံးရင်း ရှောင်းကျန့်
နှုတ်ခမ်းတို့အား အသာထိတွေ့လာသည်။

"သက်ရှိတိုင်းမှာ အတိတ်ပုံပြင်လေးဆိုတာမျိုး
ရှိတတ်ကြတာပဲ။ငါက နည်းနည်း ဇာတ်လမ်းရေး
တဲ့ နေရာမှာ တော်သွားရုံပါ"

လူချင်း ခွာလိုက်ပြီး ရိပေါ်၏ အကြည့်တို့က
ရှောင်းကျန့်ကိုယ်ပေါ် စုန်ချည်ဆန်ချည်
ဖြန့်ကျက်နေသည်။နံရံထက်မှာ ဖျက်ဆီးခံထားရတဲ့ ပင့်ကူမျှင်လိုမျိုး တွယ်ကပ်နေရသည့်
ထိုလူက အရမ်းလှသလောက် ပျော့ညံ့နေလိုက်တာ။ပြီးတော့ နည်းနည်းလည်း တုံးသေးတယ်။

"ငါ မင်းကိုစတွေ့တုန်းက အရမ်းတုံးတာပဲလို့ပဲ
တွေးမိတယ်။ကမ္ဘာဂြိုဟ်လို  နေရာမျိုးမှာတောင်
ကိုယ့်ဘာသာ မရပ်တည်နိုင်ဘူး။ပြီးတော့
လူတစ်ယောက်ကို လွယ်လွယ်လေး အယုံပေး
လိုက်ရဲသေးတယ်။သင်ယူတတ်မြောက်လွယ်တဲ့
ဉာဏ်ရည်မြင့် အမျိုးအနွယ် ဖြစ်နေတာတောင်မှ
မင်းမှာ မသိနားမလည်တဲ့ အရာတွေက
ခပ်များများ။ဒါပေမဲ့ Venusဒုက္ခရောက်နေမှန်း
သိလို့ ငါစိတ်ရင်းနဲ့ မင်းကို ဂရုစိုက်ပေးခဲ့တာ။
အဲ့တာတောင် ငါ့နောက်ကျောကို ဓားနဲ့
ထိုးသွားသေးတယ်။စောက်ရူးတွေ..."

နှစ်တစ်ချို့ ကြာသည့်တိုင်အောင် ရှောင်းကျန့်နှင့်
အတူတူနေပြီး ရိပေါ်က ပိပိရိရိ လိမ်ညာ
ပြနိုင်ခဲ့သည်။သူ့ရဲ့ စိတ်ကြီးပြီး ပြတ်သားသည့်
စိတ်ဓာတ်ဘက်ခြမ်းကို ရှောင်းကျန့် နည်းနည်း
လေးတောင် မမြင်ခဲ့ရပေ။

တစ်ချိန်လုံး အညာမိနေသူသည် ရှောင်းကျန့်
ဖြစ်နေခဲ့သည်။ထို့အတူ တုံးအနေခဲ့သည့်
သူသည်လည်း ရှောင်းကျန့်ပင် ဖြစ်နေခဲ့ပြန်သည်။

ရိပေါ်အတွက် နေ့နေ့ညည သေမလို ပူပန်ခဲ့ရသည့် ငရဲကျသော ရက်များတွင် ရိပေါ်ကတော့
သူ့အား ကွယ်ရာမှာ စိတ်ရှိလက်ရှိကို
လှောင်နေခဲ့သည်။ရှောင်းကျန့် ခိုလှုံတိုင်း
နွေးထွေးသည် ထင်ရသော ရင်ခွင်ပိုင်ရှင်သည်
အေးစက်သော မျက်ဝန်းတို့ဖြင့် ရင်ခွင်ထဲမှ ရှောင်းကျန့်ကို ငုံ့ကြည့်ပြီး ရွံရှာ နေဖူးလိမ့်မည်။

သူငိုခဲ့သောမျက်ရည်စက်များအား နှမျောသည်..
ထို့အတူ ရူးမိုက်စွာ ချစ်နေသည့် သူ့နှလုံးသား
ကိုလည်း သနားမိသည်....

သန်စင်သည်ဟု သူထင်မိသော ရိပေါ်၏
မေတ္တာတို့သည် ပိုပြီးတော့တောင် အဆိပ်တက်
နေခဲ့ပါသည်။

__________________

တရားခွင်ထဲ စကြာဝဠာမှ နတ်မင်းအားလုံးနီးပါး
ရောက်ရှိနေကြသည်။တစ်ချို့က တည်ကြည်စွာ
ထိုင်နေခဲ့ကြသလို၊တစ်ချို့ကတော့ ဘေးမှ
နတ်မင်းတစ်ချို့နှင့် စကားစမြည်ပြောနေကြသည်။

တရားခွင်၏ ထိပ်ဆုံးပုလ္လင်ပေါ်မှာ နေနတ်မင်းကြီးက ထည်ဝါစွာထိုင်လျှက်နေပြီး
သူဝတ်ဆင်ထားသည့်ရွှေရောင် ဝတ်ရုံစကြီးအား
အနည်းငယ်မျှ ဖြန့်ကားထားသည်။

"Jupiterနတ်မင်း။တရားလိုက ဘယ်သူလဲ"

နေနတ်မင်းကြီး၏ စကားကြောင့် ခန်းမထဲမှ
နတ်မင်းအားလုံး ဆိတ်ကျသွားသည်။
တရားရုံး၏ အလယ်တည့်တည့်မှာ ဒူးထောက်ထိုင် နေရသော အပြစ်သားနှစ်ယောက်ရှိပြီး
နတ်မင်းအားလုံး၏ အာရုံက ထိုအပြစ်သား
နှစ်ယောက်အပေါ် ကျရောက်သွားကြတော့သည်။

"တရားလိုက Marsနတ်မင်းပါ။နေနတ်မင်းကြီးရဲ့ အမိန့်တော်အတိုင်း သူ့သားတော်ကို
ကမ္ဘာဂြိုဟ်ပေါ်မှာ လှို့ဝှက် နေထိုင်နေစေတုန်း
ဒုက္ခရောက်နေတဲ့ Venusရဲ့ အိမ်ရှေ့စံကို
ကယ်တင်ပေးထားဖို့ မှာကြားခဲ့ပါတယ်။
ဒါပေမဲ့ Marsအိမ်ရှေ့စံကို Venusနတ်မင်းနဲ့
သူ့သားတော်က သာမာန်လူသားအထင်နဲ့
သတ်ဖြတ်ခဲ့ကြပါတယ်။သူတို့ဓားချက်ကြောင့်
Marsအိမ်ရှေ့စံက နှစ်ဝက်လောက် ကုသမှု
ခံယူခဲ့ရပါတယ်"

Jupiterနတ်မင်း၏ လျှောက်လဲချက်မှာ
တရားခွင်ကိုလာသော နတ်မင်းတစ်ချို့ဆီမှ
အာမေဋိတ်သံတို့ ညံစီသွားသည်။တစ်ချို့က
လုပ်ရဲကြပေခြင်းဟု ရေရွတ်သလို တစ်ချို့က
အပြစ်ဒဏ်ကောင်းကောင်း ပေးသင့်ကြောင်း
အော်ဟစ်ကြသည်။

ပုလ္လင်နှင့် မလှမ်းမကမ်းမှာ ရပ်နေသည့် ရိပေါ်၏
အကြည့်တို့ကား လူပုံအလယ်မှာ ဒူးထောက်ထိုင်
နေရသည့် ရှောင်းကျန့်ဆီမှာသာ ရှိသည်။
အနည်းငယ် ဖွာလန်နေသော ဆံနွယ်တွေကြားမှ
မျက်နှာမပေါ်အောင် ငုံ့ထားသည့် ရှောင်းကျန့်သည် ငိုနေမှာမဟုတ်မှန်းတော့ သိပေမဲ့
သူ့လက်နှင့် သတ်ခဲ့သည့် ရိပေါ်ကို အားနာပါးနာ
အသနားခံဖို့တော့ သင့်သည်မဟုတ်ပါလား။

စုတ်ချာနေသည့် ထိုပုံရိပ်ဖြူကိုကြည့်ရင်း
ရိပေါ် မဲ့ပြုံးတစ်ခုကို ဖန်တီးမိလိုက်သည်။
နှစ်အနည်းငယ်လောက် သူ့အပေါ် ရှောင်းကျန့်
စိတ်ကြိုက်ဆိုးသွမ်းခဲ့ပုံကို ပြန်တွေးမိတော့
ရယ်ရခက် ငိုရခက်ပင်။

ဘာပဲဖြစ်ဖြစ် ထိုကာလတစ်ခုမှာ ရှောင်းကျန့်
အပေါ် ရိပေါ်ဘယ်လိုစိတ်မျိုး ထားခဲ့ဖူးလဲ
ဆိုတာတော့ ကိုယ်တိုင်ပင် အသိဆုံးဖြစ်သည်။

သူတကယ် ရှောင်းကျန့်ကို ပိုင်ဆိုင်ချင်ခဲ့သည်။
မထင်မှတ်ဘဲ နှစ်နှစ်ကာကာ ချစ်မိပြီး
ရှောင်းကျန့်သာ သူ့အနားမှာ ရှိနေပေးမည်ဆို
တာဝန်ပြီးဆုံးချိန်တွင် ရိပေါ်ဟာ Mars၏
အိမ်ရှေ့စံဆိုတာ ဖွင့်ပြောပြီး အတူတူနေဖို့
စိတ်ကူးတောင် ယဥ်ခဲ့ဖူးသည်။ဒါပေမဲ့
သူပြန်ရလိုက်သည်က ဓားဒဏ်ရာတစ်ချက်နှင့်
စော်အော်နှင့် သူ့အား မသေသေအောင်
ပစ်သတ်ခံရခြင်းပင်။

ရိပေါ် ဆယ့်ရှစ်နှစ် ပြည့်ပါပြီဆိုကတည်းက
ကမ္ဘာဂြိုဟ်ကို ကာကွယ်ဖို့ တာဝန်ကျခဲ့သည်။
သူနှင့်အတူ ခမည်းတော်က စစ်သည်တစ်ချို့ကိုပါ ထည့်ပေးခဲ့ပြီး မြို့လေးတစ်မြို့ထဲ၌ မထင်မရှား နေစေခဲ့သည်။ရိပေါ် အမြဲသွားနေသော
မြို့စျေးလေးသည် Marsဂြိုဟ်မှ စစ်သည်တော်
တစ်ချို့ အသွင်ပြောင်း နေထိုင်နေကြခြင်းပင်။

ခပ်တုံးတုံး Venusအိမ်ရှေ့စံလေးက သူ့အနား ရောက်လာပြီး ကူညီပေးဖို့တာဝန်ကို
ချမှတ်ခံရသည့်အခါ ရိပေါ်စိတ်ရင်းနှင့်
တာဝန်ယူခဲ့သည်။ခဏခဏ ထွက်ပြေးနေသည့်
သူစိမ်းတစ်ယောက်ကို ဘယ်လူသားက
အပင်ပန်းခံပြီး အိမ်ခေါ်တင်ထားမှာတဲ့လဲ။

သံတမန်ရေးရာအရ တစ်ခြားသော ဂြိုဟ်တွေဆီ
အလည်မသွားလိုက်ရဘဲ ကမ္ဘာဂြိုဟ်ဆီ
တာဝန်တန်းကျတာမို့ ရိပေါ်ကို Mars
အိမ်ရှေ့စံမှန်း ရှောင်းဝုကပါ မသိခဲ့။ဒါလည်း
တစ်ခုကောင်းသည်။သူ ရက်စက် ယုတ်မာသမျှ
စကြာဝဠာက သိတာပေါ့။

"Marsအိမ်ရှေ့စံ ဝမ်ရိပေါ်။ဖြစ်ကြောင်းကုန်စင်
လျှောက်တင်ပါ"

နေနတ်မင်းကြီး၏ အမိန့်ပေးသံအဆုံး ရိပေါ်က
လေးစားစွာ အရိုအသေပေးရင်း ရှောင်းကျန့်အား
တစ်ချက်လှမ်းကြည့်လိုက်သည်။ထို့နောက်
မှာတော့...

"ကျွန်တော်မျိုးကို သတ်ဖို့ကြံစည်တဲ့ အဓိက
တရားခံက ရှောင်းဝုပါ.."

ပွဲကြည့်ပရိတ်သတ်ထံမှ အသံတစ်ချို့ညံစီလို့
လာသည်။ရှောင်းကျန့်က အံ့သြရိပ်တို့
ပြည့်နေသည့် မျက်ဝန်းတို့ဖြင့် ရိပေါ်အား
မယုံနိုင်သလို မော့ကြည့်နေသည်။

"ရှောင်းဝုကိုယ်တိုင် ကျွန်တော်မျိုးကို သုတ်သင်ဖို့ သူ့သားကို အတင်းဖိအားပေးခဲ့ပါတယ်။
မတတ်သာတဲ့အဆုံးမှာ ရှောင်းကျန့်က
ပြစ်မှုကျူးလွန်ရတာပါ"

မှန်ကန်သည့် သူ့ထွက်ဆိုချက်​ကြောင့် ရှောင်းကျန့်၏ တအံ့တသြဖြစ်နေသော မျက်နှာလေးက
ပိုပီပြင်လာသည်။ရှောင်းဝုဘက်မှလည်း
မည်သို့မျှ တုန့်ပြန်ချေပခြင်းမရှိဘဲ ခေါင်းငုံ့ထားဆဲ။

ရိပေါ်ထွက်ဆိုချက်လုံးဝမှန်ကန်ပြီဆိုတာ
သိလိုက်ရသည့်အခါ ရှောင်းဝုသည် စကြာဝဠာ၏ အပြစ်ပေးခြင်းကို ခံရဖို့
တွင်းနက်ကြီးထဲ ပိတ်လှောင်ခံရသည်။
ရှောင်းကျန့်၏ ပြစ်ဒဏ်ကား Venusမှလွဲပြီး
မည်သည့်ဂြိုဟ်ပေါ်ကိုမှ သွားခွင့်မရဟူ၍။

Venusသည် Jupiter၏ လက်အောက်တွင်
ရှိရမည်ဖြစ်ပြီး Mars၏ ထိန်းကြောင်းခြင်းကို
ခံရမည်ဖြစ်သည်။အကျယ်ချုပ်သဘောမျိုးနှင့်
Venusဂြိုဟ်နတ်မင်းနေရာအား သိသိသာသာ
ပယ်ဖျက်ပစ်လိုက်ကြသည်။

စီရင်ချက်ချအပြီးတွင် ရှောင်းဝုသည် ရှောင်းကျန့်အား တစ်ချက်မျှပင်မကြည့်ဘဲ အပြစ်ဒဏ်
ခံရမည့် နေရာကို ခေါ်ဆောင်ခြင်းခံသွားသည်။

ဒူးထောက်လျှက်သားနှင့် ငိုင်နေသော
ရှောင်းကျန့်အားကြည့်ပြီး ရိပေါ်နာနာကြည်းကြည်း ပြုံးလိုက်မိသည်။သူ့ခြေလှမ်းတို့ကို
အရှိန်မြှင့်လိုက်ပြီး ရှောင်းကျန့်လက်မောင်းအား
ဆွဲကာ ထူစေတော့ ပျော့ခွေနေသည့်ကိုယ်နှင့်
ရှောင်းကျန့်က သံကြိုးတွေကြားမှ ယိုင်နဲ့စွာ
ပါလာခဲ့သည်။

"အိမ်မပြန်ရဲဘူးလား?"

ခနဲ့ပြီး မေးလိုက်သည့် သူ့စကားအဆုံး
ရှောင်းကျန့်မျက်ဝန်းတို့သည် တုန်ရီလို့လာသည်။
သေချာပေါက် Venusဂြိုဟ်သူ ဂြိုဟ်သားတို့၏
မုန်းတီးခြင်းကို ရှောင်းကျန့် ကောင်းကောင်း
ခံရတော့မှာပင်။

ဂြိုဟ်သိက္ခာကျသည်ဆိုသော စွဲချက်နှင့်
မောက်မာခဲ့ဖူးသည့် အိမ်ရှေ့စံကို ကောင်းကောင်းကြီး နွေးထွေးစွာ ဆက်ဆံပေးကြ
လိမ့်မည်။

"မျိုးနွယ်ကြောင့် ငါ့ကိုတောင် သတ်ရဲခဲ့တဲ့
အိမ်ရှေ့စံ ရှောင်းကို တကယ်လေးစားတယ်။
မင်းဂြိုဟ်သူ ဂြိုဟ်သားတွေ မင်းကိုသေချာပေါက် ပန်းကုံးစွပ်ကြိုကြတော့မှာပဲ"

ဆက်မကြားနိုင်တော့သည့် ရှောင်းကျန့်က
ရိပေါ်ဆုပ်ကိုင်ထသည့် သူ့လက်မောင်းတွေအား
ရုန်းထွက်ပစ်လိုက်သည်။သူ့လက်ကောက်ဝတ်မှ
သံကြိုးတို့သည်လည်း လုံးဝပျက်ပျယ်သွားပြီး
Venusကိုပြန်ဖို့ တပ်သားတစ်ချို့က လာခေါ်ဆောင် ကြတော့သည်။

"စော်အော်က..."

ရိပေါ်လှမ်းအော်လိုက်သည့် စကားမှာ ရှောင်းကျန့် ခြေလှမ်းတို့လုံးဝရပ်တန့်သွားခဲ့သည်။
လှည့်မကြည့်လာပေမဲ့ ရိပေါ်မမြင်နိုင်သော
သူ့မျက်ဝန်းတို့မှာ မျှော်လင့်ချက်တစ်ချို့
ကိန်းအောင်းလျှက်။

"စော်အော်က မင်းသွေးသား မဟုတ်တော့ဘူး။
မင်းသတ်ခဲ့တဲ့ ကလေးလေးက သေသွားပြီမို့
ငါ့သားကို စိတ်ထဲတောင် မထည့်နဲ့!"

အရှိန်နှင့် ပစ်ခွဲခံလိုက်ရသည့် ဖန်အိုးလေး
တစ်လုံးလိုမျိုး ရှောင်းကျန့်နှလုံးသားသည်
အောင့်သက်စွာ အစိတ်စိတ်အမွှာမွှာ ကွဲသည်။

မျိုးနွယ်အတွက်ကြောင့် ခင်ပွန်းနှင့် သားဖြစ်သူကို ရက်စက်ခဲ့သည် ဆိုသော အတွေးဖြင့်
ရိပေါ်အမြင်မှာ ရှောင်းကျန့်သည် နှလုံးသား
မပါသော ဖခင်တစ်ယောက်ဖြစ်ကောင်း
ဖြစ်ခဲ့လိမ့်မည်။သို့ပေမဲ့....

"အင်း....ငါသိပြီ"

တကယ်လည်း သူသည် တာဝန်မကျေသည့်
ဖခင်၊မကာကွယ်နိုင်သည့် ဖခင်အဖြစ်မှ ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲလေ။

___________________

ရိပေါ်က လူသားလို့ပဲ ထင်ခဲ့ကြဒယ် မလား🤭
အရင်ကဆို အုလည်းနည်းနည်း hintလေး
ပေးရေးတတ်ပါတယ်။ဒါပေမဲ့ ဒီficလေးကြ
ရိပေါ်ရဲ့ ပီပြင်တဲ့ လိမ်ညာမှုတွေကို ပြချင်လို့
ရိုးရိုးလေး ဆွဲခေါ်လာကြည့်တာ။

ဘာပဲဖြစ်ဖြစ် Marsအိမ်ရှေ့စံလေးက
တာဝန်အရလည်း စေ့စပ်သေချာလွန်းသလို၊
ဖခင်အနေနဲ့လည်း ဖခင်ကောင်းတစ်ယောက်ပါ။

ပြစ်ချက်ဆိုလို့ အဲ့လိုပြီးပြည့်စုံတဲ့ ကောင်လေးက
ရှောင်းကျန့် ခင်ပွန်းဖြစ်နေတာ တစ်ခုပါပဲ😑

Continue Reading

You'll Also Like

25.5K 3.1K 12
ကြွေကျလိုက်စမ်းပါ Crush ရာ ! ေႂကြက်လိုက္စမ္းပါ Crush ရာ !
17.2K 1.9K 6
အစ်ကို့ကို ချစ်တယ်..... အစ္ကို႔ကို ခ်စ္တယ္..... (Short Story) Start Date - 11.6.2021 End Date. - 20.6.2021 #YiZhan
178K 19.3K 46
I only write Yizhan fic. So, be careful of Reading Lists. 💙 Yizhan historical 💙
144K 21.9K 30
ငါကသားေခ်ာ့ေတးမဟုတ္ဘူးခ်စ္သူ! ငါကသားချော့တေးမဟုတ်ဘူးချစ်သူ!