Flash back...
မြတ်မင်းပိုင်၏မိဘနှစ်ပါးကတော့ဦးမြတ်မင်းနှင့်ဒေါ်သူဇာတို့ဖြစ်သည်။ဦးမြတ်မင်းဟာအသက်၂၀တည်းကMyat Company ၏CEOဖြစ်ခဲ့ကာဒေါ်သူဇာနှင့်တွေ့ဆုံပြီးလက်ထပ်ခဲ့သည်။သူတို့သား ဖြစ်သူမြတ်မင်းပိုင်ကို10တန်းပြီးတည်းကအလုပ်နှင့်ဆိုင်သောအခြေခံကိုလေ့လာစေခဲ့သည်။ဦးမြတ်မင်းဟာမြတ်မင်းပိုင်ငယ်ရွယ်လွန်းသဖြင့်မလုပ်ဖို့ပြောသော်လည်းဒေါ်သူဇာ၏တိုက်တွန်းမှုကြောင့်ငယ်ငယ်ရွယ်ရွယ်နှင့်Company ကိစ္စတွေ နှင့်ပက်သက်လာခဲ့ရသည်။
မြတ်မင်းပိုင်တစ်ယောက်ဒီကိစ္စတွေကိုလုံးဝစိတ်မပါခဲ့ပါဘူး။ဒေါ်သူဇာ၏မွေးရာပါနှလုံးရောဂါကြောင့်မြတ်မင်းပိုင်တစ်ယောက်အမေ့ဆန္ဒကိုဘယ်လိုမှမလွန်ဆန်နိုင်ခဲ့ရပေ။
တက္ကသိုလ် လည်း
ပြီးရောမြတ်မင်းပိုင်ကိုဒေါ်သူဇာဟာMyat Company ကိုဦးစီးစေခဲ့သည်။သည်လိုနှင့်မြတ်မင်းပိုင်တစ်ယောက်မလုပ်ချင်ဘဲနဲ့CEOလုပ်ခဲ့ရသည်။အလုပ်တွေနှင့်ရောထွေးနေတဲ့မြတ်မင်းပိုင်ဟာရည်းစားဆိုလို့တစ်ယောက်တစ်လေတောင်မရှိခဲ့ပေ။မြတ်မင်းပိုင်အသက်၂၈နှစ်ရောက်သော်ဒေါ်သူဇာဟာသူ့သူငယ်ချင်း၏သမီးဒေလီယာဆိုသည့်သူနှင့်မြတ်မင်းပိုင်ကိုစေ့စပ်ဖို့ကမ်းလှမ်းလာခဲ့သည်။
"အမေ...ကျွန်တော်အမေဖြစ်စေချင်တဲ့အရာအားလုံးကျွန်တော်လုပ်ပေးခဲ့ပြီးပြီအခုလည်းCEOနေရာရောက်လာပြီ...ကျွန်တော်နှလုံးသားရေးရာကိုတော့ဝင်ပြီးမစွတ်ဖက်ပါနဲ့တော့"
ဒေါ်သူဇာတစ်ယောက်သူ့ကိုဘယ်တော့မှပြန်မပြောဖူးသည့်သူ့၏သားကအခုတော့ပြန်ခံပြောလာတော့စိတ်ထဲဘဝင်မကျပေ။
"ဒီမယ်မြတ်မင်းပိုင်ငါကမင်းကိုကောင်းစေချင်လို့စီစဥ်ပေးတာမင်းဘာမှအထွန့်တက်စရာမလိုဘူး.."
"အမေကသားကိုကောင်းစေချင်လို့လုပ်တာမဟုတ်ဘူးချောက်ထဲတွန်းချနေတာ....ကျွန်တော်မချစ်တဲ့သူတစ်ယောက်ကိုဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲ"
"ဒေလီယာကလိမ္မာတဲ့ကလေးမလေးပါသူသားနဲ့လက်ထပ်ပြီးရင်သူ့အိမ်ထောင်သူကျေပွန်မှာပါကွယ်"
"ဒီမှာအမေကျွန်တော်မချစ်မနှစ်သက်တဲ့သူကိုတော့လုံးဝမယူနိုင်ဘူး"
ဆိုပြီးတံခါးကို ဂျိန်း ခနဲပိတ်ကာလှည့်ထွက်သွားတော့သည်။ဒါကိုမကျေနပ်သည့်ဒေါ်သူဇာတစ်ယောက်ကတော့အသက်ကိုပြင်းပြင်းရှူရင်းမျက်နှာကြောတင်းကာအခန်းထဲတွင်ကျန်ခဲ့တော့သည်။ခဏကြာသော်ဦးမြတ်မင်းလည်းဒေါ်သူဇာရှိရာအခန်းသို့ဝင်လာခဲ့တော့သည်။
"မင်းနဲ့သားခုနကဘာဖြစ်ကြတာလဲ"
ဒေါ်သူဇာရဲ့ပုံစံကမပြောချင်ပြောချင်ဖြင့်....
"ရှင့်သားပေါ့ကျွန်မသူငယ်ချင်းရဲ့သမီးဒေလီယာဆိုတဲ့ကလေးမနဲ့လက်ထပ်ခိုင်းတာကိုငြင်းလိုက်တယ်လေ"
"သြော်...သူဇာရယ်သားမှလက်မထပ်ချင်တာကြီးအတင်းအကျပ်မလုပ်ပါနဲ့"
ဒေါ်သူဇာတစ်ယောက်မျက်ခုံးတန်းတွေကိုစုကျုံ့လိုက်ပြီးဒေါသဟန်ဖြင့်....
"ရှင်တို့သားအဖတွေကအတူတူပဲ အေးရှင်တို့ဘာပဲပြောပြောဒေလီယာနဲ့သားနဲ့ကိုလက်ထပ်ပေးမှာပဲ"
ဦးမြတ်မင်းလည်းလက်သီးကိုကျစ်ကျစ်စုတ်ကာ....
"ဒီမှာသူဇာ..မြတ်မင်းပိုင်ဆိုတာကလည်းငါ့သားကွမင်းလုပ်ချင်တိုင်းလုပ်ရအောင်အရုပ်လည်းမဟုတ်ဘူးးသားကိုငယ်ငယ်လေးတည်းကမင်းအလိုကျပုံသွင်းလာခဲ့တာ...အခုသားအရွယ်ရောက်နေပြီသူ့လည်းသူ့အနာဂတ်သူရွေးချယ်ပါစေ..မင်းဘာမှဝင်မပါ ပါနဲ့"
"သြော်ရှင်တို့ကအခုတော့ဒီလိုစကားပြောပြီပေါ့လေ....သားကိုကောင်းစေချင်လို့အမေတစ်ယောက်အနေနဲ့လုပ်ပေးတာကျွန်မမှားသလား"
ဦးမြတ်မင်းလည်းသားကိုအရမ်းချုပ်ခြယ်လွန်းတဲ့ဒေါ်သူဇာကိုပို၍ပင်ဒေါသထွက်ကာအော်ပြောမိတော့သည်။
"မင်းကကောင်းစေချင်လို့မဟုတ်ဘူးသားရဲ့အနာဂတ်ကိုဖျက်စီးနေတာ...အဲ့တာမင်းသိရဲ့လား...မင်းကဘယ်လိုအမေမျိုးလဲ...ကိုယ့်သားကိုမချစ်တဲ့သူနဲ့လက်ထပ်ခိုင်းနေတာမင်းကအမေမဟုတ်တော့ဘူး....ဘီလူးမဖြစ်နေပြီ"
ထိုသို့ပြောလိုက်တော့ဒေါ်သူဇာတစ်ယောက်မျက်လုံးပြူးပြီးမျက်ရည်များကျကာပါးစပ်ကလည်းမဟုတ်ဘူးမဟုတ်ဘူးဆိုပြီးရေရွတ်နေတော့သည်။ဒေါ်သူဇာ၏ဒေါသကြောင့်နှလုံးရောဂါဟာပြန်ထလာပြီးမေ့လဲသွားတော့၏။
"သူဇာ...သူဇာ...သတိထားအုံးလေ"
ခဏကြာသော်ဆေးရုံရဲ့VIPအခန်းထဲတွင်ဒေါ်သူဇာလက်ကိုကိုင်ထားသောမြတ်မင်းပိုင်နှင့်၊ဆရာဝန်နှင့်စကားပြောနေသောဦးမြတ်မင်းတို့ရှိလေသည်။
"ဒေါက်တာ...သူဇာ့ရဲ့အခြေအနေတော်တော်ဆိုးလားဗျ"
"လူနာဟာရှော့ခ်ရသွားတာဖြစ်တာကြောင့်အရမ်းကြီးစိုးရိမ်စရာလည်းမလိုပါဘူး
ခဏနေရင်လူနာသတိရလာပါလိမ့်မယ်....."
"ပြီးတော့လူနာကိုသူ့ရဲ့သဘောအတိုင်းထားပေးပါ...နှလုံးရဲ့အခြေအနေကနောက်တစ်ခါထပ်ဖြစ်ရင်စိုးရိမ်တဲ့အထဲပါနိုင်တာမို့.သေချာဂရုစိုက်ပေးပါ"
"ကောင်းပါပြီဒေါက်တာ."
"ဒါဆိုကျွန်တော်သွားလိုက်ပါဦးမယ်ကိစ္စတစ်ခုခုဆိုရင်လာခေါ်လိုက်ပါကျွန်တော်ဆေးရုံခန်းထဲမှာရှိပါတယ်"
ဦးမြတ်မင်းလည်းခေါင်းညိတ်ပြီးဒေါ်သူဇာနားသွားရပ်လိုက်သည်။မြတ်မင်းပိုင်တစ်ယောက်စိတ်ပူလွန်းသဖြင့်ဦးမြတ်မင်းအားမော့ကြည့်ကာမေးလိုက်သည်။
"အဖေ...အမေဘာမှမဖြစ်ဖူးမလားဟင်..."
"အရမ်းကြီးစိတ်မပူပါနဲ့သားအမေဘာမှမဖြစ်ပါဘူး..အပြင်ကိုခဏအဖေနဲ့လိုက်ခဲ့ ပြောစရာရှိတယ်"
ဦးမြတ်မင်းတစ်ယောက်အရှေ့ကထွက်သွားပြီးမြတ်မင်းပိုင်လည်းအနောက်ကနေထပ်ကြပ်မကွာလိုက်သွားတော့သည်။
"အဖေသားကိုဘာပြောမလို့လဲ"
"မင်းအမေအခြေအနေကသိပ်မကောင်းဘူးသူ့စိတ်ချမ်းသာအောင်နေပေးမှရမယ်"
"အဖေကလည်းကျွန်တော်တ်ို့အမေ့ကိုနှလုံးအစားထိုးကုသမယ်ဆိုရင်ရော"
"အရင်တုန်းကမင်းအမေက်ိုအဖေပြောခဲ့ဖူးတယ် ဒါပေမဲ့မင်းအမေကလက်မခံဘူး ဘာပြောသလဲသိလား"
"......"
"သူများနှလုံးကြီးကိုအစားထိုးပြီးမကုချင်ဘူးတဲ့လေသူများနှလုံးနဲ့အသက်မရှင်ခြင်ဘူးတဲ့..
မင်းအမေဘယ်လောက်စိတ်ကြီးသလဲဆိုရင်အဲ့တာသာကြည့်တော့"
မြတ်မင်းပိုင်လည်းစိတ်တွေရှုပ်လာသဖြင့်ဘာလုပ်ရမှန်းတောင်မသိတော့ဘူးဖြစ်နေသည်။
"ဒေါက်တာပြောပုံအရဆိုရင်မင်းအမေကိုစိတ်ချမ်းသာအောင်ထားရတော့မယ်တဲ့....စေ့စပ်မဲ့ကိစ္စကိုသားဘက်ကလက်ခံနိုင်လား"
မြတ်မင်းပိုင်သက်ပြင်းချပြီး.စိတ်မပါတဲ့ပုံနှင့်စကားဆိုလိုက်သည်။
"ချက်ချင်းကြီးတော့မစေ့စပ်သေးပါဘူးအဖေ အမေပြောတဲ့ဒေလီယာဆိုတဲ့ကောင်မလေးနဲ့သားသူငယ်ချင်းလုပ်ကြည့်ပါဦးမယ်"
"အေးကွယ်မင်းအမေကျန်းမာရေးကမကောင်းဘူးဆိုတော့အလိုက်သင့်ပြီးနေပေးလိုက်စေ့စပ်ပွဲကိုတော့အဖေတတ်နိုင်သလောက်အချိန်ဆွဲထားပေးမယ်"
မြတ်မင်းပိုင်လည်းဟုတ်ကဲ့ပါဆိုသည့်ပုံစံနှင့်ခေါင်းညိတ်ပြီးဒေါ်သူဇာရှိသောVIP ခန်းသို့ပြန်ဝင်သွားသည်။
*သားငယ်ဘယ်လောက်ပဲဒီကိစ္စကိုလက်ခံတယ်ပြောပြောသားရဲ့မျက်နှာကပျော်ရွှင်မှုမရှိဘူးဆိုတာအဖေမြင်နေရတယ်...အဖေလည်းသားမဖြစ်ချင်တာကိုအတင်းမတိုက်တွန်းပါဘူးမင်းအမေဒီကိစ္စကိုအတင်းစီစဥ်ရင်တော့အဖေကိုယ်တိုင်သားကိုမင်းအမေနဲ့အဝေးဆုံးကိုပို့ပစ်မယ်သား....*
ဦးမြတ်မင်းလည်းထိုသို့တွေးပြီး လေပူတစ်ချက်မှုတ်ကာအခန်းသို့ဝင်သွားတော့သည်။
ဆေးရုံVIPအခန်းတွင်...
ဒေါ်သူဇာလက်လေးတွေလှုပ်လာတာကိုမြတ်မင်းပိုင်တစ်ယောက်သတိထားမိတော့သည်။
"အမေသတိရလာပြီလား"
"အားစ်...ကျွတ်ကျွတ်"
"အမေ..အိပ်နေလိုက်ပါဦး...ဆေးသွင်းထားတာမို့ထိုင်လို့မရသေးဘူး"
"......"
"သားသေချာစဥ်းစားပြီးပါပြီအခုချက်ချင်းကြီးတော့မစေ့စပ်နိုင်ပေမဲ့သူနဲ့သူငယ်ချင်းအရင်လုပ်ကြည့်လို့ရနိုင်မလား"
ဦးမြတ်မင်းကပါဝင်ပြောလာသည်။
"ဟုတ်တယ်သူဇာ...သားတို့မစေ့စပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်အရင်လုပ်သင့်တယ်မလား"
"ဒါဆိုကောင်းပြီလေနောက်နေ့ကျရင်ဒေလီယာနဲ့မိတ်ဆက်ပေးမယ်အမေ့ကိုမျက်နှာပျက်အောင်မလုပ်ပါနဲ့သား"
"ဟုတ်ကဲ့ပါအမေ"
ဆေးရုံကဆင်းပြီးတစ်ပတ်အကြာ..
"လာသမီးဒေလီယာ အပေါ်ကအခန်းမှာသားရှိတယ်သွားခေါ်လိုက်ပါဦး"
"ဟုတ်ကဲ့အန်တီ"
ဒေလီယာလည်းလှေကားထစ်အတိုင်းအပေါ်သို့တက်လာခဲ့သည်။အပေါ်ထပ်မှာအိပ်ခန်းသုံးခန်းတွေ့သည်။တစ်ခန်းကမြတ်မင်းပိုင်မိဘအိပ်ခန်းရယ်၊နောက်တစ်ခန်းကမြတ်မင်းပိုင်အခန်းရယ်နောက်တစ်ခန်းကဧည့်သည်လာရင်တည်းဖို့အခန်းဖြစ်သည်။သုံးခန်းမြောက်ကမြတ်မင်းပိုင်အခန်းဖြစ်ပြီး ထိုအခန်းတံခါးကိုတောင်မခေါက်ဘဲဒေလီယာတစ်ယောက်ဇိုးဇိုးဇက်ဇက်ဝင်သွားတော့သည်။
မြတ်မင်းပိုင်ကတော့ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေ၏။
"ဒီက ကိုမြတ်မင်းပိုင်လားမသိဘူးရှင့်"
သူ့အသံကြားမှမြတ်မင်းပိုင်အသိဝင်တော့သည်။မြတ်မင်းပိုင်တစ်ယောက်ထိုင်ခုံကိုအရှေ့သို့လှည့်လိုက်သည်။မြတ်မင်းပိုင်လည်းမျက်ခုံးနှစ်ဖက်ကိုစုကျူံ့ပြီးသူမ၏ခြေအစခေါင်းအဆုံးကိုကြည့်လိုက်သည်။
"မင်းကဘယ်လိုမိန်းမမျိုးလဲယောက်ျားလေးရှိတဲ့အခန်းကိုတံခါးမခေါက်ဘဲဝင်ရဲတယ်နော်တော်တော်အောက်တန်းကျတာပဲ"
"အစကတော့ဒေလီယာဆိုတဲ့သူမနဲ့သူငယ်ချင်းလုပ်ကြည့်မလို့ဘဲအခုသူ့ရဲ့ပုံစံကသူငယ်ချင်းမပြောနဲ့မိတ်ဆွေတောင်လုပ်လို့မရဘူး။ဝတ်လာတဲ့အဝတ်အစားကလည်းအင်္ကျ်ီလက်ပြတ်ကိုမှခါးကတိုသေး၊ အကျ်ီကြိုးကလည်းလက်တစ်လုံးစာပဲရှိတယ်၊စကပ်ကလည်းပေါင်ရင်းထိရောက်နေပြီမိတ်ကပ်အထူစားနဲ့ရဲတောက်နေသောနှုတ်ခမ်း.ဆံပင်ကလည်းကောက်ထားသေး တောက်စ်...ဘယ်လိုမိန်းမမျိုးလဲ...*
"ကိုကိုဒေလီကိုအဲ့လိုမပြောပါနဲ့အန်တီကသွားခေါ်လို့ပြောလို့လာခေါ်တာပါ"
"ဟက်....ကိုကိုတဲ့လား...ဘယ်သူ့ခွင့်ပြုချက်နဲ့ဒီလိုခေါ်တာလဲ..ဒီနာမည်ကိုငါ့ရဲ့ချစ်ရသူပဲခေါ်ခွင့်ရှိတယ်မင်းမှတ်ထား....မင်းငါ့အခန်းထဲကထွက်သွားတော့"
ဒေလီယာလည်းအဲ့လိုတစ်ခါမှအပြောမခံဖူးသဖြင့်ရှက်စိတ်ရောဒေါသစိတ်ရောဖြစ်ကာထိုနေရာမှလှည့်ထွက်ပြီးစောင့်အောင့်ရင်းတံခါးကိုဆွဲဖွင့်လိုက်သည်။
"သြော်...ခဏ နောက်တစ်ခါငါမသိဘဲငါ့အခန်းကိုမဝင်ပါနဲ့...အမေ့မျက်နှာရှိသေးလို့ငါဒီ့ထက်မပြောပဲနေတာရောင့်မတက်လာနဲ့"
မြတ်မင်းပိုင်စကားတွေဟာဒေလီယာ၏အရှိုက်ကိုထိသွားပုံနဲ့တူပါသည်။ဒေလီယာတစ်ယောက်တောက်စ်အကျယ်ကြီးခေါက်ကာအခန်းတံခါးကိုဒုန်းဆိုပြီးပိတ်သွားတော့၏။