You are my husband (Season 1)...

By nikochan065

1M 62.5K 5.3K

သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျ... More

part 1
part 2
part 8
part 9
part 10
part 11
part 3
part 12
part 13
part 14
part 15
part 16
Part 17
part 18
part 19
part 4
Announcement
part 20
part 21
part 22
part 23
part 25
part 5
part 26
Part 27
part 28
part 29
part 30
part 31
နတ္သမီးလမ္း <နတ်သမီးလမ်း >
part 32
part 33
part 6
part 33 အဆက္
part 34
34 အဆက္
35
36
Ep 7
37
38
39
40
41
42
43
44
45
46
46 အဆက္
47
48
48
49
50
51 ဇာတ္သိမ္းပိုင္း
Extra

part 24

14.2K 1.1K 133
By nikochan065

ျပသနာတက္ခဲ့ၾကသည့္ေန႔က စလို႔ တစ္ေယာက္ကိုတစ္ေယာက္ စကား စ, မေျပာခဲ့ၾကသလို ေန႔ရက္တိုင္းကို ေအးစက္ေသာေလထုမ်ားအၾကား၌သာ ျဖတ္သန္းၾကသည္ ။

လုပ္ငန္းေပါင္းမ်ားစြာကို ခ်ဳပ္ကိုင္ထားရေသာ ေတာ္၀င္လုပ္ငန္းစုႀကီးကို ဦးစီးရသည္မွာ လြယ္ကူတဲ့ကိစၥတစ္ခု မဟုတ္မွန္း အခုမွ ခက္ထန္နားလည္လာခဲ့သည္ ။

ထည္ဝါလင္းရိွန္ တုန္းက ေပါ့ပါးစြာ စည္းစိမ္ခံစားရင္းျဖတ္သန္းခဲ့သည္ဟု ထင္ျမင္ခဲ့ေသာ အေတြးမ်ားက တစတစ လြင့္ျပယ္လာေတာ့သည္ ။

သူ႕စိတ္ထဲ ဒီလူ႕ကို အထင္ႀကီးခ်င္ေသာစိတ္ကို မနည္း ထိန္းခ်ဳပ္ထားရသည္ ။

သူ ဒီလူနဲ႔ စကားအမ်ားႀကီး မေျပာျဖစ္ေတာ့တာ သူ႕အသက္ ၈ႏွစ္... ။ ေခြး႐ိုက္ႏြား႐ိုက္ အ႐ိုက္ခံခဲ့ရတဲ့ အခ်ိန္ကတည္းက ျဖစ္သည္။ ဒီလို လူယုတ္မာမ်ဳိးက သူ ကိုယ္တိုင္ ႐ိုက္ခဲ့သည္ေတာင္မဟုတ္... သူ႔ သူငယ္ခ်င္း ပံုေရး ကို လက္လႊဲေပးကာ ေသမတတ္ ႐ိုက္ခိုင္းခဲ့သည္။ သူတိူ႕ေၾကာင့္ ေဆး႐ံုတက္ခဲ့ရတဲ့အခ်ိန္မွာေတာင္ တခ်က္ လာၾကည့္မေပးခဲ့ဘူး ။

ဒီအေၾကာင္းေတြ ေခါင္းထဲ ေရာက္လာေလ သူ႕ႏွလံုးသားမွာ စိုက္၀င္ေနတဲ့ ဆူးက ပိုမို နာက်င္ေစရန္ လႈပ္ခါကာ ႏွဲ႔ေနသလိုေတာင္ ခံစားလာမိသည္ ။

" ငါ့ ကတ္ကို ဘာလို႔ ပိတ္လိုက္တာလဲ ခက္ထန္... ျပန္ဖြင့္ေပး "

သူ႕ ေနာက္က စိတ္႐ႈပ္စြာ ထြက္ေပၚလာေသာအသံေၾကာင့္ ေနာက္သို႔လွည့္လိုက္သည္ ။ ထည္ဝါလင္းရိွန္သည္ မုန္႔ဖိုးအျဖတ္ခံလိုက္ရ၍ မိဘဆီ ဆူပုပ္ပုပ္ျဖင့္ လာဂ်ီက်ေနေသာ ကေလးတစ္ေယာက္ပံုကို ဖမ္းထားသည္ ။

သူ ေသခ်ာစြာ ၾကည့္ၿပီးေနာက္တြင္ ဟြန္႔ ခနဲ ႏွာမႈတ္ကာ ပါးခ်ဳိင့္ေလးေပၚေအာင္ မဲ့ၿပံဳးေလးၿပံဳးျပလိုက္၏ ။

" သံုးစရာ ရိွလို႔လား?  "

" ဟ... သံုးစရာ ရိွ ရိွ မရိွရိွ မင္း ငါ့ကတ္ကို ပိတ္စရာလိုလို႔လား... "

" သံုးစရာလိုရင္ လာေတာင္းေလ... က်ဳပ္ေျခေထာက္နားကို ေခြးမေလးကို ဒူးေလးေထာက္ၿပီး လာခဲ့... ပါပီေလးလို ကပ္ခြၽဲႏိုင္ရင္ ပိုက္ဆံထုတ္ေပးမွာေပါ့ "

" မင္း ငယ္ငယ္တုန္းက မုန္႔ဖိုးလိုရင္ ငါ အဲ့လို လုပ္ခဲ့မိလို႔လား... အဲဒါ ေၾကာင့္ ငါ့အေပၚ အခုလိုေတြ လုပ္ေနတာလား?  "

သူ႕ႏွလံုးသားေလး နာက်င္သြားရသည္ ။ ခက္ထန္ကေတာ့ သူ႕အေမးကို ျပန္၍မေျဖ ။ ခက္ထန္ဟာ သူ႕အေပၚ ေသြးေအးစြာ ရက္စက္လြန္းသည္ ။ အိမ္၏ ေငြေၾကးကိစၥမ်ားကိုလည္း သူ တစ္ေယာက္တည္း စီမံသည္ ။ နဂို ရိွေနၿပီးသား ကတ္ ကို ပိတ္လိုက္သည့္အျပင္ ေခြးမ တစ္ေကာင္ပံုစံကိုပါ ျမင္ခ်င္ေသးပံုေပၚသည္ ။

ခက္ထန္ သည္ အေတာ္ပင္ ရင့္သီးလြန္းလွသည္ ။

သူ စကားဆက္မေျပာခ်င္ေတာ့၍ ခက္ထန္ကို မ်က္ႏွာလႊဲကာ ေက်ာေပးအိပ္ရန္ ျပင္၏ ။ ဒီေလာက္ ရြံမုန္းေနရင္လည္း ဘာလို႔ တစ္အိပ္ရာထဲ အိပ္ေနေသးလဲ ဟု ေမးပစ္လိုက္ခ်င္သည္ ။ ေမးလိုက္ခါမွ ေမာင္းထုတ္ပစ္လိုက္မည္ကိုလည္း ေၾကာက္သည္ ။

ခဏအၾကာေတာ့ ခက္ထန္ဘက္မွ သက္ျပင္းခ်သံႏွင့္တကြ တည္ၿငိမ္ေသာ အသံေလးေပၚထြက္လာ၏။ သို႔ေသာ္ ခက္ထန္စကားမ်ားက သူ႕ကို ေခ်ာက္နက္ထဲသို႔ မညႇာမတာ ပစ္ခ်လိုက္သလိုမ်ဳိးပဲ.... ။

" အလုပ္ျပန္လာလုပ္ရမယ္ ထည္ဝါလင္းရိွန္!! ခင္ဗ်ား ကုမၸဏီထဲ ျပန္၀င္ရမယ္... ။ က်ဳပ္ လက္ေထာက္အေနနဲ႔... "

ခက္ထန္သည္ ဒီဆံုးျဖတ္ခ်က္ကို ခိုင္မာစြာ ေက်ာက္ခ်ထားသည္မွာ သူ႕အသံကို ၾကား႐ံုျဖင့္ သိႏိုင္သည္။
ခက္ထန္ ဘယ္ေျခလွမ္း လွမ္းလိုက္သလဲ သိတဲ့အခါ ႏွလံုးသားေလးမွာ စပ္ဖ်င္းဖ်င္း ခံစားရလာျပန္၏ ။

" ခက္ထန္!  မင္း ငါ့ကို.... "

မင္း ငါ့ကို ဘယ္ေလာက္ေတာင္မ်ား လုပ္ရက္ရတာလဲ... ။ ဒါေပမဲ့ စကားလံုးေတြက ေလထုထဲမွာတင္ ရပ္တန္႔သြားခဲ့ရသည္ ။ ဆက္ေျပာဖို႔ အင္အားေတာင္ ယုတ္ေလ်ာ့ လာရလြန္းလို႔...

ဒီေနရာမွာ လူတကာ လက္ညိႇဳးထိုးကဲ့ရဲ႕ေအာင္ လူယုတ္မာတစ္ေယာက္အျဖစ္ ဖန္တီးၿပီးကာမွ ဒီေနရာကို ျပန္ ေျခခ်ခိုင္းတယ္ဆိုေတာ့ ခက္ထန္က မရက္စက္လြန္းဘူးလား... ။

လူမႈကြန္ရက္ေပၚက ေ၀ဖန္ကဲ့ရဲ႕မႈေတြကို ျမင္ၿပီးတာေတာင္ အရွက္ကင္းမဲ့စြာနဲ႔ ဒီကုမၸဏီထဲ ဘယ္လို အားအင္မ်ဴိးနဲ႔ ျပန္၀င္ရမတဲ့လဲ....။ တခ်ိန္က ဥကၠဌေဟာင္းက အခုေတာ့ ဥကၠဌအသစ္ေလးရဲ႕ လက္ေထာက္ ဆိုတဲ့ ဂုဏ္ပုဒ္ႀကီးက လူေတြ ပါးစပ္ဖ်ားမွာ ထင္ေၾကးမ်ဳိးစံုနဲ႔တင္ စုတ္ျပတ္သြားေစႏိုင္တယ္ ။

တခ်ိန္က လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ေရွ႕... သူ႕ကိုေလးစားခဲ့တဲ့ ၀န္ထမ္းေပါင္းမ်ားစြာ႐ဲ့ ေရွ႕မွာ သူမ်ား မိသားစုကို ဖ်က္ဆီးခဲ့တဲ့ လူသတ္သမား...။
အိမ္ေထာင္ရိွ ေယာက်္ားနဲ႔ ေဖာက္ျပန္ခဲ့တဲ့ ေဂး အငယ္အေႏွာင္း တစ္ေယာက္အျဖစ္ ဘယ္လိုမ်က္ႏွာမ်ဳိး ... ဘယ္လို စိတ္ဓာတ္သန္မာမႈမ်ဳိးနဲ႔ ရပ္တည္ရမလဲ ။ လူေတြက တျခားလူတစ္ေယာက္ရဲ႔ ေကာင္းတဲ့အရာကိုသာ အလြယ္တကူ လက္မခံေပးႏိုင္တာ ၊ မေကာင္းတဲ့အရာဆို လြယ္လင့္တကူ ပစ္ယံု ၊ လက္ခံၿပီးမွ ကဲ့ရဲ႕ေ၀ဖန္တတ္ၾကတာပဲ မဟုတ္လား..... ။ ဒီလို စိတ္ပ်က္စရာေကာင္းတဲ့ လူ႕အသိုင္းအ၀ိုင္းႀကီးမွာ သူ႕ သိကၡာကို ယံုၾကည္ေပးတဲ့သူ တစ္ေယာက္တစ္ေလေတာင္ က်န္ရိွပါဦးမလား ။

သူ ဒီ စြန္႔စားခန္းကို နာနာက်င္က်င္ကို ေခါင္းညိမ့္ေပးလိုက္တယ္ ။

သူ ခက္ထန္နဲ႔ ၿပိဳင္ျငင္းၿပီး အိမ္ထဲ ပုန္းေနဖို့ စိတ္ကူးမိေပမဲ့ ဒါက ခက္ထန္ကို စိတ္ပ်က္သြားေစႏိုင္တယ္ ။ ခက္ထန္ အစီအစဥ္ေတြကို ေႏွာင့္ေႏွးသြားေစႏိုင္တယ္ ။ ဒီလိုအေျခအေနမ်ဳိးထိေတာင္ အေရာက္ခံၿပီးသြားမွ ဒီကေလး ဆႏၵေတြကို ျငင္းပယ္မပစ္ရက္ႏိုင္ျပန္ဘူး.... ။

" မင္း သေဘာအတိုင္းပဲ... ေပ်ာ္မယ္ထင္ရင္ လုပ္သာလုပ္ ခက္ထန္!  မင္း လုပ္ရပ္တိုင္းကိုေတာ့ မင္း ေပ်ာ္ႏိုင္ပါေစ ငါ ဆုေတာင္းေပးေနမယ္ ၊ "

သူ နာနာက်င္က်င္ ၿပံဳးျပလိုက္ၿပီးမွ ေက်ာေပးလ်က္ ေစာင္ကို ေခါင္းထိ လံုေအာင္ ဆြဲၿခံဳပစ္လိုက္သည္.....။

တခ်က္တခ်က္ လႈပ္ခါသြားေသာ ထည္ဝါလင္းရိွန္ရဲ႕ ေက်ာျပင္သြယ္သြယ္ေလးကိုေတာ့ ခက္ထန္ဆိုတဲ့ေကာင္ေလး မျမင္ခဲ့ဘူး ။ ခက္ထန္ဟာ သူ႕အစီအစဥ္ေတြ... လက္စားေခ်လိုမႈေတြ.... ကမ္းကုန္ေအာင္ ဖ်က္ဆီးပစ္လိုက္မႈေတြ ၾကားမွာ သူ႕ႏွလံုးသားေလး ခ်ဳိျမစြာ ေပ်ာ္ေနရလြန္းလို႔ေပါ့......... ။

ခက္ထန္ သည္ ပံုေရးႏွင့္ ႐ိုင္နာ အား အနီးကပ္ေစာင့္ၾကည့္ရန္ မိႈင္း ကို ဖယ္ခံု သို႔ လႊတ္လိုက္သည္ ။ အားအကိုးရဆံုး မိႈင္း အနားတြင္မရိွေသာ္လည္း သူ႕အနားတြင္ ထည္ဝါလင္းရိွန္ က်န္ရိွေနေသး၏ ။ ရန္သူကို အေ၀းမွ ေစာင့္ၾကည့္ျခင္းထက္ အနားတြင္ ထားျခင္းက ပို၍ လံုၿခံဳစိတ္ခ်ရသည္ဆိုပဲ... ။

ထည္ဝါလင္းရိွန္ ကို သူ႕လက္ေထာက္အျဖစ္ထားရိွလိုက္ျခင္းအားျဖင့္
ဒီလူသည္ သူ႕မ်က္စိေအာက္မွ လြတ္ေျမာက္ရာလမ္းမရိွႏိုင္ေတာ့ေပ ။ တရား၀င္အလုပ္တစ္ခုစီမွာပဲ ျဖစ္ျဖစ္ ၊ တရားမ၀င္ေမွာင္ခိုအလုပ္တြင္ပဲ ျဖစ္ျဖစ္ သူ ဘယ္ေနရာသြားသြား ဘာလုပ္လုပ္ ဒီလူက သူ႕ေနာက္တေကာက္ေကာက္ လိုက္ေနရလိမ့္မည္။

အိမ္တြင္ ထားခဲ့စဥ္က ထြက္ေျပးသြားမည္ကိုလည္းစိုးထိတ္မိသလို မဟုတ္တ႐ုတ္ ႀကံစည္ေနမည္ကိုလည္း စိုးရိမ္ရေသးသည္ ။ ဒီေလာက္ ဥာဏ္နီဥာဏ္နက္မ်ားတဲ့ လူကို ေနာက္တြင္ထားခဲ့ရသည္မွာ  သူ႕အတြက္ ေနာက္ေက်ာမလံုေစဘူးေလ..... ။

သူ႔ လုပ္ရပ္မ်ားေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားက ထည္ဝါလင္းရိွန္ အေပၚ ဘယ္လိုဆက္ဆံၾကမလဲ ဘယ္လို သေဘာထားၾကမလဲ သူ စိတ္မ၀င္စားပါ ။ လူဆိုတာ ဂုဏ္သိကၡာနဲ႔ မာနတရားကို နင္းေခ်ခံရတာေလာက္ ခံျပင္းလြန္းစရာ မရိွဘူးပဲမလား... ။ သူ႕အေတြးထဲမွာ ထည္ဝါလင္းရိွန္၏ အ႐ိုးေရာအသားပါ မက်န္ တစစီစုတ္ၿဖဲပစ္ကာ အေသြးအသားမ်ားပါ ၀ါးၿမိဳပစ္ႏိုင္ရန္မွာ သူ႕ ရည္မွန္းခ်က္ တစ္ခုသာ ျဖစ္သည္ ။

မီဒီယာမ်ားျဖင့္ သတင္းစာရွင္းလင္းပြဲပင္ လုပ္ရန္မလိုပါ ။ ဥကၠဌေဟာင္းသည္ ဥကၠဌအသစ္ကေလး၏ လက္ေထာက္ လက္ေအာက္ငယ္သား အလုပ္သမားဘ၀ ေရာက္ရိွသြားသည္ဆိုသည္ႏွင့္ လူေတြရဲ႕ စိတ္ပ်က္ဖြယ္ေကာင္းေသာအာ႐ံုအစံုတို႔သည္ ႐ံႈးနိမ့္သူ ထည္ဝါလင္းရိွန္ ဆီသို႔ အလိုအေလ်ာက္ပစ္ခြင္းသြားမည့္ အဆိပ္လူးျမႇားအစင္းတရာထက္ သာလြန္ေနေပဦးမည္.... ။

သူငယ္ခ်င္း၏ သတင္းမ်ားကို နားစြင့္ေနရင္း ႐ိုင္နာ ေနမထိ ထိုင္မသာကို ျဖစ္ရ၏ ။

ဘာတဲ့... ။ ထည္ဝါလင္းရိွန္ လူသတ္သမား ေဂးေကာင္ က သူ႕အျပစ္ေတြကို ေဆးေၾကာခ်င္လို႔ ေတာ္၀င္မင္းခက္ထန္ ရဲ႕ လက္ေထာက္အျဖစ္ သူ႕ဘ၀ကို ျမႇဳပ္ႏွံေပးခဲ့တယ္ ဆိုပဲ... ။

ေပါေပါပဲပဲ သတင္းအစုတ္အျပတ္ေတြကို ႐ိုင္နာ့ကို ေခါင္းကိုက္ေစသည္ ။

သူ ပံုေရးကို ဒီအေၾကာင္းေျပာျပဖို႔ လိုက္ရွာေတာ့သည္.. ။ အခုခ်ိန္ေလာက္ဆို ပံုေရးက ဘိန္းခင္းႀကီးထဲ ေရာက္ေနေလာက္ျပီ ။ ပံုေရး တစ္ေကာင္ ဆိုသည္မွာလည္း ဘိန္းခင္းထဲ ေရာက္ေနရလွ်င္ တေမ့တေမာ ဘာကို ေငးလို႔ ေငးမွန္းမသိ.... ေသသြားတဲ့ လင္ကိုေမွ်ာ္ေနတဲ့ မုဆိုးမ လို ပင္။ ေလတိုက္ခံရလို႔ မ်က္လံုးစပ္ၿပီးမ်က္ရည္၀ဲလာသည္ကိုေတာင္ သူက မမႈ.... ကုလားကား ထဲက မင္းသမီးလို ေလတျဖဴးျဖဴး၏ အထိအေတြ႕မွာ တလြင့္လြင့္ ေနခ်င္ေနပံုရသည္ ။

႐ိုင္နာသည္ သူတို႔ႏွစ္ဦး၏ အိပ္ေဆာင္တဲေလးဆီမွ
ေျခလွမ္းႀကီးႀကီးတို႔ျဖင့္ ေျပးဆင္းကာ တေမွ်ာ္တေခၚေ၀းလွေသာ ဘိန္းခင္းႀကီးဘက္သို႔
မ်က္ေမွာင္ၾကဳတ္လ်က္ ၾကည့္လိုက္သည္။ ေနပူပူ၏ အလင္းရိွန္ေၾကာင့္ မ်က္လံုးကို လက္ျဖင့္ ကာထားေသး၏ ။ တေရြ႕ေရြ႕ နီးကပ္လာေသာ လူပံုသဏၭာန္ တစ္ခုကို သူ ေတြ႕သည္ ။ လူတစ္ေယာက္သည္ ေက်ာပိုးအိတ္ခပ္ႀကီးႀကီးက တဖက္ ၊ လက္ကိုင္အိတ္ထုတ္ က တဖက္ျဖင့္ သူရိွရာဆီသို႔ တေရြ႕ေရြ႕ ေလွ်ာက္လွမ္းလာသည္။

အလုပ္သမား အသစ္မ်ားလားဟု ေတြးမိလိုက္ေသးသည္ ။ မၾကာမီ ပိန္ပါးပါး သြယ္လ်လ် ေယာက်္ားတစ္ေယာက္သည္ သူ႕ေရွ႕တြင္ ရပ္လိုက္ကာ လက္ထဲမွ အိတ္ကို ေဘးတြင္ ပစ္ခ်လိုက္၏ ။ သူ႕ပံုစံမွာ လြန္စြာ ႏြမ္းနယ္ေနသည့္ပံုျဖင့္... ။

ထိူလူသည္ ေနကာမ်က္မွန္ကို ခြၽတ္ကာ ႐ိုင္နာ့ကို ၾကည့္လ်က္ သူ႕မ်က္လံုးမ်ားက ႐ိုင္နာ့ တကိုယ္လံုးအေပၚတြင္ စုန္ခ်ီဆန္ခ်ီ ေျပးလႊားေနေလသည္ ။ သူ၏ ပါးလွပ္ေသာ ႏႈတ္ခမ္းပါးေလးကပင္ အၿပံဳးခ်ဳိခ်္ိဳေလးတစ္ခုကို ဖန္ဆင္းလို႔ထား၏ ။ ထူထဲေသာ မ်က္ခံုးေမႊးေအာက္မွ မ်က္လံုးနက္မ်ားက ၾကည္လင္ရႊင္ပ်ေနသည့္ပံုေၾကာင့္ သူ႕ထက္ အသက္ထက္၀က္ေလာက္ ငယ္ေနသည့္ပံုေပၚသည္ ။ ႐ုတ္တရက္ၾကည့္မိလွ်င္ ေခြးသူေတာင္းစား ခက္ထန္ နဲ႔ေတာင္ ႐ုပ္ခ်င္းဆင္သလို ရိွလွေသာ္လည္း ခက္ထန္ မ်က္ႏွာက ပို၍ ေမာက္မာ႐ိုင္းစိုင္းေသာ အသြင္သို႔ေဆာင္၏ ။

လူငယ္သည္ ႐ိုင္နာ့အား အၿပံဳးခ်ဳိခ်ဳိေလးျဖင့္ ႏွစ္လိုဖြယ္ေကာင္းစြာ ၿပံဳးျပလာ၏ ။

႐ိုင္နာ ေလွကားေအာက္ဆံုးဆင့္ထိ ဆင္းကာ
လူငယ္ေရွ႕တြင္ မတ္တပ္ရပ္လိုက္သည္ ။ သူ႕ထက္ ေခါင္းတစ္လံုးစာ ပိုျမင့္ေနေသာ အရပ္အေမာင္းေၾကာင့္ မသိမသာ ေမာ့ၾကည့္ၿပီး ...

" ဘယ္သူလဲ မသိဘူး ?"

ဟု ေမးလိုက္သည္ ။ သူ႕စိတ္ထဲတြင္ ထိုလူငယ္၏ မ်က္ႏွာကို ေတြ႕ဖူးသလိုရိွလာသည္ ။ သို႔ေသာ္ သူ စဥ္းစားမရ.... ။

" အကို ခက္ထန္ လႊတ္လိုက္တာပါ... ဒီက... ဂ်င္႐ိုင္နာ?  "

႐ိုင္နာ့ ေခါင္းတစ္ခုလံုး ပတ္ခ်ာလည္သြား၏ ။ ဒီအသံကို ၾကားလိုက္သည္ႏွင့္ သူ႕ခႏၶာကိုယ္က ေသြးေတြ ေျပာင္းျပန္ စီးလာသလို .... ခႏၶာကိုယ္ရိွ နာက်င္ စပ္ျဖင္းမႈအရသာ ကို တပါတည္း ခံစားလာရသည္ ။

ဂ်င္႐ိုင္နာ..... ဂ်င္႐ိုင္နာ..... ဂ်င္႐ိုင္နာ....

သူ႕တသက္ ေမ့မရတဲ့ အသံတစ္ခု.. ။

႐ိုင္နာသည္ ေရွ႕မွ လူ၏ အက်ႌေကာ္လံကို ဆြဲကိုင္ထားလိုက္သည္ ။ စူးရဲရဲ မ်က္လံုးမ်ားက
ကိုက္သတ္စားပစ္ေတာ့မည့္ သားရဲတစ္ေကာင္လို...

ေကာ္လံကို ဆြဲကိုင္ထားေသာ သူ႕လက္မ်ားက အေၾကာအၿပိဳင္းၿပိဳင္းထကာ ေသြးေၾကာမ်ားပင္ေပါက္ထြက္သြားေတာ့မည္ ။

အံတင္းတင္းႀကိတ္လ်က္ သြားၾကားထဲက အသံျဖင့္ေျပာလိုက္၏ ။

" မင္းပဲ... ငါ -ိုးမသား... ငါ့ကို လုပ္သြားတာ မင္း မလား... ေအာက္တန္းစား မုဒိန္းေကာင္!!"

သူကသာ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ေနလို႔ ေခါင္းထဲကပင္ မီးခိုးမ်ား ထြက္လာေတာ့မယ္ ။ တဖက္လူက ၿပံဳးစိစိ အလြန္ေက်နပ္ေနဟန္ မ်က္ႏွာထားျဖင့္ သူ႕ေကာ္လံေပၚက ႐ိုင္နာ့လက္မ်ားကို ပြတ္သပ္လ်က္ က်န္လက္တဖက္က ႐ိုင္နာ့ တင္ပါးကို ညႇစ္ကိုင္ထားေလသည္ ။

" ေခြးမသား... ငါ့ကို လႊတ္စမ္း "

႐ိုင္နာ ႐ုန္းမည္ကို သိထားႏွင့္ေသာေၾကာင့္ မိႈင္း သည္ အတင္းဆြဲခ်ဳပ္ကာ ႐ိုင္နာ၏ အေရွ႕ရပ္၀န္းမွ ေပါက္စေလးကို ထပ္ညႇစ္ထားျပန္၏ ။ ေအာင့္သက္သြားေသာ ခံစားခ်က္ျဖင့္ ႐ိုင္နာ မ်က္ရည္မ်ားပင္ ရစ္၀ိုင္းလို႔လာ၏ ။ ႐ုန္းကန္ေနျခင္းကိုေတာ့ သူ ခဏ ရပ္ထားလိုက္သည္ ။

"ေအာ္ခ်င္ေအာ္လိုက္ေလ... ဗလႀကီးနဲ႔ ကြၽန္ေတာ္က ဒီက ဗလမရွိ ေသးေသးသြယ္သြယ္ ေကာင္ေလးတစ္ေယာက္ တက္ခ်သြားတာ ခံလိုက္ရပါတယ္ လို႔.... ဒီ ဘိန္းခင္းႀကီးမွာ ရိွသမွ်လူေတြ သိသြားေအာင္ ေအာ္ေျပာလိုက္... ကြၽန္ေတာ္လည္း ဂုဏ္ဆာခ်င္လြန္းလို႔ပါ... "

ပူးကပ္ေနေသာ ခႏၶာကိုယ္ႏွစ္ခုၾကားတြင္ ႐ိုင္နာ အသက္႐ႈသံခပ္ျပင္းျပင္းျဖင့္ ၿငိမ္သက္သြားေတာ့သည္ ။ သူ ့ရဲ့ အထိမခံ ညီငယ္မွာ ပုဆိုးေပၚသို႔ပင္ ေပါက္ထြက္မတတ္ ေထာင္မတ္လာေသာေၾကာင့္ပင္ ။

သူ တကယ္ကို ေနာင္တရမိသည္ ။ ပံုေရးက ဒါေတြမ်ား ႀကိဳသိေနလို႔ သူ႕ကို အတြင္းခံ၀တ္ဖို႔ အၿမဲ သတိေပးခဲ့သလား ဟုေတာင္ ထင္လာမိသည္ ။

ပုဆိုးအေပ်ာ့သားေလး ေပါက္ထြက္မသြားခင္ သူ မိႈင္း၏ နားရြက္ကို ကိုက္ခ်ပစ္လိုက္သည္ ။

မိႈင္း နားရြက္နာသြား၍ ေယာင္ရမ္းကာ လႊတ္ေပးလိုက္ေသာအခါမွ ႐ိုင္နာ၏ လက္သီးၾကမ္းႀကီးတစ္လံုးသည္ မိႈင္း၏ မ်က္ႏွာ ၊ ၿပီးေနာက္ ၀မ္းဗိုက္သို႔ ပစ္ခြင္းၿပီးေသာအခါမွ ႐ိုင္နာ တဲအေနာက္ဘက္ အိမ္သာရိွေသာ ေနရာသို႔ တခ်ဳိးတည္း ေျပးေတာ့သည္ ။

ေျမႀကီးေပၚ ဗိုက္ကို ဖိကာ လဲက်သြားေသာ မိႈင္းသည္လည္း နာက်င္သြားေသာ မ်က္ႏွာကို ထိကိုင္လ်က္ ကြတကြတ ေျပးထြက္သြားေသာ
႐ိုင္နာ့ ေက်ာျပင္ကို ၾကည့္ကာ သြားျဖဴျဖဴေလးမ်ား စီတန္းေပၚထြက္လာသည္အထိ ရယ္မိသြားသည္ ။

အဲ့ဒီေန႔က ပူျပင္းေသာ ေနလံုးႂကီး တစ္လံုး ရိွတယ္ ။
ေနလံုးပူပူရဲ့ ေအာက္မွာ
အိမ္သာရိွသည့္ေနရာကို ခုန္ေပါက္ေျပးလႊားေနေသာ လူတစ္ေယာက္ရယ္.... ။ ေျမႀကီးေပၚ ေျခပစ္လက္ပစ္ထိုင္ကာ ခြက္ထိုးခြက္လန္ ရယ္ေနေသာ ေကာင္ေလးတစ္ေယာက္ရယ္... သူတို႔ႏွစ္ဦးကို အေ၀းမွ ၾကည့္ရင္း ေခါင္းကုတ္ေနေသာ အူတူတူ ပံုစံျဖင့္ လူတစ္ေယာက္ရယ္.... ။

ေနာက္တေန႔ ဒီအျဖစ္အပ်က္ကို ပံုေရးက ေမးလာတဲ့အခါ ႐ိုင္နာ က ျပန္ အေျဖမေပးဘဲ ပံုေရးေခါင္းကို ေရခြက္ႀကီးႀကီးျဖင့္ ေခါက္လိုက္ေလေတာ့တယ္ ။

-------------------

စီးကရက္တိုေလးမွ ပ်ံ႕လြင့္လာေသာ မႊန္ထူထူအနံ႔ေထာင္းေထာင္းက မဟာေနေသြး၏ ႏွာေခါင္း၀တည့္တည့္ သို့ အျမင္ကတ္ဖြယ္ေကာင္းစြာတိုးေ၀ွ႔လာ၏ ။ မဟာေနေသြး စိတ္႐ႈပ္စြာ လက္ျဖင့္ ခါထုတ္လိုက္သည္ ။

ထည္ဝါလင္းရိွန္က ေဆးလိပ္ေငြ႕ေတြကို အမုန္းဆံုးပဲမို႔ သူပါ ေရာေယာင္ကာ ေဆးလိပ္ေငြ႕ကိုမုန္းသည္ ။ အေငြ႕တန္းမ်ားကို သူ႕ဘက္သို႔ တမင္တကာ မႈတ္ထုတ္ေနသည့္သူကို သူ ပိုမုန္းသည္ ။

ခက္ထန္သည္ ေဆးလိပ္တိုေလးကို ျပာခြက္ေပၚသို႔ထိုးေခ်ရင္း သူ႕ေရွ႕မွ လူႏွစ္ေယာက္ကို အကဲခတ္လိုက္သည္ ။

တစ္ေယာက္က စီးပြားေရးကိုယ္က်ဳိး... ေနာက္တစ္ေယာက္က တဏွာထခ်င္ေနတဲ့ ကိုယ္က်ဳိး... ။ ထည္ဝါလင္းရိွန္ကို အခန္းထဲ ေသာ့ပိတ္ထားခဲ့လိုက္တာ သိပ္မွန္သြားတာပဲ ဟု ခက္ထန္ ေတြးလိုက္မိရင္း ပါးခ်ဳိင့္တဖက္ ေရးေရးေလးေပၚေအာင္ ၿပံဳးလိုက္မိသည္ ။

" လာရင္းကိစၥေလး ဆိုၾကပါဦး... က်ဳပ္ အခ်ိန္သိပ္မရလို႔... "

သူကပဲ စကား လမ္းေၾကာင္း တည္ေဆာက္ေပးလိုက္သည္ ။ ေခါင္းျပဳတ္မတတ္ လည္ထြက္ေနတဲ့ မဟာေနေသြးကို သူ ျမန္ျမန္ကိုေမာင္းထုတ္ခ်င္ေနၿပီ ။

"ေမာင္ရင့္ အခ်ိန္ေတြ ျဖဳန္းမိေနသလို ျဖစ္ကုန္တာပဲ... ။ စိတ္မရိွဘူးမလား? "

ဦးစိုင္းထန္ အခ်ိန္ဆြဲေနသည္မွာ သိသာေပၚလြင္လြန္းေနသည္ ။ သူ႕သား လိုခ်င္ေနသည္ ့ ထည္ဝါလင္းရိိွန္ ဆိုတဲ့ အ႐ုပ္ကေလးကို အိမ္တိုင္ရာေရာက္ လာေရာက္ၾကည့္႐ႈေနသည့္ သေဘာေပလား။

ခက္ထန္ ေမးေၾကာမ်ားပင္ တင္းကာလာေတာ့၏။

" လာရင္းကိစၥကဘာလဲ? "

သူ႕ေလသံတို႔ မာထန္ေနသည္ကို သားအဖႏွစ္ေယာက္လံုး သတိထားမိပံုေပၚသည္။ မသာမယာ မ်က္ႏွာထားမ်ားျဖင့္ ခက္ထန္ ဆီသို႔ အာ႐ံုမ်ား ေပးပို႔လာၾကသည္ ။.

"ကိုးလ္ ကို ေတြ႕ခ်င္တာလည္း ပါတာေပါ့...  အလုပ္ကိစၥေလးေတြလည္း ေမာင္ရင္နဲ႔ ေဆြးေႏြးခ်င္တာ... "

" ခက္ထန္က အခုတေလာ အလုပ္ေတြ မ်ားေနေတာ့... ဘယ္လိုလုပ္ရပါ့မလဲ မာစတာ... "

ခက္ထန္ ႏွင့္တကြ မ်က္လံုး ေျခာက္လံုးတို႔သည္
သူတို႔အနီးသို႔ ေလွ်ာက္လွမ္းလာေသာ ျဖဴသြယ္သြယ္သဏၭာန္ေလးေပၚသို႔ ၀ါးစားမတတ္က်ေရာက္လာၾကသည္ ။ ထည္ဝါလင္းရိွန္ သည္ ခက္ထန္အနားတြင္ ၀င္ထိုင္လိုက္ကာ ေလးကိုင္းပံုႏႈတ္ခမ္းတို႔တြင္ေတာ့ အၿပံဳးတုတို႔ကို ခ်ိတ္ဆြဲထားၿမဲျဖစ္၏ ။

သူ ဒီလူ႕ကို တံခါးပိတ္ထားခဲ့တာကို ဘယ္အေပါက္ကထြက္လာသလဲဟု ခက္ထန္ အေတြးထဲ ေယာက္ယက္ခတ္ေန၏ ။

ခက္ထန္ အေတြးမ်ားေနခ်ိန္တြင္ ထည္ဝါလင္းရိွန္မွာ
ဦးစိုင္းထန္ ႏွင့္ ပြဲက်လ်က္ရိွ၏ ။ ဒီလူက သူ႕ကို ေဒါသထြက္ၿပီး ေသေအာင္မ်ား သတ္ေနတာလား။

ခက္ထန္ သိပ္ စိတ္မရွည္ေတာ့ၿပီ ။ ထည္ဝါလင္းရိွန္၏ ခႏၶာကိုယ္ ေပါက္ထြက္သြားေတာ့မည့္အတိုင္း စိုက္ၾကည့္ေနသည့္ မဟာေနေသြး မ်က္လံုးထဲ သူ ခုဏကမွ ၿငိႇမ္းသတ္ထားတဲ့ ေဆးလိပ္မီးစႀကီး ထိုးထည့္ပစ္လိုက္ခ်င္ေတာ့သည္ ။

ခက္ထန္ ေဒါသထြက္ကာ သူ႕အနားမွ သူ၏ လက္ေမာင္းကို ဆြဲကိုင္ပစ္လိုက္၏ ။ ၿပီးေနာက္ ႏွစ္ဦးသာ ၾကားႏိုင္ေလာက္မည့္အသံျဖင့္ ကပ္ေျပာသည္ ။

" လင္ငယ္လာလို႔ မေနႏိုင္မထိုင္ႏိုင္ ဆင္းလာတယ္ေပါ့... က်ဴပ္ကို ဆန္႔က်င္ရဲတယ္လား... ထည္ဝါလင္းရိွန္!  ခင္ဗ်ား ဘယ္ေလာက္ေတာင္ ရြံစရာေကာင္းေနၿပီလဲ သိရဲ႕လား... "

သူ႕မ်က္လံုးမ်ားကို စိုက္ၾကည့္လာေသာ မ်က္လံုးရွည္တို႔ထဲတြင္ သိမ္ငယ္၀မ္းနည္းျခင္းတခ်ဳိ႕ ျဖတ္ေျပးသြားသည္ ။ ခက္ထန္ မ်က္ေမွာင္ၾကဳတ္လိုက္၏ ။ ဒီမ်က္လံုးေတြထဲက အရိပ္မဲကို သူ ဆက္ၿပီး စိုက္မၾကည့္ႏိုင္ေတာ့ဘူး ။

သူ အ႐ံႈးေပးလိုက္ရတာမ်ားလား ။ သူ က အရင္ အၾကည့္လႊဲလိုက္ရ၏ ။ ဒီလူ႕ မ်က္၀န္းေတြထဲက ဘာမွန္းမသိတဲ့အရာက သူ႕ရင္ေခါင္းကို ဆြဲညႇစ္ခံလိုက္ရသလို တင္းၾကပ္စို႔နစ္သြားေစသည္။

" ခက္ထန္ တာ၀န္ယူဖို႔ မလိုတဲ့ အပိုင္းေတြဆို ကြၽန္ေတာ္နဲ႔ပဲ လႊဲထားတာ မာစတာ... ။ မာစတာလိုခ်င္တဲ့ 'ကီတမင္း ' ေတြကိုေတာ့ ကြၽန္ေတာ္ပဲ စီစဥ္ေပးပါ့မယ္ ။ ကြၽန္ေတာ္ နဲ႔ပဲ အရင္ကလိုေပါ့ ဗ်ာ... မာစတာ စိတ္မပ်က္ေစရပါဘူး... ။ "

ၾကည္လင္ျပတ္သားေသာ အသံလြင္လြင္ေလးသည္
သူတို႔ ၾကားထဲ ျပတ္သားစြာ ထြက္ေပၚေနေတာ့သည္။
ဦးစိုင္းထန္ ၿပံဳးလ်က္ ထည္ဝါလင္းရိွန္စကားကို လက္ခံေပးခဲ့သည္ ။ မဟာေနေသြး တစ္ေယာက္မွာျဖင့္ မရႏိုင္သည့္ အ႐ုပ္ကေလးကိုမွ မရမက လိုခ်င္ေနရွာသည့္ ကေလးတစ္ေယာက္လို သေရက်မတတ္ ေငးေန႐ံုေလာက္သာ တတ္ႏိုင္ခဲ့၏.... ။ ထိုအ႐ုပ္ကေလးက သူ႕ဘက္ ေခါင္းေလးတစ္ခ်က္ေလာက္ ေစာင္းလာခဲ့ရင္ေတာင္ ေက်နပ္ေနမိဦးမွာပင္ ။

ခက္ထန္ သည္ ထည္ဝါလင္းရိွန္ကို လ်စ္လ်ဴ႐ႈကာ ဦးစိုင္းထန္ဘက္သို႔လွည့္၍...

" ကြၽန္ေတာ့္ အခ်ိန္ေတြ ခင္ဗ်ားတို႔အတြက္ ေပးႏိုင္ပါတယ္.... က်န္တာ..."

" ငါပဲ စီစဥ္လိုက္မယ္ ခက္ထန္!  မင္းက ဒီေလာက္အလုပ္မ်ားေနတာ... ငါ ပဲ လုပ္လိုက္မယ္"

သူ႕စကား မၿပီးဆံုးေသးခင္ ျဖတ္ေျပာခံလိုက္ရ၍ထင္၏ာ။ ခက္ထန္ မ်က္လံုး၀ိုင္းႀကီး မွာ နီရဲလာလ်က္ရိွေတာ့၏ ။

အခု ဒီလူယုတ္မာက ေနာက္မီးလင္းခ်င္ေနတာလား.... ဒါေၾကာင့္ မဟာေနေသြး တို႔သားအဖ နဲ႔ သူကပဲ အလုပ္တူတူတြဲလုပ္ခ်င္ေနတာေပါ့ ။ သူ႕ လင္ငယ္နဲ႔ နီးစပ္ဖို႔ေလ.... ။

စကားေျပာဆိုၿပီးၾကသည့္အခါ ဦးစိုင္းထန္တို႔သားအဖသည္ ခက္ထန္တို႔ႏွစ္ဦးကို ႏႈတ္ဆက္၍ ေရွ႕ေလွ်ာက္အလုပ္မ်ားစြာ တြဲလုပ္ခ်င္သည့္အေၾကာင္း ၊ သူ႕သား မဟာေနေသြးကိုလည္း သူ႕လိုပင္ ယံုၾကည္လက္ခံေပးဖို႔အေၾကာင္း စကားလမ္းေၾကာင္း ေဖာက္သြားေသး၏။ လာမည့္ ေသာၾကာေန႔ ထည္ဝါလင္းရိွန္ႏွင့္ အေသးစိတ္အေၾကာင္းအရာမ်ားအေၾကာင္း  ေတြ႕ဆံုေဆြးေႏြးခ်င္သည္ဟုလည္း ဖိတ္ေခၚသြားျပန္သည္ ။

"ခင္ဗ်ားႀကီး ေတာ္ေတာ္မွ အဆင္ေျပရဲ႕လား။ ထည္ဝါလင္းရိွန္!  ခင္ဗ်ား ကို ကိုယ္ပိုင္ဆံုးျဖတ္ႏိုင္ခြင့္ေတြမ်ား က်ဳပ္က ေပးလိုက္မိလို႔လား "

" မင္းပဲ ငါ့ကို မင္းလက္ေထာက္ လုပ္ရမယ္လို႔ ေျပာထားတာေလ... ငါ အခု လက္ေထာက္ အလုပ္ကို လုပ္လိုက္တာ ... ဒါကိုလည္း မင္းက မေက်နပ္ျပန္ဘူးလား "

" က်ဳပ္ခိုင္းတာပဲ လုပ္ရမွာ... ခင္ဗ်ား က်ဳပ္ခိုင္းတာပဲ လုပ္ရမွာ ေခြးမသားရဲ့ "

ခက္ထန္ ေအာ္ဟစ္ေနျပန္၏ ။ သူ႕ေဒါသေတြက
သူ႕တကိုယ္လံုးကို ေလာင္ကြၽမ္းပစ္႐ံုမကလို့ သူ႕ေရွ႕မွ လူကိုပါ ျပာက်သြားေတာ့မတတ္....

" ငါ့ကို ဆဲျပန္ၿပီလား ... ေျမၿမိဳမဲ့ေကာင္!... ငါ မင္းအလုပ္ကို ၀ိုင္းကူေပးတယ္လို႔ သေဘာထားလည္းရတာပဲေလ "

" တျခား အလုပ္ကိုပဲ ၀ိုင္းကူရမွာ... ခင္ဗ်ား ဒီကိစၥကို အသည္းအသန္ျဖစ္ေနတာ ခင္ဗ်ား လင္ငယ္ေကာင္ေၾကာင့္မလား? "

" မဟာေနေသြးက ငါ့လင္ငယ္ဆိုေတာ့ မင္းက ငါ့လင္ႀကီးေပါ့... အဲ့လိုေျပာခ်င္တာလား....

ထည္ဝါလင္းရိွန္သည္ ရီေ၀ေ၀ မ်က္လံုးေတာက္ေတာက္တို႔ျဖင့္ ခက္ထန္အနားသို့ တိုးကပ္သြားကာ ခက္ထန္ ရင္အုပ္က်ယ္က်ယ္ေပၚသို႔ သူ႕လက္ေခ်ာင္းရွည္ေလးမ်ား လႈပ္ရွားသြားလာလ်က္ျပဳလိုက္သည္ ။

ေၾကာင္အစြာ ၾကည့္ေနေသာ ခက္ထန္ မ်က္လံုး၀ိုင္းႀကီးမ်ားကို တည့္တည့္ၾကည့္လ်က္ ေမးလာ၏ ။
သူ႕စကားကို ၾကားတဲ့အခါ
ခက္ထန္ မ်က္လံုးတို႔ ျပဴးက်ယ္သြားေတာ့သည္။ သူ႕နားသူပင္ မယံုၾကည္ႏိုင္စြာ သူ႕နားႏွစ္ဖက္ေဘးတြင္ ယင္ေကာင္မ်ား တ၀ီွ၀ီွ ပ်ံသန္းေနသလား ။ ျပင္ပေလထုကမ်ား သူ႕နားထဲ၀င္လိုက္ထြက္လိုက္ လုပ္ေနသလား သူ ေ၀ဖန္ခြဲျခားႏိုင္စြမ္းေတာင္ ကင္းမဲ့သြားေတာ့၏ ။ သူ႕ေရွ႕က ဒီလို အရွက္မရိွတဲ့ လူက သူ႕ကို ေျပာလိုက္တယ္.... ။

" သ၀န္တိုေနတာလား......  ေယာက်္ား.... "

တဲ့...... ။

အပ္ပုဒိတ္ ကို ၂ရက္ျခားတခါ မွန္မွန္ေလး တင္ေပးသြားပါ့မယ္ေနာ္ ခ်စ္တယ္ 😍😍

Unicode version

ပြဿနာတက်ခဲ့ကြသည့်နေ့က စလို့ တစ်ယောက်ကိုတစ်ယောက် စကား စ, မပြောခဲ့ကြသလို နေ့ရက်တိုင်းကို အေးစက်သောလေထုများအကြား၌သာ ဖြတ်သန်းကြသည် ။

လုပ်ငန်းပေါင်းများစွာကို ချုပ်ကိုင်ထားရသော တော်ဝင်လုပ်ငန်းစုကြီးကို ဦးစီးရသည်မှာ လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်မှန်း အခုမှ ခက်ထန်နားလည်လာခဲ့သည် ။

ထည်ဝါလင်းရှိန် တုန်းက ပေါ့ပါးစွာ စည်းစိမ်ခံစားရင်းဖြတ်သန်းခဲ့သည်ဟု ထင်မြင်ခဲ့သော အတွေးများက တစတစ လွင့်ပြယ်လာတော့သည် ။

သူ့စိတ်ထဲ ဒီလူ့ကို အထင်ကြီးချင်သောစိတ်ကို မနည်း ထိန်းချုပ်ထားရသည် ။

သူ ဒီလူနဲ့ စကားအများကြီး မပြောဖြစ်တော့တာ သူ့အသက် ၈နှစ် ။ ခွေးရိုက်နွားရိုက် အရိုက်ခံခဲ့ရတဲ့ အချိန်ကတည်းက ဖြစ်သည်။ ဒီလို လူယုတ်မာမျိုးက သူ ကိုယ်တိုင် ရိုက်ခဲ့သည်တောင်မဟုတ် သူ့ သူငယ်ချင်း ပုံရေး ကို လက်လွှဲပေးကာ သေမတတ် ရိုက်ခိုင်းခဲ့သည်။ သူတို့ကြောင့် ဆေးရုံတက်ခဲ့ရတဲ့အချိန်မှာတောင် တစ်ချက် လာကြည့်မပေးခဲ့ဘူး ။

ဒီအကြောင်းတွေ ခေါင်းထဲ ရောက်လာလေ သူ့နှလုံးသားမှာ စိုက်ဝင်နေတဲ့ ဆူးက ပိုမို နာကျင်စေရန် လှုပ်ခါကာ နှဲ့နေသလိုတောင် ခံစားလာမိသည် ။

" ငါ့ ကတ်ကို ဘာလို့ ပိတ်လိုက်တာလဲ ခက်ထန်! ပြန်ဖွင့်ပေး "

သူ့ နောက်က စိတ်ရှုပ်စွာ ထွက်ပေါ်လာသောအသံကြောင့် နောက်သို့လှည့်လိုက်သည် ။ ထည်ဝါလင်းရှိန်သည် မုန့်ဖိုးအဖြတ်ခံလိုက်ရ၍ မိဘဆီ ဆူပုပ်ပုပ်ဖြင့် လာဂျီကျနေသော ကလေးတစ်ယောက်ပုံကို ဖမ်းထားသည် ။

သူ သေချာစွာ ကြည့်ပြီးနောက်တွင် ဟွန့် ခနဲ နှာမှုတ်ကာ ပါးချိုင့်လေးပေါ်အောင် မဲ့ပြုံးလေးပြုံးပြလိုက်၏ ။

" သုံးစရာ ရှိလို့လား?  "

" ဟ... သုံးစရာ ရှိ ရှိ မရှိရှိ မင်း ငါ့ကတ်ကို ပိတ်စရာလိုလို့လား "

" သုံးစရာလိုရင် လာတောင်းလေကျုပ်ခြေထောက်နားကို ခွေးမ‌ေလးလို ဒူးလေးထောက်ပြီး လာခဲ့၊ ပါပီလေးလို ကပ်ချွဲနိုင်ရင် ပိုက်ဆံထုတ်ပေးမှာပေါ့ "

" မင်း ငယ်ငယ်တုန်းက မုန့်ဖိုးလိုရင် ငါ အဲ့လို လုပ်ခဲ့မိလို့လား အဲဒါကြောင့် ငါ့အပေါ် အခုလိုတွေ လုပ်နေတာလား?  "

သူ့နှလုံးသားလေး နာကျင်သွားရသည် ။ ခက်ထန်ကတော့ သူ့အမေးကို ပြန်၍မဖြေ ။ ခက်ထန်ဟာ သူ့အပေါ် သွေးအေးစွာ ရက်စက်လွန်းသည် ။ အိမ်၏ ငွေကြေးကိစ္စများကိုလည်း သူ တစ်ယောက်တည်း စီမံသည် ။ နဂို ရှိနေပြီးသား ကတ် ကို ပိတ်လိုက်သည့်အပြင် ခွေးမ တစ်ကောင်ပုံစံကိုပါ မြင်ချင်သေးပုံပေါ်သည် ။

ခက်ထန် သည် အတော်ပင် ရင့်သီးလွန်းလှသည် ။

သူ စကားဆက်မပြောချင်တော့၍ ခက်ထန်ကို မျက်နှာလွှဲကာ ကျောပေးအိပ်ရန် ပြင်၏ ။ ဒီလောက် ရွံမုန်းနေရင်လည်း ဘာလို့ တစ်အိပ်ရာထဲ အိပ်နေသေးလဲ ဟု မေးပစ်လိုက်ချင်သည် ။ မေးလိုက်ခါမှ မောင်းထုတ်ပစ်လိုက်မည်ကိုလည်း ကြောက်သည် ။

ခဏအကြာတော့ ခက်ထန်ဘက်မှ သက်ပြင်းချသံနှင့်တကွ တည်ငြိမ်သော အသံလေးပေါ်ထွက်လာ၏။ သို့သော် ခက်ထန်စကားများက သူ့ကို ချောက်နက်ထဲသို့ မညှာမတာ ပစ်ချလိုက်သလိုမျိုးပဲ။

" အလုပ်ပြန်လာလုပ်ရမယ် ထည်ဝါလင်းရှိန်! ခင်ဗျား ကုမ္ပဏီထဲ ပြန်ဝင်ရမယ် ။ ကျုပ် လက်ထောက်အနေနဲ့... "

ခက်ထန်သည် ဒီဆုံးဖြတ်ချက်ကို ခိုင်မာစွာ ကျောက်ချထားသည်မှာ သူ့အသံကို ကြားရုံဖြင့် သိနိုင်သည်။
ခက်ထန် ဘယ်ခြေလှမ်း လှမ်းလိုက်သလဲ သိတဲ့အခါ နှလုံးသားလေးမှာ စပ်ဖျင်းဖျင်း ခံစားရလာပြန်၏ ။

" ခက်ထန်!  မင်း ငါ့ကို... "

မင်း ငါ့ကို ဘယ်လောက်တောင်များ လုပ်ရက်ရတာလဲ? ဒါပေမဲ့ စကားလုံးတွေက လေထုထဲမှာတင် ရပ်တန့်သွားခဲ့ရသည် ။ ဆက်ပြောဖို့ အင်အားတောင် ယုတ်လျော့ လာရလွန်းလို့...

ဒီနေရာမှာ လူတကာ လက်ညှိုးထိုးကဲ့ရဲ့အောင် လူယုတ်မာတစ်ယောက်အဖြစ် ဖန်တီးပြီးကာမှ ဒီနေရာကို ပြန် ခြေချခိုင်းတယ်ဆိုတော့ ခက်ထန်က မရက်စက်လွန်းဘူးလား။

လူမှုကွန်ရက်ပေါ်က ဝေဖန်ကဲ့ရဲ့မှုတွေကို မြင်ပြီးတာတောင် အရှက်ကင်းမဲ့စွာနဲ့ ဒီကုမ္ပဏီထဲ ဘယ်လို အားအင်မျိူးနဲ့ ပြန်ဝင်ရမတဲ့လဲ? တစ်ချိန်က ဥက္ကဌဟောင်းက အခုတော့ ဥက္ကဌအသစ်လေးရဲ့ လက်ထောက် ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက လူတွေ ပါးစပ်ဖျားမှာ ထင်ကြေးမျိုးစုံနဲ့တင် စုတ်ပြတ်သွားစေနိုင်တယ် ။

တချိန်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရှေ့၊ သူ့ကိုလေးစားခဲ့တဲ့ ဝန်ထမ်းပေါင်းများစွာရဲ့ ရှေ့မှာ သူများ မိသားစုကို ဖျက်ဆီးခဲ့တဲ့ လူသတ်သမား၊
အိမ်ထောင်ရှိ ယောကျ်ားနဲ့ ဖောက်ပြန်ခဲ့တဲ့ ဂေး အငယ်အနှောင်း တစ်ယောက်အဖြစ် ဘယ်လိုမျက်နှာမျို ဘယ်လို စိတ်ဓာတ်သန်မာမှုမျိုးနဲ့ ရပ်တည်ရမလဲ ? လူတွေက တခြားလူတစ်ယောက်ရဲ့ ကောင်းတဲ့အရာကိုသာ အလွယ်တကူ လက်မခံပေးနိုင်တာ ၊ မကောင်းတဲ့အရာဆို လွယ်လင့်တကူ ပစ်ယုံ ၊ လက်ခံပြီးမှ ကဲ့ရဲ့ဝေဖန်တတ်ကြတာပဲ မဟုတ်လား? ဒီလို စိတ်ပျက်စရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းကြီးမှာ သူ့ သိက္ခာကို ယုံကြည်ပေးတဲ့သူ တစ်ယောက်တစ်လေတောင် ကျန်ရှိပါဦးမလား ။

သူ ဒီ စွန့်စားခန်းကို နာနာကျင်ကျင်ကို ခေါင်းညိမ့်ပေးလိုက်တယ် ။

သူ ခက်ထန်နဲ့ ပြိုင်ငြင်းပြီး အိမ်ထဲ ပုန်းနေဖို့ စိတ်ကူးမိပေမဲ့ ဒါက ခက်ထန်ကို စိတ်ပျက်သွားစေနိုင်တယ် ။ ခက်ထန် အစီအစဉ်တွေကို နှောင့်နှေးသွားစေနိုင်တယ် ။ ဒီလိုအခြေအနေမျိုးထိတောင် အရောက်ခံပြီးသွားမှ ဒီကလေး ဆန္ဒတွေကို ငြင်းပယ်မပစ်ရက်နိုင်ပြန်ဘူး။

" မင်း သဘောအတိုင်းပဲ... ပျော်မယ်ထင်ရင် လုပ်သာလုပ် ခက်ထန်!  မင်း လုပ်ရပ်တိုင်းကိုတော့ မင်း ပျော်နိုင်ပါစေ ငါ ဆုတောင်းပေးနေမယ်  "

သူ နာနာကျင်ကျင် ပြုံးပြလိုက်ပြီးမှ ကျောပေးလျက် စောင်ကို ခေါင်းထိ လုံအောင် ဆွဲခြုံပစ်လိုက်သည်။

တချက်တချက် လှုပ်ခါသွားသော ထည်ဝါလင်းရှိန်ရဲ့ ကျောပြင်သွယ်သွယ်လေးကိုတော့ ခက်ထန်ဆိုတဲ့ကောင်လေး မမြင်ခဲ့ဘူး ။ ခက်ထန်ဟာ သူ့အစီအစဉ်တွေ လက်စားချေလိုမှုတွေ ကမ်းကုန်အောင် ဖျက်ဆီးပစ်လိုက်မှုတွေ ကြားမှာ သူ့နှလုံးသားလေး ချိုမြစွာ ပျော်နေရလွန်းလို့ပေါ့ ။

ခက်ထန် သည် ပုံရေးနှင့် ရိုင်နာ အား အနီးကပ်စောင့်ကြည့်ရန် မှိုင်း ကို ဖယ်ခုံ သို့ လွှတ်လိုက်သည် ။ အားအကိုးရဆုံး မှိုင်း အနားတွင်မရှိသော်လည်း သူ့အနားတွင် ထည်ဝါလင်းရှိန် ကျန်ရှိနေသေး၏ ။ ရန်သူကို အဝေးမှ စောင့်ကြည့်ခြင်းထက် အနားတွင် ထားခြင်းက ပို၍ လုံခြုံစိတ်ချရသည်ဆိုပဲ ။

ထည်ဝါလင်းရှိန် ကို သူ့လက်ထောက်အဖြစ်ထားရှိလိုက်ခြင်းအားဖြင့်
ဒီလူသည် သူ့မျက်စိအောက်မှ လွတ်မြောက်ရာလမ်းမရှိနိုင်တော့ပေ ။ တရားဝင်အလုပ်တစ်ခုစီမှာပဲ ဖြစ်ဖြစ် ၊ တရားမဝင်မှောင်ခိုအလုပ်တွင်ပဲ ဖြစ်ဖြစ် သူ ဘယ်နေရာသွားသွား ဘာလုပ်လုပ် ဒီလူက သူ့နောက်တကောက်ကောက် လိုက်နေရလိမ့်မည်။

အိမ်တွင် ထားခဲ့စဉ်က ထွက်ပြေးသွားမည်ကိုလည်းစိုးထိတ်မိသလို မဟုတ်တရုတ် ကြံစည်နေမည်ကိုလည်း စိုးရိမ်ရသေးသည် ။ ဒီလောက် ဉာဏ်နီဉာဏ်နက်များတဲ့ လူကို နောက်တွင်ထားခဲ့ရသည်မှာ  သူ့အတွက် နောက်ကျောမလုံစေဘူးလေ ။

သူ့ လုပ်ရပ်များကြောင့် လုပ်ဖော်ကိုင်ဖက်များက ထည်ဝါလင်းရှိန် အပေါ် ဘယ်လိုဆက်ဆံကြမလဲ ဘယ်လို သဘောထားကြမလဲ သူ စိတ်မဝင်စားပါ ။ လူဆိုတာ ဂုဏ်သိက္ခာနဲ့ မာနတရားကို နင်းချေခံရတာလောက် ခံပြင်းလွန်းစရာ မရှိဘူးပဲမလား ။ သူ့အတွေးထဲမှာ ထည်ဝါလင်းရှိန်၏ အရိုးရောအသားပါ မကျန် တစစီစုတ်ဖြဲပစ်ကာ အသွေးအသားများပါ ဝါးမြိုပစ်နိုင်ရန်မှာ သူ့ ရည်မှန်းချက် တစ်ခုသာ ဖြစ်သည် ။

မီဒီယာများဖြင့် သတင်းစာရှင်းလင်းပွဲပင် လုပ်ရန်မလိုပါ ။ ဥက္ကဌဟောင်းသည် ဥက္ကဌအသစ်ကလေး၏ လက်ထောက် လက်အောက်ငယ်သား အလုပ်သမားဘ၀ ရောက်ရှိသွားသည်ဆိုသည်နှင့် လူတွေရဲ့ စိတ်ပျက်ဖွယ်ကောင်းသောအာရုံအစုံတို့သည် ရှုံးနိမ့်သူ ထည်ဝါလင်းရှိန် ဆီသို့ အလိုအလျောက်ပစ်ခွင်းသွားမည့် အဆိပ်လူးမြှားအစင်းတစ်ရာထက် သာလွန်နေပေဦးမည်။

သူငယ်ချင်း၏ သတင်းများကို နားစွင့်နေရင်း ရိုင်နာ နေမထိ ထိုင်မသာကို ဖြစ်ရ၏ ။

ဘာတဲ့... ။ ထည်ဝါလင်းရှိန် လူသတ်သမား ဂေးကောင် က သူ့အပြစ်တွေကို ဆေးကြောချင်လို့ တော်ဝင်မင်းခက်ထန် ရဲ့ လက်ထောက်အဖြစ် သူ့ဘဝကို မြှုပ်နှံပေးခဲ့တယ် ဆိုပဲ... ။

ပေါပေါပဲပဲ သတင်းအစုတ်အပြတ်တွေက ရိုင်နာ့ကို ခေါင်းကိုက်စေသည် ။

သူ ပုံရေးကို ဒီအကြောင်းပြောပြဖို့ လိုက်ရှာတော့သည်။ အခုချိန်လောက်ဆို ပုံရေးက ဘိန်းခင်းကြီးထဲ ရောက်နေလောက်ပြီ ။ ပုံရေး တစ်ကောင် ဆိုသည်မှာလည်း ဘိန်းခင်းထဲ ရောက်နေရလျှင် တမေ့တမော ဘာကို ငေးလို့ ငေးမှန်းမသိ သေသွားတဲ့ လင်ကိုမျှော်နေတဲ့ မုဆိုးမ လို ပင်။ လေတိုက်ခံရလို့ မျက်လုံးစပ်ပြီးမျက်ရည်ဝဲလာသည်ကိုတောင် သူက မမှု၊ကုလားကား ထဲက မင်းသမီးလို လေတဖြူးဖြူး၏ အထိအတွေ့မှာ တလွင့်လွင့် နေချင်နေပုံရသည် ။

ရိုင်နာသည် သူတို့နှစ်ဦး၏ အိပ်ဆောင်တဲလေးဆီမှ
ခြေလှမ်းကြီးကြီးတို့ဖြင့် ပြေးဆင်းကာ တမျှော်တခေါ်ဝေးလှသော ဘိန်းခင်းကြီးဘက်သို့
မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ နေပူပူ၏ အလင်းရှိန်ကြောင့် မျက်လုံးကို လက်ဖြင့် ကာထားသေး၏ ။ တရွေ့ရွေ့ နီးကပ်လာသော လူပုံသဏ္ဌာန် တစ်ခုကို သူ တွေ့သည် ။ လူတစ်ယောက်သည် ကျောပိုးအိတ်ခပ်ကြီးကြီးက တစ်ဖက် ၊ လက်ကိုင်အိတ်ထုတ် က တစ်ဖက်ဖြင့် သူရှိရာဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းလာသည်။

အလုပ်သမား အသစ်များလားဟု တွေးမိလိုက်သေးသည် ။ မကြာမီ ပိန်ပါးပါး သွယ်လျလျ ယောကျ်ားတစ်ယောက်သည် သူ့ရှေ့တွင် ရပ်လိုက်ကာ လက်ထဲမှ အိတ်ကို ဘေးတွင် ပစ်ချလိုက်၏ ။ သူ့ပုံစံမှာ လွန်စွာ နွမ်းနယ်နေသည့်ပုံဖြင့်... ။

ထိူလူသည် နေကာမျက်မှန်ကို ချွတ်ကာ ရိုင်နာ့ကို ကြည့်လျက် သူ့မျက်လုံးများက ရိုင်နာ့ တကိုယ်လုံးအပေါ်တွင် စုန်ချီဆန်ချီ ပြေးလွှားနေလေသည် ။ သူ၏ ပါးလှပ်သော နှုတ်ခမ်းပါးလေးကပင် အပြုံးချိုချိုလေးတစ်ခုကို ဖန်ဆင်းလို့ထား၏ ။ ထူထဲသော မျက်ခုံးမွှေးအောက်မှ မျက်လုံးနက်များက ကြည်လင်ရွှင်ပျနေသည့်ပုံကြောင့် သူ့ထက် အသက်ထက်ဝက်လောက် ငယ်နေသည့်ပုံပေါ်သည် ။ ရုတ်တရက်ကြည့်မိလျှင် ခွေးသူတောင်းစား ခက်ထန် နဲ့တောင် ရုပ်ချင်းဆင်သလို ရှိလှသော်လည်း ခက်ထန် မျက်နှာက ပို၍ မောက်မာရိုင်းစိုင်းသော အသွင်သို့ဆောင်၏ ။

လူငယ်သည် ရိုင်နာ့အား အပြုံးချိုချိုလေးဖြင့် နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလာ၏ ။

ရိုင်နာ လှေကားအောက်ဆုံးအဆင့်ထိ ဆင်းကာ
လူငယ်ရှေ့တွင် မတ်တပ်ရပ်လိုက်သည် ။ သူ့ထက် ခေါင်းတစ်လုံးစာ ပိုမြင့်နေသော အရပ်အမောင်းကြောင့် မသိမသာ မော့ကြည့်ပြီး ...

" ဘယ်သူလဲ မသိဘူး ?"

ဟု မေးလိုက်သည် ။ သူ့စိတ်ထဲတွင် ထိုလူငယ်၏ မျက်နှာကို တွေ့ဖူးသလိုရှိလာသည် ။ သို့သော် သူ စဉ်းစားမရ ။

" အကို ခက်ထန် လွှတ်လိုက်တာပါ၊ ဒီက... ဂျင်ရိုင်နာ?  "

ရိုင်နာ့ ခေါင်းတစ်ခုလုံး ပတ်ချာလည်သွား၏ ။ ဒီအသံကို ကြားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က သွေးတွေ ပြောင်းပြန် စီးလာသလို ... ခန္ဓာကိုယ်ရှိ နာကျင် စပ်ဖြင်းမှုအရသာ ကို တပါတည်း ခံစားလာရသည် ။

ဂျင်ရိုင်နာ... ဂျင်ရိုင်နာ... ဂျင်ရိုင်နာ...

သူ့တသက် မေ့မရတဲ့ အသံတစ်ခု.. ။

ရိုင်နာသည် ရှေ့မှ လူ၏ကော်လံကို ဆွဲကိုင်ထားလိုက်သည် ။ စူးရဲရဲ မျက်လုံးများက
ကိုက်သတ်စားပစ်တော့မည့် သားရဲတစ်ကောင်လို...

ကော်လံကို ဆွဲကိုင်ထားသော သူ့လက်များက အကြောအပြိုင်းပြိုင်းထကာ သွေးကြောများပင်ပေါက်ထွက်သွားတော့မည် ။

အံတင်းတင်းကြိတ်လျက် သွားကြားထဲက အသံဖြင့်ပြောလိုက်၏ ။

" မင်းပဲ ငါ -ိုးမသား... ငါ့ကို လုပ်သွားတာ မင်း မလား? အောက်တန်းစား မုဒိန်းကောင်!"

သူကသာ ဒေါသအမျက်ချောင်းချောင်းထွက်နေလို့ ခေါင်းထဲကပင် မီးခိုးများ ထွက်လာတော့မယ် ။ တဖက်လူက ပြုံးစိစိ အလွန်ကျေနပ်နေဟန် မျက်နှာထားဖြင့် သူ့ကော်လံပေါ်က ရိုင်နာ့လက်များကို ပွတ်သပ်လျက် ကျန်လက်တစ်ဖက်က ရိုင်နာ့ တင်ပါးကို ညှစ်ကိုင်ထားလေသည် ။

" ခွေးမသား... ငါ့ကို လွှတ်စမ်း "

ရိုင်နာ ရုန်းမည်ကို သိထားနှင့်သောကြောင့် မှိုင်း သည် အတင်းဆွဲချုပ်ကာ ရိုင်နာ၏ အရှေ့ရပ်ဝန်းမှ ပေါက်စလေးကို ထပ်ညှစ်ထားပြန်၏ ။ အောင့်သက်သွားသော ခံစားချက်ဖြင့် ရိုင်နာ မျက်ရည်များပင် ရစ်ဝိုင်းလို့လာ၏ ။ ရုန်းကန်နေခြင်းကိုတော့ သူ ခဏ ရပ်ထားလိုက်သည် ။

"အော်ချင်အော်လိုက်လေ... ဗလကြီးနဲ့ ကျွန်တော်က ဒီက ဗလမရှိ သေးသေးသွယ်သွယ် ကောင်လေးတစ်ယောက် တက်ချသွားတာ ခံလိုက်ရပါတယ် လို့... ဒီ ဘိန်းခင်းကြီးမှာ ရှိသမျှလူတွေ သိသွားအောင် အော်ပြောလိုက် ကျွန်တော်လည်း ဂုဏ်ဆာချင်လွန်းလို့ပါ"

ပူးကပ်နေသော ခန္ဓာကိုယ်နှစ်ခုကြားတွင် ရိုင်နာ အသက်ရှုသံခပ်ပြင်းပြင်းဖြင့် ငြိမ်သက်သွားတော့သည် ။ သူ့ရဲ့ အထိမခံ ညီငယ်မှာ ပုဆိုးပေါ်သို့ပင် ပေါက်ထွက်မတတ် ထောင်မတ်လာသောကြောင့်ပင် ။

သူ တကယ်ကို နောင်တရမိသည် ။ ပုံရေးက ဒါတွေများ ကြိုသိနေလို့ သူ့ကို အတွင်းခံဝတ်ဖို့ အမြဲ သတိပေးခဲ့သလား ဟုတောင် ထင်လာမိသည် ။

ပုဆိုးအပျော့သားလေး ပေါက်ထွက်မသွားခင် သူ မှိုင်း၏ နားရွက်ကို ကိုက်ချပစ်လိုက်သည် ။

မှိုင်း နားရွက်နာသွား၍ ယောင်ရမ်းကာ လွှတ်ပေးလိုက်သောအခါမှ ရိုင်နာ၏ လက်သီးကြမ်းကြီးတစ်လုံးသည် မှိုင်း၏ မျက်နှာ ၊ ပြီးနောက် ဝမ်းဗိုက်သို့ ပစ်ခွင်းပြီးသောအခါမှ ရိုင်နာ တဲအနောက်ဘက် အိမ်သာရှိသော နေရာသို့ တချိုးတည်း ပြေးတော့သည် ။

မြေကြီးပေါ် ဗိုက်ကို ဖိကာ လဲကျသွားသော မှိုင်းသည်လည်း နာကျင်သွားသော မျက်နှာကို ထိကိုင်လျက် ကွတကွတ ပြေးထွက်သွားသော
ရိုင်နာ့ ကျောပြင်ကို ကြည့်ကာ သွားဖြူဖြူလေးများ စီတန်းပေါ်ထွက်လာသည်အထိ ရယ်မိသွားသည် ။

အဲဒီနေ့က ပူပြင်းသော နေလုံးကြီး တစ်လုံး ရှိတယ် ။
နေလုံးပူပူရဲ့ အောက်မှာ
အိမ်သာရှိသည့်နေရာကို ခုန်ပေါက်ပြေးလွှားနေသော လူတစ်ယောက်ရယ်  မြေကြီးပေါ် ခြေပစ်လက်ပစ်ထိုင်ကာ ခွက်ထိုးခွက်လန် ရယ်နေသော ကောင်လေးတစ်ယောက်ရယ်... သူတို့နှစ်ဦးကို အဝေးမှ ကြည့်ရင်း ခေါင်းကုတ်နေသော အူတူတူ ပုံစံဖြင့် လူတစ်ယောက်ရယ်...

နောက်တနေ့ ဒီအဖြစ်အပျက်ကို ပုံရေးက မေးလာတဲ့အခါ ရိုင်နာ က ပြန် အဖြေမပေးဘဲ ပုံရေးခေါင်းကို ရေခွက်ကြီးကြီးဖြင့် ခေါက်လိုက်လေတော့တယ် ။

-------------------

စီးကရက်တိုလေးမှ ပျံ့လွင့်လာသော မွှန်ထူထူအနံ့ထောင်းထောင်းက မဟာနေသွေး၏ နှာခေါင်းဝတည့်တည့် သို့ အမြင်ကတ်ဖွယ်ကောင်းစွာတိုးဝှေ့လာ၏ ။ မဟာနေသွေး စိတ်ရှုပ်စွာ လက်ဖြင့် ခါထုတ်လိုက်သည် ။

ထည်ဝါလင်းရှိန်က ဆေးလိပ်ငွေ့တွေကို အမုန်းဆုံးပဲမို့ သူပါ ရောယောင်ကာ ဆေးလိပ်ငွေ့ကိုမုန်းသည် ။ အငွေ့တန်းများကို သူ့ဘက်သို့ တမင်တကာ မှုတ်ထုတ်နေသည့်သူကို သူ ပိုမုန်းသည် ။

ခက်ထန်သည် ဆေးလိပ်တိုလေးကို ပြာခွက်ပေါ်သို့ထိုးချေရင်း သူ့ရှေ့မှ လူနှစ်ယောက်ကို အကဲခတ်လိုက်သည် ။

တစ်ယောက်က စီးပွားရေးကိုယ်ကျိုး၊ နောက်တစ်ယောက်က တဏှာထချင်နေတဲ့ ကိုယ်ကျိုး။ ထည်ဝါလင်းရှိန်ကို အခန်းထဲ သော့ပိတ်ထားခဲ့လိုက်တာ သိပ်မှန်သွားတာပဲ ဟု ခက်ထန် တွေးလိုက်မိရင်း ပါးချိုင့်တဖက် ရေးရေးလေးပေါ်အောင် ပြုံးလိုက်မိသည် ။

" လာရင်းကိစ္စလေး ဆိုကြပါဦး ကျုပ် အချိန်သိပ်မရလို့ "

သူကပဲ စကား လမ်းကြောင်း တည်ဆောက်ပေးလိုက်သည် ။ ခေါင်းပြုတ်မတတ် လည်ထွက်နေတဲ့ မဟာနေသွေးကို သူ မြန်မြန်ကိုမောင်းထုတ်ချင်နေပြီ ။

"မောင်ရင့် အချိန်တွေ ဖြုန်းမိနေသလို ဖြစ်ကုန်တာပဲ။ စိတ်မရှိဘူးမလား? "

ဦးစိုင်းထန် အချိန်ဆွဲနေသည်မှာ သိသာပေါ်လွင်လွန်းနေသည် ။ သူ့သား လိုချင်နေသည့် ထည်ဝါလင်းရှိန်ဆိုတဲ့ အရုပ်ကလေးကို အိမ်တိုင်ရာရောက် လာရောက်ကြည့်ရှုနေသည့် သဘောပေလား။

ခက်ထန် မေးကြောများပင် တင်းကားလာတော့၏။

" လာရင်းကိစ္စကဘာလဲ? "

သူ့လေသံတို့ မာထန်နေသည်ကို သားအဖနှစ်ယောက်လုံး သတိထားမိပုံပေါ်သည်။ မသာမယာ မျက်နှာထားများဖြင့် ခက်ထန် ဆီသို့ အာရုံများ ပေးပို့လာကြသည် ။

"ကိုးလ် ကို တွေ့ချင်တာလည်း ပါတာပေါ့၊  အလုပ်ကိစ္စလေးတွေလည်း မောင်ရင်နဲ့ ဆွေးနွေးချင်တာ... "

" ခက်ထန်က အခုတလော အလုပ်တွေ များနေတော့ ဘယ်လိုလုပ်ရပါ့မလဲ မာစတာ "

ခက်ထန် နှင့်တကွ မျက်လုံး ခြောက်လုံးတို့သည်
သူတို့အနီးသို့ လျှောက်လှမ်းလာသော ဖြူသွယ်သွယ်သဏ္ဌာန်လေးပေါ်သို့ ဝါးစားမတတ်ကျရောက်လာကြသည် ။ ထည်ဝါလင်းရှိန် သည် ခက်ထန်အနားတွင် ဝင်ထိုင်လိုက်ကာ လေးကိုင်းပုံနှုတ်ခမ်းတို့တွင်တော့ အပြုံးတုတို့ကို ချိတ်ဆွဲထားမြဲဖြစ်၏ ။

သူ ဒီလူ့ကို တံခါးပိတ်ထားခဲ့တာကို ဘယ်အပေါက်ကထွက်လာသလဲဟု ခက်ထန် အတွေးထဲ ယောက်ယက်ခတ်နေ၏ ။

ခက်ထန် အတွေးများနေချိန်တွင် ထည်ဝါလင်းရှိန်မှာ
ဦးစိုင်းထန် နှင့် ပွဲကျလျက်ရှိ၏ ။ ဒီလူက သူ့ကို ဒေါသထွက်ပြီး သေအောင်များ သတ်နေတာလား။

ခက်ထန် သိပ် စိတ်မရှည်တော့ပြီ ။ ထည်ဝါလင်းရှိန်၏ ခန္ဓာကိုယ် ပေါက်ထွက်သွားတော့မည့်အတိုင်း စိုက်ကြည့်နေသည့် မဟာနေသွေး မျက်လုံးထဲ သူ ခုဏကမှ ငြှိမ်းသတ်ထားတဲ့ ဆေးလိပ်မီးစကြီး ထိုးထည့်ပစ်လိုက်ချင်တော့သည် ။

ခက်ထန် ဒေါသထွက်ကာ သူ့အနားမှ သူ၏ လက်မောင်းကို ဆွဲကိုင်ပစ်လိုက်၏ ။ ပြီးနောက် နှစ်ဦးသာ ကြားနိုင်လောက်မည့်အသံဖြင့် ကပ်ပြောသည် ။

" လင်ငယ်လာလို့ မနေနိုင်မထိုင်နိုင် ဆင်းလာတယ်ပေါ့ ကျုပ်ကို ဆန့်ကျင်ရဲတယ်လား... ထည်ဝါလင်းရှိန်!  ခင်ဗျား ဘယ်လောက်တောင် ရွံစရာကောင်းနေပြီလဲ သိရဲ့လား"

သူ့မျက်လုံးများကို စိုက်ကြည့်လာသော မျက်လုံးရှည်တို့ထဲတွင် သိမ်ငယ်ဝမ်းနည်းခြင်းတချို့ ဖြတ်ပြေးသွားသည် ။ ခက်ထန် မျက်မှောင်ကြုတ်လိုက်၏ ။ ဒီမျက်လုံးတွေထဲက အရိပ်မဲကို သူ ဆက်ပြီး စိုက်မကြည့်နိုင်တော့ဘူး ။

သူ အရှုံးပေးလိုက်ရတာများလား ။ သူ က အရင် အကြည့်လွှဲလိုက်ရ၏ ။ ဒီလူ့ မျက်ဝန်းတွေထဲက ဘာမှန်းမသိတဲ့အရာက သူ့ရင်ခေါင်းကို ဆွဲညှစ်ခံလိုက်ရသလို တင်းကြပ်စို့နစ်သွားစေသည်။

" ခက်ထန် တာဝန်ယူဖို့ မလိုတဲ့ အပိုင်းတွေဆို ကျွန်တော်နဲ့ပဲ လွှဲထားတာ မာစတာ။ မာစတာလိုချင်တဲ့ 'ကီတမင်း ' တွေကိုတော့ ကျွန်တော်ပဲ စီစဉ်ပေးပါ့မယ် ။ ကျွန်တော် နဲ့ပဲ အရင်ကလိုပေါ့ ဗျာ... မာစတာ စိတ်မပျက်စေရပါဘူး ။ "

ကြည်လင်ပြတ်သားသော အသံလွင်လွင်လေးသည်
သူတို့ ကြားထဲ ပြတ်သားစွာ ထွက်ပေါ်နေတော့သည်။
ဦးစိုင်းထန် ပြုံးလျက် ထည်ဝါလင်းရှိန်စကားကို လက်ခံပေးခဲ့သည် ။ မဟာနေသွေး တစ်ယောက်မှာဖြင့် မရနိုင်သည့် အရုပ်ကလေးကိုမှ မရမက လိုချင်နေရှာသည့် ကလေးတစ်ယောက်လို သရေကျမတတ် ငေးနေရုံလောက်သာ တတ်နိုင်ခဲ့၏။ ထိုအရုပ်ကလေးက သူ့ဘက် ခေါင်းလေးတစ်ချက်လောက် စောင်းလာခဲ့ရင်တောင် ကျေနပ်နေမိဦးမှာပင် ။

ခက်ထန် သည် ထည်ဝါလင်းရှိန်ကို လျစ်လျူရှုကာ ဦးစိုင်းထန်ဘက်သို့လှည့်၍...

" ကျွန်တော့် အချိန်တွေ ခင်ဗျားတို့အတွက် ပေးနိုင်ပါတယ်၊ ကျန်တာ..."

" ငါပဲ စီစဉ်လိုက်မယ် ခက်ထန်!  မင်းက ဒီလောက်အလုပ်များနေတာ... ငါ ပဲ လုပ်လိုက်မယ်"

သူ့စကား မပြီးဆုံးသေးခင် ဖြတ်ပြောခံလိုက်ရ၍ထင်၏။ ခက်ထန် မျက်လုံးဝိုင်းကြီး မှာ နီရဲလာလျက်ရှိတော့၏ ။

အခု ဒီလူယုတ်မာက နောက်မီးလင်းချင်နေတာလား? ဒါကြောင့် မဟာနေသွေး တို့သားအဖ နဲ့ သူကပဲ အလုပ်တူတူတွဲလုပ်ချင်နေတာပေါ့ ။ သူ့ လင်ငယ်နဲ့ နီးစပ်ဖို့လေ။

စကားပြောဆိုပြီးကြသည့်အခါ ဦးစိုင်းထန်တို့သားအဖသည် ခက်ထန်တို့နှစ်ဦးကို နှုတ်ဆက်၍ ရှေ့လျှောက်အလုပ်များစွာ တွဲလုပ်ချင်သည့်အကြောင်း ၊ သူ့သား မဟာနေသွေးကိုလည်း သူ့လိုပင် ယုံကြည်လက်ခံပေးဖို့အကြောင်း စကားလမ်းကြောင်း ဖောက်သွားသေး၏။ လာမည့် သောကြာနေ့ ထည်ဝါလင်းရှိန်နှင့် အသေးစိတ်အကြောင်းအရာများအကြောင်း  တွေ့ဆုံဆွေးနွေးချင်သည်ဟုလည်း ဖိတ်ခေါ်သွားပြန်သည် ။

"ခင်ဗျားကြီး တော်တော်မှ အဆင်ပြေရဲ့လား ထည်ဝါလင်းရှိန်!  ခင်ဗျား ကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်တွေများ ကျုပ်က ပေးလိုက်မိလို့လား "

" မင်းပဲ ငါ့ကို မင်းလက်ထောက် လုပ်ရမယ်လို့ ပြောထားတာလေ... ငါ အခု လက်ထောက် အလုပ်ကို လုပ်လိုက်တာ ဒါကိုလည်း မင်းက မကျေနပ်ပြန်ဘူးလား "

" ကျုပ်ခိုင်းတာပဲ လုပ်ရမှာ ခင်ဗျား ကျုပ်ခိုင်းတာပဲ လုပ်ရမှာ ခွေးမသားရဲ့ "

ခက်ထန် အော်ဟစ်နေပြန်၏ ။ သူ့ဒေါသတွေက
သူ့တကိုယ်လုံးကို လောင်ကျွမ်းပစ်ရုံမကလို့ သူ့ရှေ့မှ လူကိုပါ ပြာကျသွားတော့မတတ်....

" ငါ့ကို ဆဲပြန်ပြီလား? မြေမြိုမဲ့ကောင်! ငါ မင်းအလုပ်ကို ဝိုင်းကူပေးတယ်လို့ သဘောထားလည်းရတာပဲ "

" တခြား အလုပ်ကိုပဲ ဝိုင်းကူရမှာ... ခင်ဗျား ဒီကိစ္စကို အသည်းအသန်ဖြစ်နေတာ ခင်ဗျား လင်ငယ်ကောင်ကြောင့်မလား? "

" မဟာနေသွေးက ငါ့လင်ငယ်ဆိုတော့ မင်းက ငါ့လင်ကြီးပေါ့ အဲ့လိုပြောချင်တာလား?"

ထည်ဝါလင်းရှိန်သည် ရီဝေေ၀ မျက်လုံးတောက်တောက်တို့ဖြင့် ခက်ထန်အနားသို့ တိုးကပ်သွားကာ ခက်ထန် ရင်အုပ်ကျယ်ကျယ်ပေါ်သို့ သူ့လက်ချောင်းရှည်လေးများ လှုပ်ရှားသွားလာလျက်ပြုလိုက်သည် ။

ကြောင်အစွာ ကြည့်နေသော ခက်ထန် မျက်လုံးဝိုင်းကြီးများကို တည့်တည့်ကြည့်လျက် မေးလာ၏ ။
သူ့စကားကို ကြားတဲ့အခါ
ခက်ထန် မျက်လုံးတို့ ပြူးကျယ်သွားတော့သည်။ သူ့နားသူပင် မယုံကြည်နိုင်စွာ သူ့နားနှစ်ဖက်ဘေးတွင် ယင်ကောင်များ တဝှီဝှီ ပျံသန်းနေသလား ။ ပြင်ပလေထုကများ သူ့နားထဲဝင်လိုက်ထွက်လိုက် လုပ်နေသလား သူ ဝေဖန်ခွဲခြားနိုင်စွမ်းတောင် ကင်းမဲ့သွားတော့၏ ။ သူ့ရှေ့က ဒီလို အရှက်မရှိတဲ့ လူက သူ့ကို ပြောလိုက်တယ် ။

" သဝန်တိုနေတာလား? ယောကျ်ား... "

တဲ့... ။

အပ်ပုဒိတ် ကို ၂ရက်ခြားတခါ မှန်မှန်လေး တင်ပေးသွားပါ့မယ်နော် ချစ်တယ် 😍😍

Unicode version

Continue Reading

You'll Also Like

1.5M 87.3K 48
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
278K 38K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
1M 62.5K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
138K 13.5K 95
ស្នេហារវាងកូនមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះមានក្រុមហ៊ុនសឹងគ្រប់ប្រទេសជាមួយនិងអង្គរក្សមាឌតូចមុខមាំគ្រប់ពេល JK: យើងនឹងកែប្រែចរិកគេអោយបាន! Taekook...