အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင...
By AvocadorableM
40.5K 3.7K 114
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated... More
Chapter 1
Chapter 2
Ch 3
Ch 4
Chapter 5
Chapter 6
Chapter 7.1
Chapter 7.2
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Zawgyi chapter 1
Zawgyi chapter 2
Zawgyi chapter 3
Zawgyi chapter 4
Zawgyi chapter 5
Zawgyi chapter 7
Zawgyi chapter 8
Zawgyi chapter 9
Zawgyi chapter 10
Zawgyi chapter 11
Zawgyi chapter 12
Zawgyi chapter 6
225 32 2
By AvocadorableM
ငါ ကျုကျွယ်ကို ဒုတိယသခင်လေးဟွားရဲ့အခန်းထဲခေါ်သွားလိုက်တယ်။ ငါတို့အခန်းထဲဝင်သွားတဲ့အချိန်မှာ သူ့လက်က ခြေထောက်တဖက်ပေါ်တင်ထားရင်း ကုတင်ပေါ်မှာ အိနြေ္ဒသိက္ခာမရှိတဲ့ပုံနဲ့ လဲလျောင်းနေတယ်။ လက်တစ်ဖက်က ရေနွေးခရားကိုကိုင်ထားတယ်ဆိုတော့ ရေနွေးငှဲ့နေတာဖြစ်မယ်။ တံခါးဝနားက ကျုကျွယ်ကို လှမ်းမြင်လိုက်တဲ့ ဟွားချုံကျင်းက သူသောက်နေတဲ့ ရေနွေးကြမ်းကို ထွေးထုတ်လိုက်ပြီး ရေနွေးခရားကို စားပွဲပေါ်ပစ်တင်လိုက်တယ်။ သူ့အဝတ်အစားတွေကို ဆွဲဆန့်၊ ကုတင်ပေါ်မှာ သေသေချာချာပြန်ပြင်ထိုင်လိုက်ပြီးမှ ဖြည်းဖြည်းချင်းပြောလာတယ်။
"မင်းဘာလို့ ဒီကိုလာတာလဲ။"
သူက သူ့ရဲ့ သိက္ခာရှိရှိပုံစံကို ထုတ်ပြချင်နေပေမယ့် ခုန တံခါးဝမှာကတည်းက သူ့ရဲ့ တုံးအပြီးချစ်စရာကောင်းတဲ့ ပုံစံကို ငါတို့မြင်ပြီးသွားပြီလေ။ ဒုတိယသခင်လေးဟွားက လူတွေရှေ့မှာဆို မြင့်မြတ်ပြီး ဇီဇာကြောင်တဲ့ အသန့်ကြိုက်တဲ့ပုံစံဖြစ်ရမှာ။ ဒါပေမယ့် ဘယ်သူမှမရှိတဲ့အခါမျိုးနဲ့ ငါတို့လိုမျိုး သူနဲ့ရင်းနှီးပြီးသားသူတွေရှေ့မှာဆို သူက ဖရိုဖရဲပဲနေလေ့ရှိတယ်။ အချိန်အများစုမှာဆို သူက ဒီတိုင်း ကြမ်းပြင်ပေါ်မှာပဲ အပျင်းကြောဆန့်ပြီး ဟိုလှိမ့်ဒီလှိမ့်နဲ့ လှဲနေတတ်တယ်။ ပြောရရင်တော့ ဇာတ်ကောင်တိုင်းဟာ အဝေးကနေကြည့်ရင်တော့ လှပကြည့်ကောင်းနေတာပဲ။ အထူးသဖြင့် ငါလိုမျိုးသူတွေပေါ့။
ကျုကျွယ်က လန့်သွားတဲ့ပုံပေါ်ပေမယ့် တုံပြန်မှုကြီးကြီးမားမားမပြဘူး။ ဒါနဲ့ငါလည်း ဒုသခင်လေးဟွားရဲ့ မေးခွန်းကို ပြန်ဖြေလိုက်တယ်။
" ငါတို့ အလုပ်ကိစ္စနဲ့လာတာ။ ထိပ်သီးဂိုဏ်းတွေက တပည့်လေးတွေ ပျောက်သွားတဲ့အကြောင်း မင်းသိတယ်မို့လား။"
ဒုသခင်လေးဟွားက တည်ကြည်တဲ့ပုံနဲ့ ခေါင်းညိတ်ပြတယ်။ ငါတို့အနေနဲ့ ဒီနေရာမှာ သေချာပေါက်ပြောရမယ့် စကားအသွားအလာကို သိပြီးပြီဆိုပေမယ့် လူသိများနေတဲ့ လျှို့ဝှက်ချက်ကို ငါတို့နောက်ထပ်လုပ်ဖို့လိုတယ်။ ဇာတ်လိုက်ရဲ့အရှေ့မှာတော့ ငါတို့ဒီစကားတွေပြောလို့မရဘူးပေါ့။ ငါတို့သေချာကြိုးစားမှ စာဖတ်သူတွေ မငြီးငွေ့မှာလေ။
အလွတ်ရနေပြီးသားဖြစ်တဲ့ ငါတို့ရဲ့စကားပြောခန်းကို သေချာသရုပ်ဖော်နေတုန်း ကျုကျွယ်က ငါ့အနောက်မှာ တိတ်တိတ်လေးရပ်နေတယ်။ ငါက သူတစ်ခုခုဝင်ပြောမလားဆိုပြီးစောင့်နေပေမယ့် နောက်ဆုံးအထိ သူစကားတစ်လုံးမှ မပြောလာဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာလည်း ဇာတ်ကြောင်းက သိပ်မှမရှိတာပဲ။ အဓိကကတော့ တစ်ယောက်ယောက်က မသင်္ကာစရာ လူတစ်စုကို ချန်းချင်တောင်အနောက်ဘက်မှာတွေ့လိုက်တယ်ဆိုတာပဲ။ ပြီးတော့ အဲ့လူစုက ဒဏ္ဍာရီကောင်းကင်ဂိုဏ်းက ပျောက်သွားတဲ့ တပည့်တွေနဲ့တော်တော်လေးတူနေတယ်။ ငါတို့မှာ တခြားသဲလွန်စလည်း မရှိတာကြောင့် အဲ့ဒီကိုပဲ လိုက်သွားဖို့ပဲရှိတယ်။ ဒီတော့ ချန်းချင်တောင်က ငါ့တို့အသင်းရဲ့ ပန်းတိုင်ပဲ။
ညရောက်တော့ ကျုကျွယ်တစ်ယောက် ကုတင်ပေါ်ကနေ မတော်တဆ လိမ့်ကျပြီး နဖူးမှာ ယောင်ကိုင်းနေတဲ့အာလူးလေးတစ်လုံးထွက်လာတာကလွဲရင် ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ ကျုကျွယ်ရဲ့ ဒီလိုတုံးအပြီးချစ်စရာကောင်းတဲ့ တိုးတက်လာမှုကို ငါ့ရဲ့အေးစက်စက်ပုံစံအပျက်ခံပြီးတော့ ငါမရယ်နိုင်ဘူးလေ။ ငါသူ့ကို ဆေးပဲလိမ်းပေးလိုက်တယ်။ နောက်တနေ့မနက်မှာ ၁၈ နဲ့ ၇၇ က သူ့နှဖူးကို သတိထားမိပြီး ဘာဖြစ်တာလဲမေးလာတယ်။ ငါလည်း ငါတံခါးဖွင့်ရင်းနဲ့ မတော်တဆသူ့နဖူးကို ချမိသွားတယ်ပဲဖြေလိုက်တော့ ၁၈ က ကျုကျွယ်ကို အင်မတန်မှသနားဂရုဏာသက်တဲ့ပုံစံနဲ့ လှမ်းကြည့်လေတယ်။ သူ့ပုံစံက ထူးဆန်းနေတာမို့ ငါသူ့ကို စိုက်ကြည့်မိတော့ ၇၇ က ရှင်းပြလာတယ်။ သူတို့ပထမဆုံးစစတွေ့ချင်းတုန်းကလည်း ၁၈ က တံခါးနဲ့သူ့နဖူးနဲ့ မိတ်ဆက်ခဲ့ရတယ်တဲ့။ ဟူး.... သနားစရာ ၁၈ လေး။
ခုတလော ကျုကျွယ်က ငါ့အနားကပ်နေတတ်တယ်။ သူက အယောင်ဆောင်ဆယ်ကျော်သက်လေးဆိုတာ ငါသိနေပေမယ့် သူ့မျက်နှာကိုကြည့်လိုက်ရင် တကယ်ရှုပ်ထွေးစေတယ်။ သူက ချစ်စရာကောင်းအောင် ဟန်ဆောင်တဲ့နေရာမှာ အရမ်းတော်နေတော့  ငါသိထားတာက ဟုတ်ရောဟုတ်ရဲ့လားလို့တောင် ပြန်စဉ်းစားမိရဲ့။ တခါတလေဆို ကျုကျွယ်က တကယ်ပဲ တစ်ဆယ့်လေးနှစ်ပဲရှိသေးတာလားလို့တောင် တွေးမိပေမယ့် ဇာတ်ကြောင်းဆိုတာက ဒီကမ္ဘာက ဘယ်သူကမှ ပြောင်းလဲလို့မရဘူးလေ။ ဒီတော့ သူကတကယ်ပဲ ကလေးဆန်တာပဲဖြစ်မှာပါ။
ငါတို့လူနည်းစုလေးဟာ ငါတို့ရဲ့ (ရှုခင်းကြည့်) စုံစမ်းစစ်ရေးရေး ခရီးစဉ်ကို (ပျော်ပျော်ပါးပါး) ဆက်လက်ထွက်ခွါလာကြပြီ။ လျှို့စားသောက်ဆိုင်မှာ ဖက်ထုပ်ပြုတ်စားတာ၊ ဟွမ့်အိမ်က ညငှက်လေးတွေ၊ ကျန်းစားသောက်ဆိုင်က ငါးပြုတ်ရည်တွေစားတာလိုမျိုးစာရေးသူက ခရီးစဉ်အကြောင်းကို အသေးစိတ် မရေးထားဘူးဆိုတော့  လမ်းတစ်လျှောက် စားတယ်၊ ကစားတယ်၊ ပြေးတယ်၊ လမ်းလျှောက်တယ်။  ငါတို့က ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်ဆောင်တွေပဲဆိုပေမယ့် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားတာသောက်တာက လူတိုင်းအတွက်လိုအပ်တယ်။ စာရေးသူ သေချာမဖော်ပြထားတဲ့ တခြားကိစ္စတွေပြောရမယ်ဆိုရင် ၇၇ က ညမအိပ်ခင်အမြဲ သ့းခြေသလုံးမွှေးကို ရိတ်တာရယ်၊ ချိုးယွီက မအိပ်ခင် လက်မစုပ်တတ်တဲ့ အကျင့်ရှိတာရယ်။ ကျုကျွယ်က ....အင်း ... ကျုကျွယ်က ပုံမှန်ပါပဲ။ သူက ဒီအတိုင်း အချိုကြိုက်တာ။ ငါ့လိုပဲ။ ဝန်ခံရရင်တော့ ငါက သူ့ထက် တော်တော်လေးကိုအချိုပိုကြိုက်တယ်။
တခြားဝတ္ထုက ဇာတ်လိုက်တွေဆို စာရေးသူတွေက ထူးထူးခြားခြားဝါသနာတွေ ၊ ကိုယ်ရည်ကိုယ်သွေးဆန်းဆန်းပြားပြားတွေ ချမှတ်ပေးလေ့ရှိပေမယ့် ဇာတ်လိုက်တစ်ယောက်အနေနဲ့ ကျုကျွယ်မှာ (စာရေးသူ)ချမှတ်ထားတဲ့ ဝါသနာတွေ၊ သူ့ကိုယ်ပိုင်အကျင့်တွေ ရှိမနေဘူးလို့ ငါခံစားရတယ်။အခုစဉ်းစားကြည့်တော့မှ ဒီအကြောင်းဆို ဘာမှပြောစရာရှိမနေဘူး။ ကျုကျွယ်ရဲ့ ပုံစံက ဒီလိုမျိုးဖြစ်ရမှာ- အသက် နှစ်ဆယ့်ခြောက်နှစ်၊ otaku တစ်ယောက်၊ ရထားစီးရင်းနဲ့ မတော်တဆသေပြီး ဝိညာဉ်ကူးပြောင်းလာတယ်။ ကောင်မလေးတွေကို ကြိုက်ပြီး ကစားရတာလည်းကြိုက်တယ်။ ကူးပြောင်းလာပြီးနောက်ပိုင်းမှာ သူ့မှာ အင်မတန်မှ မဟားတရားကြီးကိုကောင်းတဲ့ကံရှိတယ်။ သူက ဒဏ္ဍာရီတွင်လောက်အောင် ကြီးကျယ်ခန်းနားတဲ့လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမှာဖြစ်ပြီး ချမ်းသာ၊ဖြူစင်ပြီး ချောမောလှပနဲ့ မိန်းမပျိုတစ်သိုက်နဲ့ ဘဝကြီးကို ကုန်ဆုံးသွားရမှာ။ အခုငါမြင်ရသလောက်တော့ ကျုကျွဘ်က အဲ့လိုပုံရိပ်မျိုးနဲ့ မအပ်စပ်သလိုပဲ။ လူတွေရှိနေရင် တအားတိတ်ဆိတ်ပြီး ငါ့ကိုတွေ့တဲ့အခါမှ စကားနည်းနည်းပါးပါးပြောတာ။ ကောင်မလေးတွေကိုလည်း ကြိုက်တဲ့ပုံမပေါ်ဘူး။ ပြီးတော့ သူကြိုးကြိုးစားစား ကျင်ကြံနေတာပဲမြင်ရပြီး လျှောက်ကစားနေတာမျိုးသိပ်မရှိဘူး။ ထင်ထားတဲ့အတိုင်း ကာရိုက်တာဆက်တင်နဲ့ တထပ်တည်းကျတဲ့ဇာတ်ဆောင်က ဒီကမ္ဘာမှာ မရှိသလောက်ပဲ။
ကျုကျွယ်မှာ သူကြိုက်တဲ့ဟာဆိုတာလည်း သိပ်မရှိသလိုပဲ။ သူ့မှာရှိတဲ့ တစ်ခုတည်းသောဝါသနာက အိပ်တာပဲ။ ဒါပေမယ့် အဲ့ဒါကလည်း သူကတအား လုံလစိုက်ပြီး သူ့ကိုယ်သူ ပင်ပန်းစေလို့လေ။
ငါတို့လည်း အလျင်လိုနေတာမဟုတ်တဲ့အတွက် ချန်းချင့်တောင်အောက်က မြို့အသေးလေးဆီ ရက်အတော်ကြာ လျှောက်မွှေအပြီးမှ ရောက်တယ်။ လမ်းတစ်လျှောက် တည်းခိုဆောင်လေးတွေရှိရင်တော့ အဆင်ပြေခဲ့ပေမယ့် စခန်းချပြီးအိပ်ရတဲ့အချိန်တွေကျ တကယ့်အိပ်မက်ဆိုးကြီးလိုပဲ။ တကယ်ချောက်ချားစရာကောင်းတာက စခန်းချတဲ့အချိန် တဲဆောက်ရတာမဟုတ်ဘူး။ ချက်ပြုတ်ရတာပဲ။ ၁၈ နဲ့ ကျုကျွယ်က လုံးဝကို မချက်တတ်ဘူး။ သူတို့က ကူညီရုံပဲဆိုရင်တောင် ပြဿနာတွေအများကြီး ဖြစ်စေတယ်။ ချိုးယွီရဲ့လက်တွေက အင်းဆက်ပိုးမွှားတွေကို ထိန်းသိမ်းရာကနေ အဆိပ်မျိုးစုံ စိမ့်ဝင်နေတော့ သူလည်း ချက်ပြုတ်လို့မရဘူး။ ဒီတော့ ငါနဲ့ ၇၇ ကပဲ ဒီတာဝန်ကိုယူရတယ်။ ၇၇ ကလည်း သိပ်မချက်တတ်ဆိုပေမယ့် အနည်းဆုံးတော့ သူက ဘာဘာညာညာပြင်ဆင်ပေးတတ်တယ်လေ။ ဒီတော့ ပြောရရင် ငါကပဲ အားလုံးကို ချက်ပေးရတာပဲ။ လူငါးယောက်စာအတွက် ချက်ပြုတ်နေရတာ စဉ်းစားကြည့်။ တကယ်က ဂိုဏ်းထဲမှာလည်း ငါကပဲ ချက်နေရတာဆိုတော့ ခု ၇၇ နဲ့ ၁၈ အတွက် လူနှစ်ယောက်စာ ပိုချက်ရတာလေးပါပဲ။
တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်ရတာက မနည်းဘူးပဲ။
သတ်မှတ်ထားတဲ့ နေရာကို ရောက်တော့ ရန်သူကို ထောက်လှန်းဖို့တာဝန်က ၁၈ ယူရတယ်။ ၁၈ ရဲ့ ကာရိုက်တာဆက်တင်က ဉာဏ်ကြီးရှင်လေ။ ဒါပေမယ့် အပြင်မှာတော့ သူ့ခေါင်းမှာ လေပဲရှိတယ်။ ပြီးတော့ ၇၇ ရဲ့ဆက်တင်က ခင်ခင်မင်မင်နဲ့ ပြောဆိုရလွယ်တာဆိုပေမယ့် တကယ်က တအား စိတ်ဆိုးလွယ်တယ်။ ဒီအဖွဲ့က နည်းနည်း စိတ်ပူစရာပဲ။ ဒါပေမယ့်လည်း သိတဲ့အတိုင်း ဇာတ်လမ်းက ဝတ္ထုထဲ ဒီလိုပဲရေးထားတာလေ။ ဒီတော့ ဇာတ်ကြောင်းအတိုင်းသွားနေသရွေ့ သူတို့ ပြဿနာမတတ်လောက်ဘူးလို့ ထင်တာပဲ။ ငါ ကျုကျွယ့်ကိုပဲ စိုးရိမ်တယ်။ ရွာထဲကလူတွေအကုန် ဇာတ်လိုက်ဒီရောက်နေတယ်ဆိုတာ သိနေပြီလေ။ စိတ်အားတက်ကြွနေတဲ့ ဖြတ်သွားဖြတ်လာလူအြပ်ကြီးက ငါတို့နေတဲ့အိမ်ကို ဝိုင်းရံနေပြန်ပြီ။ လမ်းတွေထဲ လျှောက်နေရင်း ကျုကျွယ်က ငါ့အင်္ကျီလက်ကို ဆွဲပြီးမေးလာတယ်။
" ကျွန်တော်တို့နောက် တယောက်ယောက်လိုက်လာတာလား။"
...ဟင့်အင်း။ သူတို့က ဒီကမ္ဘာကြီးရဲ့ အစားထိုးမရနိုင်တဲ့ အတုမရှိ၊ ပြိုင်ဘက်ကင်းဇာတ်လိုက်က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နဲ့ ၈ပေလောက်မြင့်မလားဆိုပြီး စပ်စုချင်နေရုံပဲ။
ကျုကျွယ်ကတော့ သတိထားမိပုံမပေါ်ပေမယ့် ငါ့အင်္ကျီလက်ကို ဆွဲပြီး အနောက်ကပဲ လိုက်လာတယ်။ ထောက်လှန်းရေးကို ၇၇ နဲ့ ၁၈ ကို တာဝန်ပေးထားပြီး ချိုးယွီက သူမရဲ့ အလှအပကို ထိန်းသိမ်းဖို့ တည်းခိုခန်းမှာ အိပ်နေခဲ့တော့ ငါတို့နှစ်ယောက်လည်း ရှုခင်းကြည့်ဖို့ ထွက်လာလိုက်တာပဲ။ ကျုကျွယ်က ဒီကမ္ဘာရဲ့ ယဉ်ကျေးမှုကို တော်တော်လေး စိတ်ဝင်စားနေပုံပဲ။ တစ်နေရာရောက်တိုင်း ဟိုဟိုဒီဒီ အမြဲ လိုက်ကြည့်ပြီး အားလုံးကို လိုက်စမ်းကြည့်တယ်။ သူ့ကာရိုက်တာဆက်တင်က အစားအသောက်ကို မြတ်နိုးတဲ့သူ (foodie )တစ်ယောက်လည်း မဟုတ်ပါဘူး။ ငါသူ့ကို ကြည့်ရင်းစဉ်းစားမိတယ်။ ငါတို့ဇာတ်လိုက်ရဲ့ ထူးခြားတဲ့ လက္ခဏာက သူ့မှာ ဘာလက္ခဏာမှာ မရှိတာပဲလို့။
ငါလည်း ငါ့ဇာတ်လိုက်လေးကို သေချာ နားလည်ချင်တယ်လေ။ ဒါပေမယ့် ငါအကြာကြီးစူးစမ်းနေပေမယ့် သူဘာကြိုက်တတ်လဲ ခုထိငါမသိသေးဘူး။ ငါလည်း ညဘက် ငါ့ဘေးမှာ အိပ်နေတဲ့ ကျုကျွယ်ကို လှမ်းမေးတယ်။
"မင်းကြိုက်တာ တခုခုများရှိလား။"
ကျုကျွယ်က ပြန်မဖြေခင် ခဏလောက် တိတ်နေသေးတယ်။
"ကျွန်တော် မကြိုက်တာမရှိပါဘူး။"
"မင်းကြိုက်တဲ့ တခုခုမရှိဘူးပေါ့။"
"အင်း... အရသာရှိတဲ့ အစားအစာတွေဆို ကျွန်တော်ကြိုက်တယ်။ ပန်းတွေကိုတော့ မကြိုက်ဘူး။ ဒါပေမယ့် .. ကျွန်တော် သေသေချာချာကြီးကြိုက်တယ်ဆိုတာမျိုးတော့ မရှိဘူး။"
ငါ တတ်နေတယ်။ ကျုကျွယ်လည်း ခဏလောက်တိတ်သွားပြီးမှ ဆက်ပြောတယ်။
" ကျွန်တော် အကြိုက်ဆုံး တစ်ခုတော့ရှိတယ်။"
"ဟင်?"
"ကျွန်တော် မပိုင်သေးဘူးဆိုပေမယ့် ... အဆင်ပြေပါတယ်။ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားသွားမှာ။"
ကြည့်ရတာ သူ့အကြိုက်ဆုံးဟာက လွယ်လွယ်ကူကူ ရနိုင်တာမျိုးမဟုတ်ဘူးထင်တယ်။ ဘာများဖြစ်မလဲ ငါသိချင်တယ်။
"အဲ့ဒါက ဘာလဲ။"
"လျှို့ဝှက်ချက်။"
ကလေးတွေက လျှိုထားရတာကို ကြိုက်တာပဲ။ ငါဘယ်လိုမေးမေး သူဖြေမှာမဟုတ်လောက်ဘူး။
"အိုး .. မင်း အကူအညီလိုရင် ငါ့ကိုပြောလေ။"
"အင်း။"
ကျုကျွယ် အပြုံးနဲ့ခေါင်းငြိမ့်ပြတယ်။ပြီးတော့ ဒီဖက်လှည့်ပြီး ငါ့လက်မောင်းကိုဖက်ရင်း ပျော်ပျော်ကြီး အိပ်သွားတယ်။ တနေကုန် သူဘာတွေစဉ်းစားနေလဲဆိုတာ ဘုရားပဲသိမယ်။
နောက်တနေ့ ကျုကျွယ်က ငါ့ကို အတင်း လမ်းပေါ် ဆွဲခေါ်လာပြန်တယ်။ သူ့ကြည့်ရတာ သကြားပုံဖော်ထားတာကို တကယ်သဘောကျနေပုံပဲ။ ပြီးတော့ ဘေးဆိုင်က ရောင်းနေတဲ့ သိုးမွှေးထိုးထားတဲ့ နှံကောင်တွေကိုလည်း စိတ်ဝင်စားပုံရတယ်။ အားလုံးက ကလေးကစားစရာတွေချည်းပဲ။ ငါငယ်ငယ်တုန်းက ဆရာက ငါ့ကို ဘယ်တုန်းကမှ အဲ့ဒီကစားစရာတွေ ဝယ်မပေးဖူးဘူး။ 'မြူးမြူးကြွကြွ ပန်းပွင့်လေးများ' ဆောင်ကြာမြိုင်က အမတွေ၊အဒေါ်တွေကပဲ ငါ့ကို ဝယ်ပေးခဲ့တာ။ ပြောရရင် ငါက ငယ်ငယ်က အရမ်းချစ်စရာကောင်းတာ။ သူ့ကျော်ကြားမှုတွေကို ငါ့ချစ်စရာကောင်းတာက ဖုံးသွားလို့ ငါ့တင်ပါးလုံးလုံးလေးကို ငါ့ရဲ့ အမြင်ကျဉ်းတဲ့ဆရာက ရိုက်သေးတယ်။ ကြည့်ပါလား။ ငါ့ဆရာက အသက်နဲ့မလိုက် ဘယ်လောက် ကလေးဆန်လိုက်လဲ။
ငါတို့ အခု စာရေးသူ နောက်ဆုံးတင်ထားတဲ့အပိုင်းကိုရောက်ခါနီးနေပြီ။ အခုအချိန်ကစပြီး ရှေ့ဆက်ဘယ်လိုတွေလာမလဲ ငါစဉ်းစားနေမိတယ်။ ဇာတ်လိုက်အတွက်တော့ စာရေးသူ ဆက်ရေးပေးမှာမို့ စိတ်ပူစရာမလိုဘူး။ စာရေးသူ နှေးနှေးလေးရေးလို့ ရှေ့နောက်မညီဖြစ်မှာတွေကိုလည်း ငါတို့ကို ထိခိုက်မှာမှ မဟုတ်တော့ စိုးရိမ်စရာမလိုဘူး။ အနာဂတ်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ငါတို့မသိပေမယ့် နောက်ခဏတွင်း ဘာဖြစ်မလဲကတော့ ငါတို့သိနေသေးတယ်။ မနက်ဖြန် ဇာတ်လိုက်နဲ့ငါက ဇာတ်ကြောင်းတိုးတက်စေမယ့် ဇာတ်ဆောင်တစ်ယောက်နဲ့ တွေ့ရမှာ။ ပြောရရင် ဖြတ်လျှောက်ပေါ့။ ပြီးရင် ငါတို့ ဒုတိယမြောက် (ဆောင်ကြာမြိုင်) အခွင့်အရေးကိုတွေ့ရမယ်။ ကျုကျွယ်က သူ့အမေသူ့ကို ချန်ထားပေးခဲ့တဲ့ ကျင့်ကြံခြင်းလမ်းညွှန်နောက်လိုက်နေတာ။ ဆိုလိုချင်တာက နောက်လာမယ့်နေ့တွေက ငါ့အတွက် ကြမ်းတမ်းတဲ့နေ့တွေပဲ။ ဘာပဲဖြစ်ဖြစ် အခုတော့ အိပ်ကြရအောင်။
**************************
စာရေးသူမှာပြောစရာရှိတယ်။
ငါ ကျုကျွယ်အစား တုကျဲ့လို့ပဲ ရေးချင်နေတယ်။
_(:3] <)_
ဇာတ်လိုက် bottom ရဲ့ ဦးနှောက်ဆေးတဲ့ပါဝါက ကြောက်စရာကောင်းလောက်အောင် အားကြီးတာပဲ။ မျက်နှာသေနဒ့ စိတ်ထဲမှာ အဆင်မပြတ်ဝေဖန်နေပြီး အားကြီးတဲ့ bottom လေးတွေကို ငါတကယ်သဘောကျတာ။ ဒါပေမယ့် ငါအကြိုက်ဆုံးကတော့ ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ yandare top ပဲ။  _(:3] <)_
Yandare က အကောင်းဆုံးပဲ။
Black house နဲ့ gory play ကအကောင်းဆုံးပဲ။
ကမ္ဘာကြီးရဲ့သုံးဖက်မြင်ပုံရိပ် စိတ်စိတ်ကွဲကြေသွားတာက အကောင်းဆုံးပဲ။ ( ဒီမှာ တခုခုတော့ မှားနေပြီ)။
**********
ဘာသာပြန်သူ
ဘယ်လိုတောင် တုံးတာလဲ။ ငါထင်တာက ဝတ္ထုသန်းချီရဲ့ အရေးအသားဇာတ်ကြောင်းအရရော ၊ ဝတ္ထုဥပစာစာလုံးတွေနဲ့ နင်တော်တော်ရင်းနှီးနေလို့ရော ကျုကျွယ်နင့်ကိုကြိုက်နေပြီဆိုတာ နင်ရိတ်မိနေပြီထင်တာ။ ပြီးတော့ အပေါ်ကစာရေးသူရေ..... တကယ်ကြီးလား?
*********
ထပ်ဆင့်ဘာသာပြန်သူ
စာရေးသူပြောထားတဲ့ တုကျဲ့ဆိုတာ - အဓိကဇာတ်ဆောင်နဲ့ ချစ်ကျွမ်းဝင်ခြင်း- ဆိုတဲ့ စာအုပ်က ဇာတ်လိုက်ရှိုလေး တုကျဲ့ကိုပြောတာ။ မြန်မာဘာသာပြန်လည်းရှိတယ်လေ။ သိကြမှာပါ။ ဟိဟိ။
Continue Reading
You'll Also Like
97.5K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
541K 75.4K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရ...
24.2K 2.1K 20
Name : 我家小朋友 /My Little One Author : Flightless Bo-chan (不会飞的菠酱) Chapter : 6 English Translator : Sushi Editors: Yappers I'm not own this novel. I cr...
76.8K 3K 77