ဇာတ္လိုက္၏ဗီလိန္မိေထြး | ဇာတ်...

By crystalmoonlit

30.7K 3.5K 98

ဇာတ်လိုက်၏ဗီလိန်မိထွေး အဆက်ပါ ​ရှေ့ပိုင်းတွေကိုဖတ်ချင်တယ်ဆိုရင်တော့ Wallထဲမှာ Book Iရှိပါတယ် ဇာတ္လိုက္၏ဗီလိန... More

၂၀၀
၂၀၁
၂၀၂
၂၀၃
၂၀၄
၂၀၅
၂၀၆
၂၀၇
၂၀၈
၂၁၀
Notice & Advertisment
၂၁၁
၂၁၂

၂၀၉

2K 290 5
By crystalmoonlit

အပိုင်း (၂၀၉) 

ဒီအချိန်မှာတော့ ယန်ရှုယွီသည် ရယ်ချင်စိတ်ပဲဖြစ်လာသည်။ Dorsettအတွင်းသတင်းတစ်ခုရှိတာကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိသည့်နာမည်ကြီးဟိုတယ်တိုင်းတွင် သူတို့၏ဘော့စ်ဆီ၌ ကိုယ်ပိုင်အခန်းတစ်ခုရှိပြီး ထိုအခန်းတွေထဲတွင် ပရိဘောဂ နှင့် အပြင်အဆင်တွေပါ တူညီရုံမကပါပဲ ပန်းအိုးထားသည့်နေရာကအစ တစ်ထပ်တည်းတူညီသည်ဆိုတာပင်။ 

 ဘော့စ်ကနေပြီး ထိုနေရာတိုင်းကိုမရောက်သေးဘူးဆိုရင်တောင်မှ သူတို့တွေက ဘော့စ်အတွက် ပြင်ဆင်ပေးထားမြဲပင်။ 

ဒီသတင်းကို လူတိုင်းကြားဖူးသလောက် ဘယ်သူမှတော့ မျက်မြင်ကိုယ်တွေ့ မမြင်ဖူးသေးပေ။ ဒီတိုင်း ဟိုတယ်ဝန်ထမ်းတွေကြားမှာရှိသည့် ကောလဟာလတစ်ခုသာဖြစ်သည်။ အခုတော့ သူမကိုယ်ပိုင်မျက်လုံးတွေနှင့် တွေ့လိုက်ရသည့်အခါမှာ ယန်ရှုယွီသည် အခုလိုထူးခြားဆန်းကြယ်မှုတစ်ခုကို မျက်မြင်တွေ့လိုက်ရသည့်အတွက် ကိုယ့်ကိုယ်ကိုဂုဏ်မြောက်သွားတော့သည်။ 

သူမအတွေးတွေက ဖြောင့်ဖြောင့်တန်းတန်းကောင်းကောင်းမွန်မွန်ဆိုပေမယ့် တစ်ဖက်က ဘော့စ်ကတော့ ကျေနပ်နေသည်။ သူသည် ပြုံးကာ ပြောလိုက်သည်။ "ကြည့်ရတာ အဲ့ကတည်းက မင်းအတွက် တစ်သက်တာထိကို စိတ်ထဲစွဲထင်သွားပုံပဲ" 

သူက အဲ့ဒါကို ဘာကြောင့်ဒီလောက်ထိ စိတ်ကျေနပ်နေရတာလဲ? ယန်ရှုယွီသည် တစ်စက္ကန့်လောက်တုံ့ဆိုင်းတွေဝေနေပြီးမှ ဘော့စ်ဘာကိုဆိုလိုချင်တာလဲဆိုတာ သူမနောက်ဆုံးတော့ နားလည်သွားသည်။ သူ့အခန်း၊ ဟိုတယ်Dorsett၊ အဲ့ဒီည... 

အတွေ့အကြုံရှိပါတယ်ဆိုပြီး အမြဲလိုလိုကြွားဝါနေတတ်သည့် ယန်ရှုယွီမှာ ရုတ်တရပ်ပြီး လက်မခံနိုင်စရာကောင်းစွာ ရှက်သွေးဖြန်းသွားသည်။ ဘယ်လိုပဲနေနေ တစ်စုံတစ်ယောက်က မတတ်သာသည့်အခြေအနေမျိုးမှာ အခွင့်ကောင်းယူလိုက်မိခြင်းက သူမဘဝတစ်လျှောက်လုံးတွင် ဘယ်တော့ခါမှ ဖျောက်ဖျက်ပစ်လို့မရနိုင်သည့် အတိတ်မည်းကြီးတစ်ခုဖြစ်နိုင်လောက်သည်။ 

ယန်ရှုယွီ၏မျက်လုံးတွေက တစ်ခဏလောက်ကို ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ မျက်နှာပူတာကြောင့် သူမသည် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။ "အမ်... အိုး ဟုတ်သား ရှင်ဘယ်လိုလုပ်ပြီးနိုးနေတာလဲ? ရှင်ဘယ်လောက်ပဲအိပ်ရသေးလဲ?" 

"လေးနာရီခွဲလောက် ကိုယ်လေယာဉ်ပေါ်မှာလည်း အနားယူထားသေးတယ်" ဟု ကျိုးချင်းဟယ်သည် ဘာမှမဖြစ်သလို ဖြေလိုက်သည်။ ဒီလိုအလုပ်ချိန်မျိုးကို သူအသားကျနေတာ သိသာသည်။ "ပုံနေတဲ့အလုပ်တွေကို ဖြေရှင်းရမယ့်အချိန်ရောက်တော့မယ် ၉နာရီကျရင် ကိုယ်အစည်းအဝေးတစ်ခုရှိတယ်" 

ဒီအတွက် ဘော့စ်ကျိုးသည် ဘာမှမှားယွင်းနေတယ်လို့ မခံစားရပေ။ သို့ပေမယ့် တစ်ဖက်က ယန်ရှုယွီကတော့ ထိုကျောက်စိမ်းလို ကျော့ရှင်းသည့်မျက်နှာကိုကြည့်ပြီး ရင်ထဲနာကျင်သွားသည်။ သူ့လိုဆွဲဆောင်မှုရှိသည့်သူတစ်ယောက်အတွက် လုံလောက်အောင်အနားမယူနိုင်ခြင်းက အရမ်းကိုထိခိုက်နစ်နာစေသည်။ ဘော့စ်တစ်ယောက် အလုပ်တွေအရမ်းလုပ်လွန်းလို့ အရေးအကြောင်းတွေဖြစ်လာတာ၊ ဝက်ခြံတွေဖြစ်လာတာမျိုးတွေကို တွေးကြည့်လိုက်ရုံနှင့်ပင် နာကျင်ရသည်။ ဒီထက်ပိုဆိုးတာက နဖူးပြောင်လာတာနှင့် ဘီယာဗိုက်ထွက်လာခြင်းမျိုးတွေပင်။ "ရှင်ပိုပြီးအနားယူသင့်တယ်!" 

သူမအတွေးထဲတွင် ဘာတွေဖြစ်နေလဲဆိုတာ ဘော့စ်ကတော့ သေချာပေါက်မသိပေမယ့် သူမ၏အလွန်အကျူးတုံ့ပြန်ချက်ကို သူအရမ်းပဲသဘောကျသည်။ သူ့နှုတ်ခမ်းထောင့်တွေက ပင့်သွားပြီး မျက်နှာထက်တွင် အရမ်းသိမ်မွေ့ကြည့်ကောင်းသည့် အပြုံးတစ်ခုက ပေါ်လာသည်။ "ယန်ယန်" 

"ဟမ်?" ယန်ရှုယွီသည် ကြောင်တောင်တောင်ဖြင့် ပြန်ဖြေလိုက်သည်။ 

"တက်က်ဆက်မှာ နေထွက်လာတာကို မင်းမြင်ချင်လား?" 

"အင်း" ယန်ရှုယွီသည် ပြတ်သားစွာခေါင်းညိမ့်လိုက်သည်။ နေထွက်တာကိုမပြောနှင့် သူမ အရင်တုန်းက ယူအက်စ်က လကိုတောင် တစ်ခါမှမမြင်ဖူးပေ။ 

ကျိုးချင်းဟယ်သည် ကင်မရာကိုချိန်ညှိလိုက်တော့ မျက်နှာပြင်ကနေ ပျောက်သွားသည်။ ထိုအစား ကြမ်းကနေ မျက်နှာကြပ်ထိ အပြည့်ဖြစ်နေသော မှန်ပြတင်းက အစားထိုးဝင်လာသည်။ ကင်မရာသည် တဖြည်းဖြည်းမြင်ကွင်းကျယ်လာပြီး အရိပ်တစ်ချို့ထင်ဟပ်နေသည့်ကွင်းပြင်ကနေပြီး သိပ်မဝေးသည့်နေရာက ရေတံခွန်ဝိုင်းရှိနေသည့်ပလာဇာဆီသို့ ရွေ့သွားသည်။ နောက်တော့ သစ်ပင်တွေစိမ်းစိုအုံ့ဆိုင်းနေသည့်တောအုပ်ကြီးဖြစ်သွားသည်။ ကင်မရာက ဆက်ကာမြင့်သထက်မြင့်သွားပြီး တောင်၏ထိပ်နားသို့ ဖြည်းဖြည်းချင်းရောက်သွားသည်။ တောအုပ်နောက်ပိုင်းက ပန်းရောင်သန်းနေသည့်မနက်ခင်းတိမ်ဆိုင်တွေကို သူမဖြည်းဖြည်းချင်းမြင်လာရနိုင်ပြီး သူတို့အရောင်တွေက ပိုထင်ရှားတောက်ပလာသည်။ နောက်ဆုံးတော့ ကင်မရာသည် တောင်ထိပ်ကိုကျော်လွန်သွားပြီး သူမမြင်ကွင်းထဲတွင် နေတစ်ဝက်က ပေါ်ထွက်လာသည်။ 

မြင်ကွင်းက ပထမအကြည့်တစ်ချက်တည်းမှာပဲ မှင်သက်ရှုမောဖွယ်ကောင်းပြီး ယန်ရှုယွီမှာ မြည်ကြွေးသံအလိုလိုထွက်သွားသည်။ "Wow ဒါက အရမ်းကိုလှလိုက်တာ" 

ကျိုးချင်းဟယ်သည် ကင်မရာကိုပြန်မလှည့်လိုက်ပေ။ ပြတင်းကိုမှီထားပြီး သူတို့တွေ နေထွက်လာတာကို အတူတကွကြည်နူးစွာကြည့်နေကြပြီး အသံထွက်ရယ်ကာ ပြောလိုက်သည်။ "ဒီမှာ မင်းကိုယ်နဲ့အတူမရှိတာ အရမ်းဆိုးတာပဲ" 

ယန်ရှုယွီသည် ခေါင်းညိမ့်လိုက်သည်။ သူမပိုပြီးတော့ဒီထပ်သဘောမတူနိုင်တော့ဘူး။ ဘော့စ်နှင့်အတူ နေထွက်တာကို အတူမကြည့်ရတာ တော်တော်နာတာပဲ။ နောက်ပြီးတော့လည်း အဲ့ဒီကိုသွားဖို့ သူမ တတ်နိုင်တာလည်းမဟုတ်ပဲနဲ့။ 

သူမကိုယ်သူမချက်ချင်း တည်ငြိမ်အောင်ထိန်းချုပ်နိုင်သွားသည်။ နောက်တော့ ဒီမြင်ကွင်းကို သူမတစ်ယောက်တည်းကြည့်နေရတာ မှားယွင်းတယ်လို့ သတိထားလိုက်မိသည်။ သူမသည် ကလေးနှစ်ယောက်ဖက်ကို လှည့်လိုက်ပြီး မေးလိုက်သည်။ "ကလေးတွေ နေထွက်တာကိုကြည့်ချင်လား? အဲ့ဒါက အရမ်းကိုလှတယ်" 

တစ်နာရီကျော်ကြာသွားသည့်အခါမှာတော့ ကျန်းယွမ်ကျားကော ကျိုးယိကော ဗိုက်တင်းနေပြီဖြစ်သည်။ နှစ်ယောက်လုံးသည် သူတို့ဗိုက်ပူပူလေးကို ပွတ်လိုက်ကြပြီးနောက် အကြည့်ချင်းဖလှယ်လိုက်ကာ သူတို့ထိုင်ခုံပေါ်ကနေ လျှောဆင်းလိုက်သည်။ 

ထိုင်ခုံက သူတို့အရပ်ထက် အနည်းငယ်ပိုမြင့်နေသည်။ ကျန်းယွမ်ကျားမှာ အကိုကြီးလိုတောင် ဟန်လုပ်လိုက်ပြီး သူ့ဘော်ဒါလေးကို လက်ကမ်းပေးလိုက်သည်။ အချစ်ကလေးနှစ်ယောက်မှာ ယန်ရှုယွီထံ အပြေးကလေးသွားလိုက်ပြီး သူမလေးနားကို ပြေးကပ်ကာ သူမနားချစ်ဖို့ကောင်းစွာ ချွဲကပ်နေတော့သည်။ 

.

.

.

.

.


အပိုင္း (၂၀၉)

ဒီအခ်ိန္မွာေတာ့ ယန္ရႈယြီသည္ ရယ္ခ်င္စိတ္ပဲျဖစ္လာသည္။ Dorsettအတြင္းသတင္းတစ္ခုရွိတာကေတာ့ ကမၻာတစ္ဝွမ္းမွာရွိသည့္နာမည္ႀကီးဟိုတယ္တိုင္းတြင္ သူတို႔၏ေဘာ့စ္ဆီ၌ ကိုယ္ပိုင္အခန္းတစ္ခုရွိၿပီး ထိုအခန္းေတြထဲတြင္ ပရိေဘာဂ ႏွင့္ အျပင္အဆင္ေတြပါ တူညီ႐ုံမကပါပဲ ပန္းအိုးထားသည့္ေနရာကအစ တစ္ထပ္တည္းတူညီသည္ဆိုတာပင္။

ေဘာ့စ္ကေနၿပီး ထိုေနရာတိုင္းကိုမေရာက္ေသးဘူးဆိုရင္ေတာင္မွ သူတို႔ေတြက ေဘာ့စ္အတြက္ ျပင္ဆင္ေပးထားၿမဲပင္။

ဒီသတင္းကို လူတိုင္းၾကားဖူးသေလာက္ ဘယ္သူမွေတာ့ မ်က္ျမင္ကိုယ္ေတြ႕ မျမင္ဖူးေသးေပ။ ဒီတိုင္း ဟိုတယ္ဝန္ထမ္းေတြၾကားမွာရွိသည့္ ေကာလဟာလတစ္ခုသာျဖစ္သည္။ အခုေတာ့ သူမကိုယ္ပိုင္မ်က္လုံးေတြႏွင့္ ေတြ႕လိုက္ရသည့္အခါမွာ ယန္ရႈယြီသည္ အခုလိုထူးျခားဆန္းၾကယ္မႈတစ္ခုကို မ်က္ျမင္ေတြ႕လိုက္ရသည့္အတြက္ ကိုယ့္ကိုယ္ကိုဂုဏ္ေျမာက္သြားေတာ့သည္။

သူမအေတြးေတြက ေျဖာင့္ေျဖာင့္တန္းတန္းေကာင္းေကာင္းမြန္မြန္ဆိုေပမယ့္ တစ္ဖက္က ေဘာ့စ္ကေတာ့ ေက်နပ္ေနသည္။ သူသည္ ၿပဳံးကာ ေျပာလိုက္သည္။ "ၾကည့္ရတာ အဲ့ကတည္းက မင္းအတြက္ တစ္သက္တာထိကို စိတ္ထဲစြဲထင္သြားပုံပဲ"

သူက အဲ့ဒါကို ဘာေၾကာင့္ဒီေလာက္ထိ စိတ္ေက်နပ္ေနရတာလဲ? ယန္ရႈယြီသည္ တစ္စကၠန႔္ေလာက္တုံ႕ဆိုင္းေတြေဝေနၿပီးမွ ေဘာ့စ္ဘာကိုဆိုလိုခ်င္တာလဲဆိုတာ သူမေနာက္ဆုံးေတာ့ နားလည္သြားသည္။ သူ႕အခန္း၊ ဟိုတယ္Dorsett၊ အဲ့ဒီည...

အေတြ႕အႀကဳံရွိပါတယ္ဆိုၿပီး အၿမဲလိုလိုႂကြားဝါေနတတ္သည့္ ယန္ရႈယြီမွာ ႐ုတ္တရပ္ၿပီး လက္မခံနိုင္စရာေကာင္းစြာ ရွက္ေသြးျဖန္းသြားသည္။ ဘယ္လိုပဲေနေန တစ္စုံတစ္ေယာက္က မတတ္သာသည့္အေျခအေနမ်ိဳးမွာ အခြင့္ေကာင္းယူလိုက္မိျခင္းက သူမဘဝတစ္ေလွ်ာက္လုံးတြင္ ဘယ္ေတာ့ခါမွ ေဖ်ာက္ဖ်က္ပစ္လို႔မရနိုင္သည့္ အတိတ္မည္းႀကီးတစ္ခုျဖစ္နိုင္ေလာက္သည္။

ယန္ရႈယြီ၏မ်က္လုံးေတြက တစ္ခဏေလာက္ကို ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားသည္။ မ်က္ႏွာပူတာေၾကာင့္ သူမသည္ စကားလမ္းေၾကာင္းကို ေျပာင္းလိုက္သည္။ "အမ္... အိုး ဟုတ္သား ရွင္ဘယ္လိုလုပ္ၿပီးနိုးေနတာလဲ? ရွင္ဘယ္ေလာက္ပဲအိပ္ရေသးလဲ?"

"ေလးနာရီခြဲေလာက္ ကိုယ္ေလယာဥ္ေပၚမွာလည္း အနားယူထားေသးတယ္" ဟု က်ိဳးခ်င္းဟယ္သည္ ဘာမွမျဖစ္သလို ေျဖလိုက္သည္။ ဒီလိုအလုပ္ခ်ိန္မ်ိဳးကို သူအသားက်ေနတာ သိသာသည္။ "ပုံေနတဲ့အလုပ္ေတြကို ေျဖရွင္းရမယ့္အခ်ိန္ေရာက္ေတာ့မယ္ ၉နာရီက်ရင္ ကိုယ္အစည္းအေဝးတစ္ခုရွိတယ္"

ဒီအတြက္ ေဘာ့စ္က်ိဳးသည္ ဘာမွမွားယြင္းေနတယ္လို႔ မခံစားရေပ။ သို႔ေပမယ့္ တစ္ဖက္က ယန္ရႈယြီကေတာ့ ထိုေက်ာက္စိမ္းလို ေက်ာ့ရွင္းသည့္မ်က္ႏွာကိုၾကည့္ၿပီး ရင္ထဲနာက်င္သြားသည္။ သူ႕လိုဆြဲေဆာင္မႈရွိသည့္သူတစ္ေယာက္အတြက္ လုံေလာက္ေအာင္အနားမယူနိုင္ျခင္းက အရမ္းကိုထိခိုက္နစ္နာေစသည္။ ေဘာ့စ္တစ္ေယာက္ အလုပ္ေတြအရမ္းလုပ္လြန္းလို႔ အေရးအေၾကာင္းေတြျဖစ္လာတာ၊ ဝက္ၿခံေတြျဖစ္လာတာမ်ိဳးေတြကို ေတြးၾကည့္လိုက္႐ုံႏွင့္ပင္ နာက်င္ရသည္။ ဒီထက္ပိုဆိုးတာက နဖူးေျပာင္လာတာႏွင့္ ဘီယာဗိုက္ထြက္လာျခင္းမ်ိဳးေတြပင္။ "ရွင္ပိုၿပီးအနားယူသင့္တယ္!"

သူမအေတြးထဲတြင္ ဘာေတြျဖစ္ေနလဲဆိုတာ ေဘာ့စ္ကေတာ့ ေသခ်ာေပါက္မသိေပမယ့္ သူမ၏အလြန္အက်ဴးတုံ႕ျပန္ခ်က္ကို သူအရမ္းပဲသေဘာက်သည္။ သူ႕ႏႈတ္ခမ္းေထာင့္ေတြက ပင့္သြားၿပီး မ်က္ႏွာထက္တြင္ အရမ္းသိမ္ေမြ႕ၾကည့္ေကာင္းသည့္ အၿပဳံးတစ္ခုက ေပၚလာသည္။ "ယန္ယန္"

"ဟမ္?" ယန္ရႈယြီသည္ ေၾကာင္ေတာင္ေတာင္ျဖင့္ ျပန္ေျဖလိုက္သည္။

"တက္က္ဆက္မွာ ေနထြက္လာတာကို မင္းျမင္ခ်င္လား?"

"အင္း" ယန္ရႈယြီသည္ ျပတ္သားစြာေခါင္းညိမ့္လိုက္သည္။ ေနထြက္တာကိုမေျပာႏွင့္ သူမ အရင္တုန္းက ယူအက္စ္က လကိုေတာင္ တစ္ခါမွမျမင္ဖူးေပ။

က်ိဳးခ်င္းဟယ္သည္ ကင္မရာကိုခ်ိန္ညွိလိုက္ေတာ့ မ်က္ႏွာျပင္ကေန ေပ်ာက္သြားသည္။ ထိုအစား ၾကမ္းကေန မ်က္ႏွာၾကပ္ထိ အျပည့္ျဖစ္ေနေသာ မွန္ျပတင္းက အစားထိုးဝင္လာသည္။ ကင္မရာသည္ တျဖည္းျဖည္းျမင္ကြင္းက်ယ္လာၿပီး အရိပ္တစ္ခ်ိဳ႕ထင္ဟပ္ေနသည့္ကြင္းျပင္ကေနၿပီး သိပ္မေဝးသည့္ေနရာက ေရတံခြန္ဝိုင္းရွိေနသည့္ပလာဇာဆီသို႔ ေ႐ြ႕သြားသည္။ ေနာက္ေတာ့ သစ္ပင္ေတြစိမ္းစိုအုံ႕ဆိုင္းေနသည့္ေတာအုပ္ႀကီးျဖစ္သြားသည္။ ကင္မရာက ဆက္ကာျမင့္သထက္ျမင့္သြားၿပီး ေတာင္၏ထိပ္နားသို႔ ျဖည္းျဖည္းခ်င္းေရာက္သြားသည္။ ေတာအုပ္ေနာက္ပိုင္းက ပန္းေရာင္သန္းေနသည့္မနက္ခင္းတိမ္ဆိုင္ေတြကို သူမျဖည္းျဖည္းခ်င္းျမင္လာရနိုင္ၿပီး သူတို႔အေရာင္ေတြက ပိုထင္ရွားေတာက္ပလာသည္။ ေနာက္ဆုံးေတာ့ ကင္မရာသည္ ေတာင္ထိပ္ကိုေက်ာ္လြန္သြားၿပီး သူမျမင္ကြင္းထဲတြင္ ေနတစ္ဝက္က ေပၚထြက္လာသည္။

ျမင္ကြင္းက ပထမအၾကည့္တစ္ခ်က္တည္းမွာပဲ မွင္သက္ရႈေမာဖြယ္ေကာင္းၿပီး ယန္ရႈယြီမွာ ျမည္ေႂကြးသံအလိုလိုထြက္သြားသည္။ "Wow ဒါက အရမ္းကိုလွလိုက္တာ"

က်ိဳးခ်င္းဟယ္သည္ ကင္မရာကိုျပန္မလွည့္လိုက္ေပ။ ျပတင္းကိုမွီထားၿပီး သူတို႔ေတြ ေနထြက္လာတာကို အတူတကြၾကည္ႏူးစြာၾကည့္ေနၾကၿပီး အသံထြက္ရယ္ကာ ေျပာလိုက္သည္။ "ဒီမွာ မင္းကိုယ္နဲ႕အတူမရွိတာ အရမ္းဆိုးတာပဲ"

ယန္ရႈယြီသည္ ေခါင္းညိမ့္လိုက္သည္။ သူမပိုၿပီးေတာ့ဒီထပ္သေဘာမတူနိုင္ေတာ့ဘူး။ ေဘာ့စ္ႏွင့္အတူ ေနထြက္တာကို အတူမၾကည့္ရတာ ေတာ္ေတာ္နာတာပဲ။ ေနာက္ၿပီးေတာ့လည္း အဲ့ဒီကိုသြားဖို႔ သူမ တတ္နိုင္တာလည္းမဟုတ္ပဲနဲ႕။

သူမကိုယ္သူမခ်က္ခ်င္း တည္ၿငိမ္ေအာင္ထိန္းခ်ဳပ္နိုင္သြားသည္။ ေနာက္ေတာ့ ဒီျမင္ကြင္းကို သူမတစ္ေယာက္တည္းၾကည့္ေနရတာ မွားယြင္းတယ္လို႔ သတိထားလိုက္မိသည္။ သူမသည္ ကေလးႏွစ္ေယာက္ဖက္ကို လွည့္လိုက္ၿပီး ေမးလိုက္သည္။ "ကေလးေတြ ေနထြက္တာကိုၾကည့္ခ်င္လား? အဲ့ဒါက အရမ္းကိုလွတယ္"

တစ္နာရီေက်ာ္ၾကာသြားသည့္အခါမွာေတာ့ က်န္းယြမ္က်ားေကာ က်ိဳးယိေကာ ဗိုက္တင္းေနၿပီျဖစ္သည္။ ႏွစ္ေယာက္လုံးသည္ သူတို႔ဗိုက္ပူပူေလးကို ပြတ္လိုက္ၾကၿပီးေနာက္ အၾကည့္ခ်င္းဖလွယ္လိုက္ကာ သူတို႔ထိုင္ခုံေပၚကေန ေလွ်ာဆင္းလိုက္သည္။

ထိုင္ခုံက သူတို႔အရပ္ထက္ အနည္းငယ္ပိုျမင့္ေနသည္။ က်န္းယြမ္က်ားမွာ အကိုႀကီးလိုေတာင္ ဟန္လုပ္လိုက္ၿပီး သူ႕ေဘာ္ဒါေလးကို လက္ကမ္းေပးလိုက္သည္။ အခ်စ္ကေလးႏွစ္ေယာက္မွာ ယန္ရႈယြီထံ အေျပးကေလးသြားလိုက္ၿပီး သူမေလးနားကို ေျပးကပ္ကာ သူမနားခ်စ္ဖို႔ေကာင္းစြာ ခြၽဲကပ္ေနေတာ့သည္။

Continue Reading

You'll Also Like

7.6K 650 25
ဘာသာပြန်သူ_စွဲညို့အသင်း
65.4K 6.5K 53
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...
1.1M 58.6K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
268K 24K 200
ဘာသာပြန် -ဆုမြတ်လှိုင်