အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင...

By AvocadorableM

40.6K 3.7K 114

Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated... More

Chapter 1
Chapter 2
Ch 3
Ch 4
Chapter 5
Chapter 6
Chapter 7.1
Chapter 7.2
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Zawgyi chapter 1
Zawgyi chapter 3
Zawgyi chapter 4
Zawgyi chapter 5
Zawgyi chapter 6
Zawgyi chapter 7
Zawgyi chapter 8
Zawgyi chapter 9
Zawgyi chapter 10
Zawgyi chapter 11
Zawgyi chapter 12

Zawgyi chapter 2

537 45 2
By AvocadorableM

ငါ့ပြောထားတာတွေကို ကြည့်ရင် အရန်ဇာတ်ကောင်တစ်ယောက်ဖြစ်ဖို့က ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ မင်းတို့နားလည်နိုင်လိမိ့မယ်လို့ ငါထင်တယ်။ ဒါပေါ့။ ပြဿနာတွေက ဒါတွေထင်မကဘူး။ ဒါပေမယ့် ခုတော့ ဒီအကြောင်းတွေ မပြောပဲနေကြရအောင်။ သေချာတာက ဇာတ်ကောင်တွေအားလုံးက ဇာတ်ကြောင်းအတိုင်းပဲ လိုက်လုပ်ရမယ်ဆိုတာ သိကြမှာပဲ။ မင်းအနေနဲ့ ကောင်းမွန်တဲ့ ကာရိုက်တာဆက်တင်ရဖို့ ဘယ်လောက်အရေးပါလဲဆိုတာ အခုနားလည်ပြီလို့ ယူဆတယ်။ အရေးကြီးဆုံးက ပေကျင်းနိုင်ငံသားလက်မှတ်လို ဇာတ်လိုက်ရောင်ဝါရဖို့က အရေးကြီးဆုံးဆိုတာကိုရောပေါ့။ ဒီစကားကိုတော့ မင်းတို့ နောက်ဖြည်းဖြည်းချင်းနားလည်လာမှာပါ။ ဝတ္ထုကမ္ဘာထဲမှာဆိုရင် ဇာတ်ကောင်တွေအားလုံးနဲ့ အရင်းအမြစ်တွေ အားလုံးက ဇာတ်လိုက်ဆီမှာ အသုံးတော်ခံဖို့အတွက်ပဲ။ ဘယ်လောက်အထိ အသုံးခံရမလဲဆိုတာကတော့ စာရေးသူဟာ ဘယ်လောက်ထိ မိခင်ရင်းပီသလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်။ မိခင်ရင်းစာရေးသူရဲ့ နှစ်သက်တာခံရတဲ့ ဇာတ်ကောင်တစ်ကောင်က မိထွေးစာရေးသူရဲ့ ဇာတ်ကောင်နဲ့ ဘယ်လိုမှ ယှဉ်ကြည့်လို့မရဘူး။ အထူးသဖြင့် ဇာတ်ကောင်က ဘယ်လို ဇာတ်သိမ်းမျိုးနဲ့ ကြုံရလဲဆိုတာမျိုးပေါ့။ ဒီလို နောက်ခံတောင့်ဖို့ကလည်း အရေးပါတယ်။

အခု နောက်ခံသမိုင်းကြောင်းတွေပြောပြီးပြီဆိုတော့ ငါရဲ့ ဘဝအကြောင်းကို ဆက်တာပေါ့။

ငါပြောခဲ့သလိုပဲ။ ဒါက ဝိညာဉ်ကူးပြောင်းလာတဲ့ ကျင့်ကြံခြင်း ဝတ္ထုတစ်ပုဒ်။ ဒီတော့ ဒီကမ္ဘာရဲ့ အဓိကဇာတ်လိုက်ကလည်း သေချာပေါက်ကို ဝိညာဉ်ကူးပြောင်းလာတာပဲပေါ့။ တခြားဝတ္ထုတွေက ဇာတ်လိုက်ပေါင်းသောင်းခြေက်ထောင်လိုပဲ၊ ငါတို့ရဲ့ ဇာတ်လိုက်ကလည်း တကယ့်ကို စိတ်ပျက်အံ့ဩစရာ သေခြင်းမျိုးနဲ့သေခဲ့ရပြီး စာရေးသးရဲ့ ပေါက်ပေါက်ရှာရှာ စိတ်ကူးအတိုင်း ဒီကမ္ဘာမှာ ရှင်သန်ရမယ့် အခွင့်အရေးရတယ်။ ဇာတ်လမ်းအစက ဒီလို။
ဇာတ်လိုက်ကလေ၊ ဘယ်လိုသေသွားလဲဆိုတော့၊ တစ်ရက် သူက ရထားစီးလာတာ။ ရထားက လမ်းမှာ မြေပြိုပြီး ရပ်သွားတယ်။ ရထားရပ်သွားတဲ့အချိန်မှာ ဘယ်လို အကြောင်းမှန်းမသိ၊ ရထားတံခါးတွေက ထူးထူးဆန်းဆန်းပွင့်သွားတယ်။ ငါတို့ရဲ့ ဦးနှောက်မရှိတဲ့ ဇာတ်လိုက်ကလည်း ရထားဘူတာကို ရောက်ပြီထင်ပြီး ရထားပေါ်ကဆင်းလိုက်တယ်လေ။ ဖြစ်ချင်တော့ ရထားက မြစ်ကူးတံတားတစ်ခုအပေါ်မှာ ရပ်နေတာ။ ဇဋတ်လိုက်ကလည်း အဲ့ဒါကိုမသိဘူး။ ဒီတော့ ဇာတ်လိုက်အနေနဲ့ လေထဲ ဒိုင်ဗင်ထိုးပြီး မြစ်ထဲကျသွားတာပေါ့။ အံ့ဩစရာမကောင်းစွာနဲ့ အကျမတော်ဖြစ်ပြီး ငါတို့ကမ္ဘာဆီ ဝိညာဉ်ကူးပြောင်းလာရတာပဲ။

ဒါပေါ့။ ဒီ ဇာတ်လမ်းဆက်တင်က အိမ်သာထဲပြုတ်ကျသေပြီး ဝိညာဉ်ကူးပြောင်းလာတယ်ဆိုတဲ့ ဇာတ်လမ်းနဲ့ယှဉ်လိုက်ရင် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့်လည်း ဝေဖန်ချင်တယ်ဆိုလည်း မင်းတို့သဘောပါပဲ။

ကဲ။ လိုရင်းကလွဲသွားပြီ။ ဇာတ်လမ်းဆက်မယ်။

ဇာတ်လမ်းက အခုစနေပြီ။

အမှန်အတိုင်းဝန်ခံရရင် ငါ တကယ်ကို စိတ်လှုပ်ရှားနေတာ။

မင်းနားလည်ရမှာက ဒီကမ္ဘာပေါ်ပ အရာအားလုံးက ဇာတ်လိုက်အတွက် အသုံးတော်ခံဖို့ပဲ။ ပြောရရင် ဇာတ်လိုက်ဆိုတာက ကမ္ဘာကြီးရဲ့ အချစ်ရဆုံးသားလေးလေ။ ကမ္ဘာကြီးတစ်ခုလုံးက သူ့ကို ဗဟိုပြုပြီး လည်ပတ်နေရတာ။ ငါ ဒါကို ငယ်ငယ်လေးထဲက သိခဲ့ရတာ။ မင်းတို့ နားလည်နိုင်ပါ့မလားတော့မသိပေမယ့် ၊ ဒီ ခံစားချက်၊ ငါက ငါ့ဘဝအတွက် အရေးကြီးဆုံးလူနဲ့ တွေ့ရတော့မှာလေ။
ဘာကိုမှ မြန်မြန်ဆန်ဆန် ဆုံးဖြတ်လို့မဖြစ်ဘူး။ ဒါပေမယ့် ငါသာ ဇာတ်လိုက်နဲ့ ဆက်ဆံရေးကောင်းနေမယ်ဆိုရင် နောက်ပိုင်း ငါ့အနေနဲ့ နေ့လည်စာထမင်းဘူးတွေ သိပ်ရတော့မှာ မဟုတ်ဘူး။

ဇာတ်လိုက်ရဲ့ အလွတ်ခုန်တဲ့ လေ့ကျင့်မှုကျရှုံးပြီးရင် ဇာတ်လိုက်က သူ့မိသားစုက သတ်တာကို ခံလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ ကိုယ်ထဲ ဝိညာဉ်ကူးပြောင်းလာလိမ့်မယ်။ အဲ့ကလေးက မိထွေးဖြစ်သူရဲ့ တောထဲမှာ စွန့်ပစ်တာခံခဲ့ရတာ။ အကြောင်းအရင်းက မိသားစု အမွေအနှစ်တွေနဲ့ ဆက်ခံသူကိစ္စတွေကြောင့်ပဲ။ ပြီးတော့ မိထွေးက တောထဲမှာပဲ သတ်လိုက်ဖို့ စီစဉ်ထားတာ။ ဒီကလေးက အနာဂတ်မှာ ဇာတ်လိုက်ဖြစ်လာမယ်လို့ မိထွေးက ထင်ထားမှာ မဟုတ်ဘူး။ ဒါမှမဟုတ် ဇာတ်လမ်းနဲ့မဆိုင်တဲ့ အပြင်မှာတော့ မိထွေးဖြစ်သူက သိရင်လည်း သိနေခဲ့မှာပဲ။ ထားလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ ဒီကလေးရဲ့ဘဝက တအားကို ခက်ခဲလွန်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေပြီးတာတောင်မှ သူ့ရဲ့ကိုယ်ကို ဇာတ်လိုက်ကို ပေးလိုက်ရတာ။ ဒီအတိုင်း အမြှောက်စာဇာတ်ကောင်တစ်ယောက်အနေနဲ့ မိထွေးဖြစ်သူက ဘယ်လိုစဉ်းစားမလဲတော့ ငါမသိဘူး။ ဇာတ်လမ်းအရသာ မဟုတ်ခဲ့ဘူးဆိုရင် သူလည်း ဒီကလေးကို မသတ်ချင်လောက်ဘူးလေ။ စိတ်မကောင်းစွာနဲ့ ဒါက ငါလည်းမတတ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လမ်းက ဆက်သွားနေရမှာဖြစ်ပြီး ကလေးကလည်း သေကိုသေရမှာပဲ။ ဒါမှပဲ ဒီကမ္ဘာရဲ့ အဓိကဇာတ်လိုက်က ရောက်လာနိုင်မှာလေ။

ဇာတ်ကြောင်းအရဆို ဇာတ်လိုက်က ဒီကမ္ဘာကို ဒီနေ့ရောက်မှာ။ ပြီးတော့ ငါက ဇာတ်လိုက်ကို ကောက်သွားရမှာ။ ဒီတော့ ဒီကမ္ဘာရဲ့ ချစ်သားလေးကို ကာကွယ်ဖို့အတွက် ငါ့မှာ မနက်အစောကြီးထဲက ဒီမြစ်ဘေးမှာ ထိုင်စောင့်နေရတယ်။ ဇာတ်လိုက်က မြစ်ကြောင်းတစ်လျှောက်မျောပါလာတာကို ဆယ်ဖို့စောင့်နေရတာလည်း လွယ်တဲ့အလုပ် မဟုတ်ဘူးနော်။ နွေရာသီရောက်နေပြီဆိုတော့ မြစ်ဘေးမှာ ခြင်တွေအများကြီးရှိတယ်။ ဇာတ်လမ်းထဲက ချောချောမောမော သားသားနားနား ငါ့ရဲ့ဇာတ်ကောင်စရိုက်အရဆိုရင် ငါခြင်အကိုက်ခံရလို့ လုံးဝမဖြစ်ဘူး။ အကယ်၍ ငါသာခြင်ကိုက်ခံလိုက်ရမယ်ဆိုရင် ဒီချောမောခန့်ညားတဲ့ မျက်နှာနဲ့ လက်တွေမှာ ခြင်ကိုက်ဖုအနီစက်တွေနဲ့ဖြစ်နေလိမိ့မယ်။ ဒီလိုဆို အထက်စီးဆန်ပြီး မောက်မာရိုင်းစိုင်းတဲ့ ချောမောခန့်ညား သူဌေးသားလူငယ်လေးဆိုတဲ့ ငါရဲ့ပုံရိပ်နဲ့ မညီတော့ဘူးလေ။ ဒါကြောင့် စောစောကတည်းက ငါ့ကိုယ်ပေါ်  ငါ ခြင်မကိုက်ဆေးတွေ ဖြန်းထားတာ။ သုံးနေကျသူတွေဆို သိမှာပါ။ ဒီဖြန်းဆေးတွေက ဘယ်လောက်ဖြန်းဖြန်း  ဒီလို ခြင်အုပ်လိုက်ကြီးနဲ့ဆိုရင်တော့ အကျိုးသက်ရောက်မှုက သိပ်မရှိဘူးဆိုတာ။ ခြင်တွေ တအားကြိုက်တဲ့ သွေးကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေနဲ့ ခြင်ကိုက်ခံလိုက်ရရင် ခြင်ကိုက်ဖုအနီစက်တွေက ငါ့ကိုယ်ပေါ် ချက်ချင်းထွက်လာမှာ။ တော်သေးတာက အဝတ်တွေဖုံးထားတဲ့ နေရာတွေဆို ခြင်တွေက သိပ်မကိုက်ဘူးလေ။ ဒါကြောင့် ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာတောင်မှ ငါ့တစ်ကိုယ်လုံးကို အဝတ်တွေနဲ့ သေသေချာချာ လုံလုံခြုံခြုံဖုံးထားရပြီး မြစ်ကြောင်းတစ်လျှောက် စောင့်ကြည့်နေရတယ်။

ငါစောင့်နေရတာ အရမ်းကိုကြာနေပေမယ့်လည်း စိတ်မရှည် မဖြစ်မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါစောင့်နေရတဲ့သူက ဒီကမ္ဘာရဲ့ အဓိကဇာတ်လိုက်လေ။ ဒါကတကယ်ကို အရေးကြီးတယ်။ စာရေးသူအနေနဲ့ ဇာတ်လိုက်တွေကို နှိပ်စက်တာက တစ်ကဏ္ဍ။ ဇာတ်ကြောင်းအပြင်ဘက်မှာ ဇာတ်လိုက်ကို ခက်ခဲအောင်လုပ်တာက တကဏ္ဍ။

အကြာကြီးထပ်စောင့်ပြီးတဲ့နောက်မှာတော့ ဟိုးနားလေးမှာ မြစ်ထဲပေါ်လိုက်ပျောက်လိုက်နဲ့ မျောလာတဲ့ အင်္ကျီအစလေး လှမ်းတွေ့လိုက်တယ်။ အဲ့ဒီအချိန်ခဏလေးအတွင်း ငါဘယ်လောက်အထိ စိတ်လှုပ်ရှားသွားရလဲဆိုတာ စကားနဲ့ပြောပြလို့တောင်မရဘူး။ ငါ့ရဲ့တာဝန်က ရေနစ်နေတဲ့ဇာတ်လိုက်ကို ကယ်ဖို့ဆိုပေမယ့် ငါရေသိပ်မကူးတတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အထက်စီးဆန်ပြီး မောက်မာရိုင်းစိုင်းတဲ့ ချောမောခန့်ညားတဲ့ ဒုတိယဇာတ်လိုက်တစ်ယောက်အနေနဲ့ ဇာတ်လိုက်ကိုကယ်ဖို့ ရေထဲခုန်ချလိုက်ပြီး ပြန်တက်လာတဲ့အခါကျ ကြွက်စုပ်လိုစိုရွှဲနေလို့မဖြစ်ဘူးလေ။ ငါ့ရဲ့ အထက်စီးဆန်ပြီး မောက်မာရိုင်းစိုင်းတဲ့ ချောမောခန့်ညား သူဌေးသားလူငယ်လေးဆိုတဲ့ ပုံရိပ်က အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားမှာပေါ့။ ဒီတော့ ငါ လေထဲတစ်ချက်ခုန်လိုက်ပြီး မြစ်ထဲက ကျောက်ဆောင်လေးတစ်ခုအပေါ်ခြေချလိုက်တယ်။ ပြီးတော့ ရေထဲမျောလာတဲ့ ဇာတ်လိုက်ကို တစ်ချက်ထဲနဲ့ ကောက်လိုက်တယ်။ မင်းတို့ ငါ့ကို ရယ်လို့ရပါတယ်။ ဘာလို့ဆို ဇာတ်လိုက်က အခု ကလေးလေးတစ်ယောက်ရဲ့ကိုယ်ထဲမှာဆိုပေမယ့် သူက တော်တော်လေး လေးတယ်။ ပြီးတော့ ငါလည်း အဲ့လောက်လေးမယ်လို့ မထင်ထားတော့ ခြေချော်ပြီး ရေထဲကျမလိုတောင်ဖြစ်သွားသေးတယ်။ ဒါက  ဝတ္ထုထဲမှာ ငါ့အနေနဲ့ ပထမဆုံးပေါ်လာတာဖြစ်ပေမယ့် စာဖတ်သူတွေနဲ့ ဇာတ်လိုက်ရဲ့စိတ်ထဲ ငါ့ပုံရိပ်ကို စွဲသွားစေမယ့် အချိန်လေ။ ဇာတ်လိုက်က လုံးဝကို စိုရွှဲပြီး သတိလစ်နေတော့ ငါ့ကိုမမြင်လိုက်တာ တစ်ခုက လွဲရင်ပေါ့။ အင်း........ အခြေအနေတွေအားလုံးကို သုံးသပ်ကြည့်ရမယ်ဆိုရင် ငါ့ရဲ့ပုံရိပ်ကို ငါသေချာထိန်းသိမ်းနိုင်ခဲ့တယ်လို့တော့ ထင်တာပဲ။

သိကြတဲ့အတိုင်း အရန်ဇာတ်ကောင်လို့ခေါ်ခေါ် ဒုတိယဇာတ်လိုက်လို့ ခေါ်ခေါ်  ငါ့ရဲ့ အထက်စီးဆန်ပြီး မောက်မာရိုင်းစိုင်းတဲ့စရိုက်က ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ငါ့ရဲ့မျက်နှာကိုလည်း အခြေခံထားတာလေ။ ငါ့အလုပ်ထဲက စီနီယာတချို့ ပြောသလိုပဲပေါ့။ ကောင်းမွန်တဲ့ ဒုတိယဇာတ်လိုက်တစ်ယောက်ဖြစ်ဖို့ ပြီးပြည့်စုံတဲ့ ပုံရိပ်ရှိရတယ်။ ဘာလို့လည်း ဟုတ်လား? ပထမဆုံး မင်းအနေနဲ့ အရမ်းကို ချောမောခန့်ညားတဲ့ ပုံစံနဲ့ပေါ်လာပြီး ဘယ်လိုမှ ခန့်မှန်းလို့မရနိုင်ဘူးလို့ စာဖတ်သူတွေရဲ့ စိတ်ထဲ ထင်သွားဖို့လိုတယ်။ ဆက်ပြီး မင်းရဲ့ အဆင့်မြင့်စွမ်းရည်တွေ၊ အမိုက်စား ကိုယ်ရည်ကိုယ်သွေးတွေလည်း ထုတ်ပြရမယ်။ အကျဉ်းချုပ်ရရင် မင်းအနေနဲ့ အဓိကဇာတ်လိုက်ထက်ကို ချောသထပ်ချော၊ မိုက်သထက်မိုက်နေဖို့ လိုတယ်။ ဒါမှ ဇာတ်လိုက်ကြိုက်နေတဲ့ ကောင်မလေးတွေက မင်းကိုကြိုက်ကြမှာလေ။ ဒီလို အခြေခံတွေအားလုံးရှိနေမှပဲ အနာဂတ်အတွက် လျောလျောလျူလျူ ခြေလှမ်း လှမ်းလို့ရမှာလေ။

ဒီတော့ ငါ ဒီအဓိကဇာတ်လိုက်ကို သယ်ပြီး ပြန်လာခဲ့တယ်။ အားတော့ နည်းနည်းစိုက်ရတာပေါ့။ အကြောင်းရင်းကို မင်းတို့ နားလည်မယ်လို့ထင်တယ်။ ဒီကလေးရဲ့ ခန္ဓာကိုယ်က ဘယ်တုန်းကမှ အစားကောင်းကောင်းမစားရလို့ ပေါ့ပေါ့လေးဖြစ်နေသင့်တာလေ။ ဒါပေမယ့် ဒါက ဇာတ်လမ်းအရ ဟန်ပြပဲဖြစ်မယ်ထင်တယ်။ အမှန်အတိုင်းပြောရရင် အခုဒီကလေးက ဘယ်လို အနိုင်ကျင့်နှိပ်စက်တာကိုမှ ခံခဲ့ရတာမဟုတ်ဘူးလို့ ငါထင်တယ်။ အသက် တစ်ဆယ့်လေးနှစ်အရွယ်မှာ သူသေရမယ်ဆိုတာကို ကြိုသိနေတဲ့ ကလေးတစ်ယောက်က အတွေးတွေကိုလည်း ငါမသိဘူး။ ဒါမှမဟုတ် ဇာတ်လမ်းအရ ဒီကလေးက ဒီလိုသေရမယ်ဆိုတာ သိနေတဲ့ မိထွေးအနေနဲ့လည်း ဘယ်လိုတွေစဉ်းစားမလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် ဒီကလေးရဲ့ကိုယ်ပေါ်မှာ သေပြီးမှ ရလာတဲ့ ဒဏ်ရာတစ်ချို့ကလွဲရင် တခြားဘာဒဏ်ရာမှ ငါမတွေ့ရဘူး။ သေချာတာကတော့ မိထွေးက ဒီကလေးကို တအားကြီးတော့ မုန်းနေခဲ့မယ်လို ငါမထင်ဘူး။

ဒီလို တောင်စဉ်ရေမရ စဉ်းစားရင်းနဲ့ပဲ ငါ ဇာတ်လိုက်ကို ငါရဲ့ အေးခဲတောင်ထိပ် ဂိုဏ်းဆီ ပြန်သယ်သွားပြီး ငါ့အခန်းထဲမှာ ထားထားလိုက်တယ်။ တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါနေရတဲ့နေရာက တခြားသူတွေထက် နည်းနည်းပိုကြီးပြီး သီးသန့် အိမ်တလုံးနဲ့ နေရတယ်။ ပြောမယ့်သာပြောရတာ။ အိပ်ခန်းတစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းပဲရှိတဲ့ တစ်ထပ်အိမ်သေးသေးလေးပါပဲ။ တခြား ပရိဘောဂတွေ ဘာတွေလည်း မယ်မယ်ရရ မရှိဘူး။ ဒါပေမယ့်လည်း လူတွေက ကျင့်ကြံခြင်းထဲမှာပဲ ကြိုးကြိုးစားစား အာရုံစိုက်ဖို့လိုပြီး ငါ့အနေနဲ့လည်း ကြီးကြီးကျယ်ကျယ် နေထိုင်မှုအဆင့်အတန်းခွဲမနေဘူးလေ။ ဇာတ်လိုက်ရောက်လာမှာကို ကြိုသိနေတော့ ငါကြိုပြီး ကြမ်းပြင်ပေါ်မှာ အိပ်ရာခင်းတွေခင်းထားခဲ့တယ်လေ။ ဒီတော့ ဇာတ်လိုက်ကို ဒီအတိုင်း ပစ်ထားလိုက်ဖို့ ပြဿနာမရှိဘူး။ ငါတို့ရဲ့ ဇာတ်လိုက်ကြီးက ခုထိသတိလစ်နေတာကိုတော့ ထည့်ပြောစရာ လိုမယ်မထင်ဘူး။

နောက်ဆုံးတော့ ငါ့အနေနဲ့ ဒီလောက်အထိ နှလုံးသားမဲ့ပြီး အကြင်နာတရား ခေါင်းပါးနေတာ မဟုတ်တော့ ဇာတ်လိုက်ရဲ့ အနာတွေကို သေချာကုပေးပြီး သန့်သန့်ရှင်းရှင်း လုပ်ပေးလိုက်တယ်။ ပြီးတော့ သူ့ကို အိပ်ရာပေါ်တင်ပြီး ငါပဲ ကြမ်းပေါ်မှာ အိပ်လိုက်တယ်။ နွေရာသီပဲရှိသေးတာမို့လို့ ကြမ်းက ဒီလောက်ကြီးလည်း အေးမနေဘူး။ ဇာတ်လိုက်က တစ်ကိုယ်လုံးစိုရွဲနေပြီးပြီလေ။ ငါကပါ ထပ်ပြီး အအေးမိအောင်လုပ်လိုက်လို့ ဘယ်သင့်တော်ပါ့မလဲ။ တခါတလေတော့ ငါလည်း ငါ့ဘဝက ဘယ်လောက်ခက်ခဲကြောင်း ညည်းညူချင်တာပေါ့။ စဉ်းစားကြည့်လေ။ တစ်ကိုယ်လုံးမှာရှိတဲ့ ဒဏ်ရာတွေကို ရေမထိဖို့အောင် ရွှံ့ရုပ်လိုမျိုး နူးနူးညံ့ညံ့ ကလေးလေးတစ်ယောက်ကို သန့်ရှင်းရေးလုပ်ပေးရတာ ဘယ်လောက်တောင်ခက်လိုက်သလဲ။ သူက ငယ်သေးတယ်ဆိုပေမယ့် သိတယ်မဟုတ်လား။

ဇာတ်လမ်းက အခုမှ စတာ။ ပြီးတော့ နောက်ဆို ဒီထက်ပိုပြီး အခက်အခဲတွေ ကြုံလာရဖို့ပဲ ရှိတယ်။

ဇာတ်လိုက်က သုံးရက်မြောက်မှ သတိပြန်ရလာမှာ။ ဒီတော့ နစ်ရက်လောက်က ဘာဇာတ်ကြောင်းမှမရှိပဲ ငါ့အိမ်မှာ လာလည်တဲ့ ဧည့်သည်တွေနဲ့ ပြည့်နေတော့တာပဲ။ ဇာတ်လိုက်ဆိုတာမျိုးက ပန်ဒါဝက်ဝံတွေထက် ရှားပါးပြီး အဖိုးတန်တယ်လေ။ ပန်ဒါတွေက ကမ္ဘာပေါ်မှာ အများကြီးရှိသေးပေမယ့် ဇာတ်လိုက်ကတော့ တစ်ယောက်ပဲ ရှိတာကိုး။ ယှဉ်လို့တောင် မရဘူးနော်။ တကယ် တကယ်။ ဒီကမ္ဘာရဲ့ စာရေးသူက မိခင်ရင်းစာရေးသူတစ်ယောက်ဖြစ်တာမို့ မင်းအနေနဲ့ စိတ်မဝင်စားဘူးဆိုရင်တောင် လာပြီးတော့ ဇာတ်လိုက်ကို မှတ်မိအောင် ကြည့်ထားဖို့လိုတယ်။ ဒါမှ ဇာတ်လမ်းရဲ့အပြင်နေရာတွေမှာ ဇာတ်လိုက်ကို မတော်တဆတွေ့မိတာမျိုးကနေ ရှောင်နိုင်မှာလေ။ တခြားဝတ္ထုတွေထဲမှာလည်း ဇာတ်လိုက်စိတ်ကိုသွားဆွမိတဲ့ လူဆိုးဇာတ်ကောင်တွေနဲ့ အမြှောက်စာဇာတ်ကောင်တွေအကုန် ဇာတ်လိုက်လက်ချက်နဲ့ ဘယ်လိုသေကုန်လဲဆိုတာ မင်းတို့သိပြီးဆိုတာ ငါသိတယ်။ တကယ်ပဲ၊ ဦးနှောက်ရှိတဲ့ လူတစ်ယောက်ဆိုရင် ဒီလိုမျိုး ငတုံးအလုပ်တွေကို မလုက်လောက်ဘူး။

ဇာတ်လမ်းအရ သေဖို့ကံပါတဲ့လူတွေကတော့ သတ္တိရှိရှိ မောက်မာတဲ့ပုံစံနဲ့ပဲ ဇာတ်လိုက်ကို လာကြည့်သွားကြတယ်။ ကိုယ့်လူတို့..... မင်းတို့ရဲ့ အနစ်နာခံမှုကို တကယ်ပဲ ကျေးဇူးတင်ပြီး အမှတ်ရနေပါ့မယ်။ ကျေးဇူးပါ။

ဘယ်သူမှတော့ လွယ်လွယ်နဲ့ မသေချင်ကြပေမယ့်ပေါ့။

ငါ့အိမ်ကိုလာတဲ့ဧည့်သည်တွေက ဘယ်လာက်များလိုက်သလဲဆို သမိုင်းဝင်စံချိန်တင်လောက်တယ်။ များလွန်းအားကြီးလို့ ငါ့အနေနဲ့ အစပိုင်းလောက်ပဲ နှုတ်ဆက်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ဇာတ်ကောင်စရိုက်က ရေခဲရုပ်တုလို အေးတိအေးစက်နဲ့ဆိုတော့ ဒီလူတွေကို အဖက်မလုပ်လို့လည်း ဇာတ်ကောင်စရိုက်က ကွဲထွက်သွားမှာမဟုတ်ဘူး။ အားလုံးကလည်း ငါ့ရဲ့ အခက်အခဲကို နားလည်တယ်လေ။ ဒီတော့ သူတို့ဘာသာသူတို့ ဝင်လာပြီး ဇာတ်လိုက်ကို ကြည့်တယ်။ ပြီးတော့ ထပ်ကြည့်တယ်။ ပြီးတော့ နောက်က တန်းစီနေတဲ့ လူတွေအော်ထုတ်တာခံရပြီး ပြန်သွားတယ်။ နောက်ကလူက ဝင်လာတယ်။ ဇာတ်လိုက်ကို ကြည့်တယ်။ အော်ထုတ်ခံရတယ်။ နောက်တစ်ယောက် ထပ်ဝင်လာတယ်။ ဒီလိုပဲ သံသရာလည်နေတော့တာပဲ။ ငါ့အနေနဲ့ ပုံမှန် ငါ့ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပေမယ့် ဒီလို လူအုပ်လိုက်ကြီးက လာလာနေတော့ ကြမ်းပြင်က တဖြည်းဖြည်း ညစ်ပတ်လာတယ်။ တခြားလူတွေ ဘယ်လိုတွေးတွေး ငါဂရုမစိုက်ပေမယ့် ငါ့ကြမ်းပြင် ညစ်ပတ်နေတာကို ငါလုံးဝသည်းမခံနိုင်ဘူး။ နောက်ဆုံးတော့ ငါအားလုံးကို မောင်းထုတ်လိုက်တယ်။ ရလဒ်က ငါ့ပြတင်းပေါက်ကနေ မချိတင်ကဲမျက်နှာတွေနဲ့ သနားစရာချောင်းကြည့်နေကြတာကြောင့် ပြတင်းပေါက်နားက ဖြတ်လျှောက်တိုင်း ငါ လန့်နေရတယ်။ ဒါပေမယ့်လည်း သန့်ရှင်းသပ်ရပ်နေတဲ့ ငါ့နေရာနဲ့ ပြောင်လက်နေတဲ့ ငါ့ကြမ်းပြင်ကို ကြည့်ပြီး သူတို့ဘာသာသူတို့ ဖြစ်ချင်ရာဖြစ် ငါဂရုမစိုက်တော့ဘူး။

တတိယမြောက်နေ့မှာတော့ ငါ အနင်းခံရပြီး နိုးလာတယ်။

ဇာတ်လိုက် နိုးလာမှာကို ကြိုသိနေတဲ့ ငါက ငါ့အိပ်ရာခင်းတွေကို အိပ်ရာနဲ့ဝေးဝေးမှာ ထားပြီးခင်းအိပ်သင့်တာဆိုပေမယ့် ဇာတ်လိုက်ရဲ့ ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေကြောင့် ညဘက်တွေဆို ဇာတ်လိုက်နဲ့ နီးတဲ့နေရာမှာ အိပ်တာက ဇာတ်လိုက်ကို ဂရုစိုက်ပေးဖို့ ပိုအဆင်ပြေတယ်လေ။

ငါ့ကို တက်နင်းလိုက်တဲ့ ဇာတ်လိုက်ကတော့ အောက်မှာ လူရှိနေမယ်လို့ လုံးဝမထင်ထားတဲ့ပုံပဲ။ အိပ်ရာပေါ်က နေငါ့အပေါ်ကို ပြုတ်ကျလာတယ်လေ။ သူ့ကိုယ်နဲ့ အလေးချိန်က ငါ့အပေါ် ဝုန်းခနဲ ပြုတ်ကျလာတာ တော်တော်နာတယ်။ ဒါကြောင့် ငါ ခဏလောက် ဘာမှမပြောနိုင်ပဲ ငါ့အပေါ်ပိနေတဲ့ ဇာတ်လိုက်ကို စိုက်ကြည့်ဖို့ပဲ တတ်နိုင်တယ်။ နောက်ဆုံးတော့ ဇာတ်လိုက်ကပဲ တတိဆိတ်နေရာကနေ စကားစပြောတယ်။

"ခင်ဗျားက ဘယ်သူလဲ။"

***********************
စာရေးသူမှာ ပြောစရာရှိတယ်။

ဇာတ်လိုက်သေသွားတဲ့ ပုံစံက အပြင်မှာလည်း တကယ်ရှိပါတယ်။ ငါတို့ရဲ့ အပြင်က တကယ့်လူကတော့ ပထမကမ္ဘာစစ်တုန်းက ဗြိတိန်စီးပွါးရေးသမားတစ်ယောက်ပေါ့။ ဂျာမနီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လန်ဒန်မှာရှိတဲ့ မီးတွေအားလုံး ညဆို ပိတ်ထားရတယ်။ရထားဘူတာက မီးတွေရောပဲ။ ဒါမှ ဂျာမန်လေတပ်ဖက်က ရှာမတွေ့မှာလေ။ ဒီစီးပွါးရေးသမားက ရထားနဲ့သွားနေရင်း ရထားက ရပ်သွားတာ သတိထားမိတယ်လေ။ အပြင်မှာကလည်း မှောင်မဲနေတော့ သူ့အနေနဲ့ ဘာကိုမှ မမြင်ရလေဘူး။ ရထားက ရပ်သွားတာဆိုတော့ သူလည်း ရထားဘူတာကို ရောက်ပြီအထင်နဲ့ ရထားပလက်ဖောင်းပေါ်ဆင်းလိုက်တာ အပေါ်က ငါတို့ရဲ့ ဦးနှောက်မရှိတဲ့ ဇာတ်လိုက်လိုပဲ တံတားပေါ်ကနေပြုတ်ကျပြီး သေသွားရသတဲ့။ တကယ့်အဖြစ်မှန်က တခါတလေ ဝတ္ထုထက်ပိုပြီး ဗရုတ်သုတ်ခနိုင်တယ်နော်။ _(:3] <)_ ငါ့အနေနဲ့ လူတစ်ယောက်က တကယ်ကြီး ဒီလိုမျိုး သေသွားရတယ်ဆိုတာ မယုံနိုင်သေးဘူး။

********

ဘာသာပြန်သူမှာ ပြောစရာရှိတယ်။

သေချာစဉ်းစားကြည့်တော့ ဝတ္ထုတွေတော်တော်များများက သဘာဝမကျတဲ့ လှည့်ကွက်တွေထဲက လှည့်ကွက်တွေနဲ့ ဖန်တီးထားကြတာပဲ။ ဒါပေမယ့်လည်း ငါတို့ရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်ကို မထိခိုက်သရွေ့အဆင်ပြေတယ်လိုတော့ ထင်တာပဲ။

********
ထပ်ဆင့်ဘာသာပြန်သူမှာ ပြောစရာရှိတယ်။

တခြားတော့မသိပေမယ့် တကယ်ကြီး အပြင်မှာလည်း ဇာတ်လိုက်သေတဲ့ပုံစံနဲ့ သေတဲ့လူရှိတယ်ဆိုတော့ အိမ်သာထဲပြုတ်ကျပြီးသေတာလည်း တကယ်ရှိမလား တွေးမိသွား။

စကားမစပ် အကုန်လုံး ဘာသာပြန်ပြီးတော့မှ စက်က ကြောင်ပြီး အားလုံး ပျက်သွားတယ်။ TT ဒီလောက်အရှည်ကြီးကို ၂ ခေါက်တောင်ပြန်လုပ်လိုက်ရဋတယ်။

Continue Reading

You'll Also Like

5.8K 536 5
Title-兔耳魔尊他恃宠而骄 Author-笔墨不伺候 Original Status- 71 chapters(ongoing) |Myanmar Translation| Si Yin × Li Jin This is not mine. I'm just fun translator. A...
467K 78.9K 46
သူသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားလှသည့် အန်းမိသားစု၏ သခင်လေး အန်းကျီယန် ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။ သူကြုံတွေ့လိုက်ရသည့် ပထမဆုံး ပြဿနာမှာကား...
49.2K 3.9K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
20.1K 2K 37
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...