After We Broke Up [ COMPLEDED...

By Misaki_CB

43K 6.1K 770

In the end I'll always come running back to you, not because I'm weak but because I'm fell in love with you. ... More

[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[13]
[14]
[ Ending ]
[ Extra ]

[12]

2.3K 347 28
By Misaki_CB

( Unicode )

[ ကိုယ်တို့အသက်တွေကြီးလာကြပြီ ဘေဘီ၊ကိုယ် ဒီရက်ပိုင်း အဲ့တာတွေတွေးနေမိတယ်၊အဲ့တာတွေက မင်းကိုရူးသွပ်သွားစေသလား၊ညတာတွေ ဘယ်လောက်မြန်မြန်ပြောင်းသွားသလဲကွာ။

မင်းအိပ်မက်မက်ခဲ့တဲ့အရာတွေလည်း အိပ် ရာကနိူးရင် ပျောက်ကွယ်သွားတယ်မလား၊ ဒါပေမယ့် ဘာမှစိုးရိမ်စရာမရှိပါဘူး၊ ညတွေပြောင်းလဲသွားရင်တောင်မှပေါ့။

ကိုယ်နဲ့ မင်းကတော့ ဘယ်တော့မှပြောင်းလဲ သွားမှာ မဟုတ်ပါဘူး ]

{ Night Changes - 1 D }

မနက်ခင်းက နွေးထွေးတဲ့နေရောင်ခြည်နှင့်အ ပြိုင် ဘတ်ခ်ဟျွန်းမျက်နှာလေးဟာ တောက် ပမှုအပြည့်နှင့် ပြုံးပျော်နေရတဲ့အကြောင်းအ ရင်းက ဘာဖြစ်နိုင်မလဲ။

မနေ့ညက ချန်းယောလ်ကိုယ်တိုင်ဂီတာလေး တီးပြီး ဆိုပြခဲ့တဲ့သီချင်းကြောင့်လား။ ငါ့ချစ် သူက ငါ့ကိုအလေးအနက်ထားပါလားဆိုတဲ့ပီတိတွေစားသုံးထားရလို့လား။

အကြောင်းအရင်းတွေများစွာထောက်ပြနိုင်သလို ဘတ်ခ်ဟျွန်း၏ကြည်လင်နေသောစိတ်အာရုံမှာလည်း သံသယတွေကင်းဝေးပြီး နေ့တနေ့ရဲ့အလုပ်အပေါ် အကောင်းဆုံးအာရုံ စူးစိုက်ဖို့အသင့်ဖြစ်နေခဲ့တာပေါ့။

ခြေလှမ်းတိုင်းကလည်း ယုံကြည်မှုအပြည့်နဲ့ ငါ့ချစ်သူက ငါ့အနားမှာအမြဲတမ်းရှိနေပေးတယ်ဆိုတဲ့ ခွန်အားလေးကိုထွေးပိုက်ရင်းမိမိ ၏ အတွေးလွန်နယ်ချဲ့နေမှုကိုရပ်တန့်နိုင်ခဲ့ ၏။

" Morning ! "

ရုံးခန်းထဲဝင်လာတဲ့ ဘတ်ခ်ဟျွန်းဟာရောက် နှင့်ပြီးသား လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို တက်ကြွနေသောလေသံဖြင့်နှုတ်ဆက်လိုက်မိသည်။

" ကြားသားမိုးကြိုး၊ ဘတ်ခ်ဟျွန်းတယောက် စောစောစီးစီး အူမြူးနေပါလား "

စာရင်းစစ်တိုင်းတလွဲတွေလုပ်တတ်တဲ့ ဘိုကီက ခနဲ့သည့်လေသံဖြင့် ဘတ်ခ်ဟျွန်းကြား အောင်အော်ပြော၏။

" ဧကန ငါတို့စားရတော့မယ်နဲ့တူတယ် "

" လိုပါသေးတယ် "

ဘတ်ခ်ဟျွန်းထိုမျှသာပြောပြီး မိမိ၏အလုပ် စားပွဲမှာဝင်ထိုင်လိုက်သည်။ မနက်ခင်းမှာအ လုပ်လုပ်ရတာ စိတ်ပါဝင်စားမှုရှိအောင်သင်း ပျံ့တဲ့ကော်ဖီနံ့လေးရူရိူက်ရင်း စတင်နိုင်ဖို့ရာ အတွက် ဝယ်လာတဲ့ကော်ဖီဘူးကိုဖွင့်လိုက်သည်။

ကော်ဖီ၏ ခါးသက်တဲ့အရသာလေးကလျှာ ဖျားကနေ တဆင့် မိမိ၏နှလုံးသားထဲသို့စိမ့် ဝင်၏။ အချစ်ရဲ့ချိုမြိန်မှုတွေကြောင့် ခါးလှ ပါချည်ရဲ့ဆိုတဲ့ ကော်ဖီတောင် ဘယ်ဆီနေမှန်းမသိလေတော့။

" ဒါနဲ့ .. ဖျိုဆွန်းမရောက်သေးဘူးလား "

တစ်ခုံကျော်မှာထိုင်နေတဲ့ Content Writer တစ်ဦးကို ဘတ်ခ်ဟျွန်းလှမ်းမေးမိသည်။

" ဖျိုဆွန်းက ရေရေလည်လည်ကွဲနေတာလေ ရောက်ကတည်းက အိတ်ပစ်ပြီး လှေကားမှာ သွားမှိုင်နေတယ် .. သူဌေးမရှိပေလို့ပေါ့ "

ဘတ်ခ်ဟျွန်းသက်ပြင်းချရင်း ဘေးကလွတ် နေတဲ့ ဖျိုဆွန်းရဲ့ခုံလေးကိုစိတ်မကောင်းခြင်း များစွာနှင့်ကြည့်ရင်း ခုံကနေမတ်တပ်ထ,ရပ် လိုက်သည်။ ဝယ်လာတဲ့ကော်ဖီဘူးကိုပါကိုင် ရင်း ဖျိုဆွန်းရှိမယ့်လှေကားနားသို့ခပ်သွက် သွက်လေးသွားလိုက်မိသည်။

လှေကားအောက်ခြေရင်းမှာ ငုတ်တုတ်လေး ထိုင်ရင်း ဒူးပေါ်တင်ထားတဲ့လက်နှစ်ဖက်ပေါ် ခေါင်းမှောက်ကာ အခြေအနေကောင်းပုံမရတဲ့ ဖျိုဆွန်းဘေးနားအသာလေးဝင်ထိုင်တော့ ဖျိုဆွန်းက အလန့်တကြားမော့ကြည့်လာပြီး

" ဘတ်ခ်ဟျွန်း၊ ဒီကိုဘယ်လိုလို့ ... "

" မင်းပျောက်နေလို့လေ၊ ဘယ်လိုဖြစ်တာလဲ အဆင်ပြေရဲ့လား "

ဖျိုဆွန်းက ခေါင်းခါပြ၏။ အချိန်တိုင်းသွက် သွက်လက်လက်နဲ့ နေတတ်တဲ့သူတယောက် ကို ယခုလိုမှိုင်ထွေပြီးငေးမောနေရတဲ့ပုံစံနဲ့ မြင်ရတာ သဘောမကျလိုက်တာ။

" ဘာအခက်အခဲရှိလို့လဲ၊ ပြောကြည့်ပါလား၊ ငါမျှဝေခံစားပေးပါ့မယ် "

" မင်းဘာမှမလုပ်ပေးနိုင်ပါဘူး ဘတ်ခ်ဟျွန်း ရာ။ စကားနဲ့တင်ကျေးဇူးတင်နေပါပြီ "

ဘတ်ခ်ဟျွန်းစကားဆက်မပြောဘဲ ကော်ဖီဘူးကို ဖျိုဆွန်းလက်ထဲထည့်ပေးပြီး။

" သောက်လိုက် .. မင်းရင်ထဲကဝေဒနာတွေကို ကော်ဖီခါးခါးနဲ့ဆေးကြောလိုက် "

ဖျိုဆွန်းက ရယ်၏။ ဒီလိုဖြစ်နေတာတောင် ဟာသလုပ်ပြောပေးနိုင်တယ်လို့ ထင်သွားသ လားမသိ။

" အသည်းကွဲရင် ကော်ဖီခါးခါးသောက်ရတယ်လို့ မင်းကိုဘယ်သူပြောလဲ၊ အရက်သောက်ရတာမဟုတ်ဘူးလား "

" မင်းကလည်း ဒါ ရုံးချိန်ကြီးလေ၊ ဘယ်လိုလို့ အရက်တွေဝယ်ပေးလို့ရမှာလဲ။ လော လောဆယ် ကော်ဖီလေးသောက်ထားပေါ့ "

" ငါတို့ပြီးသွားခဲ့ပြီ "

ဖျိုဆွန်း၏ အသံတို့က ပြီးပြတ်သွားတဲ့ဆက် ဆံရေးတခုအတွက်ပြင်းပြင်းထန်ထန်ထိခိုက်ခံစားနေရတဲ့အသွင်။ အကြောင်းအရင်းကို ထုတ်မပြောသေးပေမယ့်လည်း ဖျိုဆွန်းရဲ့ တဖက်လူအပေါ် စွဲလမ်းနေစိတ်ကြီးမားနေ သေးတာကို ဘတ်ခ်ဟျွန်းမြင်တွေ့နေရ၏။

" နောက်နှစ်ထဲတောင် လက်ထပ်ဖို့လုပ်ထားခဲ့ကြတာကို .. အခုတော့ အကုန်လုံးပြီးသွားခဲ့ပြီ ဘတ်ခ်ဟျွန်း။ သူငါ့ကိုထားခဲ့ပြီ "

" ငိုချင်ရင် ငိုချလိုက်ပါလား၊ စိတ်ကိုအရမ်း တင်းမထားနဲ့ .. ပိုပင်ပန်းတယ် "

" ငိုချင်ပေမဲ့ ကျစရာမျက်ရည်မရှိတော့ဘူး၊စိတ်ထဲတနုံ့နုံ့နဲ့ ခံရခက်တယ် ဘတ်ခ်ဟျွန်းရဲ့မင်းကတော့ ဘယ်လိုလို့သိမှာလဲ "

" ငါနားလည်ပါတယ် ဖျိုဆွန်းရဲ့။ ထွက်သွားချင်တဲ့သူကို ဆွဲမထားနဲ့ ... လွှတ်ပေးလိုက်၊ ဝေးဖို့အကြောင်းဖန်လာရင် တားနေလည်း ဝေးကြရမှာပဲ "

ကော်ဖီဘူးဖွင့်ထားတာကြောင့် ကော်ဖီနံ့သင်း သင်းက စိတ်ရူတ်နေတဲ့ လူတစ်ယောက်ကို သက်သာသွားစေဖို့မတတ်နိုင်ခဲ့ပါ။

" ဆွေပြမျိုးပြတွေလည်းလုပ်ပြီးပြီ၊ လက် ထပ်ဖို့လည်း အသင့်ဖြစ်နေခဲ့ပြီ၊ အတူတူလည်း နေပြီးပြီ။ ငါ .. ငါသူမရှိဘဲဘယ်လိုနေရမှာလဲ "

ဘတ်ခ်ဟျွန်းပါ ခေါင်းရူတ်သွားခဲ့ရသည်။သူ့ စကားတွေ နားယောင်ပြီး ဘတ်ခ်ဟျွန်းအ တွေးတွေ အပိတ်အလှောင်မခံသင့်တော့ဘူး။

" သူမင်းဆီပြန်လာမှာပါ "

" မလာတော့ဘူး။ သူငါနဲ့ဝေးရာကိုထွက်သွားခဲ့ပြီ .. ဟိုးအဝေးကြီးကိုသူထွက်သွားခဲ့ပြီ "

သူ့အဖြစ်က လက်ရှိဘတ်ခ်ဟျွန်းတို့အခြေအ နေနှင့်ပင် တူချင်နေသယောင်ဖြစ်နေ၏။

" အဆက်အသွယ်တော့လုပ်တယ်မလား "

" မလုပ်ဘူး၊ မအားလို့တဲ့ ... သူအလုပ်လုပ်ရမှာ မနှောက်ယှက်နဲ့တဲ့ "

ဘတ်ခ်ဟျွန်းစိတ်တွေတွေဝေလာရသည်။ အ ကယ်၍များ ချန်းယောလ်နဲ့သာ ထိုကဲ့သောအဖြစ်မျိုးနဲ့ အဆုံးသတ်သွားခဲ့ရမယ်ဆိုလျှင်

" မဖြစ်ဘူး၊ အဲ့လိုဖြစ်လာစရာအကြောင်းမရှိဘူး၊ ဟုတ်တယ် "

သတိလက်လွတ်ဖြစ်ပြီး ဘတ်ခ်ဟျွန်းမ်ိမိဘာ သာစကားဆိုမိလေတော့ ဖျိုဆွန်းကအလန့် တကြားကြည့်ပြီး ဘာဖြစ်တာလဲဆိုသည့်ပုံစံနှင့်။

" ဘတ်ခ်ဟျွန်း၊ မင်းအဆင်ပြေရဲ့လား "

ကြေကွဲနေတဲ့ ဖျိုဆွန်းက ဘတ်ခ်ဟျွန်းကိုပြန် မေးယူနေရသည့်အဖြစ်။

" သြော် .. ဘတ်ခ်ဟျွန်းကဒီရောက်နေတာပဲ "

ထိုစဥ် နှစ်ယောက်တည်းရှိနေတဲ့နေရာသို့ပိုင် ရောက်လာ၏။

" ပိုင် ကျွန်တော့်ကိုရှာတာလား "

" ဟုတ်တယ်၊ သူဌေးခေါ်ခိုင်းလို့လေ "

ပိုင့် စကားကြောင့် ဘေးကဖျိုဆွန်းကိုအားနာ နာနဲ့ တချက်ကြည့်ပြီး လိုက်သွားမိသည်။

ကိုယ့်စိတ်ကိုယ်ပင် နိုင်အောင်မထိန်းသိမ်းနိုင် ဘဲ သူများကိုသွားပြီး အားပေးဖို့ကြိုးစားနေ တာ ငါးပါးမှောက်တော့မလို့ပဲ။

တော်သေးတာက ပိုင် ကယ်ပေလို့ပေါ့။ မ ဟုတ်ရင် ဘတ်ခ်ဟျွန်းတော့ ထိုနေရာမှာတင် အတွေးလွန်ပြီး အရူးလုံးလုံးဖြစ်ကုန်မှာမြင် ယောင်မိပါသေးသည်။

ပိုင်နှင့်အတူ သူဌေးရုံးခန်းရောက်တော့သတ် မှတ်ထားတဲ့နေရာမှာ ဝင်ထိုင်ရင်း သူဌေးဖုန်း ပြောနေတာကို စောင့်ပေးနေရသည်။

ခဏအကြာမှာတော့ သူဌေးပါ ဆိုဖာ၏ထိပ် ဆုံးနေရာမှာ အခန့်သားနေရာယူရင်း။

" ထုံးစံအတိုင်း Duo လုပ်ရမယ့်အလုပ်ဆိုရင် ငါ့ခေါင်းထဲပေါ်လာတာ မင်းတို့နှစ်ယောက်ပဲရှိတယ် .. ဘယ်လိုလဲ၊ ဒီတစ်ခေါက် Project အတွက် အဆင်သင့်ဖြစ်ပြီလား "

" ဘာ Project လဲဟင် "

" ပိုင် မင်းသူ့ကိုမပြောရသေးဘူးလား "

သူဌေးက သူ့အကြည့်တွေပိုင့်ထံပို့ပြီးမေး၏၊

" သူဌေးပြောတာပိုကောင်းမယ်ထင်လို့ "

" အိုခေ .. ဒီတစ်ခေါက် Project ကနည်းနည်း လွယ်သလိုလိုနဲ့ခက်မယ်ကွာ။ စားသောက် ဆိုင်တစ်ခုအတွက် Digital Marketing ဆင်းပေးရမှာ .. အခုမှစဖွင့်မှာဆိုတော့လူသိ များအောင် မင်းတို့က နည်းနည်းပါးပါးရွှီး ရှောင်လုပ်ပေးရမှာကွာ "

ဘတ်ခ်ဟျွန်းခေါင်းတညိတ်ညိတ်နှင့်နား ထောင်နေ၏။ အလုပ်လေးရှိပြီဆိုတော့ဘာပဲဖြစ်ဖြစ် အတွေးတွေနဲ့မနှစ်မွန်းတော့ဘူးပေါ့။

" ရော့ .. ဒါကလိုအပ်တဲ့အထောက်အထား "

ဖိုင်တွဲလေးကို ဘတ်ခ်ဟျွန်းတို့ရှေ့ထိုးပေး တာကြောင့် ယူကြည့်ရင်း။

" ViVa Polo ! Italian Restaurant "

နာမည်ကိုအသံထွက်ဖတ်ပြီး ဖိုင်ထဲမှာပါတဲ့ အကြောင်းအရာတွေကို အသေးစိတ်ဖတ်ရူနေမိသည်။

" သူဌေး တည်နေရာက ... "

" ဟုတ်တယ်။ U.S မှာဖွင့်မှာ "

ကံတရားက တိုက်ဆိုင်စွာနှင့် ချန်းယောလ်ရှိ နေတဲ့ နိုင်ငံသို့ ဘတ်ခ်ဟျွန်းကိုအရောက်ပို့ခဲ့လေပြီ။

" လေယာဥ်စရိတ်ကိုတော့ ကုမ္ပဏီဖက်ကစီ စဥ်ပေးမယ်။ ကျန်တာတော့မင်းတို့ကိစ္စပေါ့၊ ပြီးတော့ နေဖို့ဟိုတယ်ကတော့ ငါ့ယောင်္ကျား ပိုင်တဲ့ နေရာမှာ တဝက်စျေးနဲ့နေနိုင်တယ် "

" သူဌေးကလည်း ဘာတဝက်စျေးလဲ၊အလ ကား ပေးနေလိုက်ရောပေါ့ "

သူဌေးဆိုတာ အဲ့သလောက်ထိလက်ပေါက် ကပ်တဲ့ လူပါဆို။

" မဖြစ်ဘူးလေ၊ စီးပွါးရေးက စီးပွါးရေးပဲ၊ တဝက်စျေးထားပေးတာတောင် ကံကောင်းတယ်မှတ် "

ဘတ်ခ်ဟျွန်းဘာမှအတွန့်မတက်လိုတော့ပေ၊သူဌေးပြောတဲ့အတိုင်းပဲ လိုက်နာကြတာပေါ့၊ လေယာဥ်ခ ရှင်းပေးမယ်ဆိုတည်းကရင်း စရိတ်က တဝက်လောက်သက်သာနေခဲ့ပြီလေ။

ရုံးခန်းထဲကနေပြန်ထွက်လာတဲ့ ဘတ်ခ်ဟျွန်း တစ်ယောက် ထိုအကြောင်းကို ချန်းယောလ် ဆီပြောပြချင်နေတာမှ ပါးစပ်တွေကိုယားလို့

ဖုန်းထုတ်ကြည့်တော့ ၂၄ နာရီအချိန်ပြည့် လိုင်းပေါ်ရှိနေတဲ့ ချန်းယောလ်ကြောင့်ဘတ်ခ်ဟျွန်းဖုန်းခေါ်လိုက်ရင်း။

တူတူတူ။

မကိုင်တာကြောင့် နှလုံးခုန်သံမြန်နေသောမိမိ ၏ စည်းချက်တွေ ပုံမှန်အ​နေအထားသို့ကူး ပြောင်းသွားခဲ့ရသလို နှုတ်ခမ်းမှာပန်ဆင်ထားတဲ့အပြုံးတစ်ပွင့်ကလည်း သိသိသာ သာ ညိုးနွမ်းလာ၏။

" ဘာလို့ မကိုင်တာလဲ "

စိုးရိမ်စိတ်များချင်နေသော စိတ်ကိုချိုးနှိမ် ရင်း ဘတ်ခ်ဟျွန်းနောက်တစ်ကြိမ်ခေါ်လိုက်သည်။

တူတူတူ။

ပထမနည်းတူ မကိုင်ဘဲပြုတ်ကျသွားပြန်ပြီ။

" ဘာလဲ .. ငါ့ကိုဒေါသထွက်အောင် .. "

စကားမဆုံးခင်မှာ ပြန်ဝင်လာတဲ့တဖက်ဖုန်း ကြောင့် ဘတ်ခ်ဟျွန်းမျက်နှာလေးပြန်လည် ဝင်းပသွားရသည်။

" မောင် စာသင်နေတယ်လေ "

တဖက်က ချန်းယောလ်အသံ​ကြားတော့မှ ဘတ်ခ်ဟျွန်းလက်ကနာရီကိုကဗျာကယာကြည့်မိ၏။

ဟုတ်သားပဲ။ မနက် ၉ နာရီကနေ နေ့လယ် ၁၁ နာရီအထိ ချန်းယောလ်အတန်းချိန်ရှိပါ တယ်လို့ ဘတ်ခ်ဟျွန်းကိုပြောပြပြီးသား။

" ငါမေ့သွားတယ် "

ဘတ်ခ်ဟျွန်းအသံလေး တိမ်ဝင်သွား၏။

" ရတယ်၊ အရေးကြီးကိစ္စရှိလို့လား "

" မောင် .. သေချာနားထောင်နော်၊ မနက်ဖြန် ကျရင် ငါအလုပ်ကိစ္စနဲ့ U.S ကိုလာရမှာ "

" ဟင် .. တကယ်လား "

တဖက်ချန်းယောလ်လည်း ပျော်သွားသည့်ပုံစံပင်။ အသံလေးကို ရွှင်လို့။

" အဲ့ဒါဆို မောင် လာကြိုမယ်လေ၊ ရောက်တဲ့ အချိန် ဖုန်းဆက်လိုက် ကြားလား "

" အင်းပါ၊ မဟုတ်လည်း ရုံးကစီစဥ်ပေးမှာကို မောင်က တကူးတကကြီးလာကြိုပေးနေရမှာပေါ့ "

" ကိစ္စမရှိဘူး၊ ဒါမျိုးက ပင်ပန်းတာမှမဟုတ်တာ .. ဒါနဲ့ ဘယ်သူနဲ့လာမှာလဲ "

ဘတ်ခ်ဟျွန်း ဖြေရခက်သွားသည်။ ပြောရင် ချန်းယောလ် စိတ်ဆိုးသွားမှာလား။

" မောင် မေးနေတယ်လေ "

တော်တော်ကြာသည်အထိ မဖြေဘဲ တင်းခံ နေတဲ့ ဘတ်ခ်ဟျွန်းဟာ ချန်းယောလ်၏ခပ် စွာစွာ အသံကြားတော့မှ အလူးအလဲဖြင့်။

" ပိုင် .. ပိုင်နဲ့ "

" သြော် ... ဟုတ်ပါပြီ။ ရောက်ရင်ဖုန်းဆက်ကြားလား။ သူများစီစဥ်တာနဲ့လိုက်သွားတာ မလိုချင်ဘူးနော် "

ထူးဆန်းလိုက်တာ၊ ချန်းယောလ်ကဘာလို့ဒေါသမထွက်ရတာလဲ။

" ဆက်ပါ့မယ်၊ အတန်းတက်တော့လေ "

" အင်း၊ ဒါဆိုဖုန်းချပြီ "

ချန်းယောလ် ဖုန်းပိတ်ပြီး အတန်းထဲပြန်ဝင် လိုက်သည်။ လူချင်းမတွေ့ရတာ နှစ်ပတ်နီးပါးရှိနေပြီဆိုတော့ တွေ့ရတုန်းလေးအ တိုးချ အလွမ်းသယ်ရမှာပေါ့။

ခြေလှမ်းတို့ မြောက်ကြွ၊မြောက်ကြွဖြင့်မြူး တူးနေ၏။

ဤသည်ကို မျက်ခြေမပြတ်တမ်းကြည့်နေတဲ့ ကောင်လေးတစ်ယောက်လည်းရှိနေခဲ့သည်။

" ချာလီ၊ မင်း လိုအီပတ်ခ်ကိုများကြွေနေသလား "

" အဲ .. မဟုတ်တာ "

ချာလီ က ပြာပြာသလဲလဲဖြင့်ငြင်းပေမယ့် အစခံလိုက်ရလို့ ပါးပြင်လေးနီရဲသွားတာက တော့ လိမ်ညာလို့မရခဲ့ဘူး။

" လိုအီပတ်ခ်က ကိုးရီးယားလူမျိုးဆိုပေမဲ့ သူအင်္ဂလိပ်စကားပြောတဲ့လေသံကတကယ့်ကိုမှ perfect ဖြစ်တယ်ကွာ "

ဆရာမသိအောင် နှစ်ယောက်သားတီးတိုးပြောဆိုနေကြခြင်းဖြစ်သည်။

" ဝီ .. ငါတို့ လိုအီပတ်ခ်ကို ပါတီဖိတ်လိုက်ရင်ကောင်းမလား "

" ဘာပါတီလဲ၊ မင်းမွေးနေ့လား "

" မဟုတ်ဘူး၊ ဒီတိုင်း ငါသူနဲ့ခင်ချင်တဲ့အ ထိမ်းအမှတ်နဲ့ ပါတီအသေးစားလေးလုပ်ချင်လာလို့ .. ဝီ .. ဒီကိစ္စသူသိလို့မဖြစ်ဘူး "

" ငါသဘောပေါက်ပါတယ်၊ အတန်းချိန်ပြီး ရင် သူ့ကိုသွားချိန်းလိုက်မယ် .. ငါ့မွေးနေ့လို့ပြောမယ်ဆိုရင်ရော အိုခေလား "

ချာလီ ပြုံးရင်းသာခေါင်းညိတ်မိသည်။

လိုအီပတ်ခ်ဆိုတဲ့ မျက်နှာဖြူကိုးရီးယားလူ မျိုးတစ်ယောက်အပေါ် ယိမ်းယိုင်ချင်နေသော မိမိ၏စိတ်အစုံအား ပါတီမှာဖွင့်ချလိုက်တော့မည်။

" ချာလီရေ .. အဆင်ပြေသွားရင်ကိုးရီးယားကို အလည်ခေါ်သွားဦးနော်၊ K- Drama တွေထဲကလို လမ်းဘေးအစားအစာတွေစားချင်လို့ "

ဝီက ချာလီကိုစနောက်၏။

ခြေလှမ်းက ယခုမှ စလုံးရေစမှာဖြစ်သော်ငြား ချာလီစိတ်ထဲမှာ လိုအီပတ်ခ်နဲ့အဆင် ပြေကိုပြေမယ်ဆိုတဲ့ ယုံကြည်ချက်လေးထူး ဆန်းစွာနှင့်ရှိနေခဲ့သည်။

လိုအီပတ်ခ်က သူ့အတွက်ဖြစ်တည်လာပါ လားဆိုတဲ့ အနာဂါတ်အတွက်ပိုင်စိုးပိုင်နင်းနဲ့မျှော်ကိုးထားတဲ့ စိတ်ဆန္ဒလေးတွေအတိုင်း ဖြစ်လာအောင် အစွမ်းကုန်ကြိုးစားကြည့်ချင်သည်။

ရုပ်ရည် အသင့်အတင့်ရှိသလို ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ချာလီလိုနူးညံ့ကြင် နာတတ်တဲ့ လူမျိုးကိုလိုအီပတ်ခ် သဘောကျလောက်မှာပါ။

TBC _________________________

[ A:N | ချာလီချာပလန်လေးလာပါပြီ။

အပိုင်း ၁၅ လို့ပြောထားခဲ့တဲ့အတိုင်းပဲ၊ ဇာတ်သိမ်းခါနီးပြီဖြစ်ပါကြောင်း ]

( Zawgyi )

[ ကိုယ္တို႔အသက္ေတြႀကီးလာၾကၿပီ ေဘဘီ၊ကိုယ္ ဒီရက္ပိုင္း အဲ့တာေတြေတြးေနမိတယ္၊အဲ့တာေတြက မင္းကိုရူးသြပ္သြားေစသလား၊ညတာေတြ ဘယ္ေလာက္ျမန္ျမန္ေျပာင္းသြားသလဲကြာ။

မင္းအိပ္မက္မက္ခဲ့တဲ့အရာေတြလည္း အိပ္ ရာကႏိူးရင္ ေပ်ာက္ကြယ္သြားတယ္မလား၊ ဒါေပမယ့္ ဘာမွစိုးရိမ္စရာမရိွပါဘူး၊ ညေတြေျပာင္းလဲသြားရင္ေတာင္မွေပါ့။

ကိုယ္နဲ႔ မင္းကေတာ့ ဘယ္ေတာ့မွေျပာင္းလဲ သြားမွာ မဟုတ္ပါဘူး ]

{ Night Changes - 1 D }

မနက္ခင္းက ေနြးေထြးတဲ့ေနေရာင္ျခည္ႏွင့္အ ၿပိဳင္ ဘတ္ခ္ဟြၽန္းမ်က္ႏွာေလးဟာ ေတာက္ ပမႈအျပည့္ႏွင့္ ၿပံဳးေပ်ာ္ေနရတဲ့အေၾကာင္းအ ရင္းက ဘာျဖစ္ႏိုင္မလဲ။

မေန့ညက ခ်န္းေယာလ္ကိုယ္တိုင္ဂီတာေလး တီးၿပီး ဆိုျပခဲ့တဲ့သီခ်င္းေၾကာင့္လား။ ငါ့ခ်စ္ သူက ငါ့ကိုအေလးအနက္ထားပါလားဆိုတဲ့ပီတိေတြစားသံုးထားရလို႔လား။

အေၾကာင္းအရင္းေတြမ်ားစြာေထာက္ျပႏိုင္သလို ဘတ္ခ္ဟြၽန္း၏ၾကည္လင္ေနေသာစိတ္အာရံုမွာလည္း သံသယေတြကင္းေဝးၿပီး ေန့တေန့ရဲ့အလုပ္အေပၚ အေကာင္းဆံုးအာရံု စူးစိုက္ဖို႔အသင့္ျဖစ္ေနခဲ့တာေပါ့။

ေျခလွမ္းတိုင္းကလည္း ယံုၾကည္မႈအျပည့္နဲ႔ ငါ့ခ်စ္သူက ငါ့အနားမွာအၿမဲတမ္းရိွေနေပးတယ္ဆိုတဲ့ ခြန္အားေလးကိုေထြးပိုက္ရင္းမိမိ ၏ အေတြးလြန္နယ္ခ်ဲ့ေနမႈကိုရပ္တန္႔ႏိုင္ခဲ့ ၏။

" Morning ! "

ရံုးခန္းထဲဝင္လာတဲ့ ဘတ္ခ္ဟြၽန္းဟာေရာက္ ႏွင့္ၿပီးသား လုပ္ေဖာ္ကိုင္ဖက္ေတြအားလံုးကို တက္ႂကြေနေသာေလသံျဖင့္ႏႈတ္ဆက္လိုက္မိသည္။

" ၾကားသားမိုးႀကိဳး၊ ဘတ္ခ္ဟြၽန္းတေယာက္ ေစာေစာစီးစီး အူျမဴးေနပါလား "

စာရင္းစစ္တိုင္းတလြဲေတြလုပ္တတ္တဲ့ ဘိုကီက ခနဲ႔သည့္ေလသံျဖင့္ ဘတ္ခ္ဟြၽန္းၾကား ေအာင္ေအာ္ေျပာ၏။

" ဧကန ငါတို႔စားရေတာ့မယ္နဲ႔တူတယ္ "

" လိုပါေသးတယ္ "

ဘတ္ခ္ဟြၽန္းထိုမ်ွသာေျပာၿပီး မိမိ၏အလုပ္ စားပြဲမွာဝင္ထိုင္လိုက္သည္။ မနက္ခင္းမွာအ လုပ္လုပ္ရတာ စိတ္ပါဝင္စားမႈရိွေအာင္သင္း ပ်ံ့တဲ့ေကာ္ဖီနံ႔ေလးရူရိူက္ရင္း စတင္ႏိုင္ဖို႔ရာ အတြက္ ဝယ္လာတဲ့ေကာ္ဖီဘူးကိုဖြင့္လိုက္သည္။

ေကာ္ဖီ၏ ခါးသက္တဲ့အရသာေလးကလ်ွာ ဖ်ားကေန တဆင့္ မိမိ၏ႏွလံုးသားထဲသို႔စိမ့္ ဝင္၏။ အခ်စ္ရဲ့ခ်ိဳၿမိန္မႈေတြေၾကာင့္ ခါးလွ ပါခ်ည္ရဲ့ဆိုတဲ့ ေကာ္ဖီေတာင္ ဘယ္ဆီေနမွန္းမသိေလေတာ့။

" ဒါနဲ႔ .. ဖ်ိဳဆြန္းမေရာက္ေသးဘူးလား "

တစ္ခံုေက်ာ္မွာထိုင္ေနတဲ့ Content Writer တစ္ၪီးကို ဘတ္ခ္ဟြၽန္းလွမ္းေမးမိသည္။

" ဖ်ိဳဆြန္းက ေရေရလည္လည္ကြဲေနတာေလ ေရာက္ကတည္းက အိတ္ပစ္ၿပီး ေလွကားမွာ သြားမိႈင္ေနတယ္ .. သူေဌးမရိွေပလို႔ေပါ့ "

ဘတ္ခ္ဟြၽန္းသက္ျပင္းခ်ရင္း ေဘးကလြတ္ ေနတဲ့ ဖ်ိဳဆြန္းရဲ့ခံုေလးကိုစိတ္မေကာင္းျခင္း မ်ားစြာႏွင့္ၾကည့္ရင္း ခံုကေနမတ္တပ္ထ,ရပ္ လိုက္သည္။ ဝယ္လာတဲ့ေကာ္ဖီဘူးကိုပါကိုင္ ရင္း ဖ်ိဳဆြန္းရိွမယ့္ေလွကားနားသို႔ခပ္သြက္ သြက္ေလးသြားလိုက္မိသည္။

ေလွကားေအာက္ေျခရင္းမွာ ငုတ္တုတ္ေလး ထိုင္ရင္း ဒူးေပၚတင္ထားတဲ့လက္ႏွစ္ဖက္ေပၚ ေခါင္းေမွာက္ကာ အေျခအေနေကာင္းပံုမရတဲ့ ဖ်ိဳဆြန္းေဘးနားအသာေလးဝင္ထိုင္ေတာ့ ဖ်ိဳဆြန္းက အလန္႔တၾကားေမာ့ၾကည့္လာၿပီး

" ဘတ္ခ္ဟြၽန္း၊ ဒီကိုဘယ္လိုလို႔ ... "

" မင္းေပ်ာက္ေနလို႔ေလ၊ ဘယ္လိုျဖစ္တာလဲ အဆင္ေျပရဲ့လား "

ဖ်ိဳဆြန္းက ေခါင္းခါျပ၏။ အခ်ိန္တိုင္းသြက္ သြက္လက္လက္နဲ႔ ေနတတ္တဲ့သူတေယာက္ ကို ယခုလိုမိႈင္ေထြၿပီးေငးေမာေနရတဲ့ပံုစံနဲ႔ ျမင္ရတာ သေဘာမက်လိုက္တာ။

" ဘာအခက္အခဲရိွလို႔လဲ၊ ေျပာၾကည့္ပါလား၊ ငါမ်ွေဝခံစားေပးပါ့မယ္ "

" မင္းဘာမွမလုပ္ေပးႏိုင္ပါဘူး ဘတ္ခ္ဟြၽန္း ရာ။ စကားနဲ႔တင္ေက်းဇူးတင္ေနပါၿပီ "

ဘတ္ခ္ဟြၽန္းစကားဆက္မေျပာဘဲ ေကာ္ဖီဘူးကို ဖ်ိဳဆြန္းလက္ထဲထည့္ေပးၿပီး။

" ေသာက္လိုက္ .. မင္းရင္ထဲကေဝဒနာေတြကို ေကာ္ဖီခါးခါးနဲ႔ေဆးေၾကာလိုက္ "

ဖ်ိဳဆြန္းက ရယ္၏။ ဒီလိုျဖစ္ေနတာေတာင္ ဟာသလုပ္ေျပာေပးႏိုင္တယ္လို႔ ထင္သြားသ လားမသိ။

" အသည္းကြဲရင္ ေကာ္ဖီခါးခါးေသာက္ရတယ္လို႔ မင္းကိုဘယ္သူေျပာလဲ၊ အရက္ေသာက္ရတာမဟုတ္ဘူးလား "

" မင္းကလည္း ဒါ ရံုးခ်ိန္ႀကီးေလ၊ ဘယ္လိုလို႔ အရက္ေတြဝယ္ေပးလို႔ရမွာလဲ။ ေလာ ေလာဆယ္ ေကာ္ဖီေလးေသာက္ထားေပါ့ "

" ငါတို႔ၿပီးသြားခဲ့ၿပီ "

ဖ်ိဳဆြန္း၏ အသံတို႔က ၿပီးျပတ္သြားတဲ့ဆက္ ဆံေရးတခုအတြက္ျပင္းျပင္းထန္ထန္ထိခိုက္ခံစားေနရတဲ့အသြင္။ အေၾကာင္းအရင္းကို ထုတ္မေျပာေသးေပမယ့္လည္း ဖ်ိဳဆြန္းရဲ့ တဖက္လူအေပၚ စြဲလမ္းေနစိတ္ႀကီးမားေန ေသးတာကို ဘတ္ခ္ဟြၽန္းျမင္ေတြ့ေနရ၏။

" ေနာက္ႏွစ္ထဲေတာင္ လက္ထပ္ဖို႔လုပ္ထားခဲ့ၾကတာကို .. အခုေတာ့ အကုန္လံုးၿပီးသြားခဲ့ၿပီ ဘတ္ခ္ဟြၽန္း။ သူငါ့ကိုထားခဲ့ၿပီ "

" ငိုခ်င္ရင္ ငိုခ်လိုက္ပါလား၊ စိတ္ကိုအရမ္း တင္းမထားနဲ႔ .. ပိုပင္ပန္းတယ္ "

" ငိုခ်င္ေပမဲ့ က်စရာမ်က္ရည္မရိွေတာ့ဘူး၊စိတ္ထဲတႏံု႔ႏံု့နဲ႔ ခံရခက္တယ္ ဘတ္ခ္ဟြၽန္းရဲ့မင္းကေတာ့ ဘယ္လိုလို႔သိမွာလဲ "

" ငါနားလည္ပါတယ္ ဖ်ိဳဆြန္းရဲ့။ ထြက္သြားခ်င္တဲ့သူကို ဆြဲမထားနဲ႔ ... လႊတ္ေပးလိုက္၊ ေဝးဖို႔အေၾကာင္းဖန္လာရင္ တားေနလည္း ေဝးၾကရမွာပဲ "

ေကာ္ဖီဘူးဖြင့္ထားတာေၾကာင့္ ေကာ္ဖီနံ႔သင္း သင္းက စိတ္ရူတ္ေနတဲ့ လူတစ္ေယာက္ကို သက္သာသြားေစဖို႔မတတ္ႏိုင္ခဲ့ပါ။

" ေဆျြပမ်ိဳးျပေတြလည္းလုပ္ၿပီးၿပီ၊ လက္ ထပ္ဖို႔လည္း အသင့္ျဖစ္ေနခဲ့ၿပီ၊ အတူတူလည္း ေနၿပီးၿပီ။ ငါ .. ငါသူမရိွဘဲဘယ္လိုေနရမွာလဲ "

ဘတ္ခ္ဟြၽန္းပါ ေခါင္းရူတ္သြားခဲ့ရသည္။သူ႔ စကားေတြ နားေယာင္ၿပီး ဘတ္ခ္ဟြၽန္းအ ေတြးေတြ အပိတ္အေလွာင္မခံသင့္ေတာ့ဘူး။

" သူမင္းဆီျပန္လာမွာပါ "

" မလာေတာ့ဘူး။ သူငါနဲ႔ေဝးရာကိုထြက္သြားခဲ့ၿပီ .. ဟိုးအေဝးႀကီးကိုသူထြက္သြားခဲ့ၿပီ "

သူ႔အျဖစ္က လက္ရိွဘတ္ခ္ဟြၽန္းတို႔အေျခအ ေနႏွင့္ပင္ တူခ်င္ေနသေယာင္ျဖစ္ေန၏။

" အဆက္အသြယ္ေတာ့လုပ္တယ္မလား "

" မလုပ္ဘူး၊ မအားလို႔တဲ့ ... သူအလုပ္လုပ္ရမွာ မေနွာက္ယွက္နဲ႔တဲ့ "

ဘတ္ခ္ဟြၽန္းစိတ္ေတြေတြေဝလာရသည္။ အ ကယ္၍မ်ား ခ်န္းေယာလ္နဲ႔သာ ထိုကဲ့ေသာအျဖစ္မ်ိဳးနဲ႔ အဆံုးသတ္သြားခဲ့ရမယ္ဆိုလ်ွင္

" မျဖစ္ဘူး၊ အဲ့လိုျဖစ္လာစရာအေၾကာင္းမရိွဘူး၊ ဟုတ္တယ္ "

သတိလက္လြတ္ျဖစ္ၿပီး ဘတ္ခ္ဟြၽန္းမ္ိမိဘာ သာစကားဆိုမိေလေတာ့ ဖ်ိဳဆြန္းကအလန္႔ တၾကားၾကည့္ၿပီး ဘာျဖစ္တာလဲဆိုသည့္ပံုစံႏွင့္။

" ဘတ္ခ္ဟြၽန္း၊ မင္းအဆင္ေျပရဲ့လား "

ေၾကကြဲေနတဲ့ ဖ်ိဳဆြန္းက ဘတ္ခ္ဟြၽန္းကိုျပန္ ေမးယူေနရသည့္အျဖစ္။

" ေၾသာ္ .. ဘတ္ခ္ဟြၽန္းကဒီေရာက္ေနတာပဲ "

ထိုစဥ္ ႏွစ္ေယာက္တည္းရိွေနတဲ့ေနရာသို႔ပိုင္ ေရာက္လာ၏။

" ပိုင္ ကြၽန္ေတာ့္ကိုရွာတာလား "

" ဟုတ္တယ္၊ သူေဌးေခၚခိုင္းလို႔ေလ "

ပိုင့္ စကားေၾကာင့္ ေဘးကဖ်ိဳဆြန္းကိုအားနာ နာနဲ႔ တခ်က္ၾကည့္ၿပီး လိုက္သြားမိသည္။

ကိုယ့္စိတ္ကိုယ္ပင္ ႏိုင္ေအာင္မထိန္းသိမ္းႏိုင္ ဘဲ သူမ်ားကိုသြားၿပီး အားေပးဖို႔ႀကိဳးစားေန တာ ငါးပါးေမွာက္ေတာ့မလို႔ပဲ။

ေတာ္ေသးတာက ပိုင္ ကယ္ေပလို႔ေပါ့။ မ ဟုတ္ရင္ ဘတ္ခ္ဟြၽန္းေတာ့ ထိုေနရာမွာတင္ အေတြးလြန္ၿပီး အရူးလံုးလံုးျဖစ္ကုန္မွာျမင္ ေယာင္မိပါေသးသည္။

ပိုင္ႏွင့္အတူ သူေဌးရံုးခန္းေရာက္ေတာ့သတ္ မွတ္ထားတဲ့ေနရာမွာ ဝင္ထိုင္ရင္း သူေဌးဖုန္း ေျပာေနတာကို ေစာင့္ေပးေနရသည္။

ခဏအၾကာမွာေတာ့ သူေဌးပါ ဆိုဖာ၏ထိပ္ ဆံုးေနရာမွာ အခန္႔သားေနရာယူရင္း။

" ထံုးစံအတိုင္း Duo လုပ္ရမယ့္အလုပ္ဆိုရင္ ငါ့ေခါင္းထဲေပၚလာတာ မင္းတို႔ႏွစ္ေယာက္ပဲရိွတယ္ .. ဘယ္လိုလဲ၊ ဒီတစ္ေခါက္ Project အတြက္ အဆင္သင့္ျဖစ္ၿပီလား "

" ဘာ Project လဲဟင္ "

" ပိုင္ မင္းသူ႔ကိုမေျပာရေသးဘူးလား "

သူေဌးက သူ႔အၾကည့္ေတြပိုင့္ထံပို႔ၿပီးေမး၏၊

" သူေဌးေျပာတာပိုေကာင္းမယ္ထင္လို႔ "

" အိုေခ .. ဒီတစ္ေခါက္ Project ကနည္းနည္း လြယ္သလိုလိုနဲ႔ခက္မယ္ကြာ။ စားေသာက္ ဆိုင္တစ္ခုအတြက္ Digital Marketing ဆင္းေပးရမွာ .. အခုမွစဖြင့္မွာဆိုေတာ့လူသိ မ်ားေအာင္ မင္းတို႔က နည္းနည္းပါးပါးရႊီး ေရွာင္လုပ္ေပးရမွာကြာ "

ဘတ္ခ္ဟြၽန္းေခါင္းတညိတ္ညိတ္ႏွင့္နား ေထာင္ေန၏။ အလုပ္ေလးရိွၿပီဆိုေတာ့ဘာပဲျဖစ္ျဖစ္ အေတြးေတြနဲ႔မႏွစ္မြန္းေတာ့ဘူးေပါ့။

" ေရာ့ .. ဒါကလိုအပ္တဲ့အေထာက္အထား "

ဖိုင္တြဲေလးကို ဘတ္ခ္ဟြၽန္းတို႔ေရ႔ွထိုးေပး တာေၾကာင့္ ယူၾကည့္ရင္း။

" ViVa Polo ! Italian Restaurant "

နာမည္ကိုအသံထြက္ဖတ္ၿပီး ဖိုင္ထဲမွာပါတဲ့ အေၾကာင္းအရာေတြကို အေသးစိတ္ဖတ္ရူေနမိသည္။

" သူေဌး တည္ေနရာက ... "

" ဟုတ္တယ္။ U.S မွာဖြင့္မွာ "

ကံတရားက တိုက္ဆိုင္စြာႏွင့္ ခ်န္းေယာလ္ရိွ ေနတဲ့ ႏိုင္ငံသို႔ ဘတ္ခ္ဟြၽန္းကိုအေရာက္ပို႔ခဲ့ေလၿပီ။

" ေလယာဥ္စရိတ္ကိုေတာ့ ကုမၸဏီဖက္ကစီ စဥ္ေပးမယ္။ က်န္တာေတာ့မင္းတို႔ကိစၥေပါ့၊ ၿပီးေတာ့ ေနဖို႔ဟိုတယ္ကေတာ့ ငါ့ေယာက်ၤား ပိုင္တဲ့ ေနရာမွာ တဝက္ေစ်းနဲ႔ေနႏိုင္တယ္ "

" သူေဌးကလည္း ဘာတဝက္ေစ်းလဲ၊အလ ကား ေပးေနလိုက္ေရာေပါ့ "

သူေဌးဆိုတာ အဲ့သေလာက္ထိလက္ေပါက္ ကပ္တဲ့ လူပါဆို။

" မျဖစ္ဘူးေလ၊ စီးပြါးေရးက စီးပြါးေရးပဲ၊ တဝက္ေစ်းထားေပးတာေတာင္ ကံေကာင္းတယ္မွတ္ "

ဘတ္ခ္ဟြၽန္းဘာမွအတြန္႔မတက္လိုေတာ့ေပ၊သူေဌးေျပာတဲ့အတိုင္းပဲ လိုက္နာၾကတာေပါ့၊ ေလယာဥ္ခ ရွင္းေပးမယ္ဆိုတည္းကရင္း စရိတ္က တဝက္ေလာက္သက္သာေနခဲ့ၿပီေလ။

ရံုးခန္းထဲကေနျပန္ထြက္လာတဲ့ ဘတ္ခ္ဟြၽန္း တစ္ေယာက္ ထိုအေၾကာင္းကို ခ်န္းေယာလ္ ဆီေျပာျပခ်င္ေနတာမွ ပါးစပ္ေတြကိုယားလို႔

ဖုန္းထုတ္ၾကည့္ေတာ့ ၂၄ နာရီအခ်ိန္ျပည့္ လိုင္းေပၚရိွေနတဲ့ ခ်န္းေယာလ္ေၾကာင့္ဘတ္ခ္ဟြၽန္းဖုန္းေခၚလိုက္ရင္း။

တူတူတူ။

မကိုင္တာေၾကာင့္ ႏွလံုးခုန္သံျမန္ေနေသာမိမိ ၏ စည္းခ်က္ေတြ ပံုမွန္အ​ေနအထားသို႔ကူး ေျပာင္းသြားခဲ့ရသလို ႏႈတ္ခမ္းမွာပန္ဆင္ထားတဲ့အၿပံဳးတစ္ပြင့္ကလည္း သိသိသာ သာ ညိုးႏြမ္းလာ၏။

" ဘာလို႔ မကိုင္တာလဲ "

စိုးရိမ္စိတ္မ်ားခ်င္ေနေသာ စိတ္ကိုခ်ိဳးႏိွမ္ ရင္း ဘတ္ခ္ဟြၽန္းေနာက္တစ္ႀကိမ္ေခၚလိုက္သည္။

တူတူတူ။

ပထမနည္းတူ မကိုင္ဘဲျပဳတ္က်သြားျပန္ၿပီ။

" ဘာလဲ .. ငါ့ကိုေဒါသထြက္ေအာင္ .. "

စကားမဆံုးခင္မွာ ျပန္ဝင္လာတဲ့တဖက္ဖုန္း ေၾကာင့္ ဘတ္ခ္ဟြၽန္းမ်က္ႏွာေလးျပန္လည္ ဝင္းပသြားရသည္။

" ေမာင္ စာသင္ေနတယ္ေလ "

တဖက္က ခ်န္းေယာလ္အသံ​ၾကားေတာ့မွ ဘတ္ခ္ဟြၽန္းလက္ကနာရီကိုကဗ်ာကယာၾကည့္မိ၏။

ဟုတ္သားပဲ။ မနက္ ၉ နာရီကေန ေန့လယ္ ၁၁ နာရီအထိ ခ်န္းေယာလ္အတန္းခ်ိန္ရိွပါ တယ္လို႔ ဘတ္ခ္ဟြၽန္းကိုေျပာျပၿပီးသား။

" ငါေမ့သြားတယ္ "

ဘတ္ခ္ဟြၽန္းအသံေလး တိမ္ဝင္သြား၏။

" ရတယ္၊ အေရးႀကီးကိစၥရိွလို႔လား "

" ေမာင္ .. ေသခ်ာနားေထာင္ေနာ္၊ မနက္ျဖန္ က်ရင္ ငါအလုပ္ကိစၥနဲ႔ U.S ကိုလာရမွာ "

" ဟင္ .. တကယ္လား "

တဖက္ခ်န္းေယာလ္လည္း ေပ်ာ္သြားသည့္ပံုစံပင္။ အသံေလးကို ရႊင္လို႔။

" အဲ့ဒါဆို ေမာင္ လာႀကိဳမယ္ေလ၊ ေရာက္တဲ့ အခ်ိန္ ဖုန္းဆက္လိုက္ ၾကားလား "

" အင္းပါ၊ မဟုတ္လည္း ရံုးကစီစဥ္ေပးမွာကို ေမာင္က တကူးတကႀကီးလာႀကိဳေပးေနရမွာေပါ့ "

" ကိစၥမရိွဘူး၊ ဒါမ်ိဳးက ပင္ပန္းတာမွမဟုတ္တာ .. ဒါနဲ႔ ဘယ္သူနဲ႔လာမွာလဲ "

ဘတ္ခ္ဟြၽန္း ေျဖရခက္သြားသည္။ ေျပာရင္ ခ်န္းေယာလ္ စိတ္ဆိုးသြားမွာလား။

" ေမာင္ ေမးေနတယ္ေလ "

ေတာ္ေတာ္ၾကာသည္အထိ မေျဖဘဲ တင္းခံ ေနတဲ့ ဘတ္ခ္ဟြၽန္းဟာ ခ်န္းေယာလ္၏ခပ္ စြာစြာ အသံၾကားေတာ့မွ အလူးအလဲျဖင့္။

" ပိုင္ .. ပိုင္နဲ႔ "

" ေၾသာ္ ... ဟုတ္ပါၿပီ။ ေရာက္ရင္ဖုန္းဆက္ၾကားလား။ သူမ်ားစီစဥ္တာနဲ႔လိုက္သြားတာ မလိုခ်င္ဘူးေနာ္ "

ထူးဆန္းလိုက္တာ၊ ခ်န္းေယာလ္ကဘာလို႔ေဒါသမထြက္ရတာလဲ။

" ဆက္ပါ့မယ္၊ အတန္းတက္ေတာ့ေလ "

" အင္း၊ ဒါဆိုဖုန္းခ်ၿပီ "

ခ်န္းေယာလ္ ဖုန္းပိတ္ၿပီး အတန္းထဲျပန္ဝင္ လိုက္သည္။ လူခ်င္းမေတြ့ရတာ ႏွစ္ပတ္နီးပါးရိွေနၿပီဆိုေတာ့ ေတြ့ရတုန္းေလးအ တိုးခ် အလြမ္းသယ္ရမွာေပါ့။

ေျခလွမ္းတို႔ ေျမာက္ႂကြ၊ေျမာက္ႂကျြဖင့္ျမဴး တူးေန၏။

ဤသည္ကို မ်က္ေျခမျပတ္တမ္းၾကည့္ေနတဲ့ ေကာင္ေလးတစ္ေယာက္လည္းရိွေနခဲ့သည္။

" ခ်ာလီ၊ မင္း လိုအီပတ္ခ္ကိုမ်ားေႂကြေနသလား "

" အဲ .. မဟုတ္တာ "

ခ်ာလီ က ျပာျပာသလဲလဲျဖင့္ျငင္းေပမယ့္ အစခံလိုက္ရလို႔ ပါးျပင္ေလးနီရဲသြားတာက ေတာ့ လိမ္ညာလို႔မရခဲ့ဘူး။

" လိုအီပတ္ခ္က ကိုးရီးယားလူမ်ိဳးဆိုေပမဲ့ သူအဂၤလိပ္စကားေျပာတဲ့ေလသံကတကယ့္ကိုမွ perfect ျဖစ္တယ္ကြာ "

ဆရာမသိေအာင္ ႏွစ္ေယာက္သားတီးတိုးေျပာဆိုေနၾကျခင္းျဖစ္သည္။

" ဝီ .. ငါတို႔ လိုအီပတ္ခ္ကို ပါတီဖိတ္လိုက္ရင္ေကာင္းမလား "

" ဘာပါတီလဲ၊ မင္းေမြးေန့လား "

" မဟုတ္ဘူး၊ ဒီတိုင္း ငါသူနဲ႔ခင္ခ်င္တဲ့အ ထိမ္းအမွတ္နဲ႔ ပါတီအေသးစားေလးလုပ္ခ်င္လာလို႔ .. ဝီ .. ဒီကိစၥသူသိလို႔မျဖစ္ဘူး "

" ငါသေဘာေပါက္ပါတယ္၊ အတန္းခ်ိန္ၿပီး ရင္ သူ႔ကိုသြားခ်ိန္းလိုက္မယ္ .. ငါ့ေမြးေန့လို႔ေျပာမယ္ဆိုရင္ေရာ အိုေခလား "

ခ်ာလီ ၿပံဳးရင္းသာေခါင္းညိတ္မိသည္။

လိုအီပတ္ခ္ဆိုတဲ့ မ်က္ႏွာျဖဴကိုးရီးယားလူ မ်ိဳးတစ္ေယာက္အေပၚ ယိမ္းယိုင္ခ်င္ေနေသာ မိမိ၏စိတ္အစံုအား ပါတီမွာဖြင့္ခ်လိုက္ေတာ့မည္။

" ခ်ာလီေရ .. အဆင္ေျပသြားရင္ကိုးရီးယားကို အလည္ေခၚသြားၪီးေနာ္၊ K- Drama ေတြထဲကလို လမ္းေဘးအစားအစာေတြစားခ်င္လို႔ "

ဝီက ခ်ာလီကိုစေနာက္၏။

ေျခလွမ္းက ယခုမွ စလံုးေရစမွာျဖစ္ေသာ္ျငား ခ်ာလီစိတ္ထဲမွာ လိုအီပတ္ခ္နဲ႔အဆင္ ေျပကိုေျပမယ္ဆိုတဲ့ ယံုၾကည္ခ်က္ေလးထူး ဆန္းစြာႏွင့္ရိွေနခဲ့သည္။

လိုအီပတ္ခ္က သူ႔အတြက္ျဖစ္တည္လာပါ လားဆိုတဲ့ အနာဂါတ္အတြက္ပိုင္စိုးပိုင္နင္းနဲ႔ေမ်ွာ္ကိုးထားတဲ့ စိတ္ဆႏၵေလးေတြအတိုင္း ျဖစ္လာေအာင္ အစြမ္းကုန္ႀကိဳးစားၾကည့္ခ်င္သည္။

ရုပ္ရည္ အသင့္အတင့္ရိွသလို ေပါင္းသင္းဆက္ဆံေရးေကာင္းၿပီး ခ်ာလီလိုႏူးညံ့ၾကင္ နာတတ္တဲ့ လူမ်ိဳးကိုလိုအီပတ္ခ္ သေဘာက်ေလာက္မွာပါ။

TBC _________________________

[ A:N | ခ်ာလီခ်ာပလန္ေလးလာပါၿပီ။

အပိုင္း ၁၅ လို႔ေျပာထားခဲ့တဲ့အတိုင္းပဲ၊ ဇာတ္သိမ္းခါနီးၿပီျဖစ္ပါေၾကာင္း ]

Continue Reading

You'll Also Like

17.9K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
259K 25.5K 42
'' Byun Baekhyun !! '' '' Nae...'' '' ဒီလို ႏုနယ္တဲ့ လက္ကေလးေတြက ခုခ်ိန္မွာ စာအုပ္ကိုင္ေနသင့္တာလား ။ သူမ်ားနဲ႕ရန္ျဖစ္ျပီး ေသြးထြက္သံယို ျဖစ္ေနသင့္တာ...
1M 70.4K 71
M-prage Family Type Fanfiction Wang YiBo & Xiao Zhan
325K 12.4K 49
"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To S...