You are my husband (Season 1)...

By nikochan065

1M 63K 5.3K

သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျ... More

part 1
part 2
part 8
part 9
part 10
part 11
part 3
part 12
part 13
part 14
part 15
part 16
Part 17
part 18
part 19
part 4
Announcement
part 20
part 21
part 22
part 24
part 25
part 5
part 26
Part 27
part 28
part 29
part 30
part 31
နတ္သမီးလမ္း <နတ်သမီးလမ်း >
part 32
part 33
part 6
part 33 အဆက္
part 34
34 အဆက္
35
36
Ep 7
37
38
39
40
41
42
43
44
45
46
46 အဆက္
47
48
48
49
50
51 ဇာတ္သိမ္းပိုင္း
Extra

part 23

14.7K 1K 86
By nikochan065

ေမွာင္မိုက္ေနတဲ့ အခန္းေလးထဲ မီးသီး အနီေရာင္မိွန္ပ်ပ်ေလး ရဲ႕ အလင္းက အင္မတန္မွ လူကို ပ်င္းရိေျခာက္ေသြ႕ေစရန္ ျပဳလုပ္ေနေလသလား.... ။ တိတ္ဆိတ္ေသာ ေလထုကမ်ား သူ႕ကို ၿငီးေငြ႕သြားေအာင္ ျပဳလိုက္ေလသလား ။

ဦးစိုင္းထန္ သည္ အိပ္ေပ်ာ္ေနေသာ သူ၏ နဖူးေပၚမွ၀ဲက်ေနေသာ ဆံပင္စေလးမ်ားကို ညင္သာစြာ သပ္တင္ေပးလိုက္သည္ ။
ကိတ္မုန္႔စေလးမ်ားျဖင့္ ညစ္ပတ္ေပေရေနေသာ မ်က္ႏွာေလးကုိ တစ္သွ်ဴးစေလးျဖင့္ ေသခ်ာစြာ သုတ္ေပးလိုက္သည္ ။

မို႔အစ္ေနေသာ မ်က္ခြံမို႔မို႔ေလးကို ဖြဖြေလး နမ္း႐ံႈ႕လိုက္၏ ။

ဒါ သူ႕ရဲ႕ ဆက္ထန္! သူ႕ကို မခ်စ္တဲ့ ဆက္ထန္!
သစၥာမရိွတဲ့ သူ႕ရဲ႕ဆက္ထန္! ....

သူ အေတြးလြန္ေနတုန္း ဆက္ထန္ ႏိုးလာကာ သူ႕အား ထိတ္လန္႔ေနေသာ မ်က္လံုးမ်ားျဖင့္ ေငးၾကည့္လာေလ၏ ။ ဆက္ထန္ အသံေလးကိုမၾကားရသည္မွာ ၁၅ ႏွစ္ေက်ာ္ကာလ..... ဆက္ထန္ ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားခဲ့သည့္ အခ်ိန္ကတည္းကပင္ျဖစ္၏ ။ ဆရာဝန္မ်ဳိးစံု နဲ႔ ကုခဲ့ေပမဲ့ အသံအိုးဖ်က္ဆီးခံထားရသည္ ဆိုေသာ ေျဖရွင္းခ်က္တစ္ခုကိုသာ တၿပိဳင္တည္း ၾကားခဲ့ရသည္ ။ ဘယ္သူကမ်ား သူ႕ရဲ႕ဆက္ထန္ကို ဒီလို လုပ္ခဲ့သလဲ သူ ယခုခ်ိန္ထိ အေျဖရွာမရေသးေပ... ။

လြန္ခဲ့ေသာ ၁၅ႏွစ္ေက်ာ္ သူ ဖမ္းလာခဲ့တဲ့ ေန႔ကတည္းက စ လို႔ ဆက္ထန္ ဟာ ႐ူးႏွမ္းေနတဲ့လူတစ္ေယာက္လုိ အၿမဲေၾကာက္ေနတတ္သည္ ။ သူ ပိတ္ေလွာင္ထားခဲ့သည့္အခါ ဆက္ထန္ အေျခအေနက တျဖည္းျဖည္း ပိုဆိုးလာေတာ့၏ ။ ပါးစပ္မွ တ၀ူး၀ူး ျဖင့္သာ ေအာ္ေနတတ္ကာ ဘာဆိုဘာအမူအရာမ်ဳိးမွ မယ္မယ္ရရ မျပတတ္ေခ်... ။ သူ႕ကို ၾကည့္ေသာ ဆက္ထန္၏ မ်က္လံုးမ်ားက သူစိမ္းတစ္ေယာက္လိုေတာင္ ခံစားခဲ့ရသည္ ။

သူ မခ်ဳပ္ေႏွာင္ထားခင္ အခ်ိန္ကလည္း ဆက္ထန္ဟာ ၁ႏွစ္ေလာက္ ေပ်ာက္ခ်င္းမလွ ေပ်ာက္ခဲ့ဖူးသည္ ။ သူ ေပ်ာက္သြားခဲ့စဥ္က ဘာေတြႀကံဳခဲ့ရသလဲ မသိေလေတာ့ ဆက္ထန္ အေျခအေနကို ယခုထိ ေသခ်ာစြာ နားမလည္ႏိုင္ေပ... ။ အနည္းဆံုးေတာ့ ဆက္ထန္ သူ႕အနားရိွေနေသးသည္ ဟူေသာ အသိျဖင့္ ေျဖသိမ့္ေနခဲ့ရ၏ ။

ထိတ္လန္႔ေနေသာသူကို အႏူးညံ့ဆံုးေလး ၿပံဳးျပကာ....

" ကိတ္ စားေတာ့မလား ဆက္ထန္!! "

ဆက္ထန္သည္ ေခါင္းလည္း မညိမ့္.. ေခါင္းလည္းမခါဘဲ သူ႕လက္ထဲမွ ကိတ္မုန္႔၀ိုင္းေလးကို ဆြဲလုကာ ပါးစပ္ထဲသို႔ ပလုပ္ပေလာင္း ထိုးထည့္ပစ္လိုက္သည္ ။ လက္မွာေပေနေသာ ခရင္ မ်ားကို လွ်ာႏွင့္ လ်က္သည္ ။

အခ်ဳိဆို သိပ္မုန္းတတ္တဲ့ ဆက္ထန္က သူ ဖမ္းေခၚလာကတည္းက ထမင္းၿပီးရင္ ခရင္အျပည့္နဲ႔ ကိတ္အခ်ဳိေတြ စားရတာ အႀကိဳက္ဆံုး ျဖစ္လာ၏ ။
ပံုမွန္မဟုတ္ေသာ သူ႕အေျခအေနေၾကာင့္ပင္ ျဖစ္ေပလိမ့္မည္ ။

သူ ဆက္ထန္ကို ထားခဲ့ကာ အခန္းထဲမွ ထြက္သြားလိုက္သည္ ။
မိွန္ပ်ပ်မီးသီးေလး တစ္လံုး ၊ က်ယ္ျပန္႔ေသာ ကုတင္တစ္လံုး ၊ သူ ႀကိဳက္တတ္ေသာ ကိတ္မုန္႔ေလးတစ္လံုး.... ႐ိုးရွင္းေသာ အခန္းငယ္ေလးတစ္ခုပဲဆိုေပမဲ့ ေျမေအာက္တံခါးႀကီးတစ္ခ်က္ ပိတ္ခ်လိုက္သည္ႏွင့္
ေျခာင္ျခားစရာေကာင္းေသာ ေထာင္ေခ်ာက္နက္နက္တစ္ခုထဲ ေရာက္သြားသလိုမ်ဳိးပဲ..... ။

ဘယ္လိုလူမ်ဳိးကမ်ား သာမန္ ဦးေႏွာက္နဲ႔ ရွင္သန္ႏိုင္မွာတဲ့လဲ.... ။ ႏွစ္ေပါင္း ၁၅ နွစ္ေက်ာ္ၾကာ ေနေရာင္နဲ႔ ထိေတြ႕ခြင့္မရိွခဲ့ဘူး ။ စကားေျပာေဖာ္မရိွခဲ့ဘူ း ။ ဒီအခန္းထဲ ေရာက္လာတတ္တဲ့ လူတစ္ေယာက္တည္းရဲ႕ မ်က္ႏွာတစ္ခုကလြဲလို႔ ဒီလူရဲ႕ အသံတစ္သံက လြဲလို႔.... ဘာဆို ဘာမွ မသိရ ၊ မျမင္ရ ၊ မၾကားရတဲ့ ပိန္းပိတ္ေနတဲ့ ေလွာင္အိမ္ထဲ ခ်ိတ္ပိတ္ခံထားရတဲ့ ေခြးတစ္ေကာင္လိုပဲ..... ။

------------------------------------------

ေျပာင္လဲ့ေနေသာ ကြၽန္းေရာင္ပါေကးေလးေပၚသို႔ ေျခဖခိုး ျဖဴျဖဴေလးႏွစ္ဖက္ျဖင့္ ေျခစံုရပ္လိုက္သည္။
ေျပာင္းလဲသြားေသာ အိမ္၏ အျပင္အဆင္ကိုၾကည့္ၿပီး အံ့ဩမင္တက္မိ၏ ။ ဧည့္ခန္းတြင္ သူ သေဘာတက် ခ်ိတ္ဆြဲထားခဲ့ေသာ သာယာေသာဥတုရာသီပံု ပန္းခ်ီကားေလး မရိွေတာ့ဘူး ။ ထိုေနရာတြင္ ႀကီးမားေသာ နဂါးႀကီးက အ၀တ္မပါေသာ ျဖဴေဖ်ာ့ေဖ်ာ့ လူတစ္ေယာက္ကို ေကြ႕ပတ္ထားသည့္ ပန္းခ်ီကားႀကီးက ေနရာယူထား၏ ။ ပန္းခ်ီထဲမွ
လူ သည္ မ်က္လံုးတို႔ကို မိွတ္လ်က္ ေလ၌ ေမ်ာလြင့္ေနပံုေပၚသည္။ အ၀တ္ဗလာ ခႏၶာကိုယ္တြင္ အရွက္တရားေနရာ၌ နဂါး၏ ၀မ္းဗိုက္က ေကြ႕ပတ္သြားသျဖင့္ နဂါးခႏၶာကိုယ္က ဖံုးကြယ္ေပးလိုက္ဟန္တူသည္ ။ စြတ္စြတ္ျဖဴေနေသာ ပန္းခ်ီကားထဲမွ ပံုသည္ သူ ျဖစ္ေနမည္ဆိုတာ ထည္ဝါလင္းရိွန္ အတပ္သိသည္ ။ ဒီ ပန္းခ်ီကားသည္ ဘာကို ကိုယ္စားျပဳသလဲ တန္းသိသည္ႏွင့္ မ်က္ခမ္းစပ္မ်ားလႈပ္ခတ္သြားေတာ့၏ ။

သူ႕ကို ခက္ထန္က ထိုမွ်ေလာက္ထိ ေလွာင္ပိတ္ခ်င္ေနသတဲ့လား ။

ပန္းခ်ီကားသည္ ဧည့္ခန္းနံရံ အျပည့္နီးပါးေလာက္ ႀကီးမား က်ယ္ျပန္႔လို႔ေနသည္ ။ သူ ေရွ႕ဆက္ေလွ်ာက္သည့္အခါ ျမင့္မားစြာ ရပ္တည္ေနေသာ နဂါး႐ုပ္ထုႀကီးက အသက္၀င္စြာ သူ႕အား မာန္ဖီေနပံုေပၚ၏ ။ ျမစိမ္းေရာင္ တဖိတ္ဖိတ္လဲ့ေနေသာ နဂါး႐ုပ္ထုႀကီးကို သူ ၾကာၾကာမၾကည့္ႏိုင္ေတာ့ပါ ။ ထိုေနရာမွ ေရွာင္ထြက္လာခဲ့ေတာ့သည္ ။ နံရံတြင္ ရိွေနေသာ အေရာင္မ်ားသည္က အမည္းေရာင္ ထူထူ တို႔ ျဖစ္၏။
အိမ္ႀကီးသည္ မီးေရာင္ေတာက္ေတာက္၏ ေအာက္တြင္ ဂႏၲ၀င္ဆန္ဆန္ တည္ရိွလို႔ေနသည္ ။
အခန္းမ်ားမွာ ယခင္က အတိုင္း ျဖစ္ေသာ္လည္း အျပင္အဆင္ အားလံုးကေတာ့ ေျပာင္းလဲသြားခဲ့ၿပီ ။

တကယ္ေတာ့ အမဲေရာင္ဆိုတာ သူ အမုန္းဆံုးအေရာင္ပဲ .... ။

" က်ဳပ္ျပင္ထားတာ ခင္ဗ်ားႀကိဳက္ဖို႔ မလိုဘူးလို႔ထင္တယ္ ထည္ဝါလင္းရိွန္! "

အိမ္၏အျပင္အဆင္ကို လွည့္ပတ္ၾကည့္ေနတဲ ့ သူ႕ေနာက္မွ ခက္ထန္ အသံႂကီး ထြက္လာေသာေၾကာင့္ သူ႕ ေျခလွမ္းတို႔ ရပ္တန္႔သြားေတာ့သည္ ။

သူ မႀကိဳက္ေသာ အိမ္၏ အျပင္အဆင္သည္ ေက်ာခ်မ္းစရာေကာင္းေသာ္လည္း တည္ၿငိမ္စြာပင္ၿပံဳးျပလိုက္သည္ ။

"ငါ ႀကိဳက္တယ္လည္း မေျပာဘူး ။ မႀကိဳက္ဘူးလို႔လည္း မေျပာမိဘူး "

ခက္ထန္ ႏွာေခါင္းခြၽန္ေလးသည္ ေဒါသထြက္၍ ပြေရာင္းလာေတာ့၏ ။ ထည္ဝါလင္းရိွန္ ကို သူက ေဒါသထြက္ေစခ်င္ေနတာေလ... ဘာလို႔ ဒီလူနဲ႔ စကားေျပာတိုင္း သူကပဲ ေဒါသထြက္ၿပီး က်န္ခဲ့ရတာလဲ သူ စဥ္းစားမရဘူး ။ ဒီလူက ေသြးေအးေအးေလး ေလသံေအးေအးေလးနဲ႔ သူ႕ကို ျပန္ျပန္ပက္ေနတာ.... ။

သူ႕စိတ္ကို ေလွ်ာ့ခ်လိုက္သည္ ။ သူ ေဒါသထြက္ေနတာကိုၾကည့္ၿပီး ဒီလူ ႀကိတ္ေပ်ာ္ေနမွာမ်ဳိး မျဖစ္ေစခ်င္ေတာ့ဘူး ။

" အိမ္ရဲ႕ ေ၀ယ်ာ၀စၥ... မီးဖိုေခ်ာင္ ၀င္တဲ့ကိစၥ... ဒီေန႔ကစၿပီး ခင္ဗ်ား တာ၀န္ျဖစ္သြားၿပီ ။ အလုပ္မရိွတဲ့ ခင္ဗ်ားအတြက္ က်ဳပ္က အလုပ္တစ္ခုေပးလိုက္တယ္လို႔ပဲ သေဘာထားလည္းရတယ္ ။ အိပ္စားကာမေလာက္ပဲ က်င့္ႀကံခ်င္ၿပီး ကိုယ့္ကိုယ္ကိုယ္ တိရစာၦန္တစ္ေကာင္လို႔ သတ္မွတ္ထားခ်င္လည္း သေဘာပဲ... "

ထည္ဝါလင္းရိွန္ သက္ျပင္းဖြဖြေလး တစ္ခ်က္႐ိႈက္လို္က္သည္ ။
ၿပီးေနာက္ သူ႕မူပိုင္ တည္ၿငိမ္ေသာ အသံၾကည္ၾကည္ေလးျဖင့္

" ေက်းဇူးတင္ပါတယ္... ဒါေပမဲ့ မနက္စာျပင္ၿပီးရင္လည္း ပိုက္ဆံေပးရမယ္ ၊ ညစာျပင္ၿပီးရင္လည္း ပိုက္ဆံေပးရမယ္... အဲဒါဆို ေစတနာ ဒလေဟာနဲ႔ မင္းအတြက္ ခ်က္ျပဳတ္ေပးပါ့မယ္ "

" ခင္ဗ်ားကို လုပ္ခ်င္လာရင္ေရာ... "

ခက္ထန္ ေျခလွမ္းမ်ားက ေရွ႕သို႔ တိုးကပ္လာသည့္အခါ သူသည္လည္း ေနာက္သို႔ေျခလွမ္းမ်ားကို ဆုတ္ရင္း
ဒူးဆစ္နားေလာက္တြင္ ရိွေနေသာ ထိုင္ခံုလက္ရန္းျဖင့္ တိုက္ကာ ဆိုဖာတပ္ထားေသာ ခံုေပၚသို႔ ပက္လက္လန္က်သြားသည္ ။ ခက္ထန္သည္လည္း ေနာက္မဆုတ္... ပက္လက္အေနအထားျဖင့္ ရိွေနေသာ သူ႕ကိုယ္ေပၚသို႔ တက္ခြလ်က္....

" ခင္ဗ်ားကို လုပ္ခ်င္လာရင္ေရာ လို႔... "

နီးကပ္လာေသာ ခက္ထန္ ႏႈတ္ခမ္းမ်ားကို သူကပဲ ဦးေအာင္ စုပ္ယူနမ္း႐ိႈက္လိုက္သည္ ။ မ်က္စိတမိွတ္ေလးအတြင္း သူ႕ပါးစပ္ထဲပါလာေသာ ခက္ထန္ ႏႈတ္ခမ္းသားေလးကို ကိုက္ခ်ပစ္လိုက္၏ ။

" အ! ထည္ .... "

သူ႕ႏႈတ္ခမ္းနာသြား၍ ေအာ္ရန္ျပင္ေနေသာ ခက္ထန္၏ လည္ဂုတ္ကို လက္ႏွစ္ဖက္ျဖင့္ ခ်ိတ္တြယ္၍ ခက္ထန္ႏႈတ္ခမ္းေထာ္ေထာ္ေလးကို
ႏူးညံ့စြာ ဆြဲငံုပစ္လိုက္သည္ ။ တံု႔ျပန္မႈမရိွေသာ အနမ္းတို႔ ျဖစ္ေသာ္လည္း ဂ႐ုမစိုက္ပါ... ။ အထင္ေသးသြားမည္လည္း မစိုးရိမ္ပါ ။ ခက္ထန္က ဘယ္တုန္းကမွ အထင္မႀကီးခဲ့တာမို႔ မထူးဇာတ္ခင္းကာ စိတ္ထဲရိွတဲ့တိုင္း လႊတ္ခ်လိုက္မိသည္ ။ ခက္ထန္သည္ အနမ္းတို႔ကို မတံု႔ျပန္သလို ႐ုန္းလည္း မ႐ုန္းခဲ့ဘူး ။ ၿငိမ္သက္စြာပဲ ခံယူေနခဲ့တယ္ ။

ခဏအၾကာ ေမာဟိုက္လာေသာေၾကာင့္ လႊတ္ေပးလိုက္ေသာအခါမွ ခက္ထန္ က မဲ့ၿပံဳးေလးၿပံဳးျပလာသည္ ။

" အဲ့တြက္ ပိုက္ဆံပိုေပးရမွာေပါ့ ... ငါ့ ခႏၶာကိုယ္ကို မင္း အလကား အရသာခံခြင့္ေတာ့ မေပးႏိုင္ဘူးေလ.... "

ခက္ထန္ မ်က္ႏွာ၀ိုင္းေလးကို သူ၏ လက္ေခ်ာင္းသြယ္ေလးမ်ားျဖင့္ ဖြဖြေလး တို႔ထိလိုက္သည္ ။ ဒီ့ထက္ နည္းနည္းေလာက္အားထည့္ရင္ေတာင္ ပဲ့ေႂကြသြားေတာ့မည့္ ေႂကြ႐ုပ္ေလးကို ကိုင္တြယ္ေနသည့္အတိုင္းပင္..... ။

သူ႕လက္မ်ားကို ခက္ထန္က ဆြဲကိုင္လိုက္သည္။

" အမွန္တိုင္း၀န္ခံမလား ထည္ဝါလင္းရိွန္! က်ဳပ္အေဖနဲ႔ က်ဴပ္နဲ႔ ဘယ္သူက ပိုခံစားလို႔ေကာင္းလဲ... ဘယ္သူက ခင္ဗ်ားကို အယားေျဖေပးႏိုင္လဲ? "

" ငါ မင္းနဲ႔ပဲ အိပ္ဖူးတာ... ငါ့ ႏႈတ္ခမ္းေတြက မသန္႔ရွင္းရင္ေတာင္ ငါ့ခႏၶာကိုယ္က သန္႔ရွင္းတယ္ ။ ငါ့အတြက္ ပထမဆံုးအႀကိမ္ကိုေတာင္ မင္းက မညႇာမတာ ၾကမ္းတမ္းသြားခဲ့ေသးတာ... ။ ယံုခ်င္ယံုမယံုခ်င္ေန ေစာက္ဂ႐ုမစိုက္ေတာ့ဘူး "

ခက္ထန္ မ်က္လံုး၀ိုင္းႀကီးထဲတြင္ အေရာင္မ်ဳိးစံုတို႔ျဖတ္ေျပးသြားေလတယ္ ။ သူ တကယ္ ခက္ထန္ စြပ္စြဲခ်က္ေတြကို မခံစားႏိုင္ေတာ့ဘူး ။ ခက္ထန္ စကားၾကမ္းၾကမ္းေတြက သူ႕သိကၡာေတြကိူ နင္းေျခသြား႐ံုေလးတင္မဟုတ္ဘူး ။ သူ႕ႏွလံုးသားတစ္ခုလံုးကို လက္နဲ႔ ျဖစ္ညႇစ္ရင္း အေသြးအသားေတြကို စိစိညက္ညက္ေၾကေအာင္ ဖ်က္စီးပစ္ေနသလိုမ်္ဳးပဲ.... ။

သူ႕ ေျဖရွင္းခ်က္ေတြကိုေရာ ခက္ထန္ က ယံုေပးမွာတဲ့လား... ။ ခက္ထန္ ဆိုတာ အၿမဲတမ္း သူ လိုရာ ဆြဲေတြးၿပီး ထင္ရာျမင္ရာ ဆြဲကိုက္ခ်င္ေနတဲ့ ေခြးေပါက္ေလးတစ္ေကာင္လိုပဲ.... ။

ေန႔ရက္တိုင္းဟာ တိုေတာင္းလြန္းသည္။ ခက္ထန္နဲ႔နီးနီးကပ္ကပ္ ေနရတဲ့ ဘ၀က ပိုလို႔ပင္တိုေတာင္းလြန္းလွသည္ ။ လူမႈကြန္ရက္ေပၚမွ သတင္းအစအနမ်ားအေၾကာင္းကို သူလည္း မဟခဲ့သလို ခက္ထန္လည္း တစ္ခြန္းမွ ထုတ္မေျပာေခ် ။ အခ်ိန္ေတြ ရက္ပိုင္းေလာက္ၾကာလြန္သြားသည့္အခါ ကြန္မန္႔မ်ားမွ ျပစ္တင္ဆဲဆိုသံမ်ားသည္လည္း တစတစ ေလ်ာ့ပါးသြားခဲ့ၿပီ ။ ေနာက္ထပ္ စိတ္၀င္စားစရာ သတင္းတစ္ခုဆီသို႔ သူတို႔၏ အာ႐ံုအစံုတို႔သည္ ကူးေျပာင္းသြားခဲ့ၿပီ ။

သူ႕ေနရာတြင္ အစားထိုး ၀င္ေရာက္လာေသာ ငယ္ရြယ္ေခ်ာေမာလွသည့္ ဥကၠဌအသစ္ေလး၏ ေမႊးပ်ံ႕ခ်ဳိအီေသာ သတင္းေလးမ်ားက အစားထိုး၀င္ေရာက္လာခဲ့သည္ ။

တေန႔တာ၏ ေန႔သစ္တိုင္းတြင္ ကိုယ္ခ်စ္ရတဲ့သူအတြက္ မနက္စာျပင္ေပးရေနသည္ဟူေသာ အသိက သူ႕အေသြးအသားတို႔ထဲ၌ လွ်ပ္စီးေလးမ်ား တို႔ထိခံေနရသလို....။ လိႈက္ဖိုတုန္ရင္စြာ တသိမ့္သိမ့္ၾကည္ႏူးရ၏ ။

" ေကာ္ဖီက ပူတယ္ "

ေရေႏြးေႏြးေလးႏွင့္ စပ္ေပးလာေသာအခါတြင္လည္း

"ေအးသြားျပန္ၿပီ "

" ထမင္းေၾကာ္က ေပ်ာ့အိေနတယ္ ၊ ဒါ က်ဳပ္အႀကိဳက္မဟုတ္ဘူး "

" ေပါင္မုန္႔ကို မီးကင္တယ္ဆို... ဘာလို႔ မဲ မလာတာလဲ... မင္းေယာက်္ားက မဲမဲေလး စားခ်င္တာ.. "

တဲ့.... ။ တစ္ေန႔တမ်ဳိးမ႐ိုးအီရေသာ ခက္ထန္၏ ဂ်စ္တိုက္ျခင္းမ်ားၾကားတြင္ မီးဖိုေခ်ာင္ထဲမွ ထြက္သြားဖို႔ပင္ မျဖစ္ႏိုင္ေတာ့သည့္ အိမ္ရွင္မတစ္ေယာက္ လံုးလံုး ဘ၀သို ့ ေပ်ာ္ရႊင္စြာ ကူးေျပာင္းသြားခဲ့ရသည္ ။

အခ်စ္ဆိုတာ ဘာလဲ ေသခ်ာမသိလွေသာ္လည္း
သူ အခ်စ္ဆိုေသာအရာကို သူ ထိန္းခဲ့တဲ့ ကေလးေလးတစ္ေယာက္ နဲ႔ အစျပဳခဲ့တယ္ ။ထိုကေလးေလးသည္ သူ၏ အမည္ခံ ဇနီးျဖင့္ ေဖာက္လႊဲေဖာက္ျပန္ ျပဳမူလိုက္သည့္ အခ်ိန္က သူ႕ႏွလံုးသားကို နားလည္သြားခဲ့ရသည့္အခ်္န္လား သူ ေသခ်ာစြာ မသိပါေခ် ။

သူ နာက်င္ရသည္ ။ သစၥာမဲ့တဲ့ မိန္းမထက္ သူ႕အေပၚ လုပ္ရက္ခဲ့တဲ့ ခက္ထန္ ေၾကာင့္ ရင္ကြဲခဲ့ရသည္ ။ ဒါဟာ အေဖက သားတစ္ေယာက္အေပၚ ထားရိွတဲ့ နာက်င္ခံစားမႈမ်ဳိးမဟုတ္ဘူး ။ အကိုက ညီတစ္ေယာက္အေပၚ ထားရိွတဲ့ ၀မ္းနည္းမႈမ်ဳိး မဟုတ္ဘူး ။

သူ ဖြင့္မေျပာရက္ခဲ့ဘူး။ ဇနီးသည္ထက္ ထိုကေလးကို ဆံုး႐ံႈးလိုက္ရမည္ကို သူ ေၾကာက္သည္ ။

အခ်စ္ဟာ ဘာမွန္း မသိတဲ့အခါ......

ကိုယ္ဟာ ဘာကို ခံစားခ်က္ရိွေနမွန္း မသိတဲ့အခါ...

အခ်စ္အေၾကာင္းေတြးၾကည့္လိုက္ပါတဲ့... ။

အခ်စ္ဆိုတဲ့ ေခါင္းစဥ္တစ္ခုကို ဦးေႏွာက္က ေတြးမိတာနဲ႔ ႏွလံုးသားက မင္းအတြက္ ပံုရိပ္တစ္ခုေဖာ္ေဆာင္ေပးေနလိမ့္မယ္ တဲ့... ။

အဲ့ပံုရိပ္ေလးက ခက္ထန္ ျဖစ္ေနခဲ့သည္ ။

နာက်င္ခဲ့ရသမွ် နားေထာင္ေပးမည့္သူငယ္ခ်င္းမ်ားရိွေနေသာ္လည္း ခက္ထန္ကိုသာ ရင္ဖြင့္ခ်င္မိသည္။ သူ၏ ႏွစ္သိမ့္ေပးမႈကို လိုခ်င္သည္ ။ အခက္အခဲမ်ားကို သူ႕အား တိုင္ပင္ခ်င္သည္ ။ တခါတရံ သူ႕ကို မီွခိုတြယ္တာခ်င္သလို ကိုယ့္ရင္ခြင္ဟာလည္း သူ႕အတြက္ ခိုနားရာေလး ျဖစ္ေစခ်င္မိသည္ ။

အခ်စ္အေၾကာင္း ေတြးတဲ့အခါ ႏွလံုးသားမွာ ထင္ဟပ္လာတဲ့ တစ္ေယာက္ေသာသူဟာလည္း မင္း ျဖစ္ေနခဲ့တာပဲ ခက္ထန္! ငါဟာ ဘယ္ေလာက္ေတာင္ ႐ူးမိုက္လိုက္သလဲ! ကိုယ့္လက္ေပၚႀကီးျပင္းခဲ့တဲ့ ကေလးအေပၚမွ အေရာင္ေတြဆိုးေနမိခဲ့တယ္.... ။

ထိုကေလးက ကိုယ့္သူငယ္ခ်င္းေတြအေပၚမွာ ဆိုးဆိုးဝါးဝါး ျပဳမူလိုက္တဲ့အေၾကာင္း သိရတဲ့အခါမွာေတာ့ စိတ္ထိခိုက္ရျခင္းထက္ ပိုလိမ့္မည္ ။ ႐ိုင္နာနဲ႔ ပံုေရး ဆိုတာ သူ႕ဘ၀ထက္ေတာင္ တန္ဖိုးထားရတဲ့ ၅၂၈ ေခါင္းစဥ္ေအာက္က အေအးခ်မ္းဆံုး ေမတၱာတရားေတြပဲ... ။

" ခင္ဗ်ား သူငယ္ခ်င္းေတြကို ေအးေအးခ်မ္းခ်မ္းရိွေစခ်င္ရင္ ခင္ဗ်ားလည္း လိမ္လိမ္မာမာေနပါ တဲ့...

ခက္ထန္ဟာ ခ်စ္စရာေကာင္းစြာ ျပဳမူတတ္သလို ဆိုးယုတ္လြန္းစြာလည္း ေကာက္က်စ္တတ္ေသး၏။

ေသနတ္သံေပါင္းမ်ားစြာ ျဖင့္ ေသြးပ်က္ေျခာက္ျခားစရာေကာင္းေသာ ေျမေအာက္ ဂိုေဒါင္တစ္ခုဆီမွ တိတ္ဆိတ္ေနေသာ အသံကပင္ ပို၍ ေျခာက္ျခားေစသည္ ။ ေသနတ္သံမ်ားျဖင့္သာ ကာရံထားေသာ္လည္း လူတစ္ဦးတစ္ေယာက္၏ ေအာ္ဟစ္သံကိုပင္ မၾကားရ ။ ခက္ထန္ ေနာက္သို႔ လိုက္ရင္းမွ ပံုမွန္မဟုတ္ေသာ အေနအထားတစ္ခုတြင္ အသံလာရာေနာက္သို႔ အေျပးလိုက္မိသည္ ။

ေျမေအာက္ဂိုေဒါင္သည္ ျကီးမားက်ယ္၀န္းေသာ ၿခံႀကီးထဲ၌ပင္ သူ႕လက္ထက္ကတည္းက တည္ေဆာက္ထားျခင္းျဖစ္သည္ ။ သူ ေရာက္ေနသည္က ဂိုေဒါင္၏ အတြင္းနက္နက္တစ္ေနရာတြင္ ျဖစ္၏ ။
ဂိုေဒါင္၏ အျပင္ဘက္ ၿခံ၀င္းအတြင္းထဲဆိုလွ်င္ အထဲမွ ေျမၿပိဳေနလွ်င္ေတာင္ အေပၚက လူက သိမည္မဟုတ္ေပ ။

" မာဖီးယားဂိုဏ္း၀င္ တစ္ေယာက္အေနနဲ႔ က်ဳပ္တို႔လုပ္ရက္ေတြက အၿမဲ မွန္ကန္ေနတယ္....
ဘယ္လိုကိစၥမ်ဳိးပဲရိွရိွ မိခင္ဂိုဏ္းအေပၚ သစၥာရိွရမယ္... ဒါ မာဖီးယားဂိုဏ္း၀င္တစ္ေယာက္ ထားရိွရမဲ့ သစၥာတရားပဲ... က်ဳပ္တို႔ အသိအမွတ္ျပဳထားတဲ့ ဒြန္ က ကိုးလ္ တစ္ေယာက္တည္းပဲ... "

အသံျပာျပာတစ္ခ်က္ကို သူ ၾကားလိုက္သည္။
သူ႕ ေျခလွမ္းေတြ ေရွ႕ဆက္တိုးရင္း စက္၀ိုင္းပံုသဏၭာန္ တံခါးႀကီး၏ ေရွ႕သို္႔ေရာက္သည့္အခါ သူ႕ကိုျမင္သည္ႏွင့္ အနက္ေရာင္ကုတ္မ်ားျဖင့္ အေစာင့္မ်ားက ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားကာ လႈပ္လႈပ္ရွားရွားျဖစ္သြားေတာ့၏ ။ သူတို႔အား ထြက္သြားရန္ လက္ဟန္ျဖင့္ ျပေလေတာ့ ေနာက္ဆံမတင္းသည့္ပံုျဖင့္ အမိန္႔ကို မနာခံခ်င္သည့္ပံုပင္ ။

" ေတာင္းပန္ပါတယ္ ဒြန္... ထြက္သြားရမဲ့သူက ခင္ဗ်ားပါ ။ "

( ဒြန္ ဆိုတာ မာဖီးယားဂိုဏ္းေတြမွာ အႀကီးအကဲေခါင္းေဆာင္ကို ေခၚတဲ့နာမည္ ပါ )

ထိုလူမ်ားသည္ သူ႕အား ေမာင္းထုတ္ၾက၏။ သူတို႔၏မ်က္လံုးထဲတြင္ ဩဇာအာဏာ မရိွေတာ့ေသာ ေခါင္းေဆာင္ေဟာင္းကို အားတံု႔အာနာဟန္ျဖင့္ မတတ္သာသည့္အဆံုး လုပ္ေနရပံုေပၚ၏ ။.

ထည္ဝါလင္းရိွန္သည္ သူ အထဲသို႔ ၀င္ခ်င္ေၾကာင္း
ထပ္ကာထပ္ကာ ေျပာသည္ ။ အထဲမွ ထြက္ေပၚလာေသာ ေသနတ္သံမ်ားႏွင့္ အျပန္အလွန္ျငင္းခံုသံမ်ားက သူ႕စိတ္ကို အထဲသို႔ ၀င္ေစေအာင္ အတင္းဆြဲေဆာင္ထားသည့္အလား...... ။

သူ ဘယ္ေလာက္ေျပာေျပာ လက္နက္ကိုင္ထားေသာ အေစာင့္ႏွစ္ေယာက္က လက္မခံသည့္အျပင္ သူ႕ကိုပါ ဒီေနရာက ဆြဲထုတ္ခ်င္ေနပံုရသည္ ။ ၾကာၾကာအခ်ိန္မဆြဲလို၍ သူတိူ႕ႏွစ္ဦး၏ လက္ထဲမွ ေသနတ္ရွည္မ်ား လြတ္က်သြားေအာင္ သူ တိုက္ခိုက္လိုက္ရေတာ့သည္ ။ ခ်ဳပ္ကိုင္ထားေသာ လက္မ်ားကို တပတ္လည္ေအာင္ ျပဳလုပ္၍ ေျခေထာက္အားျဖင့္ တဖက္လူ၏ ခါးကိုေစာင့္ကန္ပစ္လိုက္သည္ ။ ဒုတိယလူ၏ လည္ပင္းကိုလည္း လက္ျဖင့္ ဆြဲညႇစ္ကာ ၀မ္းဗိုက္ဆီသို႔ အားျပင္းျပင္း လက္သီးတစ္လံုး ပစ္သြင္းလိုက္သည္ ။ သူဆိုတာ ဒီေလာကမွာ ႏွစ္ေပါင္း ၃၂ ႏွစ္ၾကာ ရပ္တည္လာခဲ့တာ...။ ရန္သူကို ဘယ္လို တိုက္ခိုက္ေခ်မႈန္းရမလဲ ဆိုတဲ့ ပညာရပ္မွာ တဖက္ကမ္းခတ္ ေတာ္ၿပီးသား... ။ ငနဲသားေလးကို ခ်စ္ေနရလို႔သာ အေလွ်ာ့ေပးထားတာ... ။ သူဟာ လက္ရည္က်သြားတဲ့ အသက္ႀကီးႀကီး ဂိုဏ္းခ်ဳပ္ေဟာင္းႀကီးေတာ့ မဟုတ္ေသးပါေလ... ။

စက္၀ိုင္းပံုစံ တံခါးႀကီးကို တြန္းဖြင့္လိုက္သည့္အခါ
သူ႕မ်က္လံုးက်ဥ္းေလးမ်ားက ႏွစ္ဆ က်ယ္သြားရသလို ေလးကိုင္းပံု ႏႈတ္ခမ္းေလး အနည္းငယ္ ပြင့္အာသြားရ၏ ။

သူ႕ အသည္းေတြဆီ လူတစ္ေယာက္က နင္းေလွ်ာက္ျဖတ္နင္းလိုက္သလိုမ်ဳိးပဲ.... ။

ဒါ သူ မလိုခ်င္ဆံုး အရာတစ္ခုပဲ... ။

သူ႕ကို ျမင္သြားေသာ ခက္ထန္ကလည္း စကားတစ္ခြန္းမဆို မွင္ေသေသျဖင့္ ၾကည့္ကာ
ေသြးစြန္းေနေသာ လက္မ်ားျဖင့္ စီးကရက္တိုကို
ႏႈတ္ခမ္းတြင္ ေတ့ကာ မီးညိႇလိုက္ၿပီးေနာက္ ပါးစပ္တြင္းမွ ေဆးလိပ္ေငြ႕မ်ားကို မႈတ္ထုတ္လိုက္ေလသည္ ။

ၿပီးေနာက္ သူ႕ဘက္သို့ လွည့္ကာ ေအးစက္ေနေသာေလသံ ၿငိမ္ၿငိမ္ေလးျဖင့္...

" လူသတ္ရတာ အရသာ ဘယ္ေလာက္ရိွသလဲ ကိုယ္တိုင္ သတ္ၾကည့္မွပဲ သိေတာ့တယ္ ထည္ဝါလင္းရိွန္! ခင္ဗ်ားလည္း အရသာ သိပ္ေတြ႕ခဲ့မွာပဲ... က်ဳပ္အေမကို သတ္ေနရတဲ့အခ်ိန္တုန္းကေပါ့... "

ခက္ထန္ဟာ စီးကရက္တိုကို ေျမႀကီးေပၚသို႔ပစ္ခ်လ်က္ ဖိနပ္ျဖင့္ နင္းေခ်ပစ္လိုက္သည္ ။ လက္ျပန္ႀကိဳးတုပ္ခံထားရေသာ လူတစုဆီသို႔ ပံုမွန္ေျခလွမ္းတို႔ျဖင့္ ေလွ်ာက္သြားကာ လူအုပ္ထဲမွ လူတစ္ေယာက္ကို ဆံပင္မွ ေစာင့္ဆြဲ၍ ဒရြတ္တိုက္ဆြဲေခၚလာသည္ ။ လူ႕လက္ထဲတြင္ပါလာေသာ ထိုသူ၏ ဆံပင္ေမႊးမ်ားကို ရြံရွာသလို မ်က္ႏွာထားျဖင့္ ခါခ်လိုက္၏ ။ လူ တစ္ေယာက္ခ်င္းစီ သတ္ျဖတ္ေနေသာ လူအုပ္ႀကီးသည္ မၾကာခင္ ေသရေတာ့မည္ကိုသိေနေသာ္လည္း ထိတ္လန္႔ေၾကာက္ရြံဟန္မျပ... ။ ထည္ဝါလင္းရိွန္ဆီသို႔ အၾကည့္မ်ားပို႔ကာ သူတို႔အရင္သြားႏွင့္ေတာ့မယ္ လို႔ မ်က္လံုးမ်ားျဖင့္ စကားေျပာေနၾက၏ ။ ေယာက်္ားပီသေသာ မ်က္ႏွာထားမ်ားက သစၥာတရားကို လက္ကိုင္ထားကာ ေသမင္းႏွင့္ပင္ အန္တုရဲသည့္ မာဖီးယားဂိုဏ္း၀င္တို႔၏ မိခင္ဂိုဏ္းအေပၚ စြန္႔လႊတ္အနစ္နာခံမႈမ်ားကို ျမင္သာလာေစ၏ ။

ခက္ထန္သည္ ေသနတ္ကို ခါးၾကားသို႔ ထိုးထည့္ကာ
သန္မာေသာ လက္မ်ားက ေျခေထာက္နားမွ သံတုတ္ကို ေကာက္ယူလိုက္သည္ ။ သူ က က်ည္ဆန္ကို အနားေပးကာ သံတုတ္ျဖင့္ တစ္ေယာက္ခ်င္းစီကို ႐ိုက္သတ္ေတာ့မည့္ ဟန္ျဖင့္ ေအာက္တြင္ရိွေနေသာ လူ၏ ဦးေခါင္းကို ပစ္မွတ္ထားကာ လက္ထဲမွ သံတုတ္ကို ေလေပၚသို႔ ေျမႇာက္လိုက္သည္ ။

" ခက္ထန္! !! "

သူ အားကုန္ ေအာ္ဟစ္ပစ္လိုက္သည္ ။ ဒါ သူ ပ်ဳိးေထာင္ခဲ့တဲ့ ခက္ထန္ မဟုတ္ဘူး ။

ခက္ထန္ကို ၾကည့္ေနေသာ အၾကည့္မ်ားက ေ၀ဝါးလာေတာ့သည္။ သူ႕ မ်က္၀န္းထဲ မ်က္ရည္ၾကည္မ်ားက တြဲခိုလို႔လာ၏ ။ ခက္ထန္နားသို႔ အေျပးသြားကာ တဆတ္ဆတ္တုန္ရီေနေသာ လက္သီးတစ္လံုးကို ခက္ထန္ မ်က္ႏွာေပၚသို႔ အားကုန္ပစ္သြင္းလိုက္သည္ ။ ခက္ထန္ သည္ မ်က္ႏွာတည့္တည့္ကို အထိုးခံလိုက္ရ၍ ေနာက္သို႔ ေျခတလွမ္းယိုင္သြား၏ ။

ႏွာေခါင္း၀မွ စီးက်လာေသာ ေသြးမ်ားကို သူ႕လက္ျဖင့္ သုတ္ကာ မယံုၾကည္ႏိုင္ေသာ မ်က္လံုးမ်ားျဖင့္ ေငးၾကည့္လာ၏ ။

" ထည္ဝါလင္းရိွန္! ေခြးမသား... မင္းလို အပ်က္ေကာင္က ငါ့ကို ထိုးရဲေသးတယ္.. ငါ-ိုး... "

ခက္ထန္၏ သန္မာေသာလက္မ်ားသည္ ေဒါသေၾကာင့္ အေၾကာၿပိဳင္းၿပိဳင္းထကာ
ထည္ဝါလင္းရိွန္၏ လည္တိုင္ေပၚသို႔ က်ေရာက္လာသည္ ။ သူ႕လက္အားျဖင့္ ဆြဲညႇစ္ဆုပ္ကိုင္ၿပီးကာမွ စိတ္ကို ေျဖေလွ်ာ့ကာ ေစာင့္တြန္းပစ္လိုက္သည္ ။ သူ ဒီလူ႕ကို လက္ပါမိေတာ့မည္ကို သူ႕ကိုယ္သူ သိ၍ သူ၏ ႐ိုင္းစိုင္းၾကမ္းတမ္းေနေသာ စိတ္႐ိုင္းကို ထိန္းခ်ဳပ္ပစ္လိုက္သည္ ။

" ဒီေကာင့္ကို ဆြဲထုတ္လိုက္! "

သူ႕လူေတြဘက္သို႔လွည့္ကာ ထည္ဝါလင္းရိွန္ကို ဆြဲထုတ္သြားရန္ အမိန္႔ေပးလိုက္သည္ ။

" ငါ့ကို သတ္လိုက္! မင္း သတ္ခ်င္ေနတာ ငါ့ကိုမလား... ငါ့ကိုပဲ သတ္လိုက္... မဆိုင္တဲ့လူေတြကို မဲ ေနတာ ေယာက်္ားပီသတဲ့လုပ္ရပ္မဟုတ္ဘူး ေတာ္၀င္မင္းခက္ထန္! ! "

သူ ့ မ်က္ခမ္းစပ္ေတြ နီရဲစပ္ဖ်င္းလာသည္။ လူတစ္ေယာက္ကို ၾကက္ကေလး ဌက္ကေလး သတ္သလို ႐ိုက္သတ္ေနၿပီး မာဖီးယားဂိုဏ္းေခါင္းေဆာင္ ျဖစ္ခ်င္ေနတဲ့ ခက္ထန္က စိတ္ပ်က္စရာေကာင္းလွသည္ ။

အင္အားႀကီးတိုင္း စိုးမိုး ဖိႏိွပ္ခ်င္တာ ေယာက်္ားမပီသတဲ့ လုပ္ရပ္ပဲ.... ။

ခက္ထန္ လည္း သူ႕နည္းတူ အက္ကြဲေနေသာအသံနက္ႀကီးျဖင့္ ျပန္ေအာ္သည္။

" အဲ့ေလာက္ ေသခ်င္ေနတာ... လာ...ထစမ္း!"

သူ၏ သန္မာေသာ လက္မ်ားျဖင့္ ထည္ဝါလင္းရိွန္၏ ဂုတ္မွ အက်ႌစအား ဆြဲကိုင္ကာ သူ႕ေလာက္နီးပါး အရပ္အေမာင္းရိွေသာ သူကို ဒရြတ္တိုက္ ဆြဲေခၚသြားသည္ ။

" ေခြးတိရစၧာန္ေကာင္! ေျမၿမိဳမဲ့ေကာင္ ငါ့ကို လႊတ္စမ္း! မင္းကမွ လူသတ္သမား... မင္းကမွ လူသတ္ေကာင္! "

ခက္ထန္ သည္ စကားတခြန္း မဖြင့္ဟလာဘဲ
ေျမေအာက္ဂိုေဒါင္ထဲမွ သူ႕အား ၾကမ္းတမ္း႐ိုင္းစိုင္းစြာ ဆြဲထုတ္လာခဲ့သည္။ အေပၚသို႔ေရာက္ေသာအခါမွ လည္ဂုတ္ကို ဆြဲကိုင္ထားေသာ လက္ကို လႊတ္ေပးလိုက္ကာ
ထည္ဝါလင္းရိွန္၏ ခႏၶာကိုယ္ကို ေဇာက္ထိုးအေနအထားျဖစ္ေအာင္ ခ်ီမ၍ ႀကီးမားက်ယ္ျပန္႔ေသာ သူ႕ပခံုးေပၚသို႔ ထမ္းတင္လိုက္သည္ ။

ထည္ဝါလင္းရိွန္သည္ ယက္ကန္ယက္ကန္ အေနအထားျဖင့္ ေဇာက္ထိုးျဖစ္ေနကာ ခက္ထန္၏ က်ယ္ျပန္႔ေတာင့္တင္းေသာ ေက်ာျပင္ကို သူ႕လက္မ်ားျဖင့္ ထု႐ိုက္ပစ္သည္ ။ အိမ္ႀကီးထဲသို႔ေရာက္ေသာအခါ ပခံုးေပၚမွလူကို အ႐ုပ္တစ္႐ုပ္လို လႊင့္ပစ္လိုက္သည္ ။

" မင္း သင္ေပးခဲ့တာပဲေလ .... ငါ့ကို ဒီလိုေတြျဖစ္လာေအာင္ မင္း လုပ္ခဲ့တာ... "

ထည္ဝါလင္းရိွန္သည္ ခက္ထန္စကားေၾကာင့္
ပစ္ခ်ခံလိုက္ရ၍ နာက်င္သြားေသာ ခႏၶာကိုယ္ကို မမႈႏိုင္ေတာ့ဘဲ ခက္ထန္ မ်က္လံုး၀ိုင္းႀကီးႏွင့္ ဆံုစည္းေစခဲ့သည္ ။ ထိခိုက္သြားေသာ လက္ျပင္႐ိုးကို လက္ျဖင့္ ဖိကိုင္လ်က္ ႏႈတ္ခမ္းသားမ်ားေပါက္ၿပဲသြားသည္အထိ သြားျဖင့္ႀကိတ္လိုက္မိသည္ ။

" မင္း ေၾကာင့္ပဲ ထည္ဝါလင္းရိွန္! အရာအားလံုးကို မင္းကပဲ အစျပဳခဲ့တာ... ငါ လူစိတ္ေပ်ာက္လာေအာင္ မင္းပဲ ဖန္တီးပစ္လိုက္တာ... ဒါ မင္း ျမင္ခ်င္ေနတဲ့ ငါ့ရဲ႕ စိတ္ပ်က္စရာပံုရိပ္ပဲမလား ။ မင္းပဲ ဒီလို ျဖစ္ေစခ်င္ခဲ့တာ မဟုတ္ဘူးလား? "

ခက္ထန္ ပါးျပင္ေပၚမွ မ်က္ရည္ေပါက္ကေလးတစ္စက္သည္ သူ႕ ေျခခံုေပၚသို႔ စီးက်လာခဲ့သည္ ။ ခက္ထန္
ရင္ထဲက နာက်င္မႈ အစိတ္အပိုင္းေတြက သူ႕ႏွလံုးသားကို ၀ါးၿမိဳသြားခဲ့ေလၿပီလား ။

ထည္ဝါလင္းရိွန္သည္ လြဲမွားေနေသာ စြပ္စြဲခ်က္မ်ားအေပၚ နာက်င္ခံျပင္းျခင္းတို႔ ကိန္း၀ပ္ေနကာ ႐ိႈက္သံတို႔ေႏွာေနေသာ အသံျဖင့္ ျပန္ေျပာသည္ ။

"ဘယ္တုန္းကမွ အဲ့လို ျဖစ္ေစခ်င္ခဲ့တာ မဟုတ္ပါဘူး... ထန္ထန္... ကိုကို မင္းကို ဘယ္တုန္းကမွ အခုလိုပံုစံမ်ဳိးျဖစ္ေအာင္ မသြန္သင္ခဲ့ဖူးပါဘူး ကြာ! "

ခက္ထန္ဟာ ႏႈတ္ခမ္း၀ိုင္းေလး ဖြင့္ဟသြားကာ
တုန္ရီေနေသာ ေျခလွမ္းတို႔ျဖင့္ ယိုင္နဲ႔စြာ ေနာက္သို႔ေျခတစ္လွမ္း ဆုတ္သြားသည္ ။

ျဖဴေဖ်ာ့လာေသာ ခက္ထန္ ႏႈတ္ခမ္းေလးမွ..

" ဟင့္ အင္း... မေခၚ.. ပါနဲ႔... အဲ့ နာမည္... မေခၚနဲ႔... "

သူ သိပ္ႀကိဳက္ခဲ့တဲ့ နာမည္ေလးကို အခုေတာ့ ခက္ထန္ဟာ အႏၲရာယ္ႀကီးမားေသာ ေႁမြျကီးတစ္ေကာင္ကို ေတြ႕လိုက္ရသလို ေၾကာက္ရြံတုန္လႈပ္သြားသည့္ လူသားတစ္ေယာက္လိုပံုမ်ဳိးျဖင့္ ေျခလွမ္းမ်ားကို ေနာက္သို႔ ဆုတ္ကာျဖင့္ ထိုေနရာမွ ေျပးထြက္သြားခဲ့သည္.... ။

သူ႕နားထဲ အသံၾကည္ၾကည္ေလးတစ္သံက ဆြဲထုတ္မရေလာက္ေအာင္ စြဲၿမဲစြာ ကိန္း၀ပ္လို႔ေနသည္ ။ သူ ျပန္ၾကားေနရသည္။

" ေဟာဒီ့္ ေလာကမွာ ကိုကို အခ်စ္ဆံုးလူက ထန္ထန္ပဲ "

" ထန္ထန္႔ကို ခ်စ္လို႔ လာခိုးေတြ႕တာေပါ့... ထန္ထန္႔အေမ မသိေစနဲ႔ေနာ္ "

" ထန္ထန္ စားခ်င္တဲ့မုန္႔ေတြ ေမေမေလးက မ၀ယ္ေကြၽးရင္ ကိုကိုက ၀ယ္ေကြၽးမွာေပါ့ ... ကိုကို ပိုက္ဆံရွာတာ ထန္ထန္႔ အတြက္ေပါ့ "

ခက္ထန္သည္ သူ႕ဦးေခါင္းခြံ ကြၽတ္သြားမတတ္ ဆံႏြယ္မ်ားၾကားထဲသို႔ လက္ကို ထိုးထည့္ကာ ဆြဲေဆာင့္ပစ္သည္ ။ သူ႕ပါးေဖာင္းေလးကို သူ႕လက္မ်ားျဖင့္ ပိတ္႐ိုက္သည္ ။ ဦးေရျပားကြာက်မတတ္ ဆံပင္မ်ားကို ဆြဲေဆာင့္ပစ္သည္ ။ ႐ိႈက္ငင္ကာျဖင့္ အဆက္မျပတ္က်ဆင္းလာေသာ မ်က္ရည္မ်ားကို သတိထားမိလာေသာအခါ သူ႕မ်က္ရည္မ်ားကို သုတ္လိုက္သည္ ။ လက္ခံုေပၚတြင္ ေပက်ံလာေသာ မ်က္ရည္စေလးမ်ားကို ၾကည့္ရင္း ႏႈတ္ခမ္းသားတို႔ကို တတိတိ ကိုက္ေဖာက္ေနမိသည္ ။

သူ ေၾကာက္သည္ ။ သူ သိပ္ကို သေဘာက်လြန္းတဲ့နာမည္ေလး... ။ ဘယ္သူေခၚတာမွ မႀကိဳက္ခဲ့တဲ့ နာမည္ေလးက 'ထန္ထန္ ' ....။

ထည္ဝါလင္းရိွန္က 'ထန္ထန္... ကိုကို ကေလ.. "
ဆိုတဲ့ စကားေလး စ လာခဲ့ရင္ သူ သိပ္ကို သေဘာက်ခဲ့ရတာ... ။

ထည္ဝါလင္းရိွန္ အလာကို သူ႕အေမ မသိေအာင္ အၿမဲေမွ်ာ္ေနမိတဲ့ အိမ္အေနာက္ဖက္က အုတ္ခံုေလး.... ။

ေနာက္ဆံုးေတာ့ ဘာေတြျဖစ္သြားခဲ့လဲ... ။

'ေမေမေလး မသိေစနဲ႔ေနာ္ ထန္ထန္ ' ဆိုတဲ့ အသံၾကည္ၾကည္ေလးကို ယံုၾကည္ေပးခဲ့မိလို႔ သူ႕အေမက လုပ္ႀကံသတ္ျဖတ္တာ ခံလိုက္ရတယ္။.

ထည္ဝါလင္းရိွန္ အဲဒီေနရာကို အၿမဲ ခိုးလာတတ္တဲ့အေၾကာင္းကို သူ႕အေမကိုသာ ဖြင့္ေျပာခဲ့မိရင္ သူ႕အေမလည္း ေသခ်င္မွ ေသဦးမွာ ဟု သူ ကေလးဘ၀ထဲက ေတြးလာခဲ့ရတာ....။

သူက ထည္ဝါလင္းရိွန္ ဆိုတဲ့ ေႁမြတစ္ေကာင္ကို
ကေလးအရြယ္ကတည္းက သူ႕လြယ္အိတ္ေလးထဲ အေမ မသိေအာင္ ထည့္ဖြက္ေပးထားခဲ့မိတယ္ ။ သူ ဇစ္ကေလး ဖြင့္လိုက္တဲ့အခ်ိန္မွာ အဲ့ေႁမြက သူ႕အေမကို ေသေအာင္ ကိုက္သတ္ပစ္လိုက္တယ္.... ။

ကိုယ္ သေဘာက်လြန္းခဲ့တဲ့ အရာေတြကလည္း တခ်ိန္ခ်္ိန္မွာ ကိုယ္ အေၾကာက္ဆံုးအရာေတြ ျဖစ္လာေလ့ရိွၾကတာပဲ... ။ သူ႕အတြက္ေတာ့ အေၾကာက္တရားကို အမုန္းတရားေတြအျဖစ္ ေျပာင္းလဲပစ္ခဲ့ျခင္း တစ္မ်ဳိးပဲ... ။

Author note..... အပ္ပုဒိတ္ကိစၥပါ ဖတ္ေပးၾကပါဦး
အပ္ပုဒိတ္က ႏွစ္ရက္ျခားတစ္ခါ တင္ေပးခဲ့ပါတယ္။ အခု မနက္ျဖန္အလုပ္စ၀င္ရမဲ့ ေန႔ ပါ ။ အလုပ္ခ်ိန္က မနက္၇ခြဲကေန ည ၈ နာရီပါ ။ အပ္ပုဒိတ္က အရင္လို မွန္ႏိုင္မယ္မထင္ေတာ့ပါဘူး အတတ္ႏိုင္ဆံုးေတာ့ အားတဲ့အခ်ိန္ေလးေတြ တင္ေပးသြားပါ့မယ္ ။ ပစ္ေတာ့ ပစ္မသြားၾကပါနဲ႔ေနာ္ အဲ့တစ္ခုေလးေတာင္းဆိုခ်င္တာပါ 😢 မန္႔ေတြလည္း အားတဲ့ခ်ိန္ အကုန္ျပန္မွာပါ ။နီကိုက မန္႔ေတြ အၿမဲ rp ျပန္ေပးပါတယ္ မန္႔တစ္ခုခ်င္းစီကို နီကို တန္ဖိုးထားလို႔ပါ ။
အပ္ပုဒိတ္ ေတာင္းေပးတဲ့ အတြက္ ေက်းဇူးမ်ားႀကီးတင္ပါတယ္ေနာ္ 😘😘😘

Unicode version

မှောင်မိုက်နေတဲ့ အခန်းလေးထဲ မီးသီး အနီရောင်မှိန်ပျပျလေး ရဲ့ အလင်းက အင်မတန်မှ လူကို ပျင်းရိခြောက်သွေ့စေရန် ပြုလုပ်နေလေသလား.... ။ တိတ်ဆိတ်သော လေထုကများ သူ့ကို ငြီးငွေ့သွားအောင် ပြုလိုက်လေသလား ။

ဦးစိုင်းထန် သည် အိပ်ပျော်နေသော သူ၏ နဖူးပေါ်မှဝဲကျနေသော ဆံပင်စလေးများကို ညင်သာစွာ သပ်တင်ပေးလိုက်သည် ။
ကိတ်မုန့်စလေးများဖြင့် ညစ်ပတ်ပေရေနေသော မျက်နှာလေးကို တစ်သျှူးစလေးဖြင့် သေချာစွာ သုတ်ပေးလိုက်သည် ။

မို့အစ်နေသော မျက်ခွံမို့မို့လေးကို ဖွဖွလေး နမ်းရှုံ့လိုက်၏ ။

ဒါ သူ့ရဲ့ ဆက်ထန်! သူ့ကို မချစ်တဲ့ ဆက်ထန်!
သစ္စာမရှိတဲ့ သူ့ရဲ့ဆက်ထန်! ....

သူ အတွေးလွန်နေတုန်း ဆက်ထန် နိုးလာကာ သူ့အား ထိတ်လန့်နေသော မျက်လုံးများဖြင့် ငေးကြည့်လာလေ၏ ။ ဆက်ထန် အသံလေးကိုမကြားရသည်မှာ ၁၅ နှစ်ကျော်ကာလ..... ဆက်ထန် ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့သည့် အချိန်ကတည်းကပင်ဖြစ်၏ ။ ဆရာဝန်မျိုးစုံ နဲ့ ကုခဲ့ပေမဲ့ အသံအိုးဖျက်ဆီးခံထားရသည် ဆိုသော ဖြေရှင်းချက်တစ်ခုကိုသာ တပြိုင်တည်း ကြားခဲ့ရသည် ။ ဘယ်သူကများ သူ့ရဲ့ဆက်ထန်ကို ဒီလို လုပ်ခဲ့သလဲ သူ ယခုချိန်ထိ အဖြေရှာမရသေးပေ... ။

လွန်ခဲ့သော ၁၅နှစ်ကျော် သူ ဖမ်းလာခဲ့တဲ့ နေ့ကတည်းက စ လို့ ဆက်ထန် ဟာ ရူးနှမ်းနေတဲ့လူတစ်ယောက်လို အမြဲကြောက်နေတတ်သည် ။ သူ ပိတ်လှောင်ထားခဲ့သည့်အခါ ဆက်ထန် အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာတော့၏ ။ ပါးစပ်မှ တဝူးဝူး ဖြင့်သာ အော်နေတတ်ကာ ဘာဆိုဘာအမူအရာမျိုးမှ မယ်မယ်ရရ မပြတတ်ချေ... ။ သူ့ကို ကြည့်သော ဆက်ထန်၏ မျက်လုံးများက သူစိမ်းတစ်ယောက်လိုတောင် ခံစားခဲ့ရသည် ။

သူ မချုပ်နှောင်ထားခင် အချိန်ကလည်း ဆက်ထန်ဟာ ၁နှစ်လောက် ပျောက်ချင်းမလှ ပျောက်ခဲ့ဖူးသည် ။ သူ ပျောက်သွားခဲ့စဉ်က ဘာတွေကြုံခဲ့ရသလဲ မသိလေတော့ ဆက်ထန် အခြေအနေကို ယခုထိ သေချာစွာ နားမလည်နိုင်ပေ... ။ အနည်းဆုံးတော့ ဆက်ထန် သူ့အနားရှိနေသေးသည် ဟူသော အသိဖြင့် ဖြေသိမ့်နေခဲ့ရ၏ ။

ထိတ်လန့်နေသောသူကို အနူးညံ့ဆုံးလေး ပြုံးပြကာ....

" ကိတ် စားတော့မလား ဆက်ထန်!! "

ဆက်ထန်သည် ခေါင်းလည်း မညိမ့်.. ခေါင်းလည်းမခါဘဲ သူ့လက်ထဲမှ ကိတ်မုန့်ဝိုင်းလေးကို ဆွဲလုကာ ပါးစပ်ထဲသို့ ပလုပ်ပလောင်း ထိုးထည့်ပစ်လိုက်သည် ။ လက်မှာပေနေသော ခရင် များကို လျှာနှင့် လျက်သည် ။

အချိုဆို သိပ်မုန်းတတ်တဲ့ ဆက်ထန်က သူ ဖမ်းခေါ်လာကတည်းက ထမင်းပြီးရင် ခရင်အပြည့်နဲ့ ကိတ်အချိုတွေ စားရတာ အကြိုက်ဆုံး ဖြစ်လာ၏ ။
ပုံမှန်မဟုတ်သော သူ့အခြေအနေကြောင့်ပင် ဖြစ်ပေလိမ့်မည် ။

သူ ဆက်ထန်ကို ထားခဲ့ကာ အခန်းထဲမှ ထွက်သွားလိုက်သည် ။
မှိန်ပျပျမီးသီးလေး တစ်လုံး ၊ ကျယ်ပြန့်သော ကုတင်တစ်လုံး ၊ သူ ကြိုက်တတ်သော ကိတ်မုန့်လေးတစ်လုံး.... ရိုးရှင်းသော အခန်းငယ်လေးတစ်ခုပဲဆိုပေမဲ့ မြေအောက်တံခါးကြီးတစ်ချက် ပိတ်ချလိုက်သည်နှင့်
ခြောင်ခြားစရာကောင်းသော ထောင်ချောက်နက်နက်တစ်ခုထဲ ရောက်သွားသလိုမျိုးပဲ..... ။

ဘယ်လိုလူမျိုးကများ သာမန် ဦးနှောက်နဲ့ ရှင်သန်နိုင်မှာတဲ့လဲ.... ။ နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာ နေရောင်နဲ့ ထိတွေ့ခွင့်မရှိခဲ့ဘူး ။ စကားပြောဖော်မရှိခဲ့ဘူ း ။ ဒီအခန်းထဲ ရောက်လာတတ်တဲ့ လူတစ်ယောက်တည်းရဲ့ မျက်နှာတစ်ခုကလွဲလို့ ဒီလူရဲ့ အသံတစ်သံက လွဲလို့.... ဘာဆို ဘာမှ မသိရ ၊ မမြင်ရ ၊ မကြားရတဲ့ ပိန်းပိတ်နေတဲ့ လှောင်အိမ်ထဲ ချိတ်ပိတ်ခံထားရတဲ့ ခွေးတစ်ကောင်လိုပဲ..... ။

------------------------------------------

ပြောင်လဲ့နေသော ကျွန်းရောင်ပါကေးလေးပေါ်သို့ ခြေဖခိုး ဖြူဖြူလေးနှစ်ဖက်ဖြင့် ခြေစုံရပ်လိုက်သည်။
ပြောင်းလဲသွားသော အိမ်၏ အပြင်အဆင်ကိုကြည့်ပြီး အံ့ဩမင်တက်မိ၏ ။ ဧည့်ခန်းတွင် သူ သဘောတကျ ချိတ်ဆွဲထားခဲ့သော သာယာသောဥတုရာသီပုံ ပန်းချီကားလေး မရှိတော့ဘူး ။ ထိုနေရာတွင် ကြီးမားသော နဂါးကြီးက အဝတ်မပါသော ဖြူဖျော့ဖျော့ လူတစ်ယောက်ကို ကွေ့ပတ်ထားသည့် ပန်းချီကားကြီးက နေရာယူထား၏ ။ ပန်းချီထဲမှ
လူ သည် မျက်လုံးတို့ကို မှိတ်လျက် လေ၌ မျောလွင့်နေပုံပေါ်သည်။ အဝတ်ဗလာ ခန္ဓာကိုယ်တွင် အရှက်တရားနေရာ၌ နဂါး၏ ဝမ်းဗိုက်က ကွေ့ပတ်သွားသဖြင့် နဂါးခန္ဓာကိုယ်က ဖုံးကွယ်ပေးလိုက်ဟန်တူသည် ။ စွတ်စွတ်ဖြူနေသော ပန်းချီကားထဲမှ ပုံသည် သူ ဖြစ်နေမည်ဆိုတာ ထည်ဝါလင်းရှိန် အတပ်သိသည် ။ ဒီ ပန်းချီကားသည် ဘာကို ကိုယ်စားပြုသလဲ တန်းသိသည်နှင့် မျက်ခမ်းစပ်များလှုပ်ခတ်သွားတော့၏ ။

သူ့ကို ခက်ထန်က ထိုမျှလောက်ထိ လှောင်ပိတ်ချင်နေသတဲ့လား ။

ပန်းချီကားသည် ဧည့်ခန်းနံရံ အပြည့်နီးပါးလောက် ကြီးမား ကျယ်ပြန့်လို့နေသည် ။ သူ ရှေ့ဆက်လျှောက်သည့်အခါ မြင့်မားစွာ ရပ်တည်နေသော နဂါးရုပ်ထုကြီးက အသက်ဝင်စွာ သူ့အား မာန်ဖီနေပုံပေါ်၏ ။ မြစိမ်းရောင် တဖိတ်ဖိတ်လဲ့နေသော နဂါးရုပ်ထုကြီးကို သူ ကြာကြာမကြည့်နိုင်တော့ပါ ။ ထိုနေရာမှ ရှောင်ထွက်လာခဲ့တော့သည် ။ နံရံတွင် ရှိနေသော အရောင်များသည်က အမည်းရောင် ထူထူ တို့ ဖြစ်၏။
အိမ်ကြီးသည် မီးရောင်တောက်တောက်၏ အောက်တွင် ဂန္တဝင်ဆန်ဆန် တည်ရှိလို့နေသည် ။
အခန်းများမှာ ယခင်က အတိုင်း ဖြစ်သော်လည်း အပြင်အဆင် အားလုံးကတော့ ပြောင်းလဲသွားခဲ့ပြီ ။

တကယ်တော့ အမဲရောင်ဆိုတာ သူ အမုန်းဆုံးအရောင်ပဲ .... ။

" ကျုပ်ပြင်ထားတာ ခင်ဗျားကြိုက်ဖို့ မလိုဘူးလို့ထင်တယ် ထည်ဝါလင်းရှိန်! "

အိမ်၏အပြင်အဆင်ကို လှည့်ပတ်ကြည့်နေတဲ့ သူ့နောက်မှ ခက်ထန် အသံကြီး ထွက်လာသောကြောင့် သူ့ ခြေလှမ်းတို့ ရပ်တန့်သွားတော့သည် ။

သူ မကြိုက်သော အိမ်၏ အပြင်အဆင်သည် ကျောချမ်းစရာကောင်းသော်လည်း တည်ငြိမ်စွာပင်ပြုံးပြလိုက်သည် ။

"ငါ ကြိုက်တယ်လည်း မပြောဘူး ။ မကြိုက်ဘူးလို့လည်း မပြောမိဘူး "

ခက်ထန် နှာခေါင်းချွန်လေးသည် ဒေါသထွက်၍ ပွရောင်းလာတော့၏ ။ ထည်ဝါလင်းရှိန် ကို သူက ဒေါသထွက်စေချင်နေတာလေ... ဘာလို့ ဒီလူနဲ့ စကားပြောတိုင်း သူကပဲ ဒေါသထွက်ပြီး ကျန်ခဲ့ရတာလဲ သူ စဉ်းစားမရဘူး ။ ဒီလူက သွေးအေးအေးလေး လေသံအေးအေးလေးနဲ့ သူ့ကို ပြန်ပြန်ပက်နေတာ.... ။

သူ့စိတ်ကို လျှော့ချလိုက်သည် ။ သူ ဒေါသထွက်နေတာကိုကြည့်ပြီး ဒီလူ ကြိတ်ပျော်နေမှာမျိုး မဖြစ်စေချင်တော့ဘူး ။

" အိမ်ရဲ့ ဝေယျာဝစ္စ... မီးဖိုချောင် ဝင်တဲ့ကိစ္စ... ဒီနေ့ကစပြီး ခင်ဗျား တာဝန်ဖြစ်သွားပြီ ။ အလုပ်မရှိတဲ့ ခင်ဗျားအတွက် ကျုပ်က အလုပ်တစ်ခုပေးလိုက်တယ်လို့ပဲ သဘောထားလည်းရတယ် ။ အိပ်စားကာမလောက်ပဲ ကျင့်ကြံချင်ပြီး ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်တစ်ကောင်လို့ သတ်မှတ်ထားချင်လည်း သဘောပဲ... "

ထည်ဝါလင်းရှိန် သက်ပြင်းဖွဖွလေး တစ်ချက်ရှိုက်လိုက်သည် ။
ပြီးနောက် သူ့မူပိုင် တည်ငြိမ်သော အသံကြည်ကြည်လေးဖြင့်

" ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မနက်စာပြင်ပြီးရင်လည်း ပိုက်ဆံပေးရမယ် ၊ ညစာပြင်ပြီးရင်လည်း ပိုက်ဆံပေးရမယ်... အဲဒါဆို စေတနာ ဒလဟောနဲ့ မင်းအတွက် ချက်ပြုတ်ပေးပါ့မယ် "

" ခင်ဗျားကို လုပ်ချင်လာရင်ရော... "

ခက်ထန် ခြေလှမ်းများက ရှေ့သို့ တိုးကပ်လာသည့်အခါ သူသည်လည်း နောက်သို့ခြေလှမ်းများကို ဆုတ်ရင်း
ဒူးဆစ်နားလောက်တွင် ရှိနေသော ထိုင်ခုံလက်ရန်းဖြင့် တိုက်ကာ ဆိုဖာတပ်ထားသော ခုံပေါ်သို့ ပက်လက်လန်ကျသွားသည် ။ ခက်ထန်သည်လည်း နောက်မဆုတ်... ပက်လက်အနေအထားဖြင့် ရှိနေသော သူ့ကိုယ်ပေါ်သို့ တက်ခွလျက်....

" ခင်ဗျားကို လုပ်ချင်လာရင်ရော လို့... "

နီးကပ်လာသော ခက်ထန် နှုတ်ခမ်းများကို သူကပဲ ဦးအောင် စုပ်ယူနမ်းရှိုက်လိုက်သည် ။ မျက်စိတမှိတ်လေးအတွင်း သူ့ပါးစပ်ထဲပါလာသော ခက်ထန် နှုတ်ခမ်းသားလေးကို ကိုက်ချပစ်လိုက်၏ ။

" အ! ထည် .... "

သူ့နှုတ်ခမ်းနာသွား၍ အော်ရန်ပြင်နေသော ခက်ထန်၏ လည်ဂုတ်ကို လက်နှစ်ဖက်ဖြင့် ချိတ်တွယ်၍ ခက်ထန်နှုတ်ခမ်းထော်ထော်လေးကို
နူးညံ့စွာ ဆွဲငုံပစ်လိုက်သည် ။ တုံ့ပြန်မှုမရှိသော အနမ်းတို့ ဖြစ်သော်လည်း ဂရုမစိုက်ပါ... ။ အထင်သေးသွားမည်လည်း မစိုးရိမ်ပါ ။ ခက်ထန်က ဘယ်တုန်းကမှ အထင်မကြီးခဲ့တာမို့ မထူးဇာတ်ခင်းကာ စိတ်ထဲရှိတဲ့တိုင်း လွှတ်ချလိုက်မိသည် ။ ခက်ထန်သည် အနမ်းတို့ကို မတုံ့ပြန်သလို ရုန်းလည်း မရုန်းခဲ့ဘူး ။ ငြိမ်သက်စွာပဲ ခံယူနေခဲ့တယ် ။

ခဏအကြာ မောဟိုက်လာသောကြောင့် လွှတ်ပေးလိုက်သောအခါမှ ခက်ထန် က မဲ့ပြုံးလေးပြုံးပြလာသည် ။

" အဲ့တွက် ပိုက်ဆံပိုပေးရမှာပေါ့ ... ငါ့ ခန္ဓာကိုယ်ကို မင်း အလကား အရသာခံခွင့်တော့ မပေးနိုင်ဘူးလေ.... "

ခက်ထန် မျက်နှာဝိုင်းလေးကို သူ၏ လက်ချောင်းသွယ်လေးများဖြင့် ဖွဖွလေး တို့ထိလိုက်သည် ။ ဒီ့ထက် နည်းနည်းလောက်အားထည့်ရင်တောင် ပဲ့ကြွေသွားတော့မည့် ကြွေရုပ်လေးကို ကိုင်တွယ်နေသည့်အတိုင်းပင်..... ။

သူ့လက်များကို ခက်ထန်က ဆွဲကိုင်လိုက်သည်။

" အမှန်တိုင်းဝန်ခံမလား ထည်ဝါလင်းရှိန်! ကျုပ်အဖေနဲ့ ကျူပ်နဲ့ ဘယ်သူက ပိုခံစားလို့ကောင်းလဲ... ဘယ်သူက ခင်ဗျားကို အယားဖြေပေးနိုင်လဲ? "

" ငါ မင်းနဲ့ပဲ အိပ်ဖူးတာ... ငါ့ နှုတ်ခမ်းတွေက မသန့်ရှင်းရင်တောင် ငါ့ခန္ဓာကိုယ်က သန့်ရှင်းတယ် ။ ငါ့အတွက် ပထမဆုံးအကြိမ်ကိုတောင် မင်းက မညှာမတာ ကြမ်းတမ်းသွားခဲ့သေးတာ... ။ ယုံချင်ယုံမယုံချင်နေ စောက်ဂရုမစိုက်တော့ဘူး "

ခက်ထန် မျက်လုံးဝိုင်းကြီးထဲတွင် အရောင်မျိုးစုံတို့ဖြတ်ပြေးသွားလေတယ် ။ သူ တကယ် ခက်ထန် စွပ်စွဲချက်တွေကို မခံစားနိုင်တော့ဘူး ။ ခက်ထန် စကားကြမ်းကြမ်းတွေက သူ့သိက္ခာတွေကိူ နင်းခြေသွားရုံလေးတင်မဟုတ်ဘူး ။ သူ့နှလုံးသားတစ်ခုလုံးကို လက်နဲ့ ဖြစ်ညှစ်ရင်း အသွေးအသားတွေကို စိစိညက်ညက်ကြေအောင် ဖျက်စီးပစ်နေသလိုမျ်ုးပဲ.... ။

သူ့ ဖြေရှင်းချက်တွေကိုရော ခက်ထန် က ယုံပေးမှာတဲ့လား... ။ ခက်ထန် ဆိုတာ အမြဲတမ်း သူ လိုရာ ဆွဲတွေးပြီး ထင်ရာမြင်ရာ ဆွဲကိုက်ချင်နေတဲ့ ခွေးပေါက်လေးတစ်ကောင်လိုပဲ.... ။

နေ့ရက်တိုင်းဟာ တိုတောင်းလွန်းသည်။ ခက်ထန်နဲ့နီးနီးကပ်ကပ် နေရတဲ့ ဘဝက ပိုလို့ပင်တိုတောင်းလွန်းလှသည် ။ လူမှုကွန်ရက်ပေါ်မှ သတင်းအစအနများအကြောင်းကို သူလည်း မဟခဲ့သလို ခက်ထန်လည်း တစ်ခွန်းမှ ထုတ်မပြောချေ ။ အချိန်တွေ ရက်ပိုင်းလောက်ကြာလွန်သွားသည့်အခါ ကွန်မန့်များမှ ပြစ်တင်ဆဲဆိုသံများသည်လည်း တစတစ လျော့ပါးသွားခဲ့ပြီ ။ နောက်ထပ် စိတ်ဝင်စားစရာ သတင်းတစ်ခုဆီသို့ သူတို့၏ အာရုံအစုံတို့သည် ကူးပြောင်းသွားခဲ့ပြီ ။

သူ့နေရာတွင် အစားထိုး ဝင်ရောက်လာသော ငယ်ရွယ်ချောမောလှသည့် ဥက္ကဌအသစ်လေး၏ မွှေးပျံ့ချိုအီသော သတင်းလေးများက အစားထိုးဝင်ရောက်လာခဲ့သည် ။

တနေ့တာ၏ နေ့သစ်တိုင်းတွင် ကိုယ်ချစ်ရတဲ့သူအတွက် မနက်စာပြင်ပေးရနေသည်ဟူသော အသိက သူ့အသွေးအသားတို့ထဲ၌ လျှပ်စီးလေးများ တို့ထိခံနေရသလို....။ လှိုက်ဖိုတုန်ရင်စွာ တသိမ့်သိမ့်ကြည်နူးရ၏ ။

" ကော်ဖီက ပူတယ် "

ရေနွေးနွေးလေးနှင့် စပ်ပေးလာသောအခါတွင်လည်း

"အေးသွားပြန်ပြီ "

" ထမင်းကြော်က ပျော့အိနေတယ် ၊ ဒါ ကျုပ်အကြိုက်မဟုတ်ဘူး "

" ပေါင်မုန့်ကို မီးကင်တယ်ဆို... ဘာလို့ မဲ မလာတာလဲ... မင်းယောကျ်ားက မဲမဲလေး စားချင်တာ.. "

တဲ့.... ။ တစ်နေ့တမျိုးမရိုးအီရသော ခက်ထန်၏ ဂျစ်တိုက်ခြင်းများကြားတွင် မီးဖိုချောင်ထဲမှ ထွက်သွားဖို့ပင် မဖြစ်နိုင်တော့သည့် အိမ်ရှင်မတစ်ယောက် လုံးလုံး ဘဝသို့ ပျော်ရွှင်စွာ ကူးပြောင်းသွားခဲ့ရသည် ။

အချစ်ဆိုတာ ဘာလဲ သေချာမသိလှသော်လည်း
သူ အချစ်ဆိုသောအရာကို သူ ထိန်းခဲ့တဲ့ ကလေးလေးတစ်ယောက် နဲ့ အစပြုခဲ့တယ် ။ထိုကလေးလေးသည် သူ၏ အမည်ခံ ဇနီးဖြင့် ဖောက်လွှဲဖောက်ပြန် ပြုမူလိုက်သည့် အချိန်က သူ့နှလုံးသားကို နားလည်သွားခဲ့ရသည့်အချ်န်လား သူ သေချာစွာ မသိပါချေ ။

သူ နာကျင်ရသည် ။ သစ္စာမဲ့တဲ့ မိန်းမထက် သူ့အပေါ် လုပ်ရက်ခဲ့တဲ့ ခက်ထန် ကြောင့် ရင်ကွဲခဲ့ရသည် ။ ဒါဟာ အဖေက သားတစ်ယောက်အပေါ် ထားရှိတဲ့ နာကျင်ခံစားမှုမျိုးမဟုတ်ဘူး ။ အကိုက ညီတစ်ယောက်အပေါ် ထားရှိတဲ့ ဝမ်းနည်းမှုမျိုး မဟုတ်ဘူး ။

သူ ဖွင့်မပြောရက်ခဲ့ဘူး။ ဇနီးသည်ထက် ထိုကလေးကို ဆုံးရှုံးလိုက်ရမည်ကို သူ ကြောက်သည် ။

အချစ်ဟာ ဘာမှန်း မသိတဲ့အခါ......

ကိုယ်ဟာ ဘာကို ခံစားချက်ရှိနေမှန်း မသိတဲ့အခါ...

အချစ်အကြောင်းတွေးကြည့်လိုက်ပါတဲ့... ။

အချစ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို ဦးနှောက်က တွေးမိတာနဲ့ နှလုံးသားက မင်းအတွက် ပုံရိပ်တစ်ခုဖော်ဆောင်ပေးနေလိမ့်မယ် တဲ့... ။

အဲ့ပုံရိပ်လေးက ခက်ထန် ဖြစ်နေခဲ့သည် ။

နာကျင်ခဲ့ရသမျှ နားထောင်ပေးမည့်သူငယ်ချင်းများရှိနေသော်လည်း ခက်ထန်ကိုသာ ရင်ဖွင့်ချင်မိသည်။ သူ၏ နှစ်သိမ့်ပေးမှုကို လိုချင်သည် ။ အခက်အခဲများကို သူ့အား တိုင်ပင်ချင်သည် ။ တခါတရံ သူ့ကို မှီခိုတွယ်တာချင်သလို ကိုယ့်ရင်ခွင်ဟာလည်း သူ့အတွက် ခိုနားရာလေး ဖြစ်စေချင်မိသည် ။

အချစ်အကြောင်း တွေးတဲ့အခါ နှလုံးသားမှာ ထင်ဟပ်လာတဲ့ တစ်ယောက်သောသူဟာလည်း မင်း ဖြစ်နေခဲ့တာပဲ ခက်ထန်! ငါဟာ ဘယ်လောက်တောင် ရူးမိုက်လိုက်သလဲ! ကိုယ့်လက်ပေါ်ကြီးပြင်းခဲ့တဲ့ ကလေးအပေါ်မှ အရောင်တွေဆိုးနေမိခဲ့တယ်.... ။

ထိုကလေးက ကိုယ့်သူငယ်ချင်းတွေအပေါ်မှာ ဆိုးဆိုးဝါးဝါး ပြုမူလိုက်တဲ့အကြောင်း သိရတဲ့အခါမှာတော့ စိတ်ထိခိုက်ရခြင်းထက် ပိုလိမ့်မည် ။ ရိုင်နာနဲ့ ပုံရေး ဆိုတာ သူ့ဘဝထက်တောင် တန်ဖိုးထားရတဲ့ ၅၂၈ ခေါင်းစဉ်အောက်က အအေးချမ်းဆုံး မေတ္တာတရားတွေပဲ... ။

" ခင်ဗျား သူငယ်ချင်းတွေကို အေးအေးချမ်းချမ်းရှိစေချင်ရင် ခင်ဗျားလည်း လိမ်လိမ်မာမာနေပါ တဲ့...

ခက်ထန်ဟာ ချစ်စရာကောင်းစွာ ပြုမူတတ်သလို ဆိုးယုတ်လွန်းစွာလည်း ကောက်ကျစ်တတ်သေး၏။

သေနတ်သံပေါင်းများစွာ ဖြင့် သွေးပျက်ခြောက်ခြားစရာကောင်းသော မြေအောက် ဂိုဒေါင်တစ်ခုဆီမှ တိတ်ဆိတ်နေသော အသံကပင် ပို၍ ခြောက်ခြားစေသည် ။ သေနတ်သံများဖြင့်သာ ကာရံထားသော်လည်း လူတစ်ဦးတစ်ယောက်၏ အော်ဟစ်သံကိုပင် မကြားရ ။ ခက်ထန် နောက်သို့ လိုက်ရင်းမှ ပုံမှန်မဟုတ်သော အနေအထားတစ်ခုတွင် အသံလာရာနောက်သို့ အပြေးလိုက်မိသည် ။

မြေအောက်ဂိုဒေါင်သည် ကြီးမားကျယ်ဝန်းသော ခြံကြီးထဲ၌ပင် သူ့လက်ထက်ကတည်းက တည်ဆောက်ထားခြင်းဖြစ်သည် ။ သူ ရောက်နေသည်က ဂိုဒေါင်၏ အတွင်းနက်နက်တစ်နေရာတွင် ဖြစ်၏ ။
ဂိုဒေါင်၏ အပြင်ဘက် ခြံဝင်းအတွင်းထဲဆိုလျှင် အထဲမှ မြေပြိုနေလျှင်တောင် အပေါ်က လူက သိမည်မဟုတ်ပေ ။

" မာဖီးယားဂိုဏ်းဝင် တစ်ယောက်အနေနဲ့ ကျုပ်တို့လုပ်ရက်တွေက အမြဲ မှန်ကန်နေတယ်....
ဘယ်လိုကိစ္စမျိုးပဲရှိရှိ မိခင်ဂိုဏ်းအပေါ် သစ္စာရှိရမယ်... ဒါ မာဖီးယားဂိုဏ်းဝင်တစ်ယောက် ထားရှိရမဲ့ သစ္စာတရားပဲ... ကျုပ်တို့ အသိအမှတ်ပြုထားတဲ့ ဒွန် က ကိုးလ် တစ်ယောက်တည်းပဲ... "

အသံပြာပြာတစ်ချက်ကို သူ ကြားလိုက်သည်။
သူ့ ခြေလှမ်းတွေ ရှေ့ဆက်တိုးရင်း စက်ဝိုင်းပုံသဏ္ဌာန် တံခါးကြီး၏ ရှေ့သို့်ရောက်သည့်အခါ သူ့ကိုမြင်သည်နှင့် အနက်ရောင်ကုတ်များဖြင့် အစောင့်များက ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့၏ ။ သူတို့အား ထွက်သွားရန် လက်ဟန်ဖြင့် ပြလေတော့ နောက်ဆံမတင်းသည့်ပုံဖြင့် အမိန့်ကို မနာခံချင်သည့်ပုံပင် ။

" တောင်းပန်ပါတယ် ဒွန်... ထွက်သွားရမဲ့သူက ခင်ဗျားပါ ။ "

( ဒွန် ဆိုတာ မာဖီးယားဂိုဏ်းတွေမှာ အကြီးအကဲခေါင်းဆောင်ကို ခေါ်တဲ့နာမည် ပါ )

ထိုလူများသည် သူ့အား မောင်းထုတ်ကြ၏။ သူတို့၏မျက်လုံးထဲတွင် ဩဇာအာဏာ မရှိတော့သော ခေါင်းဆောင်ဟောင်းကို အားတုံ့အာနာဟန်ဖြင့် မတတ်သာသည့်အဆုံး လုပ်နေရပုံပေါ်၏ ။.

ထည်ဝါလင်းရှိန်သည် သူ အထဲသို့ ဝင်ချင်ကြောင်း
ထပ်ကာထပ်ကာ ပြောသည် ။ အထဲမှ ထွက်ပေါ်လာသော သေနတ်သံများနှင့် အပြန်အလှန်ငြင်းခုံသံများက သူ့စိတ်ကို အထဲသို့ ဝင်စေအောင် အတင်းဆွဲဆောင်ထားသည့်အလား...... ။

သူ ဘယ်လောက်ပြောပြော လက်နက်ကိုင်ထားသော အစောင့်နှစ်ယောက်က လက်မခံသည့်အပြင် သူ့ကိုပါ ဒီနေရာက ဆွဲထုတ်ချင်နေပုံရသည် ။ ကြာကြာအချိန်မဆွဲလို၍ သူတိူ့နှစ်ဦး၏ လက်ထဲမှ သေနတ်ရှည်များ လွတ်ကျသွားအောင် သူ တိုက်ခိုက်လိုက်ရတော့သည် ။ ချုပ်ကိုင်ထားသော လက်များကို တပတ်လည်အောင် ပြုလုပ်၍ ခြေထောက်အားဖြင့် တဖက်လူ၏ ခါးကိုစောင့်ကန်ပစ်လိုက်သည် ။ ဒုတိယလူ၏ လည်ပင်းကိုလည်း လက်ဖြင့် ဆွဲညှစ်ကာ ဝမ်းဗိုက်ဆီသို့ အားပြင်းပြင်း လက်သီးတစ်လုံး ပစ်သွင်းလိုက်သည် ။ သူဆိုတာ ဒီလောကမှာ နှစ်ပေါင်း ၃၂ နှစ်ကြာ ရပ်တည်လာခဲ့တာ...။ ရန်သူကို ဘယ်လို တိုက်ခိုက်ချေမှုန်းရမလဲ ဆိုတဲ့ ပညာရပ်မှာ တဖက်ကမ်းခတ် တော်ပြီးသား... ။ ငနဲသားလေးကို ချစ်နေရလို့သာ အလျှော့ပေးထားတာ... ။ သူဟာ လက်ရည်ကျသွားတဲ့ အသက်ကြီးကြီး ဂိုဏ်းချုပ်ဟောင်းကြီးတော့ မဟုတ်သေးပါလေ... ။

စက်ဝိုင်းပုံစံ တံခါးကြီးကို တွန်းဖွင့်လိုက်သည့်အခါ
သူ့မျက်လုံးကျဉ်းလေးများက နှစ်ဆ ကျယ်သွားရသလို လေးကိုင်းပုံ နှုတ်ခမ်းလေး အနည်းငယ် ပွင့်အာသွားရ၏ ။

သူ့ အသည်းတွေဆီ လူတစ်ယောက်က နင်းလျှောက်ဖြတ်နင်းလိုက်သလိုမျိုးပဲ.... ။

ဒါ သူ မလိုချင်ဆုံး အရာတစ်ခုပဲ... ။

သူ့ကို မြင်သွားသော ခက်ထန်ကလည်း စကားတစ်ခွန်းမဆို မှင်သေသေဖြင့် ကြည့်ကာ
သွေးစွန်းနေသော လက်များဖြင့် စီးကရက်တိုကို
နှုတ်ခမ်းတွင် တေ့ကာ မီးညှိလိုက်ပြီးနောက် ပါးစပ်တွင်းမှ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်လေသည် ။

ပြီးနောက် သူ့ဘက်သို့ လှည့်ကာ အေးစက်နေသောလေသံ ငြိမ်ငြိမ်လေးဖြင့်...

" လူသတ်ရတာ အရသာ ဘယ်လောက်ရှိသလဲ ကိုယ်တိုင် သတ်ကြည့်မှပဲ သိတော့တယ် ထည်ဝါလင်းရှိန်! ခင်ဗျားလည်း အရသာ သိပ်တွေ့ခဲ့မှာပဲ... ကျုပ်အမေကို သတ်နေရတဲ့အချိန်တုန်းကပေါ့... "

ခက်ထန်ဟာ စီးကရက်တိုကို မြေကြီးပေါ်သို့ပစ်ချလျက် ဖိနပ်ဖြင့် နင်းချေပစ်လိုက်သည် ။ လက်ပြန်ကြိုးတုပ်ခံထားရသော လူတစုဆီသို့ ပုံမှန်ခြေလှမ်းတို့ဖြင့် လျှောက်သွားကာ လူအုပ်ထဲမှ လူတစ်ယောက်ကို ဆံပင်မှ စောင့်ဆွဲ၍ ဒရွတ်တိုက်ဆွဲခေါ်လာသည် ။ လူ့လက်ထဲတွင်ပါလာသော ထိုသူ၏ ဆံပင်မွှေးများကို ရွံရှာသလို မျက်နှာထားဖြင့် ခါချလိုက်၏ ။ လူ တစ်ယောက်ချင်းစီ သတ်ဖြတ်နေသော လူအုပ်ကြီးသည် မကြာခင် သေရတော့မည်ကိုသိနေသော်လည်း ထိတ်လန့်ကြောက်ရွံဟန်မပြ... ။ ထည်ဝါလင်းရှိန်ဆီသို့ အကြည့်များပို့ကာ သူတို့အရင်သွားနှင့်တော့မယ် လို့ မျက်လုံးများဖြင့် စကားပြောနေကြ၏ ။ ယောကျ်ားပီသသော မျက်နှာထားများက သစ္စာတရားကို လက်ကိုင်ထားကာ သေမင်းနှင့်ပင် အန်တုရဲသည့် မာဖီးယားဂိုဏ်းဝင်တို့၏ မိခင်ဂိုဏ်းအပေါ် စွန့်လွှတ်အနစ်နာခံမှုများကို မြင်သာလာစေ၏ ။

ခက်ထန်သည် သေနတ်ကို ခါးကြားသို့ ထိုးထည့်ကာ
သန်မာသော လက်များက ခြေထောက်နားမှ သံတုတ်ကို ကောက်ယူလိုက်သည် ။ သူ က ကျည်ဆန်ကို အနားပေးကာ သံတုတ်ဖြင့် တစ်ယောက်ချင်းစီကို ရိုက်သတ်တော့မည့် ဟန်ဖြင့် အောက်တွင်ရှိနေသော လူ၏ ဦးခေါင်းကို ပစ်မှတ်ထားကာ လက်ထဲမှ သံတုတ်ကို လေပေါ်သို့ မြှောက်လိုက်သည် ။

" ခက်ထန်! !! "

သူ အားကုန် အော်ဟစ်ပစ်လိုက်သည် ။ ဒါ သူ ပျိုးထောင်ခဲ့တဲ့ ခက်ထန် မဟုတ်ဘူး ။

ခက်ထန်ကို ကြည့်နေသော အကြည့်များက ဝေဝါးလာတော့သည်။ သူ့ မျက်ဝန်းထဲ မျက်ရည်ကြည်များက တွဲခိုလို့လာ၏ ။ ခက်ထန်နားသို့ အပြေးသွားကာ တဆတ်ဆတ်တုန်ရီနေသော လက်သီးတစ်လုံးကို ခက်ထန် မျက်နှာပေါ်သို့ အားကုန်ပစ်သွင်းလိုက်သည် ။ ခက်ထန် သည် မျက်နှာတည့်တည့်ကို အထိုးခံလိုက်ရ၍ နောက်သို့ ခြေတလှမ်းယိုင်သွား၏ ။

နှာခေါင်းဝမှ စီးကျလာသော သွေးများကို သူ့လက်ဖြင့် သုတ်ကာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်လာ၏ ။

" ထည်ဝါလင်းရှိန်! ခွေးမသား... မင်းလို အပျက်ကောင်က ငါ့ကို ထိုးရဲသေးတယ်.. ငါ-ိုး... "

ခက်ထန်၏ သန်မာသောလက်များသည် ဒေါသကြောင့် အကြောပြိုင်းပြိုင်းထကာ
ထည်ဝါလင်းရှိန်၏ လည်တိုင်ပေါ်သို့ ကျရောက်လာသည် ။ သူ့လက်အားဖြင့် ဆွဲညှစ်ဆုပ်ကိုင်ပြီးကာမှ စိတ်ကို ဖြေလျှော့ကာ စောင့်တွန်းပစ်လိုက်သည် ။ သူ ဒီလူ့ကို လက်ပါမိတော့မည်ကို သူ့ကိုယ်သူ သိ၍ သူ၏ ရိုင်းစိုင်းကြမ်းတမ်းနေသော စိတ်ရိုင်းကို ထိန်းချုပ်ပစ်လိုက်သည် ။

" ဒီကောင့်ကို ဆွဲထုတ်လိုက်! "

သူ့လူတွေဘက်သို့လှည့်ကာ ထည်ဝါလင်းရှိန်ကို ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည် ။

" ငါ့ကို သတ်လိုက်! မင်း သတ်ချင်နေတာ ငါ့ကိုမလား... ငါ့ကိုပဲ သတ်လိုက်... မဆိုင်တဲ့လူတွေကို မဲ နေတာ ယောကျ်ားပီသတဲ့လုပ်ရပ်မဟုတ်ဘူး တော်ဝင်မင်းခက်ထန်! ! "

သူ့ မျက်ခမ်းစပ်တွေ နီရဲစပ်ဖျင်းလာသည်။ လူတစ်ယောက်ကို ကြက်ကလေး ဌက်ကလေး သတ်သလို ရိုက်သတ်နေပြီး မာဖီးယားဂိုဏ်းခေါင်းဆောင် ဖြစ်ချင်နေတဲ့ ခက်ထန်က စိတ်ပျက်စရာကောင်းလှသည် ။

အင်အားကြီးတိုင်း စိုးမိုး ဖိနှိပ်ချင်တာ ယောကျ်ားမပီသတဲ့ လုပ်ရပ်ပဲ.... ။

ခက်ထန် လည်း သူ့နည်းတူ အက်ကွဲနေသောအသံနက်ကြီးဖြင့် ပြန်အော်သည်။

" အဲ့လောက် သေချင်နေတာ... လာ...ထစမ်း!"

သူ၏ သန်မာသော လက်များဖြင့် ထည်ဝါလင်းရှိန်၏ ဂုတ်မှ အကျႌစအား ဆွဲကိုင်ကာ သူ့လောက်နီးပါး အရပ်အမောင်းရှိသော သူကို ဒရွတ်တိုက် ဆွဲခေါ်သွားသည် ။

" ခွေးတိရစ္ဆာန်ကောင်! မြေမြိုမဲ့ကောင် ငါ့ကို လွှတ်စမ်း! မင်းကမှ လူသတ်သမား... မင်းကမှ လူသတ်ကောင်! "

ခက်ထန် သည် စကားတခွန်း မဖွင့်ဟလာဘဲ
မြေအောက်ဂိုဒေါင်ထဲမှ သူ့အား ကြမ်းတမ်းရိုင်းစိုင်းစွာ ဆွဲထုတ်လာခဲ့သည်။ အပေါ်သို့ရောက်သောအခါမှ လည်ဂုတ်ကို ဆွဲကိုင်ထားသော လက်ကို လွှတ်ပေးလိုက်ကာ
ထည်ဝါလင်းရှိန်၏ ခန္ဓာကိုယ်ကို ဇောက်ထိုးအနေအထားဖြစ်အောင် ချီမ၍ ကြီးမားကျယ်ပြန့်သော သူ့ပခုံးပေါ်သို့ ထမ်းတင်လိုက်သည် ။

ထည်ဝါလင်းရှိန်သည် ယက်ကန်ယက်ကန် အနေအထားဖြင့် ဇောက်ထိုးဖြစ်နေကာ ခက်ထန်၏ ကျယ်ပြန့်တောင့်တင်းသော ကျောပြင်ကို သူ့လက်များဖြင့် ထုရိုက်ပစ်သည် ။ အိမ်ကြီးထဲသို့ရောက်သောအခါ ပခုံးပေါ်မှလူကို အရုပ်တစ်ရုပ်လို လွှင့်ပစ်လိုက်သည် ။

" မင်း သင်ပေးခဲ့တာပဲလေ .... ငါ့ကို ဒီလိုတွေဖြစ်လာအောင် မင်း လုပ်ခဲ့တာ... "

ထည်ဝါလင်းရှိန်သည် ခက်ထန်စကားကြောင့်
ပစ်ချခံလိုက်ရ၍ နာကျင်သွားသော ခန္ဓာကိုယ်ကို မမှုနိုင်တော့ဘဲ ခက်ထန် မျက်လုံးဝိုင်းကြီးနှင့် ဆုံစည်းစေခဲ့သည် ။ ထိခိုက်သွားသော လက်ပြင်ရိုးကို လက်ဖြင့် ဖိကိုင်လျက် နှုတ်ခမ်းသားများပေါက်ပြဲသွားသည်အထိ သွားဖြင့်ကြိတ်လိုက်မိသည် ။

" မင်း ကြောင့်ပဲ ထည်ဝါလင်းရှိန်! အရာအားလုံးကို မင်းကပဲ အစပြုခဲ့တာ... ငါ လူစိတ်ပျောက်လာအောင် မင်းပဲ ဖန်တီးပစ်လိုက်တာ... ဒါ မင်း မြင်ချင်နေတဲ့ ငါ့ရဲ့ စိတ်ပျက်စရာပုံရိပ်ပဲမလား ။ မင်းပဲ ဒီလို ဖြစ်စေချင်ခဲ့တာ မဟုတ်ဘူးလား? "

ခက်ထန် ပါးပြင်ပေါ်မှ မျက်ရည်ပေါက်ကလေးတစ်စက်သည် သူ့ ခြေခုံပေါ်သို့ စီးကျလာခဲ့သည် ။ ခက်ထန်
ရင်ထဲက နာကျင်မှု အစိတ်အပိုင်းတွေက သူ့နှလုံးသားကို ဝါးမြိုသွားခဲ့လေပြီလား ။

ထည်ဝါလင်းရှိန်သည် လွဲမှားနေသော စွပ်စွဲချက်များအပေါ် နာကျင်ခံပြင်းခြင်းတို့ ကိန်းဝပ်နေကာ ရှိုက်သံတို့နှောနေသော အသံဖြင့် ပြန်ပြောသည် ။

"ဘယ်တုန်းကမှ အဲ့လို ဖြစ်စေချင်ခဲ့တာ မဟုတ်ပါဘူး... ထန်ထန်... ကိုကို မင်းကို ဘယ်တုန်းကမှ အခုလိုပုံစံမျိုးဖြစ်အောင် မသွန်သင်ခဲ့ဖူးပါဘူး ကွာ! "

ခက်ထန်ဟာ နှုတ်ခမ်းဝိုင်းလေး ဖွင့်ဟသွားကာ
တုန်ရီနေသော ခြေလှမ်းတို့ဖြင့် ယိုင်နဲ့စွာ နောက်သို့ခြေတစ်လှမ်း ဆုတ်သွားသည် ။

ဖြူဖျော့လာသော ခက်ထန် နှုတ်ခမ်းလေးမှ..

" ဟင့် အင်း... မခေါ်.. ပါနဲ့... အဲ့ နာမည်... မခေါ်နဲ့... "

သူ သိပ်ကြိုက်ခဲ့တဲ့ နာမည်လေးကို အခုတော့ ခက်ထန်ဟာ အန္တရာယ်ကြီးမားသော မြွေကြီးတစ်ကောင်ကို တွေ့လိုက်ရသလို ကြောက်ရွံတုန်လှုပ်သွားသည့် လူသားတစ်ယောက်လိုပုံမျိုးဖြင့် ခြေလှမ်းများကို နောက်သို့ ဆုတ်ကာဖြင့် ထိုနေရာမှ ပြေးထွက်သွားခဲ့သည်.... ။

သူ့နားထဲ အသံကြည်ကြည်လေးတစ်သံက ဆွဲထုတ်မရလောက်အောင် စွဲမြဲစွာ ကိန်းဝပ်လို့နေသည် ။ သူ ပြန်ကြားနေရသည်။

" ဟောဒီ့် လောကမှာ ကိုကို အချစ်ဆုံးလူက ထန်ထန်ပဲ "

" ထန်ထန့်ကို ချစ်လို့ လာခိုးတွေ့တာပေါ့... ထန်ထန့်အမေ မသိစေနဲ့နော် "

" ထန်ထန် စားချင်တဲ့မုန့်တွေ မေမေလေးက မဝယ်ကျွေးရင် ကိုကိုက ဝယ်ကျွေးမှာပေါ့ ... ကိုကို ပိုက်ဆံရှာတာ ထန်ထန့် အတွက်ပေါ့ "

ခက်ထန်သည် သူ့ဦးခေါင်းခွံ ကျွတ်သွားမတတ် ဆံနွယ်များကြားထဲသို့ လက်ကို ထိုးထည့်ကာ ဆွဲဆောင့်ပစ်သည် ။ သူ့ပါးဖောင်းလေးကို သူ့လက်များဖြင့် ပိတ်ရိုက်သည် ။ ဦးရေပြားကွာကျမတတ် ဆံပင်များကို ဆွဲဆောင့်ပစ်သည် ။ ရှိုက်ငင်ကာဖြင့် အဆက်မပြတ်ကျဆင်းလာသော မျက်ရည်များကို သတိထားမိလာသောအခါ သူ့မျက်ရည်များကို သုတ်လိုက်သည် ။ လက်ခုံပေါ်တွင် ပေကျံလာသော မျက်ရည်စလေးများကို ကြည့်ရင်း နှုတ်ခမ်းသားတို့ကို တတိတိ ကိုက်ဖောက်နေမိသည် ။

သူ ကြောက်သည် ။ သူ သိပ်ကို သဘောကျလွန်းတဲ့နာမည်လေး... ။ ဘယ်သူခေါ်တာမှ မကြိုက်ခဲ့တဲ့ နာမည်လေးက 'ထန်ထန် ' ....။

ထည်ဝါလင်းရှိန်က 'ထန်ထန်... ကိုကို ကလေ.. "
ဆိုတဲ့ စကားလေး စ လာခဲ့ရင် သူ သိပ်ကို သဘောကျခဲ့ရတာ... ။

ထည်ဝါလင်းရှိန် အလာကို သူ့အမေ မသိအောင် အမြဲမျှော်နေမိတဲ့ အိမ်အနောက်ဖက်က အုတ်ခုံလေး.... ။

နောက်ဆုံးတော့ ဘာတွေဖြစ်သွားခဲ့လဲ... ။

'မေမေလေး မသိစေနဲ့နော် ထန်ထန် ' ဆိုတဲ့ အသံကြည်ကြည်လေးကို ယုံကြည်ပေးခဲ့မိလို့ သူ့အမေက လုပ်ကြံသတ်ဖြတ်တာ ခံလိုက်ရတယ်။.

ထည်ဝါလင်းရှိန် အဲဒီနေရာကို အမြဲ ခိုးလာတတ်တဲ့အကြောင်းကို သူ့အမေကိုသာ ဖွင့်ပြောခဲ့မိရင် သူ့အမေလည်း သေချင်မှ သေဦးမှာ ဟု သူ ကလေးဘဝထဲက တွေးလာခဲ့ရတာ....။

သူက ထည်ဝါလင်းရှိန် ဆိုတဲ့ မြွေတစ်ကောင်ကို
ကလေးအရွယ်ကတည်းက သူ့လွယ်အိတ်လေးထဲ အမေ မသိအောင် ထည့်ဖွက်ပေးထားခဲ့မိတယ် ။ သူ ဇစ်ကလေး ဖွင့်လိုက်တဲ့အချိန်မှာ အဲ့မြွေက သူ့အမေကို သေအောင် ကိုက်သတ်ပစ်လိုက်တယ်.... ။

ကိုယ် သဘောကျလွန်းခဲ့တဲ့ အရာတွေကလည်း တချိန်ချိန်မှာ ကိုယ် အကြောက်ဆုံးအရာတွေ ဖြစ်လာလေ့ရှိကြတာပဲ... ။ သူ့အတွက်တော့ အကြောက်တရားကို အမုန်းတရားတွေအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်း တစ်မျိုးပဲ... ။

Author note..... အပ်ပုဒိတ်ကိစ္စပါ ဖတ်ပေးကြပါဦး
အပ်ပုဒိတ်က နှစ်ရက်ခြားတစ်ခါ တင်ပေးခဲ့ပါတယ်။ အခု မနက်ဖြန်အလုပ်စဝင်ရမဲ့ နေ့ ပါ ။ အလုပ်ချိန်က မနက်၇ခွဲကနေ ည ၈ နာရီပါ ။ အပ်ပုဒိတ်က အရင်လို မှန်နိုင်မယ်မထင်တော့ပါဘူး အတတ်နိုင်ဆုံးတော့ အားတဲ့အချိန်လေးတွေ တင်ပေးသွားပါ့မယ် ။ ပစ်တော့ ပစ်မသွားကြပါနဲ့နော် အဲ့တစ်ခုလေးတောင်းဆိုချင်တာပါ 😢 မန့်တွေလည်း အားတဲ့ချိန် အကုန်ပြန်မှာပါ ။နီကိုက မန့်တွေ အမြဲ rp ပြန်ပေးပါတယ် မန့်တစ်ခုချင်းစီကို နီကို တန်ဖိုးထားလို့ပါ ။
အပ်ပုဒိတ် တောင်းပေးတဲ့ အတွက် ကျေးဇူးများကြီးတင်ပါတယ်နော် 😘😘😘

Unicode version

Continue Reading

You'll Also Like

318K 19K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
36.4K 4.2K 66
Author _ Shuiqiancheng That's not my work.I am Just Translator
1M 63K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
131K 9.2K 46
តួឯកJeon Jungkookជាម៉ាហ្វៀសម្លាប់មិនរើស មុខមិនញញើតនឹងច្បាប់ តួឯកKim Taehyungជាកូនចិញ្ចឹមអ្នកម្នាង