ဖွတ်...ဖွတ်..ဖွတ်...ကျွီ...!
သူတို့နှစ်ယောက်အိမ်သို့ရောက်သောအခါသူကြီးတစ်ယောက်
အိမ်ရှေ့မှာရပ်စောင့်နေသည်။
"ဟောမောင်ရင်တို့ရောက်လာပြီလား..လာလာအိမ်ထဲအရင်ဝင်ကြကွယ်"
"ဟုတ်ကဲ့သူကြီး"
မြတ်မင်းပိုင်ကတော့အိမ်အောက်ရှိသစ်သားခုံအရှည်တွင်ဝင်ထိုင်ပြီးသာဗျောကတော့ဆိုင်ကယ်သော့ဖြုတ်ကာသူကြီးသို့စကားလှမ်းပြောလိုက်သည်။
"သူကြီးကျုပ်ရေချိုးလိုက်ဦးမယ်ဗျာ..."
"ဟိတ်..အခုမှနေပူထဲကပြန်လာတာရေချိုးတော့မလို့လားဗျ...နေမကောင်းဖြစ်ရင်ကျွန်တော်ရင်ကျိုးရပါမယ်ဗျာ...."
မြတ်မင်းပိုင်၏စကားကြောင့်
သူကြီးခင်ဗျာမျက်လုံးကိုပင့်ကြည့်ပြီးဆေးပေါ့လိပ်ကြီးကိုသာပါးစပ်ထဲညှပ်လျှက်မြတ်မင်းပိုင်ကိုကြည့်လိုက်သာဗျောကိုကြည့်လိုက်ဖြစ်နေတော့သည်။
"ဒီမှာခင်ဗျားဘာသာရင်ကျိုးရုံမကလို့ဟိုဟာပဲကျိုးကျိုး...ဂရုမစိုက်ဘူး"
သူကြီးဘယ်ဟာလဲဆိုပြီးမျက်လုံးအပြူးသားပုံစံလုပ်ပြကာ...မြတ်မင်းပိုင်ကလည်းမျက်ခုံးတွန့်ပြတော့သည်။
"ဟာဗျာ...ကျုပ်ကခြေထောက်ကိုပြောတာပါဗျရင်ကျိုးရုံမကလို့ခြေထောက်ကျိုးကျိုးဂရုမစိုက်ဘူးလို့...."
ထိုသို့ပြောပြီးလှေကားထစ်ပေါ်ခုန်ဆွခုန်ဆွတက်သွားခဲ့သည်။အောက်မှာကျန်ရှိခဲ့သောမြတ်မင်းပိုင်သည်လည်းသာဗျောတစ်ယောက်ကိုကြည့်ကာဘယ်လောက်တောင်ချစ်စရာကောင်းပါဘိဆိုပြီးတွေးနေတော့သည်။တွေးနေတုန်းမကြာသူကြီးဘက်ကစကားဆိုလာသည်။
"မောင်ရင့်နာမည်ကမောင်မြတ်မင်းပိုင်နော်"
"ဟုတ်ပါတယ်ဗျ"
"အေးကွယ်မင်းအဖေပြောလို့ဦးလေးအကုန်သိပြီးပါပြီ.မင်းအဖေနဲ့ဦးလေးနဲ့ကသူငယ်ချင်းတွေဆိုတော့ကိုယ့်အိမ်ကိုယ့်ရာလိုသဘောထားပေါ့ကွယ်"
"ဟုတ်ကဲ့ဗျ"
သူကြီးနှင့်မြတ်မင်းပိုင်စကားပြောပြီးခဏအကြာသာဗျောသို့လှမ်းခေါ်တော့သည်။
"သား..သာဗျောရေအောက်ကိုခဏဆင်းလာခဲ့ဦး"
"ဗျာ..သူကြီးဘာခိုင်းစရာရှိလို့လဲ"
သူကြီးနှင့်မြတ်မင်းပိုင်တို့နှစ်ယောက်သာဗျောကိုကြည့်ပြီးပါးစပ်ကြီးအဟောင်းသားဖြစ်ကာ
အံ့သြစရာတစ်ခုကိုတွေ့လိုက်ရသလိုပင်။အမှန်ပါသာဗျောဟာသနပ်ခါးအထူကြီးလိမ်းပြီးထိပ်ကိုကြက်တောင်စည်း စည်းကာတစ်နေရာသွားမလို့ပြင်နေသည်။
"ဟျောင့်..ဒါဘယ်လဲ"
"ရွာမြောက်ပိုင်းကဦးဖိုးတုတ်ရဲ့ကျွဲကိုသွားကျောင်းပေးမလို့...."
"မင်းကိုဒီလိုဟာတွေမလုပ်နဲ့လို့ငါပြောထားတယ်လေမင်းကဧည့်သည်ရှေ့မှာအရှက်ခွဲနေတာလား"
သူကြီးနှင့်သာဗျောတို့နှစ်ယောက်ကြားမြတ်မင်းပိုင်ပါဝင်ပြောလာသည်။
"ရပါတယ်ဦးလေးရယ်ဧည်သည့်လို့မပြောပါနဲ့နောင်တစ်ချိန်မိသားစုဝင်တွေဖြစ်လာမှာပဲဟာ"
ဆိုပြီးခနဲ့တဲ့အပြုံးနှင့်သာဗျောကိုကြည့်ပြီးပြောလေရဲ့။သူကြီးမှာလည်းမြတ်မင်းပိုင်၏စကားကိုထွေထွေထူးထူးတွေးမနေတော့ဘဲစကားဆိုလိုက်သည်။
"ဟုတ်ပါတယ်ကွယ်မိသားစုဝင်တွေလိုပါပဲ...ဒါမယ့်ဒီကောင်သာဗျောကဆိုးလွန်းတယ်ကွယ်"
"ခုနကသူကြီးခေါ်တာဘာပြောမလို့လဲ"
"သြော်...ဒီကမောင်ရင်မြတ်မင်းပိုင်ကိုမင်းအခန်းထဲဒီညအိပ်ခိုင်းမလို့"
"ဗျာ...သူကြီးကလည်းဘာလို့လဲ....အိမ်မှာအခန်းသုံးခန်းရှိတာလေ..တစ်ခန်းကဘာဖြစ်နေလို့လဲ"
"ကျန်တဲ့တစ်ခန်းကစတိုခန်းလို့ဖြစ်နေပြီမရှင်းရသေးလို့အဲ့တာမင်းအခန်းပဲသိပ်လိုက်..."
"သူကြီးကလည်းသိပ်စရာမရှိရင်နွားတင်းကုပ်ရှိတယ်လေ"
"မင်းလေးကကို့ကိုနွားတင်းကုပ်မှာသိပ်မယ်ပေါ့မင်းရဲ့အနာဂတ်သတို့သားလောင်းလေးတစ်ခုခုဖြစ်သွားမှာစိတ်မပူဘူးလား"
သူကြီးလည်းဒီစကားကိုကြားတော့ကလေးတွေအတော်နောက်သကိုးဆိုပြီးပြုံးပြုံးကြီးနှင့်သာကြည့်နေတော့သည်။သာဗျောခင်ဗျာသူကြီးရှေ့ဘာတွေပြောနေတာလဲဆိုပြီးသူကြီးမမြင်တဲ့တစ်နေရာကလက်ခလယ်ထောင်ပြတော့သည်။
"ကဲမောင်ရင်သွားနားချည်"
မြတ်မင်းပိုင်တစ်ယောက်ဒီစကားကိုကြားပြီးမျောက်အုန်းသီးရလိုက်သလိုပဲမြောက်ကြွမြောက်ကြွနှင့်အိတ်ဆွဲပြီးသာဗျောအခန်းဆီသို့သွားတော့သည်။
"သူကြီးဗျာ....ကျစ်"
*ဟိုသူတောင်းစားနောက်အမြန်လိုက်သွားရမယ်။.မဟုတ်လို့ကတော့အခန်းထဲကပစ္စည်းတွေလျှောက်ကိုင်နေမှဖြင့်...*
"ခင်ဗျားကြီးကျုပ်အခန်းထဲမှာနေရင်နေလို့ရတယ်ဒါမဲ့ကျုပ်ရဲ့ပစ္စည်းတွေဘာတစ်ခုမှမမွှေပါနဲ့"
"နောင်ကျရင်လဲကို့ပစ္စည်းတွေ့ဖြစ်လာမှာပဲဘာကိုအူတိုနေတာတုန်းဗျ"
သာဗျော၏မျက်စောင်းသည်နဂါးသာဆိုရင်အဲ့လူပြာဖြစ်နေလောက်ပြီ။.သာဗျောလည်း
မျက်စောင်းထိုးကာနှာခေါင်းရှုံ့လိုက်သဖြင့်...
"ဟောဗျာ..ငယ်မကြိုက်ရင်မပြောတော့ပါဘူးနော်."
သာဗျောတစ်ယောက်မြတ်မင်းပိုင်ခေါ်လိုက်သောငယ်ဆိုသည့်အသုံးအနှုန်းကြောင့်ရှက်စိတ်များပေါ်လာပြီးတံခါးနားကနေကဆုန်ပေါက်ကာကုတင်နားမှာရှိသောမြတ်မင်းပိုင်ရှိရာသို့အပြေးလာပြီးထုမယ်ကြံလိုက်သည်။သို့ပေမယ့်လည်းမြတ်မင်းပိုင်ကြည့်ဖူးသောဂျက်ကီချမ်း,စတီပင်ချောင်တို့ရဲ့သိုင်းကွက်တွေသုံးကာခန္ဓာကိုယ်လှည့်လိုက်ပြီးလက်တစ်ဖက်ကပါသာဗျောရဲ့ခါးသိမ်သိမ်လေးသို့ဖက်ကာကုတင်ပေါ်ဆွဲချလိုက်တော့သည်။တစ်ယောက်မျက်ဝန်းတစ်ယောက်ကြည့်နေချိန်အရာအားလုံးတိတ်ဆိတ်သွားသည်။နှစ်ယောက်သားရင်ဘတ်ချင်းပူးကပ်နေပြီးသာဗျော၏နဖူးလေးသည်မြတ်မင်းပိုင်၏မေးစိနားသို့ရောက်နေသည်။မြတ်မင်းပိုင်ကအောက်တွင်ရှိပြီး သာဗျောသည်အပေါ်ကဖြစ်လို့နေသည်။.အတော်အတန်ကြာသွားပြီးသာဗျောဘက်ကစကားဆိုလာ၏။
"ခင်ဗျားကြီးဗျာ... ကျုပ်အပေါ်ကဖယ်ဦးလေ"
"အန်...ငယ်ပဲကိုယ့်အပေါ်တက်နေတာလေ"
ရှက်ကိုးရှက်ကန်းဖြင့်အတင်းကုန်းထပြီးမြတ်မင်းရဲ့ရင်ဘတ်ကိုထုကာ....
"ငယ်ဆိုတဲ့နာမည်ကိုမခေါ်ပါနဲ့ဗျာ...."
"ဘာလို့လဲ.."
"ကျုပ်ရှက်တယ်ဗျ"
ဆိုပြီးအခန်းကနေပြေးထွက်မဲ့အချိန်သာဗျောလက်သို့မြတ်မင်းပိုင်ဖမ်းဆွဲလိုက်သည်။
"ဒါကဘယ်လဲ"
"ကျွဲသွားကျောင်းမလို့..."
"ကိုလည်းလိုက်မယ်လေ."
"တော်ပါဗျာ...ကျွဲတွေမျက်စိနောက်ပြီးလိုက်ခွေ့မှဖြင့်"
"ကိုတစ်ယောက်ထဲပျင်းလို့ပါကွာနော်...နော်လို့....ကျွဲခွေ့လည်းဟောဒီကငယ်ကကိုယ့်ကိုယ်ကာကွယ်ပေးပေါ့ဗျာ"
သာဗျောတစ်ယောက်လက်ခံသည်ဟုခေါင်းတဆက်ဆက်ညိတ်ပြလိုက်သည်။