° 19 °

1K 95 26
                                    

Part >> 19

" ကျွန်တော် ဒီစေ့စပ်ပွဲကို လက်မခံချင်ပါဘူးဗျ "

ဟာကနဲ ဟင်ကနဲ လူတွေရဲ့အသံတွေထွက်လာတယ်။ သိပ်ရီရလိုက်လေခြင်း။ ဟုတ်တယ် ဒီနေ့က ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ လူသိရှင်ကြားစေ့စပ်တဲ့နေ့ အစကတော့ ပထမနှစ်ပြီးမှပဲစီစဉ်ကြမယ်ဆိုပြီးအစီအစဉ်ဆွဲခဲ့ပေမဲ့ ရှောင်းကျန့်ရဲ့ဂျစ်တိုက်မှုရော ရိပေါ်ရဲ့ဆေးထိုးမှုကြောင့် မိဘတွေအနေနဲ့လည်း မတတ်သာတဲ့အဆုံး ပထမနှစ်ပြီးဖို့ တစ်လအလိုမှာစေ့စပ်ပေးဖို့သဘောတူကျလေသည်။ မိုးလင်းကျတော့ အတန်းချိန်ဖျက်ရမှာစိုးလို့ဆိုတဲ့ ရိပေါ်ရဲ့ဆင်ခြေကြောင့် ရှောင်းအိမ်တော်ရဲ့ကြီးမားတဲ့ခြံဝန်းထဲတွင်သာ ညဘက် dinner ကျွေးပြီးစီစဉ်ခဲ့ခြင်းပင်။

ရှောင်းကျန့်ကလူဆိုးဆို ရိပေါ်ကလူဆိုးနီးပါးဆိုးသွမ်းပစ်မဲ့လူတစ်ယောက်ပင် ။ ထိုသို့ဖြစ်အောင်ပြောင်းလဲပေးခဲ့သူကလည်း ရှောင်းကျန့်ပင် ။ ရိပေါ်အနေနဲ့ ရှောင်းကျန့်ကိုတကယ်ချစ်မချစ်လည်းမခံစားတတ်သေးပေ ကိုယ်တိုင်ကလည်း နာကျင်ခဲ့ရတာကများတာကိုး ။

ရိပေါ်စင်ပေါ်ကနေ မိုက်နဲ့ပြောလို့အပြီးမှာ ရိပေါ်လက်ကိုလှမ်းကိုင်ကာ စူးစိုက်ကြည့်လာတဲ့ရှောင်းကျန့် ။

" ဘာလဲ ငါ့လက်ကိုလွှတ်စမ်း ရှောင်းကျန့် "

ရိပေါ်ရဲ့စကားသံကရင့်ရင့်သီးသီး ရှောင်းကျန့်ပါပါးက ရိပေါ်ရဲ့ပြောင်းလဲမှုကြောင့်အံ့ဩမဆုံး သူသားနဲ့ရိပေါ်နဲ့က လူမျက်စိနှောက်အောင်အထိ ချစ်ခဲ့ကြည်နူးခဲ့ကြတာလေ ။ အခုဘယ်လိုဖြစ်လို့များ

စေ့စပ်ပွဲဆိုပေမဲ့ ရှောင်းအိမ်တော်ကဆိုတဲ့ နာမည်တစ်ခုနဲ့တင်မင်္ဂလာပွဲနီးနီးပြင်ဆင်ကာ လာရောက်ကြတ‌ဲ့ မိတ်အပေါင်းကလည်းမနည်း ဒါကလည်းရှောင်းကျန့်တို့ဘက်က ရှယ်ယာရှင်တွေ ဂုဏ်ထည်ကြီးတဲ့အသိုင်းအဝိုင်းကလူတွေပင် ။

" လာ ကိုယ်နဲ့လိုက်ခဲ့ "

ရှောင်းကျန့်ကရိပေါ်ရဲ့လက်ကိုဆွဲလို့ စင်ပေါ်ကနေ မှောင်ရိပ်ကျတဲ့နေရာတစ်ခုကိုဆွဲခေါ်သွားသည် ။

° Tell Me..! How You HATE ME ? °Where stories live. Discover now