ဗီလိန်ကြီးကို မြူဆွယ်မယ်

By phyothuthutun

9K 801 33

host မလုပ်ဘူးဆိုရင် hostရဲ့ စာအုပ်တွေနဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ရမှာနော် 😫ငါကအဖြောင့်ကွ ဘာလို့ ယောကျာ်း တစ်ယ... More

Intro
intro (2)
1.1
1.2
1.4
1.5
1.6
1.7
1.8(End)

1.3

823 89 4
By phyothuthutun

Unicode

ဂျောင်းနိုရာ အသစ်ရောက်လာတဲ့ ကျောင်းသားကြောင့် သူမ စိတ်လှုပ်ရှားနေရသည်
ကျောင်းသားအရွယ်နဲ့မလိုက်အောင် တောက်ပလွန်းတဲ့ အရှိန်အဝါတွေ
စူးစိုက်ကြည့်တတ်လွန်းတဲ့ မျက်လုံးတွေ
ခက်ထန်မာကြောနေတဲ့ မျက်နှာ
ဒါပေမယ့် အဲ့ဒီ့ခက်ထန်မှုက သူ့ရဲ့ ခန့်ညားမှုကို ပိုလို့တောင်တိုးစေသလိုပင်

သူနဲ့ ဆောင်ချန်းနှစ်ယောက်သားပြောဆိုနေကြတာကို အစအဆုံးကြားလိုက်ရတာကြောင့် သူ့အပေါ် ပိုလို့တောင်စိတ်ဝင်စားသွားရသည်
ဘာတဲ့ မိန်းကလေးတွေကိုစိတ်မဝင်စားဘူး
အဟမ့် ဂျောင်းနိုရာဆိုတဲ့သူမ ဆွဲဆောင်မှု
အောက် မကျရှုံးတဲ့သူဆိုတာ အခုကော နောင်ကော ဘယ်တော့မှရှိလာမှာမဟုတ်ဘူး

ဂျောင်းနိုရာ စာသင်နေရင်းနဲ့ ဟွမ်ဝူးထိုင်နေတဲ့နေရာကို စိုက်ကြည့်ကာ နှုတ်ခမ်းလှုပ်ရုံလေးစကားတစ်ခွန်းရွတ်လိုက်သည်

"ဂျောင်းနိုရာဆိုတဲ့ မိန်းကလေးနဲ့တွေ့ရင်
ပြောနေကျ စကားတစ်ခွန်းတောင်မှ
ပြောင်းလဲသွားလိမ့်မယ်"

ဂျီဟွန်း တစ်ယောက် ကျက်သီးထနေသလို ခံစားချက်ကြီးရနေတာမို့ ဘေးဘီ ရှေ့နောက်လှည့်ကြည့်မိတော့ သူထိုင်နေတဲ့နေရာကိုကြည့်နေတဲ့ ဇာတ်လိုက်မ
ကြည့်နေတဲ့အပြင် လူယုတ်မာပြုံးက ပြုံးနေသေး
ဘာလား ဘာတွေကြံစည်နေပါလိမ့်

'Pan မင်းငါ့ကိုတစ်ခုကူညီ'

'ဘာကူညီရမှာလဲ host ကျတော် ကူညီပေးနိုင်တာပဲပြောနော် '

'အမ်း မင်းလုပ်နိုင်တာပဲ ပြောမှာပါ
ဇာတ်လိုက်မ ဘာတွေကြံစည် နေလဲ စုံစမ်းပေးပါလား'

'အော် အဲ့ဒါလား host ကလည်း host ဘေးနားက ဗီလိန်ကိုကြံနေတာ host ကိုဘာမှမလုပ်ဘူး စိတ်မပူနဲ့'

'ဟမ်ဟုတ်လား သူက ဘာတွေကြံနေတာလဲ ကောသိလား'

' ဗီလိန်ကိုသဘောတွေကျ နေတာ ​လေမြူဆွယ်မို့ပေါ့ host ကလဲ'

'ဘယ်လို ဇာတ်ကြောင်းမှာကျ သူပဲ ဗီလိန် ဆို
အရမ်း ခါးသီးနေပီးတော့'

'အခု က host ဝင်လာလို့ ဇာတ်ကြောင်းလေး
မဆိုစလောက် ပြောင်းသွားတာလေ ဟဲဟဲ'

'ဆိုစမ်းပါအုံးဘယ်လိုပြောင်းလဲသွားတာတုန်း'

'မူလ ဇာတ်ကြောင်းမှာက ဗီလိန် ဟွမ်ဝူး က ဇာတ်လိုက်မကိုမြင်ပီး ဇာတ်လိုက်နဲ့အပြိုင်လုတာလေ အခုက ကျ သူက ဇာတ်လိုက်မကိုရှိတယ်လို့တောင် သဘောမထားတာလေ'

'အိုကေ ငါနားလည်ပီ ဒါဆို Pan ငါက မူလ ဇာတ်ကောင်ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးရင်
mission ပီးပီပေါ့ အဲ့လိုလား'

'အင်း host ပြောတာ တစိတ်တပိုင်းတော့မှန်တယ် ဒါပေမယ့် မမှန်ဘူး hostက ဆန္ဒတွေကိုဖြည့်ဆည်းရမှာအပြင် ကျတော် က mission အသေးစားလေးတွေကိုပြောရင်လည်းလုပ်ရမှာလေ
host မှတ်မိတယ်မလား'

'point ရမှာ မလား များလား များများပေးမှရမှာနော် မဟုတ်ရင်မလုပ်ဘူးဟွန့်'

'လုပ်ကြည့်လေ ကျတော့်အတွက်က ဘာမှမဖြစ်ဘူး
host ဘဲ အိမ်ပြန်ဖို့ နောက်ကျမှာ '

ဂျီဟွန်းတစ်ယောက် သူ့ရှေ့လေဟာနယ်ပေါ်ပျံဝဲရင်း သူ့ကိုစကားပြောနေတဲ့ Panကို အကြည့်စူးစူးတစ်ချက်ပစ်လွတ်ရင်း

'Pan မင်းလဲ အဲ့တာနဲ့ပဲ ခြိမ်းခြောက်နေ'

ဂျီဟွန်း Pan နဲ့ စကားပြောနေလိုက်တာ
နေ့လည်စာစားချိန်တောင်ရောက်သွားသည်
သူ ချက်ချင်းထပီး ကန်တင်းသွားမို့ပြင်တုန်း
Pan ရဲ့ ရွင်မြူးနေတဲ့ အသံကိုကြားလိုက်ရသည်

'host ဗီလိန် ဟွမ်ဝူးနဲ့အတူ ကန်တင်းသွားပါ
ဗီလိန်ကြိုက်နှစ်သက်တဲ့အရာတွေကိုသိအောင်လုပ်ပါ point 500
ဗီလိန် ဟွမ်ဝူးကိုယ်တိုင် host ကို  ဂွန်းပိုးစေရန် point 500'

ဂျီဟွန်းထိုင်ခုံပေါ်သေချာပြန်ထိုင်ပီးမှ

'Pan မင်းရဲ့ mission တွေက တစ်မျိုးပဲနော်
သူနဲ့ကန်တင်းသွားတာကဟုတ်ပါပီ
သူကြိုက်တာကိုသိအောင်လုပ်ရမယ်ဆိုတာကဘာကြီးတုန်း
ပီးတော့ ယောကျာ်း အချင်းချင်း ဂွန်းပိုးတာက ထူးဆန်းတယ်မဟုတ်လား'

ဂျီဟွန်းသေချာပေါက် အားကျိုးမာန်တက်တုန့်ပြန်နေပေမယ့် တစ်ဖက်က ဘာအသံမှ ထွက်မလာပေ
သူဆက်တိုက်ဆက်တိုက် ပြောနေပေမယ့်
သူပြန်ကြားရတာက

' အထက်ကအမိန့်ကျလာလို့ သွားလိုက်ပါပီ
hostတစ်ခုခုလိုအပ်တာရှိရင် သိုလှောင်ခန်းထဲက ယူသုံးလို့ရပါတယ် '

ပြောပီးပီးချင်း သူ့ မျက်စိရှေ့မှာတင်ပေါ်လာတဲ့ ပစ္စည်းမျိုးစုံပါရှိတဲ့ အခန်းတစ်ခန်း
ပစ္စည်းတွေကိုစူးစမ်းနေတုန်းမှာပဲ

ဟွမ်ဝူး......... ကန်တင်း ကိုမသွားဘူးလား.........

ဟွမ်ဝူးရဲ့အသံကြားမှ ဂျီဟွန်းရဲ့ အသိစိတ်က
ကျောင်းခန်းထဲပြန်ရောက်လာတော့သည်

ဂျီဟွန်း....... အော သွားကြတာပေါ့ ငါတို့
ကန်တင်းကစားစရာတွေ က စားကောင်းတယ် မင်းသဘောကျသွားမှာသေချာတယ်'

ဂျီဟွန်းရဲ့ခြေလှမ်းတွေက အရမ်းကိုသွက်လက်ပေါ့ပါးနေသည်

"အစားအသောက်လေးတွေရေ ငါလာပီဟေ့"

ကန်တင်းမှာရှိနေတဲ့အစားအသောက်လေးတွေကိုမြင်တာနဲ့ Pan ပြောထားတဲ့ mission
ဆိုတာတွေအကုန်မေ့ သူ့ဘေးက ဘာစကားမှမပြောဘဲ သူ့ကိုပဲ ပြုံးပြုံးကြီးကြည့်နေတဲ့ဗီလိန်ကိုလည်းမေ့နေရှာတယ်

" အစားအသောက်လေးတွေ မင်းတို့ကိုငါ လွမ်းနေခဲ့တာ နောက်တစ်ခေါက် ပြန်မတွေ့ရတော့ဘူးထင်နေတာ အာဟုတ်သား စာအုပ်
mission ဗီလိန် ဗီလိန်ကော"

ဂျီဟွန်း စားရင်းနဲ့ အခုမှသတိရသွားပီး
ခေါင်းမော့ကာ ဗီလိန်ရှာတော့တယ်

သူ့ခေါင်းလေး တစ်ဖက်စောင်းတာနဲ့ ဟွမ်ဝူးကလည်း ဂျီဟွန်းရဲ့ နှုတ်ခမ်းစွန်းမှာပေနေတဲ့
မုန့်ကိုဖယ်ပေးဖို့ ဒီဘက်ကိုအလှည့်
နှစ်ယောက်သားရဲ့အကွာအဝေးက လေတောင်မတိုးတော့တဲ့အခြေအနေဖြစ်သွားတော့တယ်

ဟွမ်ဝူး သူ့မျက်စိရှေ့တည်ရှိနေတဲ့ မျက်နှာလေးရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို သေချာကြည့်နေမိတယ်
ကောင်လေးက ရှည်လျားတဲ့ မျက်တောင်တွေရှိနေသလို ညို့ယူနိုင်တဲ့ မျက်ဝန်းတွေကိုပိုင်ဆိုင်ထားတယ်
သူတောင်မှအဲ့ဒီ့မျက်ဝန်းတွေကြောင့် မိန်းမောခဲ့ရတာမလား အခုဒီမျက်ဝန်းတွေရဲ့စိုက်ကြည့်မှုကိုခံနေရတာကြောင့် သူဘယ်လောက်တောင် ပျော်နေမိလဲဆိုတာစကားလုံးတွေနဲ့တောင်ဖော်ပြလို့မဖြစ်နိုင်ဘူး

ဂျီဟွန်း ဟွမ်ဝူးနဲ့နီးကပ်နေတဲ့အနေအထားကြောင့် ရှက်ပီးမျက်နှာပူနေမိရုံကလွဲ အနေခက်သလိုမခံစားရ နေသားကျနေသလိုပင်
ဟွမ်ဝူးရဲ့မျက်ဝန်းတွေထဲက ပူဆွေးဝမ်းနည်းမှုကိုသူမြင်နေရသည် ဘာလို့မှန်းမသိ အဲ့ဒီ့ဝမ်းနည်းမှုတွေကို သူက လုံးဝကျန်ရှိမနေအောင် ဖယ်ရှားပေးချင်သည်
မသိလိုက်ချိန်မှာပဲဂျီဟွန်းရဲ့ လက်ချောင်းလေးတွေက ဟွမ်ဝူးရဲ့မျက်ရည်တွေကို
ညင်သာစွာနဲ့သုတ်ပီးလျက်သားဖြစ်နေလေတယ်

ဂျီဟွန်းရဲ့အပြုအမှုကြောင့်ဟွမ်ဝူးလည်းအခုသတိဝင်သွားရပီ နှစ်​ယာက်ရဲ့အနေအထားကိုသတိထားမိကာ ရှက်ကိုးရှက်ကန်း လူချင်းခွာလိုက်တော့တယ်

ဂျီဟွန်း တစ်ခုခုကိုသတိရသွားပီး

ဂျီဟွန်း....... ဟွမ်ဝူး ငါတို့ သူငယ်ချင်းလုပ်ကြမလား........

ဟွမ်ဝူး......... အင်း ........

အဖြေကတိုတုတ်ပေမယ့် ဂျီဟွန်းကတော့သူမျှော်လင့်နေတဲ့ အရာကိုရလိုက်တာကြောင့်
သဘောကျသွားတော့တယ်
တစ်ဖက်က ဟွမ်ဝူးကလည်း ဂျီဟွန်းရဲ့ အပြုအမူတစ်ခုချင်းစီကို သဘောကျစွာကြည့်နေတော့တယ်

ဂျီဟွန်းတို့နှစ်ယောက်သား ကန်တင်းကနေ
ကျောင်းခန်းထဲ​ပြန်သွားဖို့အလုပ် ထောင့်ချိုးတစ်ခုမှာ ဂိုဆောင်ချန်းနဲ့အမြဲရန်ဖြစ်လေ့ရှိတဲ့
ကျောင်းသားတစ်စုနဲ့သွားတွေ့တယ်

ဂျီဟွန်း ဒီတိုင်းထွက်သွားဖို့လုပ်ပေမယ့်

........ ဂျီဟွန်း အခြောက်လေး အောဒီနေ့ ဂိုဆောင်ချန်းမဟုတ်တော့ဘူးပဲ ရိုးသွားလို့လား
ဒီတစ်ယောက်ကိုရိုးသွားပီဆို ငါ့ဆီလာခဲ့လို့ရတယ်နော် အဟက်.........

သူ့စကားအစမှာတင် ဂျီဟွန်းတော်တော်ဒေါသထွက်နေပီဖြစ်သည် ဒါပေမယ့် ဆက်ကြားနေရတဲ့စကားတွေက လောင်စာထည့်လိုက်သလိုဖြစ်ပီး ပြောနေတဲ့ကျောင်းသားကို ဆွဲထိုးတော့သည်

အခုနက ရယ်နေကြတဲ့ သူတွေကလည်း
ဂျီဟွန်းကို ထိုးဖို့လုပ်ပေမယ့် ဟွမ်ဝူးကြောင့်
ဂျီဟွန်းကိုထိခွင့်မရ

ဂျီဟွန်းစိတ်ရှိလက်ရှိထိုးနေတုန်း သူ့လက်ကိုဆွဲလိုက်တဲ့သူကြောင့် ဒေါသထွက်သွားပေမယ့် ကြည့်လိုက်တော့ ဟွမ်ဝူး

ဟွမ်ဝူး....... တော်တော့ မင်းလက်တွေနာနေလိမ့်မယ်.......

ပါးစပ်က ပြောလည်းပြော လူကိုလည်းအတင်းဆွဲခေါ်တာကြောင့် ထလိုက်ရသည်
ဒါတောင်ခြေထောက်နဲ့ရအောင်ကန်ခဲ့သေး

ဂျီဟွန်း မကျေနပ်စွာနဲ့ ဟွမ်ဝူးခေါ်တဲ့နောက်လိုက်နေတုန်း

'Host ဘေးကိုရှောင်လိုက်'

ဂျီဟွန်းချက်ချင်းရှောင်လိုက်ပီး mission နောက်ဆုံးတစ်ခုကိုသတိရသွားတာနဲ့

အားးးးးး

လို့အော်လိုက်ပီး လဲချလိုက်တော့တယ်

ဟွမ်ဝူးခမျာ ရုတ်တရတ်လဲကျသွားတဲ့ဂျီဟွန်းကြောင့်ပြာသွားတော့တယ်
ခဏကြာမှ မျက်လုံးတစ်ဖက်ပွင့်လာပီး

ဂျီဟွန်း.......... ဟွမ်ဝူးနာ့ ငါ့ကိုဂွန်းပိုးပါလား
ငါအခု ခေါင်းကမှုးနေပီး ခြေထောက်တွေလဲ နာနေတယ် လုပ်ပါနော်........

စကားနဲ့လည်း ခြွေ အမှုအရာနဲ့လည်းခြွေနေတော့ ဟွမ်ဝူးခမျာ အဆိုးလေးကိုဂွန်းပိုးလိုက်ရတော့တယ်

ဟွမ်ဝူးရဲ့ကျောပေါ်က မှုရာမာယာများတဲ့အဆိုးလေးကတော့ သူလိုချင်တာရသွားလို့
ပြုံးပျော်နေလေရဲ့

အနောက်က တုတ်နဲ့ ရိုက်လိုက်သည့် ကျောင်းသား....... ငါရိုက်တာထိတောင်မထိလိုက်ဘူးလေကွာ🤧🤧.........



Zawgyi

















host မှတ်မိတယ်မလား'









သူပြန်ကြားရတာက

















ဟွမ်ဝူး......... အင်း ........

သဘောကျသွားတော့တယ်












အားးးးးး





ပြုံးပျော်နေလေရဲ့


Continue Reading

You'll Also Like

153K 3.4K 60
imagines as taylor swift as your mom and travis kelce as your dad
69.2K 3.2K 74
❤️
1M 1.6K 37
There will probably be some fluff but there will mostly be smut stories. And I'm very sorry my miss spelling This is my first ever book so please let...