DITOEFV
By myatzon
101K 13K 277
Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More
Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.26(U&Z)
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.33(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.40(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter.46(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.58(U&Z)
Chapter.59(U&Z)
Chapter.60(U&Z)
Chapter.61(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.73(U&Z)
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛
Chapter.54(U&Z)
812 143 5
By myatzon
Unicode.
အိမ်တော်ထိန်းဆီကနေ ညနေအထိဘယ်သူမှလေ့ကျင့်ရေးမရှိဘူးဆိုတာ အတည်ပြုပြီးတဲ့နောက် ငါစာအုပ်ကိုဖတ်နေရင်း နေဝင်ချိန်ကိုစောင့်နေလိုက်တယ်၊
'' ဟူး...ငါကဂိမ်းထဲကိုလည်းရောက်လာတယ်၊​ပြီး​ေတာ့ဘယ်နေရာမှာမှမရှိဖူးတဲ့ ဒူးလေးကိုလည်းလေ့ကျင့်ရမယ်... ''
အဲ့တာကစိတ်ရှုပ်ဖို့ကောင်းပြီး မမျှတဘူး ဒါပေမဲ့ငါလုပ်နိုင်တာဘာမှမရှိဘူး၊အိမ်ရှေ့စံဆီကချိန်းခြောက်ကိုရလိုက်တာမလို့ ငါ့ကိုယ်ငါဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို သိထားဖို့လိုတယ်၊
' သတင်းကောင်းကတော့ ငါပစ္စည်းကောင်းလေးရထားတယ်ဆိုတာပဲ '
Dukeစိုးရိမိနေသလိုမျိုး ငါ့ပေါ်ရဲတင်းလာမဲ့အမျိုးသမီးတွေကိုတော့မပစ်ဘူး ဒါပေမဲ့ ငါ့ကိုသတ်ဖို့ကြိုးစားမဲ့ အမျိုးသားတွေကိုတော့ ပစ်ပလိုက်မယ် ပြီးတော့သူတို့ကိုအလဲထိုးပစ်မယ်၊
အထူးသဖြင့်အန္တရာယ်အရှိဆုံးနဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ မင်းသားပဲ၊
တကယ်လို့ငါသာသူ့ကိုမှားပစ်မိရင်တော့ ငါကတော်ဝင်အကျဥ်းသားဖြစ်သွားပြီး သေခြင်းတရားနဲ့အဆုံးသတ်သွားတော့မှာ၊
ဒါပေမဲ့ကံကောင်းချင်တော့ သံပုတီးစေ့ကပေါက်ကွဲပြီးမှအကျိုးသက်ရောက်မှုဖြစ်တာဆိုတော့အဲ့နေရာမှာသက်သေတွေကျန်ခဲ့မှာမဟုတ်ဘူး၊ပြိးတော့ မှတ်ဉာဏ်တွေကလည်းပျောက်သွားဦးမှာ...
' ကောင်းလိုက်တာ '
ပူဖောင်းတွေနဲ့အတူ မူးမေ့ပြီးပျော့ခွေသွားမဲ့အိမ်ရှေ့စံကိုပုံဖော်ကြည့်နေရင်းငါလက်ခုပ်ထတီးမိလိုက်တယ်၊
' ဒါကပြန်လည်ခုခံမဲ့အစီစဥ်ပဲ '
ဒါက ပုဂ္ဂိုလ်ရေးခံစားချက်တွေနဲ့ရောထွေးထားတာလုံးဝမဟုတ်ဘူး၊ငါကိုယ်တိုင်လည်းတရားမျှတမှုအတွက်အစွမ်းကုန်ကြိုးစားခဲ့တာ...
ခဏအကြာမှာ နေဝင်သွားခဲ့တယ်၊ငါအမဲလိုက်ဝတ်စုံကို လဲဝတ်လိုက်ပြီးအပြင်ထွက်ဖို့အသင့်ပြင်လိုက်တယ်၊
Inca အင်ပါယာရဲ့တော်ဝင်အမျိုးသမီးတွေ အမဲလိုက်တယ်ဆိုတာက ဖြစ်ခဲတာကြောင့် အဝတ်စားတွေကိုခွဲခြားထားတာတော့မရှိဘူး၊
အဲ့တာကြောင့် ကြိုးသိုင်းဘောင်းဘီနဲ့ အသားကပ်ခြေအိတ်တွေကိုဝတ်လိုက်တယ်၊
လည်သာအပေါ်ထပ်နဲ့လည်စည်းကိုဝတ်ပြီးတဲ့နောက်မှာတော့ မှန်ရှေ့မှာမတ်တပ်ရပ်လိုက်တယ်၊
အမျိုးသားဝတ်တွေကိုဝတ်ရတာ အဆင်မပြေလောက်ဘူးလို့ငါထင်ခဲ့ပေမဲ့ မှန်ရှေ့ကပုံရိပ်ကိုမြင်လိုက်ရတဲ့အခါ အဲ့အတွေးတွေလုံးဝပျောက်ကွယ်သွားခဲ့တယ်၊
'' ဝိုး အဲ့တာကမင်းနဲ့တကယ်ကြည့်ကောင်းတာပဲ ''
တကယ်ပါပဲ...ရူးလောက်တဲ့ရုပ်ရည်ဆိုတာ အဝတ်အစားပေါ်လုံးဝ မူတည်နေတာတော့မဟုတ်ဘူးပဲ၊ငါခေါင်းကိုမော့လိုက်ပြီး ေဘးဘီလှည့်လိုက်တဲ့အချိန် ငါ့ပုံစံက Artemis နတ်ဘုရားမလို အမဲလိုက်တာကိုအသားကျနေတဲ့အမျိုးသမီးစစ်သည်တစ်ဦးနဲ့တူနေခဲ့တယ်၊
ငါသဘောတကျပြုံးလိုက်ပြီး ဒူးလေးကိုပါဆွဲထုတ်လိုက်တယ်၊အဲ့တာကအပြင်မှာလေးလောက်မယ်လို့ငါထင်ခဲ့ပေမဲ့ ပေါ့ပါးတဲ့မှော်အစွမ်းကအ့ံအားသင့်စရာဖြစ်စေခဲ့တယ်၊
အရင်တစ်နှစ်တုန်းက Penelopeကဒါကိုမကြာခဏသုံးခဲ့ဖူးတယ်၊ဒါပေမဲ့ အဲ့တာကိုဆုပ်ကိုင်ထားရတဲ့ ခံစားမှုက ငါနဲ့ရင်းနှီးနေသလိုမျိုး သက်တောင့်သက်သာဖြစ်နေခဲ့တယ်၊
အတည်ပြုစစ်ဆေးပြီးတဲ့နောင်မှာ ငါမြားတံတွေကိုယူပြီးအခန်းထဲကထွက်လာခဲ့လိုက်တယ်၊
'' ဟမ်း ''
'' ဟမ် ''
ငါ့ကိုတွေ့လိုက်တဲ့လူတိုင်းက အသက်အောင့်ပြီး ေခါင်းငုံသွားကြတယ်၊ဟောခန်းမရဲ့လမ်းတစ်လျှောက်မှာလူအတော်များများက အာရုံစိုက်နေကြတယ်၊ဒူးလေး၊မြားတံတွေနဲ့အတူရှိနေတဲ့ ငါ့ပုံစံကအတော်လေးကြောက်ဖို့ကောင်းနေတဲ့ပုံပဲ၊
'ငါလမ်းလျှောက်ထွက်တဲ့အချိန်ဆို ဒီဟာကိုမကြာခဏယူသွားရမယ်ထင်တယ် '
အဲ့တာကိုကျေးဇူးတင်ရမယ်၊
ငါအနှောင့်ယှက်ကင်းကင်းနဲ့အပြင်ကို ထွက်လာနိုင်ခဲ့ပြီ၊
လေ့ကျင့်ရေးကွင်းရဲ့လမ်းမက ငြိမ်သက်ပြီးတိတ်ဆိတ်နေတယ်၊အဲ့တာကအ့ံဩစရာတော့မဟုတ်ဘူး သူတို့ကအလုပ်သင်တွေအားလုံး မရှိတော့အောင်အချိန်ကိုတမင်လုပ်ယူထားကြတာ
ဒါပေမဲ့ စီစဥ်ထားတာတွေက လမ်းတစ်ဖက်ကနေလျှောက်လာတဲ့လူကြောင့် ပျက်စီးသွားရတယ်၊
ညနေဆည်းဆာကြောင့် ပန်းရောင်ဆံပင်တွေကပုံမှန်မဟုတ်ဘဲ နီမြန်းနေခဲ့တယ်၊အဲ့တာကငါ့ရဲ့ဆံပင်အရောင်ဖြစ်လုနီးပါးပဲ...
ငါအမြန်လှည့်ထွက်လိုက်ဖို့ကြိုးစားပေမဲ့လည်း သူ့ရဲ့ခေါင်းပေါ်မှာရေးထားတဲ့ Interest. 17%ကိုအရင်ဆုံးသတိပြုမိသွားခဲ့တယ်၊ဒါပေမဲ့ ငါတို့အကြည့်ချင်းဆုံသွားတဲ့အချိန်ခဏလေးမှာ ဘုတ်ခနဲရပ်တန့်သွားရတော့တယ်၊
' ငါတော့သေပါပြီ '
ဘယ်လိုပဲ​ြဖစ်ဖြစ် နောက်လည်းမျက်နှာချင်းဆိုင်ရမှာဖြစ်တာကြောက့် ငါလေးလံတဲ့သက်ပြင်းတစ်ခုကိုမှုတ်ထုတ်လိုက်တယ်၊
ရှောင်ရှားရမဲ့ နံပါတ်တစ်ပစ်မှတ်နဲ့မှ တည့်တည့်တိုးရတယ်လို့ ယုံတောင်မယုံနိုင်ဘူး၊ဘယ်လိုတောင်ကံဆိုးနေရတာလဲ...
' ငါဘာလုပ်ရမလဲ '
မကြာသေးခင်ကမှ သူ့ရဲ့ငယ်ကျိုးငယ်နာတွေကိုဖော်ထုတ်ပြီး ရန်ဖြစ်ခဲ့တာ... အခုကျသူ့ကိုနှုတ်ဆက်ဖို့က မဖြစ်နိုင်တာပဲ၊ဒါပေမဲ့ မျက်လုံးချင်းဆုံပြီးသွားကာမှလှည့်ထွက်သွားတဲ့အခြေနေကြီးက ပိုကလေးမဆန်ဘူးလား၊
ငါမျက်နှာပြောင်တိုက်ပြီး ဒီတိုင်းမျက်နှာချင်းဆိုင်တွေ့ဖို့ပဲဆုံးဖြတ်လိုက်တယ်၊
' နင်ကရောဘာလုပ်ချင်နေတာလဲ၊ငါ့မှာအရှက်နည်းနည်းလောက်ရှိခဲ့ရင် ငါနင့်ကိုလျစ်လျူရှုပစ်လိုက်မှာ '
ဒါပေမဲ့ Rennald ကငါထင်ထားထက်ပိုပြီးအရှက်မရှိတဲ့သူဖြစ်နေခဲ့တယ်၊
'' အမဲလိုက်ပွဲမှာပထမဆုံးဆိုပေမဲ့ နင့်ပုံကမြို့ရောက်ကာစ ငတုံးတစ်ယောက်နဲ့တူနေတယ် ''
ငါကဒီတိုင်းဖြတ်သွားလိုက်မလို့ကို သူကထေ့ငေါ့နေခဲ့တယ်၊
'' အဲ့လိုအသုံးမကျတဲ့ပုံနဲ့ လေ့ကျင့်ရေးကွင်းသွားမှာမင့်ကိုယ်မင်းမရှက်ဘူးလား ''
ငါအနီးနားကိုအရင်ကြည့်လိုက်တယ်၊
ကံကောင်းချင်တော့ ငါ့ခေါင်းပေါ်ကိုပြုတ်ကျပြီး ငါ့ခေါင်းကိုရိုက်လို့ရတဲ့ကျောက်တုံးတစ်ခုတောင်ရှိမနေဘူး၊
အဲ့တာကြောင့် ငါဒီတိုင်းကျော်သွားဖို့ကြိုးစားလိုက်တယ်၊ဒါပေမဲ့...
'' အခုငါပြောနေတာတွေကို လျစ်လျူရှူဖို့ဆုံးဖြတ်လိုက်တာလား  ''
အရှေ့ကပိတ်ဆို့နေတဲ့ အတားအဆီးကြောင့် အဝေးကိုမြန်မြန်မသွားနိုင်ဘူး၊သက်ပျင်းယဲ့ယဲ့နဲ့အတူ ငါ့ခေါင်းကိုမော့လိုက်တယ်၊
'' နင့်မှာပြောစရာတစ်ခုခုရှိလို့လား ''
ငါ့စကားကြောင့် ပြောစရာအတော်လေးရှိနေတယ်ဆိုတဲ့အကြည့်နဲ့ Rennald ကကြည့်လာခဲ့တယ်၊
' အိုကေလေ...ဒီတစ်ခါလည်းဘာတွေပြောမလဲဆိုတာနားထောင်ကြည့်လိုက်ရအောင် '
ငါသူ့ကိုကြည့်ပြီး သူပြောမှာကိုစောင့်နေလိုက်တယ်၊ဒါပေမဲ့ သူကငါ့ကိုစိုက်ကြည့်နေပြီး ဘာမှမပြောခဲ့ဘူး၊
'' တကယ်လို့ပြောစရာမရှိဘူးဆိုရင်လည်း ငါ့ကိုစကားမပြောနဲ့တော့ ''
ငါသူ့ကိုကျော်သွားဖို့ကြိုးစားလိုက်တယ်၊အဲ့အချိန်မှာပဲ Rennaldကသူ့​ရဲ့ပါးစပ်ကိုအလျှင်အမြန်ဖွင့်လာခဲ့တယ်၊
'' လေ့ကျင့်တာကမပြီးသေးဘူး၊ရက်အနည်းငယ်လောက် ငါနောက်ကျတဲ့အထိလေ့ကျင့်နေတာ အဲ့တာကြောင့် မင်းအခုသွားရင် သူရဲကောင်းတွေနဲ့တွေ့နေရလိမိ့မယ် ''
ငါသူ့ကိုစကားမပြောချင်ဘူး ဒါပေမဲ့ ငါပြောခဲ့သလိုပဲ ငါတော့ပြသနာတက်ပြီ၊
အဲ့တာကိုစဥ်းစားကြည့်ရင် ငါသူရဲကောင်းတွေနဲ့အငြင်းအခုံဖြစ်တယ်ဆိုတဲ့သတင်းကို သူကြားပြီးပြီပေါ့လေ၊
' ဒါပေမဲ့ ဘာအရေးလဲ၊တကယ်လို့ရှောင်ဖို့လိုတယ်ဆိုရင်လည်း သူတို့ကသာငါ့ကိုရှောင်နေရမဲ့ဟာကို '
ငါသူ့ကို ပေါ့ပျက်ပျက်အဖြေတစ်ခုပေးလိုက်တယ်၊
'' ငါဂရုမစိုက်ဘူး၊အနည်းဆုံးငါသုံးလို့ရမဲ့ပစ်မှတ်တစ်ခုရှိရင်ရပြီ ''
'' ........ ''
'' နင်ပြောလို့ပြီးပြီလား ဒါဆိုငါသွားပြီ  ''
ငါပြောလို့ပြီးတာနဲ့ ဒီတိုင်းကျော်သွားလိုက်တယ်၊
'' တကယ်လို့မင်း ထပ်ခိုးကိုသွားချင်တယ်ဆိုလည်း သွားပါ ''
မမျှော်လင့်ထားတဲ့မှတ်ချက်တစ်ခုက ငါ့ခြေထောက်ကိုဖမ်းချုပ်လိုက်တယ်၊
'' အခုနင်သွားသွား မသွားသွား ငါစိတ်မဝင်စားတော့ဘူး ''
သူဘာပြောတာလဲဆိုတာကို ဒီတိုင်းနားထောင်နေခဲ့တယ် ပြီးတော့မှ ရုတ်တရက် အော်ရယ်ိလိုက်တယ်၊
' သူ့အသံကချို့တဲ့သူတွေကို​ေပးကမ်းနေတဲ့အတိုင်းပဲ '
Penelope ကအဲ့ထပ်ခိုးကိုသံယောဇဥ်ရှိနိုင်ကောင်းပေမဲ့ ငါကတော့မဟုတ်ဘူး၊
တကယ်လို့ငါကအဲ့ကျုသွားနေတုန်း ဆုတောင်းတာနဲ့ပတ်သတ်ပြီးစစ်ဆေးခံရရင်ရော အဲ့တာကမီးရှို့တာဟုတ်မဟုတ်ဘယ်လိုလုပ်သိမှာလဲ၊
ငါနှစ်ကြိမိစဥ်းစားမနေပဲ ချက်ချင်းဖြေလိုက်တယ်၊
''  ဟင့်အင်း ''
'' ဘာလို့လဲ ''
'' ငါနင်နဲ့ထပ်မဆုံချင်တော့လို့ ''
အပြာရောင်မျက်ဆံတွေကပိုကြီးလာခဲ့တယ်၊
သူ့ရဲ့ခေါင်းပေါ်က အဖြူရောင်စာတန်းလည်း လင်းလက်လာခဲ့တယ်၊သူကမမျှော်လင့်ထားတဲ့အကြည့်တွေနဲ့ ဖြစ်စဥ်တစ်ခုလုံးကိုကြည့်နေခဲ့တယ်၊
Interest.17%
ဒီနှုန်းအရဆိုရင်တကယ်လို့ ရာခိုင်နှုန်းတစ်ခုနှစ်ခုလောက်ကျသွားရင်တောင် ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး၊သူ့ရဲ့ပဒီးပဒါးစကားတွေထက် သူပြောခဲ့တဲ့လေ့ကျင့်ရေးပြီးဆုံးသွားတဲ့ဇာတ်လမိးကိုပိုပြီး အာရုံစိုက်ထားတယ်၊
' ဒါဆို Eclise ကအဲ့မှာရှိနေတုန်းပေါ့ '
အမဲလိုက်ပြိုင်ပွဲအတွင်း ငါEcliseရဲ့ Interestတွေကိုမြှင့်ဖို့စီစဥ်ထားတာက ကျရှုံးသွားတာကြောင့် ငါမသွားခင်အဲ့တာကို တိုးအောင်လုပ်ရမယ်၊
အဲ့နောက်မှာတော့ အချိန်အတော်ကြာအောင် တုန့်ဆိုင်းနေခဲ့တဲ့ Rennaldရဲ့နှုတ်ခမ်းတွေက ပွင့်တယ်ဆိုရုံလေး ဖွင့်ဟလာခဲ့တယ်၊
'' အဲ့အချိန်တုန်းက......ငါလုပ်ခဲ့တယ်  ''
'' ဘာ ''
ငါတခြားအတွေးတွေနဲ့ အာရုံထွေပြားနေတာကြောင့် သူဘာပြောလဲဆိုတာကိုသတိမပြုမိလိုက်ဘူး၊ငါသူ့ကိုကြည့်ပြီး ထပ်မေးလိုက်တဲ့အခါမှာတော့ သူ့ရဲ့နှုတ်ခမ်းတွေက ဆတ်ခနဲဖစ်သွားခဲ့တယ်၊
'' ငါပြော...ခဲ့တာ....နည်းနည်းလေး... ''
သို​့ပေမဲ့လည်း Rennaldဘာ​ပြောနေလဲဆိုတာကို ငါနားမလည်နိုင်ဘူး၊ဘာလို့ဆိုသူက ခပ်တိုးတိုးအသံနဲ့ တီးတိုးပြောဆိုနေခဲ့တာကြောင့်ဖြစ်တယ်၊ဒါပေမဲ့ သူ​ပြောချင်နေတာဘာလဲဆိုတာ ငါ့စိတ်ထဲမှာရှိနေခဲ့တယ်၊
' တကယ်လို့တောင်းပန်ချင်တယ်ဆိုရင်လည်း အဲ့တာကိုယောကျာ်းပီပီသသလုပ်သင့်တယ်လေ '
ငါလျှာကိုပါးစောင်ဘက်ကိုထိုးလိုက်ပြီး နည်းနည်းကိုက်ထားလိုက်တယ်၊
'' ဘာ... ''
'' ငါ...အဲ့တာ...လုပ်ခဲ့တယ်... ''
'' နင်ပြောနေတာတွေဘာမှမကြားရဘူး... ''
ငါအဲ့တာကိုကြည့်လိုက်တဲ့အချိန် ရှက်ရွံနေတဲ့အသံအနေထားကိုသတိထားမိလိုက်တယ်၊ဒါကဆိုးရွားတဲ့အကြံစည်ဆိုတာကို သိပေမဲ့ သူ့ဆီကနေဘာမ​ျားပြောမလဲဆိုတာကိုမစဥ်းစားဘဲမနေနိုင်ဘူး၊
အဲ့အချိန်မှာပဲ၊
'' အိုး...တောင်းပန်ပါတယ် ငါအဲ့အချိန်တုန်းကနည်းနည်းကြမ်တမ်းမိသွားတယ် ''
Rennald ကသူ့ရဲ့ခေါင်းကိုမော့ပြီးအော်လိုက်တယ်၊ခြုံပုတ်တွေကြားကနေ ငှက်တွေလန့်ပြီးပျံပြေးသွားကြတာကိုကြားလိုက်ရတယ်၊
'' နင်ထူးဆန်းတာတွေစားခဲ့တာလား ''
ငါမျက်မှောင်ကြုတ်လိုက်ပြီး တရွရွဖြစ်သံားတဲ့ငါ့နားကိုထိလိုက်တယ်၊
အဲ့အချိန်ကျမှ Rennald ကနီရဲနေတဲ့မျက်နှာနဲ့ မကျေမနပ်ပြောလာခဲ့တယ်၊
'' အရင်တုန်းက ငါဒီနေရာကိုအရင်လာပြီးတော့ မင်းကိုစကားပြောခဲ့တာ၊ဒီအချိန်ကျမှဘာလို့အဲ့လောက်တောင်ကြာနေရတာလဲ၊ဘာပဲဖစ်ဖြစ် မိန်းခလေးတွေက... ''
ငါRennaldကိုငေးကြည့်လိုက်တယ်၊ဒါကမကျေနပ်ချက်တစ်ခုပဲဆိုပေမဲ့ Rennald နဲ့Penelopeရဲ့ဆက်ဆံရေးကသိသာလွန်းတယ်၊
တကယ်လို့ဒါကရိုးရှင်းတဲ့ဂိမ်းဇာတ်ကြောင်းတစ်ခုပဲဆိုရင် ဒီနေရာမှာ ဘယ်လိုတိုးတက်မှုတွေဖြစ်နေတာလဲ၊
' ငါပထမဆုံးRennaldတောင်းပန်တာကိုလက်ခံလိုက်ပြီး တောင်းပန်တဲ့အတွက်ကျေးဇူးတင်ကြောင်းအရင်ပြောလိုက်မယ် '
ဒါပေမဲ့လည်းလေ...
အချိန်တိုင်းကျေးဇူးတင်ပါတယ်ဆိုတာတောင်မပြောချင်တာကို တစ်ခုခုဆိုဘာလို့အဲ့လိုပြောရမှာလဲ၊
'' Rennald ''
ငါခေါ်လိုက်တော့သူကငါ့ကိုကြည့်ရင်း မယဥ်ကျေးတဲ့အဖြေတစ်ခုပြန်ဖြေလာခဲ့တယ်၊
'' ဘာလဲ ''
'' နင်တောင်းပန်တာ...ငါလက်ခံတယ်၊ငါလည်းကောင်းတာလုပ်ခဲ့တာမှမဟုတ်ပဲ ''
'' သိသွားတာဝမ်းသာပါတယ် ''
သူအရင်တောင်းပန်လိုက်ရလို့ သူ့ဂုဏ်သိက္ခာထိလခိုက်သွားတာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ရှု့ံတွနေတဲ့သူ့ရဲ့မျက်နှာကတော့ရိုးရှင်းနေခဲ့တယ်၊
'' ဒါပေမဲ့ နင်သိလား ''
'' ဒါကငါနင့်ဆီကရတဲ့ပထမဆုံးတောင်းပန်ခြင်းပဲ ''
သူ့ရဲ့မပွင့်တပွင့်တောင်းပန်တာကြီးကိုတော့ ကျေးဇူးမတင်ချင်ပါဘူး၊
'' နင်အကြိမ်ပေါင်းမရေနိုင်အောင် စကားနဲ့ငါ့ကိုအနိုင်ပိုင်းခဲ့တယ် ပြီးတော့ နင်မတောင်းပန်ပဲ ငါအကြိမ်ပေါင်းများစွာ ခွင့်လွှတ်ခဲ့တယ်၊ငါဆိုလိုတာက...''
'' ..... ''
'' ဒီတစ်ကြိမ်လညိးငါထပ်ပြီးခွင့်လွှတ်လိုက်တယ် ''
အဲ့အစား သူတောက်တောက်ပပပြုံးနေခဲ့တယ်၊
သူမတောင်းပန်တာကို ငါတော်တော်လေးရယ်ခဲ့ပေမဲ့ ငါဒီတိုင်းလက်ခံလိုက်တယ်လို့ သူထင်နေခဲ့တယ်၊
ရှုထောင့်အနေထားကြောင့် ဒီတစ်ခါမှတော့ တောင်ရိုးပေါ်ကနေဝင်ဆည်းဆာက ငါ့ရဲ့မျက်နှာထက်ကိုလောင်းရိပ်ကျနေခဲ့တယ်၊
အနားကလေထဲမှာ ဆံပင်တိုတွေကပြန့်ကျဲနေခဲ့တယ်၊သူကလက်တစ်ဖက်ကိုမြှောက်လိုက်ပြီးဘေးဘက်ကဆံပင်တွေကို နားနောက်ကိုသိမ်းလိုက်တယ်၊
' ဟမ် '
ငါ့ကို​ကြည့်​​​ေနခဲ့တဲ့Rennaldရဲ့မျက်နှာက နည်းနည်းထူးဆန်းနေသလိုပဲ၊သူ့စိတ်တွေလွတ်သွားသလိုမ​ျိုး မျက်လုံးတွေကရှုပ်ထွေးနေခဲ့ပြီး အကြည့်ချင်းဆုံလိုက်တဲ့အခါ သူ့ရဲ့မျက်လုံးအောက်ခြေကနေ နီမြန်းလာခဲ့တယ်၊
'' အင်း ''
သူကအသင့်စားဟော့ပေါ့အိုးလို နီမြန်းနေတဲ့မျက်နှာနဲ့အထစ်ထစ်အငေါ့ငေါ့ပြောလာခဲ့တယ်၊
'' ငါနင့်ဆီက ခွင့်လွှတ်မှုကိုမလိုပါဘူး ''
'' ........ ''
'' ငါပြောဖို့လိုတာတွေပြောပြီးသွားပြီ အဲ့တော့ ငါသွားတော့မယ် ''
ပြီးတာနဲ့ သူကလှည့်ထွက်သွားခဲ့ပြီး သေနတ်ပစ်လိုကသလိုမျိုးပြန်ဖြေချိန်တောင်မရှိခဲ့ဘူး၊
'' ဘာ...ဘာမှားသွားတာလဲ ''
တောအုပ်ဆီသွားတဲ့လမ်းလေးကိုချန်ထားပြီး ပြေးထွက်သွားတဲ့လူရဲ့နောက်ကျောကိုကြည့်ပြီး ငါမျက်မှောင်ကြုတ်မိလိုက်တယ်၊ အဲ့အချိန်မှာဘဲ သူ့ရဲ့ခေါင်းပေါ်ကနေ အကြီးကြီးတောက်ပလာပြန်တယ်၊
Interest.22%
အဲ့တာလေးကတဖြည်းဖြည်းသေးသွားရာကနေ လုံးဝပျောက်သွားတဲ့အထိ ငါမြင်လိုက်တာသေချာရဲ့လားဆိုတာကို အကြိမ်ကြိမ်စစ်ဆေးနေမိတယ်၊
THE END.😌
..................
နောက်အပိုင်းတွေဆို တကယ့်ဇာတ်လိုက်ကိုမှန်းလို့ရပြီထင်ပါ့၊စပွိုင်းလိုချင်တယ်ဆိုရင်တော့ နည်းနည်း​းေလးပြောပြမယ်လေနော် သိတဲ့သူတွေသိပေမဲ့ပေါ့လေ
ကိုစပွိုင်းမိတုန်းကတော့ တော်တော်လေးအဆင်မပြေဘူးရယ်😅
အဲ့တာတောင်ကြိုမဖတ်ထားဘူး Fbမှာသူများတင်မှသိတာ၊ဒါပေမဲ့ ရှင်တို့သိချင်ရင်တော့ အများကြီးမဟုတ်ပဲ နည်းနည်းတော့မျှပေးမယ်၊
---------------------------------------
Zawgyi.
'' ဟူး...ငါကဂိမ်းထဲကိုလည်းရောက်လာတယ်၊ပြီးတော့ဘယျနရောမှာမှမရှိဖူးတဲ့ ဒူးလေးကိုလည်းလေ့ကျင့်ရမယ်... ''
' ကောင်းလိုက်တာ '
ငါသဘောတကျပြုံးလိုက်ပြီး ဒူးလေးကိုပါဆွဲထုတ်လိုက်တယ်၊အဲ့တာကအပြင်မှာလေးလောက်မယ်လို့ငါထင်ခဲ့ပေမဲ့ ပေါ့ပါးတဲ့မှော်အစွမ်းကအံ့အားသင့်စရာဖြစ်စေခဲ့တယ်၊
'' ဟမ်း ''
'' ဟမ် ''
လေ့ကျင့်ရေးကွင်းရဲ့လမ်းမက ငြိမ်သက်ပြီးတိတ်ဆိတ်နေတယ်၊အဲ့တာကအံ့ဩစရာတော့မဟုတ်ဘူး သူတို့ကအလုပ်သင်တွေအားလုံး မရှိတော့အောင်အချိန်ကိုတမင်လုပ်ယူထားကြတာ
' ငါတော့သေပါပြီ '
ဘယ်လိုပဲဖြစ်ဖြစ် နောက်လည်းမျက်နှာချင်းဆိုင်ရမှာဖြစ်တာကြောက့် ငါလေးလံတဲ့သက်ပြင်းတစ်ခုကိုမှုတ်ထုတ်လိုက်တယ်၊
' ငါဘာလုပ်ရမလဲ '
'' ........ ''
' သူ့အသံကချို့တဲ့သူတွေကိုပေးကမျးနတေဲ့အတိုငျးပဲ '
'' ဟင့်အင်း ''
'' ဘာလို့လဲ ''
Interest.17%
'' ဘာ ''
'' ဘာ... ''
'' ငါ...အဲ့တာ...လုပ်ခဲ့တယ်... ''
ငါအဲ့တာကိုကြည့်လိုက်တဲ့အချိန် ရှက်ရွံနေတဲ့အသံအနေထားကိုသတိထားမိလိုက်တယ်၊ဒါကဆိုးရွားတဲ့အကြံစည်ဆိုတာကို သိပေမဲ့ သူ့ဆီကနေဘာမြားပွောမလဲဆိုတာကိုမစဥျးစားဘဲမနနေိုငျဘူး၊
အဲ့အချိန်မှာပဲ၊
ငါမျက်မှောင်ကြုတ်လိုက်ပြီး တရွရွဖြစ်သာံးတဲ့ငါ့နားကိုထိလိုက်တယ်၊
ဒါပေမဲ့လည်းလေ...
'' Rennald ''
'' ဘာလဲ ''
'' သိသွားတာဝမ်းသာပါတယ် ''
သူအရင်တောင်းပန်လိုက်ရလို့ သူ့ဂုဏ်သိက္ခာထိလခိုက်သွားတာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ရှုံ့တွနေတဲ့သူ့ရဲ့မျက်နှာကတော့ရိုးရှင်းနေခဲ့တယ်၊
'' ဒါပေမဲ့ နင်သိလား ''
'' ..... ''
' ဟမ် '
ငါ့ကိုကြည့်နေခဲ့တဲ့Rennaldရဲ့မျက်နှာက နည်းနည်းထူးဆန်းနေသလိုပဲ၊သူ့စိတ်တွေလွတ်သွားသလိုမြိုး မျက်လုံးတွေကရှုပ်ထွေးနေခဲ့ပြီး အကြည့်ချင်းဆုံလိုက်တဲ့အခါ သူ့ရဲ့မျက်လုံးအောက်ခြေကနေ နီမြန်းလာခဲ့တယ်၊
'' အင်း ''
'' ........ ''
'' ဘာ...ဘာမှားသွားတာလဲ ''
Interest.22%
THE END.😌
..................
နောက်အပိုင်းတွေဆို တကယ့်ဇာတ်လိုက်ကိုမှန်းလို့ရပြီထင်ပါ့၊စပွိုင်းလိုချင်တယ်ဆိုရင်တော့ နည်းနည်းးလေးပွောပွမယျလနေျော သိတဲ့သူတွေသိပေမဲ့ပေါ့လေ
Continue Reading
You'll Also Like
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
563K 56.5K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.1M 31.4K 47
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
619K 18.2K 50
" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်