အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင...

By AvocadorableM

40.5K 3.7K 114

Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated... More

Chapter 1
Chapter 2
Ch 3
Ch 4
Chapter 5
Chapter 6
Chapter 7.1
Chapter 7.2
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Zawgyi chapter 1
Zawgyi chapter 2
Zawgyi chapter 3
Zawgyi chapter 4
Zawgyi chapter 5
Zawgyi chapter 6
Zawgyi chapter 7
Zawgyi chapter 8
Zawgyi chapter 9
Zawgyi chapter 10
Zawgyi chapter 12

Zawgyi chapter 11

243 33 0
By AvocadorableM

ဒီလိုနဲ့ အဆုံးမှာတော့ ငါ ဇဝေဇဝါဖြစ်နေတုန်း ကျုကျွယ်က ငါ့ကို မြို့တစ်မြို့ဆီ ဆွဲခေါ်သွားတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ လမ်းမှာ အမျိုးသမီးတွေတယောက်မှ ဘာစကားမှမပြောကြဘူး။ ပြောရရင် ဒီအမျိုးသမီးတွေလည်း ခက်ခဲခဲ့မှာပဲ။  သူတို့တွေအနေနဲ့ အလှပန်းအိုးလို ဇာတ်ရုပ်မျိုးပဲ သရုပ်ဆောင်ရတာလေ။ တစ်ချို့ဖြတ်လျှောက်အမျိုးသမီးတွေဆို တစ်ခါပဲပေါ်လာပြီး နောက်တော့မှ ဇာတ်ကြောင်းမှာဖော်ပြမခံရတော့ဘူး။ နှိုင်းယှဉ်ကြည့်မယ်ဆို ချိုးယွီလို ဇာတ်ကောင်မှာတောင် သိသာထင်ရှားသော ဇာတ်ကွက်တွေရှိသေးတယ်။ဒါပေမယ့်လည်း ဖြတ်လျှောက်တွေအတွက် ကောင်းတဲ့အချက်ကတော့ သူတို့လိုက်နာရမယ့် စည်းကမ်းတွေကို အရမ်းတင်းကျပ်မထားတာပဲ။ ဆိုးတဲ့အချက်က ဒါက ဟာရမ်း ဇာတ်လိုက် ပါတဲ့ ဟာရမ်းဝတ္ထုလေ။ ဒါကြောင့် သူတို့က ဘယ်လိုနေနေ ဇာတ်လိုက်နဲ့ တွဲရမှာပဲ ... အဟွတ်အဟွတ်။

တွေးရတာ ဝမ်းနည်းစရာပဲ။ စာရေးသူက ကျုကျွယ် နဲ့ ကောင်မလေးတွေနဲ့ ပရောပရီလုပ်နေတဲ့ကြား အနှောက်အယှက်မဖြစ်အောင်လို့ ငါ့ကို ပြန်ပေးဆွဲတဲ့အခန်း ထည့်ရေးလိုက်တာထင်တယ်။ ဒါပေမယ့်လည်း ငါ့တပည့်လေးက ငါမမြင်နိုင်တဲ့နေရာတွေမှာ မိန်းကလေးတွေခြံရံရင်း သူ့ရဲ့ကိုယ်ကျင့်တရားတွေကျဆင်းလာတာကို တွေးမိရင် ငါဝမ်းနည်းလာသလိုလိုပဲ။   ငါက အခုထိ ကြိုက်ရမယ့်လူမတွေ့သေးဘူးဆိုပေမယ့် တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးတဲ့သူပါ။ ဒါပေမယ့် စာရေးသူက ငါ့ကို တစ်ယောက်လေးတောင် စီစဉ်ပေးမယ်မထင်ဘူး။

အိုး၊ ဒါကို သိထားရတာက ဘယ်လောက်တောင်မှ ဝမ်းနည်းစရာကောင်းလိုက်သလဲ။

အကယ်၍ ငါတို့သာ လိင်အမျိုးအစားကို ထည့်မစဉ်းစားဘူးဆိုရင် ကျုကျွယ်က တကယ်ကောင်းတဲ့လက်တွဲဖော်တစ်ယောက်ပဲ။ ဒါပေမယ့်လည်း ငါတို့က လိင်အမျိုးအစားမှားနေတယ်လေ။ မေးနေစရာကိုမလိုဘူး။ ဒါက BL ဝတ္ထုမှမဟုတ်တာ။ ဟာရမ်း ဝတ္ထုကြီးလေ။

ဘယ်အခန်းမှာရမလဲ စဉ်းစားနေတုန်း ကျုကျွယ်က အခန်းလေးခန်းကို ချက်ချင်းမှာလိုက်တယ်။ အခွင့်အလမ်းမျိုးစုံရပြီးတော့ သူလည်း ပိုပြီး ချမ်းသာလာပုံရတယ်။ ကျုကျွယ်က ငါ့ကိုဖက်လိုက်ပြီး 

"ရှစ်ရှုန်း။  ဒီည အတူတူအိပ်လို့ရမလားဟင်။"

"?"

မင်းမိန်းမတွေနဲ့ ညမအိပ်ဘူးလား။ သူတို့ရဲ့အကြည့်တွေနဲ့ ငါ့ကို သတ်ဖို့ဘယ်လိုကြိုးစားနေလဲဆိုတာ ကြည့်လိုက်စမ်း။

"ကျွန်တော်တို့ မတွေ့ရတာကြာလှပြီ။ ကျွန်တော့်မှာ ရှစ်ရှုန်း ကို ပြောစရာတွေ အများကြီး ရှိတယ်။"

"ကောင်းပြီ။" ငါလည်း မေးချင်တာတွေ အများကြီးပဲ။

ဒီလိုနဲ့  ငါနဲ့ကျုကျွယ် ကုတင်ပေါ်လှဲရင်း တစ်ညလုံး စကားပြောဖြစ်တယ်။

ကျုကျွယ်က ငါ့ကို ပြောပြချင်တာတွေ အများကြီးရှိနေမယ်မှန်း ငါမသိခဲ့ဘူး။ ဥပမာ- တစ်နှစ်ပတ်လုံး သူတွေ့ခဲ့ရတဲ့ အခွင့်အလမ်းတွေ၊ ကောင်းတဲ့ အရာတွေ ၊ သူဘယ်အဆင့် ရောက်နေပြီလဲ ၊ ဘယ်လို နာမည်ဂုဏ်သတင်းတွေ ရခဲ့လဲ ၊ နဲ့ တခြားအရာတွေ အများကြီးပဲ။ သူ့ကြာ့်ရတာ စိတ်လှုပ်ရှားနေပုံပဲ။ သူက ခုထိကလေးပဲရှိသေးတာဆိုတော့ ငါနားလည်ပေးလို့ရပါတယ်။ ဒါပေမယ့်လည်း ငါနည်းနည်းလောက် တွေးမိပြန်တယ်။

"အဲဒီမိန်းကလေးတွေကကော?"

မရပ်မနားပြောနေတဲ့ ကျုကျွယ်က ရုတ်တရက်ကြီး ငြိမ်ကျသွားတယ်။  "ရှစ်ရှုန်း သူတို့ကို သဘောမကျလို့လား။"

"မင်းရဲ့ လူမှုဆက်ဆံရေးအကြောင်း နည်းနည်းလောက် သိချင်ရုံပါ။"

ကျုကျွယ် ဝုန်းခနဲလှည့်ပြီး ငါ့ကို ဖက်လိုက်ပြန်တယ်။
"ရှစ်ရှုန်း သူတို့ကို မဘောမကျဘူးဆိုရင် ကျွန်တော် သူတို့နဲ့ သူငယ်ချင်း မလုပ်တော့ဘူး။"

"အဲ့လို လုပ်စရာ မလိုပါဘူး။" စာဖတ်သူတွေတင်မကဘဲ စာရေးသူကပါ ငါ့ကို သတ်လိမ့်မယ်။

ငါတို့မတွေ့ဖြစ်တာကြာပြီဆိုပေမယ့် ကျုကျွယ်ကိုကြည့်ရတာ သူကောင်းစားသွားတာနဲ့ သူငယ်ချင်းတွေကို မေ့ပစ်လိုက်မယ့်လူပုံမပေါ်ဘူး။ တော်သေးတယ်။ ဒါပေမယ့်လည်း သူက အရင်ကထက် ပိုပြီး ချွဲတတ်လာပြီး ပိုပြီးလူကပ်တတ်လာတယ်။ ဒါကောင်းတာလား မကောင်းတာလား။

"ရှစ်ရှုန်း?"

"ဟမ်?"

"ကျွန်တော် ရှုစ်ရှုန်းကို ပြောစရာတစ်ခုရှိတယ်။"

"ပြော။"

"တခါတလေ ဒီကမ္ဘာကြီးက ထူးဆန်းနေသလို ခံစားရတယ်။"

ကမ္ဘာကြီးက ထူးဆန်းမှာပေါ့။ စာရေးသူ၏ အတွေးအခေါ်တွေကလည်း ထူးဆန်းနေတယ်လေ။

ကျုကျွယ်က ဆက်မပြောခင် ခေတ္တရပ်လိုက်ပြီး "ဒီကမ္ဘာမှာ တစ်ခုခုတော့ လွဲနေပြီလို့ ကျွန်တော် ခံစားနေရတယ်။ တစ်ခါတလေမှာ လူတွေရဲ့စရိုက်က ဟန်ဆောင်နေသလို၊ အတုအယောင်တွေလိုလိုပဲ။ "

လူတိုင်းနီးပါးရဲ့စရိုက်က ဟန်ဆောင်ထားတာလေ။ မင်းထင်တာ အမှန်ပဲ။

"ရှစ်ရှုန်း မထူးဆန်းဘူးလား?"

"အဆင်ပြေပါတယ်။"

"ရှစ်ရှုန်း၊ ဒီကမ္ဘာကြီးက ထူးဆန်းတယ်လို့ မထင်ဘူးလား။ ကျွန်တော်ခံစားရတာ ....  သဘာဝကျမနေဘူး။"

ဒါပေါ့။ ဒါက ဝတ္ထုထဲက ကမ္ဘာလေ။

ငါကျုကျွယ်ကို အဲ့ဒီစကား ပြောပြချင်တယ်။ ငါတို့ကအခု ဇာတ်ကြောင်းရဲ့ဇာတ်ကွက်ထဲမှာမှမဟုတ်တာ။ နည်းနည်းလောက် ဝေဖန်လို့ ဘာမှမဖြစ်သွားပါဘူး။  ဒါပေမယ့်ခည်း ငါပြောဖို့ ပါးစပ်ကိုဟလိုက်တော့ငါစကားပြောလို့မရဘူး။  မမြင်ရတဲ့ အရာတစ်ခုက ငါ့လည်ပင်းကို ညှစ်နေသလိုမျိုး။ အံ့ဩစရာကြီး။ ကျုကျွယ်ကို "ဒါကဝတ္ထုထဲက ကမ္ဘာကြီးဆိုတာ မင်းမသိဘူးလား" လို့ မေးချင်ပေမယ့် ငါမေးလို့မရဘူး။

ကြည့်ရတာ ဒီကမ္ဘာပေါ်ကလူတွေက ဇာတ်ကြောင်းပြီးမြောက်ဖို့အတွက်နဲ့ စာရေးသူနှင့် ပူးပေါင်းဆောင်ရွက်နေရတယ်ဆိုတာ ဇာတ်လိုက်က မသိတာများလား။ ငါထင်တာအမှန်ဆို ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ငါ ကျုကျွယ်ကို ဒီစကားမပြောနိုင်အောင် တားမြစ်ထားပဲဖြစ်မယ်။ ။ ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ငါ့လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ထားတယ်။ ငါလုပ်သင့်တဲ့အရာ၊ ငါမလုပ်သင့်တဲ့အရာဆိုပြီး အရာရာကို သူကသတ်မှတ်နေသလိုပဲ။ ရုတ်တရက် ငါဒေါသထွက်လာတယ်။

"ရှစ်ရှုန်း?"

"ငါ နားထောင်နေတယ်။"

ကျုကျွယ်က ငါ့အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ရင်းမေးတယ်။ "ရှစ်ရှုန်းက တကယ်ရှိနေတာလား။"

ပြောရခက်တယ်။ စာဖတ်သူတွေအတွက်တော့ ငါတို့လို ဇာတ်ကောင်တွေက တကယ်တည်ရှိနေတာမဟုတ်ဘူးလေ။ ဒီလို ဝမ်းနည်းစရာစကားကို ကျုကျွယ်ကို မပြောပြချင်တာမို့ သူ့ကို ပွေ့ဖက်လိုက်ရင်း "ငါ ဒီမှာ ရှိနေတယ်။ ခံစားလို့ရလား?"

ကျုကျွယ် ဘာမှပြန်မဖြေလာဘူး ။

"မင်းနားမလည်ပေမယ့် မင်းနဲ့တွေ့ဆုံဖို့အတွက်ပဲ ငါမွေးဖွားလာခဲ့တာ။"

ကျုကျွယ်က ဘာမှ မပြောပြန်ဘူး။

"ငါ မင်းကို နာကျင်စေမှာမဟုတ်ဘူး။"

ကျုကျွယ် ဘာမှပြန်မပြောဘဲ မျက်လုံးတွေကိုမှိတ်ထားရင်း ငါ့ရင်ခွင်ထဲကို အတင်းဖြစ်ညှစ်ပြီး တိုးဝင်လာတယ်။ အချိန်အတော်ကြာပြီးနောက်မှ " ဒီနေ့ည လကတော်တော်လှတယ်နော်။"

"အမ်။"

နောက်တနေ့မနက်မှာတော့ စာရေးသူ အပိုင်းသစ်တင်လိုက်ပြီမို့ ဇာတ်ကွက်အသစ်တစ်ခုကစနေပြီ။

တစ်ခါတလေ ဒီလိုဘဝမျိုး ဘယ်တော့မှပြီးဆုံးမှာလဲ ဆိုတာကို တွေးမိပေမယ့် ဒါက စာရေးသူကပဲ ဆုံးဖြတ်တာလေ။ ငါတို့လို ဇာတ်ကောင်တွေ ဘာဖြစ်သွားမလဲဆိုတာတော့ ငါလည်းမသိဘူး။

ပြီးတော့ နောက်လာတာက ဇာတ်ကွက်အကူးအပြောင်း အခန်းတွေပဲ။ ပြောရမယ်ဆို ယင်မိန့် ပျောက်ဆုံးသွားတဲ့ အလွန်အရေးကြီးသော ဆံညှပ်တစ်ချောင်းကို ရှာဖွေရတာ၊ စစ်ရှန်းအတွက် စိုးရိမ်နေသော သူမ၏မိသားစုထံ စစ်ရှန်း ကို ပြန်လည်ပေးပို့ရတာနဲ့ မော့ထန် ၏မိသားစုဝင်တွေကို တစ်စုံတစ်ခုကူညီခြင်း.....သည်လို သည်လို အရေးမပါတဲ့ အချက်အလက်အချို့ကို ဖော်ပြထားတဲ့ ဇာတ်ကွက်တွေပဲ။ ငြိမ်းချမ်းတဲ့ ဇာတ်ကွက်ကူးပြောင်းရေးအခန်းတွေအပြီးမှာ ပြင်းထန်သော ဇာတ်ကွက်တွေနဲ့ထပ်လာတော့မယ်ဆိုတာ လူတိုင်းသိတယ်လေ။ ဒီတခေါက် စာရေးသူ ဘာရေးမယ်ဆိုတာ ဘယ်သူသိမလဲ။ တကယ်တော့၊ ငါ့ဆီမှာ ကြိုတင်ခန့်မှန်းချက်တစ်ခုရှိတယ်။

လူတိုင်းရဲ့ ခန့်မှန်းချက်ဟာ အမြဲမှန်မနေဘူးဆိုပေမယ့် ငါမှန်းရင် လွဲခဲတယ်။  ငါမကောင်းတာတစ်ခုခုကို ကြုံရတော့မယ်လို့ ခံစားမိလာရင် အဲ့ဒီအရာအတွက် ကြိုပြီးပြင်ဆင်ထားတတ်တဲ့အကျင့် ငါ့မှာရှိတယ်။ အချိန်က လူကိုမစောင့်ဘူးလေ။

ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်အတွက် ကြေကွဲဖွယ်အကောင်းဆုံးအရာတွေထဲက တစ်ခုက စာရေးသူက ဒေါသဖြစ်စရာ အခန်းတွေကို ကြံဖန်ပြီးထည့်ထားပေးတဲ့အခါမှာပဲ။ ကံမကောင်းစွာပဲ၊ အဲဒါက ငါတို့စာရေးသူရဲ့ အကျင့်ဆိုးတစ်ခုလည်းဖြစ်နေပြန်တယ်။ စာရေးသူရဲ့ တခြားဝတ္ထုထဲက တခြားဇာတ်ကောင်တွေအားလုံးအတွက် စိတ်မကောင်းဖြစ်မိတယ်။ အင်း..... မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ စာရေးသူဟာ သူတူးထားတဲ့ တွင်းတွေ တစ်ခုချင်းစီ ၊ အားလုံးကို တူးဆွပြီး ပြသဖို့ ဆုံးဖြတ်လိုက်တော့မယ်လို့ ငါခန့်မှန်းမိတယ်။ ငါဆိုလိုချင်တာက ဇာတ်သိမ်းခန်းက နီးလာပြီ။

အခုခေတ် ဝတ္ထုတွေနဲ့ ရုပ်ရှင်တွေမှာ  စရိုက်တစ်ခုထက်ပိုသော ဇာတ်ကောင်မျိုး ရှိနေတတ်တာကို ငါခံစားမိတယ်။ ပြီးတော့ သူတို့ရဲ့ အခြေအနေအကြောင်း မသိတဲ့သူတွေအပေါ် သံသယလွန်ကဲတတ်ပြီး ထူးဆန်းတဲ့ အရာတွေကို လုပ်လေ့ရှိတယ်။ တကယ်တော့ ကိုယ်တူစိတ်ခွဲရောဂါ (DID) ဟာ အရေးကြီးတဲ့စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခု။ ဒီလိုလူနာတွေထဲက တစ်ယောက်အနေနဲ့ ငါ ဖိအားတွေ ခံစားရတယ်။

ငယ်ငယ်ကတည်းက ငါ့ရောဂါအကြောင်း ငါသိနေခဲ့တယ်။ ငါနိုးလာတဲ့အခါတိုင်း ငါ့ပတ်ဝန်းကျင်မှာ တစ်ခုခုပြောင်းလဲသွားတယ်လို့ အမြဲခံစားနေရတယ်။ အစပိုင်းမှာတော့ တခြားကိုယ်ခွဲတွေနဲ့ စကားမပြောနိုင်ပေမယ့် ဟိုးအရင်ကတည်းက ငါနဲ့ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ ကိုယ်ခွဲတစ်ခုရှိတယ်။ သူက ရွှမ်ယမ်မုယွင်လို့ခေါ်တယ်။

(ဒုတိယလူ)ကိုယ်ခွဲတွေက မူလကိုယ်ကို ကာကွယ်ပေးတဲ့ဇာတ်ကောင်အဖြစ် မကြာခဏ ပေါ်လာတာဆိုတာမျိုး ငါကြားဖူးတယ်။ ပြောရရင် ဝံပုလွေနဲ့ ဦးထုပ်နီကလေးမလေး (Little Red Riding Wolf ) လိုမျိုး ဒီကိစ္စနဲ့ ပတ်သက်တဲ့ စာပေလက်ရာတွေ အများကြီးပေါ့။ ဒါပေမယ့် ငါ့ရဲ့ကိုယ်ခွဲက နည်းနည်းတော့ အစွန်းရောက်တယ်။ ငါ့ကိုယ်ခွဲက တကယ်ကြောက်စရာလန့်စရာကောင်းတဲ့ အရာတွေကို ခဏခဏ လုပ်တတ်တယ်။  သူ့ကိုယ်သူမှလွဲ၍ ဘယ်သူ့ကိုမှ အရေးမစိုက်ဘူး။ ဟုတ်တယ်။ တစ်မိသားစုလုံးကို သတ်ခဲ့တာက ငါ့အကိုကြီးမဟုတ်ဘူး၊ ငါပဲ။

အကိုကြီးကလည်း သူရောက်နေတဲ့နေရာကနေ အမြန်ဆုံးပြန်လာဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်။ ဇာတ်ကွက်နဲ့မဆိုင်ပဲ၊ အကိုကြီးဆီမှာ မုယွင်ကို တားနိုင်တဲ့ စွမ်းရည်ရှိတယ်။ ဒါပေမယ့် ဇာတ်ကြောင်းကန့်သတ်ချက်တွေ ဒါမှမဟုတ် တခြားအချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်။  အကိုကြီးက  ငါ့ကို လုံးဝမတားခဲ့ဘူး။  မုယွင်ငါ့ကို ထိန်းချုပ်ထားတုန်းက အစ်ကိုကြီးကို "မင်းငါ့ကို မသတ်ဘူးလား" လို့ မုယွင် က မေးတာကို ငါမှတ်မိနေပါသေးတယ်။

မုယွင်က နှစ်ပေါင်းများစွာ ငါ့အသိစိတ်ထဲ ရှိနေပြီး  အမြဲလိုလို သူထွက်လာတတ်တယ်။ ဥပမာပေးရမယ်ဆို အကိုကြီးက ငါ့ကို သူ့စခန်းဆီ ပြန်ခေါ်လာတဲ့အခါပေါ့။ ငါအိပ်နေတဲ့အချိန်မှာ သူထွက်လာပြီး  သူ့စခန်းကိစ္စတွေကို စီမံခန့်ခွဲမယ်ဆိုတာ ငါသိနေတယ်။ ဒါကြောင့် အကိုကြီးက ငါ့ကိုတွေ့တိုင်း ဘယ်သူလဲဆိုတာ အတည်ပြုဖို့ ငါ့နာမည်ကို လှမ်းခေါ်တတ်တာပဲ။ အခု မုယွင်နဲ့ ပတ်သက်တဲ့ ဇာတ်ကွက်က ဒီမှာ ရှိနေတယ်။ ဒါက ဝတ္ထုတော်တော်များများရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပါပဲ။ အင်း...။ ရွှမ်ယွမ်မုယွင်၊ တစ်နည်းအားဖြင့် 'ငါ' က ဝတ္ထုတစ်ခုလုံးရဲ့ အကြီးမားဆုံးရန်သူတော်၊ ဗီလိန်ဘော့စ်အကြီးစားပဲ။

ဆိုတော့ ဇာတ်ကြောင်းက ဒီလိုမျိုး ဖြစ်သွားတာပဲ။

ငါ့အပိုင်းက ပြီးသွားပြီ။ ပြီးတော့ လက်ရှိ ငါ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရွှမ်ယွမ်မုယွင်က ကျုကျွယ်နဲ့ ချောက်ကမ်းပါးနားမှာ ရပ်နေတယ်။ ဒါပေမယ့် လောလောဆယ် ငါက ကျုကျွယ်နဲ့ သာမာန်ရန်သူကို ရင်ဆိုင်နေတာ မဟုတ်ဘူး။ ဖုံးကွယ်ထားတဲ့ အမှန်တရားက ပေါ်ထွက်လာပြီ။ ရွှမ်ယွမ်မုယွင်က ကျုကျွယ်ကို ဓားနဲ့ ချိန်ပြီး ချောက်ကမ်းပါးဆီတွန်းပို့နေတယ်။ ချောက်ကမ်းပါးနဲ့ တောင်ထိပ်တွေကလွဲ ဘာမှမချစ်တတ်တဲ့  စာရေးသူ ငါမဝေဖန်ချင်ပေမယ့် အခုက အကြီးအကျယ်ဖြစ်နေတာလေ။ ကျုကျွယ် က ဘာတွေဖြစ်နေမှန်း မသိသေးပဲ တုန်လှုပ်ခြောက်ခြားတဲ့ အမူအရာနဲ့ ငါ့ကိုကြည့်နေတယ်။  ဇာတ်လိုက်တစ်ယောက်အနေနဲ့ ဒီကမ္ဘာက ဝတ္ထုတစ်ပုဒ်ဆိုတာကို မသိတဲ့အပြင် အခုဖြစ်ပျင်နေတာတွေအကုန်လုံးက ဇာတ်ကြောင်းအရဆိုတာကို မသိထားတာမို့ သူ့အစားငါ ပင်ပန်းလာသလိုပဲ။ ဖြစ်နိုင်တာက ငါက သူ့ဘေးမှာ အကြာကြီး တိတ်တဆိတ် နေခဲ့ ပြီး သူ့ကို အမြဲ လိမ်ညာနေခဲ့တာလို့ ထင်နေမှာပဲ။ ကောင်းကင်ကြီးကို သက်သေထားပြီးပြောချင်တယ်။ ငါလိမိနေခဲ့တာ မဟုတ်ဘူးဆိုတာ။

ကျုကျွယ်က မေးတယ်။  "ရှစ်ရှုန်း ဘာလုပ်ချင်နေတာလဲ။"

မုယွင်က ကျုကျွယ်ကို စစ်ဆေးနေသလိုကြည့်ရင်း
"မင်းကို သတ်မှာ။" လို့ဖြေတယ်။

"ဘာလို့လဲ။"

"မနာလိုဘူး။"

ကျုကျွယ်က စိတ်ရှုပ်သွားပုံပေါ်တယ်။ ဒါပေမယ့် အခုက မုယွင်အနေနဲ့ ငါ့ကို ကောင်းကောင်းမွန်မွန်ထိန်းချုပ်ထားပြီး ငါ့ကိုယ်နဲ့ အသားကျနေပြီ။ မုယွင်အနေနဲ့ ဒီလို စိတ်ရှုပ်စရာစကားတွေ ပြောတတ်တယ်။

မုယွင်က ပြောတယ်။ "သူက မင်းကို အမြဲကြည့်နေတာ။ ငါမနာလိုဘူး။"

ကုကျွယ်က ခဏတော့ နှုတ်ဆိတ်သွားပြီးမှ

"မင်းက ရှစ်ရှုန်းမဟုတ်ဘူး။"

"မဟုတ်ဘူး"

"ခင်ဗျားက ဘယ်သူလဲ။"

"ငါက မုဖုန်းရဲ့ အရေးပါဆုံးလူပဲ။"

ကျုကျွယ်ကို ကြည့်ရင် မုယွင်ရဲ့ နှာဘူးကျတဲ့ မျပ်နှာပေးက ပေါ်လာတယ်။ ဒီကောင် ငါ့ပုံရိပ်ကို ဖျက်ဆီးပြန်ပြီ။

"ဒါပေမယ့် မင်းက မုဖုန်း ရဲ့စိတ်ထဲမှာ ပိုပိုပြီး အရေးကြီးလာတာမို့ ငါမင်းကို မနာလိုဖြစ်မိတယ်။"

ကျုကျယ်ရဲ့အမူအရာက ပိုပိုပြီး ရှုပ်ထွေးလာသည်။

မုယွင်က ပြုံးလိုက်ပြီး ကျုကျယ်ကို ဆိုးဆိုးရွားရွား ရိုက်နှက်ကာ ချောက်ကမ်းပါးပေါ် က တွန်းချလိုက်တယ်။

ချောက်ကမ်းပါးပေါ်က မပစ်ချဘူးဆို ဇာတ်လိုက်က လက်စားချေဖို့နောက်ကျ ပြန်လာမှာမဟုတ်ဘူးလေ။ ဗီလိန်တွေက ဒါကို ဘာဖြစ်လို့ နားမလည်နိုင်ကြတာတုန်း။

**********
စာရေးသူမှာပြောစရာရှိတယ်။

စာရေးသူရဲ့ အတွေးအခေါ်က ထူးဆန်းပြီး ယုတ္တိမတန်သလိုပဲနော်_(:з)∠)_
အခု ငါတို့ yanderes နှစ်ယောက် တရားဝင် တိုက်ပွဲဖြစ်နေပြီ။ ဘယ်လောက်တောင်မှ စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းလဲ။

စာရေးသူရဲ့ yandere-con က ပေါက်ကွဲထွက်လာပြီ။
နောက်ဆုံး ဇာတ်သိမ်းပိုင်း လာပါတော့မယ်။

* မင်းနဲ့တွေ့ဖို့ ငါမွေးဖွားလာခဲ့တာ။
↑ Neon Genesis Evangelion မှ - Kaworu Nagisa က Shinji ကို ပြောတဲ့ Q
လိင်တူစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက်အချစ်ဝန်ခံရင် သုံးတဲ့ နတ်ဘုရားလို စကားမျိုး
သူတို့ရဲ့အဆုံးသတ်သည် ကြေကွဲစရာဆိုပေမယ့်ခည်း_(:з)∠)_

မင်းနှစ်ယောက်လက်ထပ်လိုက်ကြတော့။ ငါ ကိုး ဒေါ်လာလက်ဖွဲ့မယ်။
* " ဒီနေ့ည လကတော်တော်လှတယ်နော်။"
ဂျပန်စာရေးဆရာ Natsume Souseki မှ ကောက်နုတ်ချက်။ ဂျပန်နိုင်ငံရဲ့ လှပမှုကို မီးမောင်းထိုးပြဖို့၊ စာရေးဆရာကရ "ငါမင်းကိုချစ်တယ်" ဟူသောစကားကို "ဒီနေ့ည လကတော်တော်လှတယ်နော်" ဆိုပြီး စကားလှည့်နဲ့ ဖွင့်ဆိုထားတာ။ ဒါကြောင့် ဂျပန်လို "ဒီနေ့ည လကတော်တော်လှတယ်နော်" ဆိုတာက "ငါ မင်းကို ချစ်တယ်" တဲ့။
ငါ့အထင် ဒါကတအားရိုတာပဲ_(:з)∠)_

*********
ထပ်ဆင့်ဘာသာပြန်သူမှာ ပြောစရာရှိတယ်။

နောက်တပိုင်းဆို ပြီးပါပြီ။
အသစ် နှစ်ပုဒ်တင်ထားပါတယ်။ ဖတ်ကြည့်ပေးကြပါဦး။ UwU

Continue Reading

You'll Also Like

75.5K 8.7K 118
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
17.8K 1.4K 19
Original name - 训犬 (Xùn quǎn) Original author - 雁一夏 (Yàn yī xià) Eng name - Dog Training Eng translator - MiniPickle Total Chapter - 169 Start date...
333K 52.4K 83
စုန့်ချင်းဟန် နိုးလာသည့်အချိန်တွင် တစ်ခြားကမ္ဘာရောက်နေရုံသာမက သူ့တွင် ဘောလုံးဗိုက်ပါ အဆစ်ရှိနေသည်ကိုတွေ့လိုက်ရ၏။သူထင်ခဲ့သည်မှာ မူလပိုင်ရှင်က သူ့အတွက်...
459K 78.4K 46
သူသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားလှသည့် အန်းမိသားစု၏ သခင်လေး အန်းကျီယန် ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။ သူကြုံတွေ့လိုက်ရသည့် ပထမဆုံး ပြဿနာမှာကား...