ဖြူလွှနှင်းဆီချစ်၏ သို့သော်...
By putulay9999
5.2K 463 106
မြင့်မြတ်တဲ့ ယောကျာ်းလေးဖြစ်နေပင်မဲ့ လည်း မိန်းမသားဘဝကိုသာမက်မောသော တိုး နှင်းဆီဖြူတွေကို မက်မက်မောမောချစ်တတ်... More
အပိုင်း ၁ (Z/U)
အပိုင်း ၂ (Z/U)
အပိုင်း ၃(Z/U)
အပိုင်း ၄ (Z/U)
အပိုင်း ၅ (Z/U)
အပိုင်း ၆ (Z/U)
အပိုင်း ၇ (Z /U)
အပိုင်း ၉ (Z/U)
စာရေးသူရဲ့ရင်ဖွင့်ချက်
အပိုင်း ၁၀ (Z/U)
အပိုင်း ၁၁ (Z/U)
အပိုင်း ၁၂ (Z/U)
အပိုင်း ၁၃ (Z/U)
အပိုင်း ၁၄ (Z/U)
အပိုင်း ၁၅ (Z/U)
အပိုင်း ၁၆ (Z/U)
အပိုင်း ၁၇ (Z/U)
အပိုင်း ၁၈ (Z/U)
အပိုင်း ၁၉ (Z/U)
အပိုင်း ၂၀ (Z/U)
အပိုင်း ၈ (U/Z)
171 21 8
By putulay9999
Zawgyi
အဲ့သီချင်းလေးနော်🥰🥰
မနက်စောစော ဘုန်းကြီးတွေ ဆွမ်းကျွေးပြီးနောက် ရွာသားတွေကို ကျွေးမွေးဧည့်ခံဖြစ်ပါသည်။တိုး အိမ်ရဲ့ မိသားစုဝင်တွေကသာ တိုးရဲ့ ဘဝကိုလက်မခံဖြစ်နေကြတယ်ထင်ပါရဲ့ တိုးရဲ့မွေးနေ့လေးအလှူကို လာရောက်ဂုဏ်ပြုပြီး စားသောက်ကြသည့်သူများမှာ တစ်ရွာလုံးပင်ထင်ရပါသည်။တိုးကိုသဘောမကျသောလူတွေကလွဲလို့ပေါ့။ဝေယံလေးနဲ့မအေးမြတို့ကတော့ ဟင်းတွေလိုက်ထည့်ပေးရသည်မှာလက်မလည်အောင်ဖြစ်နေရပါသည်။မိသက်ကတော့ မွေးနေ့လက်ဆောင်ပေးလာသော ပါတိတ်များနဲ့ တချို့သော လက်ဆောင်တွေကြောင့်စာရင်းမှတ်ရင်း ခေါင်းမူးနေသည်ဟုပင်ထင်နေရပါသည်။ဘေးကသူ့တပည့်တောင် သူ့ကို ယက်ခက်ပေးနေရလေသည်။ကိုတာရိုးနဲ့အလုပ်သမားတွေကတော့ လက်တွေညောင်းကိုက်နေရတဲ့အထိ ပန်းကန်တွေဆေးနေရပါသည်။ထိုသို့လုပ်နေကြရပင်မဲ့ သူတို့ရဲ့မျက်နှာမှာတော့ အပြုံးတွေဝေဆာနေတာကိုကြည့်ခြင်းဖြင့် တိုးရဲ့မွေးနေ့လေးမှာလုပ်ကူပေးရတဲ့အတွက် ကျေနပ်ပျော်ရွှင်နေကြပုံပေါက်ပါသည်။ဒီလိုပုံစံတွေတွေ့ရတော့လဲ တိုးကိုချစ်တဲ့သူတွေလည်း ရှိနေပါသေးလားဟု တွေးမိပါသည်။အဲ့လိုတွေးလိုက်မှပဲ တိုးမွေးနေ့မှာတစ်စုံတစ်ယောက်လိုနေမှန်း တိုးသတိထားမိသွားတော့သည်။ထို့ကြောင့်ဘေးပတ်လည်ကိုလိုက်ကြည့်တော့လည်း ထိုတစ်စုံတစ်ယောက်ကို မတွေ့ပါ။သူအလုပ်ရှုပ်နေလို့နောက်ကျနေတာလားဟု တွေးလိုက်ကာ တိုးဧည့်သည်တွေကို ဆက် ဧည့်ခံလိုက်ပါသည်။
မဟော် ဘုန်းကြီးကျောင်းခြံဝင်းထဲရောက်တော့ နေရာလွတ်တစ်နေရာမှာကားကိုရပ်ကာ ကားပေါ်က ဆင်းလိုက်ပါသည်။မနက်စောစော မေမေက ဈေးကြီးကိုသွားကာသူ့ယောကျာ်းနဲ့မြေး ကြိုက်တာဝယ်ပြီး ချက်ပေးမလို့ဟုဆိုသောကြောင့် အမေ့ကိုလိုက်ပို့ပေးရလေသည်။ထို့ကြောင့်မဟော် နောက်ကျသွားခြင်းဖြစ်လေသည်။စိတ်ထဲတွင်လည်း တစ်ယောက်သောသူ စိတ်ဆိုးနေမလား ဟု တွေးထင်ကာ ဘုန်းကြီးကျောင်းရဲ့ ကျွေးမွေးရာ အဆောက်အအုံးထဲသို့ အလျင်အမြန်ဝင်လာလိုက်လေသည်။အထဲရောက်တော့ အဓိက ဇာတ်ဆောင်လေးကို မျက်လုံးဝေ့ရှာလိုက်လေသည်။တွေ့ပါပြီ။မဟော်ထိုအမျိုးသားလေးကိုကြည့်ပြီး စိတ်နှလုံးတွေ​တောင်အေးချမ်းသွားသလို ခံစားလိုက်ရသည်။တိုးက ဒီနေ့တော့ဝတ်နေကြ ပါတိတ်လေးကိုမဝတ်ထားတော့ပဲ အဖြူရောင် ပိုးဝမ်းဆက်လေးကိုဆင်မြန်းထားပြီး ဧည့်သည်တွေကို အပြုံးနဲ့လိုက်ပြီးဧည့်ခံနေသည်မှာ နတ်သမီးလေးတစ်ပါးလိုပင်။တိုးပန်းပန်တာကို တစ်ခါမှမတွေ့ဖူးပင်မဲ့ နှင်းဆီဖြူကိုချစ်သောတိုးသည် နှင်းဆီဖြူကိုလဲမပန်ပဲ အဖြူရောင်သစ်ခွပန်းလေးကို ပန်ဆင်ထားသည်မှာ အလွန့်ကိုကျက်သရေရှိလှပါသည်။သို့သော် တစ်ခြားအရာများကို ပစ်ပယ်နိုင်ဟန်တူပင်မဲ့ သနပ်ခါးကိုကြိုက်သောတိုးကာ အခြားအရာတွေထပ် သနပ်ခါးကိုပိုချစ်ဟန်တူပါသည်။တိုးရဲ့ ပါးပြင်ထက်တွင် မဟော်တွေ့နေကြအတိုင်း သနပ်ခါးလေးကို လိမ်းတင်ထားပါသည်။အားလုံးပေါင်းစပ်ပြီးကြည့်လိုက်သောအခါ တိုးသည် မဟော်ရင်ထဲ ပိုတိုးဝင်လာသလားလို့တောင်ထင်ရလောက်အောင် မဟော်မျက်လုံးထဲ အရမ်းကိုလှရက်လွန်းလှပါသည်။မဟော် တိုးကိုငေးကြည့်နေတုန်း မဟော့်ကို စောင့်နေတဲ့ဟန်ပေါ်သည့် တိုးက မဟော့်ကိုတွေ့တာနှင့် မဟော်အနား အမြန်ရောက်လာခဲ့လေသည်။မဟော်က တိုးအနားရောက်လာတာနှင့် ဉီး၍ပြောလိုက်ပါသည်။
"Happy birthday ပါတိုး မွေးနေ့မှစနောက်နှစ်ပေါင်းတစ်ရာပျော်ရွှင်ရပါစေနော်"
မဟော်ကဆုတောင်းပေးတော့ တိုးက အပြုံးနဲ့ ဆိုလာလေသည်။
"ကျေးဇူးတင်ပါတယ် ကိုမဟော် စားခဲ့ပြီးပြီလား မပြီးသေးရင်လာလေ တစ်ခါတည်း ဝင်စားလိုက်ပါလား "
တိုးက ထိုသို့မေးတော့မဟော်က တိုးကို ကြည့်ကာ ပြန်မေးလိုက်လေသည်။
"တိုးကော စားပြီးပြီလား"
ထိုအခါတိုးက မဟော်ကိုကြည့်ရင်းရယ်ကာ ပြောလာလေသည်။
"မစားရသေးပါဘူး ကိုမဟော် အလုပ်တွေရှုပ်နေလို့စားဖို့တောင်မေ့နေတာ ကိုမဟော်ရဲ့"
"အဲ့တာဆို ကိုယ်နဲ့အတူတစ်ခါတည်းဝင်စားလိုက်ပါလား ကိုယ့်ကို အဖော်လုပ်ပေးလေ"
မဟော်က တိုးပါ ဝင်စားအောင်လို့ အဖော်လုပ်ပေးရန်ပြောလိုက်လေသည်။မနက်စာမစားပဲ ဗိုက်အောင့်နေမည်စိုးသောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ဒီအမျိုးသားလေး  တစ်ခုခုဖြစ်ရင် သူ့ရင်တွေ ခံစားရပါလိမ့်မည်။ထို့နောက် မဟော်နဲ့အတူ တိုးလည်း အဖော်ပြုပေးကာ တစ်ခါတည်းဝင်စားလိုက်ရသည်။မွေးနေ့အလှူလေးအောင်မြင်စွာ ပြီးစီးပြီးနောက် ပစ္စည်းများသိမ်းရန်နှင့် ကျန်တဲ့ကိစ္စတွေကို ကိုတာရိုးတို့လက်ထဲ အပ်ခဲ့ကာ တိုးက ကိုမဟော်နှင့်အတူ ဘုရားသို့ထွက်လာခဲ့လေသည်။ဘုရားသို့ရောက်တော့ တိုးတို့ဘုရားသို့ကပ်လှူရန် ပန်းတွေဝယ်ပြီး ဘုရားပေါ်သို့တက်ကြလေသည်။အင်္ဂါသမီးဖြစ်သောတိုးက အင်္ဂါထောင့်နေ့နံတွင်ထိုင်းရင် ဘုရား ရှိခိုးလေတော့သည်။မဟော်ကတော့ကြာသပတေးနေ့နံတွင် အမြန်ရှိခိုးပြီးနောက်ဘုရားရှိခိုးနေသော တိုးရဲ့ ဘေးနားတွင်လာထိုင်ကာ တိုးကိုငေးကြည့်နေလေသည်။တိုးက ဘာသာတရားလဲကိုင်းရှိုင်းဟန်တူပါသည်။အခုလိုဘုရားကိုအေးချမ်းစွာ ရှိခိုးနေတဲ့တိုးက ကြည့်ရသူတိုင်းကိုလည်း အေးချမ်းစေပါသည်။ဆံကပ်သာထက်တွင်သစ်ခွပန်းဖြူကိုပန်ထားတဲ့တိုးက အရမ်းကိုနန်းဆန်ပြီး လှနေလေသည်။မဟော် တိုး ကိုထိုင်ငေးနေသည်မှာ ဘယ်လောက်ကြာသွားမှန်းမသိပါ တိုးတောင် ဉီးသုံးကြိမ်ချပြီးလို့ဘုရားတောင် ရှိခိုးပြီးသွားလေသည်။တိုးက ဒီဘက်လှည့်ကြည့်လာသောအခါ သူ့ကိုငေးကြည့်နေသော ကိုမဟော့်ကိုတွေ့လိုက်ရလေသည်။တိုး ပြုံးလိုက်ရင်း ကိုမဟော်မေးလိုက်လေသည်။
"ကိုမဟော် ဘာလို့တိုးကို အဲ့လောက်တောင် ငေးကြည့်နေရတာလဲဟင်"
မဟော်က တိုးကိုငေးကြည့်ရင်းပြောလာလေသည်။
"ပါးပေါ်မှာ သနပ်ခါးလေး နဲ့တိုးက အရမ်းချစ်ဖို့ကောင်းနေလို့ပါ"
"ကိုမဟော်ကနောက်နေပါပြီ"
ထိုအခါ မဟော်က ပြုံးရင်း အရှေ့ကအမျိုးသားလေးကိုကြည့်ကာ ပြောလိုက်လေသည်။
"တိုးပြီးသွားပြီလား အာ့ဆို သွားကြတော့မလား"
တိုးက ခေါင်းလေးငြိမ့်ပြီးနောက်ပြောလိုက်လေသည်။
"ဟုတ်သွားကြမယ် ဒါမဲ့မသွားခင်လေး ဘုရားက ကလေးတွေကို တိုး မုန့်ဖိုးလေးတွေပေးသွားချင်သေးတယ်"
တိုးရဲ့အပြောကိုကြားတော့ မဟော်က ပြောလိုက်လေသည်။
"ဟုတ်ပါပြီဗျာ မွေးနေ့ရှင်လေးရဲ့ အလိုကျပါဗျာ"
ထို့နောက်တိုးတို့နှစ်ယောက်ဘုရားပေါ်မှရှိတဲ့ ကလေးတွေကိုမုန့်ဖိုးပေးမည်ဟုဆိုသောကြောင့် ရှိသမျှကလေးတွေက တိုးတို့နားမှာ အုပ်နေကြလေသည်။တိုးက တစ်ယောက်ချင်းဆီကို မုန့်ဖိုးပေးပြီးနောက် ကလေးတွေက တိုးကို ဆုတောင်းပေးလာပါသည်။
"အန်တီက အရမ်းလှတာပဲ မွေးနေ့မှာပျော်ရွှင်ပါစေနော်"
တိုးကိုအမျိုးသမီးဟု ကလေးတွေက ထင်နေပုံရပါသည်။
"အန်တီ နောက်နှစ်တွေလဲ ဒီလိုမျိုး သားတို့ကိုပေးနိုင်ပါစေနော်"
"အန်တီတို့လင်မယား အိုအောင်မင်းအောင်ပေါင်းနိုင်ပါစေနော် အန်တီတို့က သိပ်လိုက်ဖက်တာပဲ"
ကလေးတစ်ယောက်က တိုးတို့ကိုကြည့်ကာ ဤသို့ဆုတောင်းပေးလာသည်။ပိုးမြန်မာဝတ်စုံနဲ့တိုးရယ် shirt အဖြူလက်ရှည်နဲ့ ပုဆိုးညိုပုတ်ရောင်လေးကိုဝတ်ထားတဲ့ မဟော်ရယ်က သူတို့မျက်လုံးထဲမှာ လင်မယားတွေနဲ့တူနေပုံပေါ်ပြီး အရမ်းကိုလိုက်ဖက်တယ်လို့ထင်နေဟန်တူပါသည်။ထိုကလေးလေး ဆုတောင်းပေးပြီးနောက် အနောက်ကနေကလေးတွေက တစ်ယောက်ပြီးတစ်ယောက် ဆုတောင်းပေးလာကြလေသည်။
"ဟုတ်တယ် အန်တီတို့ကအရမ်းလိုက်ဖက်တာပဲ တစ်ယောက်နဲ့တစ်ယောက်ဒီထပ်မက ပိုချစ်နိုင်ကြပါစေနော်"
"ကလေးတွေအများကြီးလည်းမွေးနိုင်ပါစေ"
ထိုစကားကြားတော့ တိုးကအလန့်တကြားနဲ့အသံကလေးတောင် ထွက်မိပါသည်။
"အယ်"
"ဟုတ်တယ် ဟုတ်တယ် အန်တီနဲ့တူတဲ့ ညီမလေးရော ဉီးနဲ့တူတဲ့မောင်လေးကော မွေးနိုင်ပါစေနော်"
"ဟုတ်တယ် အမွှာလေးတွေမွေးရင် အကောင်းဆုံးပဲ"
ကလေးတွေ စကားကို ကြားတော့ တိုးရှက်လွန်းလို့ခေါင်းတောင် မဖော်နိုင်တော့ပေ။ကိုမဟော်ကတော့ ကလေးတွေအပြောကိုကြားပြီး သဘောကျ ရယ်နေလေတော့သည်။တိုးက အနားမှာ အသံထွက်ရယ်နေသော ကိုမဟော်ရဲ့ လက်မောင်းကို အသာရိုက်ကာ ပြောလိုက်လေသည်။
"ကိုမဟော် ဘာလို့ရယ်နေတာလဲ"
"မဟုတ်ပါဘူးတိုးရဲ့ တိုးရဲ့ရှက်နေတဲ့ပုံလေးကို ကြည့်ပြီး သဘောကျလို့ရယ်တာပါ တိုးကအရမ်းချစ်စရာကောင်းနေတာကို"
"ကိုမဟော်စိတ်မဆိုးဘူးလားဟင် သူတို့အဲ့လိုပြောတာကိုလေ"
"ကိုယ်က ဘာလို့စိတ်ဆိုးရမှာလဲ သူတို့ကကလေးတွေပဲ မသိလို့ပြောတာလေ ကိုယ် စိတ်မဆိုးပါဘူးဗျာ"
"အားနာပါတယ်နော် တိုးကြောင့်ကိုမဟော်ပါ အပြောခံနေရပြီ"
"အားမနာပါနဲ့ဗျာ ကိုယ့်ကိုအားနာစရာမှမလိုတာ ကယ်ပြီးပြီလား တိုး ကိုယ်တို့ နောက်တစ်နေရာသွားကြမယ်လေ တိုးဗိုက်ဆာနေပြီလား"
"ဗိုက်ကတော့ မဆာသေးပါဘူး ဒါမဲ့သွားကြတာပေါ့ "
"ဟုတ်ပါပြီဗျာ"
ထို့နောက် တိုးတို့နှစ်ယောက် ကိုမဟော် ဘိုကင်ချိတ်ထားသော အနောက်တိုင်းစားသောက်ဆိုင်သို့ရောက်လာခဲ့ကြလေသည်။ဆိုင်ထဲဝင်တော့ တိုးတို့စားရန်အခန်းရှိရာသို့ ဧည့်ကြိုလေးက လိုက်ပြလေသည်။တိုးတို့လည်း အခန်းထဲဝင်ထိုင်ပြီးနောက် waiterလေး က menu ပေးလာလေသည်။တိုးက ထိုmenuကို တိုးအရှေ့မှာထိုင်နေသော ကိုမဟော်ဆီသို့ လှမ်းပေးရင်း ပြောလိုက်လေသည်။
"ကိုမဟော်ပဲမှာပေးလိုက်တော့နော်"
ထိုအခါ မဟော်ကတိုးကိုကြည့်ကာ ပြောလာလေသည်။
"တိုးက ဒီလိုမျိုးတွေမကြိုက်လို့လား"
"မဟုတ်ပါဘူး ကိုမဟော် တိုးကြိုက်ပါတယ် ဒီတိုင်းစားနေကြမဟုတ်လို့ပါ တိုးက အစားမရွေးဘူး"
"ဟုတ်ပီဒါဆို ကိုယ် တိုးအတွက်မှာပေးမယ်နော်"
"ဟုတ်ကိုမဟော်"
မဟော်မှာပေးပြီးနောက် waiterလေးက အခန်းပြင်ထွက်သွားလေသည်။တိုးတို့နှစ်ယောက်စကားပြောနေတုန်း လူအချို့ကလှည်းတစ်ခုကိုတွန်းကာ ဝင်လာပြီး သီချင်းတစ်ပုဒ်ကိုဆိုလာလေသည်။
"Happy birthday do you"
"Happy birthday do you"
"Happy birthday  dear lovely Toe"
"Happy birthday do you"
"မွေးနေ့လေးမှာပျော်ရွှင်ပါစေနော်!!!!"
ထို့နောက် ရောက်စုံစက္ကူလေးတွေပါတဲ့အရာလေးကို သူတို့ကဖောက်လိုက်လေသည်။လှည်းပေါ်တွင်တော့ တိုးနာမည်ရေးထိုးထားတဲ့ အဖြူရောင် ပန်းပွင့်လေးတွေပါတဲ့မွေးနေကိတ်လေးကိုတွေ့ရပြီး ဖယောင်းတိုင်း ၂၅ချောင်းကိုထိုးကာ မီးထွန်းထားလေသည်။လူတစ်ယောက်က ရှေ့ထွက်လာပြီး တိုးဆီ နှင်းဆီဖြူ ပန်းစည်းအကြီးကြီးကို ပေးလာလေသည်။တိုး ထိုပန်းစည်းကို လက်ခံလိုက်ပြီးနောက် ကိုမဟော့်ကိုကြည့်လိုက်လေသည်။ကိုမဟော်က တိုးကိုပြုံးကြည့်နေရင်းဆိုလာလေသည်။
"တိုး ဆုတောင်းပြီး မီးမှုတ်လိုက်အုံးလေ"
တိုးလည်း ဆုအနည်းငယ်တောင်းပြီးနောက်မီးမှုတ်လိုက်လေသည်။ထိုအခါ ကိုမဟော်က တိုးကို ကြည်နူးစွာ ကြည့်ရင်းဆိုလာလေသည်။
"တိုး မွေးနေ့မှာ ပျော်ရွှင်ပါစေနော်"
တိုး လည်း အရမ်းပျော်ရွှင် သွားတာကြောင့် ကိုမဟော့်ကို နှစ်လိုဖွယ်ပြုံးပြရင်း ပြောလိုက်လေသည်။
"ကိုမဟော် တိုးအရမ်း ပျော်တာပဲ ကျေးဇူးတင်ပါတယ်နော် တိုးဘဝမှာ မမေ့နိုင်တဲ့မွေးနေ့လေးကိုကျင်းပပေးတဲ့အတွက်"
"ကိုယ်က တိုးကိုပျော်စေချင်လို့ပါ ကယ် ကိုယ့်ကိုကိတ်မုန့်လေးခွဲပြီး ကျွေးအုံးလေ"
ထိုအခါမှ တိုး ပန်းစည်းလေးကိုဘေးချရင်းကိတ်မုန့်လေးကိုခွဲပြီး ကိုမဟော်ကိုခွံကျွေးလိုက်လေသည်။ခုနကလူတွေကတော့ အခန်းအပြင်သို့ထွက်သွားကြလေသည်။ထို့နောက်မဟော်က တိုးကိုကြည့်ကာ ဆိုရင်း ဘူးလေးတစ်ဗူးကို စားပွဲပေါ်တင်ကာ တိုးဆီသို့ တွန်းပေးလာလေသည်။
"ဒါက တိုးအတွက် ကိုယ့်ရဲ့မွေးနေ့လက်ဆောင်ပါ"
တိုးက မဟော်ပေးလာသောဗူးလေးကိုယူပြီးနောက် ကိုမဟော်ကိုကြည့်ကာ ပြောလေသည်။
"ထပ်ပြီးတော့လား အခုလိုကျင်းပပေးတာနဲ့တင် တိုးအတွက်လက်ဆောင်အနေနဲ့ လုံလောက်နေပါပြီ ကိုမဟော်ရဲ့ "
တိုးက အားနာသလိုပြောတော့ကိုမဟော်ကာ တိုးကိုပြုံးပြကာ ပြောလေသည်။
"အဲ့တာက တိုးကိုပျော်စေချင်လို့ကျင်းပပေးတာလေ အခုဟာက ကိုယ့်ရဲ့သီးသန့်မွေးနေ့လက်ဆောင်လေးပါ ဖွင့်ကြည့်လိုက်ပါတိုးရဲ့ တိုးကြိုက်ရဲ့လားလို့"
တိုးလည်း ကိုမဟော် ပြောသည့်အတိုင်း ဘူးလေးကိုဖွင့်ကြည့်လိုက်လေသည်။ထိုအခါ ဗူးလေးထဲတွင်လှပစွာ တည်ရှိနေသောဆွဲကြိုးလေးကိုတွေ့လိုက်ရလေသည်။ဆွဲကြိုးလေးကပလက်တီနမ်ဆွဲကြိုးလေးဖြစ်ပြီး ပုလဲသေးသေးလေးကို စိန်သေးသေးလေးတွေနဲ့ပတ်ကာစီခြယ်ထားတဲ့လော့ကပ်သီးလေးကိုချိတ်ဆွဲထားလေသည်။အရမ်းကိုလှပလွန်းတဲ့ဆွဲကြိုးလေးဖြစ်ပါသည်။ထိုအချိန်တွင် ကိုမဟော်က ပြောလာလေသည်။
"တိုးအတွက် အစက နှင်းဆီဖြူလေးလုပ်ပေးမလို့ပါပဲ ဒါမဲ့ကိုယ့်စိတ်ထဲ ဒီပုလဲက တိုးနဲ့ ပိုလိုက်မယ်ထင်လို့ ဘယ်လိုလဲ တိုး ကြိုက်ရဲ့လား"
တိုး ကမျက်ရည်လေးတွေဝဲရင်း ကိုမဟော်ကို ပြုံးပြကာ ပြောလေသည်။
"တိုး သိပ်ကြိုက်တာပဲ အရမ်းကိုကြိုက်တယ် ကျေးဇူးတင်ပါတယ် ကိုမဟော်"
"တိုးကြိုက်လို့တော်သေးတာပေါ့ တိုးက ဒီလို အဆင်တန်ဆာတွေဆို ဝတ်တာမတွေ့တော့ ကြိုက်များကြိုက်ပါ့မလားလို့ ကိုယ်ကစိုးရိမ်နေတာ တော်သေးတာပေါ့ တိုးကကြိုက်တယ်ဆိုလို့"
"တိုးက ဝတ်နေကြမဟုတ်လို့မဝတ်တာပါနောက်ပြီး သူများတွေလိုအပိုဝတ်တာတွေကိုတိုးမကြိုက်လို့ အဲ့ကြောင့်မဝတ်ဖြစ်တာ"
"အဲ့တာဆို တိုးကိုယ့်အတွက်ဒါလေးတော့ဝတ်လိုက်ပါနော် ကိုယ် တိုးကိုဆွဲပေးလို့ရမလား"
တိုးရှက်ပြုံးလေးနဲ့ပြုံးကာ ခေါင်းညိတ်လိုက်တော့ ကိုမဟော်က ထိုင်နေရာမှထပြီးတိုးရဲ့ အနောက်သို့ရောက်လာကာ တိုးရဲ့လည်တိုင်ထပ်သို့ ထိုဆွဲကြိုးလေးကိုဆွဲပေးလာလေသည်။ထို့နောက်ကိုယ်မဟော်က သူ့နေရာသူပြန်ထိုင်ပြီးတိုးကိုကြည့်လာလေသည်။ဖြူဖွေးသွယ်လျှသောလည်တိုင်ထပ်တွင် မဟော်ပေးသောဆွဲကြိုးလေးကိုဆွဲထားသည့်တိုးက အရမ်းကိုလှနေပါသည်။မဟော်မထင်ထားဘူး ဆွဲကြိုးလေးနဲ့တိုးက အရမ်းလိုက်ဖက်နေမည်ဆိုတာကို အခုမှပဲ တိုးက ပိုပြီးကျက်သရေရှိသွားလေသည်။ကိုမဟော်က တိုးကို ကြည့်နေသည်မှာကြာပြီးဖြစ်သောကြောင့် တိုးက ရှက်ရယ်လေး တစ်ချက်ရယ်ရင်း ကိုမဟော်ကိုပြောလိုက်လေသည်။
"ကိုမဟော် ဘာလို့တိုးကို အဲ့လောက်တောင်ကြည့်နေရတာလဲ တိုး နေတောင်မနေတတ်တော့ဘူး"
ထိုအခါ မဟော်ကပီတိဖြစ်နေကာကြည်ကြည်နူးနူးပြုံးပြရင်းတိုးကိုပြောလိုက်လေသည်။
"ကိုယ့်ရဲ့ တိုးက အရမ်းတွေ လှနေလို့ပါ"
ထိုအချိန်တွင် waiterတွေကအခန်းထဲဝင်လာပြီး ဟင်းပွဲတွေကို ချပေးလာလေသည်။သူတို့လဲ အခန်းပြင်ပြန်ထွက်သွားပြီးနောက် တိုးတို့လည်း စကားတပြောပြောနဲ့ပျော်ရွှင်စွာ နေလည်စာ စားကြလေတော့သည်။နေ့လည်စာစားပြီးနောက် မဟော်က တိုးကို ပြန်လိုက်ပို့ဖို့ ပြင်နေသောအခါ တိုးက မဟော်ကို စကားပြောကောင်းသည့်တစ်နေရာသို့သွားပြီး ကားကိုရပ်ရန်ပြောလေသည်။ထိုအခါ မဟော်က ကန်ဘောင်တစ်နေရာသို့သွားပြီး ကားကိုရပ်လိုက်လေသည်။မဟော်က ကားပေါ်က ဆင်းပြီး ကန်ဘောင်နား သွားကာ မက်တပ်ရပ်ရင်း ကန်ရေပြင်ကို ငေးငေးမောမောကြည့်နေမိသည်။မဟော်က တိုးအနားရောက်လာပြီးနောက်  တိုးဘေးမှာရပ်ကာ တိုးနည်းတူကန်ရေပြင်ကိုကြည့်ပြီးတိုးကိုပြောလာလေသည်။
"တိုး ကိုယ့်ကိုဘာပြောစရာရှိလို့လဲဟင်"
တိုးက ကန်ရေပြင်ကိုဆက်ကြည့်နေရင်း ပြောလေသည်။
"ကိုမဟော်သိလား တိုးဘဝမှာ ဘယ်သူ့ကိုမှမချစ်ဖူးဘူးဆိုတာ"
တိုးက ထိုသို့ပြောတော့ ကိုမဟော်ကတိုးကိုလှည့်ကြည့်လာလေသည်။တိုးကဆက်ပြောသည်။
"အမှန်ပြောရရင် အချစ်ဆိုတဲ့အရာကို မယုံလို့ပေါ့ လူတစ်ယောက်ကြောင့် မယုံတော့ဘူးလို့ပြောရင် ယုံပါ့မလား တိုးအချစ်ကို ကြောက်သွားတယ်ဆို ပိုမှန်ပါလိမ့်မည် အဲ့လူကြောင့်ပဲ တိုးရဲ့ဘဝက ဒီလိုဖြစ်လာရတာပဲ တိုးအဲ့အကြောင်းတွေကို မပြောပြချင်ဘူး"
"တိုးမပြောပြချင်ရင်ရပါတယ်တိုးရဲ့"
တိုးက မဟော်စကားကိုခေါင်းညိတ်ပြပြီးနောက်ထပ်ပြောလာသည်။
"ကိုမဟော် ကိုမဟော်ဆီမှာ အခုကိုမဟော်အရမ်းချစ်ရတဲ့ချစ်သူရှိလား"
"ကိုယ်မှာ ချစ်သူမရှိပါဘူး အင် ဟုတ်တယ် မရှိသေးဘူး"
မဟော်စကားကို ကြားတော့တိုးက ဆက်ပြောလာလေသည်။
"ကိုမဟော်သိလား တိုး အခု ရှေ့ဆက်တိုးသင့်လား မတိုးသင့်ဘူးလားဆိုတဲ့ အချစ်တစ်ခုနဲ့တွေ့နေမိပြီ  နောက်ပြီးတိုး ရှေ့ဆက်တိုးဖို့ကို ဆုံးဖြတ်လိုက်တယ်"
တိုးက ပြောရင်း မဟော်ကိုလှည့်ကြည့်လိုက်လေသည်။ထို့နောက်တိုးက ရင်ထဲက စကားတွေကို ကန်ရေပြင်ကြီးကိုသက်သေတည်ရင်း ပြောလိုက်သည်။
"ကိုမဟော် တိုး ကိုမဟော်ကို အရမ်းချစ်တယ် ကိုမဟော် တိုးကိုလက်ခံနိုင်မလားဟင်"
တိုးပြောပြီးသည့်နောက် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မဟော့်ကိုမျော်လင့်တကြီး ကြည့်မိလေသည်။မဟော်က တိုးစကားကိုကြားတော့ အံ့သြစွာနဲ့တိုးကိုငေးမောကြည့်နေလေသည်။ထို့နောက် ကိုယ်မဟော်က တစ်ခုခုတွေးမိနေရင်းနဲ့မှအထစ်ထစ် အငေါ့ငေါ့နဲ့ ပြောလာလေသည်။
"ကိုယ် ကိုယ် ကိုယ် ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး"
မဟော်စကားကိုကြားတော့ တိုးက စိတ်မကောင်းဖြစ်သွားပင်မဲ့လဲ သူဒီလိုကြုံရမယ်မှန်း မျော်လင့်ပြီးသားဖြစ်ပါသည်။ထို့ကြောင့်တိုးက မဟော်ကိုကြည့်ကာ ပြောလိုက်လေသည်။
"ကိုမဟော် လက်မခံနိုင်လဲ ဘာမှမဖြစ်ပါဘူး ဒီတိုင်း တိုးက ကိုယ့်ခံစားချက်တွေကို ဖွင့်ပြောပြချင်လို့ပါ အချိန်ယူပြီးတော့ စဉ်းတော့စဉ်းစားစေချင်တာပေါ့ ဒါမဲ့ အခုတော့ ပြန်ကြတာပေါ့"
တိုးက ပြောပြီးနောက် ကားဆီသို့သွားရန်လှည့်အထွက် မဟော်က တိုးရဲ့လက်တစ်ဖက်ကိုလှမ်းဆွဲလာလေသည်။တိုးလည်း လန့်သွားပြီး ကိုမဟော့်ကိုပြန်လှည့်ကြည့်လိုက်တော့ မဟော်က တိုးရဲ့လက်နှစ်ဖက်ကိုအတူဆုတ်ကိုင်ရင်း သက်ပျင်းလေးဖွဖွချကာစိတ်ဆုံးဖြတ်လိုက်တဲ့ပုံမျိုးနဲ့ပြောလာလေသည်။
"ကိုယ်တိုးကို လက်မခံနိုင်လိုမဟုတ်ပါဘူး တိုးရယ် စိတ်မကောင်းမဖြစ်ပါနဲ့ တိုးမျက်နှာလေးညှိုးရင်ကို ကိုယ်ကမနေနိုင်လို့ပါ ကိုယ်ကဒီတိုင်း တိုးဖွင့်ပြောလာမှာကို မထင်ထားလို့ အံ့သြသွားယုံတင်ပါ"
ထို့နောက်မဟော်က တိုးကို ပြုံးပြရင်းပြောလိုက်လေသည်။
"တိုး ကိုယ်လည်း မင်းကိုအရမ်းချစ်တယ်"
ထိုစကားကြားတော့ တိုးရင်ထဲ လှိုင်းလုံးကြီးပုတ်ခတ်သွားသလိုခံစားလိုက်ရသည်။ထို့နောက်တိုးက မယုံကြည်သလိုနဲ့မေးလိုက်လေသည်။
"ကိုမဟော် တကယ်ပြောတာလားဟင်"
ထိုအခါ မဟော်က တိုးကိုဖက်လိုက်ရင်း ပြန်ပြောလိုက်လေသည်။
"မောင် မောင်လို့ခေါ်ပါ တိုးရဲ့ မောင် မင်းကို အရမ်းချစ်တယ် သိပ်ကိုမြတ်နိုးမိပါတယ်တိုးရယ်"
ထိုနေ့က တိုးရဲ့မွေးနေ့လေးမှာပဲ တိုးတို့နှစ်ယောက် ချစ်သူတွေအဖြစ်အတိအလင်းပင်ဖြစ်သွားလေသည်။ကိုမဟော်က  တိုးရဲ့ဘဝမှာ မမေ့နိုင်တဲ့နေ့လေးတစ်နေ့ကိုဖန်တီးပေးခဲ့လေသည်။ထိုနေ့လေးသည်တိုးဘဝမှာအပျော်ဆုံးနေ့လေးဖြစ်ပါသည်။
"တိုးလည်း အရမ်းချစ်ရပါသည် မောင်"
***********
အား အရှည်ကြီးရေးခဲ့ရသည် ဆောင်းအရမ်းကြိုက်တဲ့ အပိုင်းလေးဖြစ်ပါသည် စာဖတ်သူတို့လည်း ကြည်ကြည်နူးနူးဖတ်ရမယ်လို့လဲယုံကြည့်မိပါသည်သည်အပိုင်းလေးရေးပြီး ဆောင်းမှာ ခနခနပြုံးနေရတယ် စာဖတ်သူတို့ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်နော်
လေးစားလျက်ပါ🥰🥰🥰🥰
#############