𝘓𝘰𝘷𝘦 𝘛𝘩𝘦𝘰𝘳𝘺

Galing kay SettShan

13.5K 477 31

အချစ်စစ်ကြောင့်ပျော်ရွှင်ရသည်။ရယ်မောရသည်။ကြည်နူးရသည်။ တဖန်အတုအယောင်အချစ်ကြောင့်ဝမ်းနည်းရသည်။ငိုကြွေးရသည်။နာကျ... Higit pa

အပိုင်း(1)
အပိုင်း(2)
အပိုင်း(3)
အပိုင်း(4)
အပိုင်း(5)
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
အပိုင်း(12)
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16 A)
16(B)
အပိုင်း(17)
အပိုင်း(18)
အပိုင်း(19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
အပိုင်း(23)
Photo for Part23
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26)
အပိုင်း(27)
အပိုင်း(29)
အပိုင်း(29 b)
အပိုင်း(30)
အပိုင်း(31)
အပိုင်း(32)
အပိုင်း(33)
အပိုင်း(34)
အပိုင်း(35)
အပိုင်း(36) final
New Story
Thingyan Extra

အပိုင်း(28)

65 5 0
Galing kay SettShan

Unicode

"လက်ဆောင်တစ်ခုထည့်ပေးလိုက်မယ်အကို…..ကျွန်တော်လာတဲ့အချိန်ကျ အဲ့ဝတ်စုံနဲ့ပဲတွေ့ချင်ပါတယ်”

“လွန်းကဘယ်အချိန်လာမှာလဲ…..ကိုယ့်ကိုပြောလေ”

“ဒါကတော့ မပြောပါဘူး။ စပရိုက်စ်ပေါ့ အကိုရာ။ အကိုသာတကယ်ချစ်တယ်ဆို ကျွန်တော်လာတဲ့အချိန် ခန့်မှန်းနိုင်ရမယ်လေ”

“ကိုယ်သက်သက်စတာပါလွန်းရာ…..မင်းလာမဲ့အချိန်ကျ ကျောင်းဝကစိန်ပန်းနီပင်အောက်မှာ ကိုယ်စောင့်နေမယ်။

လွန်း၏ခေါင်းကိုပွတ်သပ်ကာပြောလိုက်သည်။ လွန်းတစ်ယောက်တော့ ကျေနပ်သွားပုံပင်။
“ကျွန်တော်မှာတာမမေ့ပါနဲ့…..အကိုအသက်ရှင်သန်အောင်နေပေးပါ။ ခရီးသွားခါနီးဒီလိုမှာရတာက နမိတ်မရှိပေမယ့်လည်း……”

“ကိုယ်နမိတ်တွေကိုမယုံဘူး။ လွန်းပါးစပ်ကထွက်တဲ့စကားမှန်သမျှက အကို့အတွက် မင်္ဂလာရှိနေမှာပဲ”

ထိုသို့ပြောတော့ လွန်းနှစ်နှစ်ခြိုက်ခြိုက်ပင်ပြုံးသည်။ လွန်း၏ အပြုံးသည် ကဗျာမမှီ စာမမှီသော တေးသွားသံစဥ်အလား။

“စကားတတ်တိုင်းလာချုပ်မနေပါနဲ့….အကိုတစ်ခါချုပ်တိုင်းဒီလူကပြိုလဲနေလို့”

“ဘယ်ကိုပြိုလဲမှာလဲ”

“အကို့ရင်ခွင် တစ်နည်းအားဖြင့် ကျွန်တော်အပိုင်ရထားတဲ့နှလုံးသားလေးရှိရာဆီကိုပေါ့”

“လွန်းရာ…..မင်းလည်းစကားတတ်လွန်းတယ်။ ကြက်တူရွေးလေးကျနေတာပဲ”

လွန်းကိုရင်ခွင်ထဲသွင်းကာရယ်ရင်းပြောသည်။လွန်းလည်း ရယ်ရင်းနှင့်ပင်

“ကြက်တူရွေးဆိုရင်တောင် အကိုတစ်ယောက်ထဲ စကားသင်မှတက်မဲ့ကြက်တူရွေးလေ။ ပြီးတော့အကို့နှလုံးသားက ကျွန်တော်ဘယ်တော့မှလွတ်မြောက်ဖို့မကြိုးစားမဲ့ လှောင်အိမ်ငယ်”

လွန်း၏ နဖူးငယ်ကို ခပ်ဖွဖွနမ်းလိုက်သည်။ ချစ်ရသူသည်မိမိအနမ်းကို အပြုံးတစ်ပွင့်ဖြင့်နွေးထွေးစွာလက်ခံသည်။ တစ်သက်တာလုံး မည်သည့်ကိုမှ မချစ်ခဲ့ဖူးသောသူရိန်သည် ယခုအခါတွင်တော့ တောင်ပေါ်သားလေးဆီတွင် နှလုံးသားကို အမိန့်တစ်စုံတစ်ရာမပါပဲအပ်နှင်းလိုက်ရချေပြီ။

////////

ရောက်ရှိနေသည့်နေရာကား ဟဲဟိုးလေဆိပ်။ ချစ်ရသူနှင့် ခွဲရမည်ဆိုသောအတွေးက လွန်းကို မပျော်စေနိုင်။ ထို့အပြင် မိမိတို့ နန်းယိုင် နမ့်ယိင်မြို့သားများအတွက်လက်စားချေရမည့်အရေးတွင် အပြစ်မရှိသူအကို ကိုမထိခိုက်စေချင်။

“လွန်း….ကိုယ်ပြန်တော့မယ်နော်”

လွန်းရင်ထဲနာကျင်ရပါသည်။ အလွမ်းကြောင့်ဖြစ်တည်လာသောမျက်ရည်စများကို ချစ်ရသူကိုမမြင်စေချင်ပါ။

“ဟိုရောက်ရင် ကျွန်တော့်ကိုမမေ့ပါနဲ့နော်။ ကျွန်တော်ပေးထားတဲ့စာအုပ်ကိုဖတ်ပြီး အကိုကျွန်တော်ခံစားချက်တွေနားလည်နိုင်ပါစေလို့ဆုတောင်းပါတယ်။
ကျွန်တော်ကိုယ်တိုင်ရေးထားတာမဟုတ်ပေမယ့်လည်းပေါ့”

“အဲ့စာအုပ်က မင်းအကို့ကိုမပေးရသေးဘူးလေ လွန်း”

“ခင်ဗျားရဲ့EXကြီးကိုမင်းသက္ကလက်ထဲမှာရှိပါတယ်။ ရန်သူတိုင်းကရန်သူမဟုတ်သလို အနီးကပ်ရန်သူကို ပိုသတိထားပါ”

လွန်းစကားတို့သည် ရှုပ်ထွေးသော ပဟေဋ္ဌိတစ်ခုအလား။ လေယာဥ်လည်းထွက်ခွာတော့မည်ဖြစ်သောကြောင့် လွန်း၏ နဖူးကိုခပ်ဖွဖွလေးနမ်းရင်းထွေးပိုက်ကာ နှုတ်ဆက်ခဲ့ရတော့သည်။ လွန်းကိုလှမ်းကြည့်မိတော့ မျက်ရည်စအချို့က မျက်လုံးထဲတွင် နေရာယူထားလျက်။

ကံမကုန်ရင်ပြန်ဆုံမယ်လို့အကို မယုံကြည်ဘူး။
အကိုတို့က မဖြစ်မနေကိုပြန်ဆုံရမှာမလို့။

/////////////

ဒီညအိမ်ပြန်နောက်ကျမည်ဟုအဖွားကိုပြောထားသည်။ အဖွားကလည်း နားလည်ပေး၍သာတော်သေးသည်။
ကျွန်းသစ်ဘီရို့ကောင်တာကို ဖွင့်ကာ အနက်ရောင် အင်္ကျီရှည်ကိုဝတ်လိုက်သည်။ ထို့အတူ Stylr pant အနက်ရောင်ကိုလည်း ဝတ်လိုက်သည်။ Long coatအနက်ရောင်ကိုလည်းကျကျနနဝတ်ဆင်လိုက်ပြီး ထည့်စရာရှိသည့်လက်နက်များကိုအိတ်ထဲသို့ထည့်လိုက်သည်။ လက်စွဲတော်သေနတ်နှင့်ဓားကိုတော့ခါးကြားထဲထိုးကာCoatဖြင့်ဖုံးအုပ်ထားလိုက်သည်။
မှန်ထဲတွင်ရပ်ကာကြည့်မိသည်။ လွန်းလည်းမိမိကိုယ်ကိုအံ့သြမိပါသည်။ သူရိန်ရှေ့တွင် နူးညံ့ပြခဲ့သလောက် ယခု ကျားတစ်ကောင်လိုရက်စက်နိုင်သည်။ သို့သော် လွန်း ရက်စက်ခြင်းမှာမမှား။ သွေးကြွေးတွင်ဆွေးနွေးစရာမရှိ။ နမ့်ယိုင်နမ့်ယိင်လို အဖြစ်မျိုးဘယ်မြို့မှထပ်မကြုံစေရ။

ခြံထဲသို့ဆင်းလာခဲ့သည်။ အဖွားကတော့ ဘုရားရှိခိုးနေဟန်ပင်။ အဖွားကိုလည်း စိတ်မှရည်မှန်း၍ ကန်တော့လိုက်သည်။
BOOTSအနက်ရောင်ကို စီးထားသေားခြေထောက်တို့ကို ဆိုင်ကယ်ကိုခွလိုက်သည်။
သိပ်မကြာမှီမှာပင် ဆိုင်ကယ်လေးသည် လွန်း၏ ဦးတည်ရာနေရာသို့ ဦးတည်ထွက်ခွာသွားတော့သည်။

တောနက်အလယ်ခေါင်ထဲ တိုက်တစ်လုံးရှိနေသည်။
တောနက်ထဲတွင်ဤကဲ့သို့သောနေရာရှိသည်ကိုတော့ ဘယ်သူမှမသိကြ။ လွန်းကတော့သိသည်။ ဤတောထဲသွားလျှင်ပဲကျားကိုက်ခံရသလိုလို မြွေကိုက်ခံရသလိုလိုနှင့်လူတွေသေဆုံးကြသည်။
ထိုအခြင်းအရာကြောင့်ဘယ်သူမှတောထဲမသွားရဲကြ။ လွန်းဒီအကြောင်းကို ဟိုတလောကမှအံ့ထူးပိုင်ပြောသောကြောင့်သိသည်
ဆိုင်ကယ်ကို အိမ်ရှေ့တွင်ရပ်ကာ အိမ်ထဲဝင်လိုက်သည်။

“ဒီထဲကိုရောက်လာတဲ့စွမ်းရည်က တော်ရုံမဟုတ်ဘူးပဲ။ ပြောပါဦးဘာကိစ္စနဲ့လာတာလဲ။ မင်းကရောဘယ်သူလဲ”

လွန်းခါးကြားမှဓားကိုဆွဲထုတ်ကာခန္တာကိုယ်ကိုတစ်ပတ်လှည့်ရင်း ထိုလူ့ခေါင်းကို တိကနဲဖြတ်ချလိုက်သည်။ ခေါင်းမှာလည်းကြမ်းပြင်ပေါ်သို့ကျသွားသည်။ ထိုလူဇီဝန်ချုပ်သွားရှာလေပြီ။
ပါးစပ်မှလည်း ရေရွတ်စကားဆိုလိုက်သည်။

“ကျွန်တော်က စကားအများကြီးပြောရတာမကြိုက်ဘူး’

“ဓားနဲ့ခုတ်စမ်းကွာ…….”

ပြောပြောဆိုဆို မိမိဆီသို့ဓားကိုင်ကာပြေးလာသောလူနှစ်ယောက်ကိုကြည့်ကာ ရယ်မိသည်။ထိုလူတွေကတော့ မိမိကိုဓားနဲ့အပိုင်းပိုင်းခုတ်ဖြတ်ချင်နေပုံပင်။

“ဘာလို့အဲ့လောက် အင်အားအကုန်ခံပြေးလာရတာလဲ။ စောစောသေချင်လို့လား”

မိမိဆီသို့ပြေးလာသော လူနှစ်ယောက်ကို သေနတ်ဖြင့် ဇီဝိန်ချွေလိုက်သည်။ ယခုဆိုငရဲတွင်ပျော်နေပါစေဟုသာဆုတောင်းပေးလိုက်သည်။

ဒုတိယထပ်သို့တက်လာခဲ့သည်။ ထင်သည့်အတိုင်းမိမိအပေါ်တောင်မရောက်သေး လှေကားဝမှပြေးဆင်းကာ ဓားဖြင့်လှမ်းခုတ်ခြင်းကိုခံလိုက်ရသည်။ လွန်းအတွက်တော့ဒီလိုအရာမျိုးကို ကြုံရတာရိုးနေလေပြီ။ ခန္တာကိုယ်ကိုတိမ်းရှောင်လိုက်တော့ ထိုလူက ဟန်ချက်ပျက်ကာလှေကားပေါ်မှပြုတ်ကျသွားသည်။

“ဓားတောင်မခုတ်တတ်ပဲ ငါ့ကိုသတ်ဖို့ကြိုးစားမယ်ပေါ့”

ထိုလူမျက်နှာကို လက်ကိုင်တုတ်ဖြင့်ရိုက်ချလိုက်သည်။ ထိုသူ့လက်ထဲမှဓားပြုတ်ကျသွားတော့ ထိုဓားကိုယူကာထိုလူရင်ဝတည့်တည့်စိုက်လိုက်သည်။
ဝတ်ဆင်လာခဲ့သော လက်အိတ်အဖြူသည် သွေးများဖြင့် အနီရောင်အသွင်သို့ကူးပြောင်းနေလေပြီ။

“တော်လှချည်လားကွ….စိတ်မကောင်းပေမဲ့မင်းက ခဏနေဘဝကူးရတော့မှာ”

ဒုတိယထပ်ရောက်ရောက်ခြင်းဘေးပတ်ပတ်လည်တွင်သေနတ်ဖြင့် လူငါးယောက်က ချိန်ထားသည်။ လွန်းစိတ်အနည်းငယ်တောင်မလှုပ်ရှား။ လွန်းအပြုံးက အဓိပ္ပာယ်တစ်ခုကိုဖော်ဆောင်သည်။

“အမျှယူပြီးသာဓုခေါ်နိုင်ပါစေ”

လွန်းစကားအဆုံး လက်ထဲတွင်ကိုင်ထားသောဓားကိုဝှေ့ရမ်းကာတစ်ပတ်လည်ရင်းခေါင်းများကိုခုတ်ချလိုက်သည်။ ထိုလူများမှာတော့ အံ့သြနေရင်းနှင့်ပင် ခန္တာကိုယ်တခြား ခေါင်းတခြားဖြစ်သွားကြသည်။

ခြေလှမ်းများက တတိယထပ်ရှိရာသို့သတိကြီးစွာဖြင့် တက်ရောက်လာသည်။
ကော်ဇော်နီတို့ဖြင့် ခင်းထားသည့် ကြမ်းခင်းကိုလျှောက်လာပြီး တစ်ခုတည်းသော အခန်းထဲသို့ဝင်လာခဲ့သည်။
သူ၏ နောက်ဆုံးပစ်မှတ်က ထိုအခန်းထဲတွင်ပင်။

“တွေ့ရတာဝမ်းသာပါတယ် Mr.Loon”

“ကျွန်တော်ကတော့မဝမ်းသာဘူး”

လွန်းကိုင်လက်စ ဓားကိုပစ်ချတာ လက်ကိုင်နှစ်ဆစ်တုတ်ဖြင့် လွှဲရိုက်ရန်ရွယ်လိုက်သော်လည်း တဖက်က ထိုအရာကို တားလိုက်သည်။
“Mr.Loon အရမ်းရန်လိုနေတာပဲ။ ကျုပ်က ခင်ဗျားတို့ရွာနားကကောင်မလေးတွေကိုဖမ်းထားလို့မကျေမနပ်ဖြစ်နေတာလား။ စိတ်မကောင်းပေမယ့် သူတို့ကပြည့်တန်ဆာဖြစ်တော့မှာ”

“ပြည့်တန်ဆာက မင်းဖြစ်မှာ ခွေးလိုကောင်ရ”

လွန်းသည်းမခံနိုင်တော့။ လက်ကိုင်တုတ်နှင့်ထိုလူ၏ မျက်နှာကိုလွှဲရိုက်လိုက်တော့သည်။
ဒီတစ်ခါတော့ထိုလူမကာနိုင်ပဲအငိုက်မိသွားကာလဲသွားသည်။ လွန်းလည်း ထိုအခြင်းအရာကိုအခွင့်ကောင်းယူရင်း အပေါ်မှအုပ်မိုးကာအချက်သုံးဆယ်နီးပါးရိုက်ချသည်။
ရိုက်ချက်တိုင်းက မျက်နှာပေါ်အများဆုံးကျရောက်နေပြီး အချို့ရိုက်ချက်များက ခြေ လက်အစရှိသည်တို့ ပေါ်တွင်ကျရောက်သည်။
အိတ်ထဲမှ ဓားမြှောင်ကိုထုတ်ကာပေါင်အရင်းသို့ပစ်စိုက်ပစ်သည်။

“အခုချက်ချင်း သူတို့ဘယ်မှာရှိလဲပြော။ မင်းတို့ရဲ့အချက်အလက်တွေအကုန် ပြောစမ်း”

“ဟ…ဟ။ သေတောင်မပြောဘူး”

“သေချာတယ်ပေါ့”

လွန်းပြောရင်းဆိုရင်းနှင့်ထိုလူ၏ ပေါင်ကိုဓားမြှောင့်ဖြင့် ဖြည်းဖြည်းချင်းလှီးချကာ ဆားဖြင့်ဖြူးလိုက်သည်။

“အခုပြောစမ်း……”

“မပြောနိုင်ဘူး….”

လွန်းထိုလူ၏ လည်ပင်းတည့်တည့်သို့ဓားနှင့်ထိုးချလိုက်တော့သည်။

“အား……”

ထိုလူ၏ အော်သံကျယ်ကြီးက တိုက်တစ်ခုလုံးဖုံးလွှမ်းသွားသည်။ သေသွားရှာလေပြီ။ သူ၏ လည်ပင်းတည့်တည့်စိုက်နေသော ဓားကို လွန်းဆွဲနှုတ်လိုက်သည်။ ပါးစပ်နှင့်မျက်နှာတွင်ပေနေသော သွေးများကိုလည်းသုတ်လိုက်သည်။
လွန်းစိတ်အစဥ်မရပဲရေရွတ်မိလိုက်သည်က

I’m the mafia

သေတ္တာနှင့်ဗီရိုထဲမှ အချက်အလက်စာတမ်းအချို့ကိုသာ ယူလိုက်ပြီး အိတ်ထဲထည့်လိုက်သည်။ အင်္ကျီနှင့်ဘောင်းဘီကိုလည်း ချွတ်ကာ ရေချိုးခန်းထဲ ဝင်ချိုးလိုက်သည်။ ရေချိုးရင်းဤအိမ်ကြီးက မကြာခင်မီးလောင်ပျက်စီးတော့မည်ကိုတွေးရင်းနှင့်ပင် ရယ်မိသည်။ ယခု ဤအိမ်ကြီးက အလောင်းများနှင့်သူပဲရှိတော့လေသည်။
သိပ်မကြာမီ ရေချိုး၍ ပြီးလေပြီ။
ရေချိုးပြီးအခြားဝတ်စုံကိုလဲကာ အိမ်ထဲမှထွက်လာခဲ့တော့သည်။အိမ်အတွင်းသို့ ရေနံဆီများကိုလည်းရေမချိုးခင်ကတည်းကလောင်းပြီးသားဖြစ်သောကြောင့် မီးခြစ်ဆံတစ်ခုကိုအိမ်ထဲသို့ပစ်သွင်းရင်း ဆိုင်ကယ်ကိုမောင်းကာထွက်လာခဲ့တော့သည်။

“people သတင်းဋ္ဌာနကနေ ဒီနေ့Breaking Newအနေနဲ့ ကြေညာမှာကတော့ ရှမ်းပြည်နယ် မှရှမ်းမလေးအချို့ကို  ပြည့်တန်ဆာအဖြစ် အသုံးချရန် လူကုန်ကူးမှုကို ပြုလုပ်နေစဥ်အချိန်မှီတားဆီးနိုင်လိုက်တယ်ဆိုတဲ့သတင်းပါ။ဖြစ်စဥ်အကျဥ်းချုပ်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း လောလုံနှင့် အေးသာ ရွာကို လက်နက်အနှင့်ခြိမ်းခြောက်ကာ အတင်းအဓမ္မယူသွားတယ်လို့သိရပါတယ်။ တရားခံများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန်ကြိုးပမ်းလျှက်ရှိပါတယ်။”

“ဘာကွ….”

ဦးဒဿတစ်ယောက် ဒေါသဖြစ်သွားရသည်။ ဤသို့သာဆိုလျှင် သူ၏လုပ်ငန်းကြီးတခုလုံးထိခိုက်နေတော့မည်။

“ဒဿ…..”

“ခင်…ခင်ဗျာ”

“သူရိန်ဘယ်သွားလဲ….”

ဦးဒဿတစ်ယောက်ဒေါသဖြစ်နေသည်ကိုစကားလုံးများမှတဆင့်သိလိုက်ရသည်။
ထို့အတူ တစ်ဖက်မှာလည်း သခင်လေးကိုစိတ်ပူရပြန်သည်။

“ငါမင်းကိုမေးနေတယ်လေ….ဘယ်သွားလဲလို့”

“ရှမ်း…..ရှမ်းပြည်ပါဆရာ”

ဒဿ တစ်ယောက်ဦး ဒဿမေးခွန်းကိုမလွန်ဆန်ရဲပါ။ နီးရာဓားကိုကြောက်ရသည်ပင်.။

“ဘယ်သူ့ခွင့်ပြုချက်ရလို့သွားတာလဲ…ဟမ်ပြောလေ!”

“သခင်လေးက…က”

ရုတ်တရက်ထမြည်လာသောဖုန်းသံကြောင့် ဦးဒဿတစ်ယောက် ဖုန်းကိုကိုင်လိုက်သည်။ ထို့အတူ စိတ်ဆိုးနေသောမျက်နှာထားကလည်းရုတ်တရက်ပြောင်းလဲသွားသည်။

“အဲ့လိုဆိုပိုကောင်းတာပေါ့….ကိုလူမောင်ရဲ့။ ကျုပ်တို့ဒီကျောင်းမှာလူတွေလာတက်တာကိုရန်ပုံငွေဆိုပြီးကောက်ကြမယ်။ ဒါဆို မြတ်ပြီးရင်းမြတ်တော့မှာ”

“ဟုတ်ပြီ….ဟုတ်ပြီဗျာ။ ကျုပ်ခင်ဗျားအတွက်ဝေစုခွဲပေးမယ်။ဒါပဲနော်”

“ငါဒီနေ့အိမ်ပြန်နောက်ကျမယ်….ကိစ္စတွေရှိလို့။ငါပြန်မလာမချင်း ခြံတံခါးကိုမဖွင့်နဲ့။”

“ဟုတ်…ဟုတ်ကဲ့”

ဖိုင်တစ်ခုကိုယူလာခဲ့ပြီး အနက်ရောင်ကားပေါ်သို့တက်လိုက်သည်။ Driverကလည်း ဦးဒဿလမ်းညွှန်ရာနေရာသို့မောင်းလိုက်ရသည်။
ခြံတံခါးဝတွင်ကား အဖြူရောင်စာရွက်များပါဝင်သောfileတစ်ခုလွင့်ကျကျန်ခဲ့သည်ကို ဦးဒဿမသိခဲ့။ ထိုစာရွက်လေးကား ပြဿနာတစ်ခုကိုယူဆောင်လာခဲ့သည်။

//////////

“ကလေးတွေလာလာ… ကိုကိုမုန့်ကျွေးမယ်”

အသံကြားရာသို့လှည့်ကြည့်လိုက်တော့ ကလေးအုပ်စုကြားထဲမှ မုန့်ဂျပ်ဖာကြီးကိုကိုင်ကာ ဝေစုခွဲပေးနေသော ပိုင့်ကိုမြင်လိုက်ရသည်။
ဟူဒီအဖြူရောင်နှင့် ဘောင်းဘီအညိုတို့ကိုတွဲဖက်ဝတ်ဆင်ထားရုံကလွဲ၍ မည်သည့်အဆင်တန်ဆာမျှမပါပဲ ပိုင်သည်ချောမောနေသည်။
မျက်မှန်အောက်မှမျက်ဝန်းငယ်ဝိုင်းစက်စက်သည် ရယ်လိုက်သည့်အခါ မှိတ်သွားသည်။ ထို့အတူပါးချိူင့်ငယ်သည်လည်း ပေါ်လာသည်။
ပိုင်၏ အပြစ်ကင်းစင်သောအပြုံးငယ်ကိုအချိန်အတော်ကြာငေးကြည့်မိသည်။ ကလေးငယ်တစ်ယောက်လို ကလေးများကြားတွင်ပျော်နေသည့်ပိုင်၏ မျက်နှာသည်အပြစ်ကင်းစင်လွန်းလှသည်။

ကလေးများကိုမုန့်ဝေပြီးသွားပုံပင်။ မုန့်ပုံးကိုအမှိုက်တောင်းထဲထည့်လိုက်သည်။
ကလေးများလည်းမိမိဝေစုမိမိယူကာထွက်သွားကြသည်။ အချို့သော ကလေးငယ်များက ပိုင့်ပါးပြင်ငယ်ကိုနမ်းသွားကြသည်။

“နိုးပြီပေါ့…သက္က”

“အင်း….ဒါနဲ့မင်းက အဲ့ကလေးတွေကိုသိလို့လား”

“သိမှကျွေးရမှာလား…..ကလေးတွေပျော်ဖို့ပဲလေကွာ။ ငါတို့လို လူငယ်အရွယ်မရောက်ခင် ကလေးဘဝမှာအပျော်ရွှင်ဆုံးနေသွားစေချင်တယ်ရယ်”

“ငါ့ကြောင့်မပျော်မရွှင်ဖြစ်ခဲ့ရတဲ့နေ့တွေရှိခဲ့တယ်မလား”

သက္က ဘာကိုပြောချင်နေလဲ ပိုင်မသိ။
သက္ကလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လျက်

“ဟင့်အင်း….မင်းကြောင့်ပျော်ရွှင်ခဲ့ရတာတွေချည်းပဲ။မင်းပေးတဲ့နာကျင်မှုအချို့ထက် မင်းပေးတဲ့ပျော်ရွှင်မှုအချို့ကိုငါတန်ဖိုးထားတယ်”

သက္ကပိုင်ကိုရင်ခွင်ထဲဆွဲသွင်းကာ နဖူးကိုခပ်ဖွဖွနမ်းလိုက်သည်။
ထို့အတူတင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။

“သက္က….ငါမင်းအတွက်ဒီနေ့ကိတ်မုန့်တစ်လုံးလုပ်ထားတယ်။ မင်းစားဖို့လေ”

ပိုင်cakeလုပ်ထားသည်?။ ပိုင်Bakeryသင်တန်းများတက်ထားသည်ဟုလည်းမကြားမိ။

“မင်းကကိတ်မုန့်လုပ်တတ်တာလား”
“လုပ်တတ်တာပေါ့….မင်းမမှတ်မိလို့ပါ။ ငါငယ်ငယ်ကတည်းကမင်းအတွက်ကွက်ကီးတွေလုပ်ကျွေးဖူးတယ်လေ”

ပိုင်ပြောမှ အတိတ်ကိုပြန်တွေးမိသည်။ ဖုန်တလူးလူးနှင့်ကစားကာမောပန်းခဲ့သောနေ့ရက်များတွင် ပိုင်၏ ကွက်ကီးများကတကယ့်ကိုချိုမြိန်စွာအရသာရှိနေတတ်သည်။

“ကဲ….ကလေးတွေကိုမုန့်ကျွေးလို့ဝပြီဆိုတော့ငါ့ကိုလည်း မုန့်ကျွေးတော့”

ပြောရင်းဆိုရင်းနှင့်ပိုင်ကိုသက္ကပွေ့ချီလိုက်သည်။ ပိုင်လည်းမရုန်းကန်မိ။ ဒုတိယအကြိမ်မြောက်နဖူးကိုအနမ်းခြွေလိုက်ပြီး အိမ်ထဲသို့ဝင်သွားလိုက်တော့သည်။
ထိုအခြင်းအရာကိုစောင့်ကြည့်နေခဲ့သည့် အမျိုးသမီးတစ်ဦးကိုတော့သူတို့သတိမထားမိခဲ့။ ထိုအမျိုးသမီးကား အံ့ထူးပိုင်အမေ ဒေါ်ကြာညိုသွယ်ပင်။

///////////

“ဒါဘာကြီးလဲ”

ခရီးမှသူရိန်ပြန်ရောက်လာခဲ့လေပြီ။ ခုနကဦးဒဿကျနေခဲ့သောစာရွက်fileလေးကိုသူရိန်ကောက်ယူပြီးဖတ်ကြည့်လိုက်သည်။

နိုင်ငံတော်အဆင့်တရားစွဲဆိုမှု

မောင်သူရိန်မြတ်ပိုင်။
အသက်25နှစ်။
အမှုများ:…..ပုဒ်မ(24)လူကုန်ကူးမှူဥပဒေ
ပုဒ်မ(42) သစ်တရားမဝင်ခိုးထုတ်ခြင်း……..

သူရိန်ဆက်မဖတ်နိုင်တော့။ သေချာသည်က သူအန္တရာယ်ထဲသို့ရောက်ရှိနေလေပြီ။  လွန်းပြောခဲ့သည့်စကားအနီးကပ်ရန်သူဆိုသည့်စကားကိုလည်းပြန်လည်ကြားယောင်လာခဲ့သည်။ ထို့ကြောင့် သူအိမ်ထဲမဝင်တော့ပဲ အိမ်နှင့် အဝေးဆုံးသို့ထွက်ခွာလာခဲ့လေတော့သည်။ သူထွက်ပြေးနေသည်ဆိုပိုမှန်မည်။ သို့သော်လည်းဘယ်ဆီပြေးရမှန်းမသိ။ ဦးတည်ချက်မဲ့စွာဖြင့်မောင်းထွက်လာခဲ့တော့သည်။

Zawgyi

"လက္ေဆာင္တစ္ခုထည့္ေပးလိုက္မယ္အကို…..ကြၽန္ေတာ္လာတဲ့အခ်ိန္က် အဲ့ဝတ္စံုနဲ႔ပဲေတြ့ခ်င္ပါတယ္”

“လြန္းကဘယ္အခ်ိန္လာမွာလဲ…..ကိုယ့္ကိုေျပာေလ”

“ဒါကေတာ့ မေျပာပါဘူး။ စပရိုက္စ္ေပါ့ အကိုရာ။ အကိုသာတကယ္ခ်စ္တယ္ဆို ကြၽန္ေတာ္လာတဲ့အခ်ိန္ ခန္႔မွန္းႏိုင္ရမယ္ေလ”

“ကိုယ္သက္သက္စတာပါလြန္းရာ…..မင္းလာမဲ့အခ်ိန္က် ေက်ာင္းဝကစိန္ပန္းနီပင္ေအာက္မွာ ကိုယ္ေစာင့္ေနမယ္။

လြန္း၏ေခါင္းကိုပြတ္သပ္ကာေျပာလိုက္သည္။ လြန္းတစ္ေယာက္ေတာ့ ေက်နပ္သြားပံုပင္။
“ကြၽန္ေတာ္မွာတာမေမ့ပါနဲ႔…..အကိုအသက္ရွင္သန္ေအာင္ေနေပးပါ။ ခရီးသြားခါနီးဒီလိုမွာရတာက နမိတ္မရိွေပမယ့္လည္း……”

“ကိုယ္နမိတ္ေတြကိုမယံုဘူး။ လြန္းပါးစပ္ကထြက္တဲ့စကားမွန္သမ်ွက အကို႔အတြက္ မဂၤလာရိွေနမွာပဲ”

ထိုသို႔ေျပာေတာ့ လြန္းႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ၿပံဳးသည္။ လြန္း၏ အၿပံဳးသည္ ကဗ်ာမမွီ စာမမွီေသာ ေတးသြားသံစဥ္အလား။

“စကားတတ္တိုင္းလာခ်ဳပ္မေနပါနဲ႔….အကိုတစ္ခါခ်ဳပ္တိုင္းဒီလူကၿပိဳလဲေနလို႔”

“ဘယ္ကိုၿပိဳလဲမွာလဲ”

“အကို႔ရင္ခြင္ တစ္နည္းအားျဖင့္ ကြၽန္ေတာ္အပိုင္ရထားတဲ့ႏွလံုးသားေလးရိွရာဆီကိုေပါ့”

“လြန္းရာ…..မင္းလည္းစကားတတ္လြန္းတယ္။ ၾကက္တူေရြးေလးက်ေနတာပဲ”

လြန္းကိုရင္ခြင္ထဲသြင္းကာရယ္ရင္းေျပာသည္။လြန္းလည္း ရယ္ရင္းႏွင့္ပင္

“ၾကက္တူေရြးဆိုရင္ေတာင္ အကိုတစ္ေယာက္ထဲ စကားသင္မွတက္မဲ့ၾကက္တူေရြးေလ။ ၿပီးေတာ့အကို႔ႏွလံုးသားက ကြၽန္ေတာ္ဘယ္ေတာ့မွလြတ္ေျမာက္ဖို႔မႀကိဳးစားမဲ့ ေလွာင္အိမ္ငယ္”

လြန္း၏ နဖူးငယ္ကို ခပ္ဖြဖြနမ္းလိုက္သည္။ ခ်စ္ရသူသည္မိမိအနမ္းကို အၿပံဳးတစ္ပြင့္ျဖင့္ေနြးေထြးစြာလက္ခံသည္။ တစ္သက္တာလံုး မည္သည့္ကိုမွ မခ်စ္ခဲ့ဖူးေသာသူရိန္သည္ ယခုအခါတြင္ေတာ့ ေတာင္ေပၚသားေလးဆီတြင္ ႏွလံုးသားကို အမိန္႔တစ္စံုတစ္ရာမပါပဲအပ္ႏွင္းလိုက္ရေခ်ၿပီ။

////////

ေရာက္ရိွေနသည့္ေနရာကား ဟဲဟိုးေလဆိပ္။ ခ်စ္ရသူႏွင့္ ခြဲရမည္ဆိုေသာအေတြးက လြန္းကို မေပ်ာ္ေစႏိုင္။ ထို႔အျပင္ မိမိတို႔ နန္းယိုင္ နမ့္ယိင္ၿမိဳ႔သားမ်ားအတြက္လက္စားေခ်ရမည့္အေရးတြင္ အျပစ္မရိွသူအကို ကိုမထိခိုက္ေစခ်င္။

“လြန္း….ကိုယ္ျပန္ေတာ့မယ္ေနာ္”

လြန္းရင္ထဲနာက်င္ရပါသည္။ အလြမ္းေၾကာင့္ျဖစ္တည္လာေသာမ်က္ရည္စမ်ားကို ခ်စ္ရသူကိုမျမင္ေစခ်င္ပါ။

“ဟိုေရာက္ရင္ ကြၽန္ေတာ့္ကိုမေမ့ပါနဲ႔ေနာ္။ ကြၽန္ေတာ္ေပးထားတဲ့စာအုပ္ကိုဖတ္ၿပီး အကိုကြၽန္ေတာ္ခံစားခ်က္ေတြနားလည္ႏိုင္ပါေစလို႔ဆုေတာင္းပါတယ္။
ကြၽန္ေတာ္ကိုယ္တိုင္ေရးထားတာမဟုတ္ေပမယ့္လည္းေပါ့”

“အဲ့စာအုပ္က မင္းအကို႔ကိုမေပးရေသးဘူးေလ လြန္း”

“ခင္ဗ်ားရဲ့EXႀကီးကိုမင္းသကၠလက္ထဲမွာရိွပါတယ္။ ရန္သူတိုင္းကရန္သူမဟုတ္သလို အနီးကပ္ရန္သူကို ပိုသတိထားပါ”

လြန္းစကားတို႔သည္ ရႈပ္ေထြးေသာ ပေဟ႒ိတစ္ခုအလား။ ေလယာဥ္လည္းထြက္ခြာေတာ့မည္ျဖစ္ေသာေၾကာင့္ လြန္း၏ နဖူးကိုခပ္ဖြဖြေလးနမ္းရင္းေထြးပိုက္ကာ ႏႈတ္ဆက္ခဲ့ရေတာ့သည္။ လြန္းကိုလွမ္းၾကည့္မိေတာ့ မ်က္ရည္စအခ်ိဳ႕က မ်က္လံုးထဲတြင္ ေနရာယူထားလ်က္။

ကံမကုန္ရင္ျပန္ဆံုမယ္လို႔အကို မယံုၾကည္ဘူး။
အကိုတို႔က မျဖစ္မေနကိုျပန္ဆံုရမွာမလို႔။

/////////////

ဒီညအိမ္ျပန္ေနာက္က်မည္ဟုအဖြားကိုေျပာထားသည္။ အဖြားကလည္း နားလည္ေပး၍သာေတာ္ေသးသည္။
ကြၽန္းသစ္ဘီရို႔ေကာင္တာကို ဖြင့္ကာ အနက္ေရာင္ အက်ႌရွည္ကိုဝတ္လိုက္သည္။ ထို႔အတူ Stylr pant အနက္ေရာင္ကိုလည္း ဝတ္လိုက္သည္။ Long coatအနက္ေရာင္ကိုလည္းက်က်နနဝတ္ဆင္လိုက္ၿပီး ထည့္စရာရိွသည့္လက္နက္မ်ားကိုအိတ္ထဲသို႔ထည့္လိုက္သည္။ လက္စြဲေတာ္ေသနတ္ႏွင့္ဓားကိုေတာ့ခါးၾကားထဲထိုးကာCoatျဖင့္ဖံုးအုပ္ထားလိုက္သည္။
မွန္ထဲတြင္ရပ္ကာၾကည့္မိသည္။ လြန္းလည္းမိမိကိုယ္ကိုအံ့ၾသမိပါသည္။ သူရိန္ေရ႔ွတြင္ ႏူးညံ့ျပခဲ့သေလာက္ ယခု က်ားတစ္ေကာင္လိုရက္စက္ႏိုင္သည္။ သို႔ေသာ္ လြန္း ရက္စက္ျခင္းမွာမမွား။ ေသြးေႂကြးတြင္ေဆြးေနြးစရာမရိွ။ နမ့္ယိုင္နမ့္ယိင္လို အျဖစ္မ်ိဳးဘယ္ၿမိဳ႔မွထပ္မႀကံဳေစရ။

ၿခံထဲသို႔ဆင္းလာခဲ့သည္။ အဖြားကေတာ့ ဘုရားရိွခိုးေနဟန္ပင္။ အဖြားကိုလည္း စိတ္မွရည္မွန္း၍ ကန္ေတာ့လိုက္သည္။
BOOTSအနက္ေရာင္ကို စီးထားေသားေျခေထာက္တို႔ကို ဆိုင္ကယ္ကိုခြလိုက္သည္။
သိပ္မၾကာမွီမွာပင္ ဆိုင္ကယ္ေလးသည္ လြန္း၏ ၪီးတည္ရာေနရာသို႔ ၪီးတည္ထြက္ခြာသြားေတာ့သည္။

ေတာနက္အလယ္ေခါင္ထဲ တိုက္တစ္လံုးရိွေနသည္။
ေတာနက္ထဲတြင္ဤကဲ့သို႔ေသာေနရာရိွသည္ကိုေတာ့ ဘယ္သူမွမသိၾက။ လြန္းကေတာ့သိသည္။ ဤေတာထဲသြားလ်ွင္ပဲက်ားကိုက္ခံရသလိုလို ေႁမြကိုက္ခံရသလိုလိုႏွင့္လူေတြေသဆံုးၾကသည္။
ထိုအျခင္းအရာေၾကာင့္ဘယ္သူမွေတာထဲမသြားရဲၾက။ လြန္းဒီအေၾကာင္းကို ဟိုတေလာကမွအံ့ထူးပိုင္ေျပာေသာေၾကာင့္သိသည္
ဆိုင္ကယ္ကို အိမ္ေရ႔ွတြင္ရပ္ကာ အိမ္ထဲဝင္လိုက္သည္။

“ဒီထဲကိုေရာက္လာတဲ့စြမ္းရည္က ေတာ္ရံုမဟုတ္ဘူးပဲ။ ေျပာပါၪီးဘာကိစၥနဲ႔လာတာလဲ။ မင္းကေရာဘယ္သူလဲ”

လြန္းခါးၾကားမွဓားကိုဆြဲထုတ္ကာခႏၲာကိုယ္ကိုတစ္ပတ္လွည့္ရင္း ထိုလူ႔ေခါင္းကို တိကနဲျဖတ္ခ်လိုက္သည္။ ေခါင္းမွာလည္းၾကမ္းျပင္ေပၚသို႔က်သြားသည္။ ထိုလူဇီဝန္ခ်ဳပ္သြားရွာေလၿပီ။
ပါးစပ္မွလည္း ေရရြတ္စကားဆိုလိုက္သည္။

“ကြၽန္ေတာ္က စကားအမ်ားႀကီးေျပာရတာမႀကိဳက္ဘူး’

“ဓားနဲ႔ခုတ္စမ္းကြာ…….”

ေျပာေျပာဆိုဆို မိမိဆီသို႔ဓားကိုင္ကာေျပးလာေသာလူႏွစ္ေယာက္ကိုၾကည့္ကာ ရယ္မိသည္။ထိုလူေတြကေတာ့ မိမိကိုဓားနဲ႔အပိုင္းပိုင္းခုတ္ျဖတ္ခ်င္ေနပံုပင္။

“ဘာလို႔အဲ့ေလာက္ အင္အားအကုန္ခံေျပးလာရတာလဲ။ ေစာေစာေသခ်င္လို႔လား”

မိမိဆီသို႔ေျပးလာေသာ လူႏွစ္ေယာက္ကို ေသနတ္ျဖင့္ ဇီဝိန္ေခြၽလိုက္သည္။ ယခုဆိုငရဲတြင္ေပ်ာ္ေနပါေစဟုသာဆုေတာင္းေပးလိုက္သည္။

ဒုတိယထပ္သို႔တက္လာခဲ့သည္။ ထင္သည့္အတိုင္းမိမိအေပၚေတာင္မေရာက္ေသး ေလွကားဝမွေျပးဆင္းကာ ဓားျဖင့္လွမ္းခုတ္ျခင္းကိုခံလိုက္ရသည္။ လြန္းအတြက္ေတာ့ဒီလိုအရာမ်ိဳးကို ႀကံဳရတာရိုးေနေလၿပီ။ ခႏၲာကိုယ္ကိုတိမ္းေရွာင္လိုက္ေတာ့ ထိုလူက ဟန္ခ်က္ပ်က္ကာေလွကားေပၚမျွပဳတ္က်သြားသည္။

“ဓားေတာင္မခုတ္တတ္ပဲ ငါ့ကိုသတ္ဖို႔ႀကိဳးစားမယ္ေပါ့”

ထိုလူမ်က္ႏွာကို လက္ကိုင္တုတ္ျဖင့္ရိုက္ခ်လိုက္သည္။ ထိုသူ႔လက္ထဲမွဓားျပဳတ္က်သြားေတာ့ ထိုဓားကိုယူကာထိုလူရင္ဝတည့္တည့္စိုက္လိုက္သည္။
ဝတ္ဆင္လာခဲ့ေသာ လက္အိတ္အျဖဴသည္ ေသြးမ်ားျဖင့္ အနီေရာင္အသြင္သို႔ကူးေျပာင္းေနေလၿပီ။

“ေတာ္လွခ်ည္လားကြ….စိတ္မေကာင္းေပမဲ့မင္းက ခဏေနဘဝကူးရေတာ့မွာ”

ဒုတိယထပ္ေရာက္ေရာက္ျခင္းေဘးပတ္ပတ္လည္တြင္ေသနတ္ျဖင့္ လူငါးေယာက္က ခ်ိန္ထားသည္။ လြန္းစိတ္အနည္းငယ္ေတာင္မလႈပ္ရွား။ လြန္းအၿပံဳးက အဓိပၸာယ္တစ္ခုကိုေဖာ္ေဆာင္သည္။

“အမ်ွယူၿပီးသာဓုေခၚႏိုင္ပါေစ”

လြန္းစကားအဆံုး လက္ထဲတြင္ကိုင္ထားေသာဓားကိုေဝ႔ွရမ္းကာတစ္ပတ္လည္ရင္းေခါင္းမ်ားကိုခုတ္ခ်လိုက္သည္။ ထိုလူမ်ားမွာေတာ့ အံ့ၾသေနရင္းႏွင့္ပင္ ခႏၲာကိုယ္တျခား ေခါင္းတျခားျဖစ္သြားၾကသည္။

ေျခလွမ္းမ်ားက တတိယထပ္ရိွရာသို႔သတိႀကီးစြာျဖင့္ တက္ေရာက္လာသည္။
ေကာ္ေဇာ္နီတို႔ျဖင့္ ခင္းထားသည့္ ၾကမ္းခင္းကိုေလ်ွာက္လာၿပီး တစ္ခုတည္းေသာ အခန္းထဲသို႔ဝင္လာခဲ့သည္။
သူ၏ ေနာက္ဆံုးပစ္မွတ္က ထိုအခန္းထဲတြင္ပင္။

“ေတြ့ရတာဝမ္းသာပါတယ္ Mr.Loon”

“ကြၽန္ေတာ္ကေတာ့မဝမ္းသာဘူး”

လြန္းကိုင္လက္စ ဓားကိုပစ္ခ်တာ လက္ကိုင္ႏွစ္ဆစ္တုတ္ျဖင့္ လႊဲရိုက္ရန္ရြယ္လိုက္ေသာ္လည္း တဖက္က ထိုအရာကို တားလိုက္သည္။
“Mr.Loon အရမ္းရန္လိုေနတာပဲ။ က်ဳပ္က ခင္ဗ်ားတို႔ရြာနားကေကာင္မေလးေတြကိုဖမ္းထားလို႔မေက်မနပ္ျဖစ္ေနတာလား။ စိတ္မေကာင္းေပမယ့္ သူတို႔ကျပည့္တန္ဆာျဖစ္ေတာ့မွာ”

“ျပည့္တန္ဆာက မင္းျဖစ္မွာ ေခြးလိုေကာင္ရ”

လြန္းသည္းမခံႏိုင္ေတာ့။ လက္ကိုင္တုတ္ႏွင့္ထိုလူ၏ မ်က္ႏွာကိုလႊဲရိုက္လိုက္ေတာ့သည္။
ဒီတစ္ခါေတာ့ထိုလူမကာႏိုင္ပဲအငိုက္မိသြားကာလဲသြားသည္။ လြန္းလည္း ထိုအျခင္းအရာကိုအခြင့္ေကာင္းယူရင္း အေပၚမွအုပ္မိုးကာအခ်က္သံုးဆယ္နီးပါးရိုက္ခ်သည္။
ရိုက္ခ်က္တိုင္းက မ်က္ႏွာေပၚအမ်ားဆံုးက်ေရာက္ေနၿပီး အခ်ိဳ႕ရိုက္ခ်က္မ်ားက ေျခ လက္အစရိွသည္တို႔ ေပၚတြင္က်ေရာက္သည္။
အိတ္ထဲမွ ဓားေျမႇာင္ကိုထုတ္ကာေပါင္အရင္းသို႔ပစ္စိုက္ပစ္သည္။

“အခုခ်က္ခ်င္း သူတို႔ဘယ္မွာရိွလဲေျပာ။ မင္းတို႔ရဲ့အခ်က္အလက္ေတြအကုန္ ေျပာစမ္း”

“ဟ…ဟ။ ေသေတာင္မေျပာဘူး”

“ေသခ်ာတယ္ေပါ့”

လြန္းေျပာရင္းဆိုရင္းႏွင့္ထိုလူ၏ ေပါင္ကိုဓားေျမႇာင့္ျဖင့္ ျဖည္းျဖည္းခ်င္းလွီးခ်ကာ ဆားျဖင့္ျဖဴးလိုက္သည္။

“အခုေျပာစမ္း……”

“မေျပာႏိုင္ဘူး….”

လြန္းထိုလူ၏ လည္ပင္းတည့္တည့္သို႔ဓားႏွင့္ထိုးခ်လိုက္ေတာ့သည္။

“အား……”

ထိုလူ၏ ေအာ္သံက်ယ္ႀကီးက တိုက္တစ္ခုလံုးဖံုးလႊမ္းသြားသည္။ ေသသြားရွာေလၿပီ။ သူ၏ လည္ပင္းတည့္တည့္စိုက္ေနေသာ ဓားကို လြန္းဆြဲႏႈတ္လိုက္သည္။ ပါးစပ္ႏွင့္မ်က္ႏွာတြင္ေပေနေသာ ေသြးမ်ားကိုလည္းသုတ္လိုက္သည္။
လြန္းစိတ္အစဥ္မရပဲေရရြတ္မိလိုက္သည္က

I’m the mafia

ေသတၲာႏွင့္ဗီရိုထဲမွ အခ်က္အလက္စာတမ္းအခ်ိဳ႕ကိုသာ ယူလိုက္ၿပီး အိတ္ထဲထည့္လိုက္သည္။ အက်ႌႏွင့္ေဘာင္းဘီကိုလည္း ခြၽတ္ကာ ေရခ်ိဳးခန္းထဲ ဝင္ခ်ိဳးလိုက္သည္။ ေရခ်ိဳးရင္းဤအိမ္ႀကီးက မၾကာခင္မီးေလာင္ပ်က္စီးေတာ့မည္ကိုေတြးရင္းႏွင့္ပင္ ရယ္မိသည္။ ယခု ဤအိမ္ႀကီးက အေလာင္းမ်ားႏွင့္သူပဲရိွေတာ့ေလသည္။
သိပ္မၾကာမီ ေရခ်ိဳး၍ ၿပီးေလၿပီ။
ေရခ်ိဳးၿပီးအျခားဝတ္စံုကိုလဲကာ အိမ္ထဲမွထြက္လာခဲ့ေတာ့သည္။အိမ္အတြင္းသို႔ ေရနံဆီမ်ားကိုလည္းေရမခ်ိဳးခင္ကတည္းကေလာင္းၿပီးသားျဖစ္ေသာေၾကာင့္ မီးျခစ္ဆံတစ္ခုကိုအိမ္ထဲသို႔ပစ္သြင္းရင္း ဆိုင္ကယ္ကိုေမာင္းကာထြက္လာခဲ့ေတာ့သည္။

“people သတင္း႒ာနကေန ဒီေန့Breaking Newအေနနဲ႔ ေၾကညာမွာကေတာ့ ရွမ္းျပည္နယ္ မွရွမ္းမေလးအခ်ိဳ႕ကို  ျပည့္တန္ဆာအျဖစ္ အသံုးခ်ရန္ လူကုန္ကူးမႈကို ျပဳလုပ္ေနစဥ္အခ်ိန္မွီတားဆီးႏိုင္လိုက္တယ္ဆိုတဲ့သတင္းပါ။ျဖစ္စဥ္အက်ဥ္းခ်ဳပ္ကေတာ့ ရွမ္းျပည္နယ္ေတာင္ပိုင္း ေလာလံုႏွင့္ ေအးသာ ရြာကို လက္နက္အႏွင့္ၿခိမ္းေျခာက္ကာ အတင္းအဓမၼယူသြားတယ္လို႔သိရပါတယ္။ တရားခံမ်ားကို အျမန္ဆံုးေဖာ္ထုတ္ႏိုင္ရန္ႀကိဳးပမ္းလ်ွက္ရိွပါတယ္။”

“ဘာကြ….”

ၪီးဒႆတစ္ေယာက္ ေဒါသျဖစ္သြားရသည္။ ဤသို႔သာဆိုလ်ွင္ သူ၏လုပ္ငန္းႀကီးတခုလံုးထိခိုက္ေနေတာ့မည္။

“ဒႆ…..”

“ခင္…ခင္ဗ်ာ”

“သူရိန္ဘယ္သြားလဲ….”

ၪီးဒႆတစ္ေယာက္ေဒါသျဖစ္ေနသည္ကိုစကားလံုးမ်ားမွတဆင့္သိလိုက္ရသည္။
ထို႔အတူ တစ္ဖက္မွာလည္း သခင္ေလးကိုစိတ္ပူရျပန္သည္။

“ငါမင္းကိုေမးေနတယ္ေလ….ဘယ္သြားလဲလို႔”

“ရွမ္း…..ရွမ္းျပည္ပါဆရာ”

ဒႆ တစ္ေယာက္ၪီး ဒႆေမးခြန္းကိုမလြန္ဆန္ရဲပါ။ နီးရာဓားကိုေၾကာက္ရသည္ပင္.။

“ဘယ္သူ႔ခြင့္ျပဳခ်က္ရလို႔သြားတာလဲ…ဟမ္ေျပာေလ!”

“သခင္ေလးက…က”

ရုတ္တရက္ထျမည္လာေသာဖုန္းသံေၾကာင့္ ၪီးဒႆတစ္ေယာက္ ဖုန္းကိုကိုင္လိုက္သည္။ ထို႔အတူ စိတ္ဆိုးေနေသာမ်က္ႏွာထားကလည္းရုတ္တရက္ေျပာင္းလဲသြားသည္။

“အဲ့လိုဆိုပိုေကာင္းတာေပါ့….ကိုလူေမာင္ရဲ့။ က်ဳပ္တို႔ဒီေက်ာင္းမွာလူေတြလာတက္တာကိုရန္ပံုေငြဆိုၿပီးေကာက္ၾကမယ္။ ဒါဆို ျမတ္ၿပီးရင္းျမတ္ေတာ့မွာ”

“ဟုတ္ၿပီ….ဟုတ္ၿပီဗ်ာ။ က်ဳပ္ခင္ဗ်ားအတြက္ေဝစုခြဲေပးမယ္။ဒါပဲေနာ္”

“ငါဒီေန့အိမ္ျပန္ေနာက္က်မယ္….ကိစၥေတြရိွလို႔။ငါျပန္မလာမခ်င္း ၿခံတံခါးကိုမဖြင့္နဲ႔။”

“ဟုတ္…ဟုတ္ကဲ့”

ဖိုင္တစ္ခုကိုယူလာခဲ့ၿပီး အနက္ေရာင္ကားေပၚသို႔တက္လိုက္သည္။ Driverကလည္း ၪီးဒႆလမ္းၫႊန္ရာေနရာသို႔ေမာင္းလိုက္ရသည္။
ၿခံတံခါးဝတြင္ကား အျဖဴေရာင္စာရြက္မ်ားပါဝင္ေသာfileတစ္ခုလြင့္က်က်န္ခဲ့သည္ကို ၪီးဒႆမသိခဲ့။ ထိုစာရြက္ေလးကား ျပႆနာတစ္ခုကိုယူေဆာင္လာခဲ့သည္။

//////////

“ကေလးေတြလာလာ… ကိုကိုမုန္႔ေကြၽးမယ္”

အသံၾကားရာသို႔လွည့္ၾကည့္လိုက္ေတာ့ ကေလးအုပ္စုၾကားထဲမွ မုန္႔ဂ်ပ္ဖာႀကီးကိုကိုင္ကာ ေဝစုခြဲေပးေနေသာ ပိုင့္ကိုျမင္လိုက္ရသည္။
ဟူဒီအျဖဴေရာင္ႏွင့္ ေဘာင္းဘီအညိုတို႔ကိုတြဲဖက္ဝတ္ဆင္ထားရံုကလြဲ၍ မည္သည့္အဆင္တန္ဆာမ်ွမပါပဲ ပိုင္သည္ေခ်ာေမာေနသည္။
မ်က္မွန္ေအာက္မွမ်က္ဝန္းငယ္ဝိုင္းစက္စက္သည္ ရယ္လိုက္သည့္အခါ မိွတ္သြားသည္။ ထို႔အတူပါးခ်ိူင့္ငယ္သည္လည္း ေပၚလာသည္။
ပိုင္၏ အျပစ္ကင္းစင္ေသာအၿပံဳးငယ္ကိုအခ်ိန္အေတာ္ၾကာေငးၾကည့္မိသည္။ ကေလးငယ္တစ္ေယာက္လို ကေလးမ်ားၾကားတြင္ေပ်ာ္ေနသည့္ပိုင္၏ မ်က္ႏွာသည္အျပစ္ကင္းစင္လြန္းလွသည္။

ကေလးမ်ားကိုမုန္႔ေဝၿပီးသြားပံုပင္။ မုန္႔ပံုးကိုအမိႈက္ေတာင္းထဲထည့္လိုက္သည္။
ကေလးမ်ားလည္းမိမိေဝစုမိမိယူကာထြက္သြားၾကသည္။ အခ်ိဳ႕ေသာ ကေလးငယ္မ်ားက ပိုင့္ပါးျပင္ငယ္ကိုနမ္းသြားၾကသည္။

“ႏိုးၿပီေပါ့…သကၠ”

“အင္း….ဒါနဲ႔မင္းက အဲ့ကေလးေတြကိုသိလို႔လား”

“သိမွေကြၽးရမွာလား…..ကေလးေတြေပ်ာ္ဖို႔ပဲေလကြာ။ ငါတို႔လို လူငယ္အရြယ္မေရာက္ခင္ ကေလးဘဝမွာအေပ်ာ္ရႊင္ဆံုးေနသြားေစခ်င္တယ္ရယ္”

“ငါ့ေၾကာင့္မေပ်ာ္မရႊင္ျဖစ္ခဲ့ရတဲ့ေန့ေတြရိွခဲ့တယ္မလား”

သကၠ ဘာကိုေျပာခ်င္ေနလဲ ပိုင္မသိ။
သကၠလက္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္လ်က္

“ဟင့္အင္း….မင္းေၾကာင့္ေပ်ာ္ရႊင္ခဲ့ရတာေတြခ်ည္းပဲ။မင္းေပးတဲ့နာက်င္မႈအခ်ိဳ႕ထက္ မင္းေပးတဲ့ေပ်ာ္ရႊင္မႈအခ်ိဳ႕ကိုငါတန္ဖိုးထားတယ္”

သကၠပိုင္ကိုရင္ခြင္ထဲဆြဲသြင္းကာ နဖူးကိုခပ္ဖြဖြနမ္းလိုက္သည္။
ထို႔အတူတင္းတင္းက်ပ္က်ပ္ဖက္ထားမိသည္။

“သကၠ….ငါမင္းအတြက္ဒီေန့ကိတ္မုန္႔တစ္လံုးလုပ္ထားတယ္။ မင္းစားဖို႔ေလ”

ပိုင္cakeလုပ္ထားသည္?။ ပိုင္Bakeryသင္တန္းမ်ားတက္ထားသည္ဟုလည္းမၾကားမိ။

“မင္းကကိတ္မုန္႔လုပ္တတ္တာလား”
“လုပ္တတ္တာေပါ့….မင္းမမွတ္မိလို႔ပါ။ ငါငယ္ငယ္ကတည္းကမင္းအတြက္ကြက္ကီးေတြလုပ္ေကြၽးဖူးတယ္ေလ”

ပိုင္ေျပာမွ အတိတ္ကိုျပန္ေတြးမိသည္။ ဖုန္တလူးလူးႏွင့္ကစားကာေမာပန္းခဲ့ေသာေန့ရက္မ်ားတြင္ ပိုင္၏ ကြက္ကီးမ်ားကတကယ့္ကိုခ်ိဳၿမိန္စြာအရသာရိွေနတတ္သည္။

“ကဲ….ကေလးေတြကိုမုန္႔ေကြၽးလို႔ဝၿပီဆိုေတာ့ငါ့ကိုလည္း မုန္႔ေကြၽးေတာ့”

ေျပာရင္းဆိုရင္းႏွင့္ပိုင္ကိုသကၠေပြ့ခ်ီလိုက္သည္။ ပိုင္လည္းမရုန္းကန္မိ။ ဒုတိယအႀကိမ္ေျမာက္နဖူးကိုအနမ္းေႁခြလိုက္ၿပီး အိမ္ထဲသို႔ဝင္သြားလိုက္ေတာ့သည္။
ထိုအျခင္းအရာကိုေစာင့္ၾကည့္ေနခဲ့သည့္ အမ်ိဳးသမီးတစ္ၪီးကိုေတာ့သူတို႔သတိမထားမိခဲ့။ ထိုအမ်ိဳးသမီးကား အံ့ထူးပိုင္အေမ ေဒၚၾကာညိုသြယ္ပင္။

///////////

“ဒါဘာႀကီးလဲ”

ခရီးမွသူရိန္ျပန္ေရာက္လာခဲ့ေလၿပီ။ ခုနကၪီးဒႆက်ေနခဲ့ေသာစာရြက္fileေလးကိုသူရိန္ေကာက္ယူၿပီးဖတ္ၾကည့္လိုက္သည္။

ႏိုင္ငံေတာ္အဆင့္တရားစြဲဆိုမႈ

ေမာင္သူရိန္ျမတ္ပိုင္။
အသက္25ႏွစ္။
အမႈမ်ား:…..ပုဒ္မ(24)လူကုန္ကူးမွဴဥပေဒ
ပုဒ္မ(42) သစ္တရားမဝင္ခိုးထုတ္ျခင္း……..

သူရိန္ဆက္မဖတ္ႏိုင္ေတာ့။ ေသခ်ာသည္က သူအႏၲရာယ္ထဲသို႔ေရာက္ရိွေနေလၿပီ။  လြန္းေျပာခဲ့သည့္စကားအနီးကပ္ရန္သူဆိုသည့္စကားကိုလည္းျပန္လည္ၾကားေယာင္လာခဲ့သည္။ ထို႔ေၾကာင့္ သူအိမ္ထဲမဝင္ေတာ့ပဲ အိမ္ႏွင့္ အေဝးဆံုးသို႔ထြက္ခြာလာခဲ့ေလေတာ့သည္။ သူထြက္ေျပးေနသည္ဆိုပိုမွန္မည္။ သို႔ေသာ္လည္းဘယ္ဆီေျပးရမွန္းမသိ။ ၪီးတည္ခ်က္မဲ့စြာျဖင့္ေမာင္းထြက္လာခဲ့ေတာ့သည္။

Author Note

Finally ကျွန်တော်ပြန်ရောက်လာပါပြီ
ကျွန်တော်ကတက္ကသိုလ်တောင်မတက်ရသေးတဲ့အတွက် ဥပဒေတွေကမှားနေခဲ့ရင်အချိန်မရွေးလာပြောလို့ရပါတယ်ဗျ

Finally ကြၽန္ေတာ္ျပန္ေရာက္လာပါၿပီ
ကြၽန္ေတာ္ကတကၠသိုလ္ေတာင္မတက္ရေသးတဲ့အတြက္ ဥပေဒေတြကမွားေနခဲ့ရင္အခ်ိန္မေရြးလာေျပာလို႔ရပါတယ္ဗ်






















Ipagpatuloy ang Pagbabasa

Magugustuhan mo rin

299K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.4M 326K 52
အနိမ့္အျမင့္ အတက္အက် ေျပာင္းလဲေနတဲ့ ဘဝႀကီးမွာ ကံၾကမၼာရဲ႕ ႀကိဳးဆြဲရာကို က်ေနာ္ ခံႏိုင္ရည္႐ွိသမ်ွ ကခဲ့ရတယ္။ ဘဝတစ္ခုကိုႀကိဳးစားေ႐ွ႕ဆက္ေနခ်ိန္ က်ေနာ့္ရဲ႕...
2.5M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
226K 37.1K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .