° Tell Me..! How You HATE ME...

By Tharaphy85

35.5K 2.8K 138

ZSWW ZhanYi Unicode Only ( No Zawgyi ) More

° 01 °
° 02 °
°03°
° 04 °
!! Attention !!
° 05 °
° 06 °
° 07 °
° 08 °
° 09 °
° 10 °
° 11 °
° 12 °
° 13 °
° 14 °
° 15 °
° 16 °
° 18 °
° 19 °
° 20 °
° 21 °
° 22 °
° 23 °

° 17 °

972 90 6
By Tharaphy85

Part >> 17

" ဒါက သားပြောတဲ့ သားရဲ့ကောင်လေးပေါ့ "

ရှောင်းပါးက ရှောင်းကျန့်ပြတဲ့ ရိပေါ်ရဲ့ဓာတ်ပုံလေးကိုကိုင်ရင်းပြန်မေးလာသည်။ အင်း ကောင်လေးကချစ်စရာလေးပင် ပုံထဲမှာတောင်ချစ်ဖို့ကောင်းနေရင် အပြင်မှာဆိုပိုပြီး ချစ်ဖို့ကောင်းနေမည်မှာအမှန်။

" ဒါပေမဲ့ ဒီကလေးက သားငယ်ငယ်က အနိုင်ကျင့်ခဲ့တဲ့ကလေးမဟုတ်လား ..ဒါကို ဒီကလေးက သားငယ်ကိုဘယ်လိုစိတ်နဲ့များ လက်ခံခဲ့ရတာလဲ "

ရှောင်းပါးစကားကြောင့် ရှောင်းကျန့်မျက်နှာအနည်းငယ်ပျက်သွားပေမဲ့ ပြန်ထိန်းလိုက်တယ်။ ပါပါးပြောတာလည်း အမှန်တရားမို့သူမငြင်းချင်ဘူး ။ ပြောဖို့စကားစရှာမရတဲ့အဆုံးနှုတ်ဆိတ်နေလိုက်တော့ ပါပါးကသိသည်ဟန် ခေါင်းတစ်ဆတ်ဆတ်ငြိမ့်လို့ ။ ရှောင်းကျန့်လည်း ပါပါးကိုအရိုအသေပြုလို့ အိမ်အပေါ်ထပ်ကိုသာတက်ဖို့ပြင်လိုက်တယ်။

" ပါပါးစကားမဆုံးသေးဘူးသားငယ် ခဏထိုင်ဦး ..ပါပါးပြောမယ် ရှောင်းအိမ်တော်ရဲ့ဆက်ခံသူကငါ့သားတစ်ယောက်တည်းရယ် သားငယ်နဲ့ဒီကလေးနဲ့ရှေ့ဆက်လက်တွဲမယ်ဆိုရင် မျိုးဆက်ပြဿနာဖြစ်လာနိုင်တယ် "

" အဲ့တော့ ပါပါးကတားချင်တဲ့သဘောလား "

ရှောင်းကျန့်ရဲ့မျက်လုံးတွေကစူးရဲစွာ ရှောင်းပါးကိုစိုက်ကြည့်ပြီးပြောလာတယ်။

" အဟက် ! ပါပါးသားငယ်ကတော့ကွယ်...ခေတ်ကြီးကတိုးတက်နေပါပြီ ပါပါးလည်းခေတ်နောက်ပြန်ဆွဲတတ်တဲ့လူမျိူးမှမဟုတ်တာ သဘောမတူနိုင်စရာအကြောင်းကိုမရှိတာ မျိုးဆက်ကလည်း ဖန်ပြွန်သန္ဓေသားနဲ့မွေးလို့ရတာပဲဟာ ။ ပါပါးအနေနဲ့တစ်ခုမှမကန့်ကွက်ဘူး တစ်ခုတော့ရှိတယ် သားငယ် နိုင်ငံခြားမှာ ပညာသွားသင်ရမယ် ပညာသင်ပြီးပြန်လာတဲ့အချိန်မှ သားငယ်ကို ဒီကလေးနဲ့ အိမ်ထောင်ရက်သားချပေးမယ် ။ "

" ပါပါး ပညာတော်သင်က တစ်ခါသင်ရင် "

" ပါပါးသိတယ် ဒါကြောင့်ပါပါးဒီလိုစီစဉ်တာ လူငယ်တွေကအသစ်အဆန်းဆိုအရမ်းစမ်းကြည့်ချင်ကြတာ ပါပါးပြောတာသားငယ်သဘောပေါက်မှာပါ သားငယ်ပြန်လာတဲ့အချိန်ထိ ဒီကလေးမေတ္တာမပျက်စောင့်နေနိုင်လားဆိုတာပါ ပါပါးစမ်းသပ်ကြည့်ရုံပါ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့ သားငယ်ရယ် ..နောက်နေ့ကြရင်လည်း အဲ့ကလေးကို အိမ်ခေါ်လာဦးကွဲ့ ပါပါ‌းသေချာလေးအကဲခတ်ချင်လို့ "

ပါပါးက ထိုင်နေရာကနေထလို့ အနည်းငယ်တွန့်နေတဲ့ suitအနားစကိုလက်နဲ့သေချာဖြန့်ကာ ဒရိုင်ဘာနဲ့အတူဆင်ဝင်အောက်မှာရပ်ထားတဲ့ နောက်ဆုံးပေါ်ကားအကောင်းစားကြီးစီးလို့ Company ကိုထွက်သွားလေရဲ့။ သူလည်း အိမ်အခန်းထဲကို ဝင်ကာ စာကြည့်စားပွဲပေါ်က အဝါရောင် ဒိုင်ယာရီစာအုပ်လေးရဲ့အဖုံးကိုလှန်လိုက်တယ် ။ ပုံမှန်ဆို ဒိုင်ယာရီ‌ရေးလေ့မရှိတဲ့ ရှောင်းကျန့်က ပါးဖောင်းဖောင်းနဲ့ကောင်လေးကြောင့် ရေးဖြစ်လာတယ်လို့တော့ မပြောချင်တော့ပါဘူး ။ အဓိကက ကိုယ်ကိုယ်တိုင်သိနေပြီပဲဟာ ။

ပညာတော်သင်က အနည်းဆုံး 5 နှစ် 6 နှစ်လောက်ကြာနိုင်တယ် ။ သူ့ကောင်လေးရဲ့စိတ်ကိုသိပေမဲ့လည်းစိတ်မချနိုင်ဖြစ်ရပြန်တာပဲ ။ အဝါရောင်စာအုပ်ရဲ့အလည်ကိုလှန်လို့ Missions ဆိုပြီး ခေါင်းစဉ်တပ်ကာရေးထားတဲ့ ရိပေါ်နဲ့အတူတူပြုလုပ်ရမဲ့ ကိစ္စတွေ အဆုံးသတ် target  ကတော့ ဝမ်ချောင်ရဲ့ အသစ်ဆက်ဆက် Lamborghini ကားအသစ်ရဖို့ ။ ကလေးဆန်တယ်လို့တွေးမိပြီး စာရွက်ကိုဆုတ်ဖြဲကာ အစအနတွေကို လုံးခြေလို့ အမှိုက်ပုံးထဲကိုပစ်ထည့်လိုက်တယ် ။ အခုချိန်ဒါတွေမှမလိုတော့တာ ။

///////////////////////

ဒီတစ်ပတ်ပိတ်ရက်မို့ ရိပေါ်စောစောထကာ ပြင်ဆင်နေသည် မနေ့ကရှောင်းကျန့်သည် သူ့ပါပါးနှင့်လိုက်တွေ့ရန်ပြောလာသည်မို့ ။ ယွီပင်းကတော့ ဧည့်ခန်းမှာထိုင်ကာ တစ်ယောက်တည်းအလုပ်ရှုပ်နေတဲ့ ရိပေါ်ကို ခပ်မှုန်မှုန်စိုက်ကြည့်နေတယ်။

" ရိပေါ် မင်းတို့ကသေချာပြီလား ကျောင်းတောင်မပြီးသေးဘူးဟာကို "

" လူချင်းတွေ့ရုံပဲလို့ပြောလို့ပါကွာ ငါလည်းကြောက်တယ်ဟ ပြီးတော့ လွတ်လွတ်လပ်လပ်လည်းနေချင်သေးတာမို့လို့ သူတို့ဘက်ကစကားစလာရင် နည်နည်းပါးပါးတော့ ပြောကြည့်ရမှာပေါ့ "

" ဟုတ်ပါပြီ မင်းသဘော မင်းသဘော "

" မင်းသဘောမလုပ်နဲ့ မင်းရဲ့စီနီယာအကိုကြီးက မင်းကိုအတည်ရောဟုတ်ရဲ့လား မင်းတို့အပြင်မှာ တွေ့ကြတာကလည်း ခပ်ရှားရှားရယ် "

ဟုတ်တော့လည်း ဟုတ်သည် စီနီယာသည် ယွီပင်းနဲ့မတွေ့တာ တစ်ပတ်ကျော်နေပြီ ကျောင်းမှာလည်းမတွေ့သလို အပြင်မှာလည်း မတွေ့ဖြစ်ကြ။ ဖုန်းဆက်ကြည့်ရအောင်လည်း စီနီယာကသူ့ကိုဖုန်းနံပါတ်မပေးထား ။

//////////////////////////

" ကို့ကောင်လေးကချောလိုက်တာ "

ရိပေါ်ကိုအိမ်ရှေ့ထိလာခေါ်ကာ စောင့်နေတဲ့ ရှောင်းကျန့်က ရိပေါ် ကားပေါ်တက်တာနဲ့ လက်ကဆွဲလို့ အနားနားကပ်ကာပြောလာသည်။

ရိပေါ်ရဲ့ ဆံပင်အုပ်အုပ်လေးကို ဆွဲဖွလို့ ပြောလာတဲ့ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေထဲမှာ ချစ်ရိပ်သန်းနေတာတွေကအပြည့် ရိပေါ်ကလည်း ထိုပုံစံမျိုးကိုပဲလိုချင်နေခဲ့တာ ။

" အဲ့ဒါ မင်းသာပိုပြီးချစ်ပေးကြည့် ပိုပြီးတော့တောင်ချောလာဦးမှာ "

တစ်နေ့တစ်နေ့ ရိပေါ်ရဲ့‌အပြောချိုချိုလေးတွေကြားမှာ ရှောင်းကျန့်ကအတုံးအရုံးပြိုလဲရတယ် ။ သိပ်ချစ်မိသွားလို့နဲ့တူပါရဲ့ ။

" ဘယ်အချိန်ထိ မင်း ၊ ရှောင်းကျန့် အဲ့လိုမျို‌းတွေခေါ်နေဦးမှာလဲ သူများရည်းစားတွေဆိုရင် အချစ်တို့ အသဲလေးတို့ ဘာညာသာရကာ ခေါ်နေကြတဲ့ဟာကို ရိပေါ်ဟာ ချွဲတတ်ပေမဲ့လုံးဝကို ရိုမဆန်လိုက်တာ "

" ငါက ဘယ်သူနဲ့မှမတူအောင်ကို ခေါ်ချင်တာကို ရှောင်းကျန့်ရ မင်းစဉ်းစားကြည့် အသဲလေး အချစ်လေး တို့က ခေါ်တဲ့လူတွေထပ်နေပြီလေ မဟုတ်ဘူးလား သိတတ်စမ်းပါ ရှောင်းလောင်ရှီးရာ "

ရိပေါ်ရဲ့ ရှောင်းလောင်ရှီးဆိုတဲ့အသံတာလေးကြောင့် ရှောင်းကျန့် အသဲတွေတယားယားဖြစ်ကာ မြင်နေရတဲ့ ပါးဖောင်းဖောင်းကြီးတွေထဲ နှာခေါင်းနစ်ဝင်သွားအောင်နမ်းလိုက်သည်။

ဝမ်ရိပေါ်ရဲ့ ပါးဖောင်းကြီးကနမ်းလို့အရမ်းကောင်းတယ်

Tbc____________________

ခပ်မြန်မြန်ပဲသွားကြတာပေါ့နော့် 😅

16.01.2022

Continue Reading

You'll Also Like

1M 45.6K 91
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
893K 41.3K 175
𝒊𝒏 𝒘𝒉𝒊𝒄𝒉 the boy who lived falls for the girl who had no one
417K 14.6K 90
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
2.1M 112K 63
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...