အပိုင်း(29)

62 4 0
                                    

Unicode

"သက္က....ငါ့ကိုကူညီနိုင်မလား"

သူရိန်စာမပို့သင့်မှန်းသိပါသည်။ သို့သော်ယခုအခြေအနေတွင် ကယ်တင်နိုင်မည့်သူက သူရိန်တစ်ယောက်ထဲသာရှိလေသည်။

"သိပ်ရတာပေါ့......"

"ငါ...ဘယ်ကိုလာရမလဲ.....မင်းအရင်အိမ်ပဲလား"

"မန္တလေးကိုဆင်းခဲ့......ငါရှိနေမယ်"

အမှန်စင်စစ်တော့ သက္ကထိုစာများကိုပို့လိုက်ခြင်းမဟုတ်ပါချေ။ ထိုစာကိုရိုက်ပို့လိုက်သူမှာ လက်ချောင်းသွယ်သွယ်လေးရှိနေသည်။

သူရိန်ဖုန်းကိုmsgဆက်မပို့တော့ပဲ။ စောင်ကိုသာခေါင်းမြီးခြုံ၍ အိပ်လိုက်တော့သည်။
အံ့ထူးပိုင်ကိုမျက်နှာချင်းမဆိုင်ချင်သော်လည်း အန္တာရာယ်ကပို၍ အရေးကြီးနေသည်ဖြစ်၍ ရှောင်လွဲမရ။

"အမေ......သားကိုကြိုပြောခဲ့သင့်တာမဟုတ်ဘူးလား"

တစ်ဖက်ကဖုန်းချပြီးရေရွတ်လိုက်သောအသံက အမုန်းဆိုသည့် မောဟများမပါ။ မျက်ရည်အနည်းငယ်သာဝဲနေသည်။ထိုမျက်ရည်ဝဲနေသည့် အပြစ်ကင်းစင်သောမျက်လုံး၏ ပိုင်ရှင်ကားမျက်မှန်ငယ်နှင့်ပင်။

////////////

သူရိန်စိတ်တွေခြောက်ခြားနေခဲ့သည်။
မနက်4နာရီကားလက်မှတ်ကိုဝယ်ယူပြီးအစောကြီးထသွားရမည်ဖြစ်သော်လည်း ယခုထိအိပ်မပျော်သေး။

"ဒါကဘာလဲ......."

စာအုပ်၏ နောက်ဆုံးသောစာမျက်နှာ။
မန္တလေးဟူသောစကားကို ရှမ်းဘာသာဖြင့်ရေးထားသည်။ ပျက်လုနီးနီးဖြစ်နေသော စာများကိုသေချာဖတ်ကြည့်တော့မှ မန္တလေးမြို့ နန်းရှေ့ရပ်ကွက် အိမ်အမှတ်(31)ဟူ၍ ပင်။

သေချာပါသည်။ ဤကဲ့သို့ဆိုလျှင် ဤနေရာသို့သွားရတော့မည်။ ရှမ်းဘာသာစကားမတတ်သောဖခင်ဖြစ်သူကို ရှမ်းဖြစ်သူမိခင်က ရှမ်းစကားကိုအသုံးပြု၍ လှည့်စားခဲ့ခြင်းပင်။
ငယ်ငယ်လေးကတည်းကရှမ်းစာသင်ပေးခဲ့သော အန်တီကြီးကိုသာကျေးဇူးတင်ရလေတော့မည်။

"ဓာတ်ပုံalbumကိုဖွင့်ကြည့်ပါ။ တရားမျှတမှုအတွက်ဆောင်ရွက်ပေးပါ"

𝘓𝘰𝘷𝘦 𝘛𝘩𝘦𝘰𝘳𝘺Where stories live. Discover now