ရှဲ့ဟယ်ကိုတင်းကြပ်စွာပွေ့ဖက်ထားတဲ့ လီဟုန်ရွှမ်းက အမူအရာတစ်စက်လေးမှပြောင်းမသွားခဲ့တဲ့အပြင် ရှဲ့ဟယ်ရဲ့ နားသံသီးလေးကို ခပ်ဖွဖွကိုက်ခဲလိုက်ပြီး လေသံတိုးတိုးနဲ့....
"အသံမထွက်စေနဲ့နော်....နို့မို့ဆို ကျွန်တော်တို့အထဲမှာရှိမှန်း သိသွားလိမ့်မယ်...."
ဆရာ့ရဲ့ သိသာထင်ရှားတဲ့အမူအရာလေးတွေကို သူတကယ်နှစ်သက်မိပေမယ့် အတတ်နိူင်ဆုံးမသိသာအောင်ထိန်းထားရလိမ့်မယ်.....လီဟုန်ရွှမ်း တမင်တကာ အတင်းကာရော ထိုးသွင်းလိုက်တာကြောင့် ရှဲ့ဟယ်ရဲ့သူငယ်အိမ်တွေကြုံ့ဝင်သွားတယ်....ဆရာ့ရဲ့ပါးစပ်ကို လက်နဲ့အုပ်ထားပေမယ့် ဆရာကတော့ ညီးတွားသံတစ်ချို့ထုတ်လွှတ်ပြီး ရုန်းကန်နေပြန်တယ်.... ခုခံနိုင်စွမ်းမဲ့သွားတာကြောင့် လက်နှစ်ဖက်ထောက်ပြီး ထိန်းထားရာကနေ သတိလက်လွတ် ထိုင်ချလိုက်မိချိန်မှာ လီဟုန်ရွှမ်းရဲ့ အရာက ရှဲ့ဟယ်ရဲ့ အတွင်းပိုင်းထဲကို နက်ရှိုင်းစွာဝင်ရောက်သွားခဲ့လေတယ်....ရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြင်စထန်စွာတုန်ရီလာပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတယ်....
ထိုမျက်ရည်စက်တွေကို လီဟုန်ရွှမ်းလျှာဖျားတွေနံ သုတ်ဖယ်ပေးနေတယ်....အနည်းငယ် ငန်ပြတဲ့ ထိုမျက်ရည်စက်တွေက သူ့အတွက်တော့ သောက်လေ သောက်လေ အငတ်မပြေနိုင်သည့် ပင်လယ်ရေများပမာ......
"မငိုနဲ့...ခင်ဗျား ဒီလိုဆက်ငိုနေမယ်ဆို ကျုပ်ကိုယ်ကျုပ် ထိန်းထားနိူင်မှာ မဟုတ်တော့ဘူး..."
လီဟုန်ရွမ်းရဲ့ လေသံက တစ်မျိုးတစ်ဖုံ စွဲမက်ဖွယ်ကောင်းပေမယ့်လဲ ယုတ်မာတဲ့အရိပ်အငွေ့တစ်ချို့ ရောယှက်နေတယ်....ဆရာ့ရဲ့ ထိတ်လန့်နေတဲ့ အမူအရာကို သေချာစိုက်ကြည့်လိုက်ပြီး တုန်ရီနေတဲ့ မျက်တောင်ဖျားလေးတွေကို နမ်းလိုက်တယ်.....
တံခါးခေါက်နေတဲ့သူက အတော်ကြာတဲ့အထိ အသံမကြားတဲ့အတွက် ဘယ်သူမှမရှိဘူး အထင်နဲ့ လှည့်ပြန်သွားတယ်.....
တရွေ့ရွေ့ဝေးကွာသွားတဲ့ ခြေသံကိုနားထောင်ရင်း ဆရာ့ခန္ဓာကိုယ်တစ်ခုလုံး သူ့အပေါ် လဲပြိုကျလာတယ်...အပြစ်ပေးတာ တော်သင့်ပြီ....ဒီထက်ပိုပြီး အနိုင်ကျင့်နေရင် ဆရာသူ့အပေါ် စိတ်နာ သွားလိမ့်မယ်....ဒါ့ကြောင့် အထဲမှာ မပြီးလိုက်ဘဲ ရှဲ့ဟယ်ကို ကုတင်ပေါ် တင်ပေးလိုက်တယ်.....
ရှဲ့ဟယ်ရဲ့ ခြေထောက်တွေ တုန်ယင်နေပြီး ခွန်အားမဲ့စွာပျော့ခွေနေတယ်...လီဟုန်ရွမ်း ဆရာ့ကို ဘောင်းဘီပြန်ဝတ်ပေးလိုက်ပြီး....
"ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်....နောက်တစ်ခါဆို လွယ်လွယ်ခွင့်လွှတ်ပေးမှာမဟုတ်တော့ဘူး..."
ပြောပြီးတာနဲ့ သူ့ရဲ့ မပြီးဆုံးသေးတဲ့ အရာကို ဖြေရှင်းဖို့ ရေချိုးခန်းထဲဝင်သွားလိုက်တယ်....
[444: Host တာ့တာ့ ထတောင်မတောင်နိုင်လောက်တဲ့အထိ အရမ်းကောင်းတာပဲလား??]ဒါပေါ့...444 ဉာဏ်ကောင်းနေပြီလေ....
[ရှဲ့ဟယ်: Baby မင်းရုတ်တရက်ကြီး ဉာဏ်ကောင်းလာတာကို အသားမကျနိုင်သေးဘူး...]
[444: ဟီးးး]
[ရှဲ့ဟယ်:.......]သူ့ရဲ့ systemလေး ဘာဖြစ်သွားတာလဲ... ရုတ်တရက် အေးစက်သွားသလို ခံစားနေရတယ်.....
လီဟုန်ရွမ်း ရေချိုးခန်းထဲကထွက်လာတော့ နံရံကိုမှီပြီး ထိုင်နေတဲ့ ဆရာ့အနားကို ခြေလှမ်းကျဲကြီးတွေနဲ့ အမြန်လျှောက်သွားလိုက်တယ်.....
ရှဲ့ဟယ် အထိတ်တလန့်နဲ့ ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို ကွေးထားလိုက်တယ်...သူ့အကြည့်တွေက... မင်းဘာလို့ မပြန်သေးတာလဲ လို့မေးနေပုံပေါက်နေတယ်.....
ဆရာ့ရဲ့ သနားစရာအသွင်အပြင်လေးကြောင့် လီဟုန်ရွှမ်းရဲ့ နှလုံးသားထဲမှာ နူးညံမှုတွေပေါက်ဖွားလာတယ်....
"အစားကောင်းကောင်းစားဖို့မမေ့နဲ့....ဆရာ့ကိုကြည့်ရတာ အားမရဘူး..."
ဆရာ့ကို တစ်ချက်နမ်းလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်သွားခဲ့ရတယ်....
[ရှဲ့ဟယ်: အဖိုးတန်တပည့်လေးပဲ....]
[444: .....] ဒီပုံစံဖြစ်တဲ့အထိ အလုပ်ခံထားရ တာတောင် သူ့ကို တပည့်ကောင်းလေးလို့ထင်နေတယ်ပေါ့...မဟုတ်သေးဘူး...လီဟုန်ရွမ်း တကယ်ကောင်းလို့လဲ Hostတာ့တာ့က ဒီပုံစံဖြစ်တဲ့အထိ အလုပ်ခံတာနေမှာ....
[ရှဲ့ဟယ်: ငါ့ကိုယ်ငါ ဂရုစိုက်ပါတယ်...ငါ့ခန္ဓာကိုယ်က မပိန်လွန်း မဝလွန်းတဲ့ အနေတော် size လေးပါ...ဒါပေမယ့် ငါ့တပည့်လေးက ငါကို ပြည့်ပြည့်လေး ဖြစ်စေချင်တယ်...သူ တကယ်ငါ့ကို အချစ်စစ်နဲ့ ချစ်လို့ ပြည့်ပြည့်လေးဖြစ်စေချင်နေတာကွ....]
[444: ......ဂုဏ်ယူပါတယ် Hostတာ့တာ့ အခုဆို နှစ်သက်မှု 90 ဖြစ်သွားပြီ...]ဒီလိုစကားတွေကြားတာတောင် ငါလေး မတုန်လှုပ်တော့ဘူး....ငါ ဘာတွေဖြစ်နေပြီလဲ???
………………………… …………………………
မနေ့တုန်းက ရလဒ်တွေ တကယ်ကောင်းတယ်....ကြိုးစားခဲ့သမျှ အရာထင်တယ်...စားပွဲပေါ်က အရာတွေကို ထင်သာမြင်သာရှိအောင် သူကိုယ်တိုင် ပြင်ဆင်ထားခဲ့တာပါ...လောကမှာ အရည်အချင်းရှိသူတွေပေါ်များပေမယ့် ကိုယ်အရည်အချင်းကို လူများသိအောင် ထုတ်မပြန်နိုင်သူတွေလဲ ဒုနဲ့ဒေးပါပဲ...ထိုသို့သော လူစားထဲမှာ မူလခန္ဓာကိုယ်ပိုင်ရှင် စုယန်လဲ တစ်ယောက်အပါပဲလေ....ရှဲ့ဟယ်ကတော့ စုယန်နဲ့ ဆန့်ကျင်ဘက်ပဲ...သူ့အရည်အချင်းတွေကို ထုတ်ပြဖို့ ဘယ်တုန်းကမှ လက်မနှေးခဲ့ပေ....ဘာ့ကြောင်လဲဆိုတော့ မင်းရဲ့ ကောင်းကွက်တွေကို အော်ပြောနေရုံနဲ့ တခြားသူတွေနားလည်မှာမဟုတ်တာကြောင့်ပါ...မင်းရဲ့ အပြင်ပန်းအသွင်ပြင် ကိုကြည့်ရုံနဲ့ မင်းရဲ့စစ်မှန်တဲ့အတွင်းစိတ်ကို တခြားသူတွေနားလည်နိုင်မယ်လို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့....သူတို့ချက်ချင်း နားမလည်နိူင်ရင် နောက်မှကြိုးစားနေလို့လဲ အကျိုးထူးနိုင်မှာမဟုတ်တော့ပေ....
ရှဲ့ဟယ်ပြုံးလိုက်တယ်.... နှစ်သက်မှု 90....ဒါဆို mission ပြီးလုဆဲဆဲဖြစ်နေပြီပေါ့....
ရှဲ့ဟယ်က တစ်ခုခြင်းစီကို အဓိပ္ပါယ်ရှိရှိ လုပ်ဆောင်တတ်သူတစ်ယောက်ပါ....နောက်တစ်နေ့နံနက် နေမထွက်ခင်ကတည်းကနေ လီဟုန်ရွှမ်းအတွက် နံနက်စာ ဝယ်ဖို့ အဆောင်ကနေ ထွက်လာခဲ့တယ်....
နံနက်စာဝယ်ဖို့ ကိစ္စကိုမေ့ထားလို့မှမရတာ...ထမင်းစားကတ်ဒ်က သူ့လဲထဲမှာ မဟုတ်လား.....အရင်ရက်တုန်းက နေမကောင်းဖြစ်နေတဲ့အတွက် လီဟုန်ရွမ်း ဒီကိစ္စကို မေ့နေပေမယ့် သူကတော့ ဘယ်မေ့လို့ဖြစ်ပါ့မလဲ...ဒါက အိမ်တံခါးဝတည့်တည့်ရောက်လာတဲ့အခွင့်အရေးမလား....ပြီးတော့ ရှဲ့ဟယ်က ဘယ်တုန်းကမှ အခွင့်ကောင်းကို လက်လွှတ်မခံခဲ့ပေ....
နူ့ညံ့သိမ်မွေ့၊ စာနာသည်းခံ၊ကျိုးနွံ နာခံတတ်တဲ့ ဆရာတစ်ယောက်ဖြစ်တဲ့ ရှဲ့ဟယ်က နံနက် ၆နာရီကတည်းက နံနက်စာဝယ်ပြီး လီဟုန်ရွှမ်းရဲ့အဆောင်ဆီကို ချီတက်ခဲ့တယ်...အစားအသောက်တွေအေးသွားမှာစိုးလို့ အပူခံဘူးလေးနဲ့တောင် ထည့်ထားလိုက်သေးတယ်....အဆောင်ကို ရောက်တာနဲ့ တံခါးမခေါက်ဘဲ ဒီအတိုင်း စောင့်နေလိုက်တယ်.....
တစ်နာရီလောက် စောင့်ပြီး 7 နာရီထိုးလောက်မှာ အခန်းတံခါးပွင့်လာခဲ့တယ်....
ပထမဆုံးထွက်လာသူက အဆောင်ရဲ့လူထူးဆန်းလေး ချန်ဂု.....သူက တစ်ချိန်လုံး စာကြည့်တိုက်သွားလိုက် ကျောင်းစာထဲအာရုံစိုက်လိုက်ဆိုတော့ စွန်းဇီယန်တို့ အယ်လန်တို့နဲ့ သိပ်မတွဲဖြစ်တာကြောင့် ရှဲ့ဟယ်နဲ့ သိပ်မဆုံဖြစ်ကြပေ....
အအေးဒဏ်ကြောင့် ပြာနှမ်းတော့မတတ် ဖြစ်နေတဲ့ ရှဲ့ဟယ်ကို ချန်ဂုတစ်အယောက် မျက်မှန်ကိုပင့်လိုက်ပြီး တအံ့တသြကြည့်နေတယ်....
"ဆရာ...ဆရာစု...ဘာကိစ္စရှိလို့လဲ??"
"ကျောင်းသားလီဟုန်ရွှမ်းအတွက် နံနက်စာဝယ်လာပေးတာ..."
ချန်ဂုရဲ့ မျက်ဝန်းတွေထဲမှာညစာနာသနားမှုအရိပ်ယောင်တွေဖြတ်ပြေးသွားတယ်...လီဟုန်ရွှမ်း တော်တော်လွန်နေပြီ....ဆရာ့ကိုနှိပ်စက်ရတာအားမရသေးလို့ နံနက်စာပါဝယ်ခိုင်းလိုက်သေးတယ်....သို့ပေမယ့်လဲ လီဟုန်ရွှမ်းရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်လောက်တဲ့အထိ သူ့အနေအထားက အဆင့်မမှီသေးဘူးဆိုတော့လဲ....
"ဘာလို့ တံခါးမခေါက်လိုက်တာလဲ??"
ရှဲ့ဟယ် ခန္ဓာကိုယ်ကို မသိမသာ ကျုံ့လိုက်ပြီး.....
"မင်းတို့ အိပ်နေတာကို နှောက်ယှက်မိသွားမှာစိုးလို့...."
"......."
ချန်ဂု သည်းမခံနိုင်တော့ပေ....ဒီကောင်လီဟုန်ရွှမ်း ဆရာ့ကို ဘယ်လောက်တောင် နှိပ်စက်ထားလို့ ဆရာက တံခါးတောင် မခေါက်ရဲရတာလဲ...ဒီအတိုင်းထိုင်စောင့်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ???ချန်ဂု သက်ပြင်းချလိုက်ပြီး......
"ကျွန်တော် သူ့ကို သွားခေါ်ပေးမယ်.... "
ကျေးဇူးတင်တဲ့ အရိပ်အယောင်တွေပြည့်နေတဲ့ တောက်ပတဲ့အကြည့်တွေနဲ့ ချန်ဂုကို မော့ကြည့်လိုက်ပြီး....
"ကျေးဇူးတင်ပါတယ် ...."
ချန်ဂုက အမူအရာမပြောင်းဘဲ....
"ရပါတယ်..."
[တင်းတောင် ချန်ဂုရဲ့ နှစ်သက်မှု 10 မှတ်တိုးသွားပါပြီ... စုစုပေါင်း 30 ပါ....]
ချန်ဂု သွားခေါ်ရသေးခင်မှာတင် လီဟုန်ရွှမ်းတစ်ယောက် ရှဲ့ဟယ်ရဲ့ အသံကြားမိလိုက်တာကြောင့် အပြင်ထွက်လာခဲ့တယ်.... အပြင်ရောက်တော့ ရှဲ့ဟယ်ကို တကယ်ကြီး တွေ့လိုက်ရတဲ့အတွက် မေးလိုက်မိတယ်....
"ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ??"
နံနက်စာဝယ်ခိုင်းတဲ့ ကိစ္စကို ငယတကယ်မေ့နေပါပြီ....ထမင်းစားကတ်ဒ်ပေးလိုက်တယ်ဆိုတာကလဲ ရှဲ့ဟယ်ကို အစားကောင်းကောင်း စားစေချင်ရုံသက်သက်ကြောင့်ပါ....သူဒီလိုမှ မပြောလိုက်ရင် ဆရာက သူ့ကတ်ဒ်ကို မသုံးရဲဘဲနေလိမ့်မယ်....
လီဟုန်ရွမ်းကိုမြင်တာနဲ့ ရှဲ့ဟယ်က လက်ထဲက အပူခံဘူးကို ကမ်းပေးလိုက်တယ်....
"ငါ နံနက်စာဝယ်လာတယ်..."
လီဟုန်ရွှမ်းရဲ့ မျက်ဝန်းတွေထဲမှာ ပျော်ရွှင်မှုတွေယိုဖိတ်ကျလာတယ်....ဆရာ သူ့အတွက်
နံနက်စာ တကူးတက လာပို့တယ်တဲ့လား???သူများတွေပြောနေကျတဲ့ "love breakfast "ဆိုတာ ဒါမျိုးကိုပြောတာများလား??အပူခံဘူးလေးကို ကိုင်ထားတဲ့ ဆရာ့ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို မြင်လိုက်ရချိန်မှာ လီဟုန်ရွှမ်းတစ်ယောက် အေးစက်နေတဲ့ နှလုံးသားကို အမှိုက်ပုံးထဲပစ်ထုတ်လိုက်ပြီး ရင်ထဲမှာ ပျော်ရွှင်မှုတွေ လှိုက်တက်လာတယ်....ချစ်ခြင်းမေတ္တာရဲ့ လှပမှုဆိုတာ ဒါလား....သူ ဆရာ့ကို သဘောကျတာကြောင့် ဆရာဘာလုပ်လုပ် အကုန်သဘောကျနေတော့တာပါပဲ...ဒါ့ကြောင့် နူးညံ့ချိုသာတဲ့လေသံနဲ့....
"အိုး...အထဲဝင်ကိုမြန်မြန်ဝင်ခဲ့..."
အခန်းထဲရောက်တာနဲ့ အပူခံဘူးကို စားပွဲပေါ်တင်ပေးလိုက်ပြီး စိုးရိမ်တကြီး အမူအရာနဲ့....
"မင်း ဘာကြိုက်တတ်မှန်းမသိလို့ နည်းနည်းစီ စုံအောင်ဝယ်ခဲ့တယ်..."
"ရတယ်...ဆရာဝယ်ဘာဝယ်ဝယ် အကုန်ကြိုက်တယ်..."
လီဟုန်ရွှမ်းက ရှဲ့ဟယ်ကို မျက်တောင်မခတ်စတမ်း ကြည့်နေပြီး လက်ကို လှမ်းဆွဲလိုက်တယ်....အေးစက်နေတဲ့ လက်ဖျားတွေကြောင့် လီဟုန်ရွှမ်းရဲ့ နှလုံးသားလေးနာကျင်သွားခဲ့ရတယ်....
"အပြင်မှာ အေးတယ်...နောက်ဆို ဒီလိုမျိုး ဒုက္ခခံမနေနဲ့တော့..."
ရှဲ့ဟယ်က အံ့အားသင့်ပြီး စိတ်အေးသွားတဲ့ အမူအရာနဲ့ နာခံစွာနဲ့ခေါင်းညိတ်ပြလိုက်တယ်.....
မျက်ဝန်းတွေ တလက်လက်တောက်ပနေတဲ့ လီဟုန်ရွှမ်းက ပေါင်မုန့်တစ်လုံးကို တစ်ကိုက် နှစ်ကိုက်နဲ့တင် လက်စဖျောက်ပစ်လိုက်တယ်...
"နံနက်စာဝယ်ပေးဖို့ ဘယ်လိုကနေ စိတ်ကူးပေါက်သွားတာလဲ??"
ရှဲ့ဟယ် ခေါင်းငုံ့လိုက်ပြီး တုန်ရီနေတဲ့အသံနဲ့...
"မင်း...မင်းပဲ နံနက်ဟာ ဝယ်ပေးရမယ်ဆို...ပြီးတော့ ဒီမှာ မင်းရဲ့ ထမင်းစားကတ်ဒ်... ငါမင်းကို ပြန်ပေးလိုက်ပြီနော်..."
ရှဲ့ဟယ်ရဲ့ အပြုအမူနဲ့စကားလုံးတွေက လီဟုန်ရွှမ်းရဲ့ ပျော်ရွှင်မှုလေးကို ရေအေးတစ်ပုံးနဲ့ ဆေးချလိုက်သလိုဖြစ်သွားတာကြောင့် သူ့နှလုံးသားထဲမှာ အေးစက်ပြီး ဆိတ်သုဉ်းနေတဲ့ ကွပ်လပ်တစ်ခုသာကြွင်းကျန်ခဲ့တယ်....
ထမင်းစားကတ်ဒ်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် လှောင်ရယ်လိုက်တယ်....ဟုတ်သားပဲ...သူမေ့နေခဲ့တာ...ဆရာက သူ့စိတ်သူ့သဘောနဲ့ နံနက်စာဝယ်ပေးမယ်တဲ့လား...သူတစ်ချိန်လုံး ခြိမ်းခြောက် နေလို့သာ ပြန်မလှန်ရဲလို့နာခံနေတာမလား??အခုလဲ ကြည့်...အခွင့်ရေးရတာနဲ့ သူနဲ့ပတ်သတ်သမျှ နှောင်တွယ်မှုတွေကို ဖြတ်တောက်ဖို့ကြိုးစားနေတယ်လေ....
အရင်တုန်းက သိပ်အများကြီးမတွေးဘဲ ခြိမ်းခြောက်အနိုင်ကျင့်ခဲ့မိပေမယ့် အခုချိန်မှာတော့ ကိုယ်ကို ကျုံ့ထားတဲ့အထိကြောက်လန့်နေတဲ့ ဆရာ့ကို မြင်ရတာ မသက်မသာခံစားနေရတယ်....
စားချင်သောက်ချင်စိတ် ပျက်သွားကြောင့် လက်ထဲကတူကို ချထားလိုက်တယ်...
သူ ရှဲ့ဟယ်ကို မဝံမရဲကြည့်လိုက်ပြီး...
"ဒါဆိုလဲ မြန်မြန်လာစားလေ...အဲ့တုန်းကညကျွန်တော်နဲ့အတူစားပေးဖို့ပါ ပြောခဲ့တယ်မလား? ?"
သူ့လေသံက တည်ငြိမ်နေတဲ့အတွက် ရင်ဘက်ထဲက နာကျင်မှုကို ဘယ်သူမျှမသိလိုက်ပေ...တကယ်လဲ မှန်နေတာပဲမဟုတ်လား??သူ့ဆီကနေ ထွက်မသွားအောင်
ဆရာ့ကို တစ်ချိန်လုံး အတင်းအကြပ်ဖိအားပေး ခြိမ်းခြောက်ခိုင်းစေခဲ့တယ်လေ...
သူ့ရှေ့က လူကို နူးနူးညံ့ညံ ဆက်ဆံပေးချင်ပေမယ့် ဒီလူသူ့အနားမှာရှိနေဖို့ ကြမ်းရမ်းပြရုံကလွဲရင် သူ့မှာလဲ ရွေးစရာမှမရှိတော့တာ...
ကြမ်းတမ်းမှုတွေကိုရပ်တန့်လိုက်တာနဲ့ ဒီလူကို ထိတွေ့ပိုင်ခွင့် ဆုံးရှုံးရလိမ့်မယ်.....
ဒါဟာ အဆုံးမဲ့ဆိုးဝါးလွန်းတဲ့ သံသရာစက်ဝန်းတစ်ခုနဲ့အလားသဏ္ဍာန်တူနေတယ်...ဒါတေဃအကုန်လုံးကလဲ သူ့ရဲ့ အမှားတွေကြောင့်ပဲ ဖြစ်လာခဲ့တာလေ....
ဒါတွေနဲ့အသားကျလာနိုင်ပြီ ထင်နေပေမယ့် နေမထွက်ခင်ကတည်းက သူ့အတွက်နံနက်စာပြေးဝယ်ပြီး အခန်းရှေ့မှာ အအေးဒဏ်ကို အံတုပြီးအကြာကြီး ထိုင်စောင့်နေတဲ့ ဒီလူကြောင့် သူဒီထက်ပိုပြီး စိတ်မမာနိုင်တော့ဘူးပေါ့....
ဆရာ့ကို ချစ်တယ်လို့ အခုနေသွားပြောရင် ယုံမှာမဟုတ်တာ သေချာတာ....
သူ ဆရာ့အချစ်ကို ဒီတစ်သက်ရနိုင်မှာမဟုတ်တော့ဘူး....ခြေကုန်လက်ပန်းကျတဲ့
လှည့်ကွက်တွေသုံးပြီး ကြိုးစားရင်တောင် အဆုံးသတ်မှာ ပြန်ရတာနိူင်တာ အကြောက်တရားတစ်ခုပဲရှိလိမ့်မယ်....
သန်းခေါင်သန်းနွဲထိ ဂိမ်းဆော့ထားတဲ့ စွန်းဇီယန်က ဝက်တစ်ကောင်လို အိပ်ပျော်နေတယ်...သို့သော် အန်လန်ကတော့နိုးနေပြီဖြစ်တာကြောင့် ရေချိုးနေလေရဲ့....ရေချိုးခန်းထဲထွက်လာတဲ့ အယ်လန်က အပေါ်ပိုင်းဗလာနဲ့ အောက်က ဘောင်းဘီတိုတစ်ထည်ပဲဝတ်ထားတယ်...ရှဲ့ဟယ်ကို တွေ့လိုက်တာကြောင့် ခေါင်းကိုရေခြောက်အောင်မသုတ်တော့ဘဲ ....
" ဆရာ ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ??"
"ငါ...ငါ ကျောင်းသားလီဟုန်ရွှမ်းအတွက် နံနက်စာလာပို့တာ... "
ရှဲ့ဟယ် သူ့ကို မကြည့်ရဲဘူး....
အယ်လန်ရဲ့ မကျေမနပ်ဖြစ်သွားပြီး လီဟုန်ရွှမ်းကို ကဲ့ရဲ့လိုက်တယ်....
"အားရွှမ်း မင်းမှာ ခြေတွေလက်တွေ မပါလို့ ဆရာ့ကို နံနက်သာဝယ်ခိုင်းတာလား??ကိုယ့်ကို စာသင်ပေးတ့ဆရာကို လေးစားရကောင်းမှန်းမသိဘူးလား...မင်း ဆရာ့ကို အနိုင်ကျင့်နေတာများပြီနော်..."
နဂိုကတည်းကမှ ဒေါသထွက်နေပါတယ်ဆိုမှ အယ်လန်ရဲ့ ကဲ့ရဲ့သံတွေက ယမ်းပုံထဲ မီးစကျသွားသလိုဖြစ်သွားခဲ့တယ်...ဝုန်းကနေ ထရပ်လိုက်ပြီး လူသတ်တော့မယ့်အကြည့်မျိုးနဲ့ အယ်လန့်ကို စိုက်ကြည့်လိုက်တယ်.....
အယ်လန်က ဘာမှမဖြစ်ပေမယ့် ရှဲ့ဟယ်ကတော့ သေလောက်အောင်ကြောက်လန့်နေတယ်....ဒါ့ကြောင့် အယ်လန့်ကို အသနားခံတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး....
"သူ...ငါ့ကို အနိုင်မကျင့်ပါဘူး...မင်းအဲ့လိုမပြောသင့်ဘူး...."
ပါးစပ်ကသာ ဒီလိုပြောနေပေမယ့် သူ့မျက်ဝန်းတွေကတော့...
//ငါ့ကိုကူညီဖို့မကြိုးစားပါနဲ့...လီဟုန်ရွှမ်း ရဲ့ဒေါသကို မမြင်ဘူးလား...မင်း အဲ့လိုသွားပြောလေ ငါပိုပြီး အနှိပ်စက်ခံရလေပဲ....//
ဘာ့ကြောင့်မှန်းရယ်မသိ ဆရာ မျက်ရည်ဝဲသားနဲ့ အသနားခံနေတာကို မြင်တော့ အယ်လန့်စိတ်ထဲမှာ မကာကွယ်သင့်တော့မှန်း နားလည်လာတယ်....
ဒါ့ကြောင့် လီဟုန်ရွှမ်းရဲ့ ဖိအားပေးမှုတွေကြောင့် ဆရာ သူ့အနားမှ မနေချင်မှန်း သိလိုက်ရတယ်....စောစောစီးစီးကတည်းက လှည့်ကွက်တွေမသုံးခဲ့ရင် အခုဆို ဆရာကသူ့အပိုင်ဖြစ်နေလောက်ပြီ...ဒါဆို လီဟုန်ရွှမ်းလဲ ဘာမှတတ်နိုင်တော့မှာမဟုတ်ဘူး....
သူသာဆိုရင် ဆရာကို သေချညပေါက်
နူးညံ့သိမ်မွေ့စွာ ဆက်ဆံမှာ...ဒါဆို ဆရာလဲ အခုလိုကြောက်လန့်နေရမှာမဟုတ်ဘူး....
ဆရာ့ကို သူ့အရင်ဆုံးစတွေ့ပါရက်နဲ့ ဘာလို့များတခြားသူလက်ထဲ အဆုံးရှုံးခံလိုက်ရတာလဲ???
[တင်းတောင်...အယ်လန့်ရဲ့ 3မှတ်တိုးသွားပါပြီ... စုစုပေါင်း 88မှတ်ပါ...]
ရှဲ့ဟယ်ရဲ့ အမူအရာကိုမြင်တော့ လီဟုန်ရွှမ်းတစ်ယောက် သွေးဆောင့်တက်လာသလိုခံစားလိုက်ရတယ်....ဆရာ့အမြင်မှာ သူအဲ့သလောက်တောင်ကြောက်စရာကောင်းပြီး ယုတ်ကန်းနေတာလား???သူ့အချစ်တွေကို ဆရာ နည်းနည်းမှမရိပ်မိဘူးလား??ဆရာ့အမြင်မှာ သူက အယ်လန့်ထက်တောင် နိမ့်ကျနေတာလား?? ကြမ်းကြုတ်ရက်စက်တဲ့ ခံစားချက်တွေကြောင့် ရင်ဘတ်တစ်ခုလုံး မွန်းကြပ်လာတယ်....
လီဟုန်ရွှမ်း ရှဲ့ဟယ်ကို မခုခံနိူင်ခဲ့ပေ....ဒါပေမယ့် တစ်ဖက်လှည့်ပြီး အယ်လန့်ကို ထိုးကြိတ်လိုက်တယ်....
ရန်ပွဲစတင်လေပြီ....လက်သီးထိုးချက်တွေပျံဝဲနေတယ်...အယ်လန်က မညံ့ပေမယ့် လီဟုန်ရွှမ်းကိုတော့ မယှဉ်နိူင်ခဲ့ပေ...ခဏအကြာမှာ လီဟုန်ရွှမ်းတစ်ယောက် အယ်လန့်ကိုဘက်တစ်ဖက်နဲ့ လည်ပင်းညှစ်ပြီးနံရံမှာ ကပ်ထားလိုက်တယ်.....အယ်လန်က ခက်ခဲစွာ အသက်ရှုနေရသည့်တိုင် ခပ်တည်တည်နဲ့ သရော်နေသေးတယ်....
"ဘာလဲ အရှက်ခွဲခံလိုက်ရလို့ ဒေါသထွက်သွားတာလား??"
ဒီလိုရန်စကားကို လီဟုန်ရွှမ်း ဘယ်လိုသည်းခံနိူင်ပါ့မလဲ??အယ်လန်ရဲ့ ခပ်ချောချောမျက်နှာကို ထပ်ထိုးဖို့ လက်သီးရွယ်လိုက်စဉ်မှာ တစ်ယောက်ယောက်က သူ့ကို လှမ်းဆွဲထားနေတယ်....
စွန်းဇီယန် သေချင်စိတ်ပေါက်တဲ့အထိ စိတ်ဓာတ်ကျနေပြီ....အိပ်ကောင်းခြင်းနဲ့အိပ်စက်နေတဲ့ သူ့ခင်မျာ ဟိုနှစ်ကောင်ရဲ့ စကားများသံတွေကြောင့်လန့်နိုးခဲ့ရတယ်...ပြန်အိပ်မလို့လုပ်တုန်းရှိသေးတယ်..ဟိုနှစ်ကောင် ထသတ်ကြတာကြောင့် ဝင်ဆွဲရပြန်တယ်...
လီဟုန်ရွှမ်းကို စိတ်ရှိတိုင်းသာလွှတ်ပေးလိုက်ရင် အယ်လန် ကိုယ်တစ်ပိုင်းသေသွားနိူင်တယ်...ပြသာနာက ဒါနဲ့တင် မပြီးသေးဘူး...အမွေခံ သခင်လေးနှစ်ယောက်က အချစ်တော်လေးတစ်ယောက်အတွက်နဲ့ ရန်သတ်ကြတယ်ဆို မိသားစုချင်းပါပြာသာနာတက်လာလိမ့်မယ်...ပြီးတော့ သနားစရာကောင်းတဲ့ဆရာက ဒီမွန်းစတားနှစ်ကောင်ရဲ့ဒေါသကို ဘယ်လိုရင်ဆိုင်နိုင်ပါ့မလဲ...အဲ့တော့ သူကလွဲရင် ဝင်ဆွဲမယ့်သူ ဘယ်သူရှိသေးလဲ....
စွန်းဇီယန် တကယ်ကိုနာကျင်နေပါပြီ....ဘယ်လိုအမှားမျိုးကျူးလွန်ခဲ့မိလိုလဲ....လီဟုန်ရွှမ်းကို ဆွဲသာဆွဲနေရတယ်...သေလောက်အောင်လဲကြောက်တယ်....
"အားရွှမ်း! !!စိတ်လျော့ပါဉီး....အားရွှမ်း!!!"
စွန်းဇီယန် ထိုကဲ့သို့ အော်လိုက်ပြီး လီဟုန်ရွှမ်းကို နောက်ကနေ တင်းနေအောင်ဖက်ထားလိုက်တယ်....
လီဟုန်ရွှမ်း ဒေါသတကြီးအတင်းရုန်းနေတာကြောင့် စွန်းဇီယန်ဆီနေ အရိုးအက်သံကြားလိုက်ရတယ်....
သူဆက်ပြီးထိန်းမထားနိူင်တော့မှန်း သိလိုက်တာကြောင့် ဉာဏ်ကိုလွှာသုံးလိုက်ပြီး ဘေးဘီကိုဝေ့ကြည့်လိုက်ပြီး....
"အားရွှမ်း !!!မြန်မြန်ရပ်လိုက်တော့ မင်း လုပ်ရပ်ကြောင့် ဆရာသေလောက်အောင်ကြောက်နေပြီ...."
ဒီစကားကြားလိုက်တာနဲ့ လီဟုန်ရွှမ်းရဲ့ လှုပ်ရှားမှုတွေ တမဟုတ်ချင်းရပ်တန့်ကုန်တယ်...ခဏကြာတော့ အယ်လန့်လည်ပင်းက လက်ကို လွှတ်ချလိုက်တယ်....
အယ်လန် လည်ပင်းကို ကိုင်ပြီး တဟွတ်ဟွတ်ချောင်းဆိုးနေတယ်....အမူအရာမပြောင်းပေမယ့် သူ့မျက်ဝန်းတွေနက်မှောင်နေတယ်....ဆရာကြောက်နေလို့သာ လီဟုန်ရွှမ်း သူ့ကို အလွယ်တကူလွှတိပေးလိုက်တာ....ဒါဟာ ပထမဆုံးကြိမ်အဖြစ် လီဟုန်ရွှမ်းရဲ့ဒေါသတွေ အချိန်တိုအတွင်း အရှိန်သတ်သွားခြင်းဖြစ်တယ်...အေးတိအေးစက်နဲ့ ခံစားချက်မဲ့တဲ့ လီဟုန်ရွှမ်းကို အချိန်တိုအတွင်း ဒေါသထိန်းအောင်လုပ်နိုင်တယ်ဆိုတော့ ဆရာက လီဟုန်ရွှမ်းအတွက် အတော်လေးအရေးပါတဲ့သဘောပေါ့....
သူ ဆရာ့ကို ခေါ်ထုတ်သွားချင်တယ်ဆို တခြားနည်းလမ်းတစ်ခုပြောင်းမှဖြစ်တော့မယ်......
လီဟုန်ရွှမ်းဘက်က သူ့စိတ်ဆန္ဒအရ ဆရာ့ကို လက်လွှတ်ပေးဖို့ အလှမ်းအကမ်းမမြင်တော့ဘူး....
လီဟုန်ရွှမ်းတစ်ယောက် အယ်လန့်ကို အာရုံမထားတော့ဘဲ ရှဲ့ဟယ်ဆီသွားလိုက်တယ်....
လီဟုန်ရွှမ်းရဲ့ ရှည်လျားတဲ့ ကိုယ်နေဟန်ထားကို ရှဲ့ဟယ် နီရဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်....အမျက်ဒေါသပြင်းထန်နေတဲ့ တောရိုင်းတရိစ္ဆာန်တစ်ကောင် သူ့အနားကို တစ်လှမ်းချင်း လှမ်းလာသလိုခံစားကတာကြောင့် ရှဲ့ဟယ်တကိုယ်လုံးကြောက်လန့်မှုကြောင့် တုန်ရီနေတယ်....လီဟုန်ရွှမ်း သူ့ဆီလက်လှမ်းလာချိန်မှာ ရှဲ့ဟယ်ရဲ့ သူငယ်အိမ်တွေ ကျုံ့ဝင်သွားပြီး ကြောက်လန့်တကြားအော်ဟစ်လိုက်တယ်....
"ငါ့...ငါ့ကို မရိုက်ပါနဲ့!!!!"
လီဟုန်ရွှမ်းရဲ့လက်က လေထဲမှာရပ်တန့်သွားတယ်.....ရှဲ့ဟယ်ရဲ့ အော်သံက ထက်မြတဲ့ဓားသွားတစ်လက် ပမာ သူ့နှလုံးသားကို အညှာတာမဲ့စွာ လှီးဖြတ်နေတယ်....ဒီအအော်သံက ဒဏ်ရာတွေကနေတဆင့် သွေးကြောထဲကို စိမ့်ဝင်နေတဲ့ အဆိပ်တစ်မျိုးလိုပါပဲ.....
သူ....ဆရာကို ရိုက်ရက်ပါ့မလား??
သူ...ဆရာကို ထိတွေ့ချင်ရုံလေးပါ...ဒီလောက်လေးပါပဲ...
[444:.....]အမှန်တိုင်းပြောရရင် ခုနကအော်သံကြီးက ရူးလောက်အောင်ကြောက်စရာကောင်းတယ်....
[ရှဲ့ဟယ်: မကြောက်ပါနဲ့..Babyရယ်...]
[444: Hostတာ့တာ့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ??]
[ရှဲ့ဟယ်:အချစ်ဆိုတာ ရောက်လာပြီးရင်
အချိန်မရွေးပြန်ထွက်သွားနိူင်တယ်...သူ့လက်ထဲမှာ သွန်လိုသွန် မှောက်လိုမှောက်အခြေနေနဲ့ ရှိနေမှန်း သေချာသွားရင် နှစ်သက်မှု တွေရပ်တန့်နေလိမ့်မယ်....]
[ရှဲ့ဟယ်: အဲ့တော့ သူ့ကို ပိုခက်ခဲတဲ့ challenge လေးနည်းနည်းလောက် လုပ်ခိုင်းရတော့မယ်]
ZawGyi
ဆရာ့ရဲ့ သိသာထင်ရှားတဲ့အမူအရာလေးတွေကို သူတကယ်နှစ်သက်မိပေမယ့် အတတ်နိုင်ဆုံးမသိသာအောင်ထိန်းထားရလိမ့်မယ်.....လီဟုန်ရွှမ်း တမင်တကာ အတင်းကာရော ထိုးသွင်းလိုက်တာကြောင့် ရှဲ့ဟယ်ရဲ့သူငယ်အိမ်တွေကြုံ့ဝင်သွားတယ်....ဆရာ့ရဲ့ပါးစပ်ကို လက်နဲ့အုပ်ထားပေမယ့် ဆရာကတော့ ညီးတွားသံတစ်ချို့ထုတ်လွှတ်ပြီး ရုန်းကန်နေပြန်တယ်.... ခုခံနိုင်စွမ်းမဲ့သွားတာကြောင့် လက်နှစ်ဖက်ထောက်ပြီး ထိန်းထားရာကနေ သတိလက်လွတ် ထိုင်ချလိုက်မိချိန်မှာ လီဟုန်ရွှမ်းရဲ့ အရာက ရှဲ့ဟယ်ရဲ့ အတွင်းပိုင်းထဲကို နက်ရှိုင်းစွာဝင်ရောက်သွားခဲ့လေတယ်....ရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြင်စထန်စွာတုန်ရီလာပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတယ်....
"မငိုနဲ့...ခင်ဗျား ဒီလိုဆက်ငိုနေမယ်ဆို ကျုပ်ကိုယ်ကျုပ် ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး..."
[444: ဟီးးး]
………………………… …………………………
မနေ့တုန်းက ရလဒ်တွေ တကယ်ကောင်းတယ်....ကြိုးစားခဲ့သမျှ အရာထင်တယ်...စားပွဲပေါ်က အရာတွေကို ထင်သာမြင်သာရှိအောင် သူကိုယ်တိုင် ပြင်ဆင်ထားခဲ့တာပါ...လောကမှာ အရည်အချင်းရှိသူတွေပေါ်များပေမယ့် ကိုယ်အရည်အချင်းကို လူများသိအောင် ထုတ်မပြန်နိုင်သူတွေလဲ ဒုနဲ့ဒေးပါပဲ...ထိုသို့သော လူစားထဲမှာ မူလခန္ဓာကိုယ်ပိုင်ရှင် စုယန်လဲ တစ်ယောက်အပါပဲလေ....ရှဲ့ဟယ်ကတော့ စုယန်နဲ့ ဆန့်ကျင်ဘက်ပဲ...သူ့အရည်အချင်းတွေကို ထုတ်ပြဖို့ ဘယ်တုန်းကမှ လက်မနှေးခဲ့ပေ....ဘာ့ကြောင်လဲဆိုတော့ မင်းရဲ့ ကောင်းကွက်တွေကို အော်ပြောနေရုံနဲ့ တခြားသူတွေနားလည်မှာမဟုတ်တာကြောင့်ပါ...မင်းရဲ့ အပြင်ပန်းအသွင်ပြင် ကိုကြည့်ရုံနဲ့ မင်းရဲ့စစ်မှန်တဲ့အတွင်းစိတ်ကို တခြားသူတွေနားလည်နိုင်မယ်လို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့....သူတို့ချက်ချင်း နားမလည်နိုင်ရင် နောက်မှကြိုးစားနေလို့လဲ အကျိုးထူးနိုင်မှာမဟုတ်တော့ပေ....
"......."
"ကျေးဇူးတင်ပါတယ် ...."
"ရပါတယ်..."
"ငါ နံနက်စာဝယ်လာတယ်..."
လှည့်ကွက်တွေသုံးပြီး ကြိုးစားရင်တောင် အဆုံးသတ်မှာ ပြန်ရတာနိုင်တာ အကြောက်တရားတစ်ခုပဲရှိလိမ့်မယ်....
လီဟုန်ရွှမ်း ရှဲ့ဟယ်ကို မခုခံနိုင်ခဲ့ပေ....ဒါပေမယ့် တစ်ဖက်လှည့်ပြီး အယ်လန့်ကို ထိုးကြိတ်လိုက်တယ်....
ရန်ပွဲစတင်လေပြီ....လက်သီးထိုးချက်တွေပျံဝဲနေတယ်...အယ်လန်က မညံ့ပေမယ့် လီဟုန်ရွှမ်းကိုတော့ မယှဉ်နိုင်ခဲ့ပေ...ခဏအကြာမှာ လီဟုန်ရွှမ်းတစ်ယောက် အယ်လန့်ကိုဘက်တစ်ဖက်နဲ့ လည်ပင်းညှစ်ပြီးနံရံမှာ ကပ်ထားလိုက်တယ်.....အယ်လန်က ခက်ခဲစွာ အသက်ရှုနေရသည့်တိုင် ခပ်တည်တည်နဲ့ သရော်နေသေးတယ်....
ဒီလိုရန်စကားကို လီဟုန်ရွှမ်း ဘယ်လိုသည်းခံနိုင်ပါ့မလဲ??အယ်လန်ရဲ့ ခပ်ချောချောမျက်နှာကို ထပ်ထိုးဖို့ လက်သီးရွယ်လိုက်စဉ်မှာ တစ်ယောက်ယောက်က သူ့ကို လှမ်းဆွဲထားနေတယ်....
လီဟုန်ရွှမ်းကို စိတ်ရှိတိုင်းသာလွှတ်ပေးလိုက်ရင် အယ်လန် ကိုယ်တစ်ပိုင်းသေသွားနိုင်တယ်...ပြသာနာက ဒါနဲ့တင် မပြီးသေးဘူး...အမွေခံ သခင်လေးနှစ်ယောက်က အချစ်တော်လေးတစ်ယောက်အတွက်နဲ့ ရန်သတ်ကြတယ်ဆို မိသားစုချင်းပါပြာသာနာတက်လာလိမ့်မယ်...ပြီးတော့ သနားစရာကောင်းတဲ့ဆရာက ဒီမွန်းစတားနှစ်ကောင်ရဲ့ဒေါသကို ဘယ်လိုရင်ဆိုင်နိုင်ပါ့မလဲ...အဲ့တော့ သူကလွဲရင် ဝင်ဆွဲမယ့်သူ ဘယ်သူရှိသေးလဲ....
သူဆက်ပြီးထိန်းမထားနိုင်တော့မှန်း သိလိုက်တာကြောင့် ဉာဏ်ကိုလွှာသုံးလိုက်ပြီး ဘေးဘီကိုဝေ့ကြည့်လိုက်ပြီး....
အချိန်မရွေးပြန်ထွက်သွားနိုင်တယ်...သူ့လက်ထဲမှာ သွန်လိုသွန် မှောက်လိုမှောက်အခြေနေနဲ့ ရှိနေမှန်း သေချာသွားရင် နှစ်သက်မှု တွေရပ်တန့်နေလိမ့်မယ်....]