အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင...

By AvocadorableM

40.6K 3.7K 114

Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated... More

Chapter 1
Chapter 2
Ch 3
Ch 4
Chapter 5
Chapter 6
Chapter 7.1
Chapter 7.2
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Zawgyi chapter 1
Zawgyi chapter 2
Zawgyi chapter 3
Zawgyi chapter 4
Zawgyi chapter 5
Zawgyi chapter 6
Zawgyi chapter 7
Zawgyi chapter 8
Zawgyi chapter 9
Zawgyi chapter 10
Zawgyi chapter 11

Zawgyi chapter 12

772 47 2
By AvocadorableM

ဒီလိုနဲ့ သုံးနှစ်တောင်ကြာသွားပြီ။

အင်း။သုံးနှစ်က ဘာလိုလိုနဲ့ ကုန်သွားတယ်။

ဒီသုံးနှစ်အတွင်းမှာ ငါနဲ့မုယွင်ရဲ့ အခြေအနေဟာ လုံးဝကို ကပြောင်းတိကပြောင်းဆန်နေရောပဲ။ အရင်တုန်းကတော့ အမြဲတမ်းလိုလို ဒီကိုယ်နဲ့ ငါအလုပ်လုပ်တယ်၊ အခုတော့ မုယွင်က ဒီကိုယ်နဲ့ သူလုပ်ချင်တာ လုပ်နေတယ်။  မုယွင်က ဒီကမ္ဘာကြီးကိုဖျက်ဆီးဖို့ နေ့စဉ်နှင့်အမျှ အလွန့်အလွန်အလုပ်များနေပြီးနောက် ဇာတ်လမ်းက ရုတ်တရက်ချည်း ရောက်ချလာပြန်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါဘာမှတ်ချက်မှ မပေးချင်ပေမယ့် မုယွင်ကိုကြည့်ရတာ အရမ်းပျော်နေပုံပဲ။  သူက နေ့တိုင်း မှန်တစ်ချက်ကို သယ်ထားလေ့ရှိပြီး အဲ့မှန်ကနေတဆင့် ငါလုပ်နိုင်တာက သူနဲ့ စကားပြောတာ တစ်ခုတည်းပဲ။

ကျုကျွယ်က ငါ့ကိုရှာဖို့ အမြဲကြိုးစားပေမယ့် မုယွင်ကိုပဲ တွေ့နေရတယ်။  ဇာတ်ကြောင်းတစ်ခုလုံးက ပြောရရင် Naruto လိုပဲ 'မင်းငါ့နောက် လိုက်ပြီး ငါမင်းနောက်လိုက်နေတယ်၊ ​​မင်းပြန်လာတော့ ငါပြန်မသွားတော့ဘူး' ဆိုတဲ့ ဇာတ်ကွက်အဖြစ် ပြောင်းသွားတယ်။  ဘာဆိုဘာမှ မလုပ်ပေးနိုင်တဲ့ ငါ့အတွက်ကတော့ ဒီတိုင်းထိုင်ကြည့်နေရုံပဲတတ်နိုင်တယ်။

ဒါကြောင့် အခု သုံးနှစ်ကြာပြီးတဲ့ နောက်မှာ ငါတို့ ဇာတ်သိမ်းပိုင်းကို ရောက်နေပြီ။

ငါစောင့်မျှော်နေခဲ့ရတဲ့ နောက်ဆုံးဇာတ်သိမ်းပေါ့။

သုံးနှစ်ကြာပြီးတော့ ငါ့ရှေ့မှာရပ်နေတဲ့ ကျုကျွယ်က အရပ်ပိုရှည်လာတယ်။  ငါ့ထက်တောင် အရပ်ရှည်လာသေးတယ်။  ကျုကျွယ်က ငါ့ကိုကြည့်​ပြီး "မုဖုန်း?"

ငါ့ကိုယ်က ခေါင်းယမ်းပြီး "မုယွန်း" လို့ပြန်ဖြေတယ်။

ကျုကျွယ်က စိတ်ပျက်လက်ပျက်ဖြစ်သွားပုံနဲ့
"မင်း သူ့ကို ငါ့ဆီဘယ်တော့မှ ပြန်ပေးမှာလဲ?"

"သူက မင်းအပိုင်မဟုတ်ဘူး။"

"သူ ဖြစ်လာမှာ။" (ကျုကျွယ်က မုဖုန်းက သူ့အပိုင်ဖြစ်လာတော့မှာလို့ ပြောချင်တာပါ။)

မုယွင် က ကုကျွယ်ကို ကြည့်ပြီး " မင်းသိလား ? မုဖုန်း ငယ်ငယ်လေးကတည်းက သူနဲ့အတူ အမြဲ ငါရှိနေခဲ့တာ။ အဲဒီတုန်းက မုဖုန်းမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။  အမြဲတမ်း သူတစ်ယောက်တည်း ကစားခဲ့ရတာ။  စကားပြောရမယ့်သူမရှိတာမို့  သူက မှန်နဲ့စကားပြောတတ်တယ်။  အဲဒီအချိန်ကတည်းက ငါက သူနဲ့အတူ အမြဲရှိခဲ့တာ။  မုဖုန်းက အချိန်အကြာဆုံး အထီးကျန်နေခဲ့ရတာ။ ဒါပေမယ့် မင်းရောက်လာကတည်းက ငါက သူ့အတွက် အရေးကြီးတဲ့သူတစ်ယောက်မဟုတ်တော့ဘူး၊ အဲဒါ မဖြစ်သင့်ဘူးလေ။ ငါကပဲ သူ့နားဆက်ရှိနေသင့်တာ။  အမြဲတမ်း ငါတစ်ယောက်တည်းကပဲ ရှိနေရမှာ။"

ကျုကျွယ် ဘာမှ မပြောနိုင်ပဲ တိတ်ဆိတ်နေတယ်။

"ဒါက နောက်ဆုံးအခွင့်အရေးပဲ။ နောက်ဆုံးဇာတ်သိမ်းက ဇာတ်လိုက်ရဲ့သေဆုံးခြင်းပဲ ဖြစ်သင့်တာ။"  မုယွင်က သူ့ကဘာသာသူ တိုးတိုးလေး ပြောတယ်။  "စာရေးသူက ဒီကမ္ဘာကြီးကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ  မဆုံးဖြတ်ရသေးဘူးပဲ။  ဒီတော့ မင်းကိုသတ်လိုက်လည်း ဘာမှမဖြစ်နိုင်ဘူး။"

"ခင်ဗျား ဘာတွေပြောနေတာလဲ?"

"ဟင်?  ဒါ ဘယ်လိုကမ္ဘာလည်းဆိုတာ မင်းမသိဘူးလား။"

"ခင်ဗျား ဘာပြေဋချင်တာလဲ?"  ကုကျွယ်က ရှုပ်ထွေးလာတဲ့ပုံပဲ။

"ဘာလဲ။  မင်းမသိဘူးလား..." မုယွင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း "ဒါဆို ငါပြောပြမယ်။  ဒါက ဝတ္ထုထဲက ကမ္ဘာပဲ။"

... သူ ဘယ်လိုတောင် ဒီစကားကို အသံထွက်ပြီး ပြောနိုင်ရတာလဲ။  ဇာတ်သိမ်းခန်းနီးလာလို့များလား။

ဒီစကားကို ကြားတော့ ကျုကျွယ် ထိတ်လန့်သွားတယ်။

"မင်းကြောင့်ပဲ ဒီကမ္ဘာကလူတွေ ဒုက္ခရောက်နေရတာ။   လူတိုင်းက ကိုယ်မဟုတ်တဲ့သူတစ်ယောက်လို ဟန်ဆောင်ပြီး မလုပ်ချင်တဲ့အရာတွေကို လုပ်နေရတာ မင်းကြောင့်ပဲ။"  မုယွင်က တဖြည်းဖြည်းနဲ့ ဒေါသတကြီးဖြစ်လာပြီး "မင်းက ဒီအကြောင်းတွေ ဘာမှမသိဘူးလို့ ငါ့ကို ပြောချင်နေတာလား။"

ကျုကျွယ်က ဘာပြောလို့ပြောရမှန်းမသိတော့ဘူး။

"မသိဘူး... ဘယ်သူမှ မပြောဘူး..."

မုယွင်က ခနဲ့တဲ့တဲ့လှောင်ပြောင်လိုက်ပြီး "မင်း ဟိုဘက်ခြမ်းကမ္ဘာကနေ ဒီကိုရောက်လာကတည်းက ဒီကမ္ဘာကြီးက အခြေအနေ ဆိုးသွားတာပဲ။"

"ဟိုဘက်ခြမ်းက ကမ္ဘာဆိုတာ ဘာကိုဆိုလိုတာလဲ"  ကျုကျွယ်က မုယွင်ကိုကြည့်ရင်း "ငါက ဒီကမ္ဘာကြီးမှာပဲ အမြဲရှိနေခဲ့တာ...ဘယ်ကလာမှန်းမသိတဲ့ ဝိညာဉ်အင်အားစုလိုဟာမျိုးက ငါ့ကိုဖယ်ထုတ်ဖို့ အမြဲကြိုးစားနေပေမယ့် တခါမှ မအောင်မြင်ကြဘူး။ ဒီကမ္ဘာကြီးအကြောင်းကိုလည်း ဘယ်သူကမှ ငါ့ကို မပြောကြဘူး။"

မုယွင်နဲ့ငါ ဇာတ်ကြောင်းတစ်ခုလုံးနဲ့ပတ်သတ်ပြီး အကြီးကျယ်ဆုံးသောအရာကို ရုတ်တရက် နားလည်သွားခဲ့တယ်။  လက်စသတ်တော့ ဇာတ်လိုက်က ဇာတ်ကြောင်းပြောထားသလို သည်ခန္ဓာကိုယ်ကို မသိမ်းပိုက်နိုင်ဘူး။ ဒါကြောင့်  အခုဇာတ်လိုက်ရဲ့ခန္ဓာကိုယ်ထဲမှာက အသက်ရှင်နေတာ ကြာပြီဖြစ်တဲ့ သေဆုံးသွားပြီလို့ အားလုံးက ယူဆထားတဲ့ ကလေးရှိနေတာပဲ။  အဲ့ဒီကလေးရဲ့ ပတ်ဝန်းကျင်က လူတွေကလည်း ဇာတ်ကြောင်းအရဆို ကလေးက စောစောသေရမှာဆိုတော့ ဇာတ်ကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာဆို ဘာဆိုဘာမှ သူ့ကိုမပြောပြဖူးတဲ့ပုံပဲ။  ဒီနည်းနဲ့ တွေးကြည့်ရင် အားလုံးက အဓိပ္ပါယ်ရှိတယ်။

( ပြောချင်တာက အခု ကျုကျွယ်က ဇာတ်ကွက်ထဲမှာ လုံးဝ မပေါ်သေးတဲ့ အပိုလူတစ်ယောက်။ မူရင်းဇာတ်ကြောင်းအတိုင်းဆို ဇာတ်လိုက်က အခုကျုကျွယ်သေသွားပြီး ဝိညာဉ်ကူးပြောင်းလာရမှာ။ ဒါပေမယ့် ကျုကျွယ်လေးက မသေပဲ ဝိညာဉ်ကလည်း မထွက်သွားတော့ ဟိုဘက်က ဇာတ်လိုက်က ဝိညာဉ်မကူးပြောင်းနိုင်တော့ဘူး။ ဇာတ်လိုက်ရရမယ့် ရောင်ခြည်တွေဘာညာအကုန်လုံး မူလ ကျုကျွယ်ကပဲ ရသွားတာ။ ပြီးတော့ သူငယ်ငယ်လေးကတည်းက ဒီဇာတ်ကြောင်းကို ဘယ်သူကမှ မပြောတဲ့အတွက် ဘာမှ သဘောမပေါက်ခဲ့တာ)

မုယွင်က ဒီကိစ္စကို ဆက်ပြီး ရှင်းခင်းချင်တဲ့စိတ်မရှိဘူး။ သူက ဓားကို မြှောက်ပြီး

"ဒါဆို အခု ပြီးသွားလိမ့်မယ်။  မင်းသေသွားပြီဆိုတာနဲ့ ဇာက်ကွက်တွေအားလုံးလည်း ရှိတော့မှာမဟုတ်ဘူး။" မုယွင်က ကျုကျွယ်ကို လက်ထဲကဓားနဲ့ ချိန်ထားရင်း "မင်းသေရင် အရာအားလုံးပြီးသွားမှာ။  ဘယ်သူကမှ ကိုယ်မဟုတ်သလို ဟန်ဆောင်ပြီး မလုပ်ချင်တာတွေလုပ်နေရတော့မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့...."

မုယွင်က ကျုကျွယ်ကို ပြုံးပြလိုက်ပြီး  "ဒါကြောင့်မို့လို့ မင်း သွားသေလိုက်တော့။"

ဇာတ်လိုက်နဲ့ ဗီလိန်ဘော့စ်ရဲ့ နောက်ဆုံးသော အသေအကြေတိုက်ပွဲက တရားဝင်စတင်ပါပြီ။

နောက်ဆုံးတိုက်ပွဲလို့ ပြောတဲ့အတိုင်း ကောင်းကင်ဘုံနှင့်ငရဲဘုံ နှစ်ခုစလုံးကို တုန်လှုပ်စေတဲ့၊ တောင်တန်းနဲ့ ကုန်းမြေကို ရွေ့လျားစေနိုင်တဲ့၊ ကောင်းကင်နှင့်မြေကြီးကို မှောင်မိုက်စေပြီး ဝိညာဉ်တွေ ကြောက်လန့်တကြား အော်ဟစ်ကာ နတ်ဘုရားများ ဒေါသတကြီး မြည်တမ်းတဲ့အထိ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ စာရေးသူက ဒီတိုက်ပွဲကို စကားလုံးပေါင်း ၄၀၀၀ လောက်နဲ့ ရေးသားဖော်ပြခဲ့တယ်။  ဒါက ဟာရမ်ဝတ္ထုဖြစ်တဲ့အတွက် အသေးစိတ်သကားလုံးတွေကိုတော့ ငါမပြောပြချင်တော့ဘူး။  မင်းသိထားရမှာက နေက ကောင်းကင်ပြင်ကို ဖြတ်သန်းသွားပြီး နေနဲ့လဟာ တောက်ပမှုတွေ ပျောက်ဆုံးသွားတဲ့အထိ၊ကောင်းကင်နဲ့ မြေပြင်ကို မှောင်မိုက်ဖုံးလွှမ်းသွားတဲ့အထိ တိုက်ပွဲက တကယ်ကို ရှည်ကြာတယ်ဆိုတာပဲ။ နောက်ဆုံးတော့ ဇာတ်လိုက်က မြေပြင်ပေါ် ရိုက်ချခံလိုက်ရတယ်။

ကျုကျွယ်က မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး သူ့တစ်ကိုယ်လုံးလည်း သွေးတွေနဲ့ စွန်းထင်းနေတယ်။   ကြည့်ရတာ တစ်ကိုယ်တော် စကားပြောခန်းရောက်ပြီထင်တယ်။

ငါ ဒီလိုပဲဆက်ပြီး ဝေဖန်သွားချင်ပေမယ့် တစ်ချိန်တည်းမှာပဲ ငါဘာမှဆက်မပြောချင်တော့ပြန်ဘူး။ သေချာပေါက် ငါ ကျုကျွယ်ကို သူ့ကိုဘယ်တော့မှ မနာကျင်စေရဘူးလို့  ကတိပေးခဲ့တယ်။ အခု မုယွင်က သူ့ကို နာကျင်စေတယ်။ ဒါပေမယ့်လည်း အဲ့ဒါက ငါက သူ့ကို နာကျင်စေခဲ့တယ်ဆိုတာနဲ့ ဘာမှမကွာဘူး။ မုယွင်၊မုယွင်၊ အဲ့ဒါက မုယွင်လုပ်တာလို့ ပြောနိုင်ပေမယ့် တကယ်က မုယွင်ကလည်း ငါပဲလေ။ အခုဒီလိုမျိုး ဖြစ်လာတာ ငါသူ့အတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။  

ဘာလိုလဲဆိုတော့ ကျုကျွယ်က ငါ့အတွက် အရေးအကြီးဆုံးပဲ။

သူက ဇာတ်လိုက်ဖြစ်နေလို့လား?

မဟုတ်ဘူး။ သူက ကျုကျွယ်မို့လို့။

သူက ကျုကျွယ်ပဲ။

အဲ့ဒါကြောင့်မို့ကို သူက ငါ့အတွက် အရေးကြီးတဲ့လူဖြစ်နေတာ။

ဒါပေမယ့်လည်း သူက အဲ့လို အရေးပါတော့ရော ဘာထူးလို့လဲ။

ဒါက ငါ့ရဲ့နောက်ဆုံးခန်းပဲလေ။

ငါ့ရဲ့နောက်ဆုံး အခွင့်အရေးက မုယွင် ဓားမြှောက်လိုက်တဲ့ အချိန်ပဲ။ ခဏလောက်ပဲ ထိန်းထားနိုင်မယ်ဆိုတာ သိနေပေမယ့် ငါ မုယွင်ကို ဖိနှိပ်ထားလိုက်တယ်။ ငါက အရန်ဇာတ်ကောင်(ဒုတိယဇာတ်လိုက်)တစ်ယောက်ဖြစ်ပြီး ငါ လုပ်ကိုလုပ်ရမယ့်တာဝန်တစ်ခုဆိုပေမယ့်လည်း ငါ ကျုကျွယ်ကို ဒီနောက်ဆုံးခန်းလေးမှာ ကာကွယ်ပေးချင်တယ်။ ငါ့တာဝန်မဟုတ်ဘူးဆိုရင်တောင် ငါသူ့ကို ကာကွယ်ပေးချင်တယ်။ ငါ ကျုကျွယ်ရဲ့ မျက်လုံးတွေထဲ စိုက်ကြည့်လိုက်တယ်။

"ငါ့ကို သတ်လိုက်။"

မျက်နှာတစ်ပြင်လုံး သွေးစွန်းနေတဲ့ ကျုကျွယ်က အံ့သြတကြီးနဲ့ ငါ့ကို မော့ကြည့်ရင်း "ရှစ်ရှုန်း?"

"မြန်မြန်!"

ကျုပျွယ်က အတန်ကြာတိတ်ဆိတ်နေပြီးမှ ခေါင်းကို ပြင်းပြင်းထန်ထန်ခါရမ်းလိုက်တယ်။

"ငါ့ကို သတ်လိုက်၊ ဒါမှ ဇာတ်ကြောင်းက ပြီးသွားမှာ။"

"မလုပ်ဘူး။ ကျွန်တော် ရှစ်ရှုန်းကို မသတ်ချင်ဘူး.."

ပြောနေရင်းနဲ့ ငါ မုယွင်ကို မဖိနှိပ်ထားနိုင်တော့ဘူး။သူက ငါ့အသိစိတ်ထဲမှာ အော်ဟစ်သောင်းကျန်းနေတယ်။ "မုဖုန်း! မင်း ရူးသွားတာလား။ အဲ့ကောင်က ငါ့ထက်ကို ပိုပြီး အရေးကြီးနေတာလား။ "

မေးခွန်းကို သေသေချာချာ စဉ်းစားကြည့်မိတယ်။

ငါကိုယ်တိုင်လည်း မသိဘူး။  အစကတည်းက ဇာတ်လိုက်နဲ့ ဒုတိယဇာတ်လိုက်က အချစ်စစ်နဲ့ ချစ်ခဲ့ကြတာများလား?

ငါ ဓားကိုင်ထားတဲ့ ကျုကျွယ်ရဲ့ လက်ကိုဆွဲပြီး ငါ့နှလုံးတည့်တည့်ကို ထိုးချပစ်လိုက်တယ်။

နာလိုက်တာ.... ဒါပေမယ့် ငါ ကျုကျွယ်ကို ပြုံးပြမိနေတုန်း။

နောက်ဆုံးတော့ ဒီ ရွှမ်ယွမ်မုဖုန်းဆိုတဲ့ ဇာတ်ကောင်က အဆုံးသတ်သွားရပြီ။

ဝတ္ထုက ဇာတ်သိမ်းသွားပြီ။ ကျန်ခဲ့တဲ့လူတိုင်းရဲ့ အဆင့်အတန်းကိုလည်း ဆုံးဖြတ်ပြီးပြီ။ ဒီဝတ္ထုရဲ့ နောက်ဆုံးစာမျက်နှာမှာ မပါရတော့တာကလွဲလို့  ငါ့ရဲ့ဇာတ်သိမ်းကို ရောက်ခဲ့ပြီးပြီ။ ကမ္ဘာကြီးက ပျောက်ကွယ်မသွားဘူး။  ဇာတ်သိမ်းပြီးတဲ့နောက်မှာ 77 နှင့် 38 တို့က လက်ထပ်သွားတယ်။  တခြား ဝတ္ထုတွေလိုပဲ  'ဆက်သွားပါ၊ ဇာတ်လိုက်၊ ငါတို့က မင်းအတွက် အသေးစား ဗီလိန်ဘော့စ်လေးတွေကို ပိတ်ဆို့ထားပေးမယ်' ဆိုတဲ့ အပိုင်းကို ဇာတ်လိုက်နဲ့ တိုက်ပွဲတွေအတွင်း သူတို့ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့တယ်။  ငါနဲ့ မဆိုင်ပေမယ့် ဇာတ်ကွက် အပြောင်းအလဲတွေလည်း အများကြီး ဖြစ်သွားသေးတယ်။ ဒုတိယသခင်လေး ဟွားက သူ့ရဲ့ ဆောင်ပြာမြိုင်ကို ပိတ်သိမ်းလိုက်တယ်။ ဒါပေမယ့်  စားသောက်ဆိုင်များနှင့် တခြား လုပ်ငန်းတွေကိုတော့ ဆက်ဖွင့်ထားတုန်းပဲ။ သူက  အလှကုန်ဆိုင်အသစ်ကိုတောင် ဖွင့်ခဲ့သေးတယ်။ ငါ့ဆရာကတော့ ဆက်ပြီး လောကတခွင် လှည့်လည်သွားလာနေလေရဲ့။ သူဘယ်ရောက်လို့ ဘယ်ပေါက်မှန်း ဘုရားပဲ သိမယ်။   ချိုးယွီကတော့ မထင်မရှားမိသားစုက တစ်ယောက်နဲ့ လက်ထပ်လိုက်တယ်ဆိုပေမယ့် အဲါဒီလူက သူမအပေါ် အလွန်ချစ်မြတ်နိုးတယ်။ စကားမစပ်၊ ငါ့အကိုကြီးက ဒုတ်ယသခင်လေးဟွားကို ခုထိ လိုက်ပိုးပန်းနေတုန်းပဲ။ သေချာတာပေါ့။ သူ ခုထိ မအောင်မြင်သေးဘူး။ နေ့တိုင်း အချခံနေရတုန်းပဲ။ ဇာတ်လမ်းက ဒီလိုဆက်သွားတယ်။

အဲ့တော့မှပဲ ငါလည်း တစ်ချိန်လုံးနားလည်မှုလွဲနေတာကို သိလိုက်ရတယ်။ ဒီဟာက ဟာရမ်းဝတ္ထုမှမဟုတ်တာ။  BL ဝတ္ထုပဲ။  ငါသာ ဒါကို အစောကြီးတည်းက ရိပ်မိခဲ့ရင် အခုလို ဆိုးဆိုးရွားရွား ဇာတ်လမ်းကိုလုပ်ခဲ့မိမှာမဟုတ်ဘူး။

ငါ့ရဲ့ ဇာတ်လမ်းကို အခုအချိန်အထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။  မင်းတို့လိုစာဖတ်သူတွေရှိလို့ ငါတကယ်ပဲဂုဏ်ယူရတယ်။  ဇာတ်ကြောင်းကို ကောင်းကောင်းမပြောပြနိုင်ခဲ့ဘူးဆိုပေမယ့် ဒါက ငါတို့ရဲ့ ကမ္ဘာကြီးပဲ။

ဒီကမ္ဘာမှာ လူတိုင်းက သူတို့ရဲ့ ပျော်ရွှင်စရာအဆုံးသတ်ကို ရှာဖွေတွေ့ရှိခဲ့ကြတာပဲ။

ဟင်?  ကျုကျွယ်က ဘယ်ပျောက်သွားတာလဲ ဟုတ်လား?

အဲဒါ... ငါလည်း သေချာမသိဘူး။  ဇာတ်လမ်းရဲ့ နောက်ဆုံးဇာတ်သိမ်းပြီးတဲ့နောက်၊ ဇာတ်လိုက် ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူးလေ။

ဟုတ်သား။   ဒီစာအုပ်ကို ဖတ်ပေးတဲ့အတွက်၊ ဒီဇာတ်လမ်းကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အခု တကယ်ကို အဆုံးသတ်ပါပြီ။

အဆုံးသတ်သွားပြီလား?

ငါ့မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။

ငါထထိုင်ပြီး ပတ်ဝန်းကျင်ကို သေချာလှည့်ပတ်ကြည့်တယ်။

ဒါ ငါ့အခန်းပဲ။

ငါဘာလို့ဒီမှာရှိနေတာလဲ။

နောက်တော့ ကုတင်အောက် ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူက  သူ့လက်နှစ်ဖက်နဲ့ ခေါင်းက ကုတင်ပေါ်မှာ တင်ပြီး အိပ်နေတာ။  ငါ့ရဲ့ လှုပ်ရှားမှုကို သတိပြုမိပြီးတော့ သူက အံ့အားသင့်စွာ နိုးလာခဲ့တယ်။ ခေါင်းကို မော့ပြီး "နိုးပြီလား" လို့ မေးတယ်။

ဟိုးအရင်တုန်းက ဒီကောင်လေးကို ငါကောက်လာတုန်းက သူက နိုးနိုးချင်း ငါ့ပေါ်တက်နင်းခဲ့တဲ့ အချိန်ကို သတိရမိသွားတယ်။ ဒါပေမယ့် အခုဒီတစ်ခေါက်နိုးလာတော့ အနင်းခံရတာ၊ဘာညာတစ်ခုမှ မဖြစ်ဘူးပဲ။ ဖြာထွက်နေတဲ့နေရောင်အောက်မှာ ကျုကျွယ်က ငါ့ကို ပြုံးပြပြီး "ပြန်လာတာ ကြိုဆိုပါတယ်" တဲ့။

ငါဘာလို့ အသက်ရှင်နေသေးတာလဲ၊ ဘာတွေ ဖြစ်ခဲ့တာလဲ ၊ အစရှိတဲ့ အကြောင်းတွေ အများကြီး မေးချင်နေပေမယ့် ငါ ဘာတစ်ခုမှ ပြောမထွက်ဘူး။ ဒီတိုင်း ထိုင်လျက်သားကြီး ကျုကျွယ်ကို အရူးတစ်ယောက်လို ကြည့်နေမိတယ်။ ကျုကျွယ်က ထိုင်နေရာကထလာပြီး ငါ့ကို ပွေ့ဖက်လာတယ်။

"မင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီ။"

ပြီးတော့ သူက ဆက်ပြောလာတယ်။
"ဒါက ဝတ္ထုထဲက ကမ္ဘာလေးပဲလေ။ မင်းကို ပြန်ခေါ်ဖို့ ငါ့ရဲ့ဇာတ်လိုက်ရောင်ဝါနဲ့ အလဲအလှယ်လုပ်ခဲ့တာ။"

ငါ ကျုကျွယ်ကို ပြုံးတောင် မပြုံးပြနိုင်ပဲ မေးမိတယ်။
"ဒီလိုမျိုး လုပ်လို့ရတယ်တဲ့လား။"

"ဘာလို့ မရရမှာလဲ။" ကျုကျွယ်က ဒါက ဖြစ်သင့်တာပဲဆိုတဲ့ လေသံနဲ့ ပြောလာတယ်။

ငါ ဘာမှ မပြောနိုင်ဘူး။ အကြောင်းအရင်းမသိရပဲ ငါ့မျက်နှာပေါ် မျက်ရည်တွေစီးကျလာတယ်။

အခုအချိန်ကစပြီး ငါက ဝတ္ထုထဲက ဇာတ်ကောင်တစ်ကောင်ပဲ မဟုတ်တော့ဘူး။ ငါလုပ်ချင်တာ အားလုံး လုပ်လို့ရပြီ။ ဒါက စာအုပ်ထဲမှာပဲ ဘောင်ခတ်ထားတဲ့ ဇာတ်လမ်းတစ်ခုမဟုတ်တော့ဘူး။

ဒီလိုအချိန်မျိုးမှာဘာစကားတစ်ခွန်းမှ မပြောပဲ ပြုံးနေရုံနဲ့ အဆင်ပြေမယ်ထင်တယ်။

ငါ ကျုကျွယ်ကို ဆွဲဖက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

"ငါ အိမ်ပြန်ရောက်ပြီ။" 

-[ဇာတ်သိမ်း]-

အမျိုးသမီးငယ်သည် သူမ၏စာသားဖိုင်၏အဆုံးတွင် 'ဇာတ်သိမ်း' ဟုရိုက်၍ မတ်တတ်ရပ်ကာ အကြောဆန့်လိုက်သည်။  သူ့ဘေးနားက အခင်ဆုံးသူငယ်ချင်းက "ပြီးပြီလား" ဆိုပြီး လှမ်းကြည့်လေသည်။

"အမ်  ပြီးပြီ။"

"ဒါ အဆင်ပြေရဲ့လား?"

မိန်းမငယ်လေးက  "အဆင်မပြေဘူးလား"

"နင်က စာရေးသူပဲ၊ မင်အဆင်ပြေရင် ရပြီလေ။"

"သူတို့ရဲ့ နောက်ဆုံးဇာတ်သိမ်းကကောင်းပေမယ့် အဲ့ဒါကလည်း စာအုပ်ထဲမှာရေးထားတဲ့ ဇာတ်သိမ်းလေ။ သူတို့အတွက် စာအုပ်ထဲမှာပဲ အမြဲရှင်သန်သွားရတော့မှာက နည်းနည်း ရက်စက်ရာမကျဘူးလား။"

"အင်း၊ ဟုတ်သားပဲ။"

"ငါတို့လည်း စာအုပ်တစ်အုပ်ထဲမှာ ရှင်သန်နေရတဲ့သူတွေ ဖြစ်နိုင်တာပဲ။"

"ဘယ်သူပြောနိုင်မှာလဲ၊ဟုတ်တယ်မို့လား။" 

-[အမှန်တကယ် အဆုံးသတ်ပါပြီ]-

စာရေးသူမှာ ပြောစရာရှိတယ်။

ဇာတ်သိမ်းအတွက် ရောင်စုံစက္ကူသလေးတွေ ကြဲချ။

Continue Reading

You'll Also Like

2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
49.3K 3.9K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
545K 74.8K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
5.8K 536 5
Title-兔耳魔尊他恃宠而骄 Author-笔墨不伺候 Original Status- 71 chapters(ongoing) |Myanmar Translation| Si Yin × Li Jin This is not mine. I'm just fun translator. A...