ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...
By OpalHawthorn28
539K 77.9K 5.6K
ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More
Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83
အခန်း (32)
4.8K 775 17
By OpalHawthorn28
လီဟုန်ရွှမ်းရဲ့ မျက်ဝန်းထဲမှာ လေးနက်တဲ့နာကျင်မှုတစ်ရပ်ကို တွေ့မြင်နေရတယ်....ခဏအကြာမှာတော့ လီဟုန်ရွှမ်း လက်သီးဆုပ်ကိုဖြေချလိုက်ပြီး နောက်လှည့်မကြည့်စတမ်း လှည့်ထွက်သွားလေတယ်....
ဘာတွေဖြစ်နေမှန်း မသိသေးတဲ့ ရှဲ့ဟယ်က ထိုနေရာမှာပဲ အကြောင်သား မတ်တပ်ရပ်နေခဲ့တယ်.....
လီဟုန်ရွှမ်း လက်လှမ်းတာ သူ့ကိုရိုက်ဖို့ မဟုတ်တာများလား...
နာကျင်ကြေကွဲနေတဲ့လီဟုန်ရွမ်းနောက်ကို လိုက်သွားတဲ့ စွန်းဇီယန်ရဲ့ ခြေသံပြင်းပြင်းကို အတိုင်းသားကြားနေရတယ်...အခန်းထဲမှာ ရှဲ့ဟယ်နဲ့ အယ်လန်တို့ပဲကျန်ခဲ့တယ်...အယ်လန်က ရှဲ့ဟယ်ဆီကို လျှောက်လာပြီး....
" အဆင်ပြေသွားပြီ....သူမရှိတော့ဘူး..."
ရှဲ့ဟယ် အယ်လန့်ကို ပြန်ကြည့်လိုက်တဲ့အကြည့်တွေထဲမှာ ထိတ်လန့်မှုတွေ ဝေခွဲမရခြင်းတွေရောယှက်နေတယ်.....
ထိုအကြည့်တွေကြောင့် အယ်လန့်ရဲ့ ရင်ထဲမှာ ညှာတာသနားစိတ်လေးတွေပေါက်ဖွားလာခဲ့တယ်...ဆရာ့ပုခုံးပေါ်လက်တင်လိုက်ပြီး....
"မကြောက်နဲ့တော့...သူ ဆရာ့ကို နာကျင်အောင်လုပ်တာမျိုး ကျွန်တော် အဖြစ်မခံဘူး..."
လီဟုန်ရွှမ်း ဆရာ့ကို နောင်ဘယ်တော့မှ နာကျင်အောင် ထပ်မလုပ်တော့မှန်း အယ်လန်သိတာပေါ့...ဒါပေမယ့် ပွဲလန့်တုန်း ဖျာခင်းဆိုသလို ဆရာ လီဟုန်ရွှမ်းပေါ် နားလည်မှုလွဲနေခြင်းကို အခွင့်ကောင်းယူရတော့မှာပဲ.....
အယ်လန့်ရဲ့ နှစ်သိမ့်မှုတွေ ထိရောက်သွားပုံရတယ်...ရှဲ့ဟယ် တုန်ရီနေရာကနေ ငြိမ်ကျသွားတယ်....သို့ပါသော်လည်း ခဏအတွင်းမှာ ရှဲ့ဟယ် အယ်လန့်ကို တွန်းဖယ်လိုက်ပြီး....
"ငါ ပြန်သင့်ပြီ!!!"
အယ်လန့်ရဲ့ လက်တွေ ဗလာဖြစ်သွားရုံသာမက.... သူ့နှလုံးသားအပိုင်းအစတွေကိုပါ အဝေးကို ယူဆောင်သွားသလို လစ်ဟာမှုတစ်ရပ်ကို ခံစားနေရတယ်...ဆရာ့ကို ဆက်နေဖို့ ဖိအားပေးလို့ရတယ်...ဒါပေမယ့် ဆရာ့ရဲ့ စိတ်ပျက်အားငယ်နေတဲ့ အသွင်အပြင်ကို ဖျတ်ကနဲ သတိရမိလိုက်တာကြောင့် ဖိအားမပေးဝံ့တော့ပေ....
တကယ်တော့လဲ...သူ့အခြေနေက လီဟုန်ရွှမ်းနဲ့ မထူးမခြားနားပါပဲ......
ဆရာက လီဟုန်ရွှမ်းကိုကြောက်နေသလို အယ်လန့်ကိုလဲ မယုံကြည်တော့ပေ.....
ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် အတိတ်ကိုပြန်သွားပြီး အယ်လန် သူ့ကိုယ်သူ ဆူပူကြိမ်းမောင်းလိုက်ချင်တယ်....ဒီလိုမှန်းသာကြိုသိခဲ့ရင် အစကတည်းက ဆရာ့ကို ဒီလိုညစ်ညမ်းတဲ့နည်းလမ်းတွေမသုံးဘဲ စိတ်ရှည်လက်ရှည် ပိုးပန်းခဲ့မှာပါ.....
အယ်လန် ခါးသက်စွာရယ်မောလိုက်တယ်...ရှဲ့ဟယ် ကြည့်လိုက်တဲ့အခါ အယ်လန့်ရဲ့ မျက်ဝန်းပြာပြာတွေထဲမှာ ရိုးသားမှုတွေပါဝင်နေတယ်....
"တောင်းပန်ပါတယ်....ကျွန်တော် အရင်တုန်းကတည်းကဆရာ့ကို အဲ့လိုတွေမဆက်ဆံခဲ့သင့်ဘူး....ကျွန်တော်  ဆရာ့ကို တကယ်သဘောကျနေပြီ...."
ရှဲ့ဟယ် စကားပြန်မပြောခဲ့ပေ....သူ့အကြည့်တွေထဲမှာ ဒီစကားတွေက အယ်လန့်ရဲ့ လှည့်ကွက်အသစ်တွေများလားဆိုပြီး စဉ်းစားနေတဲ့ အရိပ်အယောင်တွေပါဝင်နေတယ်....
ဒီအကြည့်တွေကြောင့် အယ်လန့် ရင်ဘတ်တစ်ခုလုံးစို့နင့် တင်းကြပ်လာပေမယ့် အားတင်းပြီးပြုံးထားလိုက်တယ်...
"ဆရာ ကျွန်တော့်ကို မယုံပေမယ့် ဆရာ့ကို ကူညီချင်နေတုန်းပဲ...လီဟုန်ရွှမ်း တစ်ခုခုခြိမ်းခြောက်ထားလို့ ဆရာ သူ့အနားမှာ နေပေးနေတာမလား...ကျွန်တော်ကို့ပြောပြပါ..ကူညီနိုင်တာမျိုးဖြစ်ရင်လဲ ဖြစ်နေနိူင်တာပဲ...."
ဒါဟာ...အစတုန်းက အယ်လန့်ကို ခွာထုတ်ဖို့ ဆရာ လီဟုန်ရွမ်းကို ရွေးခဲ့သလိုပဲလေ....အခု အယ်လန်ကလဲ တူညီတဲ့နည်းလမ်းနဲ့ပဲ လီဟုန်ရွှမ်းကို ခွာထုတ်တော့မယ်...
သို့ပေမယ့် ရှဲ့ဟယ်က ခေါင်းခါပြနေတယ်....
"ဟင့်အင်း...သူ ငါ့ကို မခြိမ်းခြောက်ပါဘူး..သူငါ့ကိုကူညီထားလို့ ငါ့သဘောနဲ့ငါ နေနေတာပါ...."
အယ်လန့်ရဲ့ အကြည့်တွေမှုန်မှိုင်းသွားသလို လေသံကလဲ ပိုပြီးနူးညံ့လာတယ်...
"ဒါဆို ဆရာပြောချင်တာက သူ့ကိုကျေးဇူးဆပ်ချင်လို့ သူ့အနားမှာနေနေတယ်ပေါ့....ဒါဆိုကျွန်တော်လဲဆရာ့ကို ကူညီမယ်...ကျေးဇူးပြန်ဆပ်စရာမလိုဘူး...ကျွန်တော် ဆရာ့ကို ပိုးပန်းဖို့ အခွင့်ရေးတစ်ခုလောက်ပေးပါလား..."
အဆိုပြုချက်က မက်လောက်စရာကောင်းလွန်းနေတာကြောင့် ရှဲ့ဟယ်ရဲ့မျက်ဝန်းတွေတောက်ပလာတယ်...ဒါပေမယ့် အမြန်ခေါင်းခါလိုက်ပြီး....
"မလိုဘူး...."
လီဟုန်ရွှမ်းသူ့ကို ကူညီပေးပြီးပြီလေ...ရှဲ့ဟယ်ကိုယ့်စကားကိုယ် မပြင်ချင်တော့ဘူး...ဒါတွေအသာထားဉီး အယ်လန်ဆိုတာယုံရတဲ့သူမှ မဟုတ်တာ....
အယ်လန် နည်းနည်းတော့ စိတ်ပျက်နေပေမယ့် ဖိအားမပေးတော့ဘဲ.....
"ရပါတယ်...ဆရာ အခုမပြောချင်လဲ ဆက်မမေးတော့ပါဘူး...ဆရာ ကျွန်တော့်ကို လိုအပ်ချိန်တိုင်း အချိန်မရွေးလာရှာလို့ရတာတော့ မမေ့ပါနဲ့...."
ရှဲ့ဟယ် စူးစမ်းတဲ့အကြည့်နဲ့ အယ်လန့်ကို ကြည့်လိုက်တယ်....သူဘာလို့ ငါ့ကို ဒီလောက်တောင်ကူညီချင်နေရတာလဲ....ဒါသူ့ရဲ့စိတ်ရင်းအမှန်လား...သူ ငါ့ကို တကယ်သဘောကျနေတာလား...
ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ဒီလူကို ယုံသင့် မယုံသင့် ဝေခွဲမရတဲ့ စိတ်ရှုပ်မှုတွေ ထင်ဟပ်လာတယ်...
တစ်ကြိမ်မှာ တစ်လှမ်းပဲ လှမ်းသင့်တာကြောင့် အယ်လန် ဒီလောက်နဲ့ရပ်ထားလိုက်တယ်....ဆရာက အယုံလွယ်ပြီး စိတ်ပျော့တယ်ဆိုတော့ သူသာ ဇွဲရှိရှိကြိုးစားမယ်ဆို ဆရာသူ့ကို ခွင့်လွှတ်မှာပါ....ထင်သလိုဖြစ်မလာတော့လဲ ဟန်ဆောင်မျက်နှာဖုံးတွေ နောက်တစ်ကြိမ် ထပ်တပ်လိုက်ရုံပေါ့....အလွန်ဆုံးတော့ သူတစ်ချိန်လုံး ဖြောင့်မတ်မှန်ကန်သယောင် သရုပ်ဆောင်နေလိုက်ရုံပါပဲ....
သူလိုချင်တာရနေသ၍သူ့ရည်မှန်းချက်တွေပြည့်ဝနေသ၍ တရားတာတွေ မတရားတာတွေ စဉ်းစားနေစရာမလိုတော့ပေ....
................. .........
ရှဲ့ဟယ် စိတ်ချမ်းမြေ့စွာနဲ့ အဆောင်ကိုပြန်လာခဲ့တယ်...အပူခံဘူးလေးကိုလဲ ပြန်ယူခဲ့ဖို့ မမေ့ခဲ့ပေ...
[444: Hostတာ့တာ့...ဟိုလေ....ပြောသင့် မပြောသင့်စဉ်းစားနေတာတစ်ခုရှိတယ်...]
[ရှဲ့ဟယ်: ရဲရဲသာပြောလိုက်...Babay..]
[444: တကယ်တော့လေ....Hostတာ့တာ့ရဲ့ ဒီနေ့လုပ်ရပ်တွေက သူ Hostတာ့တာ့ကို နံနက်စာအတင်းကျွေးလို့ လက်စားပြန်ချေတာမလား...]သူ တွေးရင်း တွေးရင်းကနေ ဒီအချက်ကို နောက်ဆုံးမှ သတိထားလိုက်မိတယ်.....
[ရှဲ့ဟယ်: ငါ့ပုံစံက အဲ့လောက်ထိ သဘောထားသေးသိမ်နေတဲ့လူနဲတူနေလို့လား??]
[444:........]
[ရှဲ့ဟယ်: ကောင်းပြီ....ဟီးးး နည်းနည်းတော့ ဟုတ်တယ်...]
[444:........]
ဒီတစ်ရက် နှစ်ရက်အတွင်း လီဟုန်ရွှမ်း သူ့ကို လာမရှာလောက်မှန်း ရှဲ့ဟယ် ကြိုတွေးထားပြီးသားပါ...ဒီလို စိတ်ဓာတ်ကျစရာမျိုးကနေ နလန်ပြန်ထူနိုင်ဖို့ အချိန်တစ်ခုတော့ယူရမှာပဲလေ...တကယ့်လက်တွေ့မှာတော့ ရက်သတ္တပတ် တစ်ပတ်ကုန်လွန်သွားချိန်အထိ လီဟုန်ရွှမ်းပေါ်မလာသေးတာကြောင့် 444 စိုးရိမ်ပူပန်လာတယ်....
[444: Hostတာ့တာ့ လီဟုန်ရွှမ်း တကယ်ကြီး လက်လျော့သွားတာလား မသိဘူး...]
[ရှဲ့ဟယ်:မဟုတ်တာ...သူအဲ့လောက်ထိ နှလုံးသားမမဲ့ပါဘူးကွာ....]
[444:.......]ဒီကမ္ဘာရောက်ကတည်းက Hostတာ့တာ့တစ်ယောက် ပြောသမျှတိုင်းက သူပြောနေတာနဲ့ ဆန့်ကျင်ဘက်တွေချည်းပဲ.....
[ရှဲ့ဟယ်: သူလို လူစားမျိုးက လိုချင်တာမရသ၍ သေတဲ့အထိ လက်လျော့မှာမဟုတ်ဘူး...ဒီကောင်လေးက အတင်းအဓမ္မလုယူဖိုတစ်ခုပဲနားလည်တယ်...ဘယ်အချိန်အလျော့ပေးရမလဲ နားမလည်သေးဘူး....ဒါ့အပြင် သူတစ်ပါးကို ဘယ်လိုကူညီရကောင်းမှန်းလဲ နားမလည်ဘူး....စိတ်အေးအေးထားစမ်းပါ.... သူ လက်လျော့မှာ မဟုတ်ဘူး...]
[ရှဲ့ဟယ်: အချိန်ကျပြီ....]
[444: ဝိုးးး သူ လာရှာနေပြီလား???]
[ရှဲ့ဟယ်: မဟုတ်ပါဘူးကွာ...ငါသူ့ကို သွားရှာမလို့...စိတ်တထင့်ထင့်နဲ့စောင့်နေရတာထကိစာရင် ထိပ်တိုက်ရင်ဆိုင်လိုက်တာ ပိုမကောင်းဘူးလား...]
ဗုဒ္ဓဟူးနေ့ညမှာ...ရှဲ့ဟယ် စာကြည့်တိုက်မှာရှိတဲ့ ကိုယ်ပိုင်စာကြည့်ခန်းဆီသွားခဲ့တယ်...စဝင်တည်းက လီဟုန်ရွှမ်းကို မြင်လိုက်ရပေမယ့် လီဟုန်ရွှမ်းက သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး နေရာပြောင်းသွားတယ်....
ခဏအကြာမှာ ရှဲ့ဟယ် စာအုပ်တစ်ချို့ ငှားရမ်းပြီး ပြန်ထွက်လာခဲ့ပေမယ့် ကော်ရစ်တာအရောက်မှာ ရှုဝမ်ယောင်ရဲ့ ခေါ်သံကိုကြားလိုက်ရတယ်....
ပုံမှန်ဆို ရှုဝမ်ယောင် စာကြည့်တိုက်ထဲမှာ နေနေကျပါ...ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဆရာ့ကို တွေ့ချင်နေပေမယ့် အခွင့်ရေးမရခဲ့ပေ...မမျှော်လင့်ဘဲ ဆရာ့ကို စာကြည့်တိုက်မှာတွေ့လိုက်တာကြောင့် အခုလို လှမ်းခေါ်ရခြင်းဖြစ်တယ်.....
"ဆရာစု...."
ရှဲ့ဟယ် စိတ်ထဲကနေ ချီးကျူးလိုက်တယ်....
တော်လိုက်တဲ့ကလေး...ငါ့ကို ဘယ်လိုကူညီရမလဲ ကောင်းကောင်းသိတာပဲ...
အပြင်ပိုင်းမှာတော့ နူးညံ့ဖော်ရွေတဲ့ အပြုံးမျိုးနဲ့.....
"အော်...ကျောင်းသားရှုဝမ်ဟောင်ပဲ..."
"ကျေးဇူးတင်ပါတယ်..ဆရာစု..."
ရှုဝမ်ဟောင် ရှက်နေတယ်....ဘာ့ကြောင့်မှန်းရယ်မသိ ဆရာစုရဲ့အပြုံးနုနုတွေမြင်လိုက်တိုင်း နှလုံးခုန်းနှုန်းတွေ မြင့်တက်လာတယ်....သူရဲ့ ကသိကအောက်နိူင်မှုကို ချောင်းဟန့်ပြီးဖုံးကွယ်လိုက်တယ်...ပြီးတာနဲ့ အလွန်တရာကျေးဇူးတင်နေတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး....
"ကျွန်တော့်ကို ကူညီဖို့တစ်ယောက်ယောက်ကို တောင်းဆိုပေးလိုက်တာ ဆရာ မလား??"
ရှဲ့ဟယ် နည်းနည်းတော့ကြောင်သွားတယ်...
"မင်းအဖေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပြေလည်သွားပြီလား..??"
ရှုဝမ်ဟောင်က မြန်မြန်ခေါင်းညိတ်လိုက်ပြီး....
"ဟုတ်....ဟိုလူတွေလဲ လာမရှာတော့ဘူး...အဖေ့ကိုလဲ လောင်းကစားရုံတွေက ဝင်ခွင့်မပေးတော့ဘူး...သူ့ကိုမြင်တာနဲ့ ရိုက်နှက်ပြီးမောင်းထုတ်လိုက်ကြတယ်...အခုဆို အဖေက လောင်းကစားလုပ်ချင်ရင်တောင် လုပ်လို့မရတော့လို့ အိမ်မှာပဲ နေနေရတယ်..."
အဖေဖြစ်သူ အရိုက်ခံရတဲ့အကြောင်းကို ပေါ့ပေါ့ပါးပါးပြောနေပုံထောက်ရင် ရှုဝမ်ဟောင်က ဒါကို ကြီးကြီးမားမားပြသာနာတစ်ခုအဖြစ် ယူဆထားပုံမရပေ....ကြည့်ရတာ သူထမ်းပိုးထားရတဲ့ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့ပါးသွားတယ်နဲ့တူပါတယ်.....
မြူမှုန်တွေလွှင့်စင်ပြီးနောက် နေရောင်ခြည်တောက်ပလာသလို တဖြတ်ဖြတ်တောက်ပနေတဲ့ တပည့်ဖြစ်သူရဲ့ မျက်ဝန်းတွေကို မြင်လိုက်တော့ ရှဲ့ဟယ် စိတ်သက်သာရာရသွားခဲ့တာကြောင့် မျက်ဝန်းထောင့်တွေကွေးသွားတဲ့အထိ ပြုံးလိုက်ပြီး....
" အိုး...တကယ်အံ့သြစရာကောင်းတာပဲ..."
"ဒါ့ကြောင့် ဆရာ့ကို တကယ်ကျေးဇူးတင်နေရတာပါ...."
ရှုဝမ်ဟောင်က ရှဲ့ဟယ်ကို နင့်နင့်သည်းသည်းစိုက်ကြည့်ပြီး စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်စကားဆိုနေတယ်....
[တင်းတောင်...ရှုဝမ်ဟောင်ရဲ့ နှစ်သက်မှု 10မှတ်တိုးသွားပါပြီ...စုစုပေါင်း 90ပါ...]
ရှဲ့ဟယ်ပြုံးနေရင်းကနေ ရုတ်တရက် မှောင်ရိပ်ကျလာတာကြောင့် ခေါင်းမော့ကြည့်လိုက်တဲ့အခါ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် မျက်နှာပေါ်က အပြုံးတွေ အေးခဲတောင့်တင်းလာတယ်...
လီဟုန်ရွှမ်းကိုမြင်တော့ ရှုဝမ်ဟောင်က လှမ်းနှုတ်ဆက်လိုက်တယ်...တကယ်ဆို လီဟုန်ရွှမ်းကလဲ သူ့ကို ကူညီခဲ့ဖူးတယ်မလား....
သို့ပေမယ့် လီဟုန်ရွှမ်းက ရှုဝမ်ဟောင်ကို ကိုယ်ပျောက်လူသားတစ်ယောက်လိုသဘောထားပြီး ရှဲ့ဟယ်ဆီကိုပဲ ကြည့်ပြီး တစ်လှမ်းချင်းလှမ်းလာလေနေတယ်....
ရှဲ့ဟယ် အလိုလိုနေရင်း နောက်ဆုတ်လိုက်မိတယ်....ပြင်းထန်စွာတုန်ရီနေတဲ့
ပိန်လှီဖျော့တော့နေတဲ့ ခန္ဓာကိုယ်လေးက နောက်ဆုံးအကြိမ်တုန်းက အဖြစ်အပျက်ကြောင့် ကြောက်လန့်နေမှန်း သိသာထင်ရှားနေတယ်.....
လီဟုန်ရွှမ်းတစ်ယောက်  မျက်နှာထားမပြောင်းအောင် နာကျင်မှုကို အနိုင်နိုင်ချုပ်တည်းနေရတယ်.....
"ဆရာစု...ကျွန်တော်မှာ ဆရာစုကို ပြောစရှာရှိတယ်..."
" ...အော်...အင်း..အင်း..."
သိသာထင်ရှားစွာကြောက်လန့်နေပေမယ့်လဲ သူ့ကို မငြင်းဆန်ရဲရှာတဲ့ ဆရာ့ကြောင့် လီဟုန်ရွှမ်း အတော်လေးစိတ်ထိခိုက်လာတယ်....ဒါ့ကြောင့် အကြည့်လွှဲလိုက်ပြီး လေသံကို အတတ်နိုင်ဆုံးချိုသာအောင်ထိန်းညှိလိုက်ပြီး....
" တခြားမှာ သွားပြောရအောင်..."
ရှဲ့ဟယ် ခေါင်းညိတ်ပြလိုက်ပြီး ရှုဝမ်ဟောင်ဘက်ကို လှည့်လိုက်ပြီး...
"Sorry နော်...ဆရာသွားစရာရှိသေးလို့ အရင်ပြန်နှင့်တော့မယ်...."
"ဟုတ်..ဟုတ်...."
ဆရာ့နဲ့ လီဟုန်ရွှမ်းကြားမှာ နည်းနည်းတော့ လွဲနေတယ် ထင်ရပေမယ့် သေချာစဉ်းစားလို့မရဘူးဖြစ်နေတယ်....ဆရာက လီဟုန်ရွှမ်းရဲ့ သီးသန့်ဆန်တဲ့ အပြုအမူတွေနဲ့ အသားမကျသေးတာများလား...သူအတွေးလွန်နေတာပဲဖြစ်ပါလိမ့်မယ်......
ရှုဝမ်ဟောင် ဆရာ့ကို နှုတ်ဆက်ပြီးတာနဲ့ စာပြန်ကြည့်ဖို့ လှည့်အပြန်မှာ အယ်လန်နဲ့ တိုးပါလေရော....
ရှုဝမ်ဟောင် အယ်လန့်ကို အမြင်မကြည်ပေ....ဒီကောင့်ရဲ့ ရုပ်ရည်က ချောမောသန့်စင်ပြီး လူကြီးလူကောင်းဆန်နေပေမယ့် တကယ်တမ်းမှာ စွန်းဇီယန်နဲ့ ပုလင်းတူဘူးစို့ တွေပဲလေ....
အယ်လန်သူ့ကို ဘာ့ကြောင့်လာရှာမှန်းမသိတာကြောင့် "ဘာလဲ"ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်ပေးလိုက်တယ်....
အယ်လန်က သူ့ကို ပျူငှာစွာပြုံးပြလိုက်ပြီး...
"ခုနက ဆရာစုနဲ့ ဘာတွေပြောနေကြတာလဲ??".
ရှုဝမ်ဟောင်က ခပ်တင်းတင်းပြန်ကြည့်လိုက်ပြီး...
"ဘာလို့မေးတာလဲ? ?"
အယ်လန်က သက်ပြင်းချလိုက်ပြီး သေယကပွေနေတဲ့အကြည့်တွေနဲ့.....
"ဆရာစုထမ်းပိုးထားရတဲ့ အခက်အခဲတွေကို သိချင်လို့ပါ..."
ဒါကိုကြားတော့ ရှုဝမ်ဟောင် စိတ်ပူသွားပြီး ကပျာကပြာမေးခွန်းထုတ်လိုက်တယ်....
"ဆရာစုမှာ အခက်အခဲတွေရှိနေတာလား??"
"ဟုတ်တယ်...ငါ သူ့ကို ကူညီချင်ပေမယ့် ဆရာက ငါ့ကို ထုတ်မပြောဘူး....ခုနက ဆရာနဲ့ မင်းနဲ့ ရယ်ရယ်မောမောစကားပြောနေတာမြင်လိုက်တယ်...အဲ့တာကြောင့်မင်း သိလောက်မယ်ထင်ပြီး လာမေးတယ်..."
ရှုဝမ်ဟောင်က ခေါင်းခါလိုက်ပြီး...
" ငါလဲ မသိဘူး..သူ့မှာ အခက်အခဲရှိတယ်လို့ ဆရာဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး"
"အော်...အဲ့လိုလား??"
"ဟမ်..."
ရှုဝမ်ဟောင်ကိုကြည့်ရတာ အတော်စိတ်ပူနေပုံရတယ်....
"ဆရာ့မှာ အခက်ခဲရှိနေမှန်း သိရပြီဆို​တော့ အခုပဲ သွားမယ်လိုက်မယ်...ဆရာ ငါ့ကို အများကြီးကူညီခဲ့ပေမယ့် ငါ အခုထိ ဘာမှပြန်မလုပ်ပေးရ​သေးဘူး..."
ကိုယ့်ကိုကိုယ် ဒေါသထွက်မိတာကြောင့် ရှုဝမ်ဟောင်ခေါင်းငုံ့ထားလိုက်မိတယ်....
ဒါ့ကြောင့် အယ်လန့်ရဲ့ အမျိုးအမည်မသိတဲ့ အပြုံးတွေကို မမြင်နိူင်ခဲ့ပေ.....
သူ့ ခန့်မှန်းချက်တွေကို အတည်ပြုပြီးပြီ....ဆရာက ရှုဝမ်ဟောင်ကြောင့်သာ လီဟုန်ရွှမ်းနားမှာ နေနေရတာ....အကြောင်းအရင်းကို သိရပြီဆိုတော့ ဘာဆက်လုပ်သင့်တယ်ဆိုတာ တွေးထားပြီးပြီ.....
အယ်လန့်ရဲ့ လေသံက တကယ်ကို ရိုးသားဖြူစင်နေတယ်....
"ဒါဆို အတူတူသွားမေးကြမယ်...ဆရာ့ကို ကြည့်ရတာ ငါ တကယ်စိတ်ပူတယ်..."
ရှုဝမ်ဟောင်က အဆက်မပြတ်ခေါင်းညိတ်ပြလိုက်ပြီး....
"ဟုတ်တယ်...အခု သိပြီဆိုတော့ ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး..."
ဆရာက တကယ့်ကို လူကောင်းတစ်ယောက်ပါ....သူနဲ့မရင်းနှီးတာတောင် သူ့ကို ကူညီဖို့အမြဲတမ်း လက်ကမ်းပေးခဲ့တယ်...အခု ဆရာမှာ အခက်အခဲတွေရှိနေတယ်...စိုးရိမ်သောကတွေက ရှုဝမ်ဟောင်ရဲ့ နှလုံးသားကို အပိုင်းပိုင်းစုတ်ဖြဲနေသည့်နှယ်.....
အခုချက်ချင်း ဆရာ့ဘေးကို ပြေးသွားလိုက်ချင်ပေမယ့် စိတ်မသက်မသာဖြစ်စရာကောင်းတဲ့အချက်တွေရှိနေသေးတယ်....
"ဟူးးးးငါသွားမေးတော့ရော...အကူညီဖြစ်ပါ့မလား??"
အယ်လန် တစ်ချက်ပြုံးလိုက်ပြီး ရှုဝမ်ဟောင် ကို တည်ကြည်လေးနက်စွာစိုက်ကြည့်လိုက်တယ်.....
" မင်း ဆရာ့ကို ကြီးကြီးမားမားကူညီပေးနိုင်မယ်ဆိုတာ ငါယုံတယ်"
………………………… …………………………
ရှဲ့ဟယ် မျက်စိစုံမှိတ်ပြီး လီဟုန်ရွှမ်း နောက်ကနေ လိုက်သွားခဲ့တယ်...နောက်ဆုံးတော့ လူသူကင်းမဲ့တဲ့ ကော်ရစ်တာတစ်ခုမှာ ရပ်သွားခဲ့တယ်....
လီဟုန်ရွှမ်းက ရှဲ့ဟယ်ကို စကားတစ်ခွန်းမှ မပြောဘဲ ရှုပ်ထွေးတဲ့ အကြည့်တွေနဲ့ စူးစိုက်ကြည့်နေတာကြောင့် ရှဲ့ဟယ် ထိတ်လန့်လာတယ်...သို့ပေမယ့် ထွက်မပြေးရဲတာကြောင့် နာခံစွာနဲ့ ပေတေပြီး ရပ်နေခဲ့တယ်....
လီဟုန်ရွှမ်း လက်သီးကို ကျစ်နေအောင်ဆုပ်လိုက်ပြီး ပင့်သက်ရှိုက်လိုက်တယ်...သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းနိုင်တော့မှ.....
"ကျွန်တော် ဆရာ့ကို ဘယ်တော့မှ မရိုက်ဘူး..."
ခပ်ကြောင်ကြောင်ဖြစ် သွားတာကြောင့် ရှဲ့ဟယ် သူ့ကို မော့ကြည့်လိုက်တယ် .....
လီဟုန်ရွှမ်းဆိုတာ သူမှားနေရင်တောင် တစ်ဖက်သားကို ရှင်းပြမယ့်သူမျိုးမဟုတ်ပေ....လူအယောက်တစ်ထောင်လောက်က သူ့ကို လက်ညိုးထိုးပြီး ယုတ်ညံ့စွာဆဲဆိုနေရင်နေရင်တောင် မျက်နှာတစ်ချက် မပျက်သွားမယ့် လူစားမျိုးပါ.....
ထိုကဲ့သို့သော လီဟုန်ရွှမ်းက ဒီနေ့မှာတော့ နားလည်မှုနဲ့ ခွင့်လွှတ်မှုကို တောင်းခံဖို့ ဆရာ့ရှေ့မှာ မာနာတွေသိက္ခာတရားတွေကို ဖယ်ထုတ်ပြီး ဉီးညွှတ်နေလေပြီ......
" ကျွန်တော် ဆရာ့ကို ဘယ်တော့မှ မရိုက်ဘူးလို့ ပြောနေတာ.."
သို့ပေမယ့် ဆရာ့ကိုကြည့်ရတာ
သူဒီစကားတွေကိုခက်ခက်ခဲခဲ ထုတ်ပြောနေရမှန်း သိပုံမရဘူး....
ရှဲ့ဟယ်က ကျိုးနွံနာခံနေကျ အမူအကျင့်တိုင်း ခေါင်းညိတ်ပြလိုက်ပြီး....
"ငါသိတယ်..."
လီဟုန်ရွှမ်းရဲ့ နှလုံးသားတစ်ခုလုံး နစ်မြှုပ်သွားရှာပြီ.....
"ကျွန်တော့်ကို မယုံဘူးမလား??"
"မဟုတ်ပါဘူး!!!ယုံပါတယ်....!!!"
ရှဲ့ဟယ်က ဖြူဆုတ်နေတဲ့ မျက်နှာနဲ့ အတတ်နိုင်ဆုံး ခေါင်းခါပြနေတယ်.....
လီဟုန်ရွှမ်းရဲ့  မျက်နှာပေါ်မှာ ကိုယ့်ကိုကိုယ် လှောင်ပြောင်တဲ့ အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာတယ်...
ဘာတွေမျှော်လင့်နေတာလဲ???သူ့စကားတစ်ခွန်းက ဆရာ နာကျင်ခံစားခဲ့ရသမျှကို ဖျောက်ဖျက်ပစ်နိူင်မယ်လို့ ဘယ်လိုများတွေးခဲ့မိတာပါလိမ့်...သူ့အမှားတွေကို ဖျောက်ဖျက်ပစ်ပြီး ဆရာ့ကို ပွင့်လင်းစွာပြောဆိုဆက်ဆံနိူင်မယ်လို့ သူ တကယ်ထင်နေခဲ့တာလား....
မဖြစ်နိုင်ဆုံးသော အရာကို မျှော်လင့်တောင့်တမိနေသလို ဖြစ်နေပြီ......
သူ့ဘဝမှာ ပထမဆုံးကြိမ်အဖြစ် တစ်ဖက်သားကို ရှင်းပြချင်နေပေမယ့် ထိုလူကတော့ သူ့ဖြေရှင်းချက်တွေကို မလိုအပ်ခဲ့ပါဘူး.....
အစကတည်း "ဆရာ့ကိုချစ်တယ်" လို့ပြောမလို့ပါ...ဒါပေမယ့်အခုချိန်မှာ ပြောစရာမလိုတော့ပါဘူး..အခုနေသွားပြောလိုက်ရင် ကိုယ့အရှက်ကိုယ်ပြန်ခွဲသလို ဖြစ်သွားလိမ့်မယ်...
"ပြော...ပြောစရာကျန်သေးလို့လား??"
လီဟုန်ရွှမ်း ရဲ့ အမူအရာ အတက်အကျတွေကို ရှဲ့ဟယ် မဝံ့မရဲငေးကြည့်နေတယ်...လီဟုန်ရွှမ်းရဲ့ မျက်ဝန်းနက်နက်တွေက
မုန်တိုင်းမလာခင် ငြိမ်သက်နေသလို တည်ငြိမ်လွန်းနေတယ်....အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုတိုက်ခတ်ဖို့အစပျိုး
နေတာလဲ ဖြစ်နိုင်တာပဲ....တင်းကြပ်ပိတ်လှောင်နေတဲ့ လေထုထဲကနေ ထွက်ပြေးချင်နေပြီ.....
ရှဲ့ဟယ်ရဲ့ ဖြုဆုတ်နေတဲ့ မျက်နှာကို စေ့စေ့ကြည့်ရင်းကနေ လီဟုန်ရွှမ်း ရဲ့နှုတ်ခမ်းထောင့်တွေမြင့်တက်လာတယ်....
"ဆရာက ကျွန်တော်နဲ့ တခဏလေးတောင် အတူမရှိချင်ဘူးလား...ဟမ်??"
" မဟုတ်ပါဘူး...ငါ...."
စကားမဆုံးသေးခင် လီဟုန်ရွှမ်းက ရှဲ့ဟယ်ကို လက်ကောက်ဝတ်ကနေ ဆွဲပြီးအခန်းလွတ်တစ်ခုထဲ ခေါ်သွင်းလိုက်တယ်....
ဒီအခန်းက အစောင့်တွေတွက်ပေးထားတဲ့အခန်းဖြစ်တာကြောင့် ဒီအချိန်ဘယ်သူမှ ရောက်မလာနိူင်ပေ....လီဟုန်ရွှမ်းက တံခါးကို ​ခြေနဲ့ကန်ပြီးပိတ်လိုက်တယ်...ရှဲ့ဟယ်ကို အခန်းနံရံမှာဆွဲကပ်လိုက်ပြီး နှာခေါင်းချင်းထိတဲ့အထိ နီးကပ်စွာနဲ့ ဆရာ့မျက်ဝန်းထဲက ခံစားချက်တစ်ခုချင်းစီကို အသေးစိတ်အကဲခတ်နေခဲ့တယ်.....
ထိုမျက်ဝန်းတွေထဲမှာမြင်နေရတာက ထိန့်လန့်ခြင်းနဲ့ အကြောက်တရားတွေသာလျှင်.....
သူ တကယ်...တကယ်ကို မနာလိုဖြစ်မိပါတယ်....ဆရာက နူးညံ့သိမ်မွေ့တဲ့အမူအရာမျိုးနဲ့ ကျောင်းသားတိုင်းကို စိတ်ရှည်သည်းခံတတ်တယ်....အယုံလွယ်တယ်.... သဘောကောင်းတယ်....ကျောင်းသားတိုင်းကို ဂရုစိုက်စောင့်ရှောက်ပေးတယ်....ဒါပေမယ့် ဆရာက သူ့ကိုတော့ ကြောက်နေတယ်.....
သူကိုလဲ ဒီမျက်ဝန်းတွေနဲ့ နူးညံ့စွာကြည့်ပေးမယ်ဆို....သူ့ကိုလဲ တခြားသူတွေလိုဆက်ဆံသလို နွေးထွေးစွာဆက်ဆံပေးမယ်ဆို ဘယ်လောက်များကောင်းလိုက်မလဲ???
ဒီလောကမှာ လူတိုင်းအတူတူပဲလို့ မှားယွင်းစွာယုံကြည်မိလိုက်တာကြောင့် သူကိုယ်တိုင် အမှောင်ထုထဲကို ခုန်ဆင်းလိုက်ဖို့ရွေးချယ်ရက်သားဖြစ်ခဲ့ရတယ်....ဒုက္ခနဲ့ကြုံရတိုင်း မူလစိတ်ရင်းမှန် ကို ဘယ်သူမှ  ထိန်းသိမ်းထားနိုင်မှာမဟုတ်ကြောင်း ယုံကြည်ထားခဲ့တယ်....ထိုလူက စိတ်ပျက်ဖွယ်ရာမြူမှုန်တွေကို ဖယ်ရှင်းပေးနိုင်တဲ့ နေရောင်ခြည်သဖွယ် နွေးထွေးလှပါတယ်...အစကတည်းက ဒီနွေးထွေးမှုတွေကို သူရရှိနိုင်ပေမယ့် သူ့ရဲ့မောက်မာတဲ့မာနတရားတွေကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရလေပြီ......
လက်မလွှတ်ပေးချင်ဘူး....ဒီနေရောင်ခြည်လေးကို့ သူ့ကိုယ်ပိုင် ကမ္ဘာလေးထဲမှာပဲ ထာဝရသိမ်းဆည်းထားချင်တယ်...
[444:Hostတာ့တာ့ ရှုဝမ်ဟောင်နဲ့ အယ်လန်တို့ လာနေပြီ....]
[ရှဲ့ဟယ်: ငါသိတယ်...]
လီဟုန်ရွှမ်း ခေါင်းငုံ့ပြီး ရှဲ့ဟယ်ကို နမ်းလိုက်တယ်...ဒီအနမ်းတွေက အတင်းအဓမ္မလုယက်နေသလိုပါပဲ...ဒါဟာ တစ်ဖက်သားကို သည်းမခံနိုင်စွမ်းမဲ့စေခဲ့တယ်....
လီဟုန်ရွှမ်းရဲ့ ပြင်းထန်တဲ့ အနမ်းတွေကြောင့် ရှဲ့ဟယ် တကိုယ်လုံး တုန်ရီနေတယ်....ခက်ခက်ခဲခဲရုန်းကန်ပြီးနောက် အနမ်းကြမ်းတွေအောက်ကနေ လွတ်မြောက်လာပြီး လေကို အငမ်းမရ ရှူသွင်းနေရတယ်...သူ့မျက်နှာတစ်ခုလုံးနီရဲနေပြီး မျက်ဝန်းတွေကလဲ ထိုကဲ့သို့ပင်.......
ခဏအကြာမှာတော့ လီဟုန်ရွှမ်းကို မျက်ဝန်းနီနီတွေနဲ့မော့ကြည့်လိုက်ပြီးစွဲမက်ဖက်ကောင်းလောက်အောင် နီမြန်းနေတဲ့ နှုတ်ခမ်းဖျားကနေ တုန်ရီစွာနဲ့.......
"ဒီနေရာမှာတော့ မလုပ်ပါနဲ့..."
ဒီလို သနားစဖွယ်တောင်းဆိုချက်လေးက သူ့ဘက် ငြင်းဆန်နေမှန်း သိသာနေပေမယ့် လီဟုန်ရွှမ်းအပေါ်မှာ ဖိတ်ခေါ်မှုတစ်ခုလိုသက်ရောက်သွားတာကြောင့် နှလုံးသားထဲက လောင်မြှိုက်နေတဲ့ ဆန္ဒတွေကို ထိန်းထား၍မရတော့ပေ....ဒီစကားလေးတစ်ခွန်းက သူ့ကို လှိုင်းထန်စေခဲ့တယ်...လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဆရာ့ကို သွားမတွေ့မိအောင် သူ့ကိုယ်သူ ကြိုးစာထိန်းချုပ်ခဲ့တယ်....ဆရာနဲ့ဆုံတွေ့ရချိန်မှာ ဒါတွေအကုန်အသုံးမဝင်တော့ကြောင့် သိလိုက်ရတယ်...ဆရာက အကြည့်တစ်ချက်...စကားလေးတစ်ခွန်းနဲ့တင် သူ့ရဲ့ထိန်းချုပ်နိူင်စွမ်းတွေကို ဟာသလုပ်ပစ်လိုက်နိူင်တယ်...ဆရာ့ကို လိုချင်တယ်....ဆရာ့ကို လိုချင်လွန်းလို့ ရူးတော့မယ်......
လီဟုန်ရွှမ်းရဲ့ မျက်ဝန်းတွေ မှောင်မိုက်နေတယ်.....
"ဘယ်နေရာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆရာ ဘယ်တော့မှ မလုပ်ချင်ဘူးမလား?အချိန်တွေနေရာတွေနဲ့ မဆိုင်ဘူး...ဆရာ မလိုချင်တာက ကျွန်တော့်ကို..."
"အဲ့လိုမဟုတ်...."
ရှဲ့ဟယ် လီဟုန်ရွှမ်းရဲ့အကြည့်တွေကို ရှောင်တိမ်းနေရတယ်....တစ်နေရာရာမှာပုန်းနေလိုက်ချင်ပေမယ့် သူ့မှာ ပြေးစရာမြေမရှိ....
"ဆရာ ကျွန်တော့်ကို မလိုချင်ရင်တောင် ကျွန်တော်ကတော့ ဆရာ့ကို လိုချင်တယ်..."
လီဟုန်ရွှမ်း ခေါင်းငုံ့ပြီး ရှဲ့ဟယ်ရဲ့ နားရွက်ကိုက်လိုက်တယ်...ခဏအကြာမှာတော့ အေးစက်ပြင်းရှနေတဲ့ စကားသံတစ်ခုကိုကြားလိိုက်ရတယ်....
"ဆရာ ကျွန်တော့အနားက ဘယ်တော့မှထွက်သွားလို့မရဘူး..."
ထိုစကားလုံးတွေက ဖောက်ဖျက်မရတဲ့ ကတိသစ္စာတစ်ခုဖြစ်တယ်.....
ရှဲ့ဟယ် အလန့်တကြား မော့ကြည့်လိုက်ပြီး....
"မင်း...မင်းပြောတော့ နှစ်လတည်းဆို..."
လီဟုန်ရွှမ်း ရယ်နေတယ်...ထိုရယ်သံတွေက သူ့ကိုယ်သူလှောင်ပြောင်နေသည့်နှယ်.....
"ဟုတ်တယ်....ရှုဝမ်ဟောင်ကို ကူညီပေးတဲ့အတွက နှစ်လ အဖော်ပြုပေးရမယ်လို့ ပြောခဲ့ဖူးတယ်...ဒါပေမယ့် အခု နောင်တ ရနေပြီ...နှစ်လဆိုတာ အရမ်းနည်းလွန်းတယ်..."
"မင်း ဘယ်လိုတောင် လုပ်ရက်တာလဲ??"
ရှဲ့ဟယ်က အမျက်ဒေါသ...ထိတ်လန့်မှု..စိုးရိမ်ပူပန်မှု...အစရှိတဲ့ခံစားချက်တွေနဲ့ မော့ကြည့်နေတယ်....
"ဘာလို့ မလုပ်နိုင်ရမှာလဲ"
လီဟုန်ရွှမ်းက က ဆရာ့မျက်နှာကို စိုက်ကြည့်ရင်း
“နောက်တစ်ခုထပ်ပြောရရင် ဆရာ့ရဲ့ဓာတ်ပုံတွေကို တစ်ကမ္ဘာလုံးကို  မြင်စေချင်လို့လား”
"အဲ့ဓာတ်ပုံတွေအတွက်...... တန်ရာတန်ကြေးပေးပြီးပြီလေ...."
"တကယ် နုံချာပြီး ချစ်ဖို့ကောင်းတာလေးက
လူတွေက ဆရာ့ကို အနိုင်ကျင့်ချင်လာအောင် လုပ်နေသလိုပဲ..."
လီဟုန်ရွှမ်း  သူ့ကိုယ်သူ ကန့်သတ်ချုပ်ချယ်မှုတွေ မလုပ်ချင်တော့ဘူး။ နူးညံ့တဲ့နှုတ်ခမ်းတွေကို ထပ်မံနမ်းရှိုက်ဖို့ ခေါင်းငုံ့လိုက်ပြီး...
“ဆရာ… ကျွန်တော့်အနားထွက်သွားဖို့မစဉ်းစားနဲ့….”
အဝတ်အစားတွေ ဆုတ်ဖြဲခံလိုက်ရတာကြောင့် သူ့ခန္ဓာကိုယ်ကို လေအေးတွေတိုက်ခတ်နေတယ်...ခြေထောက်ဖက်ဆွဲမြှောက်ခံလိုက်ရပြီး ခန္ဓာကိုယ်ထဲကို တစ်စုံတစ်ခုက အစိမ်းသက်သက် တိုးဝင်လာခဲ့တယ်...
ရှဲ့ဟယ်တကိုယ်လုံးပြင်းထန်စွာ တုန်ခါနေတယ်...နှုတ်ခမ်းပြတ်ထွက်မတတ်ကိုက်ထားပေမယ့်လဲ ရှိုက်သံသဲ့သဲ့ ကြားနေရဆဲပင်.....
"......တောင်းပန်..ပါတယ်....မလုပ်...ပါနဲ့..."
ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေနီရဲနေပြီး...မျက်တောင်ဖျားတွေ စိုစွတ်နေတယ်....
"မလုပ်....အားး!!"
"ငြင်းဆန်ဖို့ မကြိုးစားနဲ့ လို့ အစောကြီးတကည်းကပြောထားသားပဲ...."
လေသံကနူးညံနေသလောက် လုပ်ရပ်တွေကတော့ သည်းခံနိူင်စွမ်းမရှိလောက်တဲ့ရက်စက်ကြမ်းတမ်းမှုတွေကိုသယ်ဆောင်လာတယ်.....
နှုတ်ခမ်းကို ဖိကိုက်ထားတယ်..ဒါမှသာ နားရှက်စရာ ညီးတွားသံတွေထွက်မလာနိင်တော့မှာ....အားနည်းစွာခုခံဖို့ကြိုးစားလိုက်တိုင်း အဆပေါင်းများစွာ ရက်စက်ပြင်းထန်တဲ့ ဖိအားတွေနဲ့ ဖိနှိပ်ခံနေရတယ်....နောက်ဆုံမှာတော့ ရေစီးကြမ်းတဲ့မြစ်ပြက်ကျယ်မှာ အစုန်အဆန်မြောလွှင့်နေရတဲ့ လှေငယ်လေးတစ်စီးသဖွယ် တစ်သိမ့်သိမ့်ရှိုက်ငိုရဲမှလွဲ၍ မတတ်နိူင်ရှာတော့ပေ....
[TN: လှေကလေးကိုလှော်မည် ဘေးမသမ်းဘဲ အေးချမ်းတော့မည်🎼🎼 လှေထိုးသားကြီး လီဟုန်ရွှမ်းရေ နင့်အတွက် အမွှေးတိုင်ကြိုထွန်းပေးထားတယ်..]
သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ချင်း ရင်းနှီးစွာ ပေါင်းစည်းလိုက်ရလို့ လီဟုန်ရွှမ်းကျေနပ်သွားတယ်....ဒါဟာ သူ့ရှေ့ကလူကို လုံး၀ပိုင်ဆိုင်ထားလိုက်သလို ခံစားရစေတယ်...
ဆရာ့ခန္ဓာကိုယ်ကို ညင်သာစွာ နမ်းရှိုက်လိုက်တယ်....သူ့အဖြစ်က လက်လှမ်းမမှီနိုင်အောင် အလှမ်းဝေးလွန်းတဲ့ နတ်ဘုရားတစ်ပါးကို ဖူးမျှော်ခစားချင်နေသူတစ်ယောက်သဖွယ်....
ဆရာ့ကို ကျွန်တော်ချစ်တယ်....
ဆရာ မသိပေမယ့်လဲ......
[တင်းတောင်...လီဟုန်ရွှမ်းရဲ့ နှစ်သက်မှု 2မှတ်ထပ်တိုးပါတယ်... စုစုပေါင်း 92 ပါ...]
ZawGyi
"ငါ ပြန်သင့်ပြီ!!!"
"ဆရာ ကျွန်တော့်ကို မယုံပေမယ့် ဆရာ့ကို ကူညီချင်နေတုန်းပဲ...လီဟုန်ရွှမ်း တစ်ခုခုခြိမ်းခြောက်ထားလို့ ဆရာ သူ့အနားမှာ နေပေးနေတာမလား...ကျွန်တော်ကို့ပြောပြပါ..ကူညီနိုင်တာမျိုးဖြစ်ရင်လဲ ဖြစ်နေနိုင်တာပဲ...."
"မလိုဘူး...."
................. .........
[444:........]
[444:........]
[ရှဲ့ဟယ်: အချိန်ကျပြီ....]
"ဆရာစု...."
ရှုဝမ်ဟောင် ရှက်နေတယ်....ဘာ့ကြောင့်မှန်းရယ်မသိ ဆရာစုရဲ့အပြုံးနုနုတွေမြင်လိုက်တိုင်း နှလုံးခုန်းနှုန်းတွေ မြင့်တက်လာတယ်....သူရဲ့ ကသိကအောက်နိုင်မှုကို ချောင်းဟန့်ပြီးဖုံးကွယ်လိုက်တယ်...ပြီးတာနဲ့ အလွန်တရာကျေးဇူးတင်နေတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး....
" ...အော်...အင်း..အင်း..."
"ဟုတ်..ဟုတ်...."
"ဘာလို့မေးတာလဲ? ?"
"အော်...အဲ့လိုလား??"
"ဟမ်..."
ဒါ့ကြောင့် အယ်လန့်ရဲ့ အမျိုးအမည်မသိတဲ့ အပြုံးတွေကို မမြင်နိုင်ခဲ့ပေ.....
………………………… …………………………
"ငါသိတယ်..."
"မဟုတ်ပါဘူး!!!ယုံပါတယ်....!!!"
ဘာတွေမျှော်လင့်နေတာလဲ???သူ့စကားတစ်ခွန်းက ဆရာ နာကျင်ခံစားခဲ့ရသမျှကို ဖျောက်ဖျက်ပစ်နိုင်မယ်လို့ ဘယ်လိုများတွေးခဲ့မိတာပါလိမ့်...သူ့အမှားတွေကို ဖျောက်ဖျက်ပစ်ပြီး ဆရာ့ကို ပွင့်လင်းစွာပြောဆိုဆက်ဆံနိုင်မယ်လို့ သူ တကယ်ထင်နေခဲ့တာလား....
" မဟုတ်ပါဘူး...ငါ...."
ဒီအခန်းက အစောင့်တွေတွက်ပေးထားတဲ့အခန်းဖြစ်တာကြောင့် ဒီအချိန်ဘယ်သူမှ ရောက်မလာနိုင်ပေ....လီဟုန်ရွှမ်းက တံခါးကို ​ခြေနဲ့ကန်ပြီးပိတ်လိုက်တယ်...ရှဲ့ဟယ်ကို အခန်းနံရံမှာဆွဲကပ်လိုက်ပြီး နှာခေါင်းချင်းထိတဲ့အထိ နီးကပ်စွာနဲ့ ဆရာ့မျက်ဝန်းထဲက ခံစားချက်တစ်ခုချင်းစီကို အသေးစိတ်အကဲခတ်နေခဲ့တယ်.....
[ရှဲ့ဟယ်: ငါသိတယ်...]
ဒီလို သနားစဖွယ်တောင်းဆိုချက်လေးက သူ့ဘက် ငြင်းဆန်နေမှန်း သိသာနေပေမယ့် လီဟုန်ရွှမ်းအပေါ်မှာ ဖိတ်ခေါ်မှုတစ်ခုလိုသက်ရောက်သွားတာကြောင့် နှလုံးသားထဲက လောင်မြှိုက်နေတဲ့ ဆန္ဒတွေကို ထိန်းထား၍မရတော့ပေ....ဒီစကားလေးတစ်ခွန်းက သူ့ကို လှိုင်းထန်စေခဲ့တယ်...လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဆရာ့ကို သွားမတွေ့မိအောင် သူ့ကိုယ်သူ ကြိုးစာထိန်းချုပ်ခဲ့တယ်....ဆရာနဲ့ဆုံတွေ့ရချိန်မှာ ဒါတွေအကုန်အသုံးမဝင်တော့ကြောင့် သိလိုက်ရတယ်...ဆရာက အကြည့်တစ်ချက်...စကားလေးတစ်ခွန်းနဲ့တင် သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းတွေကို ဟာသလုပ်ပစ်လိုက်နိုင်တယ်...ဆရာ့ကို လိုချင်တယ်....ဆရာ့ကို လိုချင်လွန်းလို့ ရူးတော့မယ်......
"အဲ့လိုမဟုတ်...."
လီဟုန်ရွှမ်း ခေါင်းငုံ့ပြီး ရှဲ့ဟယ်ရဲ့ နားရွက်ကိုက်လိုက်တယ်...ခဏအကြာမှာတော့ အေးစက်ပြင်းရှနေတဲ့ စကားသံတစ်ခုကိုကြားလိုက်ရတယ်....
"မလုပ်....အားး!!"
လေသံကနူးညံနေသလောက် လုပ်ရပ်တွေကတော့ သည်းခံနိုင်စွမ်းမရှိလောက်တဲ့ရက်စက်ကြမ်းတမ်းမှုတွေကိုသယ်ဆောင်လာတယ်.....
နှုတ်ခမ်းကို ဖိကိုက်ထားတယ်..ဒါမှသာ နားရှက်စရာ ညီးတွားသံတွေထွက်မလာနိင်တော့မှာ....အားနည်းစွာခုခံဖို့ကြိုးစားလိုက်တိုင်း အဆပေါင်းများစွာ ရက်စက်ပြင်းထန်တဲ့ ဖိအားတွေနဲ့ ဖိနှိပ်ခံနေရတယ်....နောက်ဆုံမှာတော့ ရေစီးကြမ်းတဲ့မြစ်ပြက်ကျယ်မှာ အစုန်အဆန်မြောလွှင့်နေရတဲ့ လှေငယ်လေးတစ်စီးသဖွယ် တစ်သိမ့်သိမ့်ရှိုက်ငိုရဲမှလွဲ၍ မတတ်နိုင်ရှာတော့ပေ....
ဆရာ မသိပေမယ့်လဲ......
Continue Reading
You'll Also Like
11.4K 1K 13
20.4K 2.6K 77
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
98K 10.2K 145
အပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊
81.6K 9.2K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...