{Zawgyi}
"ဒါက မိုဘိုင္းဖုန္း၊ မိုင္ေပါင္းေထာင္ခ်ီေဝးတဲ့လူေတြနဲ႔ ဆက္သြယ္ဖို႔ ၿပီးေတာ့ takeoutမွာဖို႔အတြက္လည္း သုံးလို႔ရတယ္၊ ဪ ဟုတ္သား 'takeout'ဆိုတာ ရွင့္အတြက္ တစ္ေယာက္ေယာက္က စားစရာယူလာေပးတာမ်ိဳးေပါ့..."
"ဒါေတြက အိမ္အသုံးအေဆာင္ေတြကို သုံးစြဲနည္းအညႊန္း၊ mallကေနလည္း ကေလးစာအုပ္ေတြအမ်ားႀကီး ဝယ္လာခဲ့ေသးတယ္... ရွင္တို႔ အဲ့တာေတြလိုမယ္လို႔ ထင္တာပဲ၊ ဒါက တ႐ုတ္စာလုံး ၁၀၀ရဲ့ ပိုစတာ၊ ရွင္တို႔ ေခတ္သစ္တ႐ုတ္ဘာသာစကားကို နားလည္နိုင္မွာေတာ့ မဟုတ္ေလာက္ဘူး ရွင္..."
"ဒီမွာက ေရွာင္လ်ိဳ႕နဲ႔ ကၽြန္မ ဝယ္လာတဲ့ အဝတ္အစားေတြ၊ ဒါေတြက စည္သြပ္ထားတဲ့ စားစရာနဲ႔ သေရစာေတြ"
"အိုး ဟုတ္သားပဲ၊ ဒီကဒ္လည္ ရွိေသးတယ္! ကၽြန္မနာမည္ေအာက္မွာရွိတာ အထဲမွာ ယြမ္သန္းဝက္ေလာက္ရွိတယ္... ေလ်ာင္ယြဲ႕နဲ႔ ယွဥ္မယ္ဆိုရင္ ေရပုံးထဲက ေရစက္တစ္စက္စာေလာက္ပဲ ရွိတယ္ဆိုတာ သိေပမယ့္ အရင္ဆုံး ဒါေလးပဲ ယူထားတာေပါ့၊ pinက..."
လိန္းက်ဲ႕က ဝမ္ေရွာင္းမ်ယ္ကို အိမ္အသုံးအေဆာင္ပစၥည္းေတြအေၾကာင္း ၾကင္ၾကင္နာနာ စိတ္ရွည္လက္ရွည္နဲ႔ သင္ျပေပးေနတုန္း ေရွာင္လ်ိဳ႕ကေတာ့ ဝမ္ဖုန္းက်င္ကို TV၊ ေရခဲေသတၱာ၊ အဝတ္ေလၽွာ္စက္ စသည့္ပစၥည္းေတြကို ဘယ္လိုသုံးရမယ္ဆိုတာ လိုက္ျပေပးေနရတယ္။
ဝမ္ဖုန္းက်င္က မ်က္လႊာကို တစ္ဝက္ေလာက္ခ်ထားကာ လက္ကိုပိုက္ထားၿပီး စိတ္မဝင္စားစြာ လ်စ္လ်ဴရႈထားတယ္။
ဒါေပါ့ ရွင္းျပေပးတာက ဝမ္ေရွာင္းမ်ယ္သာဆိုရင္ သူ႔ကိုတိုးေဝွ႕ဖက္ထားၿပီး ဒီလိုထူးဆန္းတဲ့ပစၥည္းေတြအေၾကာင္းကို ေပ်ာ္ေပ်ာ္ႀကီးနားေထာင္ေပးအုံးမွာ။
ဒါေပမယ့္ အခုက်ေတာ့?
အနက္ေရာင္သခင္ႀကီးက ေခၽြးျပန္ေနတဲ့ေရွာင္လ်ိဳ႕ကို စိုက္ၾကည့္ေနတာေၾကာင့္ သူ႔ရွင္းျပခ်က္ေတြက လုံလုံေလာက္ေလာက္ မေကာင္းဘူးလို႔ထင္သြားၿပီး တစ္ခုလုံးကို ျပန္ရွင္းျပေတာ့တယ္။
ဝမ္ဖုန္းက်င္ : 'ဟမ့္'
ေရွာင္လ်ိဳ႕ : '... သူက ငါ့ကို အထင္ေသးေနတာလား? အဟင့္! အဲ့လိုပဲေနမွာ!'
တစ္ဖက္မွာေတာ့
ဝမ္ေရွာင္းမ်ယ္က လိန္းက်ဲ႕ကို ေခါင္းၿငိတ္ျပလိုက္ကာ "ေကာင္းၿပီ က်ဳပ္နားလည္တယ္" သူက ကဒ္နဲ႔ ဖုန္းေတြကိုယူကာ စိတ္ေအးလက္ေအးနဲ႔ ဖြင့္လိုက္တယ္။ လိန္းက်ဲ႕က သူ appေတြ စတင္ downloadဆြဲေနတာကို အံ့အားတႀကီးၾကည့္ေနမိတယ္။
'ယို႔! သူက ပိုးသတ္ေဆးေတြနဲ႔ ၾကက္ေတာင္ ရွိလိုက္ေသးတယ္!' [ T/N : ဒါေလးကေတာ့ ထူးဆန္းတယ္၊ တစ္ေယာက္ေယာက္က mobile gameေတြျဖစ္တဲ့ Honor of Kingsတို႔ Battlegroundsတို႔ကို ေဆာ့တာကို ရည္ညႊန္းတာပါတဲ့ ]
လိန္းက်ဲ႕သာ ၾကည့္မေနဘူးဆိုရင္ ဝမ္ေရွာင္းမ်ယ္က သူ႔accountထဲကို ဝင္ၿပီး စိတ္လြတ္လက္လြတ္ သုံးေနမိမွာျဖစ္တယ္။
"ရွင္က အတတ္လြယ္တဲ့သူပဲ!" လိန္းက်ဲ႕က သူ႔ကို အားတက္သေရာ ခ်ီးက်ဴးလိုက္တယ္။
နဂိုတည္းက မ်က္ေမွာက္ေခတ္ကျဖစ္တဲ့ ဝမ္ေရွာင္းမ်ယ္ကေတာ့ ဂုဏ္ဆာစြာ ဝမ္းသာအားရျပဳံးလိုက္တာေၾကာင့္ လိန္းက်ဲ႕ေတာင္ သူက ဖက္ထုပ္ႀကီးဆိုတဲ့အခ်က္ကို ေမ့ေလ်ာ့သြားၿပီး ေခါင္းကို အသာေလးပုတ္လိုက္မိသြားတယ္။
ဝမ္ေရွာင္းမ်ယ္မွာက တည္ၿငိမ္ၿပီး ရင့္က်က္တဲ့အသြင္အျပင္ရွိေနတယ္ဆိုေပမယ့္ သူ႔ရဲ့တက္တက္ႂကြႂကြရွိတဲ့ ပုံစံေလးေတြက သူ႔ကို ေပါေၾကာင္ေၾကာင္ေခြးေပါက္ေလးတစ္ေကာင္နဲ႔ တူသြားေစၿပီး တျခားသူေတြရဲ့ ယုံၾကည္မႈနဲ႔ အလိုလိုက္မႈကို ရေစတယ္။
"ခင္ဗ်ား ကၽြန္ေတာ္တို႔ကို စိတ္ပူဖို႔မလိုပါဘူး၊ ကၽြန္ေတာ္တို႔ေတြ မၾကာခင္ ေနသားက်သြားမွာပါ... ေရွးေခတ္လူသားေတြရဲ့ အသိပညာကို ေလၽွာ့မတြက္ပါနဲ႔" ဝန္ေရွာင္းမ်ယ္က ေျပာလိုက္ေတာ့ လိန္းက်ဲ႕က သူ႔ကို ျပဳံးျပလာတယ္။
"ေကာင္းပါၿပီ ရွင္တို႔ေတြ ဒီေန႔ေတာ့ နားသင့္ၿပီ၊ ဒါေတြကေတာ့..." သူက ၾကမ္းျပင္ေပၚက ပါဆယ္ကို လက္ညႇိုးထိုးျပလိုက္တယ္။ "ကၽြန္မ သခၤ်ိဳင္းဆီက ရတနာေတြကို ျမန္ျမန္ေလး ေျဖရွင္းလိုက္ပါ့မယ္၊ ကၽြန္မ ပိုက္ဆံရၿပီဆိုတာနဲ႔ ရွင့္ရဲ့ကဒ္ထဲကို အားလုံးလႊဲေပးလိုက္ပါ့မယ္"
ဝမ္ေရွာင္းမ်ယ္ ေၾကာင္သြားတယ္ "ဘာလို႔လဲ?"
လိန္းက်ဲ႕က ပုခုံးတြန႔္ကာ "ရွင္က ကၽြန္မကို ေလ်ာင္ယြဲ႕ဓား ေပးၿပီးသြားၿပီေလ၊ ကၽြန္မအတြက္ အဲ့တာက အားလုံးထဲမွာ အဖိုးအထိုက္တန္ဆုံးရတနာပဲ... ကၽြန္မက လက္နက္ပန္းပဲဆရာတစ္ေယာက္ပါ ေျမေအာက္သခၤ်ိဳင္းေတြထဲမွာ ဒ႑ာရီလာလက္နက္ေတြကို ရွာနိုင္ဖို႔အတြက္ ကၽြန္မရဲ့အသက္ကိုေတာင္ ေပးလိုက္နိုင္တယ္၊ အခု ကၽြန္မက ရတနာကို ျမင္နိုင္႐ုံတင္မကဘူး အပိုင္ေတာင္ ရလိုက္ေသးတယ္၊ ကိုယ့္ကိုယ္ကို ဆုံးရႈံးရတဲ့အထိ စြန႔္စားၿပီးေလာဘႀကီးတာမ်ိဳးက မေကာင္းဘူးေလ"
"ဘယ္လိုေနေန ကၽြန္မ ရွင္တို႔ကို ဘယ္ေလာက္ပဲ ျပန္ေပးဆပ္ေနပါေစ ဘယ္ေတာ့မွ လုံေလာက္မွာမဟုတ္ဘူး" လိန္းက်ဲ႕က ဝမ္ေရွာင္းမ်ယ္ကို ပုခုံးပုတ္လိုက္တယ္ "အမွန္တိုင္းေျပာရမယ္ဆိုရင္ ကၽြန္မက ရွင္တို႔ႏွစ္ေယာက္ကို ဖုတ္ေကာင္ေတြ မေကာင္းဆိုးဝါးေတြလို႔ မထင္ဘူး၊ ကၽြန္မတို႔ေတြ မိတ္ေဆြေတြ ျဖစ္နိုင္တယ္လို႔ထင္တယ္... ဒါနဲ႔ ဓားနဲ႔ပက္သက္လို႔ ဟိုနားကလူကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာေပးပါအုံးေနာ္"
"ေကာင္းပါၿပီ" ဝမ္ေရွာင္းမ်ယ္ ေခါင္းၿငိတ္လိုက္တယ္။ လိန္းက်ဲ႕ရဲ့အျပဳံးနဲ႔ ဆုံလိုက္ရခ်ိန္မွာ ဒီေလာကႀကီးထဲ နတ္ဘုရားမဆိုတာ ရွိေသးပါလားဆိုၿပီး ဝမ္ေရွာင္းမ်ယ္ခံစားလိုက္ရတယ္။
လူေကာင္းနဲ႔ လူဆိုးဆိုတာ ရွိၾကတာပဲ။ ကံတရားကသာ ခြင့္ျပဳမယ္ဆိုရင္ ခင္ဗ်ားက နက္ရွိုင္းတဲ့အေမွာင္ထုထဲမွာ ေနေနရတယ္ဆိုရင္ေတာင္ အလင္းတန္းေတြက ခင္ဗ်ားဆီကို ေရာက္လာအုံးမွာပဲ။
သူ႔ဆရာက သူ႔ကို ေျခဟန္လက္ဟန္ျပတာကို ျမင္ရေတာ့ မ်က္ရည္ေတြတာက်ိဳးလုနီးနီးျဖစ္တဲ့အထိ ဝမ္ဖုန္းက်င္နဲ႔ စကားေျပာေနရတဲ့ ေရွာင္လ်ိဳ႕က မီးထဲက ထြက္ေျပးလာသလိုမ်ိဳး သုတ္ေျခတင္ကာ ထြက္လာေတာ့တယ္။ လိန္းက်ဲ႕က ရတနာအိတ္ကို ဆြဲၿပီး ဝမ္ေရွာင္းမ်ယ္ကို လက္ေဝွ႕ယမ္းကာ ႏႈတ္ဆက္လိုက္တယ္။
"ဒါဆို ကၽြန္မတို႔ သြားလိုက္ပါအုံးမယ္၊ ဘာပဲလိုလို ေခၚလိုက္ပါ၊ အဲ့ခလုတ္ေလးပဲ ၿပီးေတာ့ ရွင္ရဲ့ဖုန္းကို အားသြင္းဖို႔လည္း သတိရအုံးေနာ္" လိန္းက်ဲ႕က အားသြင္းႀကိဳးကို လက္ညႇိုးထိုးျပလိုက္ေတာ့ ဝမ္ေရွာင္းမ်ယ္ ေခါင္းၿငိတ္လိုက္တယ္။
ေရွာင္လ်ိဳ႕နဲ႔ ထြက္မသြားခင္ သူက ဝမ္ေရွာင္းမ်ယ္အေနာက္မွာရပ္ေနတဲ့ ဝမ္ဖုန္းက်င္ကိုၾကည့္ကာ သူတို႔ ပထမဆုံးအႀကိမ္ေတြ႕ၾကကတည္းက သူ႔ရဲ့ေတာ္ဝင္ဆန္တဲ့ အမူအက်င့္ကို ထိန္းသိမ္းကာေနတဲ့ သခၤ်ိဳင္းသခင္ႀကီးကို ရိုက်ိဳးစြာ ေခါင္းတစ္ခ်က္ၿငိတ္ျပလိုက္တယ္။
အေရွ႕ဂိတ္ေပါက္ ပိတ္သြားခ်ိန္မွာ ေနာက္ဆုံးေတာ့ ဝမ္ေရွာင္းမ်ယ္လည္း စိတ္ေလၽွာ့ခ်နိုင္သြားေတာ့တယ္။
မ်က္လုံးေတြက အေရာင္တဖ်တ္ဖ်တ္လက္ကာ ဝမ္ဖုန္းက်င္ရဲ့လက္ေမာင္းေတြထဲ ခုန္ဝင္လိုက္တယ္။
"Weee! ေနာက္ဆုံးေတာ့ ငါ့မွာ ဖုန္းတစ္လုံး ရလာၿပီကြ! ဟား ဟား ဟား ေနာက္ဆုံးေတာ့ internet ရသြားၿပီ!!! ငါ လြတ္သြားသမၽွ gameေတြအားလုံးကို ေဆာ့ပစ္မယ္၊ ငါ မၾကည့္ရေသးတဲ့ animeေတြအားလုံးကိုလည္း ၾကည့္ပစ္မယ္!"
"ၿပီးေတာ့ နို႔လက္ဖက္ရည္ေတြ၊ ဟမ္ဘာဂါေတြ၊ cokeေတြ၊ ၾကက္ေၾကာ္ေတြ၊ ပုစြန္ေတြနဲ႔ တျခားဟာေတြ အမ်ားႀကီး အမ်ားႀကီး မွာစားပစ္မယ္! အခုဆို ငါတို႔မွာ ပိုက္ဆံေတြ အမ်ားႀကီးရွိေနၿပီ၊ ငါတို႔ေတြ တစ္ခါမွမေရာက္ဖူးေသးတဲ့ေနရာေတြကို ကမၻာအႏွံ့ပတ္ၿပီးသြားလို႔ရတယ္!"
ဝမ္ဖုန္းက်င္ရဲ့လက္ေမာင္းေတြထဲမွာ မွီတြဲရင္း ေပ်ာ္ရႊင္ျမဴးတူးေနတဲ့ ဝမ္ေရွာင္းမ်ယ္တစ္ေယာက္ စိတ္လႈပ္ရွားစြာနဲ႔ ဝမ္ဖုန္းက်င္ရဲ့လည္တိုင္တစ္ဝိုက္မွာ သူ႔လက္ေတြကို ခိုထားကာ တတြတ္တြတ္ေျပာရင္း သူ႔ေျခေထာက္ေတြကို အေပၚေအာက္ လႈပ္ယမ္းေနတယ္။
ဝမ္ဖုန္းက်င္က သူ႔တင္ပါးကေန ပင့္ကိုင္ေပးထားရၿပီး သူ႔ကိုသာ ျပဳံးျပေနေတာ့တယ္။
"အိုး ဒါေပမယ့္ ေနစမ္းပါအုံး၊ ငါ ေမးဖို႔ေတာင္ ေမ့ေတာ့မလို႔... ငါ အဲ့တာေတြေရာ စားလို႔ရရဲ့လား?" ဝမ္ေရွာင္းမ်ယ္က ေခါင္းငုံ႔ကာ သေရစာကို ေစာင့္ဆိုင္းေနတဲ့ ေခြးေပါက္ေလးတစ္ေကာင္လိုမ်ိဳး ဝမ္ဖုန္းက်င္ကို ေမးလိုက္တယ္။ ေနာက္ၿပီး သူသာ 'မရဘူး'ဆိုၿပီး ေျပာလိုက္ရင္ ညႊတ္က်သြားမယ့္ စိတ္ကူးယဥ္နားရြက္ေလးတစ္စုံကိုေတာင္ ျမင္နိုင္ေတာ့မလို ဝမ္ဖုန္းက်င္ ခံစားမိသြားတယ္။
"ရပါတယ္" ဝမ္ဖုန္းက်င္ေျပာလိုက္တယ္။
ခ်က္ခ်င္းဆိုသလို ေမၽွာ္လင့္တႀကီးျဖစ္ေနတဲ့ မ်က္ဝန္းတစ္စုံက အေရာင္ေတာက္သြားၿပီး ရွိမေနတဲ့နားရြက္ေလးေတြကလည္း ေထာင္တက္သြားေတာ့တယ္။ အကယ္၍မ်ား သူ႔မွာ အျမႇီးတစ္ေခ်ာင္းသာရွိမယ္ဆိုရင္ ပန္ကာလိုမ်ိဳး ခါယမ္းေနၿပီး သူ႔ကို ေကာင္းကင္ေပၚေတာင္ ေျမာက္တက္သြားေအာင္ လုပ္ေတာ့မယ့္ပုံ။
ဝမ္ေရွာင္းမ်ယ္က ဝမ္ဖုန္းက်င္ရဲ့လည္တိုင္ကို လႊတ္လိုက္ၿပီး ခါးကိုလႈပ္ယမ္းကာ စိတ္ကစဉ့္ကလ်ားျဖစ္ေနသလို တစ္ခ်က္ရယ္လိုက္ၿပီးေနာက္ သူ႔ဖုန္းဆီျပန္သြားကာ သူ႔ရဲ့စားစရာေတြမွာဖို႔အတြက္ ဖုန္းမ်က္ႏွာျပင္ကို သဲႀကီးမဲႀကီး ေတာက္ေနေတာ့တယ္။
"နို႔လက္ဖက္ရည္၊ ၾကက္ေၾကာ္၊ Coke၊ ပုစြန္၊ ဘာဂါ! မၽွီး ဟီး ဟီး ဟီး - ဝမ့္ ဝမ့္ ဝမ့္!" [ T/N : ရယ္သံကို ဒီတိုင္း အသံေလးထည့္ေပးလိုက္လို႔ရရင္ေကာင္းမယ္၊ အဲ့ရယ္သံေတြကို သိေပမယ့္ စာလုံးေပါင္းက်ေတာ့ မေပါင္းတတ္ေတာ့ဘူး >< ]
ဝမ္ေရွာင္းမ်ယ္ကို ဒီအေနအထားအတိုင္း ခ်ီထားရင္း ဝမ္ဖုန္းက်င္က သူ႔ရဲ့တက္ႂကြေနတဲ့ဖင္ေလးအေပၚမွာသာ အာ႐ုံေရာက္ေနတယ္။ ဒီဟင္းပြဲေတြက ဘာမွန္းေတာ့ သူမသိေပမယ့္ ဝမ္ေရွာင္းမ်ယ္ ေပ်ာ္ရႊင္ေနတာကိုျမင္ေတာ့ သူလည္း မေနနိုင္ဘဲ အတူတူလိုက္ျပဳံးမိတယ္။
"ေရွာင္းမ်ယ္ မေဟာင္ရဘူးေလ"
"ဝမ့္ ဝမ့္ ဝမ့္"
"ဟင္း ဟင္း..." ဝမ္ဖုန္းက်င္က ဩရွရွနဲ႔ ဆြဲေဆာင္မႈရွိစြာ ခပ္ဟဟရယ္လိုက္တယ္။
သူ႔ေဘးပတ္ပတ္လည္ကို ၾကည့္လိုက္တယ္ _ အေဆာက္အအုံေတြ၊ ကားေတြ၊ ထူးထူးဆန္းဆန္းအသုံးအေဆာင္ပစၥည္းေတြ၊ သူ လာခဲ့တဲ့ေနရာနဲ႔ အင္မတန္ကြာျခားတယ္။
သို႔ေပမယ့္ သူ႔လက္ေမာင္းေတြထဲက ဒီအ႐ူးေလးသာ ရွိေနမယ္ဆိုရင္ေတာ့ အရာအားလုံးကို ေနသားတက်ျဖစ္ေအာင္လုပ္ဖို႔ အမ်ားႀကီးလြယ္ကူသြားနိုင္တယ္။
ေနာက္ၿပီး ေသခ်ာတာက ဝမ္ဖုန္းက်င္အတြက္ ဒါေတြအားလုံးကို တစ္ခါတည္းနဲ႔ ေနသားက်သြားေအာင္ လုပ္နိုင္ဖို႔ဆိုတာ မျဖစ္နိုင္ဘူး။ Captain American ေတာင္မွ ႏွစ္ေပါင္းခုနစ္ဆယ္ေလာက္ အိပ္ေပ်ာ္သြားခဲ့လို႔ အံဝင္ခြင္က်မျဖစ္သလို ခံစားခဲ့ရတာပဲေလ။ ေျမေအာက္ထဲမွာ ႏွစ္ေပါင္းတစ္ေထာင္ေက်ာ္ေလာက္ ေနခဲ့ရတဲ့ဝမ္ဖုန္းက်င္နဲ႔ဆို ဘယ္ယွဥ္နိုင္ေတာ့မွာလဲ?
ဒီေနရာကေန ဝမ္ေရွာင္းမ်ယ္က ယာဥ္အသြားအလာေတြကိုၾကည့္ကာ သူတို႔ကိုယ္သူတို႔ တူးေဖာ္ရရွိထားတဲ့ ေရွးေဟာင္းအေမြအႏွစ္ေတြအျဖစ္ သတ္မွတ္လိုက္တယ္။ ဒီစကားထက္ ပိုဆီေလ်ာ္တာေတာင္ မရွိနိုင္ေတာ့ဘူး!
...
ထိုညမွာ ဝမ္ဖုန္းက်င္က ေရပူကို ဘယ္လိုဖြင့္ရမွန္း မသိမွာ စိုးရိမ္တာေၾကာင့္ ဝမ္ေရွာင္းမ်ယ္လည္း ဝမ္ဖုန္းက်င္နဲ႔အတူ ရိုးရိုးေလး ေရဝင္ခ်ိဳးလိုက္တယ္။ သူတို႔ေတြ ေရခ်ိဳးခန္းထဲမွာ အတူတူရွိေနခ်ိန္ ဝမ္ဖုန္းက်င္က သူ႔ဖက္ထုပ္ေလးရဲ့ဖင္ေျပာင္ေျပာင္ေလးကို ျမင္ၿပီး တစ္စုံတစ္ရာလုပ္ဖို႔ ႀကိဳးစားလိုက္တယ္။ သူ႔လက္ကို ဆန႔္ထုတ္လိုက္တယ္ဆိုရင္ပဲ...
သူ႔လက္ဖဝါးထဲကို ခရမ္းေရာင္ေရခ်ိဳးဂ်ယ္ေလး ညႇစ္ထည့္ေပးခံလိုက္ရတယ္။
ဝမ္ဖုန္းက်င္ "... ဒါက ဘာလဲ?"
ဝမ္ေရွာင္းမ်ယ္ "ဟမ္? မင္း ဆပ္ျပာလိုခ်င္တာ မဟုတ္ဘူးလား? ဒါမွမဟုတ္ ေခါင္းေလၽွာ္ရည္လိုခ်င္လို႔လား?"
ဝမ္ဖုန္းက်င္ "..."
"ဪ ငါသိၿပီ!" သူ႔ေယာက်ာ္းက ဘာလိုခ်င္ေနတယ္ဆိုတာကို သိသြားၿပီလို႔ေတြးကာ ဝမ္ေရွာင္းမ်ယ္တစ္ေယာက္ သူတို႔ရဲ့အေနအထားကို ေျပာင္းလိုက္တယ္။ သူက ဝမ္ဖုန္းက်င္အေနာက္မွာ ဝင္ထိုင္ကာ သူ႔ရင္ဘတ္ေပၚ မွီခ်ခိုင္းလိုက္တယ္။ ထို႔ေနာက္ သူ႔ေခါင္းေပၚကို ေခါင္းေလၽွာ္ရည္ဘူးထဲက တစ္ဝက္ေလာက္အထိ ညႇစ္ခ်လိုက္တယ္။ "မင္းက ေခါင္းေလၽွာ္ရည္ကို ဘယ္လိုသုံးရမွန္း မသိတာမဟုတ္လား? ဒါက သုံးရတအားလြယ္တယ္၊ ဒီတစ္ေခါက္ေတာ့ ငါမင္းကို ျပလိုက္မယ္"
အဲ့လိုနဲ႔ သူက ဝမ္ဖုန္းက်င္ရဲ့ေခါင္းကို ထိန္းကိုင္ကာ အားပါးတရကုတ္ဖဲ့ေပးေတာ့တယ္။
သူ႔မ်က္ႏွာေပၚမွာ အျမႇုပ္ေတြ ဖုံးလႊမ္းသြားၿပီး ဝမ္ဖုန္းက်င္ သက္ျပင္းသာခ်မိတယ္။
"အိုက္! ေခါင္းမငုံ႔လိုက္နဲ႔ေလ၊ မ်က္လုံးထဲ အျမႇုပ္ေတြ ဝင္ကုန္မွာေပါ့" သူ ဒီလိုေျပာၿပီးၿပီးခ်င္း ဝမ္ဖုန္းက်င္တစ္ေယာက္ သူ႔ရဲ့ဘယ္ဘက္မ်က္လုံးက စူးခနဲနာသြားတာကို ခံစားလိုက္ရတယ္။ ေမႊးရနံ့နဲ႔ စပ္ဖ်င္းဖ်င္းခံစားခ်က္က သူ႔ရဲ့ဘယ္ဘက္မ်က္လုံးကို ပိတ္ပစ္လိုက္ေစတယ္။
ဝမ္ေရွာင္းမ်ယ္က သုတ္တီးသုတ္ျပာ တဘက္တစ္တည္သြားယူၿပီး သူ႔ရဲ့ဘယ္ဘက္မ်က္လုံးကို အသာပြတ္သုတ္ေပးတာကို သူ႔ရဲ့ညာဘက္မ်က္လုံးနဲ႔ ျမင္လိုက္ရတယ္။
လွပေသာ္ျငား ပိုင္စိုးပိုင္နင္းနိုင္တဲ့မ်က္ႏွာေပၚမွာ မသက္မသာျဖစ္ေနတဲ့အရိပ္အေယာင္တစ္ခုမွ မရွိေတာ့တဲ့အထိ အျဖဴေရာင္အျမႇုပ္ေတြကို သုတ္ေပးၿပီးတဲ့ေနာက္မွာ စိုထိုင္းထိုင္းေလထုေၾကာင့္ ဝမ္ေရွာင္းမ်ယ္ မ်က္ႏွာရဲတက္လာတယ္။ ဖြင့္လို႔ရတဲ့မ်က္လုံးတစ္ဖက္တည္းနဲ႔ သူ႔ကို ႏွိုင္းဆလို႔မရတဲ့ျမတ္နိုးမႈတို႔နဲ႔ ၾကည့္ေနတယ္။
ဘယ္ေလာက္ပဲ နာက်င္ရပါေစ ဒီလူက သူ႔ကိုအျမဲတမ္း ဒီလိုမ်ိဳးသာၾကည့္ေနမယ္ဆိုတာ သူယုံၾကည္တယ္။
"..."
ဝမ္ေရွာင္းမ်ယ္ ေခါင္းငုံ႔ခ်ကာ ႏႈတ္ခမ္းေတြကို စုက်ဳံ႕ၿပီး ဝမ္ဖုန္းက်င္ႏႈတ္ခမ္းေပၚတင္လိုက္တယ္။
မႈန္ဝါးဝါးနဲ႔ ေမႊးေမႊးႀကိဳင္ႀကိဳင္ေရေငြ႕ေတြေအာက္မွာ ေဖာင္းႂကြေနတဲ့ႏူးႏူးညံ့ညံ့ႏႈတ္ခမ္းေတြကို တတိတိကိုက္ဝါးေနၾကၿပီး လူခ်င္းခြာလိုက္ခ်ိန္မွာ ႏွစ္သက္ၾကည္ႏူးမႈက ႏႈတ္ခမ္းေပၚမွာ တင္က်န္ခဲ့တယ္...
ေနာက္ၿပီး...
ရင္သက္ရႈေမာဖြယ္ ခ်ိဳၿမိန္မႈ။
ဝမ္ေရွာင္းမ်ယ္ ေခါင္းကိုေမာ့ကာ သူ႔ရဲ့မ်က္ႏွာကို ကာလိုက္ေပမယ့္ သူ႔ရဲ့နီရဲေတာက္ေနတဲ့နားရြက္ေတြကိုေတာ့ မဖုံးကြယ္နိုင္ဘူး။ ဝမ္ဖုန္းက်င္က ႏႈတ္ခမ္းေတြကိုကိုက္ကာ မ်က္လုံးကို မွိတ္ခ်လိုက္တယ္။ သူ႔ခ်စ္သူရဲ့ဗိုက္သားေပၚ မွီလိုက္ၿပီး စိတ္တင္းထားတာကို လႊတ္ခ်ကာ သူ႔ရဲ့အားနည္းခ်က္ကို ထုတ္ျပလာတယ္။
'ဒါက ျပည့္ဝၿပီးသား အိမ္မက္တစ္ခုျဖစ္ေနၿပီ၊ ငါသာ သူ႔ေဘးနားမွာ ေနနိုင္မယ္ဆိုရင္ ဒါက ေက်နပ္စရာပဲ... ဒါေပမယ့္ ငါလည္း မတတ္နိုင္ဘဲ ေလာဘႀကီးမိေနတယ္' ဝမ္ဖုန္းက်င္ ေတြးရင္းနဲ႔ သူ႔လက္ေတြကို ေရထဲခ်လိုက္ေတာ့ ေရစည္ပိုင္းရဲ့အစြန္းတစ္ေလၽွာက္ ဂယက္ထသြားေတာ့တယ္။
ေရခ်ိဳးၿပီးတဲ့ေနာက္ ဝမ္ေရွာင္းမ်ယ္က သူမွာထားတဲ့ သူ႔အႀကိဳက္စားစရာေတြကို စိတ္လႈပ္ရွားစြာနဲ႔ စားပြဲအျပည့္မခင္းက်င္းေသးခင္ ဝမ္ဖုန္းက်င္ကို ညအိပ္ဝတ္စုံေလးလဲေပးလိုက္တယ္။
ပိုကဲျခယ္လွယ္လြန္းတဲ့အနံ့ေၾကာင့္ ဝမ္ဖုန္းက်င္ မ်က္ေမွာင္ၾကဳတ္ထားမိတယ္။
တကယ္ေတာ့ ေရွးေခတ္အခ်ိန္တည္းက လူေတြက သူတို႔ေတြစားေသာက္ၾကတဲ့အေပၚ က်န္းမာေရးအသိရွိၾကၿပီးသားျဖစ္တယ္။ ပုံမွန္အားျဖင့္ ဝမ္ဖုန္းက်င္က အဆီမပါဘဲ ဆားပါတယ္ဆို႐ုံေလးနဲ႔ အေတာ့္ကိုအရသာေပါ့တဲ့အစားအေသာက္ကိုသာ စားေလ့ရွိတယ္။ ကံေကာင္းခ်င္ေတာ့ သူက အသက္ရွင္သန္ဖို႔အတြက္ စားစရာကို မလိုအပ္တာေၾကာင့္ အလုတ္အနည္းငယ္စားၿပီးတဲ့ေနာက္မွာ တူကို ခ်လိုက္ေတာ့တယ္။
အရသာရွိတဲ့အစားအေသာက္ေတြနဲ႔ သူ႔ရဲ့ကမၻာငယ္ေလးထဲမွာ နစ္ေျမာေနတဲ့ ဝမ္ေရွာင္းမ်ယ္ကေတာ့ သတိမထားမိလိုက္ဘူး။ သူ႔အစာအိမ္ကို ျဖည့္ၿပီးတဲ့ေနာက္မွာ သူ႔အာ႐ုံက သူ႔ဖုန္းဆီေျပာင္းသြားတယ္။ သီခ်င္းနားေထာင္ခ်င္တယ္၊ ဂိမ္းေဆာ့ခ်င္တယ္၊ ႐ုပ္ရွင္ၾကည့္ခ်င္တယ္ စသည္ျဖင့္ေပါ့။
သူ႔ဖာသာ ကိုယ္ေတြခြဲၿပီး ဒီလိုတအားျဖစ္ခ်င္ေနတာေတြကို လုပ္ပစ္လိုက္ဖို႔ေတာင္ ဆႏၵရွိေနတယ္။
အခ်ိန္ေတြကုန္လြန္သြားၿပီး သူ႔ရဲ့ဂိမ္းထဲမွာ နက္နက္ရွိုင္းရွိုင္း ဈာန္ဝင္ေနတဲ့ ဝမ္ေရွာင္းမ်ယ္ရဲ့မ်က္လုံးေတြ ႐ုတ္တရက္ အပိတ္ခံလိုက္ရတယ္။ သူ အလန႔္တၾကားေတာင္ ေအာ္မိသြားတယ္။ သူ ျပန္လွည့္လိုက္တဲ့အခါ ပုပ္သိုးေနတဲ့အမူအယာနဲ႔ ဝမ္ဖုန္းက်င္က သူ႔ကိုၾကည့္ေနတာ ေတြ႕လိုက္ရတယ္။
အစကေတာ့ ေဒါသတႀကီးလုပ္မိေတာ့မလို႔ပဲ။ ဒါေပမယ့္ ဝမ္ဖုန္းက်င္ရဲ့ ေရခဲတမၽွေအးစက္ေနတဲ့ အၾကည့္ကို ျမင္လိုက္တဲ့အခါမွာေတာ့ ထိုအေတြးကို လုံးဝပယ္ခ်လိုက္ၿပီး ေလသံေပ်ာ့ေပ်ာ့ေလးနဲ႔သာ ေမးလိုက္တယ္ : "ဘာ... ဘာလို႔လဲဟင္?"
"ေနာက္က်ေနၿပီ"
ေဘာ့စ္ဝမ္က သူ႔ကို တင္းမာတဲ့မ်က္ႏွာထားႀကီးနဲ႔ ၾကည့္ေနတယ္။
ဝမ္ေရွာင္းမ်ယ္ သတိကပ္သြားၿပီး ျပတင္းေပါက္ကို လွမ္းၾကည့္လိုက္တယ္။ ေကာင္းကင္ႀကီးက ပိတ္ပိတ္ေမွာင္ေနၿပီး အခန္းကေတာင္ ေမွာင္က်ေနၿပီ။ သူက အေခါင္းထဲမွာ လွဲေန,ေနတာျဖစ္ၿပီး ဘယ္လိုမ်ိဳးနဲ႔ ဘယ္အခ်ိန္တုန္းက အထဲေရာက္လာမွန္းေတာင္ မသိဘူး။ သူအခ်ိန္ကိုၾကည့္ကာ အံ့ဩသြားတယ္၊ မနက္ေတာင္ေရာက္ေတာ့မယ္! အဲ့ေတာ့မွသာ သူ႔ဖုန္းက ပူက်စ္ေနၿပီး အားကုန္လုနီးပါးျဖစ္ေနၿပီဆိုတာ သတိထားမိသြားတယ္။
ၿပီးေတာ့ အဆိုးဆုံးကေတာံ သူက ဂိမ္းကို အရမ္းတမ္းတမ္းစြဲျဖစ္ေနခဲ့တာေၾကာင့္ ဝမ္ဖုန္းက်င္ကို လုံးဝလ်စ္လ်ဴရႈထားမိခဲ့တယ္...
မ်က္ႏွာေပၚမွာ ေၾကာက္စရာေကာင္းတဲ့အမူအယာရွိေနတဲ့လူကိုၾကည့္ကာ သူ အေတာ္ေလး အျပစ္မကင္းသလို ခံစားလိုက္ရတယ္။ သူက လူ႔အသိုင္းအဝိုင္းထဲ ျပန္ေရာက္လာေတာ့ ေရထဲလႊတ္လိုက္တဲ့ငါးလိုမ်ိဳး သူ႔ကိစၥေတြပဲသူလုပ္ေနခဲ့ၿပီး အခုမွ ပထမဆုံး ဒီကိုေရာက္လာဖူးတဲ့ ဝမ္ဖုန္းက်င္ကို လႊတ္ထားမိခဲ့တယ္။ ၿပီးေတာ့ အဲ့လူက သူ႔ေဘးနားမွာေတာင္ ဒီတစ္ေလၽွာက္လုံး စိတ္ရွည္လက္ရွည္နဲ႔ ထိုင္ေနေပးခဲ့ေသးတယ္...
ျပန္ေတြးၾကည့္မွ ဝမ္ဖုန္းက်င္က ညစာကိုလည္း သိပ္မ်ားမ်ားမစားခဲ့ဘူး။ သူ႔အႀကိဳက္အရသာမဟုတ္ေလာက္တာလည္း ျဖစ္ေကာင္းျဖစ္နိုင္တယ္...
ဝမ္ဖုန္းက်င္ရဲ့အျပစ္က တိုးသထက္တိုးလာတယ္။
ေနရာက်ယ္က်ယ္ဝန္းဝန္းရွိတဲ့ လသာေဆာင္နဲ႔ ျပင္သစ္မွန္ျပတင္းေတြရွိတဲ့ စာၾကည့္ခန္းထဲမွာ ေနရာခ်ဖို႔ ဆုံးျဖတ္ခဲ့ၾကတဲ့ အေခါင္းအျပင္ဘက္က ၾကမ္းျပင္မွာ ဖုန္းကိုခ်လိုက္တယ္။
"ငါ မွားသြားပါတယ္..." ဝမ္ေရွာင္းမ်ယ္ ႏႈတ္ခမ္းကို ဆူလိုက္တယ္။ သူ႔ေခါင္းကို ငုံ႔လိုက္ေပမယ့္ သူ႔ရဲ့ေခြးေပါက္ေလးလိုမ်က္လုံးေတြကေတာ့ ဝမ္ဖုန္းက်င္ကိုသာ ဆက္ၾကည့္ေနၿပီး အသနားခံဖို႔ အေကာင္းဆုံးႀကိဳးစားလိုက္တယ္ "မ်ယ့္ကို စိတ္ဆိုးေနတာလား?"
ဝမ္ဖုန္းက်င္ကေတာ့ ဆူပုတ္ေနဆဲျဖစ္ကာ စကားျပန္မေျပာတာေၾကာင့္ သူ႔စိတ္တိုေနမွန္း သိသာလွတယ္။ သူက 'ဖုန္း'ဆိုတဲ့ အရာကို စိုက္ၾကည့္ကာ ထိုအရာအေပၚ သူ႔ရဲ့သေဘာက်မႈက အခုဆိုရင္ အျပည့္အဝသုညျဖစ္သြားၿပီ!
ဝမ္ေရွာင္းမ်ယ္က ဝမ္ဖုန္းက်င္ရဲ့ရင္ဘတ္နဲ႔ သူ႔ေခါင္းကိုတိုက္ကာ ေရွ႕ေနာက္အသာေလးပြတ္ေနလိုက္တယ္။
"ငါ မွားသြားပါတယ္ ငါ မွားသြားပါတယ္ ငါ မွားသြားပါတယ္..."
ဝမ္ဖုန္းက်င္ရဲ့ တည္တင္းေနတဲ့မ်က္ႏွာက တစ္မိနစ္ေလာက္ေတာင္မခံဘဲ ေနာက္ဆုံးမွာ ျပဳံးသြားတယ္။
ဖက္ထုပ္ေလးက အဲ့တာကို မိသြားၿပီး သူပါ တခစ္ခစ္နဲ႔ ျပန္ရယ္လာတယ္။ ဝမ္ဖုန္းက်င္ရဲ့လည္ပင္းနဲ႔မ်က္ႏွာကို အရွက္မဲ့စြာ ဆက္တိုက္ ပြတ္သပ္ေနတာေၾကာင့္ အခုဆို သူ႔ဆံပင္က ၾကက္ၿခံနဲ႔ေတာင္ တူေနၿပီ။
ေနာက္ေတာ့ ဆိုးသြမ္းတဲ့ေခါင္းေလးကို ဝမ္ဖုန္းက်င္ ဖမ္းကိုင္ထားလိုက္တယ္။ သူ႔လက္ေခ်ာင္းကိုေကြးကာ ႏွဖူးကို တစ္ခ်က္ေတာက္လိုက္တယ္။ ထို႔ေနာက္ ျပဳံးရင္း ေျပာလိုက္တယ္ "ဟုတ္ၿပီ အခုက အိပ္ခ်ိန္ေရာက္ၿပီ"
"အင္း!"
ဝမ္ေရွာင္းမ်ယ္က အေခါင္းထဲမွာ ေနရာထိုင္ခင္းခ်ကာ ဝမ္ဖုန္းက်င္ကို ၾကမ္းပိုးတစ္ေကာင္လို တြယ္ကပ္ေနလိုက္တယ္။ ထိုလူ႔ခႏၶာကိုယ္က ခါးသက္သက္ေဆးနံ့ကို ရႈရွိုက္ေနရင္း သူ႔ရဲ့မေလ်ာ္ကန္တဲ့လက္ေတြက ထိုလူ႔အက်ီေတြထဲ တိုးဝင္ကာ ဝမ္ဖုန္းက်င္ရဲ့ရင္ဘတ္ေပၚမွာ အေျခခ်သြားေတာ့တယ္။
သူ႔မွတ္ဉာဏ္ေတြ ျပန္ရသြားတဲ့အခါ သူတို႔ႏွစ္ေယာက္ၾကားက မျမင္နိုင္တဲ့စည္းကလည္း လုံးဝေပ်ာက္ကြယ္သြားေတာ့တယ္။ အခုဆို သူတို႔ႏွစ္ေယာက္က သက္တမ္းရင့္စုံတြဲတစ္တြဲလိုမ်ိဳး တစ္ေယာက္ကိုတစ္ေယာက္ အခ်င္းခ်င္းနားလည္မႈရွိေနၾကၿပီ။
သူတို႔ေတြအခ်င္းခ်င္း ေပြ႕ဖက္ရင္း အိမ္မက္မရွိတဲ့အိပ္စက္ျခင္းထဲ တိုးဝင္သြားၾကေတာ့တယ္။
_____
{Unicode}
"ဒါက မိုဘိုင်းဖုန်း၊ မိုင်ပေါင်းထောင်ချီဝေးတဲ့လူတွေနဲ့ ဆက်သွယ်ဖို့ ပြီးတော့ takeoutမှာဖို့အတွက်လည်း သုံးလို့ရတယ်၊ ဪ ဟုတ်သား 'takeout'ဆိုတာ ရှင့်အတွက် တစ်ယောက်ယောက်က စားစရာယူလာပေးတာမျိုးပေါ့..."
"ဒါတွေက အိမ်အသုံးအဆောင်တွေကို သုံးစွဲနည်းအညွှန်း၊ mallကနေလည်း ကလေးစာအုပ်တွေအများကြီး ဝယ်လာခဲ့သေးတယ်... ရှင်တို့ အဲ့တာတွေလိုမယ်လို့ ထင်တာပဲ၊ ဒါက တရုတ်စာလုံး ၁၀၀ရဲ့ ပိုစတာ၊ ရှင်တို့ ခေတ်သစ်တရုတ်ဘာသာစကားကို နားလည်နိုင်မှာတော့ မဟုတ်လောက်ဘူး ရှင်..."
"ဒီမှာက ရှောင်လျို့နဲ့ ကျွန်မ ဝယ်လာတဲ့ အဝတ်အစားတွေ၊ ဒါတွေက စည်သွပ်ထားတဲ့ စားစရာနဲ့ သရေစာတွေ"
"အိုး ဟုတ်သားပဲ၊ ဒီကဒ်လည် ရှိသေးတယ်! ကျွန်မနာမည်အောက်မှာရှိတာ အထဲမှာ ယွမ်သန်းဝက်လောက်ရှိတယ်... လျောင်ယွဲ့နဲ့ ယှဉ်မယ်ဆိုရင် ရေပုံးထဲက ရေစက်တစ်စက်စာလောက်ပဲ ရှိတယ်ဆိုတာ သိပေမယ့် အရင်ဆုံး ဒါလေးပဲ ယူထားတာပေါ့၊ pinက..."
လိန်းကျဲ့က ဝမ်ရှောင်းမျယ်ကို အိမ်အသုံးအဆောင်ပစ္စည်းတွေအကြောင်း ကြင်ကြင်နာနာ စိတ်ရှည်လက်ရှည်နဲ့ သင်ပြပေးနေတုန်း ရှောင်လျို့ကတော့ ဝမ်ဖုန်းကျင်ကို TV၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စသည့်ပစ္စည်းတွေကို ဘယ်လိုသုံးရမယ်ဆိုတာ လိုက်ပြပေးနေရတယ်။
ဝမ်ဖုန်းကျင်က မျက်လွှာကို တစ်ဝက်လောက်ချထားကာ လက်ကိုပိုက်ထားပြီး စိတ်မဝင်စားစွာ လျစ်လျူရှုထားတယ်။
ဒါပေါ့ ရှင်းပြပေးတာက ဝမ်ရှောင်းမျယ်သာဆိုရင် သူ့ကိုတိုးဝှေ့ဖက်ထားပြီး ဒီလိုထူးဆန်းတဲ့ပစ္စည်းတွေအကြောင်းကို ပျော်ပျော်ကြီးနားထောင်ပေးအုံးမှာ။
ဒါပေမယ့် အခုကျတော့?
အနက်ရောင်သခင်ကြီးက ချွေးပြန်နေတဲ့ရှောင်လျို့ကို စိုက်ကြည့်နေတာကြောင့် သူ့ရှင်းပြချက်တွေက လုံလုံလောက်လောက် မကောင်းဘူးလို့ထင်သွားပြီး တစ်ခုလုံးကို ပြန်ရှင်းပြတော့တယ်။
ဝမ်ဖုန်းကျင် : 'ဟမ့်'
ရှောင်လျို့ : '... သူက ငါ့ကို အထင်သေးနေတာလား? အဟင့်! အဲ့လိုပဲနေမှာ!'
တစ်ဖက်မှာတော့
ဝမ်ရှောင်းမျယ်က လိန်းကျဲ့ကို ခေါင်းငြိတ်ပြလိုက်ကာ "ကောင်းပြီ ကျုပ်နားလည်တယ်" သူက ကဒ်နဲ့ ဖုန်းတွေကိုယူကာ စိတ်အေးလက်အေးနဲ့ ဖွင့်လိုက်တယ်။ လိန်းကျဲ့က သူ appတွေ စတင် downloadဆွဲနေတာကို အံ့အားတကြီးကြည့်နေမိတယ်။
'ယို့! သူက ပိုးသတ်ဆေးတွေနဲ့ ကြက်တောင် ရှိလိုက်သေးတယ်!' [ T/N : ဒါလေးကတော့ ထူးဆန်းတယ်၊ တစ်ယောက်ယောက်က mobile gameတွေဖြစ်တဲ့ Honor of Kingsတို့ Battlegroundsတို့ကို ဆော့တာကို ရည်ညွှန်းတာပါတဲ့ ]
လိန်းကျဲ့သာ ကြည့်မနေဘူးဆိုရင် ဝမ်ရှောင်းမျယ်က သူ့accountထဲကို ဝင်ပြီး စိတ်လွတ်လက်လွတ် သုံးနေမိမှာဖြစ်တယ်။
"ရှင်က အတတ်လွယ်တဲ့သူပဲ!" လိန်းကျဲ့က သူ့ကို အားတက်သရော ချီးကျူးလိုက်တယ်။
နဂိုတည်းက မျက်မှောက်ခေတ်ကဖြစ်တဲ့ ဝမ်ရှောင်းမျယ်ကတော့ ဂုဏ်ဆာစွာ ဝမ်းသာအားရပြုံးလိုက်တာကြောင့် လိန်းကျဲ့တောင် သူက ဖက်ထုပ်ကြီးဆိုတဲ့အချက်ကို မေ့လျော့သွားပြီး ခေါင်းကို အသာလေးပုတ်လိုက်မိသွားတယ်။
ဝမ်ရှောင်းမျယ်မှာက တည်ငြိမ်ပြီး ရင့်ကျက်တဲ့အသွင်အပြင်ရှိနေတယ်ဆိုပေမယ့် သူ့ရဲ့တက်တက်ကြွကြွရှိတဲ့ ပုံစံလေးတွေက သူ့ကို ပေါကြောင်ကြောင်ခွေးပေါက်လေးတစ်ကောင်နဲ့ တူသွားစေပြီး တခြားသူတွေရဲ့ ယုံကြည်မှုနဲ့ အလိုလိုက်မှုကို ရစေတယ်။
"ခင်ဗျား ကျွန်တော်တို့ကို စိတ်ပူဖို့မလိုပါဘူး၊ ကျွန်တော်တို့တွေ မကြာခင် နေသားကျသွားမှာပါ... ရှေးခေတ်လူသားတွေရဲ့ အသိပညာကို လျှော့မတွက်ပါနဲ့" ဝန်ရှောင်းမျယ်က ပြောလိုက်တော့ လိန်းကျဲ့က သူ့ကို ပြုံးပြလာတယ်။
"ကောင်းပါပြီ ရှင်တို့တွေ ဒီနေ့တော့ နားသင့်ပြီ၊ ဒါတွေကတော့..." သူက ကြမ်းပြင်ပေါ်က ပါဆယ်ကို လက်ညှိုးထိုးပြလိုက်တယ်။ "ကျွန်မ သင်္ချိုင်းဆီက ရတနာတွေကို မြန်မြန်လေး ဖြေရှင်းလိုက်ပါ့မယ်၊ ကျွန်မ ပိုက်ဆံရပြီဆိုတာနဲ့ ရှင့်ရဲ့ကဒ်ထဲကို အားလုံးလွှဲပေးလိုက်ပါ့မယ်"
ဝမ်ရှောင်းမျယ် ကြောင်သွားတယ် "ဘာလို့လဲ?"
လိန်းကျဲ့က ပုခုံးတွန့်ကာ "ရှင်က ကျွန်မကို လျောင်ယွဲ့ဓား ပေးပြီးသွားပြီလေ၊ ကျွန်မအတွက် အဲ့တာက အားလုံးထဲမှာ အဖိုးအထိုက်တန်ဆုံးရတနာပဲ... ကျွန်မက လက်နက်ပန်းပဲဆရာတစ်ယောက်ပါ မြေအောက်သင်္ချိုင်းတွေထဲမှာ ဒဏ္ဍာရီလာလက်နက်တွေကို ရှာနိုင်ဖို့အတွက် ကျွန်မရဲ့အသက်ကိုတောင် ပေးလိုက်နိုင်တယ်၊ အခု ကျွန်မက ရတနာကို မြင်နိုင်ရုံတင်မကဘူး အပိုင်တောင် ရလိုက်သေးတယ်၊ ကိုယ့်ကိုယ်ကို ဆုံးရှုံးရတဲ့အထိ စွန့်စားပြီးလောဘကြီးတာမျိုးက မကောင်းဘူးလေ"
"ဘယ်လိုနေနေ ကျွန်မ ရှင်တို့ကို ဘယ်လောက်ပဲ ပြန်ပေးဆပ်နေပါစေ ဘယ်တော့မှ လုံလောက်မှာမဟုတ်ဘူး" လိန်းကျဲ့က ဝမ်ရှောင်းမျယ်ကို ပုခုံးပုတ်လိုက်တယ် "အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်မက ရှင်တို့နှစ်ယောက်ကို ဖုတ်ကောင်တွေ မကောင်းဆိုးဝါးတွေလို့ မထင်ဘူး၊ ကျွန်မတို့တွေ မိတ်ဆွေတွေ ဖြစ်နိုင်တယ်လို့ထင်တယ်... ဒါနဲ့ ဓားနဲ့ပက်သက်လို့ ဟိုနားကလူကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးပါအုံးနော်"
"ကောင်းပါပြီ" ဝမ်ရှောင်းမျယ် ခေါင်းငြိတ်လိုက်တယ်။ လိန်းကျဲ့ရဲ့အပြုံးနဲ့ ဆုံလိုက်ရချိန်မှာ ဒီလောကကြီးထဲ နတ်ဘုရားမဆိုတာ ရှိသေးပါလားဆိုပြီး ဝမ်ရှောင်းမျယ်ခံစားလိုက်ရတယ်။
လူကောင်းနဲ့ လူဆိုးဆိုတာ ရှိကြတာပဲ။ ကံတရားကသာ ခွင့်ပြုမယ်ဆိုရင် ခင်ဗျားက နက်ရှိုင်းတဲ့အမှောင်ထုထဲမှာ နေနေရတယ်ဆိုရင်တောင် အလင်းတန်းတွေက ခင်ဗျားဆီကို ရောက်လာအုံးမှာပဲ။
သူ့ဆရာက သူ့ကို ခြေဟန်လက်ဟန်ပြတာကို မြင်ရတော့ မျက်ရည်တွေတာကျိုးလုနီးနီးဖြစ်တဲ့အထိ ဝမ်ဖုန်းကျင်နဲ့ စကားပြောနေရတဲ့ ရှောင်လျို့က မီးထဲက ထွက်ပြေးလာသလိုမျိုး သုတ်ခြေတင်ကာ ထွက်လာတော့တယ်။ လိန်းကျဲ့က ရတနာအိတ်ကို ဆွဲပြီး ဝမ်ရှောင်းမျယ်ကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်တယ်။
"ဒါဆို ကျွန်မတို့ သွားလိုက်ပါအုံးမယ်၊ ဘာပဲလိုလို ခေါ်လိုက်ပါ၊ အဲ့ခလုတ်လေးပဲ ပြီးတော့ ရှင်ရဲ့ဖုန်းကို အားသွင်းဖို့လည်း သတိရအုံးနော်" လိန်းကျဲ့က အားသွင်းကြိုးကို လက်ညှိုးထိုးပြလိုက်တော့ ဝမ်ရှောင်းမျယ် ခေါင်းငြိတ်လိုက်တယ်။
ရှောင်လျို့နဲ့ ထွက်မသွားခင် သူက ဝမ်ရှောင်းမျယ်အနောက်မှာရပ်နေတဲ့ ဝမ်ဖုန်းကျင်ကိုကြည့်ကာ သူတို့ ပထမဆုံးအကြိမ်တွေ့ကြကတည်းက သူ့ရဲ့တော်ဝင်ဆန်တဲ့ အမူအကျင့်ကို ထိန်းသိမ်းကာနေတဲ့ သင်္ချိုင်းသခင်ကြီးကို ရိုကျိုးစွာ ခေါင်းတစ်ချက်ငြိတ်ပြလိုက်တယ်။
အရှေ့ဂိတ်ပေါက် ပိတ်သွားချိန်မှာ နောက်ဆုံးတော့ ဝမ်ရှောင်းမျယ်လည်း စိတ်လျှော့ချနိုင်သွားတော့တယ်။
မျက်လုံးတွေက အရောင်တဖျတ်ဖျတ်လက်ကာ ဝမ်ဖုန်းကျင်ရဲ့လက်မောင်းတွေထဲ ခုန်ဝင်လိုက်တယ်။
"Weee! နောက်ဆုံးတော့ ငါ့မှာ ဖုန်းတစ်လုံး ရလာပြီကွ! ဟား ဟား ဟား နောက်ဆုံးတော့ internet ရသွားပြီ!!! ငါ လွတ်သွားသမျှ gameတွေအားလုံးကို ဆော့ပစ်မယ်၊ ငါ မကြည့်ရသေးတဲ့ animeတွေအားလုံးကိုလည်း ကြည့်ပစ်မယ်!"
"ပြီးတော့ နို့လက်ဖက်ရည်တွေ၊ ဟမ်ဘာဂါတွေ၊ cokeတွေ၊ ကြက်ကြော်တွေ၊ ပုစွန်တွေနဲ့ တခြားဟာတွေ အများကြီး အများကြီး မှာစားပစ်မယ်! အခုဆို ငါတို့မှာ ပိုက်ဆံတွေ အများကြီးရှိနေပြီ၊ ငါတို့တွေ တစ်ခါမှမရောက်ဖူးသေးတဲ့နေရာတွေကို ကမ္ဘာအနှံ့ပတ်ပြီးသွားလို့ရတယ်!"
ဝမ်ဖုန်းကျင်ရဲ့လက်မောင်းတွေထဲမှာ မှီတွဲရင်း ပျော်ရွှင်မြူးတူးနေတဲ့ ဝမ်ရှောင်းမျယ်တစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ ဝမ်ဖုန်းကျင်ရဲ့လည်တိုင်တစ်ဝိုက်မှာ သူ့လက်တွေကို ခိုထားကာ တတွတ်တွတ်ပြောရင်း သူ့ခြေထောက်တွေကို အပေါ်အောက် လှုပ်ယမ်းနေတယ်။
ဝမ်ဖုန်းကျင်က သူ့တင်ပါးကနေ ပင့်ကိုင်ပေးထားရပြီး သူ့ကိုသာ ပြုံးပြနေတော့တယ်။
"အိုး ဒါပေမယ့် နေစမ်းပါအုံး၊ ငါ မေးဖို့တောင် မေ့တော့မလို့... ငါ အဲ့တာတွေရော စားလို့ရရဲ့လား?" ဝမ်ရှောင်းမျယ်က ခေါင်းငုံ့ကာ သရေစာကို စောင့်ဆိုင်းနေတဲ့ ခွေးပေါက်လေးတစ်ကောင်လိုမျိုး ဝမ်ဖုန်းကျင်ကို မေးလိုက်တယ်။ နောက်ပြီး သူသာ 'မရဘူး'ဆိုပြီး ပြောလိုက်ရင် ညွှတ်ကျသွားမယ့် စိတ်ကူးယဉ်နားရွက်လေးတစ်စုံကိုတောင် မြင်နိုင်တော့မလို ဝမ်ဖုန်းကျင် ခံစားမိသွားတယ်။
"ရပါတယ်" ဝမ်ဖုန်းကျင်ပြောလိုက်တယ်။
ချက်ချင်းဆိုသလို မျှော်လင့်တကြီးဖြစ်နေတဲ့ မျက်ဝန်းတစ်စုံက အရောင်တောက်သွားပြီး ရှိမနေတဲ့နားရွက်လေးတွေကလည်း ထောင်တက်သွားတော့တယ်။ အကယ်၍များ သူ့မှာ အမြှီးတစ်ချောင်းသာရှိမယ်ဆိုရင် ပန်ကာလိုမျိုး ခါယမ်းနေပြီး သူ့ကို ကောင်းကင်ပေါ်တောင် မြောက်တက်သွားအောင် လုပ်တော့မယ့်ပုံ။
ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်ရဲ့လည်တိုင်ကို လွှတ်လိုက်ပြီး ခါးကိုလှုပ်ယမ်းကာ စိတ်ကစဉ့်ကလျားဖြစ်နေသလို တစ်ချက်ရယ်လိုက်ပြီးနောက် သူ့ဖုန်းဆီပြန်သွားကာ သူ့ရဲ့စားစရာတွေမှာဖို့အတွက် ဖုန်းမျက်နှာပြင်ကို သဲကြီးမဲကြီး တောက်နေတော့တယ်။
"နို့လက်ဖက်ရည်၊ ကြက်ကြော်၊ Coke၊ ပုစွန်၊ ဘာဂါ! မျှီး ဟီး ဟီး ဟီး - ဝမ့် ဝမ့် ဝမ့်!" [ T/N : ရယ်သံကို ဒီတိုင်း အသံလေးထည့်ပေးလိုက်လို့ရရင်ကောင်းမယ်၊ အဲ့ရယ်သံတွေကို သိပေမယ့် စာလုံးပေါင်းကျတော့ မပေါင်းတတ်တော့ဘူး >< ]
ဝမ်ရှောင်းမျယ်ကို ဒီအနေအထားအတိုင်း ချီထားရင်း ဝမ်ဖုန်းကျင်က သူ့ရဲ့တက်ကြွနေတဲ့ဖင်လေးအပေါ်မှာသာ အာရုံရောက်နေတယ်။ ဒီဟင်းပွဲတွေက ဘာမှန်းတော့ သူမသိပေမယ့် ဝမ်ရှောင်းမျယ် ပျော်ရွှင်နေတာကိုမြင်တော့ သူလည်း မနေနိုင်ဘဲ အတူတူလိုက်ပြုံးမိတယ်။
"ရှောင်းမျယ် မဟောင်ရဘူးလေ"
"ဝမ့် ဝမ့် ဝမ့်"
"ဟင်း ဟင်း..." ဝမ်ဖုန်းကျင်က ဩရှရှနဲ့ ဆွဲဆောင်မှုရှိစွာ ခပ်ဟဟရယ်လိုက်တယ်။
သူ့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ် _ အဆောက်အအုံတွေ၊ ကားတွေ၊ ထူးထူးဆန်းဆန်းအသုံးအဆောင်ပစ္စည်းတွေ၊ သူ လာခဲ့တဲ့နေရာနဲ့ အင်မတန်ကွာခြားတယ်။
သို့ပေမယ့် သူ့လက်မောင်းတွေထဲက ဒီအရူးလေးသာ ရှိနေမယ်ဆိုရင်တော့ အရာအားလုံးကို နေသားတကျဖြစ်အောင်လုပ်ဖို့ အများကြီးလွယ်ကူသွားနိုင်တယ်။
နောက်ပြီး သေချာတာက ဝမ်ဖုန်းကျင်အတွက် ဒါတွေအားလုံးကို တစ်ခါတည်းနဲ့ နေသားကျသွားအောင် လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ Captain American တောင်မှ နှစ်ပေါင်းခုနစ်ဆယ်လောက် အိပ်ပျော်သွားခဲ့လို့ အံဝင်ခွင်ကျမဖြစ်သလို ခံစားခဲ့ရတာပဲလေ။ မြေအောက်ထဲမှာ နှစ်ပေါင်းတစ်ထောင်ကျော်လောက် နေခဲ့ရတဲ့ဝမ်ဖုန်းကျင်နဲ့ဆို ဘယ်ယှဉ်နိုင်တော့မှာလဲ?
ဒီနေရာကနေ ဝမ်ရှောင်းမျယ်က ယာဉ်အသွားအလာတွေကိုကြည့်ကာ သူတို့ကိုယ်သူတို့ တူးဖော်ရရှိထားတဲ့ ရှေးဟောင်းအမွေအနှစ်တွေအဖြစ် သတ်မှတ်လိုက်တယ်။ ဒီစကားထက် ပိုဆီလျော်တာတောင် မရှိနိုင်တော့ဘူး!
...
ထိုညမှာ ဝမ်ဖုန်းကျင်က ရေပူကို ဘယ်လိုဖွင့်ရမှန်း မသိမှာ စိုးရိမ်တာကြောင့် ဝမ်ရှောင်းမျယ်လည်း ဝမ်ဖုန်းကျင်နဲ့အတူ ရိုးရိုးလေး ရေဝင်ချိုးလိုက်တယ်။ သူတို့တွေ ရေချိုးခန်းထဲမှာ အတူတူရှိနေချိန် ဝမ်ဖုန်းကျင်က သူ့ဖက်ထုပ်လေးရဲ့ဖင်ပြောင်ပြောင်လေးကို မြင်ပြီး တစ်စုံတစ်ရာလုပ်ဖို့ ကြိုးစားလိုက်တယ်။ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်ဆိုရင်ပဲ...
သူ့လက်ဖဝါးထဲကို ခရမ်းရောင်ရေချိုးဂျယ်လေး ညှစ်ထည့်ပေးခံလိုက်ရတယ်။
ဝမ်ဖုန်းကျင် "... ဒါက ဘာလဲ?"
ဝမ်ရှောင်းမျယ် "ဟမ်? မင်း ဆပ်ပြာလိုချင်တာ မဟုတ်ဘူးလား? ဒါမှမဟုတ် ခေါင်းလျှော်ရည်လိုချင်လို့လား?"
ဝမ်ဖုန်းကျင် "..."
"ဪ ငါသိပြီ!" သူ့ယောကျာ်းက ဘာလိုချင်နေတယ်ဆိုတာကို သိသွားပြီလို့တွေးကာ ဝမ်ရှောင်းမျယ်တစ်ယောက် သူတို့ရဲ့အနေအထားကို ပြောင်းလိုက်တယ်။ သူက ဝမ်ဖုန်းကျင်အနောက်မှာ ဝင်ထိုင်ကာ သူ့ရင်ဘတ်ပေါ် မှီချခိုင်းလိုက်တယ်။ ထို့နောက် သူ့ခေါင်းပေါ်ကို ခေါင်းလျှော်ရည်ဘူးထဲက တစ်ဝက်လောက်အထိ ညှစ်ချလိုက်တယ်။ "မင်းက ခေါင်းလျှော်ရည်ကို ဘယ်လိုသုံးရမှန်း မသိတာမဟုတ်လား? ဒါက သုံးရတအားလွယ်တယ်၊ ဒီတစ်ခေါက်တော့ ငါမင်းကို ပြလိုက်မယ်"
အဲ့လိုနဲ့ သူက ဝမ်ဖုန်းကျင်ရဲ့ခေါင်းကို ထိန်းကိုင်ကာ အားပါးတရကုတ်ဖဲ့ပေးတော့တယ်။
သူ့မျက်နှာပေါ်မှာ အမြှုပ်တွေ ဖုံးလွှမ်းသွားပြီး ဝမ်ဖုန်းကျင် သက်ပြင်းသာချမိတယ်။
"အိုက်! ခေါင်းမငုံ့လိုက်နဲ့လေ၊ မျက်လုံးထဲ အမြှုပ်တွေ ဝင်ကုန်မှာပေါ့" သူ ဒီလိုပြောပြီးပြီးချင်း ဝမ်ဖုန်းကျင်တစ်ယောက် သူ့ရဲ့ဘယ်ဘက်မျက်လုံးက စူးခနဲနာသွားတာကို ခံစားလိုက်ရတယ်။ မွှေးရနံ့နဲ့ စပ်ဖျင်းဖျင်းခံစားချက်က သူ့ရဲ့ဘယ်ဘက်မျက်လုံးကို ပိတ်ပစ်လိုက်စေတယ်။
ဝမ်ရှောင်းမျယ်က သုတ်တီးသုတ်ပြာ တဘက်တစ်တည်သွားယူပြီး သူ့ရဲ့ဘယ်ဘက်မျက်လုံးကို အသာပွတ်သုတ်ပေးတာကို သူ့ရဲ့ညာဘက်မျက်လုံးနဲ့ မြင်လိုက်ရတယ်။
လှပသော်ငြား ပိုင်စိုးပိုင်နင်းနိုင်တဲ့မျက်နှာပေါ်မှာ မသက်မသာဖြစ်နေတဲ့အရိပ်အယောင်တစ်ခုမှ မရှိတော့တဲ့အထိ အဖြူရောင်အမြှုပ်တွေကို သုတ်ပေးပြီးတဲ့နောက်မှာ စိုထိုင်းထိုင်းလေထုကြောင့် ဝမ်ရှောင်းမျယ် မျက်နှာရဲတက်လာတယ်။ ဖွင့်လို့ရတဲ့မျက်လုံးတစ်ဖက်တည်းနဲ့ သူ့ကို နှိုင်းဆလို့မရတဲ့မြတ်နိုးမှုတို့နဲ့ ကြည့်နေတယ်။
ဘယ်လောက်ပဲ နာကျင်ရပါစေ ဒီလူက သူ့ကိုအမြဲတမ်း ဒီလိုမျိုးသာကြည့်နေမယ်ဆိုတာ သူယုံကြည်တယ်။
"..."
ဝမ်ရှောင်းမျယ် ခေါင်းငုံ့ချကာ နှုတ်ခမ်းတွေကို စုကျုံ့ပြီး ဝမ်ဖုန်းကျင်နှုတ်ခမ်းပေါ်တင်လိုက်တယ်။
မှုန်ဝါးဝါးနဲ့ မွှေးမွှေးကြိုင်ကြိုင်ရေငွေ့တွေအောက်မှာ ဖောင်းကြွနေတဲ့နူးနူးညံ့ညံ့နှုတ်ခမ်းတွေကို တတိတိကိုက်ဝါးနေကြပြီး လူချင်းခွာလိုက်ချိန်မှာ နှစ်သက်ကြည်နူးမှုက နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့တယ်...
နောက်ပြီး...
ရင်သက်ရှုမောဖွယ် ချိုမြိန်မှု။
ဝမ်ရှောင်းမျယ် ခေါင်းကိုမော့ကာ သူ့ရဲ့မျက်နှာကို ကာလိုက်ပေမယ့် သူ့ရဲ့နီရဲတောက်နေတဲ့နားရွက်တွေကိုတော့ မဖုံးကွယ်နိုင်ဘူး။ ဝမ်ဖုန်းကျင်က နှုတ်ခမ်းတွေကိုကိုက်ကာ မျက်လုံးကို မှိတ်ချလိုက်တယ်။ သူ့ချစ်သူရဲ့ဗိုက်သားပေါ် မှီလိုက်ပြီး စိတ်တင်းထားတာကို လွှတ်ချကာ သူ့ရဲ့အားနည်းချက်ကို ထုတ်ပြလာတယ်။
'ဒါက ပြည့်ဝပြီးသား အိမ်မက်တစ်ခုဖြစ်နေပြီ၊ ငါသာ သူ့ဘေးနားမှာ နေနိုင်မယ်ဆိုရင် ဒါက ကျေနပ်စရာပဲ... ဒါပေမယ့် ငါလည်း မတတ်နိုင်ဘဲ လောဘကြီးမိနေတယ်' ဝမ်ဖုန်းကျင် တွေးရင်းနဲ့ သူ့လက်တွေကို ရေထဲချလိုက်တော့ ရေစည်ပိုင်းရဲ့အစွန်းတစ်လျှောက် ဂယက်ထသွားတော့တယ်။
ရေချိုးပြီးတဲ့နောက် ဝမ်ရှောင်းမျယ်က သူမှာထားတဲ့ သူ့အကြိုက်စားစရာတွေကို စိတ်လှုပ်ရှားစွာနဲ့ စားပွဲအပြည့်မခင်းကျင်းသေးခင် ဝမ်ဖုန်းကျင်ကို ညအိပ်ဝတ်စုံလေးလဲပေးလိုက်တယ်။
ပိုကဲခြယ်လှယ်လွန်းတဲ့အနံ့ကြောင့် ဝမ်ဖုန်းကျင် မျက်မှောင်ကြုတ်ထားမိတယ်။
တကယ်တော့ ရှေးခေတ်အချိန်တည်းက လူတွေက သူတို့တွေစားသောက်ကြတဲ့အပေါ် ကျန်းမာရေးအသိရှိကြပြီးသားဖြစ်တယ်။ ပုံမှန်အားဖြင့် ဝမ်ဖုန်းကျင်က အဆီမပါဘဲ ဆားပါတယ်ဆိုရုံလေးနဲ့ အတော့်ကိုအရသာပေါ့တဲ့အစားအသောက်ကိုသာ စားလေ့ရှိတယ်။ ကံကောင်းချင်တော့ သူက အသက်ရှင်သန်ဖို့အတွက် စားစရာကို မလိုအပ်တာကြောင့် အလုတ်အနည်းငယ်စားပြီးတဲ့နောက်မှာ တူကို ချလိုက်တော့တယ်။
အရသာရှိတဲ့အစားအသောက်တွေနဲ့ သူ့ရဲ့ကမ္ဘာငယ်လေးထဲမှာ နစ်မြောနေတဲ့ ဝမ်ရှောင်းမျယ်ကတော့ သတိမထားမိလိုက်ဘူး။ သူ့အစာအိမ်ကို ဖြည့်ပြီးတဲ့နောက်မှာ သူ့အာရုံက သူ့ဖုန်းဆီပြောင်းသွားတယ်။ သီချင်းနားထောင်ချင်တယ်၊ ဂိမ်းဆော့ချင်တယ်၊ ရုပ်ရှင်ကြည့်ချင်တယ် စသည်ဖြင့်ပေါ့။
သူ့ဖာသာ ကိုယ်တွေခွဲပြီး ဒီလိုတအားဖြစ်ချင်နေတာတွေကို လုပ်ပစ်လိုက်ဖို့တောင် ဆန္ဒရှိနေတယ်။
အချိန်တွေကုန်လွန်သွားပြီး သူ့ရဲ့ဂိမ်းထဲမှာ နက်နက်ရှိုင်းရှိုင်း ဈာန်ဝင်နေတဲ့ ဝမ်ရှောင်းမျယ်ရဲ့မျက်လုံးတွေ ရုတ်တရက် အပိတ်ခံလိုက်ရတယ်။ သူ အလန့်တကြားတောင် အော်မိသွားတယ်။ သူ ပြန်လှည့်လိုက်တဲ့အခါ ပုပ်သိုးနေတဲ့အမူအယာနဲ့ ဝမ်ဖုန်းကျင်က သူ့ကိုကြည့်နေတာ တွေ့လိုက်ရတယ်။
အစကတော့ ဒေါသတကြီးလုပ်မိတော့မလို့ပဲ။ ဒါပေမယ့် ဝမ်ဖုန်းကျင်ရဲ့ ရေခဲတမျှအေးစက်နေတဲ့ အကြည့်ကို မြင်လိုက်တဲ့အခါမှာတော့ ထိုအတွေးကို လုံးဝပယ်ချလိုက်ပြီး လေသံပျော့ပျော့လေးနဲ့သာ မေးလိုက်တယ် : "ဘာ... ဘာလို့လဲဟင်?"
"နောက်ကျနေပြီ"
ဘော့စ်ဝမ်က သူ့ကို တင်းမာတဲ့မျက်နှာထားကြီးနဲ့ ကြည့်နေတယ်။
ဝမ်ရှောင်းမျယ် သတိကပ်သွားပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တယ်။ ကောင်းကင်ကြီးက ပိတ်ပိတ်မှောင်နေပြီး အခန်းကတောင် မှောင်ကျနေပြီ။ သူက အခေါင်းထဲမှာ လှဲနေ,နေတာဖြစ်ပြီး ဘယ်လိုမျိုးနဲ့ ဘယ်အချိန်တုန်းက အထဲရောက်လာမှန်းတောင် မသိဘူး။ သူအချိန်ကိုကြည့်ကာ အံ့ဩသွားတယ်၊ မနက်တောင်ရောက်တော့မယ်! အဲ့တော့မှသာ သူ့ဖုန်းက ပူကျစ်နေပြီး အားကုန်လုနီးပါးဖြစ်နေပြီဆိုတာ သတိထားမိသွားတယ်။
ပြီးတော့ အဆိုးဆုံးကတောံ သူက ဂိမ်းကို အရမ်းတမ်းတမ်းစွဲဖြစ်နေခဲ့တာကြောင့် ဝမ်ဖုန်းကျင်ကို လုံးဝလျစ်လျူရှုထားမိခဲ့တယ်...
မျက်နှာပေါ်မှာ ကြောက်စရာကောင်းတဲ့အမူအယာရှိနေတဲ့လူကိုကြည့်ကာ သူ အတော်လေး အပြစ်မကင်းသလို ခံစားလိုက်ရတယ်။ သူက လူ့အသိုင်းအဝိုင်းထဲ ပြန်ရောက်လာတော့ ရေထဲလွှတ်လိုက်တဲ့ငါးလိုမျိုး သူ့ကိစ္စတွေပဲသူလုပ်နေခဲ့ပြီး အခုမှ ပထမဆုံး ဒီကိုရောက်လာဖူးတဲ့ ဝမ်ဖုန်းကျင်ကို လွှတ်ထားမိခဲ့တယ်။ ပြီးတော့ အဲ့လူက သူ့ဘေးနားမှာတောင် ဒီတစ်လျှောက်လုံး စိတ်ရှည်လက်ရှည်နဲ့ ထိုင်နေပေးခဲ့သေးတယ်...
ပြန်တွေးကြည့်မှ ဝမ်ဖုန်းကျင်က ညစာကိုလည်း သိပ်များများမစားခဲ့ဘူး။ သူ့အကြိုက်အရသာမဟုတ်လောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်...
ဝမ်ဖုန်းကျင်ရဲ့အပြစ်က တိုးသထက်တိုးလာတယ်။
နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ လသာဆောင်နဲ့ ပြင်သစ်မှန်ပြတင်းတွေရှိတဲ့ စာကြည့်ခန်းထဲမှာ နေရာချဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အခေါင်းအပြင်ဘက်က ကြမ်းပြင်မှာ ဖုန်းကိုချလိုက်တယ်။
"ငါ မှားသွားပါတယ်..." ဝမ်ရှောင်းမျယ် နှုတ်ခမ်းကို ဆူလိုက်တယ်။ သူ့ခေါင်းကို ငုံ့လိုက်ပေမယ့် သူ့ရဲ့ခွေးပေါက်လေးလိုမျက်လုံးတွေကတော့ ဝမ်ဖုန်းကျင်ကိုသာ ဆက်ကြည့်နေပြီး အသနားခံဖို့ အကောင်းဆုံးကြိုးစားလိုက်တယ် "မျယ့်ကို စိတ်ဆိုးနေတာလား?"
ဝမ်ဖုန်းကျင်ကတော့ ဆူပုတ်နေဆဲဖြစ်ကာ စကားပြန်မပြောတာကြောင့် သူ့စိတ်တိုနေမှန်း သိသာလှတယ်။ သူက 'ဖုန်း'ဆိုတဲ့ အရာကို စိုက်ကြည့်ကာ ထိုအရာအပေါ် သူ့ရဲ့သဘောကျမှုက အခုဆိုရင် အပြည့်အဝသုညဖြစ်သွားပြီ!
ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်ရဲ့ရင်ဘတ်နဲ့ သူ့ခေါင်းကိုတိုက်ကာ ရှေ့နောက်အသာလေးပွတ်နေလိုက်တယ်။
"ငါ မှားသွားပါတယ် ငါ မှားသွားပါတယ် ငါ မှားသွားပါတယ်..."
ဝမ်ဖုန်းကျင်ရဲ့ တည်တင်းနေတဲ့မျက်နှာက တစ်မိနစ်လောက်တောင်မခံဘဲ နောက်ဆုံးမှာ ပြုံးသွားတယ်။
ဖက်ထုပ်လေးက အဲ့တာကို မိသွားပြီး သူပါ တခစ်ခစ်နဲ့ ပြန်ရယ်လာတယ်။ ဝမ်ဖုန်းကျင်ရဲ့လည်ပင်းနဲ့မျက်နှာကို အရှက်မဲ့စွာ ဆက်တိုက် ပွတ်သပ်နေတာကြောင့် အခုဆို သူ့ဆံပင်က ကြက်ခြံနဲ့တောင် တူနေပြီ။
နောက်တော့ ဆိုးသွမ်းတဲ့ခေါင်းလေးကို ဝမ်ဖုန်းကျင် ဖမ်းကိုင်ထားလိုက်တယ်။ သူ့လက်ချောင်းကိုကွေးကာ နှဖူးကို တစ်ချက်တောက်လိုက်တယ်။ ထို့နောက် ပြုံးရင်း ပြောလိုက်တယ် "ဟုတ်ပြီ အခုက အိပ်ချိန်ရောက်ပြီ"
"အင်း!"
ဝမ်ရှောင်းမျယ်က အခေါင်းထဲမှာ နေရာထိုင်ခင်းချကာ ဝမ်ဖုန်းကျင်ကို ကြမ်းပိုးတစ်ကောင်လို တွယ်ကပ်နေလိုက်တယ်။ ထိုလူ့ခန္ဓာကိုယ်က ခါးသက်သက်ဆေးနံ့ကို ရှုရှိုက်နေရင်း သူ့ရဲ့မလျော်ကန်တဲ့လက်တွေက ထိုလူ့အကျီတွေထဲ တိုးဝင်ကာ ဝမ်ဖုန်းကျင်ရဲ့ရင်ဘတ်ပေါ်မှာ အခြေချသွားတော့တယ်။
သူ့မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အခါ သူတို့နှစ်ယောက်ကြားက မမြင်နိုင်တဲ့စည်းကလည်း လုံးဝပျောက်ကွယ်သွားတော့တယ်။ အခုဆို သူတို့နှစ်ယောက်က သက်တမ်းရင့်စုံတွဲတစ်တွဲလိုမျိုး တစ်ယောက်ကိုတစ်ယောက် အချင်းချင်းနားလည်မှုရှိနေကြပြီ။
သူတို့တွေအချင်းချင်း ပွေ့ဖက်ရင်း အိမ်မက်မရှိတဲ့အိပ်စက်ခြင်းထဲ တိုးဝင်သွားကြတော့တယ်။
_____
Thanks 🌹