အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင...
By AvocadorableM
40.6K 3.7K 114
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated... More
Chapter 1
Chapter 2
Ch 3
Ch 4
Chapter 5
Chapter 6
Chapter 7.1
Chapter 7.2
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Zawgyi chapter 1
Zawgyi chapter 2
Zawgyi chapter 3
Zawgyi chapter 4
Zawgyi chapter 5
Zawgyi chapter 6
Zawgyi chapter 7
Zawgyi chapter 8
Zawgyi chapter 9
Zawgyi chapter 11
Zawgyi chapter 12
Zawgyi chapter 10
215 36 1
By AvocadorableM
တစ်လလောက် မှိုအတက်ခံပြီးနောက်(ဘာဆိုဘာမှမလုပ်ပဲ ပျင်းရိငြီးငွေ့နေတယ်ဆိုတဲ့သဘော) တစ်ရက်ကျတော့ အခန်းထဲဝင်လာတဲ့ ငါ့ရဲ့ အကိုကြီးရဲ့မျက်နှာမှာ ဒဏ်ရာတွေကိုတွေ့လိုက်ရတယ်။ (အရုပ်တွေပြည့်ပြီး ရှုပ်ယှက်ခတ်နေတာမို့) ငါဘယ်နားမှာရှိနေသလဲဆိုတာသိဖို့အတွက် အကိုကြီးက ငါ့နာမည်ကိုလှမ်းခေါ်တယ်။ သါပြန်ထူးတော့ ငါ့ဆီကိုလျှောက်လာပြီး ခါတိုင်းလိုပဲ ငါ့ခေါင်းကိုပွတ်သပ်ပေးတယ်။
"ဘာဖြစ်တာလဲ။ အကိုကြီးဘာလို့ ဒဏ်ရာတွေနဲ့လဲ။"
" အိုး... အဲ့ဒါ။" အကိုကြီးက သူ့နှာခေါင်းကို လှမ်းပွတ်ရင်း ဒဏ်ရာတစ်ခုထိမိပြီး မျက်နှာကြီး ရှုံ့မဲ့သွားတယ်။
"မင်းရဲ့ ကျုကျွယ် အခုလွတ်လာပြီ။"
ငါက ဒီဇာတ်ကွက်ထဲမပါတာမို့ အသေးစိတ်ဘာတွေဖြစ်သွားလဲဆိုတာ ငါလည်းမသိဘူး။ အချိန်တန်လို့လည်း ဖြစ်နိုင်တာပဲ။ အကိုကြီးနဲ့ ဘယ်လိုဆက်စပ်နေတာလဲဆိုတာကိုတော့ ငါမသိလိုက်တဲ့အတွက် အကိုကြီးပြောပြမှာကိုပဲ စောင့်နေလိုက်တယ်။ အကိုကြီးက ပြောတာက
"ဗီလိန်ဘော့စ်တစ်ယောက်အနေနဲ့ သူထွက်လာတဲ့အခါလုပ်ရမယ့် ငါ့ဇာတ်ကွက်ကိုမင်းသိပါတယ်။ ငါ သူ့ဆီသွားပြီး သူ့ကိုလှောင်ပြောင်ရမယ်လေ။ ဒါပေမယ့် သူက ငါ့ကိုတွေ့တာနဲ့ စကားတစ်ခွန်းမှမပြောပဲ ငါ့ကိုအသားကုန်ချတော့တာပဲ။ သူအဲ့ဒီမှာ ဘာအမွေအနှစ်တွေရခဲ့လဲဆိုတာ ဘယ်သူကသိမှာတုန်း။ ဒါပေမယ့် .." အကိုကြီးက ရပ်လိုက်ပြီးမှ "မုဖုန်း၊ သူငါ့မျက်နှာကို ထိုးပြီး ငါ့ဆံပင်တွေကိုပါ ဖြတ်ပစ်လိုက်တယ်။ T.T"
ရုတ်တရက်ကြီး ငါ့အကိုကြီးရဲ့ ဉာဏ်ရည်နိမ့်ဆင်းသွားတယ်လို့ ခံစားရတယ်။
ငါ့ စိတ်ကူးသပ်သပ်ပဲ မဟုတ်ဘူးနော်။
ငါလည်း ငါနဲ့ပါလာတဲ့ဆေးတွေနဲ့ပဲ အကိုကြီးကို မျက်နှာလုပ်ရတော့တယ်။ ငါသိသလောက်ဆိုရင် ကျုကျွယ်က ဒီအတိုင်းပဲ အကိုကြီး မျက်နှာကို ထိုးလိုက်ရုံပါ။ အကိုကြီးရဲ့ ပုံမှန်ဆို ချောမောခန့်ညားနေတဲ့ မျက်နှာက အခု တော်တော်လေး ကြည့်ရဆိုးနေတာပဲ အကိုကြီးကို ပတ်တီးစည်းပေးနေတုန်း အကိုကြီးက ဆက်ပြောလာတယ်။
"ဒါပေမယ့် ငါလည်း မရှုံးပါဘူး။ သူ့မျက်နှာကို ငါပြန်ခဲ့တာ။ ရည်းစားတောင်မရနိုင်လောက်တော့ဘူးထင်တယ်။"
ဟုတ်တယ်။ ငါ့အကိုကြီးရဲ့ ဉာဏ်ရည်နိမ့်ဆင်းသွားပြီ။
"သူ့ကြောင့် မင်းဒဏ်ရာတွေရလာတာလေ။ ငါလည်း သည်းမခံနိုင်တာနဲ့ သူ့ခြေထောက်ကိုပြန်ချိုးပေးခဲ့တယ်။"
ဆေးလိမ်းပေးနေတဲ့ ငါ့လက်တွေရပ်တန့်သွားတယ်။
"မုဖုန်း?"
ငါ အကိုကြီးရဲ့လက်ကို ဖြောင်းခနဲ ချပစ်လိုက်တယ်။ အကိုကြီးက လန့်သွားတာမို့ ထခုန်လိုက်ပြီး သူ့ခေါင်းသူကိုင်ထားရင်း ငါ့ကို တစ်ချက် ခိုးကြည့်တယ်။ သူ့အဝေးမှုန်နေပုံနဲ့ ဒီအကွာအဝေးကနေ ငါ့ကိုမြင်ရလားမသေချာပေမယ့် သူ့ကိုယ်သူ အမှားလုပ်မိတာတော့ သိသွားပုံရတယ်။ အကိုကြီးက သနားချင့်စဖွယ်အသံလေးနဲ့ မေးရှာတယ်။
"...မင်း စိတ်ဆိုးသွားတာလား။"
"အကိုကြီး ဘာလို့ သူ့ကို ဒုက္ခပေးနေတာတုန်း။"
"အိုး.... တခြားလူတစ်ယောက်အတွက်နဲ့ ငါ့ညီလေးက သူ့အကိုကြီးကို မလိုချင်တော့ဘူးတဲ့။"
"သနားစရာကောင်းအောင် ဟန်ဆောင်မနေနဲ့။"
"အိုး.." အကိုကြီးက ငါ့ကိုခိုးကြည့်ရင်း သူ့ခေါင်းသူလှမ်းကိုင်လိုက်တယ်။ "မုဖုန်း .... သူက မင်းအတွက် အဲ့လောက်တောင် အရေးပါတာလား။"
"သူ အရေးပါမပါ ဘာလို့မေးနေတာလဲ။ သူက ကျွန်တော့်ရဲ့ တပည့်တစ်ပိုင်းပဲဟာကို။ သူ့ကို အနိုင်မကျင့်နဲ့။"
"ဒါဆို မင်းရဲ့အကိုကြီးကရော အရေးမပါတော့ဘူးလား။ ဝူး..."
"အကိုကြီးကလည်း အရေးပါတာပဲလေ။"
"မုဖုန်း~" အကိုကြီးက ငိုကြီးချက်မနဲ့ ငါ့ရင်ဘတ်ထဲတိုးဝင်လာပြီး သူ့နှပ်ချေးတွေနဲ့ မျက်ရည်တွေက ငါ့အပေါ်ကျလာတယ်။ ငါ့ရဲ့ အသန့်ကြိုက်တဲ့အတွင်းစိတ်က ပေါက်ကွဲခါနီးဖြစ်နေပေမယ့် အကိုကြီးကို တွန်းထုတ်လိုက်ဖို့ကလည်း နည်းနည်းရက်စက်ရာကျဦးမယ်။ ဒီလိုနဲ့ သူငိုတာ နေ့တစ်ဝက်လောက် ကြာသွားပြန်တယ်။ ငါ ကျုကျွယ်ကိုလည်း စိတ်ပူနေပေမယ့် သူ့ကို သွားတွေ့လို့မှမရတာ။ ပြန်ပေးဆွဲခံရတဲ့ဇာတ်ကောင်က အမှောင်ထဲမှာပေါ်လာပြီး ဇာတ်လိုက်က ရိပ်မိသွားမယ်ဆို အဲ့ဒီဇာတ်ကောင်က ဆန်းကြယ်တဲ့ဗီလိန်ဘော့စ်အကြီးစားဖြစ်သွားလိမ့်မယ်။ ဇာတ်ကြောင်းကသာ အဲ့လိုကြီးပြောင်းသွားရင် သေပြီပဲ။ ငါပဲသေသေ၊ ကျုကျွယ်ပဲသေသေ၊ လူတွေအားလုံးပဲသေသေ၊ ကြောက်စရာကြီး။ ဟုတ်ပြီလား။ တကယ်ကြီးတိုက်ရခိုက်ရတော့မယ်ဆိုရင် ငါ ကျုကျွယ်ကို ချနိုင်မှာမဟုတ်ဘူး။
အင်း။ ဒီလိုမျိုး ငါ့လက်အောက်က အငယ်လေးတွေကို ကာကွယ်ပေးတတ်တာ ငါ့ဆရာဆီက အမွေရလာတဲ့အကျင့်နဲ့တူတယ်။ ငါ့ဆရာကို ငါ့ကို အချိန်တိုင်း အနိုင်ကျင့်ချင်ယောင်ယောင်ကျီစားလေ့ရှိပေမယ့် ငါတကယ်အနိုင်ကျင့်ရပြီဆိုရင် ဝုန်းခနဲရောက်လာပြီး ငါ့ကိုအနိုင်ကျင့်တဲ့သူကို သမတော့တာပဲ။ အဲ.. အခုစဉ်းစားကြည့်တော့မှ အကိုကြီးကလည်း ငါ့အပေါ် ကာကွယ်ပေးလိုစိတ်ကြီးတာပဲ။
ဒီလိုနဲ့ အကိုကြီးကပဲ သူ့ဘာသာသူ စကားတွေပြောရင်း ပြီးသွားတယ်။ နှပ်ချေးတွေနဲ့ ပေကျံနေတဲ့အဲ့ဒီမျက်နှာကို ငါတကယ်ကြီး ကန်ထုတ်ပစ်ချင်နေပေမယ့်လည်း နောက်တော့လည်း ငါ အကိုကြီးမျက်နှာကို ရေနွေးပူပူလေးနဲ့ တဘက်သန့်သန့်လေးတစ်ထည်နဲ့ သန့်ရှင်းသွားအောင် သုတ်ပေးလိုက်တယ်။ ကြည့်လိုက်ရင် ခပ်မိုက်မိုက်ပုံစံနဲ့ ခန့်ခန့်ညားညား ၊မောက်မောက်မာမာနဲ့ လူရှိန်စရာကောင်းအောင် ထောင်လွှားနေတဲ့ပုံစံဆိုပေမယ့် ငါ့အကိုကြီးက တကယ်တော့ အရမ်းကလေးဆန်တယ်။ အရေးကြီးဆုံးအချက်အနေနဲ့ ငါသိရသလောက်က သူ အခုထိ ရညါးစားမရသေးဘူး။ ဘယ်လောက် သနားစရာကောင်းလိုက်သလဲ။ အကိုကြီးက တစ်ယောက်ယောက်ကို ကြိုက်နေတာမကြာသေးဘူး။ ဗီလိန်ဘော့စ်တစ်ယောက်အနေနဲ့ သူ့မှာ အလုပ်တွေရှုပ်ပြီး မအားမလပ်ဖြစ်နေပေမယ့် ငါ့ရဲ့ယောင်းမအလောင်းအလျာလေးကို ဆွဲဆောင်ဖို့လည်း ကြိုးကြိုးစားစား လုပ်နေသေးတယ်။ အရင်တုန်းကတော့ အကိုကြီးက တစ်ခါတစ်လေ အရိပ်အကဲမသိတာမျိုးရှိပေမယ့်လည်း သူ့ဘာသာသူတော့ ကောင်းကောင်းလုပ်နေနိုင်တယ်လို့ တွေးထားတာ။ အခုတော့ အချိန်တိုင်းလိုလို အရိပ်အကဲမသိဖြစ်နေတော့တာပဲ။
အဲ့ဒီနောက်မှာတော့ နေ့တိုင်းလိုလိုကျင့်ကြံတာအပြင် ငါ့ရဲ့အပျင်းဖြေစရာအလုပ်ကတော့ အကိုကြီးရဲ့ပုံစံ ဘယ်လိုပြောင်းလဲလာသလဲလို့ ဆန်းစစ်တာပဲ။ မကြာသေးခင်အချိန်ကပဲ အကိုကြီးက သူ့ရဲ့ထိုးစစ်ကို တရားဝင်စတင်တယ်။ ဒါပေမယ့်လည်း တစ်ဖက်လူက ကြင်နာပြီး နူးညံ့သိမ်မွေ့တတ်သူမဟုတ်တာ အသေအချာပဲ။ ငါ့အကိုကြီးက နေ့တိုင်း ပွန်းပဲ့ဒဏ်ရာတွေနဲ့ ပြန်လာရတယ်။ အရင်တစ်ခေါက်က ကျုကျွယ်ဆီက အရိုက်ခံရတုန်းကတော့ အရမ်းကို စိတ်ဆိုနေတဲ့သူက ငါ့ယောင်းမဖြစ်လာမယ့်သူချတာကြတော့ ကြိတ်မှိတ်ပြီး ငြိမ်ခံနေတယ်တဲ့။ ဒီလောက် ရက်စင်ကြမ်းကြုတ်လွန်းတာ ဘယ်လိုမိန်းကလေးမို့လို့လဲလို့မေးမိတော့ အကိုကြီးက ဘာမှမပြောပဲ ဝါးခနဲငိုချပါလေရော။ တစ်ချက်လောက်ထိရုံနဲ့ အော်ငိုတတ်တဲ့အကျင့်ကို သူဘယ်ကရလာလဲမသိ။ တကယ်ဆို ငါတွေ့ဖူးတဲ့ မိန်းကလေးတော်တော်များများက သူ့လောက်တောင် အငိုမသန်ဘူး။ တစ်ခါတစ်လေဆို ငါစိတ်မထိန်းနိုင်ပဲ နည်းနည်းလောက်များ ပိုပြီးယောင်္ကျားပီသလာအောင် သူ့မျက်နှာကို ကန်ထည့်ပစ်လိုက်ချင်တယ်။ ငါ့ယောက်မအောင်းအလျာလေးလည်း အဲ့လိုပဲတွေးနေလောက်တယ်။
ဒီလိုနဲ့ လချီ ပေါ့ပေါ့ပါးပါးနဲ့ နေ့ရက်တွေကိုဖြတ်သန်းလာတာ အခုဆို တစ်နှစ်တောင်ကုန်ပြီ။ ကျင့်ကြံတဲ့သူတော်တော်များများအတွက်က အချိန်ကုန်တာ အရမ်းမြန်သလိုပဲ။ ငါ့အတွက်တော့ အဲ့လိုမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်နှစ်ဆိုတာ တစ်နှစ်ပဲလေ။ အချိန်ကြာတယ်။ ဒီလိုနဲ့ ရက်ပေါင်းများစွာ ကုန်လွန်လာပြီး တစ်မနက်မှာတော့ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံကြီးကြောင့် ငါလန့်နိုးလာတယ်။ တစ်စိတ်တစ်ပိုင်းလောက်ပဲရှိတာဆိုပေမယ့် ဒါ ငါ့ရဲ့ဇာတ်ကွက်ပဲ။ ငါနည်းနည်း စိတ်မလုံသလိုခံစားရတယ်။ စာရေးသူက ဒီထက်မြန်မြန်အပိုင်းသစ်တင်ဖို့မျှော်လင့်တယ်။ နို့မို့ဆို ငါဒီနေရာမှာပဲ ပိတ်မိနေဦးမှာ။ ဘယ်လိုပဲဖြစ်ဖြစ် ငါပြန်ပြီး ဇာတ်ကြောင်းထဲပါလာပြီးမို့ ပျော်ပါတယ်။ တကယ်တော့ ငါ့အနေနဲ့ လုပ်ကွက်အများကြီးမရှိပါဘူး။ ဒီနေရာမှာပဲ စောင့်နေရုံပဲ။ ကျုကျွယ်လာမယ်ဆိုတာ ငါသိတယ်လေ။
စောင့်နေရတဲ့နေ့ရက်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ ရုတ်တရက် သိမ့်ခနဲလှုပ်ရှားမှုကြောင့် အိပ်ပျော်နေရာကနေ ငါနိုးလာတယ်။ အိပ်ပျော်နေတုန်း မြေကြီးတလှုပ်လှုပ်ဖြစ်နေတာကို ငါကျင့်သားရနေပြီ။ ပြီးတော့ ကျုကျွယ်က ဒီနေရာကိုရောက်နေပြီဆိုတာ ငါသိတယ်လေ။
အခန်းထဲက အမွှေးပွအရုပ်တွေကို ကြိုဖွက်ထားမိတာ တော်သေးတာပေါ့။ ပြန်ပေးဆွဲခံရတဲ့သူက အရုပ်တွေကြား နစ်မြှပ်ပြီး ပျော်ရွှင်နေတာက နည်းနည်းကြည့်မကောင်းဘူးလေ။ ငါ့ပုံရိပ်ကိုလည်း ဖျက်စီးရာရောက်တယ်။
ဇာတ်လိုက်ရောက်လာဖို့ အကြာကြီးမစောင့်လိုက်ရဘူး။ လူပျိုဖော်ဝင်စ ဆယ်ကျော်သက်တွေလိုပဲ သူ့ကြည့်ရတာ ထွားလာတယ်။ တောထဲမှာ အချိန်ကြာကြာနေခဲ့ရလို့ ထင်ပါရဲ့။ သူ့ပေါ်မှာ အမှိုက်စလေးတွေ ကပ်နေတယ်။ ငါ့အကိုကြီးရဲ့ အခြေစိုက်စခန်းက တကယ့်ကို ဝေးလံခေါင်သီတဲ့နေရာမဖိုးမှာရှိတာမို့ ဒီနေရာကို ရှာတွေ့ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။ ကျုကျွယ်ရဲ့ဘေးမှာ ချိုးယွီအပြင် တခြားမြင်ဖူးတဲ့ အမျိုးသမီးတွေရော၊ မမြင်ဖူးတဲ့အမျိုးသမီးတွေရော အများကြီးပဲ။ သူတို့ ဘယ်ကလာလဲဆိုတာ ငါသိတယ်။ ပြောရရင် 'မြူးမြူးကြွကြွပန်းပွင့်လေးများ'က အလှအပဂေးလေး ယင်းမေ့၊ တော်ဝင်မင်းသမီး စစ်ရှန်း၊ အမျိုးသမီးသူရဲကောင်း မော့ထန်၊ အစရှိသဖြင့် ချောမောလှပတဲ့ အမျိုးသမီးတွေချည်းပဲ။ အဓိကကတော့ သူတို့မဟုတ်ဘူး။ အရေးကြီးတာက ရှုပ်ပွပြီး စုတ်ပြတ်နေတဲ့ ကျုကျွယ်က ငါ့ကို တွေ့တာနဲ့ အပြေးလာဖက်တာများ သူ့ရင်ခွင်ထဲ ငါ့ကို ညှစ်သတ်တော့မလိုပဲ။ ငါရော ၊ အဲ့ဒီ အမျိုးသမီးတွေပါ အံ့ဩသွားတာ။ ဒါပေမယ့် ကျုကျွယ်ကို ကြည့်ရတာ သူမှားတယ်လို့ထင်ပုံမရဘူး။ ငါ့လည်ပင်းနားမှာ သူ့ခေါင်းကိုတင်ပြီး ပြောလာတယ်။
"ရှစ်ရှုန်းကို တွေ့ပြီ။"
ဘာပြောရမှန်းမသိဖြစ်နေတာမို့ သူ့ခေါင်းကို ပုတ်ပေးရင်း 'အင်း' လို့ပဲ ပြန်ဖြေလိုက်ရတယ်။
နောက်တော့ ငါ ကျုကျွယ် ညှစ်သတ်တာ ခံရလုနီးပါးပဲ။ တစ်နှစ်ပတ်လုံး ကြီးပြင်းလာပြီးတဲ့နောက် သူဘယ်လောက်ထိသန်မာလာလဲဆိုတာ ကျုကျွယ်စဉ်းစားမိပုံမရဘူး။ အရင်နှစ်တွေတုန်းကလို လူတွေကို အားနဲ့ဖက်လို့မရတော့ဘူးလေ။ နောက်တော့ အမျိုးတွေက ငါ့ကို ရှုပ်ထွေးသထက် ရှုပ်ထွေးလာတဲ့ အကြည့်တွေနဲ့ကြည့်နေတာ ငါတွေ့လိုက်ရတယ်။
ငါလည်း ကျုကျွယ်ရဲ့ခေါင်းကို ထပ်ပုတ်လိုက်ပြီး "လုံလောက်ပြီလေ။" လို့ပြောလိုက်တယ်။
ဒါပေမယ့် ကျုကျွယ်က ငါ့ကို ပိုပြီးတော့တောင် တင်းတင်ူကြပ်ကြပ်ဖက်လာသေးတယ်။
"ရှစ်ရှုန်း ကျွန်တော့်ကို မတွေ့ချင်ဘူးလား။"
"မင်း ငါ့ကို ဒီလိုဆက်ပြီး ညှစ်သတ်နေမယ်ဆိုရင်ပေါ့။"
အခုချိန်က ဗီလိန်ထွက်လာရမယ့် အချိန်ပဲ။ အဲ့ဒါကြောင့်မို့လို့ ငါ့အကိုကြီးက အမျိုးသမီးတွေရဲ့အနောက်ကနေ သူပုံမှန်ဝတ်နေကျမဟုတ်တဲ့ အနုစိတ်လက်ရာမြောက်ပြီး တောက်ပတဲ့ဝတ်စုံကို ဝတ်ပြီး ငါတစ်ခါမှ မမြင်ဖူးတဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေနဲ့အတူ ရောက်ချလာတယ်။ ကျုကျွယ်က သူ့ဓားကို မြှောက်လိုက်တော့ ငါ့အကိုကြီးက ပါးစပ်ကိုဖွင့်ပြီး စကားပြောမလို့ပြင်တယ်။ 
အကိုကြီးပြောတာ ငါမကြားလိုက်ရဘူး။ ဘာလို့ဆို ကျုကျွယ်က သူ့ကို စကားပြောဖို့ အခွင့်အရေးတောင်မပေးဘူးလေ။  ကျုကျွယ်က ကိရိယာတစ်ခုပြီးတစ်ခုထုတ်လိုက်ပြီး တောက်ပတဲ့အလင်းရောင်တွေ ဖြာထွက်ခါတယ်။ အဲ့ဒီနောက်မှာတော့ ငါ တခြားနေရာတစ်ခုကို ရောက်နေတာ တွေ့လိုက်ရတယ်။ ကျုကျွယ်က ဇာတ်ကြောင်းအတိုင်း နည်းနည်းလေးတောင် လိုက်မလုပ်ဖူးပဲ။ သူက ဒီအတိုင်း သူတစ်နေရာရာကရလာတဲ့ အသုံးအဆောင်နဲ့ လူတွေအားလုံးကို အဝေးခေါ်ထုတ်သွားတယ်။ ဒါက စမတ်ကျတယ်ဆိုပေမယ့် .... ဇာတ်ကြောင်းက ဒီလိုရေးထားတာမှ မဟုတ်တာ!
ဇာတ်ကြောင်းက တကယ်လည်း ငါ့ကို ကယ်ရတဲ့အခန်းပါတယ်ဆိုပေမယ့် အခုသူလုပ်သလိုမျိုး လွယ်လွယ်ကူကူ ပြီးသွားတာမှမဟုတ်တာ။ ဒါပေမယ့်လည်း ကျုကျွယ်အတွက် အရမ်းကြီး ခက်နေတာလည်း မဟုတ်ဘူးလေ။ ဗီလိန်ကို သူ့ရဲ့ နိဒါန်းစကားတွေပြောခွင့်မပေးပဲ ဒီလိုကြီး ဖြတ်ရိုက်လိုက်တာက နည်းနည်းတော့ ရိုင်းမနေဘူးလား..?
ပြောစရာစကားလုံးတွေ အများကြီးပြင်ဆင်ထားတဲ့ ငါ့အကိုကြီးတစ်ယောက် ဘာမှမပြောလိုက်ရပဲ ဒီလိုပြီးသွားတာက ... သူတော်တော် စိတ်ဆင်းရဲသွားမှာပဲ။ ...... ငါ မရယ်သင့်ဘူး။
ကျုကျွယ်ကတော့ ဒီလိုမတွေးတဲ့ပုံပဲ။ ငါ့လက်ကို ကိုင်ထားပြီး ခုထိ မလွှတ်သေးတာကလွဲလို့ ကျုကျွယ်ကိုကြည့်ရတာ သူ့ပုံစံက အရင်အတိုင်း ပုံမှန်ပါပဲ။ ဒါနဲ့ ငါလည်း အသက်ပြင်းပြင်းရှိုက်လိုက်ပြီး
"ဒီက မိန်းမလှလေးတွေနဲ့ ငါ့ကို မိတ်မဆက်ပေးတော့ဘူးလား။"
ကျုကျွယ်က ငါ့လက်ကို ပိုပြီး တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လိုက်ပြီး " ရှစ်ရှုန်းက သူတို့ကို စိတ်ဝင်စားနေတာလား။"
"?"
ကျုကျွယ်က ဘာမှဆက်မမေးတော့ပဲ ၊ တစ်ချိန်လုံး စကားဝင်မပြောပဲ ဒီအတိုင်းရပ်နေတဲ့ မိန်းကလေးတွေဘက်လှည့်ကြည့်လိုက်တယ်။ သူတို့တွေက ကျုကျွယ်ရဲ့မောင်းမဆောင်ထဲက မိန်းကလေးတွေဆိုတာ ငါသိပါတယ်။ သူ မိန်းကလေး ဘယ်လောက်များများကို ခြွေပြီးပြီဆိုတာ ဘယ်သူကသိမှာလဲ။ ငါ ဒီဇာတ်ကွက်ကိုတော့ မကြိုက်ပေမယ့် ပြောရရင် ဒီကမ္ဘာမှာက ဒီလိုပဲ အသုံးမကျတဲ့ ဆက်တင်တွေအများကြီးရှိနေတာပဲဟာ။ နောက်တော့ ကျုကျွယ်က " ယင်းမေ့၊ စစ်ရှန်း၊ မော့ထန်" ဆိုပြီး ပြောတယ်။
ဒါကို မိတ်ဆက်ပေးတယ်လို့ ခေါ်သလား....?
ထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီအမျိုးသမီးတွေကို သိပြီးသားပဲလေ။ သူတို့ရဲ့ ဇာတ်ကွက်အရ သူတို့ဘယ်လိုတွေ့ကြမှန်း ငါမသိပေမယ့်ပေါ့။ မိတ်ဆက်တာ ပြီးပြီလို့ပဲ သတ်မှတ်ကြတာပေါ့။ အမျိုးသမီးတွေရဲ့ ပုံစံက ကောင်းမနေဘူး။ ကျုကျွယ်ကို 'နင်ဘာကောင်လဲ' ဆိုတဲ့ အမူအရာနဲ့ ကြည့်နေကြပေမယ့် ကျုကျွယ်ကတော့ ဘာမှ မမှားနေသလိုပုံစံနဲ့ ငါ့လက်ကို ကိုင်ထားရင်း ပြောတယ်။
"အရင်ဆုံး ဒီက ထွက်ကြရအောင်။"
ကောင်းပြီလေ။
*******
ဘာသာပြန်သူမှာ ပြောစရာရှိတယ်။
ကျုကျွယ်ရယ်။ မင်းလုပ်တာက ဆင်ခြင်တုံတရားနဲ့ပြည့်ပြီး ယုတ္တိရှိတယ်ဆိုပေမယ့် ....... သနားစရာ ဇာတ်ကောင်လေးတွေအတွက်ကတော့ ရိုင်းလွန်းနေတယ်လေ။ ဟားဟားဟား။
*********
ထပ်ဆင့်ဘာသာပြန်သူမှာ ပြောစရာရှိတယ်။
ငါ့သားရယ်။ နင်က ဗီလိန်ကို ဇာတ်လိုက်နဲ့ မချပါနဲ့လို့ သွားတားနေတာလား။ \(>O< )/
မလုပ်ရဘူးလေ။ အကိုကြီးကို မရိုက်ရဘူး။ ဗီလိန်ပဲ ဇာတ်လိုက်ကို အနိုင်ကျင့်မှာပေါ့။ TT
စကားမစပ်
မုဖုန်းရဲ့ ယောင်းမဖြစ်ချင်ပါတယ်။ သုညကိုး .......
Continue Reading
You'll Also Like
49.6K 4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
77.2K 3K 77
80.9K 8.9K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
54.8K 6.7K 7
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...