လီမွန်ရောင်လျှပ်စီး || ဘာသာပြ...

By Rhmjrs_58

183K 31.9K 556

柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Comple... More

『Description』
Characters' Introduction with Manhua
Chapter 《1》
Chapter《2》
Chapter《3》
Chapter 《4》
Chapter 《5》
Chapter 《6》
Chapter 《7》
Chapter《8》
Chapter《9》
Chapter《10》
Chapter《11》
Chapter《12》
Chapter《13》
Chapter《14》
Chapter《15》
Chapter 《16》
Chapter《17》
Chapter《18》
Chapter《19》
Chapter《20》
Chapter 《21》
Chapter《23》
Chapter 《24》
Chapter 《25》
Chapter《26》
Chapter《27》
Chapter 《28》
Chapter《29》
Chapter 《30》
Chapter 《31》
Chapter 《32》
Chapter 《33》
Chapter 《34》
Chapter《35》
Chapter《36》
Chapter《37》
Chapter 《38》
Chapter 《39》
Chapter 《40》
Chapter《41》
Chapter 《42》
Chapter 《43》
Chapter 《44》
Chapter 《45》
Chapter《46》
Chapter 《47》
Chapter 《48》
Chapter 《49》
Chapter《50》
Chapter 《51》
Chapter《52》
Chapter《53》
Chapter《54》
Chapter《55》
Chapter《56》
Chapter《57》
Chapter《58》
Chapter《59》
Chapter《60》
Chapter《61》
Chapter《62》
Chapter《63》
Chapter《64》
Chapter《65》Final

Chapter《22》

2.1K 459 4
By Rhmjrs_58


『Unicode』


ပိတ်ရက်နေ့လည်တွင် ချင်ဝေ့ဟော်က လန်ထျန်းနိုင်ငံက ကျုံးကျင်းဆီကို အလည်သွားခဲ့သည်။ သူရောက်လာသောအခါကျုံးကျင်းရဲ့ မိန်းမ မူတန်က Villaထဲကနေ ထွက်လာတာကို မြင်လိုက်ရ​၏။ သူမက ကဒ်ဘုတ်ဘောက်စ် အကြီးကြီးကိုကိုင်ထားပြီး တံခါးကို ပုခုံးနဲ့ဖွင့်နေသည်။ မူတန် သူ့ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားပြီးမှ ရယ်မောလိုက်ရင်းပြောလာသည်။

"မစောလွန်းဘူးလား?"

ချင်ဝေ့ဟော်က ဆိုင်ကယ်သော့ကို သူ့ဂျင်းဂျက်ကတ်ထဲ အမြန်ထည့်လိုက်ပြီး ရှေ့တိုးကာ ဘောစ့်ကို ယူလိုက်သည်။ မူတန်က သူ့ကို ပေးလိုက်ပြီး ပြောလာသည်,"ဂရုစိုက်နော်,လေးတယ်."

ချင်ဝေ့ဟော်ယူလိုက်သောအခါတွင်မူ သူ့အတွက်မလေးပါဘဲ လွယ်လွယ်ပင် သယ်လို့ရလေသည်။ သူက နောက်လှည့်ပြီးသူ့ပုခုံးလောက်တောင်မရှည်တဲ့ မူတန်ကို မေးလိုက်သည်,"ဘယ်မှာထားရမှာလဲ?"

မူတန်က သူ့ကို ကားဂိုဒေါင်ဆီခေါ်သွားခဲ့သည်။ ကားဂိုဒေါင်ထဲတွင် အသုံးမဝင်သည့် ပစ္စည်းများစွာရှိနေ​၏။ ချင်ဝေ့ဟော်က တစ်ခွန်းမှမပြောပါဘဲ ထောင့်စွန်းက ကဒ်ဘုတ်ဘောစ့်ထဲတွင် ကျုံးကျင်းရဲ့ တောင်တက်ကိရိယာတွေ ထားရှိထားတာကို မြင်နေရသည်။

မူတန်က အမောတကော ဖြစ်နေဆဲဖြစ်ပြီး သူ့မနဖူးပေါ်က ချွေးတွေကို သုတ်ပစ်လိုက်ပြီး ကုန်လှောင်ရုံတစ်ဝက်ဖြစ်နေသော ကားဂိုဒေါင်ကို ပတ်ကြည့်လိုက်​ပြီးမှ ပြောလာခဲ့သည်,"ဒါတွေအကုန် မလိုအပ်တဲ့ဟာတွေချည်းပဲ ပစ်ရမှာလဲဝမ်းနည်းဖို့ကောင်းတယ်"

ချင်ဝေ့ဟော်က သူ့ဖြစ်တည်မှု မရှိနေလေအောင်ကြိုးစားရင်း ငယ်ရွယ်တိတ်ဆိတ်တဲ့ သက်တောင်စောင့်ပုံစံအဖြစ်နဲ့သာနားထောင်နေခဲ့သည်။

နှစ်ဦးသား ပြန်ထွက်လာသောအခါ မူတန်က ရုတ်တရက်"အား"ဟု ပြောလာခဲ့သည်။ ချင်ဝေ့ဟော်ရပ်ပြီး ကြည့်လိုက်သောအခါ မူတန်ရဲ့ အကြည့်တွေက သူ့ရင်ဘတ်ပေါ်ကျရောက်နေပြီး ပြောလာခဲ့သည်။

"မင်းအဝတ်တွေ ညစ်ပတ်ကုန်ပြီ"

ချင်ဝေ့ဟော်က ဂျင်းဂျက်ကတ်ကို ဝတ်ထားပြီး ၎င်းမှာ အထူးတလယ် လက်တို စတိုင်ဖြစ်သည်။ အထဲမှာတော့ လက်ရှည်တီရှပ်အဖြူရှိ​၏။ ကဒ်ဘုတ်ဘောစ့်က ရှပ်အင်္ကျီကို ဖုန်တွေ ပေစွန်းစေခဲ့သည်။ မူတန်က ဖုန်တွေကိုကြည့်ရင်းမျက်မှောင်ကြုတ်လိုက်သည်။ ဒီကလေးက ပိုစတာထဲက ထွက်လာတဲ့ပုံစံဖြစ်နေတာကြောင့် သူ့ကို ညစ်ပတ်သွားစေခဲ့သဖြင့် သူမ အားနာသွားရသည်။

ချင်ဝေ့ဟော်က သူ့အကြည့်ကို ရင်ဘတ်ဆီပို့လိုက်ပြီး သူ့လက်နဲ့ ခါလိုက်ကာ ပြောလိုက်သည်,"ရပါတယ်"

မူတန်က သူ့တံတောင်ကို လက်ညှိုးထိုးပြလိုက်သည်,

"အင်္ကျီလက်မှာလဲ ရှိသေးတယ်."

ချင်ဝေ့ဟော်က လက်မောင်းမြှောက်လိုက်ပြီး တံတောင်ကို ကြည့်လိုက်သော်လည်း မူတန်က ခါပေးလိုက်သည့်တိုင်သေသေချာချာတော့ မပြောင်သွားသေးသဖြင့် သူမက ပြောလိုက်သည်။

"သန့်စင်ခန်းထဲဝင်ပြီး သုတ်ပစ်လိုက်"

ချင်ဝေ့ဟော်ကမလိုကြောင်းပြောလိုက်ပြီး နောက်တစ်ကြိမ်ဆို သူ အနက်ရောင်ဝတ်၍သာ လာတော့မည်ဖြစ်ကြောင်းပြောလိုက်သည်။ မူတန်က သူပြောတာကို ရယ်မောလိုက်​၏။

"အနက်ဖြစ်ဖို့မလိုပါဘူး။ ဒါမှမဟုတ်ရင်လဲ နောက်တစ်ခါကျ လက်ကာတစ်စုံပေးမယ်လေ။ ငါ့မှာ ပန်းရောင်တစ်စုံရှိတယ်။ မင်းအဲ့အရောင်နဲ့လိုက်မလိုက် စမ်းကြည့်ပေါ့ "

သူမကသူ့ကို တမင်တကာစ,လိုက်သောအခါ ချင်ဝေ့ဟော်က ပေါ့ပေါ့ပါးပါးပင် ပြုံးပြလာခဲ့သည်။

မူတန်က ချင်ဝေ့ဟော်သည် သူမရှေ့တွင် အေးအေးလူလူဖြစ်မနေဟု ခံစားရသည်။ ထို့အပြင် သူ့အပြုံးကိုလဲ ချုပ်ထိန်းထားတတ်​၏။ သူဟာ အမှားတစ်ခုလုပ်မိထားတဲ့ လူငယ်လေးလိုပဲ အမြဲနေတတ်သည်။

စင်္ကြံတွင်ရပ်နေရင်း ခေါင်းငုံ့ကာ ဖိနပ်ပြောင်းနေတဲ့ ချင်ဝေ့ဟော်ကို သူမကြည့်နေမိသည်။ အခုထက်ထိ ကွဲပြားနေဆဲပင်။သူမနဲ့ ချင်ဝေ့ဟော် ပထမဆုံးတွေ့တဲ့အချိန်ကို ပြန်တွေးမိသည်။ ထိုအချိန်က သူသည် အသက်၁၅နှစ်သာရှိသေးပြီး အရပ်က ၁.၈မီတာအောက်ရှိနေပြီ။ သူဟာ လှပတဲ့ကောင်လေးလို့ပင် ပြောလို့ရသည်။ အခုမူ သူက အလွန်အရပ်ရှည်ပြီးချောမောလွန်းသည်။ အထူးသဖြင့် အနောက်ကကြည့်လျှင် တစ်ခြားသူတစ်ယောက်လို့ပင် ထင်ရလေသည်။ သူ့မှာ ပါဝါကောင်းတဲ့ အသွင်အပြင်တစ်ခုပိုင်ဆိုင်နေပေမယ့် သူက အသုံးမချတတ်ပေ။ တစ်ခါတစ်ရံ သူ့မ သူ့ကို ကြည့်လိုက်မိလျှင်သူမကိုယ်တိုင် အမေတစ်ယောက်နှယ် သောင်းသောင်းဖြဖြဖြစ်ရပြီး ဘယ်လိုမိန်းကလေးမျိူးတွေကို ကြိုက်လဲလို့ သူ့ကိုမေးချင်မိသည်။

ချင်ဝေ့ဟော်ကတော့ တိတ်ဆိတ်စွာပင် ဖိနပ်လဲပြီးကာ လျှောက်သွားသည်။ သူက အမြဲလိုလို ဆရာ့ရဲ့မိန်းမနဲ့ မျက်နှာချင်းမဆိုင်နိုင်သေးပေ။ မူတန်က ကျုံးကျင်းရဲ့ ကျောက်တောင်တက်စဉ်က မတော်တဆမှုကြောင့် သူ့ကို အပြစ်မတင်ဖူးခဲ့ပေ။သူ တောင်းပန်ချင်တဲ့အချိန်တိုင်းမှာ မူတန်က "ငါသိတယ်,မင်းအမှားမဟုတ်ပါဘူး",လို့သာ ပြောတတ်သည်။

ဒါကပင် သူ့ကို ဘာမှ မပြောနိုင်အောင်လုပ်လေသည်။ ကျုံးကျင်းက သူမကို အဖြစ်မှန်ပြောထားလို့ ဖြစ်နိုင်သလို ကျုံးကျင်းက သူ့အတွက်ဖုံးကွယ်ပေးထားလို့လဲ ဖြစ်နိုင်ပေသည်။

ကျုံးကျင်းက ဖြစ်ရပ်ကြုံပြီးနောက်ပိုင်းမှာလဲ အကောင်းမြင်တတ်တုန်းပင်။ သူ(ကျုံးကျင်း)က သူ့အတွက် ဟန်ဆောင်ပေးနေတယ်လို့ ချင်ဝေ့ဟော်အမြဲခံစားရပေမယ့် စကားတစ်ခွန်းကတော့ သေချာပေါက်ကို မှန်သည်။ သူ ကျူံးကျင်းဆေးရုံက မဆင်းခင် တစ်ရက်အလိုတွင် သူ့ကို တွေ့ဖို့ ဆေးရုံကို သွားခဲ့သည်။

ချင်ဝေ့ဟော် ကျုံးကျင်းရဲ့ အဝတ်တွေကို လျှော်ဖို့ ယူလာရင်း လူနာဆောင်က ထွက်လာသည့် မူတန်ကို မြင်လိုက်ရသည်။သူမက သူ့ကိုလဲ မမြင်သလို သူကလဲ သူမကို မတားခဲ့ပေ။ သူ တံခါးကို တွန်းလိုက်ပြီး လူနာဆောင်ထဲဝင်လိုက်တဲ့အခါတံခါးကို မျက်နှာမူလျက် မျက်လုံးများနီရဲနေကာ အိပ်ရာပေါ်တွင်လှဲနေသည့် ကျုံးကျင်းကို မြင်လိုက်ရလေသည်။ သူကချင်ဝေ့ဟော် ဝင်လာသောအခါမှ ဖုံးကွယ်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် သက်ပြင်းချလာခဲ့သည်။

"အိုး ငါ့ဘဝရဲ့ ကံအဆိုးဆုံးအရာက အဲ့ဒီအပေါ်ကနေ ပြုတ်ကျတာပဲ။ကံအကောင်းဆုံးအရာကတော့ ရှောင်တန်နဲ့ တွေ့ခဲ့တာဖြစ်လိမ့်မယ်"

စကားပြောပြီးနောက် သူက ခေါင်းအုံးပေါ်ကို ပြန်လှဲလိုက်ပြီး ပြတင်းပေါက်ကိုကြည့်ရင်း ပြောလာခဲ့သည်။

"ဒီလိုအတွေးမျိုးက တစ်ကိုယ်ကောင်းဆန်တယ်နော် ဟုတ်တယ်မလား?"

ကျုံးကျင်းကမေးလာသော်လည်း သူ ဘယ်လိုဖြေရမလဲဆိုတာကို မသိတော့ပေ။

ကျုံးကျင်းက ပြုံးလိုက်ပြီးလက်ဆန့်လိုက်ကာ သူ့လက်မောင်းကို ပုတ်ပေးသည်။ သူက အရမ်းအားနည်းနေသောကြောင့်ပုတ်တာကလဲ ခပ်ဖွဖွလေးပင်။ ထို့နောက်သူကပြောလာသည်။

"အနာဂတ်မှာ မင်းသဘောကျရတဲ့တစ်စုံတစ်ယောက်နဲ့ ဆုံပြီဆိုရင် မင်း သူ(မ)အတွက် ပို လုပ်ရမယ်။ မင်းကြိုးပမ်းဖို့အခွင့်အ​ရေး မရှိတော့တဲ့အချိန်ထိ မစောင့်ပါနဲ့။ ဒါက မမျှတဘူးလေ."

သူက သူလမ်းမလျှောက်နိုင်တော့ဘူးဆိုတာသိခဲ့ချိန်ကပင် သူ မျက်ရည် မကျခဲ့ပေ။ သို့သော် ဒီိစကားကိုပြောချိန်ကတော့သူ့မျက်ရည်တွေဝဲနေတာကို ချင်ဝေ့ဟော်မြင်ခဲ့ရသည်။

သူကပြောသည်,"ချင်ဝေ့ဟော် မင်းနဲ့ ထိုက်တန်တဲ့တစ်စုံတစ်ယောက်ကို တွေ့တဲ့အခါရောက်ရင် မင်း သူ(မ)ကို လွန်လွန်ကဲကဲကို ကောင်းပေးရမယ်နော်"

သူထိုသို့ပြောနေချိန်တွင် သူ့မျက်လုံးထဲ၌ မိုက်မဲမှုကဲ့သို့အရာတွေလဲရှိနေသည်​။ ၎င်းကို နောင်တဟု ခေါ်​၏။

ချင်ဝေဟော်ရဲ့ အာဒမ် ပန်းသီးက နိမ့်ချည်မြင့်ချည်ဖြစ်သွားပေမယ့် သူဘာကို မှမပြောခဲ့ပေ။

အဲ့ဒီရက်က ကြာမြင့်ခဲ့ပြီဟု ခံစားရသော်လည်း ဘယ်လို အဆင့်အတန်းက ထိုက်တန်တယ်လို့ ခေါ်လဲဆိုတာကိုတော့ သူတွေးမရခဲ့ပါချေ။ သူက ဘဝတစ်လျှောက်လုံး ထိုလူမျိူးနဲ့ မဆုံနိုင်တော့တာပဲ ဖြစ်ပေမည်။

ကျုံးကျင်းရဲ့ခြေထောက်က လမ်းလျှောက်လို့မရတော့သောအခါ ကုမ္မဏီက သူ့ကို အေမြို့တော်ကို လွှဲပေးခဲ့ရာ မူတန်ကသူမအလုပ်ကို ထွက်လိုက်ပြီး သူနဲ့ လိုက်ပါလာခဲ့သည်။ ပထမတုန်းက အတွင်းရေးမှူးမရှိတာကြောင့် မူတန်က နေ့တိုင်းလိုလို ကျုံးကျင်းအား ကုမ္မဏီကို တွန်းပို့ခဲ့ရသည်။ နောက်ပိုင်းတွင် ကုမ္ပဏီက လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ကျုံးကျင်းရဲ့ အလုပ်တစ်စိတ်တစ်ပိုင်းကို အိမ်မှာပဲ လုပ်နိုင်ခဲ့သည်။

ထို့ကြောင့် မူတန်သည် ယခုကဲ့သို့ သူမ ပါဝင်သည့် တွဲဖက်ပြဇာတ်အဖွဲ့သို့ သွားနိုင်သည့်အချိန်ဖြစ်သည်။

သူတို့မှာ ကလေးမရှိကြပေ။ သူတို့က မရှိချင်တာဖြစ်သည်။ ကျူံးကျင်းရဲ့ စီမံခန့်ခွဲရေး နှစ်ချုပ်လစာက အရမ်းမနိမ့်သဖြင့် သူ မူတန်ကို အလုပ်လုပ်ခိုင်းစရာမလိုသောလည်း သူက မူတန်ကို အလုပ်လုပ်ခိုင်းခဲ့သည်။

သူ့ရဲ့အကြောင်းပြချက်မှာ "အိမ်မှာ အချိန်အကြာကြီး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ရတာက တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့သွားတာကို ဦးတည်သွားစေလိမ့်မယ်။ ခံစားချက်တွေကလဲ အဲ့ဒီလောက် မခိုင်မာတော့ဘူး" ဟူ၍။

မူတန်ကပြောသည်, "ငါဖြင့် နင့်ကြောင့်အကြာကြီးပင်ပန်းပြီးပြီ! ခုမှ စတာမှမဟုတ်ဘဲ" ဟု။

သို့သော် သူမက တွဲဖက်ပြဇာတ်ကို အလုပ်လု့ပ်ဖို့သွားနေတုန်းပင်။

သူတို့ က အချင်းချင်းကောင်းကောင်း နားလည်ကြပြီး ထုတ်ပြောတာတွေနဲ့ သူတို့ ရင်ထဲကစကားများက ထပ်တူကျမနေပေ။ သူတို့က ထုတ်ပြောတာတွေကိုမယုံကြ၊ သူတို့က တစ်ယောက်အတွေး တစ်ယောက်မြင်ကြတဲ့ပုံစံမျိူးပင်။

အရင်ကတော့ မူတန်က ကျုံးကျင်းကို ဆေးရုံမောင်းပို့ရသည်။ ချင်ဝေ့ဟော်က အေတက္ကသိုလ်ရောက်လာချိန်မှာတော့ ဒီနေ့လိုပင် အခြေခံအားဖြင့် သူပဲ ကျူံးကျင်းကို ပြန်လည်ထူထောင်ဖို့ မောင်းပို့ပေးခဲ့သည်။

သူ ကျုံးကျင်းကို ပြန်လည်ထူထောင်ဖို့ မောင်းပို့ပေးပြီး ကားထဲတွင်ကူညီပေးရတိုင်း ချင်ဝေ့ဟော်မှာ စိတ်ပိုင်းဆိုင်ရာအဟန့်အတား တွေကိုချိူးနှိမ်ခဲ့ရသည်။ သူခုထိတိုင် လိုအပ်ချက်​၏အသိစိတ်မှ ရုန်းမထွက်နိုင်သေး။ ကျူံးကျင်းသည်ကျောက်တောင်တက်ရာတွင် အောင်နိုင်သူတစ်ယောက်ဖြစ်ခဲ့သော်လည်း အခုမူ သူအလိုရှိရာနေရာကို ရောက်ဖို့ ကားထဲမှာတောင် အကူအညီလိုနေရပြီဖြစ်သည်။

သူကားရဲ့ဘေးဘက်ကို ရောက်လာခဲ့လျှင် ကျုံးကျင်းက သူ့Weelchairကနေ မတ်တပ်ရပ်လာခဲ့သည်။ သူက ကျောက်တောင်တက်သမားဖြစ်ဖို့ ထိုက်တန်ပြီး သူ့လက်ခွန်အားတွေက ရှိနေဆဲပင်။ သူက ပြုံးရင်း ချင်ဝေ့ဟော်ကို ပြောလာသည်။

"အခုအချိန်မှာ ငါ ဒီလက်တွေနဲ့ 5.12လောက်ကို တက်နိုင်တယ်ဆိုရင် မင်းယုံမလား?"

ချင်ဝေ့ဟော်က ၎င်းဟာ 5.12ဖြစ်နေ၍ ဒါကို ယုံကြည်ပါသည်။ အရင်ကဆို ကျူံးကျင်း 5.15တောင် တက်နိုင်ခဲ့တာဖြစ်သည်။ ကျုံးကျင်းက သူ့ခန္ဓာကိုယ်ကို ထောက်ကန်လိုက်ပြီး Co-drive r seatကို ရွှေ့လိုက်သည်။ ချင်ဝေ့ဟော်က သူ့ခြေထောက်တွေ မ,တင်ဖို့ ကူညီပေးသည်။ ချပေးပြီးချိန်မှာ ကျုံးကျင်းက ခေါင်းငုံ့လိုက်ပြီး "ကျေးဇူးပဲ"လို့ သူ့ကို ပြောလာသည်။

ချင်ဝေ့ဟော်ကတော့ သူ့ကို ကြည့်မနေပါချေ။ အစမှအဆုံးတိုင်အောင် သူက ခေါင်းနဲ့ ဦးရေကို တင်းတင်းမာမာ နေပြတတ်သည်။

ကျုံးကျင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ချင်ဝေ့ဟော်ရဲ့ နားထင်နှစ်ဖက်လုံးမှ ဆံပင်တို့မှာ နားနောက်ကို အနည်းငယ်ဂရုမထားစွာ တွန်းတင်ထားရာ ရွစိစိဖြစ်စေသည်။ ဦးရေပြားလဲအလားတူ​၏။

"ငါ့ကို မင်း ပြန်လည်ထူထောင်ရေးကို ခေါ်လာပေးတဲ့ ပထမဆုံးနေ့ကို မှတ်မိသေးလား?", ကျုံးကျင်းက စနောက်သလိုနဲ့မေးလာသည်။

ချင်ဝေ့ဟော် သေချာပေါက် မှတ်မိနေသည်။ ထိုအချိန်က ဆေးရုံကပြန်လာပြီး ကားထဲကိုဝင်သောအခါ ရုတ်တရက်သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ လဲကျခဲ့သည်။ သူက Wheelchair ကနေ ချော်ကျသွားပြီး မြေပြင်ပေါ်ကို တည့်တည့်ပင် ကျသွားလေသည်။ သူ့ဘေးမှာ မတ်တပ်ကြီးဖြစ်နေတဲ့ ၁၈နှစ်အရွယ် ချင်ဝေ့ဟော်ကတော့ ကြောင်အသွားခဲ့ရသည်။

သူ ကျုံးကျင်း အရမ်းရှက်သွားတာမျိူးကို မမြင်ဖူးခဲ့ပေ။ သူဟာ ချင်ဝေ့ဟော်ထက် ပိုရင့်ကျက်ပြီး ပုံမှန်အားဖြင့် သန်မာတဲ့ သူ့ဆရာပင်။ သူက သူ့ကို လမ်းညွှန်ပေးခဲ့သည်၊ စိုးရမ်ပေးခဲ့သည်၊ပြီးတော့ ဂရုစိုက်ပေးခဲ့သည်။ဘဝမှာ သူ့အသက်၁၈နှစ်တိုင်လမ်းကြောင်းပေးခဲ့သော လူပင်။ ကျုံးကျင်းသည် ဆရာတစ်ယောက်၊အစ်ကိုကြီးတစ်ယောက်၊ပြီးလျှင် သူ့ရဲ့တကယ့်အဖေထက်ပင် အဖေနဲ့ပိုတူတဲ့ သူဖြစ်ပေသည်။ သို့သော် အခုချိန်မှာတော့ စတင်၍ သူအရမ်း စိမ်းသက်လာခဲ့လေပြီ။

မည်သို့ဆိုစေ နောက်အခိုက်အတန့်တစ်ခုမှာတော့ သူချက်ချင်း တုံ့ပြန်လိုက်သည်။ ချင်ဝေ့ဟော်က ရှေ့ကို လျှောက်သွားပြီး မြေကြီးထိခါနီးအထိ ကုန်းလိုက်ကာ ကျူံးကျင်းကို သယ်လိုက်ပြီး Co-driver seatမှာ ချပေးလိုက်ရင်း မြန်မြန်ပင်ခါးပတ်ကို ပတ်ပေးလိုက်၍ တံခါးပိတ်လိုက်​၏။ သူ မိန်းမောနေစဉ် ကျူံးကျင်းက မြေကြီးပေါ်မှာ မည်မျှကြာအောင်ထိုင်နေခဲ့ရလဲ သူမသိခဲ့ပါချေ။ ထို့အပြင် ဆေးရုံထဲကလူတွေက ကျူံးကျင်းကို ဘယ်လိုမျက်လုံးနဲ့ ကြည့်ကြမလဲဆိုတာကိုရောပင်။ သူ သူ့ရဲ့ လေးလံမှုနဲ့ညံဖျင်းမှုတို့ကို နောင်တရခဲ့ရသည်။

ချင်​ဝေ့ဟော်က သူ့မျက်စိထဲတွင် တောင်တစ်တောင်ကဲ့သို့ ယုံကြည်လို့ရတဲ့ ကျုံးကျင်းလို လူကို မ,မ,န်ိုင်လောက်ဟု တွေးခဲ့မိသည်။ သို့တိုင် သူ့လက်မောင်းများက ကျူံးကျင်းရဲ့ အားနည်းနေတဲ့ခြေထောက်တွေကို ထိလိုက်မိချိန်တွင်မူ မမျှော်လင့်တဲ့ အားအင်တွေနဲ့ သူ ပေါက်ကွဲသွားရ​၏။ သူ ကျူံးကျင်းကို သယ်နိုင်ရုံမျှမကပါဘဲ ဒါက နည်းနည်းလေးတောင်ခက်ခဲသည့်စန် မပေါ်ခဲ့ပါချေ။ တစ်ခါလောက်တော့ သူ ကျုံးကျင်းရဲ့ အရာအားလုံးကို တိတ်တိတ်လေး အားကျခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူ့အတွက် ဘာမှမဟုတ်တော့ပေ။ သူက သူပိုင်ဆိုင်ခဲ့တာတွေရဲ့ နှစ်ဆကို ပိုင်ဆိုင်ပြီးပြီဖြစ်သည်။

ကျူံးကျင်းက ပြုတ်ကျတာကြောင့်နဲ့ တခြားသူတွေရဲ့ပွေ့ချီခံရတာကြောင့် သူ့ရဲ့တည်ငြိမ်တတ်တာကို ဆုံးရှုံးမသွားခဲ့ပေ။သို့သော် သူက စိတ်လှုပ်ရှားမှုတို့ဖြင့် သက်ပြင်းချတတ်သည်, "မင်းက တကယ် ကြီးလာခဲ့ပြီပဲ! ငါမင်းကို ပထမဆုံးတွေ့တုန်းကဆို ဒီလောက်ပဲ ရှည်သေးတာ."

ချင်ဝေ့ဟော်က အေးအေးနဲ့ မောင်းနေသယောင်ဆောငါလိုက်ပြီး ပြောလိုက်သည်။

"နှစ်တွေအများကြီး ကြာနေပြီ."

အဲ့ဒီအချိန်က ကျွန်တော် ၁.၈မီတာတော့မဟုတ်ဘူး။ ကျံန်တော့် တစ်ကမ္ဘာလုံးကသာ ၇ သို့ ၈ စင်တီမီတာ ပုနေခဲ့တာ​။ အဲ့လိုကမ္ဘာမှာဆို ကျွန်တော် ခင်ဗျားကို ကြည့်နေခဲ့ပြီး ကြီးထွားမှုအကြောင်း ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။

ချင်ဝေ့ဟော်က တံခါးကို လက်တစ်ဖက်နဲ့ဖွင့်လိုက်ပြီး ကားထဲကို ဝင်လာသည်။ တံခါးပိတ်သံနဲ့ ကျူံးကျင်းရဲ့ အသံတို့ကသူ့ကို သူ့အတွေးတွေဆီကနေ ပြန်အသိဝင်သွားစေခဲ့သည်။

"အဲ့အချိန်တုန်း​က မင်း Flattop shaveခဲ့တာလေ။ ဒီကလေးက ဥပဒေဌာနကို သွားဖို့လုပ်ထားတာမဟုတ်ဖူးလား,ဘာကြောင့်မလို့ Gymသွားပြီး ဘတ်စကက်ဘောကစားမဲ့ပုံနဲ့ တူနေရတာလဲ? လို့ ငါတွေးနေခဲ့တာ။ ဒါမှမဟုတ်ရင်လဲ မင်းကအရမ်းချောတယ်လို့တွေးပြီး အကုန်လုံးကို tryကြည့်ခဲ့တာလား? ဘာလို့ မင်းခေါင်းကို အဲ့လို ထိုးခဲ့ရတာလဲ? "

ချင်ဝေ့ဟော်က ကားဂိုဒေါင်ကနေ Mercedes ကို မောင်းထွက်လိုက်သည်။

"အဲ့ဒါက ခင်ဗျားကျွန်တော်ကို အဲ့မှာပူတယ်လို့ ပြောခဲ့လို့ မဟုတ်ဘူးလား​? "

ကျူံးကျင်း ထိုသို့ ကြားလိုက်ရသောအခါ ခဏတာမျှဆွံ့အသွားပြီးနောက် အသံထွက်ရယ်မောတော့သည်။သူက အလေးအနက်ထား၍ ကားမောင်းနေသည့် ချင်ဝေ့ဟော်ကို မျက်လုံးမှာ မျက်ရည်များနဲ့ ကြည့်လိုက်မိ​၏။

မဖြစ်နိုင်လိုက်တာ..ဒီကလေးက အရမ်း ဖြူစင်လွန်းတယ်!

အရင်က မူတန်၊ယွီရမ်နဲ့ သူကိုယ်တိုင်ပါ ချင်ဝေ့ဟော် ချစ်မိသွားမှာမျိူးကို မြင်ဖူးချင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော်ပုံရိပ်က အရမ်း လှပနိုင်တာမို့ပင်။အခုတော့ သူ့စိတ်တွေ ရုတ်ခြည်းပြောင်းလဲခဲ့ရပြီ။

ဒီကလေးက မချစ်မိတာပဲ ကောင်းပါတယ်။သူ တခြားမိန်းကလေးများဆီက လှည့်ဖျားခံရမှာကို ကျူံးကျင်း စိတ်ပူမိတယ်!

Mercedes-Benz က Villaထဲကမောင်းထွက်လာသောအခါ ကျူံးကျင်းက ကားမောင်းနေတဲ့ ချင်ဝေ့ဟော်ကို ကြည့်ရင်းအတွေးအပြည့်နဲ့ မေးလိုက်သည်။

"ငါသိချင်နေတာ, မင်းမှာ နေ့တိုင်း အလုပ်မရှိဘူးနော်? မင်း ကျောင်းမသွားဘူးလား?"

ချင်ဝေ့ဟော်က မျက်မှောင်ကြုတ်လျက် ပြောသည်,"ဒီနေ့က ပိတ်ရက်."

ကျူံးကျင်းသူ့ကို တစ်ချက်ပင်ကြည့်လိုက်မိသည်။ ချင်ဝေ့ဟော်ရဲ့ စိတ်မရှည်မှုက ဒီလောက်တောင်ပြင်းထန်ရလား! အထူးသဖြင့် သူ့ရှေ့မှာဆိုရင်ပေါ့။

သူ့အမူအရာမှာ သူ့အဖေနဲ့ ရန်ဖြစ်ရတော့မလို ခက်ခဲကြမ်းတမ်းနေတဲ့ဘဝကြီး ပိုင်ဆိုင်ထားရတဲ့ ပုံစံကဲ့သို့ ဖြစ်နေရသည့်တိုင် သားတစ်ယောက်အနေနဲ့ သူ့တာဝန်တွေကို မှတ်မိဖို့လဲ လိုသေးသည်လေ။ သူပြောလိုက်မိသည်။

"ပိတ်ရက်မဟုတ်လဲ မင်းက အတော်လေး အားယားနေတာပါ ကောင်လေးရာ"

"တက္ကသိုလ်တွေက သာမန်အားဖြင့် အားတယ်"

ကျူံးကျင်းက တစ်ခုခုပြောလိုက်ချင်သော်လည်း ရုတ်တရက် ချင်ဝေ့ဟော်က လမ်းဘေးဘက်ကို ကြည့်နေတာကို မြင်လိုက်ရသဖြင့် မေးလိုက်မိသည်။

"မင်း ဘာတွေကြည့်နေတာလဲ?"

ချင်ဝေ့ဟော်က အန်းနင်ကို လန်ထျန်းနိုင်ငံမှာ မြင်ရလိမ်းမည်လို့ မမျှော်လင့်ဖူးပေ။ သူက အိမ်ကြီးထဲမှထွက်လာတာဖြစ်ပြီး အိမ်ပိုင်ရှင်ကလဲ အန်းနင်ကို တံခါးထိလိုက်ပို့လေသည်။ နှစ်ယောက်သား ခဏမျှစကားပြောနေကြပြီး အန်းနင်ကခေါင်းငုံ့လျက် ရှက်ရွံ့စွာနဲ့ မျက်မှန်ကို ပင့်လိုက်သည်။

ချင်ဝေ့ဟော်မှာ နားလည်ရခက်စွာ အဆင်မပြေဖြစ်လာခဲ့ရသည်။

ပိုင်ရှင်က ရယ်မောလိုက်ပြီး သူ့ကို အဝတ်အတွက် စက္ကူအိတ်တစ်ခုပေးလေသည်။ အန်းနင်က ၎င်းကိုပါ ယူသွားပြီး ထွက်သွားခဲ့သည်။

ချင်ဝေ့ဟော် မသိလိုက်ပါဘဲ မျက်မှောင်ကြုတ်သွားသည်။ ကျူံးကျင်းက ချင်ဝေ့ဟော်ရဲ့ မြင်ကွင်းနောက်ကို လိုက်ကြည့်လိုက်ရာ ချန်ဖေးကို မြင်လိုက်ရသည်။ သူက နားလည်စွာဖြင့် ပြုံးလာ​၏။

"တော်တော်လှတဲ့ အလှလေးပဲ~"

ချင်ဝေ့ဟော်က သူ့ကို လျစ်လျူရှုလိုက်ပြီး ဂီယာကို ချိန်းလိုက်ကာ အရှိန်တင်လိုက်ပြီး ပလက်ဖောင်းမှာ လမ်းလျှောက်နေတဲ့ အန်းနင်ဘေးကနေ လျင်မြန်စွာဖြတ်သွားခဲ့သည်။ သူက မျက်လုံးထောင့်လေ ဝေ့ဝိုက်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်သေးသည်။

"ဒါပေမယ့် အဲ့ဒီအမျိူးသမီးက လက်ထပ်ပြီးသား", ကျုံးကျင်းက ထိုင်ခုံကို မှီရင်းပြောလာခဲ့သည်။

"ကလေးတောင်ရှိတယ်။ သူမယောက်ျားက A List ကုမ္မဏီရဲ့ ဘောစ့်ပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးသွားခဲ့တာ၊ ကလေးကိုတစ်ယောက်တည်းပျိူးထောင်ရတာ မလွယ်ဘူး."

သူပြောရင်း ချင်ဝေ့ဟော်ကို တစ်ချက်ကြည့်မိသေးသည်။

ဒါပေမယ့်မင်း Ideal Typeတော့ မဖြစ်နိုင်ပါဘူး။ ချင်ဝေ့ဟော်မှာ Oedipus Complexရှိနေတာလို့မပြောနဲ့နော်?

အဲ့လိုမျိုးစဉ်းစားလိုက်ရင်တကယ် နည်းနည်းတော့ ကြောက်စရာဘဲ!

ချင်ဝေ့ဟော်က စီယာတိုင်ဘီိးကို လှည့်ရင်းပြောသည်။

"ကျွန်တော်က တစ်ချက်ပဲကြည့်လိုက်တာပါ။ ခင်ဗျားက တနေကုန်လိုရင်းကို မရောက်တော့ဘူး။"

"မင်းတစ်ချက်ကြည့်တာခံရတဲ့ တစ်စုံတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှာမဟုတ်တာကွာ!ငါက စိတ်လှုပ်ရှားသွားလို့ပါ"

ရုတ်တရက် ချင်ဝေ့ဟော်က မေးလာသည်။

"အဲ့ဒါဆိုအဲ့ကောင်လေးကရော ဘယ်သူလဲသိလား?"

ကျူံးကျင်းခမျာ ကားနောက်ကျန်ခဲ့တဲ့ ကောင်လေးကို လှည့်ကြည့်လိုက်ရသည်။

အတော်လေး စာကြိုးစားတဲ့ပုံစံနဲ့ ကောင်ကလေးဘဲ!

သူ ပုခုံးတွန့်လိုက်သည်, "ငါမသိဘူးလေ! သူ့ဆွေမျိူးနေမှာပေါ့။ မောင်လေးတို့ ၊ဝမ်းကွဲတို့ တူတို့ ဒါမှမဟုတ်ရင်လဲတစ်ယောက်ယောက်ပေါ့ အကုန်ဖြစ်နိုင်တာပဲ"

ချင်ဝေ့ဟော်ပြောလိုက်သည်,"သူတို့က ရုပ်မမတူတာ ဘယ်လိုလုပ် ဆွေမျိူးဖြစ်နိုင်မှာလဲ !."

ကျူံးကျင်း အံ့ဩသွားရသည်: "ဒီလောက်အဝေးကြီးကနေ သူတို့မတူဘူးလို့ မင်းကမြင်ရတယ်လား?ဘာလို့ သူများအကြောင်းပြောနေရတာလဲ? "

ချင်ဝေ့ဟော်က ပေါ့ပေါ့ပါးပါးမေးသည်ဟုသာပြောသည်။ ကားက ရှေ့ဆက်ပြီး ဗွက်အိုင်ကိုဖြတ်မောင်းလိုက်သည်။အရှိန်က မြန်လာသောကြောင့် ရေက ကားဘေးဘက်တွင် အတော်မြင့်အောင် စင်သွားရသည်။

ကျုံးကျင်က ချင်ဝေ့ဟော် ကားကို အာရုံထွေပြားစွာမောင်းနေသည်ကို မြင်ရလျှင် သတိပေးလိုက်သည်။

"ကားကို ကြမ်းအောင်မမောင်းနဲ့၊နေ့လည်ခင်းတုန်းက မိုးရွာထားတာ...", ချင်ဝေ့ဟော်က တုံ့ပြန်မလာခဲ့၊ ထို့ကြောင့် ကျုံးကျင်းက စတင်ရေရွတ်လာသည်။

"ရှောင်တန်ကဖြင့် မင်းကငါ့ကို စိတ်ချရလောက်အောင်ဂရုစိုက်တယ်လို့ထင်နေတာ။ သူမက ငါ ပြန်လည်ထူထောင်အောင်ဂရုစိုက်ပေးတာကိုတောင် မသိသေးဘူး။ ဒါကြောင့် ငါလဲ အမြဲစိတ်ပူနေရတယ်။ ငါ့ကိုပြော! ,။ မင်းငါ့ကို ပြန်လည်ကုသဖို့ခေါ်သွားတဲ့ ပထမဆုံးအကြိမ်က အမှတ်ဘယ်လောက် နုတ်ခဲ့လဲ?..."

သူခမျာ ချင်ဝေ့ဟော်ဘယ်လို ကားမောင်လိုင်စင်ရလာခဲ့လဲပင် မသိခဲ့ပေ။ ချင်ဝေ့ဟော်သူ့ကို မောင်းပို့လျှင် သူ့မှာအလွယ်ကလေး မအိပ်နိုင်ပါချေ။ ဘယ်သူမှလည်း လွယ်လွယ်အိပ်နိုင်မှာမဟုတ်။

တစ်ကြိမ်တွင် သူ အိပ်ပျော်သွားပြီး မျက်လုံးဖွင့်လိုက်သည်နှင့် ချင်ဝေဟော်သည် ကားများကို ကျော်တက်ရန် လမ်းကြားနှစ်ခုကို ချိန်းဖို့လုပ်သည်ကို တွေ့လိုက်ရသည်။ သူအရမ်းတုန်လှုပ်သွားပြီး ထထိုင်လိုက်ကာ "ဟေ့ ကားကို ဒီလိုမမောင်းရဘူး!"လို့အော်လိုက်ရသည်။

ထိုအချိန်က ချင်ဝေ့ဟော် သည် အပြစ်ကင်းစွာနဲ့ ဘာလို့လဲ ဟုမေးလာ​၏။

​ကျုံးကျင်းက မခံမရပ်နိုင်ဖြစ်ပြီး ပြောလိုက်သည်,"မင်းရဲ့ကားမောင်းတဲ့ကျောင်း ဆရာက မင်းကိုမသင်ပေးဘူးလား? ဒါကိုပြောပြဖို့ ဘာလို့လိုအပ်တာလဲ?"

အချိန်အတော်ကြာပြီးနောက်မှာ ချင်ဝေ့ဟော် ကပြောလာသည်။

"မေ့သွားပြီ"

သူက သက်ပြင်းချလိုက်၍ ပြောလိုက်သည်။

"ဒါကို မင်းမေ့လို့မရဘူး။ ဒါက ဒီလောကရဲ့ နေထိုင်ခြင်းစည်းမျဉ်းပဲ။"

ဒီ ကလေး၏ကမ္ဘာသည် ရိုးရှင်းလွန်းသည်ဟု သူ့ဘာသာသူ တွေးနေမိသည်။ သူက ဆွဲငင်အားကြီးကို ဆန့်ကျင်ပြီးစည်းမျဉ်းစည်းကမ်းများကို စိန်ခေါ်လိုသူဖြစ်သည်။

သူ့ကို ချုပ်ထိန်းဖို့ စည်းကမ်းတွေ အများကြီးသုံးလိုက်ရင်လဲ သူက ဘယ်လိုမှတ်မိမှာတဲ့လဲ?

နောက်ပိုင်းတွင်တော့ ချင်ဝေ့ဟော်က ကားမောင်းလိုင်စင်ရပြီးတာကြာပြီဖြစ်ပြီး အချိန်အတော်ကြာ ကားမမောင်းခဲ့တာကိုသိလိုက်ရသည်။ ချင်ဝေ့ဟော်ကသူ့မှာ ယာဉ်ရှိတယ်လို့ပြောပေမယ့် ၎င်း​က မော်တော်ဆိုင်ကယ်ဖြစ်သည်။ သူက ကျူံးကျင်းကို ဂရုစိုက်ပေးဖို့ ကားမောင်းလိုင်စင်ကို ပြန်စစ်ဆေးခဲ့တာဖြစ်သည်။ ထိုသို့သိပြီးနောက်တွင်တော့ ကျူံးကျင်းမှာသူ့ကို ထပ်အပြစ်မတင်နိုင်တော့သည့်တိုင် အကြိမ်တိုင်းလိုလိုမှာတော့ စောင့်ကြည့်ဖြစ်သည်။ ချင်ဝေ့ဟော်က ယာဉ်မောင်းစည်းကမ်းတွေကို ချိူးဖောက်မှာကို သူတကယ်ကြီးကြောက်ရပါသည်။

----------------------------

မှားမယ်နော် အစ်ကိုချင်(╹◡╹)

ချင်ဝေ့ဟော် ညှပ်တဲ့ Flattop*/ခ်င္ေဝ့ေဟာ္ ညႇပ္တဲ့ Flattop



『Zawgyi 』


ပိတ္ရက္ေန႔လည္တြင္ ခ်င္ေဝ့ေဟာ္က လန္ထ်န္းနိုင္ငံက က်ဳံးက်င္းဆီကို အလည္သြားခဲ့သည္။ သူေရာက္လာေသာအခါ က်ဳံးက်င္းရဲ့ မိန္းမ မူတန္က Villaထဲကေန ထြက္လာတာကို ျမင္လိုက္ရ​၏။ သူမက ကဒ္ဘုတ္ေဘာက္စ္ အႀကီးႀကီးကို ကိုင္ထားၿပီး တံခါးကို ပုခုံးနဲ႔ဖြင့္ေနသည္။ မူတန္ သူ႔ကို ျမင္ေသာအခါ အနည္းငယ္ အံ့ဩသြားၿပီးမွ ရယ္ေမာလိုက္ရင္း ေျပာလာသည္။

"မေစာလြန္းဘူးလား?"

ခ်င္ေဝ့ေဟာ္က ဆိုင္ကယ္ေသာ့ကို သူ႔ဂ်င္းဂ်က္ကတ္ထဲ အျမန္ထည့္လိုက္ၿပီး ေရွ႕တိုးကာ ေဘာစ့္ကို ယူလိုက္သည္။ မူတန္က သူ႔ကို ေပးလိုက္ၿပီး ေျပာလာသည္,"ဂ႐ုစိုက္ေနာ္,ေလးတယ္."

ခ်င္ေဝ့ေဟာ္ယူလိုက္ေသာအခါတြင္မူ သူ႔အတြက္မေလးပါဘဲ လြယ္လြယ္ပင္ သယ္လို႔ရေလသည္။ သူက ေနာက္လွည့္ၿပီး သူ႔ပုခုံးေလာက္ေတာင္မရွည္တဲ့ မူတန္ကို ေမးလိုက္သည္,"ဘယ္မွာထားရမွာလဲ?"

မူတန္က သူ႔ကို ကားဂိုေဒါင္ဆီေခၚသြားခဲ့သည္။ ကားဂိုေဒါင္ထဲတြင္ အသုံးမဝင္သည့္ ပစၥည္းမ်ားစြာရွိေန​၏။ ခ်င္ေဝ့ေဟာ္က တစ္ခြန္းမွမေျပာပါဘဲ ေထာင့္စြန္းက ကဒ္ဘုတ္ေဘာစ့္ထဲတြင္ က်ဳံးက်င္းရဲ့ ေတာင္တက္ကိရိယာေတြ ထားရွိထားတာကို ျမင္ေနရသည္။

မူတန္က အေမာတေကာ ျဖစ္ေနဆဲျဖစ္ၿပီး သူ႔မနဖူးေပၚက ေခၽြးေတြကို သုတ္ပစ္လိုက္ၿပီး ကုန္ေလွာင္႐ုံတစ္ဝက္ျဖစ္ေနေသာ ကားဂိုေဒါင္ကို ပတ္ၾကည့္လိုက္​ၿပီးမွ ေျပာလာခဲ့သည္,"ဒါေတြအကုန္ မလိုအပ္တဲ့ဟာေတြခ်ည္းပဲ ပစ္ရမွာလဲ ဝမ္းနည္းဖို႔ေကာင္းတယ္"

ခ်င္ေဝ့ေဟာ္က သူ႔ျဖစ္တည္မွု မရွိေနေလေအာင္ႀကိဳးစားရင္း ငယ္ရြယ္တိတ္ဆိတ္တဲ့ သက္ေတာင္ေစာင့္ပုံစံအျဖစ္နဲ႔သာ နားေထာင္ေနခဲ့သည္။

ႏွစ္ဦးသား ျပန္ထြက္လာေသာအခါ မူတန္က ႐ုတ္တရက္"အား"ဟု ေျပာလာခဲ့သည္။ ခ်င္ေဝ့ေဟာ္ရပ္ၿပီး ၾကည့္လိုက္ေသာအခါ မူတန္ရဲ့ အၾကည့္ေတြက သူ႔ရင္ဘတ္ေပၚက်ေရာက္ေနၿပီး ေျပာလာခဲ့သည္။

"မင္းအဝတ္ေတြ ညစ္ပတ္ကုန္ၿပီ"

ခ်င္ေဝ့ေဟာ္က ဂ်င္းဂ်က္ကတ္ကို ဝတ္ထားၿပီး ၎မွာ အထူးတလယ္ လက္တို စတိုင္ျဖစ္သည္။ အထဲမွာေတာ့ လက္ရွည္ တီရွပ္အျဖဴရွိ​၏။ ကဒ္ဘုတ္ေဘာစ့္က ရွပ္အကၤ်ီကို ဖုန္ေတြ ေပစြန္းေစခဲ့သည္။ မူတန္က ဖုန္ေတြကိုၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီကေလးက ပိုစတာထဲက ထြက္လာတဲ့ပုံစံျဖစ္ေနတာေၾကာင့္ သူ႔ကို ညစ္ပတ္သြားေစခဲ့သျဖင့္ သူမ အားနာသြားရသည္။

ခ်င္ေဝ့ေဟာ္က သူ႔အၾကည့္ကို ရင္ဘတ္ဆီပို႔လိုက္ၿပီး သူ႔လက္နဲ႔ ခါလိုက္ကာ ေျပာလိုက္သည္,"ရပါတယ္"

မူတန္က သူ႔တံေတာင္ကို လက္ညႇိုးထိုးျပလိုက္သည္,

"အကၤ်ီလက္မွာလဲ ရွိေသးတယ္."

ခ်င္ေဝ့ေဟာ္က လက္ေမာင္းေျမႇာက္လိုက္ၿပီး တံေတာင္ကို ၾကည့္လိုက္ေသာ္လည္း မူတန္က ခါေပးလိုက္သည့္တိုင္ ေသေသခ်ာခ်ာေတာ့ မေျပာင္သြားေသးသျဖင့္ သူမက ေျပာလိုက္သည္။

"သန႔္စင္ခန္းထဲဝင္ၿပီး သုတ္ပစ္လိုက္"

ခ်င္ေဝ့ေဟာ္ကမလိုေၾကာင္းေျပာလိုက္ၿပီး ေနာက္တစ္ႀကိမ္ဆို သူ အနက္ေရာင္ဝတ္၍သာ လာေတာ့မည္ျဖစ္ေၾကာင္းေျပာလိုက္သည္။ မူတန္က သူေျပာတာကို ရယ္ေမာလိုက္​၏။

"အနက္ျဖစ္ဖို႔မလိုပါဘူး။ ဒါမွမဟုတ္ရင္လဲ ေနာက္တစ္ခါက် လက္ကာတစ္စုံေပးမယ္ေလ။ ငါ့မွာ ပန္းေရာင္တစ္စုံရွိတယ္။ မင္းအဲ့အေရာင္နဲ႔လိုက္မလိုက္ စမ္းၾကည့္ေပါ့ "

သူမကသူ႔ကို တမင္တကာစ,လိုက္ေသာအခါ ခ်င္ေဝ့ေဟာ္က ေပါ့ေပါ့ပါးပါးပင္ ျပဳံးျပလာခဲ့သည္။

မူတန္က ခ်င္ေဝ့ေဟာ္သည္ သူမေရွ႕တြင္ ေအးေအးလူလူျဖစ္မေနဟု ခံစားရသည္။ ထို႔အျပင္ သူ႔အျပဳံးကိုလဲ ခ်ဳပ္ထိန္းထားတတ္​၏။ သူဟာ အမွားတစ္ခုလုပ္မိထားတဲ့ လူငယ္ေလးလိုပဲ အျမဲေနတတ္သည္။

စႀကႍတြင္ရပ္ေနရင္း ေခါင္းငုံ႔ကာ ဖိနပ္ေျပာင္းေနတဲ့ ခ်င္ေဝ့ေဟာ္ကို သူမၾကည့္ေနမိသည္။ အခုထက္ထိ ကြဲျပားေနဆဲပင္။ သူမနဲ႔ ခ်င္ေဝ့ေဟာ္ ပထမဆုံးေတြ႕တဲ့အခ်ိန္ကို ျပန္ေတြးမိသည္။ ထိုအခ်ိန္က သူသည္ အသက္၁၅ႏွစ္သာရွိေသးၿပီး အရပ္က ၁.၈မီတာေအာက္ရွိေနၿပီ။ သူဟာ လွပတဲ့ေကာင္ေလးလို႔ပင္ ေျပာလို႔ရသည္။ အခုမူ သူက အလြန္အရပ္ရွည္ၿပီး ေခ်ာေမာလြန္းသည္။ အထူးသျဖင့္ အေနာက္ကၾကည့္လၽွင္ တစ္ျခားသူတစ္ေယာက္လို႔ပင္ ထင္ရေလသည္။ သူ႔မွာ ပါဝါေကာင္းတဲ့ အသြင္အျပင္တစ္ခုပိုင္ဆိုင္ေနေပမယ့္ သူက အသုံးမခ်တတ္ေပ။ တစ္ခါတစ္ရံ သူ႔မ သူ႔ကို ၾကည့္လိုက္မိလၽွင္ သူမကိုယ္တိုင္ အေမတစ္ေယာက္ႏွယ္ ေသာင္းေသာင္းျဖျဖျဖစ္ရၿပီး ဘယ္လိုမိန္းကေလးမ်ိဴးေတြကို ႀကိဳက္လဲလို႔ သူ႔ကို ေမးခ်င္မိသည္။

ခ်င္ေဝ့ေဟာ္ကေတာ့ တိတ္ဆိတ္စြာပင္ ဖိနပ္လဲၿပီးကာ ေလၽွာက္သြားသည္။ သူက အျမဲလိုလို ဆရာ့ရဲ့မိန္းမနဲ႔ မ်က္ႏွာခ်င္းမဆိုင္နိုင္ေသးေပ။ မူတန္က က်ဳံးက်င္းရဲ့ ေက်ာက္ေတာင္တက္စဥ္က မေတာ္တဆမွုေၾကာင့္ သူ႔ကို အျပစ္မတင္ဖူးခဲ့ေပ။ သူ ေတာင္းပန္ခ်င္တဲ့အခ်ိန္တိုင္းမွာ မူတန္က "ငါသိတယ္,မင္းအမွားမဟုတ္ပါဘူး",လို႔သာ ေျပာတတ္သည္။

ဒါကပင္ သူ႔ကို ဘာမွ မေျပာနိုင္ေအာင္လုပ္ေလသည္။ က်ဳံးက်င္းက သူမကို အျဖစ္မွန္ေျပာထားလို႔ ျဖစ္နိုင္သလို က်ဳံးက်င္းက သူ႔အတြက္ဖုံးကြယ္ေပးထားလို႔လဲ ျဖစ္နိုင္ေပသည္။

က်ဳံးက်င္းက ျဖစ္ရပ္ၾကဳံၿပီးေနာက္ပိုင္းမွာလဲ အေကာင္းျမင္တတ္တုန္းပင္။ သူ(က်ဳံးက်င္း)က သူ႔အတြက္ ဟန္ေဆာင္ေပးေနတယ္လို႔ ခ်င္ေဝ့ေဟာ္အျမဲခံစားရေပမယ့္ စကားတစ္ခြန္းကေတာ့ ေသခ်ာေပါက္ကို မွန္သည္။ သူ က်ဴံးက်င္းေဆး႐ုံက မဆင္းခင္ တစ္ရက္အလိုတြင္ သူ႔ကို ေတြ႕ဖို႔ ေဆး႐ုံကို သြားခဲ့သည္။

ခ်င္ေဝ့ေဟာ္ က်ဳံးက်င္းရဲ့ အဝတ္ေတြကို ေလၽွာ္ဖို႔ ယူလာရင္း လူနာေဆာင္က ထြက္လာသည့္ မူတန္ကို ျမင္လိုက္ရသည္။ သူမက သူ႔ကိုလဲ မျမင္သလို သူကလဲ သူမကို မတားခဲ့ေပ။ သူ တံခါးကို တြန္းလိုက္ၿပီး လူနာေဆာင္ထဲဝင္လိုက္တဲ့အခါ တံခါးကို မ်က္ႏွာမူလ်က္ မ်က္လုံးမ်ားနီရဲေနကာ အိပ္ရာေပၚတြင္လွဲေနသည့္ က်ဳံးက်င္းကို ျမင္လိုက္ရေလသည္။ သူက ခ်င္ေဝ့ေဟာ္ ဝင္လာေသာအခါမွ ဖုံးကြယ္လိုက္ၿပီး အျပဳံးတစ္ပြင့္ျဖင့္ သက္ျပင္းခ်လာခဲ့သည္။

"အိုး ငါ့ဘဝရဲ့ ကံအဆိုးဆုံးအရာက အဲ့ဒီအေပၚကေန ျပဳတ္က်တာပဲ။ကံအေကာင္းဆုံးအရာကေတာ့ ေရွာင္တန္နဲ႔ ေတြ႕ခဲ့တာျဖစ္လိမ့္မယ္"

စကားေျပာၿပီးေနာက္ သူက ေခါင္းအုံးေပၚကို ျပန္လွဲလိုက္ၿပီး ျပတင္းေပါက္ကိုၾကည့္ရင္း ေျပာလာခဲ့သည္။

"ဒီလိုအေတြးမ်ိဳးက တစ္ကိုယ္ေကာင္းဆန္တယ္ေနာ္ ဟုတ္တယ္မလား?"

က်ဳံးက်င္းကေမးလာေသာ္လည္း သူ ဘယ္လိုေျဖရမလဲဆိုတာကို မသိေတာ့ေပ။

က်ဳံးက်င္းက ျပဳံးလိုက္ၿပီးလက္ဆန႔္လိုက္ကာ သူ႔လက္ေမာင္းကို ပုတ္ေပးသည္။ သူက အရမ္းအားနည္းေနေသာေၾကာင့္ ပုတ္တာကလဲ ခပ္ဖြဖြေလးပင္။ ထို႔ေနာက္သူကေျပာလာသည္။

"အနာဂတ္မွာ မင္းသေဘာက်ရတဲ့တစ္စုံတစ္ေယာက္နဲ႔ ဆုံၿပီဆိုရင္ မင္း သူ(မ)အတြက္ ပို လုပ္ရမယ္။ မင္းႀကိဳးပမ္းဖို႔ အခြင့္အ​ေရး မရွိေတာ့တဲ့အခ်ိန္ထိ မေစာင့္ပါနဲ႔။ ဒါက မမၽွတဘူးေလ."

သူက သူလမ္းမေလၽွာက္နိုင္ေတာ့ဘူးဆိုတာသိခဲ့ခ်ိန္ကပင္ သူ မ်က္ရည္ မက်ခဲ့ေပ။ သို႔ေသာ္ ဒီိစကားကိုေျပာခ်ိန္ကေတာ့ သူ႔မ်က္ရည္ေတြဝဲေနတာကို ခ်င္ေဝ့ေဟာ္ျမင္ခဲ့ရသည္။

သူကေျပာသည္,"ခ်င္ေဝ့ေဟာ္ မင္းနဲ႔ ထိုက္တန္တဲ့တစ္စုံတစ္ေယာက္ကို ေတြ႕တဲ့အခါေရာက္ရင္ မင္း သူ(မ)ကို လြန္လြန္ကဲကဲကို ေကာင္းေပးရမယ္ေနာ္"

သူထိုသို႔ေျပာေနခ်ိန္တြင္ သူ႔မ်က္လုံးထဲ၌ မိုက္မဲမွုကဲ့သို႔အရာေတြလဲရွိေနသည္​။ ၎ကို ေနာင္တဟု ေခၚ​၏။

ခ်င္ေဝေဟာ္ရဲ့ အာဒမ္ ပန္းသီးက နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္သြားေပမယ့္ သူဘာကို မွမေျပာခဲ့ေပ။

အဲ့ဒီရက္က ၾကာျမင့္ခဲ့ၿပီဟု ခံစားရေသာ္လည္း ဘယ္လို အဆင့္အတန္းက ထိုက္တန္တယ္လို႔ ေခၚလဲဆိုတာကိုေတာ့ သူေတြးမရခဲ့ပါေခ်။ သူက ဘဝတစ္ေလၽွာက္လုံး ထိုလူမ်ိဴးနဲ႔ မဆုံနိုင္ေတာ့တာပဲ ျဖစ္ေပမည္။

က်ဳံးက်င္းရဲ့ေျခေထာက္က လမ္းေလၽွာက္လို႔မရေတာ့ေသာအခါ ကုမၼဏီက သူ႔ကို ေအၿမိဳ႕ေတာ္ကို လႊဲေပးခဲ့ရာ မူတန္က သူမအလုပ္ကို ထြက္လိုက္ၿပီး သူနဲ႔ လိုက္ပါလာခဲ့သည္။ ပထမတုန္းက အတြင္းေရးမွူးမရွိတာေၾကာင့္ မူတန္က ေန႔တိုင္းလိုလို က်ဳံးက်င္းအား ကုမၼဏီကို တြန္းပို႔ခဲ့ရသည္။ ေနာက္ပိုင္းတြင္ ကုမၸဏီက လမ္းေၾကာင္းမွန္ေပၚေရာက္ၿပီး က်ဳံးက်င္း ရဲ့ အလုပ္တစ္စိတ္တစ္ပိုင္းကို အိမ္မွာပဲ လုပ္နိုင္ခဲ့သည္။

ထို႔ေၾကာင့္ မူတန္သည္ ယခုကဲ့သို႔ သူမ ပါဝင္သည့္ တြဲဖက္ျပဇာတ္အဖြဲ႕သို႔ သြားနိုင္သည့္အခ်ိန္ျဖစ္သည္။

သူတို႔မွာ ကေလးမရွိၾကေပ။ သူတို႔က မရွိခ်င္တာျဖစ္သည္။ က်ဴံးက်င္းရဲ့ စီမံခန႔္ခြဲေရး ႏွစ္ခ်ဳပ္လစာက အရမ္းမနိမ့္သျဖင့္ သူ မူတန္ကို အလုပ္လုပ္ခိုင္းစရာမလိုေသာလည္း သူက မူတန္ကို အလုပ္လုပ္ခိုင္းခဲ့သည္။

သူ႔ရဲ့အေၾကာင္းျပခ်က္မွာ "အိမ္မွာ အခ်ိန္အၾကာႀကီး တစ္ေယာက္နဲ႔ တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ရတာက တစ္ေယာက္ကိုတစ္ေယာက္ ၿငီးေငြ႕သြားတာကို ဦးတည္သြားေစလိမ့္မယ္။ ခံစားခ်က္ေတြကလဲ အဲ့ဒီေလာက္ မခိုင္မာေတာ့ဘူး" ဟူ၍။

မူတန္ကေျပာသည္, "ငါျဖင့္ နင့္ေၾကာင့္အၾကာႀကီးပင္ပန္းၿပီးၿပီ! ခုမွ စတာမွမဟုတ္ဘဲ" ဟု။

သို႔ေသာ္ သူမက တြဲဖက္ျပဇာတ္ကို အလုပ္လု႔ပ္ဖို႔သြာယေနတုန္းပင္။

သူတို႔ က အခ်င္းခ်င္းေကာင္းေကာင္း နားလည္ၾကၿပီး ထုတ္ေျပာတာေတြနဲ႔ သူတို႔ ရင္ထဲကစကားမ်ားက ထပ္တူက်မေနေပ။ သူတို႔က ထုတ္ေျပာတာေတြကိုမယုံၾက၊ သူတို႔က တစ္ေယာက္အေတြး တစ္ေယာက္ျမင္ၾကတဲ့ပုံစံမ်ိဴးပင္။

အရင္ကေတာ့ မူတန္က က်ဳံးက်င္းကို ေဆး႐ုံေမာင္းပို႔ရသည္။ ခ်င္ေဝ့ေဟာ္က ေအတကၠသိုလ္ေရာက္လာခ်ိန္မွာေတာ့ ဒီေန႔လိုပင္ အေျခခံအားျဖင့္ သူပဲ က်ဴံးက်င္းကို ျပန္လည္ထူေထာင္ဖို႔ ေမာင္းပို႔ေပးခဲ့သည္။

သူ က်ဳံးက်င္းကို ျပန္လည္ထူေထာင္ဖို႔ ေမာင္းပို႔ေပးၿပီး ကားထဲတြင္ကူညီေပးရတိုင္း ခ်င္ေဝ့ေဟာ္မွာ စိတ္ပိုင္းဆိုင္ရာအဟန႔္အတား ေတြကိုခ်ိဴးႏွိမ္ခဲ့ရသည္။ သူခုထိတိုင္ လိုအပ္ခ်က္​၏အသိစိတ္မွ ႐ုန္းမထြက္နိုင္ေသး။ က်ဴံးက်င္းသည္ ေက်ာက္ေတာင္တက္ရာတြင္ ေအာင္နိုင္သူတစ္ေယာက္ျဖစ္ခဲ့ေသာ္လည္း အခုမူ သူအလိုရွိရာေနရာကို ေရာက္ဖို႔ ကားထဲမွာေတာင္ အကူအညီလိုေနရၿပီျဖစ္သည္။

သူကားရဲ့ေဘးဘက္ကို ေရာက္လာခဲ့လၽွင္ က်ဳံးက်င္းက သူ႔Weelchairကေန မတ္တပ္ရပ္လာခဲ့သည္။ သူက ေက်ာက္ေတာင္တက္သမားျဖစ္ဖို႔ ထိုက္တန္ၿပီး သူ႔လက္ခြန္အားေတြက ရွိေနဆဲပင္။ သူက ျပဳံးရင္း ခ်င္ေဝ့ေဟာ္ကို ေျပာလာသည္။

"အခုအခ်ိန္မွာ ငါ ဒီလက္ေတြနဲ႔ 5.12ေလာက္ကို တက္နိုင္တယ္ဆိုရင္ မင္းယုံမလား?"

ခ်င္ေဝ့ေဟာ္က ၎ဟာ 5.12ျဖစ္ေန၍ ဒါကို ယုံၾကည္ပါသည္။ အရင္ကဆို က်ဴံးက်င္း 5.15ေတာင္ တက္နိုင္ခဲ့တာျဖစ္သည္။ က်ဳံးက်င္းက သူ႔ခႏၶာကိုယ္ကို ေထာက္ကန္လိုက္ၿပီး Co-drive r seatကို ေရႊ႕လိုက္သည္။ ခ်င္ေဝ့ေဟာ္က သူ႔ေျခေထာက္ေတြ မ,တင္ဖို႔ ကူညီေပးသည္။ ခ်ေပးၿပီးခ်ိန္မွာ က်ဳံးက်င္းက ေခါင္းငုံ႔လိုက္ၿပီး "ေက်းဇူးပဲ"လို႔ သူ႔ကို ေျပာလာသည္။

ခ်င္ေဝ့ေဟာ္ကေတာ့ သူ႔ကို ၾကည့္မေနပါေခ်။ အစမွအဆုံးတိုင္ေအာင္ သူက ေခါင္းနဲ႔ ဦးေရကို တင္းတင္းမာမာ ေနျပတတ္သည္။

က်ဳံးက်င္း ကူကယ္ရာမဲ့စြာ ျပဳံးလိုက္မိသည္။ ခ်င္ေဝ့ေဟာ္ရဲ့ နားထင္ႏွစ္ဖက္လုံးမွ ဆံပင္တို႔မွာ နားေနာက္ကို အနည္းငယ္ဂ႐ုမထားစြာ တြန္းတင္ထားရာ ရြစိစိျဖစ္ေစသည္။ ဦးေရျပားလဲအလားတူ​၏။

"ငါ့ကို မင္း ျပန္လည္ထူေထာင္ေရးကို ေခၚလာေပးတဲ့ ပထမဆုံးေန႔ကို မွတ္မိေသးလား?", က်ဳံးက်င္းက စေနာက္သလိုနဲ႔ ေမးလာသည္။

ခ်င္ေဝ့ေဟာ္ ေသခ်ာေပါက္ မွတ္မိေနသည္။ ထိုအခ်ိန္က ေဆး႐ုံကျပန္လာၿပီး ကားထဲကိုဝင္ေသာအခါ ႐ုတ္တရက္သူ႔ကိုယ္သူ မထိန္းနိုင္ေတာ့ဘဲ လဲက်ခဲ့သည္။ သူက Wheelchair ကေန ေခ်ာ္က်သြားၿပီး ေျမျပင္ေပၚကို တည့္တည့္ပင္ က်သြားေလသည္။ သူ႔ေဘးမွာ မတ္တပ္ႀကီးျဖစ္ေနတဲ့ ၁၈ႏွစ္အရြယ္ ခ်င္ေဝ့ေဟာ္ကေတာ့ ေၾကာင္အသြားခဲ့ရသည္။

သူ က်ဳံးက်င္း အရမ္းရွက္သြားတာမ်ိဴးကို မျမင္ဖူးခဲ့ေပ။ သူဟာ ခ်င္ေဝ့ေဟာ္ထက္ ပိုရင့္က်က္ၿပီး ပုံမွန္အားျဖင့္ သန္မာတဲ့ သူ႔ဆရာပင္။ သူက သူ႔ကို လမ္းညႊန္ေပးခဲ့သည္၊ စိုးရမ္ေပးခဲ့သည္၊ၿပီးေတာ့ ဂ႐ုစိုက္ေပးခဲ့သည္။ဘဝမွာ သူ႔အသက္ ၁၈ႏွစ္တိုင္လမ္းေၾကာင္းေပးခဲ့ေသာ လူပင္။ က်ဳံးက်င္းသည္ ဆရာတစ္ေယာက္၊အစ္ကိုႀကီးတစ္ေယာက္၊ၿပီးလၽွင္ သူ႔ရဲ့ တကယ့္အေဖထက္ပင္ အေဖနဲ႔ပိုတူတဲ့ သူျဖစ္ေပသည္။ သို႔ေသာ္ အခုခ်ိန္မွာေတာ့ စတင္၍ သူအရမ္း စိမ္းသက္လာခဲ့ေလၿပီ။

မည္သို႔ဆိုေစ ေနာက္အခိုက္အတန႔္တစ္ခုမွာေတာ့ သူခ်က္ခ်င္း တုံ႔ျပန္လိုက္သည္။ ခ်င္ေဝ့ေဟာ္က ေရွ႕ကို ေလၽွာက္သြားၿပီး ေျမႀကီးထိခါနီးအထိ ကုန္းလိုက္ကာ က်ဴံးက်င္းကို သယ္လိုက္ၿပီး Co-driver seatမွာ ခ်ေပးလိုက္ရင္း ျမန္ျမန္ပင္ ခါးပတ္ကို ပတ္ေပးလိုက္၍ တံခါးပိတ္လိုက္​၏။ သူ မိန္းေမာေနစဥ္ က်ဴံးက်င္းက ေျမႀကီးေပၚမွာ မည္မၽွၾကာေအာင္ထိုင္ေနခဲ့ရလဲ သူမသိခဲ့ပါေခ်။ ထို႔အျပင္ ေဆး႐ုံထဲကလူေတြက က်ဴံးက်င္းကို ဘယ္လိုမ်က္လုံးနဲ႔ ၾကည့္ၾကမလဲဆိုတာကိုေရာပင္။ သူ သူ႔ရဲ့ ေလးလံမွုနဲ႔ညံဖ်င္းမွုတို႔ကို ေနာင္တရခဲ့ရသည္။

ခ်င္​ေဝ့ေဟာ္က သူ႔မ်က္စိထဲတြင္ ေတာင္တစ္ေတာင္ကဲ့သို႔ ယုံၾကည္လို႔ရတဲ့ က်ဳံးက်င္းလို လူကို မ,မ,န္ိုင္ေလာက္ဟု ေတြးခဲ့မိသည္။ သို႔တိုင္ သူ႔လက္ေမာင္းမ်ားက က်ဴံးက်င္းရဲ့ အားနည္းေနတဲ့ေျခေထာက္ေတြကို ထိလိုက္မိခ်ိန္တြင္မူ မေမၽွာ္လင့္တဲ့ အားအင္ေတြနဲ႔ သူ ေပါက္ကြဲသြားရ​၏။ သူ က်ဴံးက်င္းကို သယ္နိုင္႐ုံမၽွမကပါဘဲ ဒါက နည္းနည္းေလးေတာင္ ခက္ခဲသည့္စန္ မေပၚခဲ့ပါေခ်။ တစ္ခါေလာက္ေတာ့ သူ က်ဳံးက်င္းရဲ့ အရာအားလုံးကို တိတ္တိတ္ေလး အားက်ခဲ့ဖူးေပမယ့္ အခုခ်ိန္မွာေတာ့ သူ႔အတြက္ ဘာမွမဟုတ္ေတာ့ေပ။ သူက သူပိုင္ဆိုင္ခဲ့တာေတြရဲ့ ႏွစ္ဆကို ပိုင္ဆိုင္ၿပီးၿပီျဖစ္သည္။

က်ဴံးက်င္းက ျပဳတ္က်တာေၾကာင့္နဲ႔ တျခားသူေတြရဲ့ေပြ႕ခ်ီခံရတာေၾကာင့္ သူ႔ရဲ့တည္ၿငိမ္တတ္တာကို ဆုံးရွုံးမသြားခဲ့ေပ။ သို႔ေသာ္ သူက စိတ္လွုပ္ရွားမွုတို႔ျဖင့္ သက္ျပင္းခ်တတ္သည္, "မင္းက တကယ္ ႀကီးလာခဲ့ၿပီပဲ! ငါမင္းကို ပထမဆုံးေတြ႕တုန္းကဆို ဒီေလာက္ပဲ ရွည္ေသးတာ."

ခ်င္ေဝ့ေဟာ္က ေအးေအးနဲ႔ ေမာင္းေနသေယာင္ေဆာငါလိုက္ၿပီး ေျပာလိုက္သည္။

"ႏွစ္ေတြအမ်ားႀကီး ၾကာေနၿပီ." 

အဲ့ဒီအခ်ိန္က ကၽြန္ေတာ္ ၁.၈မီတာေတာ့မဟုတ္ဘူး။ က်ံန္ေတာ့္ တစ္ကမၻာလုံးကသာ ၇ သို႔ ၈ စင္တီမီတာ ပုေနခဲ့တာ​။ အဲ့လိုကမၻာမွာဆို ကၽြန္ေတာ္ ခင္ဗ်ားကို ၾကည့္ေနခဲ့ၿပီး ႀကီးထြားမွုအေၾကာင္း ဘယ္တုန္းကမွမေတြးခဲ့ဖူးဘူး။

ခ်င္ေဝ့ေဟာ္က တံခါးကို လက္တစ္ဖက္နဲ႔ဖြင့္လိုက္ၿပီး ကားထဲကို ဝင္လာသည္။ တံခါးပိတ္သံနဲ႔ က်ဴံးက်င္းရဲ့ အသံတို႔က သူ႔ကို သူ႔အေတြးေတြဆီကေန ျပန္အသိဝင္သြားေစခဲ့သည္။

"အဲ့အခ်ိန္တုန္း​က မင္း Flattop shaveခဲ့တာေလ။ ဒီကေလးက ဥပေဒဌာနကို သြားဖို႔လုပ္ထားတာမဟုတ္ဖူးလား,ဘာေၾကာင့္မလို႔ Gymသြားၿပီး ဘတ္စကက္ေဘာကစားမဲ့ပုံနဲ႔ တူေနရတာလဲ? လို႔ ငါေတြးေနခဲ့တာ။ ဒါမွမဟုတ္ရင္လဲ မင္းက အရမ္းေခ်ာတယ္လို႔ေတြးၿပီး အကုန္လုံးကို tryၾကည့္ခဲ့တာလား? ဘာလို႔ မင္းေခါင္းကို အဲ့လို ထိုးခဲ့ရတာလဲ? "

ခ်င္ေဝ့ေဟာ္က ကားဂိုေဒါင္ကေန Mercedes ကို ေမာင္းထြက္လိုက္သည္။

"အဲ့ဒါက ခင္ဗ်ားကၽြန္ေတာ္ကို အဲ့မွာပူတယ္လို႔ ေျပာခဲ့လို႔ မဟုတ္ဘူးလား​? "

က်ဴံးက်င္း ထိုသို႔ ၾကားလိုက္ရေသာအခါ ခဏတာမၽွဆြံ႕အသြားၿပီးေနာက္ အသံထြက္ရယ္ေမာေတာ့သည္။သူက အေလးအနက္ထား၍ ကားေမာင္းေနသည့္ ခ်င္ေဝ့ေဟာ္ကို မ်က္လုံးမွာ မ်က္ရည္မ်ားနဲ႔ ၾကည့္လိုက္မိ​၏။

မျဖစ္နိုင္လိုက္တာ..ဒီကေလးက အရမ္း ျဖဴစင္လြန္းတယ္!

အရင္က မူတန္၊ယြီရမ္နဲ႔ သူကိုယ္တိုင္ပါ ခ်င္ေဝ့ေဟာ္ ခ်စ္မိသြားမွာမ်ိဴးကို ျမင္ဖူးခ်င္ခဲ့ၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ပုံရိပ္က အရမ္း လွပနိုင္တာမို႔ပင္။အခုေတာ့ သူ႔စိတ္ေတြ ႐ုတ္ျခည္းေျပာင္းလဲခဲ့ရၿပီ။

ဒီကေလးက မခ်စ္မိတာပဲ ေကာင္းပါတယ္။သူ တျခားမိန္းကေလးမ်ားဆီက လွည့္ဖ်ားခံရမွာကို က်ဴံးက်င္း စိတ္ပူမိတယ္!

Mercedes-Benz က Villaထဲကေမာင္းထြက္လာေသာအခါ က်ဴံးက်င္းက ကားေမာင္းေနတဲ့ ခ်င္ေဝ့ေဟာ္ကို ၾကည့္ရင္း အေတြးအျပည့္နဲ႔ ေမးလိုက္သည္။

"ငါသိခ်င္ေနတာ, မင္းမွာ ေန႔တိုင္း အလုပ္မရွိဘူးေနာ္? မင္း ေက်ာင္းမသြားဘူးလား?"

ခ်င္ေဝ့ေဟာ္က မ်က္ေမွာင္ၾကဳတ္လ်က္ ေျပာသည္,"ဒီေန႔က ပိတ္ရက္."

က်ဴံးက်င္းသူ႔ကို တစ္ခ်က္ပင္ၾကည့္လိုက္မိသည္။ ခ်င္ေဝ့ေဟာ္ရဲ့ စိတ္မရွည္မွုက ဒီေလာက္ေတာင္ျပင္းထန္ရလား! အထူးသျဖင့္ သူ႔ေရွ႕မွာဆိုရင္ေပါ့။

သူ႔အမူအရာမွာ သူ႔အေဖနဲ႔ ရန္ျဖစ္ရေတာ့မလို ခက္ခဲၾကမ္းတမ္းေနတဲ့ဘဝႀကီး ပိုင္ဆိုင္ထားရတဲ့ ပုံစံကဲ့သို႔ ျဖစ္ေနရသည့္တိုင္ သားတစ္ေယာက္အေနနဲ႔ သူ႔တာဝန္ေတြကို မွတ္မိဖို႔လဲ လိုေသးသည္ေလ။ သူေျပာလိုက္မိသည္။

"ပိတ္ရက္မဟုတ္လဲ မင္းက အေတာ္ေလး အားယားေနတာပါ ေကာင္ေလးရာ"

"တကၠသိုလ္ေတြက သာမန္အားျဖင့္ အားတယ္"

က်ဴံးက်င္းက တစ္ခုခုေျပာလိုက္ခ်င္ေသာ္လည္း ႐ုတ္တရက္ ခ်င္ေဝ့ေဟာ္က လမ္းေဘးဘက္ကို ၾကည့္ေနတာကို ျမင္လိုက္ရသျဖင့္ ေမးလိုက္မိသည္။

"မင္း ဘာေတြၾကည့္ေနတာလဲ?"

ခ်င္ေဝ့ေဟာ္က အန္းနင္ကို လန္ထ်န္းနိုင္ငံမွာ ျမင္ရလိမ္းမည္လို႔ မေမၽွာ္လင့္ဖူးေပ။ သူက အိမ္ႀကီးထဲမွထြက္လာတာျဖစ္ၿပီး အိမ္ပိုင္ရွင္ကလဲ အန္းနင္ကို တံခါးထိလိုက္ပို႔ေလသည္။ ႏွစ္ေယာက္သား ခဏမၽွစကားေျပာေနၾကၿပီး အန္းနင္က ေခါင္းငုံ႔လ်က္ ရွက္ရြံ႕စြာနဲ႔ မ်က္မွန္ကို ပင့္လိုက္သည္။

ခ်င္ေဝ့ေဟာ္မွာ နားလည္ရခက္စြာ အဆင္မေျပျဖစ္လာခဲ့ရသည္။

ပိုင္ရွင္က ရယ္ေမာလိုက္ၿပီး သူ႔ကို အဝတ္အတြက္ စကၠဴအိတ္တစ္ခုေပးေလသည္။ အန္းနင္က ၎ကိုပါ ယူသြားၿပီး ထြက္သြားခဲ့သည္။

ခ်င္ေဝ့ေဟာ္ မသိလိုက္ပါဘဲ မ်က္ေမွာင္ၾကဳတ္သြားသည္။ က်ဴံးက်င္းက ခ်င္ေဝ့ေဟာ္ရဲ့ ျမင္ကြင္းေနာက္ကို လိုက္ၾကည့္လိုက္ရာ ခ်န္ေဖးကို ျမင္လိုက္ရသည္။ သူက နားလည္စြာျဖင့္ ျပဳံးလာ​၏။

"ေတာ္ေတာ္လွတဲ့ အလွေလးပဲ~"

ခ်င္ေဝ့ေဟာ္က သူ႔ကို လ်စ္လ်ဴရွုလိုက္ၿပီး ဂီယာကို ခ်ိန္းလိုက္ကာ အရွိန္တင္လိုက္ၿပီး ပလက္ေဖာင္းမွာ လမ္းေလၽွာက္ေနတဲ့ အန္းနင္ေဘးကေန လ်င္ျမန္စြာျဖတ္သြားခဲ့သည္။ သူက မ်က္လုံးေထာင့္ေလ ေဝ့ဝိုက္ၿပီး သူ႔ကို တစ္ခ်က္ၾကည့္လိုက္ေသးသည္။

"ဒါေပမယ့္ အဲ့ဒီအမ်ိဴးသမီးက လက္ထပ္ၿပီးသား", က်ဳံးက်င္းက ထိုင္ခုံကို မွီရင္းေျပာလာခဲ့သည္။

"ကေလးေတာင္ရွိတယ္။ သူမေယာက္်ားက A List ကုမၼဏီရဲ့ ေဘာစ့္ပဲ။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ဆုံးသြားခဲ့တာ၊ ကေလးကို တစ္ေယာက္တည္းပ်ိဴးေထာင္ရတာ မလြယ္ဘူး."

သူေျပာရင္း ခ်င္ေဝ့ေဟာ္ကို တစ္ခ်က္ၾကည့္မိေသးသည္။

ဒါေပမယ့္မင္း Ideal Typeေတာ့ မျဖစ္နိုင္ပါဘူး။ ခ်င္ေဝ့ေဟာ္မွာ Oedipus Complexရွိေနတာလို႔မေျပာနဲ႔ေနာ္?

အဲ့လိုမ်ိဳးစဥ္းစားလိုက္ရင္တကယ္ နည္းနည္းေတာ့ ေၾကာက္စရာဘဲ!

ခ်င္ေဝ့ေဟာ္က စီယာတိုင္ဘီိးကို လွည့္ရင္းေျပာသည္။

"ကၽြန္ေတာ္က တစ္ခ်က္ပဲၾကည့္လိုက္တာပါ။ ခင္ဗ်ားက တေနကုန္လိုရင္းကို မေရာက္ေတာ့ဘူး။"

"မင္းတစ္ခ်က္ၾကည့္တာခံရတဲ့ တစ္စုံတစ္ေယာက္ျဖစ္ဖို႔ဆိုတာ လြယ္တဲ့ကိစၥမွာမဟုတ္တာကြာ!ငါက စိတ္လွုပ္ရွားသြားလို႔ပါ"

႐ုတ္တရက္ ခ်င္ေဝ့ေဟာ္က ေမးလာသည္။

"အဲ့ဒါဆိုအဲ့ေကာင္ေလးကေရာ ဘယ္သူလဲသိလား?"

က်ဴံးက်င္းခမ်ာ ကားေနာက္က်န္ခဲ့တဲ့ ေကာင္ေလးကို လွည့္ၾကည့္လိုက္ရသည္။

အေတာ္ေလး စာႀကိဳးစားတဲ့ပုံစံနဲ႔ ေကာင္ကေလးဘဲ!

သူ ပုခုံးတြန႔္လိုက္သည္, "ငါမသိဘူးေလ! သူ႔ေဆြမ်ိဴးေနမွာေပါ့။ ေမာင္ေလးတို႔ ၊ဝမ္းကြဲတို႔ တူတို႔ ဒါမွမဟုတ္ရင္လဲ တစ္ေယာက္ေယာက္ေပါ့ အကုန္ျဖစ္နိုင္တာပဲ"

ခ်င္ေဝ့ေဟာ္ေျပာလိုက္သည္,"သူတို႔က ႐ုပ္မမတူတာ ဘယ္လိုလုပ္ ေဆြမ်ိဴးျဖစ္နိုင္မွာလဲ !."

က်ဴံးက်င္း အံ့ဩသြားရသည္: "ဒီေလာက္အေဝးႀကီးကေန သူတို႔မတူဘူးလို႔ မင္းကျမင္ရတယ္လား?ဘာလို႔ သူမ်ားအေၾကာင္းေျပာေနရတာလဲ? "

ခ်င္ေဝ့ေဟာ္က ေပါ့ေပါ့ပါးပါးေမးသည္ဟုသာေျပာသည္။ ကားက ေရွ႕ဆက္ၿပီး ဗြက္အိုင္ကိုျဖတ္ေမာင္းလိုက္သည္။ အရွိန္က ျမန္လာေသာေၾကာင့္ ေရက ကားေဘးဘက္တြင္ အေတာ္ျမင့္ေအာင္ စင္သြားရသည္။

က်ဳံးက်င္က ခ်င္ေဝ့ေဟာ္ ကားကို အာ႐ုံေထြျပားစြာေမာင္းေနသည္ကို ျမင္ရလၽွင္ သတိေပးလိုက္သည္။

"ကားကို ၾကမ္းေအာင္မေမာင္းနဲ႔၊ေန႔လည္ခင္းတုန္းက မိုးရြာထားတာ...", ခ်င္ေဝ့ေဟာ္က တုံ႔ျပန္မလာခဲ့၊ ထို႔ေၾကာင့္ က်ဳံးက်င္းက စတင္ေရရြတ္လာသည္။

"ေရွာင္တန္ကျဖင့္ မင္းကငါ့ကို စိတ္ခ်ရေလာက္ေအာင္ဂ႐ုစိုက္တယ္လို႔ထင္ေနတာ။ သူမက ငါ ျပန္လည္ထူေထာင္ေအာင္ ဂ႐ုစိုက္ေပးတာကိုေတာင္ မသိေသးဘူး။ ဒါေၾကာင့္ ငါလဲ အျမဲစိတ္ပူေနရတယ္။ ငါ့ကိုေျပာ! ,။ မင္းငါ့ကို ျပန္လည္ကုသဖို႔ေခၚသြားတဲ့ ပထမဆုံးအႀကိမ္က အမွတ္ဘယ္ေလာက္ ႏုတ္ခဲ့လဲ?..."

သူခမ်ာ ခ်င္ေဝ့ေဟာ္ဘယ္လို ကားေမာင္လိုင္စင္ရလာခဲ့လဲပင္ မသိခဲ့ေပ။ ခ်င္ေဝ့ေဟာ္သူ႔ကို ေမာင္းပို႔လၽွင္ သူ႔မွာအလြယ္ကေလး မအိပ္နိုင္ပါေခ်။ ဘယ္သူမွလည္း လြယ္လြယ္အိပ္နိုင္မွာမဟုတ္။

တစ္ႀကိမ္တြင္ သူ အိပ္ေပ်ာ္သြားၿပီး မ်က္လုံးဖြင့္လိုက္သည္ႏွင့္ ခ်င္ေဝေဟာ္သည္ ကားမ်ားကို ေက်ာ္တက္ရန္ လမ္းၾကားႏွစ္ခုကို ခ်ိန္းဖို႔လုပ္သည္ကို ေတြ႕လိုက္ရသည္။ သူအရမ္းတုန္လွုပ္သြားၿပီး ထထိုင္လိုက္ကာ "ေဟ့ ကားကို ဒီလိုမေမာင္းရဘူး!"လို႔ေအာ္လိုက္ရသည္။

ထိုအခ်ိန္က ခ်င္ေဝ့ေဟာ္ သည္ အျပစ္ကင္းစြာနဲ႔ ဘာလို႔လဲ ဟုေမးလာ​၏။

​က်ဳံးက်င္းက မခံမရပ္နိုင္ျဖစ္ၿပီး ေျပာလိုက္သည္,"မင္းရဲ့ကားေမာင္းတဲ့ေက်ာင္း ဆရာက မင္းကိုမသင္ေပးဘူးလား? ဒါကိုေျပာျပဖို႔ ဘာလို႔လိုအပ္တာလဲ?"

အခ်ိန္အေတာ္ၾကာၿပီးေနာက္မွာ ခ်င္ေဝ့ေဟာ္ ကေျပာလာသည္။

"ေမ့သြားၿပီ"

သူက သက္ျပင္းခ်လိုက္၍ ေျပာလိုက္သည္။

"ဒါကို မင္းေမ့လို႔မရဘူး။ ဒါက ဒီေလာကရဲ့ ေနထိုင္ျခင္းစည္းမ်ဥ္းပဲ။"

ဒီ ကေလး၏ကမၻာသည္ ရိုးရွင္းလြန္းသည္ဟု သူ႔ဘာသာသူ ေတြးေနမိသည္။ သူက ဆြဲငင္အားႀကီးကို ဆန႔္က်င္ၿပီး စည္းမ်ဥ္းစည္းကမ္းမ်ားကို စိန္ေခၚလိုသူျဖစ္သည္။

သူ႔ကို ခ်ဳပ္ထိန္းဖို႔ စည္းကမ္းေတြ အမ်ားႀကီးသုံးလိုက္ရင္လဲ သူက ဘယ္လိုမွတ္မိမွာတဲ့လဲ?

ေနာက္ပိုင္းတြင္ေတာ့ ခ်င္ေဝ့ေဟာ္က ကားေမာင္းလိုင္စင္ရၿပီးတာၾကာၿပီျဖစ္ၿပီး အခ်ိန္အေတာ္ၾကာ ကားမေမာင္းခဲ့တာကို သိလိုက္ရသည္။ ခ်င္ေဝ့ေဟာ္ကသူ႔မွာ ယာဥ္ရွိတယ္လို႔ေျပာေပမယ့္ ၎​က ေမာ္ေတာ္ဆိုင္ကယ္ျဖစ္သည္။ သူက က်ဴံးက်င္းကို ဂ႐ုစိုက္ေပးဖို႔ ကားေမာင္းလိုင္စင္ကို ျပန္စစ္ေဆးခဲ့တာျဖစ္သည္။ ထိုသို႔သိၿပီးေနာက္တြင္ေတာ့ က်ဴံးက်င္းမွာသူ႔ကို ထပ္အျပစ္မတင္နိုင္ေတာ့သည့္တိုင္ အႀကိမ္တိုင္းလိုလိုမွာေတာ့ ေစာင့္ၾကည့္ျဖစ္သည္။ ခ်င္ေဝ့ေဟာ္က ယာဥ္ေမာင္းစည္းကမ္းေတြကို ခ်ိဴးေဖာက္မွာကို သူတကယ္ႀကီးေၾကာက္ရပါသည္။

----------------------------

မွားမယ္ေနာ္ အစ္ကိုခ်င္(╹◡╹)

Continue Reading

You'll Also Like

440K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
620K 112K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...
283K 47.9K 72
Original Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန္ယင္းတစ္ေယာက္ မသိရသည္မွာဘာေၾကာင့္လူအုပ္ႀကီးတစ္အုပ္သူ႔ေနာက္လိုက္လာၿပီ...
13.4K 678 9
Type : Web novel Eng Title: Mr. Yuan is Always Unhappy Original Title: 袁先生总是不开心 Author: 徐徐图之 Original Publisher: jjwxc Source (s): Chrysanthemum Gard...