After We Broke Up [ COMPLEDED...

Bởi Misaki_CB

43K 6.1K 770

In the end I'll always come running back to you, not because I'm weak but because I'm fell in love with you. ... Xem Thêm

[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[ Ending ]
[ Extra ]

[14]

2.3K 361 26
Bởi Misaki_CB

( Unicode )

" ဟင် "

မနက်ဝေလီဝေဟင်းမှာတော့ အိပ်မောကျနေ တဲ့ ဘတ်ခ်ဟျွန်းတစ်ယောက် ဆက်ခနဲမျက် လုံးနှစ်ဖက်ပွင့်လာပြီး သူ့ကိုတင်းကြပ်စွာပွေ့ ဖက်ထားတဲ့ ချန်းယောလ်ခန္ဓာကိုယ်ကိုတွန်းဖယ်ရင်း ထ,ထိုင်မိသည်။

မိမိခန္ဓာကိုယ်ပေါ်တွင် ကန့်လန့်ဖြတ်ခြုံထား သော စောင်ပါးလေးကို ရင်ဘတ်မှာသိုင်းပတ်ရင်း အိပ်ရာပေါ်ကနေဆင်းလိုက်သည်။

စားပွဲပေါ်တင်ထားတဲ့ နာရီကိုလှမ်းကြည့်တော့ အချိန်ကား ၉နာရီ ၃၅ မိနစ်ဖြစ်နေပြီ။

" သေစမ်း "

အလုပ်ကိစ္စဆွေးနွေးဖို့ရာ ပိုင်နှင့်ချိန်းထားတဲ့ အချိန်ကိုကျော်လွန်တော့မည်စိုး၍ ဘတ်ခ်ဟျွန်းတစ်ယောက် စောင်ပတ်ပြီး ပြာယာခတ်နေသည်။

မနေ့ညက ချန်းယောလ်နှင့်ညစာအတူစားပြီး အချစ်ဓါတ်တွေနှင့် ဆွဲ့ငြို့ခံလိုက်ရ၍ဘတ်ခ် ဟျွန်းတစ်ယောက် ချန်းယောလ်လက်ခုတ်ထဲ ကရေလေးပမာ၊ မလူးလွန့်သာပဲ အတူနေပေးလိုက်ရသည်။ သောက်ထားတဲ့အရှိန်ပြင်း ပြင်းဝိုင်တစ်ခွက်ကြောင့် ဘတ်ခ်ဟျွန်းတို့ထင်ထားတာထက် ပိုပြီးသောင်းကျန်းခဲ့သည့်ပုံပင်။

ပိုဆိုးတာက ချန်းယောလ်ဆွဲချွတ်ပစ်တဲ့အ ဝတ်အစားတွေရဲ့ အစအနလေးကိုတောင်ရှာ မရတဲ့အထိပါပဲ။

" ဘာတွေလုပ်နေတာလဲ .. မောင့်ဆီလာပါဦး လာပါဦးလို့ .. ဘေဘီလေးရေ "

" မအားသေးဘူးကွာ "

လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အသံကြောင့်ချန်းယောလ်တစ်ယောက် အိပ်မှုန်စုံမွှားနှင့်ခေါင်း အုံးပေါ်မေးထောက်ရင်း အဝတ်အစားလဲနေ တဲ့ ဘတ်ခ်ဟျွန်းကို ဇိမ်ပြေနပြေကြည့်နေမိသည်။

" မောင် ... မနေ့ကငါဝတ်တဲ့အဝတ်အစားတွေ ဘယ်ရောက်ကုန်လဲ၊ ပြန်ရှာပေးဦး "

စောင်ကို ခါးမှာပတ်ထားပြီးအပေါ်ပိုင်းဗလာ ကျင်းဖြစ်နေသော ဘတ်ခ်ဟျွန်းသည်ခရီး ဆောင်အိတ်ထဲမွှေနှောက်ရင်း အလုပ်ကိစ္စအ တွက် စီစဥ်ထားတဲ့ခဲပုတ်ရောင် အနောက် တိုင်းဝတ်စုံလေးကိုထုတ်လိုက်၏။

" မသိတော့ဘူး၊ မောင်လည်း မူးမူးရူးရူးနဲ့ပစ်ချင်တဲ့နေရာ ပစ်လိုက်တာ .. "

" ငါအလုပ်နောက်ကျတော့မှာပဲ "

အောက်ခံရှပ်အင်္ကျီအဖြူကိုဝတ်ဆင်ပြီးသော ဘတ်ခ်ဟျွန်း နက်ခ်တိုင်ကိုဝတ်မည်ပြုတော့ သူ့ဆီချန်းယောလ်လွှားခနဲရောက်လာပြန်၏။

" ပတ်ခ်ချန်းယောလ် "

" နက်ခ်တိုင်ချည်ပေးမလို့ ငြိမ်ငြိမ်နေ "

" မြန်မြန်လုပ်၊ အလုပ်ကိစ္စချိန်းထားတာ ၁၀ နာရီကွ "

နက်ခ်တိုင်ချည်ပေးနေရင်း ဘတ်ခ်ဟျွန်း၏ ရှပ်အင်္ကျီနှင့် လစ်ဟာနေသော လည်ပင်းသားတို့တွင် ချန်းယောလ်စိတ်တိုင်းကျခြယ် လှယ်ထားသော အမှတ်အသားတို့ကရှင်း လင်းပြတ်သားစွာတည်ရှိနေတာကြောင့်ကျေ နပ်သမှုနှင့်ပြုံးရင်း။

" ဘောင်းဘီကော ဝတ်ပေးရမလား "

ဘတ်ခ်ဟျွန်းက မျက်စောင်းထိုးပြီးကြည့်၏၊ ရယ်ကျဲကျဲနှင့် မုန်းစရာကောင်းတဲ့ချန်းယောလ်မျက်နှာကိုဆက်မကြည့်တော့ဘဲ ဘတ်ခ်ဟျွန်း အောက်ခံဘောင်းဘီကောက်စွပ်ကာ စတိုင်လ်ပန်လေးကို ကုန်းကုန်းကွကွနှင့်ဝတ် နေလိုက်သည်။

အဆုံးသတ်မှာတော့ မီးကြွေဖိထားလို့သပ် ရပ်နေတဲ့ ခဲပုတ်ရောင်ကုတ်အင်္ကျီလေးကိုဝတ်လိုက်တဲ့အခါမှာတော့ ချန်းယောလ်ဖက် ကနေ လက်ခုတ်တီးသံလေးထွက်လာ၏။

"ကြောင်တောင်တောင်နဲ့ ဘာထ,ဖြစ်တာလဲ "

" မောင့်ချစ်သူ Gentleman လေး "

" Ro ဖို့အချိန်မရဘူး ပတ်ခ်ချန်းယောလ်၊ မင်းငါ့ကိုလိုက်ပို့မှရမယ်၊ အဝတ်အစားလဲ "

​ပြာတီးပြာယာနှင့် ရေချိုးခန်းထဲပြေးဝင်သွားပြန်ပြီ။ ချန်းယောလ်ခေါင်းခါရင်း ခြေရင်းက အဝတ်ဘီရိုရှိရာသို့ လျှောက်သွားလိုက်၏။

ဝတ်ရလွယ်တဲ့တီရှပ်တထည်ကောက်စွပ်ပြီး ဘောင်းဘီကိုတော့ အားကစားဘောင်းဘီ ဒူးတိုလေးကို ဝတ်လိုက်သည်။

အတွင်းခံတော့ ဝတ်မနေတော့ပါဘူး။ မနေ့ ညက အပီအပြင်ကဲထားရတာဆိုတော့သူ လည်း လွတ်လွတ်လပ်လပ်နေချင်ရှာမှာပဲလေ။

ရေချိုးခန်းထဲကနေ ကမန်းကတမ်းပြန်ထွက် လာတဲ့ ဘတ်ခ်ဟျွန်းတစ်ယောက် မေးစေ့မှာ သွားတိုက်ဆေးအမြှုပ်တွေပြောင်စင်အောင် မသုတ်နိုင်သည်အထိ အလောတကြီးဖြစ်နေရှာသည်။

" Gentlemen လို့ချီးကျူးမိတာတောင်မှားသွားပြီထင်တယ်၊ အမြဲတမ်းပြာကလပ်စိန်နေတာပဲ "

သူ့အနားလျှောက်သွားရင်း ဘတ်ခ်ဟျွန်းပါးပေါ်တင်ကျန်နေသေးတဲ့ အမြှုပ်လေးတွေကို လက်ဖြင့်သပ်ချရင်း နှုတ်ခမ်းလေးကိုပါအစစ်နမ်းလိုက်မိသည်။

" မင်း သွားမတိုက်ရသေးဘူးလေ "

" မောင့်ဘဝကိုအပိုင်သိမ်းသွားပြီဆိုတော့ ငြိုငြင်ပြီပေါ့။ စိတ်မကောင်းလိုက်တာ "

ထိုနေရာတွင် ဘတ်ခ်ဟျွန်းငုတ်တုတ်မေ့ချင်သွားသည်။ ပြောသွားတဲ့အဓိပ္ပါယ်ကနည်း နည်းလေးလွဲနေသလား။

ဘတ်ခ်ဟျွန်းက အပိုင်သိမ်းခံလိုက်ရတာမဟုတ်ဘူးလား။ အဲ့တာသာကြည့်ပေတော့ ပတ်ခ်ချန်းယောလ်က ဒရမ်မာကင်းပါဆို။

" မောင် .. ငါ့ကိုလိုက်ပို့ပေးတော့ "

အိပ်ခန်းထဲကနေထွက်သွားတဲ့ ချန်းယောလ် နောက်ကို ဘတ်ခ်ဟျွန်းရုံးအိတ်လေးဆွဲရင်း အပြေးအလိုက်ရပါတော့သည်။

အလုပ်ကိစ္စနောက်ကျမှာစိုးရိမ်တာနဲ့ပဲကိုယ့် ခန္ဓာကိုယ် နာကျင်နေလို့နာကျင်နေမှန်းမသိရလောက်အောင် ဘတ်ခ်ဟျွန်းတစ်ယောက် သွေးပူနေခဲ့ပြီ။

▪️

ဘတ်ခ်ဟျွန်းတို့ Project လုပ်ပေးရမယ့်စား သောက်ဆိုင်ကိုရောက်တော့ ဆိုင်ရှေ့မျက်နှာ စာလေးမှာ ခုံနှစ်ခုချပြီး ဘတ်ခ်ဟျွန်းကိုစောင့်ဆိုင်းနေဟန်တူတဲ့ လူနှစ်ယောက်ကိုပြုံးကာ နှုတ်ဆက်မိသည်။

" ဆောရီးပါဗျာ၊ ကျွန်တော်နောက်ကျသွားတယ်၊ ဆောရီးပါ "

တစ်ဦးက ပိုင်ဖြစ်ပြီး၊ နောက်တစ်ဦးကဘတ်ခ်ဟျွန်းတို့ရဲ့ Client ဖြစ်၏။ ချိုသာသောအ ပြုံးလေးနှင့်တောင်းပန်မှုအောက်မှာ နှစ်ယောက်လုံးကလည်း ရပါတယ်ဆိုသည့်ပုံစံ မျိုးဖြင့် နွေးထွေးမှုကိုပြန်ပေး၏။

လိုက်ပို့ပေးတဲ့ချန်းယောလ်ပြန်သွားပြီမို့ဘတ်ခ်ဟျွန်းတို့သုံးယောက်လုံး ဆိုင်ထဲဝင်ခဲ့ကြသည်။

ဆိုင်လေး၏ အပြင်အဆင်ကရိုးရှင်းပြီးရှေး ဆန်တဲ့အသွင်ရောက်အောင် ဖန်တီးယူထားသည်။ နံရံမှာခြယ်သထားတဲ့ဆေးရောင်တွေ ကအစ တစ်စုံတစ်ခုအပေါ်လွမ်းမောချင်ဖွယ် ဖြစ်အောင် ရေးဆွဲထားသည်။

သုံးထားတဲ့ စားပွဲဝိုင်းနှင့်ထိုင်ခုံတွေကလည်း သံချေးရောင်ကဲ့သို့မှိုင်းပျပျဖြစ်နေပါ၏။

အလျားအနံတူညီသော ပန်းချီကားချပ်လေး တွေက ဒီဆိုင်တစ်ခုလုံးရဲ့အသက်ပါပဲ။

" ဘတ်ခ်ဟျွန်းက ဒီဆိုင်ကိုတော်တော်လေး သဘောကျနေတယ်နဲ့တူတယ် "

ဆိုင်တစ်ခုလုံးကို တအံ့တသြဖြင့်ကြည့်နေတဲ့ ဘတ်ခ်ဟျွန်းကို ပိုင်ကလှမ်းမေး၏။

" ဟုတ်တယ်၊ ကျွန်တော်စိတ်ကူးယဥ်ထားတာလေးကို အပြင်မှာမြင်နေရသလိုပဲ "

ဆိုင်ပိုင်ရှင်က ပြုံးလိုက်တာမြင်တာကြောင့် ဘတ်ခ်ဟျွန်း မျက်ခုံးတွေပင့်တက်သွားရသည်။ ကိုးရီးယားစကားနားလည်တာလား။

" ဆိုတော့ မင်းကဒီလိုပုံစံမျိုးကိုစိတ်ကူးယဥ် ထားတယ်ပေါ့ "

ဘတ်ခ်ဟျွန်း ပိုပြီးအံ့သြသွားရသည်။လေယူ လေသိမ်းက အနောက်တိုင်းဆန်နေတယ်ဆို ပေမယ့် ကိုးရီးယားစကားကို ကျွမ်းကျွမ်း ကျင်ကျင်ပြောတတ်တာပဲ။ အင်းလေ၊အဲ့တာ ကြောင့်လည်း သူဌေးနဲ့အချိတ်အဆက်မိပြီး သူ့ဆိုင်အတွက် Project ကို ဘတ်ခ်ဟျွန်းတို့ အေဂျင်စီဆီအပ်ခဲ့တာကိုး။

" ဂါဘရီရယ်ပါ "

" ဗြောင်ဘတ်ခ်ဟျွန်းပါ "

ကမ်းလှမ်းလာတဲ့လက်တစ်ဖက်ကိုဘတ်ခ်ဟျွန်းရိုသေစွာနှင့် ဆုတ်ကိုင်လိုက်တော့သူ့ လက်ဖဝါးပြင်၏ကြမ်းရှမှုကိုခံစားလိုက်ရသလို တချိန်တည်းမှာပဲ အကြည့်ချင်းဆုံသွား တဲ့ မျက်ဝန်းတွေထဲကနေ အဓိပ္ပါယ်ဖော်ပြလို့မရနိုင်တဲ့ အကြည့်တွေလက်ခံရရှိလိုက်၏။

ချက်ချင်း ဂါဘရီရယ်၏လက်ကိုလွှတ်ပြီး ဘတ်ခ်ဟျွန်း ဘာမှမသိသလိုဟန်ဆောင်လိုက်သည်။

" ဂါဘရီရယ်က စားသုံးသူတွေအပေါ်ဆန်း သစ်တဲ့ မီနူးတွေထုတ်ပြပြီးဆွဲဆောင်နိုင်ဖို့လိုလိမ့်မယ်။ ခင်ဗျားဆိုင်မှာရနိုင်မယ့်မီနူးလေးကြည့်လို့ရမလား "

ပိုင့်စကားကြောင့် ဂါဘရီရယ်က ကောင်တာနားသွားပြီး သားရည်အုပ်ထားတဲ့မီနူးစာအုပ် လေးကိုယူလာပေး၏။

" စုံသားပဲ "

ပိုင်က မီနူးကိုစိတ်ဝင်တစားကြည့်နေ၏။

" ဘတ်ခ်ဟျွန်းရော ဒီဆိုင်အတွက်အိုင်ဒီယာ အသစ်အဆန်းလေးတွေစဥ်းစားထားမိတာရှိလား "

" ဗျ .. အာ .. ကျွန်တော်လည်းမီနူးတစ်ချက်ကြည့်ကြည့်မယ် "

လက်ဆွဲနှုတ်ဆက်အပြီးမှာ ဘတ်ခ်ဟျွန်း၏ စိတ်အာရုံတွေကို ဂါဘရီရယ်ကဖမ်းယူစား သောက်သွားသလို ခံစားရသည်။ တဆက် တည်းမှာပဲ ဘတ်ခ်ဟျွန်းကို မသိမသာအကဲ ခတ်နေတဲ့ ဂါဘရီရယ်၏ ရဲတင်းလွန်းတဲ့အကြည့်တွေကြောင့် ဘတ်ခ်ဟျွန်းနေရခက်နေတာလည်းပါသည်။

" ပါစတာ၊ စပါကတီ၊ ဒါကတော့အဓိကပေါ့၊ ပြီးတော့ Special Menu အနေနဲ့ တပတ်မှာ တခါဖြစ်ဖြစ် ဟင်းလျာအသစ်စီစဥ်ပေးဖို့ရှိပါတယ် "

ဂါဘရီရယ်က အေးဆေးစွာပြောရင်း ဘတ်ခ်ဟျွန်းကို မကြာမကြာကြည့်ကာ ဆွေးနွေးတတ်၏။ ပိုင့်ထက်ပိုပြီး အလေးပေးခံနေရ သလိုဖြစ်နေတဲ့အပြုအမူတွေကြောင့်ဘတ်ခ်ဟျွန်းမျက်နှာပြင်တခုလုံးပူပူလောင်လောင် ဖြစ်လာပြီး ဒီနေရာကနေပြေးထွက်သွားချင်စိတ်ဖြစ်တာပဲသိသည်။

အနောက်တိုင်းဆန်ပြီး မျက်နှာအသွင်အပြင် ကျော့ရှင်းလွန်းတဲ့ ဂါဘရီရယ်ဟာ သူ၏ဖွံ့ဖွံ့ ထွားထွားခန္ဓာကိုယ်နှင့်အတူ အရပ်အမောင်းကအစ ဘတ်ခ်ဟျွန်းထက်ခေါင်းနှစ်လုံးစာ မြင့်မားလှ၏။

ညို့ငင်ဓါတ်အပြည့်ပါသည့် သူ၏မီးခိုးရောင် မျက်ဝန်းတွေကို ဘတ်ခ်ဟျွန်းခပ်ကြာကြာမကြည့်နိုင်ခဲ့ပါ။

" အရင်ဆုံး Social Media Platfrom တစ်ခုလိုအပ်မယ်ထင်တယ်နော်၊ Instagram ဖြစ် ဖြစ် .. FaceBook ဖြစ်ဖြစ် .. ဂါဘရီရယ်ရဲ့ ဆိုင်ကိုလူတွေပိုသိသွားအောင် .. ဒါမှမဟုတ် website ဆိုရင်ရော "

ဘတ်ခ်ဟျွန်းစကားလုံးတွေ ရပ်တန့်သွား၏၊ အကြောင်းရင်းကတော့ မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ ဂါဘရီရယ်ထံကနေ နင့်နင့်နဲနဲစိုက်ကြည့်ခံလိုက်ရ၍။

မိမိလုပ်နေတဲ့အလုပ်အပေါ် ပထမဆုံးစိတ် ပျက်မိသည်။ ကိုယ်ကကြိုးစားပြီးလုပ်ပေးဖို့ စိတ်ကူးရှိနေသလောက် တဖက်ကတော့အပီ အပြင် Flirt ဖို့အသည်းအသန်လုပ်ဆောင်နေတဲ့ အချင်းအရာပေါ် ဘတ်ခ်ဟျွန်းဘဝင်မကျ မိပါ။

သြဇာအပြည့်နှင့် ထည်ဝါနေတဲ့ ဂါဘရီရယ် လိုလူမျိုးက ဘတ်ခ်ဟျွန်းအတွက် ခဏတာ ရင်ခုန်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ချန်းယောလ်နေရာမှာ အစားထိုးဖို့ကတော့ဖြစ် လာနိုင်မှာမဟုတ်ဘူး။

ဂါဘရီရယ်က မေးရိုးတွေထင််ရှားပြတ်သားပြီး ညို့ငင်ဓါတ်ပြည့်ဝတဲ့အသွင်ကိုပိုင်ဆိုင်ထားတယ်ဆိုလျှင်

ချန်းယောလ်က ခပ်ဝိုင်းဝိုင်းမျက်နှာလေးကိုမှ နူးညံ့ကြင်နာမှုအပြည့်ပါတဲ့အသွင်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ဘတ်ခ်ဟျွန်းရဲ့ Ideal Type ကလည်းမျက် နှာ ခပ်ဝိုင်းဝိုင်းနဲ့ဆိုတော့ ဒီနေရာမှာချန်းယောလ်က တစ်မဲသာသွားပြန်ရော။

ဂါဘရီရယ်ကရှပ်အင်္ကျီကြယ်သီးပြုတ်ထွက်မတတ် ရင်အုပ်ကြွက်သားတောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုးရှိတယ်ဆိုလျှင်

ချန်းယောလ်သည်လည်း ကြယ်သီးပြုတ်ထွက်မတတ် ပူနေတဲ့ဗိုက်လုံးလုံးလေးရှိနေ သည်။

ကိုယ့်ချစ်သူမို့ ကိုယ့်ငါးချဥ်ကိုယ်ပဲချဥ်မည်။ အဲ့ဗိုက်လုံးလုံးလေးကိုပဲ ဘတ်ခ်ဟျွန်းသ ဘောကျသည်။ ရန်ဖြစ်ရင် ကိုက်လို့ရသလို လက်နှင့်ဆွဲစိတ်လို့ပါရသေးသည်။

ယခုအချိန်မှာ ခန္ဓာကိုယ်ပြည့်ပြည့်ဖောင်း ဖောင်းနှင့် ဖြစ်သလိုနေထိုင်နေတဲ့ချန်းယောလ်ထက်စာရင် ဂါဘရီရယ်က ကြည့်ကောင်း နေတယ်ဆိုပေမယ့်မိမိစိတ်ထဲတွင်ပတ်ခ်ချန်းယောလ်တစ်ယောက်တည်းသာရှိနေသည်။

" အဆင်ပြေသလိုလုပ်ပေးပါ "

ဘတ်ခ်ဟျွန်းအကြည့်တွေကို မီနူးစာအုပ်ဆီ ပို့ထားပေးမယ့် ဂါဘရီရယ် ဘတ်ခ်ဟျွန်းကိုကြည့်နေတယ်ဆိုတာ အလိုလိုသိနေ၏။

" ဒါဆို ဘတ်ခ်ဟျွန်းပြောသလို Platform တစ်ခုလုပ်ဖို့ ကိုယ်ရုံးက Developer နဲ့တိုင် ပင်လိုက်မယ်။ Website အတွက်ပေါ့။ Social Media အတွက်တော့ ဘတ်ခ်ဟျွန်းပဲ တာဝန်ယူပေးလိုက်ပါ "

" ဟုတ်ကဲ့၊ ကျွန်တော် အကောင်းဆုံးကြိုး စားပေးပါ့မယ် "

" ဒါဆို မီနူးကိစ္စတွေ၊လုပ်ငန်းကိစ္စတွေဆွေး နွေးဖို့ ဘတ်ခ်ဟျွန်း ဒီမှာနေခဲ့လိုက် "

ဘတ်ခ်ဟျွန်းခေါင်းနပန်းကြီးသွားရ၏။

" ပိုင်က ဘယ်သွားမလို့လဲ "

" သူဌေးနဲ့ စကားပြောရမယ်လေ "

" ဒီမှာပြောလည်းရတာကို "

အင်တင်တင်ဖြစ်နေတဲ့ ဘတ်ခ်ဟျွန်းပုံစံကို အားမရစွာနှင့် ခါးထောက်ကြည့်ပြီးပိုင်က

" သူဌေးခိုင်းထားတာလည်း ရှိသေးလို့ပါ၊သူ့ ယောင်္ကျားဟိုတယ်အကြောင်း နည်းနည်းပါး ပါး Blog ရေးပေးဖို့ မနေ့ကအကြောင်းကြားလာတာ၊ ဘတ်ခ်ဟျွန်းကတခြားမှာသွားနေတော့ မပြောပြလိုက်ရဘူးလေ။ ခဏလေးပါပဲ။ ပြီးရင်ပြန်လာခဲ့မယ် "

ထိုသို့ဆို၏။ ဘတ်ခ်ဟျွန်းမှာ ဂါဘရီရယ်နှင့် နှစ်ယောက်တည်း အတူနေရုံကလွဲပြီးတခြား ရွေးချယ်ပိုင်ခွင့်မရှိလေတော့။

ပိုင်ထွက်သွားသည်နှင့် ဘတ်ခ်ဟျွန်းတို့ကြား လေထုကပိုပြီး အေးစိမ့်လာသယောင်။နှစ်ယောက်တည်းဆိုတဲ့အသိနဲ့ စကားတွေမယ် မယ်ရရပြောစရာမရှိသလို အနေစိမ်းနေသေးတဲ့ ဂါဘရီရယ်ကိုလည်းအလုပ်ကြောင်းကြီးပဲ မေးနေလို့မဖြစ်သေးပြန်။

" ဟျွန်း .. ကော်ဖီသောက်မလား "

အဖျားစွတ်ခေါ်လိုက်တဲ့ နာမည်ကြောင့်တစ် ကိုယ်လုံးကြက်သီးထ,သွားသလိုခံစားရ၏။
ချန်းယောလ်တောင် အဲ့လိုခေါ်ဖူးတာမဟုတ်ဘူး။

" နေပါစေ "

" လာပါ၊ ​ဖျော်ပေးပါ့မယ်။ ကိုယ်ကကော်ဖီ ဖျော်တာလည်း ကျွမ်းကျင်တယ်၊ ဒီမှာထိုင် "

စကားနဲ့တင်မပြီး ဘတ်ခ်ဟျွန်းလက်ကိုပါပိုင် စိုးပိုင်နင်းနဲ့ဆွဲကိုင်ပြီး ထိုင်ခုံရှိရာသို့ခေါ်သွား ၏။

" ဒီဆိုင်လေးက ဟျွန်းရဲ့စိတ်ကူးထဲကဆိုင် လေးနဲ့ထပ်တူကျနေတာလား "

" သြော် .. တထပ်တည်းတော့မကျပါဘူး "

" ဟင် .. ဒါဆိုမတူတာဘာဖြစ်မလဲ "

" ကျွန်တော်ဖွင့်ချင်တာက ကော်ဖီဆိုင် "

ချန်းယောလ်က ကော်ဖီခါးခါးသိပ်ကြိုက် သည်လေ။ တစ်ခါတစ်ရံမှသောက်တတ်တဲ့ ဘတ်ခ်ဟျွန်းအကျင့်ကြောင့် ချန်းယောလ်မှာ ကော်ဖီခါးခါးထက် စတော်ဘယ်ရီစမူတီးကို စွဲလမ်းသွားရတဲ့အချိန်က ပိုများခဲ့သည်။

" ဟျွန်းဖွင့်ချင်ရင် ကိုယ်နဲ့အတူတွဲဖွင့်လေ၊ ဒါ မှမဟုတ် ကိုယ့်ဆိုင်ဘေးမှာဖွင့်ပေါ့ "

ဘတ်ခ်ဟျွန်း ရယ်ရုံသာတတ်နိုင်ခဲ့၏။ ပိုင်က လည်း ဘတ်ခ်ဟျွန်းကိုရက်ရက်စက်စက်ထားသွားခဲ့တာကြောင့် အပီအပြင် Flirt နေ တဲ့ ဂါဘရီရယ်နဲ့ ဘတ်ခ်ဟျွန်းတစ်ယောက်ဒုက္ခရောက်နေရပြီ။

" နေ့လယ်စာ အတူတူစားရအောင်၊ ဘာစားချင်လဲ .. စပါကတီစားမလား၊ ကျွန်တော့်ရဲ့ အကောင်းဆုံးလက်ရာ ဟင်းလျာစားမလားဟျွန်းကပထမဆုံး ကိုယ့် Customer ပဲ "

ကော်ဖီတခွက်ရောက်လာပြီး သူကဘတ်ခ်ဟျွန်းရှေ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။

" ဒီမှာဟင်းချက်စရာတွေမရှိသေးဘူးမလား၊ အဲ့ဒါကို ... "

" ဒါလေးများ ကိုယ်တို့ Shopping ထွက်ရ အောင်လေ .. လာ .. သွားမယ် "

ပြောရင်းဆိုရင်း လက်ကိုဆွဲခေါ်ပြီးဆိုင်ပြင်ထွက်သွားပြန်သည်။ ရုန်းလို့လည်းမရသလို သူစိမ်းတစ်ယောက်နဲ့ ထင်ထားတာထက်ပိုပြီး နီးနီးကပ်ကပ်နေရတာကိုသဘောမကျ။လူမျိုးချင်းမတူတာကြောင့် ကြောက်လန့်နေမိတာလည်းပါမည်။

" ခဏ .. ခဏ လွှတ်ပါဦး "

" အာ .. ဆောရီး၊ကိုယ်စိတ်လွတ်သွားတယ် "

ဘတ်ခ်ဟျွန်းလက်ကို သူ့လက်ဖဝါးထဲကနေ ရုန်းထွက်ပြီး အနီးနားက စတိုးဆိုင်လေးထဲ ဝင်သွားလိုက်သည်။

" စားချင်တာရှိရင်ပြောနော် "

" အင်း "

တင်းခ်။

စာဝင်လာတဲ့အသံကြောင့် ဘတ်ခ်ဟျွန်းဖုန်း ကိုထုတ်ကြည့်တော့။

" ဟင် "

အာမေဋိတ်ထွက်ပြီး ဘတ်ခ်ဟျွန်းသွေးတွေ ဆောင့်တက်သွားသလို မအီမလည်ဖြစ်သွားခဲ့သည်။

ချက်ချင်းစတိုးဆိုင်ကနေအပြင်ကိုပြေးထွက်တော့ တဖက်က လမ်းဘေးကော်ဖီဆိုင်ကနေ လက်ယမ်းပြနေတဲ့ချန်းယောလ်ကိုမြင်လိုက်ရသည်။

" ဟျွန်း .. ဘာဖြစ်တာလဲ "

အနောက်ပါးကနေ စိုးရိမ်တကြီးလိုက်လာတဲ့ ဂါဘရီရယ်ကြောင့် ဘတ်ခ်ဟျွန်း၏စိုးရိမ်စိတ်တွေ တဒိတ်ဒိတ်မြင့်တက်လာသည်။

သွားဖို့ခြေလှမ်းပြင်ခါနီးမှာပဲ ချန်းယောလ်ကရပ်ထားတဲ့သူ့ကားပေါ်တက်ပြီး ဝူးခနဲမောင်း ထွက်သွားလေ၏။

ချန်းယောလ် သူ့ကိုအထင်လွဲသွားခဲ့ပြီ။

TBC  _________________________

[ A:N |ဆကိဒါလေးမြန်မြန်ဇာတ်သိမ်းထားပါ့မယ်။ ညကျရင်နောက်တပိုင်းလာမည်၊ မနက်ဖြန်စာမေးပွဲဖြေမှာ ]

( Zawgyi )

" ဟင္ "

မနက္ေဝလီေဝဟင္းမွာေတာ့ အိပ္ေမာက်ေန တဲ့ ဘတ္ခ္ဟြၽန္းတစ္ေယာက္ ဆက္ခနဲမ်က္ လံုးႏွစ္ဖက္ပြင့္လာၿပီး သူ႔ကိုတင္းၾကပ္စြာေပြ့ ဖက္ထားတဲ့ ခ်န္းေယာလ္ခႏၶာကိုယ္ကိုတြန္းဖယ္ရင္း ထ,ထိုင္မိသည္။

မိမိခႏၶာကိုယ္ေပၚတြင္ ကန္႔လန္႔ျဖတ္ၿခံဳထား ေသာ ေစာင္ပါးေလးကို ရင္ဘတ္မွာသိုင္းပတ္ရင္း အိပ္ရာေပၚကေနဆင္းလိုက္သည္။

စားပြဲေပၚတင္ထားတဲ့ နာရီကိုလွမ္းၾကည့္ေတာ့ အခ်ိန္ကား ၉နာရီ ၃၅ မိနစ္ျဖစ္ေနၿပီ။

" ေသစမ္း "

အလုပ္ကိစၥေဆြးေနြးဖို႔ရာ ပိုင္ႏွင့္ခ်ိန္းထားတဲ့ အခ်ိန္ကိုေက်ာ္လြန္ေတာ့မည္စိုး၍ ဘတ္ခ္ဟြၽန္းတစ္ေယာက္ ေစာင္ပတ္ၿပီး ျပာယာခတ္ေနသည္။

မေန့ညက ခ်န္းေယာလ္ႏွင့္ညစာအတူစားၿပီး အခ်စ္ဓါတ္ေတြႏွင့္ ဆြဲ႔ၿငိဳ႔ခံလိုက္ရ၍ဘတ္ခ္ ဟြၽန္းတစ္ေယာက္ ခ်န္းေယာလ္လက္ခုတ္ထဲ ကေရေလးပမာ၊ မလူးလြန္႔သာပဲ အတူေနေပးလိုက္ရသည္။ ေသာက္ထားတဲ့အရိွန္ျပင္း ျပင္းဝိုင္တစ္ခြက္ေၾကာင့္ ဘတ္ခ္ဟြၽန္းတို႔ထင္ထားတာထက္ ပိုၿပီးေသာင္းက်န္းခဲ့သည့္ပံုပင္။

ပိုဆိုးတာက ခ်န္းေယာလ္ဆြဲခြၽတ္ပစ္တဲ့အ ဝတ္အစားေတြရဲ့ အစအနေလးကိုေတာင္ရွာ မရတဲ့အထိပါပဲ။

" ဘာေတြလုပ္ေနတာလဲ .. ေမာင့္ဆီလာပါၪီး လာပါၪီးလို႔ .. ေဘဘီေလးေရ "

" မအားေသးဘူးကြာ "

လႈပ္လႈပ္ရွားရွားျဖစ္ေနတဲ့အသံေၾကာင့္ခ်န္းေယာလ္တစ္ေယာက္ အိပ္မႈန္စံုမႊားႏွင့္ေခါင္း အံုးေပၚေမးေထာက္ရင္း အဝတ္အစားလဲေန တဲ့ ဘတ္ခ္ဟြၽန္းကို ဇိမ္ေျပနေျပၾကည့္ေနမိသည္။

" ေမာင္ ... မေန့ကငါဝတ္တဲ့အဝတ္အစားေတြ ဘယ္ေရာက္ကုန္လဲ၊ ျပန္ရွာေပးၪီး "

ေစာင္ကို ခါးမွာပတ္ထားၿပီးအေပၚပိုင္းဗလာ က်င္းျဖစ္ေနေသာ ဘတ္ခ္ဟြၽန္းသည္ခရီး ေဆာင္အိတ္ထဲေမႊေနွာက္ရင္း အလုပ္ကိစၥအ တြက္ စီစဥ္ထားတဲ့ခဲပုတ္ေရာင္ အေနာက္ တိုင္းဝတ္စံုေလးကိုထုတ္လိုက္၏။

" မသိေတာ့ဘူး၊ ေမာင္လည္း မူးမူးရူးရူးနဲ႔ပစ္ခ်င္တဲ့ေနရာ ပစ္လိုက္တာ .. "

" ငါအလုပ္ေနာက္က်ေတာ့မွာပဲ "

ေအာက္ခံရွပ္အက်ႌအျဖဴကိုဝတ္ဆင္ၿပီးေသာ ဘတ္ခ္ဟြၽန္း နက္ခ္တိုင္ကိုဝတ္မည္ျပဳေတာ့ သူ႔ဆီခ်န္းေယာလ္လႊားခနဲေရာက္လာျပန္၏။

" ပတ္ခ္ခ်န္းေယာလ္ "

" နက္ခ္တိုင္ခ်ည္ေပးမလို႔ ၿငိမ္ၿငိမ္ေန "

" ျမန္ျမန္လုပ္၊ အလုပ္ကိစၥခ်ိန္းထားတာ ၁၀ နာရီကြ "

နက္ခ္တိုင္ခ်ည္ေပးေနရင္း ဘတ္ခ္ဟြၽန္း၏ ရွပ္အက်ႌႏွင့္ လစ္ဟာေနေသာ လည္ပင္းသားတို႔တြင္ ခ်န္းေယာလ္စိတ္တိုင္းက်ျခယ္ လွယ္ထားေသာ အမွတ္အသားတို႔ကရွင္း လင္းျပတ္သားစြာတည္ရိွေနတာေၾကာင့္ေက် နပ္သမႈႏွင့္ၿပံဳးရင္း။

" ေဘာင္းဘီေကာ ဝတ္ေပးရမလား "

ဘတ္ခ္ဟြၽန္းက မ်က္ေစာင္းထိုးၿပီးၾကည့္၏၊ ရယ္က်ဲက်ဲႏွင့္ မုန္းစရာေကာင္းတဲ့ခ်န္းေယာလ္မ်က္ႏွာကိုဆက္မၾကည့္ေတာ့ဘဲ ဘတ္ခ္ဟြၽန္း ေအာက္ခံေဘာင္းဘီေကာက္စြပ္ကာ စတိုင္လ္ပန္ေလးကို ကုန္းကုန္းကြကြႏွင့္ဝတ္ ေနလိုက္သည္။

အဆံုးသတ္မွာေတာ့ မီးေႂကြဖိထားလို႔သပ္ ရပ္ေနတဲ့ ခဲပုတ္ေရာင္ကုတ္အက်ႌေလးကိုဝတ္လိုက္တဲ့အခါမွာေတာ့ ခ်န္းေယာလ္ဖက္ ကေန လက္ခုတ္တီးသံေလးထြက္လာ၏။

"ေၾကာင္ေတာင္ေတာင္နဲ႔ ဘာထ,ျဖစ္တာလဲ "

" ေမာင့္ခ်စ္သူ Gentleman ေလး "

" Ro ဖို႔အခ်ိန္မရဘူး ပတ္ခ္ခ်န္းေယာလ္၊ မင္းငါ့ကိုလိုက္ပို႔မွရမယ္၊ အဝတ္အစားလဲ "

​ျပာတီးျပာယာႏွင့္ ေရခ်ိဳးခန္းထဲေျပးဝင္သြားျပန္ၿပီ။ ခ်န္းေယာလ္ေခါင္းခါရင္း ေျခရင္းက အဝတ္ဘီရိုရိွရာသို႔ ေလ်ွာက္သြားလိုက္၏။

ဝတ္ရလြယ္တဲ့တီရွပ္တထည္ေကာက္စြပ္ၿပီး ေဘာင္းဘီကိုေတာ့ အားကစားေဘာင္းဘီ ဒူးတိုေလးကို ဝတ္လိုက္သည္။

အတြင္းခံေတာ့ ဝတ္မေနေတာ့ပါဘူး။ မေန့ ညက အပီအျပင္ကဲထားရတာဆိုေတာ့သူ လည္း လြတ္လြတ္လပ္လပ္ေနခ်င္ရွာမွာပဲေလ။

ေရခ်ိဳးခန္းထဲကေန ကမန္းကတမ္းျပန္ထြက္ လာတဲ့ ဘတ္ခ္ဟြၽန္းတစ္ေယာက္ ေမးေစ့မွာ သြားတိုက္ေဆးအျမႇဳပ္ေတြေျပာင္စင္ေအာင္ မသုတ္ႏိုင္သည္အထိ အေလာတႀကီးျဖစ္ေနရွာသည္။

" Gentlemen လို႔ခ်ီးက်ူးမိတာေတာင္မွားသြားၿပီထင္တယ္၊ အၿမဲတမ္းျပာကလပ္စိန္ေနတာပဲ "

သူ႔အနားေလ်ွာက္သြားရင္း ဘတ္ခ္ဟြၽန္းပါးေပၚတင္က်န္ေနေသးတဲ့ အျမႇဳပ္ေလးေတြကို လက္ျဖင့္သပ္ခ်ရင္း ႏႈတ္ခမ္းေလးကိုပါအစစ္နမ္းလိုက္မိသည္။

" မင္း သြားမတိုက္ရေသးဘူးေလ "

" ေမာင့္ဘဝကိုအပိုင္သိမ္းသြားၿပီဆိုေတာ့ ၿငိဳျငင္ၿပီေပါ့။ စိတ္မေကာင္းလိုက္တာ "

ထိုေနရာတြင္ ဘတ္ခ္ဟြၽန္းငုတ္တုတ္ေမ့ခ်င္သြားသည္။ ေျပာသြားတဲ့အဓိပၸါယ္ကနည္း နည္းေလးလြဲေနသလား။

ဘတ္ခ္ဟြၽန္းက အပိုင္သိမ္းခံလိုက္ရတာမဟုတ္ဘူးလား။ အဲ့တာသာၾကည့္ေပေတာ့ ပတ္ခ္ခ်န္းေယာလ္က ဒရမ္မာကင္းပါဆို။

" ေမာင္ .. ငါ့ကိုလိုက္ပို႔ေပးေတာ့ "

အိပ္ခန္းထဲကေနထြက္သြားတဲ့ ခ်န္းေယာလ္ ေနာက္ကို ဘတ္ခ္ဟြၽန္းရံုးအိတ္ေလးဆြဲရင္း အေျပးအလိုက္ရပါေတာ့သည္။

အလုပ္ကိစၥေနာက္က်မွာစိုးရိမ္တာနဲ႔ပဲကိုယ့္ ခႏၶာကိုယ္ နာက်င္ေနလို႔နာက်င္ေနမွန္းမသိရေလာက္ေအာင္ ဘတ္ခ္ဟြၽန္းတစ္ေယာက္ ေသြးပူေနခဲ့ၿပီ။

▪️

ဘတ္ခ္ဟြၽန္းတို႔ Project လုပ္ေပးရမယ့္စား ေသာက္ဆိုင္ကိုေရာက္ေတာ့ ဆိုင္ေရ႔ွမ်က္ႏွာ စာေလးမွာ ခံုႏွစ္ခုခ်ၿပီး ဘတ္ခ္ဟြၽန္းကိုေစာင့္ဆိုင္းေနဟန္တူတဲ့ လူႏွစ္ေယာက္ကိုၿပံဳးကာ ႏႈတ္ဆက္မိသည္။

" ေဆာရီးပါဗ်ာ၊ ကြၽန္ေတာ္ေနာက္က်သြားတယ္၊ ေဆာရီးပါ "

တစ္ၪီးက ပိုင္ျဖစ္ၿပီး၊ ေနာက္တစ္ၪီးကဘတ္ခ္ဟြၽန္းတို႔ရဲ့ Client ျဖစ္၏။ ခ်ိဳသာေသာအ ၿပံဳးေလးႏွင့္ေတာင္းပန္မႈေအာက္မွာ ႏွစ္ေယာက္လံုးကလည္း ရပါတယ္ဆိုသည့္ပံုစံ မ်ိဳးျဖင့္ ေနြးေထြးမႈကိုျပန္ေပး၏။

လိုက္ပို႔ေပးတဲ့ခ်န္းေယာလ္ျပန္သြားၿပီမို႔ဘတ္ခ္ဟြၽန္းတို႔သံုးေယာက္လံုး ဆိုင္ထဲဝင္ခဲ့ၾကသည္။

ဆိုင္ေလး၏ အျပင္အဆင္ကရိုးရွင္းၿပီးေရွး ဆန္တဲ့အသြင္ေရာက္ေအာင္ ဖန္တီးယူထားသည္။ နံရံမွာျခယ္သထားတဲ့ေဆးေရာင္ေတြ ကအစ တစ္စံုတစ္ခုအေပၚလြမ္းေမာခ်င္ဖြယ္ ျဖစ္ေအာင္ ေရးဆြဲထားသည္။

သံုးထားတဲ့ စားပြဲဝိုင္းႏွင့္ထိုင္ခံုေတြကလည္း သံေခ်းေရာင္ကဲ့သို႔မိႈင္းပ်ပ်ျဖစ္ေနပါ၏။

အလ်ားအနံတူညီေသာ ပန္းခ်ီကားခ်ပ္ေလး ေတြက ဒီဆိုင္တစ္ခုလံုးရဲ့အသက္ပါပဲ။

" ဘတ္ခ္ဟြၽန္းက ဒီဆိုင္ကိုေတာ္ေတာ္ေလး သေဘာက်ေနတယ္နဲ႔တူတယ္ "

ဆိုင္တစ္ခုလံုးကို တအံ့တၾသျဖင့္ၾကည့္ေနတဲ့ ဘတ္ခ္ဟြၽန္းကို ပိုင္ကလွမ္းေမး၏။

" ဟုတ္တယ္၊ ကြၽန္ေတာ္စိတ္ကူးယဥ္ထားတာေလးကို အျပင္မွာျမင္ေနရသလိုပဲ "

ဆိုင္ပိုင္ရွင္က ၿပံဳးလိုက္တာျမင္တာေၾကာင့္ ဘတ္ခ္ဟြၽန္း မ်က္ခံုးေတြပင့္တက္သြားရသည္။ ကိုးရီးယားစကားနားလည္တာလား။

" ဆိုေတာ့ မင္းကဒီလိုပံုစံမ်ိဳးကိုစိတ္ကူးယဥ္ ထားတယ္ေပါ့ "

ဘတ္ခ္ဟြၽန္း ပိုၿပီးအံ့ၾသသြားရသည္။ေလယူ ေလသိမ္းက အေနာက္တိုင္းဆန္ေနတယ္ဆို ေပမယ့္ ကိုးရီးယားစကားကို ကြၽမ္းကြၽမ္း က်င္က်င္ေျပာတတ္တာပဲ။ အင္းေလ၊အဲ့တာ ေၾကာင့္လည္း သူေဌးနဲ႔အခ်ိတ္အဆက္မိၿပီး သူ႔ဆိုင္အတြက္ Project ကို ဘတ္ခ္ဟြၽန္းတို႔ ေအဂ်င္စီဆီအပ္ခဲ့တာကိုး။

" ဂါဘရီရယ္ပါ "

" ေျဗာင္ဘတ္ခ္ဟြၽန္းပါ "

ကမ္းလွမ္းလာတဲ့လက္တစ္ဖက္ကိုဘတ္ခ္ဟြၽန္းရိုေသစြာႏွင့္ ဆုတ္ကိုင္လိုက္ေတာ့သူ႔ လက္ဖဝါးျပင္၏ၾကမ္းရွမႈကိုခံစားလိုက္ရသလို တခ်ိန္တည္းမွာပဲ အၾကည့္ခ်င္းဆံုသြား တဲ့ မ်က္ဝန္းေတြထဲကေန အဓိပၸါယ္ေဖာ္ျပလို႔မရႏိုင္တဲ့ အၾကည့္ေတြလက္ခံရရိွလိုက္၏။

ခ်က္ခ်င္း ဂါဘရီရယ္၏လက္ကိုလႊတ္ၿပီး ဘတ္ခ္ဟြၽန္း ဘာမွမသိသလိုဟန္ေဆာင္လိုက္သည္။

" ဂါဘရီရယ္က စားသံုးသူေတြအေပၚဆန္း သစ္တဲ့ မီႏူးေတြထုတ္ျပၿပီးဆြဲေဆာင္ႏိုင္ဖို႔လိုလိမ့္မယ္။ ခင္ဗ်ားဆိုင္မွာရႏိုင္မယ့္မီႏူးေလးၾကည့္လို႔ရမလား "

ပိုင့္စကားေၾကာင့္ ဂါဘရီရယ္က ေကာင္တာနားသြားၿပီး သားရည္အုပ္ထားတဲ့မီႏူးစာအုပ္ ေလးကိုယူလာေပး၏။

" စံုသားပဲ "

ပိုင္က မီႏူးကိုစိတ္ဝင္တစားၾကည့္ေန၏။

" ဘတ္ခ္ဟြၽန္းေရာ ဒီဆိုင္အတြက္အိုင္ဒီယာ အသစ္အဆန္းေလးေတြစဥ္းစားထားမိတာရိွလား "

" ဗ် .. အာ .. ကြၽန္ေတာ္လည္းမီႏူးတစ္ခ်က္ၾကည့္ၾကည့္မယ္ "

လက္ဆြဲႏႈတ္ဆက္အၿပီးမွာ ဘတ္ခ္ဟြၽန္း၏ စိတ္အာရံုေတြကို ဂါဘရီရယ္ကဖမ္းယူစား ေသာက္သြားသလို ခံစားရသည္။ တဆက္ တည္းမွာပဲ ဘတ္ခ္ဟြၽန္းကို မသိမသာအကဲ ခတ္ေနတဲ့ ဂါဘရီရယ္၏ ရဲတင္းလြန္းတဲ့အၾကည့္ေတြေၾကာင့္ ဘတ္ခ္ဟြၽန္းေနရခက္ေနတာလည္းပါသည္။

" ပါစတာ၊ စပါကတီ၊ ဒါကေတာ့အဓိကေပါ့၊ ၿပီးေတာ့ Special Menu အေနနဲ႔ တပတ္မွာ တခါျဖစ္ျဖစ္ ဟင္းလ်ာအသစ္စီစဥ္ေပးဖို႔ရိွပါတယ္ "

ဂါဘရီရယ္က ေအးေဆးစြာေျပာရင္း ဘတ္ခ္ဟြၽန္းကို မၾကာမၾကာၾကည့္ကာ ေဆြးေနြးတတ္၏။ ပိုင့္ထက္ပိုၿပီး အေလးေပးခံေနရ သလိုျဖစ္ေနတဲ့အျပဳအမူေတြေၾကာင့္ဘတ္ခ္ဟြၽန္းမ်က္ႏွာျပင္တခုလံုးပူပူေလာင္ေလာင္ ျဖစ္လာၿပီး ဒီေနရာကေနေျပးထြက္သြားခ်င္စိတ္ျဖစ္တာပဲသိသည္။

အေနာက္တိုင္းဆန္ၿပီး မ်က္ႏွာအသြင္အျပင္ ေက်ာ့ရွင္းလြန္းတဲ့ ဂါဘရီရယ္ဟာ သူ၏ဖြံ႔ဖြံ႔ ထြားထြားခႏၶာကိုယ္ႏွင့္အတူ အရပ္အေမာင္းကအစ ဘတ္ခ္ဟြၽန္းထက္ေခါင္းႏွစ္လံုးစာ ျမင့္မားလွ၏။

ညို႔ငင္ဓါတ္အျပည့္ပါသည့္ သူ၏မီးခိုးေရာင္ မ်က္ဝန္းေတြကို ဘတ္ခ္ဟြၽန္းခပ္ၾကာၾကာမၾကည့္ႏိုင္ခဲ့ပါ။

" အရင္ဆံုး Social Media Platfrom တစ္ခုလိုအပ္မယ္ထင္တယ္ေနာ္၊ Instagram ျဖစ္ ျဖစ္ .. FaceBook ျဖစ္ျဖစ္ .. ဂါဘရီရယ္ရဲ့ ဆိုင္ကိုလူေတြပိုသိသြားေအာင္ .. ဒါမွမဟုတ္ website ဆိုရင္ေရာ "

ဘတ္ခ္ဟြၽန္းစကားလံုးေတြ ရပ္တန္႔သြား၏၊ အေၾကာင္းရင္းကေတာ့ မ်က္ႏွာခ်င္းဆိုင္မွာ ရပ္ေနတဲ့ ဂါဘရီရယ္ထံကေန နင့္နင့္နဲနဲစိုက္ၾကည့္ခံလိုက္ရ၍။

မိမိလုပ္ေနတဲ့အလုပ္အေပၚ ပထမဆံုးစိတ္ ပ်က္မိသည္။ ကိုယ္ကႀကိဳးစားၿပီးလုပ္ေပးဖို႔ စိတ္ကူးရိွေနသေလာက္ တဖက္ကေတာ့အပီ အျပင္ Flirt ဖို႔အသည္းအသန္လုပ္ေဆာင္ေနတဲ့ အခ်င္းအရာေပၚ ဘတ္ခ္ဟြၽန္းဘဝင္မက် မိပါ။

ၾသဇာအျပည့္ႏွင့္ ထည္ဝါေနတဲ့ ဂါဘရီရယ္ လိုလူမ်ိဳးက ဘတ္ခ္ဟြၽန္းအတြက္ ခဏတာ ရင္ခုန္ဖို႔ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ခ်န္းေယာလ္ေနရာမွာ အစားထိုးဖို႔ကေတာ့ျဖစ္ လာႏိုင္မွာမဟုတ္ဘူး။

ဂါဘရီရယ္က ေမးရိုးေတြထင္္ရွားျပတ္သားၿပီး ညို႔ငင္ဓါတ္ျပည့္ဝတဲ့အသြင္ကိုပိုင္ဆိုင္ထားတယ္ဆိုလ်ွင္

ခ်န္းေယာလ္က ခပ္ဝိုင္းဝိုင္းမ်က္ႏွာေလးကိုမွ ႏူးညံ့ၾကင္နာမႈအျပည့္ပါတဲ့အသြင္မ်ိဳးကို ပိုင္ဆိုင္ထားသူျဖစ္သည္။

ဘတ္ခ္ဟြၽန္းရဲ့ Ideal Type ကလည္းမ်က္ ႏွာ ခပ္ဝိုင္းဝိုင္းနဲ႔ဆိုေတာ့ ဒီေနရာမွာခ်န္းေယာလ္က တစ္မဲသာသြားျပန္ေရာ။

ဂါဘရီရယ္ကရွပ္အက်ႌၾကယ္သီးျပဳတ္ထြက္မတတ္ ရင္အုပ္ႂကြက္သားေတာင့္တင္းတဲ့ ခႏၶာကိုယ္မ်ိဳးရိွတယ္ဆိုလ်ွင္

ခ်န္းေယာလ္သည္လည္း ၾကယ္သီးျပဳတ္ထြက္မတတ္ ပူေနတဲ့ဗိုက္လံုးလံုးေလးရိွေန သည္။

ကိုယ့္ခ်စ္သူမို႔ ကိုယ့္ငါးခ်ဥ္ကိုယ္ပဲခ်ဥ္မည္။ အဲ့ဗိုက္လံုးလံုးေလးကိုပဲ ဘတ္ခ္ဟြၽန္းသ ေဘာက်သည္။ ရန္ျဖစ္ရင္ ကိုက္လို႔ရသလို လက္ႏွင့္ဆြဲစိတ္လို႔ပါရေသးသည္။

ယခုအခ်ိန္မွာ ခႏၶာကိုယ္ျပည့္ျပည့္ေဖာင္း ေဖာင္းႏွင့္ ျဖစ္သလိုေနထိုင္ေနတဲ့ခ်န္းေယာလ္ထက္စာရင္ ဂါဘရီရယ္က ၾကည့္ေကာင္း ေနတယ္ဆိုေပမယ့္မိမိစိတ္ထဲတြင္ပတ္ခ္ခ်န္းေယာလ္တစ္ေယာက္တည္းသာရိွေနသည္။

" အဆင္ေျပသလိုလုပ္ေပးပါ "

ဘတ္ခ္ဟြၽန္းအၾကည့္ေတြကို မီႏူးစာအုပ္ဆီ ပို႔ထားေပးမယ့္ ဂါဘရီရယ္ ဘတ္ခ္ဟြၽန္းကိုၾကည့္ေနတယ္ဆိုတာ အလိုလိုသိေန၏။

" ဒါဆို ဘတ္ခ္ဟြၽန္းေျပာသလို Platform တစ္ခုလုပ္ဖို႔ ကိုယ္ရံုးက Developer နဲ႔တိုင္ ပင္လိုက္မယ္။ Website အတြက္ေပါ့။ Social Media အတြက္ေတာ့ ဘတ္ခ္ဟြၽန္းပဲ တာဝန္ယူေပးလိုက္ပါ "

" ဟုတ္ကဲ့၊ ကြၽန္ေတာ္ အေကာင္းဆံုးႀကိဳး စားေပးပါ့မယ္ "

" ဒါဆို မီႏူးကိစၥေတြ၊လုပ္ငန္းကိစၥေတြေဆြး ေနြးဖို႔ ဘတ္ခ္ဟြၽန္း ဒီမွာေနခဲ့လိုက္ "

ဘတ္ခ္ဟြၽန္းေခါင္းနပန္းႀကီးသြားရ၏။

" ပိုင္က ဘယ္သြားမလို႔လဲ "

" သူေဌးနဲ႔ စကားေျပာရမယ္ေလ "

" ဒီမွာေျပာလည္းရတာကို "

အင္တင္တင္ျဖစ္ေနတဲ့ ဘတ္ခ္ဟြၽန္းပံုစံကို အားမရစြာႏွင့္ ခါးေထာက္ၾကည့္ၿပီးပိုင္က

" သူေဌးခိုင္းထားတာလည္း ရိွေသးလို႔ပါ၊သူ႔ ေယာက်ၤားဟိုတယ္အေၾကာင္း နည္းနည္းပါး ပါး Blog ေရးေပးဖို႔ မေန့ကအေၾကာင္းၾကားလာတာ၊ ဘတ္ခ္ဟြၽန္းကတျခားမွာသြားေနေတာ့ မေျပာျပလိုက္ရဘူးေလ။ ခဏေလးပါပဲ။ ၿပီးရင္ျပန္လာခဲ့မယ္ "

ထိုသို႔ဆို၏။ ဘတ္ခ္ဟြၽန္းမွာ ဂါဘရီရယ္ႏွင့္ ႏွစ္ေယာက္တည္း အတူေနရံုကလြဲၿပီးတျခား ေရြးခ်ယ္ပိုင္ခြင့္မရိွေလေတာ့။

ပိုင္ထြက္သြားသည္ႏွင့္ ဘတ္ခ္ဟြၽန္းတို႔ၾကား ေလထုကပိုၿပီး ေအးစိမ့္လာသေယာင္။ႏွစ္ေယာက္တည္းဆိုတဲ့အသိနဲ႔ စကားေတြမယ္ မယ္ရရေျပာစရာမရိွသလို အေနစိမ္းေနေသးတဲ့ ဂါဘရီရယ္ကိုလည္းအလုပ္ေၾကာင္းႀကီးပဲ ေမးေနလို႔မျဖစ္ေသးျပန္။

" ဟြၽန္း .. ေကာ္ဖီေသာက္မလား "

အဖ်ားစြတ္ေခၚလိုက္တဲ့ နာမည္ေၾကာင့္တစ္ ကိုယ္လံုးၾကက္သီးထ,သြားသလိုခံစားရ၏။
ခ်န္းေယာလ္ေတာင္ အဲ့လိုေခၚဖူးတာမဟုတ္ဘူး။

" ေနပါေစ "

" လာပါ၊ ​ေဖ်ာ္ေပးပါ့မယ္။ ကိုယ္ကေကာ္ဖီ ေဖ်ာ္တာလည္း ကြၽမ္းက်င္တယ္၊ ဒီမွာထိုင္ "

စကားနဲ႔တင္မၿပီး ဘတ္ခ္ဟြၽန္းလက္ကိုပါပိုင္ စိုးပိုင္နင္းနဲ႔ဆြဲကိုင္ၿပီး ထိုင္ခံုရိွရာသို႔ေခၚသြား ၏။

" ဒီဆိုင္ေလးက ဟြၽန္းရဲ့စိတ္ကူးထဲကဆိုင္ ေလးနဲ႔ထပ္တူက်ေနတာလား "

" ေၾသာ္ .. တထပ္တည္းေတာ့မက်ပါဘူး "

" ဟင္ .. ဒါဆိုမတူတာဘာျဖစ္မလဲ "

" ကြၽန္ေတာ္ဖြင့္ခ်င္တာက ေကာ္ဖီဆိုင္ "

ခ်န္းေယာလ္က ေကာ္ဖီခါးခါးသိပ္ႀကိဳက္ သည္ေလ။ တစ္ခါတစ္ရံမွေသာက္တတ္တဲ့ ဘတ္ခ္ဟြၽန္းအက်င့္ေၾကာင့္ ခ်န္းေယာလ္မွာ ေကာ္ဖီခါးခါးထက္ စေတာ္ဘယ္ရီစမူတီးကို စြဲလမ္းသြားရတဲ့အခ်ိန္က ပိုမ်ားခဲ့သည္။

" ဟြၽန္းဖြင့္ခ်င္ရင္ ကိုယ္နဲ႔အတူတြဲဖြင့္ေလ၊ ဒါ မွမဟုတ္ ကိုယ့္ဆိုင္ေဘးမွာဖြင့္ေပါ့ "

ဘတ္ခ္ဟြၽန္း ရယ္ရံုသာတတ္ႏိုင္ခဲ့၏။ ပိုင္က လည္း ဘတ္ခ္ဟြၽန္းကိုရက္ရက္စက္စက္ထားသြားခဲ့တာေၾကာင့္ အပီအျပင္ Flirt ေန တဲ့ ဂါဘရီရယ္နဲ႔ ဘတ္ခ္ဟြၽန္းတစ္ေယာက္ဒုကၡေရာက္ေနရၿပီ။

" ေန့လယ္စာ အတူတူစားရေအာင္၊ ဘာစားခ်င္လဲ .. စပါကတီစားမလား၊ ကြၽန္ေတာ့္ရဲ့ အေကာင္းဆံုးလက္ရာ ဟင္းလ်ာစားမလားဟြၽန္းကပထမဆံုး ကိုယ့္ Customer ပဲ "

ေကာ္ဖီတခြက္ေရာက္လာၿပီး သူကဘတ္ခ္ဟြၽန္းေရ႔ွမ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္သည္။

" ဒီမွာဟင္းခ်က္စရာေတြမရိွေသးဘူးမလား၊ အဲ့ဒါကို ... "

" ဒါေလးမ်ား ကိုယ္တို႔ Shopping ထြက္ရ ေအာင္ေလ .. လာ .. သြားမယ္ "

ေျပာရင္းဆိုရင္း လက္ကိုဆြဲေခၚၿပီးဆိုင္ျပင္ထြက္သြားျပန္သည္။ ရုန္းလို႔လည္းမရသလို သူစိမ္းတစ္ေယာက္နဲ႔ ထင္ထားတာထက္ပိုၿပီး နီးနီးကပ္ကပ္ေနရတာကိုသေဘာမက်။လူမ်ိဳးခ်င္းမတူတာေၾကာင့္ ေၾကာက္လန္႔ေနမိတာလည္းပါမည္။

" ခဏ .. ခဏ လႊတ္ပါၪီး "

" အာ .. ေဆာရီး၊ကိုယ္စိတ္လြတ္သြားတယ္ "

ဘတ္ခ္ဟြၽန္းလက္ကို သူ႔လက္ဖဝါးထဲကေန ရုန္းထြက္ၿပီး အနီးနားက စတိုးဆိုင္ေလးထဲ ဝင္သြားလိုက္သည္။

" စားခ်င္တာရိွရင္ေျပာေနာ္ "

" အင္း "

တင္းခ္။

စာဝင္လာတဲ့အသံေၾကာင့္ ဘတ္ခ္ဟြၽန္းဖုန္း ကိုထုတ္ၾကည့္ေတာ့။

" ဟင္ "

အာေမဋိတ္ထြက္ၿပီး ဘတ္ခ္ဟြၽန္းေသြးေတြ ေဆာင့္တက္သြားသလို မအီမလည္ျဖစ္သြားခဲ့သည္။

ခ်က္ခ်င္းစတိုးဆိုင္ကေနအျပင္ကိုေျပးထြက္ေတာ့ တဖက္က လမ္းေဘးေကာ္ဖီဆိုင္ကေန လက္ယမ္းျပေနတဲ့ခ်န္းေယာလ္ကိုျမင္လိုက္ရသည္။

" ဟြၽန္း .. ဘာျဖစ္တာလဲ "

အေနာက္ပါးကေန စိုးရိမ္တႀကီးလိုက္လာတဲ့ ဂါဘရီရယ္ေၾကာင့္ ဘတ္ခ္ဟြၽန္း၏စိုးရိမ္စိတ္ေတြ တဒိတ္ဒိတ္ျမင့္တက္လာသည္။

သြားဖို႔ေျခလွမ္းျပင္ခါနီးမွာပဲ ခ်န္းေယာလ္ကရပ္ထားတဲ့သူ႔ကားေပၚတက္ၿပီး ဝူးခနဲေမာင္း ထြက္သြားေလ၏။

ခ်န္းေယာလ္ သူ႔ကိုအထင္လြဲသြားခဲ့ၿပီ။

TBC  _________________________

[ A:N |ဆကိဒါေလးျမန္ျမန္ဇာတ္သိမ္းထားပါ့မယ္။ ညက်ရင္ေနာက္တပိုင္းလာမည္၊ မနက္ျဖန္စာေမးပြဲေျဖမွာ ]

Đọc tiếp

Bạn Cũng Sẽ Thích

131K 15K 55
အခ်စ္​ဆိုတာလူတစ္​​ေယာက္​ကို ႏူးညံ့သြား​ေအာင္​စြမ္​း​ေဆာင္​ႏိုင္​သည္​တဲ့လား....... အချစ်ဆိုတာ လူတစ်ယောက်ကို နူးညံ့သွားအောင်စွမ်းဆောင်နိုင်သည်တဲ့လား...
65K 8.9K 16
ကောင်သေးလေး မင်းတော်တော်ဆိုးတာပဲ CB ((Zawgyi+Unicode))
35.2K 2.1K 33
Unicode ကြည့်​တော့သာ ကြိုးကမျှင်​တယ်​ထင်​ရတာ အရမ်းခိုင်​မာတာဘဲ
68.3K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...